← Chapters

မိစ္ဆာဖြစ်သော်လည်း လူ့နှလုံးသား​၏လှည့်စားတတ်သော သဘာဝကို နားမလည်သေးခြင်း

Vol. 4 Ch. 33

မိစ္ဆာဖြစ်သော်လည်း လူ့နှလုံးသား​၏လှည့်စားတတ်သော သဘာဝကို နားမလည်သေးခြင်း

Vol. 4 Ch. 33

အဝေးမှကြည့်လျှင် ထိုမိစ္ဆာမလေးသည် နှင်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် သေးသွယ်သောအသွင်ရှိသည်။

အနက်ရောင် ဝတ်စုံအောက်မှ ကျောက်စိမ်းကဲ့သို့ လှပသော ခြေတံအစုံမှာမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူမသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လေကို ဆန့်ကျင်ကာ လျှောက်လှမ်းလာသည်။

နွေဦးလေပြေထဲမှ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ဆန်းကြယ်ပြီး ထူးခြားလှသည်။

သို့သော် လင်ချွမ်သည် သူမ၏ အလှတွင် မိန်းမောမသွားခဲ့ပေ။

ထိုမိစ္ဆာမလေး၏ အတွင်းအားထဲတွင် နတ်ဆိုစွမ်းအင်​၏ အငွေ့အသက်များ အလွန်ထင်ရှားနေသည်ကို သူ အာရုံခံမိသည်။

ထို့အပြင် သူမသည် နက်နဲသော အတွင်းအားရှိပြီး ပထမအဆင့် ကျင့်ကြံသူ နယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သည်။

လင်ချွမ်အနေဖြင့် ဘဝကူးပြောင်းလာပြီးနောက် မိမိကိုယ်တိုင်မှလွဲ၍ ပထမအဆင့် တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် သူက သူမကို အနည်းငယ် ပို၍ အကဲခတ်ကြည့်လိုက်မိသည်။

“အင်း?”

“ဒီမှာ လူတစ်ယောက် ရှိနေတာပဲ"

လင်ယန်ရွှယ်က သူမ၏ နှင်းကဲ့သို့ ဖြူစင်သော မေးစေ့ကို အနည်းငယ် မြှင့်လိုက်သည်။

ထိုစဉ်မှာပင် သူမသည် လင်ချွမ် ရှိနေသည်ကို သတိပြုမိသွားသည်။

သူမသည် မိမိကိုယ်မိမိ တမင်ဖုံးကွယ်ထားခြင်း မရှိသဖြင့် လင်ချွမ်က သူမကို တွေ့ရှိသွားသည်မှာ မဆန်းပေ။

မလှမ်းမကမ်းရှိ ရေကျွဲကြီးကလည်း လင်ချွမ်သည် ဝူတန်တောင်မှ နွားကျောင်းသားလေးတစ်ဦးသာ ဖြစ်ကြောင်း သက်သေပြနေသည်။

လင်ချွမ်သည် အန္တရာယ်မရှိပုံပေါ်သည့်အပြင် အတော်ပင် ခန့်ညားလှသော်လည်း၊ လူမှုအဆင့်အတန်း ကွာခြားချက်ကြောင့် လင်ယန်ရွှယ်၏ စိတ်ဝင်စားမှုကို မရရှိခဲ့ပေ။

လင်ချွမ်ကဲ့သို့ သိုင်းပညာအခြေခံမရှိဘဲ နွားကျောင်းရန်သာ သင့်တော်သောသူများမှာ သာမန်လူများသာ ဖြစ်ကြသည်။

ဟယ်ဟွမ်းဂိုဏ်း၏ ကျွန်ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီပေ။

သို့သော် သူ့ကို အသုံးချပြီး ဝူတန်တောင်အကြောင်း သတင်းမေးရန်တော့ ဖြစ်နိုင်သည်။

ထိုသို့တွေးပြီး လင်ယန်ရွှယ်သည် မြေပြင်ကို အသာအယာ ဆောင့်နင်းကာ လေပြေတစ်ခုကဲ့သို့ ပျံသန်းလာသည်။

ခြေလှမ်းတစ်ရာခန့် အကွာအဝေးကို ခဏချင်းအတွင်း ဖြတ်ကျော်လိုက်သည်။

သူမသည် အထက်စီးမှနေ၍ လင်ချွမ်ကို ငုံ့ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများမှာ အေးစက်ပြီး မည်သည့်စိတ်ခံစားချက်မျှ မရှိပေ။

သို့သော် ထူးဆန်းသော အတွင်းအားတစ်ခုက လင်ချွမ်ထံသို့ ဦးတည်သွားသည်။

လင်ယန်ရွှယ်ကဲ့သို့ အစွမ်းထက်သော ပထမ အဆင့် ကျင့်ကြံသူ​၏ ဆွဲဆောင်မှုအတတ် သည် ဘယ်သောအခါမျှ မရှုံးနိမ့်ဖူးပေ။

ဒုတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် လွယ်လွယ်နှင့် လွတ်မြောက်နိုင်မည်မဟုတ်။

ပို၍ပင် ဆိုးသည်မှာ သူမရှေ့မှလူမှာ သိုင်းအခြေခံမရှိသော နွားကျောင်းသားလေးတစ်ဦးသာ ဖြစ်နေခြင်းပင်။

“ပထမဆုံးတွေ့ဆုံမှုမှာတင် လူကို မြှူဆွယ်တာက... သိပ်တော့ မကောင်းဘူးနော်"

လင်ချွမ်က သူ၏နှာခေါင်းကို တို့ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

“ဟမ်?”

လင်ယန်ရွှယ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

လင်ချွမ်​၏တုံ့ပြန်မှုကြောင့် သူမ အံ့သြသွားခြင်း ဖြစ်သည်။

သူမ၏ ဆွဲဆောင်မှုစွမ်းအား ၁၀ ရာခိုင်နှုန်းပင် မသုံးရသေးသော်လည်း သာမန်လူတစ်ယောက်ကို ဖမ်းစားရန်မှာ လုံးဝကျိန်းသေသောအရာ ဖြစ်သည်။

"သူက ဘာလို့ ဘာမှမဖြစ်တာလဲ"

“ဟင်း!”

လင်ယန်ရွှယ်က မယုံကြည်နိုင်ဘဲ သူမ၏ စွမ်းအားကို ထပ်မံထုတ်လွှတ်လိုက်သည်။

ယခုတစ်ကြိမ်တွင်မူ သူမ၏ စွမ်းအား ထက်ဝက်ခန့်ကို သုံးလိုက်ခြင်း ဖြစ်သည်။

သူမ၏ ကျွမ်းကျင်မှုအရဆိုလျှင် တတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် မခုခံနိုင်တော့ပေ။

“ထပ်လုပ်ပြန်ပြီလား?”

လင်ချွမ်က မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်နှာတွင် စိတ်ပျက်နေသော အမူအရာ ထင်ရှားလှသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

လင်ယန်ရွှယ် အလွန်ပင် အံ့အားသင့်သွားသည်။

ဆွဲဆောင်မှုအတတ်က လင်ချွမ်အပေါ် ဘာကြောင့် အလုပ်မဖြစ်ရတာလဲ။

ဒါက သိပ် လက်တွေ့မကျဘူး။ ထို့နောက် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမသည် လက်ကို ရုတ်တရက် ခါလိုက်ပြီးနောက် ကျောက်စိမ်းကဲ့သို့ လှပသော နောက်လက်တစ်ဖက်က လင်ချွမ်​၏ လက်ကောက်ဝတ်ထံသို့တိုက်ရိုက် ဦးတည်သွားသည်။

ဒေါသထွက်သွားသော သူမသည် လင်ချွမ်​၏ ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မြှူဆွယ်လို့ မရတော့ အင်အားသုံးတော့တာပဲလား"

“နတ်ဆိုးဂိုဏ်းက မိစ္ဆာမတွေကတော့ အားလုံး ယုတ်မာတဲ့သူတွေချည်းပဲ"

လင်ချွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

ပြင်းထန်သော အတွင်းအားတစ်ခု ထွက်ပေါ်လာပြီး လင်ယန်ရွှယ်၏ လက်ကို တိုက်ရိုက် တားဆီးလိုက်သည်။

ထိုအတွင်းအား၏ အရှိန်က ရပ်မသွားဘဲ သူမထံသို့ ဆက်လက် တိုးဝင်သွားသည်။

သူမ သတိမထားမိခင်မှာပင် ထိုအတွင်းအားကြောင့် သူမ၏ ခန္ဓာကိုယ်မှာ နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားခဲ့ရသည်။

ယခုအခါ လင်ယန်ရွှယ်၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။

သူမသည် သွားကြိတ်ကာ လင်ချွမ်ကို စိုက်ကြည့်နေမိသည်။ သို့သော် သူမသည် မိုက်မဲစွာ ထပ်မံမတိုက်ခိုက်ဝံ့တော့ပေ။

ထိုတစ်ကွက်တည်းနှင့်ပင် လင်ချွမ်​၏ အစွမ်းကို သူမ ခံစားလိုက်ရသည်။

ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူမသည် တစ်ချက်တည်းနှင့်ပင် အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။

သူမ ပေါ့ဆသွား၍ တုံ့ပြန်မှု နှေးကွာသွားခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း၊ အတွင်းအားသက်သက်ဖြင့် သူမကို နောက်သို့ သုံးလှမ်းဆုတ်သွားစေနိုင်ခြင်းမှာ ၎င်းတို့နှစ်ဦး အစွမ်းချင်း တူညီနေကြောင်း ပြသနေသည်။

“ဝူတန်ရဲ့ နွားကျောင်းသားတောင် ဒီလောက် ကြောက်ဖို့ကောင်းနေတာလား"

“ကျန့်ကွေး၊ ကျန့်ခွေနဲ့ စုမေ့အာတို့ ဘာလို့ အဖမ်းခံရတယ်ဆိုတာ မဆန်းတော့ဘူး"

“ဝူတန်က အင်အား နည်းနေပြီလို့ ဘယ်သူပြောတာလဲ! ငါပြန်ရောက်ရင် အဲဒီလူကို သတ်ပစ်မယ်"

လင်ယန်ရွှယ် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

သူမ၏ စိတ်ကူးထဲတွင် ဝူတန်ဂိုဏ်းမှာ သိုင်းလောကကို စိုးမိုးထားသော အထူးဂိုဏ်းကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။

ရှောင်လင်တို့၊ နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းတို့ဆိုတာ ဝူတန်နဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပေ။ စဉ်းစားကြည့်ပါ။ နွားကျောင်းသားတောင် ပထမအဆင့် ရောက်နေလျှငိ ဂိုဏ်းဝင်တွေဆိုရင် ဘယ်လောက်တောင် ရှိနေမလဲ။

ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေဆိုရင်တော့ အထွတ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ။

ထိုသို့တွေးရင်း လင်ယန်ရွှယ်၏ စိတ်ထဲ အေးစက်သွားပြီး နဖူးတွင် ချွေးစေးများ ထွက်လာတော့သည်။

“အင်း?”

လင်ချွမ် နားမလည်နိုင် ဖြစ်သွားသည်။

လင်ယန်ရွှယ်၏ မျက်နှာထားကို သူ ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း သူမ ဘာကြောင့် ဒီလောက်အမြန် နောက်ဆုတ်သွားရသည်ကို သူ မသိပေ။

လင်ယန်ရွှယ်သည် သူ၏ အတွင်းအား အနည်းငယ်ကို မြင်ရုံနှင့် သူ၏ အစွမ်းအမှန်ကို ခန့်မှန်းသွားနိုင်တာလား?

“ကြည့်ရတာ နတ်ဆိုးဂိုဏ်းတွေရဲ့ တိုးတက်မှုက ငါတို့ ထင်ထားတာထက် ပိုပြီး မြန်နေတာပဲ"

“အထွတ်အထိပ်အဆင့်ကို ခြေတစ်ဖက် နင်းထားတဲ့ ငါတောင်မှ သူမရဲ့ အကဲခတ်နိုင်စွမ်းကို မမှီနိုင်ဘူ"

လင်ချွမ်းက အသာအယာ သက်ပြင်းချလိုက်သည်။ သူသည် "အထက်တွင် အထက် ထက်မြင့်သည့်အဆင့် ရှိသည်" ဟူသော စကားကို အမြဲယုံကြည်သူဖြစ်သည်။

လင်ယန်ရွှယ်၏ တုံ့ပြန်မှုက သူ့ယုံကြည်ချက်ကို ပိုခိုင်မာစေသည်။

သူသည် မိမိကိုယ်မိမိ တာဝန်တစ်ခု သတ်မှတ်ပေးလိုက်သည်။

နတ်ဆိုးဂိုဏ်းတွေ ကျူးကျော်မလာခင် အထွတ်အထိပ်အဆင့်သို့ ရောက်အောင် ကြိုးစားမည်။

“မင်း အမည်ကို သိခွင့်ရမလား"

လင်ယန်ရွှယ်က သူ့ကို သတိကြီးစွာဖြင့် မေးလိုက်သည်။

“ရိုင်းလှချည်လာ"

လင်ချွမ်က အထင်သေးစွာ ပြောသည်။

“သူများနာမည် မမေးခင် ကိုယ့်နာမည် အရင်ပြောရတယ်လေ။ မင်းရဲ့ ဆရာက ယဉ်ကျေးမှု အခြေခံ အဆင့်လေးတောင် မသင်ပေးထားဘူးလား"

ငါ အပြောခံလိုက်ရတာလား?

လင်ယန်ရွှယ် သူမ၏ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူမ ဟယ်ဟွမ်းဂိုဏ်းချုပ် ဖြစ်လာကတည်းက ဘယ်သူမှ သူမကို အသံကျယ်ကျယ်နှင့် မပြောရဲကြပေ။

ယခုမူ ထိုသူက သူမကို မျက်နှာချင်းဆိုင် ဆူပူနေသလို ဖြစ်နေသည်။

သို့သော် လင်ချွမ်ရှေ့တွင် သူမ အောင့်အည်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် လင်ချွမ်ကို မယှဉ်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။

သူမ လက်လျှော့လိုက်ရလျှင်တောင် ဝူတန်တောင်ကို တက်ခွင့်မပေးဘဲ တားဆီးထားသူက ဘယ်သူလဲဆိုတာတော့ သိချင်သေးသည်။

“ကျွန်မနာမည် လင်ယန်ရွှယ်ပါ"

သူမ မျက်နှာအနည်းငယ် နီမြန်းစွာ ပြောလိုက်သည်။

“လင်ယန်ရွှယ်?”

လင်ချွမ် မျက်ခုံးပင့်လိုက်မိသည်။ နတ်ဆိုးဂိုဏ်းက မိစ္ဆာမ တစ်ယောက်မှာ ဒီလို လှပတဲ့ နာမည်ရှိနေတာကို သူ အံ့သြသွားခြင်း ဖြစ်သည်။

“ကောင်းပြီ၊ မင်း သွားလို့ရပြီ"

သူက လက်ဝှေ့ယမ်းကာ သူမကို နှင်ထုတ်လိုက်သည်။

“နေဦး!”

လင်ယန်ရွှယ် ခဏတာ ဆွံ့အသွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။

“ရှင် ရှင့်နာမည် မပြောရသေးဘူးလေ"

သူမ၏ ဉာဏ်ရည်ကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

လင်ချွမ်က သူမကို နာမည်ပြောရန် လုံးဝ စိတ်ကူးမရှိပေ။

“တောက်"

“ဒါတောင် နတ်ဆိုးဂိုဏ်းက မိစ္ဆာမ တဲ့လား?”

“လူတွေရဲ့ ကောက်ကျစ်မှုကိုတောင် မသိဘဲ လောကထဲကို တစ်ယောက်တည်း ထွက်လာရဲသေးတယ်"

“ငါ အကြံတစ်ခု ပေးမယ်၊ အိမ်ကို အမြန်ပြန်တော့။ မဟုတ်ရင် သူများက မင်းကို ရောင်းစားသွားတာတောင် မင်းက ပိုက်ဆံကူရေပေးနေဦးမယ်"

လင်ချွမ်းက အတည်အပေါက် ပြောလိုက်သည်။

“နင်... နင် သေချင်နေပြီပဲ"

လင်ယန်ရွှယ် ဒေါသ အလိပ်လိုက် ထွက်လာတော့သည်။

ဂုဏ်သိက္ခာကြီးမားလှသော ဟယ်ဟွမ်းဂိုဏ်းချုပ် ဖြစ်သူ သူမသည် ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။

သူမရှေ့မှ ၁၈ နှစ်သား လူငယ်လေးက သူမကို ဆုံးမနေရအောင် သူက ဘာမို့လို့လဲ?

“ဝူး!”

လေပြင်းများ တိုက်ခတ်လာပြီး ပထမအဆင့် ကျင့်ကြံသူ တစ်ဦး၏ အတွင်းအားများ ဝဲဂယက်သဖွယ် ပြန့်လွင့်လာသည်။

လင်ချွမ်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“ဒီလောက်နဲ့ ဒေါသထွက်နေတာ ကြည့်ရင် မင်းဟာ လူ့လောကရဲ့ လောကဓံ ရိုက်ချက်တွေကို တစ်ခါမှ မခံစားဖူးသေးတာ ထင်ရှားနေတာပဲ"

All Chapters