အခန်း (၂၃၁-၂၃၂)
Vol. 21 Ch. 231-232
အခန်း (၂၃၁)။
“ခင်ဗျားက ဒီအခြေအနေထိ ရောက်နေတာတောင် မသေသေးဘူးလား။ မိုးကြိုးကပ်ဘေး တစ်ကြိမ် ဖြတ်ကျော်ပြီးပြီဆိုပြီး၊ ကိုယ့်ကိုယ်ကို အစစ်မှန် အင်မော်တယ် နတ်ဘုရားတစ်ပါးလို့ ထင်နေတာလား။ ကျုပ် ခင်ဗျားကို နတ်ဆိုးနတ်ဘုရားရဲ့ သွေးတစ်စက်ကို အသုံးပြုခွင့် မပြုနိုင်ဘူး။ လာခဲ့စမ်း….။”
ရုတ်တရက် ကြီးမားသော ဧရာမမိုးကြိုးလျှပ်စီးကြောင်းတစ်ခုက သူတော်စင်တူယွမ်၏ စိတ်ဝိညာဉ်၏ အစိတ်အပိုင်းကြီးတစ်ခုကို ထိမှန်ပြီးနောက်၊ ပေါက်ကွဲသွားကာ ပြန်လည်စုစည်းရန် မဖြစ်နိုင်တော့အချိန်မှာ၊ ဟုန်ယွိသည် တွန့်ဆုတ်နေခြင်းမရှိဘဲ၊ အကောင်းဆုံး တုန့်ပြန်လိုက်ပါသည်။
ပထမဦးစွာ၊ သူသည် သူ့စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်ပြီး၊ အတွေးများကို ပြင်းပြင်းထန်ထန် စုစည်းလိုက်သည်။ ထိုသို့လုပ်ဆောင်ရခြင်က မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် လေထဲမှာ ကျန်ရှိနေသော မိုးကြိုးလျှပ်စီး လှိုင်းတွေကြောင့် သူ့စိတ်ဝိညာဉ် ထိခိုက်မသွား စေရန် ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါသည်။
ယင်းက သူ သတိထားရမည့် အရာဖြစ်ပါသည်။
မိုးကြိုးလျှပ်စီး၏စွမ်းအားသည် အလွန်အမင်း ကြီးမားလွန်းသည်။ ယခုလေးတင်၊ စပါးအုံးမြွေကဲ့သို့ ထူထဲပြီး ပေရာပေါင်းများစွာ ရှည်လျားသော မိုးကြိုးလျှပ်စီးကြောင်းတစ်ခုသည် သူတော်စင်တူယွမ်ကို ထိမှန်သွားသည့်အခါ၊ ဟုန်ယွိသည် မိုးကြိုးလျှပ်စီး၏ သက်ရောက်မှု အကွာဝေးအတွင်း မရှိခဲ့သော်လည်း၊ မိုးကြိုးလျှပ်စီး၏ ပြင်းထန်သော ရိုက်ခတ်မှုတွေက သူ့ စိတ်ဝိညာဉ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပါသည်။
အကယ်၍ သူသာ အတိတ်ကျမ်းကို ကျင့်ကြံမထားဘူးဆိုလျှင်၊ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေရင်တောင်မှ၊ လေထဲမှာ ကျန်ရှိနေသည့် မိုးကြိုး လျှပ်စီး လှိုင်းလုံးတွေဆီ ချဉ်းကပ်သွားမိမည်ဆိုလျှင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေဖို့ လုံလောက်ပါသည်။
သူတော်စင်တူယွမ်သည် မိုးကြိုးကပ်ဘေး တစ်ကြိမ် ဖြတ်ကျော်ပြီးသည့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း၊ မိုးကြိုးလျှပ်စီး၏ တိုက်ရိုက်ထိမှန်မှုကို ခံနိုင်ရည် မရှိပါဘူး။ ဤသည်မှာ လူတစ်ယောက် ဓားဖြင့် ထိုးခံရသည်နှင့် တူသည်။ ဒဏ်ရာကို ကုသပြီးသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့ရင်တောင် ထိုအမာရွတ်သည် ဓားဒဏ်ရာတွေကို ထပ်မံ ခံနိုင်ရည်ရှိသွားပြီဟု ပြောဆို၍ မရပေ။
အကယ်၍ ဒေါင်းဘုရင် ဒါမှမဟုတ် မိုနိုဂိုတာရီတို့လို မိုးကြိုးကပ်ဘေးကို သုံးကြိမ် သို့မဟုတ် ခုနှစ်ကြိမ် ရှစ်ကြိမ် ဖြတ်ကျော်ထားသူများဆိုလျှင်၊ မိုးကြိုးလျှပ်စီးဖြင့် ရိုက်ခတ်မှုအောက်မှာ စိတ်ဝိညာဉ် ပြိုကွဲမသွားနိုင်သော်လည်း ပြင်းထန်သော ဒဏ်ရာများကို ရှောင်လွှဲ၍ မရနိုင်သေးပါဘူး။
သို့သော် သူတော်စင်တူယွမ်သည် သန့်စင်သော ကိုယ်ခံပညာနယ်မြေ ခြောက်ခုထဲက တစ်ခုဖြစ်သည့် အနှစ်သာရ နတ်ဘုရားကျောင်း၏ မဟာအကြီးအကဲတစ်ဦး တကယ်ကို ပီသပါသည်။ မိုးကြိုးလျှပ်စီးဖြင့် တိုက်ခိုက်ခံရပြီးနောက်၊ သူ့စိတ်ဝိညာဉ်သည် ပြိုကွဲသွားသော်လည်း၊ ဖရိုဖရဲဖြစ်သွားခြင်း မရှိသည်ကို ဟုန်ယွိ ခံစားမိပါသည်။ နေရာအနှံ့ ပျံ့ကျဲနေသော အတွေးများသည် ပြန်လည်စုစည်းမည့် အရိပ်ယောင်များ ပြသနေပုံရသည်။
ထိုပြန့်ကျဲနေသော အတွေးများထဲ ပိုပြီးပြင်းထန်သော အတွေးတစ်ခုသည် မူလသွေးဝိညာဉ်ကော်ဇောပျံသို့ ပျံသန်းလာပြီး၊ လက်ဖဝါးအရွယ် သလင်းကျောက်ကို ကိုင်စွဲလိုက်ပါသည်။
ထိုလက်ဖဝါးအရွယ် သလင်းကျောက်၏ အလယ်ဗဟိုတွင် တောက်ပသော သွေးနီရောင် အစက်တစ်စက်ကို ချိတ်ပိတ်ထားသည်။
ထိုအစက်တစ်စက်သည် အနှစ်သာရနတ်ဘုရားကျောင်း၏ အလွန်ထူးကဲပြီး ဒဏ္ဍာရီလာ ရတနာဖြစ်သော မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက် ဖြစ်ပါသည်။
ယခုအခါ၊ သူတော်စင်တူယွမ်သည် အတွေးတစ်ခုဖြင့် မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက်ကို သလင်းကျောက်ထဲမှ ထုတ်ယူရန် ကြိုးစားနေပြီး၊ ထိုသွေးစက်ကို ရယူပြီး သူ့ စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ဖို့ ကြံရွယ်နေသည်။
ဟုန်ယွိသည် သေချာပေါက် ထိုသို့လုပ်ဆောင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူတော်စင်တူယွမ်သည် သူ့စွမ်းအားအားလုံးကို ပြန်လည်ရယူနိုင်ခဲ့ပါက၊ သူသည် အကန့်အသတ်မဲ့မြှားနှင့် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို အသုံးပြုမည်ဆိုလျှင်ပင် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ဤမိုးကြိုးဘေးဒဏ် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပါဘူး။
သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက် သေးသေးလေးတစ်ခုကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး၊ မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက်ပါဝင်သော ထိုသလင်းကျောက်ကို ကိုင်စွဲထားသည့် ထိုအတွေးတစ်ခုကို စုပ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ လက်ဖဝါးအရွယ် ထိုသလင်းကျောက်သည် ဟုန်ယွိ၏ နတ်ဘုရားစိတ်ဝိညာဉ်ထဲသို့ ပြုတ်ကျသွားသည်။
မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက်ပါဝင်သော ထိုသလင်းကျောက်သည် သူ့နတ်ဘုရား စိတ်ဝိညာဉ်ထဲသို့ ပြုတ်ကျလာသောအခါ၊ ဟုန်ယွိသည် ချိတ်ပိတ်ထားသည့် သွေးစက်ထဲမှာ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ပါဝင်နေသည်ကို ခံစားလိုက်ရပါသည်။
ထိုဖော်မပြနိုင်သော စိတ်ဆန္ဒထဲတွင် ကျင့်ကြံမှုအတွေ့အကြုံအချို့ ပါဝင်နေပုံရသည်။
မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးစက်ထဲမှာ ပါဝင်နေသည့် ကျင့်ကြံမှု အတွေ့အကြုံအချို့ကို ခံစားမိသည့်အခါ၊ ဟုန်ယွိသည် ထိုသလင်းကျောက်ကို ဖွင့်လှစ်ပြီး သွေးကို သူ့ နတ်ဘုရားစိတ်ဝိညာဉ်ထဲ အရည်ဖျော်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာပါသည်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ဖိနှိပ်လိုက်သည်။
“မကောင်းဆိုးဝါးနတ်ဘုရားရဲ့သွေးက မှော်ဆန်ပြီး အစွမ်းထက်တယ်။ အထဲမှာ ပါဝင်တဲ့ အမည်မသိ အတွေ့အကြုံတွေဟာ ပညာရှင်တွေရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်နိုင်တယ်။ ဒါပေမယ့် ဒီလောက်လေးနဲ့ ငါ့တာအိုနှလုံးသားကို ဘယ်လိုလုပ်ပြီး ထိခိုက်စေနိုင်မှာလဲ။ ငါ ပြန်ရောက်မှ ယင်းရှာနဲ့အတူ နားလည်အောင် ကြိုးစားသင့်တယ်။ အခုအရေးကြီးဆုံးက သူတော်စင်တူယွမ်ကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် ချိတ်ပိတ်ထားဖို့ လုပ်ဆောင်ရမယ်။ ပြီးရင် စကြဝဠာအိတ်ကို ယူပြီး နင်ဂျာဘုန်းကြီးကို ပြန်ရှာရမယ်….။”
ဟုန်ယွိသည် သူ့အတွေးများကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး၊ မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက်ပါဝင်သော သလင်းကျောက်ကို သေသေချာချာ သိမ်းဆည်းလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ သူတော်စင်တူယွမ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသော အကန့်အသတ်မဲ့မြှား ကိုးချောင်းသည် တဖန် အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကမ္ဘာကြီးသည် ယင်ယန်ဖရိုဖရဲအစီအရင်၏ အနက်ရောင်နှင့် အဖြူရောင် အရောင်နှစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤသည်မှာ ချန်ယင်းရှာ၏ အကန့်အသတ်မဲ့မြှားနှင့် ကောင်းကင်တုန်ခါလေးတို့၏ စွမ်းအားအပြည့်ဖြင့် လည်ပတ်မှု၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
ယင်ယန်ဖရိုဖရဲအစီအရင် အပြည့်အဝ လှည့်ပတ်လာသည့်အခါ ပူပြင်းသော လှိုင်းလုံးများသည် အကန့်အသတ်မဲ့မြှားထဲသို့ စုပ်ယူခံလိုက်ရသည်။
ထင်ရှားစွာပင်၊ သူတော်စင်တူယွမ်၏ ပြန်လည်စုစည်းဖို့ ကြိုးစားနေသော အတွေးများသည် ပြိုကွဲသွားပြီး စုပ်ယူခံလိုက်ရသည်။
အကန့်အသတ်မဲ့မြှား၏ ယင်ယန်ဖရိုဖရဲအစီအရင်သည် နတ်ဘုရား စိတ်ဝိညာဉ်တွေကို စုပ်ယူနိုင်ပါသည်။ ၎င်းသည် ချီဝိညာဉ်ဝဲဂယက်လောက် အစွမ်းမထက်သော်လည်း သူတော်စင်တူယွမ် အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါသည်။
“ဖျက်ဆီးခြင်း မင်စီလာ….။ ခင်ဗျားရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို မီးလောင်တိုက်သွင်းပစ်မယ်….။”
ဟုန်ယွိသည့် ရပ်တန့်ခြင်းမရှိပေ။ ယင်းအစား၊ သူသည် ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ အစစ်မှန် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သည်။ သူ့မျက်ခုံးကြားက ဒေါင်လိုက်မျက်လုံးကို ဖွင့်လှစ်လိုက်ပြီး၊ ပြင်းထန်သော မီးလျှံတွေကို ပစ်လွှတ်ကာ၊ နေရာအနှံ့မှာ ပြန်လည်စုစည်းဖို့ ကြိုးစားနေသော အတွေးများကို ဆက်လက် ပြိုကွဲစေသည်။
တစ်ချိန်တည်းမှာပင်၊ သူသည် သူ့နတ်ဘုရား စိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး၊ မူလသွေးဝိညာဉ်ကော်ဇောပျံကို အပြင်းထန် သန့်စင်လိုက်သည်။
မူလသွေးဝိညာဉ်ကော်ဇောပျံလည်း အနှစ်သာရနတ်ဘုရားကျောင်း၏ ရတနာတစ်ခု ဖြစ်သည်။ ပျံသန်းနိုင်စွမ်းအပြင်၊ အကာအကွယ် စွမ်းအားလည်း ရှိသည်။ သို့သော် သူတော်စင်တူယွမ်၏ နတ်ဘုရား စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီးနောက်၊ အကာအကွယ် တာအိုပညာရပ်ကို အသက်သွင်းရန် အချိန်မရခဲ့ပါဘူး။
ဟုန်ယွိ၏ အတွေးများသည် မူလသွေးဝိညာဉ်ကော်ဇောပျံပေါ်မှာ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်စာတိုင်အောင် လည်ပတ်လိုက်သည်။ အဆုံးတွင်၊ သူသည် သူတော်စင်တူယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်တံဆိပ်ကို ဖျက်ဆီးလိုက်ပြီး၊ ထိုမှော်ရတနာ၏ စွမ်းအားကို အကြမ်းဖျဉ်း နားလည်လိုက်သည်။ သူကိုယ်တိုင်လည်း အနည်းငယ် ထိန်းချုပ်နိုင်လာသည်။
“မူလသွေးဝိညာဉ်ကော်ဇောပျံ…။ ထုပ်ပိုးစမ်း….။”
ဟုန်ယွိက ဟစ်အော်လိုက်သည်။ မူလသွေးဝိညာဉ်ကော်ဇောပျံသည် ချက်ချင်း ဧရာမထုပ်ကြီးတစ်ခုအဖြစ် လိပ်တင်သွားပြီး၊ စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦး၊ ဂိုဏ်းချုပ် ယုဝူဒေါင်၊ စကြဝဠာအိတ်နှင့် သူတော်စင်တူယွမ်တို့၏ ရုပ်အလောင်းများကို တင်းတင်းကျပ်ကျပ် ထုပ်ပိုးလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦး၊ ဂိုဏ်းချုပ် ယုဝူဒေါင်၏ အခြေအနေကို သေသေချာချာ စစ်ဆေးလိုက်သည်။ ထိုအခါမှ၊ တစ္ဆေအင်မော်တယ် လေးဦး၏ ခန္ဓာကိုယ်များသည် အခွံဗလာတွေ ဖြစ်သွားပြီး၊ သူတို့ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ် အကြွင်းအကျန် အနည်းငယ်သာ ကျန်ရှိနေသည်ကို တွေ့ရှိလိုက်သည်။
ထင်ရှားစွာပင်၊ သူတို့သည် ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး၊ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ။ ပြန်လည်ကုစားဖို့ ခက်ခဲလိမ့်မည်။
ယခုအချိန်မှာ၊ သူတို့သည် ခန္ဓာကိုယ်ကနေ ထွက်ခွာလို့တောင် မရတော့ပါဘူး။
သို့သော် ဘေးကင်းစေဖို့အတွက်၊ ဟုန်ယွိသည် မဟူရာနတ်ဆိုးကျီးနတ်အစီအရင်ကို အသုံးပြုပြီး၊ သူတို့၏ နောက်ဆုံး စိတ်ဝိညာဉ် အကြွင်းအကျန်ကို တံဆိပ်ခတ်လိုက်သည်။ သူတို့ကို အနန္တမှောင်ထုထဲသို့ ပို့လိုက်ပြီး၊ လှုပ်ရှား၍လည်းမရ၊ မြင်လည်းမမြင်နိုင်၊ ကြားလည်းမကြားနိုင်၊ တွေးလည်း မတွေးနိုင်သည့် အခြေအနေမျိုးထဲ ထည့်ထားလိုက်သည်။
“ဆာလောင်နေတဲ့ ကုလားအုတ်တစ်ကောင်ဟာ မြင်းတစ်ကောင်ထက်တောင် ပိုကြီးတယ်။ ကင်းခြေများဟာ သေသွားပေမယ့် မပြိုကွဲသွားဘူး…။”
မူလသွေးဝိညာဉ်ကော်ဇောပျံနှင့် စကြဝဠာအိတ်ကို သိမ်းဆည်းပြီးနောက်၊ ဟုန်ယွိသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်လာခဲ့သည်။ သူသည် ချန်ယင်းရှာနှင့်အတူ သူတော်စင်တူယွမ်၏ ဝိညာဉ်ကို သန့်စင်ရန် သို့မဟုတ် ချိတ်ပိတ်နိုင်ရန် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကူညီလုပ်ဆောင်လိုက်သည်။
ကောင်းကင်ယံတွင်, ဝိညာဉ်ပုံရိပ်တစ်ခုသည် ပုံရိပ်ဖော်ပြီးပြီးချင်းမှာပင် ဟုန်ယွိ၏ ဖျက်ဆီးခြင်း မင်စီလာဘုရင်ကြောင့် မီးလောင်ပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင်၊ မီးလောင်ပျက်စီးသွားတိုင်း၊ အတွေးတစ်ခုသည် ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ထဲသို့ စုပ်ယူခံလိုက်ရသည်။
တဖြည်းဖြည်း၊ ဝိညာဉ်ပုံရိပ်သည် ပို၍ ဝေဝါးလာပြီး၊ ခုခံနိုင်စွမ်း နည်းပါးလာခဲ့သည်။ အဆုံးတွင်၊ ဟုန်ယွိက သူ့လက်ဖဝါးနှစ်ဖက်ကို ပေါင်းစည်းလိုက်ပြီး၊ ဖျက်ဆီးခြင်း၏ “卍” Swastika၊ သင်္ကေတအဖြစ် ပြောင်းလဲပစ်လိုက်ပါသည်။ သူတော်စင်တူယွမ်၏ နောက်ဆုံးလက်ကျန် စွမ်းအားသည် လုံးဝ ပြိုကွဲသွားပြီး၊ ပုံဖော်၍ မရတော့ဘဲ၊ ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ထဲသို့ လုံးဝ စုပ်ယူခံလိုက်ရပါတော့သည်။
“အဆင်ပြေသွားပြီ။ နောက်ဆုံးတော့, ငါ ဒီမိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူကို ချိတ်ပိတ်နိုင်လိုက်ပြီ….။”
ဟုန်ယွိသည် သူ့တာဝန်များ ပြီးမြောက်သွားသည့်အခါ၊ မူလသွေးဝိညာဉ်ကော်ဇောပျံကို ကိုင်စွဲပြီး ထူထပ်သော တောအုပ်ထဲသို့ ပျံသန်းပြီးနောက် ဆင်းသက်လာခဲ့သည်။ ချန်ယင်းရှာသည်လည်း ကောင်းကင်တုန်ခါလေးနှင့် အကန့်အသတ်မဲ့မြှားကို သိမ်းဆည်းထားပြီး ဖြစ်သည်။ တစ်ချိန်တည်း မှာပင်, လူတစ်ယောက်၏ ဝိညာဉ်တွေကို စုပ်ယူနိုင်သော အစစ်မှန် နတ်ဘုရားပန်ကန်လုံးကိုလည်း သိမ်းဆည်းလိုက်သည်။
“ဘာ…။ ချိတ်ပိတ်ထားရုံပဲလား…။ ဖျက်ဆီးပစ်လို့ မရဘူးလား…။ ငါ သူ့ကို ဖောက်ခွဲပစ်လိုက်ပြီး၊ သူ့ဝိညာဉ်စွမ်းအားတွေ အားလုံး ဆုံးရှုံးသွားပြီလေ။ အားလုံးကိုလည်း ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ထဲ စုပ်ယူခံလိုက်ရပြီ။ သူ့ရဲ့ မှတ်ဉာဏ်တွေလည်း မကြာခင် အစီအရင်ထဲမှာ ဖျက်ဆီးခံရပြီး၊ သန့်စင်တဲ့ ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားမယ်လို့ ငါယုံကြည်တယ်။ သူ့ကို ငါတို့အတွက် မှော်ရတနာတစ်ခုအဖြစ် သန့်စင်အသုံးပြုနိုင်တယ်၊ ဒါမှမဟုတ် ငါတို့အနေနဲ့ သူ့ကို လုံးဝ စုပ်ယူလို့ရတယ်။ ဒါဆို ငါတို့ဝိညာဉ်စွမ်းအားလည်း အများအပြား တိုးလာလိမ့်မယ်….။”
ချန်ယင်းရှာက သူတော်စင်တူယွမ်ကို ချိတ်ပိတ်ရုံသာ ပိတ်ထားနိုင်ပြီး၊ မသတ်ဖြတ်နိုင်ဟု ပြောလာသည့်အခါ၊ ဟုန်ယွိသည် ထိတ်လန့်သွားပါသည်။
“မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ဦးရဲ့ ဝိညာဉ်ကို ဤကမ္ဘာကြီးကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာ ဒီလောက်လွယ်ကူတဲ့အရာ မဟုတ်ဘူး။ အခု ငါတို့မှာ လုံလောက်တဲ့ စွမ်းအားမျိုး မရှိသေးဘူး။ သူ့ကို သန့်စင်ဖို့ဆိုရင် အချိန်အနည်းငယ် လိုအပ်တယ်။ သူ့ဝိညာဉ်စွမ်းအားအတွက်ကတော့၊ ငါတို့ အလွန်သတိထားရမယ်။ ပေါ့ပေါ့တန်တန် စုပ်ယူလို့ မရဘူး။ တကယ်လို့, တစ်ဖက်လူက ကောက်ကျစ်စဉ်းလဲပြီး၊ သူ့အသိစိတ် အနည်းငယ်က မပျက်မစီး ကျန်နေသေးဘူးဆိုရင်၊ သူက မင်းဝိညာဉ်ထဲမှာ နေရာယူထားပြီး၊ အချိန်မရွေး မင်းကို ဒုက္ခပေးနိုင်တယ်။ မင်း မိုးကြိုးကပ်ဘေး ဖြတ်ကျော်နေတဲ့ အချိန်မျိုးမှာ၊ သူက ရုတ်တရက် ထွက်လာပြီး ပြဿနာ ရှာနိုင်တယ်။ သူက မင်းနဲ့ အတူ အတူတူ အဆုံးသတ်ဖို့ ရွေးချယ်နိုင်တယ်” ချန်ယင်းရှာက ပြောရင်း၊ သူမမျက်နှာပေါ်မှာ ဖုံးကွယ်မထားနိုင်သည့် စိတ်လှုပ်ရှားမှုကို ပြသနေသည်။
“ဒါက မက်မွန်နတ်ဘုရားရဲ့ဝိညာဉ်ကို စုပ်ယူတာနဲ့ မတူဘူး။ မက်မွန်နတ်ဘုရားရဲ့ဝိညာဉ်ဟာ အလွန်သန့်စင်တယ်။ ဒါပေမယ့် လူသားရဲ့ ဝိညာဉ်ကတော့ မတူဘူး။ ယုတ္တိကျကျ ပြောရရင်၊ တစ္ဆေအင်မော်တယ် တစ်ယောက်ရဲ့ဝိညာဉ်ကို သန့်စင်ပြီးရင် တကယ် စုပ်ယူလို့ရတယ်။ ဒါပေမယ့် ကြွေကွဲအဖြစ်ပျက်မျိုး မကြုံတွေ့ရဘဲ ဘေးကင်းဖို့က ပိုအရေးကြီးတယ်။ အရင်တုန်းက လျှို့ဝှက်ယင်တာအိုဂိုဏ်းဟာ ဝိညာဉ်တွေကို သန့်စင်ပြီးနောက် စုပ်ယူကာ သူတို့စွမ်းအားကို တိုးမြှင့်ခဲ့ပေမယ့်၊ နောက်ဆုံးမှာ ဂိုဏ်းချုပ်ရဲ့ဝိညာဉ်ကတောင်မှ သန့်စင်မှု မရှိတော့ဘဲ၊ ချီဖောက်လွဲဖောက်ပြန်ဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ ငါတို့ ပြန်ရောက်တဲ့အခါ၊ အချိန်တစ်ခုအထိ ကျင့်ကြံပြီး သူတော်စင်တူယွမ်ကို မှော်ရတနာတစ်ခုအဖြစ် သန့်စင်ရအောင်….။”
ချန်ယင်းရှာက ညွှန်ကြားရင်း သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုဟာ ပို၍ ထင်ရှားလာပြီး၊ ဖုံးကွယ်မထားနိုင်လောက်သည့် အဆင့်ထိ ရောက်ရှိလာသည်။
ဟုတ်ပါသည်၊ သူမ စိတ်လှုပ်ရှားရခြင်းက အကြောင်းရင်းမရှိဘဲ မဟုတ်ပေ။
ဒီတစ်ခေါက် ရရှိခဲ့သည့် ရိတ်သိမ်းမှုက အလွန်အမင်း ကြီးမားလွန်းပါသည်။
အခုဆိုရင်၊ သူတို့သည် စကြဝဠာအိတ်ကို နောက်ဆုံးမှာ သိမ်းယူလိုက်နိုင်ပြီ။ ထိုမျှတင်မကပေ၊ မူလသွေးဝိညာဉ်ကော်ဇောပျံနှင့် မကောင်းဆိုးဝါးနတ်ဘုရား၏ သွေးတစ်စက်ကိုတောင် ရရှိခဲ့သည်။ ပြီးတော့၊ စကြဝဠာအိတ်ထဲမှာ ဘာတွေရှိနေမှန်း သူတို့ မသိရသေးပါဘူး။
သို့သော်, သူမသည် စိတ်လှုပ်ရှားမှုများကြားတွင်၊ နိုးနိုးကြားကြား သတိထားရန်လည်း မမေ့ခဲ့ပါဘူး။ သူမသည် စကားပြောရင်း၊ သူမအတွေးများကို အများအပြား ခွဲထုတ်လိုက်ပြီး၊ ကောင်းကင်ထဲသို့လည်းကောင်း၊ မြေပြင်ပေါ်သို့လည်းကောင်း၊ အချင်းဝက် မိုင်ပေါင်းများစွာအတွင်း ပျံ့နှံ့သွားအောင် လွှတ်ထားလိုက်သည်။
ယခုလိုအခြေအနေမျိုးမှာ၊ သူတို့သည် အထူးသတိထားရမည်။ ထို့အပြင်, စကြဝဠာအိတ်၏ ထူးခြားသည့် သန့်စင်သော ယန်စွမ်းအင်သည် လူအများ၏ အာရုံခံစားမှုကို လှုံ့ဆော်နိုင်ပါသည်။
ယခုအချိန်တွင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် သန့်စင်သော ယန်စွမ်းအင်ကို ဖုံးကွယ်နည်းကို မသင်ယူရသေးပါဘူး။
“အမြန်ပြန်သွားပြီး နင်ဂျာဘုန်းတော်ကြီးကို ရှာကြစို့။ စကြဝဠာအိတ်ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ဖို့ သူ့ကို အကူအညီ တောင်းရမယ်။ မဟုတ်ရင် ငါတို့ကို ရှာတွေ့သွားနိုင်တယ်…။”
“ဟုတ်ပြီ၊ သွားကြစို့…”
ဟုန်ယွိသည် သူ့ပစ္စည်းတွေကို အမြန်ထုပ်ပိုးလိုက်ပြီး၊ အားလုံးကို မူလသွေးဝိညာဉ်ကော်ဇောပျံထဲမှာ ထုပ်ပိုးလိုက်သည်။ ထို့နောက်၊ သူတို့နှစ်ဦးကိုလည်း မူလသွေးဝိညာဉ်ကော်ဇောပျံဖြင့် ရစ်ပတ်လိုက်ပြီး၊ ရုတ်တရက် ကောင်းကင်ထဲသို့ ပျံတက်သွားကာ ကောင်ကင်စုန်းမြို့၏ သေးငယ်သော တောအုပ်တစ်ဆီသို့ ပျံသန်းသွားသည်။
မူလသွေးဝိညာဉ်ကော်ဇောပျံသည် အလွန်မင်း လျင်မြန်စွာ ပျံသန်းနေသည်။ တခဏအတွင်း၊ သူတို့သည် ကောင်ကင်စုန်းမြို့၏ အထက်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင်၊ ကောင်ကင်စုန်းမြို့သည် ငြိမ်းချမ်းသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။ အနက်ရောင်မီးခိုးငွေ့များ မရှိတော့သလို ပြင်းထန်သည့် တိုက်ပွဲများလည်း မရှိတော့ပေ။ အငွေ့အသက်ကဲ့သို့ အနှစ်သာရစွမ်းအင်မျိုးလည်း မရှိတော့ပါဘူး။
သို့သော် ဟုန်ယွိသည် ထိုအရာများကို ဂရုမစိုက်ပါဘူး။ သူသည် တောအုပ်ထဲသို့ ဆင်းသက်လိုက်ပါသည်။ သူ ဆင်းသက်၍ ပြီးပြီးချင်း၊ ခြုံပုတ်တွေက လှုပ်ရှားသွားပြီး နင်ဂျာဘုန်းတော်ကြီးလည်း ခုန်ထွက်လာသည်။ ဟုန်ယွိသည် သူ့အငွေ့အသက်ကို ကြိုတင်ခံစားမိခြင်း မရှိခဲ့ပါဘူး။
သို့သော်, ဤအရာက အထူးဆန်းတော့ မဟုတ်ပေ။ ဟုန်ယွိသည် ဝူအိမ်တော်ထိန်းနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် နေ့က, သူသည် သူ့အတွေးများကို အသုံးပြုပြီး အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သော်လည်း တစ်ဖက်လူ၏ အငွေ့အသက်ကို မခံစားမိခဲ့ပါဘူး။ သိုင်းသူတော်စင်များသည် သူတို့အငွေ့အသက်ကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားပြီး၊ အခြားလူများကို အသက်မဲ့ကျောက်တုံးတစ်တုံးကဲ့သို့ ခံစားရစေပါသည်။
“စကြဝဠာအိတ်ကို ရလိုက်ပြီလား…။ အမြန်ပေးစမ်း! ဒီအိတ်ပေါ်က သန့်စင်တဲ့ ယန်စွမ်းအင်ဟာ အရမ်းကို ထူထပ်လွန်းတယ်။ ငါက သွေးစက်ပေးပြီး ဖုံးကွယ်နိုင်တယ်။ ဒါပေမယ့် ခြောက်နာရီပဲ ဖုံးကွယ်နိုင်တယ်။ ခြောက်နာရီပြီးရင်၊ နောက်ထပ် သွေးတစ်စက် ထပ်ပေးရမယ်….။”
နင်ဂျာဘုန်းတော်ကြီးက တစ်ချက်ရှူလိုက်ပြီး၊ မူလသွေးဝိညာဉ်ကော်ဇောပျံထဲမှာ ထူထပ်စွာ ထုပ်ပိုးထားသည့် စကြဝဠာအိတ်ကို ချက်ချင်း အာရုံခံမိသည်။
“အိုး…..။”
ဟုန်ယွိက တွန့်ဆုတ်မနေဘဲ၊ စကြဝဠာအိတ်ကို နင်ဂျာဘုန်းတော်ကြီးထံ ပေးအပ်ဖို့ ပြင်ဆင်လိုက်ချန်မှာ ချန်ယင်းရှာက သူ့ကို တားလိုက်သည်။
“စိတ်မပူပါနဲ့…။ စကြဝဠာအိတ်ဟာ မူလကတည်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ပစ္စည်းပဲ။ သူ့ကို ပေးလိုက်ရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပြီးတော့၊ ဒီတစ်ခေါက် ငါတို့ရဲ့ ရိတ်သိမ်းမှုဟာ အရမ်းကြီးမားတယ်။ စကြဝဠာအိတ်ကို မရရင်တောင်၊ ဘာမှ မဖြစ်ပါဘူး။”
ဟုန်ယွိက ခေါင်းကို ခေါင်းကို အနည်းငယ် ယမ်းပြလိုက်ပြီး စကြဝဠာအိတ်ကို နင်ဂျာဘုန်းတော်ကြီးထံ ပေးလိုက်သည်။
နင်ဂျာဘုန်းတော်ကြီးက ဟုန်ယွိကို တစ်ချက်ကြည့်လိုက်ပြီး၊ လူသားအရေခွံအိတ်ကို လက်ခံယူလိုက်သည်။ ရုတ်တရက် သူ့လက်ကို လှုပ်လိုက်ပြီး၊ လတ်ဆတ်သော သွေးတွေက လက်ဖျားမှ စိမ့်ထွက်လာပြီး အိတ်၏အဝပေါ်သို့ စီးကျသွားပါသည်။
ထို့နောက် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် နင်ဂျာဘုန်းတော်ကြီးက စကြဝဠာအိတ်ပေါ်သို့ သွေးတစ်စက် ပေးလိုက်သည့်အခါ၊ အိတ်ထဲမှ အနည်းငယ် ထုတ်လွှတ်နေသော သန့်စင်သော ယန်စွမ်းအင်သည် ရုတ်တရက် အစအနမရှိ ပျောက်ကွယ်သွားသည်ကို ခံစားမိသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးတဲ့နောက်၊ နင်ဂျာဘုန်းတော်ကြီးက စကြဝဠာအိတ်ကို ဟုန်ယွိထံ ပြန်ပေးလိုက်သည်။
ဟုန်ယွိသည် အနည်းငယ် အံ့ဩသွားပါသည်။ “ဒီရတနာကို ဘာလို့ ကျွန်တော့်ကို ပြန်ပေးတာလဲ။ ခင်ဗျား ယူမသွားချင်ဘူးလား။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ အဖိုးတန်ဆုံး ရတနာလေ…။”
နင်ဂျာဘုန်းတော်ကြီးက လက်နှစ်ဖက်ကို ယှက်ကာ၊ သူ့မျက်လုံးတွေက လက်ခနဲ တောက်ပလာသည်။ “မင်းတို့ပညာရှင်နှစ်ဦးက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ သူတော်စင်တူယွမ် ကိုတောင် သတ်ဖြတ်နိုင်ခဲ့တာဆိုတော့၊ ငါက မင်းတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး။ ပြီးတော့၊ မင်းတို့က အတိတ်ကျမ်းကို ကျွမ်းကျင်ထားပြီး၊ ဒိုင်ဇင်ဘုရားကျောင်း ပြန်လည် ထူထောင်ဖို့ ရွေးချယ်ခံပုဂ္ဂိုလ်တွေပဲ။ စကြဝဠာအိတ်ဟာ မင်းတို့ဆီမှာ ရှိသင့်ပါတယ်။ ဒါတင်မကဘူး၊ ငါလည်း မင်းတို့နောက် လိုက်ပြီး ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်ထူထောင်ဖို့ ကူညီပေးမယ်။”
အခန်း (၂၃၂)။
“နှင်းတွေကျနေပြီ၊ ရိတ်သိမ်းမှုကြီးမားမယ့် လက္ခဏာပဲ။ ဒီနှစ်ရာသီဥတုက မနှစ်ကထက် ပိုအေးတယ်၊ ဒါပေမယ့် စပါးရိတ်သိမ်းချိန်မှာ ပြဿနာမရှိသင့်ဘူး။ နောက်နှစ်မှာ ထပ်ပြီး ရိတ်သိမ်းမှု ကြီးမားမယ်ထင်တယ်။ တော်ဝင်ချန်မင်းဆက် တည်ထောင်ချိန်ကစပြီး၊ ရာသီဥတု ကောင်းမွန်ခဲ့ပြီး သဘာဝဘေးအန္တရာယ်တွေ သိပ်မကြုံတွေ့ခဲ့ရဘူး။”
ကျောက်စိမ်းမြို့တော်ထဲမှာ။
ကောင်းကင်ကြီးသည် အုံ့မှိုင်းနေပြီး တိမ်မည်းတွေက လွင့်မျောနေသည်။
တိမ်မည်းများသည် အေးစက်သော လေပြည်နှင့်အတူ လွင့်မျောနေပြီး၊ နှင်းပွင့်များလည်း ကျဆင်းနေပြီ။ အစပိုင်းတွင် နှင်းပွင့်များသည် ဟိုတစဒီတစ အနည်းငယ်မျှသာ ကျဆင်းလာသော်လည်း၊ အဆုံးတွင် နှင်းပွင့်များသည် ငန်းမွှေးအမွေးများသဖွယ် ပိုကြီးလာခဲ့သည်။ နှစ်နာရီအကြာမှာ၊ ကျောက်စိမ်းမြို့တော်တစ်ခုလုံးနှင့် မြောက်ဘက်ဒေသ မိုင်ပေါင်းထောင်ချီ အတွင်း ဖုန်မှုန့်တစ်စက်မှ မရှိတော့ဘဲ၊ အညစ်ကြေးကင်းစင်သည့် အဖြူရောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျောက်စိမ်းမြို့တော် တော်ဝင်တရားရုံး၊ အစိုးရအစည်းဝေးခန်းမတွင်….,
အစိုးရအဖွဲ့ဝန်ကြီးတချို့သည် စာရွက်စာတမ်းတွေကို စုစည်းနေကြပြီး၊ ပြတင်းပေါက် အပြင်ဘက်က ရင်ပြင်ပေါ်မှာ ထူထပ်စွာကျဆင်းနေသည့် နှင်းပွင့်များကို ကြည့်ရင်း သက်ပြင်းချနေကြသည်။
အစိုးရအစည်းဝေးခန်းမတစ်ခုသည် တော်ဝင်ချန်မင်းဆက်တစ်ခုလုံး၏ အစိုးရရေးရာတွေကို ကိုင်တွယ်ဖြေရှင်းရပြီး၊ နိုင်ငံအမိန့်တွေကို ထုတ်ပြန်ရသည့် အရေးကြီးသော နေရာတစ်ခု ဖြစ်သည်။
ဤနေရာမှ ထုတ်ပြန်သော တရားဝင်ပြန်တမ်းစာများ၊ စာရွက်စာတမ်းများ၏ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်နိုင်ငံတော်အတွင်းမှာ နေထိုင်ကြသည့် လူသန်းပေါင်းများစွာ၊ အရာရှိတွေ၊ တာအိုဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘဝတွေ, အသက်တွေနှင့် ဆက်စပ်နေပါသည်။
ဤနေရာသည် ဤကမ္ဘာကြီး၏ အလယ်ဗဟိုချက် ဖြစ်သော်လည်း ခမ်းနားထည်ဝါစွာ အလှပြင်ဆင်ထားခြင်း မရှိဘဲ၊ ရိုးရှင်းမှုများဖြင့် ၎င်း၏ ခမ်းနားထည်ဝါမှုကို ထင်ရှားစေပါသည်။
ကြမ်းပြင်ကို အနက်ရောင်သတ္တုဖြင့် ခင်းကျင်းထားပြီး၊ စာပေလေ့လာရေး စားပွဲခုံကြီးတွေ၊ ဗီရိုကြီးတွေ၊ မီးတောက်နေသော ကြေးနီမီးဖိုကြီးတွေ၊ မီးသွေးဖိုတွေ ရှိနေပါသည်။
မီးဖိုများအတွင်း မီးရှို့ထားသော မီးသွေးများသည် မင်းမျိုးမင်းနွယ်ဝင်မိသားစုများ အသုံးပြုသော မီးသွေးများကဲ့သို့ မဟုတ်သော်လည်း ရိုးရှင်းပြီး မီးခိုးအနံ့မပါသည့် မီးသွေးများ ဖြစ်ကြသည်။
အစိုးရအစည်းဝေး ခန်းမတစ်ခုလုံးတွင်, ပြတင်းပေါက်တွေမှာ ထည့်သွင်းထားသည့် ကြည်လင်သော ဖန်သားများမှလွဲ၍, အခြားတန်ဖိုးရှိသည့်အရာ ဘာတစ်ခုမှ မရှိပါဘူး။
အခုအချိန်တွင်၊ အစိုးရအစည်းဝေး ခန်းမတစ်ခုထဲမှာ၊ မင်းဆက်တစ်ခုလုံး၏ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိသည် ခရမ်းရောင်ရွှေသရဖူ ဆောင်းထားပြီး ဖြောင့်မတ်စွာ ထိုင်နေသည်။ သူ့အပြင်၊ ဝန်ကြီးချုပ်အိုကြီး အနည်းငယ်လည်း ရှိနေပါသည်။
၎င်းတို့အထဲ တစ်ယောက်သည် ဆံပင်ဖြူဖြူ နီးမြန်းသော အသားရေ ရှိသည်။ ထိုလူသည် ကျန်းမာရေး လိုက်စားသူတစ်ဦး ဖြစ်ပြီး၊ သိုင်းပညာကို လည်း အနည်းငယ် တတ်ကျွမ်းထားပုံရသည်။ ထိုလူသည် ယန်ကျန်း၏ဖခင် ယန်ယူဇီ ဖြစ်သည်။ သူသည် အစိုးရအဖွဲ့ဝင် အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး၊ ဧကရာဇ်သုတေသနခန်းမ၏ ဝန်ကြီးတစ်ဦးလည်း ဖြစ်သည်။
အခြားတစ်ဦးသည် တရားရုံဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်မှာ ပိတ်စဦးထုတ်ကို ဆောင်းထားသည်။ သူ့လက်မမှာ လက်စွပ်တစ်ကွင်း ရှိပြီး၊ အဝတ်စားတွေကို သေသေသပ်သပ် ချုပ်ထားသည်။ သူသည် နောက်ထပ် အစိုးရအတွင်းဝင် ဝန်ကြီးချုပ်တစ်ဦးဖြစ်သည် ဝမ်ကုန်းယွမ် ဖြစ်သည်။ ဤလူသည် ယခင်ဧကရာဇ် ထိုက်ကျုံး အုပ်ချုပ်စဉ်ကာလမှာ ထိပ်တန်းပညာရှင်ဖြစ်ခဲ့ပြီး မင်းဆက်သုံးဆက်၏ ဝန်ကြီးချုပ်အိုကြီးတစ်ဦး ဖြစ်သည်။
နောက်ဆုံးတစ်ဦးက ဓလေ့ထုံးတမ်းစဉ်လာဝန်ကြီးဌာန၏ ဝန်ကြီးချုပ် လီရှန်ကွန် ဖြစ်သည်။ သူသည် အသစ်ရာထူးတိုးမြှင့်ခံရသည့် အစိုးရအတွင်းဝင် ဝန်ကြီးချုပ် ဖြစ်ပုံရသည်။
အခြားအစိုးရအတွင်းဝင် ဝန်ကြီးချုပ်နှစ်ဦး ပညာရှင်အိုကြီးတွေဖြစ်ပြီး ဝန်ကြီးချုပ်တစ်ဦး၏ အမူအကျင့် ရှိသည်။
သူတို့အပြင်၊ စားပွဲအလယ်မှာ လူနှစ်ဦး ထိုင်နေသည်။ သူတို့သည် ခရမ်းရောင်ဝတ်စုံနှင့်၊ ခါးမှာ အဝါရောင်ခါးပတ်ကိုယ်စီ ဝတ်ဆင်ထားသည့် မင်းသားနှစ်ဦး ဖြစ်ပါသည်။
ထိုမင်းသားနှစ်ဦးတွင် တစ်ဦးက နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် ကျက်သရေရှိကာ၊ စိတ်သဘောထားကြီးမားပုံရသည်။ နောက်တစ်ဦးက မျက်ခုံးမွှေးထူထူနှင့် သန့်စင်သည့် မျက်နှာကို ပိုင်ဆိုင်ထားသည်။ ဤမင်းသားနှစ်ဦးသည် ဧကရာဇ်သုတေသနခန်းမနှင့် ဝန်ကြီးဌာနများကို စီမံခန့်ခွဲရသည့် မင်းသားဟီနှင့် မင်းသားယုတို့ ဖြစ်သည်။
လွန်ခဲ့သည့် ၁၈ ရက်ခန့်က၊ ချန်ပီယံမြို့စားသည် ပင်လယ်ကျွန်းနိုင်ငံ တောရိုင်းဒေသကနေ စာပို့ ရွှေလင်းယုန်ငှက် အသုံးပြုပြီး အစီရင်ခံစာတစ်ခု ပေးပို့ခဲ့သည်။ ထိုအစီအရင်ခံစာအရ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်သည်။ ထို့ကြောင့် မ၊ အစိုးရအတွင်းဝင် ဝန်ကြီးချုပ် အားလုံးကို ဆင့်ခေါ်ခံရပြီး ဤဆက်စပ်ကိစ္စတွေကို ဆွေးနွေးခဲ့ကြသည်။
“အဘိုးကြီးယန်၊ ဒီနှင်းပွင့်လေးတွေက သေးသေးလေးပါ။ ငါ မြောက်ဘက်အစွန်းဆုံး ယွမ်တူနယ်စပ်မှာ စောင့်ကြပ်တုန်းကဆို၊ နှင်းပွင့်တွေဟာ ဖျာအရွယ်စားလောက် ကြီးတယ်။ စောင်နဲ့အုပ်ထားသလိုပဲ။ အဲဒီမှာ နေထိုင်တဲ့သူတွေဆို သတိမထားမိတာနဲ့၊ နောက်တစ်နေ့မနက်လင်းရင် နှင်းတွေက လူအရပ်တစ်ဝက်ခန့် အမြင့်ရှိနေပြီး၊ တံခါးတွေတောင် ဖွင့်လို့ မရတော့ဘူး။”
မင်းသားယုက ယန်ယူဇီတစ်ယောက် ပြတင်းပေါက်ဆီ လျှောက်သွားပြီး ထူထပ်သော နှင်းတွေကို ကြည့်နေသည်ကို မြင်သည့်အခါ မထိန်းနိုင်ဘဲ ပြောလိုက်ပါသည်။
“ဟုတ်တယ်။ ယွမ်တူဒေသက နှင်းပွင့်တွေဟာ ဖျာအရွယ်လောက်ကြီးတယ်။ အရင်မင်းဆက်က ကဗျာဆရာတွေ အားလုံးက ဒီလိုပဲ ရေးသားခဲ့တာဆိုတော့၊ မမှားနိုင်ဘူး။” ယန်ယူဇီက သူ့ မျက်ခုံးမွှေး ရှည်ရှည်တွေကို ပင့်လိုက်ပြီး၊ ပြတင်းပေါက်ပေါ်က ဖန်သားတစ်ခုကို လက်ဖြင့် ထိကြည့်လိုက်ပါသည်။ ၎င်းသည် ဖန်သားဟု ထင်ရသော်လည်း ဖန်သားမဟုတ်သလို၊ သလင်းကျောက်ဟု ထင်ရသော်လည်း သလင်းကျောက်လည်း မဟုတ်ပြန်ပေ။ “ဒီဖန်သားဟာ သလင်းကျောက်လို ဖြစ်နေပေမယ့် သလင်းကျောက်လည်း မဟုတ်ပြန်ဘူး။ ဒါက ဘာလဲဆိုတာ ငါ သိချင်မိတယ်….။”
“ချန်ပီယံမြို့စားက နိုင်ငံခြားက ဖန်ထည်ပညာရှင်တွေကို ဖမ်းဆီးခဲ့တယ်။ ပြီးတော့ စမ်းသပ်မူအချို့ ပြုလုပ်ပြီးနောက်၊ ဖန်ထည်အသစ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီဖန်ထည်က သလင်းကျောက်လိုပဲ။ ပိုပြီး ကွဲလွယ်ပေးမယ့် အများကြီး ပိုတောက်ပတယ်။ သူ နောက်ဆုံးအကြိမ် စစ်ပွဲမှာ သိမ်းပိုက် ရရှိတဲ့ ပစ္စည်းတွေ ပို့ခဲ့စဉ်တုန်းက ငါ့အိမ်တော်ကိုလည်း ပစ္စည်းအချို့ ပို့ခဲ့သေးတယ်။ အချိန်ကျရင်၊ ယန်မိသားစုကို ပစ္စည်းအချို့ ပို့ပေးဖို့ ငါ အမိန့်ပေး လိုက်ပါ့မယ်။ ချန်ပီယံမြို့စား ပြောပြတာက, ဒီအရာက တန်ဖိုးမရှိဘူး။ ဒါပေမယ့် လက်တွေ့မှာ သိပ်အသုံးဝင်တယ်။ ဟင်း…၊ အဘိုးကြီးယန် မငြင်းဘူးလို့ မျော်လင့်ပါတယ်။ တကယ်လို့, အဲဒီပစ္စည်းက တန်ဖိုးကြီးတဲ့ပစ္စည်း ဆိုရင်၊ ခမည်းတော် ဧကရာဇ်က ဧကရာဇ်သုတေသနခန်းမရဲ့ ပြတင်းပေါက်မှာ ဒီလိုခမ်းနားတဲ့ ပစ္စည်းကို ထည့်သွင်းစရာ မလိုဘူးလေ။”
မင်းသားဟီက ရုတ်တရက် ပြောလိုက်သည်။
“အိုး၊ ဒီအရာက သလင်းကျောက်လို့ ဖြစ်နေတာလေ။ ဘယ်လိုလုပ် တန်ဖိုးမရှိဘဲနေမလဲ။ ဒါပေမယ့် မင်းသားဟီရဲ့ ကြင်နာမူအတွက် ကျေးဇူးတင်ပါတယ်။” ယန်ယူဇီက ပြောလိုက်သည်။
“နှင်းပွင့်တွေက လှပပေမယ့်၊ အခုအချိန် ကျောက်စိမ်းမြို့တော် အပြင်ဘက်မှာ ဆင်းရဲ့တဲ့မိသားစုတွေနဲ့ သူတောင်းစားတွေ ရှိတယ်။ သူတို့မှာ စားစရာ ဒါမှမဟုတ် ဝတ်စရာ အလုံလောက် မရှိဘူး။ မြက်သက်ကယ်မိုး အိမ်တွေမှာ နေထိုင်ရတဲ့ သူတွေဟာ နှင်းတွေအောက်မှာ ခေါင်မိုးပြိုပြီး ပိတ်မိသွားနိုင်တယ်။ မင်းသားယု၊ အသင်က ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန်ယူထားသူဆိုတော့ ငွေကြေးနဲ့ ဆန်စပါးတချို့ အခမဲ့ခွဲဝေပြီး ကူညီဖို့ လိုတယ်။ ကျောက်စိမ်းမြို့တော် အပြင်ဘက်က လူတွေ အေးခဲသေဆုံးတာ ဒါမှမဟုတ် ငတ်ပြတ်သေဆုံးတာမျိုး မဖြစ်စေနဲ့။”
လီရှန်ကွန်က ရုတ်တရက် ပြောလိုက်သည်။
“ဟုတ်ပါပြီ။ ဧကရာဇ်ရဲ့ ခြေတော်ရင်းမှာရှိတဲ့ လူတွေ အေးခဲသေဆုံးတာ ဒါမှမဟုတ် ငတ်ပြတ်သေဆုံးတာမျိုး ဆိုရင်၊ ဧကရာဇ်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်။ ဒါဟာ ကောင်းကင်ဘုံကတောင် ခွင့်မပြုတဲ့အရာပဲ။ ဒီမနက်၊ ရာသီဥတု ဆိုးရွားနေတာကို မြင်ရတဲ့အခါ၊ ဒီကိစ္စကို ကိုင်တွယ်ဖို့ လူတွေကို စေလွှတ်ပြီးပါပြီ။” မင်းသားယုက ပြုံးလိုက်သည်။ “ကျောက်စိမ်းမြို့တော် အပြင်ဘက်တင် မကဘူး၊ ပြည်နယ်နဲ့ ခရိုင်တွေ အားလုံးကိုလည်း အမိန့်စာတွေ ပို့ရမယ်။ ဘယ်ပြည်နယ်မှာမဆို ငတ်ပြတ်သေဆုံးတာ ဒါမှမဟုတ် အေးခဲပြီးသေဆုံးမျိုးရှိတယ်လို့ ဧကရာဇ်စေတမန်တွေက အစီအရင်ခံ တင်ပြလာခဲ့ရင်, စစ်ဆေးရေးမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေကို တရားဝင်ပြန်တမ်းစာပေးပို့ပြီး ပြစ်တင်ရှုံ့ချသင့်တယ်။”
“ဧကရာဇ်က ဧကရာဇ်အကြံပေးဟုန်ကို ဧကရာဇ်စာဖတ်ခန်းမ ဆင့်ခေါ်ပါတယ်။”
အစိုးရအတွင်းဝင် ဝန်ကြီးချုပ်တချို့က အစိုးရရေးရာတွေကို ဆွေးနွေးနေစဉ်မှာ, အထဲသို့ မိန်းမစိုးတစ်ဦးက အလျင်အမြန် ဝင်လာသည်။
ဟုန်ရွှန်ကျိက ထရပ်လိုက်ပြီး၊ မိန်းမိစိုးကို အစီရင်ခံစာကို ယူလာခွင့်ပြုသည်။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားပြီး၊ တော်ဝင်ချန်ဧကရာဇ်၏ စာဖတ်ခန်းမသို့ ရောက်ရှိလာခဲ့သည်။
“ရွှန်ကျိ ရောက်လာပြီလား။ ထိုင်ခုံယူလာခဲ့ပါ။” တော်ဝင်ချန်ဧကရာဇ်က စားပွဲရှေ့မှာ ထိုင်နေပြီး၊ သူ့မျက်လုံးတွေက လက်ခနဲ တောက်ပနေသည်။ သူ မည်သည့်အရာကို စိတ်ကူးနေသည် သို့မဟုတ် မည်သည့်အရာကို တွေးနေလဲဆိုသည်ကို မသိရပါဘူး။ ဟုန်ရွှန်ကျိ ဝင်လာသည်ကို မြင်သည့်အခါ၊ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီး, ထိုင်ခုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” သူတို့နှစ်ဦးဟာ အနှစ် ၂၀ကျော် အတူလက်တွဲ လုပ်ဆောင်ခဲ့ကြပြီး၊ အလွန်ရင်းနှီးကြသည်။ ဟုန်ရွှန်ကျိက ကျေးဇူးတင်စကား ထပ်မပြောတော့ပါဘူး။ မိန်းမစိုးတစ်ဦး ယူလာသည့် ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။ သူက ထိုက် တောင်ကြီးကဲ့သို့ တည်ငြိမ်စွာ ထိုင်နေပါသည်။
“ဒီတစ်ခေါက်၊ ချန်ပီယံမြို့စားရဲ့ အစီရင်ခံစာအရ၊ စကြဝဠာအိတ်ကို မရခဲ့ပေမယ့်၊ ယွန်မင် ရေတပ်သင်္ဘောအုပ်စုကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တယ်။ ငါတို့က သင်္ဘောသား ၂၀,၀၀၀၊ စစ်သင်္ဘောအစီး ၂၀၀ နဲ့ စိတ်ကူးနတ်ဘုရားသင်္ဘောကြီးကိုတောင် ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါဟာ တော်ဝင်ချန်ရဲ့ ယွမ်မင်အပေါ် မကြုံစဖူး အောင်ပွဲတစ်ခုပဲ။ ရွှန်ကျိ၊ အင်ပါယာတရားရုံး ထုတ်ပြန်ကြေညာစာကို ဘယ်လိုထုတ်ပြန်သင့်တယ်လို့ မင်း ထင်လဲ….။” တော်ဝင်ချန်ဧကရာဇ်က ဟုန်ရွှန်ကျိကို ကြည့်ပြီး မေးလိုက်သည်။
“စကြဝဠာအိတ်က အရေးကြီးပေမယ့်၊ အဲဒီပစ္စည်းက သဘာဝလွန် စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုပဲ။ အများသိအောင် ထုတ်ပြန်လို့ မရဘူး။ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကို သိစေလို့ မရဘူး။ ချန်ပီယံမြို့စားက အောင်ပွဲရခဲ့တယ်လို့ ရေးသားပြီး နိုင်ငံအနှံ့ ပို့လိုက်ရုံပါပဲ အရှင်။” ဟုန်ရွှန်ကျိက အနည်းငယ် ဦးညွှတ်လိုက်သည်။ “စကြဝဠာအိတ်က ယွန်မင်နိုင်ငံ လက်ထဲ ရောက်မသွားခဲ့ဘူး။ ရွှေပင့်ကူဘုရင်လက်ထဲမှာ ရှိနေတာဆိုတော့ သိပ်တော့ အန္တရာယ်မရှိပါဘူး။ အခုဆို၊ ရိုရန်အင်ပါယာရဲ့ သံတမန်တွေဖြစ်တဲ့ မင်းသားရှီဒီနဲ့ မင်းသမီးယုလူးလက်တို့ ကျောက်စိမ်းမြို့တော် တည်းခိုရာမှာ ရောက်ရှိနေပြီ။ အရှင်မင်းကြီးက သူတို့ကို ဆင့်ခေါ်ပြီး ရွှေပင့်ကူဘုရင်ကို သိစေနိုင်ပါတယ်။”
“ဒါဆို ငါတို့က ရွှေပင့်ကူဘုရင်ကို သတ်ဖြတ်ပြီး စကြဝဠာအိတ်ကို ရယူဖို့ လူတွေ စေလွှတ်မယ်ဆိုရင်ရော။” တော်ဝင်ချန်ဧကရာဇ်က ပြောလိုက်သည်။
“အဲဒါက မလိုအပ်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ ရွှေပင့်ကူဘုရင်နဲ့ အပေးအယူ လုပ်ကြည့်ရင်ရော ဘယ်လိုလဲ။ ဒီလူက ရိုရန်အင်ပါယာရဲ့ ဧကရာဇ်အကြံပေး ဖြစ်ပြီး ပုန်းကွယ်ရာမှာ ကျွမ်းကျင်တယ်။ သူ့ကို သတ်ဖို့ဆိုတာ ခက်ခဲမယ်။ ပြီးတော့၊ ရိုရန်အင်ပါယာဟာ ယွန်မန်ရဲ့ အပြင်ဘက်မှာ တည်ရှိတယ်။ ဒီတစ်ခေါက်၊ သူတို့က မင်းဆက်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ လာခဲ့ပြီး၊ လက်အောက်ခံအဖြစ် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်။ သူတို့ရဲ့ ဧကရာဇ်အကြံပေးကို လိုက်လံဖမ်းဆီးရင်၊ သံတမန်ဆက်ဆံရေးကို ထိခိုက်စေပြီး ယွန်မင်ကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်မယ့် အစီအစဉ်ကို ထိခိုက်စေမယ်။ ပြီးတော့၊ ကျောက်စိမ်းမြို့တော်ဟာ လျှို့ဝှက် အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ရန်သူတစ်ယောက် ထပ်တိုးတာထက် ရန်သူတစ်ယောက် နည်းသွားတာက ပိုကောင်းပါတယ်။”
ဟုန်ရွှန်ကျိက ပြောလိုက်သည်။
“ဒါဆို မင်းရဲ့အစီအစဉ်အရ ဘာလုပ်သင့်လဲ…။”
“အရှင်မင်းကြီးက မင်းသားရှီဒီနဲ့ မင်းသမီးယုလူးလက်ကို ဆင့်ခေါ်ပြီး၊ ရွှေပင့်ကူဘုရင်ကို ဒီကိုလာဖို့ အသိပေးခိုင်းနိုင်ပါတယ်။ ကျွန်တော်မျိုးက သူနဲ့တွေ့ဆုံပြီး စကြဝဠာအိတ်ကို တစ်ခုခုနဲ့ လဲလှယ်ဖို့ ဆွေးနွေးကြည့်ပါ့မယ်။” ဟုန်ရွှန်ကျိက ပြောလိုက်သည်။
“အိုး….၊ ရွှေပင့်ကူဘုရင်က ဒီလိုနတ်ဘုရားပစ္စည်းကို လဲလှယ်ဖို့ ဆန္ဒရှိမယ်တဲ့လား…။ ရွှန်ကျိ၊ မင်း ဘာနဲ့လဲလှယ်မှာလဲ။ ငါ့ကို ပြောပြပါဦး။” တော်ဝင်ချန်ဧကရာဇ်က မျက်ခုံးတွန့်လိုက်သည်။
“တော်ဝင်စာကြည့်တိုက်ထဲမှာ ပျောက်ဆုံးသွားပြီဖြစ်တဲ့ ရှေးဟောင်းစာအုပ်တွေ၊ ပညာရပ်တွေ၊ သိုင်းပညာတွေ အမျိုးမျိုးရှိတယ်။ ရွှေပင့်ကူဘုရင်ကို တစ်ရက်စာ စာဖတ်ခွင့် ပေးလိုက်ရင်၊ သူ သေချာပေါက် သဘောတူပါလိမ့်မယ်။ ဒါပြီးတော့၊ ဒီနတ်ဆိုးကြီးက လုပ်ကြံဖြတ်တာနဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရာမှာ ကျွမ်းကျင်တယ်။ သူ့ကို ဆွဲဆောင်ထားဖို့ ထိုက်တန်ပါတယ် အရှင်။”
ဟုန်ရွှန်ကျိက ပြောလိုက်သည်။ “အခုဆိုရင်၊ တော်ဝင်ချန် ဧကရာဇ်တရားရုံးဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီ၊ နိုင်ငံအင်အားက သန်မာပြီး လူထုရဲ့ဆန္ဒကလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်။ ကမ္ဘာကို တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီး ရိုင်းစိုင်းတဲ့ လူမျိုးတွေကို ဖျက်ဆီးဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါတယ်။ ရွှေပင့်ကူဘုရင်က ဒါကို နားလည်မယ်။ စကြဝဠာအိတ်ကို သူယူထားရင်တောင်၊ ဒီအိတ်ဟာ နိုင်ငံရဲ့နတ်ဘုရားပစ္စည်း ဖြစ်တယ်။ ဒီပစ္စည်းကို ရွှေပင့်ကူဘုရင် သိမ်းဆည်းထားရင်တောင်၊ သူ့မှာ ထိန်းသိမ်းထားနိုင်စွမ်း မရှိဘူး။ တစ်ချိန်မဟုတ် တစ်ချိန်မှာ လိုက်လံ ဖမ်းဆီးလုယက်ခံရလိမ့်မယ်။ တော်ဝင်ချန် ဧကရာဇ်နန်းတွင်းနဲ့ လဲလှယ်လိုက်တာက ပိုလုံခြုံတယ်။”
“ဟုတ်တယ်၊ အဓိပ္ပာယ်ရှိတယ်။ ဒါဆိုရင်၊ ဒီနေ့ပဲ မင်းသားရှီဒီနဲ့ မင်းသမီးယုလူးလက်ကို ဆင့်ခေါ်မယ်။” တော်ဝင်ချန်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
“အခုအချိန်ဆိုရင်၊ ကျောက်စိမ်းမြို့တော်မှာ နှင်းတွေကျနေရော့မယ်”
ပင်လယ်ဒေသကြီးကနေ ထွက်ခွာခဲ့ပြီးနောက်၊ ရက်ပေါင်းများစွာ အကြာတွင်, ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အဆုံးတွင် ယွန်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် တောင်ပိုင်းပင်လယ်ရှိ အအေးဓာတ်သည် သိသိသာသာ မြင့်တက်လာခဲ့ပြီ။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် သူတို့အိမ်တော်သို့ ပြန်ရောက်လာခဲ့ပြီ။ ဟုန်ယွိသည် သူ တာအိုပညာရပ်များကို ကျင့်ကြံမှု စတင်ကတည်းက နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီကို သတိပြုမိသည်။
“ယွန်နိုင်ငံမှာ တစ်လလောက် ကျင့်ကြံကြမယ်။ ပြီးရင် တော်ဝင်ချန်ကို ပြန်သွားမယ်။ ဒီ တစ်လအတွင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်မလားဆိုတာ ကြည့်ရမယ်။ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ရင်၊ ဒီကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးမှာ စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပြီ မဟုတ်ဘူးလား။ ဒါပေမယ့် အခုတော့၊ စကြဝဠာအိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်။”
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အခြေချပြီးနောက်၊ လျှို့ဝှက်အခန်းတစ်ခုကို ရွေးချယ်ပြီး၊ နင်ဂျာဘုန်းတော်ကြီးကို စကြဝဠာအိတ်ကို ဖွင့်ခိုင်းလိုက်ပါသည်။