အဆင့်သုံး 'စာအုပ်ကူ'၊ ပုံရိပ်ယောင်စာကြည့်တိုက် မွေးဖွားခြင်း(၄)။
Vol. 23 Ch. 280
ဤအခိုက်အတန့်တွင်၊ ပင်လယ်ပြင်အလယ်၌...။
ရွှေအမြုတေ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ (၁၃)ဦး၏ မောင်းနှင်မှုအောက်တွင်၊ သောင်းနှင့်ချီသော ပင်လယ်သားရဲများသည် ကြယ်သုံးပွင့်ကျွန်းစုဆီသို့ ဦးတည် ထွက်ခွာလာကြသည်။ ၎င်းတို့အုပ်စုသည် ကြီးမားပြီး၊ ကြောက်မက်ဖွယ် ဒီရေလှိုင်းများကို ဖန်တီးနေကြသည်။
ဦးဆောင်လာသူမှာ အဆင့်သုံးထိပ်တန်း အဆင့်အတန်းရှိသော ငါးမန်းနက်မျိုးနွယ်စုမှ ပင်လယ် သတ္တဝါတစ်ဦး ဖြစ်သည်။ ၎င်း၏ အမည်မှာ ရှားဝူ ဖြစ်သည်။
ပင်လယ်မျိုးနွယ်စု ဆိုသည်မှာ အမှန်တကယ်တွင် ချန်လန်ပင်လယ်ဧရိယာ၌ နေထိုင်သော ထူးခြားသည့် မျိုးနွယ်စု တစ်ခု ဖြစ်သည်။
သူတို့သည် ကုန်းနေရေနေ သတ္တဝါများ ဖြစ်ကြပြီး၊ ကုန်းပေါ်တွင်ရော ပင်လယ်နက်ထဲတွင်ပါ နေထိုင်နိုင်သည်။
မှန်ပေသည်၊ ၎င်းတို့သည် ရေနက်ပိုင်းတွင် နေထိုင်ရသည်ကို ပိုမိုနှစ်ခြိုက်ကြသည်။
သူတို့သည် သမုဒ္ဒရာ နက်ရှိုင်းရာတွင် မြို့တော်များကို တစ်မြို့ပြီးတစ်မြို့ တည်ဆောက်ခဲ့ကြသည်။
သူတို့သည် ချန်လန်ပင်လယ် ဧရိယာတွင် လူသားမျိုးနွယ်စုထက် မနိမ့်ကျသော အတော်အတန် ကြီးမားသည့် အင်အားစု တစ်ခု ဖြစ်သည်။
ပင်လယ်မျိုးနွယ်စုဝင်များသည် လူသားများနှင့် ယှဉ်နိုင်သော အံ့ဩဖွယ် ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့တွင် မွေးရာပါ သန်မာသော ခန္ဓာကိုယ်များ ရှိကြပြီး မိစ္ဆာစွမ်းအားများကို ထိန်းချုပ်နိုင်သဖြင့်၊ ချန်လန်ပင်လယ် ဧရိယာရှိ လူသားများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမဓ, ပင်လယ်မျိုးနွယ်စု သတ္တဝါများသည် လူသားတို့၏ လှေပျံများနှင့် သင်္ဘောများကို ရံဖန်ရံခါ တိုက်ခိုက်လေ့ ရှိပြီး၊ လူသားများကို ကြီးမားစွာ ထိခိုက်စေသည်။
အခြားတစ်ဖက်တွင်၊ လူသားကျင့်ကြံသူများသည်လည်း ပင်လယ်မျိုးနွယ်စု သတ္တဝါများကို မကြာခဏ အမဲလိုက်ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှ မိစ္ဆာအမြုတေများနှင့် အခြားပစ္စည်း အမျိုးမျိုးကို ထုတ်ယူကြသည်။
အတိုချုပ် ပြောရလျှင်၊ နှစ်သောင်းပေါင်းများစွာ ကြာအောင်၊ နှစ်ဖက်စလုံးကြား ရန်ငြိုးများ တည်ရှိနေခဲ့သည်။
ပင်လယ်မျိုးနွယ်စု တွင် ငါးမန်းနက်မျိုးနွယ်စု၊ ရေသူ မျိုးနွယ်စု၊ လိပ် မျိုးနွယ်စု၊ မြှားငါး မျိုးနွယ်စု၊ ရေနဂါး မျိုးနွယ်စု၊ လျှပ်စီးငါးရှဉ့် မျိုးနွယ်စု စသည်ဖြင့် မျိုးနွယ်စု အများအပြား ရှိပြီး၊ အားလုံးသည် ပင်လယ်မျိုးနွယ်စုအတွင်း အစွမ်းထက်သော မျိုးနွယ်စုများ ဖြစ်ကြသည်။
ဤမျိုးနွယ်စုများ၏ ဦးဆောင်မှုအောက်တွင်၊ ပင်လယ်မျိုးနွယ်စုသည် လူသားများကို ပြင်းထန်သော ဆုံးရှုံးမှုများကို မကြာခဏ ဖြစ်ပေါ်စေလေ့ ရှိသည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း၊ လူသားမျိုးနွယ်စုတွင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အမြောက်အမြား မွေးဖွားလာခြင်းကြောင့်၊ လူသားများ၏ အင်အားသည် များစွာ တိုးတက်လာခဲ့သည်။
ထို့ကြောင့် ပင်လယ်မျိုးနွယ်စုသည် ဆင်းရဲဒုက္ခများဖြင့် နေထိုင်ခဲ့ရပြီး၊ မကြာခဏ အမဲလိုက်ခံရကာ ပင်လယ်နက်ထဲတွင် ပုန်းအောင်းခြင်းဖြင့်သာ ရှင်သန်နိုင်ခဲ့သည်။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပင်လယ်မျိုးနွယ်စုတွင်လည်း ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်ရှိ မိစ္ဆာဘုရင် အနည်းငယ် မွေးဖွားလာခဲ့ပြီး၊ သူတို့၏ အင်အားကို များစွာ တိုးမြှင့်ပေးခဲ့သည်။
ထို့ကြောင့် သူတို့သည် လူသားများကို လက်တုံ့ပြန်လိုကြပြီး၊ ပင်လယ်မျိုးနွယ်စု ပိုင်ဆိုင်သင့်သော ပင်လယ် နယ်မြေများကို ပြန်လည် သိမ်းပိုက်လိုကြသည်။
"သခင်ကြီး ရှားဝူ... လူသားတွေ နေထိုင်တဲ့ ကျွန်းစုတွေက ရှေ့တည့်တည့်မှာပါ.. ကြယ်သုံးပွင့်ကျွန်းစုလို့ လူသိများပါတယ်…"
"ဒါကို အင်မော်တယ်ရှားမြို့တော်လို့ ခေါ်တဲ့ လူသား မြို့တော်တစ်ခုက ထိန်းချုပ်ထားတယ်လို့ ပြောကြတယ်.. အဲ့ဒီမှာ လူသား ကျင့်ကြံသူ တစ်သိန်းကျော်နဲ့ သာမန် လူသား သန်းပေါင်းများစွာ နေထိုင်ကြပါတယ်.."
"ကျွန်တော်တို့ ဒီမြို့ကို လုံးဝ ဖျက်ဆီးပစ်နိုင်ရင်.. ဒီ ပင်လယ်ပြင် ဧရိယာက လုံးလုံးလျားလျား ကျွန်တော်တို့အပိုင် ဖြစ်သွားပါလိမ့်မယ်…"
"ဟုတ်ပါတယ်.. လူသား ကျင့်ကြံသူတွေက ဆေးဖော်စပ်ပညာမှာ ကျွမ်းကျင်တယ်လို့ ပြောကြတယ်.. ဒါကြောင့် အထဲမှာ သန့်စင်ထားတဲ့ ဆေးလုံး အမြောက်အမြား ရှိမှာ သေချာတယ်…"
"ကျွန်တော်တို့ အင်မော်တယ်ရှားမြို့တော်ကို ဖျက်ဆီးနိုင်ရင်… အထဲက ဆေးလုံးတွေနဲ့ စိတ်ဝိညာဉ်ဆေးဝါးတွေ အကုန်လုံး ကျွန်တော်တို့ အပိုင် ဖြစ်လာလိမ့်မယ်.."
အဆင့်သုံး အောက်ခြေအဆင့် မိစ္ဆာသားရဲ ဖြစ်သော မြှားငါး မျိုးနွယ်စုမှ ရွှေအမြုတေ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးသည် လာမည့် စစ်ဆင်ရေးအတွက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ အောင်မြင်လျှင်၊ ဆုလာဘ်များသည် ရေတွက်၍ မရနိုင်အောင် များပြားပေလိမ့်မည်။
၎င်း၏ ကျင့်ကြံမှုပင်လျှင် ထပ်မံ တိုးတက်လာနိုင်သည်။
အနာဂတ်တွင်၊ ၎င်းသည် ဝိညာဉ်သန္ဓေသား မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာရန် အခွင့်အလမ်း ရှိကောင်း ရှိနိုင်သည်။ အဆင့်သုံး မိစ္ဆာသားရဲတိုင်းအတွက်၊ ဤ ပင်လယ်မျိုးနွယ်စု စစ်ဆင်ရေးသည် မကြုံစဖူးသော အခွင့်အရေးတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
"မှန်တယ်.."
"ကြယ်သုံးပွင့်ကျွန်းစုက ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ…"
"အထဲမှာ လူသား ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်ပဲ ရှိတယ်…"
"တခြား လူသား အခြေတည်အဆင့် ကျင့်ကြံသူတွေက ထည့်ပြောဖို့ မထိုက်တန်ဘူး…"
"ဒီ လူသား ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်ကို ငါတို့ ဖြေရှင်းပြီးတာနဲ့.. ကြယ်သုံးပွင့်ကျွန်းစုက ငါတို့လက်ချက်နဲ့ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်.."
ရှားဝူ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်၊ သူ့ခန္ဓာကိုယ်တစ်ခုစလုံး နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်ဖြင့် လွှမ်းခြုံနေသည်။
သူသည် လူသားများကို အလွန်အမင်း မုန်းတီးပြီး၊ လက်တွေ့အားဖြင့် သူတို့ကို အပိုင်းပိုင်း ဖြစ်အောင် ရိုက်ခွဲပစ်ချင်နေသည်။
ထို့ကြောင့်၊ ဤတစ်ကြိမ်တွင် သူသည် ဝူကျိမဟာမိတ်အဖွဲ့၏ ဌာနချုပ်ကို တိုက်ခိုက်ရန် ပင်မ အင်အားစုနှင့်အတူ မလိုက်ပါခဲ့ပေ။
ထို့အစား၊ သူသည် အနီးနားရှိ ဝေးလံခေါင်သီသော အစွန့်အဖျား ပင်လယ်ပြင် ဧရိယာများကို တိုက်ခိုက်ရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့သည်။
ရည်ရွယ်ချက်မှာမူ၊ လူသားများအား သတ်ဖြတ်လိုခြင်းမှ လွဲ၍ အခြား မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ကျင့်ကြံမှု အဆင့်အရ၊ သူသည် လူသားများ၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးနှင့် မတွေ့ဆုံသရွေ့၊ ကျယ်ပြန့်သော ချန်လန်ပင်လယ် ဧရိယာ၏ မည်သည့်နေရာကိုမဆို သွားရောက်ရာတွင် ပြဿနာ ရှိမည် မဟုတ်ပေ။
"ဒါပေမဲ့ သခင်ကြီး ရှားဝူ... လူသားတွေက အစီအရင်တွေ ဖန်တီးရာမှာ ကျွမ်းကျင်ကြတယ်…"
"ဒီ အင်မော်တယ်ရှားမြို့တော်မှာ တတိယအဆင့် အစီအရင် ရှိနေမှာ သေချာတယ်…"
"ကျွန်တော်တို့ လူသားမြို့တော်ကို တိုက်ခိုက်ရင်.. တတိယအဆင့် အစီအရင်ကို မဖောက်ထွက်နိုင်ခင်မှာ ပင်လယ်သားရဲတွေ အများကြီး သေရလိမ့်မယ်…"
အဆင့်သုံး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက သတိပေးလိုက်သည်။
သူသည် လူသား အစီအရင်များကို အတော်လေး သတိထားသည်။
တစ်ဦးချင်းဆိုလျှင်၊ လူသားကျင့်ကြံသူများသည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို မယှဉ်နိုင်သော်လည်း၊ လူသားများသည် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်ရန် မြင့်မြတ်ရတနာများနှင့် အစီအရင်များကို အသုံးပြုရာတွင် ထူးချွန်ကြသည်။
ရလဒ်အနေဖြင့်၊ ပင်လယ်မျိုးနွယ်စုသည် လူသားများနှင့် တိုက်ခိုက်ရာတွင် အားနည်းချက် ရှိနေသည်။
အစီအရင်သည် အထူးသဖြင့် ၎င်းတို့ အလွန် မုန်းတီးသော အရာ ဖြစ်သည်။
မကြာခဏဆိုသလို၊ သာမန် လူသား ကျင့်ကြံသူတစ်ဦးပင်လျှင် အစီအရင်၏ စွမ်းအားကို အသုံးပြု၍ အဆင့်တူ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ခုခံနိုင်သည်။
သူတို့သာ အတင်းအကျပ် တိုက်ခိုက်လျှင်၊ ဆုံးရှုံးမှုများ ပြင်းထန်ပေလိမ့်မည်။
"ဟားဟား... မင်း အဲ့ဒီကိစ္စအတွက် စိတ်ချလက်ချသာနေ…"
"ဒီ လူသားအစီအရင်တွေကို ကိုင်တွယ်ဖို့… မိစ္ဆာဘုရင်က ငါ့ကို ထိပ်တန်း မြင့်မြတ်ရတနာ.. ဝိညာဉ်ချိပ်ပိတ်တိုင်ကို ပေးသနားခဲ့တယ်…"
ရှားဝူတစ်ယောက် အတော်လေး ကျေနပ်ဂုဏ်ယူနေပြီး၊ မြင့်မြတ်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းသည် နားလည်ရန် ခက်ခဲသော လျှို့ဝှက်ဆန်းကြယ်သည့် ရုန်းသင်္ကေတများ ထွင်းထုထားသည့် အနက်ရောင် တိုင်တစ်တိုင်နှင့် တူသည်။
"ဒါ တကယ်ပဲ ထိပ်တန်း မြင့်မြတ်ရတနာ.. ဝိညာဉ်ချိပ်ပိတ်တိုင်လား…"
"ဒီ ထိပ်တန်း ရတနာကို မြေကြီးပေါ်မှာ ထားလိုက်တာနဲ့ ဝိညာဉ်ကြောရဲ့ စွမ်းအားကို ချိတ်ပိတ်နိုင်ပြီး အဲ့တာရဲ့ စီးဆင်းမှုကို နှောင့်ယှက်နိုင်တယ်လို့ ကောလာဟလတွေ ရှိတယ်…"
"အမှန်ပဲ.. ဒါက လူသား အစီအရင်တွေကို ဆန့်ကျင်တဲ့ အမြင့်မြတ်ဆုံး လက်နက်ပဲ…"
"လူသား အစီအရင်တွေရဲ့ စွမ်းအားက ဝိညာဉ်ကြောရဲ့ စွမ်းအားကို ထိန်းချုပ်မှုကနေ လာတာပဲ…"
"အခု ဝိညာဉ်ချိပ်ပိတ်တိုင် ပေါ်လာပြီဆိုတော့… သူက လူသားတွေရဲ့ ဝိညာဉ်ကြောတွေကို ချိတ်ပိတ်နိုင်တယ်… သူတို့ရဲ့ စီးဆင်းမှုကို နှောင့်ယှက်နိုင်တယ်.. သဘာဝဝိညာဉ်စွမ်းအင်ကိုတောင် တားဆီးထားနိုင်တယ်… ဒီလို လုပ်ခြင်းအားဖြင့်.. လူသားတွေရဲ့ အစီအရင်တွေက သူတို့ရဲ့ အာနိသင် ဆုံးရှုံးသွားလိမ့်မယ်…"
"မိစ္ဆာဘုရင်က လူသား မျိုးနွယ်စုကို ကိုင်တွယ်ဖို့အတွက်.. ပင်လယ်မျိုးနွယ်စုရဲ့ ရတနာသန့်စင်ခြင်း မဟာဆရာသခင် အများအပြားကို အထူးတလည် စုရုံးပြီးတော့.. မရေမတွက်နိုင်တဲ့ ပစ္စည်းတွေကို သုံးပြီး.. ဝိညာဉ်ချိပ်ပိတ်တိုင်တွေ အများကြီး သွန်းလုပ်ခဲ့တယ်လို့ ပြောကြတယ်.. ဒီ ကောလာဟလ မှန်မယ်လို့ ငါ မထင်ထားခဲ့ဘူး…"
"ထိပ်တန်း မြင့်မြတ်ရတနာ.. ဝိညာဉ်ချိပ်ပိတ်တိုင်နဲ့ဆိုရင်.. လူသားတွေကို ကိုင်တွယ်ရတာ အလွယ်လေးဖြစ်ပြီပေါ့…"
အဆင့်သုံး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြား စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
သူတို့သည် ရှားဝူ၏ လက်ထဲရှိ ထိပ်တန်း မြင့်မြတ်ရတနာကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်ရင်း အံ့အားသင့်မှု အမူအရာများကို ပြသနေကြသည်။
တစ်ချိန်တည်းမှာပင်၊ သူတို့၏ ယုံကြည်မှုများစွာ တိုးပွားလာခဲ့သည်။
သူတို့သည် လူသား ကျင့်ကြံသူများ၏ တတိယအဆင့် အစီအရင်အကြောင်း မူလက စိုးရိမ်ခဲ့ကြသည်။
သို့သော် ယခုအခါ၊ ထိပ်တန်း မြင့်မြတ်ရတနာ ဝိညာဉ်ချိပ်ပိတ်တိုင်၏ စွမ်းအားဖြင့်၊ လူသားများ၏ တတိယအဆင့် အစီအရင်ကို ဖြိုဖျက်ခြင်းသည် လက်ဖဝါး လှန်လိုက်သကဲ့သို့ လွယ်ကူပေလိမ့်မည်။
ဤစစ်ပွဲသည် အပြည့်အဝ စိတ်ချရသည်ဟုပင် ဆိုရပေမည်။
"မင်းတို့အားလုံး ပစ္စည်းတွေကို နားလည်ပုံပဲ…"
"မင်းတို့ ထိပ်တန်း မြင့်မြတ်ရတနာ ဝိညာဉ်ချိပ်ပိတ်တိုင်ရဲ့ စွမ်းအားကို နားလည်ကြတာပဲ…"
"ဒီ စစ်ဆင်ရေးမှာ… ငါတို့ ပင်လယ်မျိုးနွယ်စုက အနိုင်ရဖို့ ကံပါလာပြီးသား… ငါတို့ လူသားမျိုးနွယ်စုကို ချန်လန်ပင်လယ် ဧရိယာကနေ သုတ်သင်ရှင်းလင်းပြီး ရှေးဟောင်း ပင်လယ်မျိုးနွယ်စုရဲ့ ဘုန်းကျက်သရေကို ပြန်လည် အရယူရမယ်…"
"ရှေးဟောင်း ခေတ်ကတည်းက.. ချန်လန်ပင်လယ် ဧရိယာဟာ ငါတို့ ပင်လယ်မျိုးနွယ်စု ပိုင်ဆိုင်ခဲ့တာ…"
"လူသားတွေက ပြင်ပလူတွေ… ကျူးကျော်သူတွေထက် မပိုဘူး…"
"ငါ ချန်လန်ပင်လယ် ဧရိယာထဲက လူသားကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းပြီး… ရှေးဟောင်း ပင်လယ်မျိုးနွယ်စု ရဲ့ ဘုန်းကျက်သရေကို ပြန်လည် ရယူရမယ်.."
ရှားဝူ ရည်မှန်းချက်ကြီးနေသည်။
"ပြောတာကောင်းတယ်.. ရှေးဟောင်း ပင်လယ်မျိုးနွယ်စု ရဲ့ ဘုန်းကျက်သရေကို ပြန်လည် ရယူကြ…"
"လူသားကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်း… ပင်လယ်မျိုးနွယ်စု ရဲ့ ဘုန်းကျက်သရေကို ပြန်လည် ရယူ…"
"လူသားတွေက ငါတို့ ပင်လယ်မျိုးနွယ်စု အတွက် အစာတစ်ခုထက် မပိုဘူး.. ဒီတစ်ခါ သူတို့တော့ ကိစ္စပြတ်ပြီ.."
အဆင့်သုံး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြား ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"အိုး... မင်းတို့က တော်တော် သတ္တိကောင်းကြတာပဲ…"
"ငါတို့ လူသားမျိုးနွယ်စုကို သုတ်သင်ရှင်းလင်းဖို့တောင် စဉ်းစားနေတာလား.. ကြည့်ရတာ မင်းတို့ကို သုတ်သင်ရှင်းလင်းပစ်ရမယ့် ပုံပဲ…"
ဤအခိုက်အတန့်တွင် အသံတစ်သံသည် အဆင့်သုံး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကြား ရုတ်တရက် ပဲ့တင်ထပ်သွားပြီး၊ ၎င်းတို့၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ရောက်ရှိသွားကာ တစ်ဦးချင်းစီတိုင်းကို ထိတ်လန့် ကြောက်ရွံ့မှုကြောင့် ဆံပင်များ ထောင်ထသွားစေတော့သည်။