← Chapters

ဓာတ်ငါးမျိုးဂိုဏ်းကို ဘာထင်နေလဲ

Vol. 50 Ch. 750

ဓာတ်ငါးမျိုးဂိုဏ်းကို ဘာထင်နေလဲ

Vol. 50 Ch. 750

"ဝိညာဉ်ပြောင်းအဆင့်ဆယ့်နှစ်ယောက်ဆိုတော့ တိုက်ခိုက်ရတာ နည်းနည်းခက်လောက်တယ်"

ပါးစပ်ကသာထိုသို့ပြောနေသော်လည်း လုယန်မျက်နှာမှအပြုံးက ပျောက်ကွယ်မသွား။

မဟာရှားတွင် သူနှင့်တိုက်ခိုက်ရဲသူ ကြုံရခဲသည်။ အထူးသဖြင့် အသေအကြတိုက်ခိုက်မည့်လူမျိုး ကြုံရခဲသည်။

သူ့ကျင့်စဉ်စွမ်းအားကို အပြည့်အဝထုတ်သုံးခွင့်မရခဲ့။

ချင်းကျိုးပွဲ‌တော်အကြောင်း သူပြန်တွေးမိသည်။ သက်တူရွယ်တူများနှင့် တိုက်ခိုက်ရသည်။ ရွှေသန္ဓေအဆင့်ဖြင့် အအခြေတည်အဆင့်များကိုတိုက်ခိုက်၍ ပွဲစဉ်အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

ယခု အရှေ့ပင်လယ်၏ကန့်သတ်ချက်များကြောင့် အခြေတည်အဆင့်ရန်သူများ မတွေ့ခဲ့ရ။ ဝိညာဉ်ပြောင်းအဆင့်များနှင့်သာ သူတိုက်ခိုက်ရတော့မည်။

မုန်ကျင်းကျိုးနှင့် ကျန်သည့်လူများလည်း အတော်စိတ်အားတက်ကြွနေသည်။ ပျော်ပျော်ကြီးတိုက်ခိုက်ခွင့်ရမည့် အခွင့်အရေးဖြစ်သည်။

"သူတို့က နတ်ဝိညာဉ်အဆင့်တွေကိုပါ ခေါ်လာမယ်လို့ ထင်ထားတာ"

ထောင်ယော်ယဲ့ တွေးမရဖြစ်နေသည်။ သူမျှော်လင့်ထားသည်နှင့် ကွဲလွဲနေသည်။

လုယန်က ရှင်းပြသည်။

"ဒါက လျှို့ဝှက်လှုပ်ရှားတာလေ။ လူနည်းလေပိုကောင်းလေပဲ။ ပြီးတော့ လှုပ်ရှားမှုမှာပါတဲ့လူတွေအားလုံး ရလာတာကို အချိုးကျခွဲယူရမှာ။ နှုတ်ပိတ်ခသဘောမျိုးပေါ့။

ဝိညာဉ်ပြောင်းအဆင့်တွေချည်း ကိုင်တွယ်ဖြေရှင်းနိုင်ရင် နတ်ဝိညာဉ်အဆင့်တွေကို ဘာလို့အပိုသက်သက်ခေါ်လာတော့မှာလဲ"

ထိုကိစ္စမျိုး တစ်ခါမှမလုပ်ဖူးသော်လည်း လုယန် တစ်ဘက်လူအမြင်ဖြင့် စဉ်းစားသုံးသပ်နိုင်သည်။

ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက်ထဲတွင် လူသားမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ် နှစ်ခုလုံးပါပေလိမ့်မည်။ ဤတစ်ကြိမ် စီစဉ်သူက ကောင်းဖုန်မဟုတ်လောက်ဟု လုယန်ခန့်မှန်းသည်။ ကောင်းဖုန်သည် ထိုမျှအရေအတွက်များသည့် ဝိညာဉ်ပြောင်းအဆင့်များကို ဦးဆောင်နိုင်မည်မထင်။

ရှားပါးရတနာပေါ်လာသဖြင့် အဝေးမှ ဝိညာဉ်ပြောင်းအဆင့်များ အာရုံခံမိမည်။ နောက်ကျမှ ရောက်လာကြမည်။ ကောင်းဖုန်ထံမှ ဓာတ်ငါးမျိုးဂိုဏ်းဝင်များအကြောင်း သိရသဖြင့် ယခုလိုစီစဉ်ခြင်းဖြစ်မည်။

ခန့်မှန်းချက်မှန်သည်မမှန်သည်ကို လုယန်အရေးမစိုက်။ အရင်တိုက်ခိုက်ပြီး နောက်မှမေးခွန်းထုတ်မည်။

ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက် ဝိုင်းခံထားရသော်လည်း လုယန် အရင်ဆုံးတိုက်ခိုက်သည်။ ချင်ဖုန်းဓားက သူ့ဦးခေါင်းအထက်တွင် လရောင်ဖြင့် အလင်းဖြာနေသည်။

နိယာမသခင်လို စွမ်းအားမြင့်ကျင့်ကြံသူမှလွဲလျှင် လုယန်သုံးသည့်ဓားကို သတိပြုမိသူ မရှိသလောက်ရှားသည်။ ဓာတ်ငါးမျိုးဂိုဏ်းဝင်ဟု ကြေညာထားသော်လည်း ချင်ဖုန်းဓားကို သူသုံးနိုင်သည်။

ဓားချီက ဖဲကြိုးတစ်ခုလို ထိုးထွက်သွားသည်။ အလင်းအမြန်နှုန်းဖြင့် လေဟာနယ်ကို ထိုးခွဲသွားသည်။ ဓားချီဝင်လာသည်ကိုကြည့်၍ တည်ငြိမ်နေသည့်မျက်နှာများ ချက်ချင်းအမူအရာပြောင်းသွားပြီး အမြန်ရှောင်တိမ်းကြသည်။

"မဟာရှားမသေမျိုးဂိုဏ်းတပည့် တကယ်ပီသပါတယ်။ နတ်ဝိညာဉ်အဆင့်နဲ့တောင် ငါတို့ကိုထိခိုက်နိုင်တဲ့ ဓားချီမျိုး ထုတ်လွှတ်နိုင်တယ်"

"ဓာတ်ငါးမျိုးဂိုဏ်းက ဓာတ်ငါးမျိုးအတွက် စွမ်းအင်ကြောငါးခုခွဲထားတယ်လို့ကြားတယ်။ သူက ရွှေ(သတ္တု)စွမ်းအင်ကြောအဖွဲ့ခွဲက တပည့်တစ်ယောက်ဖြစ်မယ်"

ဝိညာဉ်ပြောင်းကျင့်ကြံသူများ ဖရိုဖရဲဖြစ်သွားချိန်တွင် မုန်ကျင်းကျိုးတို့က ဝင်တိုက်ခိုက်သည်။

မုန်ကျင်းကျိုး ခေါင်းသုံးလုံးလက်ခြောက်ဖက်ခန္ဓာကိုယ်အဖြစ်ပြောင်းသည်။ အရပ်လေးမျက်နှာကို ထီမထင်သည့်အကြည့်ဖြင့် ကြည့်သည်။

အရိုးရိုင်းက ဘိုးဘေးဝိညာဉ်ကို ဆင့်ခေါ်သည်။ အင်အားအပြည့်ဖြင့် တင်းပုတ်ကြီးကိုကိုင်သည်။ သူနှင့်ရင်ဆိုင်တွေ့သည့် ကောင်းဖုန်လိုလူများ အရိုးကျိုး၍ အကြောပြတ်ဖို့သာရှိသည်။

ထီးနီပွင့်သွားသည်။ ပုံရိပ်နယ်မြေတစ်ခု ဖြန့်လိုက်သည်။ ထောင်ယော်ယဲ့က ထိုနယ်မြေတွင် သက်တောင့်သက်သာ လှုပ်ရှားသည်။ ပြိုင်ဘက်များကို ပုံရိပ်ယောင်ထဲသို့ မျှားခေါ်သည်။

လီဟော်ရန်ခန္ဓာကိုယ်မှ မီးတောက်များထိုးထွက်လာသည်။ ခန္ဓာကိုယ်ခြောက်ပိုင်းခွဲ၍ နေရာစုံမှ တိုက်ခိုက်သည်။

သို့သော် ဤဝိညာဉ်ပြောင်းဆယ့်နှစ်ယောက် အရှေ့ပင်လယ်တွင် ရှင်သန်နိုင်သည်မှာ အကြောင်းရင်းရှိသည်။ သူတို့စွမ်းအားကို အထင်မသေးသင့်။

ငါးယောက်ထဲတွင် တိုက်ခိုက်စွမ်းအားပိုသာသည့် လုယန်နှင့်မုန်ကျင်းကျိုးကို အဓိကပစ်မှတ်ထားကြသည်။ ဝိညာဉ်ပြောင်းခြောက်ယောက် သူတို့ကိုတိုက်ခိုက်သည်။

ထောင်ယော်ယဲ့တို့သုံးယောက်က ရန်သူနှစ်ယောက်စီ ရင်ဆိုင်ရသည်။

"ပိဟိုင်ဒီရေမွေးဖွားခြင်း"

တည်ငြိမ်သည့် ပင်လယ်မျက်နှာပြင်မှ မြင့်မားသည့်လှိုင်းလုံးများ ထိုးတက်လာသည်။ ရေနံရံများ ဖြစ်ပေါ်လာသည်။ ဓားချီက နံရံများနှင့် တွေ့သည်။ ရေနံရံကို နှစ်ခြမ်းခွဲသွားသည်။ သို့တိုင်အောင် အရှိန်လျော့မသွားသေး။

"ဝေလအမျက်လက်သီး"

ဝေလငါးမျိုးနွယ်နှင့် ငါးမန်းမျိုးနွယ်တို့သည် အမြဲတမ်း ရန်ဘက်ဖြစ်ခဲ့သည်။ ဤလက်သီးပညာသည် ငမန်းမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်ရန် ဝေလငါးမျိုးနွယ်အထူးတီထွင်ထားသည့်ပညာဖြစ်သည်။

သို့သော် သူရဲကောင်းသုံးယောက်သိသလောက် အနီးနားဝေလငါးမျိုးနွယ်ထဲတွင် ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်မရှိ။

"ငရဲချောက်နက်သံကြိုး"

ကျင့်ကြံသူတစ်ယောက် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ နက်မှောင်ပြီး ဆူးချွန်ပါသည့် သံကြိုးများ တချွင်ချွင်အသံမြည်၍ ထွက်လာသည်။ ထိုကဲ့သို့ပစ္စည်းများအပေါ် အမြင်စူးရှသည့် လီဟော်ရန်က ထိုသံကြိုးများသည် တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး အသက်ပေါင်းများစွာနှုတ်ယူခဲ့သဖြင့် မကောင်းဆိုးဝါးစွမ်းအင်များ အပြည့်ရှိနေကြောင်း ချက်ချင်းသိသည်။

သံကြိုးများက လေထဲတွင် ပေါ့ပါးစွာလှုပ်ရှားသည်။ လီဟော်ရန် ဒဏ်ရာများစွာရသည်။

အရှေ့ပင်လယ်ကျင့်ကြံသူများသည် တိုက်ခိုက်နည်းပညာများကို လျှို့ဝှက်လေ့ကျင့်လေ့ရှိသည်။ ယနေ့ညသူတို့သုံးသည့် တိုက်ကွက်များကို ပုံမှန်အားဖြင့် ထုတ်သုံးမည်မဟုတ်။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူတို့သရုပ်မှန်ကို ကွယ်ဝှက်ထားလိမ့်မည်။

"ရေခဲနဂါး‌အော်သံ"

ပင်လယ်ရေမျက်နှာပြင် အေးခဲသွားသည်။ ရေခဲနဂါးတစ်ကောင် ထိုးထွက်လာသည်။ လုယန်ကို တိုက်ခိုက်သည်။

"ဝေလငါးကောင်းကင်မျိုလက်သီး"

"ငါးမန်းဒေါသလက်သီး"

"အလင်းနဂါးလက်သီး"

ဝိညာဉ်ပြောင်းအဆင့်သုံးယောက် လက်သီးပညာကိုယ်စီသုံး၍ မုန်ကျင်းကျိုး ပင်လယ်ထဲသို့ ဆွဲခေါ်သည်။ လျှို့ဝှက်ပညာရပ်များကို အသက်သွင်း၍ သူတို့သွေးဆက်ကိုလှုံ့ဆော်ပြီး ယာယီစွမ်းအားမြှင့်ကြသည်။

မုန်ကျင်းကျိုး အငိုက်မိသွားသဖြင့် ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားသည်။

"မသေမျိုး‌ဂိုဏ်းတပည့်တွေရဲ့အစွမ်းက ဒီလောက်ပဲလားကွ"

ပိဟိုင်ဒီရေလက်သီးသုံးသည့် ကျင့်ကြံသူက အော်ဟစ်ရယ်မောနေသည်။ သူ့မျက်လုံးတွင် လှောင်ရိပ်အပြည့်ရှိသည်။ ကြိုတင်ပြင်ဆင်မှုများစွာလုပ်၍ လူအင်အားလုံလောက်အောင်ခေါ်ခဲ့သဖြင့် တော်သေးသည်ဟု တွေးမိသည်။

ဝိညာဉ်ပြောင်းအဆင့်ငါးယောက်တည်းသာ လာခဲ့လျှင် ဤမသေမျိုးဂိုဏ်းတပည့်များကို ယှဉ်နိုင်မည်မဟုတ်။

"ငါတို့လည်း မသေမျိုးဂိုဏ်းနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ ပေါ်လာတဲ့ရတနာကိုသာ လက်လွှဲပေးပြီး ဖန်ရှန်းကျွန်းကနေ ချက်ချင်းထွက်သွားပါ။ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံး ငါတို့မေ့လိုက်လို့ရတယ်"

မသေမျိုးရတနာကိုသာလိုချင်သည်မဟုတ်။ ပဥ္စမအဆင့်စွမ်းအင်ကြောကိုပါ သူတို့လိုချင်သည်။

လုယန် လေထဲတွင် ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်း၍ ပြိုင်ဘက်သုံးယောက်ကို အေးစက်စက်စိုက်ကြည့်သည်။

"အရှေ့ပင်လယ်ကျင့်ကြံသူတွေက တကယ်ထူးခြားတာပဲ။ ငါတို့ဓာတ်ငါးမျိုးဂိုဏ်းကို အထင်သေးရဲတယ်။ ငါတို့ကို ရွှံရုပ်တွေလို့ ထင်နေတာလား။...ငါ့လူတွေဘယ်မှာလဲဟေ့"

လုယန် အော်ဟစ်လိုက်သည်။

"ဒီမှာရှိတယ်"

မုန်ကျင်းကျိုး ပင်လယ်ထဲမှ ထိုးထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ ရေခိုးရေငွေ့များ ထွက်ပေါ်နေသည်။ အရေပြားပေါ်မှ ပင်လယ်ရေများက အားကောင်းသည့်ယန်ချီကြောင့် ချောက်သွေ့သွာားသည်။

အရိုးရိုင်းမျက်လုံးများ သွေးနီရောင်သန်းလာသည်။ ဤတစ်ကြိမ် ပထမအင်ပါယာရှား၏ လက်အောက်ခံအဖြစ် တိုက်ပွဲများနွှဲခဲ့ဖူးသည့် အရိုင်းမျိုးနွယ်တပ်မှုဘိုးဘေးဝိညာဉ်ကို သူဆင့်ခေါ်လိုက်သည်။

လီဟော်ရန်က တစ်ကိုယ်လုံး မီးတောက်များဖုံးလွှမ်းနေသည်။ သံဆူကြိုးကြောင့်ရခဲ့သည့်ဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းသွားသည်။

ထောင်ယော်ယဲ့က စက္ကူထီးနီကိုပိတ်လိုက်သည်။ ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက် အသက်မဲ့သလိုဖြစ်နေသည်။ ပုံရိပ်ယောင်ထဲပိတ်မိပြီး ပင်လယ်ထဲသို့ ထိုးကျသွားသည်။

အရှေ့ပင်လယ်ကျင့်ကြံသူများသည် စွမ်းအားကိုသာ လေ့ကျင့်ကြသည်။ စိတ်နှလုံးကို မလေ့ကျင့်ကြ။ ထို့ကြောင့် ပုံရိပ်ယောင်နယ်မြေများနှင့်ကြုံလျှင် ရင်မဆိုင်တတ်ကြ။

"နေရာယူကြ"

လူငါးယောက် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အတိုင်း နေရာယူကြသည်။

"ဒါက..ဓာတ်ငါးမျိုးဂိုဏ်းရဲ့ ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းပဲ"

ဝိညာဉ်ပြောင်းကျင့်ကြံသူတစ်ယောက်က တအံ့တဩအော်ဟစ်လိုက်သည်။ မဟာရှားတွင် ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ တိုက်ခိုက်သည်ကို သူမြင်ဖူးသည်။

နတ်ဝိညာဉ်အဆင့်ငါးယောက် ဓာတ်ငါးမျိုးတိုက်ပွဲမျှော်စက်ဝန်းသုံးလျှင် ဝိညာဉ်ပြောင်းအဆင့်ငါးယောက်ကို တကယ်အနိုင်ယူနိုင်သည်။

"ငါတို့ပညာကို သိတဲ့လူတော့ ရှိသေးသားပဲ။...အရဟတ်လက်သီး"

လုယန်က သတ္တုနေရာတွင်ရပ်၍ ဦးဆောင်တိုက်ခိုက်သည်။ ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းစွမ်းအားကြောင့် သူ့အမြန်နှုန်းနှင့်အင်အားက ဆပွားတိုးလာသည်။

လျှပ်စီးအမြန်နှုန်းဖြင့် လှုပ်ရှားသည်။ လက်သီးချက်တိုင်းက ရန်သူများ၏ဝမ်းဗိုက်ကိုထိသည်။ ကိုယ်တွင်းကလီစာများ ပြောင်းပြန်လန်သလို ခံစားကြရသည်။

ဆံပင်များ အစုလိုက်ကျွတ်ကျလာသည်။

"သူ့ကိုမြန်မြန်တားကြ"

ဝိညာဉ်ပြောင်းသုံးယောက် ခုနကသုံးခဲ့သည့် မှော်စွမ်းအားများ ထပ်သုံးရန်ကြိုးစားသည်။ သို့သော် လုယန်၏ တိုက်ခိုက်စွမ်းအားက များစွာပြောင်းလဲခဲ့ပြီဖြစ်သည်။ ထိုးချက်ကန်ချက်တိုင်းက တောင်ပြိုသလိုကျလာသည်။ တားဆီးမရ။

ဓားချီက ပို၍တောက်ပလာသည်။ ရေလွှာများကို ထိုးခွဲသည်။ ဓားပြားပေါ်တွင် ထိတ်လန့်နေသည့် ရန်သူသုံးယောက်၏မျက်နှာ ထင်ဟပ်နေသည်။

"အမွှာရေခဲနဂါးအော်သံ"

ရေထဲမှ ရေခဲနဂါးနှစ်ကောင် ထိုးထွက်လာသည်။ လုယန်ကို ကိုက်ချရန် ကြိုးစားသည်။ အရိုးရိုင်းက အရိပ်ပြောင်းပညာသုံး၍ လုယန်နှင့် နေရာချင်းလဲလိုက်သည်။ ကျယ်လောင်စွာအော်ဟစ်၍ ရေခဲနဂါးနှစ်ကောင်၏ တိုက်ခိုက်မှုကို ခံယူသည်။

မုန်ကျင်းကျိုးက ဖီးနစ်မီးတောက်ထုတ်လွှတ်၍ အရိုးရိုင်း၏ နှင်း(ရေခဲ)ကိုက်ဒဏ်ရာများကို ချက်ချင်းကုသပေးသည်။

အရိုးရိုင်းက 'မြေကြီး'နေရာတွင်ရပ်၍ ခံစစ်ကို တာဝန်ယူသည်။

မုန်ကျင်းကျိုးက 'ရေ'နေရာတွင်ရပ်၍ ကုသမှုကို တာဝန်ယူသည်။

ထောင်ယော်ယဲ့က 'သစ်သား'နေရာတွင်ရပ်၍ အပြောင်းအလဲများကို ဦးဆောင်သည်။ မှော်စက်ဝန်းထဲမှ ဘယ်နေရာကိုမဆို သူ့အဖွဲ့ကို နေရာပြောင်းပေးနိုင်သည်။ ကျန်လေးယောက်၏ တိုက်ခိုက်မှုကို ထိန်းညှိပေးနိုင်သည်။

"မင်းတို့ပဲ ပူးပေါင်းတိုက်ခိုက်မှုပညာမျိုး တတ်တယ်ထင်မနေကြနဲ့။...ပင်လယ်ရဲ့အဆုံးမဲ့စွမ်းအား"

ဝိညာဉ်ပြောင်းအဆင့်ရန်သူငါးယောက် အတူစွမ်းအားစုစည်းသည်။ မီတာတစ်ရာကျော်မြင့်သည့် ဆူနာမီလှိုင်းတစ်ခုပေါ်လာသည်။ ထိုလှိုင်းလုံးထဲတွင် ကြောက်စရာသရဲမျက််နှာများ ခြေလက်များလူးလွန့်နေသည်။ ကျောချမ်းစရာ အော်ဟစ်သံများနှင့်အတူ လုယန်တို့ဆီ လှိုင်းလုံးက ပြေးဝင်လာသည်။

လုယန်တို့ ရှောင်တိမ်းလျှင် နောက်ဘက်မှ ဖန်ရှန်းကျွန်း ပင်လယ်ထဲနစ်မြုပ်သွားမည်။

"ကျုပ်ရှင်းလိုက်မယ်"

လီဟော်ရန် အော်ပြောသည်။ သူ့ဘေးပတ်လည်တွင် မီးတောက်မျိုးကွဲတစ်ချို့ပေါ်လာသည်။

ရသာသုံးပါးမီးတောက်စစ်၊ ရွှေငှက်မီးတောက်စစ်၊ ဖီးနစ်မီးတောက်စစ်၊ တန်ကျားမီးတောက်စစ်၊ တာ့ယန်မီးတောက်စစ်၊ သမာဓိမီးတောက်စစ်၊ နန်မင်မီးတောက်စစ်။

မီးတောက်အများစုက ဓာတ်ငါးမျိုးဂိုဏ်း စွမ်းအင်ကြောငါးခုမှ သူတို့သင်ယူလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းက အားဖြည့်ထားသဖြင့် လူအားလုံး၏မီးတောက်စစ်များကို လီဟော်ရန် ထိန်းချုပ်နိုင်သည်။

'မီး'နေရာတွင်ရပ်၍ တိုက်စစ်ကို အကူအညီပေးသည်။

မီးတောက်ခုနစ်မျိုး ရောယှက်သွားသည်။ မီးတောက်လှိုင်းတစ်ခုဖြစ်လာသည်။ သရဲဆူနာမီလှိုင်းကို ပြင်ထန်သည့်အပူလှိုင်းဖြင့် ရင်ဆိုင်သည်။

ဘုန်း...

ဆူနာမီလှိုင်း ပြိုပျက်သွားသည်။ လှိုင်းလုံးထဲပုန်းနေသည့် သရဲများလည်း အော်ဟစ်ညည်းတွားရင်း ပျောက်ကွယ်သွားသည်။ ဝိညာဉ်‌ပြောင်းအဆင့်ငါးယောက် နှစ်ပေါင်းရာချီစုစည်းခဲ့ရသည့် ဝိညာဉ်များ မျက်တောင်တစ်ခတ်အတွင်း‌ ပျက်စီးသွားသည်။

"အတူတိုက်ကြမယ်ဟေ့"

ဝိညာဉ်ပြောင်းကျင့်ကြံသူဆယ့်နှစ်ယောက် ပြိုင်တူတိုက်ခိုက်ကြသည်။ ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းတွင် ဟာကွက်ရှာသည်။

သို့သော် ဓာတ်ငါးမျိုးဂိုဏ်း၏ နှစ်တစ်သိန်းတည်တံ့ခဲ့သည့်ပညာတွင် သူတို့အသုံးချစရာဟာကွက်မျိုး ဘယ်လိုရှိနိုင်မည်နည်း။

မှော်စက်ဝန်းတည်ဆောက်ထားသူကလည်း အကြိမ်များစွာလေ့ကျင့်ထားသည့် လုယန်တို့လူစုဖြစ်သည်။

ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက် မရှုမလှရှုံးသည်။ မဟာနတ်ဆိုးပညာလို သွေးစတေးနည်းများသုံး၍ ဖရိုဖရဲထွက်ပြေးကြသည်။

ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းသည် တိုက်ခိုက်ရာတွင် စွမ်းအားကြီးသည်။ သို့သော် အမြန်နှုန်းတွင် နာမည်မကျော််။ ရန်သူတစ်ယောက်နှစ်ယောက်တော့ ဖမ်းနိုင်လောက်သည်။

သို့သော် ကျန်သည့်လူများ လွတ်သွားမည်သာဖြစ်သည်။

လုယန် ပြုံးလိုက်သည်။

"တိုက်ပွဲရှုံးပြီးမှ ထွက်ပြေးနိုင်မယ်လို့ ထင်နေကြသေးတယ်ပေါ့။...ကွက်တိပဲ။ ငါ့ဆရာဆီက ပညာအသစ်တစ်ခုသင်ထားတာ။ မင်းတို့နဲ့ လေ့ကျင့်ကြည့်ရမှာပေါ့။...လောင်မုန်၊ ငါ့ကိုကူဦး"

မုန်ကျင်းကျိုး ကြောင်တက်တက်ဖြစ်သွားသည်။ လုယန်သူ့ကို ဘာကူညီခိုင်းနေမှန်းမသိ။ ထို့နောက် သူ့ခန္ဓာကိုယ် ဘေးသို့စောင်းသွားသည်။ လုယန်က သူ့ခြေကျင်းဝတ်မှကိုင်၍ လေထဲသို့မြှောက်သည်။

"ဟေ့ကောင်...ဟေ့ကောင် မင်းဘာလုပ်နေတာလဲကွ"

"စကားရှည်မနေနဲ့ ခေါင်းသုံးလုံးလက်ခြောက်ဘက်ပညာ မြန်မြန်ထုတ်သုံးလိုက်။...ဓားတစ်လက်ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"

"ဘာလို့ မည်းမှောင်သွားတာလဲ"

ကောင်းဖုန် တွေးမရ။ အထက်ကောင်းကင်မှ လရောင်အလင်း ရုတ်တရက်ပျောက်ကွယ်သလို ဖြစ်သွားသည်။ ပြေးလွှားနေရင်းမှ သူမော့ကြည့်လိုက်သည်။

ကြည့်မိသည်နှင့် ကျောရိုးထဲစိမ့်တက်သွားသည်။

လရောင်ကို ဖုံးကွယ်နေသည့် သိပ်သည်းသည့်အရိပ်များက တစ်ခြားမဟုတ်။ မုန်ကျင်းကျိုးများဖြစ်သည်။

မုန်ကျင်းကျိုးပေါင်းထောင်ချီရှိသည်။ ခေါင်းသုံးလုံးလက်ခြောက်ဘက်ပုံစံဖြင့် ကောင်းကင်မှကျဆင်းလာသည်။ တစ်ယောက်တစ်နေရာစီခွဲ၍ပြေးနေသည့် ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက်ကို အော်ဟစ်ကြုံးဝါးရင်း လက်သီးဖြင့်ထိုးချသည်။

***************************************

All Chapters