လင်ယန်ရွှယ်
Vol. 4 Ch. 32
အနက်ရောင်ဝတ်စုံအောက်မှ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသွယ်လျသော ခြေတံအစုံမှာ အမျိုးသားများအတွက် မခံမရပ်နိုင်စရာ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
လင်ယန်ရွှယ်သည် သူမ၏ မွေးရာပါညှို့ဓာတ်များဖြင့် အမျိုးသားပေါင်းများစွာ၏ အိပ်မက်ဖြစ်ခဲ့သည်။
သို့သော် အသူရာဂိုဏ်း၏ ခေါင်းဆောင်ပင်လျှင် သူမအပေါ် မည်သည့်မျှော်လင့်ချက်မှ မထားရဲပေ။
ဟယ်ဟွမ်းဂိုဏ်းသည် နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းထဲတွင် အမျိုးသမီးတပည့်များကိုသာ ခေါင်းဆောင်အဖြစ် ထားရှိဝံ့သည့် တစ်ခုတည်းသောဂိုဏ်း ဖြစ်သည်။
၎င်းသည် နတ်ဆိုးဂိုဏ်းများ၏ လောကဓံကို ကြံ့ကြံ့ခံကာ ယနေ့တိုင် တည်ရှိနေခြင်းမှာ တပည့်အရေအတွက် များပြားခြင်းကြောင့် မဟုတ်သလို၊ ပါရမီရှင်များစွာ ရှိနေခြင်းကြောင့်လည်း မဟုတ်ပေ။
၎င်းမှာ ဂိုဏ်းချုပ် လင်ယန်ရွှယ်၏ အစွမ်းကြောင့်သာ ဖြစ်သည်။
"ပထမအဆင့် မဟာ ကျင့်ကြံသူ" ဤနယ်ပယ်သည် သိုင်းသမားပေါင်းများစွာ အိပ်မက်မက်ကြသော်လည်း သမိုင်းတစ်လျှောက်တွင် ပညာရှင်အများစုမှာ ဤအဆင့်သို့ မရောက်မီပင် သေဆုံးပျောက်ကွယ်သွားခဲ့ကြသည်။
အသူရာဂိုဏ်းခေါင်းဆောင်ပင်လျှင် ထိုအဆင့်၏ အစွန်းအဖျားကိုသာ ထိတွေ့နိုင်သေးသည်။
သို့သော် လင်ယန်ရွှယ်မှာမူ နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းထဲတွင် မဟာ ကျင့်ကြံသူအဆင့်သို့ ရောက်ရှိထားသည့် တစ်ဦးတည်းသော အမျိုးသမီး သိုင်းပညာရှင် ဖြစ်သည်။
ထို့အပြင် လင်ယန်ရွှယ်တွင် နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းစလုံးကို ထိတ်လန့်စေသည့် စရိုက်တစ်ခုရှိသည်။
၎င်းမှာ "မိမိလူကို အထိမခံခြင်း" ပင် ဖြစ်သည်။
ထို့ကြောင့် မည်သည့် နတ်ဆိုးဂိုဏ်းသားမျှ ဟယ်ဟွမ်းဂိုဏ်းမှ တပည့်များကို မနှောက်ယှက်ရဲကြပေ။
တစ်ခါက အသူရာဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦး၏ အလှတွင် မိန်းမောကာ ပတ်သက်ရန် ကြိုးစားခဲ့ဖူးသည်။
လင်ယန်ရွှယ် သိသွားသောအခါ ထိုညမှာပင် အသူရာဂိုဏ်းထဲသို့ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းပြီး အကြီးအကဲအဆင့် ၁၀ ဦးနှင့် ဂိုဏ်းသား ၅၀၀ ကို သတ်ပစ်ခဲ့သည်။
နောက်ဆုံးတွင် ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ထွက်လာပြီး ဘယ်လက်ရုံး၊ ညာလက်ရုံးအစောင့်အရှောက်များနှင့် ပူးပေါင်းတားဆီးမှသာ လင်ယန်ရွှယ်၏ ဒေါသကို ပြေလျော့စေခဲ့သည်။
ယခုအခါ လင်ယန်ရွှယ်သည် သူမ၏တပည့်များကို ဦးဆောင်ကာ အသူရာဂိုဏ်းအတွင်းသို့ ကိုယ်တိုင် ဝင်ရောက်လာသည်။
သူမ၏ မျက်နှာမှာ အလွန်ပင် မကျေမနပ် ဖြစ်နေပုံရသည်။
သူမ လာရခြင်းမှာ စုမေ့အာ အတွက် ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ပေ။
“အသူရာ...”
“ငါ ဘာလို့လာတယ်ဆိုတာ မင်း ကောင်းကောင်းသိပါတယ်"
“ကျန့်ခွေသာ စုမေ့အာနောက်ကို လိုက်မနှောက်ယှက်ခဲ့ရင် သူမ ဝူတန်ဂိုဏ်းလက်ထဲ ကျရောက်မှာ မဟုတ်ဘူး"
“ကြည့်ရတာ ငါ့ရဲ့ နည်းလမ်းတွေကို မင်းတို့ မေ့နေကြပြီထင်တယ်။ ဒီနေ့ အသူရာဂိုဏ်းကို ငါတစ်ခါလောက် ထပ်သင်ပေးရမလား?”
ထိုသို့ပြောပြီးသည်နှင့် လင်ယန်ရွှယ်၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး သူမ၏ ပြင်းထန်လှသော အတွင်းအားများမှာ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ထွက်ပေါ်လာသည်။
နတ်ဆိုးဂိုဏ်းသား အချို့မှာ အသက်ရှူရ ခက်ခဲလာသဖြင့် ဒူးထောက်ကာ အသနားခံကြရတော့သည်။
“လင်... ယန်... ရွှယ်"
အသူရာဂိုဏ်းခေါင်းဆောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အော်လိုက်သည်။
“မင်း ပြဿနာလာရှာရင် ငါကလည်း အဆုံးထိ တိုက်မှာပဲ။ ဒါပေမဲ့ မင်း တစ်ခုတော့ သိထားဖို့ လိုတယ်"
"ငါတို့ဂိုဏ်းမှာလည်း လက်ဝဲ၊ လက်ယာ အစောင့်အရှောက် နှစ်ယောက်လုံး ဆက်တိုက် ဆုံးရှုံးထားရတာ။ အမှန်အတိုင်း ပြောရရင် ငါက မင်းထက်တောင် ပိုပြီး စိတ်ပူနေသေးတယ်"
"စုမေ့အာ ကိစ္စအတွက် အပြစ်တင်ချင်ရင် ဝူတန်ဂိုဏ်းဆီသာ သွားလိုက်"
ပုံမှန်ဆိုလျှင် သူသည် မည်သူ့ကိုမျှ အကျိုးအကြောင်း ရှင်းပြနေမည့်သူ မဟုတ်သော်လည်း လင်ယန်ရွှယ်မှာ ပထမအဆင့် ဖြစ်နေသဖြင့် ထိပ်တိုက်တွေ့ပါက အသူရာဂိုဏ်းသား ၈၀ ရာခိုင်နှုန်းခန့်ကို စတေးရပေလိမ့်မည်။
“ဟင်း"
လင်ယန်ရွှယ်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး-
“ကျန့်ခွေနဲ့ စုမေ့အာဟာ အမြဲတမ်း အဆင်မပြေဖြစ်နေတာကို ငါ မသိဘူး မမှတ်နဲ့။ သူက အရင်စပြီး ပြဿနာရှာလို့ နှစ်ယောက်လုံး ဝူတန်ရဲ့ ထောင်ချောက်ထဲ မိသွားတာပဲ"
ပြောပြီးနောက် သူမက လှည့်ထွက်သွားရင်း-
“ဝူတန်ဂိုဏ်းလေးလောက်ကိုတောင် ရန်သူတော်ကြီးလို သဘောထားနေရတဲ့ အသူရာဂိုဏ်းဟာ ဆက်ပြီး တည်ရှိနေဖို့ အကြောင်းမရှိတော့ဘူး"
"နတ်ဆိုးဂိုဏ်းရဲ့ သိက္ခာကို မချပါနဲ့တော့"
လင်ယန်ရွှယ်သည် သူမ၏လူများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
အသူရာဂိုဏ်းခေါင်းဆောင်၏ နာကျည်းမှုအပြည့်နှင့် ဟိန်းဟောက်သံမှာ ဂူအတွင်း၌ ပဲ့တင်ထပ်ကျန်ရစ်သည်။
တစ်ချိန်တည်းမှာပင် ဟယ်ဟွမ်းဂိုဏ်းမှ လှပသော အမျိုးသမီးများသည် အလယ်ပိုင်းဒေသနှင့် အနောက်ဘက်ဒေသ နယ်စပ်သို့ တန်းတန်းမတ်မတ် ချီတက်သွားကြသည်။
ထို့နောက် ဂိုဏ်းချုပ် လင်ယန်ရွှယ်သည် အလယ်ပိုင်းဒေသ သိုင်းလောကအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်သွားတော့သည်။
ဝူတန်တောင်ခြေ။
အလယ်ပိုင်းဒေသနှင့် အနောက်ဘက် နတ်ဆိုးဂိုဏ်းများ ဖရိုဖရဲ ဖြစ်နေချိန်တွင် တောင်ခြေရှိ မြက်ခင်းပြင်မှာမူ အေးချမ်းဆဲပင်။
လင်ချွမ်အတွက်မူ ဤနေရာသည် နတ်ဘုံနတ်နန်းကဲ့သို့ပင်။
တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိသော်လည်း အချိန်အတော်များများမှာ အေးဆေးလှသည်။
သူသည် လူရှုပ်သည်ကို မကြိုက်သောကြောင့် ဤကဲ့သို့ အေးချမ်းမှုကို တန်ဖိုးထားသည်။
ဤအေးချမ်းမှုကို ဖျက်ဆီးမည့်သူမှန်သမျှ ကျန့်ခွေနှင့် စုမေ့အာတို့ကဲ့သို့ ကံကြမ္မာမျိုး ကြုံရပေလိမ့်မည်။
သူသည် နတ်ဆိုးဂိုဏ်းဝင်နှစ်ဦးကို ရှောင်းယောက် တောင်ထိပ်သို့ ပို့လိုက်ပြီးကတည်းက ထပ်မသွားဖြစ်တော့ပေ။
သို့သော် ဝူတန်တပည့်များ တောင်ပေါ်သို့ အဆက်မပြတ် တက်နေကြပုံအရ ယင်ဟွိုက်ယွီ သည် သူ၏ အလုပ်ကို ကောင်းကောင်းလုပ်နေပုံရသည်။
“ထားလိုက်ပါတော့"
“ရန်သူလာရင် ခုခံလိုက်မယ်"
လင်ချွမ်က သမ်းဝေလိုက်သည်။
သူသည် နှစ်လ ဆက်တိုက် စနစ်ဝင်ထားသဖြင့် နတ် ဖန်ရေစင်အတော်များများ စုဆောင်းမိထားသည်။
သာမန်သိုင်းသမားများအတွက် စိတ်ဓာတ်မြှင့်တင်ဆေး မှာပင် အလွန်အဖိုးတန်လှသော်လည်း၊ နတ်ဖန်ရေစင်မှာမူ အိပ်မက်ပင် မမက်ရဲသော အဆင့်မြင့်ဆေးရည် ဖြစ်သည်။
လင်ချွမ်ကတော့ ၎င်းတို့ကို မုန့်စားသလို စားနေခြင်းဖြစ်သည်။
သူသည် သစ်ပင်ကြီးအောက်တွင် ထိုင်ကာ လေပြေကို ခံစားရင်း နတ်ဖန်ရေစင်များကို အိတ်ထဲမှ နှိုက်စားနေသည်။
“ဂျွတ်... ဂျွတ်!”
လင်ချွမ် မျက်လုံးမှိတ်လျက် အေးဆေးစွာ အနားယူနေသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်ပိုးချည် နတ်ပညာနှင့် နှင့် နတ်ဆိုး ပညာတို့သည် ယင်နှင့် ယန် အဖြစ်သို့ ပေါင်းစပ်ကာ အလိုအလျောက် လည်ပတ်နေကြသည်။
သူသည် တမင်တကာ ကျင့်ကြံနေရန် မလိုဘဲ အိပ်နေလျှင်ပင် ကျင့်ကြံနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ကျင့်ကြံမှုနှုန်းမှာ အခြားသူများထက် ဆယ်ဆခန့် ပိုမြန်လှသည်။
သို့သော်လည်း သူသည် ပထမအဆင့် ကျင့်ကြံသူနှင့် အဆင့်နှင့် အထွတ်အထိပ် အဆင့်ကြားတွင် ပိတ်မိနေသည်။
ယင်ဟွိုက်ယွီ ပေးထားသော စာအုပ်ထဲမှာပင် ဤအလယ်အလတ် နယ်ပယ်ကို ရှင်းပြမထားသဖြင့် သူကိုယ်တိုင် အမည်တစ်ခု ပေးထားလိုက်သည် -
"မဟာ ကျင့်ကြံသူ နယ်ပယ်”
နတ်ဖန်ရေစင် တစ်အိတ်လုံးကို စားပြီးနောက် နှစ်လစာ စုဆောင်းထားသမျှ အရာအားလုံးမှာ အတွင်းအားအဖြစ် ပြောင်းလဲသွားသည်။
လင်ချွမ်သည် နောက်ဆုံးတွင် အဆင့်ကျော်လွှားရန် အတားအဆီးကို ထိတွေ့မိသွားသည်။
ဤအရာကို ကျော်ဖြတ်ရန်အတွက် အတွင်းအား အမြောက်အမြား လိုအပ်နေသေးသည်။
“နတ်ဖန်ရေစင်တွေ ထပ်စုဖို့ လိုဦးမယ်ထင်
တယ်"
လင်ချွမ်း အသာအယာ ပြုံးလိုက်သည်။
အေးချမ်းသော သူ၏ နေ့စဉ်ဘဝတွင် လှိုင်းတစ်ခု စတင်ပေါ်ပေါက်လာပြီ ဖြစ်သည်။
ကျယ်ပြောလှသော မြက်ခင်းပြင်ပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦးသည် လေထဲတွင် လမ်းလျှောက်လျက် သူ့ထံသို့ ဦးတည်လာနေသည်။
“ပထမအဆင့် ကျင့်ကြံသူ အဆင့်ရောက်နေတဲ့ မိစ္ဆာမတစ်ယောက်ပါလား"