← Chapters

ဝိညာဉ်စွမ်းအင်ကြော

Vol. 50 Ch. 748

ဝိညာဉ်စွမ်းအင်ကြော

Vol. 50 Ch. 748

လုယန်တို့ ဓာတ်ငါးမျိုးဂိုဏ်းဝင်ဖြစ်ကြောင်းသိသည်နှင့် ဖန်ရှန်းကျွန်းမှသုံးယောက်သာမဟုတ်။ တစ်ခြားအဖွဲ့များကလည်း ရင်းနှီးခွင့်ရရန် ကြိုးစားသည်။ သူတို့နယ်မြေသို့ဖိတ်ခေါ်သည်။ သူတို့မျိုးနွယ်မျိုးဆက်သစ်များနှင့် လက်ဆက်ဖို့ပင် စကားရိပ်သန်းကြသည်။

ထိုလူများနှင့်ယှဉ်လျှင် ဖန်ရှန်းသူရဲကောင်းသုံးယောက်က ပိုစိတ်ချရသည်ဟု လုယန်တို့တွေးလိုက်သည်။

ဖန်ရှန်းကျွန်းသို့ သူတို့ရောက်လာသည်။ ကျွန်းဟုဆိုသော်လည်း ကျွန်းတစ်ခုထဲမဟုတ်။ ကျွန်းစုဖြစ်သည်။ ပင်မကျွန်းကို ကျွန်းငယ်များ ဝိုင်းရံထားသည်။

ထိုသုံးယောက်၏စကားအရ ဤကျွန်းတွင် တတိယအဆင့်ဝိညာဉ်စွမ်းအင်ကြောတစ်ခုရှိသည်ဟုဆိုသည်။ နတ်ဝိညာဉ်ကျင့်ကြံသူများကြား လိုချင်လောဘတက်နေကြသည်။

ထိုစွမ်းအင်ကြောအောက်တွင် ကောင်းကင်ရတနာတစ်ခုဝှက်ထားသည်ဟုလည်း ပြောကြသည်။ သို့သော် ထိုကိစ္စက ဒဏ္ဍာရီတစ်ခုအဖြစ်သာရှိသည်။ ဘယ်သူမှ မမြင်ဖူးကြ။

ဝိညာဉ်စွမ်းအင်ကြောများသည် အရှေ့ပင်လယ်၏ထူးခြားချက်တစ်ခုဖြစ်သည်။ ပထမအဆင့်ဝိညာဉ်ကြောသည် ချီကျင့်ကြံသူများအတက် အထောက်အကူပြုသည်။ ဒုတိယအဆင့်စွမ်းအင်ကြောများက အခြေတည်အဆင့်အတွက် အထောက်အကူပြုသည်။ ထိုသို့အဆင့်ဆင့်ရှိသည်။

အဆင့်တူချင်းမှာပင် စွမ်းအင်ကြောများကို အဆင့်နိမ့်၊ အလတ်တန်း၊ ထိပ်တန်းဟု ထပ်ခွဲခြားနိုင်သည်။

တတိယအဆင့်ထိပ်တန်းဝိညာဉ်ကြောသည် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူအတွက် အကောင်းဆုံးစွမ်းအင်ကြောဖြစ်သည်။

ထိုသုံးယောက်က ဖန်ရှန်းကျွန်းသခင်များဖြစ်သည်။ သူတို့နှင့်အတူ မိသားစုမျိုးနွယ်များ ဂိုဏ်းမဲ့ကျင့်ကြံသူများနှင့် သာမန်လူများ ကျွန်းပေါ်တွင်နေထိုင်ကြသည်။

လူဦးရေ တစ်သန်းကျော်ရှိသည်။ သာမန်လူများက နေထွက်ချိန်မှ နေဝင်ချိန်အထိ အလုပ်လုပ်သည်။ အများအားဖြင့် ကျင့်စဉ်လမ်းအတွက် မျိုးဆက်သစ်များ မွေးဖွားပေးဖို့ တာဝန်ယူကြရသည်။

ချီအဆင့်ကျင့်ကြံသူများက ထိုထက်အဆင့်မြင့်သည်။ ဝိညာဉ်ပင်စိုက်ပျိုးရေးသမားများ၊ ဝိညာဉ်ပင်မျိုးစေ့ ပျိုးထောင်သူများ စသဖြင့်ရှိသည်။

ဖန်ရှန်းကျွန်းသည် နိုင်ငံငယ်တစ်ခုလိုဖြစ်နေသဖြင့် လုယန်တို့ အံ့အားသင့်ရသည်။

"သခင်"

အစေခံများက သခင်သုံးယောက်အပြန်ကို ကြိုတင်စောင့်ကြီုနေသည်။

ထိုအစေခံများကို ဖန်ရှန်းကျွန်းမိသားစုများက သီးခြားရွေးချယ်၍ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ရုပ်ရည်လှပကြသည်။

သူရဲကောင်းသုံးယောက်ထဲတွင် ယန်တိုင်ရှားက ခေါင်းဆောင်ဖြစ်သည်။ လုယန်တို့ကို ခန်းမထဲသို့ခေါ်သွားပြီး အစေခံများကို လက်ဖက်ရည်ဖြင့်ဧည့်ခံခိုင်းသည်။

"ခဏနေပါဦး"

လုယန်က အစေခံတစ်ယောက်ကို တားလိုက်သဖြင့် ယန်တိုင်ရှား နည်းနည်းလန့်သွားသည်။ လုယန်စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်နေသည်။

လုယန်က တာအိုလမ်းစဉ်ဂိုဏ်းအမှတ်အသားပါသည့် ကျောက်စိမ်းတံဆိပ်ကို ယန်တိုင်ရှားမမြင်အောင်ဖုံးကွယ်၍ လက်ဖက်ရွက်တစ်ချို့ ထုတ်လိုက်သည်။

"ဒါကို ကျိုလိုက်ပါ။ ကျုပ်တို့က ဒါပဲသောက်နေကျမို့ပါ"

လုယန် ပြုံး၍ပြောသည်။ ဉာဏ်အလင်းသစ်ရွက်တစ်ထုပ် ပေးလိုက်သည်။

လက်ဖက်ရည်နံ့ရသည်နှင့် ယန်တိုင်ရှား မျက်လုံးပြူးသွားသည်။

"ဒါက...ဉာဏ်အလင်းလက်ဖက်ရွက်လား။ ဟုတ်တယ်မဟုတ်လား"

"ဟုတ်ပါတယ်၊ အကိုယန်က သောက်ဖူးတယ်ပေါ့"

ထိုလက်ဖက်ရည်မျိုးသောက်ဖို့ ယန်တိုင်ရှား အရည်အချင်းမမီပါ။ ကံကောင်းထောက်မ၍ စုစည်းခြင်းအဆင့်များ စီစဉ်သည့် စားသောက်ပွဲတစ်ချို့တက်ရောက်ခဲ့ဖူးရုံသာဖြစ်သည်။

စုစည်းခြင်းစွမ်းအားရှင်တစ်ယောက်က ဉာဏ်အလင်းလက်ဖက်ရက်ရွက်ဟုခေါ်သည့် ရတနာတစ်မျိုး ထုတ်ပြဖူးသည်။

တစ်ခြားစွမ်းအားရှင်များက ထိုလက်ဖက်ရွက်မျိုး နည်းနည်းလိုချင်ကြောင်း ပြောကြသည်။ သို့သော် ထိုစွမ်းအားရှင်က မပေး။ အတော်ကြာအောင် ဖျောင်းဖြပြောဆိုတော့မှ လက်ဖက်ရည်တစ်အိုးကျိုပေးသည်။

လုယန်ထုတ်ပေးသည့် လက်ဖက်ရွက်အထုပ်က တစ်အိုးစာမက။ ရေတစ်ကန်စာကျိုလျှင်ပင် ပိုလျှံနေဦးမည်။

လုယန်တွင် ဉာဏ်အလင်းသစ်ရွက်မရှားပါ။ ဝေးဝေးသွားရှာာစရာမလို။ ဆေးစိုက်ခင်းထဲမှာပင် ဉာဏ်အလင်းသစ်ပင်ဘုရင်ရှိသည်။ ယွမ်ကျိက ထိုသစ်ပင်မှ လက်ဖက်ရွက်ကို ကျို၍သောက်သည်။

လုယန်က ဆေးဘုရင်လေးများနှင့် ရင်းနှီးသဖြင့် ဉာဏ်အလင်းသစ်ရွက် လေးငါးထုပ်ရဖို့ အခက်အခဲမရှိ။

နတ်မယ်၏ ဝိညာဉ်ပင်များအပေါ် ထိန်းချုပ်နိုင်သည့်အစွမ်းကိုပင် ထည့်မတွက်သေး။

ဉာဏ်အလင်းလက်ဖက်ရည် အသင့်ဖြစ်သည်နှင့် သူရဲကောင်းသုံးယောက် မသေမျိုးဆေးရည်သောက်သကဲ့သို့ အလေးထား၍သောက်ကြသည်။ လက်ဖက်ရည်ခွက်များကို သေချာဂရုတစိုက်မ,သည်။

လက်ဖက်ရည်နံ့က စားသောက်ပွဲများမှ ဉာဏ်အလင်းလက်ဖက်ရည်နံ့ထက်ပင် သာလွန်သည်။

ယန်တိုင်ရှား လုယန်တို့ကိုကြည့်သည့်အကြည့်တွင် လေးစားအားကျရိပ်များပေါ်လာသည်။

"အကိုယန်၊ အရှေ့ပင်လယ်ရဲ့ အင်အားစုတွေအကြောင်း ကျုပ်တို့ကိုပြောပြပေးနိုင်မလား"

မြေပုံပေါ်မှ အမှတ်အသားများနှင့် သူနှိုင်းယှဉ်ကြည့်ချင်သည်။

လက်ဖက်ရည်ကျေးဇူးရှိနေပြီဖြစ်၍ ယန်တိုင်ရှားက သိထားသမျှအားလုံးပြောပြသည်။

"အရှေ့ပင်လယ်ကို အဓိကအင်အားစုနှစ်ခုခွဲခြားနိုင်တယ်။ ပင်လယ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်ပေါ့။ ပင်လယ်မျိုးနွယ်မှာ ထိပ်သီးအင်အားကြီးမျိုးနွယ်ဆယ်ခုရှိတယ်။ နဂါးမျိုးနွယ် ခွန်ဖုန်မျိုးနွယ် ခွေ့မျိုးနွယ်တွေလည်း အဲဒီ့ထဲမှာပါတယ်။

မျိုးနွယ်တစ်ခုချင်းစီမှာ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးတွေ အုပ်ချုပ်နေတယ်။ အထူးသဖြင့် နဂါးမျိုးနွယ်ရဲ့အင်အားအတိုင်းအတာကို ခန့်မှန်းလို့မရနိုင်ဘူး။

ကူးဖြတ်ခြင်းအဆင့်တွေ ဘယ်နှယောက်ရှိမှန်း မသိဘူး။ နဂါးအိုအင်ပါယာဟာ နှစ်ကိုးထောင်သက်တမ်းရှိပြီလို့ ပြောကြတယ်။

ထိပ်သီးမျိုးနွယ်ဆယ်ခုအောက်မှာ မြင်းနဂါးမျိုးနွယ်၊ တံလျှပ်မျိုးနွယ်။ အောင်းမျိုးနွယ်၊ ငါးလူသားမျိုးနွယ်၊ ယာရှာမျိုးနွယ်၊ လူနဂါးမျိုးနွယ်...အဲလိုဟာတွေရှိတယ်။

ဒီမျိုးနွယ်တွေမှာ စုစည်းခြင်းအဆင့် မဟာနတ်ဆိုးဘုရင်တွေ အုပ်ချုပ်တယ်။ ဒီထက်အဆင့်နိမ့်တဲ့ ပင်လယ်မျိုးနွယ်တွေကတော့ မရေမတွက်နိုင်အောင် ရှိတာပေါ့။

ဥပမာ ပင်လယ်ပင့်ကူမျိုးနွယ်တို့ ဝိညာဉ်ငါးမျိုးနွယ်တို့ရှိတယ်။ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်တွေ အုပ်ချုပ်တယ်။ ဒါပေမယ့် အဲဒီ့မျိုးနွယ်တွေမှာ လေဟာနယ်သန့်စင်အဆင့်တွေ ရှိမရှိတော့ မသိရဘူး"

လေဟာနယ်သန့်စင်အဆင့်ရောက်သည့် အရှေ့ပင်လယ်ကျင့်ကြံသူများသည် ခပ်လျှိုလျှိုနေရကြသည်။ သူတို့အဆင့်တက်သည့်ကိစ္စကို လူသိမခံကြ။ အသစ်ရထားသည့်စွမ်းအားအကြောင်း ရန်သူများသိသွားပြီး ပြဿနာလာရှာမည်စိုးသောကြောင့်ဖြစ်သည်။

"ပင်လယ်မျိုးနွယ်တွေနဲ့ယှဉ်ရင် လူသားမျိုးနွယ်တွေက အတော်လေးအားနည်းတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အရှေ့ပင်လယ်ကျင့်ကြံသူမဟာမိတ်အဖွဲ့ ဖွဲ့ထားရတယ်။ ဒီမဟာမိတ်ရဲ့ အဖွဲ့ဝင်တွေထဲမှာ ဖန်လိုင်၊ ဖန်ကျန်း၊ ယင်ကျိုးဆိုတဲ့ မသေမျိုးသုံးကျွန်းက ဩဇာအညောင်းဆုံးပဲ။

ကူးဖြတ်ခြင်းအဆင့် ဘိုးဘေးတွေ ရှိတယ်။ မဟာမိတ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ရာထူးတွေ ယူထားတယ်။ မဟာမိတ်ထဲမှာ စုစည်းခြင်းအဆင့်အုပ်ချုပ်သူရှိတဲ့ကျွန်းတွေက...."

"မဟာမိတ်ကိုဝင်ဖို့ အနိမ့်ဆုံးသတ်မှတ်ချက်က အခြေတည်အဆင့်ပါ။ အဲဒီ့လူတွေဟာ မဟာမိတ်ထဲမှာ သာမန်လူတွေပဲ။ ရွှေသန္ဓေအဆင့်ရောက်မှ အကြီးတန်းအဖွဲ့ဝင်အဖြစ်သတ်မှတ်တယ်။

ကျုပ်တို့ညီအကိုသုံးယောက်က မဟာမိတ်မှာ တာဝန်ခံအဆင့်တွေပါ။ ကျုပ်တို့အထက်မှာ ဦးစီးသခင်တွေ အကြီးအကဲတွေ စသဖြင့်ရှိတာပေါ့"

လုယန် အရှေ့ပင်လယ်အင်အားစုများအကြောင်း အကြမ်းဖျင်းနားလည်လာသည်။

မင်းတို့အရှေ့ပင်လယ်ရဲ့ အဆင့်သတ်မှတ်ချက်တွေက တကဘ်များတာပဲ။ ပြီးတော့ ဘယ်လောက်ပဲအဆင့်ခွဲခွဲ မင်းတို့မဟာမိတ်ဂိုဏ်းချုပ်တောင် ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ တော်ဝင်ကာကွယ်သူလေးယောက်ကို မမီဘူး...

စကားပြောရင်း ယိတာရှားက အခွင့်အရေးလက်လွတ်မခံဘဲ ကျင့်စဉ်လမ်းအကြောင်း မေးမြန်းသည်။

အမှန်တော့ သူတို့သုံးယောက် နည်းနည်းရှက်နေခြင်းဖြစ်သည်။ အစက ကျင့်စဉ်အတွေ့အကြုံများအတွက် ရတနာတစ်ချို့နှင့် အလဲအလှယ်လုပ်ပြီး မေးမြန်းရန် တွေးထားသည်။

သို့သော် လုယန်က ဉာဏ်အလင်းသစ်ရွက်ထုတ်လိုက်ပြီးနောက် သူတို့ရတနာများသည် လုယန်တို့အတွက် အသုံးမဝင်လောက်ဟု တွေးမိကြသည်။

ထိုလက်ဖက်ရွက်တစ်ထုပ်သည် ဖန်ရှန်းကျွန်းလို ကျွန်းလေးငါးခုဝယ်ဖို့ လုံလောက်သည်။

ထို့ကြောင့် ရှက်ရှက်နှင့်ပင် အရဲစွန့်၍မေးရသည်။

လုယန်တို့ငါးယောက် ကျင့်ကြံထားသည့် နတ်ဝိညာဉ်များက ထူးဆန်းသော်လည်း သမရိုးကျကျင့်ကြံနည်းများအကြောင်းလည်း သူတို့ကောင်းကောင်းသိကြသည်။

ဖန်ရှန်းသခင်သုံးယောက် ဆယ်စုနှစ်ချီ၍ အခက်တွေ့နေသည့် ကျင့်စဉ်ပြဿနာများကို လုယန်က စကားလုံးနည်းနည်းဖြင့် အလွယ်တကူ ဖြေရှင်းပေးနိုင်သည်။

လုယန်ကို သူတို့အတော်လေးစားသွားကြသည်။

အခက်တွေ့သည့် တစ်ခုတည်းသောမေးခွန်းက ယိတာရှား၏မေးခွန်းဖြစ်သည်။

"တိုက်ပွဲမှာ နတ်ဝိညာဉ်ကို ဘယ်လိုအသုံးချသင့်လဲ"

လုယန် စဉ်းစားသည်။ သူကိုယ်တိုင်ကပင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ အထုအထောင်းခံနေရသည်။ မုန်ကျင်းကျိုး၏ အမွှာနတ်ဝိညာဉ်ကလည်း သမရိုးကျနတ်ဝိညာဉ်မဟုတ်။

အရိုးရိုင်း၏ နတ်ဝိညာဉ်ကိုလည်း ရည်ညွှန်းကိုးကားပြော၍မရ။ လီဟော်ရန်၏ ပြန်လည်မွေးဖွားခြင်းနတ်ဝိညာဉ်ကလည်း ထိုနည်းလမ်းကောင်းဖြစ်သည်။

ထောင်ယော်ယဲ့၏ နတ်ဝိညာဉ်သာ အဆင်ပြေနိုင်စရာရှိသည်။

"ဒါနဲ့... ကျုပ်တို့ အလယ်ပိုင်းတိုက်နယ်မှာနေတာကြာပြီ။ ဝိညာဉ်စွမ်းအင်ကြောကို တစ်ခါမှမမြင်ဖူးဘူး။ ကျုပ်တို့ကို အဲဒါပြလို့ရမလား"

မုန်ကျင်းကျိုးက ယိတာရှားကိုပြောသည်။

သူတို့ထဲတွင် လီဟော်ရန်တစ်ယောက်သာ အတိတ်မှတ်ဉာဏ်ဖြင့် ဝိညာဉ်စွမ်းအင်ကြောကိုမြင်ဖူးသည်။

"အဲဒါကတော့ လွယ်ပါတယ်"

ယိတာရှားက ပြုံး၍ပြောသည်။

ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအင်ကြောသည် ကျွန်းတစ်ကျွန်း၏ အသက်သွေးကြောဖြစ်သည်။ အပြင်လူများကို ဖွင့်ပြ၍မရသည့် တော်ဝင်မြေဖြစ်သည်။

သို့သော် လုယန်က ဉာဏ်အလင်းသစ်ရွက်ထုတ်ပေးပြီးဖြစ်၍ အပြင်လူဟု သတ်မှတ်၍မရတော့။

"ဒီဘက်ကိုကြွပါ"

သူရဲကောင်းသုံးယောက် ကိုယ်တိုင်လမ်းပြသည်။ မီးအိမ်တစ်ခုစီယူလာသဖြင့် ရှေ့လမ်းကို ကောင်းစွာမြင်ရသည်။

လှိုဏ်ဂူက လေထန်သည်။ အတွင်းပိုင်းရောက်လေ ဝိညာဉ်စွမ်းအင်သိပ်သည်းမှု ပြောင်းလဲလာလေဖြစ်သည်။ ဆယ်မိနစ်ခန့်လျှောက်ပြီးနောက် လှိုဏ်ဂူက တဖြေးဖြေး အလင်းရောင်ပေါ်လာသည်။ ဖန်ရှန်သခင်တို့လက်ထဲမှ မီးအိမ်များထက်ပင် ပို၍လင်းထိန်နေသည်။

"ရောက်ပါပြီ"

သူရဲကောင်းသုံးယောက် မီးအိမ်များကို ငြှိမ်းလိုက်သည်။ လုယန်တို့ကို ရှေ့ဆက်သွားဖို့ လက်ဟန်ပြသည်။

သူတို့ရှေ့တွင် အပြာရင့်ရောင်စမ်းရေအိုင်တစ်ခုရှိသည်။ မှော်စက်ဝန်းတစ်ခုဖြင့်ကာထားသည်။ စမ်းရေထဲမှ ဝိညာဉ်စွမ်းအင်အလင်းများ တောက်ပနေသည်။ ရေက မြေအောက်စီးကြောင်းများမှတစ်ဆက် ဖန်ရှန်းကျွန်း၏နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ရေစီးကြောင်းများမှ ဒုတိယနှင့် တတိယအဆင့် ဝိညာဉ်စွမ်းအင်ကြောများ ဖြစ်ပေါ်နေသည်။

ထိုစဉ် ရုတ်တရက် မြေပြင်တုန်ခါလာသည်။ ဝိညာဉ်စွမ်းအင်ကြော ဆူပွက်လာသည်။ သိပ်သည်းသည့် ဝိညာဉ်စွမ်းအင်များက မှော်စက်ဝန်းကို ချိုးဖျက်သည်။ မြစိမ်းရောင်လှိုင်းဂယက်များ လေထဲသို့ ထိုးတက်ပြန့်ကျဲသွားသည်။

ယိတာရှား မျက်နှာပျက်သွားသည်။

"ဒါက မိုးမြေနိမိတ်ပဲ။ ကောင်းကင်ရတနာ ပေါ်လာတော့မယ်"

လုယန် အမြန်လက်မြှောက်၍ ကြေညာသည်။

"ဒီကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူးနော်"

***********************************

All Chapters