← Chapters

မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်ခြင်း။

Vol. 5 Ch. 57

မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်ခြင်း။

Vol. 5 Ch. 57

ဆင်ဆာလွတ်အောင် မျက်ခုံးနီပုန်ကန်သူတပ်လို့ပြောင်းသုံးပါမယ်ဗျ

နောက်တစ်လ အကြာတွင် သော်ကရွာသည် အတော်လေး အေးချမ်းငြိမ်သက်နေလေသည်။

ဝေထိန် နှင့် အခြားသူများ သေဆုံးသွားပြီးနောက် အနီးအနားရှိ ဓားပြများသည် ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

တံငါသည်များ၏ နေ့စဉ် အလုပ်ထွက်ရာလမ်းသည် ယခင်ကထက် များစွာ ပိုမို ဘေးကင်းလုံခြုံလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းဖန်သည် အိမ်၌ပင်နေ၍ မြွေပျံသိုင်းကျမ်း နှင့် အလင်းတန်း ဓားသိုင်းကို ကြိုးစားပမ်းစား လေ့ကျင့်နေခဲ့လေသည်။

သေချာသည်မှာ သူသည် နဝမအဆင့် အခွင့်အလမ်းဖြစ်သော အကြေးခွံစိမ်း ရတနာငါးကိုလည်း ရရှိခဲ့ပြီး ဖြစ်သည်။

ကျားသစ်ဆေးလုံး နှစ်လုံးနှင့် အကြေးခွံစိမ်း ရတနာငါးတို့၏ အကူအညီဖြင့် သူ၏ အရိုးတည်ဆောက်ခြင်း အဆင့် တိုးတက်မှုသည် လျင်မြန်စွာ ခုန်တက်သွားခဲ့သည်။

သူ၏ စွမ်းအားသည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ရှူး…

ယခုအချိန်၌ ကျန်းဖန်သည် အိမ်နောက်ဖေး ခြံဝင်းထဲတွင် မြွေပျံသိုင်းကျမ်း၏ အသက်ရှုခြင်း နည်းစနစ်ကို လေ့ကျင့်နေလေသည်။

ကောင်းကင်နှင့် မြေကြီးအကြားမှ ဆန်းကြယ်သော ဝိညာဉ်စွမ်းအင်များသည် လှုပ်ရှားလာပြီး မြူခိုးဖြူများအဖြစ် ဖွဲ့စည်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် ဤမြူခိုးဖြူများကို စုပ်ယူလိုက်ပြီးနောက် မြူခိုးဖြူများသည် အရိုးတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားစေသည်။

မြူခိုးဖြူများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပျံသန်းနေသော မြွေတစ်ကောင်ကဲ့သို့ ရွေ့လျားနေလေသည်။

အရိုးတိုင်းသည် စေ့စပ်သေချာစွာ သန့်စင်ခြင်းနှင့် အားဖြည့်ခြင်းကို ခံလိုက်ရပြီး ပိုမို ကြံ့ခိုင်သန်မာလာခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်များသည် ဆူပွက်လာပြီး အပူချိန်များ မြင့်တက်လာသကဲ့သို့ ဖြစ်နေသည်။

ဒေါင်…

ရုတ်တရက် ကျန်းဖန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကျင့်ကြံမှုကို ရပ်တန့်လိုက်လေသည်။ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး လေထုထဲတွင် ပြန့်ကျဲနေသော မြူခိုးများကို ဝမ်းဗိုက်ထဲသို့ တစ်ချက်တည်း မျိုချလိုက်သည်။

ကျင့်ကြံမှုနှင့်အတူ ဖြစ်ပေါ်လာသော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်များသည် ရုတ်ခြည်း ရပ်တန့်သွားတော့သည်။

"ငါ့ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက ၅၀% အထိ ရောက်သွားပြီလား"

"ကြည့်ရတာ ငါ့ကျင့်ကြံမှုနှုန်းက မဆိုးဘူးပဲ"

စိတ်ကူးတစ်ချက်ဖြင့် ကျန်းဖန်သည် သူ၏ ကိုယ်ခန္ဓာရှိ အတုအယောင် မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။

[အမည် - ကျန်းဖန်]

[ကံဇာတာ - ကောင်းကင်နှင့်အမျှ ကြီးမားသော ကောင်းချီးမင်္ဂလာ (စွမ်းရည် - ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်ပြီးနောက် ကောင်းချီးမင်္ဂလာ ရရှိမည်)]

[သက်တမ်း - ၉၀ နှစ်]

[ကံကောင်းခြင်း အမှတ် - ၁၆၀]

[ကျင့်စဉ် - မြွေပျံသိုင်းကျမ်း (မပြည့်စုံ) ၊ စတုတ္ထအဆင့်]

[ကျွမ်းကျင်မှု - ငါးဖမ်းခြင်း (ပြီးပြည့်စုံသော အဆင့်)]

[ရုပ်ဖျက်သိုင်း - ဆရာတစ်ဆူအဆင့်] [ချောင်မိသားစု အဆိပ်ကျမ်း - ဆရာတစ်ဆူအဆင့်] [အလင်းတန်း ဓားသိုင်း - ဆရာတစ်ဆူအဆင့်]

[နယ်ပယ် - အရိုးတည်ဆောက်ခြင်း အဆင့် (၅၀%)]

လွန်ခဲ့သော တစ်လတာအတွင်း သူ၏ ကျင့်ကြံမှုသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သေချာသည်မှာ ဤတိုးတက်မှု အများစုသည် ရတနာငါးနှင့် ကျားသစ်ဆေးလုံး နှစ်လုံးတို့၏ ကျေးဇူးကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက တိုးတက်မှုသည် ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် သူ၏ ငါးဖမ်းခြင်း စွမ်းရည်သည်လည်း ပြီးပြည့်စုံသော အဆင့်သို့ တိုးတက်လာခဲ့သည်။

ကျန်းဖန်သည် ဤစွမ်းရည်ကို တမင်တကာ လေ့ကျင့်နေခြင်း မဟုတ်သော်လည်း ရတနာငါးများကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းဆီးနေရသဖြင့် ဤစွမ်းရည်သည် သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။

ယွင်မုန်ကန် တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်မည့် တံငါသည် အလွန် ရှားပါးသွားပြီ ဖြစ်သည်။

ဤသည်မှာ သဘာဝကျသော ကိစ္စပင်။

မည်သို့ပင်ဆိုစေကာမူ မည်သည့် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင်က တံငါသည်အလုပ်ကို ရွေးချယ်လုပ်ကိုင်ပါမည်နည်း။

"ဟင်..."

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသဖြင့် ကျန်းဖန် စိတ်လှုပ်ရှားသွားလေသည်။ အသံများမှာ အလွန် စိုးရိမ်တကြီး ဖြစ်နေပုံရ၏။ မည်သည့် အရေးကြီးကိစ္စ ဖြစ်ပျက်ခဲ့သည်ကိုမူ မသိရှိရသေးချေ။

သူ အိမ်ထဲမှ ထွက်လာခဲ့ရာ အပြင်ဘက် ကွင်းပြင်တွင် ရွာသားအများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

"သတင်းဆိုးကွ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မျက်ခုံးနီပုန်ကန်သူတပ်နဲ့ နန်းတော်စစ်တပ် တိုက်ပွဲဖြစ်ကြတာ မျက်ခုံးနီပုန်ကန်သူတပ် အကြီးအကျယ် ရှုံးနိမ့်သွားတယ်တဲ့"

"မျက်ခုံးနီပုန်ကန်သူတပ် ခေါင်းဆောင် ချန်ယောက်ချွမ်ကို စစ်သူကြီး မူတာက အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်လိုက်လို့ သေလားရှင်လား မသိရတော့ဘူးတဲ့... ကျန်တဲ့ မျက်ခုံးနီပုန်ကန်သူတပ်တွေလည်း ထွက်ပြေးကုန်ကြပြီတဲ့"

တံငါသည်တစ်ဦးက သူကြားသိခဲ့ရသော သတင်းကို ချက်ချင်း မျှဝေလိုက်လေသည်။

လွန်ခဲ့သော တစ်လလုံးလုံး မျက်ခုံးနီပုန်ကန်သူတပ်သည် ယွင်ဇီမြို့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

ကံဆိုးစွာဖြင့် ယွင်ဇီမြို့သည် အလွန် ခိုင်မာနေပြီး အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း မကျဆုံးခဲ့ချေ။

မျက်ခုံးနီပုန်ကန်သူတပ်ဘက်မှလည်း အထိအခိုက် အကျအဆုံး များပြားခဲ့သည်။

မူလက နှစ်ဖက်စလုံး အနိုင်အရှုံးမရှိဘဲ ဆက်လက် တင်းခံနေကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

ဤအချိန်တွင် နန်းတော်မှ စစ်ကူများ ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

စစ်သူကြီး မူတာသည် စစ်မြေပြင်ကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားသော လှံသိုင်းထူးချွန်သည့် သိုင်းပညာ အရှင်သခင်အိုကြီး တစ်ဦး ဖြစ်သည်။

ချန်ယောက်ချွမ်နှင့် တိုက်ပွဲတွင် သူသည် မျက်ခုံးနီပုန်ကန်သူတပ် ခေါင်းဆောင်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီး အရှက်တကွဲ ထွက်ပြေးစေခဲ့သည်။

သစ်ပင်လဲလျှင် မျောက်များ ထွက်ပြေးကြသကဲ့သို့ မျက်ခုံးနီပုန်ကန်သူတပ်၏ အခြားအဖွဲ့ဝင်များသည်လည်း ပြိုကွဲပျက်စီးကုန်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျောထောက်နောက်ခံ ဖြစ်သော ချန်ယောက်ချွမ် မရှိတော့ပါက ဓားပြဂိုဏ်း (၃၆) ဂိုဏ်းသည် လူအုပ်စု တစ်စုသာ ဖြစ်သွားတော့သည်။

သူတို့သည် နန်းတော် ပင်မစစ်တပ်ကြီး၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှုံးနိမ့်သွားကြလေသည်။

"ဒါဆို သူတို့ ရှုံးသွားပြီပေါ့"

သတင်းကို ကြားရသော် ကျန်းဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။

မျက်ခုံးနီပုန်ကန်သူတပ်သည် ဤနယ်မြေကို အဆုံးတိုင် ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟူ၍တော့ မျှော်လင့်မထားခဲ့မိပေ။

တစ်လတည်းနှင့် ရှုံးနိမ့်ပြီး ထွက်ပြေးသွားကြသည်။

မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်သွားခြင်းကြောင့် အခြေအနေများသည် တစ်ဖန် ပြန်လည် ပြောင်းလဲသွားလိမ့်ဦးမည် ဖြစ်သည်။

"မျက်ခုံးနီပုန်ကန်သူတပ် ရှုံးသွားရင် နဂါးဘုရင်ဂိုဏ်း ပြန်လာတော့မှာလား"

တံငါသည်တစ်ဦး၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ထိုဖြစ်နိုင်ခြေကို ချက်ချင်း တွေးမိလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ နဂါးဘုရင်ဂိုဏ်း၏ အကြီးအကဲ အများအပြားသည် ယွင်ဇီမြို့သို့ ကြိုတင် ထွက်ပြေးသွားကြသဖြင့် မျက်ခုံးနီပုန်ကန်သူတပ်၏ ရန်မှ လွတ်မြောက်ခဲ့ကြ၏။ အမာခံ အင်အားစု အများစုကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

အောက်ခြေနှင့် အလယ်အလတ်အဆင့် ဂိုဏ်းသားအချို့ သေဆုံးသွားသည်မှလွဲ၍ နဂါးဘုရင်ဂိုဏ်း၏ အဓိက အင်အားသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ချေ။

အကယ်၍ မျက်ခုံးနီပုန်ကန်သူတပ်သာ အပြီးတိုင် ရှုံးနိမ့်သွားပါက နဂါးဘုရင်ဂိုဏ်းသားများသည် မင်းမူကာ ပြန်လာကြပေလိမ့်မည်။

သို့သော် တံငါသည်များအတွက်မူ ဤသည်မှာ ကပ်ဘေးဆိုက်ရောက်မည့် သတင်းဆိုးကြီး ဖြစ်ပေသည်။

မူလက နဂါးဘုရင်ဂိုဏ်း၏ ခေါင်းပုံဖြတ်မှု ကင်းစင်သော လွတ်လပ်မှုကို တစ်လခန့် ခံစားခဲ့ကြရသည်။

မျက်တောင်တစ်ခတ်အတွင်း နဂါးဘုရင်ဂိုဏ်း ပြန်ရောက်လာလိမ့်မည်ဟု မည်သူက ကြိုတင် တပ်အပ်ကျ ပြောနိုင်ပါမည်နည်း။

ဤသည်မှာ မည်သည့် တံငါသည်အတွက်မျှ သတင်းကောင်း မဟုတ်ချေ။

"မျက်ခုံးနီပုန်ကန်သူတပ်ကလည်း သုံးစားမရပါလား... နန်းတော်ရဲ့ ပင်မစစ်တပ်ကိုတောင် မနိုင်ဘူးတဲ့လား"

"နန်းတော်ကို ဖြုတ်ချမယ်လို့သာ လေလုံးထွားနေတာ... ယွင်ဇီမြို့ကိုတောင် မသိမ်းနိုင်ဘူး"

"ရှုံးတာ မြန်လွန်းတယ်ကွာ... ကြားတာတော့ မျက်ခုံးနီပုန်ကန်သူတပ်ရဲ့ လက်ကျန်တွေက နေရာအနှံ့ ထွက်ပြေးနေကြပြီး နန်းတော်စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးတာကို ခံနေရတယ်တဲ့"

"အသုံးမကျတဲ့ကောင်တွေ... မျက်ခုံးနီပုန်ကန်သူတပ်က ဘာမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ငါ အစကတည်းက သိသားပဲ"

"အားလုံး ဒီရက်ပိုင်း သတိထားကြဦး... နေရာအနှံ့ ထွက်ပြေးနေတဲ့ မျက်ခုံးနီပုန်ကန်သူတပ်ရဲ့ အကြွင်းအကျန်တွေက သော်ကရွာကို ရောက်လာနိုင်တယ်"

"ဟုတ်တယ်... သူတို့က အစကတည်းက ဓားပြတွေပဲ... တို့ရွာကို ရောက်လာရင် လုယက်ကြမှာ သေချာတယ်... ပြင်ဆင်ထားကြ"

ရွာသားအများအပြား ကျိန်ဆဲရင်း စိုးရိမ်ပူပန်နေကြသည်။

မျက်ခုံးနီပုန်ကန်သူတပ် ဤမျှ အသုံးမကျလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

နန်းတော်စစ်တပ်ကို မနိုင်လျှင်တောင်မှ အနည်းဆုံးတော့ နဂါးဘုရင်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းသွားသင့်သည်။

သို့သော် ဘာမှ ဖြစ်မလာခဲ့ဘဲ ဓားပြများကဲ့သို့ လုယက်ပြီးနောက် ရှုံးနိမ့်ကာ ထွက်ပြေးသွားကြခြင်းသာ ဖြစ်သည်။

သို့သော် သူတို့တွင် အခြား ရွေးချယ်စရာ မရှိပေ။

အင်အားမရှိသော သာမန်လူများ အနေဖြင့် ရေစီးအတိုင်း လိုက်ပါရုံသာ ရှိတော့သည်။

"ကြည့်ရတာ လောကကြီးက ပိုပြီး ရှုပ်ထွေးလာတော့မယ့်ပုံပဲ"

ကျန်းဖန် လက်သီးကို ဆုပ်လိုက်မိသည်။

အမှန်တိုင်းပြောရလျှင် နန်းတော်စစ်တပ်က မျက်ခုံးနီပုန်ကန်သူတပ်ကို အနိုင်ယူလိုက်ပြီးနောက် ပရမ်းပတာ အခြေအနေများ ပြီးဆုံးသွားလိမ့်မည်ဟု သူ မထင်ပေ။

အခြေခံအားဖြင့်ဆိုရလျှင် နန်းတော်၏ အာဏာရှင်ဆန်မှုကသာ ပြည်သူများကို အသက်ရှင်ရန် လမ်းမရှိအောင် ဖန်တီးခဲ့ပြီး ပုန်ကန်ထကြွအောင် တွန်းပို့ခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် မျက်ခုံးနီပုန်ကန်သူတပ်ကို နှိမ်နင်းနိုင်ခဲ့ပေလိမ့်မည်။

သို့သော် နောက်တစ်ကြိမ်ကျရင်ရော...။

ပြည်သူလူထု၏ ဒေါသကို မဖြေလျှော့နိုင်သရွေ့ မျက်ခုံးပြာ၊ မျက်ခုံးဖြူ ပုန်ကန်သူတပ် စသည်ဖြင့် ဆက်လက် ပေါ်ထွက်နေဦးမည် ဖြစ်သည်။

ဤသည်မှာ အစပျိုးခြင်းမျှသာ ဖြစ်သည်။

အကယ်၍ သူ့ကို အကန့်အသတ်အထိ တွန်းပို့လာပါက သူကိုယ်တိုင်လည်း ပုန်ကန်ကောင်း ပုန်ကန်မိပေလိမ့်မည်။

"အနာဂတ်မှာ ဘာပဲဖြစ်ဖြစ်... သော်ကရွာကတော့ အရမ်း အန္တရာယ်များလွန်းနေပြီ"

"မြို့နယ်ဘက်ကို ပြောင်းရွှေ့ဖို့ လိုအပ်လာပြီ"

ကျန်းဖန် သက်ပြင်းချလိုက်သည်။

မူလက သော်ကရွာတွင် ဆက်လက်နေထိုင်လိုသော်လည်း ယခုအခြေအနေအရဆို ဖြစ်နိုင်တော့မည် မထင်ပေ။

အဘယ်ကြောင့်ဆိုသော် သော်ကရွာသည် အများပြည်သူပိုင် နေရာတစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သူမဆို ဝင်ထွက်သွားလာနိုင်သည်။

ဆက်တိုက် ဖိနှိပ်ခံနေရပါက မည်သူက သည်းခံနိုင်ပါမည်နည်း။

ထို့ပြင် ဒုက္ခသည်များနှင့် ဓားပြများ များပြားလာသည်နှင့်အမျှ သော်ကရွာသည် အချိန်ကြာမြင့်စွာအထိ တသီးတသန့်တည်း နေထိုင်နိုင်တော့မည် မဟုတ်ချေ။

မြို့နယ်ဘက်သို့ သွားရောက်နေထိုင်ခြင်းက ပိုကောင်းပေလိမ့်မည်။

အနည်းဆုံးတော့ ကာကွယ်ပေးနိုင်မည့် မြို့ရိုးများ ရှိနေသဖြင့် ဓားပြများနှင့် ဒုက္ခသည်များကို တားဆီးပေးနိုင်သည်။

ထို့ပြင် သူ့တွင် ငွေစ (၅၀၀)၊ (၆၀၀) ခန့် ရှိနေသဖြင့် အချိန်အတန်ကြာသည်အထိ သက်တောင့်သက်သာ နေထိုင်နိုင်မည် ဖြစ်သည်။

သော်ကရွာတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။

…

အခန်း (၅၈) - ပြဿနာ ရောက်ရှိလာခြင်း။

ဝှစ်…

ရွာသားများ၏ စကားများကို နားထောင်ပြီးနောက် ကျန်းဖန်သည် အိမ်သို့ ပြန်လာခဲ့ပြီး နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဇနီးသည် စုဝေဝေနှင့် စတင် ဆွေးနွေးတိုင်ပင်လိုက်လေသည်။

"ဘာ... ယောကျာ်းက မြို့နယ်ဘက်ကို သွားမလို့လား"

ခင်ပွန်းသည်က ရုတ်တရက် ထိုကဲ့သို့ ဆုံးဖြတ်လိုက်သဖြင့် စုဝေဝေ အံ့သြသွားလေသည်။

တံငါသည် မိသားစုတစ်စုအတွက် ဤဆုံးဖြတ်ချက်သည် လွယ်ကူသော ကိစ္စမဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သော်ကရွာတွင် နေထိုင်ပါက ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သေးသည်။

သို့သော် မြို့နယ်သို့ ရောက်သွားပါက အသက်ရှင်ရပ်တည်ရန် အတွက် မည်သည့်အလုပ်ကို လုပ်ကိုင်ရမည်နည်း။

ဤအချက်သည်ပင် လယ်သမား၊ တံငါသည် အများအပြားကို မြို့သို့ မပြောင်းရွှေ့ရဲအောင် တားဆီးနေသည့် အကြီးမားဆုံး အတားအဆီး ဖြစ်နေသည်။

အသက်မွေးဝမ်းကျောင်း နည်းလမ်းမရှိပါက မြို့ပေါ်တွင် အစာငတ်ပြီး သေဆုံးသွားရုံသာ ရှိပေလိမ့်မည်။

"ထုန်ဟယ်မြို့နယ်ကို သွားမယ်လို့ မပြောပါဘူး... ခရိုင်မြို့ကြီး ဖြစ်တဲ့ ယွင်ဇီမြို့ကို သွားကြမယ်"

ကျန်းဖန်သည် အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထုန်ဟယ်မြို့နယ်နှင့် ယှဉ်လျှင် ယွင်ဇီမြို့သည် ပိုမို လုံခြုံစိတ်ချရသည်။

ဆိုရိုးစကား ရှိသည် မဟုတ်ပါလော… "ဘုရားကျောင်း သေးငယ်လေ မကောင်းဆိုးဝါးများလေ၊ ရေတိမ်လေ လိပ်များလေ" ဟူ၍။

အကယ်၍ ထုန်ဟယ်မြို့နယ်သို့ သွားရောက်ပါက အသေးအဖွဲ ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။

သို့သော် ယွင်ဇီမြို့သည် ကွဲပြားခြားနားသည်။

ယွင်ဇီမြို့တွင် နေထိုင်သူ အများစုသည် ရာထူးကြီးသော အရာရှိများ (သို့မဟုတ်) ကြွယ်ဝချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် ပြဿနာများနှင့် ကြုံတွေ့ရနိုင်ခြေ နည်းပါးသည်။

အနည်းဆုံးတော့ နဂါးဘုရင်ဂိုဏ်းကဲ့သို့ ခေါင်းပုံဖြတ် အမြတ်ထုတ်မည့်သူ ရှိမည် မဟုတ်ချေ။

ငွေကြေးရှိပါက ယွင်ဇီမြို့တွင် နေထိုင်ခြင်းသည် သော်ကရွာတွင် နေထိုင်ခြင်းထက် ပိုမို သက်တောင့်သက်သာ ရှိမည်မှာ သေချာသည်။

"နေထိုင်ဖို့အတွက်လည်း စိတ်ပူစရာ မလိုပါဘူး"

"အခု ကိုယ့်လက်ထဲမှာ ငွေစ ၆၀၀ ကျော် ရှိတယ်"

"ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားရင်တောင် ၁၀ နှစ်ကျော်လောက် နေလို့ရတယ်"

"ယွင်ဇီမြို့ကို သွားရတဲ့ အကြောင်းရင်းက ဒီပရမ်းပတာ အခြေအနေတွေကို ရှောင်ရှားချင်လို့"

"တကယ်လို့ အခြေအနေတွေ ငြိမ်သက်သွားပြီး ယွင်ဇီမြို့မှာလည်း အလုပ်ရှာမရဘူးဆိုရင် သော်ကရွာကို ပြန်လာလို့ ရတာပဲ"

ကျန်းဖန်သည် ဆုတ်ခွာရန် လမ်းကြောင်းအမျိုးမျိုးကို စီစဉ်ပြီး ဖြစ်သည်။ ယွင်ဇီမြို့သို့ သွားခြင်းသည် ခိုလှုံရန်သက်သက်သာ ဖြစ်သည်။

ထို့ပြင် သူ၏ သိုင်းပညာ စွမ်းရည်ဖြင့်ဆိုလျှင် မည်သည့်နေရာတွင်မဆို ဧည့်သည်တော်အဖြစ် ကြိုဆိုခံရမည်ဟု သူ ယုံကြည်သည်။

အရိုးတည်ဆောက်ခြင်း အဆင့် စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်နှင့် ငွေရှာရန်မှာ အလွန် လွယ်ကူသွားပေလိမ့်မည်။

ဂိုဏ်းဖွဲ့စည်းထားသူများ ဖြစ်စေ၊ အထက်တန်းလွှာ မိသားစုများ ဖြစ်စေ... ထိုကဲ့သို့သော ကျွမ်းကျင်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေလိမ့်မည်။

သို့သော် သူသည် သူတစ်ပါးအပေါ် မှီခိုလိုစိတ် မရှိပေ။

ထို့ကြောင့် မဖြစ်မနေ လိုအပ်မှသာ ထိုသို့ လုပ်ဆောင်မည် ဖြစ်သည်။

"ကောင်းပါပြီ... ယောကျာ်း သဘောအတိုင်းပါပဲ"

စုဝေဝေ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

"ကြက်ဖနဲ့ အိမ်ထောင်ပြုရင် ကြက်ဖနောက် လိုက်ရမယ်၊ ခွေးနဲ့ အိမ်ထောင်ပြုရင် ခွေးနောက် လိုက်ရမယ်" ဆိုသကဲ့သို့ပင်။

နေရာပြောင်းရွှေ့ခြင်းသည် အန္တရာယ်များမှန်း သိသော်လည်း ခင်ပွန်းသည် ပြောသကဲ့သို့ ပြင်ပလောကသည် ပိုမို ရှုပ်ထွေးလာနေပြီ ဖြစ်၏။ သော်ကရွာသည် မလုံခြုံတော့ပေ။

အချိန်မရွေး ဒုက္ခသည်များ (သို့မဟုတ်) ဓားပြများနှင့် ကြုံတွေ့ရနိုင်သည်။

ဆက်လက် နေထိုင်ပါက ကပ်ဘေး အန္တရာယ်များစွာနှင့် ရင်ဆိုင်ရနိုင်သည်။

ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် ယွင်ဇီမြို့သို့ သွားရောက်ခြင်းက ပိုကောင်းပေသည်။

ပို၍ အရေးကြီးသည်မှာ မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်သွားပြီး နန်းတော်စစ်တပ် အနိုင်ရသွားပြီ ဖြစ်ရာ ယွင်ဇီမြို့သည် လောလောဆယ်တွင် အလုံခြုံဆုံး နေရာ ဖြစ်နေပေသည်။

"ဒါပေမဲ့ အိမ်မှာ စုဆောင်းထားတဲ့ အစားအသောက်တွေ အများကြီးကို ဒီအတိုင်း ထားပစ်ခဲ့ရမှာလား... နှမြောစရာကြီး"

စုဝေဝေသည် အိမ်ရှိ အစားအသောက်များကို နှမြောတသ ဖြစ်နေရှာသည်။

သို့သော် ဤမျှများပြားသော ပစ္စည်းများကို ယွင်ဇီမြို့အထိ သယ်ဆောင်သွားရန် ဆိုသည်မှာ မလွယ်ကူလှပေ။

အထူးသဖြင့် ဤကဲ့သို့ ခေတ်ပျက်တွင် ပို၍ပင် လက်တွေ့မကျပေ။

"ဒါတွေအတွက် စိတ်ပူစရာ မလိုပါဘူး"

"အိမ်က အစားအသောက်တွေ အကုန်လုံးကို ကိုယ့်ရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သွားလို့ ရပါတယ်"

ကျန်းဖန် အနည်းငယ် ပြုံးလိုက်ပြီး ဟင်းလင်းပြင် လက်စွပ်၏ စွမ်းရည်ကို စုဝေဝေအား စတင် ပြသလိုက်လေသည်။

ယခင်က သူသည် ဟင်းလင်းပြင် လက်စွပ် အကြောင်း စုဝေဝေကို မပြောပြခဲ့ပေ။ သူမ အခြားသူများကို မတော်တဆ ပြောမိမည် (သို့မဟုတ်) ရွာသားများ သိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုစဉ်က သူ၏ အင်အားမှာ မသန်မာသေးသဖြင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားလိုခဲ့သည်။

ယခုမူ အခြေအနေ ကွာခြားသွားပြီ ဖြစ်သည်။

သော်ကရွာမှ ထွက်ခွာရန် ဆုံးဖြတ်ပြီး ဖြစ်သလို၊ အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင်လည်း ဖြစ်နေပြီ ဖြစ်ရာ မကြာမီ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်သို့ပင် ရောက်ရှိတော့မည် ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စများကို စုဝေဝေအား ပြောပြခြင်းသည် လုံးဝ ပြဿနာ မရှိပေ။

"ဟင်းလင်းပြင်လက်စွပ်... ဒါ ကျင့်ကြံသူရတနာ မဟုတ်လား"

"ယောကျာ်းက ကျင့်ကြံသူတစ်ပါးရဲ့ အမွေအနှစ်ကို ရခဲ့တာလား"

စုဝေဝေ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး အံ့သြဝမ်းသာ ဖြစ်သွားလေသည်။

သူမ၏ ခင်ပွန်းသည်၌ ဤမျှကြီးမားသော စွမ်းအားများ မည်သို့ ရှိနေရသနည်း ဟူသော မေးခွန်းများစွာ သူမတွင် ရှိခဲ့ဖူးသည်။

သာမန်လူများ သိုင်းပညာ လေ့ကျင့်လိုပါက ဆရာတစ်ဦး ရှာဖွေရန်နှင့် ရတနာဆေးဝါး အမျိုးမျိုးကို စားသုံးရန် လိုအပ်သည်။

ထိုသို့ ပြုလုပ်မှသာ အောင်မြင်ရန် အခွင့်အလမ်း ရှိသည်။

သို့သော် သူမ၏ ခင်ပွန်းသည်တွင် ဆရာသမား မရှိဘဲ ကိုယ်တိုင် လေ့ကျင့်ကာ ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ အံ့သြစရာ ကောင်းသော်လည်း သူမ၏ ခင်ပွန်းသည် ဖြစ်နေသဖြင့် ဘယ်တုန်းကမှ မမေးမြန်းခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မကောင်းသော ကိစ္စ မဟုတ်ပေ။

ယခု ဤအရာကို မြင်တွေ့လိုက်ရပြီး ကျင့်ကြံသူတစ်ပါး၏ အမွေအနှစ်ကို ရရှိထားကြောင်း သိလိုက်ရသဖြင့် အရာအားလုံးသည် ဖြစ်နိုင်ခြေ ရှိသွားပြီ ဖြစ်သည်။

"ဟုတ်တယ်"

"ဒါပေမဲ့ ဒါက တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲနော်... ဘယ်သူ့ကိုမှ မပြောနဲ့"

"နောင်ကျရင် တို့နှစ်ယောက်စလုံး ကျင့်ကြံသူ စုံတွဲ ဖြစ်လာနိုင်တယ်"

ကျန်းဖန် အနည်းငယ် ပြုံးလိုက်ပြီး စုဝေဝေ၏ သွယ်လျသော ခါးလေးကို ဖက်လိုက်သည်။

ဤကမ္ဘာလောကတွင် ကျင့်ကြံသူများနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိနေကြောင်း သိထားသဖြင့် သူသည် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိခဲ့ကြောင်း တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်သည်။

သာမန်လူများပင်လျှင် ထိုဒဏ္ဍာရီများကို ကြားဖူးနားဝ ရှိကြပြီး အလွယ်တကူ လက်ခံနိုင်ကြသည်။

"ကျွန်မလည်း ကျင့်ကြံသူ ဖြစ်လာနိုင်တာလား"

စုဝေဝေ မျှော်လင့်တကြီး မေးလိုက်သည်။

"သေချာတာပေါ့... ဖြစ်နိုင်တာပေါ့"

ကျန်းဖန် ခေါင်းညိတ်လိုက်သည်။

သူ၏ ကျင့်ကြံမှု ဆက်လက် တိုးတက်လာသည်နှင့်အမျှ စစ်မှန်သော ကျင့်ကြံသူ၏ အမွေအနှစ်နှင့် ကျင့်ကြံနည်းများကို ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်ထား၏။ ထိုအချိန်ကျလျှင် စုဝေဝေကိုပါ သူနှင့်အတူ ကျင့်ကြံစေမည် ဖြစ်သည်။

"ရှင် လိမ်နေတာ..."

"ကျင့်ကြံသူ ဖြစ်ဖို့ဆိုတာ အဲ့လောက် မလွယ်ပါဘူး"

"ရှင် ကျင့်ကြံသူ ဖြစ်သွားရင် ကျွန်မကို သေချာပေါက် ထားခဲ့မှာ"

စုဝေဝေ၏ မျက်ဝန်းများ မှေးမှိန်သွားသည်။

သူမသည် အရူးမလေး မဟုတ်ပေ။ ကျင့်ကြံသူ ဖြစ်လာရန် မလွယ်ကူကြောင်း သိထားသည်။

အကယ်၍ အလွယ်တကူ ဖြစ်လာနိုင်ပါက ဤကမ္ဘာလောကတွင် ကျင့်ကြံသူများ ပျောက်ကွယ်လုနီးပါး ဖြစ်နေမည် မဟုတ်ချေ။

သာမန် အမျိုးသမီး တစ်ယောက်အနေဖြင့် သူမသည် ကျင့်ကြံသူ တစ်ယောက်ဟူသည့် ဂုဏ်ပုဒ်နှင့် မည်သို့ ထိုက်တန်ပါမည်နည်း။

အနာဂတ်တွင် ကျန်းဖန်သည် မသေမျိုးလမ်းစဉ်ကို လိုက်စားပြီး သူမကို စွန့်ပစ်ခဲ့လျှင်ပင် နားလည်ပေးနိုင်သော ကိစ္စဖြစ်သည်။

"မင်း တွေးတာတွေ များနေပြီ"

"မင်း မယုံရင် ကိုယ့်ကို ကလေး ၇ ယောက်၊ ၈ ယောက်လောက် မွေးပေးလိုက်လေ"

"အဲ့ဒါဆို ကိုယ် ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူးပေါ့"

ကျန်းဖန်သည် စုဝေဝေကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့ ဦးတည်သွားလိုက်သည်။

ဝှစ်…

စုဝေဝေ၏ လှပသော မျက်နှာလေး ရဲတွတ်သွားသည်။

မကြာမီ အိပ်ခန်းထဲမှ ကုတင်လှုပ်ယမ်းသံများ ထွက်ပေါ်လာ၏။ ထိုအသံသည် အချိန်အကြာကြီး ဆက်လက် ထွက်ပေါ်နေတော့လေသည်။

…

နောက်တစ်ရက် ကြာပြီးနောက်။

ထုန်ဟယ်မြို့နယ် အနီးတစ်ဝိုက်၏ အခြေအနေသည် ပိုမို ရှုပ်ထွေးလာခဲ့သည်။

မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်သွားသဖြင့် ဓားပြဂိုဏ်း (၃၆) ဂိုဏ်းသည် နေရာအနှံ့ ထွက်ပြေးသွားကြပြီး မီးရှို့ခြင်း၊ လူသတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်နေကြသည်။

သော်ကရွာ အနီးအနားတွင်ပင် မျက်ခုံးနီပုန်ကန်သူတပ်သားများ၏ အရိပ်အယောင်များ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သည်။

ရွာသားများသည် ရွာထဲသို့ ဤပုန်ကန်သူတပ်သားများ မဝင်ရောက်နိုင်စေရန် အတွက် အထူး သတိထား စောင့်ကြပ်နေကြရသည်။

ဝုန်း…

ထိုအချိန်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့သည် သော်ကရွာ၏ ရွာဝင်ပေါက်၌ ရုတ်တရက် ပေါ်ထွက်လာလေသည်။

သူတို့သည် မြင်းမြင့်ကြီးများကို စီးနင်းထားကြပြီး သံချပ်ကာ ဝတ်ဆင်ထားကာ ခန္ဓာကိုယ်မှလည်း သွေးဆာနေသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ရက်စက်သော လူသတ်သမားများ ဖြစ်ကြောင်း ထင်ရှားနေသည်။

အဖွဲ့ကို ဦးဆောင်လာသူမှာ ယွင်ဇီမြို့ လုမိသားစုမှ လုယန် ဖြစ်၏။ မောက်မာဝင့်ကြွားကာ ရက်စက်သော မျက်လုံးများ ပိုင်ဆိုင်ထားသည့် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

"ဒုက္ခပါပဲ... ပြဿနာ တက်ပြီ"

ဤမြင်ကွင်းကို မြင်လိုက်ရသော် ရွာသားများ ကြောက်လန့်တကြား ဖြစ်သွားကြသည်။

အမှန်တိုင်းပြောရလျှင် မျက်ခုံးနီပုန်ကန်သူတပ်နှင့် တွေ့ဆုံရသည်ထက် အစိုးရတပ်များနှင့် တွေ့ဆုံရသည်ကို သူတို့ ပို၍ ကြောက်ရွံ့ကြသည်။

အဘယ်ကြောင့်ဆိုသော် မြို့စားတပ်များသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သူတို့နှင့် တွေ့ဆုံရခြင်းသည် ဘယ်သောအခါမျှ ကောင်းသောကိစ္စ မဟုတ်ခဲ့ဖူးသောကြောင့်ပင်။

…

All Chapters