အရှေ့ပင်လယ်၏ နာမည်ကြီးပုဂ္ဂိုလ်
Vol. 50 Ch. 749
သူရဲကောင်းသုံးယောက် လုယန်ကို တအံ့တဩလှည့်ကြည့်ကြသည်။ ဘာကြောင့် ရုတ်တရက်ကြီး မသက်ဆိုင်ကြောင်းကြေညာသည်ကို နားမလည်ကြ။
ဖန်ရှန်းကျွန်းတွင် ရတနာတစ်ခုဝှက်ထားသည်ဟူသည့် ကောလဟာလက အတော်ကြာပြီဖြစ်သည်။ ယခု ရတနာပေါ်လာသည်။ ထိုကိစ္စက ယခုမှရောက်လာသည့်လူနှင့် ဘယ်လိုပတ်သက်နိုင်မည်နည်း။
"အဲ..ဒီကိစ္စက ကျွန်မနဲ့ နည်းနည်းဆိုင်ချင်ဆိုင်မယ်ထင်တယ်"
ထောင်ယော်ယဲ့က ာမဝံ့မရဲလက်မြှေက်၍ ပြောသည်။ ရှက်ရွံ့နေဟန်ရှိသည့် သူ့မျက်နှာကို အားလုံးလှမ်းကြည့်ကြသည်။
"စွမ်းအင်ကြောရဲ့အောက်ကအရာတစ်ခု ကျွန်မနဲ့ဆက်သွယ်နေတာကို ခံစားမိတယ်"
သူပြောနေချိန်မှာပင် စွမ်းအင်ကြောက ပို၍ဆူပွက်လာသည်။ ကောင်းကင်သို့ ထိုးတက်သည်။ အစိမ်းရောင်အလင်းတစ်ခု ဖျတ်ခနဲလက်သွားသည်။ လက်ဝါးအရွယ် အရွက်သုံးခုပါသည့် မြက်စိမ်းတစ်ပင် လေထဲတွင် လူးလွန့်တောက်ပနေသည်။
လုယန်တို့ ထိုမြက်ပင်ကို မသိ။
"နတ်မယ်၊ အဲဒါဘာလဲသိလား"
"ငှက်အသွင်ပြောင်းမသေမျိုးမြက်ပါ။ သူ့ပုံပန်းသဏ္ဌာန်ကြည့်ရတာ အတော်သက်တမ်းရင့်ပြီထင်တယ်"
နတ်မယ်က တစ်ချက်ကြည့်ရုံဖြင့် တန်းသိသည်။
"ငှက်အသွင်ပြောင်းမသေမျိုးမြက်ကို ငှက်မသေမျိုးခန္ဓာအတွက် စိုက်ပျိုးကြတယ်။ ဒီမြက်ကိုစားရင် ကျင့်ကြံရတဲ့အချိန် အများကြီးတိုသွားမယ်။ နှစ်ပေါင်းတစ်ရာ့တစ်ဆယ်လောက် သက်သာတယ်။ ဒါမှမဟုတ် နှစ်တစ်ထောင်လောက်လည်း သက်သာသွားနိုင်တယ်။
ဒီမြက်ပင်မျိုး ငှက်မသေမျိုးခန္ဓာပိုင်ရှင်တစ်ယောက် ကျန်ရစ်ခဲ့တာ ငါမှတ်မိတယ်။ စားဖို့မေ့သွားတာလား ဒါမှမဟုတ် မစားနိုင်ခင် သေသွားတာလားတော့ မသိဘူး။ ထောင်ယော်ယဲ့ကိုယ်ထဲက ငှက်မသေမျိုးခန္ဓာကို အာရုံခံမိလို့ သူထွက်လာတာ။ တစ်ခြားလူတွေလည်း စားလို့တော့ရပါတယ်"
လုယန် နည်းနည်းအံ့အားသင့်သွားသည်။ နှစ်တစ်ရာ့တစ်ဆယ်စာ ကျင့်ကြံချိန်သက်သာလျှင် တကယ်အာနိသင်ထက်မြက်သည်ဟု ဆိုရမည်။
ယခု သူကျင့်ကြံခဲ့သည်မှာ သုံးနှစ်သာရှိသေးသည်။
"ဒါပေမယ့် နင်တို့အားလုံး ဒါကို အခုချက်ချင်း မစားလိုက်သင့်ဘူး။ ဒီမြက်ပင်ကို ပြန်ပွားပြီးစိုက်လို့ရသေးတယ်"
နတ်မယ်က အကြံပြုသည်။
နတ်မယ်ပြောသည့်စကားကို သူ့စကားအဖြစ်ပြောင်း၍ လုယန် တစ်ခြားလူများကို ပြန်ပြောလိုက်သည်။ အားလုံးက လေးစားသည့်မျက်လုံးဖြင့် ကြည့်ကြသည်။
ငှက်အသွင်ပြောင်းမသေမျိုးမြက်ပင်ပေါ်လာသည်နှင့် စွမ်းအင်ကြောက ပို၍လှုပ်ရှားလာသည်။ ဝိညာဉ်စွမ်းအင်သိပ်သည်းမှုလည်း အရင်ထက်များစွာ မြင့်တက်လာသည်။
အရင်က ထိုမြက်ပင်သည် စွမ်းအင်ကြော၏ အနက်ရှိုင်းဆုံးနေရာတွင် အမြစ်တည်၍ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေခဲ့သည်။ ယခု မြက်ပင်ထွက်လာပြီးနောက် စွမ်းအင်ကြော၏ အဆင့်အတန်းအစစ်လည်း ပေါ်လာသည်။
ဖန်ရှန်းကျွန်း၏ စွမ်းအင်ကြောသည် တတိယအဆင့် စတုတ္ထအဆင့်မဟုတ်။ ပဥ္စမအဆင့်ဖြစ်သည်။
သို့သော် သူရဲကောင်းသုံးယောက် ဝမ်းမသာနိုင်ကြ။ ကျလာတော့မည့် အန္တရာယ်ကိုသာ ခံစားမိကြသည်။
"အခြေအနေမကောင်းတော့ဘူး"
ယန်ချွမ်းက အော်လိုက်သည်။ မျက်နှာအကြီးအကျယ်ပျက်နေသည်။
"ဘာဖြစ်တာလဲ"
လုယန်တို့က အခြေအနေကို နားမလည်ကြ။
"ရှားပါးရတနာတစ်ခုပေါ်လာရင် မိုးမြေကြားမှာ ထူးခြားတဲ့နိမိတ်ပေါ်တယ်။ အနီးအနားက ကျင့်ကြံသူတွေလည်း အဲဒါကိုအာရုံခံမိတယ်လေ။
ငှက်မသေမျိုးမြက်ပင်အကြောင်း သူတို့သိချင်မှသိမယ်။ ဒါပေမယ့် စွမ်းအင်ကြောက ပဥ္စမအဆင့်ကိုတက်သွားမှန်း သူတို့သိတယ်။ အစောပိုင်းကရှိခဲ့တဲ့ ရတနာက စွမ်းအင်ကြောရဲ့စွမ်းအားအများစုကို စုပ်ယူနေခဲ့တယ်ဆိုတာ ရိပ်မိကြမှာပဲ။
ရတနာတစ်ခု ဝိညာဉ်စွမ်းအင်အများကြီးစုပ်ယူနိုင်တယ်ဆိုရင် ဘာရတနာမှန်းမသိရင်တောင် တန်ဖိုးကြီးမှန်းတော့ သိမကြမှာပဲ။ ခင်ဗျားတို့က မဟာရှားမှာနေတာဆိုတော့ အရှေ့ပင်လယ်ရဲ့ စည်းမျဉ်းတွေအကြောင်း သိမှာမဟုတ်ဘူး။
အရှေ့ပင်လယ်စည်းမျဉ်းက အစွမ်းရှိတဲ့လူတွေပဲ ရတနာကိုပိုင်ဆိုင်ခွင့်ရတယ်။ ဒီမသေမျိုးမြက်ကို လုယူမယ့်လူတွေ လာနေလောက်ပြီ"
အရှေ့ပင်လယ်ကျင့်ကြံသူများဖြစ်၍ ကျလာမည့်အန္တရာယ်ကို ချက်ချင်းရိပ်စားမိသည်။
မသေမျိုးမြက်ပင် ပေါ်လာခြင်းသည် ကံကောင်းခြင်းမဟုတ်။ ကပ်ဆိုးကို လက်ယပ်ခေါ်နေခြင်းဖြစ်သည်။
ထိုအချက်သည်လည်း အရှေ့ပင်လယ်၏ ထူးခြားချက်ပင်ဖြစ်သည်။
ကြောက်စရာဖိအားတစ်ခု ကျလာသည်။ အဘိုးကြီးတစ်ယောက်၏အသံပေါ်လာသည်။
"ယန်ချွမ်း၊ ငါအဘိုးကြီး ရောက်ပြီလေ။ မင်းဘာလို့ ထွက်ပြီးမကြိုဆိုတာလဲ"
"အဲဒါ မဟာမိတ်အဖွဲ့ရဲ့ ဦးစီးသခင်ကောင်းဖုန်ပဲ။ သူက ဖန်ရှန်းကျွန်းနားမှာနေတာ"
ယန်ချွမ်းက အသံရှင်ကို ချက်ချင်းတန်းသိသည်။
"သူ့ကျင့်စဉ်အဆင့်ကဘာလဲ"
လုယန် စိတ်ဝင်စားလာသည်။
"ဝိညာဉ်ပြောင်းအခြေခံအဆင့်ပါ"
သူရဲကောင်းသုံးယောက် တုံ့ဆိုင်းမနေရဲ။ စွမ်းအင်ကြောမှအမြန်ထွက်၍ ကောင်းဖုန်ကို နှုတ်ဆက်ရသည်။
ကောင်းဖုန် လေထဲမှ ပျံသန်းလာသည်။ အေးစက်ရီဝေသည့်မျက်လုံးများဖြင့် သူတို့သုံးယောက်ကို စိုက်ကြည့်နေသည်။
"ရှားပါးရတနာတစ်ခု ဖန်ရှန်းကျွန်းမှာ ပေါ်လာပြီ။ မင်းတို့ကျွန်းကို မလိုလားအပ်တဲ့အန္တရာယ်တွေကျမလာအောင် အဲဒီ့ရတနာ ငါ့ကိုလွှဲပေးပါ"
ယန်တိုင်ရှားက ကြောက်စိတ်ကိုထိန်း၍ တုန်တုန်ရင်ရင်ဖြင့်ပြောသည်။
"ဦးစီးကောင်း၊ မဟာမိတ်က အဖွဲ့ဝင်အချင်းချင်း မလုယက်ရဘူးဆိုတဲ့စည်းမျဉ်း ချမှတ်ထားပါတယ်"
ကောင်းဖုန်က အရေးမစိုက်။
"လုယက်တယ်တဲ့လား။ မင်းတို့ငါ့ကို လိုလိုလားလားပေးရင် လုယက်တယ်လို့ ဘယ်သတ်မှတ်လို့ရမှာလဲ"
ထိုစဉ် ပင်လယ်ထဲမှ သဏ္ဌာန်တစ်ခုထိုးထွက်လာပြီး သူရဲကောင်းသုံးယောက်ကို အပြုံးမဟုတ်သည့်အပြုံးဖြင့် လှမ်းကြည့်သည်။
"ယန်ချွမ်း၊ ဖန်ရှန်းကျွန်းကို ကံကြမ္မာက မျက်နှာသာပေးလာပြီပဲ။ အိမ်နီးချင်းအနေနဲ့ ငါလည်း ခွဲတမ်းရမှ တရားမျှတမှာပေါ့"
ဖန်ရှန်းကျွန်း၏အိမ်နီးချင်း ငမန်းမျိုးနွယ်ခေါင်းဆောင်သည် ဝိညာဉ်ပြောင်းအခြေခံအဆင့်များထဲတွင် ထိပ်သီစွမ်းအားရှင်ဖြစ်သည်။
သူနှင့်ကောင်းဖုန်သည် ကျွန်းနှင့်အနီးဆုံး ဝိညာဉ်ပြောင်းအဆင့်များဖြစ်သည်။
"ဟား...ငါတို့ဓာတ်ငါးမျိုးဂိုဏ်းလိုချင်တဲ့ပစ္စည်းကို သာမန်ပေါက်လွှတ်ပဲစားတွေက မျက်စောင်းထိုးရဲတယ်ပေါ့"
လုယန် အေးစက်စက်လှောင်ပြုံးပြုံးလိုက်သည်။
မုန်ကျင်းကျိုးနှင့်ကျန်သည့်လူများလည်း စွမ်းအင်ကြောထဲမှ ထွက်လာပြီး မြေပေါ်တွင်ရပ်ကြသည်။
"လောင်မာရဲ့စားသောက်ပွဲတက်ခဲ့တဲ့ ဓာတ်ငါးမျိုးဂိုဏ်းတပည့်တွေပဲ"
လုယန်ကိုမြင်သည်နှင့် ကောင်းဖုန် နည်းနည်းတုံ့ဆိုင်းသွားသည်။ ငမန်းမျိုးနွယ်ခေါင်းဆောင်လည်း ထိုနည်းတူပင်ဖြစ်သည်။
ဓာတ်ငါးမျိုးဂိုဏ်းကို ကောင်းဖုန်မကြောက်။ အရှေ့ပင်လယ်သည် ဓာတ်ငါးမျိုးဂိုဏ်းနှင့် အလှမ်းဝေးလွန်းသည်။ ဂိုဏ်းတပည့်များဖိနှိပ်ခံရသည့်ကိစ္စအတွက် ဝင်စွက်ရဲကြမည်မဟုတ်။
အရှေ့ပင်လယ်သည် ပရမ်းပတာနိုင်သော်လည်း အပြင်အင်အားစုများနှင့်ရင်ဆိုင်လျှင် အတော်လေးစည်းလုံးကြသည်။ မဟာမိတ်အကြီးအကဲများက ဓာတ်ငါးမျိုးဂိုဏ်းကို ဝင်စွက်ခွင့်ပြုမည်မဟုတ်။
သူကြောက်သည်က လောင်မာဖြစ်သည်။
အံတင်းတင်းကြိတ်၍ စကားကြမ်းကြမ်းပင်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
ငမန်းမျိုးနွယ်ခေါင်းဆောင်လည်း မကျေမနပ်မျက်နှာဖြင့် ပင်လယ်ထဲသို့ ပြန်လည်ငုပ်လျှိုးသွားသည်။
ထိုနှစ်ယောက်ထွက်သွားသည်ကို မြင်ရသဖြင့် သူရဲကောင်းသုံးယောက် သေမင်းနှုတ်ခမ်းဝမှလွတ်လာသကဲ့သို့ စိတ်သက်သာရာရသွားကြသည်။
"ဒါပဲလားဟ"
အရိုးရိုင်း ခေါင်းကုတ်နေသည်။ တိုက်ရခိုက်ရမည်ဟု သူထင်ထားခဲ့သည်။
"ဒီကိစ္စက အဲလောက်ဘယ်ရိုးရှင်းပါ့မလဲ"
လုယန် ခေါင်းခါသည်။
"ကောင်းဖုန်က လောင်မာဒေါသထွက်မှာကို စိုးရိမ်လို့ ခဏလှည့်ပြန်သွားတာ။ ဒီတော့ သူ့လက်ချက်မှန်း လောင်မာမသိအောင် ထပ်လှုပ်ရှားဖို့ကြိုးစားမှာပဲ"
ငါသာ သူ့နေရာမှာဆိုရင် နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်းမလုဘူး။ ညရောက်မှ မျက်နှာဖုံးစွပ်နဲ့ လာလုပြီးထွက်ပြေးမယ်။ အဲလိုဆို ငါ့လက်ချက်မှန်း ဘယ်သူမှမသိနိုင်တော့ဘူးလေ"
မုန်ကျင်းကျိုး ခေါင်းခါသည်။
"အဲဒါဆိုရင် အတွေ့အကြုံနုသေးလို့ပဲ။ နေ့ခင်းပိုင်းလုယက်တာ မအောင်မြင်လို့ ညဘက်မှာ လှုပ်ရှားမယ်ပေါ့။ မျက်နှာဖုံးစွပ်ထားရင်တောင် မင်းကိုပဲသံသယဝင်ကြမှာ။
ငါသာဆိုရင် နေ့ခင်းပိုင်းမှာ လုံးဝမလာဘူး။ ညရောက်မှ မျက်နှာဖုံးစွပ်နဲ့လာမှာ။ အဲလိုဆို ဘယ်သူမှသံသယဝင်မှာမဟုတ်ဘူး"
လီဟော်ရန်က ထပ်ဖြည့်ပြောသည်။
"ဒါပေမယ့် အဲလိုလုပ်လည်း အခြေအနေကို ပိုင်သေတွက်လို့ မရသေးဘူး။ သံသယဝင်စရာလူတွေ အများကြီးဖြစ်အောင် လူအင်အားထပ်ပြီးခေါ်လာရမယ်။
ဒါမှ ကောင်းဖုန်အနေနဲ့ ပိုပြီးဘေးကင်းမှာ"
လုယန် မုန်ကျင်းကျိုးနှင့် လီဟော်ရန်တို့ လုယက်နည်းဗျူဟာများ အပြန်အလှန်ဆွေးနွေးနေသည်။ သူရဲကောင်းသုံးယောက် ငေးကြောင်၍ကြည့်နေကြသည်။
မင်းတို့က အရှေ့ပင်လယ်ကို တစ်ခါမှမရောက်ဖူးတဲ့ လမ်းမှန်ဂိုဏ်းရဲ့တပည့်တွေမဟုတ်ဘူးလား...ဒီလိုနည်းဗျူဟာတွေကို ဘာလို့ဒီလောက်ကျွမ်းကျင်နေကြတာလဲ...
အရိုးရိုင်းက စက္ကူနှင့်စုတ်တံအမြန်ထုတ်၍ လုယန်တို့ဆွေးနွေးသည့်စကားများကို မှတ်တမ်းယူနေသည်။ တကယ့်စံပြများဖြစ်သည်။ နယ်ခံများတွေးခေါ်သည့်နည်းလမ်းကို ချက်ချင်းသဘောပေါက်သည်။
ထောင်ယော်ယဲ့က အရိုးရိုင်းကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
နင်က သူတို့နည်းဗျူဟာတွေကို လေ့လာနေတာလား။ ဒါမှမဟုတ် သူတို့ထွက်ဆိုချက်တွေကို ချရေးနေတာလား...
အမှောင်ထုကျလာသည်။ ဝတ်ရုံနက်ဝတ်၍ မျက်နှာဖုံးစွပ်ထားသည့်လူများ ပေါ်လာသည်။ သေမင်းတမန်များပမာ ဖန်ရှန်းကျွန်းကို လောဘမျက်လုံးဖြင့် စိုက်ကြည့်နေသည်။
"ဖန်ရှန်းကျွန်းမှာ ပဥ္စမအဆင့်စွမ်းအင်ကြောရှိတယ်ပေါ့။ ဒါဆို ဒီရတနာက ပဥ္စမအဆင့်စွမ်းအင်ကြောနဲ့ တန်းတူအဆင့်ရှိတဲ့ ရှားပါးရတနာပဲ။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဖန်ရှန်းကျွန်းကို အပိုင်သိမ်းကြတာပေါ့။
ကျွန်းသခင်သုံးယောက် နတ်ဝိညာည်အဆင့်ပဲရှိတာပါ။ ဒီလိုစွမ်းအင်ကြောမျိုး သူတို့လက်ထဲထားရင် အချည်းအနှီးဖြစ်မှာ"
လုယန် ညွှန်ကြားချက်ဖြင့် သူရဲကောင်းသုံးယောက် ပင်မကျွန်းမှလူများကို ဘေးပတ်လည်ကျွန်းငယ်များသို့ ကြိုတင်ရွှေ့ပြောင်းထားပြီးဖြစ်သည်။
"တစ်...နှစ်...သုံး... အားလုံးဆယ့်နှစ်ယောက်ရှိတယ်။ အတော်များတာပဲ။ ဟား...အားလုံးက ဝိညာဉ်ပြောင်းအဆင့်တွေချည်းပဲ"
ရန်သူ့အင်အားကိုကြည့်၍ လုယန် ပြုံးလိုက်သည်။
"အရှေ့ပင်လယ်ကိုရောက်နေမှတော့ ဒီနယ်မြေက ထူးခြားတဲ့ ထုံးတမ်းဓလေ့ကို ခံစားကြည့်ရမှာပေါ့။ စားသောက်ပွဲမှာ သည်းခံခဲ့ပြီးပဲ။ အခု တိုက်ပွဲအတွေ့အကြုံယူရမယ့်အချိန် ရောက်လာပြီ"
************************************