← Chapters

အစွန်းထင်းဆုံးနှင့် အသန့်စင်ဆုံး

Vol. 7 Ch. 102

အစွန်းထင်းဆုံးနှင့် အသန့်စင်ဆုံး

Vol. 7 Ch. 102

"သေဖို့ တောင်းဆိုနေတာပဲ!"

အဘွားအိုသည် ချင်ကျီအား ဂရုမစိုက်စွာ ကြည့်၍ သူမ၏စွမ်းအားကို ထုတ်လွှတ်ရန် ပြင်လိုက်သည်၊။ အမှားလုပ်ခဲ့ပြီးတာတောင် နောင်တမရသော ထိုပုရွက်ဆိတ်အား ချေမွှပစ်ရန် အသင့်ဖြစ်နေလေပြီ။

"ဟင်"

သို့သော်ကြား ခဏအကြာတွင် သူမ ရပ်တန့်သွားခဲ့သည်။

အကြောင်းမှာ ထိုကောင်လေးက သူမအပေါ်၌ ကြောက်ရွံ့သောအရိပ်အယောင်ကို မပြသခဲ့ကြောင်း သူမ ရုတ်တရက် သတိထားမိခဲ့သောကြောင့်ပင်။ သူ့မျက်လုံးများက တည်ငြိမ်နေသည်မှာ သူ့အသက်နှင့်သေခြင်းတရားကို ဂရုမစိုက်သည့်အလားပင်။

ထိုကဲ့သို့ သတိထားကြည့်မိခဲ့ရာ ဤကောင်လေး၌ တကယ်ပင် သတ္တိအချို့ရှိနေပုံရ၏။

သေခြင်းတရားကို မကြောက်တဲ့လူတစ်ယောက်က ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အသုံးမကျတဲ့သူ ဖြစ်နိုင်ပါ့မလား။

မဟုတ်ပါက သူ့အနေဖြင့် သိုင်းဘုရင်တစ်ဦးအား ပုတ်ခတ်သည့် အင်မတန်မိုက်မဲသောလုပ်ရပ်မျိုးကို ဘာကြောင့်လုပ်ရမည်နည်း။

ဒါက စိတ်လောသွားလို့များ ဖြစ်နိုင်မလား။

သူမ မယုံပေ။

အကြောင်းမှာ ကောင်းကင်တက်လှမ်းနယ်ပယ်တွင် ရှိသော လူငယ်တစ်ဦးအနေဖြင့် သာမန်စိတ်လောရုံလောက်နှင့် သူမအရှေ့မှာ စကားပြောရဲဖို့နေသာသာ မတ်တပ်ရပ်ရန်ပင် ဝေးလှပြီး တိုက်ရိုက် ဒူးထောက် ကြလိမ့်မည်ပင်။

သူမ ချင်ကျီအား ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် သူမအပေါ်ထားရှိသော နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် သံသယနှင့် သတိထားမှုကို လူငယ်လေး၏ မျက်လုံးများထဲ၌ သူမ သတိထားမိခဲ့၏။

"ဖြစ်နိုင်တာက.."

သူမ တစ်စုံတစ်ရာကို ချက်ချင်း တွေးမိသွားသည်။ ချက်ချင်းပင် သူမ၏ နတ်ဘုရားဝိညာဥ်က ရွှေ့ချင်းရိုအား လျှို့ဝှက်စွာ ဖုံးလွှမ်းသွားပြီး ကလေးမအား သေချာစစ်ဆေးခဲ့၏။ သူမ၏မျက်လုံးများက တောက်ပသွားလေသည်။

"ဒါက ဒီလိုကို"

သူမ အကြောင်းပြချက်တစ်ခုလုံးနီးပါးကို ချက်ချင်း နားလည်သွားခဲ့၏။ ထို့နောက် ကျေနပ်သော အပြုံးတစ်ခုကို ပြသကာ သူမ၏စွမ်းအားကို ပြန်ရုတ်သိမ်းခဲ့သည်။

သူမ ချင်ကျီကို ပြောလိုက်၏။

"လူငယ်လေး မင်းက တော်တော်လေး အထင်ကြီးစရာ ကောင်းသားပဲ၊ မင်းက ချင်းရိုရဲ့မျက်စိကို ဖမ်းစား နိုင်ခဲ့တာ အံ့သြစရာမရှိတော့ဘူး"

"အာ..."

ချင်ကျီမှာ မြေပြင်ကနေ ထရပ်ရင်း နားမလည်နိုင် ဖြစ်နေလေသည်။

ဘယ်လိုအခြေအနေကြီးလဲ...သူမမျက်နှာက ဘာလို့ဒီလောက်တောင် မြန်မြန် ပြောင်းလဲသွားတာလဲ။

သူမ သူ့ကို သတ်တော့မှာ မဟုတ်ဘူးလား။

အဘွားအိုက ခဏတာမျှ စဉ်းစား၍ ဆက်ပြောလာလေ၏။

"မင်းနဲ့ ချင်းရိုက အချင်းချင်း ချစ်ခင်ကြတာကို ငါ မြင်ပါတယ်၊ ပြီးတော့ မင်းရဲ့ပါရမီကလည်း တော်တော်လေး ကောင်းတယ်၊ ငါနဲ့အတူ အနောက်ပိုင်နက်ကို လိုက်မလား"

"အာ.."

ချင်ကျီမှာ ပို၍ အံ့အားသင့်သွားခဲ့သည်။ သူမ၏ သဘောထားပြောင်းလဲမှုက ၁၈၀ဒီဂရီတောင် ကျော်လွန်သွားပြီဟု ထင်ရ၏။

သူ ချင်ချွမ်းကို ကြည့်လိုက်တော့ သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ သူ့ပုံစံမှာ စိတ်ပေါ့ပါးနေပုံရပြီး ရွေးချယ်မှုက မင်းဆီမှာဟု ပြောနေသည့်အလားပင်။

ချင်ကျီလည်း ချက်ချင်း နားလည်သွားခဲ့၏။

ဤအဘွားအိုက မကောင်းသောသူ မဟုတ်ပေ။

သို့သော်ငြား သူမက လူဆိုး မဟုတ်လျှင်တောင် သူကတော့ အဘွားအိုနှင့် အတူလိုက်သွားရန်မှာ မဖြစ်နိုင်ချေ။ သူ့အဖေနှင့်သာ အတူ လိုက်သွားရမည်။

ထိုကြောင့် သူ မျက်နှာပူပူဖြင့် ပြုံးပြကာ ပြောလိုက်သည်။

"ကျွန်တော် စောစောတုန်းက စော်ကားခဲ့မိတာအတွက် ခွင့်လွှတ်ပေးပါ အကြီးအကဲ၊ ဒါပေမဲ့ ကျွန်တော် အနောက်ပိုင်နက်ကိုသွားဖို့ ရည်ရွယ်ချက်မရှိသေးပါဘူး၊ ညီမချင်းရိုကို ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျ ပြီးတော့ ကျွန်တော် အကြီးအကဲကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်"

အဘွားအိုမှာလည်း အနည်းငယ် အံ့အားသင့်သွားလေ၏။

ဒီလူငယ်လေးက သူမကို တကယ်ပဲ ငြင်းလိုက်တာလား။

သူမ၏အဆင့်အတန်းနှင့်ဆိုလျှင် သူမသာ တပည့်တစ်ဦးကို လူသိရှင်ကြား လက်ခံမည်ဆိုပါက မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ထူးချွန်သူများသည် ထိုအခွင့်အရေးအတွက် တိုက်ခိုက်ကြလိမ့်မည်။

သို့သော်ငြား ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဒုတိယအဆင့်မှ ထိုလူငယ်ကမူ ဤကဲ့သို့သွေးဆောင်မှုမျိုးကို တကယ်ပင် တွန်းလှန်ခဲ့သည်။

သူမ သူ့အား အမြင်အသစ်ဖြင့် ကြည့်ရတော့မည့်ပုံပင်။

သူမ ပြုံးကာ ပြောလိုက်၏။

"ခုနကဆို မင်းက ချင်းရိုနဲ့ မထိုက်တန်ဘူးလို့ ငါ ထင်ခဲ့ တယ်၊ ဒါပေမဲ့ အခုတော့ ငါ့အမြင်ကို ပြောင်းလဲ လိုက်ပြီ… မင်းက ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒမရှိတဲ့အတွက် ငါကလည်း မင်းကို အတင်းအကြပ်မလုပ်ပါဘူး"

"ဒါပေမဲ့ မင်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်၊ အနောက်ပိုင်နက်မှာက ပါရမီရှင်တွေ မရှားပါးဘူး၊ ချင်းရိုသာ မင်းထက် ပိုထူးချွန်တဲ့ လူငယ်တစ်ဦးကို စွဲလမ်းသွားခဲ့ရင် ငါ လုပ်ပေးနိုင်တာမရှိဘူး"

"စိတ်ချပါ အကြီးအကဲ! ကျွန်တော် အနောက်ပိုက်နက်ကို တစ်နေ့နေ့ ရောက်လာခဲ့ရင် အဲ့ဒီမှာရှိတဲ့ ပါရမီရှင်တွေအားလုံး ကျွန်တော့်ရှေ့မှာ ဦးညွှတ်ရလိမ့်မယ်!"

ချင်ကျီက စိတ်အားထက်သန်စွာ ပြောလာသည်။

"မင်းပြောသလိုဖြစ်ဖို့ မျှော်လင့်ပါတယ်"

အဘွားအိုက ပြုံးလေ၏။ သိသာစွာပင် ထိုစကားကို သူမ အလေးအနက်မထားမိသော်လည်း ယုံကြည်မှုရှိသော လူငယ်တစ်ယောက်၏ စိတ်ထားကိုမူ ဖျက်ဆီးချင်စိတ်မရှိပေ။

နောက်ဆုံးမှာတော့ ယုံကြည်မှုရှိခြင်းက လူငယ်များအတွက် ကောင်းမွန်ပေသည်။

"ချင်းရို ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စတချို့ရှိသေးတယ်၊ သူတို့ကို နှုတ်ဆက်ထားလိုက်ပါ"

အဘွားအိုက ရွှေချင်းရိုကို ပြောပြီးနောက် လေထဲ၌ ပျောက်ကွယ်သွားလေ၏။ သူမက အလွန်မြန်လွန်း၍ပင် သူတို့ မမြင်နိုင်တာလား သို့မဟုတ် နေရာကူးပြောင်းခြင်းကြောင့်ပဲလားဆိုတာကို သဲသဲကွဲကွဲ မသိနိုင်ပေ။

ပတ်ဝန်းကျင်က ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်။ထို့နောက် မဟာအကြီးအကဲကျောက်ဖူလုံက အနား ရောက်လာပြီး ပြုံးယောင်သန်းနေသော မျက်နှာဖြင့် ပြောလာခဲ့၏။

"ချင်းရို အနောက်ပိုင်နက်မှာ ကောင်းကောင်း ကျင့်ကြံပါ၊ သမီး ပြန်လာနိုင်တဲ့အခါကျရင်လည်း ဂိုဏ်းကို လာလည်ပေါ့၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက သမီးရဲ့အိမ်ပါပဲ"

သူ့စိတ်နှလုံးမှာ ရှုပ်ထွေးနေလေသည်။

တစ်ဖက်မှာ သူက ဆရာ ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်၏အော်ရာအောက်မှာ သူ လုံးဝ ဖုံးလွှမ်းခံခဲ့ရ ၏။ ဘာမှမကျန်ရှိတော့သည်အထိ ချေမွှခံခဲ့ရခြင်းပင်။ သူ့မှာ မနာလိုစိတ်တောင် မဖြစ်ရဲချေ။

နောက်တစ်ဖက်မှာတော့ သူ ကံကောင်းသလို ခံစားရကာ ဂုဏ်ယူမိပေသည်။ အကြောင်းမှာ ဒီလိုနည်းဖြင့် သိုင်းဘုရင်တစ်ဦးနှင့် သူ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့သောကြောင့်ပင်။

ယနေ့အချိန်ကစပြီး ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ဂုဏ်တက်လာလိမ့်မည်။ သူတို့ ဘယ်သူ့အမူအရာကိုမှ ဂရုစိုက်ရန် မလိုတော့ချေ။ အရှေ့ပိုင်နက်မှ ယန်မိသားစုကတောင် သူ့ကို မာနကြီးစွာ ဆက်ဆံလို့မရ တော့ချေ။ သူက သိုင်းဘုရင်တစ်ပါးနှင့် သိကျွမ်းသွားလေပြီ။

ဆရာနှင့်တပည့် နှုတ်ဆက်ပြီးနောက် ချင်ကျီအလှည့်ကို ရောက်လာခဲ့၏။ ချင်ကျီက ရွှေ့ချင်းရိုအား ချိုင့်ဝှမ်းဆီသို့ ဆွဲခေါ်သွားသည်။

သူတို့နှစ်ဦးသား လျှို့ဝှက်စွာ စကားပြောနိုင်ရန်အတွက်ပင်။

အချိန်အတော်ကြာပြီးနောက် နှစ်ယောက်စလုံးက မျက်နှာများနီမြန်းလျက် ထွက်လာကြ၏။ ထို့အပြင် လက်အကျထဲတွင်ရှိသော ချင်ကျီ၏ညာဘက်လက်က သိသိသာသာ တုန်ယင်နေလေသည်။

သိပ်မကြာခင်မှာပင် အဘွားအိုက ပြန်ရောက်လာခဲ့၏။

သူမက ရွှေ့ချင်းရိုကို ပြောလာသည်။

"သွားကြစို့"

ထိုသို့ပြောပြီးနောက် ဤနေရာ၌ရှိနေသူများအားလုံးကို သူမ အနည်းငယ် ခေါင်းညိတ်ပြခဲ့၏။ ထို့နောက် သူမ ပတ်ပတ်လည်တွင် အဖြူရောင်အလင်းတန်းအလင်းက လက်ခနဲ ဖြစ်သွားကာ သူမနှင့် ရွှေ့ချင်းရိုတို့သည် တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားကြလေသည်။

ထိုအချိန် ချင်ကျီကတော့ အနည်းငယ် စိတ်ဓာတ်ကျ နေလေ၏။ သူက ချင်ချွမ်း၏ဘေးကို ရောက်လာပြီး တိုးတိုးလေး ပြောလာသည်။

"အဖေ ကျွန်တော်တို့ အနောက်ပိုင်နက်ကိုကျ ဘယ်အချိန်လောက် သွားကြမှာလဲ"

သူ့အဖေက ဒီတစ်ခါ အရှေ့ပိုင်နက်သို့ သွားမည်ဆိုတာကို သူ သိ၏။

ချင်ချွမ်းက ရယ်မော၍ စနောက်လာသည်။

"မင်း ကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ၊ မင်း အနောက်ပိုင်နက်ကို ရောက်တဲ့အခါကျ အဲ့ဒီက ပါရမီရှင်တွေအားလုံး မင်းကို ဦးညွှတ်စေရမယ်ဆို၊ မင်း စကားကြီးစကားကျယ်တွေ ပြောခဲ့ပြီး လုပ်နိုင်စွမ်းမရှိခင် သွားတာက သင့်တော်တယ်လို့ ထင်လား"

"ဒါက…"

ချင်ကျီ၏မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲနေလေ၏။ ၎င်းက သူနှစ်သက်သူ၏ အရှေ့မှာ ကြွားလုံးထုတ်နေခဲ့ခြင်းပင်။ သို့သော်ငြား သူ့အဖေရှေ့၌မူ ထိုကဲ့သို့ကြွားလုံးထုတ်မှုက အရှက်ရစရာပင်။

၎င်းမှာ သားဖြစ်သူက အခန်းထဲ၌ ဂျပန်အက်ရှင်ကားတစ်ကားကို ခိုးကြည့်နေတုန်း အမေဖြစ်သူက အသီးများနှင့်အတူ ရုတ်တရက် ဝင်လာခဲ့ရာ ထိုမြင်ကွင်းကိုမြင်ပြီး ခေတ္တ ထိတ်လန့်သွားခဲ့ပြီးနောက် "အမေ နားလည်ပြီ" ဟူ၍ လျှို့ဝှက်ဆန်းကြယ်သော အပြုံးနှင့်အတူ နောက်ဆုတ်သွားကာ တံခါးကို ညင်သာစွာ ပိတ်ပေးခဲ့ခြင်းနှင့် ဆင်တူပေသည်။

၎င်းမှာ ဝေဒနာခံစားရခြင်းနှင့် မခြားနားပေ။

…

ကောင်းကင်ယံ၌ ပုံသဏ္ဍာန်နှစ်ခုက ပျံသန်းနေလေ၏။ သူတို့ပုံစံမှာ ငြိမ်သက်စွာ ရပ်နေသည်ဟု ထင်ရသော်လည်း သူတို့ပတ်ဝန်းကျင်မှ မြင်ကွင်းများကမူ လျင်မြန်စွာ ပြောင်းလဲနေလေသည်။ ကောင်းကင်ယံ၌ ကြယ်များ ရွေ့လျားနေသကဲ့သို့ မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်ပေ၏။

ခဏတာအတွင်းမှာပင် မိုင်ထောင်ချီရောက်နေလေပြီ။

သူတို့က ရွှေ့ချင်းရိုနှင့် အဘွားအိုတို့ဖြစ်သည်။

"ဆ ဆရာ ခုနက အစ်ကိုချင်ကျီအပေါ်မှာ ဆရာရဲ့ သဘောထားက ဘာလို့ မြန်မြန်ပြောင်းလဲသွားတာလဲဟင်"

ရွှေ့ချင်းရိုက သတိတကြီး မေးလာခဲ့၏။

သူမ၏နှလုံးသားမှာ ဤဆရာအသစ်အပေါ်၌ ထိတ်လန့်မှုကို ခံစားနေရဆဲပင်။ ၎င်းက ခွန်အားကြီးသူအပေါ်ထားရှိသော သဘာဝကျသည့် လေးစားမှု တစ်မျိုး ဖြစ်သည်။

"ဟားဟား အဲ့ဒီကောင်လေးဆီမှာ ကောင်းမွန်တဲ့ စိတ်နေသဘောထားရှိတယ်၊ အရေးအကြီးဆုံးက သူနင့်ကို တကယ်ပဲ ဂရုစိုက်တယ်လေ၊ ဒါကြောင့် ငါလည်း သူ့ကို သဘောကျသွားတာ"

အဘွားအိုက ညင်သာစွာ ပြုံး၏။

"သူ တကယ် ရိုးသားစစ်မှန်တယ်ဆိုတာကို ဆရာက ဘယ်လိုသိတာလဲဟင်"

ရွှေ့ချင်းရိုက မျက်နှာတစ်ခုလုံး နီမြန်းလျက် မျှော်လင့်ချက်များနှင့်အတူ မေးလာသည်။

အမျိုးသမီးများသည် ယောက်ျားတစ်ယောက်၏ ခံစားချက်များကို သိပြီးသားဆိုလျှင်တောင်မှ အကြိမ်ကြိမ်အခါခါ အတည်ပြုချင်ကြ၏။ ထို့အပြင် အတည်ပြုပြီးနောက်မှာလည်း သူတို့ ပိုပျော်ရွှင်တတ်ကြသည်။

"နင် သတိမထားမိဘူးလား...မတိုင်ခင်က အဲ့ဒီကောင်လေးက မာနကြီးနေပြီး ရိုင်းစိုင်းတဲ့ စကားတွေ ကို ပြောခဲ့တယ်၊ သူ ငါ့ကို စမ်းသပ်နေခဲ့တာပဲ"

အဘွားအိုက ရယ်မောနေ၏။

"ငါ့မှာ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေရှိပြီး နင့်ကို အသုံးချချင်တယ် ဒါမှမဟုတ် အနာဂတ်မှာ နင့်ကို ထိခိုက်စေနိုင်တယ်လို သူ သံသယရှိနေတာ၊ ဒါကြောင့် ဒီနည်းနဲ့ သူ ငါ့ကို စမ်းသပ်ခဲ့တာ"

"ငါသာ မကောင်းတဲ့လူတစ်ယောက် ဖြစ်ခဲ့ရင် သူ့ကို အချိန်မရွေး ချက်ချင်း သတ်ပစ်လောက်တယ်၊ ဒီလိုလုပ်ခဲ့မိရင် နင်ကလည်း ငါ့ရဲ့စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့မှာဖြစ်ပြီး နင့်စိတ်ထဲမှာ ငါ့ကို သတိထားလာလိမ့်မယ်"

"ဒီလိုသတိကပ်ထားတတ်တဲ့စိတ်က အရေးကြီးတဲ့အချိန်မှာ နင့်ရဲ့အသက်ကို ကယ်တင်ပေးနိုင်တယ်လေ"

"ဒါကြောင့်… သူက သူ့အသက်နဲ့ လောင်းကြေးထပ်ခဲ့တာပဲ၊ ပြီးတော့ ဒီလိုလုပ်ခြင်းအားဖြင့်လည်း နင့်အတွက် အန္တရာယ်ဖြစ်နိုင်ခြေတချို့ကို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်"

ထိုစကားကိုကြားသောအခါ ရွှေ့ချင်းရို၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။

ထို့နောက် သူမ၏မျက်လုံးများက စိုစွတ်လာလေ၏။

အစ်ကိုချင်ကျီက သူမအတွက် ဒီလောက်အထိ လုပ်ခဲ့ကြောင်းကို အခုမှ သိလိုက်ရခြင်းပင်။

"ချင်းရို"

ထိုအချိန် အဘွားအိုက သူမကို ခေါ်လာသည်။

"ဟုတ်"

ရွှေ့ချင်းရိုလည်း သူမခေါင်းကို မော့လိုက်၏။

အဘွားအိုက ပြောလာသည်။

"ဒါကိုကြားပြီးနောက် နင့်မှာ ငါ့ကို သတိထားရမယ်ဆိုတဲ့ ခံစားချက်မျိုး မဖြစ်လာသေးဘူးလား"

"ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေနိုင်တာပဲ၊ ငါက ငါ့ရဲ့မကောင်းတဲ့အတွေးတွေကို ဖုံးကွယ်ဖို့ သူ့ကို ရည်ရွယ်ချက်ရှိရှိ မသတ်ခဲ့တာလား ဆိုပြီး မတွေးမိဘူးလား"

"အာ...မတွေးမိဘူး"

ရွှေ့ချင်းရိုက လုံးဝ ထိတ်လန့်သွားသည့်ပုံပင်။ ထို့နောက် ရှုပ်ထွေးမှုများနှင့်အတူ ခေါင်းခါလာခဲ့၏။

အဘွားအိုသည် သူမ၏တပည့်အား အလေးအနက်ထားကာ ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ရှိသော ထူးခြားသည့်ဖြူစင်မှုကို သူမ သတိထားမိပေ၏။ ထိုမျက်လုံးများက အပြစ်ကင်းကာ ဘာမှမသိသကဲ့သို့ပင်။

သူမ ချက်ချင်းပင် ကျေနပ်စွာ ပြုံးလိုက်မိသည်။

တကယ်ပင် ဤကလေးမက သူမ ပြုစုပျိုးထောင်ပေးရန် ထိုက်တန်သော ပါရမီရှင်တစ်ဦးပင်။

ဤလောကကြီးတွင် အသန့်စင်ဆုံးနှင့် အစွန်းထင်းဆုံး၏ ကြားထဲတွင် မျဉ်းပါးလေးတစ်ခုသာ ရှိပေ၏။ သို့သော်ငြား...

လုံးဝ သန့်စင်တဲ့လူက တစ်ကယ် ရှိနိုင်ပါ့မလား။

မရှိနိုင်ပေ။

ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးက အချိန်ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်ချေ။

All Chapters