← Chapters

အနာဂတ် ပြဿနာများကို ရှင်းလင်းခြင်း။

Vol. 5 Ch. 67

အနာဂတ် ပြဿနာများကို ရှင်းလင်းခြင်း။

Vol. 5 Ch. 67

ညဉ့်နက်သန်းခေါင်အချိန်။

ယွင်ဇီမြို့ပြင်ရှိ အိမ်တစ်လုံးတွင် ဖြစ်သည်။

ဤနေရာသည် စွန်းယောက်ရန် နှင့် သူ့လူများ စုဝေးနေထိုင်ရာ စခန်းဖြစ်သည်။

ယခုအချိန်၌ အခန်းထဲတွင် သွက်လက်ဖျတ်လတ်သော လူငယ် ၅ ယောက် ရှိနေကြသည်။

တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရောင်များ တောက်ပနေလေသည်။

"အစ်ကိုစွန်း... အစ်ကိုခိုင်းတဲ့အတိုင်း ကျွန်တော်တို့ ဟိုမြို့ပြင်ကလာတဲ့ လင်မယားနှစ်ယောက်ကို တစ်နေ့လုံး စောင့်ကြည့်ခဲ့တယ်ဗျ"

"သူတို့က ဒီရက်ပိုင်း အိမ်ထဲမှာပဲ နေပြီး ဘယ်မှမသွားကြဘူး"

"ယွင်ဇီမြို့မှာလည်း ဆွေမျိုးသားချင်း ရှိပုံမရဘူး"

"အရာရှိကြီးတွေ၊ အထက်တန်းလွှာတွေနဲ့ ပတ်သက်မယ့်ပုံလည်း မပေါ်ပါဘူး... ဘာရာထူးမှ မရှိတဲ့ သာမန်လူတွေပါပဲ"

"ဒီအလုပ်က လုပ်ရကျိုးနပ်တယ်"

ထိပ်ပြောင်ပြောင် လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် ထိုလင်မယားနှစ်ယောက်ကို ရက်အနည်းငယ်ကြာ စောင့်ကြည့်ခဲ့ပြီးနောက် အလွန်ကောင်းမွန်သော ပစ်မှတ်တစ်ခုဖြစ်ကြောင်း ယုံကြည်နေသည်။

အခြားဒေသမှ ပြောင်းရွှေ့လာသူများ ဖြစ်သည့်အတွက် သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို သယ်ဆောင်လာကြမည်မှာ သေချာသည်။

အကယ်၍ ဤအလုပ်သာ အောင်မြင်ခဲ့ပါက သူတို့အနေဖြင့် နှစ်ပေါင်းများစွာ စားမကုန်နိုင်အောင် ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် စစ်သူကြီးမူတာသည် သေလုမြောပါး ဖြစ်နေသဖြင့် မြို့ထဲတွင် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေသည်။

အစိုးရအနေဖြင့် အခြားကိစ္စများကို ဖြေရှင်းရန် အချိန်မရှိပေ။

ဤကဲ့သို့သော အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့ ကြီးကြီးမားမား စီးပွားရှာနိုင်သည်။

ထို့ပြင် နောက်ဆက်တွဲ ပြဿနာများကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။

"ဒါပေမဲ့ ဟိုကောင်က သိုင်းပညာရှင် ဖြစ်လောက်မယ်ထင်တယ်... သူ ဘယ်လောက်ထိစွမ်းလဲဆိုတာ ဘယ်သူသိမှာလဲ"

စွန်းယောက်ရန်သည် သတိထားပြီး ပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် စွမ်းအားကြီးသော သိုင်းပညာရှင် ဖြစ်နေပါက သူတို့ ကျရှုံးသွားနိုင်သည်။

မည်သူ့ကို ရန်စသင့်သည်၊ မည်သူ့ကို ရန်မစသင့်သည် ဆိုတာကို ခွဲခြားသိမြင်ရန် လိုအပ်သည်။

"မပူပါနဲ့ဗျာ... အဲ့ဒီကောင်က ရိုးရိုးအေးအေးပုံစံပါ... အာ့လောက်ကြီးထိ ဟုတ်မယ်မထင်ပါဘူး"

"သူက သိုင်းပညာရှင် ဖြစ်နေရင်ရော ဘာဖြစ်လဲ... အစ်ကိုစွန်းက အသားမျှင် သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်လေ"

"ကျွန်တော်တို့က ညံ့တယ်ဆိုရင်တောင်မှ အရေပြား သန့်စင်ခြင်း အဆင့်တော့ ရှိပါသေးတယ်"

"ပြီးတော့ ကျွန်တော်တို့က လူအင်အားလည်း သာတယ်လေ"

"သေချာ အစီအစဉ်ဆွဲပြီး လုပ်လိုက်ရင် သူဘယ်လောက်သန်သန် ကျွန်တော်တို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး"

အခြားလေးယောက်က ဝိုင်းဝန်းဆွေးနွေးကြပြီး ဤကိစ္စကို လုပ်ဆောင်သင့်ကြောင်း သဘောတူလိုက်ကြသည်။

မည်သို့ပင်ဆိုစေ သူတို့သည် ဤကဲ့သို့သော ကိစ္စရပ်များကို မရေမတွက်နိုင်အောင် လုပ်ဆောင်ခဲ့ဖူးသည်။

တစ်ကြိမ် အောင်မြင်လိုက်သည်နှင့် အချိန်ကြာမြင့်စွာ အလုပ်လုပ်စရာ မလိုတော့ပေ။

သူတို့သည် ငွေကြေးဂိုဏ်းဝင်များ ဖြစ်ကြသော်လည်း အောက်ခြေလူတန်းစားများသာ ဖြစ်သဖြင့် ငွေများများစားစား မရရှိကြချေ။

ငွေအများစုကို အကြီးအကဲများကသာ ရယူသွားကြသည်။

အကယ်၍ သူတို့သာ အပိုဝင်ငွေရှာမည့် အခွင့်အရေးကို လက်လွတ်ခံလိုက်ပါက ဟွာမန်အဆောက်အဦး (ပြည့်တန်ဆာအိမ် သို့မဟုတ် ဖျော်ဖြေရေးရိပ်သာ) တွင် မည်သို့သွားရောက် ပျော်ပါးနိုင်ပါမည်နည်း။

"ဒီလိုဆိုရင်တော့ ထွေထွေထူးထူး ပြောစရာ မလိုတော့ပါဘူး"

"ပြင်ဆင်ထားလိုက်ကြ"

"မနက်ဖြန်ညကျရင် အဲ့ဒီအိမ်ကို ဝင်စီးပြီး အချီကြီး ပွအောင် လုပ်ကြတာပေါ့"

စွန်းယောက်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

သူ အလွန်အကျွံ သတိထားနေမိသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် သူတို့တွင် လူအင်အား အသာစီး ရထားသည် မဟုတ်ပါလော။

ဟိုကောင်လေး မည်မျှပင် သန်မာပါစေ သူတို့ကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။

ထိုအချိန်၌ သူတို့သည် ထူးဆန်းသော အခြေအနေတစ်ခုကို ရုတ်တရက် အာရုံခံစားမိလိုက်ကြသည်။

"ဘာဖြစ်တာလဲ... ဘာလို့ ရုတ်တရက် ခေါင်းမူးလာတာလဲ"

"မဖြစ်နိုင်တာ... စောစောက ငါတို့ အရက်သောက်တာ များသွားလို့လား"

"ဟာသတွေ မပြောစမ်းပါနဲ့ကွာ... ငါက အရက်နိုင်ပါတယ်... အရက်အိုး နည်းနည်းလောက်နဲ့ မူးမယ့်ကောင် မဟုတ်ဘူး"

လူမိုက်များသည် ဆဲဆိုရေရွတ်နေကြသည်။

သို့သော် စွန်းယောက်ရန် ကိုယ်တိုင်လည်း မူးဝေလာသည်ကို ခံစားလိုက်ရသည်။

ဤခံစားချက်မျိုး ယခင်က တစ်ခါမျှ မကြုံဖူးပေ။ 'မိန်းမောတွေဝေစေသော ဆေးခိုး' မိသွားသကဲ့သို့ပင်။

ဝှစ်…

ရုတ်တရက် လူရိပ်တစ်ခုသည် အခန်းထဲတွင်၊ စွန်းယောက်ရန်နှင့် သူ့လူများ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။

ရောက်လာသူမှာ ကျန်းဖန်ပင် ဖြစ်သည်။

သူသည် ယခုလေးတင် 'ချောင်မိသားစု အဆိပ်ကျမ်း' ထဲမှ သွေးဆောင်ဖြားယောင်းရာတွင် အသုံးပြုလေ့ရှိသော 'လေညင်းမူးယစ် ဆေးခိုး' ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အရောင်မရှိ၊ အနံ့မရှိ၊ ပုံသဏ္ဌာန်မရှိပေ။

အသုံးပြုလိုက်သည်နှင့် ရှူရှိုက်မိသူ မည်သူမဆို ငါးစက္ကန့်အတွင်း သတိလစ်မေ့မြောသွားနိုင်သည်။

ဤလူမိုက်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ပုံမှန်အားဖြင့် ဤမျှ အဖိုးတန်သော ပစ္စည်းကို သုံးစရာ မလိုပေ။

သို့သော် ယွင်ဇီမြို့သို့ ရောက်ရှိခါစ ဖြစ်သဖြင့် နယ်မြေဒေသနှင့် မရင်းနှီးသေးချေ။

မတော်တဆ ဖြစ်ရပ်များကို ရှောင်ရှားရန်အတွက် သူသည် အစွမ်းထက်သော နည်းလမ်းကို အသုံးပြုရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် 'လေညင်းမူးယစ် ဆေးခိုး' သည် စာအုပ်ထဲတွင် ဖော်ပြထားသကဲ့သို့ ထိရောက်မှု ရှိမရှိကို စမ်းသပ်လိုသည်လည်း ပါသည်။

"မင်း... မင်းက ဟို ကျန်းဖန် မဟုတ်လား"

"ဘာလို့ ငါ့စီ ရောက်လာတာလဲ"

စွန်းယောက်ရန်သည် ကျန်းဖန် ပေါ်လာသည်ကို မြင်လိုက်ရသော် ကြောင်အသွားပြီး သူ့မျက်လုံးများ ပြာသွားသည်ဟုပင် ထင်မှတ်လိုက်မိသည်။

သူသည် တစ်ဖက်လူရှေ့တွင် ကိုယ်ထင်ပြခဲ့ဖူးခြင်း မရှိပါလျက်နှင့် ကျန်းဖန်က ဘာကြောင့် ရုတ်တရက် ရောက်လာရသနည်း။ ဘာတွေ ဖြစ်ကုန်ပြီနည်း။

ခဏတာအတွင်း သူ စိုးရိမ်ပူပန်သွားသည်။ ကျန်းဖန်သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်း သိသာနေသောကြောင့် ဖြစ်သည်။

"မေးနေသေးတယ်လား"

"မင်း ကောင်းကောင်း သိမှာပါ... ငါ့အိမ်နားမှာ မင်းလူတွေကို ရက်အကြာကြီး စောင့်ကြည့်ခိုင်းထားတာလေ... ငါ မသိဘူးလို့ ထင်နေတာလား"

ကျန်းဖန်သည် စွန်းယောက်ရန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဖျော့တော့သော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

"မင်း ဘာလုပ်ချင်တာလဲ... မဆင်မခြင် မလုပ်နဲ့နော်"

"ငါက ငွေကြေးဂိုဏ်းဝင် တစ်ယောက်နော်"

"ငါသေသွားရင် မင်းလည်း လွတ်မှာ မဟုတ်ဘူး"

"ဒါ ယွင်ဇီမြို့ကွ... မင်း စိတ်ထင်တိုင်း ကြမ်းလို့ရမယ် မထင်နဲ့"

စွန်းယောက်ရန် ကြောက်လန့်တကြားဖြင့် ငွေကြေးဂိုဏ်း၏ ဂုဏ်သတင်းကို အသုံးပြုကာ ကျန်းဖန်အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

မူလက သူသည် ပြန်လည် တိုက်ခိုက်ရန်၊ အကူအညီ တောင်းခံရန် အော်ဟစ်ရန်ပင် ကြံစည်ခဲ့သည်။

သို့သော် 'လေညင်းမူးယစ် ဆေးခိုး' မိထားသဖြင့် သူ၏ အသိစိတ်အာရုံ အများစု ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသကဲ့သို့ ခံစားရပြီး မလှုပ်ရှားနိုင်သလောက် ဖြစ်နေသည်။

သူ၏ သိုင်းပညာ စွမ်းရည်များသည် လုံးဝ အသုံးမဝင်တော့ပေ။

ဤသည်မှာ 'လေညင်းမူးယစ် ဆေးခိုး' ၏ စွမ်းအားပင် ဖြစ်သည်။

၎င်းသည် ပန်းသူခိုးများအတွက် မရှိမဖြစ် လိုအပ်သော လက်နက်တစ်ခု ဖြစ်သည်။ အမျိုးသမီးများ ဤဆေးခိုးမိသွားသည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားတတ်ပြီး အသိစိတ်ရှိနေလျှင်ပင် လှုပ်ရှား၍မရ၊ အော်ဟစ်၍မရ ဖြစ်သွားတတ်သည်။

"နားညည်းလိုက်တာ"

ကျန်းဖန် ဘေးတစ်စောင်း ကြည့်လိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားကာ ဓားချက်တစ်ချက် ထုတ်လိုက်ရာ ဓားအလင်းရောင် လက်သွားလေသည်။

ရွှပ်…

ချက်ချင်းပင် စွန်းယောက်ရန်၏ ရင်ဘတ်ကို ဓားက ထိုးဖောက်သွားလေသည်။

အခြား လူမိုက်လေးယောက်သည်လည်း ထိုကံကြမ္မာဆိုးနှင့် ကြုံတွေ့လိုက်ရသည်။ တစ်ယောက်ချင်းစီတိုင်း ချန်ယင်းဓားဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရသည်။

သွေးများ ဒလဟော စီးဆင်းလာသည်။

ပြင်းထန်သော နာကျင်မှုသည် ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို သူတို့ ခံစားလိုက်ရသည်။

သူတို့၏ အသိစိတ်အာရုံများသည် အဆုံးအစမဲ့ အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားကြတော့သည်။

စွန်းယောက်ရန်နှင့် အခြားသူများ သေဆုံးသွားကြပြီ။

မည်သည့် ကြိုးစားအားထုတ်မှုမျှ မရှိဘဲ ကျန်းဖန်သည် ဓားချက်တစ်ချက်တည်းဖြင့် သူတို့ကို လွယ်ကူစွာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

"ငါ့ကို လာရန်စရဲမှတော့... မင်းတို့ သေကိုသေရမယ်"

ကျန်းဖန်၏ မျက်နှာသည် အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များလည်း ငြိမ်သက်သွားသည်။

ဤကဲ့သို့သော ကိစ္စရပ်များသည် သူ့အတွက် မည်သည့် စိတ်ခံစားမှုမျှ မဖြစ်ပေါ်စေတော့ပေ။ သူ ယဉ်ပါးနေပြီ ဖြစ်သည်။

ဤကဲ့သို့သော ပရမ်းပတာ ခေတ်ကာလတွင် "သူမသေ ကိုယ်သေ" သာ ဖြစ်သည်။

စွန်းယောက်ရန်နှင့် သူ့လူများသည် ကြီးမားသော ပြဿနာများကို ယူဆောင်လာသောကြောင့် သူသည် လက်ဦးမှုရယူပြီး လုပ်ကြံသတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

သူတို့သည် အားနည်းသော်လည်း ငွေကြေးဂိုဏ်းဝင်များ ဖြစ်ကြသည်။

အကယ်၍ ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရင်ဆိုင်ပါက၊ အခြားသူများ သိရှိသွားလျှင် ငွေကြေးဂိုဏ်းသည် သူ့ကို ပစ်မှတ်ထားလာနိုင်သည်။

အငယ်ကောင်တွေကို ရှင်းလိုက်ရင် အကြီးကောင်တွေ ရောက်လာတတ်တာ သဘာဝပဲ... ပြဿနာတွေက အဆုံးရှိမှာ မဟုတ်ဘူး။

ထို့ကြောင့် လက်ဦးမှုရယူပြီး ပြဿနာကို အမြစ်ဖြတ်လိုက်ခြင်းက ပိုကောင်းပေသည်။

စွန်းယောက်ရန်နှင့် သူ့လူများ သေဆုံးသွားသည်နှင့် သူ့ထံသို့ ပြဿနာများ ရောက်လာတော့မည် မဟုတ်ပေ။ ဤသည်မှာ ကပ်ဘေးများကို ထိရောက်စွာ ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။

ဝုန်း…

ထိုသို့ တွေးတောရင်း ကျန်းဖန်သည် သူတို့၏ အလောင်းများကို အိမ်ဝင်းအတွင်းသို့ အမြန်သယ်ဆောင်သွားပြီး မြေကြီးပေါ်တွင် ချကာ 'အလောင်းဖျောက် ရေစင်' ကို အသုံးပြု၍ သက်သေအထောက်အထားများကို ဖျက်ဆီးလိုက်လေသည်။

မကြာမီအချိန်တွင် စွန်းယောက်ရန်နှင့် အခြားသူများ၏ အလောင်းများသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။

ထို့နောက် သူသည် အိမ်ကို ရှာဖွေစစ်ဆေးလိုက်ရာ ငွေစ (၆၇၀) ကို တွေ့ရှိလိုက်ရသည်။

သူ့အတွက် ကြီးမားသော ပမာဏ မဟုတ်သော်လည်း နည်းပါးသော ပမာဏလည်း မဟုတ်ပေ။

ယွင်ဇီမြို့တွင် နေထိုင်စရိတ်အတွက် လုံးဝ လုံလောက်စေသည်။

ထိုလူမိုက်များက သူ့အတွက် နေထိုင်စရိတ် ပေးချေသွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

မကြာမီ ကျန်းဖန်၏ ခြေရာလက်ရာများသည် ထိုနေရာမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုနေရာသို့ သူ တစ်ခါမျှ မရောက်ဖူးခဲ့သလိုပင်။

….

All Chapters