ကောင်းမွန်သောနည်းလမ်း
Vol. 7 Ch. 105
"မင်းကို ငါက မျက်လုံးထဲမထည့်ဘူး ဟုတ်လား"
ဆံပင်အနီရောင်နှင့်အကြီးအကဲက ခေတ္တဆွံ့အသွားပြီးနောက် အေးစက်စွာ ပြောလာသည်။
"မင်းက ဘာကောင်မို့လို့လဲ...မင်းကို ငါ ဘယ်လို ဖမ်းပြမလဲဆိုတာ စောင့်ကြည့်နေလိုက်!"
ထိုသို့ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တည်နေရာရွှေ့ပြောင်းခြင်း ပြုလုပ်လိုက်သည့်အလား ချင်ချွမ်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့၏။
သို့သော်ငြား တစ်စက္ကန့်အတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် အလင်းတိုင်ကြီးတစ်ခုနှင့်တိုက်မိကာ နောက်သို့ လွင့်ထွက်သွားပြီး နံရံကိုပင် ဖောက်ထွင်းလျက် အပြင်သို့ လွင့်စင်ထွက်သွားခဲ့သည်။
ဝှစ်!
ထိုမျှသာမက ပုံရိပ်တစ်ခုကလည်း သူ့အနောက်မှ ကပ်ပါလာပြီး သူ လွင့်ထွက်သွားသော လမ်းကြောင်းအပေါ်တွင် ချက်ချင်း ပြန်ပေါ်လာကာ သူ့အား မြေပြင်ပေါ်သို့ ကန်ချလိုက်လေ၏။
"ဘုန်း!"
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများက သောင်းကျန်းနေသော ဆူနာမီလှိုင်းကြီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အိမ်တော်အချို့ကို ပျက်စီးစေခဲ့သည်။
ဖုန်မှုန့်များ ပျံ့လွင့်သွားလေ၏။
ဖုန်မှုန့်များ ပြယ်သွားသည့်အခါ မြေပြင်ပေါ်ရှိ ကြီးမားသော ကျင်းကြီးတစ်ခုကို မြင်လိုက်ရပြီး ထိုထဲ၌ ဆံပင်အနီရောင်နှင့် အကြီးအကဲသည် ဒူးတစ်ဖက်ထောက်ထားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျနေလျက် သူ့မျက်နှာအမူအရာမှာလည်း အင်မတန် ကြောက်စရာကောင်းလှသည်။
"မင်း... မင်း!!"
သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့၍ ကောင်းကင်ပေါ်ရှိ ချင်ချွမ်းအား စုတ်ဖြဲပစ်ချင်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လာလေ၏။
သူ့ဂုဏ်သိက္ခာနှင့် ယုံကြည်ချက်တို့က ခဏတာအတွင်းမှာပင် ပြိုလဲသွားရသည်။ မတိုင်ခင်က သူ အထက်စီးကနေ ပြုမူနေခဲ့သော်လည်း ယခုအချိန်တွင်မူ အောက်ကနေ မော့ကြည့်နေရသူ ဖြစ်သွားခဲ့လေပြီ။
ဤကဲ့သို့ သိသာလွန်းသော ကွာခြားချက်မှာ မြန်မြန်ဆန်ဆန် ဖြစ်ပျက်ခဲ့သောကြောင့် သူ လက်ခံနိုင်ရန် ခက်ခဲလှ၏။
"ဒါက မင်းမှာရှိသမျှ ခွန်အားအကုန်လား"
ချင်ချွမ်းက သူ့အား အထက်ကနေ ငုံ့ကြည့်၍ အေးစက်စွာ ပြောလာသည်။
"ဒါ အကုန်ပဲဆိုရင်တော့ မင်းရဲ့ယုံကြည်ချက်တွေက ဘယ်ကနေ ရောက်လာတာလဲဆိုတာ ငါ တကယ် သိချင်မိတယ်"
"မင်း!!"
ဆံပင်အနီရောင်နှင့် အကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် စကားတစ်ခွန်းပင် မထွက်နိုင်ခဲ့ချေ။
စိတ်ပျက်မှုများက သူ့ကို လွှမ်းမိုးထားကာ လူသတ်ချင်စိတ်များကလည်း မီးကဲ့သို့ တောက်လောင်နေခဲ့၏။
ထိုအချိန် ကျိုးစန်းလည်း အံ့အားသင့်နေလေသည်။ ချင်ချွမ်း၏ ခွန်အားမှာ စောစောတုန်းက သိသာစွာပင် အန္တိမနယ်ပယ်၊ အဆင့်လေးမှာသာ ရှိနေခဲ့၏။ သူ မူမမှန်မှုများကိုလည်း မခံစားခဲ့ရပေ။
သို့သော်ငြား ယခုတွင်မူ သူသည် အန္တိမနယ်ပယ်၊ အဆင့်ခြောက်တွင် ရှိနေပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ကျိုးစန်းထက်ပင် ပို၍ သာလွန်နေသည်။
ဒါက...
"အရင်က သူ့အစွမ်းကို ဖုံးကွယ်ထားတာပဲ! အခု သူ ပြထားတဲ့ဟာတောင် သူ့ခွန်အားအလုံးစုံ မဟုတ်နိုင်သေးဘူး!"
ကျိုးစန်းသည် ချက်ချင်းပင် အဖြေကို ရှာတွေ့ခဲ့၏။
ခွန်အားကြီးသူများတွင်သာ တွေ့ရလေ့ရှိသော ချင်ချွမ်း၏ တည်ငြိမ်မှုနှင့် ယုံကြည်ချက်တို့ကိုပါ ပေါင်းစပ်၍ကြည့်လိုက်သောအခါ အဖြေကို သူ လုံးဝ အတည်ပြုနိုင်ခဲ့သည်။
"ဒီလူက ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်၊ သေချာပေါက် ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး၊ ပြီးတော့ သူက ငါ့မိသားစုအပေါ် ကျေးဇူးပြုထားဖူးတဲ့သူလည်း ဖြစ်တယ်... ဒါက ငါတို့ မျိုးနွယ်စုအတွက် ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ!"
အကျိုးအမြတ်များကို ခေတ္တ ချိန်ဆပြီးနောက်မှာ သူဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ သူ ချင်ချွမ်းနှင့် မိတ်ဆွေဖြစ်ခွင့်ရရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရမည်။
၎င်းက ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး သူသာ အောင်မြင်ခဲ့လျှင် သူတို့အမျိုးအနွယ်အတွက်သာမက အနာဂတ်မှာ ကျိုးမိသားစုတစ်ခုလုံးအတွက်ပါ အကျိုးရှိစေနိုင်လိမ့်မည်။
"ဘုန်း! ဘုန်း! ဘုန်း!"
မကြာလိုက်ပေ... အဝေးတစ်နေရာ၊ နက်ရှိုင်းသောမြေအောက်မှ တက်လာဟန်ရှိသော အစွမ်းထက်သည့် အလင်းတိုင်ကြီးသုံးခုက ကောင်းကင်သို့ ထိုးတက်သွားလေသည်။
ထိုအလင်းတိုင်များထဲတွင် အဘိုးအိုတစ်ဦးစီ ပါရှိပြီး သူတို့၏ ရုပ်အသွင်အပြင်များမှာ ကွဲပြားသော်လည်း အားလုံးထံမှ ကြောက်မက်ဖွယ်ကောင်းသော အန္တိမဖိအားများ ထွက်ပေါ်နေလေ၏။
"ဘယ်သူက ငါတို့ ကျိုးမိသားစုထဲမှာ လာပြီး ပြဿနာရှာနေတာလဲ!"
ဆံပင်အနီရောင်နှင့်အကြီးအကဲက သူ့ခေါင်းကို အမြန်မော့၍ အော်ဟစ်ပြောဆိုလေသည်။
"လေးစားရပါသော ဘိုးဘေးတို့ခင်ဗျား! ဒီလူက ကျွန်တော်တို့ ကျိုးမိသားစုထဲမှာ မဆင်မခြင် ရမ်းကားနေတာပါ...ကျေးဇူးပြုပြီး သူ့ကို နှိမ်နင်းပေးကြပါ!"
ချက်ချင်းပင် ထက်ရှသော အကြည့်သုံးစုံက ချင်ချွမ်းပေါ်သို့ ကျရောက်လာခဲ့၏။ လေးလံသော ခံစားချက်တစ်ခုကို သူ ခံစားခဲ့ရပြီး အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲသွားခဲ့သည်။
ထိုသုံးဦးက သေချာပေါက်ကို အန္တိမနယ်ပယ်၊ အဆင့် ရှစ် သို့မဟုတ် အဆင့်ကိုး ရှိကြသော သိုင်းပညာရှင်များပင်။
သို့သော်...
ခင်ဗျားတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေဦး ကျုပ်အတွက်တော့ တောင်ကုန်းပေါ် ဖြတ်တိုက်သွားတဲ့ လေပြေလိုပဲ!
ချင်ချွမ်းသည် အားကြီးသူများ၏အရှေ့တွင် ခေါင်းငုံ့မည့်သူ မဟုတ်ပေ။ ခေါင်းကွဲရင်ကွဲပါစေ၊ သွေးထွက်ရင်ထွက်ပါစေ၊ သိက္ခာတော့ အကျမခံနိုင်ချေ။
ထို့ကြောင့် သူ့စွမ်းအားကို တိတ်တဆိတ် မြှင့်တင်၍ ထိုဖိအားများကို တွန်းလှန်ကာ ခန္ဓာကိုယ်ကို မတ်မတ်ထားလျက် သက်သောင့်သက်သာရှိသော အမူအရာကို ပြသထားခဲ့၏။
အခြေအနေများ ဆိုးဝါးသွားမည်ကို သူ မစိုးရိမ်ပေ။အကြောင်းမှာ ကျိုးစန်းကလည်း ဤနေရာ၌ ရှိနေသောကြောင့် ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် တစ်စက္ကန့်အကြာ၌ ကျိုးစန်းက ချင်ချွမ်း၏အရှေ့မှာ ပေါ်လာပြီး အဘိုးအို သုံးဦးအား ဦးညွှတ်ကာ ပြောခဲ့၏။
"လေးစားရပါသော ဘိုးဘေးတို့ခင်ဗျား...ဒီလူက ကျွန်တော်တို့ ကျိုးမိသားစုရဲ့ ဧည့်သည်ပါ...ရန်သူမဟုတ်ပါဘူး"
"စောစောက ဖြစ်ရပ်က ကျွန်တော့်မိသားစုနဲ့ ဒုတိယအကြီးအကဲရဲ့မိသားစုကြားက ပဋိပက္ခလေးတစ်ခုပါ၊ ဒီလိုအသေးအဖွဲကိစ္စကို ကျွန်တော်တို့ လူငယ်တွေအချင်းချင်း ဖြေရှင်းနိုင်ပါတယ်ဗျ၊ ဘိုးဘေးတွေကို အနှောင့်အယှက်ပေးဖို့ရာ မထိုက်တန်ပါဘူး"
ထိုစကားကို ကြားသောအခါ အဘိုးအိုသုံးဦးက တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် ပျောက်ကွယ်သွားကြသည်။
သူတို့က ကျိုးမိသားစု၏ ဝါကြီးပုဂ္ဂိုလ်များဖြစ်ကြပြီး ပြင်ပမှ ကျူးကျော်မှုများ မရှိပါက မိသားစုရေးရာများတွင် ပါဝင်ပတ်သက်လေ့မရှိကြချေ။
'ခင်ဗျားတို့ မျိုးနွယ်စုမှာ ဘိုးဘေးရှိရင် ကျုပ်တို့မှာလည်း ရှိတာပဲ' ဟူသည့်အတိုင်းပင်။ ထို့ကြောင့် ဘိုးဘေးအဆင့်ရှိသူ အားလုံးနီးပါးက အုပ်ချုပ်ရေးကိစ္စများတွင် ဝင်မပါကြခြင်း ဖြစ်၏။ အကြောင်းမှာ လူငယ်ချင်း ရန်ဖြစ်ကြလျှင် ဖြန်ဖြေပေးမည့် ဘိုးဘေးတွေ ရှိကြသော်လည်း ဘိုးဘေးချင်း ရန်စောင်ပါက မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်သောကြောင့်ပင်။
"ဘိုးဘေး!!"
ဆံပင်အနီရောင်နှင့်အကြီးအကဲက မကျေမနပ် ဖြစ်နေဆဲပင်။
သို့သော်ငြား ကျိုးစန်းက ဝင်ပြောလာသည်။
"ဒုတိယအကြီးအကဲ မီးလျှံဇာမဏီဂူနေရာအတွက် ကျုပ် ဆုံးဖြတ်ထားပြီးပြီ၊ ခင်ဗျားက ဆက်ပြီး အနှောင့်အယှက် ပေးနေမယ်ဆိုရင် ကျုပ်တို့ ကျိုးမိသားစုက ကျေးဇူးမသိတတ်တဲ့ မိသားစုလို့ သတင်းထွက်သွားနိုင်တယ်...ဒါက မကောင်းဘူးလေ"
"ဟင်း!!"
ဆံပင်အနီရောင်နှင့်အကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဘာမှ ထပ်မပြောနိုင်တော့ဘဲ ကိစ္စပြီးဆုံးသွားကြောင်း လက်ခံလိုက်ရ၏။
တကယ်တမ်းတွင်...
သူ ပြဿနာလာရှာရုံသက်သက်သာ ဖြစ်သည်။ သို့သော်ငြား အခုတော့ မအောင်မြင်သည့်အပြင် သူ့သိက္ခာပါ အကြီးအကျယ် ကျဆင်းသွားခဲ့ရ၏။ ယခုအချိန်တွင် သူ ဆက်လက်၍ ရမ်းကားနေပါက သူ့အတွက် ရယ်စရာအဖြစ်သာ ကျန်တော့မည်ပင်။
သို့သော်ငြား ချင်ချွမ်းနှင့် ချင်ကျီတို့အပေါ် ထားရှိသော သူ၏လူသတ်ချင်စိတ်က မလျော့သွားသည့်အပြင် အထူးသဖြင့် သူ့အား မိုက်မိုက်ကန်းကန်း စော်ကားခဲ့သော ထိုကလေးအပေါ်၌ သူ၏သတ်ဖြတ်ချင်စိတ်က ပို၍တောင် ပြင်းထန်လာသေးသည်။ သေခြင်းတရားကို မကြောက်ရွံ့ဘဲ စိန်ခေါ်ဝံ့သည့် ထိုပုရွက်ဆိတ်လေးအား သူ အလွတ်ပေးမည်မဟုတ်ချေ။
"မီးလျှံဇာမဏီဂူ...ဟက်! မင်းမှာ ဝင်ဖို့ အသက်ရှိရင်တောင် ပြန်ထွက်လာရင် အသက်ရှိပါ့တော့မလားဆိုတာကို စောင့်ကြည့်ချင်သေးတယ်"
သူ စိတ်ထဲမှ အေးစက်စွာ လှောင်ပြောင်လိုက်၏။ သူ့မိသားစုမှ လူငယ်များအား မီးလျှံဇာမဏီဂူထဲတွင် ထိုကောင်လေးအား အပိုင်းပိုင်းခုတ်ပစ်ခိုင်းမည်ဟု သူ ဆုံးဖြတ်ခဲ့သည်။
သူ့မိသားစုထဲမှ ပါရမီရှင် လူငယ်အများအပြားသည် ကောင်းကင်တက်လှမ်းနယ်ပယ်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး စုစုပေါင်း လေးဦးက မီးလျှံဇာမဏီဂူထဲသို့ ဝင်ရောက်ခွင့် ရရှိထားကြလေ၏။
သူတို့အထဲတွင် သူ့မြေးဖြစ်သူ ကျိုးရှန်းက ကောင်းကင်ဘုံမှ ပေးသော ပါရမီရှင်ဖြစ်ပြီး အသက် ၂၁ နှစ်တွင်ပင် ကောင်းကင်တက်လှမ်းနယ်ပယ်၊ အဆင့်သုံးသို့ ရောက်ရှိနေကာ ထိုအဆင့်အတွင်း၌ ပြိုင်ဘက်မရှိသလောက်ပင်။
သူ့အား ကျိုးမိသားစု၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ထားကြသည်။
သူ့မြေးဖြစ်သူ၏ ခွန်အားနှင့် အခြားပါရမီရှင် အဖော်သုံးဦး၏ အကူအညီဖြင့်သာဆိုလျှင် ကောင်းကင်တက်လှမ်းနယ်ပယ်၊ အဆင့်သုံးတွင်ရှိသော ကောင်လေးတစ်ယောက်အား သတ်ရန်မှာ မခက်ခဲပေ။
ဖုန်မှုန့်အား မှုတ်ထုတ်လိုက်ရသကဲ့သို့ လွယ်ကူပေလိမ့်မည်။
မကြာခင်မှာပင် ဆံပင်အနီရောင်နှင့်အကြီးအကဲက သူ့နောက်လိုက်များနှင့်အတူ ထွက်ခွာသွားလေ၏။ ထို့နောက် ချင်ချွမ်းလည်း ယဉ်ကျေးစွာ ဆိုလိုက်သည်။
"ညီအစ်ကိုကျိုး အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲ့ဒီနေရာအတွက် အရင်းအမြစ်တွေ အများကြီး ကုန်ကျသွားမှာပဲ"
"မဟုတ်တာ....မဟုတ်တာ!"
ကျိုးစန်းက လက်ကာပြရင်း ပြုံးကာ ပြော၏။
"တကယ်တော့ အဲ့ဒီနေရာက ကျိုးမော့ရဲ့နေရာပါ၊ ဒါကြောင့် ကျုပ် ဘာမှထပ်ပေးစရာ မလိုခဲ့ပါဘူး၊ အဖေတစ်ယောက်က သားဖြစ်သူရဲ့ပိုင်ဆိုင်မှုကို ယူတာက သဘာဝကျတဲ့ အစီအစဉ်ပဲ မဟုတ်လား"
ထိုသို့ပြောရင်း သူ့သားဖြစ်သူကို ကြင်နာစွာ ကြည့်ကာ...
"ဒါ့အပြင် ဒါကလည်း ဒီကောင်လေးကိုယ်တိုင် အကြံပြုခဲ့တာပါ"
ချင်ချွမ်းလည်း အနည်းငယ် အံ့အားသင့်သွားရသည်။
ဒီကောင်လေးက တကယ် အကွက်မြင်တတ်လာတာပဲ။
"ဘာ!"
သို့သော်ငြား ချင်ကျီက ထိုစကားကို ကြားသောအခါ စိုးရိမ်တကြီးဖြင့် ...
"မဟုတ်သေးဘူး...ကျိုးမော့ ဒါက မင်းရဲ့နေရာလေ...ငါ မယူနိုင်ဘူး! မင်းရဲ့စေတနာအတွက် ကျေးဇူးတင်ပေမယ့် လူကြီးလူကောင်းတစ်ယောက်က တစ်ပါးသူအတွက် တန်ဖိုးကြီးတဲ့အရာကို မယူသင့်ဘူး၊ ဒါက...ငါ..."
အမြဲတစေ စကားပြောကောင်းပြီး နှုတ်စကားပစ်လွှတ်ရာ၌ အမြောက်ပစ်ခတ်နှုန်း ၁၀၀ မီလီမီတာလောက် ပြင်းအားရှိသော ချင်ကျီပင်လျှင် စကားများ ထစ်ကုန်တော့၏။
"ဟဲဟဲ အစ်ကိုချင်ကျီ မငြင်းပါနဲ့၊ ကျွန်တော် အစ်ကို့ကို ဒီနေရာပေးတာက ကျေးဇူးတင်တာကြောင့်တင် မကဘဲ ကျွန်တော့်ရဲ့ကိုယ်ပိုင်အကြောင်းပြချက်တွေကြောင့်လည်း ပါတယ်"
ကျိုးမော့က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောလာသည်။
"ကျွန်တော့်ရဲ့တာအိုနိုးကြားလာကတည်းက အခြေခံကျွမ်းကျင်မှုတွေ အများကြီးသင်ယူဖို့ လိုအပ်နေသေးတာကို သိလိုက်ရတယ်၊ ဥပမာဆိုရရင် အစီအရင်ပညာ၊ ကိုယ်ဖျောက်ပညာ၊ လှည့်စားမှုအတတ်ပညာတို့ပေါ့၊ ဒါကြောင့် ကျွန်တော် အခုကတည်းက တံခါးပိတ်ကျင့်ကြံဖို့ စိတ်အားထက်သန်နေပြီ"
"မီးလျှံဇာမဏီဂူကို သွားဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး၊ ဒါကြောင့် ကျွန်တော့်ကိုယ်စား အစ်ကို့ကို သွားခိုင်းရတော့မှာပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေက သေအတူရှင်အတူ ဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေတွေပဲလေ၊ အကျိုးအမြတ်တွေကို အပြင်လူတွေ ရသွားအောင် မလွှတ်ထားသင့်ဘူးမလား"
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကျီလည်း တဖြည်းဖြည်း စိတ်အေးသွားခဲ့၏။ ပြန်စဉ်းစားကြည့်တော့လည်း သူပြောတာ မှန်ကန်သည်ဟု သူ ယူဆမိပေသည်။
မိမိကိုယ်ပိုင် မဟာတာအိုကို ရှာဖွေတွေ့ရှိသွားသူတစ်ယောက်အနေဖြင့် ထိုတာအိုလမ်းစဉ်နောက်ကို လိုက်ရန် မည်မျှစိတ်အားထက်သန်နေမည်ကို သူ ကောင်းကောင်း သိ၏။
အစက ထိုအကြောင်းအရာများကို သူ နားမလည်ခဲ့သော်လည်း သူ့ဆရာက သူ့ကို ပြောပြခဲ့ဖူးသည်။ သူ့ဆရာ၏ ပြောပြချက်အရဆိုလျှင် ဆရာကိုယ်တိုင် စာပေတာအိုထဲသို့ စတင်ခြေချခဲ့စဉ်က ကွန်ဖြူးရှပ်၏ကျမ်းစာများကို မအိပ်မနေ ဖတ်ရှုခဲ့ပြီး တစ်လလုံးလုံးတောင် ရေမချိုးဘဲ နေခဲ့ဖူးသည်ဟု ဆိုလေ၏။
သူ့ဆရာက အခုလို ပြောခဲ့ဖူးသည်။
"ကိုယ်ပိုင်မဟာတာအိုဆိုတာက အဲ့ဒီအရာမှာ ကြီးမားတဲ့ စွမ်းအားတွေ ရှိနေတာကြောင့်တင် မကဘဲ မင်းရဲ့စိတ်နှလုံးကိုပါ ခွန်အားတွေနဲ့ ပြည့်ဝစေနိုင်လို့ပဲ"
"ကျင့်ကြံခြင်းမှာ တာအိုကို ရှာဖွေလိုတဲ့စိတ်ကို မွေးမြူပြီးတော့ ကျင့်ကြံခြင်းကို တာအိုလမ်းစဥ်တစ်လျှောက်သွားရာ လှေကားထစ်တစ်ခုလိုမျိုး သဘောထားလိုက်မယ်ဆိုရင် အရာအားလုံးကို သင်ယူရတာက ပိုလွယ်ကူသွားလိမ့်မယ်၊ နတ်ဘုရားတစ်ပါးဝင်စားသလိုမျိုး မင်း အရာအားလုံးကို ချက်ချင်း သဘောပေါက်နိုင်လိမ့်မယ်!"
ဥပမာအားဖြင့် ဆရာဖန်ချီကို ကြည့်မည်ဆိုလျှင်...
အစပိုင်းမှာ သူသည် အစီအရင်ပညာများကို နားမလည်ခဲ့ချေ။ သို့သော်ငြား သင်္ချိုင်းဂူဖောက်ထွင်းခြင်းလမ်းစဉ်ပေါ်သို့ ရောက်သွားသောအခါ သင်္ချိုင်းဂူများထဲရှိ အမျိုးမျိုးသော အစီအရင်ပညာများကို ဖြေရှင်းရန် လိုအပ်လာခဲ့၏။ ထို့ကြောင့် သူ ထိုပညာများကို ကျင့်ကြံလေ့ကျင့်ရန် လိုအပ်လာပြီး သူ၏ ကြိုးစားအားထုတ်မှုကြောင့်ပင် နတ်ဘုရားတွေ ကူညီဆောင်မပေးသလိုမျိုး အရာအားလုံးကို တတ်မြောက်နိုင်ခဲ့လေသည်။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်ကွာ"
နောက်ဆုံးမှာ ချင်ကျီလည်း ကျေးဇူးတင်စကား ပြောခဲ့လေ၏။
အခွင့်အရေးတစ်ခုက သူ့လက်ထဲကို ခက်ခက်ခဲခဲရောက်ရှိလာမှတော့ သူ သဘာဝကျစွာပင် ဆုပ်ကိုင်ထားမှာဖြစ်သည်။ သူ့အနေနှင့် လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်နိုင်သော အခြေအနေမျိုးက အင်မတန် ရှားပါး၏။ ညီမချင်းရို ထွက်သွားသောနေ့က ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုလေးတစ်ခုကလွဲ၍ပင်။
**********************