← Chapters

အခန်း (၂၆-၃၀)

Vol. 1 Ch. 26-30

အခန်း (၂၆-၃၀)

Vol. 1 Ch. 26-30

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 26.

ကြက်ဥလိုချင်၍ ကြက်မငှားခြင်း

“ ပေါက်ကရ ပြောနေတာ ခနနားထားဦး.. ငါမင်းနဲ့ လုပ်စရာကိစ္စ ရှိတယ်.. စကားပြောဖို့ နေရာရှာရအောင် ”

၀မ်ချောင် ဝေဟောင်၏ပုခုံးအား ပုတ်လိုက်ကာ ပြောလိုက်သည်။

“ ကောင်းပြီလေ... ငါ့ကို ဒီမှာ ခနစောင့် ”

၀မ်ချောင်၏ လေးနက်သော အမူအရာအား မြင်သည်တွင် ဝေဟောင် သူ့အပြုံးအား ပြန်သိမ်းထားလိုက်သည်။ သူက ၀မ်ချောင်နှင့်အတူ ကြီးပြင်းခဲ့သည် ဖြစ်သောကြောင့် ၀မ်ချောင်က လွယ်လွယ်ဖြင့် တစ်ဖက်လူ၏ အကူအညီအား မတောင်းဆိုတတ်သည်ကို သူသိထားသည်။

ထို့အပြင် နတ်ဘုရားရှစ်ပါးစံအိမ်သို့ လာရသည်ကိုလည်း နှစ်သက်သည်မဟုတ်ပေ။ သူ့အတွက် ဤနေရာသို့ပင် ရောက်ချလာပုံထောက်လျှင် ထိုကိစ္စမှာ အလွန် အရေးကြီးပေလိမ့်မည်။

“ ကောင်းဖေး.. ငါ့ကိုပေးရမှာ ငွေတစ်စတောင် မကျန်စေနဲ့နော်.. မင်းရှာပြီးတာနဲ့ ငါ့ကို ချက်ချင်းလာပေးပါ.. ဒါမှမဟုတ်ရင် မြို့တော်မှာ ဆက်နေဖို့ မစဉ်းစားနဲ့တော့ ”

၀မ်ချောင်အား အဝေးသို့ ဆွဲခေါ်မသွားခင် ဝေဟောင် ကောင်းဖေးအား ကျိန်းလိုက်သေးသည်။

နတ်ဘုရားရှစ်ပါးစံအိမ်မှ လူငယ်သခင်လေးများမှာ လေးစားထိုက်သော မိသားစုများမှ ဖြစ်ပေသည်။ သူ့တို့စကားကိုယ်သူတို့ ပစ်ပယ်၍ သိက္ခာအကျခံမည်မဟုတ်ပေ။ ထို့ကြောင့် လောင်းကြေးနှင့် ပက်သက်ကာ ဝေဟောင် စိုးစဉ်းမျှ စိုးရိမ်စိတ် မရှိပေ။

“ ဒါနဲ့ .. ၀မ်ချောင် ငါမင်းကို အလေးအနက် ပြောစရာတစ်ခု ရှိသေးတယ် ”

ဝေဟောင် မပြတ်မသားနှင့် စကားဆိုသည်။

“ ဘာကိုလဲ....”

၀မ်ချောင် လှည့်ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။

“ လူအများကြီးရှေ့မှာ ငါ့ကို ဝေကလေးလို့ မခေါ်ပါနဲ့လားကွာ ”

ဝေဟောင် သူ့အသံအား ဖိနှိပ်ထားကာ တောင်းဆိုနေသည့်အမူအရာနှင့် ၀မ်ချောင်အား ကြည့်နေသည်။ ထိုမြင်ကွင်းအား မြင်သည်တွင် ၀မ်ချောင် အတောမတတ် ရယ်လေတော့သည်။

“ ခွေးကောင် အဲ့အကြောင်း စဉ်းတောင်မစဉ်းစားနဲ့..... ”

“ ...... ”

.........................

နတ်ဘုရားရှစ်ပါးစံအိမ်၌ အလွန်ဆူညံနေသောကြောင့် ဝေဟောင်မှ ၀မ်ချောင်အား သူ့နေရာဖြစ်သော စားပွဲဝိုင်းသို့ ဆွဲခေါ်သွားလိုက်သည်။

“ ငါ့ကောင် မင်းမနက်က ဘယ်သွားနေတာလဲ.. မင်း အကျယ်ချုပ်ကနေလွတ်ပြီလို့ ငါကြားကြားချင်း မနက်အစောကြီး မင်းအိမ်ကို လာပေမဲ့ မင်းအမေက မင်းအိမ်မှာမရှိဘူးတဲ့.. မင်းကိုတွေ့ရဖို့ တကယ်ခက်ခဲတာပဲ ”

ဝေဟောင် မရပ်မနားစီးကျလာသော ချွေးများအား သုတ်လိုက်ပြီး နတ်ဘုရားရှစ်ပါးစံအိမ်၌ သူမှာထားသော အနောက်တိုင်းမှလာသည့် တလည်းသီး ဖျော်ရည်အား ဖြေးဖြေးချင်းစီ စုပ်သောက်နေသည်။

“ မနက်တုန်းက ငါလုပ်စရာလေးရှိလို့ အပြင်ထွက်သွားတာ ”

၀မ်ချောင် ပြုံးကာ ပြောလိုက်သည်။

ဝေဟောင်၏ မကျေမနပ်သံအား ကြားရလျှင် ၀မ်ချောင် စိတ်ထဲ နွေးထွေးမှုအား ခံစားလိုက်ရသည်။ အရာအားလုံးအား ဆုံးရှုံးပြီးနောက်တွင် သူက အားလုံးကို မည်သို့တန်ဖိုးထားရမည်ကို သိရှိခဲ့သည်။

ဤရိုးရှင်းသော ပြောဆိုမှုက မည်မျှ တန်ဖိုးကြီးသည်ကို ၀မ်ချောင်တစ်ဦးတည်းသာ သိပေမည်။

ဝေဟောင် ယခုအချိန်တွင် မည်သည့်အရာကိုမှ သိရှိနိုင်မည် မဟုတ်သော်လည်း ၀မ်ချောင်မှာ ယခင်ဘ၀ကတည်းကပင် သူ့အကြောင်းသိထားပြီး ဖြစ်လေသည်။

သူ၏ယခင်ဘ၀တွင် ၀မ်ချောင် ဤကမ္ဘာကြီးနှင့် အစိမ်းသက်သက်ဖြစ်ခဲ့သည်။ ထိုစာရင်းထဲတွင် သူ၏မိဘများ၊ အစ်ကိုများ၊ ညီမများနှင့်အတူ.. ဟုတ်၏ ဝေဟောင်လည်း အပါအ၀င်ဖြစ်ပေသည်။

ပြီးနောက် သူ့ဘက်ကကြည့်လျှင် ဝေဟောင်မှာ ၀မ်ချောင်၏သူငယ်ချင်း ဖြစ်ပြီး သူ့သူငယ်ချင်းမဟုတ်ပေ။ အထူးသဖြင့် သူအကျဉ်းကျနေသည့် တစ်ပတ်အတွင်း သူငယ်ချင်းကောင်းဖြစ်သူ ဝေဟောင်မှ တစ်ခေါက်ပင် လာမတွေ့ ခဲ့ပေ။ ဤကဲ့သို့သောသူအား မည်ကဲ့သို့ သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်နိုင်မည်နည်း။ သူငယ်ချင်းကောင်းက ဤသို့လား။ ညီနောင်ကောင်းဟူသည်က ဤအရာလား။

အရက်အတူသောက်သော သောက်ဖော်သောက်ဖက်များပင် သူ့ထက် သာပေမည်။

ထို့နောက် ၀မ်ချောင်မှ သူနှင့်ပက်သက်၍ ချည်နှောင်ထားသည်များအား အဆက်ဖြတ်လိုက်ကာ တစ်ခါမှ မတွေ့တော့ပေ။

အချိန်အတော်ကြာသည့်အခါမှပင် ထိုတစ်ပတ်အတွင်း ဝေဟောင်သည်လည်း သူ့အတွက်ကြောင့် သူ့မိသားစု၏ တစ်ပတ် နေအိမ် အကျယ်ချုပ်ကျနေကြောင်း ၀မ်ချောင် သိရှိရလေသည်။

ပြန်တွေးကြည့်လျှင် ၀မ်ချောင်၏ ဂုဏ်သတင်းမှာ အလွန်ဆိုးဝါးသောကြောင့် ဝေဟောင်၏ ဖခင်က သူနှင့် ပက်သက်မှု မရှိစေရန် ဝေဟောင်အား တားမြစ်ခြင်း ဖြစ်လေသည်။ သို့သော်လည်း အလွန်ခေါင်းမာသော ဝေဟောင်က ၀မ်ချောင်အတွက် သူ့ဖခင်၏ စကားများအား ဆန့်ကျင်ခဲ့သည်။

သူ၏ဖခင် အလွန် ဒေါသထွက်သွားပြီး ဝေဟောင်အား အကြိမ်ရေ အတော်များများ ရိုက်နှက်ခဲ့သည်။

ထိုခုနစ်ရက်အတွင်း၌ သူသည် အိပ်ယာပေါ်တွင်သာ လှဲနေရပြီး သူ့ဒဏ်ရာများအား ကုသနေရသည် ဖြစ်လေသည်။

သို့သော်လည်း ဝေဟောင်က ထိုအကြောင်းအရာများအား ၀မ်ချောင်ကို ပြောပြခဲ့ခြင်းမရှိပေ။ အသိပင် ပေးခဲ့သည်မဟုတ်ပေ။ ကြီးမားသည့်ကပ်ဘေး ဆိုက်ရောက်လာသည့်အခါမှပင် အချိန်အတော်ကြာ မတွေ့ခဲ့ကြသော ညီအစ်ကိုနှစ်ယောက် ပြန်လည် ပေါင်းစည်းကြသည့် အခါမှသာ ၀မ်ချောင် အကြောင်းစုံအား သိခွင့် ရခဲ့လေသည်။

၀မ်ကလန် ပြဿနာများနှင့် လုံးပမ်းနေရချိန်၌ အရိပ်ထဲမှနေ၍ ကူညီပေးနေသူမှာလည်း အခြားသူမဟုတ်ပဲ ဝေဟောင်သာ ဖြစ်ကြောင်း ၀မ်ချောင် သိခဲ့ရသည်။

` ခရီးရှည်ထွက်မှသာလျှင် မိမိမြင်း၏ သက်လုံအား သိနိုင်သကဲ့သို့ အချိန်သည်သာလျှင် လူတစ်ယောက်၏ စိတ်အား ပြသနိုင်ပေသည် ` သူ့ဘ၀၏ နောက်ဆုံးအချိန်ရောက်မှပင် ၀မ်ချောင် မည်သူတို့က သူ၏ အစစ်အမှန် ညီအစ်ကိုများ သူငယ်ချင်းများ ဖြစ်သည်ကို သိခဲ့ရသည်။

သို့သော်လည်း ၀မ်ချောင် နိုးထလာချိန်တွင် အလွန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာလောကကြီးမှာ အလုံးစုံ ဖျက်ဆီးခံခဲ့ရပြီး အလယ်ပိုင်းလွင်ပြင်သည်လည်း ပျောက်ကွယ်သွားခဲ့ရကာ ဝေဟောင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

နောက်ဆုံး၌ ဝေဟောင်က ဒဏ်ရာများစွာဖြင့် သူ့ရှေ့တွင် သေဆုံးခဲ့ရသောအခါ ၀မ်ချောင် ဘာမှမတတ်နိုင်ပဲ အကြီးအကျယ် ပူဆွေးရုံသာတတ်နိုင်ခဲ့သည်။

သူ့ဘ၀တွင် မဖြစ်ချင်ခဲ့ဆုံး အရာတစ်ခုမှာ ထိုစစ်မှန်သော ညီအစ်ကိုများနှင့် သူငယ်ချင်းများအား မဆုံးရှုံးလိုခြင်းပင်။ ထိုအရာက ၀မ်ချောင်၏ စိတ်နှလုံးထဲတွင် အမြဲနာကျင်ခဲ့ရကာ သူ့ဘ၀၏ နောင်တအရဆုံး ကိစ္စပင် ဖြစ်သည်။

“ ညီနောင်ကောင်း.. မပူနဲ့.. ဘာပဲဖြစ်ဖြစ် ငါမင်းကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ပါဘူး ”

၀မ်ချောင်က လောင်းကစားရာတွင် ပျော်ရွှင်နေသေးသော ဝေဟောင်အား ကြည့်၍ တည်ကြည်စွာ ကတိပေးလိုက်သည်။

“ ငါ ပြောတယ်လေ.. မင်းက ယောင်ဖုန်းနဲ့ကိစ္စကြီးမှာ အတော်ကို စွမ်းဆောင်နိုင်ခဲ့တာလို့ .. သူ့သိုင်းပညာက မယုံနိုင်စရာ ကောင်းလောက်အောင် ကျွမ်းကျင်တော့ ငါက သူ့ပြိုင်ဖက်မဟုတ်တာ သနားစရာပဲ.. မဟုတ်ရင် ငါမင်းနဲ့ လိုက်ခဲ့ပါတယ်.. ပြောရရင် ယောင်ဖုန်းကလဲ တကယ်လွန်တာပဲ မာကျောက်ကို အသုံးချပြီးတော့တောင် မင်းကို အပုပ်ချလိုက်သေးတယ် ”

ဝေဟောင် စားပွဲခုံအား ရိုက်ချလိုက်ကာ ဒေါသတကြီးဆိုလိုက်ကာ..

“ ငါမင်းကို မာကျောက်နဲ့ ပက်သက်ပြီး ဟိုးအရင်ကတည်းက သတိပေးခဲ့သားပဲ.. အဲ့ကောင်က ခွေးလိုကောင် ကိုက်ဖို့ပဲသိတယ်.. သူမင်းနဲ့ ပေါင်းသင်းနေတာကိုက ရည်ရွယ်ချက်ရှိတယ်.. မင်းအခု ငါ့ကို ယုံသင့်ပြီနော် ”

“ ဒါပေါ့.. ဒါပေါ့.. ငါမင်းကို ယုံပါပြီ ”

၀မ်ချောင် ပြုံး၍သာနေသည်။ သူ့အား ရှင်းပြနေသော ညီအစ်ကိုအား ကြည့်၍ သူ့နှလုံးသား အတွင်းထဲမှပင် နွေးထွေးမှုများ ခံစားနေရသည်။ ထိုကိစ္စနှင့် ပက်သက်၍ ဝေကလေး၏ နားချမှုများအား နားထောင်ရသည်မှာ

ယခုသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဤတစ်ကြိမ်တော့ မတူညီစွာ ခံစားနေရသည်။

သူ ထိုသို့ အမြင်မှန်ရရန် အချိန်အတော်ကြာခဲ့ပေသည်။

“ ညီနောင်.. အရာ၀တ္ထုတွေက အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားကြသလို လူတွေဟာလဲ သူ့မျိုးနွယ်စုနဲ့သူ ရှိတယ်.. ကြောင်နဲ့ကြွက်က ဘယ်တော့မှ အတူနေလို့မရသလိုပဲ ငါးတွေက ရေမရှိပဲ အသက်မရှင်နိုင်ဘူး.. ငှက်တွေကလဲ တီကောင်တွေလိုမျိုး မြေကြီးထဲ ကျင်းတူးပြီး မနေနိုင်ကြဘူး.. အဲ့လို မကောင်းတဲ့ ပတ်၀န်းကျင်မျိုးကနေ ရုန်းထွက်တာက ငါတို့အတွက် ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား.. မာကျောက်ရဲ့ ဖြစ်ရပ်က ဥပမာကောင်းတစ်ခုပဲ.. အနာဂတ်မှာ မာကျောက်နဲ့ မပေါင်းနဲ့တော့ အဲ့လိုကောင်တွေကိုလဲ ဝေးဝေးက ရှောင်ပါ..”

“ ငါ့စကားကို နားထောင်ပြီး နတ်ဘုရားရှစ်ပါးစံအိမ်မှာပဲ မကြာခဏ လာပျော်စမ်းပါ.. ဒီမှာဆိုရင် ငါတို့ အကုန်လုံးက သက်တူရွယ်တူတွေပဲ ပြီးတော့ အနာဂတ်မှာ ငါတို့ရဲ့ မိသားစုအမွေအနှစ်တွေကိုတောင် ဆက်ခံနိုင်လိမ့်မယ်.. ”

ဝေဟောင် တတွတ်တွတ်နှင့် မြည်တွန်တောက်တီးနေသော်လည်း သူ၏စကားလုံးများထဲတွင် ခံစားချက်များအား မြင်တွေ့ရနိုင်သည်။ ဤညီအစ်ကိုအတွက်ဆိုလျှင် သူကိုယ်တိုင်ကပင် လိုလိုလားလားနှင့် ဓားကိုင်ဆွဲရန် ဆန္ဒရှိပေသည်။

၀မ်ချောင်က မနာခံတတ်သည့် ကိုယ်ကျင့်စရိုက်ရှိပြီး ဝေဟောင်က သူ့အား မာကျောက်နှင့်တကွ အခြား အပေါင်းအပါများဖြင့် တပူးပူး တတွဲတွဲ ရှိနေသည်ကို မြင်လျှင် စိုးရိမ်ခဲ့သည်။ ထိုအချိန်တွင် ၀မ်ချောင်အား အလေးထားသော သူ့ခံစားချက်များအား ပစ်ထားလိုက်တော့သည်။

ဤတစ်ကြိမ်မှာ ဝေဟောင်က မာကျောက်နင့် ပက်သက်၍ ၀မ်ချောင်အား ပြောသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ဝေဟောင်အမြင်တွင် ၀မ်ချောင်က သူ့စကားများအား နောက်တစ်ကြိမ် ငြင်းပယ်လိမ့်မည်ဟု ထင်ထားရာ ၀မ်ချောင်၏ ဖြေကြားမှုက သူ့ အထင်အမြင်အားလုံးအား ရိုက်ချိုးသွားခဲ့သည်။

“ ကောင်းပြီလေ....”

တည်ကြည်စွာဖြင့် ၀မ်ချောင် စကားတစ်ခွန်းသာ ပြောလိုက်သည်။

“ ကောင်းပြီလေ ဟုတ်လား.. ”

ဝေဟောင် တွေဝေသွားသည်။ သူကိုင်မြှောက်ထားသည့် လက်ချောင်းသည်ပင် လေထဲတွင် ရပ်တန့်နေကာ ဘာကြောင့်မှန်းမသိပဲ သူ့လျှာအောက်တွင် စုပုံနေသော တောင်စဉ်ရေမရ စကားများအား မပြောထွက်တော့ပေ။

ကောင်းပြီလေ ဟုတ်လား.. ဒီလောက်တောင် လွယ်လားဟ..

ဝေဟောင် မျက်ကလဲဆန်ပြာ ဖြစ်နေကာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ပဲ ဖြစ်နေသည်။

အတိတ်တွင်လည်း ထိုအကြောင်းအရာအား အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်ဖြစ်ပြီး ဤတစ်ခုတွင်မှ သူက အဘယ်ကြောင့် အလွယ်တကူ လက်ခံလေသနည်း။

အဘယ်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ဝေဟောင် မျက်တောင်ခတ်လိုက်သည်။ သူ့ဦးနှောက်မှာ ၀မ်ချောင်၏ တုန့်ပြန်မှုကြောင့် မနိုင်၀န်ထမ်းနေရတုန်းပင်။

“ ဒါဆို မင်း အခုကစပြီး မာကျောက်နဲ့ သူ့အပေါင်းအပါတွေနဲ့မပေါင်းတော့ဘူးပေါ့ ဟုတ်လား ”

“ အင်း..”

“ အနာဂတ်မှာ မင်းငါနဲ့အတူတူ နတ်ဘုရားရှစ်ပါးစံအိမ်ကို လိုက်လာမယ်မလား ”

“ အင်း..”

၀မ်ချောင် ပြုံးနေကာ ခေါင်းညိမ့်ပြလိုက်သည်။

ဝေဟောင်၏ မျက်ခုံး ပေကလပ်ပေကလပ် ဖြစ်သွားပြန်သည်။ နောက်တစ်ကြိမ် သူ စကားတစ်လုံးပင် မပြောနိုင်အောင် ဖြစ်သွားပြန်သည်။

“ ၀မ်ချောင် မင်းအရင်ကနဲ့မတူတော့ဘူးပဲ ”

ဝေဟောင်က အလွန်အံ့သြနေသည့်အကြည့်ဖြင့် ၀မ်ချောင်အား ခြေဆုံးခေါင်းဆုံး စစ်ဆေးနေသည်။ ယခင်၀မ်ချောင်မှာ နတ်ဘုရားရှစ်ပါးစံအိမ်သို့ ဘယ်သောအခါမှ လာမည့်သူမဟုတ်သောကြောင့် လက်ရှိ၀မ်ချောင်မှာ လုံး၀ပင် ကွဲထွက်နေသည်။

ထို့ထက်ပို၍ သူ့အကြံဉာဏ်များအား တစ်ခါမှ နားမထောင်ခဲ့ဖူးပေ။

လက်ရှိ၀မ်ချောင်မှာ တည်ကြည်ပြီး သူ့ပင်ကိုယ်စရိုက်က ယခင်ကနှင့် လုံးလုံးဆန့်ကျင်နေသည်။ သူ့အား အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟုပင် ခံစားရစေသည်။

“ ဟားဟားဟား.. ကောင်းတယ် လူကလေး.. ကြည့်ရတာ နောက်ဆုံးတော့ မင်း သဘောပေါက်အောင် တွေးတတ်သွားပြီပဲ... မင်းရဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့... မင်းအတွက် အရမ်းပျော်တယ်ကွာ ”

ဝေဟောင် တစ်စုံတစ်ခုအား တွေးမိကာ ပျော်ရွှင်နေသည့်အမူအရာဖြင့် ၀မ်ချောင်၏ ပုခုံးအား ပုတ်လိုက်သည်။

ပြောကြသည်များအရ လူတစ်ယောက်က ပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင် ရင့်ကျက်လာကြသည်။ ဝေဟောင်၏ အမြင်အရ ၀မ်ချောင် ထိုမျှလောက် အကြီးအကျယ် ပြောင်းလဲသွားရခြင်းမှာ မာကျောက်ကြောင့် ဖြစ်သည် ဟူသာ ထင်နေသည်။

၀မ်ချောင်က အမှန်တကယ် နိုးထလာပေပြီ။

ဝေဟောင်အတွက် ထိုအရာထက် ပိုပျော်ရွှင်ရမည့်အရာ မရှိတော့ပေ။

“ ဟီးဟီး ”

၀မ်ချောင် ပြုံး၍သာ နေလိုက်သည်။ ဝေဟောင် ဘာကိုတွေးမိ၍ ရယ်နေသည်ကို ၀မ်ချောင်သိသော်လည်း သူ့အား အမှန်တရားကိုတော့ ပြောပြမည် မဟုတ်ပေ။ ပြီးလျှင် ဤနေရာ၌ ၀မ်ချောင်အခြား လုပ်စရာတစ်ခု ရှိနေသေးသည်။

“ အချိန်ကျပြီပဲ.. ”

၀မ်ချောင် ပြုံးလိုက်ကာ လူအုပ်ကြီးအား ကြည့်လိုက်သည်။ ၀မ်ချောင်၏ တုန့်ပြန်မှုကြောင့် ပွက်လောရိုက်နေသည်များ ရုတ်တရက် ပြတ်တောက်သွားသည်။

လူတစ်ယောက်အား သူရှာမတွေ့မှီပင် အေးစက်စက် အသံတစ်ခုက အရင်ဆုံး ပဲ့တင်လာကာ..

“ ရို့.... ဒါက ၀မ်အိမ်တော်ရဲ့ သခင်လေးမဟုတ်လား ”

ထိုအသံက ပျက်ရယ်ပြုလိုခြင်းနှင့် ထေ့လိုငေါ့လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ရာ တိမ်တိုက်ပုံ ချည်ပန်းထိုးထားသည့် အဖြူရောင်၀တ်ရုံအား ၀တ်ဆင်ထားသော လူငယ်က လမ်းလျှောက်လာသည်။ သားမွှေးင်္အကျီအား သူ့အပေါ်တွင် လွှမ်းခြုံထားပြီး ခေါင်းပေါ်တွင် ငွေရောင်ဦးထုပ်ငယ်အား ဆောင်းထားသည်။ လက်ထဲတွင် မက်မွန်ပွင့်ပုံ ယပ်တောင်အား ကိုင်ဆောင်ထားပြီး သူ့ခြေလှမ်းများက အလှမ်းကျယ်ကာ ပေါ့ပါးနေသည်။ အထင်မြင်သေးသည့်မျက်နှာက အတိုင်းသား ပေါ်လွင်နေသည်။

သူ့နောက်လိုက်နေသည့် နောက်လိုက်များကပင် လှောင်ရယ်နေသည်။

“ စုပိုင် မင်းဒီမှာ ဘာလာလုပ်တာလဲ ”

ထိုလူများအား မြင်လျှင် ဝေဟောင်၏ အမူအရာက ပြောင်းလဲသွားသည်။ ဝုန်းခနဲ ခုန်ထလိုက်ပြီး ထိုလူအုပ်ကြီးအား ရန်လိုစွာ စိုက်ကြည့်နေသည်။

“ ငါရဲ့ ဒီနေရာက မင်းတို့ကို မကြိုဆိုဘူး.. ထွက်သွားစမ်း ”

ဝေဟောင်က ၀မ်ချောင်ရှေ့တွင် မတ်တပ်ရပ်နေကာ သူ့အစား စိတ်ပူနေသည်။ စုပိုင်မှာ စုမျိုးနွယ် အမတ်ကြီး၏ သားဖြစ်ပြီး စုမျိုးနွယ်၏ အမတ်ကြီးမှာ ယောင်ကလန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိလေသည်။

၀မ်ချောင်မှာ ယောင်ကလန်အား လောလောလတ်လတ်ကပင် ဆန့်ကျင်ထားသည်ဖြစ်ရာ ထိုစုပိုင်မှာ ဤနေရာတွင် ပြဿနာရှာရန် ရောက်လာခြင်းသာ ဖြစ်ရပေမည်။

“ ဟမ့်.. ဝေဟောင်.. နတ်ဘုရားရှစ်ပါးစံအိမ်ကို မင်းမိသားစုကနေ ဖွင့်ထားတယ်လို့များ ထင်နေတာလား.. ငါကဘာလို့ လာလို့မရမှာလု.. ပြီးတော့ ငါမင်းအတွက် ရောက်နေတယ်လို့များ ပြောမိလို့လား ၀မ်ချောင် မင်းငါ့စကားကို ထောက်ခံတယ် မဟုတ်လား ”

သူ ပြောနေရင်းပင် ဝေဟောင်၏နောက်တွင် ရပ်နေသည့် ၀မ်ချောင်အား အေးစက်စွာ လှမ်းကြည့်လိုက်သည်။

၀မ်ချောင် စုပိုင်ရှိရာဖက်သို့ လှမ်းကြည့်လိုက်သည်တွင် ကောင်းဖေးအား စုပိုင်နောက်တွင် ရပ်နေကာ ခေါင့်ငုံ့ ထားသည်ကို တွေ့လိုက်ရသည်။ စုပိုင်အား ခေါ်လာသူမှာ ကောင်းဖေးပင် ဖြစ်ကြောင်း ၀မ်ချောင်သိလိုက်သည်။ ကောင်းဖေးမှာ ဝေဟောင်နှင့်သူ့အား ရင်မဆိုင်နိုင်သောကြောင့် စစ်ကူခေါ်ခဲ့ခြင်းသာ ဖြစ်ရပေမည်။

ထို့ထက် ရှင်းလင်းရလျှင်မူ ကောင်းဖေးမှာ စုပိုင်၏ စေခိုင်းမှုကြောင့် ဝေဟောင်နှင့် ရင်ဆိုင်ခြင်း ဖြစ်ချေသည်။ သို့သော်လည်း စုပိုင်၏ အကြံအစည်က ကျရှုံးသွားသည့်အခါ သူတို့နှင့် ရင်ဆိုင်တွေ့ရန် ဒေါသများ မထိန်းချုပ် နိုင်တော့ပေ။

သို့သော် ၀မ်ချောင်က ထိုအရာများအား စိတ်၀င်စားခြင်း အလျဉ်းမရှိပေ။

“ စုပိုင် မင်းက အချိန်ကောင်းမှာ ရောက်လာတာပဲ.. ငါ့ကို ပိုက်ဆံ နည်းနည်းချေးပါလား ”

၀မ်ချောင် ခေါင်းမော့လိုက်ကာ အေးဆေးသက်သာစွာ ပြောလိုက်သည်။

သူ့အသံထွက်လာသည်တွင် တစ်ဆယ်ကျန်းအတွင်းရှိ အသံများအားလုံး ပျောက်ကွယ်သွားသည်။ သူတို့အား ကြည့်နေသည့် လူအုပ်ကြီးထံမှ ရယ်မောနေသံများနှင့် ပြောဆိုနေသံများက အလွန်အံ့သြနေသည့် အကြည့်အဖြစ် ပြောင်းလဲသွားသည်။

၁ ကျန်း = ၃.၃၃မီတာ

၀မ်ချောင်၏ရှေ့မှ သိမ်းငှက်တစ်ကောင်ကဲ့သို့ ကာကွယ်ပေးနေသည့် ဝေဟောင်ပင် ကြက်သေသေသွားသည်။

ပိုက်ဆံချေးနေတာလားဟ..

၀မ်ချောင်က စုပိုင်ဆီမှ ပိုက်ဆံချေးနေသည်လား။ ဘာတွေဖြစ်ကုန်သနည်း။

စုပိုင် သူ့အား မုန်းတီးနေသည်ကို ၀မ်ချောင် မသိလေသလော။ စုကလန်နှင့် ယောင်ကလန်၏ ဆက်နွယ်မှုများအရ စုပိုင်က သူ့အား မည်ကဲ့သို့ ပိုက်ဆံချေးပေးမည်နည်း။

“ ဟားဟားဟား... ၀မ်ချောင် မင်းရူးသွားတာလား... ဘယ်အကြောင်းကို အခြေခံပြီး ငါကမင်းကို ပိုက်ဆံချေးပေးလိမ့်မယ်လို့ ထင်ရတာလဲ ”

အတန်ငယ် အံ့အားသင့်အပြီး နောက်ဆုံးတွင် စုပိုင် အူနာအောင် ရယ်လေတော့သည်။ သူ့နောက်မှ လူအုပ်ပြီးသည်လည်း အကူအညီမဲ့စွာ ကျယ်ကျယ်လောင်လောင် ရယ်မောကြလေသည်။

“ ဒီကလေး တကယ်ရူးနေတာပဲ ”

“ သခင်လေးက သူ့ကို ပိုက်ဆံချေးပေးလိမ့်မယ်လို့ ဘယ်လိုများ တွေးလိုက်တာလဲဟ ”

“ ငါ့အထင်တော့ ဒီကောင် အိပ်မက်မက်နေတာကနေတောင် မနိုးသေးဘူး ထင်ပါတယ်ကွာ.. အိပ်နေရင်း လမ်းလျှောက်နေတာနေမယ် ”

.........

သူ့နောက်မှ လူအုပ်ကြီး၏ ရယ်သံက ကျယ်လောင်သည်ထက် ကျယ်လာကာ သူတို့၏ အပြုမူများက အထင်သေးနေကြောင်း ထင်ရှားနေသည်။

၀မ်ကလန်၏မျိုးဆက်ဖြစ်သော ၀မ်ချောင်အနေဖြင့် စုမျိုးနွယ်အမတ်ကြီး၏ သားထံမှ အမှန်တကယ် ပိုက်ဆံ ချေးနေသည်လား။ ယနေ့တွင် နတ်ဘုရားရှစ်ပါးစံအိမ်၌ ထိုအခြင်းအရာထက် ရယ်ရသော ပြက်လုံး ရှိတော့မည် မဟုတ်ပေ။

ထိုလူကလေးက မိမိကိုယ်ကို အလွန်အထင်ကြီး စိတ်ကြီး၀င်နေသည်လား။

ပတ်၀န်းကျင်မှ ရယ်သံများအား ကြားရလျှင် ဝေဟောင် ရှက်သွားသည်။

“ ၀မ်ချောင် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ ”

ယခုအချိန်အထိ ၀မ်ချောင် ထိုကိစ္စအား အလေးအနက်ထား ပြောနေသည့် အကြောင်းရင်းအား သူ မသိရှိသေးပေ။ စုပိုင်နှင့် ၀မ်ချောင်၏ ပက်သက်မှုများအရ ၀မ်ချောင် ထိုသူထံမှ ပိုက်ဆံချေးခွင့်ရရန် မဖြစ်နိုင်ပေ။

“ အတိုးနှုန်းက ၂ရာခိုင်နှုန်း နေ့ပြန်တိုးအနေနဲ့ တစ်လအတိ ချေးမှာနော်.. အချိန်ပြည့်ရင် အတိုးရော အရင်းပါ ပြန်ဆပ်မယ် ”

ထိုစကားများအား ပြောအပြီး ၀မ်ချောင် အူလှိုက်သဲလှိုက် ရယ်လိုက်ကာ ပြောရမည်ဆိုလျှင် သူ့နောက်ကျောပင် အနောက်ဘက်သို့တိုင် ကွေးညွှတ်နေပေသည်။ ထိုစကားအနည်းငယ်က နားနေခန်း တစ်ခုလုံးအား ကျယ်လောင်စွာ ရိုက်ခတ်သွားကာ တိတ်ဆိတ်သွားစေသည်။

အခြားစားပွဲဝိုင်းမှ သခင်လေးများပင်လျှင် ထိုစကားများအား ကြားသော် သူတို့၏ အာရုံစိုက်မှုများက ၀မ်ချောင်အပေါ် ကျရောက်လာ၏။ ထိုသူတို့၏ မျက်လုံးများက စိတ်၀င်စားမှုတို့ဖြင့် ပြူးကျယ်နေသည်။

ပင့်သက်ရှိုက်သံများပင် အတိုင်းသား ကြားနေရသည်။ စုပိုင်၏ မျက်လုံးကလည်း ဝိုင်းစက်နေသည်အထိ ကျယ်နေကာ ၀မ်ချောင်အား ယခုမှပင် စတွေ့ဖူးသည်ဟုပင် ထင်နေသည်။

၀မ်ချောင်၏ စကားများက လိုရင်းတိုရှင်းဖြင့် ရိုးရှင်းကာ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်အား လူတိုင်းက နားလည်သော်လည်း သူတို့က သူတို့နားများကို မယုံနိုင်ကြသေးပေ။ အတိုးနှုန်း ၂ရာခိုင်နှုန်းမှာ.. နေ့ပြန်တိုးဖြင့် တွက်လျှင် တစ်လလျှင် ခြောက်ဆယ်ရာခိုင်နှုန်း ရရှိမည်ဟု ဆိုလိုသည် မဟုတ်လား။ ထိုသို့ဆိုသေည် ငွေ ဆယ်တေးက ငွေတေးခြောက်ဆယ် ဖြစ်လာမည် မဟုတ်လော။

၀မ်ချောင်၏ အတိုးနှုန်းက အမြတ်ကြီးစားသူတို့ထက်ပင် ကြမ်းတမ်းနေသေးသည်။

“ ၀မ်ချောင်.. မင်းရူးနေတာလား .. ”

ဝေဟောင်၏မျက်နှာတွင် အရောင်များ ကင်းမဲ့နေသည်။ သူ ရုတ်တရက်နောက်လှည့်လိုက်ကာ ၀မ်ချောင်၏ လက်မောင်းအား ဖမ်းဆွဲထားလိုက်သည်။ သူ အလွန်စိတ်လှုပ်ရှားနေကာ လက်သည်းခွံများပင် ၀မ်ချောင်၏ အသားအား စိုက်၀င်သွားသည်။

“ တကယ်လို့ မင်းမှာ ပိုက်ဆံ မရှိဘူးဆိုရင်လဲ ငါ့ကိုပြောရင်လဲ ရပါတယ်ကွာ.. မင်းဘာလို့ ဒီလောက် အတိုးနှုန်း များများနဲ့ ငွေချေးချင်ရတာလဲဟ ”

ဝေဟောင်က ၀မ်ချောင် ဟာသလုပ်နေသည်ဟု ထင်နေသော်လည်း သူမြင်နေသည်များအရ ထိုအရာက ပြဿနာတစ်ခု ဖြစ်ပုံမရပေ။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 27.

စုပိုင်၏ အကြံအစည်

၀မ်ချောင် ခေါင်းယမ်းလိုက်ကာ အားပေးနှစ်သိမ့်သော အကြည့်ဖြင့် ဝေဟောင်အား ကြည့်လိုက်သည်။

သူက အလုပ်ကိစ္စများအား အလျင်စလိုမလုပ်တတ်ပေ။ နေ့ပြန်တိုး ၂ရာခိုင်နှုန်းမှာအဆမတန် မြင့်မားသည်ဟု ထင်ရသော်လည်း သူသာ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ဖြန့်ဖြူးခွင့်အား ရရှိလိုက်မည်ဆိုလျှင် ကျန်သည်များက အသေးအဖွဲပင် ဖြစ်သွားပေမည်။

“ စုပိုင် ဒီစကားတွေက မင်းကိုပဲပြောတာ မဟုတ်ဘူးနော် တစ်ခြားလူတွေအတွက်လဲ အတူတူပဲ.. မင်းတို့ ငါ့ကို ငွေချေးပေးမယ်ဆိုရင် သက်သေအနေနဲ့ အကြွေးစာရင်းချရေးပေးမယ် ”

၀မ်ချောင် ပြောလိုက်သည်။ သူ့အသံက သိပ်မကျယ်သော်လည်း လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် လူတိုင်း၏ မျက်လုံးထဲ၌ အံ့သြခြင်းများ ကြီးစိုးသွားသည်။

နတ်ဘုရားရှစ်ပါးစံအိမ်ရှိ လူငယ်သခင်လေးများ အားလုံးက ထင်ရှားသော မိသားစုကြီးများမှ ဖြစ်ကြပြီး တိုင်းဆမရနိုင်သော ချမ်းသာကြွယ်၀မှုများအား ပိုင်ဆိုင်ထားကြသည်။ ထိုသူများက သူတို့ အသက်ရှင်သန်ရေးအတွက် ပူပင်သောက များစွာမရှိကြပေ။

သို့သော် သူတို့မိသားစုများက မည်မျှချမ်းသာကြသည်ဖြစ်စေ သူတို့နေ့စဉ်သုံးငွေက မည်မျှပင် ရှိသည်ဖြစ်စေ အဘယ်သူက ငွေပိုငွေလျှံ မလိုချင်ပဲ နေမည်နည်း။ သူတို့မိသားစုများက မည်မျှပင် အသုံးစရိတ်ပေးထားသည် ဖြစ်စေ ထိုသူများကလဲ ဝေဟောင်ကဲ့သို့ပင် အခြားသူများ၏ ထိုးသတ်ပွဲများ၌ လောင်းကြေးထပ်ကြသည် ဖြစ်ရာ သူတို့က မကြာခဏ ငွေပြတ်လပ်ကြလေသည်။

“ ဟားဟား... ကျိုးအမတ်ကြီးရဲ့မျိုးဆက်က ငွေပြတ်နေလို့ထင်တယ်.. နတ်ဘုရားရှစ်ပါးစံအိမ်ကိုတောင်မှ လာပြီး ငွေချေးနေရတယ်လို့.. ၀မ်ချောင် မင်းငွေလိုနေတယ်ဆိုရင်လဲ ဒုက္ခခံမနေပါနဲ့.. ဒီငွေချောင်းကို မင်းကို ပေးကမ်းလိုက်ပါ့မယ်.. ငါ့ကို ပြန်ပေးစရာမလိုဘူးနော်...”

အထူးတလည်အံ့သြအပြီးတွင် စုပိုင် ရယ်ပြန်သည်။ သူက ငွေချောင်းအား ထုတ်လိုက်ကာ ၀မ်ချောင်ရှိရာ စားပွဲဝိုင်းဆီသို့ ပစ်ပေးလိုက်သည်။

အတိုးနှုန်း ၂ရာခိုင်နှုန်း.. အကယ်၍ နေ့ပြန်တိုးဖြင့်သာဆိုလျှင် တစ်လပြည့်လျှင် ခြောက်ဆယ်ရာခိုင်နှုန်းဟု ဆိုလိုသည် မဟုတ်လော။

၀မ်ချောင်၏ အပေးအယူက လက်ရဲဇက်ရဲနိုင်လေသည်။

သို့သော် ရုတ်တရက် စုပိုင် အရေးပါသော တစ်စုံတစ်ခုအား သတိရမိသွားသည်။ ကျိူးအမတ်ကြီး၏ ကလန်သည် အဂတိမလိုက်စားခြင်းဖြင့် လူသိများလေရာ အခြားသောစကားလုံးဖြင့် ဖော်ပြရလျှင် သူတို့က ဆင်းရဲကြသည်။

သူတို့ကလန်မှ ၀မ်ချောင်ကဲ့သို့သော မျိုးဆက်များမှာလည်း လစဉ်အနေဖြင့် ငွေတေး အတန်ငယ်ကိုသာ အများဆုံးအနေနှင့် ရကြလေသည်။

ထို အနည်းငယ်သော ငွေတေးအနည်းငယ်ဖြင့် မည်မျှသော အတိုးနှုန်းအား သူပေးနိုင်မည်နည်း။ အကယ်၍ ၀မ်ချောင်သာ မတန်တဆ အတိုးနှုန်းဖြင့်ယူထားပြီး သုံးစရာနေရာမရှိလျှင်ပင် အတိုးများအား သူပေးရဦးမည် ဖြစ်လေသည်။ ယခုကိစ္စတွင် သူက သဘောကောင်းချင်ယောင်ဆောင်၍ သူ့အား ငွေတေးအနည်းငယ် ပေးကမ်းခဲ့သည်။ တစ်ချိန်တည်းတွင် သူက သူ၏ ပျော်ရွှင်ဖွယ်ရာ အရာတစ်ခုအနေဖြင့် ခနဲ့နိုင်သေးသည်။

သူ့အထင်နှင့် ဆန့်ကျင်စွာပင် ၀မ်ချောင်က ထိုငွေချောင်း(ငွေတုံး)အား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“ စုပိုင်.. ဒီလို ငွေပမာဏနည်းနည်းလေးက ငါ့သွားကြားထဲတောင် မညှပ်ဘူး.. မင်းအတွက်ပဲ မင်းသုံးလိုက်ပါ ”

၀မ်ချောင် အထင်သေးစွာဖြင့် အေးစက်စက် လှောင်ရယ်လိုက်သည်။

“ ဟမ့်... မင်းက နည်းတယ်ထင်သေးတာလား.. ကောင်းပြီလေ... ငါမင်းကို ထပ်ပေးမယ် ”

အထင်သေးသောအကြည့်ဖြင့် စုပိုင်၏င်္အကျီ လက်မောင်းအိုးက လှုပ်ခတ်သွားကာ များစွာသော ငွေတုံးများက ၀မ်ချောင်၏ စားပွဲဝိုင်းပေါ်သို့ ကျဆင်းသွားသည်။

တစ်ချက်ပင်မကြည့်ပဲ ၀မ်ချောင် ကျယ်လောင်စွာ ရယ်လိုက်ကာ ထိုငွေတုံးအား ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်ပြန်သည်။

“ မလောက်သေးဘူး ”

၀မ်ချောင် ထူးမခြားနားပင် ပြောပြန်သည်။ သူ့မျက်လုံးထဲမှ ငြင်းပယ်သည့်အကြည့်အား မြင်သည်တွင် စုပိုင် ဒေါသများ ထကြွလာသည်။

“ ခွေးကောင်.. လောဘသိပ်မကြီးနဲ့. ငါဒီနေ့ အကောင်းမြင်နေလို့ မင်းကို ငွေတုံးတစ်ချို့ ပေးကမ်းနေတာ.. မင်းဘယ်လောက်လိုချင်တာလဲ.. သုံးတုံးလား.. လေးတုံးလား.. ဒါတောင်မှ မလုံလောက်သေးဘူးလား.. မင်းက ရွှေတုံး(တေး) တစ်တုံးလုံးတောင်လိုချင်တာလား မင်းရဲ့ လစဉ်အသုံးစားရိတ်အရ မင်းတတ်နိုင်ပါ့မလား.. ”

စုပိုင် အထင်သေးစွာဖြင့် ပြောလိုက်သည်။

“ ရွှေတစ်တုံးလုံးဟုတ်လား.. ဟမ့်.. စုပိုင် မင်းက ထင်သလောက်လဲ မချမ်းသာပါလားကွ.. ဒီကိစ္စမှာ မင်းငါ့ကို ငွေချေးပေးစရာမလိုတော့ပါဘူး.. ဒီလိုလုပ်ပါလား.. ငါတစ်ခြားသူတွေဆိုကနေ ငွေချေးပြီးရင် မင်းသုံးဖို့ ရွှေတုံး အတော်များများ ပြန်ချေးပေးမယ်လေ ”

၀မ်ချောင် လှောင်လိုက်သည်။

တစ်ချိန်တည်းတွင် စုပိုင်၏ စိတ်ခံစားမှု အမှောင်ဖုံးသွားသည်။

ငါက ထင်သလောက်လဲ မချမ်းသာဘူးဆိုတာ ဘာကိုဆိုလိုတာလဲကွ..

ကျော်ကြားကာ ကြွယ်ဝသောမိသားစုမှ လူငယ်သခင်လေးများသည်ပင် သူတို့၏ လစဉ်သုံးငွေမှာ ရွှေတုံးအနည်းငယ်သာရှိသည်။ အလွန်ဆုံးအနေဖြင့် တစ်ဒါဇင်ခန့်သာ သုံးနိုင်ကြသည်။

တော်၀င်မျိုးနွယ်မှ သားတော်များပင် ရွှေတစ်တုံးအား အမှိုက်ကဲ့သို့ မသုံးဝံ့ရာ ၀မ်ချောင်က သူ့အား မည်သူဟု ထင်နေသနည်း။ သူ့အား ရွှေတုံးအနည်းငယ်ပင် ပြန်ချေးပေးဦးမည်လား။

မည်မျှလောက် ယုတ္တိမရှိလိုက်လေသနည်း။

“ ကောင်းပြီလေ.. စုပိုင်.. ငါကမင်းကို မယုံနိုင်လောက်အောင် ချမ်းသာမယ်လို့ ထင်ထားပေမဲ့ မင်းက ဒီလောက်ပဲ တတ်နိုင်တာကိုး.. မင်းငွေမရှိဘူးဆိုလဲ ဘေးမှာသာ ရပ်ကြည့်နေပါကွာ ”

၀မ်ချောင် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး သူ့လက်အား အထင်သေးစွာဖြင့် ဝှေ့ယမ်းလိုက်ကာ စုပိုင်အား သူ့လမ်းကို ပိတ်မနေပဲ ဘေး၌သာနေရန် လက်ဟန်ပြလိုက်သည်။

“ လူတိုင်း နားထောင်ပေးကြပါ.. ‘ အတိုးနှုန်း ၂ရာခိုင်နှုန်း နေ့ပြန်တိုးနဲ့ တစ်လရက်ချိန်း ’ လူတိုင်းအတွက် အကျုံး၀င်တယ်နော်.. မင်းတို့ ချေးပေးချင်သလောက် ငါယူမယ်.. မင်းတို့ငါ့ကို ချေးပေးထားသလောက် လကုန်တာနဲ့ အတိအကျ ပြန်ဆပ်မယ် ”

“ ၀မ်ချောင် မင်းတကယ်ပြောနေတာလား ”

အခြားအသံတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာသည်။ တစ်ဖက်တွင် လှောင်ပြောင်မည့်ဟန် ပြင်နေသည့် စုပိုင်၏ စိတ်ထဲ၌ ရှုပ်ထွေးသွားကာ ဆွံ့အသွားသည်။

“ သေချာတာပေါ့ ”

၀မ်ချောင် ပြောလိုက်ကာ..

“ နတ်ဘုရားရှစ်ပါး စံအိမ်ထဲမှာ ငါပြောပြီးသားစကားကို ပြန်ပြင်လို့ ရလို့လား ”

“ ဘယ်လိုပဲဖြစ်ဖြစ်လေ အချိန်တန်လို့မှ မင်းမပေးနိုင်ဘူးဆိုရင်ရော ”

အခြားအသံတစ်ခု ထွက်လာပြန်သည်။

စုပိုင်၏ စိတ်ထဲတွင် အံ့သြသည်ထက်ပို၍ အံ့သြနေမိသည်။

“ ဟာသ လာလုပ်နေတာလား.. တကယ်လို့ ငါမပေးနိုင်ဘူးဆိုရင်တောင် ၀မ်ကလန်က မပေးနိုင်ဘူးလို့ ထင်နေတာလား.. မင်းတို့ဆီမှာ ငါ့ရဲ့ အကြွေးစာရွက် ရှိနေတာတောင်မှ မင်းတို့က ကိုယ့်ငွေကိုယ် ပြန်မရမှာ ကြောက်နေကြသေးတာလား ”

၀မ်ချောင်က စိတ်ကြီး၀င်သော အမူအရာဖြင့် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ပတ်၀န်းကျင်တွင် ရယ်သံများဖြင့် ဖုံးလွှမ်းသွားသည်။ အမှန်တွင်လည်း ၀မ်ချောင်က မပေးနိုင်ခဲ့လျှင်တောင် ၀မ်ချောင်၏နောက်ခံ ၀မ်ကလန်မှာတော့ မပေး၍ မရပေ။

ကျိုးအမတ်ကြီး ၀မ်ကလန်တွင် ရှိနေသမျှ ကာလပတ်လုံး ၀မ်ကလန်၏ ဂုဏ်သတင်းအား ပျက်ယွင်းခံမည် မဟုတ်ပေ။

“ ကောင်းပြီလေ.. ၀မ်ချောင် မင်းပြောသလိုဆိုရင် ရော့ဒီမှာ ရွှေနှစ်တုံး(တေး) ယူထားလိုက် ”

လူငယ်တစ်ယောက်က လူအုပ်ကြီးအား ဖြတ်ကျော်၍ ရွှေတုံး နှစ်တုံးအား ပျော်ရွှင်စွာဖြင့် စားပွဲပေါ် တင်လိုက်သည်။

သူတို့က ၀မ်ချောင်အား ငွေချေးပေးခြင်းဖြင့် တစ်လအတွင်း များစွာသော၀င်ငွေအား ပြန်လည်ရရှိမည် ဖြစ်သည်။

“ ဒီမှာ.. ငါ့ရဲ့ ရွှေတုံး.. ၀မ်ချောင် ငါ့အတွက် အကြွေးစာရင်း ရေးပေးဖို့ မမေ့နဲ့ဦး ..”

စုပိုင်၏ မျက်နှာပေါ်တွင် မုန်တိုင်းထန်သွားသည်။ သူ ဝုန်းဒိုင်းမကြဲမှီ အချိန်လေး၌ပင် အခြားလူငယ်သခင်လေး တစ်ယောက်က စားပွဲဝိုင်းပေါ်သို့ ရွှေတုံးအနည်းငယ်အား နေရာချထားလိုက်ပြန်သည်။

ထို့နောက်.. သုံးယောက်မြောက် လူငယ်သခင်လေး.. လေးယောက်မြောက်.. ငါးယောက်မြောက်...

“ ဒီခွေးကောင်တွေ.. သူတိုက ကုန်းဇီကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေကြတာလား ”

စုပိုင်၏ အနားတွင် ရှိနေသော သူများ၏မျက်နှာများ ပျက်ယွင်းသွားကြသည်။ ထိုလူငယ်သခင်လေးများ၏ အပြုအမူများက စုပိုင်အား အရှက်ခွဲနေကြောင်း သိသာနေသော်လည်း များစွာသောသူများက ဆက်သွားနေကာ ၀မ်ချောင်အား ငွေချေးပေးနေကြလေသည်။

စုပိုင်ပင် ထိုလူများအားလုံး၏ ရန်သူ မဖြစ်လိုသောကြောင့် ရှေ့မထွက်ရဲတော့ပေ။

“ ၀မ်ချောင်... မင်း စိတ်ဖောက်နေတာလား.. မင်းဘာလို့ ဒီလောက် ငွေအများကြီးလိုနေတာလဲ ”

ဝေဟောင်က အရာအားလုံးအား မြင်နေရပြီးနောက် ၀မ်ချောင်၏နားသို့ကပ်၍ တီးတိုးမေးလိုက်သည်။ သူက စိုးရိမ်နေပြီး ဒေါသလဲထွက်နေသည်။ သူက ၀မ်ချောင်၏ လစဉ် သုံးစွဲမှုအား သိထား၍ ထိုမျှလောက်သော ငွေအား ၀မ်ချောင်မလိုအပ်ပေ။

၀မ်ချောင် ထိုမျှလောက် များစွာသော ငွေများ ချေးယူနေခြင်းအပေါ် သူ နားလည်နိုင်ခြင်း မရှိတော့ပေ။

“ ဝေဟောင်.. စိတ်ပူမနေနဲ့.. ငါသုံးဖြုန်းဖို့ ငွေချေးနေတာ မဟုတ်ဘူး.. ငါသုံးစရာရှိတယ်.. နောက်ကျရင် မင်းနားလည်လာပါလိမ့်မယ် ”

၀မ်ချောင်တည်ငြိမ်စွာ ပြောလိုက်သည်။ သူက မှင်တုံး၊ စုတ်တံနှင့် စက္ကူအား သခင်လေးတစ်ယောက်ထံမှ ငှားရမ်းလိုက်ပြီး အကြွေးစာရွက်အား တစ်ခုပြီးတစ်ခု ရေးနေလိုက်သည်။

အကြွေးမှတ်တမ်းစာရွက်အား မြင်ရသည်တွင် ၀မ်ချောင်ဘေးတွင် လူများဖြင့် ပိုမို စည်ကားနေသည်။

“ ၀မ်ချောင်.. ဒီမှာ ငါ့ရွှေတုံး.. ငါ့အတွက် အကြွေးစာရွက်ရေးပေးပါ..”

“ ငါ့အတွက်ရောပဲ.....”

....................

၀မ်ချောင်၏ ပတ်ပတ်လည်၌ ချက်ချင်းပင် အသက်၀င်လာသည်။

ထိုမြင်ကွင်းအား မြင်သည်တွင် စုပိုင်၏မျက်နှာ၌ ဒေါသရိပ်ယောက်များ ပေါ်ထွက်လာပြီး နောက်လှည့်ကာ ထွက်သွားလိုက်သည်။

“ ကုန်းဇီ.. ငါတို့ ဒီလိုပဲ လွှတ်ထားရတော့မှာလား ”

လူအုပ်ကြီး၏အလယ်မှ ကောင်းဖေးက စုပိုင်ရှိနေရာသို့ တိုးကပ်လာသည်။ သူ့မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်နေသည်အား သိသိသာသာ မြင်နေရသည်။

ထိုအရာမှာ ထင်ရှားစွာပင် အစောပိုင်းက ၀မ်ချောင်၏ ၀င်ရောက်နှောင့်ယှက်မှုကြောင့် သူ၏ ရွှေတုံး တစ်ဒါဇင်ခန့် ဆုံးရှုံးသွား၍ ဖြစ်ပေသည်။ ၀မ်ချောင်အား သူဒဏ်မခတ်ရပဲ ထွက်မသွားချင်ပေ။

“ လွှတ်ထားမယ်ဟုတ်လား.. ဟမ့်.. ငါတို့က ဘာလို့ လွှတ်ထားပေးရမှာတုန်း ”

စုပိုင် ရပ်လိုက်ပြီး နောက်လှည့်လိုက်ကာ ၀မ်ချောင်ရှိရာဘက်သို့ ကြည့်၍ အေးစက်စက်ဖြင့် လှောင်ပြောင်လျက်....

“ မင်း သူပြောတာမကြားဘူးလား.. အတိုးနှုန်း ၂ရာခိုင်နှုန်းကို နေ့တွက်နဲ့ တွက်ပေးမယ်ဆိုတာ.. ပြီးတော့ သူက ပမာဏဘယ်လောက်များများ သူလက်ခံမယ်လို့ ပြောသေးတယ်လေ.. ငါတို့ ဒီလို အခွင့်အရေးကြီးကို လွှတ်ထားလို့ ဖြစ်မလားကွ ”

“ ကုန်းဇီက ဘာကိုဆိုလိုချင်တာလဲ ”

ကောင်းဖေး ဇဝေဇ၀ါဖြစ်နေသည်။ သူတို့ လွှတ်မထားလျှင် ဘာလုပ်နိုင်ဦးမည်နည်း။

“ ဟမ့် အဲ့ကောင်က ငွေလိုချင်တာမလား.. ကောင်းပြီလေ.. ဒါဆိုလဲ ငါတို့သူ့ကို လက်ဆောင်အကြီးကြီး ပေးကြတာပေါ့.. သူ့ရဲ့ လစဉ်ရနေကျ ငွေတုံးအနည်းငယ်နဲ့ အတိုးဘယ်လိုပေးမလဲဆိုတာ ငါသိချင်မိတယ်.. ယောင်ကုန်းဇီကိုရှာပြီး ဒီမှာဖြစ်နေတဲ့ကိစ္စကို သူ့ကိုပြောပြလိုက်.. မင်းဘာဆက်လုပ်ရမယ်ဆိုတာကို ပြီးရင် မင်းသိလိမ့်မယ် ”

စုပိုင် အေးစက်စက်ဖြင့် လှောင်ရယ်ပြန်သည်။

“ ကောင်းပါပြီ.. ကုန်းဇီ.. ငါအခုပဲ သွားလိုက်ပါ့မယ် ”

စုပိုင်၏စကားအားကြားသည်တွင် ကောင်းဖေး သဘောပေါက်လာသလို ရှိ၏၊ ပျော်ရွှင်စွာဖြင့် ယောင်ဖုန်းအား ရှာရန် ပြေးထွက်သွားလေတော့သည်။

သူကဲ့သို့ ပုံမှန် သခင်လေးများမှာ လစဉ် ငွေတုံးအနည်းငယ်ကိုသာ ရရှိကာ အများဆုံးအနေဖြင့် လစဉ် တစ်ဒါဇင်ခန့်သာ ဖြစ်သည်။ သို့သောလည်း ယောင်ဖုန်းမှာတော့ မတူညီပေ။ သူ့တွင် ရာဂဏန်းခန့်သော ရွှေတုံးများကိုပင် ချက်ချင်းထုတ်နိုင်သော အခွင့်ကို ပိုင်ဆိုင်ထားပေသည်။

အကယ်၍ ၀မ်ချောင်သာ သူပေးချေရမည့် အကြွေးများအားလုံး၏ လိုအပ်သောပမာဏအား ဆပ်နိုင်ခြင်း မရှိခဲ့လျှင် ၀မ်ကလန်နှင့် ရင်ဆိုင်ရာ၌ တွန်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ ၀မ်ချောင်မှ ထိုအကြွေးများအား အမှန်တကယ် စိုက်ထုတ်နိုင်ခဲ့လျှင်ပင် သူတို့ ပမာဏများစွာသော ငွေကြေးအား ရရှိကာ ၀မ်ကလန်၏ ဘဏ္ဍာတိုက်အား အားနည်းစေမည်ဖြစ်သည်။

သူတို့က လစဉ် ရွှေတုံးအနည်းငယ်သာရရှိလေရာ ထိုကဲ့သို့သော အခွင့်အရေးကြီးအား မည်သို့ လက်လွှတ်နိုင်မည်နည်း။

............

သတင်းစကားက ယောင်ဖုန်းထံ အလျင်အမြန်ပင် ရောက်ရှိသွားသည်။

“ ဘာ.... ၀မ်ချောင်က နတ်ဘုရားရှစ်ပါးစံအိမ်မှာ ပိုက်ဆံချေးနေတယ် ဟုတ်စ.. ”

နတ်ဘုရားရှစ်ပါးစံအိမ်၏ မနီးမဝေးရှိ စားသောက်ဆိုင်တစ်ခုထဲမှ ယောင်ဖုန်း၏ နဖူးပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာများ ဖြစ်ပေါ်နေသည်။

မနက်စောစောတွင် ၀မ်ချောင်က တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးနှင့် တွေ့ဆုံကာ သူ့အား ကစားနေသည်ကို သူကြားသိခဲ့ရသည်။ ယခုအခါတွင်လည်း ၀မ်ချောင် နတ်ဘုရားရှစ်ပါးစံအိမ်တွင် ပေါ်လာသည်ကို ကြားသိရပြန်သည်။ ထိုသတင်းနှစ်ခုမှာ အစပ်အဆက် လုံး၀မရှိနေပေ။

“ ဟုတ်ပါတယ် ကုန်းဇီ... ကျနော်ကိုယ်တိုင်တွေ့ခဲ့တာပါ.. အဲ့ဒါက အမှန်ပါပဲ ”

ကောင်းဖေး တရိုတသေနှင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် တုန်လှုပ်ခြောက်ခြားနေသည်အား မြင်တွေ့ရနိင်သည်။

ကောင်းဖေး၏ စကားအားကြားလျှင် ယောင်ဖုန်း၏ အတွေးများက ပိုမိုလေးနက်သွားသည်။

“ ခနစာင့်ဦး....... ”

ရုတ်တရက် ယောင်ဖုန်း မတ်တပ်ရပ်လိုက်ပြီး ခန်းဆီးစအား ဖယ်ရှားလိုက်ကာ အတွင်းခန်းသို့ ၀င်သွားလိုက်သည်။

“ အဖေ.. သားတို့ ဒီကိစ္စကို ဂရုစိုက်သင့်လား.. ဒီနောက်မှာ တစ်ခြားလေးနက်တဲ့ အကြောင်းအရာများ ရှိနေမလား ”

ခန္ဓာကိုယ်အား ညွှတ်ထားလျက် ယောင်ဖုန်း သူကြားသိထားသမျှအား တစ်လုံးတစ်ပါဒမကျန် သူ့ဖခင် မေးသမျှအား အသေးစိတ် ဖြေကြားနေသည်။ ယခုကိစ္စအပေါ်တွင် သူ့ဖခင်က ၀မ်ချောင်၏ လှုပ်ရှားမှုများအား အထူးအလေးထားပုံ ရသည်။

ယောင်ကွမ်းရီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ..

“ ဒီကိစ္စကို အလျင်စလိုမလုပ်နဲ့.. အဖေဒီနေ့ပဲ နယ်စပ်ကို သွားပြီး ၀မ်ကလန်ကို ထိုးနှက်တော့မှာ.. ဒီအချိန်က အရေးကြီးတာကြောင့် အဖေ့ရဲ့ အစီအစဉ် အလုပ်မဖြစ်မချင်း ၀မ်ကလန်ကို သတိပေးမိလို့ မဖြစ်ဘူး ”

လည်ပင်းနားရှိ ကြယ်သီးအား တပ်နေကာ နတ်ဆိုးဆန်သော အပြုံးက သူ့မျက်နှာပေါ်တွင် ပေါ်လာလျက်..

“ ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စကို သေသေချာချာတော့ စောင့်ကြည့်ထား.. အဲ့ဒီကလေးက ပိုက်ဆံလိုချင်တာမလား သူလိုချင်တာကို ပေးထားလိုက် ”

“ ဟုတ်ကဲ့. အဖေပြောတာကို သဘောပေါက်ပါပြီ .. ”

ယောင်ဖုန်း ခေါင်းငုံ့ထားကာ ဖြေကြားလိုက်သည်။ သူ့ဖခင်က ၀မ်ကလန်အား အသေအကြေထိုးနှက်မည့် အကြောင်းအရာအား သူသိရချိန်တွင် သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိုကိစ္စပြီးလျှင် ကြိုးကြာပျံဝဲစံအိမ်၌ သူအရှက်ကွဲခဲ့သမျှအား မည်သူမျှ သတိရတော့မည် မဟုတ်ပေ။

“ ဒီငွေအိတ်ကို စုပိုင်ကိုသွားပေးလိုက် ”

အတွင်းခန်းထဲမှ ထွက်လာပြီး ယောင်ဖုန်းက လေးလံသော ငွေအိတ်အား ပစ်ပေးလိုက်ရာ ကောင်းဖေးရှေ့ရှိ စားပွဲပေါ်သို့ ကျသွားသည်။

“ ဟုတ်ကဲ့ပါ.. သင့်ရဲ့ အမိန့်ကို ယူဆောင်သွားပါ့မယ် ”

ကောင်းဖေး ငွေထုပ်အား ဖမ်းယူလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားသည်။ ထို့နောက် မြင်းပေါ်တက်လိုက်ကာ နတ်ဘုရားရှစ်ပါးစံအိမ်သို့ ဦးတည်၍ အပြင်းနှင်လေတော့သည်။

......

နတ်ဘုရားရှစ်ပါးစံအိမ်ထဲရှိ ၀မ်ချောင်မှာမူ ငွေများအားရေတွက်နေကာ အကြွေးစာရင်း ရေးခြင်းဖြင့် အလုပ်ရှုပ်နေတုန်းပင် ရှိသေးသည်။

ရွှေတုံးထည့်ထားသော အိတ်ငယ်များ ထောင့်တိုင်းမှနေ၍ တစ်လုံးပြီးတစ်လုံး ဝဲပျံလာနေသကဲ့သို့ ၀မ်ချောင်သည်လည်း စက္ကန့်မလပ် လှုပ်ရှားနေရသည်။ တစ်တုံး၊ နှစ်တုံး၊ သုံးတုံး..... အနည်းဆုံးအနေဖြင့် ငွေအိတ်များက ရွှေတုံးအနည်းငယ်ပါ၀င်ကာ အများဆုံးမှာ တစ်ဒါဇင်ခန့်ပင် ပါရှိသည်။

အားလုံးပြီးဆုံးသွားချိန်တွင် ၀မ်ချောင် နောက်ဆုံးပိတ်အနေဖြင့် ရေတွက်ကြည့်ရာ သူက ရွှေတုံးနှစ်ရာကျော် ရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုပမာဏအားမြင်လျှင် ဝေဟောင်၏မျက်နှာ ချီးမှန်သွားသည်။

သူက ကြွယ်၀ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သူသည် လောင်းကစားရသည်အား ခုံမင်နှစ်သက်သူ ဖြစ်ကောင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း သူ၏ လစဉ် ရငွေမှာ ရွှေတုံး ဆယ့်တစ်တုံးမှ ဆယ့်နှစ်တုံးခန့်သာ ရှိလေသည်။ သို့သော်လည်း ၀မ်ချောင်က နတ်ဘုရားရှစ်ပါးစံအိမ်တွင် တစ်ကြိမ်တည်းဖြင့် ရွှေတုံးနှစ်ရာကျော် ချေးယူခဲ့သည်။

၀မ်ဟောင်အတွင်ဆိုလျှင်ပင် အလွန်များပြားသော ပမာဏဖြစ်နေသေးသည်။ အကြွေးစာရင်းရေးနေရင်း အလုပ်ရှုပ်နေသေးသော ၀မ်ချောင်အား ကြည့်လိုက်ကာ ဝေဟောင် လက်လန်သွားသည်။

( ပိုက်ဆံက မလောက်သေးဘူး )

၀မ်ချောင် စိုးရိမ်မှုကြောင့် မျက်မှောင်ကြုတ်နေသည်။

ရွှေတုံးနှစ်ရာမှာ ကျော်ကြားသောမိသားစုများမှ သခင်လေးများအတွက် အလွန်ကြီးမားသော ပမာဏ ဖြစ်မည်ဖြစ်သော်လည်း ၀မ်ချောင်အတွက်မူ သူ့အကြံအစည် ဆက်လက်လုပ်ဆောင်ရန်အတွက် များစွာ လိုအပ်နေသေးသည်။ ဟိုက်ဒရာဘတ်သတ္တုများက စျေးကြီးသောကြောင့် နတ်ဘုရားရှစ်ပါးစံအိမ်တွင် ပထမအကြိမ်၌ပင် ရွှေတုံး ကိုးသောင်းအား ရရှိမည်ဟု မမျှော်မှန်းထားပေ။

၀မ်ချောင်က ပန်းပဲပညာရှင်များအား ဖိတ်ခေါ်၍ သူ့အတွက် အခြေခံဝုစ်သံမဏိလက်နက်အား သန့်စင်ရန်၊ သွန်းလုပ်ရန် ရွှေတုံး ငါးရာမှ ခြောက်ရာခန့် လိုအပ်လေသည်။ သူသာ ဝုစ်သံမဏိလက်နက်များအား သွန်းလုပ်နေနိုင်သမျှ ထိုလက်နက်များ၏ အဖျက်စွမ်းအားများအရ ၀မ်ချောင်က တစ်လအတွင်း ဂျန်သုံးရာမျှသော ဟိုက်ဒရာဘတ်သတ္တုရိုင်းများအား ပေးချေနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိလေသည်။

သို့သော်လည်း ယခုအချိန်တွင်သူ့၌ ရွှေတုံးနှစ်ရာကျော်သာ ရှိနေသည်။ ထိုအရာက ၀မ်ချောင်၏ အနိမ့်ဆုံးပန်းတိုင်နှင့်ပင် အလှမ်းကွာနေသေးသည်။

နောက်ဆုံးမှာတော့ နတ်ဘုရားရှစ်ပါးစံအိမ်မှ သခင်လေးများက သူတို့ကလန်နှင့် ပက်သက်၍ ထိန်းချုပ်နိုင်ခြင်း မရှိကြသေးပေ။ သူတို့လစဉ်ရနေသော ရွှေတုံးအနည်းငယ်မှာ ၀မ်ချောင်၏ လိုအပ်ချက်နှင့် ဝေးကွာနေဆဲပင်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 28.

ရွှေတုံး ၁၇၀၀

၀မ်ချောင် စိုးရိမ်မှုအား စတင်ခံစားနေရချိန်တွင် ရုတ်တရက် လူအုပ်ကြီးအတွင်းမှ အားမာန်ပါသော လက်တစ်စုံ ပေါ်ထွက်လာပြီး လက်ထဲတွင် လေးလံသော ငွေအိတ်အား ကိုင်ဆောင်ထားလေသည်။ ဘန်း.... ထိုအရာက ၀မ်ချောင်ရှေ့သို့ ပြင်းထန်စွာ ကျသွားသည်။

“ ၀မ်ချောင် မင်းကိုယ်တိုင် အတိုးနှုန်း နှစ်ရာခိုင်နှုန်း နေ့ပြန်တိုးနဲ့တွက်ပြီး မင်းကိုပေးသလောက် လက်ခံမယ်လို့ ပြောခဲ့တယ်မလား အဲ့စကားတွေကို ထည့်တွက်လို့ရတယ် ဟုတ်.... ”

အေးစက်သောလေသံက သူ့အပေါ်မှ ပေါ်ထွက်လာသည်။

“ စုပိုင်လား.... ”

၀မ်ချောင် အံ့သြမှုတို့ဖြင့် ခေါင်းမာ့ကြည့်လိုက်သည်။ ရင်းနှီးသော စိတ်ကြီး၀င်နေသည့် မျက်နှာအား မြင်လျှင် သူပြုံးလိုက်ကာ....

“ ထည့်တွက်တယ်.. ဒါပေါ့ ငါပြောထားတာပဲကို.. စုပိုင် မင်းလဲ ငါ့ကို ပိုက်ဆံချေးပေးမလို့လား ”

“ ဟားဟား.. ၀မ်ချောင် ဒီမှာ ရွှေတုံး ၁၅၀၀.. ငါ့အတွက် အကြွေးစာရင်းလေး ရေးပေးပြီးရင် အားလုံးယူသွားလို့ရပြီ .. မှတ်ထား.. တစ်လပြည့်ရင် မင်းငါ့ကို ရွှေတုံး ၂၄၀၀ ပြန်ပေးရမယ်.. ”

စုပိုင် အေးစက်စွာ ပြောလိုက်သည်။

ထိုအရေအတွက်အားကြားရလျှင် ပတ်ပတ်လည်မှ လူအုပ်ကြီး ထိတ်လန့်မှုကြောင့် မှင်သက်သွားကြသည်။ သူတို့အတွက် ရွှေတုံး ၁၅၀၀ ဆိုသည့် ပမာဏမှာ မယုံနိုင်စရာကောင်းလွန်းလှကာ စုပိုင်မှ ထိုမျှသော ပမာဏဖြင့် လာရောက်ချေးပေးလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။

တစ်လအတွင်း စုပိုင်က ရွှေတုံး ၉ရာကျော် ရှာနိုင်ပေလိမ့်မည်။ မြို့တော်မှ မည်သည့် သခင်လေးမှ ထိုမျှသော ငွေပမာဏအား တစ်လအတွင်း ရှာဖွေနိုင်မည် မဟုတ်ပေ။

ထို ငွေပမာဏဖြင့် စုပိုင်မှာ အချိန်ကာလတစ်ခုအထိတိုင် ငွေရေးကြေးရေး ခြေသလုံးမွှေး ဖြစ်ပေတော့မည်။

“ ဟားဟား.... မင်းတောင် ငါ့ကို ချေးပေးရဲသေးတာပဲ.. ငါကလဲ လက်မခံရဲစရာအကြောင်း မရှိဘူး ”

၀မ်ချောင် လေးလံသော ငွေအိတ်အား ကြည့်ကာ အပျော်လွန်နေသည်။ သူ၏ အနာဂတ်အကြံအစည်များ အတွက် ငွေပြတ်လပ်နေသေးသည်ဟု စိုးရိမ်နေသည့်အချိန်၌ပင် စုပိုင်က သူ့တံခါးရှေ့တိုင်အောင် ပို့ဆောင်ပေးလေသည်။ ထို ရွှေတုံး ၁၅၀၀ ဖြင့်ဆိုလျှင် ၀မ်ချောင်က သူ့အသုံးစားရိတ်အား ချွေတာနေရန် မလိုတော့ပေ။ သူ့အကြံအစည်များကလည်း ချောမွှေ့စွာ အဆင်ပြေသွားပေတော့မည်။

ရွှပ်.. ရွှပ်.. ရွှပ်....

စုပိုင်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ပဲ စုတ်တံအား ကောက်ကိုင်လိုက်ကာ မှင်ထဲသို့ နှစ်လိုက်ပြီး စာရွက်ပေါ်တွင် စုတ်ချက်များက ဝဲပျံသွားသည်။ ပြီးနောက် သူ၏လက်ဗွေဖြင့် လက်မှတ်ထိုးလိုက်ကာ အကြွေးစာရင်းအား ပြုစုပြီးသွားလေသည်။ စာရွက်ပေါ်မှ မှင်ပိုများအား သုတ်သင်ပြီးသည်တွင် သူက ထိုအရာအား စုပိုင်ထံသို့ ပေးလိုက်သည်။

“ သေချာသိမ်းထား... ပျောက်သွားရင်.. ငါမင်းကို အကြွေးမဆပ်ဘူးဆိုပြီး အပြစ်မတင်နဲ့ ”

“ မင်း ဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး ”

စုပိုင် လှောင်ရယ်လိုက်ကာ အကြွေးစာရင်းအား ၀မ်ချောင်လက်ထဲမှ လှမ်းယူလိုက်သည်။

“ ၀မ်ချောင် ငါမင်းနဲ့ စကားပြောဖို့လိုတယ် ”

စုပိုင်၏ ပျော်ရွှင်နေသောအပြုံးကို မြင်လျှင် ဝေဟောင် မထိန်းချုပ်နိုင်တော့ပဲ ၀မ်ချောင်အား အတင်းအကျပ် အပြင်ဘက်သို့ ဆွဲခေါ်သွားလိုက်သည်။ စံအိမ်ထဲတွင် ရယ်သံများအား အတိုင်းသား ကြားနေရသည်။

စုပိုင်က ဝေဟောင်အားနှင့်၀မ်ချောင် ထွက်ခွာသွားသည်အား လှောင်ပြောင်စွာဖြင့် ကြည့်နေလေသည်။ လူအားလုံးက ပြဇာတ်ပြီးသွားပြီဟု ထင်နေချိန်တွင် ကြံစည်ထားသည့်အတိုင်း စုပိုင် နောက်လှည့်ကာ ဆူညံနေမှုအား ဖြိုခွဲလိုက်သည်။

“ ခဏနေကြဦး ”

အေးစက်စက် မျက်နှာပေးဖြင့် စုပိုင် လူတိုင်းအား တားဆီးလိုက်သည်။ နတ်ဘုရားရှစ်ပါးစံအိမ်အတွင်းရှိ အသံများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကာ လူတိုင်း၏ မျက်လုံးအစုံက စုပိုင်အား စိုက်ကြည့်နေကြသည်။

သူလုပ်လိုက်သည့်အရာကြောင့် လူတိုင်းက ဇဝေဇ၀ါဖြစ်နေသည်တွင် ရုတ်တရက် စုပိုင် သူ၏င်္အကျီလက်အတွင်းသို့ နှိုက်၍ တံဆိပ်ပြားတစ်ခုအား ထုတ်ကာ ဝေ့ယမ်းပြလိုက်သည်။

“ ဒါက ယောင်ကုန်းဇီရဲ့ တံဆိပ်ပြားပဲ.. နတ်ဘုရားရှစ်ပါးစံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူကမှ အပြင်မှာ မပြောကြဖို့ အမိန်ချလိုက်တယ်.. ဒီနေ့ဖြစ်ရပ်ကို ထုတ်ဖော်တာကို တွေ့ခဲ့ရင် အဲ့ဒီလူကို ယောင်ခြံ၀င်းရဲ့ ရန်သူလို့ သတ်မှတ်မယ်.. စုကလန်ရဲ့ ရန်သူအနေနဲ့ရောပဲ ”

စုပိုင်က ထိုစကားများအား ပြောနေရင်း အေးစိမ့်နေသောအကြည့်ဖြင့် ပတ်၀န်းကျင်မှ လူအုပ်ကြီးအား ဝှေ့ကြည့်လိုက်သည်။

အစတွင် တစ်ချို့သခင်လေးများက စုပိုင်၏ လုပ်ရပ်ကို မကျေနပ်ကြသော်လည်း ထိုစကားများအားကြားလျှင် သူတို့၏ စိတ်နှလုံးပင် အေးခဲပြီး ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့ပါးစပ်များအား အလျှင်အမြန် ပိတ်ထားလိုက်ကြသည်။

ယောင်ကလန်မှာ မယုံနိုင်စရာကောင်းသော အာဏာအား လက်ကိုင်ထားရှိပြီး ချီဘုရင်၏ အထူးအလေးပေးခြင်းလည်း ခံရလေသည်။ ယခုလက်ရှိ မဟာထန်အင်ပါယာတွင် အကောင်ကြီးတစ်ကောင် ဖြစ်လေရာ မြို့တော်ရှိမည်သူမျှ သူတို့အား အလွယ်တကူ မဆန့်ကျင်ချင်ကြပေ။ စုကလန်ကိုပါ ပေါင်းထည့်လိုက်သည်တွင် ထိုအရာအား ရန်စချင်သည့်သူ တစ်ယောက်ပင် ရှိမည် မထင်တော့ပေ။

တစ်ဦးတစ်ယောက်မျှ စုပိုင်၏ သတိပေးမှုအား ဂရုမစိုက်ပဲ မနေဝံ့ပေ။

“ အတော်ထူးဆန်းတာပဲ ”

လူအုပ်ကြီးထဲတွင် ကောင်းဖေးမှာ မှင်သက်နေသည်။ ယောင်ကုန်းဇီထံမှ အမိန့်ကို သူယူဆောင်လာခဲ့သည် ဖြစ်ရာ ယောင်ဖုန်း ထိုစကားများအား မပြောခဲ့ကြောင်း သူပြန်စဉ်းစားမိသည်။

ကောင်းဖေး ခေါင်းမော့ကာ တစ်ခုခု ပြောရန် ပြင်လိုက်ချိန်တွင် စုပိုင်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်က သူ့အား အဖြစ်အပျက်များကို နားလည်သွားစေသည်။ အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ကာ စကားတစ်လုံးပင် မပြောဝံ့တော့။

ယောင်ဖုန်းမှာ ကလန်၏ နောက်တက်မည့် ခေါင်းဆောင်အဖြစ် အဆက်အသွယ်များနှင့်တွေ့ဆုံရန် အလုပ်များနေသည်။ ထိုအချက်အား သူသိထားသောကြောင့် စုပိုင် သူ့ကိုယ်သူသာ လုပ်ဆောင်လိုက်သည်။ နတ်ဘုရားရှစ်ပါးစံအိမ်သည် လူအများဖြင့် ပြည့်နှက်နေပြီး အတင်းအဖျင်းစကားများလဲ စုံလင်လှသည်။ အကယ်၍ ၀မ်ချောင် ပိုက်ဆံချေးသည့် အကြောင်းအရာက အပြင်တွင် ပြန့်နှံ့သွားလျှင် ၀မ်ကလန်မှာလည်း သိသွားပေမည်။ ထိုအခါ ပြဇတ်အား ဆက်ကနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ ၀မ်ချောင်က ဒီနေ့တွင် ပိုက်ဆံချေး၍ မနက်ဖြန်တွင် ၀မ်ကလန်မှ အကြွေးပေးချေခဲ့သော် သူ ထိုအရာမှ မည်သည့်အကျိုးအမြတ်ကိုမှ ရရှိမည် မဟုတ်တော့သလို ၀မ်ကလန်အား ခြိမ်းခြောက်၍လည်း ရမည်မဟုတ်တော့ပေ။

၀မ်ချောင်ရေးပေးသော အကြွေးစာရင်းစာရွက်မှာ ၀မ်ကလန်နှင့် ရင်ဆိုင်ရန် အကျိုးအများဆုံးသော လက်နက်ပင် ဖြစ်လေသည်။ စုပိုင်မှ ထိုအရာအား အဘယ်ကြောင့် ပြဿနာအဖြစ်ခံနိုင်မည်နည်း။ ယောင်ကလန်နှင့်စုကလန်၏ ကျော်ကြားမှုဖြင့် လူအုပ်ကြီးအား ဖိနှိပ်ထားလျှင် မည်သူက ထိုကိစ္စအား လွန်ဆန်ရဲလိမ့်မည်ကို သူသိချင်မိသည်။

........

“ ၀မ်ချောင် မင်းဘာလို့ အဲ့လောက် ငွေအများကြီး ချေးယူဖို့ ကြံစည်နေရတာလဲ.. ”

နတ်ဘုရားရှစ်ပါးစံအိမ်မှ ထွက်လာပြီး လမ်းမပေါ်သို့ရောက်သည်တွင် ဝေဟောင်ထိန်းမထားနိုင်တော့ပဲ...

“ရွှေတုံး အတုံး၁၇၀၀ နော် အဲ့တာ ရွှေတုံး ၁၇၀၀.. တစ်လအတွင်း မင်းသာပြန်မပေးနိုင်ရင် ဘယ်လိုကပ်ဘေးဆိုက်လိမ့်မယ် ဆိုတာ မင်းသိနေရဲ့လား ”

လမ်းမပေါ်တွင် ဝေဟောင် ၀မ်ချောင်အား စိုက်ကြည့်နေသည်။ ၀မ်ချောင်၏ အပြုအမူများက သူ့အား အမှန်တကယ် ဆောက်တည်ရာမရ ဖြစ်စေသည်။

ရွှေတုံး ၁၇၀၀ ဆိုသည်မှာ လူတိုင်းအတွက် ဘုရားပေးသောဆုလာဘ်ကဲ့သို့ပင်ဖြစ်သော်လည်း ဝေဟောင်၏ စိတ်ထဲတွင်တော့ ထိုအရာကအိပ်မက်ဆိုးတစ်ခုပင်။ ထိုကိစ ္စမှ ဖြစ်လာနိုင်သော အကျိုးဆက်များအား တွေးတောကြည့်လျှင်ပင် ဝေဟောင် သူ့ခေါင်းက ချာချာလည်ပြီး ခြေလက်များ ထုံထိုင်းသွားသည်ဟုပင် ခံစားရသည်။

ယခုအချိန်ထိ ၀မ်ချောင် ထိုမျှသောငွေကြေးအား ချေးယူခဲ့သည်ကို နားမလည်နိုင်သေးပေ။

“ ဝေဟောင်.. ကြောက်ချေးပန်းမနေနဲ့.. ငါဘာလုပ်နေလဲ ငါသိပါတယ်.. ”

၀မ်ချောင်ပြုံးနေသည်။ သူ့အမူအရာက အလွန်တည်ငြိမ်နေကာ တစ်နည်းအားဖြင့် သူ၏အေးချမ်းသော အငွေ့အသက်က ဝေဟောင်ကိုပါ တည်ငြိမ်စေပုံရသည်။ ၀မ်ချောင် ဘာဆက်လုပ်မည်ကို မသိသော်လည်း ဝေဟောင်က ၀မ်ချောင်၌ အကြောင်းပြချက်တစ်ခု ရှိလိမ့်မည်ဟု ယုံကြည်လေသည်။

ရုတ်တရက် အပြောင်းအလဲတွင် သူဘာမျှ မတုံ့ပြန်တော့ပေ။

“ ငါ မင်းကို မဖုံးကွယ်ထားပါဘူး.. ဒီလောက် ငွေအများကြီးကို ငါတကယ်လိုအပ်နေတာ.. ပြီးတော့ ငါသာ အောင်မြင်ခဲ့ရင် ဒီကနေ ငါက အကျိုးအမြတ်ရရုံတင် တစ်ခုတည်းမဟုတ်ဘူး မဟာထန်ရဲ့ စစ်မက်အင်အားကို မြှင့်တင်တဲ့နေရာမှာလဲ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်လာလိမ့်မယ် ”

သူတို့ အတူတူ ကြီးပြင်းလာခဲ့သည်နည်းတူ ၀မ်ချောင်က ဝေဟောင်အား ဖုံးကွယ်ထားရန် မလိုအပ်ပေ။ ဟိုက်ဒရာဘတ်ကိစ္စနှင့် ပက်သက်သည်မှလွဲ၍ အရာအားလုံးအား ဝေဟောင်ကို ဖွင့်ချပြလိုက်သည်။ အစတွင် ဝေဟောင်မှာ ဂရုတစိုက်နှင့် တသမတ်တည်း နားထောင်နေသော်လည်း တဖြေးဖြေးနှင့် ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်မိသည်။

“ ဘာ......... ရွှေတုံး ၉သောင်း..... ”

ဝေဟောင်က လုံး၀ထိတ်လန့်တုန်လှုပ်နေသော အကြည့်ဖြင့် ၀မ်ချောင်အား စိုက်ကြည့်နေမိသည်။

“ ၀မ်ချောင်.. မင်း ရူးများနေတာလား.. မင်းဘယ်လိုလုပ်ပြီး အဲ့လိုမျိုး အပေးအယူကို သဘောတူခဲ့ရတာလဲကွာ ဒါက ဖြစ်မှမဖြစ်နိုင်တာကွ... ------- ဘယ်လိုသတ္တုရိုင်းမျိုးက ရွှေတုံး ၉သောင်း တန်လို့တုန်း .. ”

ဝေဟောင် ထိတ်လန့်နေရင်းမှ သူ့မြင်ကွင်း အမှောင်ကျလာနေပြီး သူ့ခြေလက်များမှာ အားနည်းလာကာ အချိန်မရွေး မြေပြင်ပေါ်သို့ ပစ်လဲကျသွားနိုင်သည်ဟု ခံစားနေရသည်။

သူက ရွှေတုံး ၁၇၀၀ ချေးယူခဲ့သည်မှာ လုံလောက်ပြီဟု ထင်ထားခဲ့သော်လည်း ထို့နောက်တွင် ပို၍ကြီးမားသော ဗုံးတစ်လုံးရှိနေမည်ဟု မထင်ထားပေ။------- ၀မ်ချောင်က အမှန်တကယ်ပင် အခြားသူ တစ်ယောက်အား ရွှေတုံး ၉သောင်း အကြွေးတင်နေပေသည်။

ဝေဟောင် သူ့ခေါင်း ပေါက်ကွဲတော့မည်ဟု ခံစားနေရသည်။

“ ဝေဟောင်.. ကြောက်ချေးပန်းနေတုန်းပဲလား.. ငါဘာလုပ်နေတာလဲ ငါသိပါတယ်ကွ.. ဘာမှ အမှားအယွင်း ရှိမှာ မဟုတ်ဘူး ”

၀မ်ချောင်၏အသံက တည်ငြိမ်နေပြီး ဘာမှ မဖြစ်နေသလိုပင်။ ဝေဟောင်က ထိုသို့ တုန့်ပြန်မည်အား သူကြိုသိထားသလိုပင်။ ခြုံကြည့်လျှင် သူတို့မှာ ဆယ့်လေးနှစ် ဆယ်ငါးနှစ်အရွယ် ဆယ်ကျော်သက်များသာ ဖြစ်သည်နည်းတူ ရွှေတုံး ၉သောင်းဟူသော ပမာဏအား ကြားရသည့် သူတိုင်းက ထိုသို့ တုံ့ပြန်မည် ချည်းသာ။

သို့သော်လည်း ၀မ်ချောင် ကပျက်ကချော် မပြုလုပ်ပေ။ အကယ်၍ သူသာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှ သူ့အား ဆောင်ယူပေမည့် အကျိုးအမြတ်များအား အတည်မပြုနိုင်ခဲ့လျှင် ထိုမျှများပြားသော အပေးအယူအား သူပြုလုပ်လိမ့်မည် မဟုတ်ပေ။

“ ဝေဟောင်.. မင်းငါ့ကိစ္စကို စိတ်ပူမနေနဲ့တော့.. ငါမင်းဆီက အကူအညီ လိုအပ်နေတယ် ”

၀မ်ချောင် ပြောလိုက်သည်။

“ ငါ့အကူအညီဟုတ်လား ”

ဝေဟောင် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်လျော့လိုက်ပြီး..

“ ပြောလေ.. မင်းငါ့ကို ဘာလို့ လိုအပ်တာလဲ.. ငါတတ်နိုင်တဲ့ အထဲကဆိုရင်တော့ ဒီကပ်ဘေးက်ို ကျော်လွှားနိုင်ဖို့ အစွမ်းကုန် ကူညီပေးမယ် ”

“ ဒါမှ ညီအစ်ကို စိတ်ဓါတ်ကွ ”

၀မ်ချောင် ရယ်မောနေသည်။ သူ ထင်မှတ်ထားသည့်အတိုင်းပင် သူနှင့်အတူ ကြီးပြင်းလာသော ဤညီအစ်ကိုကောင်းမှာ သူလိုအပ်သည့်အခါတိုင်း ယုံကြည်၍ရပြီး ခေါ်ယူနိုင်သည့်သူပင်ဖြစ်သည် မဟုတ်လား။

“ ဒီမှာ လူအရမ်းများလွန်းတယ်... ငါတို့ မြင်းလှည်းထဲသွားပြီး ပြောကြရအောင် ”

၀မ်ချောင်က ဦးဆောင်သွားလိုက်ပြီး ဝေဟောင်က နောက်မှလိုက်လာသည်။ ထိုနှစ်ယောက်က လမ်းတစ်ဖက်တွင်ရှိသေ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။

ဝေဟောင်၏ မျက်ခုံး မြောက်တက်နေကာ ၀မ်ချောင်၏ ရွှေတုံး ၉သောင်းပြဿနာအား ဖြေရှင်းနိုင်ရန်နည်းလမ်း စဉ်းစားနေသည်။

ရွှေတုံး ၉ သောင်းမှာ သေးငယ်သော ပမာဏမဟုတ်ပေ။ ထိုအရာက မဖြစ်နိုင်လုနီးပါး တာ၀န်တစ်ရပ်ပင်။ ၀မ်ချောင်က ထိုကဲ့သို့သော အခြေအနေအား ကိုင်တွယ်နိုင်လိမ့်မည်ဟု ဝေဟောင် မယုံကြည်ပေ။

ထိုအရာက သိသာရှင်းလင်းနေသောကြောင့် ဝေဟောင်က ၀မ်ချောင်အား နားချရန် နောက်တစ်ကြိမ် ကြိုးစားကြည့်သည်။

“ ၀မ်ချောင်.... ဒီအပေးအယူကို မလုပ်တော့ဖို့နည်းလမ်းတစ်ခုခု မစဉ်းစားတော့ဘူးလား ”

“ မဖြစ်နိုင်ဘူး...... ”

၀မ်ချောင် ခေါင်ခါလိုက်ကာ.......

“ ငါ့မှာ အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိနေဘူး.... ပြီးတော့... တရားရေးရာရုံးတော်မှာ လက်မှတ်ထိုးထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့က မဖြစ်နိုင်ဘူး ”

“ ဒါဆို.... မင်းကို ဘယ်လိုကူညီဖို့ ငါ့ကို လိုအပ်တာလဲ ”

ဝေဟောင် မေးခွန်းထုတ်လိုက်သည်။

“ ငါက အနည်းဆုံး ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်လောက်ကို သတ္ထုသန့်စင်ဖို့နဲ့ လက်နက်သွန်းလုပ်ဖို့မှာ ကူညီဖို့ လိုအပ်တယ်.. မင်းရဲ့ ဝေကလန်က မြို့တော်မှာ အဆက်အသွယ်ကောင်းတယ်လေ.. ငါ့ကို ဒါလေး ကူညီပေးစမ်းပါ.. ”

၀မ်ချောင် ပြောလိုက်သည်။

၀မ်ကလန်မှာ စီမံခန့်ခွဲမှုတွင် မကျွမ်းကျင်ပေ။ ယခုအခြေအနေအရ ဝေကလန်၏အမတ်ကြီးခြံ၀င်းမှာ ၀မ်ကလန်ထက်ပို၍ အားသာပေသည်။

“ ပြဿနာမရှိဘူး.. ဒီကိစ္စမှာ ငါတတ်နိုင်သလောက် မင်းကို ကူညီဖို့ ကြိုးစားပေးမယ် ”

တုန့်ဆိုင်းခြင်းအလျဉ်းမရှိ ဝေဟောင် သဘောတူလိုက်သည်။

သူ့မိသားစု၏ စီးပွားရေးရာတွင် သူအာဏာမရှိသော်လည်း အတွေ့အကြုံရှိသော ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်အား ရှာဖွေရမည့် ကိစ္စမှာ သူ့အတွက် အသေးအဖွဲပင်။

“ ဟားဟား..... ညီအစ်ကိုစိတ်ဓါတ်ဆိုတာ ဒါပဲကွ.. ငါမင်းကို ကျေးဇူးတင်စကား မပြောတော့ဘူးနော် ”

၀မ်ချောင် ရယ်နေကာ သူ့စိတ်ထဲမှ ၀န်ထုပ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

ရွှေတုံး ၉ သောင်းမှာ သေးငယ်သော ပမာဏဟု ပြော၍ မရပေ။ ထိုပမာဏအား ဖြည့်တင်းရန် သူ့အတွက် အကောင်းဆုံးနည်းလမ်းမှာ လက်နက်ပြုလုပ်သူ အနည်းငယ်အား ရှာဖွေကာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ဝုစ်သံမဏိလက်နက်အဖြစ် သွန်းလုပ်ရန်ပင်ဖြစ်ကာ ထိုအရာက မကြာခင်တွင် ကမ္ဘာလောကကြီးအား လှုပ်လှုပ်ရှားရှားဖြစ်စေမည်ဖြစ်သည်။

ယခုတွင် ထိုအခွင့်အရေးအား အသုံးချ၍ ဟိုက်ဒရာဘတ်သတ္ထုရိုင်း စျေးမကြီးသေးသော်လည်း ဟိန္ဒူဘုန်းကြီးနှစ်ပါးအား ပေးချေရန် ရွှေတုံး ၉ သောင်းကို ဝုစ်သံမဏိလက်နက်အား သွန်းလုပ်၍ ရှာဖွေရန် ဖြစ်နိုင်ပေသေးသည်။

ယခုတွင် ဝေဟောင်မှ ထိုကိစ္စအတွက် ကတိပြုလာရာ ၀မ်ချောင် ပို၍ စိတ်သက်သာရာ ရနေသည်။

၀မ်ချောင်၏ အမူအရာအားကြည့်၍ ဝေဟောင် သူ၏ဖွင့်ထားသော ပါးစပ်အား ပိတ်လိုက်ရန်သာ တတ်နိုင်တော့သည်။ သူက ထိုကိစ္စအား စိုးရိမ်နေပေသေးသည်။ ၀မ်ချောင် ဘာတွေးနေသည်ကို သူသိသော်လည်း ကြည့်ရသည်မှာ သူလက်လျှော့လိုက်သည်နှင့် မတူညီပေ။

ထို့ကြောင့် သူလုပ်နိုင်သည်မှာ ၀မ်ချောင်အား တတ်နိုင်သမျှ ကူညီပေးရန်ပင် ဖြစ်တော့သည်။

“ ဒီတစ်ခုပြီးတော့ ငါ မင်းရဲ့အကူအညီလိုတာ တစ်ခုရှိသေးတယ် ”

ရုတ်တရက် ၀မ်ချောင် ပြောပြန်သည်။

“ အိုး..... ဘာများလဲ ”

ဝေဟောင် အံ့သြနေသည်။ ထိုကိစ္စထက်ပို၍ သူ့အား ပြဿနာ ဖြစ်စေနိုင်သောအရာအား ဝေဟောင် စဉ်းစားမရပေ။

“ ကျန်းမူနျန်လို့ ခေါ်တဲ့သူကို ရှာဖို့ ကူညီပေးပါဦး ”

၀မ်ချောင် ပြောလိုက်သည်။

“ ကျန်းမူနျန် ဟုတ်လား... ”

ဝေဟောင် မျက်မှောင်ကြုတ်သွားသည်။ ထိုနာမည်အား သူတစ်ခါမှ မကြားဖူးပေရာ တစ်ဖက်လူမှာ နာမည်ကျော်ကြားသည့်သူထဲမှ ဟုတ်ပုံမရပေ။

“ အာ...... သူက တော်၀င်ရုံးတော်က အရာရှိတစ်ယောက်ပဲ.. တကယ်လို့ ငါထင်တာမမှားဘူးဆိုရင် သူက အဆင့်မြင့်အရာရှိထဲကမဟုတ်ဘူး.. မင်း သူ့နာမည်ကို တော်၀င်ရုံးတော်ရဲ့ အရာရှိစာရင်းထဲမှာ ရှာကြည့်သင့်တယ်.. တကယ်လို့ မင်းသူ့ကို ရှာတွေ့တာနဲ့ ငါ့ကို ချက်ချင်း ပြောပြပေးပါ.. ”

၀မ်ချောင် ပြောလိုက်သည်။

“ မင်းဘာလို့ သူ့ကို ရှာနေရတာလဲ ”

ဝေဟောင် ကြောင်အနေသည်။ သူ မသိသော သူတစ်ယောက်နှင့် ၀မ်ချောင် သိကျွမ်းနေသည်လား။

“ တစ်ခုခုလုပ်ဖို့ သူ့အကူအညီ ငါလိုအပ်နေလို့ပါ.. ဒီကိစ္စက အရမ်းအရေးကြီးတယ်.. ဒါကြောင့် မင်း ဒီကိစ္စကို နည်းနည်း ပိုအားစိုက်ပေးပါ ”

၀မ်ချောင် ယတိပြတ် ပြောချလိုက်သည်။

ဤကိစ္စရပ် အကျိုးသက်ရောက်မှု ဖြစ်လာရန် အချိန်များစွာ လိုသေးသောကြောင့် ၀မ်ချောင်က ဝေဟောင်အား ထိုကိစ္စနှင့်ပက်သက်၍ များစွာ အသိမပေးလိုသေးပေ။

“ ကောင်းပြီလေ... ငါ့အဖေက စစ်တပ်ရေးရာဌာနကနေ တစ်ချို့ နာမည်စာရင်းတွေ ခနခန ယူလာတတ်တယ်.. သူ့နာမည်ကို စာရင်းထဲမှာ ပါတာနဲ့ ငါတွေ့မှာပဲ.. ဒါကိစ္စ တိုးတက်တဲ့ အရိပ်အယောင်မြင်တာနဲ့ မင်းကို သတင်းပို့ပေးမယ် ”

ဝေဟောင် အားကိုးရာမဲ့ ပြောလိုက်သည်။

“ ဟားဟား.... ကောင်းလိုက်တဲ့ ညီအစ်ကိုစိတ်ဓါတ်..... မင်း သဘောတူမယ်လို့ ငါသိသားပဲ ”

၀မ်ချောင် ရယ်မောနေကာ သူ့လက်က ဝေဟောင်၏ပုခုံးအား ပုတ်လိုက်သည်။

“ ငါ ဘာတတ်နိုင်သေးလို့လဲကွာ... မင်းလို ညီအစ်ကိုမျိုး ပေးခဲ့တဲ့ မိုးကောင်းကင်ကိုပဲ အပြစ်တင်လိုက်တော့မယ် ”

ဝေဟောင်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သို့သော် ထိုလက်သီးက ၀မ်ချောင်၏ ခန္ဓာကိုယ်အား ထိမှန်သွားသည်တွင် ၀မ်ချောင် နောက်ပြန်လှန်သွားကာ သူ့ထိုင်ခုံမှပင် ပြုတ်ကျတော့မယောင်။ ထိုမြင်ကွင်းအား မြင်သည်တွင် ဝေဟောင် မှင်သက်သွားကာ သူ့လက်သီးအား အလျင်အမြန် ရုပ်သိမ်းလိုက်ရသည်။

“ ၀မ်ချောင်.. မင်းဘာလို့ ဒီလောက် အားနည်းရတာလဲ... ”

ဝေဟောင် မှင်သက်နေသည်။ သူ ရုတ်တရက် ရှေ့တိုးလိုက်ကာ ၀မ်ချောင်အား မတ်တပ်ရပ်ရန် ကူညီလိုက်သည်။

“ အားနည်းတယ်ဆိုတာ ဘာကို ပြောချင်တာတုန်းဟ.. ငါအမြဲတမ်း ဒီလိုပဲဟာကို.. မင်း မသိတာလဲ မဟုတ်ဘူး ”

၀မ်ချောင် ပြောလိုက်သည်။

“ ငါတို့ မတွေ့တာ အတော်ကြာပြီလေကွာ.. အခုလေးတင် မင်းညွှန်ပြလိုက်တာနဲ့ ကောင်းဖေးကို ငါအနိုင်တိုက်နိုင်ခဲ့တာ.. ဒါကြောင့် မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက အဆမတန်တိုးတက်သွားခဲ့ပြီလို့ ထင်မိတာဟ ”

ဝေဟောင်၏မျက်လုံး ပြူးကျယ်နေသည်။

၀မ်ချောင် ပြောစရာစကားလုံး ရှာမတွေ့တော့ပေ။ ဝေဟောင်မှာ ပါရမီမရှိဟုဆိုသော်လည်း သူ့နေရာနှင့်သူတော့ အားသန်ပေသည်။ ၀မ်ချောင် သူ့အား မယှဉ်နိုင်ပေ။

“ ၀မ်ချောင်... မင်း ပိုကြိုးစားသင့်တယ်..------ မေ့လိုက်တော့ကွာ.. ဒီအကြောင်းမပြောပဲ နေကြရအောင်.. မင်းငါ့ကို ပြောထားတဲ့ကိစ္စတွေကို ငါ့တာ၀န်ထားလိုက်တော့... ငါအရင်ပြန်လိုက်ဦးမယ် ”

မြင်းလှည်းက သူ၏ဦးတည်ရာနေရာသို့ရောက်လျှင် ဝေဟောင် မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။

ဝေဟောင့် သူ၏ခြံ၀င်းအတွင်းသို့ ၀င်သွားလျှင် ၀မ်ချောင် ရွှေတုံး ၁၇၀၀ အား ယူဆောင်ကာ သူ၏ခြံ၀င်းသို့ အလျင်အမြန် ပြန်သွားလိုက်သည်။

..........

၀မ်ချောင် သူ့အိမ်သို့ ပြန်နေချိန်တွင် ဖြူနက်သင်္ဘောကျောက်မျက်ရတနာ အရောင်းဆိုင်၌ ၀ယ်ယူသူ နှစ်ယောက် ရောက်လာသည်။

“ ဒီနေရာလား..... ”

စည်ကားနေသောလမ်းထဲတွင် အပြာရောင်၀တ်ဆင်ထားသောပုံရိပ်တစ်ခုက ဆိုင်ခန်းအပေါ်ရှိ အဖြူရောင်ဆိုင်းဘုတ်အား ကြည့်နေသည်။

“ မှန်တယ်... ဖြူနက်သင်္ဘော ကျောက်မျက်ရတနာ အရောင်းဆိုင်.. ဒီဟာပဲ.. ”

နောက်လူတစ်ယောက်မှ ထိုသူ၏ သံသယအား ဖြေဖျောက်ပေးလိုက်သည်။

ထိုလူနှစ်ယောက်မှာ ရှည်လျားသော မုတ်ဆိတ်မွေးများရှိပြီး နှစ်လိုဖွယ်ကောင်းသော အငွေ့အသက်များက သူတို့၏ အရိုးများထဲမှပင် ထွက်ပေါ်နေသည်။ ခံ့ညားသောငွေ့အသက်များက သူတို့၏ သွင်ပြင်များအားလုံးမှ ထွက်ပေါ်နေရာ ထိုသူတို့က သေချာပေါက်ပင် တော်၀င်မျိုးနွယ်များ ဖြစ်ပေလိမ့်မည်။

“ တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးရဲ့ အသွင်အပြင်ကို မေ့ထားလိုက်ရင်.. သူတို့ယူလာတဲ့ သတ္ထုရိုင်းရဲ့ အရည်အသွေးက မထင်မှတ်လောက်အောင်ကို ကောင်းလွန်းတာပဲ.. တကယ်လို့ ငါတို့ကလန်ခေါင်းဆောင်ကသာ မတော်တဆ အဲ့ဒီ သတ္ထုရိုင်းရဲ့ ကြီးမြတ်မှုကို နမူနာကနေ သတိမထားမိခဲ့ရင် ငါတို့အားလုံးက အဲ့ဒီ သတ္ထုကို အမှောင်ထဲမှာပဲ ပစ်ထားမိမှာပဲ ”

“ မှန်တယ်.. ဘုန်းကြီးနှစ်ပါးကို ကြည့်ရတာက ပုံမှန်ပဲ.. ပြီးတော့ သူတို့က အလယ်ပိုင်းလွင်ပြင်ရဲ့ ဘာသာစကားကိုလဲ မပြောတတ်ကြဘူး.. ဒီလောက်ထက်မြတဲ့ သတ္ထုရိုင်းကို သူတို့လက်၀ယ် ပိုင်ဆိုင်ထားတယ်ဆိုတာ စိတ်ကူးယဉ်ကြည့်ဖို့တောင် မလွယ်ကူဘူး.. တကယ်လို့ ငါတို့ ကျန်းကလန်သာ ဒီ သတ္ထုရိုင်းကို ပိုင်ဆိုင်နိုင်ခဲ့ရင်.. ဒီ့ထက် မြင့်မားတဲ့ အဆင့်အတန်းကို ရောက်နိုင်မှာ အသေအချာပဲ ”

ပြောနေရင်းနှင့် လက်မြှောက်လိုက်ရာ သူတို့လက်ထဲတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ပေါ်လာသည်။ ထိုအရာက နမူနာနှင့် ဆင်တူသည်။ လွန်ခဲ့သော တစ်လခန့်က သူတို့ကျန်းကလန်မှ ငွေထိန်းတစ်ယောက်က သတ္ထုရိုင်းများ ရောင်းချနေသော ဘုန်းကြီးတို့အား တွေ့ခဲ့ကာ သတ္ထုရိုင်း၏ နမူနာ အနည်းငယ်အား တောင်းယူပြီး ခြံ၀င်းသို့ ပြန်ခဲ့လေသည်။

ထိုနမူနာက ကျန်းကလန်၏ သိုလှောင်ခန်းထဲတွင် အချိန်အတန်ကြာအောင် ပစ်ထားခြင်းခံထားရကာ သန့်စင်နေချိန်တွင်မှ မတော်တဆ သတိထားမိခဲ့ကြခြင်း ဖြစ်ပေသည်။ သူတို့က ထိုအရာအား ကလန်ခေါင်းဆောင်ထံ တင်ပြသည့်အခါမှပင် ထိုသတ္ထုရိုင်း၏ အသုံး၀င်ပုံအား စတင် သတိထားမိကြခြင်း ဖြစ်ပေသည်။

ကလန်၏ငွေထိန်းတစ်ယောက်မှ ထင်မထားပဲ ထိုမျှတန်ဖိုးကြီးသောသတ္ထုရိုင်း နမူနာအား ယူလာနိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။ ထို့ကြောင့်ပင် ကလန်မှ ညတွင်းချင်း အစည်းအဝေး ခေါ်ယူကာ ထိုကိစ္စအား ဆွေးနွေးခဲ့ကြသည်။

ကလန်ခေါင်းဆောင်မှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး အကြီးအကဲနှစ်ယောက်ကို ထိုကိစ္စအား ကိုင်တွယ်ရန် စေလွှတ်လိုက်သည်။ ထို့အပြင် ထိုကိစ္စအား မဆုံးရှုံးစေရန်လည်း အထူးတလည် အမိန့်ပေးလိုက်သေးသည်။

“ ငါတို့ ကျန်းကလန်က မြို့တော်မှာ လက်နက်နဲ့ ချပ်၀တ်သွန်းလုပ်တဲ့ တစ်ခုတည်းသော ကလန်မဟုတ်ဘူး.. တန်ဖိုးကြီးတဲ့ သတ္ထုရိုင်းအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်တယ်.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းကကျတော့ အရမ်း ထူးခြားလွန်းတယ်.. အဲ့ဒီဟာက မြို့တော်မှာ ကျန်းကလန်ရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ဖို့ အလားအလာ အများကြီးရှိတယ်.. ကလန်ခေါင်းဆောင်က တစ်ခြားမိသားစုတွေကို ဒီကိစ္စကို သတိမထားမိစေဖို့ အထူးအလေးထားဖို့တောင် မှာထားသေးတယ်နော်... ”

အရပ်မြင့်မြင့်နှင့် အပြာရောင်၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူက ဆိုသည်။

“ အင်း.... ”

မြို့တော်ရှိ ကျန်းကလန်မှာ အရင်အချိန်များတွင် အခြေအနေကောင်းခဲ့သည် မဟုတ်ပေ။ သူတို့က ယခုရင်ဆိုင်နေရသော အကျပ်အတည်းမှ လွတ်မြောက်ရန် အရေးတကြီး လိုအပ်နေရာ ထိုအကြောင်းပြချက်ကြောင့်ပင် အကြီးအကဲနှစ်ယောက်ကိုယ်တိုင် ထွက်လာရခြင်းဖြစ်ပေသည်။

နောက်သို့ လှည့်လိုက်ကာ ထိုသူနှစ်ယောက် လက်အုပ်ချီလိုက်သည်။ ကချာ..... လမ်းမပေါ်၌ ထိုသူနှစ်ယောက်၏ ဆယ်မီတာခန့်ရှိ မြင်းလှည်းပေါ်မှ သက်တော် သုံးဆယ်မှ လေးဆယ်အကြားရှိ ဦးပြည်းကတုံးနှင့် သင်္ကန်းရုံထားသော ဘုန်းကြီးတစ်ပါး ကြွလာသည်။ သူ့အကြည့်ထဲ၌ပင် ဉာဏ်ပညာ ကြီးမြင့်မှုအား မြင်တွေ့ရနိုင်သည်။

“ အော်မီတော်ဖော..”

ထိုဘုန်းကြီးမှ ဘေးပတ်၀န်ကျင်အား ရှုစားလိုက်ပြီး သူ့ရှေ့ရှိ သက်လတ်ပိုင်းအရွယ် အပြာရောင် ၀တ်ဆင်ထားသောသူတို့ ထံသို့ ကြွချီလာသည်။

အကယ်၍ ဤနေရာတွင် တစ်ယောက်ယောက်ရှိနေမည်ဆိုလျှင် အံ့သြသွားမည် အမှန်ပင်။ ထိုကိုယ်တော်မှာ မြို့ဆင်ခြေဖုံးရှိ ကျန့်ထုံဘုရားကျောင်းမှ ဟွေ့မင်ကိုယ်တော် ဖြစ်နေသောကြောင့်ပင်။

မြို့တော်တွင် အိန္ဒိယဘာသာစကားအား ပြောတတ်သူ ငါးယောက်ခန့်မျှသာရှိရာ ထို ဟွေ့မင်ကိုယ်တော်မှာ တစ်ပါးအပါအ၀င်ဖြစ်သည်။

ထိုဘုန်းကြီးနှစ်ပါးမှာ အိန္ဒိယစကားကိုသာ ပြောတတ်ရာ ထိုဘုန်းကြီးများက ဟန်ဘာသာစကားအား နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းကလန်က ထိုပြဿနာအား ဖြေရှင်းရန် ဟွေ့မင်ကိုယ်တော်အား ဖိတ်ခေါ်ကာ ကြားခံ၍ ပြောစေမည်ဖြစ်သည်။

“ ဆရာသခင် ကျေးဇူးပြုပြီး.. ”

သက်လတ်ပိုင်းအရွယ် အပြာ၀တ်လူနှစ်ယောက်က ဦးညွှတ်ကာ တလေးတစားနှင့် ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သုံးဦးသား ဖြူနက်သင်္ဘော ကျောက်မျက်ရတနာအရောင်းဆိုင်သို့ အတူတကွ ၀င်သွားလိုက်သည်။

သူတို့က လာရောက်သည့် လမ်းတစ်လျှောက်လုံး ယခုအကြောင်းအရာနှင့်ပက်သက်၍ လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သော်လည်း အရောင်းဆိုင်သို့ ရောက်ရှိပြီး ဟိန္ဒူဘုန်းကြီးနှစ်ပါးနှင့် တွေ့သည့်အခါမှ အခြေအနေများက သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်နေကြောင်း သိရှိလိုက်ကြရသည်။

“ ဘယ်လို.... ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို တစ်ယောက်ယော်က ၀ယ်သွားတယ် ဟုတ်စ ”

သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က သူတို့ရှေ့ရှိ ဟိန္ဒူဘုန်းကြီးနှစ်ပါးအား ကြည့်နေကာ သူတို့နှစ်ဖက်စလုံး အံ့အာသင့်နေကြသည်။

“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. ”

ထိုအခြေအနေအား သူတို့နှစ်ယောက် လက်ခံရန် ခက်ခဲနေလေသည်။

သူတို့က ဤနေရာသို့ တိတ်တဆိတ်လာရောက်၍ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ ထိုအရာက သူတို့ကလန်အတွက် မည်မျှလောက် အရေးကြီးကြောင်း မြင်သာပေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးအား ဤကိစ္စအပေါ်တွင် များစွာသော လုပ်ပိုင်ခွင့်များကိုပင် ပေးအပ်ထားကြသည်။

သို့သော်လည်း ဟိန္ဒူဘုန်းကြီးနှစ်ပါးထံမှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား တစ်စုံတစ်ယောက်က ၀ယ်ယူသွားပြီး ဖြစ်ကြောင်းသာ ကြားသိကြရသည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 29.

၀မ်သခင်မကြီး၏ ပြစ်ဒဏ်စီရင်ချက်

“ အော်မီတော်ဖော.. အဲ့တာအမှန်ပါပဲ.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို တစ်စုံတစ်ယောက်က ၀ယ်သွားခဲ့ပြီ ”

လက်အုပ်ချီထားလျက် ဟွေ့မင်ကိုယ်တော်မှ ဟိန္ဒူဘုန်းကြီးနှစ်ပါးပြောသော စကားများအား အကြီးအကဲနှစ်ယောက်ကို ပြန်လည် ပြောပြရင်း တစ်ဖန် အတည်ပြုလိုက်ပြန်သည်။

နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်ကြသည်။ အတန်ကြာအောင် သူတို့ စကားတစ်ခွန်းမှ မပြောနိုင်ကြတော့ပေ။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ သေချာပေါက်ပင် ရောင်းရလွယ်ကူသော ကုန်ပစ္စည်းမဟုတ်ပေ။ ထို ဟိန္ဒူဘုန်းကြီးနှစ်ပါးက မြို့တော်တွင် ရှိသည်မှာ လအတော်ကြာပြီဖြစ်သော်လည်း ယခုတိုင် ရောင်းမထွက်သေးသည်က သက်သေပင်။

သူတို့နှစ်ယောက် ရောင်းချသည့်နည်းလမ်းကြောင့်ပင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ကြေငြာသည်က အလုပ်မဖြစ်သည့်အပြင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းများက စျေးကွက်တွင်းသို့ စတင်၀င်ရောက်ချိန်သာ ရှိသေးပြီး မြို့တော်ရှိ လူများက ထိုအရာ၏ တန်ဖိုးအား မသိရှိကြခြင်းကြောင့်လဲ ဖြစ်ပြန်သည်။ ထို့အပြင် တိုင်းတစ်ပါး ဘုန်းကြီးနှစ်ပါးက သိုသိုသိပ်သိပ်သာနေပြီး အိန္ဒိယဘာသာစကားကိုသာ ပြောတတ်ကြသည်။

အကယ်၍ အိန္ဒိယစကားအား နားမလည်ပါက ထိုသူတို့နှင့် ဆက်သွယ်ရန် မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ကျန်းကလန်မှ ထိုအရာအား အရယူနိုင်မည့်အပေါ် အစိုးရိမ် မလွန်ခြင်းပင်။

ပြောရလျှင် သူတို့နှစ်ယောက်က ထိုအချက်ကို အမှီပြု၍ စျေးနှိမ်ရန်ပင် ဆုံးဖြတ်ထားကြပြီးဖြစ်သည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား တစ်စုံတစ်ယောက်က ၀ယ်ယူသွားပြီး ဖြစ်မည်ဟုတော့ သူတို့ လုံး၀ မထင်မှတ်ထားကြပေ။

“ သင်တို့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ဘယ်သူ့ကို ရောင်းလိုက်တာပါလဲ.. ”

သက်လတ်ပိုင်းအရွယ် အပြာရောင်၀တ် ခေါင်းဆောင်ဖြစ်ဟန်တူသည့်သူက မေးလိုက်သည်။

“ ကျော်ကြားတဲ့ ဘယ်မိသားစုကို ရောင်းချလိုက်တာလဲဆိုတာ မေးပေးပါဦး ”

အခြားသက်လတ်ပိုင်းအရွယ်လူကလဲ မေးလိုက်ပြန်သည်။

ထိုကိစ္စအား သူတို့ ထင်မြင်သည်မှာ တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးမှ လိမ်လည်နေခြင်းသာ ဖြစ်ရပေမည်ဟူ၍ ဖြစ်သည်။ သူတို့အမြင်တွင် ထိုသို့ပြုလုပ်ခြင်းအားဖြင့် စျေးတင်ရန် ကြိုးစားနေခြင်းသာ ဖြစ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ပန်းပဲကလန်တစ်ခုခုမှ ၀ယ်ယူသွားခြင်းလဲ ဖြစ်နိုင်သေးသည်။

အကယ်၍ ထိုသို့သာဖြစ်လျှင် ပြဿနာမရှိပေရာ ပို၍ပင် အဆင်ပြေနေဦးမည်။ သူတို့လုပ်စရာလိုသည်က ပိုမြင့်သော စျေးနှုန်းဖြင့် ကမ်းလှမ်းရုံပင်။ သို့သော် သူတို့က နောက်ကျသွားသည်ဆိုလျှင်တော့ ထိုအခြေအနေက ပြဿနာတစ်ရပ် ဖြစ်လာပေမည်။ မည်သို့ပင်ဖြစ်စေ မည်သည့်ပြိုင်ဖက်က သူတို့အား အနိုင်ယူသွားသည်ကို သူတို့သိချင်မိသည်။

ဟွေ့မင်ကိုယ်တော် ခေါင်းညိမ့်လိုက်ကာ အိန္ဒိယဘာသာစကားဖြင့် စကားများအား ဘာသာပြန်၍ ဟိန္ဒူဘုန်းကြီး နှစ်ပါးကို ပြောလိုက်သည်။

“ အဲ့တာက ကလန်တစ်ခု မဟုတ်ဘူး... ၀ယ်သွားတဲ့သူက ဆယ်လေးနှစ် ဆယ့်ငါးနှစ်လောက်ရှိတဲ့ ကလေးတစ်ယောက်ပဲ ”

အချိန်တစ်ခဏကြာလျှင် ဟွေ့မင်ကိုယ်တော် နောက်လှည့်ကြည့်ကာ သူတို့နှစ်ယောက်အား ခေါင်းညိမ့်ပြလိုက်ပြန်သည်။

“ ကလေးတစ်ယောက်ဆိုပဲ....”

နှစ်ဦးသား အံ့အားသင့်နေသည်။ သူတို့နားကိုပင် သူတို့ မယုံနိုင်သေးပေ။ ကလေးတစ်ယောက်လား။ မည်သည့်အတွက်ကြောင့် ကလေးတစ်ယောက်ဖြစ်နေရသနည်း။ ထိုအဖြေက ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ရောင်းချပြီးဖြစ်သည်ကို ပထမဆုံးကြားချိန်ထက်ပင် အကြီးအကျယ် အံ့သြသွားစေသည်။

“ ဆရာသခင်.. နားကြားမှားပြီးတော့ သူတို့ပြောတာကို မှားယွင်း ဘာသာပြန်မိတာများ ဖြစ်နေမလား ”

ဒုတိယ သက်လတ်ပိုင်းအရွယ်လူကြီးမှ မေးလိုက်သည်။ သူ့မေးခွန်းက အနည်းငယ် တင်စီးသော်လည်း သူ စပ်ဆက်၍မရသောကြောင့် မေးလိုက်လေသည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချခြင်းမှာ အသေးအဖွဲ ကိစ္စရပ်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုမျှ အဖိုးအနဂ္ဂ ထိုက်တန်သော အခွင့်အရေးကြီးအား ကလေးငယ်တစ်ယောက်မှ ၀ယ်ယူသွားခြင်းအပေါ် သူတို့ မယုံကြည်နိုင်ပေ။

ကလေးငယ်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ ကြွယ်၀ချမ်းသာမှုကို ပိုင်ဆိုင်နိုင်မှာလဲ...

သူတို့၏ ပထမတုံ့ပြန်မှုမှာ ဟွေ့မင်ကိုယ်တော်အနေနှင့် အိန္ဒိယစကားအား ရင်းနှီးကျွမ်း၀င်ခြင်း သိပ်မရှိသောကြောင့် ဘာသာပြန်ရာ၌ အမှားအယွင်း ဖြစ်သွားခြင်းဖြစ်မည်ဟူ၍ ထင်မိကာ ထင်ရှားသော မိသားစု၏ နာမည်အား ကလေးငယ်တစ်ယောက်အဖြစ် မှားယွင်းသွားခြင်း ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် ဟွေ့မင်ကိုယ်တော်၏ စိတ်ခံစားမှုများက ထင်မထားလောက်အောင် တင်းမာသွားသည်။ သို့သော် သူ၏ စိတ်မကျေနပ်မှုများအား ဖိနှိပ်လိုက်ကာ ဟိန္ဒူဘုန်းကြီးနှစ်ပါးအား ထပ်တစ်ကြိမ် မေးလိုက်ပြန်သည်။

“ မှားတာမရှိဘူး.... ကလေးတစ်ယောက်က ၀ယ်သွားတာ သေချာတယ်... သူတို့က ၀ယ်သွားတဲ့ကလေးနာမည်ကို ၀မ်ချောင်လို့ ပြောတယ် ”

အတန်ကြာလျှင် ဟွေ့မင်ကိုယ်တော်မှ အလေးအနက် ပြောလိုက်သည်။

“ ၀မ်ချောင်ဟုတ်စ ”

သူတို့နှစ်ယောက် မချင့်မရဲဖြစ်သွားသည်။ ထိုကဲ့သို့သော ဖြစ်ရပ်အား သူတို့ မမျှော်လင့်ထားပေ။ ‘ ၀မ်ချောင် ’ ဟူသော နာမည်အား သူတို့ ကြားပင်မကြားဖူးပေ။

မြို့တော်တွင် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ် ကလေးများစွာ ရှိသော်ကြောင့် ဘယ်ကလေး ဖြစ်မည်ကို သူတို့ သိရှိနိင်မည်နည်း။

“ သူတို့ကို အသေးစိတ်ကျကျလေး မေးပေးလို့ရမလား.. ကလေးက ဘယ်လိုပုံစံလဲဆိုတာလေး... ”

အပြာ၀တ်ခေါင်းဆောင်ဖြစ်သူက မေးလိုက်သည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ကလေးငယ်တစ်ယောက်မှ ၀ယ်ယူသွားခြင်းအပေါ် သူမယုံကြည်နိုင်သေးပေ။ ဖြစ်စဉ်အပြောင်းအလဲများက သူ့အတွက် ရုတ်တရက် ဆန်လွန်နေသည်။

“ သူတို့ပြောတာအရ ကလေးက အပြာရောင်၀တ်ရုံကို ၀တ်ထားပြီးတော့ အရပ်က ဒီလောက်ရှိတယ်... ”

ဟွေ့မင်ကိုယ်တော်မှ ဟိန္ဒူဘုန်းကြီးနှစ်ပါး၏ ဖော်ပြချက်ကို အကြီးအကဲနှစ်ယောက်အား အသေးစိတ် ရှင်းပြနေသည်။ သို့သော် ထိုအရာက သူတို့အား ပို၍ပင် မချင့်မရဲဖြစ်စေကာ ဖိအားတိုးစေသည်။ ထို ဖော်ပြချက်နှင့် ကိုက်ညီသည့် ကလေးများက မြို့တော်တွင် များစွာ ရှိလေသည်။

“ ဟုတ်ပြီ..... သူတို့က ပြောသေးတယ် အဲ့ဒီကလေးက မဟာထန် ကျိုးအမတ်ကြီးရဲ့ မြေးတဲ့.. ”

နောက်ဆုံးတော့ ဟွေ့မင်ကိုယ်တော်တစ်ယောက် အသုံး၀င်သော အချက်တစ်ခုအား ပြောခဲ့ပြီ ဖြစ်လေသည်။

“ ကျိုးအမတ်ကြီး ဟုတ်လား ”

နှစ်ယောက်စလုံး တုန်လှုပ်သွားကာ အလွန်ထူးဆန်း အံ့သြနေသော အမူအရာများက သူတို့မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်။ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ကျိုးအမတ်ကြီးမှ ဤကိစ္စရပ်ထဲတွင် မည်သို့ ပါ၀င်ပက်သက်နေနိုင်မည်နည်း။ မဟာထန်တွင် ကျိုးအမတ်ကြီးမှာ အဂတိလိုက်စားခြင်းကင်းကာ စီးပွားရေး အပေးအယူများ မလုပ်ကြောင်း ဂုဏ်သတင်းကျော်ကြားသည်။ သို့ဆိုလျှင် ကျိုးအမတ်ကြီးမှာ ဤကိစ္စထဲတွင် မည်ကဲ့သို့ ပါ၀င်လာရသနည်း။

“ သင် နားကြားမမှားတာ သေချာပါတယ်နော်... ”

နှစ်ဦးသား မျက်လုံးပြူးကျယ်နေကာ ထိတ်လန့်နေသည်။

“ ဘာမှ မမှားယွင်းပါဘူး... ”

ဟွေ့မင်ကိုယ်တော်မှာမူ သူတို့နှစ်ယောက်ထက်ပင် ပို၍ အံ့သြနေလေသည်။ ကျန်းကလန်အား သူကူညီရန် ကတိပြုခဲ့ခြင်းမှာ သူတို့အစား ဟိန္ဒူဘုန်းကြီးနှစ်ပါးနှင့် ကြားခံ ဆက်သွယ်ပေးရန်အတွက်သာဖြစ်သည်။ ယခုကိစ္စတွင် ကျိုးအမတ်ကြီးနှင့် ပက်သက်နေလိမ့်မည်ဟု သူ မထင်ထားပေ။

“ ဘယ်လိုဖြစ်သွားခဲ့တာလဲဆိုတာ သူ့ကို ထပ်မေးကြည့်ပါဦး.. ကျိုးအမတ်ကြီးက မြင့်မြတ်တဲ့သူ ဖြစ်ပြီး လက်နက်သွန်းလုပ်တာမှာ စိတ်၀င်စားတယ်လို့ ကျုပ် တစ်ခါမှ မကြားခဲ့ဖူးဘူး .. သူက ဘယ်လိုလုပ်ပြီး ဒီကိစ္စမှာ ပါလာတာတုန်း ”

သူတို့နှစ်ယောက် ပြောလိုက်သည်။ ထိုကိစ္စက အလွန် ထူးဆန်းနေကာ မည်ကဲ့သို့ ဖြစ်ပျက်နေသည်အား သူတို့ အလွန် သိချင်နေမိသည်။

ထို့ကြောင့် ဟွေ့မင်ကိုယ်တော်မှ ဟိန္ဒူဘုန်းကြီးနှစ်ပါးနှင့် ထပ်မံ ပြောဆိုကာ ဘာသာပြန်ပေးပြန်သည်။

“ သူတို့ပြောတာက အဲ့ဒါက ကျိုးအမတ်ကြီးမဟုတ်ပဲ သူ့မြေးကပဲ သူတို့ကို လာရှာခဲ့တာ.. ပြီးတော့.. သူတို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို သူ့ကို မရောင်းလိုက်ဘူး.... ဒါပေမဲ့ သူတို့က သဘောတူညီချက် လက်မှတ်ထိုးထားကြတယ်.. တကယ်လို့ ကျိုးအမတ်ကြီးရဲ့မြေးက တစ်လအတွင်း ရွှေတုံး ၉သောင်းတိတိ သူတို့ကို လွဲပေးနိုင်ခဲ့ရင် သဘောတူညီမှုက အသက်၀င်မှာဖြစ်ပြီးတော့ သူက အလယ်ပိုင်းလွင်ပြင်ရဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်း၀ယ်ခွင့်ကို အပြည့်အ၀ ရရှိလိမ့်မယ်.. ”

ဟွေ့မင်ကိုယ်တော်မှ ပုံမှန်မဟုတ်သော သတင်းများအား ဖော်ပြလိုက်သည်။

“ ရွှေတံုံး ၉ သောင်း ဟုတ်လား..... ”

ထိတ်လန့်အံ့သြနေခြင်းမှ သူတို့၏ မျက်လုံးများ မျက်ကွင်းများထဲမှ ခုန်ထွက်လာတော့မလိုပင်။ ထိုစကားများအောက်တွင် သူတို့ ကျဆုံးသွားရသည်။ ရွှေတုံး ၉ သောင်းမှာ ကြီးမားသောပမာဏတစ်ခု ဖြစ်သည်။ ကျန်းကလန်ပင် ထိုမျှသော ငွေများအား ချက်ချင်း ထုတ်ပေးနိုင်မည် မဟုတ်ပေ။

သို့တိုင်အောင် ကျိုးအမတ်ကြီး၏ မြေးမှာတော့ ထိုသို့သသော ကတိက၀တ်အား ပြုရဲပေသည်။

သူတို့နှစ်ယောက်အတွက်သာဆိုလျှင် ထိုအရာက မဖြစ်နိုင်လုနီးပါးသော တာ၀န်ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဟွေ့မင်ကိုယ်တော်၏ စကားထဲမှ အရေးပါသော သတင်းစကားတစ်ခုအား သူတို့ သိလိုက်ရသည်။

“ ပြောရမယ်ဆိုရင်.. သဘောတူညီမှုက အတည်မပြုရသေးဘူးဆိုတော့.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းကလဲ မရောင်းရသေးဘူးလို့ ဆိုလိုတာပဲ မဟုတ်လား.. ”

ကျန်းကလန်မှ အကြီးအကဲနှစ်ယောက်က မေးလိုက်သည်။

ဟိန္ဒူဘုန်းကြီးနှစ်ပါးကလည်း ခေါင်းညိမ့်ပြပြန်သည်။

ဟူး........

အကြီးအကဲနှစ်ယောက်လုံး သက်ပြင်းရှည်များ ကိုယ်စီ ချလိုက်ကြသည်။ သဘောတူညီမှု မတည်ဆောက်ရသေးမခြင်း ထိုအရာက အတည်မပြုရသေးဟု ဆိုလိုသည်မဟုတ်လား။ ဆိုရလျှင် သူတို့၌ အခွင့်အရေး ရှိနေပေသေးသည်။

ဟိန္ဒူဘုန်းကြီးနှစ်ပါးထံမှ ၀မ်ကလန်၏လိပ်စာအား မေးမြန်းခဲ့ပြီးနောက် သူတို့နှစ်ယောက် ဖြူနက်သင်္ဘော ကျောက်မျက်ရတနာအရောင်းဆိုင်မှ အလျင်အမြန်ထွက်ခွာကာ သူတို့၏ မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်ကြသည်။

“ အဲ့ဒီ ၀မ်ကုန်းဇီက တကယ့်ကို ထူးခြားတဲ့လူတစ်ယောက်ပဲ ”

“ တကယ်တော့.. သူက ဒီအရာတွေကို ကြိုတွက်ထားပြီးသားပဲကိုး.. ”

တံခါး၀တွင် ဟိန္ဒူဘုန်ကြီးနှစ်ပါး သူတို့၏ ခေါင်းအား ခါရမ်းနေကာ သဘောကျနေသည်။ ယခင်က ၀မ်ချောင် ဖြန့်ဖြူးခွင့်အား တရားရေးရာရုံးတော်တွင် သူတို့နှစ်ယောက်နှင့် လက်မှတ်ထိုးနိုင်ရင် ကြိုးပမ်းချိန်တွင် သူတို့ အလေးအနက်မထားခဲ့ပေ။ ယခုတွင်တော့ သူတို့ယခင်က တွေးထင်ထားသော အကြောင်းအရာများအားလုံး လွင့်စင်သွားပေပြီ။

ထိုအရာက ရှင်းလင်းစွာပင် ၀မ်ချောင်မှ ထွက်ပေါ်လာနိုင်သော ပြိုင်ဖက်များအတွက် အသေးစိတ် စီစဉ်ထားသောကြောင့်ပင်။

“ အခု ငါတို့စောင့်ကြည့်ရမှာက သူ ရွှေတုံး ၉ သောင်း ရှာနိုင်မလား မရှာနိုင်ဘူးလား ဆိုတာကိုပဲ ”

ဘုန်းကြီးနှစ်ပါးပြောလိုက်သည်။

ရွှေတုံး ကိုးသောင်းမှာ သေးငယ်သော ပမာဏ မဟုတ်သော်လည်း သူတို့တွင် ရွေးချယ်စရာ များများစားစား မရှိပေ။ အကြောင်းမှာ ၀မ်ချောင်၏နောက်ခံနှင့် စွမ်းဆောင်ရည်အား စမ်းသပ်နေခြင်းသာ မဟုတ်ပဲ အိန္ဒိယသည်လည်း အချိန်ကြာအောင် မစောင့်နိုင်သောကြောင့်လည်း ဖြစ်ပေသည်။

သူတို့တိုင်းပြည်တွင် လူများက ဆာလောင်ငတ်မွတ်ခြင်းကြောင့် သေကြေနေကြပြီ ဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး သတင်းများ လက်ခံရရှိထားခြင်းကြောင့်လဲ ဖြစ်ပေသည်။

“ သူ အောင်မြင်လိမ့်မယ်လို့ပဲ မျှော်လင့်ထားကြတာပေါ့.. အဲ့လိုမှမဟုတ်ရင် ငါတို့ တစ်ခြား ၀ယ်သူ ရှာနေရဦးမယ်.. ”

.........

ထိုအချိန်တွင် ၀မ်ကလန်၏ ၀င်ပေါက်ရှေ့တွင် လူများဖြင့် စည်ကားနေသည်။

၀မ်ပေါက်ရှေ့တည့်တည့်၌ ၀မ်အမေက မဟော်ဂနီသစ်သားထိုင်ခုံ ပေါ်တွင် ထိုင်နေသည်။ သူမနောက်တွင် ကလေးထိန်းအိုများ၊ အိမ်ဖော်များနှင့် အခိုင်းအစေများ အားလုံးက အစဉ်အတိုင်း တန်းစီနေကြသည်။

လူတိုင်းက သူတို့မြင်ကွင်းတွင် ထွက်ပေါ်လာသည့် မြင်းလှည်းအား ကြည့်နေကြကာ စိုးရိမ်များအား မျက်လုံးများထဲတွင် အတိုင်းသား မြင်နေရနိုင်သည်။

သခင်လေးက သခင်မကြီး၏အမိန့်အား ဖောက်ဖျက်ကာ မနက်ခင်းကတည်းက ခိုးထွက်သွားလေရာ သူမ၏ ဒေါသအား ချွန်းအုပ်မရတော့ပေ။ ထို့ကြောင့် မနက်ရောင်နီပေါ်ချိန်ကတည်းက သူမ၏ထိုင်ခုံအား ဤနေရာသို့ ရွေ့ကာ သူ့သား ပြန်အလာအား ထိုင်စောင့်နေသည်။

အချိန်အတော်ကြာလာသည်တွင် သူမ၏ ဒေါသ ရေကန်မှာ ရေကြီးရေလျှံလာတော့သည်။ တင်းမာနေသော မျက်နှာနှင့် သူမ၏ မတုန်မလှုပ် တိတ်ဆိတ်နေသည်က သူမနောက် နှစ်အတန်ကြာအောင် လိုက်နေခဲ့သည့် ကလေးထိန်းအိုကြီးများပင် ကြောက်ရွံနေလေသည်။

“ ဒီနေ့.. မင်းတို့ထဲက ဘယ်သူမှ သူ့ဖက်ကနေ စကား၀င်ပြောခွင့် မရှိဘူး.. လုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို ငါရိုက်နှက်ပစ်မယ် ”

၀မ်အမေ၏ သွားကြားထဲမှ ထွက်လာသော အသံတိုးလေးက လေထဲရောက်လာချိန်တွင် အစောင့်များ၊ ကလေးထိန်းအိုများ၊ အစေခံများနှင့် အိမ်ဖော်များအားလုံး အဖျားတက်သလို တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ သူတို့ စကားတစ်ခွန်းပင်မပြောဝံ့ပဲ ၀မ်ချောင်၏ မြင်းလှည်းကိုသာ သနားသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထို သောက်သုံးမကျသောသားက စည်းလွတ်ဘောင်လွတ်ဖြစ်နေပေပြီ။ ယမန်နေ့က ဖြစ်ရပ်ပင် အနည်မထိုင်သေး ဒီနေ့၌ပင် အပြင်ထွက်လည်ရဲကာ ယခုမှပင် အိမ်ပြန်လာသည်။ အကယ်၍ သူမသာ သူ့အား အပြစ်မပေးလျှင် အနာဂတ်၌ မည်ကဲ့သို့သော ကပ်ဘေးများ သူတို့မိသားစုထံသို့ သယ်ဆောင်လာမည်ကို မပြောတတ်တော့ပေ။

၀မ်အမေ၏မျက်နှာက အချိန်တိုင်း တင်းမာနေကာ ၀မ်ချောင်အား အသနားခံဖို့ အခွင့်အရေးပင် မပေးပေ။ သူမ၏ သစ်သားတုတ်ကိုပင် ပြင်ဆင်ထားပြီးဖြစ်ရာ....

“ တုတ်ယူခဲ့စမ်း..... ”

ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ၀မ်အမေ သူမ၏လက်မောင်းအား ဆန့်တန်းလိုက်သည်။ ကလေးထိန်းအိုကြီးမှ ဆူးချွန်ပါသောတုတ်ချောင်းအား သူမထံ လှမ်းပေးလိုက်၏။

သိုင်းပညာကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ခံနိုင်ရည်အား များသောကြောင့် ထိုတုတ်ချောင်းမှာ ကလန်ကြီးများက သူတို့၏သားများအား ဆုံးမရန်အတွက် အထူးပုံဖော်ထားခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်အား သူမတူ ထူးကဲစွာ ပြင်းထန်သော ဝေဒနာအား မိန့်မိန့်ကြီး ခံစားသွားရစေနိုင်လေသည်။

၀မ်အမေက စကားတစ်ခွန်းပင်မပြောပဲ တုတ်အား ဆုပ်ကိုင်ထားသည်။ ၀မ်ကလန် ၀င်ပေါက်ရှေ့ရှိ အခြေအနေမှာ အတော်အတန် တင်းမာနေပြီး ကြောက်မက်ဖွယ်ကောင်းနေလေသည်။

အဝေးတွင် ၀မ်ချောင်က မြင်းလှည်းထဲမှ ထိုမြင်ကွင်းအား မြင်သည်တွင် ကြက်သီးများပင် ထောင်ထလာသည်။ ခြံ၀င်းရှေ့ရှိ ၀င်ပေါက်ရှေ့တွင် သူ၏မိခင် ကျောက်ရှုဟွာ ခင်းကျင်းထားသော ပုံစံအားမြင်သည်တွင် ၀မ်ချောင် ထိတ်လန့်သွားသည်။

သိသာစွာပင် သူ၏ အမိန့်မနာခံခြင်းနှင့် ခြံ၀င်းမှ ခိုးထွက်ခြင်းက သူမအား အမှန်ပင် ဒေါကန်နေစေသည်။

“ ကုန်းဇီ.. ကျုပ်တို့ ဘယ်လိုလုပ်ကြမတုန်း ”

ရှန်းဟိုင်နှင့် မုန့်လုံကလည်း သူတို့ရှေ့မှ ပုံစံခင်းထားသည်ကို မြင်လျှင် မကောင်းသော နမိတ်တစ်ချို့အား ခံးစားနေရသည်။ သခင်မကြီး ဒေါသမီးတောက်နေချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

သူတို့နှစ်ယောက်မှာ စစ်မြေပြင်၌ တောင်များအား ခုတ်ပိုင်း၍ သွေးများအား မြစ်အဖြစ် စီးဆင်းစေသည်ကို ကြုံတွေ့ခဲ့ရသော်လည်း မည်သည့်အခြေအနေသို့ပင် ရောက်စေကာမူ မတုန်မလှုပ်ခဲ့ပေ။ သို့သော်လည်း သခင်မကြီး၏ရှေ့တွင် သူတို့က ကြောက်စိတ်အား မထိန်းချုပ်ထားနိုင်ပဲ ကျားရှေ့ မှောက်ရက်လဲမိသော ယုန်သူငယ်လိုပင်။

“ မပူပါနဲ့.. ဒီကိစ္စကို ကျုပ်ဖြေရှင်းလိုက်မယ် ”

၀မ်ချောင်က မိမိကိုယ်ကို ယုံကြည်စိတ်ချစွာဖြင့် ပြောလိုက်ပြီး သူတို့၏ ပုခုံးများအား ပုတ်လိုက်သည်။ သို့သော် စိတ်ထဲတွင်မူ ၀မ်ချောင်မှာလည်း ကြောက်ရွံနေသည်ပင်။ အပြင်တွင် အောင်မြင်မှု အသီးအပွင့်များအား ရိတ်သိမ်းခဲ့ရသော်လည်း ပြဿနာမှာမူ အိမ်ရှေ့တံခါးပေါက်တွင် စောင့်ကြိုနေလေသည်။

“ အေမ... ”

၀မ်ချောင် မြင်းလှည်းပေါ်မှ ဆင်းသက်လိုက်သည်တွင် ကြက်သီးထလာပြန်သည်။ ရေခဲကဲ့သို့ အေးစက်တင်းမာနေသာ သူ့မိခင်၏အကြည့်က အလွန့်အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ ရှန်းဟိုင်နဲ့မုန့်လုံ... မင်းတို့ ဒီကို မလာသေးဘူးလား ”

အလိုမကျသောမျက်နှာနှင့် ၀မ်အမေက ၀မ်ချောင်၏ တည်ရှိမှုအား မျက်ကွယ်ပြုထားလေသည်။

“ သခင်မကြီး.. ”

မသက်မသာဖြင့် ရှန်းဟိုင်နှင့် မုန့်လုံ လမ်းလျှောက်သွားကာ ၀မ်သခင်မကြီးရှေ့တွင် ဒူးထောက်ချလိုက်သည်။ သခင်မကြီးက သူတို့အား ၀မ်ချောင်ကို အပြင်မထွက်စေရန် စောင့်ကြည့်ခိုင်းထားသော်လည်း သူမ၏ အမိန့်အား မနာခံယုံသာမက ချောင်သခင်လေးနှင့်အတူပင် လိုက်သွားခဲ့သေးသည်။

၀မ်သခင်မကြီး မည်မျှလောက် စိတ်ဆိုးဒေါသထွက်နေမည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

“ မင်းတို့နှစ်ယောက် ပြောချင်တာ ရှိသေးလား .. ”

၀မ်သခင်မကြီးက အေးစက်စက်ဖြင့် မေးလိုက်သည်။ သူမက ထိုနှစ်ယောက်အား အကြွင်းမဲ့ ယုံကြည်ထားသောကြောင့် ပိုမို၍ စိတ်ဆိုးနေခြင်းဖြစ်ကာ ၀မ်ချောင်အား အပြင်ထွက်ခွင့်ပြုကာ သူတို့ပင် လိုက်ပါသွားသည်ဟု ကြားရချိန်တွင် သူမ၏ ဒေါသတာတမံ ကျိုးပေါက်သွားလေတော့သည်။

“ ကျနော်တို့ ဒီကိစ္စမှာ တာ၀န်မကျေခဲ့ပါဘူး.. ကျေးဇူးပြုပြီး ကျနော်တိုံကို အပြစ်ပေးပါ ”

သူတို့နှစ်ယောက်က ကြမ်းပြင်တွင် ဒူးထောက်ထားကာ ခေါင်းငုံ့ထားကြသည်။ ထိုကိစ္စရပ်အား သူတို့ ရှင်းပြရန်ပင် မကြိုးစားကြချေ။ ထိုအချက်က ၀မ်သခင်မကြီးအား အကြီးအကျယ် စိတ်ပျက်စေသည်။

“ ကောင်းပြီလေ. မင်းတို့ တတိယသခင်လေးနဲ့ ရက်နည်းနည်းလေး နေလိုက်တာနဲ့ သူ့ဖက်လုံးလုံး ရောက်သွားပြီပေါ့... တော်တော်ချီးကျူးဖို့ကောင်းတာပဲ.. သူတို့ကို မိသားစု စည်းမျဉ်းအတိုင်း အပြစ် ပေးလိုက်ကြစမ်း ”

၀မ်သခင်မကြီး ရေခဲသမျှလေသံဖြင့် အမိန့်ပေးလိုက်သည်။

သူမ အလွန်ဒေါသထွက်နေသည်ဖြစ်သည်။ သူတို့အား ၀မ်ချောင်ကို စောင့်ကြပ်ရန် တစ်ရက်ကျော်ပင် ပို့ဆောင်ထားရသေးသည်ဖြစ်ရာ ယခုမှာမူ သူတို့၏ ခံယူချက်များက ပြောင်းလဲသွားပြီး ၀မ်ချောင်ဖက်တွင် ရပ်နည်နေကြလေသည်။

“ ခဏ စောင့်ပါဦး ”

ရှန်းဟိုင်နှင့် မုန့်လုံအား သူမ အပြစ်ပေးတော့မည်ကို ကြားလျှင် ၀မ်ချောင်၏ မျက်နှာ မကောင်းတော့ပေ။

“ အမေ... ဒီပြဿနာကို ဖြစ်စေတာက သားပါ.. တကယ်လို့ အပြစ်ပေးမယ်ဆိုရင် သားကိုပဲ ဖြစ်သင့်တယ်.. ဒီကိစ္စမှာ ရှန်းဟိုင်နဲ့ မုန့်လုံက ဘာမှ မသက်ဆိုင်ပါဘူး.. ”

၀မ်ချောင် မြေပေါ်တွင် တရိုတသေနှင့် ဒူးထောက်ချလိုက်သည်။ ထိုကိစ္စနှင့် ပက်သက်၍ သူ့တွင် တာ၀န်ရှိသည်ဖြစ်ရာ အပြစ်တင်မည်ဆိုလျှင် သူ့ကိုသာ အပြစ်တင်သင့်ပေသည်။ ရှန်းဟိုင်နှင့် မုန့်လုံအား အစားမခံခိုင်း စေလိုပေ။

“ ကောင်းပြီလေ.. မင်းက တစ်ခြားလူကို ဘယ်လို ကာကွယ်ပေးရမလဲဆိုတာကို သင်ယူတာ မြန်သားပဲ... ငါဘာမှ မပြောရသေးပေမဲ့.. မင်းကိုယ်တိုင်ကရော အပြစ်ပေးတာကနေ လွှတ်ပြီလို့ ထင်နေတာလား ”

၀မ်သခင်မကြီး အေးစက်စက်နှင့် စကားဆက်သည်။

စည်းမျဉ်းများဖြင့် ထိန်းချုပ်ထားမှသာ နောက်တွင် ပြဿနာများ ထပ်မဖြစ်ပေါ်မည် ဖြစ်သည်။ ၀မ်သခင်မကြီးမှာ ယမန်နေ့မှ ဖြစ်ရပ်နှင့်ပင် ထိတ်လန့်နေမိသည်။ ၀မ်ချောင်က မိန်းမပျိုတစ်ယောက်အား အဓမ္မကျင့်သည်ဟူသည့် ကိစ္စအား ဖြေရှင်းပြီးသည်မှာ တစ်ရက်ပင် မရှိသေး ကြိုးကြာပျံဝဲစံအိမ်တွင် ပြဿနာသွားရှာခဲ့ကာ အင်ပါယာအရှင်၏ နားတော်ပါးပင် ရောက်ခဲ့လေသည်။

သို့သော် ၀မ်ချောင်က ထိုအရာမှ သင်ခန်းစာမယူခဲ့ပေ။ ယနေ့ မနက်တွင် ခြံ၀င်းမှ အစောင့်နှစ်ယောက်အား တိတ်တဆိတ်ခေါ်ယူလျက် အပြင်ထွက်ခဲ့သည့်အပြင် သူဘယ်သွားသည် ဘာလုပ်သည်ဆိုသည်ကိုလည်း မည်သူမျှ မသိရပေ။

၀မ်သခင်မကြီးသည်လည်း တုန်ယင်နေသည်။

ယခင်က မှတ်တမ်းများအရ အကယ်၍ သူမသာ သူ့အား အပြစ်မပေးခဲ့လျှင် ၀မ်ချောင်မှ အနာဂတ်တွင် မည်သို့သော ပြဿနာများ ယူဆောင်လာဦးမည်ကို မပြောတတ်ပေ။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 30.

စုန့်ဘုရင်၏ ပေးသနားခြင်း

“ အစောင့်တွေ တတိယသခင်လေး၊ ရှန့်ဟိုင်နဲ့ မုန့်လုံတို့ကို ကျားဖြူခန်းမကို ခေါ်သွားပြီး မိသားစု စည်းမျဉ်းအတိုင်း အပြစ်ပေးလိုက်ကြစမ်း.. ”

ထိုစကားများပြောပြီးနောက် ၀မ်သခင်မ မတ်တပ်ရပ်လိုက်သည်။

၀မျးးးးးးးးးး........

၀မ်ချောင်၏ မျက်နှာအမူအရာ မဲမှောင်သွားသလို ရှန့်ဟိုင်နှင့်မုန့်လုံမှာလည်း ထို့အတူပင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။ ၀မ်မိသားစုမှာ စစ်သူကြီးမိသားစု ဖြစ်သည်နှင့်အညီ အပြစ်ပေးခြင်းမှာလည်း ဘိုးဘေးကမ္ဗည်းတိုင်ရှေ့တွင် ဒူးထောက်ခြင်း သို့မဟုတ် အခန်းသန့်ရှင်းရေးလုပ်ခြင်း စသည်များကဲ့သို့ ပေါ့ပေါသေးသေးများ မဟုတ်ပေ။

ခံနိုင်ရည်ရှိ၍ အကျောမာလှသည်ဆိုသော သူများပင် အပြစ်ပေးခံရရာ၌ အသားနီပင် လန်အောင် ခံစားရပေမည်။

၀မ်မိသားစုတွင် အပြစ်ပေးခြင်းအမှု ပြုခဲသော်လည်း ၀မ်သခင်မ၏ အမူအရာများအရ ယခုတစ်ခေါက်အား သူမ အလွန်အမင်း အလေးအနက်ထားလေသည်။ သူတို့နှစ်ယောက်မှာ အပြစ်ပေးမှုအား အကြောက်အလန့် မရှိနေပေ။ အတိအကျဆိုရလျှင် ထိုအရာက သူတို့နှင့် ထိုက်တန်သည်ဟုပင် တွေးထားကြသေးသည်။ သို့သော်လည်း ချောင်သခင်လေးမှာ ထိုအရာအား ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“ သခင်မ...... ”

“ ဘာမှဆက်ပြောနေစရာမလိုဘူး... ”

သူတို့နှစ်ယောက်က ၀မ်ချောင်အစား တောင်းပန်ချင်သော်လည်း ၀မ်သခင်မ၏ တားဆီးခြင်းအား ခံလိုက်ကြရသည်။ ယခုတစ်ခေါက်တွင် ၀မ်ချောင်အား မှတ်လောက်အောင် အပြစ်ပေးရန် သူမ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချထားပြီးဖြစ်လေသည်။

သို့မှသာလျှင် သူမ၏သားက အရာတစ်ခုအား မပြုလုပ်ခင် အကျိုးဆက်အား အရင် စဉ်းစားတတ်ပေလိမ့်မည်။ ယခုဆိုလျှင် သူက ရှန့်ဟိုင်နှင့်မုန့်လုံကိုကပင် ဆွဲထည့်ထားသည်မဟုတ်လား။

“ ငါအမိန့်ပေးထားပြီးပြီ မဟုတ်ဘူးလား.. ဘာလို့ သူတို့ကို ဆွဲခေါ်မသွားသေးတာလဲ.. ”

၀မ်သခင်မမှာ ထိုကိစ္စနှင့်ပက်သက်၍ ဆုံးဖြတ်ချက်ခိုင်မာစွာ ချထားပြီးဖြစ်သည်။ သူမက ဘေးတွင်ရှိသော အစောင့်များအား ဝှေ့ကြည့်လိုက်သည်တွင် ထိုသူတို့က လျင်မြန်စွာ ပြေးထွက်သွားပြီး ၀မ်ချောင်၊ ရှန့်ဟိုင်နှင့် မုန့်လုံအား ဖမ်းချုပ်လိုက်ကြသည်။ ကြည့်ရသည်မှာ အပြစ်ပေးခြင်းမှ ရှောင်လွဲရန် မဖြစ်နိုင်တော့ပေ။ ထိုအချိန်တွင်................

“ ၀မ်သခင်မ.. စုန့်ဘုရင်ရဲ့ စေလွှတ်မှုကြောင့် လက်ဆောင်ပဏ္ဏ လာရောက် ပေးသနားပါတယ် ”

ရုတ်တရက် အသံတစ်ခု ထွက်လာလေသည်။ မလှမ်းမကမ်းတွင် တန်ဖိုးကြီးပုံထောက်သော မြင်းလှည်းတစ်စီးက ၀မ်မိသားစုခြံ၀င်းသို့ ဦးတည်လာနေသည်ကို မြင်နိုင်သည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် အားကောင်းသန်မာသော ၀တ်စုံပြည့်၀တ်ဆင်ထားသည့်ကိုယ်ရံတော်တစ်ယောက်က မြင်းလှည်းထဲမှ ထွက်လာပြီး သူ့လက်ထဲတွင် အနီရောင် စန္ဒကူးသားသေတ္တာတစ်လုံးအား ကိုင်ဆောင်ထားလေသည်။

ထိုအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ၀မ်ချောင်အပါအ၀င် လူတိုင်း၏ အကြည့်များက ထိုကိုယ်ရံတော်ထံတွင် စုပုံကျသွားသည်။

“ လက်ဆောင်ဟုတ်လား.. ”

၀မ်သခင်မကြီး၏ ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။ သူမ၏ ကျက်သရေရှိသော မျက်နှာပေါ်တွင် အံံ့အားသင့်နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။

“ ငါ့ယောက်ျားက အိမ်ပြန်မလာခင်မှာပဲ မြို့တော်ကနေထွက်သွားခဲ့ပြီ.. သူ တစ်ခါမှ လက်ဆောင်ပဏ္ဍာ ပေးသနားမှာမျိုးနဲ့ ပက်သက်ပြီး မပြောဖူးပါဘူး.. စုန့်ဘုရင် ဘာကြောင့်မို့လို့ ပေးသနားရတာလဲဆိုတာ ငါမေးခွင့်ရမလား ”

“ ဟားဟား... ၀မ်သခင်မ အထင်လွဲနေပါပြီ.. ဒီပေးသနားမှုက ၀မ်သခင်အတွက် မဟုတ်ပါဘူး.. စုန့်ဘုရင်က ဒီလက်ဆောင်ကို သင့်ရဲ့သား ၀မ်ချောင်အတွက် အထူးပို့ခိုင်းလိုက်တာပါ ”

သက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်မှ ပြုံး၍ပြောလိုက်သည်။

၀မ်.......

တစ်ချိန်တည်းတွင် များစွာသော အံ့အားသင့်နေသည့် အကြည့်များက ၀မ်ချောင်ထံ စုပြုံကျလာသည်။ ၀မ်သခင်မပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် တစ်ခဏတာ အံ့သြသွားမိသည်။

“ သင် အထင်မှားနေတာတော့ မဟုတ်ပါဘူးနော်... စုန့်ဘုရင်က ကျွန်မရဲ့ မထိုက်တန်တဲ့သားနဲ့ တစ်ခါမှ မဆုံတွေ့ဖူးဘူးမလား.. ဒါဆိုရင် သူက ဘယ်လိုလုပ်ပြီး ချောင်အာကို ရုတ်တရက် လက်ဆောင် ပေးသနားရတာလဲ ”

၀မ်သခင်မ စိတ်ရှုပ်ထွေးစွာဖြင့် မေးခွန်းထုတ်လိုက်သည်။ သူမ ယခုအနေအထားအား နားမလည်နိုင်တော့ပေ။

စုန့်နှင့်၀မ်ကလန်သည် မျိုးဆက်ပေါင်းများစွာတိုင်အောင် ချစ်ကြည်ရင်းနှီးကြသော်လည်း ၀မ်ကလန်တွင် မျိုးဆက်သစ်များစွာရှိပြီး စုန့်ဘုရင်က ထိုထဲမှ တစ်စုံတစ်ယောက်အား သတိထားမိရန် မဖြစ်နိုင်ပေ။ ထို့အပြင် စုန့်ဘုရင်တွင် လုပ်ငန်းဆောင်တာများစွာရှိကာ ၀မ်ချောင်အား တွေ့ဖူးမည့်အချိန်မှာ သူ၏အဘိုးမွေးနေ့၌သာ ဖြစ်နိင်ပေသည်။ ထိုအပြင် သူမ၏သားက ထိုသို့သော အချိန်တွင် တစ်ခဏသာ ရှိနေသည် မဟုတ်လား။

၀မ်ကလန်တစ်ခုလုံးတွင် ၀မ်ချောင်၏ဖခင်၊ ဦးကြီးနှင့် ဦးငယ်တို့သာ စုန့်ဘုရင်နှင့် မကြာခဏတွေ့ကြသည် ဖြစ်ရာ အခြားကလေးများက စုန်ု့ဘုရင်နှင့်တွေ့ဆုံရန် အခွင့်အရေး စိုးစဉ်းမျှ မရှိပေ။

လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်က ၀မ်ချောင် စုန့်ဘုရင်အား တွေ့ဆုံဖူးသည်မှာ နောက်ဆုံးဖြစ်သည်။ ထိုသို့ ကြာညောင်းလှသော ကာလမှကိစ္စရပ်အား မှတ်မိနေရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ယခုအချိန်တွင် ၀မ်ချောင်က စုန့်ဘုရင်ရှေ့တွင် မတ်တပ်ရပ်နေလျှင်ပင် ၀မ်ချောင်အား သူမှတ်မိမည်မဟုတ်ပေ။ ထိုသို့ဆိုသော် အဘယ်ကြောင့် စုန့်ဘုရင်မှ ၀မ်ချောင်အား ရုတ်တရက် လက်ဆောင်ပဏ္ဏာ ပေးသနားရလေသနည်း။

“ ဟားဟား... အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ကျုပ်အသေအချာမသိပါဘူး.. ဒါပေမဲ့ စုန့်ဘုရင်က ဒီပဏ္ဏာကို ခင်ဗျားရဲ့သား ၀မ်ချောင်ကို ပေးလိုက်ဖို့ မှာလိုက်တာကတော့ သေချာပါတယ်.. ခင်ဗျားရဲ့သားက ထင်မထားလောက်အောင် ပါရမီရှီပြီး တစ်လောကလုံးနဲ့ယှဉ်ရင်တောင်မှ သာလွန်နေသေးတယ်လို့ စုန့်ဘုရင်က ပြောပါသေးတယ်.. သူက ၀မ်ချောင်အပေါ်မှာ အတော်လေးမျှော်မှန်းထားပြီးတော့ အနာဂတ်မှာ ထင်ပေါ် ကျော်ကြားအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်လို့လဲ ပြောခဲ့တယ်.. ”

သက်လတ်ပိုင်းကိုယ်ရံတော်မှ ၀မ်ချောင်အားကြည့်ကာ ချီးကျူးဂုဏ်ပြုနေလေသည်။

ဟွား.........

သူ ထိုစကားအားပြောလိုက်သည်နှင့် တစ်ချိန်တည်းတွင် လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။ အစောင့်များ၊ ကလေးထိန်းအိုများ၊ အစေခံများနှင့် အ်ိမ်ဖော်များအားလုံး ၀မ်ချောင်အား မယုံကြည်နိုင်မှုဖြင့် ကြည့်နေကြသည်။

၀မ်သခင်မပင်လျှင် နောက်လှည့်ကာ ၀မ်ချောင်အား မယုံမကြည်ဖြင့် ကြည့်လိုက်မိသည်။ သူမ၏ စွမ်းရည်မရှိသော၊ ပြဿနာရှာတတ်သော၊ အသုံးမကျသည့်သားအား စုန့်ဘုရင်မှ ထိုမျှလောက်ထိ ချီကျူးသည်ကို သူမ မယုံနိုင်ပဲ ဖြစ်နေသည်။

၀မ်သခင်မသည် တော်၀င်ရုံးတော်နှင့် ပက်သက်လျှင် ကြား၀င်ခဲသော်လည်း စုန့်ဘုရင်က တစ်ခြားတစ်ယောက်အား အလွယ်တကူ ချီးကျူးပြောဆိုခြင်း မရှိသည်ကိုတော့ သိထားလေသည်။ သို့တိုင်အောင် သူက ၀မ်ချောင်အပေါ်တွင် ထိုမျှလောက် မြင့်မားစွာ မျှော်မှန်းထားနေသည်။

“ အတော်ထူးဆန်းတာပဲ.. ဘယ်လိုလုပ်ပြီး စုန့်ဘုရင်က ငါ့ကိုမှတ်မိနေရတာလဲ.. ”

၀မ်ချောင်က အခြားသူများထက်ပင် ထိုကိစ္စအပေါ်တွင် ပို၍စိတ်ရှုပ်ထွေးနေသေးသည်။ စုန့်ဘုရင်၏ ချီးမြှောက်ခြင်း ခံရလောက်အောင် သူဘာလုပ်ခဲ့မိသည်ကိုပင် သူမမှတ်မိနေပေ။ အတိအကျဆိုရလျှင် သူသည် စုန့်ဘုရင်အား တစ်ခါမှ တွေ့ဆုံဖူးသည် မဟုတ်ပေ။

သို့သော် များမကြာမှီပင် ယမန်နေ့က ဖြစ်ရပ်များအား ၀မ်ချောင် အမှတ်ရလိုက်သည်။

“ ဟားးဟား... ကြည့်ရတာ လူသခင်က ဒီကိစ္စမှာ အရေးပါတဲ့နေရာက ၀င်ကစားလိုက်ပြီထင်တယ်.. ”

၀မ်ချောင် သဘောပေါက်လာသလိုရှိကာ ပြုံးလိုက်သည်။

သူ၏ဖခင်ဖြစ်သူမှာ မြို့တော်မှ ထွက်သွားခဲ့ပြီဖြစ်ရာ စုန့်ဘုရင်ရှေ့တွင် ပြောရေးဆိုခွင့်ရှိသူမှာ လူသခင် တစ်ယောက်သာ ရှိပေသည်။ မြင်ရသလောက် တစ်ဖက်လူ၏ရှေ့တွင် သူ၏ကြိုးစားအားထုတ်ခဲ့မှုများက အလဟဿမဖြစ်ခဲ့ပေ။

“ သားဒီမနက်အပြင်ထွက်ပြီး အလေလိုက်နေတာ မဟုတ်ရပါဘူး အမေရယ်.. ကြည့်လေ.. စုန့်ဘုရင်တောင်မှ သားကို ချီးမွမ်းနေသေးတယ်မလား.. ”

၀မ်ချောင် အလျင်အမြန်ထရပ်လိုက်ကာ ပြုံးဖြီးဖြီးလုပ်နေသည်။

ဤအရာမှာ အခွင့်ကောင်းဖြစ်ပေသည်။ အကယ်၍ သူထိုအရာအား ကောင်းကောင်းအသုံးမချလျှင် စုန့်ဘုရင်အား ဤကိစ္စရပ်များထဲသို့ ဆွဲထည့်ထားသော သူ၏ အားထုတ်မှုများက အလဟဿ ဖြစ်သွားပေမည်။

၀မ်သခင်မ ၀မ်ချောင်အား ကြည့်လိုက်သည်။ မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို သူမ မသိနေသော်လည်း သူမအနေဖြင့် စုန့်ဘုရင်၏ သံတမန်ရှေ့တွင် ၀မ်ချောင်အား ဆိုဆုံးမနေ၍ မသင့်တော်ပေ။

“ မြန်မြန်.. စုန့်ဘုရင်ကို ကျေးဇူးတင်လိုက်ဦး.. ”

၀မ်သခင်မ အေးစက်စက်နှင့် ပြောလိုက်သည်။

“ သံတမန်.. ကျေးဇူးတင်ပါတယ် ”

၀မ်ချောင် အဆောတလျင် ရှေ့ထွက်ကာ ဦးညွှတ်လိုက်ပြီး...

“ စုန့်ဘုရင်ကို ကျေးဇူးတင်ကြောင်းပြောဖို့ သံတမန်ကိုပဲ ဒုက္ခပေးရဦးမယ်.. ”

“ဟားဟား.... ချောင်ကုန်းဇီက အရမ်းယဉ်ကျေးလွန်းနေပါပြီ.... ”

...........

ထိုမြင်ကွင်းက အားလုံးအား မှင်သက်သွားစေသည်။ သူတို့အထင်တွင် တတိယသခင်လေးမှာ ထိုဘေးဒုက္ခမှ ထွက်ပြေးနိုင်တော့မည်မဟုတ်ဟု တွေးထားကြသော်လည်း စုန့်ဘုရင်၏ကယ်တင်မှုဖြင့် အဆုံးသတ်သွားလေသည်။

၀မ်ချောင်က ထိုအချက်အပေါ်တွင် တွေဝေ မနေပေ။ ရခဲလှသော အခွင့်ရေးကြီးအား အကြောင်းပြ၍ သေတ္တာငယ်အား ယူဆောင်လျက် ရှောင်ထွက်သွားလေတော့သည်။

.............

သူ့အခန်းသို့ ပြန်ရောက်သည်တွင် ၀မ်ချောင် တံခါးအားပိတ်လိုက်ကာ သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ငုံချင်း သောက်နေလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးချလိုက်ပြန်သည်။ တဖြည်းဖြည်းနှင့် သူ့အမူအရာများက တည်ငြိမ်လာသည်။

စုန့်ဘုရင်၏သံတမန်က ထွက်သွားခဲ့ပြီဖြစ်သလို သူ့မိခင်ကလည်း အိမ်ဖော်များ၊ အစေခံများနှင့် ကလေးထိန်းများအားလုံးအား ခြံ၀န်းအတွင်းပြန်ခေါ်၍ အနားယူခိုင်းလိုက်ပြီ ဖြစ်သည်။

ငြိမ်သက်အေးချမ်းမှုက ၀မ်မိသားစုခြံ၀င်းအပေါ်တွင် တစ်ဖန် ဖြစ်တည်လာသည်။ နောက်ဆုံးတွင်တော့ ၀မ်ချောင် သူ၏ အနာဂတ်အား တွေးတောဆင်ခြင်ရန် အချိန်ရပြီဖြစ်လေသည်။

သူ့ဖခင်နှင့်ပက်သက်၍လည်း သူလုပ်ဆောင်ပြီးဖြစ်သလို ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍လည်း လိုအပ်သော ငွေပမာဏအား စုဆောင်းမိပြီးဖြစ်ကာ ဝေကလေးကလည်း သူ့အတွက် သင့်တော်သော ပန်းပဲပညာရှင်များအား ရှာဖွေပေးနေပြီဖြစ်လေသည်။ ဝုစ်သံမဏိလက်နက်များမှာ ချက်ချင်းထလုပ်၍ရသော အရာမဟုတ်ပေရာ ထိုမတိုင်ခင်အထိ သူ့တွင် လုပ်စရာ များများစားစားမရှိနေပေ။

“ အခုက ငါ့ရဲ့ စွမ်းရည်တွေကို မြင့်တင်ရမဲ့ အချိန်ပဲ.. ”

၀မ်ချောင် လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ကာ အတွေးနယ်ချဲ့နေသည်။

ယခင်ဘ၀၌ ၀မ်ချောင်က တစ်လောကလုံးအား တုန်လှုပ်စေသည့် ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ဖူးသည်ဖြစ်ရာ ထိုအရာမှာ တစ်ဦးတည်း ထူးချွန်နေခြင်းဖြင့် ဖြေရှင်းနိုင်သည့်အရာ မဟုတ်မှန်း သူသိထားလေသည်။

‘ လယ်သမားတစ်ယောက်ရဲ့ဒေါသက ရပ်ရွာတစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်.. ဒါပေမဲ့ အင်ပါယာအရှင်ရဲ့ အမျက်ကတော့ မြစ်ရေကို သွေးအဖြစ် ပြောင်းလဲစေနိုင်တယ် ’ အလယ်ပိုင်းလွင်ပြင်၏ ထိပ်ဆုံးသို့ရောက်မှသာ မထင်မှတ်ထားသော ကပ်ဘေးကြီးတွင် မဟာထန်၏ကံကြမ္မာအား ပြောင်းလဲ ပဲ့ကိုင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ၀မ်ချောင်က တော်၀င်ရုံးတော်၏ ရာထူးရာခံများထဲတွင် အမြင့်သို့တက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ သူ့ကလန်နှင့် အင်ပါယာအား ပြောင်းလဲခြင်းသည်သာလျှင် သူ့ရည်မှန်းချက်ပန်းတိုင်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။

ထိုအရာနှင့်နှိုင်းယှဉ်လျှင်မူ တစ်ဦးချင်းခွန်အားကြီးသည်က အသေးအဖွဲ ဖြစ်သွားလိမ့်မည်။

သို့သော်လည်း ထိုအရာက လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက အရေးမပါဟု ဆိုလိုသည် မဟုတ်ပေ။

အကယ်၍ သူကအင်ပါယာအား ပြောင်းလဲပစ်ရန် လုံလောက်သော အခွင့်အာဏာရှိသည့် မြင့်မားသော ရာထူးအား လိုချင်လျှင် အခြားသူများ မယှဉ်နိုင်လောက်သည့် ခွန်အားကို ပိုင်ဆိုင်ထားရပေမည်။

အလယ်ပိုင်းလွင်ပြင်ထဲမှ မဟာထန်အင်ပါယာထဲတွင် ခွန်အားသည်သာ အရာရာဖြစ်ပေသည်။

ထို့အပြင် ယနေ့ သူ ဝေဟောင်နှင့်ရှိနေစဉ်တွင် ဝေဟောင်မှ သူ့အား အသာလေးတွန်းလှဲလိုက်သည် မဟုတ်လား။ ထိုအရာက ၀မ်ချောင်အား ပို၍ပင် စိတ်ခွန်အားပေးစွမ်းလေသည်။

ဝေဟောင်ပြောသလိုပင် သူ ပို၍ကြိုးစားရန် လိုအပ်နေပေသည်။

သတ္ထုရိုင်းက လက်နက်မဖြစ်ခင်တွင် အထုအနှက်ခံနိုင်ရပေမည်။ အကယ်၍ သူသာ ခွန်အားနည်းပါးနေလျှင် သူပြောသည်များက လေထဲတွင်သာ အငွေ့ပျံသွားကာ အကောင်အထည်ပေါ်လာမည်မဟုတ်ပေ။

“ လာမဲ့ရက်အနည်းငယ်အတွင်းတော့ ငါအိမ်မှာပဲနေပြီး ဝီရိယရှိရှိ လေ့ကျင့်နေမှ ရတော့မယ် ”

၀မ်ချောင် သူ့စိတ်အား ပြင်ဆင်လိုက်သည်။

အခန်းအတွင်း၌ မည်သူမျှမရှိနေပေ။ အချိန်အနည်းငယ် အနားယူအပြီး ၀မ်ချောင်၏ အာရုံစိုက်မှုက စုန့်ဘုရင် တစ်စုံတစ်ယောက်နှင့် ပို့ခိုင်းလိုက်သော သေတ္တာအပေါ် ကျရောက်သွားသည်။

(စုန့်ဘုရင် ငါ့ကို ဘာပေးလိုက်တာလဲမသိဘူး )

သေတ္တာအား မြင်သည်တွင် ၀မ်ချောင်စိတ်ထဲ၌ရုတ်တရက် သိချင်စိတ် ပြင်းပြလာသည်။

စုန့်ဘုရင်သည် တော်၀င်ကလန်သား ဖြစ်သည်နှင့်အညီ ထိုသို့သောသူများက အခြားသူများအား ဆုချခြင်းနှင့် အပြစ်ပေးခြင်းတွင် တစ်ဦးချင်းအလိုက် ထူးခြားကြသည်။ သူတို့ အခြားသူများအား ပြီးစလွယ် လက်ဆောင်များ ပေးကမ်းတတ်ကြသည်မဟုတ်ချေ။ အကယ်၍ သူတို့ ပေးမည်ဆိုလျှင် ထိုလက်ဆောင်ကိုလည်း သဘောထားကြီးစွာဖြင့် ပေးကမ်းတတ်ကြသည်။ တစ်စုံတစ်ယောက်အား သူ့ထံ ပေးပို့စေသော ထိုပစ္စည်းမှာလည်း အလွန်တန်ဖိုးကြီးပေလိမ့်မည်။

စုန့်ကလန်နှင့်၀မ်ကလန်မှာ မျိုးဆက်သုံးခုတိုင်တိုင် ချစ်ကြည်ရင်းနှီးခဲ့ကြသော်လည်း မျိုးဆက်ဟောင်းများက မျိုးဆက်သစ်လူငယ်များအပေါ် မျက်နှာသာပေးသည်က ရှားလေသည်။

၀မ်ချောင် စုန့်ဘုရင်ထံမှ လက်ဆောင်ရရှိဖူးသည်ကလည်း ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

“ မြန်မြန်ဖွင့်ကြည့်ဦးမှပါ.. ”

ယခုအချိန်မှတော့ ၀မ်ချောင် သူ၏သိချင်စိတ်အား ဖိနှိပ်မထားနိုင်တော့ပေ။ သေတ္တာအား စားပွဲပေါ်တွင် တင်လိုက်ပြီး ထိုသေတ္တာပေါ်တွင် မြှပ်နှံထားသော သော့ခလောက်အား ဖွင့်လိုက်သည်။ ကလစ်.. သေတ္တာပွင့်သွားပေပြီ။

“ မွှေးနေတာပဲ... ”

၀မ်ချောင် အဖုံးအား ဖွင့်လိုက်သည်နှင့် သန့်ရှင်းလတ်ဆတ်သော မွှေးရနံ့အား ရှုရှိုက်မိသည်။ ၀မ်ချောင် တားမနိုင်ဆီးမရ ထိုရနံ့အား အငမ်းမရ ရှုရှိုက်လိုက်မိသည်။

“ ဒါက ဆေးလုံးပဲ.. ”

၀မ်ချောင်ခေါင်းထဲတွင် အတွေးတစ်ခု လျှပ်တပြက်ပေါ်ပေါက်လာသည်။ သူအလွန်ပျော်ရွှင်သွားသည်။ ဆေးရနံ့၏ ထူးကဲမှုထဲတွင် ၀မ်ချောင် ကန့်(Sulfur)နှင့်ခဲ(Lead)အနံ့များအား ရရှိလိုက်သည်။

ဤအရာနှစ်ခုမှာ ဆေးလုံးဖော်စပ်ရာတွင်ပါ၀င်သော အဓိက ပစ္စည်းများ ဖြစ်ပုံရသည်။ သံသယကင်းစွာပင် စုန့်လုရင် သူ့အား ပေးသနားသည်မှာ အလွန်အဖိုးတန်သော ဆေးလုံးပင် ဖြစ်ပေမည်။

၀မ်ချောင် လျင်မြန်စွာဖြင့် ဖွင့်လိုက်သည်တွင် သေတ္တာ၏အောက်ခြေ၌ ရွှေရောင်ပိုးသားအုပ်ထားလျက် ထိုအပေါ်တွင် ခဲရောင်တောက်နေသေည့် လုံး၀န်းကာ ထူထဲသည့်အငွေ့အသက်နှင့် ဆေးလုံးအား တွေ့လိုက်ရသည်။ ထိုဆေးလုံးမှ သတ္ထုကဲ့သို့သော အလင်းရောင်များ ရောင်ပြန်ဟပ်နေသည်။

လက်မအရွယ်ခန့်ရှိသော ဆေးလုံး၏မျက်နှာပြင်တွင် ဆေးလုံးအား ဆန်းကြယ်သည့်အသွင် ဖြစ်နေစေသော သိမ်သိမ်မွေ့မွေ့ အရေးအကြောင်း သေးလေးများအား ၀မ်ချောင် တွေ့နေရသည်။

“ ကိုယ်ခန္ဓာ တည်ဆောက်ရေးဆေးလုံး ”

၀မ်ချောင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ စုန့်ဘုရင် သူ့အား ချီးမြှင့်လိုက်သည့် ဆေးလုံးမှာ အလွန်တန်ဖိုးရှိကာ ရှားပါးသော ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး ဖြစ်ပေသည်။ ထိုဆေးလုံးမှာ စဦးသိုင်းပညာရှင်များ မူလစွမ်းအင်ကျင့်ကြံရာတွင် သူတို့၏ ကိုယ်တွင်းစွမ်းအင်များအား တိုးမြှင့်ရာ၌ အသုံးပြုသော ဆေးလုံးဖြစ်ပေသည်။ စဦးသိုင်းပညာကျင့်ကြံသူများ အိပ်မက်ထဲတွင် ထည့်မက်တတ်သည့် ဆေးလုံးပင် ဖြစ်ပေသည်။

၀မ်ချောင်သည်လည်း ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံအား သူ့အတွက်သူ ၀ယ်ယူချင်ခဲ့သော်လည်း ၀မ်မိသားစု၏ ဘဏ္ဍာရေးမှာ ထိုအရာအား မတတ်နိုင်ခဲ့ပေ။ ထို့အပြင် ဆေးဝါးဖော်စပ်ရောင်းချသူမှာလည်း အလွန်ရှားပါးလှကာ အင်ပါယာ၏ သစ္စာတော်ခံများသာ ရရှိကြလေသည်။ အခြားသူများမှာမူ တော်၀င်မျိုးနွယ်များ အပါအ၀င် ထိုအရာများအား ရရှိရန် မတတ်စွမ်းနိုင်ကြပေ။

အတိအကျဆိုရလျှင် ထိုဆေးဝါးပညာရှင်များကလည်း လူရှေ့သူရှေ့ပေါ်လာခဲလေသည်။ ၀မ်ကလန်ကဲ့သို့ ထင်ရှားကျော်ကြားသောကလန်ပင်လျှင် ထိုသူများနှင့် ဆုံတွေ့ခွင့်ရရန် ခက်ခဲလှပေ၏။

၀မ်ချောင်က စုန့်ဘုရင်မှ သူ့အား ထိုမျှလောက် တန်ဖိုးကြီးသော ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး ပေးအပ်လိမ့်မည်ဟု မထင်မှတ်ထားပေ။

“ ကောင်းလိုက်တာ.. ဒီဆေးလုံးနဲ့ဆိုရင် နဂါးအရိုးနည်းစနစ်ကို ငါကျင့်ကြံနိုင်ပြီ ”

ဆေးလုံးအား ကြည့်နေရင်း ၀မ်ချောင် အဆုံးစွန်သော နည်းစနစ်တစ်ခုအား ပြန်စဉ်းစားမိလိုက်သည်။ ထိုနည်းစနစ်မှာ သင်ယူရန်နှင့်ဆုပ်ကိုင်မိရန် အလွန့်အလွန် ခက်ခဲလှပေသည်။ ထို့အပြင် နည်းစနစ်၏ အသုံး၀င်မှုအား ထုတ်ပြရန် အချိန်အတော်ကြာ ကျင့်ကြံရသေးသည်။ ထို့ကြောင့်ပင် ၀မ်ချောင်မှ ထိုနည်းစနစ်အား ပထမဦးစားပေး အနေနှင့် လေ့ကျင့်ခဲ့ခြင်း မရှိသည်ဖြစ်သည်။

သို့သော်လည်း ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးဖြင့်ဆိုလျှင် အရာအားလုံးမှာ ခြားနားသွားပေပြီ။

အခြားသူများလက်ထဲတွင်ဆိုလျှင် ထိုကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးမှာ သူတို့၏ အပြင်ပိုင်းစွမ်းရည်များကိုသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်အား ပိုမို သန်စွမ်းလာစေပြီး ခံနိုင်ရည်တိုးစေမည်ဖြစ်သည်။ သို့သော် ၀မ်ချောင်က ထိုဆေးလုံး၏ အသုံး၀င်မှုအလုံးစုံအား စုပ်ယူနိုင်လေသည်။

ထိုအရာက နောင်တွင် ကွန်းဝူလေ့ကျင့်ရေးစခန်းအား ၀င်ရောက်စဉ်၌ သူ့အား အထောက်အကူဖြစ်စေလိမ့်မည်။

“ ကြည့်ရတာ ငွေထိန်းတစ်ယောက်ကို ငါ့အတွက် ဆေးပင်တစ်ချို့ ပြင်ထားခိုင်ဦးမှပါ... ”

၀မ်ချောင် တွေးနေသည်။

ဟင်းလင်းပြင်မတူညီသော ဤနေရာရှိ ဆေးလုံးပြုလုပ်ခြင်းအနုပညာမှာ ဆန်းကြယ်လှသည်။ ခဲပမာဏများများ၊ ပြဒါး၊ ကန့်နှင့် သတ္ထုများက ဆေးလုံးတွင် ပါ၀င်နေသည်။ ထိုပါ၀င်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ဆေးလုံးများက လူသာမန်များအား အဆိပ်သင့်စေနိုင်သည်။ ထိုဆေးလုံးများအား စားသုံးချိန်တွင် သူတို့၏ ခွန်အားများ တိုးမလာယုံအပြင် အနိစ္စသဘောဖြင့် ကိစ္စချောသွားနိုင်သေးသည်။

သို့သော်လည်း သိုင်းပညာရှင်များအတွက်မှာမူ မတူညီသောဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလေသည်။ သင့်တော်သော ခဲ၊ ပြဒါးနှင့် ကန့် ပမာဏက သိုင်းပညာရှင်များ၏ အရိုးအား ကြံ့ခိုင်စေရုံသာမက အရွတ်များကိုလည်း သန်မာစေသည်။

၀မ်ချောင်က ထိုမျှလောက် မသန်မာသေးပေ။ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးအား မစားသုံးခင် အဆိပ်သင့်မှုအား ချေဖျက်ရန် အချို့သော ဆေးပင်များ၏ အကူအညီ ယူရပေဦးမည်။

ဘန်း.............

ထိုသို့တွေးလိုက်သည်နှင့် ၀မ်ချောင်က ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးအား သေတ္တာထဲသို့ ပြန်ထည့်ကာ သော့ခတ်ထားလိုက်သည်။

All Chapters