← Chapters

တရားလွန်ခြင်း

Vol. 48 Ch. 659

တရားလွန်ခြင်း

Vol. 48 Ch. 659

"ကောင်းကင်ဘုံရဲ့ဒဏ်ခတ်ခြင်း..."

ဇူယွမ်မှာ တတိယမြောက် သူတော်စင်မှော်စာလုံး၏ အမည်အား တိုးညင်းစွာ ရေရွတ်နေမိသည်။ ၎င်း၏အမည်နာမမှာ အလွန်ပင် ကြီးကျယ်လွန်းလှသည်။

တတိယမြောက် သူတော်စင်မှော်စာလုံးမှာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ချီပင်လယ်ထဲသို့ ဝင်ရောက်သွားသည်ကို ဇူယွမ်မှ သတိထားလိုက်မိသည်။

သူတော်စင်မှော်စာလုံးများမှာ လွတ်လပ်သော အစွမ်းသတ္တိရှိပြီး နေထိုင်လိုသောနေရာအား ကိုယ်တိုင်ရှာဖွေလေ့ရှိကြသည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ချီပင်လယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ချီပင်လယ်အတွင်း ရှိနေသော ရောင်စဉ်ခုနစ်သွယ် ရတနာထံမှ လေတိုးသံအချို့ ထွက်ပေါ်လာသည်ကို ဇူယွမ်မှ သတိထားမိသွားသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

ဇူယွမ်မှ အံ့အားသင့်သွားရပြီးနောက် အသေအချာ လေ့လာကြည့်ရှုလိုက်သည်။

ချီပင်လယ်၏ အလယ်ဗဟိုတွင် နေရာယူထားလျက်ရှိသော ရောင်စဉ်ခုနစ်သွယ် ရတနာမှာ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံး ဝင်ရောက်လာသည်နှင့်တပြိုင်နက် ဘေးဘက်သို့ နေရာပြောင်းရွှေ့သွားရသည်ကို ဇူယွမ်မှ တွေ့ရှိလိုက်ရသည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ အနည်းငယ်မျှပင် ယဉ်ကျေးမှုမရှိဟန်ဖြင့် ချီပင်လယ်၏ အလယ်ဗဟိုတွင် နေရာယူလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ ရောင်စဉ်ခုနစ်သွယ် ရတနာအား ဆွဲယူစားသုံးလိုက်လေသည်။

ဇူယွမ်မှာ အမူအရာ ပျက်ယွင်းသွားရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါခွင့်မပြုပဲ ငါ့ပစ္စည်းတွေကို မစားနဲ့။"

ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိနိုင်ရန်အတွက် ဇူယွမ်မှာ ရေကုန်ရေခမ်း ကြိုးစားထားရခြင်း ဖြစ်သည်။ ယခုအချိန်တွင် ရောင်စဉ်ရှစ်သွယ် ရတနာအား မြင်တွေ့နေရပြီ ဖြစ်ပါသော်လည်း သူသည် တက်နိုင်သမျှ နတ်ဘုံခန်းဝါ ရတနာများအား များစွာစုဆောင်းထားချင်၏။

"ပြန်ထုတ်ပေးစမ်း..."

ဇူယွမ်မှာ အတွေးဖြင့် အမိန့်ပေးလိုက်သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် စိတ်ဝိဉာဉ်ရှိသော သဘောသဘာဝအား ပိုင်ဆိုင်ထားသဖြင့် သူ၏ပြောစကားအား နားလည်လိမ့်မည်ပင် ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ အရည်အဖြစ်သို့ပင် ပြောင်းလဲသွားကာ ဇူယွမ်၏ပြောစကားအား နားမလည်သကဲ့သို့ပင် လုပ်ပြနေသည်။

ဇူယွမ်မှာ ရယ်ရမလား၊ ငိုရမလားပင် မသဲကွဲတော့ပေ။

ကြည့်ရသည်မှာ ရောင်စဉ်ခုနစ်သွယ် ရတနာအား မည်သည့်အခါမှ ပြန်မရနိုင်တော့ဟန် ရှိသည်။

ဇူယွမ်မှာ နှလုံးသားများပင် ကြေမွသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ရောင်စဉ်ရှစ်သွယ် ရတနာသုံးခုရှိရာသို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။

ရောင်စဉ်ခုနစ်သွယ် ရတနာအား ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် ရောင်စဉ်ရှစ်သွယ် ရတနာသုံးခုမျှပင် ရှိနေသေးသည်။

"ငါကြိုးစားခဲ့ရတာနဲ့ဆိုရင် ရောင်စဉ်ရှစ်သွယ် ရတနာတစ်ခုလောက်တော့ ယူသင့်တယ်မလား။" ဇူယွမ်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် လိုချင်ရမ္မက်များ တောက်လောင်နေသာ မျက်ဝန်းများဖြင့် ရောင်စဉ်ရှစ်သွယ် ရတနာအား  ကြည့်ရှုလိုက်သည်။

"ငါ့ရဲ့ဝေစုကို အခုပဲ ယူလိုက်တော့မယ်။" ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ တောက်ပနေသော မျက်ဝန်းများဖြင့် ရောင်စဉ်ရှစ်သွယ် ရတနာအား ရယူလိုက်သည်။

ထို့နောက် ဇူယွမ်မှာ ရောင်စဉ်ရှစ်သွယ် ရတနာအား ချီစွမ်းအင်များဖြင့် အထပ်ထပ်ထုပ်ပိုးကာ ချီပင်လယ်အတွင်းသို့ ဂရုတစိုက်ဖြင့် ပို့ဆောင်လိုက်သည်။

"မင်းထပ်စားရဲစားကြည့်။" ဇူယွမ်မှာ သတိပေးစကားဆိုလိုက်သည်။ ရောင်စဉ်ရှစ်သွယ် ရတနာအား လုံခြုံမှုရှိစေရန်အတွက် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးနှင့် အလွန်ဝေးကွာသောနေရာသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

သို့သော် ရောင်စဉ်ရှစ်သွယ် ရတနာမှာ ချီပင်လယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာလည်း လျင်မြန်စွာ လှုပ်ရှားလာသည်ကို တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ အလွန်ပင် အထိတ်တလန့် ဖြစ်သွားရပြီးနောက် ရောင်စဉ်ရှစ်သွယ် ရတနာအား ချီပင်လယ်အတွင်းမှ ပြန်လည်ထုတ်ယူရန် အလျင်အမြန် ကြိုးစားလိုက်သည်။

သို့ပေသော်ငြားလည်း ဇူယွမ်မှာ အလျင်မမှီလိုက်ပဲ နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ နတ်ဘုံခန်းဝါ ရတနာများနှင့်ပက်သတ်၍ ထူးခြားသောစွမ်းအင်တစ်ခု ရှိနေပုံရသည်။ မျက်စိတမှိတ်စာမျှပင် မကြာသော အချိန်အတွင်းမှာပင် ယင်းမှော်စာလုံးသည် ရောင်စဉ်ရှစ်သွယ် ရတနာအား မြိုချသွားခြင်းပင် ဖြစ်သည်။

ဇူယွမ်မှာ ထိတ်လန့်လွန်းလှသဖြင့် မည်သည့်စကားမှပင် မဆိုနိုင်ပဲ ဖြစ်နေရသည်။

ရောင်စဉ်ရှစ်သွယ် ရတနာက စားခံလိုက်ရတာလား.....ဘာတွေဖြစ်နေတာလဲ.....

ဇူယွမ်မှာ အတွေးများကြောင့် ခေါင်းများပင် ခဲလာရသည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် အဘယ့်​ကြောင့် နတ်ဘုံခန်းဝါ ရတနာများအား စားသုံးပစ်နေပါသနည်း။ နတ်ဘုံခန်းဝါ ရတနာများသာ မရှိပါက အဆင့်တက်သောအခါတွင် ဇူယွမ်မှာ အတော်ပင် အခက်တွေ့ရလိမ့်မည် ဖြစ်သည်။

"ဘာလို့ဒီလို ဖြစ်ရတာလဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ချီပင်လယ်အတွင်း နတ်ဘုံခန်းဝါ ရတနာများ သိမ်းဆည်းထားခြင်းကို မနှစ်သက်ဟန် ရှိသည်။ သားရဲဘုရင်တစ်ကောင်သည် သူ၏ပိုင်နက်အတွင်းသို့ မည်သည့်သားရဲမှ ခြေချခွင့်မပြုသည့်ပုံစံနှင့် အလားသဏ္ဍာန် ဆင်တူနေပေသည်။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ရောင်စဉ်ခြောက်သွယ် ရတနာတစ်ခုအား ယူကာ ချီပင်လယ်အတွင်းသို့ ပို့ဆောင်လိုက်သည်။

ခန့်မှန်းထားသည့်အတိုင်းပင် ရောင်စဉ်ခြောက်သွယ် ရတနာမှာ ချီပင်လယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံး၏ ဝါးမြိုခြင်းအား ခံလိုက်ရသည်။

ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှူံ့မဲ့သွားရသည်။ နတ်ဘုံခန်းဝါ ရတနာများအား စုဆောင်းသိမ်းဆည်းခွင့်ပင် မရှိတော့ဘူးလား.......

အသက်နှင့်ရင်း၍ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာရသည်မှာ အလဟဿတစ်ခုသာ ဖြစ်သွားပြီလား....

"မင်းကအရမ်းတရားလွန်တာပဲ..." ဇူယွမ်မှာ အတွေးများကြောင့် ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေသလိုပင် ခံစားနေရသည်။

ဒူ....

ထိုအချိန်မှာပင် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ခပ်ဖွဖွ တုန်ခါလာပြီးနောက် ဇူယွမ်၏ အတွေးထဲသို့ စကားအချို့ ပို့ဆောင်လိုက်သည်။

"မင်းနဲ့ဆိုရင် ငါနတ်ဘုံခန်းဝါ ရတနာမလိုတော့ဘူး ဟုတ်လား။" ဇူယွမ်မှာ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ ပို့ဆောင်လာသောစကားအား လက်ခံရရှိလိုက်သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် ထူးခြားကာ စိတ်ဝိဉာဉ်ရှိသော သဘောသဘာဝအား ပိုင်ဆိုင်ထားသည့်အတွက် ဇူယွမ်၏အတွေးများအား သိရှိနေပုံ ရသည်။

ဇူယွမ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးက နတ်ဘုံခန်းဝါ ရတနာတွေကို အစားထိုးနိုင်တဲ့ သဘောလား.....

အဲ့ဒါဆိုရင် ဘယ်အဆင့်လောက်ရှိတဲ့ နတ်ဘုံခန်းဝါ ရတနာနဲ့ အဆင့်တူနေမလဲ....

သို့သော် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်း မရှိတော့ချေ။

ဇူယွမ်မှာ နှုတ်ခမ်းအစုံအား ရှုံ့မဲ့လိုက်မိသည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့ထက်ပို၍ မောက်မာသည့်သဘော ရှိသည်။

ဇူယွမ်မှာ စိုးရိမ်ပူပန်ခြင်းများ ပျောက်ကွယ်သွားရပါသော်လည်း သိရှိလိုစိတ်များ တိုးပွားလာရသည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် မည်မျှအထောက်အပံ့ပေးနိုင်မည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် ချီပင်လယ်အား နတ်ဘုံခန်းဝါ ရတနာများကဲ့သို့ ထူးခြားသည့် အကျိုးသက်ရောက်မှုများ မဖြစ်စေပါသော်လည်း ထူးခြားသော ရတနာတစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ဘယ်နခုအား ဖွင့်လှစ်ပေးနိုင်မည်နည်း....

"ဒဏ္ဍာရီထဲမှာပဲရှိတဲ့ နိဗ္ဗာန်ကိုးခုများ ဖွင့်နိုင်မလား။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ဇူယွမ်မှာ ရောင်စဉ်ကိုးသွယ် ရတနာ တည်ရှိခြင်းအား တစ်ခါမျှပင် မကြားခဲ့ဖူးသောကြောင့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား ဖွင့်လှစ်နိုင်ရန် အိမ်မက်မျှပင် မမက်ခဲ့ဖူးပေ။

သို့သော် ယခုအခါတွင် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးကြောင့် ဇူယွမ်မှာ မျှော်လင့်ချက်ရောင်ခြည်များ နိုးထလာရပြီပင် ဖြစ်သည်။

ထို့အပြင် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အချိန်ကြာမြင့်စွာ သိမ်းဆည်းခံခဲ့ရခြင်းကြောင့် အလွန်သန့်စင်သော ချီစွမ်းအင်များအား စုပ်ယူထားခဲ့ခြင်း ဖြစ်သည်။ ဇူယွမ်မှာ ယခုအခါတွင် ချီစွမ်းအင်များအား စုပ်ယူသန့်စင်ရန် အချိန်မရှိပေ။ ထို့ကြောင့် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးအား အသုံးပြုမည်ဆိုပါက သူ၏စွမ်းအင်များ အများအပြား တိုးတက်လာလိမ့်မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရပြီးနောက် စတုတ္ထ​မြောက် သူတော်စင်မှော်စာလုံး၏ သဲလွန်စအား ရရှိသေးခြင်း မရှိသေးကြောင်း သတိရသွားသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

"ဘာတွေဖြစ်နေတာလဲ...." ဇူယွမ်မှာ မည်သည့်သဲလွန်စမှ ရရှိခြင်း မရှိသည့်အတွက် သက်ပြင်းချလိုက်မိသည်။

ဇူယွမ်မှာ အချိန်ကြာမြင့်စွာ တွေးတောလိုက်ပြီးနောက် ခေါင်းအားခါယမ်းလိုက်သည်။ ထို့နောက် လက်အားဝေ့ယမ်းကာ များပြားလှသော နတ်ဘုံခန်းဝါ ရတနာများအားလုံးကို သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

"ကျောက်စိမ်းပြားထဲမှာရှိတဲ့ ရတနာတွေအားလုံးကို ရလိုက်ပြီးပြီပဲ။ ဒီခရီးစဉ်က တန်တယ်လို့ ပြောလို့ရပါတယ်။"

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ကျောက်စိမ်းပြားအတွင်းမှ ထွက်လာခဲ့လိုက်တော့သည်။

All Chapters