← Chapters

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း

Vol. 48 Ch. 658

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း

Vol. 48 Ch. 658

ဇူယွမ်မှာ မြေပြင်ပေါ်တွင် ထိုင်ချထားလျက်ရှိပြီး သူတော်စင်မှော်စာလုံးနှစ်ခုထံမှ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေလျက် ရှိသည်။

အနီးနားရှိ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။

တိတ်ဆိတ်မှုတစ်ခုတည်းကသာ ပတ်ဝန်းကျင်အား လွှမ်းမိုးထားလျက်ရှိပြီး အချိန်အနည်းငယ်မျှ ကြာမြင့်သည်အထိ ပတ်ဝန်းကျင်၌ မည်သည့်လှုပ်ရှားမှုမှ တွေ့ရှိရခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့်သာ ထိုင်နေလျက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တတိယ​မြောက် သူတော်စင်မှော်စာလုံး၏ သဲလွန်စအား မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ ပုံတူရုပ်ထုထံမှ ရရှိခဲ့ခြင်းဖြစ်​သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်ကိုယ်တိုင်သည်ပင် မရှာဖွေနိုင်သော နေရာတစ်ခု၌ တတိယ​မြောက် သူတော်စင်မှော်စာလုံးအား ကွယ်ဝှက်ထားလိမ့်မည် မဟုတ်ပါချေ။

ဤသို့ဖြင့် အချိန်အနည်းငယ်မျှ ဆက်လက်ကုန်ဆုံးသွားသည်။

ဇူယွမ်မှာ သူတော်စင်မှော်စာလုံး နှစ်ခုထံမှ လေတိုးသံသဲ့သဲ့အား ကြားလိုက်ရသည့်အတွက်ကြောင့် တင်းကြပ်စွာပိတ်ထားသော မျက်ဝန်းများကို ဖွင့်ဟကြည့်လိုက်သည်။

ထိုသို့တိုးညင်းသော လေတိုးသံသဲ့သဲ့အား အခြားတစ်နေရာမှလည်း ကြားနေရ၏။

လေထုမှာ ဖြည်းညင်းစွာဖြင့် စတင်တုန်ခါလာသည်ကို ဇူယွမ်မှ သတိပြုမိလိုက်သည်။ ထို့နောက် ရှေးဟောင်းကျောက်ဆောင်တစ်ခုမှာ လေထုထဲသို့ စတင်မြောက်တက်လာသည်။

ထိုရှေးဟောင်းကျောက်ဆောင်ပေါ်၌ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်တစ်ခုရှိနေပြီး ယင်းထံမှ ဆန်းကြယ်သော ရောင်စဉ်လှိုင်းများ ပျံ့နှံ့ထွက်ပေါ်နေပေသည်။

ထိုအချိန်မှာပင် ဇူယွမ်ထံ၌ ရှိနေသော သူတော်စင်မှော်စာလုံး နှစ်ခုထံမှ တိုးညင်သောလေတိုးသံများ ထွက်ပေါ်လာသည်။

ဇူယွမ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရပြီးနောက် ထိုသလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်ထံ လျင်မြန်စွာ သွားရောက်ကြည့်ရှုလိုက်သည်။ ယင်းအလင်းလုံးငယ်အတွင်းတွင် အရည်အနည်းငယ် ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုအရည်များသည် အသက်ဝင်နေသည့်အလား တစ်ခါတစ်ရံ ဆူပွက်လာလိုက်၊ တစ်ခါတစ်ရံ ခဲသွားလိုက်ဖြင့် ရှိနေသည်။ ယင်းသို့ ခဲသွားသောအချိန်တွင် ထိုအရည်များမှာ ရှေးဟောင်းမှော်စာလုံးတစ်ခု၏ ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဇူယွမ်မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်အတွင်းရှိ ရှေးဟောင်းမှော်စာလုံးအား ကြည့်ရှုလိုက်ပြီးနောက် စိတ်လှုပ်ရှားကာ တုန်ရီစွာဖြင့် ရေရွတ်လိုက်သည်။ "တ...တတိယမြောက် သူတော်စင်မှော်စာလုံးပဲ..."

သူတော်စင်မှော်စာလုံး နှစ်ခု၏ တုန်ခါနေသော တုံ့ပြန်မှုအား ကြည့်ရှုရုံမျှဖြင့်ပင် ဇူယွမ်မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်အတွင်း ရှိနေသောအရာသည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှ တတိယမြောက် သူတော်စင်မှော်စာလုံးဖြစ်ကြောင်း သေချာနေပြီ ဖြစ်သည်။

အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စားခဲ့ရသော တတိယမြောက် သူတော်စင်မှော်စာလုံးသည် သူ၏မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။ ဇူယွမ်မှာ ပျော်ရွှင်လွန်းသောကြောင့် စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်ပင် ဖြစ်နေရသည်။

ဝုန်း...

ဇူယွမ်မှ စိတ်လှုပ်ရှားနေစဉ်မှာပင် ယင်းရှေးဟောင်းကျောက်ဆောင်ထံမှ အလင်းတန်းများ ပေါ်ထွက်လာကာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်ထံ ဝင်ရောက်သွားသည်။

သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်မှာ တုန်ခါလာရပြီးနောက် ရောင်စဉ်လေးသွယ် ရတနာတစ်ခုအား ထုတ်ပေးလိုက်သည်။ ဇူယွမ်မှာ အံ့အားသင့်လွန်းလှသဖြင့် မျက်ဝန်းများပင် ပြူးကျယ်သွားရသည်။

ကျောက်စိမ်းပြားအတွင်း ရှိနေသော နတ်ဘုံခန်းဝါ ရတနာများအား တတိယမြောက် သူတော်စင်မှော်စာလုံးမှ ဖန်တီးပေးနေသည်လား.....

ဇူယွမ်မှာ စိတ်နှလုံးများ တုန်လှုပ်သွားရသည်။ နတ်ဘုံခန်းဝါ ရတနာသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ထူးခြားသော မူလရတနာများဖြစ်ပြီး ကန်ရွှမ်းကောင်းကင်ဒေသ၌သာ တွေ့ရှိနိုင်သော အရာမျိုးဖြစ်သည်။

လူအများ ဆိုလေ့ရှိကြသည်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ထူးခြားသောစွမ်းအင်တစ်မျိုးအား ပိုင်ဆိုင်ထားသည်ဟု ပြောစမှတ်ပြုကြသည်။ ဆိုလိုသည်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တည်ရှိနေသော ချီစွမ်းအင်များသည် အချိန်ကာလတစ်ခုသို့ ရောက်ရှိသွားသောအရာ၌ နတ်ဘုံခန်းဝါ ရတနာကဲ့သို့သော ထူးခြားသည့်ရတနာများ ဖြစ်တည်လာခြင်းကို ပြောခြင်းဖြစ်သည်။

ဇူယွမ် ယခုသုံးသပ်လေ့လာကြည့်သည်မှာ တတိယမြောက် သူတော်စင်မှော်စာလုံးသည် နတ်ဘုံခန်းဝါ ရတနာများ ဖြစ်တည်လာသည့်ဖြစ်စဉ်ကို တိုးမြှင့်ပေးနေဟန် ရှိသည်။

"ဒါကပြင်ပမှာရှိနေတဲ့ ချီစွမ်းအင်တွေကို ဒီကျောက်ဆောင်ကတဆင့် စုပ်ယူနေတာလား။" ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် တလက်လက်တောက်ပနေသော ကျောက်ဆောင်အား လေ့လာကြည့်ရှုလိုက်သည်။

ထို့နောက် ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ကျောက်ဆောင်ပေါ်တွင်ရှိနေသော အလင်းလုံးငယ်အား ဂရုတစိုက်ဖြင့် ထိတွေ့လိုက်သည်။

ဇူယွမ်မှ အလင်းလုံးငယ်အား ထိတွေ့တော့မည့်အချိန်မှာပင် ပါးလွှာသော အလင်းအကာအရံတစ်ခု ​ပေါ်ထွက်လာလေသည်။ ထိုအလင်းအကာအရံမှာ အလွန်ပင် ပါးလွှာပါသော်လည်း ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပါဝင်နေလျက်ရှိကာ ဇူယွမ်ကိုပင် ချက်ချင်းဆိုသလို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

ဇူယွမ်မှာ အလင်းအကာအရံအား သေချာစွာ လေ့လာကြည့်ရှုလိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော စွမ်းအင်လှိုင်းနှစ်ခုအား တွေ့ရှိလိုက်ရသည့်အတွက် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

အလင်းအကာအရံအတွင်း ပါဝင်နေသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများမှာ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့မှ စွမ်းအင်များပင် ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသည် ရည်ရွယ်ချက်ရှိစွာဖြင့် ယခုကဲ့သို့ ပြုလုပ်ထားခဲ့ဟန် ရှိသည်။ တတိယမြောက် သူတော်စင်မှော်စာလုံးအား ရယူမည့်သူသည် အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့အား ဦးစွာပိုင်ဆိုင်ထားရမည် ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသည် အခြားသူ တစ်ဦးတစ်ယောက်မှ တတိယ​မြောက် သူတော်စင်မှော်စာလုံးအား အခန့်မသင့်ပဲ ရရှိသွားလိမ့်မည်ကို စိုးရိမ်ပူပန်ခဲ့ဟန် ရှိသည်။

"မျိုးနွယ်စုခေါင်းဆောင်က တကယ်သတိကြီးတာပဲ.."

ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတော်စင်မှော်စာလုံးများမှာ အလွန်အရေးကြီးသော အရာများဖြစ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိနားလည်ထားသည်။ အကယ်၍ သူတော်စင်မှော်စာလုံးများသာ မြင့်မြတ်သောနန်းတော်၏လက်ထဲ ရောက်ရှိသွားခဲ့ပါက ၎င်းတို့သည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအားရှာဖွေကာ ကန်ရွှမ်းကောင်းကင်ဒေသအား သိမ်းပိုက်ကြီးစိုးသွားလိမ့်မည်ပင် ဖြစ်သည်။

ထိုသို့ဖြစ်လာခဲ့ပါက မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်မှာ ၎င်းတို့၏ အကြီးမားဆုံး ရန်သူဖြစ်သည့် ကန်ရွှမ်းကလန်အား ဦးစွာဖျက်စီးပစ်လိမ့်မည်မှာ မုချမလွဲပင် ဖြစ်သည်။

"မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ရှာနေလို့ကြားတယ်။ သူသာ တံဆိပ်ပြားကို ရသွားခဲ့ရင် သူတော်စင်မှော်စာလုံးတွေကိုလည်း ခြေရာခံမိသွားမှာပဲ..." ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားပေါ်မှ သူတော်စင်မှော်စာလုံး လေးခုအား တကွဲတပြားဆီ သိမ်းဆည်းထားခဲ့သည်။

ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်လိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် အလင်းအကာအရံအား ထိတွေ့လိုက်သည်။ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့ တုန်ခါလာကာ ထိုအလင်းအကာအရံနှင့် ချိတ်ဆက်မိသွားကြသည်။

ဝုန်း....

ထိုသို့ချိတ်ဆက်မိသွားသည်နှင့် အလင်းအကာအရံမှာ ချက်ချင်းဆိုသလို အလွယ်တကူပင် ပျောက်ကွယ်သွားရသည်။

သူတော်စင်မှော်စာလုံးနှစ်ခုမှာ အလင်းအကာအရံအား ဖယ်ရှားပေးနိုင်သော သော့များပင် ဖြစ်၏။

အလင်းအကာအရံ ပျောက်ကွယ်သွားပြီးသည့်နောက် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အလင်းလုံးငယ်မှာ အရည်ပျော်ကျလာလေသည်။ ထို့နောက် အရည်သဏ္ဍာန် အရာဝတ္ထုမှာ ဇူယွမ်၏ရှေ့သို့ ရောက်ရှိလာ၏။

အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့မှာ ဝမ်းသာပျော်ရွှင်နေသည့်အလား လေတိုးသံအချို့ကို ထုတ်လွှတ်နေလျက် ရှိသည်။

တတိယမြောက် သူတော်စင်မှော်စာလုံးမှာ ဖြည်းညင်းစွာဖြင့် ဇူယွမ်၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်။

ဇူယွမ်မှာ တတိယမြောက် သူတော်စင်မှော်စာလုံး  ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သတင်းအချက်အလက်များအား လက်ခံရရှိလိုက်သည်။

ထိုသတင်းအချက်အလက်များကြောင့် ဇူယွမ်မှာ တတိယမြောက် သူတော်စင်မှော်စာလုံး၏ အမည်နာမအား သိရှိလိုက်ရသည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း

All Chapters