← Chapters

ရယူခြင်း

Vol. 48 Ch. 657

ရယူခြင်း

Vol. 48 Ch. 657

စောင့်ကြည့်နေကြသူများမှာ အားကျမနာလိုဖြစ်နေသော မျက်ဝန်းများဖြင့် ကျောက်စိမ်းပြားထံသို့ သွားနေသော ဇူယွမ်အား ကြည့်ရှုနေကြသည်။ ခက်ခဲကြမ်းတမ်းသောတိုက်ပွဲ ပြီးဆုံးသွားသည့် အချိန်မှစ၍ အောင်မြင်မှု အသီးအပွင့်များအား ပထမဆုံး ခူးဆွတ်နိုင်မည့်သူမှာ ဇူယွမ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း အားလုံးမှ ခန့်မှန်းမိထားကြ၏။

ကျန်းထိုက်ချင်မှာ ယောင်ယောင်အား ရှုံးနိမ့်သွားရသည့်အတွက်ကြောင့် ကျောင်းထိုက်ရှင်း၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရသည်။ ကျောက်စိမ်းပြားထံသို့ သွားနေသော ဇူယွမ်အား မြင်တွေ့လိုက်ရသောအချိန်တွင် ကျောင်းထိုက်ရှင်းမှာ စိတ်အားထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်တော့သည်။

သို့သော် ချူချင်းမှာလည်း ရွှေလွန်းအား အသင့်ပြင်ထားသော အနေအထားဖြင့် ကျောင်းထိုက်ရှင်းအား စဉ်ဆက်မပြတ် စောင့်ကြည့်နေလျက် ရှိသည်။

ကျောင်းထိုက်ရှင်းမှသာ လှုပ်ရှားမှု တစ်စုံတစ်ခု ပြုလုပ်ခဲ့ပါက ချူချင်းမှာ ရှိသမျှ စွမ်းအင်အကုန်အစင်အား အသုံးပြုကာ တိုက်ခိုက်လိမ့်မည်ပင် ဖြစ်သည်။

မြင့်မြတ်သောနန်းတော်ဘက်တွင် ကျင်းချန်းဇယ်မှာ သေဆုံးသွားရပြီဖြစ်ပြီး ကျန်းထိုက်ချင်မှာလည်း စိတ်ဝိဉာဉ် ဆိုးရွားစွာ ဒဏ်ရာရရှိထားသော အနေအထား ဖြစ်သည်။ ထို့ကြောင့် ကျောင်းထိုက်ရှင်းမှ အသေအကြေ တိုက်ခိုက်မည်ဆိုလျှင်ပင် ကန်ရွှမ်းကလန်အား အနိုင်ရရှိရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် မြင့်မြတ်သောနန်းတော်သာ ယခုထက်ပို၍ အထိနာသွားပါက အခြားသော ကျောက်စိမ်းပြားများကိုပင် သွားရောက်ယှဉ်ပြိုင်ရယူနိုင်မည် မဟုတ်ချေ။

ကျောင်းထိုက်ရှင်းမှာ အခြေအနေအရပ်ရပ်အား သုံးသပ်လိုက်ပြီးသည့်နောက် စိတ်ခံစားချက်အား ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။ သူသည် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား တစ်ချက်မျှ စူးစိုက်ကြည့်ရှုလိုက်သည်။

​ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်၏ ဖိနှိပ်ခြင်းကို ခံယူရလိမ့်မည်ဟု ကျောင်းထိုက်ရှင်းမှာ တစ်ခါမျှပင် တွေးထားခြင်းမရှိခဲ့ချေ။

ယခုကဲ့သို့ မြင့်မြတ်သောနန်းတော် အရှက်တကွဲ အရေးနိမ့်ခဲ့ရသည့် အကြောင်းအရင်းများအားလုံး၏ တရားခံမှာ ဇူယွမ်ပင် ဖြစ်သည်။

ကျောင်းထိုက်ရှင်းမှာ ယခုအဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကိုသာ ကြိုတင်သိရှိခဲ့ပါက ဇူယွမ်အား ပထမဆုံး တွေ့စဉ်အချိန်ကပင် တွေဝေတုံ့ဆိုင်းမနေပဲ သတ်ဖြတ်ပစ်လိုက်မည်သာ ဖြစ်သည်။

သို့သော် ထိုစဉ်အချိန်၌ ကျောင်းထိုက်ရှင်းမှာ ဇူယွမ်အား အထင်အမြင် သေးနေခဲ့မိပြီး အရေးတယူ သတိထားရမည့်သူဟု မသတ်မှတ်ထားခဲ့ပေ။

ကျောင်းထိုက်ရှင်းမှာ ဇူယွမ်အား ရွေးချယ်ခံ အဆင့်ပင်မရှိသော သာမန်တပည့်ခေါင်းဆောင်တစ်ဦးဟုသာ ယူဆမိခဲ့၏။

ယခုတွင်မူ ရန်သူအား အထင်အမြင်သေးခဲ့မိခြင်းကြောင့် ကျောင်းထိုက်ရှင်း စိတ်နှလုံးထဲ၌ ဒေါသနောင်တများဖြင့် ပြည့်နှက်နေရပြီ ဖြစ်သည်။

ဇူယွမ်အား စတွေ့ခဲ့စဉ် အချိန်ကတည်းက သတ်ဖြတ်ပစ်သင့်ခဲ့သည်။

........

ဇူယွမ်မှာ စောင့်ကြည့်ဝေဖန်နေကြသော အကြည့်များစွာအား လျစ်လျုရှုထားလျက် ရှိသည်။ ချူချင်းသည် ကျောင်းထိုက်ရှင်းနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ယောင်ယောင်မှာမူ ယခုကဲ့သို့ ရတနာများနှင့်ပက်သတ်၍ အရေးတယူ မရှိသောသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ မည်သူ့ကိုမှ စောင့်ဆိုင်းမနေတော့ပဲ ကျောက်စိမ်းပြားထံသို့ တစ်ဦးတည်း တက်လာခဲ့ခြင်းပင် ဖြစ်သည်။

ဇူယွမ်မှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကျောက်စိမ်းပြားအား တပ်မက်စွာ ကြည့်ရှုလိုက်သည်။

ကျောက်စိမ်းပြားမှာ ဆန်းကြယ်သော ရောင်စဉ်များ ထွက်ပေါ်နေလျက်ရှိပြီး ဇူယွမ်၏ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့်ပင် အတွင်းရှိ ရတနာများအား တိတိကျကျ မခန့်မှန်းနိုင်ပေ။

"ဒါကိုဘယ်လိုယူရင်ကောင်းမလဲ..." ဇူယွမ်မှာ ခေါင်းအားကုပ်လိုက်ပြီးနောက် ကျောက်စိမ်းပြားပေါ်သို့ လက်ဝါးတစ်ဖက်အား ညင်သာစွာ ထိတွေ့လိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းပြားနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းကျောက်စိမ်းပြား၏မျက်နှာပြင်မှာ တုန်ခါလာလေသည်။ ထို့နောက် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ရုတ်ချည်းဆိုသလို ကျောက်စိမ်းပြားအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဇူယွမ်မှာ ကျောက်စိမ်းပြားအတွင်းသို့ ရောက်ရှိသွားပြီးသည့်နောက် လင်းလက်စူးရှသော အလင်းတန်းများကြောင့် မျက်ဝန်းအား ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။ ကြယ်ရောင်စုံလင်းလက်နေသော ကောင်းကင်တစ်ခု၏အောက်သို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရ၏။

ကောင်းကင်တစ်ခွင်လုံးမှာ ဆန်းကြယ်လှပသော ဥတ္တရအလင်းတန်းများဖြင့် ပြည့်နှက်နေလျက်ရှိပြီး အလွန်ပင် မျက်စိပဒါသဖြစ်ဖွယ် ကောင်းလှသည်။

ဇူယွမ်မှာ အလင်းတန်းစုများအား မျက်မှောင်ကျုံ့လျက် သေချာစွာ ကြည့်ရှုလိုက်သည်။

ထိုအလင်းတန်းစုများ၏အလယ်တွင် ရောင်စဉ်လေးသွယ် ရတနာတစ်ခုအား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ ရာနှင့်ထောင်နှင့်ချီသော အလင်းတန်းများအား လိုက်လံကြည့်ရှုလိုက်ပြီးနောက် လျစ်လျူရှုကာ ကျော်ဖြတ်လာလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ရောင်စဉ်လေးသွယ် ရတနာမှာ သူ့အား မဆွဲဆောင်နိုင်သောကြောင့်ပင် ဖြစ်သည်။

ဇူယွမ်မှာ ဖြတ်သန်းလာသည့် လမ်းတလျှောက် အလင်းတန်းများမှာ ပိုမိုလှပဆန်းကြယ်လာသည်ကို တွေ့ရှိနေရသည်။ နတ်ဘုံခန်းဝါ ရတနာများမှာလည်း ရောင်စဉ်ငါးသွယ်၊ ရောင်စဉ်ခြောက်သွယ် အစရှိသဖြင့် ပိုမိုမြင့်မားလာ၏။

ရောင်စဉ်ခုနစ်သွယ် ရတနာအား မြင်တွေ့လိုက်ရသောအခါ၌ ဇူယွမ်မှာ စိတ်လှုပ်ရှားသွားရပြီးနောက် လက်အားဆန့်ထုတ်ကာ ဆန်းကြယ်သော  ရောင်စဉ်တန်းများ ထွက်ပေါ်နေလျက်ရှိသည့် ရောင်စဉ်ခုနစ်သွယ် ရတနာနှစ်ခုအား ရယူလိုက်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကျောင်းထိုက်ရှင်းနှင့် ချူချင်းကဲ့သို့သော ထိပ်သီးရွေးချယ်ခံများသည်ပင်လျှင် ရောင်စဉ်ခုနစ်သွယ် ရတနာ သို့မဟုတ် ထိုထက်နိမ့်ပါးသော ရတနာများကိုသာ စုဆောင်းနိုင်ကြသည်။

သို့သော် ယခုတွင်မူ ဇူယွမ်မှာ ဆယ်နှင့်ချီသော ရောင်စဉ်ခုနစ်သွယ် ရတနာများအား တွေ့ရှိနေရခြင်း ဖြစ်လေသည်။

"ဒီနေရာက တကယ်ကို ရတနာသိုက်ပဲ။" ဇူယွမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ဤနေရာတွင် ရှိနေသော ရတနာများ အားလုံးကိုသာ သိမ်းဆည်းရယူနိုင်မည်ဆိုပါက ကန်ရွှမ်းကလန်၏ တပည့်များအတွက် ကျင့်ကြံရေးလမ်း ပိုမိုဖြောင့်ဖြူးကောင်းမွန်လာမည်ပင် ဖြစ်သည်။

အနာဂတ်၌ ကန်ရွှမ်းကလန်တွင် ကောင်းကင်ဘုံနေမင်းအဆင့်၊ ရင်းမြစ်အခြေတည်အဆင့်နှင့် လောကကိုကြီးစိုးခြင်းအဆင့်ရှိသူများပင် များစွာထွက်ပေါ်လာနိုင်သည်။

ရင်းမြစ်အခြေတည်အဆင့်သည် ကန်ရွှမ်းကလန်ကဲ့သို့သော အင်အားကြီးကလန်မျိုး၌ပင် တောင်ထွတ်ဆရာသခင်တစ်ဦး ဖြစ်လာနိုင်ပေသည်။ လောကကိုကြီးစိုးသောအဆင့်သို့ ရောက်ရှိသွားပါက ကလန်တစ်ခုကိုပင် ကိုယ်တိုင်တည်ထောင်နိုင်လောက်ပြီ ဖြစ်သည်။

ထို့အပြင်.....

ဤနေရာတွင် ရှိနေသော ရောင်စဉ်ခုနစ်သွယ် ရတနာများမှာ မရေတွက်နိုင်လောက်အောင်ပင် များပြားလွန်းလှသည်။

ဇူယွမ်မှာ အတွင်းပိုင်းသို့ စူးရှသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် လက်အားဝေ့ယမ်းကာ လမ်းအားပိတ်ဆို့ထားသော ရောင်စဉ်အလင်းတန်းများအား ဘေးနှစ်ဖက်ဆီသို့ တွန်းပို့လိုက်သည်။

ဇူယွမ်မှာ ကောင်းကင်ထက်တွင် ဝေ့ဝဲနေလျက် ရောင်စဉ်ရှစ်သွယ် အလင်းတန်းများ ထွက်ပေါ်နေသည့် ကြီးမားသော ရတနာသုံးခုအား မြင်တွေ့လိုက်ရသည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားလွန်းလှသဖြင့် နှလုံးခုန်သံများပင် လျင်မြန်လာရ၏။

ရောင်စဉ်ရှစ်သွယ် ရတနာ.....

ဇူယွမ်မှာ လိုချင်ရမ္မက်များကြောင့် နှုတ်ခမ်းများပင် ခြောက်သွေ့လာရသည်။ ရောင်စဉ်ရှစ်သွယ် ရတနာများ တည်ရှိနေကြောင်းကို ကောလဟလများစွာ ကြားဖူးနေခဲ့ပါသော်လည်း တစ်ကြိမ်တစ်ခါမျှ ​မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရဖူးပေ။ ယခုသူ၏ရှေ့တွင် ရှိနေသော ရောင်စဉ်ရှစ်သွယ် ရတနာများမှာ သုံးခုမျှပင် ရှိနေသည်။

ဤရတနာများဖြင့်သာဆိုပါက နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုမျှပင် ဖွင့်လှစ်နိုင်လိမ့်မည်ဖြစ်ပြီး လူငယ်မျိုးဆက်သစ်များကြား အထူးချွန်ဆုံးသူတစ်ဦး ဖြစ်လာလိမ့်မည်ပင် ဖြစ်သည်။

နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ဖွင့်လှစ်နိုင်သူမှာ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း၌ပင် နှစ်ရာနှင့်ချီမှသာ တစ်ဦးမျှ ထွက်ပေါ်ခြင်း ဖြစ်သည်။

ယခုအခါတွင် ရောင်စဉ်ရှစ်သွယ် ရတနာသုံးခု ရှိနေခြင်းဖြစ်သောကြောင့် အနာဂတ်၌ ကန်ရွှမ်းကလန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ဖွင့်လှစ်နိုင်မည့်သူ သုံးဦးမျှရှိလာလိမ့်မည်ဟူသော သဘောပင် ဖြစ်သည်။

ဇူယွမ်မှာ ရောင်စဉ်ရှစ်သွယ် ရတနာများအား အချိန်အတော်ကြာမျှ ငေးမောကြည့်ရှုနေပြီးနောက် စိတ်ခံစားချက်အား ပြန်လည်တည်ငြိမ်စေလိုက်သည်။

ထို့နောက် ဇူယွမ်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သောအခါတွင် လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ထပ်မံသွားစရာ မရှိတော့သည်ကို တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရ၏။ ရောင်စဉ်ရှစ်သွယ် ရတနာမှာ အလွန်ပင် အရေးပါလှပါသော်လည်း ထိုအရာမှာ သူ့အတွက် အရေးအကြီးဆုံးသော အရာဝတ္ထု မဟုတ်သေးပေ။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ လာရောက်ခဲ့ရသော ဇူယွမ်၏ အဓိကရည်ရွယ်ချက်မှာ တတိယမြောက် သူတော်စင်မှော်စာလုံးအား ရယူနိုင်ရန်ပင် ဖြစ်သည်။

"ဒီကျောက်စိမ်းပြားထဲမှာ တတိယမြောက် သူတော်စင်မှော်စာလုံး ရှိနေတာကို ငါအာရုံခံမိပါသေးတယ်။ ဘယ်လိုဖြစ်လို့ အခုဘာသဲလွန်စမှ မတွေ့ရတာလဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ကြည့်ရသည်မှာ တတိယမြောက် သူတော်စင်မှော်စာလုံးသည် လွယ်ကူစွာ ရှာတွေ့နိုင်သော အရာတစ်ခု ဖြစ်ပုံမရပေ။ ဤကျောက်စိမ်းပြားထဲသို့ အခြားသူများမှ ဦးစွာဝင်ရောက်လာခဲ့လျှင်မူ တတိယမြောက် သူတော်စင်မှော်စာလုံးအား တွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့အား စတင်လည်ပတ်စေလိုက်သည်။

သူတော်စင်မှော်စာလုံးနှစ်ခုအား လည်ပတ်စေလိုက်ပြီးနောက် ဇူယွမ်ထံမှ ဆန်းကြယ်လှသည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

သူတော်စင်မှော်စာလုံးနှစ်ခုသာ တတိယမြောက် သူတော်စင်မှော်စာလုံးအား အာရုံမခံနိုင်ခဲ့ပါက ဇူယွမ်သည်လည်း မည်သို့ဆက်၍ ပြုလုပ်ရမည်ကို တွေးတောတတ်မည် မဟုတ်တော့ပေ။

All Chapters