← Chapters

အခန်း (၄၄၄)

Vol. 34 Ch. 444

အခန်း (၄၄၄)

Vol. 34 Ch. 444

ကလေးများသည် ချန်ကျဲ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပို၍ပင် စိတ်အားထက်သန်စွာ စာကို ရွတ်ဆိုကြတော့သည်။

ထိုကလေးများ၏ မိဘများအားလုံးသည် ချန်ကျဲ့၏ လက်အောက်ငယ်သားများ ဖြစ်သည်။ ကလေးအများစုသည် စာကို ကောင်းကောင်းလေ့လာရန်နှင့် ခန်းမအရှင်သခင်၏ ရွေးချယ်ခံရပါက တောက်ပသည့် အနာဂတ်သည် သူတို့ကို စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း သွန်သင်ဆုံးမခံထားကြရသည်။

ထို့ကြောင့် ကလေးများသည် စာကို စိတ်အားတက်ကြွထက်သန်စွာဖြင့် ရွတ်ဖတ်နေကြသည်။

ကလေးများ၏ ထိုသို့ပုံစံကို မြင်သောအခါ စူးယွင်ကျင်းသည် အတွေးတစ်ခုဝင်သွားပြီး တွေဝေသွားသည်။ ထို့နောက် ချန်ကျဲ့ကို ကူကယ်ရာမဲ့စွာ ရယ်ပြလိုက်သည်။ ကလေးများသည် ချန်ကျဲ့ကို မြင်လိုက်သည်နှင့် ထိုသို့ပြုမူကြလေသည်။

၎င်းသည် ရွေ့ရွေ့ကိုပင်လျှင် လွှမ်းမိုးသွားခဲ့ပြီး ရွေ့ရွေ့သည်လည်း သူမ၏အစ်ကိုကြီးသည် သူမ၏ စာရွတ်ဖတ်သည့် အရည်အချင်းကို သတိမထားမိသည့်အလား စာကို အကျယ်ကြီး ရွတ်ဆိုနေသည်။

သို့ဖြင့် လွှမ်းမိုးမခံရသူမှာ နှစ်ယောက်သာ ရှိသည်။ စွင်းယုံ့နှင့် ယင်ဟုန်မိန်ပင်။ သူတို့နှစ်ဦးစလုံးသည် အလျင်လိုခြင်းမရှိဘဲ ပုံမှန်အတိုင်း ရွတ်ဆိုနေကြသည်။

ချန်ကျဲ့ တစ်ချက်ကြည့်လိုက်ပြီးနောက် မသိမသာ ခေါင်းငြိမ့်လိုက်သည်။

ဒီနှစ်ယောက်က အတော်လေး အလားအလာကောင်းသားပဲ။

ချန်ကျဲ့ တွေးနေစဉ် စူးယွင်ကျင်းသည် သဲနာရီကို ကြည့်လိုက်သည်။ ထို့နောက် ပြောသည်။

“ကောင်းပြီ၊ အချိန်ပြည့်လုပြီ။ ဒီနေ့အတွက် မနက်အတန်း ပြီးပါပြီ။ အားလုံးပဲ နေ့လယ်စာ စားရင်း တစ်နာရီအနားယူနိုင်ပါပြီ။ နေ့လယ်မှ စာဆက်သင်ကြမယ်”

ထိုအခါ ကလေးများသည် ရုတ်ချည်း တက်ကြွကုန်ကြသည်။

ရွေ့ရွေ့သည် ချန်ကျဲ့ဆီသို့ တန်းတန်းမတ်မတ် ပြေးသွား၏။

“အစ်ကိုကြီး”

ချန်ကျဲ့သည် သိသိသာသာ အရပ်ရှည်လာသည့် ကလေးမလေးကို ပွေ့ချီလိုက်သည်။

“စာသင်တာ ဘယ်လိုနေလဲ”

“ဟားဟား ရွေ့ရွေ့က တကယ် လေးလေးနက်နက် စာသင်နေတာပါနော်။ ရွေ့ရွေ့က အခု စာလုံးတွေ အများကြီး ပိုသိနေပြီ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အမ်း ဟုတ်လား? အစ်ကိုကြီး အချိန်ရတဲ့အခါ ရွေ့ရွေ့လေး ကြွားနေတာလားလို့ တစ်ခါလောက် စစ်ဆေးကြည့်ဦးမယ်”

“ဟွန့် အချိန်မရွေးစစ်ဆေးလို့ရတယ်”

ရွေ့ရွေ့သည် ဂုဏ်ယူဝံ့ကြွားဟန်လေးဖြင့် ဆူပုတ်ပြ၏။

ထိုစဉ် ချန်ကျဲ့ စူးယွင်ကျင်းကို လှည့်ပြောလိုက်သည်။

“ရှင်မ မင်းပင်ပန်းသွားပြီ”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“မပင်ပန်းပါဘူး။ ဒီကလေးလေးတွေ အများကြီး သင်ယူတတ်မြောက်သွားတာကို မြင်ရတာက ကျွန်မကို စိတ်ပျော်ရွှင်စေပါတယ်”

စူးယွင်ကျင်းသည် စာသင်ကြားရသည့် အလုပ်ကို နှစ်ခြိုက်သဘောကျသည်။ သူမသည် စတင်၍ စာသင်ကြားချိန်မှ စတင်ပြီး အရင်ကထက် အများကြီး ပို၍ ပြုံးရယ်လာခဲ့ရာ ချန်ကျဲ့သည်လည်း အတော်လေး စိတ်ချမ်းမြေ့ရပေသည်။

“မွေးစားအဖေ”

စွင်းယုံ့သည် ချန်ကျဲ့အနီးသို့ ရောက်လာပြီး ကျိုးနွံစွာ နှုတ်ဆက်သည်။

ချန်ကျဲ့သည် ထိုကလေးငယ်လေးကို ကြည့်လိုက်ပြီး ပြောသည်။

“ယုံ့၊ မင်းက ကောင်းကောင်းလုပ်နေတာပဲ။ ကြိုးစားနေတယ်။ ဘိုးဘေးကြီးလက်သီးသိုင်းကို လေ့ကျင့်တာရော ဘယ်လိုအခြေအနေရှိလဲ”

စွင်းယုံ့မှ ပြောသည်။

“ကျွန်တော် ပို ပိုပြီး တိုးတက်လာနေပါတယ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း မင်းအရည်အချင်း လုံလောက်မှုရှိတဲ့အခါ အတန်းသားတွေကို များများပိုပြီး ကူညီပေးပေ့ါ”

“ဟုတ်ကဲ့ပါ မွေးစားအဖေ။ ကျွန်တော် နားလည်ပါပြီ”

စွင်းယုံ့မှ ပြောသည်။

စူးယွင်ကျင်းမှ ပြောသည်။

“ကလေးလေးက အရမ်းအားကိုးရပါတယ်။ ယောက်ျား ရှင် မစိုးရိမ်ပါနဲ့”

ချန်ကျဲ့မှ ပြောသည်။

“အင်း ငါလည်း ယုံ့ကို ယုံကြည်ပါတယ်။ ဘိုးဘေးကြီးလက်သီးသိုင်းက အခြေခံဆိုပေမဲ့ အခြေခံအုတ်မြစ်ခိုင်မာဖို့ဆိုတာ အရမ်းအရေးကြီးတယ်”

သူတို့စကားပြောနေစဉ် အပြင်ဘက်မှ ကြေးမောင်းသံကို ကြားလိုက်ရသည်။ ထို့နောက် ဝဖိုင့်သော စားဖိုမှူးကြီးတစ်ဦးသည် သစ်သားလှည်းတစ်စီးကို တွန်းဝင်လာသည်။ လှည်းထက်တွင် အစားအသောက်များ ထည့်ထားသည့် ကြွေပန်းကန်လုံးများ ပါဝင်သည်။

ချန်ကျဲ့မှ ပြောသည်။

“ဟားဟား အချိန်မီလေးပဲ။ ငါဗိုက်ဆာနေတာ။ ဒီနေ့တော့ မင်းတို့စာသင်ဆောင်က စားသောက်ဆောင်မှာပဲ စားသွားလိုက်တော့မယ်”

ချန်ကျဲ့ပြောနေစဉ် ကလေးများသည် သူတို့၏ သစ်သားပန်းကန်ပြားလေးများကို ကိုယ်စီ ထုတ်ယူလိုက်ကြသည်။ ထိုပန်းကန်ပြားများမှာ ချန်ကျဲ့၏ တီထွင်မှုဖြစ်သည်။

ချန်ကျဲ့လည်း သစ်သားပန်းကန်ပြားတစ်ချပ်ကို သွားယူလိုက်ပြီး စားဖိုမှူး၏ရှေ့တွင် သွားတန်းစီသည်။ စာသင်ဆောင်၏ အစားအသောက်များကို သိချင်နေမိပါ၏။

အစားအသောက်များသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။

တရုတ်ဂေါ်ဖီတို့ဟူးဟင်းနှင့် ဝက်ဗိုက်သားဟင်းပင်လျှင် ပါဝင်သည်။

အသားနုပ်နုပ်စဉ်းနှင့် အရွက်ကြော်လည်း ပါဝင်သည်။

အသားလုံးများလည်း ရှိ၏။

တစ်ဦးလျှင် ဂျုံရောပေါက်စီနှစ်လုံး ရရှိသည်။

အမှန်အတိုင်းပြောရပါက စာသင်ဆောင်၏ အစားအသောက်သည် ကုန်သည်အဖွဲ့သားများ၏ အစားအသောက်ထက် ပိုကောင်းသည်။

အချို့သော ကုန်သည်အဖွဲ့သားများမှ ဘယ်အချိန် ကျောင်းပြန်ဖွင့်မည်နည်းဟု မေးနေကြခြင်းမှာ မထူးဆန်းတော့ပေ။ အကြောင်းအရင်းမှာ ဤအစားအသောက်များကြောင့်ဖြစ်ကြောင်း သိသာလှသည်။

ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်ပြီး ပြောသည်။

“ရှင်မ အစားအသောက်တွေက မဆိုးဘူးပဲ”

ထိုအခါ စူးယွင်ကျင်းမှ ‌ပြုံးလိုက်ပြီး ပြောသည်။

“ယောက်ျား ရှင်က ငွေတုံးသုံးထောင်တောင် ခွဲဝေပေးထားတာလေ။ ကျွန်မက လခ မယူဘူး။ ထိုင်ခုံနဲ့ စားပွဲတွေကလည်း စစ်ရှီးရဲ့အကူအညီနဲ့ ‌ငွေပေးချေဖို့ မလိုအပ်ဘဲ ရလာခဲ့တာ။ အဲဒီတော့ ကျန်တဲ့ရန်ပုံငွေတွေကို စာအုပ်နဲ့ အစားအသောက်တွေအတွက် သုံးရတော့ အစားအသောက်တွေက အလိုလိုပိုကောင်းသွားတာပဲပေါ့”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အင်း ဘယ်လောက်ပဲ ခက်ခဲပါစေဦး ကလေးတွေကိုတော့ ဒုက္ခခံခိုင်းလို့ မဖြစ်ဘူးလေ”

ထို့နောက် ချန်ကျဲ့သည် စူးယွင်ကျင်းကို ကြည့်လိုက်ပြီး ပြောသည်။

“ရှင်မ မင်းလည်း အလုပ်အရမ်းလုပ်ရလို့ နည်းနည်းတောင် ပိန်သွားပြီ”

ထိုအခါ စူးယွင်ကျင်းသည် ပါးမို့လေးများ နီရဲသွား၏။

“ယောက်ျား ကလေးတွေရှေ့မှာ ပေါက်ကရစကားတွေ မပြောနဲ့လေ”

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာမစူးခင်ဗျ”

ဆရာဟူသည် ဆရာများအတွက် ရိုသေလေးမြတ်သော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။

ချန်ကျဲ့သည် အစားအသောက်ကို အတော်လေး ကျေနပ်အားရ၏။ ၎င်းမှာ ခန်းမအရှင်သခင်၏ ဇနီးမှ ဆရာအဖြစ် ကိုယ်တိုင် တာဝန်ထမ်းဆောင်သောကြောင့် ဖြစ်နိုင်သကဲ့သို့ ရန်ပုံငွေများကို ကောင်းကောင်းအသုံးပြုခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။

စားဖိုမှူးမှ ချက်ပြုတ်ပေးသည့် အစားအသောက်များသည် လေးနက်ကာ အဆီရွှမ်းသည်။

ကလေးများအားလုံးမှာ ပါးစပ်တစ်ဝိုက်တွင် ဆီများ ပေကျံလျက် မျက်နှာအမူအရာတို့မှာ ပျော်ရွှင်နေကြသည်။

ချန်ကျဲ့သည် ကလေးများ၏ မျက်နှာထက်မှ ပျော်ရွှင်နေသည့် အပြုံးတို့ကို မြင်တွေ့ရခြင်းအား နှစ်ခြိုက်သည်။

သူ၏ အားစိုက်ထုတ်မှုအားလုံးသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားရစေသည်။

‘ဆင်းရဲချိန်မှာ မိမိ၏ မူလအခြေအနေကို ထိန်းသိမ်းထားပြီး ချမ်းသာကြွယ်ဝချိန်မှာ လောကကြီးကို အကျိုးပြုပါ'ဟူသည့် ဆိုရိုးစကားကို ချန်ကျဲ့ သတိရမိ၏။ ချန်ကျဲ့ အားနည်းခဲ့စဉ်က မိမိကိုယ်ကိုယ်နှင့် မိမိ၏မိသားစုကိုသာ ဆင်ယင်ကျွေးမွေးနိုင်ခဲ့သည်။ ယခုတွင် မိမိမှာ စွမ်းဆောင်နိုင်သည့် အင်အားရှိလာပြီဖြစ်ရာ သူကာကွယ်ပေးလိုသည့် လူများကိုလည်း ကောင်းကောင်းဆင်ယင်ပြီး ကောင်းကောင်းစားသောက်နိုင်စေရန် ကြိုးစားလိုသည်။

ဒီကမ္ဘာကြီးက အရမ်းခါးသီး‌မနေဘူးဆိုရင် ငါက ဘာလို့များ ဧကရာဇ်တစ်ပါး ဖြစ်လာချင်ပါ့မလဲ။

ချန်ကျဲ့သည် အခြားသူများ၏ အထက်သို့ တက်လှမ်းလိုသည်။ သို့သော် သူတောင်းစားတစ်အုပ်၏ အထက်သို့ တက်လှမ်းလိုခြင်း မဟုတ်ပါချေ။ ချန်ကျဲ့သည် စီးပွားရေးတိုးတက်ကောင်းမွန်သည့် ကြွယ်ဝချမ်းသာသည့် တိုင်းပြည်တစ်ပြည်၏ ပညာရှိဧကရာဇ်မင်းတစ်ပါး ဖြစ်လိုသည်။

ဤကလေးများသည် ချန်ကျဲ့ ပျိုးခဲ့သည့် မျိုးစေ့လေးများ ဖြစ်သည်။

မျန့်ရွှေစီရင်စု၏ ငါးဖမ်းကုန်သည်အဖွဲ့မှ သေးငယ်သည့် ကျားဖြူခန်းမသည် ချန်ကျဲ့၏ အမြစ်တည်ရာ ဖြစ်သည်။

သူ၏ ဤအစီအစဉ်များ သက်တမ်းရင့်လာပြီး အဆင့်အတန်းမြင့်မားလာပြီး တစ်နေ့တွင် ပိုမိုများပြားသည့် လူများကို အကျိုးပြုနိုင်မည်ဟု ချန်ကျဲ့ ယုံကြည်သည်။

သို့သော် ထိုယုံကြည်မှု ဖြစ်မြောက်နိုင်ရန်အတွက်မူ ချန်ကျဲ့၏ လက်ရှိအခြေအနေသည် လုံလောက်ဖို့ရာ အလွန်ဝေးကွာသေးသည်။

ထို့ပြင် ချန်ကျဲ့၏အိပ်မက်များကို အလွယ်တကူ မဖြစ်မြောက်နိုင်အောင် နှောင့်ယှက်မည့်သူများလည်း များစွာရှိလိမ့်ဦးမည်။

ချန်ကျဲ့သည် ဂေါ်ဖီတို့ဟူးဟင်းကို စားရင်း ကလေးများ၏ အိပ်မက်ကို နားထောင်ရင်း စကားပြောခဲ့သည်။ ထိုစဉ် ရှောင်ဟူသည် အထဲသို့ အလျင်စလို ဝင်လာပြီး ချန်ကျဲ့နားသို့ တီးတိုးပြောသည်။

“ခန်းမအရှင်သခင် ဌာနချုပ်က လူတစ်ယောက် ရောက်လာပါတယ်။ နန်ပါးထျန်းက ခန်းမအရှင်သခင်များ အစည်းအဝေးအတွက် ဆင့်ခေါ်လိုက်ပါတယ်တဲ့။ ခန်းမအရှင်သခင်ကို ချက်ချင်း လာခဲ့ဖို့ အကြောင်းကြားလာပါတယ်”

“အို?”

ထိုအခါ ချန်ကျဲ့သည် ရှောင်ဟူကို သေချာစူးစိုက်ကြည့်ပြီးနောက် နေ့လယ်စာစားခြင်းကို မြန်မြန်အပြီးသတ်ကာ ထရပ်လိုက်သည်။

စူးယွင်ကျင်းသည် စိုးရိမ်ပူပန်သွားပြီး မေးသည်။

“ယောက်ျား တစ်ခုခုဖြစ်လို့လား”

စွင်းယုံ့နှင့် အခြားကလေးများလည်း ချန်ကျဲ့ကို ကြည့်လာကြသည်။

“မွေးစားအဖေ”

စိုးရိမ်ပူပန်နေသည့် အကြည့်များကို ရင်ဆိုင်လိုက်ရသည်တွင် ချန်ကျဲ့မှ ပြောသည်။

“ဟားဟား ဘာမှမဖြစ်ပါဘူး။ မင်းတို့အားလုံး ကောင်းကောင်းစားနေကြ။ အရမ်းတော်အောင် သင်ယူပြီးတဲ့အခါကျ ငါ့ကို လာကူညီပေးကြပေါ့”

ထို့နောက် ချန်ကျဲ့သည် ရှောင်ဟူဘက်သို့ လှည့်ပြောသည်။

“ကျားဖြူခန်းမအစောင့်အရှောက် ၅၀စုပြီး ငါနဲ့ အတူလိုက်ခဲ့”

“ဟုတ်ကဲ့”

ရှောင်ဟူသည် တုံ့ပြန်ပြောပြီးနောက် လူစုဆောင်းရန် ချက်ချင်းထွက်ခွာသွားသည်။

All Chapters