အခန်း (၂၃၃-၂၃၄)
Vol. 21 Ch. 232-234
အခန်း (၂၃၃)။
“ဒါဆို ဒါက စကြဝဠာအိတ်ပေါ့။ ငါ့လက်ထဲမှာရှိနေတာ ဆယ်ရက်ကျော်ရှိပြီ။ ဒီနေ့မှ ပထမဆုံးအကြိမ် သန့်စင်ကြည့်မိတာပဲ။ ငါ့စိတ်ဝိညာဉ် စွမ်းအားနဲ့ ဖွင့်လိုက်ရင် ဘာဖြစ်လာမလဲ မသိဘူး။ ဒါမှမဟုတ် သန့်စင်တဲ့ယန်စွမ်းအင်တွေ အများကြီး ယိုစိမ့်ထွက်ပြီး၊ စကြာဝဠာအိတ်ရဲ့ တည်နေရာ သဲလွန်စတွေများ ဖြစ်ပေါ်လာလေမလား။ တကယ်လို့ အဲဒီလိုသာ ဖြစ်သွားခဲ့ရင်, ငါ အခြာလူတွေရဲ့ အာရုံစိုက်ခံရပြီး ပစ်မှတ်အဖြစ် ဝိုင်းဝန်း တိုက်ခိုက်ခံရလိမ့်မယ်။ ဒါဆို ပြဿနာအများကြီး ဖြစ်ပေါ်လိမ့်မယ်။”
“စကြဝဠာအိတ်၊ မဟုတ်ဘူး၊ စကြဝဠာသားရေအိတ်က လျှို့ဝှက်အခန်းရဲ့ အလယ်မှာရှိတဲ့ တြိဂံယဇ်ပလ္လင်ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်စက်နေတယ်။”
ဤတြိဂံယဇ်ပလ္လင် ပတ်ပတ်လည်မှာ အေးစက်စက် ယင်လေလှိုင်းများ ပြည့်နှက်နေပြီး အတွေးများက ပတ်ပတ်လည် လွင့်မျောနေပါသည်။
ဤအရာသည် ချန်ယင်းရှာနှင့် ဟုန်ယွိတို့ ချထားသည့် အစီအရင်များ ဖြစ်ပြီး၊ ဤနတ်ဘုရားပစ္စည်း၏ တည်နေရာကို ဖုံးကွယ်နိုင်ရန် ဖြစ်သည်။
နင်ဂျာဘုန်းတော်ကြီး၏ သွေးသည် ဤနတ်ဘုရားပစ္စည်း၏ သန့်စင်သော ယန်စွမ်းအင်ကို ဖုံးကွယ်နိုင်သော်လည်း သတိထားလေ ပိုကောင်းလေ ဖြစ်သည်။
လျှို့ဝှက်အခန်းထဲတွင် လူသုံးယောက်သာ ရှိနေပါသည်။ ဟုန်ယွိ၊ ချန်ယင်းရှာနှင့် နင်ဂျာဘုန်းတော်ကြီးတို့ ဖြစ်သည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အတူထိုင်နေပြီး၊ နင်ဂျာဘုန်းတော်ကြီးသည် တစ်ဖက်ရှိ အဝေးတစ်နေရာမှာ ထိုင်နေပါသည်။ သူသည် သူ့လက်ငါးချောင်းကို မြှောက်ထားပြီး၊ စွမ်းအင်ကို လည်ပတ်ကာ သွေးကို ချွေးထွက်အပေါက်တွေမှတဆင့် ထုတ်လိုက်ပြီး စကြဝဠာအိတ်၏ အငွေ့အသက်ကို ဖိနှိပ်ရန် အဆင်သင့် ဖြစ်နေပြီ။
ဤစကြဝဠာအိတ်၏ သန့်စင်သော ယန်စွမ်းအင် အငွေ့အသက်ကို ဒိုင်ဇင်ဘုရားကျောင်း၏ နက်ရှိုင်းသော ပညာရပ်များကို ကျင့်ကြံထားပြီး၊ သိုင်းသူတော်စင်တစ်ဦး၏ ဗုဒ္ဓလက်သီးဆန္ဒနှင့်အတူ သွေးစွမ်းအင်ဖြင့်သာ ဖိနှိပ်နိုင်ပြီး၊ တစ်စက်တစ်လေမျှ ယိုစိမ့်ထွက်ခြင်း မရှိတော့ပေ။
“ဒီစကြဝဠာအိတ်ကို တာအိုကျွမ်းကျင်သူ ဒါမှမဟုတ် တစ္ဆေအင်မော်တယ်တွေပဲ ဖွင့်နိုင်တယ်။ အရင်က ငါ တောရိုင်းဒေသကို ထွက်ပြေးခဲ့စဉ်တုန်း က ဒီအိတ်ကိုပါ ယူဆောင်လာခဲ့တယ်။ အသက်ရှင်ဖို့နဲ့ လိုက်လံဖမ်းဆီးခြင်းတွေ ရှောင်ဖို့၊ စုန်းတစ္ဆေဂိုဏ်းရဲ့ အရိပ်အောက်မှာ ခိုလှုံခဲ့ရတယ်။”
နင်ဂျာဘုန်းတော်ကြီးသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ သူတို့စိတ်ဝိညာဉ် စွမ်းအားဖြင့် စကြဝဠာအိတ်ကို ပေါင်းစည်းချည်နှောင်နေသည်ကို မြင်သည့် အခါ ပြောလိုက်ပါသည်။
“ဒါကြောင့် ဒီအိတ်ဟာ သဘာဝအတိုင်း စုန်းတစ္ဆေဂိုဏ်းရဲ့ဂိုဏ်းချုပ် ယုဝူဒေါင်ရဲ့လက်ထဲ ရောက်သွားခဲ့ရတယ်ပေါ့။ အဲဒီအချိန်တုန်းက ကျောင်းထိုင်ဆရာတော်က ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ဒါကြောင့် ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာတွေ၊ ရတနာတွေ၊ လက်နက်တွေ၊ နတ်ဘုရားပစ္စည်းတွေ တစ်စိတ်တစ်ဒေသကို စကြဝဠာအိတ်ထဲ ထည့်ပြီး ငါတို့ကို ပေးအပ်ခဲ့တယ်။ ငါ့မှာ တာအိုပညာရပ် မရှိတာမို့၊ ဒီအိတ်ကို ဖွင့်နိုင်စွမ်း မရှိဘူး။ မင်းတို့ သန့်စင်ပြီးရင်၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျန်ရှိနေတဲ့အရာတွေက ဘာတွေလဲဆိုတာ ငါ ကြည့်ချင်တယ်။ စုန်းတစ္ဆေဂိုဏ်းက အဲဒီပစ္စည်းတွေကို အသုံးပြုခဲ့သေးလား မသိဘူး။”
နင်ဂျာဘုန်းတော်ကြီးက စကြဝဠာအိတ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ မျှော်လင့်နေသည်က ဒိုင်ဇင်ဘုရားကျောင်းက ချန်ထားခဲ့သည့် ရတနာတွေ၊ လက်နက်တွေ၊ ရှေးဟောင်းစာအုပ်တွေ ကျန်ရှိနေသေးလားဟူ၍ ဖြစ်သည်။
“အရင်တုန်းက ခင်ဗျားဟာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဘုရားလောင်း (ဗောဓိသတ္တ) ၁၀၈ ပါးထဲ တစ်ပါးအပါဝင်ဖြစ်ပြီး၊ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးပဲ။ ဒါပေမယ့် ဘုန်းတော်ကြီး ယင်ယွဲ့၊ ကောင်းကင်ဘုရင်လေးပါး၊ အကြီးအကဲ ယင်ဟိုင်၊ ယင်ဟွေတို့နဲ့ယှဉ်ရင် ခင်ဗျားက နည်းနည်း အားနည်းနေသေးတယ်။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဆရာတော်က ဘာကြောင့် ခင်ဗျားကို စကြဝဠာအိတ် သယ်ဆောင်ဖို့ ရွေးချယ်ခဲ့တာလဲ….။”
ဟုန်ယွိသည် စကြဝဠာအိတ်ကို သန့်စင်ရင်း၊ သူ့အတွေးတွေကို ပို့လွှတ်ပြီး နင်ဂျာဘုန်းတော်ကြီးနှင့် စကားပြောလိုက်သည်။
“အဲဒီအချိန်တုန်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ထိပ်တန်းပညာရှင်တွေဟာ အခြားပညာရှင်အားလုံးရဲ့ ပစ်မှတ်ထားခံနေရတယ်။ သူတို့ ဘယ်ကို ထွက်ပြေးပြေး၊ တဖက်ရန်သူရဲ့ အာရုံစိုက်ခံရမယ်။ ဒါပေမယ့် ငါက အနိမ့်ဆုံးတစ်ယောက်ပဲ။ ဒါကြောင့် မထင်မှတ်ဘဲ လွတ်မြောက်ခဲ့တယ်။” နင်ဂျာဘုန်းတော်ကြီးက သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒါ့အပြင်၊ အဲဒီအချိန်တုန်းက တော်ဝင်ချန်၊ တော်ဝင်မိသားစုရဲ့ဧကရာဇ် ယန်ယွန်ဂျီဟာ ဖန်ဆင်းခြင်း တာအိုဂိုဏ်းရဲ့ တာအိုပညာကို အထွက်အထိပ်ရောက်အောက် ကျင့်ကြံထားတယ်။ သူက ကောင်းကင်နဲ့ မြေကြီးကို ရှာဖွေခြင်း ဉပဒေသတွေမှာ ကျွမ်းကျင်တယ်။ တစ္ဆေအင်မော်တယ်တွေရဲ့ အတွေးတွေကတောင် သူ့ရှာဖွေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တွေပဲ သူတို့အငွေ့အသက်ကို ဖုံးကွယ်ပြီး သာမန်လူလို ဟန်ဆောင်ပြီး မြေပြင်ပေါ် လျှောက်သွားနိုင်တယ်။”
“ယန်ယွန်ဂျီလား..။ သူက ဧကရာဇ် ကောင်းကျုံး မဟုတ်ဘူးလား။ သူက လွန်ခဲ့တဲ့နှစ် ၂၀ က နန်းတော်ထဲမှာ ရုတ်တရက် သေဆုံးခဲ့တာလေ။” ဟုန်ယွိသည် အနည်းငယ် အံ့သြသွားသည်။
သူသည် တော်ဝင်ချန်နိုင်ငံ တည်ထောင်ခဲ့သည့်အချိန်နှင့် သမိုင်းအကြောင်းကို ရင်းနှီးပြီး၊ လက်ရှိ တော်ဝင်ချန်ဧကရာဇ် မတိုင်ခင်၊ ဧကရာဇ်ကောင်းကျုံး အုပ်ချုပ်ပြီး၊ အုပ်ချုပ်ချိန် လေးနှစ်ပဲ ရှိခဲ့တာကို သူ သိထားသည်။ ဧကရာဇ် ထိုထိုက်ကျုံးနှင့် ဧကရာဇ် ကောင်းကျုံးတို့သည် တာအိုပညာရပ်များကို ကျင့်ကြံခဲ့ပြီး တစ္ဆေအင်မော်တယ်အဆင့်အထိ ရောက်ခဲ့သောကြောင့် မိုနိုဂိုတာရီက လာရောက်သတ်ဖြတ်ခဲ့သည်ဟု ကြာမြင့်စွာကတည်းက သူ ကြားသိထားခဲ့သည်။ သို့သော် နင်ဂျာဘုန်းတော်ကြီး၏ စကားကို ကြားရသည့်အခါ၊ ဧကရာဇ် ကောင်းကျုံး ကျင့်စဉ်အဆင့်သည် တစ္ဆေအင်မော်တယ်အဆင့်မျှ မဟုတ်လောက်ပေ။ ဖြစ်နိုင်သည်မှာ, သူသည် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်နိုင်ပါသည်။
“ဟမ့်၊ အခုလို ကျင့်စဉ်အစဉ် မြင့်မားခဲ့ကြောင့် သူက သဘာဝအတိုင်း အသက်ရှည်ရှည် မနေနိုင်ခဲ့တာ။ ဒါပေမယ့် မိုနိုဂိုတာရီလည်း ဟုန်ရွှန်ကျိနဲ့ ယန်ပန်တို့ရဲ့ ပြင်းပြင်းထန်ထန် ခြုံခိုတိုက်ခိုက်မှုကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရတယ်။ သူ့ခန္ဓာကိုယ်ဟာ အတားအဆီးတွေ ကျော်လွှားပြီး လူသားအင်မော်တယ်အဆင့်ကို ရောက်ခဲ့ပေမယ့်၊ သူဟာ အတင်းအကြပ် ပြန်လည်ဝင်စားခဲ့ရပြီး အစကနေ ပြန်လည် စတင်ခဲ့ရတယ်။ အခု သူဟာ လူသားအင်မော်တယ်အဆင့်ကို ထပ်ရောက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်။”
နင်ဂျာဘုန်းတော်ကြီးက အနည်းငယ် မကျေနပ်သံဖြင့် ပြောလိုက်သည်။
“ယန်ပန်လား…၊ သူက အခု လက်ရှိဧကရာဇ် မဟုတ်ဘူးလား…” ဟုန်ယွိသည် ပိုပြီး အံ့သြလာသည်။ နင်ဂျာဘုန်းတော်ကြီးဆီက အရင်က သူမသိခဲ့သည့် လျှို့ဝှက်ချက်တွေ ပိုမိုသိရှိလာခဲ့သည်။
“မိုနိုဂိုတာရီက တာအိုပညာကျွမ်းကျင်သူ ဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်ကိုလည်း လူသားအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်။ ဟုန်ရွှန်ကျိနဲ့ လက်ရှိ ဧကရာဇ်က ဘယ်လိုလုပ် ချုံခိုတိုက်ခိုက်နိုင်ခဲ့တာလဲ…။” ဟုန်ယွိက တွေးရင်း အနည်းငယ် ရှုပ်ထွေးသွားသည်။ “အရင်က တော်ဝင်ချန် တော်ဝင်မိသားစုဟာ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးချင်တဲ့အခါ၊ တိုင်ရှန်တာအိုဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ် ထင်တယ်။ အဲဒီအချိန်မှာ သူတို့က တစ်ဖက်တည်း မဟုတ်ဘူးလား…..”
“တိုင်ရှန်တာအိုဂိုဏ်းနဲ့ ဒိုင်ဇင်ဘုရားကျောင်းဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် တစ်ခုက ဗုဒ္ဓဘာသာဘုရားကျောင်း၊ တစ်ခုက တာအိုဂိုဏ်း အဖြစ်၊ အလယ်ပိုင်းကုန်းမြေဒေသမှာ မြင့်မြတ်နယ်မြေနှစ်ခုအဖြစ် လူသိများခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ငါတို့က အမုန်းတရား နက်ရှိုင်းတဲ့ ရန်သူတွေပဲ။ တိုင်ရှန်တာအိုဂိုဏ်းက အမြဲတမ်း ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးချင်နေခဲ့တာ။ မိုနိုဂိုတာရီက ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးပြီး သွားရင်, တော်ဝင်ချန် မိသားစုက သူ့ကို တိုက်ခိုက်မယ်ဆိုတာ ကြိုသိပေမယ့်၊ ဒီလိုအခွင့်အရေးကြီး ရှိလာတဲ့အခါ, သူက ဘယ်လိုလုပ် ငြင်းဆန်မလဲ။ ပြီးတော့ သူက ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းလို့ ထင်နေပြီး ကမ္ဘာပေါ်က ဘယ်အင်အားစုကိုမှ ဂရုမစိုက်ဘူး။ တော်ဝင်ချန် မိသားစုကို ဘာလို့ ကြောက်နေမှာလဲ….။”
နင်ဂျာဘုန်းတော်ကြီးက သူ့မျက်ခုံးမွှေးရှည်တွေကို ဖြေလျှော့ချလိုက်ပြီး၊ သူ့မျက်လုံးတွေက လက်ခနဲ တောက်ပနေသည်။ “ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အချို့ကိစ္စတွေကို ငါ သိပ်မသိဘူး။ မိုနိုဂိုတာရီရဲ့ ညီမဖြစ်တဲ့ မင်ပိုင်ယွန်ဟာ ဒီစေ့စပ်ညှိနှိုင်းရေးကိစ္စမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်။”
“မိုနိုဂိုတာရီရဲ့ အရင်ဘဝက ခန္ဓာကိုယ်ဟာ လူသားအင်မော်တယ် အဆင့်အထိ ရောက်ရှိခဲ့တယ်။ ဒါက ထူးဆန်းပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ တစ္ဆေအင်မော်တယ်တစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ သိုင်းသူတော်စင်အဆင့်အထိပဲ ရောက်ရှိနိုင်တယ်။ ဒါပေမယ့် တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ မိုနိုဂိုတာရီမှာ လျှို့ဝှက်နည်းလမ်းတွေ ရှိမှာ သေချာတယ်။ ပြောစကားတွေအရဆို၊ အဆင့်ကျော်ဖြတ်နိုင်ဖို့၊ မိုနိုဂိုတာရီဟာ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ၆၀ နှစ်ကြာ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကို ရှာဖွေ စုဆောင်းခဲ့တယ်။ သူဟာ အနှစ်သာရနတ်ဘုရားကျောင်းကို သွားရောက်ကာ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးသုံးစက် အတင်းအဓမ္မ လုယူခဲ့ပြီး ကောင်းကင်အနှစ်သာရဆေး အဖြစ် သန့်စင်ခဲ့တယ်။ ဒီကောင်းကင်အနှစ်သာရဆေးနဲ့ သူ့ရဲ့ ဒုတိယဘဝ ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်ထိ ကျင့်ကြံခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ဒုတိယဘဝ ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့ပြီ။ အခု တတိယဘဝမှာ လူသားအင်မော်တယ် ဖြစ်ချင်ရင် ကောင်းကင်အနှစ်သာရဆေးကို ပြန်သန့်စင်ရလိမ့်မယ်။”
ဟုန်ယွိက အံ့သြစွာ ပြောလိုက်သည်။ “တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ သူ့နတ်ဘုရားပညာရပ်နဲ့တောင်၊ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ စုဆောင်းဖို့ အနှစ် ၆၀ အချိန်ယူခဲ့ရပြီး မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးသုံးစက်ကိုတောင် အတင်းလုယူခဲ့ရတယ်ပေါ့။ ဒီကောင်းကင်အနှစ်သာရ ဆေးဟာ တကယ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာကို ခိုးယူနိုင်မယ် ထင်တယ်။”
တာအိုပညာရှင်များသည် သူတို့နတ်ဘုရား စိတ်ဝိညာဉ်ကို မြေအောက် ပင်လယ်ထဲ ပို့လွှတ်နိုင်ပြီး ဝိညာဉ်ဆေးဖက်ဝင် အပင်တွေ စုဆောင်းဖို့ အလွန်အဆင်ပြေပါသည်။ တိုင်ရှန်တာအိုဂိုဏ်း၏ ခေါင်းဆောင်လို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတောင် ကောင်းကင်အနှစ်သာရဆေးကို သန့်စင်ဖို့ ၆၀ နှစ် အချိန်လိုအပ်ခဲ့သည်။ ယင်းက မည်မျှကြီးမားသည့် ကြိုးစားအားထုတ်မူနှင့် အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်မည်နည်း။
“ဒါပေမယ့် မိုနိုဂိုတာရီရဲ့ ခန္ဓာကိုယ်ဟာ လူသားအင်မော်တယ်အဆင့်အထိ ရောက်ခဲ့တယ်။ ဟုန်ရွှန်ကျိက အဲဒါကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့, ဟုန်ရွှန်ကျိက အဲဒီလောက်အထိ အစွမ်းထက်မနေသင့်ဘူး မဟုတ်လား….” ဟုန်ယွိက သံသယဖြင့် မေးလိုက်သည်။
“ဟုန်ရွှန်ကျိကို အထင်မသေးနဲ့” နင်ဂျာဘုန်းတော်ကြီးက ပြောလိုက်သည်။ “နှစ်နှစ်ဆယ်ရှိပြီ၊ သူ သိုင်းသူတော်စင် အထွတ်အထိပ် ရောက်နေတာ။ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကောင်းကင်ဘုရင်လေးပါးထဲက သိုင်းသူတော်စင် ထောင်ကျန့် ကောင်းကင်ဘုရင်တောင် သူ့လက်သီးအောက်မှာ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့်, ကံကောင်းထောက်မပြီး ငါ ချန်ပီယံမြို့စားနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ကြားခဲ့ရတာက၊ ဟုန်ရွှန်ကျိဟာ မကြာသေးခင်ကမှ လူသာအင်မော်တယ်အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီတဲ့။ သူဟာ သိုင်းသူတော်စင်ရဲ့ အတားအဆီးမှာ နှစ်နှစ်ဆယ်ကြာ ထစ်ဆို့နေခဲ့တယ်။ အနှစ်နှစ်ဆယ်နော်၊ သူ့ရဲ့ အချိန်ကောင်းဆုံး နှစ်နှစ်ဆယ်အချိန်ကို ဖြုန်းတီးပစ်ခဲ့တယ်။”
“ဒါက ကောင်းတဲ့အရာ မဟုတ်လောက်ဘူး။ များများပိုစုဆောင်းလေ, ပေါက်ကွဲမှုက ပိုပြင်းထန်လေပဲ။ တစ်ခုလေး နားလည်သွားတာနဲ့ ချက်ချင်း ဗုဒ္ဓဘုရား ဖြစ်သွားနိုင်တယ်။” ဟုန်ယွိက ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်ပြောချင်ပုံမရတော့ပေ။
“ဟုန်ယွိ၊ ပြီးပြီ။ ဖွင့်လိုက်။”
ထိုအချိန်မှာ ချန်ယင်းရှာက သူမမျက်လုံးတွေကို ဖွင့်လိုက်ပြီး လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ပြင်းထန်သော အတွေးတစ်ခုသည် ယင်လေပြင်းအဖြစ် စုစည်းပြီး စကြဝဠာအိတ်ကို ပြင်းထန်စွာ မှုတ်ထုတ်လိုက်ပါသည်။
ဟုန်ယွိသည် ချန်ယင်းရှာ၏ အသံကို ကြားလိုက်သည်နှင့် မဆိုင်းမတွ ပြင်းထန်သော လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြန်သည်။ ထိုလေပြင်းသည် နောက်ထပ် အစွမ်းထက်သော အတွေးတစ်ခု ဖြစ်သည်။
တစ္ဆေအင်မော်တယ် ကျွမ်းကျင်သူ နှစ်ဦး၏ အစွမ်းထက်သော အတွေးများသည် ပေါင်းစည်းသွားခဲ့ပြီး လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ အမှန်ပင် စကြဝဠာအိတ်ကို ပင့်တင်လိုက်ပါသည်။
သို့သော်, ပေါ့ပါးပြီး အလေးချိန် ရှိပုံပင်မရသည့် စကြဝဠာအိတ်သည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ ယင်လေပြင်းများ လွှမ်းမိုးမှုအောက်မှာ ရုတ်တရက် တောင်တစ်လုံးလို လေးလံသွားခဲ့သည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ နဖူးတွေမှာ ချွေးစီးကြောင်းတွေ စီးကျလာသည်။ သူတို့ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုမှုက သူတို့၏ သွေးလည်ပတ်မှုကို ထိခိုက်စေခဲ့သည်မှာ ရှင်းနေပါသည်။
ဤနေထားက စိတ်ဝိညာဉ်စွမ်းအား အများပြား အသုံးပြုရသည့် အခြေအနေမျိုးမှာ ဖြစ်ပေါ်တဲ့ လက္ခဏာ ဖြစ်သည်။
ဖျစ်…၊ ဖျစ်…။
စကြဝဠာအိတ်ကို မြှောက်တင်ပြီးနောက်၊ ယင်လေပြင်းကို ဖိအားပေးလိုက်သည်။ ယင်လေပြင်းထံမှ ကွဲအက်အသံကို ကြားလိုက်ရသည်။
ထိုအက်ကွဲသံသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ အတွေးများ အဆက်မပြတ် ကွဲအက်နေသည့် အသံ ဖြစ်ပါသည်။
“ပွင့်စမ်း…”။
သူတို့၏အတွေးများကို ကန့်သတ်ချက်ရောက်သည်အထိ တွန်းအားပေးထားရင်း ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တစ်ချိန်တည်း ဟစ်ကြွေးလိုက်ပါသည်။ သူတို့ခန္ဓာကိုယ်တွေက တုန်ခါလာပြီး၊ သူတို့ထိုင်နေသည့် လှပသော ဖျာချပ်ပင် ဆွဲဖြဲခံရပြီး အထဲက အဖြူရောင် ချည်သား ပေါ်လာပါသည်။
ဝုန်း ဝုန်း ဝုန်း၊ ဝုန်း ဝုန်း ဝုန်း …
အသံတွေက အလွန်မင်း ဝေးကွာပြီး၊ ကြယ်စကြာဝဠာ, အခြားကမ္ဘာမှ ရောက်လာသည်ဟု ထင်ရသော်လည်း, သူတို့နား အနီးအနားမှာ ရှိနေသလို ကြားနေရသည်။
စကြဝဠာအိတ်၏ အိတ်အဝသည် ဖွင့်လာခဲ့ပြီး စိမ်းလန်းသော လေစီးကြောင်း တစ်ခု တဟုန်ထိုး ပြေးထွက်လာပါသည်။ ထို့နောက် မြေပြင်ပေါ်မှာ လူသုံးယောက်အမြင့်၊ လူဆယ်ယောက်စာအကျယ် ရှိသည့် ဧရာမတံခါးကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ကံကောင်းစွာပင်, ချန်ယင်းရှာနှင့် ဟုန်ယွိတို့ရှိနေသည့် လျှို့ဝှက်အခန်းသည် လုံလောက်အောင် ကြီးမားနေသည်။ မဟုတ်ရင် ထိုတံခါးကြီးက အခန်းကို ဆွဲဖြဲပစ်လိမ့်မည်။
သို့သော်, ဤတံခါးကြီးသည် အစိမ်းရောင်ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့်အရာ ဖြစ်သည်။ တံခါးကြီးသည် စိမ်းလန်းပြီး မှုန်ဝါးဝါး ဖြစ်နေကာ၊ တကယ့်အစစ်လား သို့မဟုတ် ပုံရိပ်ယောင်လား မသိနိုင်ပါဘူး။
စိမ်းလန်းသောလေဖြင့် ဖွဲ့စည်းထားသော ထိုဧရာမတံခါးကြီး၏ နောက်မှာ မှိန်ဖျော့ဖျော့ အလင်းရောင် ရှိနေသည်။ တံခါးကြီးထဲမှ အေးမြသည့် လေပြေအေးတွေ မှုတ်ထုတ်လာပြီး သန့်ရှင်းသော အငွေ့အသက်ကို ယူဆောင်လာသည်။
ဟုန်ယွိသည် ထိုသန့်ရှင်းသော အငွေ့အသက်ကို ရှူရှိုက်မိသည့်အခါ၊ တံခါးနောက်ကွယ်ရှိ ကမ္ဘာကြီးသည် နတ်ဘုံကဲ့သို့ သန့်ရှင်းစင်ကြယ်သော ကမ္ဘာကြီးဖြစ်ကြောင်း ခံစားရသည်။
“လာ၊ သွားကြည့်ကြစို့….။”
ချန်ယင်းရှာနှင့် ဟုန်ယွိတို့သည် အတူပူးပေါင်းပြီး စကြဝဠာအိတ်၏ တံခါးကို ဖွင့်ပြီးနောက်၊ စိတ်မရှည်စွာ ထရပ်ပြီး တံခါးထဲ ဝင်လိုက်သည်။ ထောင်စုနှစ်ပေါင်းများစွာ ကောလဟလ ထွက်ပေါ်သည့် စကြဝဠာအိတ်ထဲက ကမ္ဘာကြီးက မည်သို့မည်ပုံရှိမည်ကို သူတို့ ကြည့်ချင်နေကြသည်။
“ဒီစကြဝဠာအိတ်ကို ဖွင့်ဖို့ တကယ်ပဲ စွမ်းအားအများကြီး လိုအပ်တယ်။”
တံခါးထဲ မဝင်ခင်၊ ဟုန်ယွိက ပြုံးပြီး ပြောလိုက်သည်။ “ဖန်ဆင်းခြင်းဖရုံသီးလို လေဟာနယ်ကို ခွဲပြီး ခရီးသွားနိုင်ဖို့ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက် လိုအပ်မလဲ မသိဘူး….။”
“စကြာဝဠာအိတ်ကို အသုံးပြုပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ ခရီးသွားနိုင်ဖို့ဆို အနည်းဆုံး တစ္ဆေအင်မော်တယ် ၁၈ ပါး လိုအပ်မယ်။” နင်ဂျာဘုန်းတော်ကြီးက ဆက်ပြောလိုက်သည်။ “ဒီစကြဝဠာအိတ်ဟာ နတ်ဘုရားပစ္စည်း ဖြစ်ပြီး၊ တစ္ဆေအင်မော်တယ်တစ်ပါး အသုံးပြုနိုင်တဲ့အရာ မဟုတ်ဘူး။ မင်းလက်ထဲမှာရှိနေရင်တောင် ဖွင့်လို့မရဘူး။”
အကယ်၍, လူတစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး စကြဝဠာအိတ်ကို အသက်မသွင်းခဲ့လျှင်, ကြီးမားသည့် သားရေအိတ်ကြီးတစ်လုံးဟု ထင်ကြလိမ့်မည်။
အကယ်၍, သာမန်လူ တစ်ယောက်သည် လက်ထဲမှာ အိတ်ကို ကိုင်ထားပြီး၊ ကြိုးကို ဖြေလိုက်လျှင်, အထဲမှာ ထူးထူးခြားခြား မည်သည့်ပစ္စည်းမှ မပါသည့် အိတ်ကြီးတစ်လုံး ဖြစ်သွားလိမ့်မည်။
အစစ်မှန် တစ္ဆေအင်မော်တယ် ကျွမ်းကျင်သူများသာ စိတ်ဝိညာဉ် စွမ်းအားကို အိတ်ထဲ ထည့်သွင်းပြီး အတွင်းမှ အစီအရင်ကို အသက်သွင်းနိုင်ပါ သည်။ ထိုအခါမှသာ စိမ်းလန်းသော လေပြေညှင်းက အိတ်ထဲမှ ပြေးထွက်လာပြီး မှုန်ဝါးဝါး တံခါးတစ်ခု ဖြစ်ပေါ်လာပါလိမ့်မည်။
“ဘယ်လောက် ကြီးမားတဲ့ ကမ္ဘာကြီးလဲ။”
ဟုန်ယွိ၊ ချန်ယင်းရှာနှင့် နင်ဂျာဘုန်းတော်ကြီးတို့ တံခါးထဲ ဝင်လိုက်သည်နှင့် ကမ္ဘာကြီးသည် ချက်ချင်း ပြောင်းလဲသွားသည်။ မြေပြင်က ယခင် မြေပြင် မဟုတ်တော့သလို ကောင်းကင်ကြီးကလည်း ယင်ကောင်းကင်ကြီး မဟုတ်တော့ပါဘူး။
ကောင်းကင်ကြီးကို မော့ကြည့်စဉ် ဟုန်ယွိသည် လက်ဖြင့် ထိကိုင်လိုက်ရင် ကောင်းကင်ကို ထိကိုင်နိုင်မည်ဟု ခံစားရသည်။ သူ စိတ်ဝိညာဉ်အာရုံဖြင့် စူးစမ်းကြည့်သည့်အခါ၊ ကောင်းကင်သည် ပေ ၃၀၀ မှ ပေ ၄၀၀ လောက် အမြင့်ရှိသည်ကို တွေ့ရှိသည်။
ကောင်းကင်ကြီးမှာ နေရောင် မရှိပါဘူး။ ယင်းအစား တောက်ပပြီး နူးညံ့သည့် တိမ်လွှာတစ်ခုသာ ရှိနေပြီး ကျောက်စိမ်းကဲ့သို့ စိမ်းလန်းနေသည်။
ထိုတိမ်လွှာသည် အလွန် ခိုင်မာသည်။ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်၏ ခွန်အားအကုန်အသုံးပြုပြီး၊ ထိုးဖောက်လျှင်ပင် လုံးဝ မဖြစ်နိုင်ဟု ခံစားမိသည်။ ကောင်းကင်ကို ဖြတ်ကျော်ဖို့ဆို ပြောစရာပင် မလိုတော့ပေ။
“ဒီစကြဝဠာအိတ်ရဲ့ ကောင်းကင်ကို ယန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေပဲ ဖြတ်ကျော်နိုင်တယ်။ တနည်းအားဖြင့် ယန်နတ်ဘုရားနယ်ပယ် ပညာရှင်တွေပဲ ဒီစကြဝဠာအိတ်ထဲ ဝင်နိုင်မယ်။ ဒါမှမဟုတ် အပြင်ကနေ အတင်းကျူးကျော် ဝင်နိုင်လိမ့်မယ်။” နင်ဂျာဘုန်းတော်ကြီးက ပြောလိုက်သည်။
ဟုန်ယွိက ဤကိစ္စကို သဘာဝအတိုင်း အလွန်ရှင်းလင်းစွာ သိပါသည်။
ကောင်းကင်ကို ကြည့်ပြီးနောက်၊ ဟုန်ယွိသည် မြေပြင်ကို ထပ်ကြည့်လိုက်သည်။ မြေပြင်မှာလည်း မှန်တစ်ချပ်လို ချောမွေ့နေသည့် တိမ်အလွှာတစ်ခု ဖုံးအုပ်ထားသည်။ လူတွေ နင်းလျှောက်သည့်အခါ ရေလှိုင်းများကဲ့သို့ လှိုင်းတွန့်များ ဖြစ်ပေါ်စေသည်။ သို့သော် ထူးထူးခြားခြား ခိုင်မာသည်။ ဟုန်ယွိသည် ခြေထောက်ဖြင့် နင်းကြည့်သည့်အခါ၊ လှိုင်းများသည် အနည်းငယ် ပျံ့နှံ့ပြီး ပျောက်ကွယ်သွားသည်။ မြေပြင်သည် လုံးဝ မတုန်ခါပေ။ ယင်းက ဤစိတ်ဝိညာဉ် လေဟာနယ်ကမ္ဘာ၏ တည်ငြိမ်မှုကို ပြသနေသည်။
ဟုန်ယွိသည် အဝေးကို ကြည့်လိုက်သည်။ မိုင်တစ်ရာ အကွာဝေးလောက်မှာ ကျောက်စိမ်းကဲ့သို့ လင်းလက်နေသည့် အစိမ်းရောင်အလင်းတစ်ခု ရှိသည်။ ထိုအလင်းတန်းသည် ဤကမ္ဘာငယ်လေး၏ စကြဝဠာနံရံ ဖြစ်ပုံရသည်။
တခဏအတွင်းမှာ, ဟုန်ယွိသည် ဤကမ္ဘာငယ်လေးတစ်ခုလုံးကို စူးစမ်းကြည့်သည့်အခါ၊ ဤကမ္ဘာငယ်လေး တစ်ခုလုံးသည် ကျောက်စိမ်းရောင်အလွှာများဖြင့် ဖွဲ့စည်းထားပြီး လေးထောင့်ပုံစံ ရှိသည်ကို တွေ့ရှိရသည်။
၎င်းသည် ကြီးမားသည့် အိမ်ကြီးတစ်လုံးလိုပင်။
ဟုတ်ပါသည်၊ ဤအိမ်ကြီးသည် ကြီးမားပြီး၊ အချင်းဝက် မိုင်တစ်ရာကျော် ကျယ်ဝန်းပါသည်။ ဤအကျယ်ဝန်းသည် တော်ဝင်ချန်မင်းဆက်၏ ခရိုင်ငယ်တစ်ခုနှင့် ညီမျှသည်။ ထိုအပြင်, ဤအိမ်ကြီး၏ နံရံပေါ်က အလင်းရောင်အလွှာတွေကို ယန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေပဲ ဖြတ်ကျော်နိုင်လိမ့်မည်။
“အလယ်မှာ စုပုံထားတဲ့ပစ္စည်းတွေ အများကြီးပဲ….။”
ဟုန်ယွိကဲ့သို့ပင်, ချန်ယင်းရှာလည်း စိတ်ဝိညာဉ် လေဟာနယ်ကမ္ဘာ တစ်ခုလုံး၏ ဖွဲ့စည်းပုံကို ကြည့်နေခဲ့သည်။ ထိုမှသာ အလယ်မှာ စုပုံထားသည့် ပစ္စည်းတွေကို သတိထားမိသည်။
အချင်းဝက် မိုင်တစ်ရာ အကျယ်ဝန်းရှိသည့် စိတ်ဝိညာဉ် လေဟာနယ်ကမ္ဘာ၏ အလယ်မှာ စုပုံထားသည့် ပစ္စည်းများသည် ခွေးတစ်ကောင်ပေါ်က ခွေးသန်းတစ်ကောင်ကဲ့သို့ဖြစ်နေပြီး၊ လုံးဝ ထင်ရှားပေါ်လွင်ခြင်း မရှိပေ။
သို့သော် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် နင်ဂျာဘုန်းတော်ကြီးနှင့်အတူ အလယ်ကို ပျံသန်း သွားသည့်အခါ၊ အလယ်မှာ စုပုံထားသည့် ပစ္စည်းများသည် မည်မျှကြီးမားလဲဆိုသည်ကို သဘောပေါက်လိုက်ပါသည်။
စိတ်ဝိညာဉ် လေဟာနယ်ကမ္ဘာ တစ်ခုလုံး၏ အလယ်မှာ စင်မြင့် ခုနစ်ရှစ်ခုလောက် ရှိနေသည်။ စင်မြင့်တွေပေါ်မှာ တောင်တွေလို စုပုံထားသည့် အရာတွေ ရှိနေပါသည်။
တစ်ပုံက ရွှေ၊ တစ်ပုံက ငွေ၊ တစ်ပုံက ကျောက်မျက်ရတနာတွေ၊ မြတွေ၊ စိန်တွေနှင့် အခြား ကျောက်မျက်ရတနာများဖြစ်သည်။
ထို့အပြင်၊ တောင်လိုပုံနေသည့် ဆန်ပုံကြီးနှင့် သေတ္တာတွေလည်း အများကြီး ရှိနေသည်။ သေတ္တာတွေထဲမှာ လက်နက်တွေ၊ လေးတွေ၊ သံချပ်ကာ တွေ ရှိနေပုံရသည်။
လေးထောင့်စင်မြင့် ဘေးတစ်ဖက်မှာ ဆေးသေတ္တာများနှင့် ပုလင်းတွေ အမျိုးမျိုး ရှိသည်။ ကြီးမားသည့် ဆေးဂိုဒေါင်ကြီးတစ်ခု ဖြစ်ပုံရသည်။
ဆေးဂိုဒေါင် နောက်တွင် စာကြည့်တိုက်အဖြစ် ဖန်တီးထားသည့် စာအုပ်သိုသိမ်းဆည်းရာ နေရာတစ်ခု ရှိပြီး၊ စန္ဒကူးသစ်သားဖြင့် လုပ်ထားသော လူခုနစ်ယောက် ရှစ်ယောက်ခန့် အမြင့်ရှိသည့် စာအုပ်စင်တွေ အများကြီး ရှိနေပါသည်။ စာကြည့်တိုက် နောက်တွင် ပိုးထည်များ စုပုံထားသည့် ပိုးထည်တောင်တန်းကြီးတစ်ခု ရှိနေပြန်သည်။
ရွှေဂိုဒေါင်၊ ငွေဂိုဒေါင်၊ ဆန်ဂိုဒေါင်၊ ကျောက်မျက်ဂိုဒေါင်၊ လက်နက်နှင့် သံချပ်ကာဂိုဒေါင်၊ ဆေးဂိုဒေါင်၊ စာအုပ်ဂိုဒေါင်၊ ပိုးထည်ဂိုဒေါင်။
စင်မြင့်ရှစ်ခုသည် ဂိုဒေါင်ကြီးရှစ်ခုနှင့် ညီမျှသည်။
ဤဂိုဒေါင်ကြီး ရှစ်ခုကို ယင်နှင့်ယန် စွမ်းအင်စက်ဝိုင်း၏ သင်္ကေတအတိုင်း စီထားပြီး ဖော်မပြနိုင်သည့် မှော်စွမ်းအားကို ပြသနေသည်။
ဟုန်ယွိသည် အဖြူရောင် ဆန်ပုံတောင်ကြီး ရှေ့မှာ ရပ်ပြီး ဆန်တောင်ကို မော့ကြည့်လိုက်သည့်အခါ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့။ ဟုန်ယွိသည် ဆန်ပုံတောင်ကြီး ရှေ့မှာ ရပ်နေရင်း ကြီးမားသည့် ဆင်ကြီးရှေ့မှာ ရပ်နေသော ကြွက်ငယ်တစ်ကောင်ကဲ့သို့ သူ့ကိုယ်သူ ခံစားရသည်။
“ဒီမှာ ဆန် အနည်းဆုံး တန်ချိန် ၅၀၀,၀၀၀ ရှိမယ်။ အငတ်ဘေး ကြုံလာရင် လူ ထောင်ပေါင်းများစွာ ကို ကျွေးမွေးနိုင်တယ်။ စကြဝဠာအိတ်ထဲမှာ သိမ်းထားတော့ ဆန်တွေလည်း မပျက်စီးဘူး ထင်တယ်။” ဟုန်ယွိက တွေးလိုက်သည်။
သူသည် ဤကမ္ဘာကို မြင်ခဲ့ပြီးသား ဖြစ်ပေသော်လည်း ရွှေတောင်၊ ငွေတောင်၊ ဆန်ပုံတောင်ကြီးတွေ ရှေ့မှာ ရပ်နေရင်း စိတ်ကူးကြည့်ဖို့ ခက်ခဲနေမိသည်။ သူသည် အနည်းငယ် မူးဝေသွားသည်။
“ဒိုင်ဇင်ဘုရားကျောင်းက လက်နက်တွေ၊ သံချပ်ကာ၊ ဒူးလေးတွေ၊ မြှားတွေ ဘာကြောင့် အများကြီး လိုအပ်နေတာလဲ….။”
ဟုန်ယွိက သက်ပြင်းချပြီး သူ့အတွေးတွေကို ဖိနှိပ်လိုက်သည်။ သူသည် နင်ဂျာဘုန်းတော်ကြီးကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“ဒါတွေဟာ မဟာကျိုးမင်းဆက်ရဲ့ အသက်ရှင်ကျန်ရစ်သူတွေ ချန်ထားခဲ့တာ။” နင်ဂျာဘုန်းတော်ကြီးက ပြောလိုက်သည်။ “မဟာကျိုးမင်းဆက် ပျက်စီးပြီးနောက်၊ အသက်ရှင်ကျန်သူတွေ အများကြီးရှိတယ်။ တော်ဝင်မိသားစုရဲ့ မိဘမဲ့ကလေးတွေတောင် သူတို့ရဲ့ လက်နက်နဲ့ သံချပ်ကာတွေ ယူဆောင်ပြီး ဒိုင်ဇင်ဘုရားကျောင်းမှာ ပုန်းရှောင်ခဲ့ကြတယ်။”
“ရွှေနဲ့ ငွေတွေကကော…။ အများကြီး ရှိတယ်၊ ဘယ်လောက်ရှိမှန်းတောင် မသိဘူး….။”
ဟုန်ယွိသည် တောင်လို စုပုံထားသည့် ဘဏ္ဍာဂိုဒေါင် ဘက်ကို လျှောက်သွားပြီး ရွှေတုံးတစ်တုံး ကောက်ကိုင်လိုက်သည်။ တချို့က စိမ်းဝါရောင်၊ တချို့က လိမ္မော်ဝါရောင် ဖြစ်ပေမယ့် အားလုံး ရွှေ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ရွှေ ၉၀ ရာခိုင်နှုန်းပါ ခရမ်းရောင်ရွှေနှင့် ရွှေ ၁၀၀ ရာခိုင်နှုန်းပါ သန့်စင်ရွှေကတော့ အလွန်ရှားပါးသည်။
ထိုရွှေနှင့် ငွေဒင်္ဂါးများသည် ဝိုင်းဘူးပုံစံဖြစ်ပြီး၊ မဟာကျိုးမင်းဆက်၏ အုပ်ချုပ်သည့်နှစ်တွင် ရိုက်နှိပ်ထားသည်။ ရှင်းနေပါသည်။ ဤရွှေငွေများသည် အရင်မင်းဆက်၏ ရွှေနှင့်ငွေဒင်္ဂါးများ ဖြစ်ပြီး တချို့ဆို မဟာကျိုးမင်းဆက်ထက်ပင် ပိုရှေးကျနေပါသည်။
ထင်ရှားသည်မှာ, ဤရွှေနှင့်ငွေဒင်္ဂါးများသည် ဒိုင်ဇင်ဘုရားကျောင်းက ထောင်စုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် စည်းစိမ်ဥစ္စာ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။
“အိုး၊ ဘေးမှာ စာရင်းစာအုပ်ရှိတယ်လား..…”။
ဟုန်ယွိက ရွှေဂိုဒေါင် ဘက်ကို လျှောက်သွားပြီး စားပွဲတစ်ခု တွေ့ရှိသည်။ ထိုစားပွဲပေါ်မှာ ရိုးရှင်းသော စာရင်းစာအုပ် တစ်အုပ် ရှိသည်။
အပိုင်း (၂၃၄)။
“ရွှေဂိုဒေါင် ခန့်မှန်း ရွှေဒင်္ဂါး ၄,၀၀၀,၀၀၀၊ ငွေဂိုဒေါင် ခန့်မှန်း ငွေဒင်္ဂါး ၃၀,၀၀၀,၀၀၀၊ ပိုးထည် အလိပ် ၈၀၀,၀၀၀ ၊ ဆန်တန်ချိန် ၆၀၀,၀၀၀၊ လက်နက်နဲ့ သံချပ်ကာ …”
“ဒါ … ရွှေဒင်္ဂါး ၄,၀၀၀,၀၀၀၊ ငွေဒင်္ဂါး ၃၀,၀၀၀,၀၀၀ လား…။ အားလုံး ငါ့ဟာ ဖြစ်သွားပြီလား။ တော်ဝင်ချန်မင်းဆက်ရဲ့ နှစ်စဉ်အခွန်ဝင်ငွေက ဘယ်လောက်လဲ။ ငွေဒင်္ဂါး ၃၀,၀၀၀,၀၀၀ လား။ ဒီမှာ ရွှေဒင်္ဂါးက ၄,၀၀၀,၀၀၀ ရှိတယ်၊ ဒါက ငွေဒင်္ဂါး ၄၀,၀၀၀,၀၀၀ နဲ့ ညီမျှတယ်၊ ငွေဒင်္ဂါး ၃၀,၀၀၀,၀၀၀ နဲ့ ပေါင်းရင် ငွေဒင်္ဂါး ၇၀,၀၀၀,၀၀၀ ဖြစ်သွားပြီ မဟုတ်ဘူးလား။ ကျောက်မျက်ရတနာတွေပါ ထည့်တွက်ရင် နိုင်ငံတော်ဘဏ္ဍာတိုက် စုစုပေါင်းဝင်ငွေရဲ့ နှစ်နှစ်စာဝင်ငွေ မဟုတ်ဘူးလား။ ငါ ချက်ချင်းကြီး နိုင်ငံထဲက ချမ်းသာဆုံးလူတစ်ယောက် ဖြစ်သွားပြီ မဟုတ်လား။ နှစ်ရာချီ သမိုင်းကြောင်းရှိတဲ့ မိသားစုတောင် ငါနဲ့ မယှဉ်နိုင်တော့ဘူး။ ဆန်၊ လက်နက်နဲ့ သံချပ်ကာတွေလည်း ရှိသေးတယ်။ ဒါ ပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်တာ မဟုတ်ဘူးလား။ ဒီအရာတွေအားလုံးကို တန်ဖိုးနဲ့ တွက်ကြည့်ရင် ငွေဒင်္ဂါး ၁၀၀,၀၀၀,၀၀၀ ထက် ပိုမယ်ထင်တယ်…။”
ဟုန်ယွိသည် စာရင်းစာအုပ်ကို လှန်ကြည့်ပြီး ရုတ်တရက် တော်ဝင်ချန်မင်းဆက်၏ နိုင်ငံတော်ဘဏ္ဍာရေးဝင်ငွေ နှစ်နှစ်မှ သုံးနှစ်အထိ ဝင်ငွေနှင့် ညီမျှနေသည်ကို တွေ့ရှိရသည်။ သူ့စည်းစိမ်ဥစ္စာကြွယ်ဝမူသည် ငွေဒင်္ဂါး ၁၀၀,၀၀၀,၀၀၀ ထက် (သိန်းတစ်ရာထက်) ပိုသည်။ သူသည် အနည်းငယ် အဓိပ္ပာယ်မဲ့သလို ခံစားရသည်။
“ယွန်နိုင်ငံရဲ့ နိုင်ငံတော်ဘဏ္ဍာရေးဝင်ငွေ တစ်ခုလုံးက ဒီစည်းစိမ်ဥစ္စာရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။” ချန်ယင်းရှာလည်း ရောက်လာပြီး စာရင်းစာအုပ်ကို ကြည့်လိုက်သည်။
“ဟင်း….၊ ဒါက အရင်တုန်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ စည်းစိမ်ဥစ္စာကြွယ်ဝမူရဲ့ ငါးပုံတစ်ပုံလောက်ပဲ” နင်ဂျာဘုန်းတော်ကြီးက ခေါင်းခါလိုက်သည်။
“ဒါ တကယ်ပဲ နိုင်ငံတစ်နိုင်နဲ့ ယှဉ်နိုင်တဲ့ စည်းစိမ်ဥစ္စာပဲ။ ဒါပေမယ့် ဒါက ဘာမှ မဟုတ်သေးဘူး။ အရင်က ဒိုင်ဇင်ဘုရားကျောင်းကို ယုံကြည် ကိုးကွယ်သူတွေဟာ ပြည်နယ်တွေ အနှံ့မှာ ရှိခဲ့ကြတယ်။ အဲဒီ သာမန်လူတွေဟာ ကိုယ်တိုင်ဆီ မစားဘဲ ဗုဒ္ဓရုပ်ပွားရှေ့မှာ ထာဝရဆီမီးအိမ်ကို ပူဇော်ခဲ့ကြတယ်။ ထောင်စုနှစ်ပေါင်းများစွာ စုဆောင်းမှုကြောင့် သူတို့ ချမ်းသာခဲ့တယ်။ အဲဒီအချိန်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဆန်ဂိုဒေါင်ဟာ ကျောက်စိမ်းမြို့တော် အပြင်ဘက်က ဆန်ဂိုဒေါင်တွေထက်တောင် ဆန်ပိုများခဲ့တယ်လို့ အဆိုရှိတယ်။ ဆန်တန်ချိန် ၈,၀၀၀,၀၀၀ အထိ သိမ်းဆည်းနိုင်ခဲ့တယ်။”
ဟုန်ယွိက ဒိုင်ဇင်ဘုရားကျောင်း၏ စည်းစိမ်ဥစ္စာများကို လုံးဝ သံသယ မရှိဘူး။
ဟုန်ယွိသည် မှတ်စုများစွာ ဖတ်ဖူးပြီး၊ ဆင်းရဲသား သာမန်လူတွေတောင် သူတို့ကိုယ်တိုင် ထုတ်ယူသည့်ဆီကို ကိုယ်တိုင် မစားချင်ဘဲ ဗုဒ္ဓရုပ်ပွားတော် ရှေ့မှာ ထာဝရမီးအိမ်အဖြစ် ပူဇော်ပြီး၊ ဗုဒ္ဓနှင့် ဗောဓိသတ္တရုပ်ပွားတော်တွေကို အလင်းပေးပြီး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ရှာဖွေခဲ့ကြသည်ကို သိထားပါသည်။
ဆင်းရဲသား သာမန်လူတွေတောင် အခုလိုစိတ်မျိုး ရှိသည်ဆိုလျှင်၊ ချမ်းသာကြွယ်ဝသည့် ကုန်သည်တွေနှင့် အရာရှိတွေဆို ပြောစရာပင် မလိုတော့ချေ….။
ထောင်စုနှစ်များစွာကြာ မြင့်ခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့၏စည်းစိမ်ဥစ္စာ မည်မျှ ပေါများကြွယ်ဝမည်ကို စိတ်ကူးဖြင့်ပင် ခန့်မှန်းရန်ခက်ခဲသည်။ ဗုဒ္ဓဘုရားကျောင်းတစ်ခုသည် နိုင်ငံတစ်နိုင်ငံထက်ပင် ပို၍ချမ်းသာကြွယ်ဝခြင်းမှာ ထူးဆန်းသည် မဟုတ်တော့ပေ။
“ဗုဒ္ဓဘာသာဝင်တွေဟာ နောင်ဘဝတွင် ဘဝကောင်းရရှိဖို့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြတယ်။ ဒါ့အပြင် ဒီဘဝမှာ လွတ်မြောက်မူရရှိဖို့ ကိုယ်ကျင့်သိက္ခာကို ကျင့်ကြံကြတယ်။ တကယ်တမ်းဆို နောင်ဘဝဆိုတဲ့အရာ မရှိဘူး။ လူတစ်ယောက် သေဆုံးသွားတာနဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျောက်ကွယ်သွားမှာပဲ။ ဗုဒ္ဓဘုရားကို ပြစ်မှားစော်ကားပြီး မရိုသေသူတွေက ငရဲကျပြီး ဆင်းရဲဒုက္ခတွေ ခံစားရမယ်လို့တောင် ဆိုကြသေးတယ်။ ဗုဒ္ဓဘုရားကို ပြစ်မှားစော်ကားတွေဟာ ကံဆိုးမိုးမှောင်ကျမှုကို ခံစားရမယ်လို့လည်း ဆိုကြပြန်တယ်။ နင်ဂျာဘုန်းတော်ကြီး…၊ ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ဖို့ ကျွန်တော့်ကို တောင်းဆိုရင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။” ဟုန်ယွိက ခေါင်းလှည့်ကာ နင်ဂျာဘုန်းတော်ကြီးအား ပြောလိုက်သည်။
“ဗုဒ္ဓဘုရားက ဒီလိုမဟောခဲ့ပါဘူး။ ကျွန်ုပ်တို့ ဗုဒ္ဓဘုရားဟာ ကြီးမြတ်တဲ့ဆရာတစ်ဦးပါပဲ။ သူက မကောင်းမူလုပ်နည်းကို သင်ကြားမပေးဘူး။ လူသားတွေကို လွတ်မြောက်မူလမ်းစဉ်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ပဲ သင်ကြားပေးတယ်။ သူ့ကို ပြစ်မှားစော်ကားလို့ဆိုပြီး ကံဆိုးမူတွေ ပေးအပ်မှာ မဟုတ်ဘူး။ တကယ်လို, လူတစ်ယောက်ဟာ ဗုဒ္ဓဘုရားကို ပြစ်မှားစော်ကားရင် ကံဆိုးမူတွေ ပေးအပ်မယ်လို့ ပြောလာခဲ့ရင်, အဲဒီလူက တရားမဲ့သူ ဖြစ်ရမယ်။ ကျွန်ုပ်နင်ဂျာဘုန်းတော်ကြီးက အဲဒီလိုလူမျိုးကို ဦးစွာ ဖယ်ရှားပစ်မယ်။”
နင်ဂျာဘုန်းတော်ကြီးသည် လက်နှစ်ဖက်ကို ယှက်လိုက်ပါသည်။ “တကယ်လို့, ဗုဒ္ဓဘုရားက သူ့ကို ပြစ်မှားစော်ကားမူကြောင့် ကံဆိုးမှုတွေ ပေးအပ်မယ်ဆိုရင်, အဲဒီလူကို ဗုဒ္ဓဘုရားလို့ ခေါ်နိုင်ပါဦးမည်လား။ သူက မကောင်းဆိုးဝါး နတ်ဆိုးတစ်ပါးသာသာ ဖြစ်သွားတော့မပေါ့။ ကျွန်ုပ်တို့ ဗုဒ္ဓဘုရားက လွတ်လပ်ပြီး တိုင်းတာလို့မရဘူး။ လွတ်မြောက်မူလမ်းစဉ်ကို ဉာဏ်အလင်း ရပြီးနောက် သူက ဘယ်အရာကိုမှ ဂရုမစိုက်တော့ဘူး။ တကယ်လို့, သင်က ဗုဒ္ဓဘုရားကို ယုံကြည်ပြီး သူ့ကျမ်းစာတွေအတိုင်း လိုက်နာကျင့်ကြံရန် လွတ်မြောက်မူကို ရရှိဖို့ အခွင့်အလမ်း ရှိမယ်။ သူ့ကျမ်းစာတွေကို မလိုက်နာလို့လည်း သူက အသင့်ကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါက စာမကျက်လို့ လက်ကို ဒုက်နဲ့ရိုက်နဲ့ စာပေပညာရှင်တစ်ဦးနဲ့ မတူဘူး။ တကယ်လို့, သင်သာ သူတော်စင်တွေရဲ့ အဆုံးအမတွေကို ဖောက်ဖျက်မိရင်, ရေထဲနှစ် အသတ်ခံရမယ်။ ကျွန်ုပ် တွေးမိသလောက်ဆို အဲဒီစာပေပညာရှင်တွေရဲ့ လမ်းစဉ်က သူတို့အဆုံးအမအတိုင်း မလိုက်နာသူတွေကို သတ်ဖြတ်နေတာက ကျွန်ုပ်တို့ ဗုဒ္ဓဘုရားထက် ပိုမိုကြမ်းတမ်းပါတယ်လေ။”
“မြင့်မြတ်ပြီး အကျင့်သိက္ခာ ကြီးမားတဲ့ သူတော်စင်ဘုန်းတော်ကြီး ဆိုတဲ့အတိုင်းပဲ” ဟုန်ယွိက ပြုံးလိုက်ပြီး နင်ဂျာဘုန်းတော်ကြီးနှင့် အငြင်းအခုံ မပြုခဲ့ပေ။
“စကြာဝဠာအိတ်ထဲမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကျမ်းစာတွေ ရှိနေတယ်လို့ ကောလာဟလ ရှိတယ်။ အဲဒီကျမ်းစာတွေ ရှိမရှိ မသိရသေးဘူး။” ချန်ယင်းရှာသည် စကြာဝဠာအိတ်ကို သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် စူးစမ်းလေ့လာသော်လည်း ကျင့်ကြံသူများအတွက် မှော်ပစ္စည်းများကို မတွေ့ရှိခဲ့ပေ။
“အတိတ်ကျမ်းစာက သင့်လက်ထဲမှာ မဟုတ်ဘူးလား။” နင်ဂျာဘုန်းတော်ကြီးက ဆိုသည်။ “အဲဒီတုန်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာ သုံးစောင်ကို စကြာဝဠာအိတ်ထဲမှာ မထားရှိခဲ့ဘူး။ ဒီကျမ်းစာသုံးစောင် အခု ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူး။ တကယ်လို့, ဒီကျမ်းစာ သုံးဆောင်ကို စကြာဝဠာအိတ်ထဲမှာ ထားရှိလို့၊ တော်ဝင်ချန်မင်းဆက်က ရရှိသွားခဲ့ရင်, သူတို့အနေနဲ့ ထောင်စုနှစ်ပေါင်းများစွာ မင်းဆက် အုပ်ချုပ်သူတွေ ဖြစ်လာလိမ့်မယ်။”
“ဒီအိတ်ထဲမှာ အစွမ်းထက် မှော်ရတနာတွေ ရှိမနေတာ ဘာလို့လဲ။” ချန်ယင်းရှာသည် ရတနာသိုက်များကို သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် စူးစမ်းလေ့လာသော်လည်း ကောင်းကင်တုန်ခါလေး သို့မဟုတ် အကန့်အသတ်မဲ့ မြှားကဲ့သို့ အစွမ်းထက် မှော်ရတနာပစ္စည်းများကိုပင် မတွေ့ရှိခဲ့ပေ။
“အဲဒီတုန်းက ဒိုင်ဇင်ဘုရားကျောင်းဟာ အကြပ်အတည်း ကြုံတွေ့ခဲ့ရပြီး၊ ကျွန်ုပ်တို့ရဲ့ အစွမ်းထက် မှော်ပစ္စည်းတွေကိုလည်း သေရေးရှင်ရေး တိုက်ပွဲမှာ အသုံးပြုခဲ့ရတယ်။ စကြာဝဠာအိတ်ထဲမှာ ဘယ်လိုလုပ် ထားခဲ့နိုင်ပါတော့မလဲ။ ဒါပေမယ့်, ဒီအိတ်ကိုယ်တိုင်က အမြင့်မြတ်ဆုံး မှော်ပစ္စည်းတစ်ခုပဲ။ နိုင်ငံတစ်နိုင်ငံအတွက်ဆို, ဒီအိတ်က စစ်ပွဲအတွက် လက်နက်တစ်ခုပဲ။”
နင်ဂျာဘုန်းတော်ကြီးသည် ချန်ယင်းရှာကို တစ်ချက်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အယ်….၊ ဒါက ဘာလဲ။ စုန်းအတတ် ကျမ်းတစ်စောင်လား။”
ဟုန်ယွိသည် လက်ကိုဝှေ့ယမ်းလိုက်ရာ စာကြည့်တိုက်အလယ်ရှိ စားပွဲပေါ်တွင်ရှိနေသော တံခါးအရွယ်အစားရှိ အဖြူရောင် ရိုးပြားတစ်ခုသည် အေးစိမ့်သော ယင်လေပြင်းဖြင့် မြှောက်တင်ခံရပြီး လေထဲတွင် မျှောလွင့်နေသည်။
“ဘယ်လောက်ကြီးမားတဲ့ အရိုးကြီးလဲ…။”
နင်ဂျာဘုန်းတော်ကြီးသည် ၎င်းကို တစ်ချက်ကြည့်ပြီး ဤတံခါးအရွယ်အစားရှိ အရိုးပြားသည် အရိုးတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သူ သိရှိသည်။
သူသည် စဉ်းစားဆင်ခြင်သော်လည်း ဤအရိုးပြားသည် မည်သည့်တိရစ္ဆာန်မှ ဖြစ်သည်ကို မသိနိုင်ခဲ့ပေ။ မည်သည့်တိရစ္ဆာန်၏ အရိုးပြားက တံခါးအရွယ်အစား ရှိသနည်း။
“ဒါက စုန်းတစ္ဆေဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ကျမ်းစာဖြစ်တဲ့ စစ်နတ်ဘုရားမှော်ပညာကျမ်းပဲ။ ဒါပေမယ့် ဒီစာလုံးတွေကို ငါ မသိဘူး။ ဟုန်ယွိ၊ မင်းက ထူးချွန်ပြီး ဗဟုသုတကြွယ်ဝတယ်။ ဒီစာလုံးတွေကို မင်း သိလား”
ချန်ယင်းရှာက မေးလိုက်သည်။
အရိုးပြားပေါ်တွင် အမည်မသိ စာလုံးများကို မှင်အမည်းဖြင့် ထွင်းထုထားသည်။ ဟုန်ယွိသည် ထိုစာလုံးတွေက ရှေးခေတ် အရိုးအက္ခရာများ ဖြစ်ကြောင်း သိရှိသော်လည်း မဖတ်နိုင်ပေ။ ထိုသို့သော စာလုံးများသည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ထူးချွန်ပြီး ဗဟုသုတကြွယ်ဝသူဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါက စာအုပ်အနည်းငယ် ဖတ်ခဲ့ရုံလောက်ပါ။ ဒီစာလုံးတွေကို ငါ မဖတ်နိုင်ဘူး။” ဟုန်ယွိက ပြုံးကာ အရိုးပြားကို လှန်လိုက်သည်။
ထိုအခါ သုံးဦးစလုံးသည် ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားရသည်။
အရိုးပြား၏ တစ်ဖက်တွင် နတ်ဆိုးနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းထုထားသည်။ ခေါင်းပေါ်တွင် ခရုပတ်ပုံစံ ချွန်ထက်သော ဦးချိုနှစ်ချောင်းရှိသည်။ ၎င်းသည် စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝမ်ဒေါင် ဖန်တီးခဲ့သော အမြင့်မြတ်ဆုံး နတ်ဆိုးသခင်၏ ပုံရိပ်ဖြစ်သည်။
သို့သော် စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယုဝမ်ဒေါင် ဖန်တီးခဲ့သော အမြင့်မြတ်ဆုံး နတ်ဆိုးသခင်သည် ခေါင်းတစ်ခုသာ ရှိသည်။ အရိုးပြားပေါ်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံး ပါရှိသည်။
ဤပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားသည် ၎င်း၏လက်ထဲတွင် အရိုးတူတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ၎င်း၏ခန္ဓာကိုယ်မှာ လူသားပုံစံ ဖြစ်သည်။ ခန္ဓာကိုယ်ပေါ်တွင် မျဉ်းကြောင်းများကို ရေးဆွဲထားပြီး အလွန်လက်တွေ့ဆန်စွာ ပုံဖော်ထားသည်။ ၎င်းကို ကြည့်ရှုသူတိုင်းသည် ဤနတ်ဆိုးနတ်ဘုရားသည် အရိုးပြားထဲမှ လျှောက်ထွက်လာတော့မည်ဟု ခံစားရသည်။
ဤပန်းချီပညာသည် အတိတ်ကျမ်းစာများနှင့် ယှဉ်နိုင်လောက်အောင် ထူးကဲသည်။
အမြင့်မြတ်ဆုံး နတ်ဆိုးသခင်ပုံရိပ်မှ ရှေးကျပြီး၊ ကျယ်ပြောကာ၊ ရိုးရှင်းပြီး အားကြီးသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ထိုအခါ သုံးဦးစလုံးသည် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ရှေ့ခေတ်သို့ ပြန်လည် ရောက်ရှိသွားသလို ခံစားရသည်။
သို့သော် ဟုန်ယွိအပါအဝင် လူသုံးဦးသည် တစ္ဆေအင်မော်တယ်နှစ်ဦးနှင့် သိုင်းသူတော်စင်တစ်ဦးတို့ ဖြစ်ပြီး၊ သူတို့၏စိတ်ဝိညာဉ်များသည် အလွန်ခိုင်မာသည်။ ထို့ကြောင့် သူတို့သည် တခဏမျှ စိုးထိတ်သွားရာမှ ပြန်လည် နိုးထလာကြသည်။
“ဒါက စုန်းတစ္ဆေဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ကျမ်းပဲ။ ဒီလို အနုပညာသဘောတရားနဲ့ ပုံဖော်ထားတဲ့ ရုပ်ပုံတစ်ပုံကပဲ ငါ့စိတ်ကို လှုပ်ခတ်စေနိုင်တယ်။ ကောလာဟလအရ စုန်းတစ္ဆေဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး နတ်ဆိုးသခင်ဟာ ရှေးခေတ် စစ်နတ်ဘုရားတစ်ပါးလို့ အဆိုရှိတယ်။ သူက ကောင်းကင်နဲ့ မြေကြီးကို တိုက်ခိုက်ခဲ့တယ်။ သူ့စိတ်ဝိညာဉ်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ နောက်ဆုံးမှာ, သူဟာ သူတော်စင်ဧကရာဇ်တစ်ပါးထံမှာ ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး စုန်းတစ္ဆေဂိုဏ်းလည်း ဆုတ်ယုတ်သွားခဲ့တယ်။ တကယ်တမ်းဆို ဒီကျမ်းက ဖြောင့်မတ်တဲ့ ကျမ်းစာတစ်စောင်ပဲ။ ဒါပေမယ့်, စုန်းတစ္ဆေဂိုဏ်းသားတွေက ဒီကျမ်းကို မနှစ်မြို့ဖွယ်ကျမ်းတစ်ခု ဖြစ်အောင်လုပ်ပြီး၊ သွေးယဇ်ပူဇော်မှုအဖြစ် အသုံးပြုခဲ့ကြတယ်။” နင်ဂျာဘုန်းတော်ကြီး သက်ပြင်းချလိုက်သည်။ “ကျွန်ုပ်တို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်အမိတ္တဘကျမ်းမှာလည်း အတွင်းနတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့ တရားဓမ္မတွေ ပါဝင်တယ်။”
“ခင်ဗျား အတိတ်ကျမ်းကို ကြည့်လိုပါသလား။” ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
“ကြည့်ချင်တာပေါ့။ ဒါပေမယ့် ကျွန်ုပ် မကြည့်နိုင်ပါဘူး။ ကျောင်းထိုင်ဆရာတော်ကလွဲရင် ဘယ်သူမှ အတိတ်ကျမ်းကို ကြည့်ရှုခွင့်မရှိဘူး။” နင်ဂျာဘုန်းတော်ကြီးက ရိုးသားစွာ ဖြေကြားလိုက်သည်။
“သနားစရာပဲ။ ကျွန်တော် အတိတ်ကျမ်းကို ဖျက်ဆီးပစ်လိုက်ပြီ။ ခင်ဗျား ကြည့်ချင်ရင်တောင် မကြည့်နိုင်တော့ဘူး။” ဟုန်ယွိလည်း ရိုးသားစွာ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ နင်ဂျာဘုန်းတော်ကြီး၏ မျက်နှာသည် အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် သူက ခေါင်းကိုခါယမ်းကာ လက်နှစ်ဖက်ကို လက်အုပ်ချီဟန် ပြုလိုက်ပါသည်။ သူဘာတွေးနေသည်ကို မည်သူမျှ မသိပေ။ “အလွန်ကောင်းပါတယ်လေ။ အတိတ်ကျမ်းက အတိတ်ဖြစ်သွားခဲ့ပြီ။ ဒီကျမ်းကို ဖျက်ဆီးလိုက်ခြင်းက ကျမ်းရဲ့အမည်နဲ့ လိုက်ဖက်ပါတယ်။”
“နင်ဂျာဘုန်းတော်ကြီး၊ တကယ်လို့, ကျွန်တော်တို့ ကျိုးကြောင်းညီညီ ဆင်ခြင်အငြင်းအခုံမယ်ဆိုရင်, ကျွန်တော်က ခင်ဗျားကို မယှဉ်နိုင်ပါဘူး။” ဟုန်ယွိလည်း ခေါင်းကို ခါယမ်းလိုက်ပါသည်။
“စုန်းတစ္ဆေဂိုဏ်းရဲ့ စစ်နတ်ဘုရားမှော်ပညာကျမ်းက ရည်ညွှန်းဖွယ်ရာ ကျမ်းစာတစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ်, စုန်းတစ္ဆေဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးဦးနဲ့ ဂိုဏ်းချုပ်ယုဝမ်ဒေါင်တို့က ငါတို့လက်ထဲမှာ ရှိနေတာပဲ။ သူတို့ဆီကနေ ဘာသာပြန်ဆိုချက်ကို အတင်းအကျပ် တောင်းယူနိုင်တယ်။” ချန်ယင်းရှာက ရုတ်တရက် ပြောလိုက်သည်။
“စုန်းတစ္ဆေဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးဦးနဲ့ ယုဝမ်ဒေါင်တို့ဟာ ဒဏ်ရာအလွန်ပြင်းထန်လွန်းတယ်။ သူတို့ဝိညာဉ်တွေရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးမသွားအောင် ထိန်းချုပ်ထားရုံသာသာပဲ။ အခု, သူတို့က အလောင်းကောင်တွေနဲ့ ဘာမှမခြားနားတော့ဘူး။ ငါတို့က သူတို့ကို ဘယ်လိုလုပ် စစ်ဆေး မေးမြန်းနိုင်မှာလဲ။ ဒီလိုအခြေအနေအောက်မှာ, သူတို့ဝိညာဉ်တွေက အလွန်ပျက်စီးနေပြီ။ ငါ အတိတ်ကျမ်းကို အသုံးပြုရင်တောင်မှ သူတို့ဝိညာဉ်တွေကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။ ဒါ့အပြင်, ကယ်တင်နိုင်ရင်တောင်မှ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ပြောသည်။
ဟုန်ယွိသည် စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ်ကို ကယ်တင်ရန် ရည်ရွယ်ချက် မရှိပေ။ ပထမအနေဖြင့် ၎င်းတို့လေးဦးသည် ဒဏ်ရာအလွန်ပြင်းထန်လွန်းသဖြင့် ကယ်တင်ရန် မဖြစ်နိုင်ပေ။
ဒုတိယအနေဖြင့် ၎င်းတို့ကို ကယ်တင်နိုင်ခဲ့လျှင်ပင်, သူတို့ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ တစ္ဆေအင်မော်တယ်လေးဦးသည် ထိန်းချုပ်ရန် လွယ်ကူသူများ မဟုတ်ကြပေ။
“ဒါဆိုရင်လည်း ရေရှည်ကိစ္စအတွက် အေးအေးဆေးဆေး စဉ်းစားကြည့်ကြစို့။” ချန်ယင်းရှာက ပြောသည်။ “စကြာဝဠာအိတ်ထဲရှိတဲ့ စည်းစိမ် ဥစ္စာတွေက တကယ်ကို ထိတ်လန့်ဖွယ်ရာပဲ။ အနာဂတ်မှာ အလွန်အသုံးဝင်လိမ့်မယ်။ ဒါပေမယ့် ငါတို့အသုံးပြုတဲ့အခါ သတိထားရမယ်။ ဥပမာ အနေနဲ့ ရွှေနဲ့ငွေဒင်္ဂါးတွေကို ကြည့်ပါ။ ဒါတွေက ယခင်မင်းဆက်က ရွှေဒင်္ဂါးတွေ၊ ငွေဒင်္ဂါးတွေနဲ့ ရွှေဘီစကွတ်တွေ ဖြစ်တယ်။ ဒါတွေကို ပြန်လည် သန့်စင်ရမယ်။ မဟုတ်ရင်, တစ်ခါတည်း အမြောက်အမြား သုံးစွဲလိုက်ရင်, လူတွေ သံသယဝင်လာလိမ့်မယ်။”
“ဒီအစီအစဉ် ကောင်းပါတယ်။”
ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
“ဆေးဂိုဒေါင်ထဲမှာ တန်ဖိုးကြီး ဘာပစ္စည်းတွေရှိမလဲ မသိရသေးဘူး။”
ချန်ယင်းရှာသည် ပြောရင်း ဆေးဂိုဒေါင်ဆီသို့ လျှောက်သွားသည်။ တစ်ချက်ကြည့်လိုက်ရာ ဆေးဂိုဒေါင်ထဲတွင် အဖိုးတန်ဆေးဖက်ဝင်အပင်များ၊ ဆေးပြားများနှင့် ဆေးမှုန့်များသာရှိပြီး၊ ယွမ်ယန်ကောင်းကင်ပုလဲလို ရှားပါးရတနာများကိုပင် မတွေ့ရှိခဲ့ပေ။
ဟုန်ယွိလည်း တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့သည် တိဖြူစံအိမ်ကို ဖျက်ဆီးပြီးနောက် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန် သူ့အား ပေးအပ်ခဲ့သော အဖိုးတန် ဆေးဖက်ဝင်အပင်များ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ဒိုင်ဇင်ဘုရားကျောင်းနှင့် ဆေးဘုရင်ခန်းမမှ ဆေးပြားများ ဖြစ်သည်။
ဥပမာအားဖြင့် ကျားသစ်သန္ဓေသား အရွတ်ကြီးထွားဆေးပြား၊ ဗာဂျရာဉာဏ်အလင်းပွင့် ဆေးအနှစ်ဂျယ်၊ ကျားအရိုးကျောက်စိမ်းဂျယ်၊ နှင်းဂျင်ဆင်း အာဟာရဖြည့်တင်းဂျယ်၊ ဝက်ဝံသည်းခြေရည်တို့ ဖြစ်သည်။ ၎င်းတို့သည် အဖိုးတန် ဆေးလုံးများ ဖြစ်သော်လည်း ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ ကျင့်ကြံမှုအတွက် ဘာမှမထူးခြားသည့် ပစ္စည်းများ ဖြစ်နေပြီ။
သို့သော် ဤဆေးလုံးများသည် ရှင်တန်သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူများစွာကို ဖန်တီးရန် လုံလောက်သည်။ ဆေးဝါးများဖြင့် ဖန်တီးထားသော ရှင်တန်သိုင်းသခင်များသည် အနည်းငယ် အသုံးမဝင်သော်လည်း ၎င်းတို့၏ခွန်အားမှာ အားကောင်းနေမည် ဖြစ်သည်။
“စကြာဝဠာအိတ်ထဲမှာ စည်းစိမ်ဥစ္စာတွေ အများကြီးရှိနေပေမယ့်၊ ငါတို့ကျင့်ကြံမှုအတွက် အသုံးဝင်တဲ့အရာ ဘာမှမရှိဘူး။ အပြင်ထွက်ကြစို့။ ငါတို့နှစ်ယောက်စလုံး မှန်မှန်ကန်ကန် ကျင့်ကြံဖို့ လိုအပ်နေပြီ။ အထူးသဖြင့် နတ်ဆိုးနတ်ဘုရားသွေးတစ်စက်က ငါတို့ စိတ်ဝိညာဉ် စွမ်းအားကို အများကြီး တိုးမြှင့်ပေးနိုင်တယ်။ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ရင်, ဘာပြဿနာမှ မရှိတော့ဘူး။” ချန်ယင်းရှာက ပြောသည်။
“ငါကြားဖူးသလောက်ဆို ဒီနတ်ဆိုးနတ်ဘုရားသွေးက တာအိုပညာရှင်အားလုံးကို ရှင်ခြင်းသေခြင်း အတားအဆီးကို ကျော်ဖြတ်ပြီး တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာစေနိုင်တယ်တဲ့။ ဒီသွေးစက်က ဒီလောက်တောင် ဆန်းကြယ်သလား။ ငါတို့ စမ်းသပ်ကြည့်ကြစို့။ တစ်ချိန်တည်းမှာ, တကယ်လို့, ငါတို့သာ သူတော်စင်တူယွမ်ရဲ့ ဝိညာဉ်ကို လုံးလုံးလျားလျား သန့်စင်နိုင်ခဲ့ရင်, အဲဒီစွမ်းအားကို ကျင်းရွှမ်အာဆီ အတင်းအကျပ် ထည့်သွင်းပြီး သူမကို တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာစေနိုင်တယ်။ ဒီတစ်ကြိမ် သူမအဖိုးလည်း အပြစ်တင်တာတွေ ဒီလောက် အများကြီး ခံခဲ့ရတယ်။ ဒါ့ကြောင့် သူမကို လျော်ကြေးအဖြစ် အနည်းငယ် ပေးသင့်တယ်။” ဟုန်ယွိက ရုတ်တရက် ပြောလိုက်သည်။
“ဒါလည်း ကောင်းပါတယ်။ ဒီကျင်းရွှမ်အာဆိုတဲ့ ပင့်ကူလေးက ချစ်စရာကောင်းပေမယ့် အမြဲတမ်း ပင့်ကူပုံစံဖြစ်နေတော့ မြင်ရတာအဆင်မပြေဘူး။” ချန်ယင်းရှာက ချက်ချင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ “ဒါပေမယ့် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာဖို့ ဒီလို အတင်းအကြပ် လုပ်ဆောင်တာက အောင်မြင်နိုင်ပါ့မလား။ ဒါက ကမ္ဘာဦးအစကတည်းက ယနေ့အချိန်ထိ ရှားရှားပါးပါး မြင်တွေ့ရတဲ့ အဖြစ်ပျက်ကြီးတစ်ခုပဲ။”
မိုးကြိုးကပ်ကပ်ဒဏ် ဘေးကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်ကို လုံးလုံးလျားလျား သန့်စင်ပြီးနောက် ကျင်းရွှမ်အာ၏ ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်သည်။ နတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက် အတွင်းရှိ ဆန္ဒသည် ကျင်းရွှမ်အာအား ရှင်ခြင်းသေခြင်း အတားအဆီးကို ကျော်ဖြတ်ပြီး တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာစေနိုင်သည်။
ဤသည်မှာ ဟုန်ယွိ ရုတ်တရက် တွေးမိသော ရဲရင့်သောအကြံတစ်ခု ဖြစ်သည်။
ဟုန်ယွိကိုယ်တိုင်ပင်လျှင် ဤသို့ အတင်းအကျပ် တစ္ဆေအင်မော်တယ်တစ်ပါး ဖန်တီးနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။ ၎င်းသည် အလွန်ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် ဖြစ်သည်။
သို့သော် နတ်ဆိုးနတ်ဘုရားသွေးသည် တစ်စက်သာ ရှိသည်။ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ၎င်း၏အကျိုးသက်ရောက်မှုကို စမ်းသပ်ပြီး သေချာအောင် လုပ်ဆောင်ရန် လိုအပ်ပြီး ထို့နောက်မှ ကျင်းရွှမ်အာကို ပေးအပ်ရမည်။ ထိုအချိန်တွင် သွေးစက်၏စွမ်းအားသည် လုံလောက်တော့မည် မဟုတ်ပေ။
သို့သော် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူဖြစ်သည့် သိုင်းသူတော်စင်တူယွမ်၏ ဝိညာဉ်ကို ထည့်သွင်းလိုက်လျှင် စွမ်းအားသည် လုံလောက်သွားမည် ဖြစ်သည်။ အကယ်၍, ကျင်းရွှမ်အာသည် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာရန် မစွမ်းနိုင်ခဲ့လျှင်ပင်, သူမ၏ဝိညာဉ်သည် ရှင်းယုဆန်၏ ဝိညာဉ်ထက် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
ရှင်းယုဆန်သည် တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
“ဒါပေမယ့် ဝိညာဉ်စွမ်းအားကို သေချာအားစိုက်ပြီး သန့်စင်ပေးဖို့ လိုအပ်မယ်။ မတော်တစ တစ်စုံတစ်ခု ဖြစ်သွားလျှင် ကျင်းရွှမ်အာအနေနဲ့ ထိန်းထားနိုင်မှာ မဟုတ်ဘူး” ဟုန်ယွိက တဖန် တွန့်ဆုတ်သွားပြန်သည်။
“အကျိုးကျေးဇူး အားလုံးကို သူမကို ပြောပြပြီး သူမကိုယ်တိုင် ရွေးချယ်ခိုင်းလိုက်ပါ။ ဒါ့ပြင်, ငါတို့ကရော သိုင်းသူတော်စင်တူယွမ်ရဲ့ ဝိညာဉ်ကို အမှန်တကယ် သန့်စင်နိုင်ပါ့မလား။” ချန်ယင်းရှာက ရိုးရှင်းစွာ ပြောလိုက်သည်။
စကြာဝဠာအိတ်တစ်ခုလုံးတွင် ငွေဒင်္ဂါးသန်းတစ်ရာကျော် ကြွယ်ဝမူအပြင် ကျင့်ကြံမှုအတွက် အကျိုးပြုသည့် အရာမှာ စုန်းတစ္ဆေဂိုဏ်း၏ အမြင့်မြတ်ဆုံး ရှေးဟောင်းကျမ်း ဖြစ်သော စစ်နတ်ဘုရားမှော်ပညာကျမ်းတစ်ခုသာ ရှိသည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အနီးကပ် ကြည့်ရှုစစ်ဆေးပြီးနောက် စကြာဝဠာအိတ်၏ တံခါးကို ပိတ်ကာ ကြိုးဖြင့် ချည်နှောင်လိုက်သည်။ ထို့နောက် နင်ဂျာဘုန်းတော်ကြီးအား သွေးတစ်စက် ကျစေပြီး ၎င်းကို သိမ်းဆည်းလိုက်ရာ အိတ်ကြီးသည် အတွင်း၌ မည်သည့်အရာမျှ မရှိသည့် သာမန်ခြောက်ကပ်နေသော သားရေအိတ်တစ်လုံးအဖြစ် ပြောင်းသွားပါသည်။
တစ်ချိန်တည်းမှာပင် ယွန်နိုင်ငံ၏ ပင်လယ်ရေပြင်နှင့် မိုင်ထောင်ချီ ဝေးကွာသော နေရာတစ်ခုတွင် တော်ချန်နယ်မြေသို့ ရွက်လွှင့်နေသော သင်္ဘောကြီးတစ်စင်း ရှိသည်။
ထိုသင်္ဘောအုပ်စုကြီးသည် စစ်သင်္ဘောရာချီနှင့် လူသောင်းချီ ပါဝင်သည်။ သင်္ဘောစု၏အလယ်တွင် ရှေးဟောင်း ဧရာမလိပ်ကြီးတစ်ကောင်နှင့် တူသော၊ ပင်လယ်အလယ်ရှိ ကျွန်းတစ်ကျွန်းအလား ထင်မှတ်ရပြီး ရေပြင်ပေါ်တွင် လွင့်မျောနေသော ဧရာမစစ်သင်္ဘောကြီး တစ်စင်းရှိသည်။
ဤသည်မှာ ယွန်မင်နိုင်ငံ၏ စစ်သင်္ဘောကြီးဖြစ်ပြီး၊ ၎င်းကို တည်ဆောက်ရန် နှစ်ပေါင်းနှစ်ရာကျော်နှင့် ကျွမ်းကျင်လက်သမားများစွာ အသုံးပြုခဲ့ရ သည့် စိတ်ကူးနတ်ဘုရားသင်္ဘောကြီး ဖြစ်သည်။
ဤသည်မှာ ချန်ပီယံမြို့စား၏ သင်္ဘောအုပ်စုဖြစ်ပြီး ကြီးမားသောအောင်ပွဲကြီးကို ရရှိခဲ့ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။