← Chapters

အရည်အချင်းရှိသော အကြီးအကဲ တစ်ဦး နှင့် အရည်အချင်းမရှိသော ဂိုဏ်းချုပ်တစ်ဦး

Vol. 4 Ch. 37

အရည်အချင်းရှိသော အကြီးအကဲ တစ်ဦး နှင့် အရည်အချင်းမရှိသော ဂိုဏ်းချုပ်တစ်ဦး

Vol. 4 Ch. 37

“နင် တကယ်ပဲ ဘာလိုချင်တာလဲ"

လင်ယန်ရွှယ်သည် သူမ၏ လှပသော မျက်လုံးများဖြင့် လင်ချွမ်ကို စိုက်ကြည့်နေမိသည်။

သူမ၏ ခံစားချက်များမှာ အလွန်ပင် ရှုပ်ထွေးနေသည်။

နှစ်ပေါင်းများစွာအတွင်း သူမကို တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသားမှာ သူပင် ဖြစ်သည်။

ထို့အပြင် သူသည် အလွန်ငယ်ရွယ်သော်လည်း သူ၏အစွမ်းမှာ ခန့်မှန်းရခက်လှသည်။

ရုပ်ရည်ပိုင်းအရလည်း လင်ချွမ်သည် ကျိန်းသေပေါက် ချောမောသူတစ်ဦး ဖြစ်သည်။

ဤကဲ့သို့သော အမျိုးသားနှင့်အတူ ကျင့်ကြံခွင့်ရရန်မှာ အမျိုးသမီးတိုင်း တောင့်တရမည့်အရာပင်။

သို့သော် သူသည် ဝူတန်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေသည်။

သူသည် ဝူတန်တောင်မှ နွားကျောင်းသားလေးသာ ဖြစ်သော်လည်း အမှောင်နှင့်အလင်း၊ အကောင်းနှင့်အဆိုးမှာ မည်သို့မျှ မဟာမိတ် မဖြစ်နိုင်ပေ။

ထို့အပြင် စုမေ့အာမှာ ဝူတန်တောင်တွင် ဓားစာခံအဖြစ် အဖမ်းခံထားရဆဲ ဖြစ်သည်။

သူမ၏ ကံကြမ္မာမှာ မရေမရာဖြစ်နေချိန်တွင် သူမကိုယ်တိုင်ကမူ ဟယ်ဟွမ်းဂိုဏ်းချုပ် ဖြစ်ပါလျက် လောကီအာရုံများတွင် နစ်မွန်းနေမိသည်။

“အို... ငါ ဘာတွေ လျှောက်တွေးနေတာလဲ"

“ဒါနဲ့... ငါက ဘာလို့ သူ့ဆီက ထူးဆန်းတဲ့ တောင်းဆိုမှုမျိုးကို မျှော်လင့်နေမိတာလဲ"

လင်ယန်ရွှယ်၏ မျက်နှာလေးမှာ နီမြန်းနေသည်။

သူမ၏ လှပသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ချစ်စရာကောင်းနေတော့သည်။

“သခင်မ... နေလို့မကောင်းလို့လား"

စုမေ့အာက စိုးရိမ်တကြီး မေးလိုက်သည်။

“ဟင်၊ မဟုတ်ပါဘူး... ဘာမှမဖြစ်ဘူး၊ ငါ နေကောင်းပါတယ်"

လင်ယန်ရွှယ်သည် သတိပြန်ဝင်လာပြီး ပျာပျာသလဲ ငြင်းလိုက်သည်။

စုမေ့အာက မျက်မှောင်ကြုတ်ကာ သူမ၏ သခင်မကို အကဲခတ်နေမိသည်။

ယနေ့မှ သူမ၏ သခင်မမှာ ပုံမှန်မဟုတ်ဟု သူမ ခံစားရသည်။

သို့သော် လင်ယန်ရွှယ်မှာ သာမန်လူသားတစ်ဦးကို စိတ်ဝင်စားသွားပြီဖြစ်ကြောင်း သူမ မသိပေ။

သူမသည် လင်ချွမ်​၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟုသာ သူမတို့ ထင်နေကြသည်။

လင်ချွမ်​၏အစွမ်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။

အခြားတစ်ဖက်တွင်မူ လင်ချွမ်သည် လင်ယန်ရွှယ်၏ ထူးဆန်းသော အမူအရာကို သတိမထားမိပေ။

သူသည် အမြဲတမ်းအတိုင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်"

“စုမေ့အာကို ဓားစာခံအဖြစ် ထားခဲ့ပါ"

“မင်းကတော့ ဟယ်ဟွမ်းဂိုဏ်းချုပ်အနေနဲ့ မင်းရဲ့ဂိုဏ်းကို ကိုယ်တိုင် ပြန်သွားပါ"

“ပြီးရင် ဟယ်ဟွမ်းဂိုဏ်းဟာ အလယ်ပိုင်းဒေသကို ကျူးကျော်မယ့် အစီအစဉ်မှာ နောက်နောင် ပါဝင်မှာ မဟုတ်ဘူးလို့ ချက်ချင်း ကြေညာလိုက်ပါ"

ဤစကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

“ဒါက မဖြစ်နိုင်ဘူး"

လင်ယန်ရွှယ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

“အလယ်ပိုင်းဒေသကို ကျူးကျော်ဖို့ဆိုတာ နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းရဲ့ နှစ်ပေါင်းများစွာကတည်းက ရည်မှန်းချက်ပဲ"

"နောက်ပြီး အနောက်ဘက်ဒေသရဲ့ ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းတယ်"

အလယ်ပိုင်းဒေသကို မသိမ်းပိုက်ရင် ဟယ်ဟွမ်းဂိုဏ်းက ဘယ်လိုတိုးတက်မှာလဲ"

“နောက်ပြီး ငါက ဂိုဏ်းချုပ်ဆိုပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး"

"ငါသာ ဒီအချက်ကို သဘောတူလိုက်ရင် ဂိုဏ်းရဲ့ အကြီးအကဲတွေက ငါ့ကို ရာထူးက ဖြုတ်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက ဂိုဏ်းချုပ် မဟုတ်တော့တဲ့အတွက် ငါ့ကတိကို မတည်နိုင်တော့ဘူး။ ဒါဆိုရင် မေအာရဲ့ အခြေအနေက ဘယ်လိုဖြစ်သွားမှာလဲ"

နောက်ဆုံးအချိန်ထိ သူမသည် စုမေ့အာ၏ အခြေအနေအတွက် စိတ်ပူနေဆဲပင်။

၎င်းက စုမေ့အာကို မျက်ရည်ကျမတတ် ဖြစ်စေသည်။

“သခင်မ...တပည့်ရဲ့ ဘေးကင်းရေးအတွက် စိတ်မပူပါနဲ့။ တပည့် သေရမယ်ဆိုရင်တောင် သခင်မကို ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ အလျှော့မပေးစေချင်ဘူး"

ပြောပြီးနောက် သူမက လင်ချွမ်ကို စိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။

“လင်ချွမ်... နင် သတ္တိရှိရင် ငါ့ကို အခုချက်ချင်း သတ်လိုက်"

ဆရာနှင့် တပည့်ကြားမှ သံယောဇဉ်မှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ကံမကောင်းစွာဖြင့် စုမေ့အာသည် လင်ယန်ရွှယ်ကို အထင်ကြီးလွန်းပြီး လင်ချွမ်ကို အထင်သေးလွန်းနေသည်။

သူမ သေသွားရုံနှင့် လင်ယန်ရွှယ် လွတ်မြောက်သွားမည် မဟုတ်ပေ။

သူမတို့ ရှောင်းယောက် တောင်ထိပ်သို့ ခြေချလိုက်ကတည်းက သူမတို့၏ အသက်မှာ လင်ချွမ်​၏ လက်ထဲတွင်သာ ရှိတော့သည်။

“ငါတို့ တစ်ခုခု ညှိနှိုင်းလို့ ရမလား"

လင်ယန်ရွှယ်က အသာအယာ ပြောလိုက်သည်။

သူမသည် စုမေ့အာထက် အခြေအနေကို ပိုနားလည်သည်။

ထို့ကြောင့် လင်ချွမ် မပြောမီမှာပင် သူမက သဘောတူညီချက်အသစ်ကို ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

“ပြောကြည့်လေ"

လင်ချွမ်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြသည်။

“ငါ ဟယ်ဟွမ်းဂိုဏ်းကို အလယ်ပိုင်းဒေသကို မနှောက်ယှက်ဖို့ အမိန့်ထုတ်ပေးမယ်"

“ဂိုဏ်းရဲ့ အင်အားကို ထိန်းသိမ်းဖို့အတွက် ဂိုဏ်းကို ခေတ္တပိတ်ထားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့"

“ဒါဆိုရင် အကြီးအကဲတွေ ကန့်ကွက်ရင်တောင် ငါ ဖြေရှင်းလို့ရတယ်"

"ဒါပေမဲ့ နောက်ပိုင်းမှာ ကျန်တဲ့ နတ်ဆိုးဂိုဏ်းတွေ ကျူးကျော်လာရင်တော့ ငါ တားပေးနိုင်မှာ မဟုတ်ဘူး"

"အဆိုးဆုံးဖြစ်လာရင် မေ့အာ ဘေးကင်းဖို့အတွက် ငါ့ရဲ့ ဂိုဏ်းချုပ်ရာထူးကိုတောင် စွန့်လွှတ်လိုက်မယ်"

သူမ၏ စကားများအရ သူမသည် စုမေ့အာအတွက် အကောင်းဆုံး စဉ်းစားပေးနေခြင်း ဖြစ်သည်။

ဆရာတစ်ဦးအနေဖြင့် သူမသည် အရည်အချင်းရှိသော်လည်း၊ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့်မူ အားနည်းချက်များ ရှိနေသေးသည်။

“ကောင်းပြီ"

ခဏ စဉ်းစားပြီးနောက် လင်ချွမ် သဘောတူလိုက်သည်။

ဒါဟာ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်ဟု သူ ယူဆသည်။

အင်အားကြီးသော ဂိုဏ်းတစ်ခုသည် လူတစ်ယောက်၏ ဆန္ဒအတိုင်းသာ အမြဲမလုပ်ဆောင်နိုင်ပေ။

လင်ယန်ရွှယ်အနေဖြင့် စုမေ့အာကို ကာကွယ်ရန် ရာထူးကိုပင် စွန့်လွှတ်ဝံ့ခြင်းမှာ သူမ၏ ပေးဆပ်မှုကို ပြသနေခြင်း ဖြစ်သည်။

ဘေးမှ ကျန့်ခွေပင်လျှင် သက်ပြင်းချမိသည်။

စုမေ့အာတွင် ဤကဲ့သို့ ချစ်တတ်သော ဆရာရှိသည်ကို သူ အားကျနေမိသည်။

သူကတော့ ရှောင်းယောက် တောင်ထိပ်မှာ ဘယ်အချိန်ထိ နေရဦးမည် မသိပေ!

လင်ချွမ် လှည့်ထွက်သွားစဉ် လင်ယန်ရွှယ်၏ ဒူးများ ရုတ်တရက် ခွေကျသွားသည်။

"သခင်မ"

စုမေအာက အလန့်တကြား အော်လိုက်သဖြင့် လင်ချွမ်လည်း ပြန်ကြည့်မိသည်။

“ရပါတယ်၊ ဘာမှမဖြစ်ဘူး"

လင်ယန်ရွှယ်က လက်ဝှေ့ယမ်းကာ တိုးတိုးလေး ပြောသည်။

“အတွင်းအားတွေ အများကြီး သုံးလိုက်ရလို့ပါ။ ခဏလောက် နားလိုက်ရင် ကောင်းသွားမှာပါ"

အမှန်စင်စစ် လင်ချွမ်​၏ "အားအင်ခြေဖျက်ခြင်းအတတ်" ကြောင့် သူမ၏ အတွင်းအား ၉၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမသည် အားတင်းကာ ဝူတန်တောင်ပေါ်အထိ လိုက်လာခဲ့ခြင်း ဖြစ်ရာ ယခုမှ အားကုန်သွားခြင်း ဖြစ်သည်။

“သူ့အတွက် အခန်းတစ်ခန်း ပြင်ပေးလိုက်ပါ"

“မပြန်ခင် ခဏလောက် နားပါစေ"

လင်ချွမ်သည် ယင်ဟွိုက်ယွီကို မှာကြားပြီးနောက် လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။

လင်ယန်ရွှယ်သည် ထွက်ခွာသွားသော လင်ချွမ်​၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

အိပ်ရာပေါ် လဲလျောင်းနေသော်လည်း သူမ အိပ်မပျော်နိုင်ပေ။

“သူ ငါ့ကို ဂရုစိုက်ပေးတာလား"

“မဟုတ်ရင် သူက ဘာလို့ အခန်းပြင်ပေးခိုင်းမှာလဲ"

“မဟုတ်ပါဘူး... သူက ဟယ်ဟွမ်းဂိုဏ်းကို ငြိမ်အောင်လုပ်ဖို့ ငါ့ကို အသုံးချချင်တာပဲ ဖြစ်မှာပါ"

“ယောက်ျားတွေက အားလုံး အတူတူပဲ၊ တစ်ယောက်မှ မကောင်းဘူး"

“ဒါပေမဲ့ သူက ငါ့ကို သတ်တော့မလို့ပဲကို စိတ်ပြောင်းသွားတာဆိုတော့ သူ ငါ့ကို ကြိုက်နေတာလား"

“အား... စိတ်ညစ်လိုက်တာ! ယောက်ျားတွေဆိုတာ တကယ်ကို နားလည်ရခက်တဲ့ သတ္တဝါတွေပဲ"

လင်ယန်ရွှယ်သည် တစ်ယောက်တည်း ရေရွတ်ရင်း စိတ်ကြည်နူးလာသောအခါ အိပ်ရာပေါ်တွင် လူးလိမ့်နေတော့သည်။

သူမသည် ယခင်က ဟယ်ဟွမ်းဂိုဏ်းချုပ်နှင့် လုံးဝ မတူတော့ပေ။

တစ်ချိန်တည်းမှာပင်၊ လင်ချွမ်သည် ဝူတန်တောင်ခြေသို့ ပြန်ရောက်လာပြီး သူ၏ ရေကျွဲကြီးကို လိုက်ရှာသော်လည်း ရှာမတွေ့ပေ။

ကျွဲပျောက်သွားသဖြင့် နှမြောနေစဉ် သူ၏ ဂိုဏ်းသားအုပ်စုတစ်စု မြေကြီးများတူးပြီး ပြန်လာသည်ကို တွေ့လိုက်ရသည်။

“လင်ချွမ်"

“ဘုရားရေ... ငါတို့ သရဲမြင်နေရတာလား"

“သူ့မှာ အရိပ်ရှိတယ်ဟ၊ သရဲမဟုတ်ဘူး"

“ဟေ့ကောင်... မင်း ဘယ်တွေ လျှောက်သွားနေတာလဲ? ငါတို့မှာတော့ မင်း သေပြီမှတ်လို့ လန့်လိုက်ရတာ"

ဂိုဏ်းသားများသည် လင်ချွမ် အသက်ရှင်နေသည်ကို အတည်ပြုပြီးနောက် သူ့ကို ဝိုင်းအုံလာကြသည်။

သူတို့က လင်ချွမ်အတွက် အထိမ်းအမှတ် ဂူသင်္ချိုင်းလေးပင် လုပ်ပေးခဲ့ကြောင်း ပြောပြကြသည်။

လင်ချွမ်သည် အဖြစ်မှန်ကို သိလိုက်ရသောအခါ ရယ်လည်းရယ်ချင်၊ စိတ်လည်း မကောင်းဖြစ်သွားသည်။

လွန်ခဲ့သော ၁၀ နှစ်လုံးလုံး သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး နွားကျောင်းသားဟူသော အဆင့်အတန်းကြောင့် ဝူတန်တပည့်များကြားတွင် သီးသန့်ဖြစ်နေခဲ့သည်။

ယခုမှသာ သူသည်လည်း ဝူတန်တပည့်တစ်ဦးဖြစ်ပြီး သူ့ကို ဂရုစိုက်မည့်သူများ ရှိကြောင်း သိလိုက်ရသည်။

“ကဲ... တော်ပြီ"

“ဆရာတော်နဲ့ အကြီးအကဲတွေလည်း မင်းသေပြီလို့ ထင်နေကြတာ။ ဆရာတော်ဆိုရင် အတော်လေး စိတ်မကောင်းဖြစ်နေတာ"

“မစိုးရိမ်ပါနဲ့၊ အဲဒီရေကျွဲကြီးကို နွားတင်းကုပ်ထဲ ပြန်ပို့ထားပြီးသား"

“မင်း နွားကျောင်းတဲ့ အလုပ်ကို ဆက်လုပ်လို့ ရပါပြီ။ ဘာမှ အနှောင့်အယှက် မဖြစ်စေရဘူး"

လင်ချွမ်ကို သူ၏ ဂိုဏ်းသားများက ဝိုင်းဝန်း နှုတ်ဆက်နေကြသည်။

သူ ရုတ်တရက် ပျောက်သွားသည့်အတွက် စိတ်ဆိုးမည့်အစား သူ အသက်ရှင်လျက် ပြန်ပေါ်လာသည့်အတွက် ဝမ်းသာနေကြခြင်း ဖြစ်သည်။

All Chapters