← Chapters

ချီစွမ်းအာားကို တတ်မြောက်ခြင်း၊ သိုင်းပညာ အရှင်သခင် ဖြစ်လာခြင်း။

Vol. 5 Ch. 69

ချီစွမ်းအာားကို တတ်မြောက်ခြင်း၊ သိုင်းပညာ အရှင်သခင် ဖြစ်လာခြင်း။

Vol. 5 Ch. 69

"နောက်တစ်ဆင့်ကတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် ကျင့်ကြံမှုပဲ..."

"တကယ်တော့ ဒီအဆင့် ကျင့်ကြံမှုက ရိုးရှင်းပါတယ်"

"အသက်ရှူနည်းစနစ်ကို အသုံးပြုပြီးတော့ ကောင်းကင်နဲ့ မြေကြီးကြားက ဆန်းကြယ်တဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြိီး ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ပေးရုံပါပဲ"

"ကိုယ်တွင်းအင်္ဂါတွေ အပြည့်အဝ သန့်စင်ပြီးသွားတာနဲ့ ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးတွေ တစ်သားတည်း ဖြစ်သွားလိမ့်မယ်"

"အဲ့ဒီအခါ ချီနဲ့ သွေးတွေက ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး သွေးကြောတွေထဲမှာ ချီစွမ်းအားကို မွေးဖွားလာစေလိမ့်မယ်"

"သိုင်းပညာ ချီစွမ်းအားကို ပိုင်နိုင်သွားပြီ ဆိုရင်တော့... သိုင်းပညာ အရှင်သခင် ဖြစ်လာပါလိမ့်မယ်"

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွား၏။

တောက်ဆရာလျူထံမှ ရရှိခဲ့သော ကျင့်စဉ်ကြောင့် သိုင်းပညာရှင်များ၏ ကျင့်ကြံမှု အဆင့်ဆင့်ကို သူ အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

အရေပြား သန့်စင်ခြင်း၊ အသားမျှင် သန့်စင်ခြင်း၊ အရွတ်ကြွက်သား သန့်စင်ခြင်း၊ အရိုးတည်ဆောက်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အစရှိသော အဆင့်များသည် ရုပ်ခန္ဓာကို သန့်စင်ပေးခြင်း သက်သက်သာ ဖြစ်ပေသည်။

ခန္ဓာကိုယ်၏ ချီနှင့် သွေးစွမ်းအင်သည် အတိုင်းအတာ တစ်ခုအထိ သန်မာလာသောအခါ စကြဝဠာအတွင်းရှိ ဆန်းကြယ်သော ဓာတ်ပစ္စည်းများနှင့် ဓာတ်ပြုပြီး သိုင်းပညာ ချီစွမ်းအားကို မွေးဖွားပေးလိုက်ခြင်း ဖြစ်သည်။

ထိုချီစွမ်းအားများသည် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အရှင်သခင်အား တောင်များကို ဖောက်ထွင်းတိုက်ခိုက်နိုင်သော ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး ကဲ့သို့သော စွမ်းရည်များကို ပေးစွမ်းနိုင်သည်။

လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ချီစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး အဝေးမှ ရန်သူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ဤအချက်ကြောင့်ပင် သိုင်းပညာ အရှင်သခင်များသည် တစ်ယောက်တည်းဖြင့် လူတစ်သောင်းကို ရင်ဆိုင်နိုင်ပြီး စစ်တပ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။

အရှင်သခင်၏ အတွင်းအား ချီစွမ်းအင် ကုန်ခမ်းသွားခြင်း (သို့မဟုတ်) ပင်ပန်းနွမ်းနယ်သွားခြင်း မရှိသရွေ့ သာမန်လူများ အနေဖြင့် သူတို့ကို သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။

ပြောရမည်ဆိုလျှင် သိုင်းပညာရှင်များ၏ ပထမ အဆင့်ငါးဆင့် လေ့ကျင့်မှုများသည် သိုင်းပညာ ချီစွမ်းအားကို မွေးမြူရန်အတွက်သာ ဖြစ်ပေသည်။

ခိုင်မာသော သိုင်းပညာ အခြေခံအုတ်မြစ်နှင့် စွမ်းအားကြီးမားသော ရုပ်ခန္ဓာမရှိပါက ရှေ့ဆက်တိုးတက်ရန် မဖြစ်နိုင်ချေ။

ချီစွမ်းအားကို အမှန်တကယ် မွေးမြူနိုင်ခဲ့လျှင်ပင် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားချိန်တွင် သွေးကြောများ ပေါက်ပြဲသွားပြီး သေဆုံးသွားနိုင်သည်။

ထို့ကြောင့် သန်မာသော ရုပ်ခန္ဓာသည် အခြေခံအုတ်မြစ် ဖြစ်ပေသည်။

နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။

ကျန်းဖန်သည် လှိုင်းထနေသော စွမ်းအားများကို အပြည့်အဝ ရင်းနှီးကျွမ်းဝင်သွားပြီးနောက်တွင်မှ ဤကျင့်ကြံမှု အပိုင်းကို အဆုံးသတ်လိုက်လေသည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူ၏ လုံခြုံမှု ခံစားချက်သည် ပိုမို မြင့်တက်လာခဲ့သည်။

မျက်ခုံးနီ သူပုန်တပ် ယွင်ဇီမြို့ကို ကျူးကျော်လာလျှင်ပင် သူ ကြောက်ရွံ့တော့မည် မဟုတ်ချေ။

သူသည် စုဝေဝေကို ခေါ်ဆောင်ပြီး ဤနေရာမှ ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

သေချာသည်မှာ လုံးဝ စိတ်ချရစေရန်အတွက် သူသည် သိုင်းပညာ အရှင်သခင် (သို့မဟုတ်) မွေးရာပါ သိုင်းပညာရှင် အဆင့်ထိ ရောက်ရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် သူသည် နှိမ့်ချစွာ နေထိုင်ရန် စီစဉ်ထားသည်။

ဤစွမ်းအား အဆင့်သည် မိမိကိုယ်မိမိ ကာကွယ်ရန် လုံလောက်သော်လည်း မဆင်မခြင် ပြုမူရန်အတွက်မူ မလုံလောက်သေးပေ။

ဝှစ်…

ထိုသို့ တွေးတောရင်း သူသည် အခန်းထဲမှ ထွက်ခွာကာ အိပ်ခန်းဆီသို့ ပြန်လာခဲ့လေသည်။

စုဝေဝေသည် ရေချိုးပြီးစ ဖြစ်ပြီး အနီရောင် ရင်စည်းအင်္ကျီလေးကို ဝတ်ဆင်ထား၏။ သူမ၏ ရင်သပ်ရှုမောဖွယ်ရာ ခန္ဓာကိုယ်အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ အလွန်အမင်း ဆွဲဆောင်မှု ရှိနေသည်။

သူမ၏ လှပသော မျက်ဝန်းများထဲတွင် အဆုံးအစမဲ့ ညှို့ဓာတ်များ ပါဝင်နေသည်။

ဤကာလအတွင်း သူမသည် ပိုမို ရင့်ကျက်လာပြီး မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးနှင့် တူလာခဲ့သည်။

"ယောကျာ်း..."

စုဝေဝေသည် ကျန်းဖန်ကို ချစ်စဖွယ် ကြည့်လိုက်သည်။ သူမ၏ ချောမောလှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာနေလေ၏။ သူမသည် ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော် ကျန်းဖန်သည် မိမိစိတ်ကို မည်သို့ ထိန်းချုပ်နိုင်ပါမည်နည်း။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ ကိုယ်တွင်း ချီနှင့် သွေးစွမ်းအင်များသည် နှစ်ဆ ပိုမို အားကောင်းလာခဲ့သည်။

ဤမျှ လှပသော အလှပဂေးလေး၊ ထို့ပြင် မိမိ၏ ဇနီးသည်နှင့် ရင်ဆိုင်ရသောအခါ သူ မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။

မကြာမီ အိပ်ခန်းထဲမှ အိပ်ရာခင်းများ လှန်လှောကုန်ကြပြီး ပုစဉ်းရင်ကွဲသံများ ညံသွားတော့သည်။

ပြင်းပြသော ညတစ်ည ဖြစ်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိ။

…

ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေသည်။

ကျန်းဖန်နှင့် စုဝေဝေတို့သည် အိမ်ထဲမှာပင် နေထိုင်ပြီး ခွဲခွာ၍ မရနိုင်လောက်အောင် ဖြစ်နေကြသည်။

တကယ့်ကို လိုက်ဖက်ညီသော စုံတွဲပင်။

ကံကောင်းထောက်မစွာဖြင့် စုဝေဝေ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ထူးခြားပြီး ခံနိုင်ရည်အား ကောင်းမွန်လှသည်။

သာမန်အမျိုးသမီး တစ်ယောက်သာဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့နှစ်ဦးသည် သံစဉ်နှင့် တေးသွားကဲ့သို့ သဟဇာတ ဖြစ်နေကြသည်။

ထိုအချိန်တွင် စွန်းယောက်ရန် နှင့် အခြားသူများ ပျောက်ဆုံးနေမှုကို ငွေကြေးဂိုဏ်းက ချက်ချင်း သတိထားမိလိုက်သည်။

သို့သော် စွန်းယောက်ရန်နှင့် အခြားသူများ၏ အလောင်းများကို ရှာမတွေ့သဖြင့် သေသည်၊ရှင်သည်ကို ခွဲခြား၍ မရနိုင် ဖြစ်နေသည်။

အကယ်၍ ဤလူများသည် ငွေကြေးဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ပါက အုန်းအုန်းကျွက်ကျွက် ရှာဖွေကောင်း ရှာဖွေပေလိမ့်မည်။

သို့သော် သေဆုံးသွားသူများသည် လက်ပါးစေများသာ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့သည် ခေတ္တမျှသာ ရှာဖွေပြီး လူသိရှင်ကြား မဖြစ်စေဘဲ အမှုပိတ်လိုက်ကြသည်။

သို့ရာတွင် ထိုသတင်းသည် ကျန်းဖန် နေထိုင်ရာ လမ်းကြားထဲသို့ ရောက်ရှိလာပြီး အိမ်နီးနားချင်း အများအပြား သိရှိသွားကြသည်။

"ကြားပြီးပြီလား... စွန်းယောက်ရန်တို့အဖွဲ့ ပျောက်ချင်းမလှ ပျောက်သွားကြတယ်တဲ့"

"ငွေကြေးဂိုဏ်းက သူတို့အိမ်ထဲ ဝင်ရှာတော့ သွေးကွက်တွေပဲ တွေ့ရပြီး အလောင်းတွေ မတွေ့ရဘူးတဲ့"

"ဟက်... ပျောက်သွားတာ မဟုတ်ပါဘူး... သေသွားကြတာပါ... တစ်ယောက်ယောက်က သူတို့ကို အလောင်းဖျောက်လိုက်တာ နေမှာပေါ့"

"မဖြစ်နိုင်တာ... ငွေကြေးဂိုဏ်းသားတွေကိုတောင် သတ်ရဲတယ်ဆိုတော့ ဘယ်သူက ဒီလောက် သတ္တိကောင်းနေတာလဲ"

"တချို့ကတော့ မျက်ခုံးနီ သူပုန်တပ် လက်ချက်လို့ သံသယရှိနေကြတယ်... သူတို့ရဲ့ လက်ရွေးစင်တပ်သားတွေ ယွင်ဇီမြို့ထဲကို ခိုးဝင်လာပြီး စစ်သူကြီးမူတာကို လုပ်ကြံဖို့ စီစဉ်နေကြတယ်လို့ ကောလာဟလတွေ ထွက်နေတယ်လေ"

"တကယ်လို့ မျက်ခုံးနီ သူပုန်တပ်သာ လုပ်တာဆိုရင်တော့ ငွေကြေးဂိုဏ်းလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့်ကိုး... ဟိုမောက်မာတဲ့ ငွေကြေးဂိုဏ်း လူမိုက်တွေက သဲလွန်စတွေ့ပြီး လူသတ်သမားကို ဆွဲဆောင်မိမှာ ကြောက်လို့ သေချာ မရှာရဲကြတာကိုး"

"ငွေကြေးဂိုဏ်းကကောင်တွေက ပါးတယ်... စွန်းယောက်ရန်တို့က အရေးပါတဲ့လူတွေ မဟုတ်တော့ ပြဿနာ မတက်အောင် အမြန်ပဲ အမှုပိတ်လိုက်ကြတာ"

"သေတာ ကောင်းပါတယ်... စွန်းယောက်ရန်တို့အဖွဲ့က ကောင်းတာ တစ်ခုမှ လုပ်တာ မဟုတ်ဘူး... ကြက်ခိုးလိုက်၊ ခွေးခိုးလိုက်နဲ့... အိမ်တော်တော်များများ သူတို့လက်ချက်နဲ့ ဓားပြတိုက်ခံခဲ့ရတာ... သိနေပေမဲ့လည်း ဘယ်သူမှ ပြန်မတိုက်ရဲကြဘူးလေ"

"ဟုတ်ပါ့... မကြာသေးခင်ကမှ မြို့ပြင်ကလာတဲ့ သူတွေကို ပစ်မှတ်ထားပြီး အိမ်ထဲဝင်စီးဖို့ ကြံစည်နေကြသေးတာ... ကံကောင်းလို့ သူတို့ သေသွားကြတာ... မဟုတ်ရင် လူတွေ အများကြီး ဒုက္ခရောက်ဦးမှာ"

"မျက်ခုံးနီ သူပုန်တပ်ကသာ လှုပ်ရှားနေတာဆိုရင် ယွင်ဇီမြို့က အန္တရာယ် များနေပြီ... လုပ်ကြံသတ်ဖြတ်မှုတွေ ဘယ်လောက်တောင် ဖြစ်လာဦးမလဲ မသိဘူး"

"ဒါကြောင့် အခုတလော အပြင်သိပ်မထွက်ကြနဲ့... အထူးသဖြင့် အစိုးရရုံးတွေနား မသွားကြနဲ့... အဲ့ဒီနေရာတွေက မျက်ခုံးနီ သူပုန်တပ်ရဲ့ ပစ်မှတ်တွေ ဖြစ်လောက်တယ်... သွားမိရင် ရောပြီး ဒုက္ခရောက်နေဦးမယ်"

လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

စွန်းယောက်ရန်တို့အဖွဲ့ သေဆုံးသွားသည့်အတွက် ဝမ်းသာနေကြပြီး ထိုက်တန်သည်ဟု ယူဆနေကြသည်။

သို့သော် သူတို့တွင် လျှို့ဝှက်သော စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

အဘယ်ကြောင့်ဆိုသော် မျက်ခုံးနီ သူပုန်တပ်သည် လုံးဝ ပျက်စီးသွားခြင်း မရှိသေးဘဲ အမာခံ အင်အားစု အများအပြား ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။

အချိန်မရွေး ပြန်လာနိုင်သည်။

သူတို့ပါ မတော်တဆ ရောယောင်ပြီး ပါဝင်ပတ်သက်သွားနိုင်သည်။

သာမန်ပြည်သူများ ဖြစ်သည့်အလျောက် ထိုကဲ့သို့သော အန္တရာယ်ကို ခံနိုင်ရည် မရှိကြပေ။

"မဖြစ်နိုင်တာ... စွန်းယောက်ရန်တို့ တကယ် သေသွားကြပြီလား"

"ပြီးတော့ အလောင်းတွေကိုပါ ဖျက်ဆီးခံလိုက်ရတယ် ဟုတ်လား"

"ဒါပေမဲ့ သူတို့က ဒီမတိုင်ခင် ဟိုမြို့ပြင်ကလာတဲ့ လင်မယားနှစ်ယောက်ကို ရှင်းပစ်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား"

"သူတို့ သေဆုံးမှုက အဲ့ဒီ လင်မယားနှစ်ယောက်နဲ့ ဆက်စပ်နေမလား"

ပွဲစား လျူကျစ်ယုံသည် သတင်းကြားကြားချင်း လန့်ဖျပ်သွားသည်။

မောက်မာပြီး ဘာမှ ဂရုမစိုက်တတ်သော စွန်းယောက်ရန်တို့အဖွဲ့ ဒီအတိုင်း သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ကြိုတင် နိမိတ်ပြခြင်းလည်း မရှိခဲ့ပေ။

သူသည် ဟိုမြို့ပြင်ကလာတဲ့ စုံတွဲကို ဦးစွာ သံသယဝင်လိုက်မိသည်။

သို့သော် ဤသည်မှာ သူ၏ သံသယ သက်သက်သာဖြစ်ပြီး သက်သေအထောက်အထား မရှိပေ။

လူသတ်သမားသည် အခြားသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပြီး တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်သည်။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... တိုက်ဆိုင်တာပဲဖြစ်ဖြစ်၊ မဟုတ်တာပဲဖြစ်ဖြစ် ငါနဲ့ မဆိုင်ပါဘူး"

"ဘာမှ မဖြစ်ခဲ့သလိုပဲ နေလိုက်တာ ကောင်းပါတယ်"

"ပြီးတော့ စွန်းယောက်ရန် သေသွားတာ ကောင်းတဲ့ကိစ္စပဲလေ"

လျူကျစ်ယုံ သက်ပြင်းချလိုက်ပြီး ထိုကိစ္စကို ရင်ထဲတွင် မြှုပ်နှံထားလိုက်သည်။

စပ်စုခြင်းက တစ်ခါတစ်ရံ ဘေးဖြစ်စေတတ်သည်။

များများသိလေ မြန်မြန်သေလေ။

ငါက ရိုးရိုးပွဲစားတစ်ယောက်ပဲဟာ... ဝင်မပါတာ အကောင်းဆုံးပါပဲ။

…

All Chapters