အခန်း (၄၄၅)
Vol. 34 Ch. 445
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သည်
မျန့်ရွှေစီရင်စု၏ အစည်ကားဆုံးသော အနောက်မြို့၏ ရုန်ရှန်းလမ်းနှင့် အန့်ကူးလမ်းတို့တွင် တည်ရှိကာ ကျားဖြူခန်းမ၏ နှစ်ဆခန့်သော နယ်မြေအရွယ်အစားကို ပိုင်ဆိုင်ထားသည်။ လမ်းမကြီးနှစ်ခုကို ပေါင်းကူးထားပြီး မျန့်ရွှေစီရင်စုတွင် တတိယမြောက်အကြီးမားဆုံးသော အဆောက်အဦဖြစ်သည်။
အကြီးဆုံးအဆောက်အဦမှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဖြစ်ပြီး ဒုတိယမြောက်အကြီးဆုံးမှာ စီရင်စုအစိုးရရုံးတော်ဖြစ်ပြီး တတိယအကြီးဆုံးမှာ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သည် ကျယ်ဝန်းသည့်နယ်မြေကို နေရာယူထားရုံသာမက လုံခြုံရေးလည်း တင်းကြပ်သည်။ နန်ပါးထျန်းတွင် လူ၁၈ယောက်ပါဝင်သည့် သူ၏ကိုယ်ပိုင်အစောင့်အဖွဲ့ရှိပြီး မိုးကြိုး၁၈သွယ်အဖွဲ့ဟု အမည်ရသည်။
အဖွဲ့သားတစ်ယောက်ချင်းစီတိုင်းသည် နွဲ့ပျောင်းအရွတ်အဆင့်ရှိပြီး လက်ထောက်ခေါင်းဆောင်၏အင်အားသည် သံမဏိအရိုးအဆင့်ဖြစ်သည်။
သို့သော် နန်ပါးထျန်း၏ အစောင့်အဖွဲ့မှ လှုပ်ရှားတိုက်ခိုက်ခြင်းမှာ အလွန်ရှားပါးသည်။ မျန့်ရွှေစီရင်စုမြို့၌ ပထမအဆင့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ပိုင်ဆိုင်သော အစောင့်အဖွဲ့ဖြစ်သောကြောင့် နန်ပါးထျန်းကို မည်သူမျှ မတိုက်ခိုက်ရဲပေ။
များသောအားဖြင့် ထိုလက်ထောက်ခေါင်းဆောင်များသည် အလှပြရုံမျှသာ ဖြစ်သည်။ သူတို့ကိုယ်တိုင် တိုက်ခိုက်ရသည့်အခွင့်အရေး နည်းပါး၏။
နန်ပါးထျန်းသည် မိမိ၏အပိုင်းအတွက်ကို စိတ်ထဲသိပ်မထားပါချေ။ နန်ပါးထျန်းသည် မိမိ၏အင်အားအပေါ် ယုံကြည်မှုအပြည့်ရှိပြီး ဖြစ်ပေါ်လာသည့် မည်သည့်အခြေအနေမျိုးကိုမဆို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။
ထို့ကြောင့် သူ၏အစောင့်များသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်တွင်သာ အမြဲမပြတ် စောင့်ကြည့်ရန် တာဝန်ချထားခံရသည်။
ချန်ကျဲ့သည် ယခုတွင် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်နှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ အကြောင်းမှာ ဌာနချုပ်သို့ တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် သွားရသောကြောင့် ဖြစ်သည်။
ဤသည်မှာ ချန်ကျဲ့ရည်ရွယ်ထားသည့် ချန်ကျဲ့၏အပိုင်းဖြစ်သကဲ့သို့ နန်ပါးထျန်းနှင့် စီရင်စုအုပ်ချုပ်ရေးမှူးတို့ မြင်တွေ့ချင်သည့် မြင်ကွင်းလည်း ဖြစ်သည်။
ယဲ့လုဖုန်းသည် စစ်ဆေးခြင်းနှင့် ဟန်ချက်ညီမျှခြင်း ကစားနည်းကို ကစားနေ၏။ ကျားဖြူခန်းမသည် ယဲ့လုဖုန်း၏လက်ထဲရှိ နယ်ရုပ်တစ်ခုဖြစ်သည်။ နန်ပါးထျန်းဖြစ်စေ၊ လျိုလောင်ကွေ့ဖြစ်စေ သူတို့၏ အင်အားအရာ၌ အနည်းငယ်မျှ တိမ်းစောင်းခဲ့လျှင်သော်မှ ချန်ကျဲ့ကို အသုံးပြု၍ ဟန်ချက်ညီမှုကို ထိန်းညှိနိုင်ပေသည်။
ဥပမာဆိုရသော် လွန်ခဲ့သည့်နှစ်ဝက်ခန့်က ဖုန်းရွှမ်၏အဖြစ်အပျက်၌ ချန်ကျဲ့နှင့် နန်ပါးထျန်း၏ ဆက်ဆံရေးသည် အောက်ခြေကြမ်းပြင်သို့ ထိလုနီးပါးပင်။ နည်းနည်းသာ ထပ်လွန်သွားပါက မကွယ်မဝှက်တမ်း ရန်လိုမုန်းတီးသည့်အဆင့်သို့ ရောက်ရှိသွားတော့မည် ဖြစ်၏။
ထို့ကြောင့် ရာထူးဆက်ခံပွဲပြီးနောက်တွင် ယဲ့လုဖုန်းသည် ချန်ကျဲ့အား နောက်ပိုင်းကိစ္စရပ်များတွင် နန်ပါးထျန်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ အရမ်းကြီး ထိပ်တိုက်မရင်ဆိုင်ရန်နှင့် သူတို့၏ဆက်ဆံရေးကို ချောမွေ့အောင်လုပ်ဆောင်ရန်၊ ကျားဖြူခန်းမသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အခွဲတစ်ခုဖြစ်ကြောင်း သတိရရန် စသဖြင့် အရိပ်အမြွက်ပြ ပြောဆိုခဲ့သည်။
ဒါက ဘာအဓိပ္ပာယ်ဖြစ်မလဲ?
လတ်တလောတွင် နန်ပါးထျန်းသည် အနုနည်းဖြင့် ဆန့်ကျင်နေပြီး ချောင်ကုန်သည်အဖွဲ့သည် ဒီတိုင်းထိုင်နေရင်း အကျိုးအမြတ်များစွာ ရိတ်သိမ်းနေကြောင်းကို ချန်ကျဲ့ နားလည်ပါသည်။ ထို့ကြောင့် ယဲ့လုဖုန်း၏ ဟန်ချက်ညီမှုသည် တစ်ဖန်ပြန်၍ ပျက်ပြားလာပြန်ရာ ဟန်ချက်ညီအောင် ပြန်လည်ထိန်းချုပ်လိုခဲ့သည်။
ယဲ့လုဖုန်း၏မျက်လုံးထဲ၌ ချန်ကျဲ့သည် နယ်ရုပ်တစ်ရုပ်သာဖြစ်ပြီး ရာထူးအဆင့်အတန်း မြင့်မားလာခဲ့လျှင်သော်မှ ချန်ကျဲ့တွင် စကားပြောဆိုခွင့် မရှိပေ။
မင်းက ငါပြောတာပဲ နာခံ။ မနာခံရင် မင်းကို မျန့်ရွှေစီရင်စုကနေ ဖယ်ရှားသုတ်သင်ပစ်ဖို့အတွက် အင်အားကုန်သုံးပစ်မယ်။
ငါ့ကို အာခံရဲသလား?
ယဲ့လုဖုန််း၏အင်အားသည် ချန်ကျဲ့မှ လူမှုရေးလှေကားထစ်ကို အသုံးချတက်လှမ်းနိုင်လျှင်သော်မှ ယဲ့လုဖုန်းကဲ့သို့ အင်အားကြီးအထက်လူကြီးများ၏ လက်ထဲတွင်တော့ သူသည် နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။
ချန်ကျဲ့တစ်ဦးတည်းသာမက အခြားသူများသည်လည်း ထိုသို့အင်အားကြီးသူများအတွက် နယ်ရုပ်များသာ ဖြစ်ကြပါ၏။ ဤသည်မှာ ကံကြမ္မာဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာ၏ စည်းမျဉ်းဖြစ်သည်။
မည်သူမျှ သင့်ကို မထိန်းချုပ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသည်အထိ အမြင့်သို့ မတက်လှမ်းနိုင်သ၍ ထိုသို့စည်းမျဉ်းထဲတွင် ကျင်လည်နေရပေမည်။
ချန်ကျဲ့သည် ထိုအမြင့်မားဆုံးသော နေရာဆီသို့ ဦးတည်တက်လှမ်းမည် ဖြစ်သည်။
အမြင့်ဆုံးသို့ တက်လှမ်းနိုင်မှသာလျှင် နယ်ရုပ်အဖြစ်မှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး ဤကမ္ဘာ၏ စစ်တုရင်ခုံကို ဆွဲလှန်ပစ်နိုင်မည် ဖြစ်သည်။
သို့မဟုတ်ပါက သူတစ်ပါး၏ ခြေဖဝါးအောက်၌ တစ်သက်တာလုံး ရှင်သန်သွားရလိမ့်မည်။
လက်ရှိအချိန်၌ ချန်ကျဲ့သည် နယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ချန်ကျဲ့သည် မျန့်ရွှေစီရင်စု စစ်တုရင်ကစားသမားများ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်။ နန်ပါးထျန်းသည်လည်း ထို့အတူပင်။
သို့ဖြင့် အချင်းချင်း အပြန်အလှန် ဆူးညောင့်ခလုတ်များအဖြစ် သတ်မှတ်ထားကြသည့် လူနှစ်ဦးသည် ကနဦးတွင် လိုက်လျောညီထွေသော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းတည်ဆောက်ကြရသည်။
ချန်ကျဲ့သည် နန်ပါးထျန်းကို လစဉ်လတိုင်း တင်ပြချက်ပြုလုပ်ပေးရသည်။ နန်ပါးထျန်းသည် ချန်ကျဲ့ကို ယဉ်ကျေးပျူငှာစွာသော အပြုံးဖြင့် နှုတ်ဆက်ကြိုဆိုကာ ချန်ကျဲ့အား ချန်ကျဲ့မှာ ငါးဖမ်းကုန်သည်အဖွဲ့၏ ချီးမွမ်းထိုက်သူတစ်ဦးဖြစ်ကြောင်း၊ ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝကြောင်း၊ အောင်မြင်မှုကြီးများ ရယူရန်သော ကံကြမ္မာဖြင့် မွေးဖွားလာသူဖြစ်ကြောင်း အဖန်ဖန် ချီးမွမ်းပြောဆိုရသည်။
တကယ်တမ်းတွင် သူတို့နှစ်ဦးစလုံးသည် တစ်ဖက်လူ၏ ကျရှုံးခန်းကို မြင်တွေ့ရပါက ဝမ်းသာနေကြမည့်သူများ ဖြစ်ကြသည်။ သို့သော် ငြင်းဆန်မရနိုင်သည့် အခြေအနေအောက်၌ နှစ်ဦးသည် မိမိတို့၏ သဘောထားကို အကောင်းဆုံးကြိုးစား၍ ဟန်ဆောင်ဖုံးကွယ်ထားရပေသည်။
ရလဒ်အနေဖြင့် သာမန်ကုန်သည်အဖွဲ့သားများသည် ၎င်းဖုံးကွယ်ထားသည့် အမှန်တရားကို သတိမထားမိကြတော့ဘဲ သူတို့နှစ်ဦးကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်ဟု ထင်မှတ်ကြကာ ကုန်သည်အဖွဲ့ခေါင်းဆောင်သည် ချန်ကျိုစစ်အား အတော်လေး အလေးထားသည်ဟု ထင်မှတ်ကုန်ကြလေသည်။
သူတို့၏ အတွင်းရေးကိစ္စများကို သိရှိသူများသာလျှင် သူတို့၏ အစစ်အမှန်အခြေအနေကို သိကြလိမ့်မည်။
ချန်ကျဲ့သည် ချန်ရှောင်ဟူဦးဆောင်သည့် ကျားဖြူခန်းမအစောင့်တပ်ဖွဲ့နှင့်အတူ ဌာနချုပ်သို့ ရောက်လာခဲ့သည်။ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့သားများသည် ရင်ဘတ်တွင် ကျားဖြူခန်းမဟု ချည်ထိုးထားသည့် အနက်ရောင်သိုင်းသမားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ချန်ကျဲ့ ဒီနေ့ခေါ်လာခဲ့သည့် အင်အားစုသည် ကျားဖြူခန်းမအစောင့်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။
နှစ်ဝက်အချိန်အတွင်း ချဲ့ထွင်ခြင်း၊ အင်အားတောင့်တင်းခိုင်မာစေခြင်း၊ သန့်ရှင်းဖယ်ရှားခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းများ အဆုံး၌ ကျားဖြူခန်းမတပ်ဖွဲ့သည် အဖွဲ့သားစုစုပေါင်း ၁၅၀ပါဝင်ပြီး အဖွဲ့၁၊ အဖွဲ့၂၊ အဖွဲ့၃ဟူ၍ တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့ခွဲထားသည့် တပ်ဖွဲ့တစ်ခုဖြစ်လာခဲ့သည်။
“အာ ကျားဖြူခန်းမ ရောက်လာပါပြီ”
ချန်ကျဲ့သည် ထွားကျိုင်းသန်မာသည့် မြင်းတစ်ကောင်ကို စီးလျက် ရှေ့ဆုံးမှ ဦးဆောင်လာသည်။ ရှောင်ဟူသည် နောက်မှလိုက်သည်။ ဌာနချုပ်၏ ဂိတ်တံခါးဝသို့ ချန်ကျဲ့တို့အုပ်စု ရောက်လာသည်နှင့်တစ်ပြိုင်နက် အစောင့်များသည် ကျားဖြူခန်းမ ရောက်လာကြောင်း အကြောင်းကြားသည်။
ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံး၌ ချန်ကျဲ့၏ကျားဖြူခန်းမသာလျှင် ဤသို့အစီအစဉ်တကျရှိသည်။
ချန်ကျဲ့နှင့်နောက်လိုက်များ ဌာနချုပ်ဂိတ်တံခါးသို့ ရောက်သည်နှင့် အစောင့်များ အလျင်အမြန်ရောက်လာကြသည်။
“ခန်းမအရှင်သခင်ချန် ရောက်လာပြီလားဗျ”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြန်ပြောသည်။
“တခြားသူတွေ ရောက်ကြပြီလား”
ထိုအခါ အစောင့်မှ ပြောသည်။
“အားလုံးရောက်နေကြပါပြီ။ ခန်းမအရှင်သခင်ချန်ကို စောင့်နေကြတာပါ”
ချန်ကျဲ့ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
“အမ်း”
ထို့နောက် ချန်ကျဲ့သည် ရှောင်ဟူကို အချက်ပြလိုက်သည်။ ရှောင်ဟူသည် ချက်ချင်း ငွေနှစ်စထုတ်လိုက်ပြီး ဂိတ်စောင့်အလုပ်သမားကို ကမ်းပေးသည်။
“ငါ မင်းကို လက်ဖက်ရည်တစ်ခွက်လောက် ဝယ်တိုက်ပါရစေ”
“သခင်ကြီးဟူကို ကျေးဇူးတင်ပါတယ်”
ရှောင်ဟူသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းပြီးဖြစ်ရာ ‘သခင်ကြီး’အဖြစ် ခေါ်ဝေါ်ခံနေရပြီဖြစ်သည်။ ရှောင်ဟူသည် ချင်းဟူနှင့် ချင်းပေါင်တို့ကဲ့သို့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများထဲတွင် အောက်ခြေအဆင့်ဖြစ်သော်ငြား မျန့်ရွှေစီရင်စုတွင်တော့ အလေးထားရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေဆဲပင်။ ထို့ပြင် ရှောင်ဟူသည် ကျားဖြူခန်းမ၏ ခန်းမအရှင်သခင်ချန်ကျိုစစ်၏ အဓိက လူယုံတော်ကြီးဖြစ်ကြောင်း မသိသူ ရှိပါလိမ့်မည်လော။
ချန်ကျဲ့သည် ရှောင်ဟူနှင့်အတူ ဌာနချုပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ကျန်အစောင့်များကိုတော့ အပြင်ဘက်တွင် စောင့်နေစေသည်။
သူတို့နှစ်ဦးသည် ဌာနချုပ်ထဲသို့ ဝင်ခဲ့ကြပြီး ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ လူအားလုံးသည် ချန်ကျဲ့ကို နှုတ်ဆက်ကြသည်။
“ခန်းမအရှင်သခင်ချန်”
“ခန်းမအရှင်သခင်ချန်”
…
မကြာမီ၌ သူတို့နှစ်ဦးသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၏ သစ္စာတရားခန်းမဟု အမည်ရသည့် အစည်းအဝေးခန်းမကြီးထဲသို့ ရောက်ရှိခဲ့သည်။