← Chapters

ကလန်သို့အပြန်ခရီး

Vol. 48 Ch. 666

ကလန်သို့အပြန်ခရီး

Vol. 48 Ch. 666

ကျောင်းထိုက်ရှင်းနှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များကဲ့သို့မဟုတ်ပဲ ချူချင်း၊ ဇူယွမ်နှင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ ကြီးကျယ်ခမ်းနားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းအား ခံယူရလေသည်။

ကလန်ခေါင်းဆောင်ချင်းယန်ကိုယ်တိုင်သည်ပင်လျှင်ပင် တောင်ထွတ်ဆရာသခင်အချို့အား ဦးဆောင်ကာ တိုက်ပွဲမှ ပြန်လည်ရောက်ရှိလာကြသော တပည့်များအား ကြိုဆိုခဲ့သည်။ လူငယ်မျိုးဆက်များအကြား၌သာ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများဖြစ်၍ ကြီးမားသော ပြောင်းလဲမှုများစွာ မဖြစ်ပေါ်နိုင်ပါသော်လည်း ကန်ရွှမ်းကလန်အနေဖြင့် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော မြင့်မြတ်သောနန်းတော်အား ပြန်လည်အနိုင်ရရှိခဲ့ခြင်းမှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

ဇူယွမ်နှင့် အခြားသူများ၏ အောင်နိုင်ပွဲများအား ကန်ရွှမ်းကလန်မှ တပည့်များမှ အားကျအတုယူကာ ကြိုးစားနိုင်တော့မည်ပင် ဖြစ်သည်။

ကလန်၏ ဝင်ပေါက်ဝ၌ များပြားလှသော တပည့်များမှာ လေးစားအားကျနေသော မျက်ဝန်းများဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှ ပြန်လာကြသူများကို ကြည့်ရှုနေကြသည်။

အထူးသဖြင့် လူအုပ်ကြီး၏ရှေ့တွင် ရှိနေသော ဇူယွမ်အား လေးစားအားကျစွာဖြင့် ကြည့်ရှုနေကြခြင်း ဖြစ်သည်။ အတိတ်ကာလများ၌ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ အံ့အားသင့်စရာကောင်းသည်ဟု ဆိုနိုင်ပါသော်လည်း ရရှိခဲ့သော အောင်မြင်မှုအများစုမှာ ကလန်အတွင်းမှ နိုင်ပွဲများသာဖြစ်ပြီး ချူချင်း၊ ခုန်းရှန်တို့နှင့် နှိုင်းယှဉ်၍ပင် မရခဲ့ပေ။

မည်သူကမှ ဇူယွမ်၏ တိုးတက်မှုသည် ယခုမျှထိ မြန်ဆန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ပြီးသည့်နောက် ဇူယွမ်မှာ ကလန်၏ ရွေးချယ်ခံများစာရင်းတွင် သေချာပေါက် ပါဝင်လာတော့မည်ပင်ဖြစ်ပြီး အနိမ့်ဆုံးအနေဖြင့် ဒုတိယမြောက်နေရာအား ရရှိနိုင်လိမ့်မည်ပင် ဖြစ်သည်။

ခုန်းရှန်နှင့် လီချင်းချန်တို့သည်ပင်လျှင် ကျင်းချန်းဇယ်အား အနိုင်တိုက်နိုင်ရန် ယုံကြည်ချက်ရှိလိမ့်မည် မဟုတ်ပေ။ ဇူယွမ်သည် ကျင်းချန်းဇယ်အား အနိုင်တိုက်နိုင်ခဲ့ရုံမျှမက သတ်ပင်သတ်ပစ်နိုင်ခဲ့သေးသည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်သည် သာမန်ရွေးချယ်ခံတစ်ဦးထက် အဆပေါင်းများစွာ သာလွန်နေပြီပင် ဖြစ်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ မသွားခင်အချိန်ကာလ၌ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ယခုတွင်မူ ဇူယွမ်မှာ ကန်ရွှမ်းကလန်မှ လူငယ်မျိုးဆက်တစ်ခုလုံး၏ အားကျအတုယူစရာသူတစ်ဦး ဖြစ်လာတော့မည်ပင် ဖြစ်သည်။

တောင်ထွတ်တစ်ခုပေါ်၌

မူလသူတော်စင်တောင်ထွတ်မှ တပည့်များစွာ စုဝေးနေလျက် ရှိသည်။ ၎င်းတို့မှာ ရွက်လှေပေါ်မှ ဆင်းသက်လာကြသော ပုံရိပ်များအား ကြည့်ရှုနေလျက် ရှိ၏။ ထိုပုံရိပ်များ၏ အရှေ့ဆုံးနေရာတွင် ချူချင်းနှင့် ဇူယွမ်တို့အား တွေ့မြင်နိုင်လေသည်။

"စီနီယာအကိုတော် ဇူယွမ်က ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့တာပဲ။" မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေကြရသည်။

"ငါတို့ မူလသူတော်စင်တောင်ထွတ်က အသုံးမကျဘူးလို့ ဘယ်သူပြောရဲသေးလဲ။" တပည့်တစ်ဦးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အခြားတောင်ထွတ်မှ တပည့်များလည်း ထိုနေရာတွင် စုဝေးနေလျက် ရှိကြသည်။ အတိတ်ကာလ၌သာဆိုလျှင် ထိုသို့ပြောဆိုခြင်းအတွက် မူလသူတော်စင်တောင်ထွတ်မှ တပည့်များအား လှောင်ပြောင်သရော်ကြမည် ဖြစ်ပါသော်လည်း ယခုတွင်မူ မည်သူကမှ ကန့်ကွက်​စကား ပြောဆိုရဲခြင်း မရှိပေ။ "ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။" ဟူသည့်အတိုင်း တိတ်တဆိတ်နေခြင်းဖြင့်သာ ထိုစကားအား လက်ခံနေကြရသည်။

ယခုအချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာမှာ များစွာတိုးတက်သွားရပြီပင် ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များအကြားတွင် ဆံနွယ်များကို ခပ်မြင့်မြင့် စုချည်ထားကာ အစိမ်းရောင် အဝတ်အစားအား ဆင်မြန်းထားသော လှပပျိုရွယ်သည့် မိန်းမငယ်လေးတစ်ဦး ရှိနေသည်။ သူမသည် တောက်ပသော မျက်လုံးဝိုင်းလေးများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေလျက် ရှိ၏။

"ဂျူနီယာညီမတော်မု....စီနီယာအကိုတော် ဇူယွမ်က အများကြီး တိုးတက်သွားပြီနော်။ ညီမတော် သူ့ကိုအမှီလိုက်ဖို့ဆိုတာ မလွယ်လောက်တော့ဘူး ထင်တယ်။" တပည့်တစ်ဦးမှ သူမအားပြုံးကာ ပြောလိုက်သည်။

အခြားတပည့်များမှာလည်း ထိုစကားအား ထောက်ခံကာ ရယ်မောလိုက်ကြသည်။ ထိုမိန်းမငယ်လေးသည် မူလသူတော်စင်တောင်ထွတ်၌ အတော်ပင် နာမည်ကြီးပုံ ရသည်။

ထိုမိန်းမငယ်လေး၏အမည်မှာ မုရှောင်းမန်ဖြစ်ပြီး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ ဇူယွမ်မသွားရောက်မီအချိန်က မူလသူတော်စင်တောင်ထွတ်သို့ ဝင်ရောက်လာခဲ့သော တပည့်အသစ်တစ်ဦးပင် ဖြစ်သည်။ ဤအချိန်ကာလများအတွင်း သူမသည် မူလသူတော်စင်တောင်ထွတ်၌ ဇူယွမ်နှင့် ယောင်ယောင်ပြီးလျှင် အကျော်ကြားဆုံးသူတစ်ဦး ဖြစ်လာခဲ့သည်။

မုရှောင်းမန်သည် လှပပျိုရွယ်ရုံသာမကပဲ သွက်လက်သော မိန်းမငယ်လေးတစ်ဦးလည်း ဖြစ်သည်။ သူမသည် ပျော်ပျော်ရွှင်ရွှင်နေတက်ကာ အစဉ်အမြဲ တက်ကြွနေတက်ပြီး အကောင်းဆုံးများကိုသာ ရရှိနိုင်ရန် တောင့်တသူတစ်ဦး ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်သို့ ဝင်ရောက်လာပြီး လအနည်းငယ်မျှတွင်ပင် သူမသည် တိုးတက်မှုနှုန်း အလွန်မြန်ဆန်သူတစ်ဦးဖြစ်ခဲ့ပြီး ဇူယွမ်ကဲ့သို့ တိုက်ပွဲစွမ်းရည် ကောင်းမွန်သူတစ်ဦး ဖြစ်လာခဲ့သည်။

မုရှောင်းမန်မှာ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "စီနီယာအကိုတော် ဇူယွမ်က အရမ်းသန်မာလွန်းတယ်။ အဲ့ဒါက မူလသူတော်စင်တောင်ထွတ်မှာ ရှိနေတဲ့ငါ့အတွက် အကောင်းဆုံး စိတ်ခွန်အားတစ်ခုပဲ။ မူလသူတော်စင်တောင်ထွတ်ကို လာဖို့ရွေးချယ်ခဲ့တဲ့ ငါ့ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကို စီနီယာအကိုတော် ဇူယွမ်က သက်သေပြနေတယ်။"

မုရှောင်းမန်၏ တောက်ပရွှန်းစိုသော မျက်ဝန်းလေးများမှာ အမြဲလိုလိုပင် တိုက်ပွဲဆာလောင်သော အငွေ့အသက်များနှင့် ပြည့်နှက်နေတက်သည်။ သူမသည် အမှန်တကယ်ပင် စိန်ခေါ်မှုများအား ခုံမင်တက်သော ခြင်္သေ့ပေါက်လေးတစ်ကောင်ပင် ဖြစ်သည်။

စိန်းထိုက်ယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များရှေ့တွင် ပျော်ရွှင်ဝမ်းမြောက်သော အမူအရာဖြင့် လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားကာ ရပ်နေလျက်ရှိသည်။

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသည် မူလသူတော်စင်တောင်ထွတ်အား အမှန်တကယ်ပင် ကောင်းချီးပေးခဲ့ပုံ ရ၏။ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သတင်းမှေးမှိန်နေခဲ့ရသည်မှာ အချိန်များစွာ ကြာမြင့်နေပြီ ဖြစ်ပါသော်လည်း ယနေ့မှစ၍ ပြန်လည်ဦးမော့နိုင်တော့မည်ပင် ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်သို့ ဇူယွမ်စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ အရာအားလုံး ဖြည်းညင်းစွာ ပြောင်းလဲလာခဲ့သည်။ ယခုဆိုလျှင် ဇူယွမ်နှင့် မုရှောင်းမန် အပါအဝင် မူလသူတော်စင်တောင်ထွတ်၌ အရည်အချင်းပြည့်ဝသော တပည့်အချို့ရှိနေပြီဖြစ်ပြီး အကြီးအကဲအချို့လည်း ဝင်ရောက်လာကြပြီ ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်အား ဂုဏ်ရောင်ထွန်းပြောင်အောင် ပြုလုပ်ပေးနေသူမှာ ဇူယွမ်ပင်ဖြစ်ပြီး စိန်းထိုက်ယွမ်အနေဖြင့် စိန်နားကပ်အရောက်ဖြင့် ပါးပြောင်နေရခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စိန်းထိုက်ယွမ်မှာ ဂုဏ်ယူဝမ်းမြောက်စိတ်အား တားဆီးမရနိုင်အောင် ဖြစ်နေရသည်။ သူသည် အတိတ်ကာလများ၌ ဇူယွမ်အပေါ် ယုံကြည်ကာ အမြဲတစေ အထောက်အပံ့ပေးခဲ့သူပင် မဟုတ်ပါလော.... ယခုဆိုလျှင် များစွာသော အကြီးအကဲများမှာ သူ့အား အားကျမနာလို ဖြစ်နေရတော့မည်ပင် ဖြစ်သည်။

........

ကြီးကျယ်ခမ်းနားလှသည့် ကြိုဆိုနှုတ်ဆက်ပွဲ ပြီးဆုံးသွားပြီးသည့်နောက် ဇူယွမ်နှင့် အခြားတပည့်များမှာ ခန်းမဆောင်သို့သွားကာ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များအား သီးသန့်သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့လိုက်လံနှုတ်ဆက်ခြင်းများအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် နေပင်အတော်စောင်းနေပြီ ဖြစ်သည်။

ဇူယွမ်မှာလည်း ခန်းမဆောင်မှ ပြန်ထွက်လာသောအချိန်တွင် အတော်ပင် မောပန်းနေပြီ ဖြစ်သည်။

ဇူယွမ်သည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ ကျောက်စိမ်းပြားထံမှ ရရှိလာသော နတ်ဘုံခန်းဝါ ရတနာများအားလုံးကို ကလန်ခေါင်းဆောင်ထံသို့ ပေးအပ်ခဲ့သည်။ ထိုကျောက်စိမ်းပြားထံမှ ရတနာများ ရရှိနိုင်ခဲ့ခြင်းမှာ သူတစ်ယောက်တည်း၏ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပဲ ရွေးချယ်ခံများ၏ အကူအညီများကြောင့်လည်း ပါဝင်ပေသည်။ ထို့ကြောင့် ဇူယွမ်မှာ ရတနာများအား တစ်ဦးတည်း ထိန်းသိမ်းထားရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် ဇူယွမ်မှာ ၎င်းရတနာများအား ကလန်ခေါင်းဆောင်ထံမှတဆင့် ခွဲဝေပေးအပ်ခြင်းပြုနိုင်ရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံး အကြောင်းကိုမူ လျှို့ဝှက်ချက်တစ်ခုအနေဖြင့် ထားရှိထားလိုက်သည်။ သူတော်စင်မှော်စာလုံးများမှာ ကန်ရွှမ်းကောင်းကင်တံဆိပ်ပြားနှင့် သက်ဆိုင်နေခြင်းကြောင့် ထိုအကြောင်းအရာများနှင့်ပက်သတ်၍ ဇူယွမ်မှာ အနည်းငယ်မျှပင် ထုတ်ဖော်​ပြောဆိုခြင်းပြုမည် မဟုတ်ပေ။

ခန်းမဆောင်အတွင်းမှ ထွက်ခွာလာခဲ့သော ဇူယွမ်သည် တိမ်ငွေ့များ လွှမ်းခြုံထားသော တောင်စွန်းတစ်ခုပေါ်ရှိ ယောင်ယောင်အား မြင်တွေ့လိုက်ရသောအခါ၌ ခေတ္တမျှ မှင်သက်သွားရသည်။ သူရိန်နေမင်းသည် မိုးကုပ်စက်ဝိုင်းအောက်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် နှင်းဆီရောင်တိမ်တိုက်များမှာ ယောင်ယောင်အား ထင်ဟပ်နေလျက်ရှိပြီး နတ်မိမယ်လေးနှင့်ပင် ထင်မှတ်မှားရသည်။

များစွာသော ယောက်ျားလေးတပည့်များမှာလည်း နတ်ဘုရားမလေးအလား လှပလွန်းနေသော ယောင်ယောင်၏ အလှတရားကို ငြင်းဆန်နိုင်ခြင်းမရှိပဲ ကူကယ်ရာမဲ့စွာဖြင့် ငေးမောကြည့်ရှုနေကြ၏။ သို့သော် ယောင်ယောင်သည် ကန်ရွှမ်းကလန်အတွင်း အလွန်ပင် ကျော်ကြားလှသူတစ်ဦးဖြစ်သောကြောင့် မည်သူကမှ သူမအား လာရောက်နှောင့်ယှက်ရဲခြင်း မရှိပေ။

"အခုထိ မပြန်ရသေးဘူးလား။" ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြုံး၍မေးလိုက်သည်။

ယောင်ယောင်မှာ ပျော်ပွဲရွှင်ပွဲများအား အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ ထို့ကြောင့် ကြိုဆိုနှုတ်ဆက်ပွဲ တလျှောက်တွင်လည်း သူမအား မြင်တွေ့ခဲ့ရခြင်း အလျှင်းမရှိ။ ဇူယွမ်မှာ သူမအား ဂူနန်းဆီသို့ ပြန်သွားနှင့်ပြီဟုပင် ထင်မှတ်နေခဲ့သည်။

ယောင်ယောင်မှာ ပင်ပန်းနွမ်းနယ်နေသော ဇူယွမ်အား မြင်တွေ့လိုက်ရပြီးနောက် နူးညံ့ညင်သာစွာ ပြောလိုက်သည်။ "အတူတူပြန်လို့ရအောင် နင့်ကိုစောင့်နေတာလေ။"

ဇူယွမ်မှာ ပြစ်မျိုးမှဲ့မထင် လှပနေသော ယောင်ယောင်၏ မျက်နှာလေးအား ကြည့်ရှုလိုက်သည်။ သူမ၏ နူးညံ့ညင်သာသော စကားသံမှာ ဇူယွမ်၏ နှလုံးသားအား တုန်လှုပ်သွားစေသည်။

"အင်း...အဲ့ဒါဆိုလည်း အိမ်ကိုတူတူပြန်ကြရအောင်။" ဇူယွမ်မှာ တောက်ပစွာပြုံးလျက် ပြောလိုက်သည်။

"အိမ်..." ယောင်ယောင်မှာ နီထွေးသော နှုတ်ခမ်းသားလေးများအား တွန့်ကွေးတက်သွားသည်အထိ ပြုံးလိုက်မိသည်။ သူမသည်လည်း နှစ်နှစ်နီးပါးမျှ နေထိုင်လာခဲ့သော ဂူနန်းလေးအား မသိစိတ်ထဲမှ တမ်းတမ်းတတ လွမ်းဆွတ်နေမိပြီပင် ဖြစ်သည်။

ထိုဂူနန်းအား လွမ်းဆွတ်ရခြင်းမှာ နေရာထိုင်ခင်း ကောင်းမွန်သောကြောင့်မဟုတ်ပဲ အတူတကွနေထိုင်သော သူမဂရုစိုက်သည့် လူတစ်ဦးကြောင့်ပင် ဖြစ်သည်။

ယောင်ယောင်မှာ သူမ၏လက်မောင်းပေါ်တွင် အိပ်ပျော်နေသော ထန်ထန်အား ပွတ်သပ်လိုက်ပြီးနောက် ပြုံးကာစကားဆိုလိုက်သည်။

"အင်း...အိမ်ပြန်ကြရအောင်.."

All Chapters