အခန်း (၂၃၇-၂၃၈)
Vol. 21 Ch. 237-238
အခန်း(၂၃၇)။
“မဟာလေဟာနယ် လက်ဝါးတံဆိပ်က နတ်ဆိုးဘုရားငါးပါးကို ဖြိုခွဲပြီး ဖြစ်ပေါ်လာတဲ့ ချီဝိညာဉ်ဝဲဂယက်ထက်တောင် ပိုအားကောင်းတယ်တဲ့လား။ တကယ် ကြည့်ချင်မိတယ်။ ငါ့ ဒီတာအိုပညာရပ်ကို ကမ္ဘာပေါ်မှာ အကြီးမားဆုံး စိတ်ဝိညာဉ် တိုက်ခိုက်ရေး နည်းလမ်းလို့ ထင်ထားခဲ့တာ။”
ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီး၏ ချီဝိညာဉ်ဝဲဂယက်နှင့် မဟာလေဟာနယ်လက်ဝါးတံဆိပ်နှင့်ပတ်သက်သော အကဲဖြတ်မှုကို ကြားသောအခါ၊ မတွေးတောဘဲ မနေနိုင်တော့။
သိုင်းပညာတွင် လေ့ကျင့်ရေးနည်းလမ်းများနှင့် တိုက်ခိုက်ရေးနည်းလမ်းများ ရှိသည်။ မိုးကြိုးလျှပ်စီးဆေဘာကျမ်းသည် တိုက်ခိုက်ရေးနည်းလမ်း သက်သက်သာ ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို သုံးစွဲရင်း၊ ပြင်းထန်ပြီး သေစေနိုင်သော ခွန်အားကို ပေါက်ကွဲလျက် ထုတ်လွှတ်နိုင်သည်။
မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကဲ့သို့ပင်၊ ချီဝိညာဉ်ဝဲဂယက်သည် စိတ်ဝိညာဉ် စွမ်းအားကို များစွာသုံးစွဲရပြီး၊ ယင်နတ်ဆိုးများကို ချေမှုန်းကာ ရန်သူအား အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ပြုလုပ်နိုင်ပါသည်။
သာမန် တာအိုကျင့်ကြံသူများတွင် သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်နိုင်သော မှော်ပညာရပ်များ မရှိပေ။ ထိုပညာရှင်များသည် အခြားလူများနှင့် တိုက်ခိုက်ရာတွင် သူတို့၏ စွမ်းရည် အားလုံးကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း မရှိသောကြောင့်၊ သူတို့ထက် အားနည်းသော ပြိုင်ဘက်များကိုပင် ရှုံးနိမ့်တတ်ကြပါသည်။
သို့သော်၊ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်နိုင်သော နည်းလမ်းရှိပါက၊ သူတို့၏ စွမ်းရည် အားလုံးကို အပြည့်အဝ ထုတ်လွှတ်ပြီး ပိုမိုအားကောင်းသော ပြိုင်ဘက်များကိုပင် အနိုင်ယူနိုင်သည်။
တကယ်တော့၊ ဟုန်ယွိ၏ ကျင့်ကြံမှုသည် နာလန်ယန်လူး၊ နာလန်ဟိုင်နှင့် မဟူရာဝံပုလွေဘုရင်တို့နှင့် တူညီပြီး၊ သူတို့အားလုံးသည် တစ္ဆေအင်မော်တယ်များ ဖြစ်ကြပါသည်။ သို့သော်၊ သူသည် ၎င်းတို့ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ပြီး၊ သူတို့၏ လက်နက်များကိုပင် ဆုံးရှုံးစေခဲ့သည်။ ဤအားလုံးသည် ချီဝိညာဉ်ဝဲဂယက်ကြောင့် ဖြစ်သည်။
ဟုန်ယွိသည် ဤလှုပ်ရှားမှုအပေါ် အလွန်ယုံကြည်မှုရှိသည်။ သူသည် ပထမမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ဤလှုပ်ရှားမှုကို အသုံးပြုပါက၊ ဉဒေါင်းဘုရင်အဆင့်ရှိ ကျွမ်းကျင်သူများပင်လျှင် သူ့ကို ဘာမှမလုပ်နိုင်ဟု သံသယရှိသည်။
သို့သော်၊ နင်ဂျာဘုန်းတော်ကြီးက အသက်မဲ့အနာဂတ်ကျမ်းထဲရှိ မဟာလေဟာနယ်လက်ဝါးတံဆိပ်သည် သူ၏ ချီဝိညာဉ်ဝဲဂယက်ထက်ထက်ပင် ပိုမိုအားကောင်းသည်ဟု ပြောခဲ့သည်။ ဤစိတ်ဝိညာဉ် တိုက်ခိုက်ရေး နည်းလမ်း၏ စွမ်းအားကို ဟုန်ယွိအနေဖြင့် စိတ်ကူးဖြင့်ပင် မြင်ယောင်ရန် ခက်ခဲသည်။
သို့သော်၊ ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးက ကြွားဝါနေသည်ဟု သံသယမရှိသလို၊ သူ၏ အကဲဖြတ်မှုကိုလည်း သံသယမရှိပေ။ ဤဘုန်းတော်ကြီး သည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သော်လည်း၊ တာအိုပညာများနှင့် ပတ်သက်သော သူ၏အသိပညာသည် သာမန် တစ္ဆေအင်မော်တယ်များထက် များစွာ ပိုမိုကြီးမားသည်။
“မဟာလေဟာနယ် လက်ဝါးတံဆိပ်တဲ့လား? အသက်မဲ့အနာဂတ်ကျမ်းက အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေ လက်ထဲမှာ ရှိနေတာ မဟုတ်လား။ သူတို့လက်ထဲမှာ ရှိနေတယ်ဆိုရင်၊ ငါ ယူကြည့်လို့ရမယ်။” ဟုန်ယွိက ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။
“အသက်မဲ့တာအိုဂိုဏ်းနဲ့ လေဟာနယ်တာအိုဂိုဏ်းတဲ့လား….” နင်ဂျာဘုန်းတော်ကြီးက ပြုံးလိုက်ပြီး ပြောသည်။ “သူတို့ဟာ လျှို့ဝှက် ကူးယူထားတဲ့ မပြည့်စုံတဲ့ စာမျက်နှာတချို့ပဲ ရထားတာ။ တကယ်လို့ သူတို့မှာ အသက်မဲ့အနာဂတ်ကျမ်းသာ အပြည့်အစုံရှိခဲ့ရင်၊ ကြီးမားတဲ့ မငြိမ်မသက်ဖြစ်မှုတွေ ဖြစ်ပေါ်လာမှာပဲ။ တောရိုင်းဒေသမှာ ဒီမကောင်းဆိုးဝါးဂိုဏ်း နှစ်ခုအကြောင်း ငါလည်း ကြားဖူးတယ်။”
“အသက်မဲ့တာအိုဂိုဏ်းနဲ့ လေဟာနယ်တာအိုဂိုဏ်းအကြောင်း ခင်ဗျားလည်း သိတယ်ပေါ့…”
ဟုန်ယွိက မေးလိုက်သည်။ သူသည် ပထမဆုံးအကြိမ် ကံကောင်းခြင်းနှင့်အတူ သွေးပုံစံသံမဏိအပ်ကို ရရှိခဲ့ပြီး၊ မြို့စားဝူဝမ်စံအိမ်သို့ လာရောက် လုပ်ကြံခဲ့သော တာအိုပညာရှင်တစ်ဦးကို သတ်ခဲ့သည့်ဖြစ်ရပ်ကို ပြန်သတိရလိုက်မိသည်။
ဟုန်ယွိသည် တရားရုံးအရာရှိများကို လုပ်ကြံသတ်ဖြတ်ရဲသော ဤလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းနှစ်ခုအကြောင်းကို ပိုမိုသိရှိလိုခဲ့သည်။ သို့သော် အင်ပါယာတရားရုံးသည် ၎င်းတို့ကို အမြတ်ပြတ် ဖယ်ရှားရန် နှေးကွေးနေခဲ့သည်။
ကျောက်စိမ်းမြို့တော်မှနေ၍ သူသည် အလယ်ပိုင်းကုန်းမြေ၏ ပြည်နယ်ဆယ်သုံးခုကို ဖြတ်ကျော်ပြီး ခရီးမိုင် ငါးထောင်မှ ခြောက်ထောင်အထိ ခရီးနှင်ခဲ့ဖူးသည်။ သူသည် နေရာအများအပြားတွင်၊ ရွာရှိသော အိမ်တိုင်းလိုလိုတွင် အမွေးနံ့သာတိုင်များဖြင့် ပူဇော်ပြီး၊ သေခြင်းတရားကို ကိုးကွယ်ကာ “မိဘမရှိ၊ လေဟာနယ်ဇာတိမြေ” ဟူသော ဂါထာရှစ်လုံးကို ရွတ်ဆိုကြသည်ကို သိရှိထားသည်။
“ကျွန်ုပ်တို့ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရတဲ့အချိန်မှာ၊ ဖရိုဖရဲဖြစ်တဲ့ အခြေအနေကို အခွင့်ကောင်းပြီး အကျိုးအမြတ်ရဖို့ တာအိုပညာရှင်တွေ အများအပြား လာရောက်လုယူခဲ့ကြတယ်။” နင်ဂျာဘုန်းတော်ကြီးက ပြောသည်။ “နှစ်ရာပေါင်းများစွာ အသက်မဲ့အနာဂတ်ကျမ်းကို ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့ပေမယ့်၊ ကျွန်ုပ်တို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ စီနီယာဘုန်းတော်ကြီးတချို့က အဲဒီကျမ်းကို ဖတ်ဖူးကြတယ်။ သူတို့ဟာ ကျမ်းစာခန်းမထဲမှာ ကျမ်းတွေကို ကိုယ်တိုင် ကူးယူခဲ့ကြတယ်။ ဖြစ်နိုင်တာက အဲဒီတာအိုပညာရှင်တချို့ဟာ ဒီကူးယူထားတဲ့ ကျမ်းတွေကို ရယူသွားတာနေမယ်။”
“ဒါဆို ဒီလိုကြီးပေါ့…”
ဟုန်ယွိ နားလည်လိုက်သည်။ အသက်မဲ့အနာဂတ်ကျမ်း၏ လက်ရေးကူးယူထားသော ကျမ်းတစ်စောင်သည် မူရင်းဗားရှင်းကဲ့သို့ မဆန်းကြယ်နိုင်ပေ။ ဥပမာအနေဖြင့် အတိတ်ကျမ်း ဖြစ်သည်။ ဟုန်ယွိသည် ၎င်းပေါ်ရှိ ကျမ်းစာများကို ကူးယူနိုင်သော်လည်း၊ ကူးယူထားသော ကျမ်းစာများသည် အခြားသူများ၏ လက်ထဲသို့ ကျရောက်ပါက၊ သူတို့သည် သဘဝလွန်စွမ်အားများကို ကျင့်ကြံနိုင်သော်လည်း၊ သူကိုယ်တိုင်မြင်ခဲ့ရသော အတိတ်ကျမ်း၏ ဆန်းကြယ်မှုနှင့် မနီးစပ်နိုင်ပေ။
“ဒိုင်ဇင်ဘုရားကျောင်းကို လာရောက်လုယူကြတဲ့ တာအိုကျွမ်းကျင်သူတွေ ဘယ်လောက်များလဲ…” ဟုန်ယွိက ထပ်မံ မေးလိုက်သည်။
“မရေမတွက်နိုင်အောင် များတယ်။ ဘယ်သူကရော အကျိုးအမြတ် မယူချင်သူ ရှိမလဲ။ အဲဒီအချိန်မှာ နတ်ဘုရား စိတ်ဝိညာဉ်တွေဟာ နေရာအနှံ့ ပျံဝဲနေခဲ့တယ်။ တော်ဝင်ချန်မင်းဆက်ကတောင် တားဆီးနိုင်ခြင်း မရှိခဲ့ဘူး။” နင်ဂျာဘုန်းတော်ကြီးက ခေါင်းခါလိုက်ပြီး၊ ထိုမြင်ကွင်းကို ပြန်မစဉ်းစားလိုဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “တော်ဝင်ချန်မင်းဆက်က တာအိုပညာနဲ့ သိုင်းပညာကို တားမြစ်ခဲ့ကာ၊ သုံစားမရတဲ့ သိုင်းကျမ်းတွေ တာအိုကျမ်းတွေကို စုစည်းခဲ့တယ်။ သူတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပိတ်လှောင်ထားချင်ခဲ့တယ်။ ဒါပေမယ့် ဘယ်လိုလပ် ဒီလောက်လွယ်ကူမှာလဲ။ အခု ကမ္ဘာကြီးက ငြိမ်းချမ်းနေပေမယ့်၊ မငြိမ်မသက်ဖြစ်မှု ဒါမှမဟုတ် ပရမ်းပတာ ဖြစ်လာရင်၊ ဒီလူတွေဟာ နေရာအနှံ့မှာ ပေါ်ထွက်လာလိမ့်မယ်။”
“ဒါက သဘာဝပဲ။ အတိတ်မင်းဆက်တွေမှာလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီမင်းဆက်မှာရှိတဲ့ တာအိုဂိုဏ်းတွေဟာ ပိုမိုနက်ရှိုင်းစွာ ပုန်းအောင်းနေကြတယ်။”
ဟုန်ယွိသည် ဂန္ထဝင်ကျမ်းများနှင့် သမိုင်းကြောင်းကို ရင်းနှီးကျွမ်းဝင်သည်။ အတိတ်မင်းဆက်များတွင် တာအိုဂိုဏ်းများသည် စည်ပင်သာယာချိန်တွင် ပုန်းအောင်းနေပြီး၊ မငြိမ်မသက်ဖြစ်ချိန်တွင် ထွက်ပေါ်လာတတ်သည်ကို သူသိသည်။
ထို့အပြင်၊ လွန်ခဲ့သော နှစ်ငါးထောင်မှ ခြောက်ထောင်အတွင်း သမိုင်းကြောင်းများတွင်၊ တာအိုဂိုဏ်းများစွာ ရှိခဲ့ဖူးသည်။ တိုင်ရှန်တာအိုဂိုဏ်း၊ ဖန်ဆင်းခြင်းတာအိုဂိုဏ်း၊ ဒြပ်ကြီးငါးပါးတာအိုဂိုဏ်း၊ အမှန်တရားတာအိုဂိုဏ်း၊ ဖန်ရှင်းတာအိုဂိုဏ်း၊ နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်း၊ လျှို့ဝှက်ယင်တာအိုဂိုဏ်း၊ စုန်းတစ္ဆေတာအိုဂိုဏ်းနှင့် အခြားတာအိုဂိုဏ်းများ ဖြစ်သည်။ ထို့အပြင် ချင်းဝေတာအို၊ မင်ကျင်းတာအို၊ ဝိညာဉ်ချီတာအို၊ နဂါးကျားတာအို၊ မဟာမူလအစတာအို၊ ကြယ်စင်စုတာအို၊ မိန်းမပျိုတာအို၊ ပျံသန်းကောင်းကင်တာအို၊ အသွင်ပြောင်းလဲခြင်းတာအို၊ ကောင်းကင်ဘုံလွတ်မြောက်ခြင်းတာအို၊ သံသရာတာအို၊ အမှန်တရားတာအို… စသည်ဖြင့် အခြားဂိုဏ်းများစွာ ရှိခဲ့သည်။
သမိုင်းကျမ်းများတွင် လေ့လာထားချက်များအရ၊ တာအိုဂိုဏ်းပေါင်း အနည်းဆုံး ရာဂဏန်းကျော် ပေါ်လာခဲ့ပြီး၊ လုံးဝ ပရမ်းပတာ ဖြစ်ခဲ့ဖူးသည်။
သို့ပေမယ့်၊ ဤတာအိုဂိုဏ်းများတွင် မူလက တာအိုဆရာတစ်ဦးသာ ရှိသည်။ မငြိမ်မသက် ဖြစ်ချိန်တွင်၊ ၎င်းတို့သည် ကျပန်းနာမည်တစ်ခုကို ဖန်တီးပြီး တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းကြသည်။ ထို့နောက် ၎င်းတို့သည် သမိုင်းမှတ်တမ်းများတွင်လည်း အမှတ်အသားတစ်ခု ထားရစ်ခဲ့သည်။
တာအိုဂိုဏ်းအချို့သည် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း၊ မငြိမ်မသက်ဖြစ်ချိန်တွင် ပြန်လည် ပေါ်ထွက်လာပြီး ပြဿနာ ဖန်တီးမည့် လျှို့ဝှက်ဆက်ခံသူများ ရှိမရှိ မည်သူမျှ မသိနိုင်ပေ။
တော်ဝင်ချန်သည် ကမ္ဘာပေါ်ရှိ တာအိုဂိုဏ်းအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို တားမြစ်ခဲ့ပြီး ၎င်းတို့ကို ဖယ်ရှားလိုသည်။ သို့သော် ဟုန်ယွိသည် ထိုလုပ်ရပ်က မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသည်။ ယခုအခါ ကမ္ဘာသည် ငြိမ်းချမ်းနေပုံရသော်လည်း၊ အနည်းငယ် မငြိမ်မသက် ဖြစ်လာပါက၊ တာအိုပညာရှင်တစ်ဦးသည် မင်းမျိုးမင်းနွယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ မြေယာရှင်များနှင့် ဂုဏ်သရေရှိ လူတန်းစားများ၏ အိမ်များတွင် ရုတ်တရက် ပေါ်ထွက်လာနိုင်သည်။ ၎င်းတို့သည် “သင့်မိသားစုတွင် နဂါးစွမ်းအင် ရှိသည်” သို့မဟုတ် “ကျွန်ုပ်သည် တာအိုသခင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကို ကယ်တင်ရန်နှင့် သင်တို့၏ ကြီးမားသော ရည်မှန်းချက်များကို အောင်မြင်အောင် ကူညီရန် ထွက်ပေါ်လာသည်” စသည်ဖြင့် ပြောဆိုကာ၊ သူတစ်ပါးကို လိမ်ညှာလှည့်ဖျားပြီး ပုန်ကန်မှုနှင့် တရားမဝင်သော လုပ်ရပ်များကို လုပ်ဆောင်လာစေရန် သွေးဆောင်နိုင်သည်။
သမိုင်းမှတ်တမ်းများတွင်၊ ဤကဲ့သို့သော ဇာတ်လမ်းများနှင့် ဥပမာများသည် အလွန်များပြားစွာ ရှိသည်။
ကမ္ဘာပေါ်တွင် တာအိုပညာရှင် မည်မျှရှိသနည်း။ မည်သူမျှ မသိနိုင်ပေ။ မငြိမ်မသက် ဖြစ်ချိန်တွင်၊ ၎င်းတို့သည် နွေဦးမိုးရွာပြီးနောက် မှိုများကဲ့သို့ ပေါ်ထွက်လာတတ်ကြသည်။
စည်ပင်ဝပြောနေချိန်တွင်၊ ဤတာအိုပညာရှင်များသည် သေဆုံးသွားပုံရသည်။ ၎င်းတို့၏ အရိပ်အယောင်ပင် မရှိပေ။ ၎င်းတို့သည် ရေကန်ထဲတွင်၊ သစ်ပင်ပေါ်တွင်၊ သို့မဟုတ် တောင်တန်းများ၏ နက်ရှိုင်းရာဒေသတွင် ပုန်းအောင်းနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။
“တော်ဝင်ချန်ဟာ ယခုအချိန်မှာ တည်ငြိမ်နေပြီး ကမ္ဘာကြီးက ငြိမ်းချမ်းနေတယ်။ ဒါပေမယ့် ပုံးကွယ်နေတဲ့ လျှို့ဝှက်အန္တရာယ်တွေ များစွာ ရှိနေတယ်။ တော်ဝင်တရားရုံးရဲ့ အခွန်စနစ်က မျှတမှုမရှိသလို၊ မြေယာသိမ်းယူမှုတွေကလည်း ပိုမိုဆိုးရွားလာတယ်။ သာယာဝပြောမူ အဆုံးသတ်ပြီးနောက် အောက်ကို ထိုးဆင်းသွားလိမ့်မယ်။ တော်ဝင်တရားရုံးသာ ဒီပုံစံအတိုင်း ဆက်လက် လုပ်ဆောင်နေရင် ကြီးမားကျယ်ပြန့်တဲ့ အုံကြွမူအခြေအနေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဟုန်ရွှန်ကျိကရော တော်ဝင်ချန်ရဲ့ တည်ငြိမ်မှုကို အာမခံနိုင်ဖို့ ဘာလုပ်မလဲ ငါ သိချင်မိတယ်။ ကမ္ဘာကြီးရဲ့ အခွန်စနစ်ကို ညီမျှအောင် ပြုပြင်မှာလား။ မြေယာသိမ်းယူမှုတွေကို ရပ်တန့်မှာလား။ ဟုန်ရွှန်ကျိ…၊ ဟုန်ရွှန်ကျိ….။ ခင်ဗျားက လူသားအင်မော်တယ် ဖြစ်လာရင်တောင်, အခွန်စနစ်ကို ညီမျှအောင်ပြုပြင်ပြီး၊ မြေယာသိမ်းယူမှုကို ရပ်တန့်ကာ၊ လူထုရဲ့စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ နည်းလမ်းမရှိရင်, လူထုရဲ့ပုန်ကန်မှု၊ တာအိုဂိုဏ်းတွေ၊ ရည်ရွယ်ချက်နဲ့ ပုန်းကွယ်နေကြတဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ ဂုဏ်သရေရှိ လူတန်းစားတွေကြောင့် ခင်ဗျား ပင်ပန်းနွမ်းနယ်သွားရမယ်။”
ဟုန်ယွိသည် သူ့စိတ်ထဲတွင် တွေးတောရင်း ရှုပ်ထွေးသော မျက်နှာအမူအရာတစ်ခု ပေါ်ထွက်လာပါသည်။
“ကောင်းကင်ဘုံရဲ့ဆန္ဒက လူထုရဲ့ဆန္ဒ ဖြစ်တယ်တဲ့။ ငါ ပိုတွေးကြည့်လေ၊ ဒီစကားက ပြောင်းလဲလို့ မရတဲ့ အမှန်တရားဖြစ်တယ်လို့ ပိုမိုခံစားရလေပဲ။ တော်ဝင်ချန်မင်းဆက်ဟာ တာအိုဂိုဏ်းတွေကို ဖယ်ရှားပြီး တာအိုကျင့်ကြံသူတွေ ဤကမ္ဘာပေါ် ပေါ်ထွက်လာခြင်းကနေ တားဆီးချင်တယ်ဆိုရင်, အကောင်းဆုံး နည်းလမ်းကတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်ဖို့ပဲ။ သာမန်လူထုအားလုံး ငြိမ်းငြိမ်ချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ဖန်တီးပေးဖို့ပဲ။ လူထုရဲ့ စိတ်နှလုံးတွေ တည်ငြိမ်နေပါက၊ ဘယ်ကျွမ်းကျင်ပညာရှင်ကမှ ပြဿနာဖန်တီးဖို့ ထွက်ပေါ်လာမှာ မဟုတ်သလို၊ မင်းဆက်ရဲ့အုပ်ချုပ်မှုကိုလည်း ဆန့်ကျင်နေမှာ မဟုတ်ဘူး….။”
နင်ဂျာဘုန်းတော်ကြီးနှင့် စကားပြောရင်း၊ ဟုန်ယွိသည် ‘ကောင်းကင်ဘုံ၏ဆန္ဒသည် လူထု၏ဆန္ဒ ဖြစ်သည်’ ဟူသော အမှန်တရားကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။
ချန်ယင်းရှာပင်လျှင် အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံတွင် မငြိမ်မသက်ဖြစ်မှု ဖြစ်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး၊ နတ်ဘုရားမိုးကြိုး တာအိုဂိုဏ်းကို ပြန်လည်အားဖြည့်ရန်အတွက် ထွက်ပေါ်လာဖို့ ဆန္ဒရှိသည်။ ယခုအခါ၊ သူမသည် အလယ်ပိုင်းကုန်းမြေကောင်းကင်နိုင်ငံသို့ သွားကာ နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်းကို ပြန်လည်အားဖြည့်ရန်မလုပ်ဆောင်ရဲသလို ပုန်ကန်ဖို့လည်း မဝံ့ရဲပေ။
ဟုန်ယွိသည် ဧကရာဇ်သံတမန်ကို သတ်ဖြတ်ပြီး နဂါးအလံ၊ ဧကရာဇ်ဓား၊ အဆောင်တံဆိပ်တုံးနှင့် စကြာဝဠာအိတ်ကို သိမ်းယူခဲ့သည်။ သူသည် ကြီးမားသော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ထားပြီး၊ တစ္ဆေအင်မော်တယ်အဆင့်အထိပင် ကျင့်ကြံနိုင်ခဲ့သည်။ ထို့အပြင် ချန်ယင်းရှာနှင့်လည်း တာအိုလက်တွဲဖော် ဖြစ်လာခဲ့သည်။ ယခုအခါ, သူ့မှာ ဤမျှကြီးမားသော စွမ်းအားရှိထားသော်လည်း၊ သူ့သည် ပုန်ကန်ရန် အကြံအစည် မရှိပေ။
အကြောင်းပြချက်တစ်ခုသာ ရှိသည်၊ ၎င်းမှာ ကမ္ဘာသည် ငြိမ်းချမ်းနေခြင်းကြောင်းပင် ဖြစ်သည်။ အချိန်မှန် မဟုတ်ပေ။ သူပုန်ကန်လိုက်ပါက၊ လူအများ၏ ဝေဖန်မှုပစ်မှတ် ဖြစ်လာမည် ဖြစ်သည်။ ဒိုင်ဇင်ဘုရားကျောင်းကဲ့သို့ ဖျက်ဆီးခံရမည် ဖြစ်သည်။ အကျိုးအမြတ်ရယူလိုသော အခြားကျွမ်းကျင်သူများသည်လည်း အကျိုးအမြတ်ရယူရန် အလုံးအရင်းဖြင့် ဝင်ရောက်လာကြမည် ဖြစ်သည်။
“ငါ ဖူဘိုရေတပ်ဗိုလ်ချုပ် ရှောင်ထျန်ယောင်ကို လုပ်ကြံခဲ့တဲ့ သတင်း ပေါက်ကြားသွားပြီလား မသိဘူး။ ငါ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပေမယ့်၊ သဲလွန်အချို့ ကျန်ရစ်နေနိုင်သေးတယ်။ အခုဆိုရင် ချန်ပီယံမြို့စား ဦးဆောင်တဲ့ ရေတပ်လည်း တော်ဝင်ချန်ကို ပြန်လည်ရောက်ရှိနေလောက်ပြီ။ ဖူဘိုရေတပ်ရဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၊ ငွေဒင်္ဂါးတစ်သန်း တန်ဖိုးရှိတဲ့ သင်္ဘောတစ်စီးနဲ့ စစ်သည်တစ်ထောင်ကျော်တို့က လေထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ ဒီအမှုက ကြီးမားလွန်းတယ်။ တော်ဝင်တရားရုံးဟာ အစွမ်းကုန် စုံစမ်းစစ်ဆေးမှာပဲ။ သူတို့ ငါ့ကို တရားခံအဖြစ် ရှာဖွေတွေ့ရှိခဲ့ရင်၊ ငါ ဘယ်လိုနည်းလမ်းတွေနဲ့ ရင်ဆိုင်ရမလဲ….။”
ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးနှင့် စကားပြောရင်း၊ ကမ္ဘာကြီး၏ အခြေအနေ၊ တော်ဝင်တရားရုံး၊ လူထု၏ဆန္ဒနှင့် ကောင်းကင်ဘုံ၏ဆန္ဒတို့ကို တွေးတောနေမိသည်။ နောက်ဆုံးတွင်၊ သူသည် ဧကရာဇ်သံတမန်ကို လုပ်ကြံခဲ့သည့်အမှုကို စဉ်းစားမိသည်။ အကယ်၍ သဲလွန်စများ ရှာဖွေတွေ့ရှိသွားပါက၊ ၎င်းကို မည်သို့ ကိုင်တွယ်ရမည်နည်း။ ပုန်ကန်ရမည်လား။ သို့မဟုတ် အခြားလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရမည်လား..။
ပုန်ကန်မှုကိုတော့ သူ့စိတ်ထဲတွင် ငြင်းပယ်ထားပြီး ဖြစ်သည်။
ထို့နောက် ကျန်ရှိသည်မှာ အခြားနည်းလမ်းများကို စဉ်းစားရန်သာ ဖြစ်သည်။
သို့သော်၊ ဟုန်ယွိသည် မည်မျှပင် စိတ်ရှင်းရှင်းထားကာ စဉ်းစားစေကာမူ၊ ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။
သို့သော်၊ သူ၏စိတ်ထဲရှိ အတွေးလမ်းကြောင်းများသည် တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည်။
တော်ဝင်တရားရုံး၊ တာအိုပညာ၊ သိုင်းပညာ၊ မင်းမျိုးမင်းနွယ်၊ ဂုဏ်သရေရှိ လူတန်းစား၊ ယေဘုယျ အခြေအနေ၊ ကျွမ်းကျင်သူများ စသည်ဖြင့် လက်ရှိကမ္ဘာကြီး၏ ယေဘုယျ အခြေအနေ ဖွဲ့စည်းပုံအားလုံးသည် ဟုန်ယွိ၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။
ဟုန်ယွိသည် ယခုအချိန်လောက် ကမ္ဘာ၏ ခေတ်ရေစီးကြောင်း အခြေအနေကို ပိုမိုနက်ရှိုင်းစွာ နားလည်မှုမျိုး မရှိခဲ့ဖူးပေ။
တစ္ဆေအင်မော်တယ်တစ်ပါး၏ မြင့်မားဆုံးအဆင့်တွင် ရပ်တည်ရင်း၊ သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
“ဒါက စာပေပညာရှင်တစ်ဦးရဲ့ အသိပညာပဲ။” ဟုန်ယွိ ပြုံးလိုက်မိသည်။
ဟုန်ယွိ၏ မှော်စွမ်းအားသည် များစွာတိုးတက်လာပြီး၊ နင်ဂျာဘုန်းတော်ကြီးနှင့် စကားပြောရင်း၊ ကမ္ဘာကြီး၏ ယေဘုယျ အခြေအနေနှင့် သူ၏အနာဂတ်လမ်းကြောင်းကို တွေးတောနေစဉ်၊ အလွန်သန့်စင်သော ဝိညာဉ်စွမ်းအားဖြင့် ရစ်ပတ်ထားသော ကျင်းရွှမ်အာသည် ရုတ်တရက် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် သူတော်စင်တူယွမ်ကို သန့်စင်ပြီးနောက်၊ ဝိညာဉ်စွမ်းအားသည် ပျံသန်းလာရင်း၊ နွေးထွေး ညင်သာသော အငွေ့အသက်ကို သယ်ဆောင်လာသည်။
တစ်ခဏအတွင်း၊ လျှို့ဝှက်အခန်းတစ်ခုလုံးသည် နွေဦးရာသီထဲ ရောက်ရှိလာသလို ဖြစ်သွားခဲ့ပြီး၊ သဟဇာတဖြစ်လှသည့် လန်းဆန်းသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။
နတ်ဆိုးနတ်ဘုရားသွေးကို သုံးပုံခွဲခဲ့သည်။ နှစ်ပုံကို ချန်ယင်းရှာနှင့် ဟုန်ယွိတို့က သန့်စင်ခဲ့ပြီး၊ ကျန်တစ်ပုံကို ကျင်းရွှမ်အာ၏ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး မျိုချစေခဲ့သည်။
မျိုချပြီးနောက်၊ ကျင်းရွှမ်အာ၏ ဝိညာဉ်စွမ်းအားသည် ပျံထွက်လာပြီး၊ နတ်ဆိုးနတ်ဘုရားသွေးကို တဖြည်းဖြည်း နားလည်သဘောပေါက်အောင် ဆင်ခြင်ရင်း၊ ၎င်းသည် အလွန်သိပ်သည်းလာသည်။
နတ်ဆိုးနတ်ဘုရားသွေးထဲရှိ စစ်နတ်ဘုရား၏ အလျှော့မပေးလိုသော စိတ်ဆန္ဒသည် တာအိုပညာရှင်များ၏ ဝိညာဉ်စွမ်းအားကို သန့်စင်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။
တစ်ခဏအတွင်း၊ ကျင်းရွှမ်အာ၏ ဝိညာဉ်စွမ်းအားသည် ရုပ်လုံးဖော်ခြင်းမှ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားပြီး၊ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်၏ မဟာပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ ဝုန်း၊ ကျင်းရွှမ်အာ၏ ဝိညာဉ်စွမ်းအားသည် အတွေးအမျိုးမျိုးအဖြစ် ကွဲထွက်သွားခဲ့ပြီး၊ လေထဲတွင် ကခုန်နေသည်။
ဤအချိန်တွင်၊ သူမသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး၊ တစ္ဆေအင်မော်တယ်ဖြစ်ရန် တစ်လှမ်းသာ လိုတော့သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိပြီးနောက်၊ ရွှေပင့်ကူ၏ ဤအတွေးများသည် ပျံထွက်လာသော ဝိညာဉ်စွမ်းအားနှင့် ထိတွေ့မိသည်။ ရုတ်တရက်၊ ၎င်းသည် ဆာလောင်နေသော ဝက်တစ်ကောင်ကဲ့သို့၊ သန့်စင်သော ယန်စွမ်းအင် အနည်းငယ် ပါဝင်သော သန့်စင်သော ဝိညာဉ်စွမ်းအားကို အလုံးအရင်းဖြင့် မျိုချလိုက်သည်။ ၎င်းသည် အလွန်ညင်သာပြီး သန့်စင်လွန်းသည်။
သန့်စင်ပြီးနောက်၊ ဤဝိညာဉ်စွမ်းအားသည် မက်မွန်နတ်ဘုရားဓား၏ ဝိညာဉ်ထက်ပင် ပိုမိုသန့်စင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ တစ္ဆေတသောင်းအမိန့်ပေးအလံဖြင့် ကောင်းကင်တုန်ခါလေးနှင့် အကန့်အသတ်မဲ့မြှားတို့၏ ပေါင်းစပ်မှုကို အဆုံးစွန်အထိ အသက်သွင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူတော်စင်တူယွမ်သည် မည်မျှပင် အားကောင်းစေကာမူ၊ ၎င်း၏ မှတ်ဉာဏ်သည် လုံးဝ ဖျက်ဆီးခံခဲ့ရသည်။
ဤသန့်စင်မှု၏ ပေါင်းစပ်မှုသည် ဉဒေါင်းဘုရင်၏ ဒြပ်ကြီးငါးပါး ပြောင်းပြန်ဝိညာဉ်သန့်စင်ခြင်း နည်းလမ်းထက်ပင် ပိုမိုသန့်စင်သည်။
တစ္ဆေတသောင်းအမိန့်ပေးအလံသည် နှစ်ပေါင်းမရေတွက်နိုင်အောင် ပြုစုပျိုးထောင်ထားသည့် စုန်းတစ္ဆေတာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး ရတနာဖြစ်သည်ကို သိထားရမည်။ ယနေ့၊ ၎င်း၏ စွမ်းအားအားလုံးကို ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်သို့ လွှဲပြောင်းပြီး အစီအရင်ကို အသက်သွင်းခဲ့သည်။ ဤအစီအရင်သည် မည်မျှအထိ လည်ပတ်နိုင်သနည်း။ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည်ပင် စိတ်ကူးဖြင့်ပင် မြင်ယောင်နိုင်မည် မဟုတ်ပေ။
ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာမှာ၊ တစ္ဆေတသောင်းအမိန့်ပေးအလံ၏ အကူအညီဖြင့် ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်သည် လျှိုထျန်းယွဲ့အသုံးပြုခဲ့စဉ်ကထက် ပိုမိုအားကောင်းမည် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင်၊ သန့်စင်ပြီးသော သူတော်စင်တူယွမ်၏ ဝိညာဉ်စွမ်းအားသည် မည်သည့်အညစ်ကြေးမှ မရှိတော့ဘဲ အံ့သြဖွယ်သန့်စင်နေခဲ့သည်။
“တစ္ဆေတသောင်းအမိန့်ပေးအလံကို အသုံးပြုပြီး၊ ဒီစွမ်းအားကို ငါ့နတ်ဘုရား စိတ်ဝိညာဉ်ထဲ စုပ်ယူခဲ့မယ်ဆိုရင်, ငါ ပထမမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမှာပဲ။”
ချန်ယင်းရှာသည် ဝိညာဉ်စွမ်းအားကို တပ်မက်စွာ စုပ်ယူနေသော ကျင်းရွှမ်အာကို ကြည့်ရင်း၊ ပြုံးလျက် သက်ပြင်းချလိုက်သည်။
“အခုဆိုရင် ငါတို့အတွက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ဆိုတာ မခက်ခဲတော့ဘူး။ ဒါကြောင့် ဒီစွမ်းအားကို စုပ်ယူဖို့ မလိုအပ်တော့ဘူး။” ဟုန်ယွိက ပြောသည်။ “ဒါ့အပြင်၊ အခုဆိုရင် ငါတို့ဟာ နတ်ဆိုးနတ်ဘုရားရဲ့ သွေးထဲက စိတ်ဆန္ဒကို စုပ်ယူထားပြီးပြီ။ ငါတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက ပိုမိုသိပ်သည်းလာပြီ။ သူတော်စင်တူယွမ်လို ကျွမ်းကျင်သူတစ်ဦးကို ထပ်မံ တွေ့ဆုံရရင်တောင်၊ ရတနာတွေ အသုံးပြုစရာမလိုဘဲ အနိုင်ယူနိုင်လိမ့်မယ်။”
“ဟုတ်တယ်။” ချန်ယင်းရှာက ခေါင်းညိတ်လိုက်သည်။ “နတ်ဆိုးနတ်ဘုရားသွေးဟာ တကယ်ကို နာမည်နဲ့ လိုက်ဖက်တယ်။”
သူတို့စကားပြောနေစဉ်၊ ကျင်းရွှမ်အာ၏ စိတ်ဝိညာဉ် စွမ်းအားသည် ရုတ်တရက် စုစည်းလာပြီး ရွှေရောင်ဝတ်ရုံဝတ်ထားသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမသည် ခေါင်းပေါ်တွင် ဆံကျစ်မြီးနှစ်ဖက်ကို ကျစ်ထားပြီး၊ ဖြူဖွေးသော မျက်နှာ သိမ်မွေ့လှပသော မျက်နှာသွင်ပြင် ရှိသည်။ သူမသည် လက်ရာမြောက်လှပသော အလှပိုင်ရှင်တစ်ဦးနှင့် တူသည်။ သို့သော်၊ သူမသည် မုကလေးထက် ပိုငယ်ပြီး၊ ဆယ်ကျော်သက်နှင့် လူငယ်ကြားအရွယ်တွင် ရှိနေသည်။
“အိုး? မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားက လူသားအသွင် ပြောင်းသွားပြီလား။ ဒါက တကယ်ကို အသက်ဝင်ပြီး လက်တွေ့ဆန်ပြီး တူလွန်းတယ်။ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးရဲ့ ဝိညာဉ်စွမ်းအား ဆိုတဲ့အတိုင်းပဲ။ တကယ်ကို အစစ်အမှန်နဲ့ ခွဲလို့မရဘူး…” ဟုန်ယွိသည် ကျင်းရွှမ်အာ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် ပြောင်းလဲထားသော ပုံပန်းသွင်ပြင်ကို ကြည့်ရင်း၊ သူမသည် စိတ်ဝိညာဉ် စွမ်းအားဖြစ်ကြောင်း မခွဲခြားနိုင်ခဲ့ပေ။ ၎င်းသည် လူသားအစစ်နှင့် အတိအကျ တူသည်။ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို သူ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။
သူတော်စင်တူယွမ်မှ ပေါင်းစည်းခဲ့သော နတ်ဘုရားသွေးလက်ဝါးတံဆိပ်သည် ပြိုကွဲသွားပြီးနောက်၊ အသားစနှင့် အရိုးစများ လေထဲတွင် ပျံ့လွင့်သွားဖူးသည်ကို သိထားရမည်။ အတုသည် အစစ်အမှန် ဖြစ်ကြောင်း ထင်ရှားသည်။
“အများကြီး ကျန်သေးတယ်။ မြန်မြန်စုပ်ယူလိုက်။ ငါ နောက်ထပ် မစုပ်ယူနိုင်တော့ဘူး။”
ကျင်းရွှမ်အာ၏ စိတ်ဝိညာဉ် စွမ်းအားသည် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲပြီးနောက်၊ သူမသည် ကျင်းရွှမ်အာနှင့် အတိအကျတူသည်။ သူမသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ကာ သစ်ပင်ပေါ်က မျောက်တစ်ကောင်လို တွယ်ကပ်လိုက်သည်။
ကျင်းရွှမ်အာ၏ သတိပေးချက် မပါလျှင်ပင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အခန်းထဲတွင် ဝိညာဉ်စွမ်းအားများ အများအပြား ကျန်ရှိနေသေးကြောင်း ခံစားမိသည်။ ကျင်းရွှမ်အာသည် ထက်ဝက်သာ စုပ်ယူပြီးနောက် ဆက်လက်စုပ်ယူနိုင်ခြင်း မရှိတော့ပေ။
အတွေးတစ်ချက်ဖြင့်၊ လေနှင့်တိမ်များသည် ကျန်ရှိသော ဝိညာဉ်စွမ်းအားအားလုံးကို စုစည်းလိုက်သည်။ ၎င်းတို့သည် အလင်းများနှင့်တူပြီး သူတို့၏ မျက်ခုံးကြားသို့ ပျံသန်းဝင်ရောက်သွားသည်။
တစ်ခဏအတွင်း၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့ အသက်ရှုနေစဉ်၊ သူတို့၏ မျက်ခုံးကြားမှ နောက်ထပ် အတွေးတစ်ခု ထွက်ပေါ်လာသည်။ ဤအတွေးသည် အလွန်သန်မာသည်။ ၎င်းသည် အေးစက်သော လေနှင့်မတူတော့ဘဲ၊ နွေဦးလေညင်းနှင့် တူသည်။ ၎င်းသည် နွေးထွေးပြီး အရိုးထဲထိ အေးစိမ့်မှုမျိုး မရှိတော့ပေ။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ကျန်ရှိသော ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်ပြီး၊ သူတို့၏ စွမ်းအားသည် များစွာတိုးတက်လာသည်။ ၎င်းတို့၏ အတွေးများတွင်လည်း သန့်စင်သော ယန်စွမ်းအင်၏ အငွေ့အသက်များ ပါဝင်လာသည်။
“ဒါက ဘာလဲ…။ မိုးကြိုးကပ်ဘေးဒဏ် တစ္ဆေအင်မော်တယ် တစ်ပိုင်းလား….။”
ချန်ယင်းရှာသည် သူမစိတ်ဝိညာဉ် စွမ်းအား ပြောင်းလဲမှုကို ခံစားမိသည်။ ၎င်းသည် မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း၊ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး၏ သန့်စင်သော ယန်စွမ်းအင် အနည်းငယ်ကို ပိုင်ဆိုင်ထားသည်။
ဤအခြေအနေသည် အလွန်ရှားပါးသည်။ ရှေးခေတ် ကျင့်ကြံရေးလောကမှာပင်၊ ဤသို့သော ဥပမာများသည် အလွန်နည်းပါးသည်။
မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို ဖမ်းဆီးပြီး သန့်စင်ကာ စုပ်ယူဖူးသူ မည်သူ ရှိမည်နည်း။
ဥပမာများ မရှိသောကြောင့်၊ ချန်ယင်းရှာကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် မဟာနတ်ဆိုးအင်မော်တယ်တစ်ဦးပင်လျှင် သူမ၏ ကျင့်ကြံမှုအဆင့်ကို မသိရှိခဲ့ပေ။ ၎င်းကို “မိုးကြိုးကပ်ဘေးဒဏ် တစ္ဆေအင်မော်တယ်တစ်ပိုင်း” ဟုသာ ဖော်ပြနိုင်ပါသည်။
သို့သော်၊ ပြောင်းလဲမှုသည် ပြောင်းလဲမှုပင် ဖြစ်သည်။ သူတို့၏ စွမ်းအားသည် ထပ်မံ တိုးတက်လာသည်မှာ အမှန်ပင် ဖြစ်သည်။
“ကျန်းရွှမ်အာ၊ မင်း တစ္ဆေအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ပြီးပြီလား…” ဟုန်ယွိသည် သူ့ပေါ်တွင် မျောက်တစ်ကောင်လို တွယ်ကပ်နေသော ကျင်းရွှမ်အာ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း၊ သူမကို ခါထုတ်ရင်း မေးလိုက်သည်။ အလွန်အသက်ဝင်ပုံရသော်လည်း၊ ကျင်းရွှမ်အာ၏ ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးသည်။ တကယ့်ခန္ဓာကိုယ် မဟုတ်ပေ။
“နည်းနည်းလေးပဲ လိုတော့တယ်။ ဒါပေမယ့် မဖြတ်ကျော်နိုင်သေးဘူး။ ငါ့စိတ်ဝိညာဉ် စွမ်းအားကို ခိုင်မာအောင် လေ့ကျင့်ဖို့ အချိန်အနည်းငယ် လိုဦးမယ်။ အဲဒီနောက်မှ ဖြတ်ကျော်နိုင်မယ်။ ဒါပေမယ့် အခုဆို ငါက ရှင်းယုဆန်ထက် အများကြီး ပိုသန်မာနေပြီ။ ဟီးဟီး၊ အာယွိ၊ ငါ တစ္ဆေအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ပြီးရင်၊ ကမ္ဘာပေါ်မှာ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်လာမယ့်အပြင်၊ ကိုးယောက်မြောက် မဟာနတ်ဆိုးအင်မော်တယ် ဖြစ်လာနိုင်တယ်။”
ကျင်းရွှမ်အာသည် အနည်းငယ် တွားသွားပြီး ဟုန်ယွိ၏ ပုခုံးပေါ်တွင် ထိုင်လိုက်ကာ သူမ၏ ခြေထောက်နှစ်ဖက်ကို ကန်နေသည်။
ကျင်းရွှမ်အာသည် တစ္ဆေအင်မော်တယ်နယ်ပယ်၏ အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပါက၊ သူမ၏ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားဖြင့်၊ ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲတွင် နောက်ထပ် မဟာနတ်ဆိုးအင်မော်တယ်တစ်ဦးကို ထပ်မံ ထည့်သွင်းနိုင်ပြီး၊ ကိုးယောက်မြောက် မဟာနတ်ဆိုးအင်မော်တယ် ဖြစ်လာနိုင်သည်။
“ဒါဆို မင်း မဖြတ်ကျော်နိုင်သေးဘူးပေါ့။ ဒါဆို မင်းရဲ့ ရွှေပင့်ကူခန္ဓာကိုယ်ဆီ ပြန်သွားဖို့ လိုသေးလား…” ဟုန်ယွိက ပြောသည်။
“ပြန်သွားစရာမလိုဘူး။ ဘာပဲဖြစ်ဖြစ်၊ အခုဆို ငါ့ဝိညာဉ် စွမ်းအားက အရမ်းကြီးမားလှတယ်။ ပြောင်းလဲထားတဲ့ ခန္ဓာကိုယ်က တကယ့်ခန္ဓာကိုယ်အစစ်နဲ့ တူတယ်။ တစ်နှစ်ကြာအောင်တောင် မညှိုးနွမ်းဘူး။” ကျင်းရွှမ်အာက ခေါင်းခါရင်း ပြောသည်။
မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူများ၏ စိတ်ဝိညာဉ် စွမ်းအားသည် ညှိုးနွမ်းမှု အလွန်နှေးကွေးသည်။ ခန္ဓာကိုယ်မှ ထွက်ခွာသွားလျှင်ပင် ၎င်းသည် လျင်မြန်စွာ မညှိုးနွမ်းပေ။
“မင်းရဲ့ ရွှေပင့်ကူခန္ဓာကိုယ်က ညှိုးနွမ်းသွားလိမ့်မယ်။ မင်းရဲ့ခန္ဓာကိုယ်က ဖျက်ဆီးခံရပြီး, မင်းကိုယ်တိုင်က တစ္ဆေအင်မော်တယ်နယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့ရင်၊ ဒါက မကောင်းဘူး မဟုတ်လား..” ဟုန်ယွိသည် တစ္ဆေအင်မော်တယ်နယ်ပယ်သို့ မဖြတ်ကျော်နိုင်သေးသည့် ကျင်းရွှမ်အာ၏ ကျင့်ကြံမှုတွင် အခက်အခဲ အနည်းငယ်ကို ခံစားမိသည်။
နတ်ဆိုးနတ်ဘုရားသွေးကို သောက်သုံးပြီး၊ မိုးကြိုးကပ်ဘေးဒစ် ကျွမ်းကျင်သူ၏ ဝိညာဉ်စွမ်းအား ထက်ဝက်ကို စုပ်ယူပြီးနောက်ပင်၊ သူမသည် မဖြတ်ကျော်နိုင်သေးပေ။
ထိုအတားအဆီးကို ဖြတ်ကျော်ရန်သည် အလွန်ခက်ခဲကြောင်း သိသာထင်ရှားသည်။
“သခင်ကျိုး၊ သခင်ဒွမ်တို့လို လူတွေတော့ ဒီဘဝမှာ အခွင့်အရေး မရှိနိုင်လောက်ဘူး။ ရှင်းယုဆန်ကရော အနာဂတ်မှာ အခွင့်အရေး ရှိမလား မသိဘူး…” ဟုန်ယွိသည် တွေးမိသည်။
“ဒီသခင်မလေးက ကိုယ့်ကိုယ်ကို သေမင်းလမ်းကို တွန်းပို့ပြီး ပြန်လည် မွေးဖွားချင်တယ်။” ကျင်းရွှမ်အာက ရုတ်တရက် ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။
“ကောင်းပြီလေ၊ မင်းမှာ ဒီလိုသန္နိဌာန်မျိုးရှိရင် မျှော်လင့်ချက်ရှိတယ်။” ဟုန်ယွိသည် တစ္ဆေအင်မော်တယ်ဖြစ်လာရန် သူ၏ကိုယ်ပိုင် အတွေ့အကြုံများကို တွေးရင်း ခေါင်းညိတ်လိုက်သည်။
ဤတစ်ကြိမ်တွင်၊ ဟုန်ယွိ၊ ချန်ယင်းရှာနှင့် ကျင်းရွှမ်အာတို့သည် နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ ထွက်ပေါ်လာသည့်အချိန်တွင်၊ သူတို့သည် အကျိုးများစွာ ရရှိခဲ့သည်ဟု ခံစားရသည်။
ကျင်းရွှမ်အာသည် တစ္ဆေအင်မော်တယ်နယ်ပယ်သို့ မဖြတ်ကျော်နိုင်ခဲ့သော်လည်း၊ ထိုအတားအဆီးနှင့် အကန့်အသတ်မရှိ နီးကပ်နေပြီ။ မည်သည့်အချိန်တွင်မဆို ဖြတ်ကျော်နိုင်ခြင်းသည် မဖြစ်နိုင်ခြင်း မဟုတ်တော့ပေ။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် “မိုးကြိုးကပ်ဘေးဒဏ် တစ္ဆေအင်မော်တယ်တစ်ပိုင်း” ဖြစ်လာခဲ့သည်။
“မနက်ဖြန်ကျရင် ချူယွမ်တော်ဝင်နန်းတော်ကို သွားကြမယ်။ ငါတို့ တရားဝင်တာအိုလက်တွဲဖော် တရားဝင် ဖြစ်လာပြီးနောက်၊ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ အခွင့်အရေးကို စောင့်မယ်။ ကမ္ဘာကြီးက ကျယ်ပြောလှတယ်။ ငါတို့ လိုချင်တာမှန်သမျှ လုပ်ဆောင်နိုင်တယ်။ ဧကရာဇ်သံတမန်ကို လုပ်ကြံတဲ့ကိစ္စအတွက် စိတ်မပူနဲ့။ တော်ဝင်ချန်ဧကရာဇ်က မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူနှစ်ဦးအကြောင်း သိသွားရင်၊ သူက မျက်စိမှိတ်ပြီး ဘာမှမလုပ်ဘဲ နေလိမ့်မယ်။ ဒိုင်ဇင်ဘုရားကျောင်းက ဖျက်ဆီးခံရတယ်ဆိုတာကလည်း ဘုန်းတော်ကြီးတွေက သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ချင်ခဲ့လို့ပဲ။ သူတို့က အသေခံတိုက်ခိုက်ခဲ့ကြပြီး၊ လူများစွာက အခြေအနေကို အခွင့်ကောင်းယူပြီး လုယူခဲ့ကြတာ။ ငါတို့နှစ်ယောက်က တစ်သားတည်းဖြစ်ပြီး၊ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘူး။”
တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာပြီးနောက်၊ ချန်ယင်းရှာက ဟုန်ယွိထံ ပြောသည်။
“ဒါတော့ မှန်တယ်၊ ဒါပေမယ့် ငါ ကျောက်စိမ်းမြို့တော်ကို ပြန်သွားရဦးမယ်။ အနည်းဆုံးတော့ အမေ့ရဲ့ သင်္ချိုင်းကို တူးဖော်ပြီး သဘာဝတောတောင်ရေနယ်ကောင်းတဲ့ နေရာတစ်ခုမှာ ပြန်လည် မြှုပ်နှံရမယ်။”
ဟုန်ယွိသည် သူ့မိခင်၏ သင်္ချိုင်းကို တွေးမိသည်။ သင်္ချိုင်းသည် ပြောင်းရွှေ့ရမည့်အရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက၊ တစ်စုံတစ်ယောက် သူမ၏ အရိုးများကို မီးရှို့ပြီး ပြာများကို ဖြန့်ကျက်လိုက်သည်ဆိုပါက၊ သူ နောက်ကျလွန်းသွားမည် ဖြစ်သည်။
“မုကလေး၊ ရှန်ထိုက်ဇူနဲ့ ချီဇီယန်တို့လည်း သိုင်းပညာ လေ့ကျင့်နေကြတယ်။ သူတို့ရော ဘယ်လိုနေကြလဲ မသိဘူး။ ဒီနေ့ အိမ်တော်မှာ ညစာစားပွဲတစ်ခု ပြင်ဆင်လိုက်မယ်။ လူတိုင်း သေချာစုဝေးပြီး ပျော်ရွှင်ကြမယ်။” ဟုန်ယွိက ပြောသည်။
ထိုအချိန်တွင်၊ အိမ်တော်အပြင်ဘက်မှ မြင်းခွာသံများ အလျင်စလို ထွက်ပေါ်လာသည်။ ထို့နောက်၊ ငွေမီးခိုးရောင် သံချပ်ကာများ ဝတ်ထားသော ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ အနည်းငယ် ဝင်ရောက်လာသည်။
၎င်းတို့သည် ချူယွမ်တော်ဝင်နန်းတော်ရှိ အစွမ်းဆုံး ငွေငါးမန်းချပ်ဝတ်စစ်သည်များ ဖြစ်သည်။
“မင်းသမီး၊ ဧကရာဇ်မင်းမြတ်က မင်းသမီးကို နန်းတော်ကို ဖိတ်ကြားလိုက်ပါတယ်။ တော်ဝင်ချန်နိုင်ငံက ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာပြီး၊ မင်းသမီးကို တွေ့ဆုံပြီး မေးခွန်းအချို့ မေးမြန်းလိုပါတယ်တဲ့။”
ငွေငါးမန်းချပ်ဝတ် စစ်သည်သည် ဝင်ရောက်လာသည်နှင့် ဒူးတစ်ဖက် ထောက်လျက် ပြောလိုက်သည်။
အခန်း (၂၃၈)။
“တော်ဝင်ချန်က ကိုယ်စားလှယ်တစ်ယောက် ပို့လိုက်တာလား။ တော်ဝင်ချန်ကိုယ်စားလှယ်က ဘယ်ကနေ ရောက်လာတာလဲ။ ဘာလို့ ငါ့ကို နန်းတော်ကိုလာဖို့ ခေါ်တာရလဲ။ အဲဒီကိုယ်စားလှယ်တွေကရော ဘယ်သူတွေလဲ။ ဘယ်နှယောက်ရှိလဲ။”
ချန်ယင်းရှာသည် ဒူးထောက်နေသော ငွေငါးမန်းချပ်ဝတ်စစ်သည်ကို ကြည့်ရင်း ထိုမေးခွန်းများကို မမေးဘဲ မနေနိုင်ခဲ့ပေ။
သူမသည် ယွန်နိုင်ငံတွင် အဆင့်အတန်း မြင့်မားပြီး မည်သည့်ကန့်သတ်မှုမှ မခံရပေ။ ပုံမှန်အားဖြင့် ယွန်နိုင်ငံ၏ ဘုရင်ပင်လျှင် အရေးကြီးကိစ္စ မရှိလျှင် သူမကို ဖိတ်ခေါ်လေ့ မရှိပေ။ ယင်းက မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ ပြန်လည်မွေးဖွားလာသော တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်သည့် သမီးဖြစ်သူနှင့် မင်းသမီးကို အနှောင့်အယှက် မပေးရန် ဖြစ်သည်။
ယွန်နိုင်ငံသည် ချန်ယင်းရှာ၏ ဂုဏ်သတင်းကို အားကိုးလျက် ဖွံ့ဖြိုးတိုးတက်လာပြီး အင်အားကြီးမားလာခဲ့သည်ကို သိထားရမည်။ ထို့အပြင်၊ ၎င်း၏လူထုကို တိုက်ခိုက်သော အင်အားကြီးပင်လယ်ဓားပြများ မရှိခဲ့ပေ။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကဆို ယွန်နိုင်ငံတွင် လူဦးရေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ သာ ရှိခဲ့သည်။
ဆယ်နှစ်တာအတွင်း လူဦးရေသည် သုံးလေးဆ တိုးတက်ကာ ၈၀၀,၀၀၀ အထိသို့ ရောက်ရှိခဲ့သည်။ နိုင်ငံ၏ အင်အားသည်လည်း တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ တောရိုင်းဒေသ ဧရိယာကြီးများကို စတင်တူးဖော်ပြီး၊ စားနပ်ရိက္ခာများ စုဆောင်းထားကာ၊ တိရစ္ဆာန်များကို မွေးမြူခဲ့ကြသည်။ တစ်နိုင်ငံလုံး၏ အခွန်ဝင်ငွေသည်လည်း တစ်နှစ်လျှင် ငွေဒင်္ဂါး ၅၀၀,၀၀၀ သို့ ရောက်ရှိလာခဲ့သည်။
ဤအရာအားလုံးသည် ချန်ယင်းရှာ၏ မမြင်နိုင်သော အဟန့်တား စွမ်းအားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ချန်ယင်းရှာ မရှိခဲ့လျှင် ယွန်နိုင်ငံ၏ လူထုသည် ပင်လယ်ဓားပြများနှင့် စစ်သင်္ဘောများ၏ အဆုံးမရှိ နှောင့်ယှက်ခြင်းခံရပြီး လုယက်ခံရမည် ဖြစ်သည်။ သူတို့သည် ငြိမ်းချမ်းစွာ အလုပ်လုပ်ကိုင်နိုင်မည် မဟုတ်တော့ဘဲ ပိုမိုအင်အားနည်းလာမည် ဖြစ်သည်။
လက်ရှိ ယွန်နိုင်ငံသည် ဘုရင်သေဆုံးပြီးနောက် ချန်ယင်းရှာ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားဖွယ် ရှိသည်။ သူမသည် အစိုးရရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် လုံးဝ ဆီလျော်သွားမည်။
“မင်းသမီး၊ တော်ဝင်ချန်ရဲ့ နာမည်ကျော် ချန်ပီယံမြို့စား ရောက်ရှိလာပုံရပါတယ်။ သူက ယွန်မင်ရဲ့ သင်္ဘောအုပ်စုကို ပင်လယ်ပြင်မှာ အနိုင်ယူပြီး အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့တာပါ။ ယွန်နိုင်ငံကို ဖြတ်သန်းရင်း ကျွန်ုပ်တို့ထံ လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ သူက တစ်ခုခုကို စုံစမ်းစစ်ဆေးလိုပုံရပါတယ်။ လာရောက်သူတွေကတော့ ချန်ပီယံမြို့စား၊ တာအိုပညာရှင်တစ်ဦးနဲ့ ကျန်လူတွေကတော့ အစောင့်အကြပ်တွေပါ။ ၎င်းတို့သည် သူက ချီလင်စစ်သင်္ဘော တစ်စီးသာ ယူဆောင်လာပြီး စစ်သည်တွေလည်း အများကြီး ပါမလာပါဘူး။ ဘုရင်မင်းမြတ်က လမ်းတွေပေါ်မှာ ရေဖြန်းပြီး သဲဝါဖြူးဖို့ လူတွေကို စေလွှတ်ထားပါတယ်။ အခု ယွန်နိုင်ငံက အရပ်ဘက်နဲ့ စစ်ဘက်ရေးရာ အရာရှိတွေက ကြိုဆိုဖို့အတွက် ပြင်ဆင်ထားပါတယ်။ မင်းမျိုးမင်းနွယ်တွေက ညစာစားပွဲတစ်ခု ပြင်ဆင်ထားပါတယ်။ ချန်ပီယံမြို့စားက မင်းသမီးကို တွေ့ဆုံလိုတာကြောင့် ဘုရင်မင်းမြတ်က မင်းသမီးကို ညစာစားပွဲ တက်ရောက်ဖို့ ဖိတ်ကြားလိုက်တာပါ။ ဘုရင်မင်းမြတ်က ဒီကိစ္စကို မင်းသမီးအနေနဲ့ လက်ခံရမယ်လို့ မိန့်ကြားလိုက်ပါတယ်။” ငွေငါးမန်းချပ်ဝတ်စစ်သည်က ဒူးထောက်လျက် စေ့စေ့စပ်စပ် ဖြေကြားလိုက်သည်။
“အို့…” ချန်ယင်းရှာ၏ မျက်လုံးများက လက်သွားပြီး ဟုန်ယွိထံ လှည့်မေးလိုက်သည်။ “ဟုန်ယွိ၊ ဒါကို မင်း ဘယ်လိုထင်လဲ…”
“ယွန်မင်လို နိုင်ငံကြီးတစ်ခုတောင် တော်ဝင်ချန်ဆိုတာ ကောင်းကင်ဘုံ နိုင်ငံချည်းလိုပဲ။ ယွန်နိုင်ငံဆို ပြောစရာတောင် မလိုဘူး။ ချန်ပီယံမြို့စားလို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက လာရောက် လည်ပတ်လာတာဆိုတော့ တစ်နိုင်ငံလုံးက သူ့ကို ကြိုဆိုကြမှာပဲ။ ငါတို့လည်း တော်ဝင်နန်းတော်ကို သွားတော့မှာဆိုတော့၊ သွားကြည့်ကြတာပေါ့လေ။” ဟုန်ယွိ၏ မျက်နှာသည် မည်သည့် ခံစားချက်မပြဘဲ ဤသို့ ပြောလိုက်သည်။
“သူ ဒီလိုရောက်လာပုံထောက်တော့ တစ်ခုခုကို စုံစမ်းနေတာ ဖြစ်ရမယ်။ ဒီချန်ပီယံမြို့စားက တကယ်ကို မရိုးရှင်းဘူး။ သူက ယွန်နိုင်ငံကို ဘယ်လိုလုပ် ရောက်လာမှာလဲ။ နတ်ဘုရားလေနိုင်ငံမှာ ယွန်နိုင်ငံကို အမြဲစောင့်ကြည့်နေတဲ့ လျှို့ဝှက်သူလျှိုတွေ၊ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေ အများကြီး ရှိပုံရတယ်။”
ချန်ယင်းရှာ၏ မျက်ခုံးများက တွန့်သွားပြီး လက်ဝှေ့ယမ်းလိုက်သည်။ “အရင်ပြန်သွားပြီး သတင်းပို့လိုက်၊ ငါ နောက်မှ လိုက်လာမယ်။”
“ဟုတ်ကဲ့…”
ဤငွေငါးမန်းချပ်ဝတ် စစ်သည်များသည် သေမင်းအစောင့်တပ်သားများကဲ့သို့ သစ္စာစောင့်သိကြသည်။ ချန်ယင်းရှာ၏ အမိန့်ကို လက်ခံရရှိသည်နှင့် တွန့်ဆုတ်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာသွားသည်။
“ဒီချန်ပီယံမြို့စားက တကယ်ကို ရိုးရှင်းပုံမရဘူး။ သူ့ရဲ့သိုင်းပညာက နက်နဲပြီး၊ သိုင်းသူတော်စင်နယ်ပယ်ရဲ့ အထွက်အထိပ်ကို ရောက်ရှိထားတယ်။ သူက ရုတ်တရက် ဘယ်နေကမှန်း ပေါ်ထွက်လာတဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက်ပဲ။ ဒီလူဟာ ဟုန်ရွှန်ကျိလိုမျိုး လူသားအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ပြီး စစ်နတ်ဘုရားလိုပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်တယ်။”
ချန်ယင်းရှာက မျက်မှောင်ကြုတ်လိုက်ပြီး၊ “ဒီလူရဲ့တည်ရှိမှုက သေချာပေါက် ခြိမ်းခြောက်မှုကြီး တစ်ခုပဲ။ ငါ့ရဲ့လက်ရှိနည်းလမ်းမျိုးနဲ့, ငါ သူ့ကို ဖျက်ဆီးပစ်ချင်တယ်။”
ကောင်းကင်စုန်းမြို့တွင် ရတနာရှာဖွေခဲ့စဉ်တုန်းက ဟုန်ယွိသည် ချန်ပီယံမြို့စား၏ သိုင်းပညာ လက်သီးဆန္ဒက တောရိုင်းဒေသတခွင်လုံးကို လွှမ်းခြုံထားပြီး အစွန်းလေးပါးစလုံးအထိ ထုတ်လွှတ်နိုင်ကြောင်း တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူသည် နင်ဂျာဘုန်းကြီးထက်ပင် သာလွန်သည်။ ဝေတိုင်ကန်၊ ဝူအိမ်တော်ထိန်းတို့နှင့် နှိုင်းယှဉ်ပါက ပိုမိုရဲရင့်သည်။ (အစွန်းလေးပါဟူသည် ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ဖြစ်ခြင်းနှင့်မဖြစ်ခြင်း၊ ဖြစ်ခြင်းလည်းမဟုတ် မဖြစ်ခြင်းလည်း မဟုတ်၊) four extremes - ကို အဆင်ပြေမည်ထင်သလို ပြန်ဆိုထားပါသည်။
အထူးသဖြင့် ယခုအခါ သူ၏အသက်သည် ၂၀ ပင် မပြည့်သေးပေ။ ဤသည်မှာ ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း မည်သူမျှ သံသယမရှိပေ။
သမိုင်းတွင်၊ ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် စောစောစီးစီး မသေဆုံးပါက ၎င်းတို့၏အောင်မြင်မှုများသည် အလွန်မင်း မြင့်မားလေ့ရှိသည်။
“ငါတို့ သူ့ကို ဖယ်ရှားပစ်လိုက်ရင် ယွန်နိုင်ငံတော့ အဆုံးသတ်သွားပြီ။ ကျွန်းပေါ်က လူဦးရေ ၈၀၀,၀၀၀ ရဲ့ ဘဝတွေ၊ အသက်တွေနဲ့အတူ ယွန်နိုင်ငံရဲ့ အခြေခံအုတ်မြစ်လည်း ပျက်စီးသွားလိမ့်မယ်။ ဒါ့အပြင်၊ ဒီလူမှာ ဖန်ဆင်းခြင်းဗူးသီးနဲ့ သူ့ဘေးမှာ နတ်လင်းယုန်ဘုရင်တို့ ရှိနေတယ်။ သူက ငါတို့နဲ့ မယှဉ်နိုင်ရင်တောင် အချိန်မရွေး ထွက်ပြေးနိုင်တယ်။ သူ့ကို ဖယ်ရှားပစ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။”
ဟုန်ယွိက ထရပ်လိုက်သည်။ “တောရိုင်းဒေသမှာ ငါ အမြန်ကြည့်လိုက်ရတော့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ဒီတစ်ကြိမ်တော့ သူ့ကို သေချာကြည့်ချင်တယ်။”
ချန်ပီယံမြို့စားကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် မိုးကြိုးကပ်ဘေးတစ္ဆေအင်မော်တယ်တစ်ပိုင်း၏ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ ချန်ပီယံမြို့စားကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
သို့သော်၊ ဟုန်ယွိသည် ထိုအကြောင်းကို စဉ်းစားကြည့်သည်။ ချန်ပီယံမြို့စားတွင် သူ့ဝတ်စုံလက်မောင်းထဲမှာ လှည့်ကွက်များ စွာရှိပြီး၊ သူ့ဝှက်ဖဲက ဘာဖြစ်မည်ကို မည်သူမျှ မသိပေ။ ဖန်တီးခြင်းဗူးသီးထဲတွင် အခြားအရာများစွာကို ဝှက်ထားနိုင်သည်။ ထို့ကြောင့် အလျင်စလို လှုပ်ရှားရန် မသင့်တော်ပေ။ ထို့အပြင်၊ ချန်ပီယံမြို့စားကို သတ်ဖြတ်လိုက်ပါက တော်ဝင်ချန်သည် နိုင်ငံတစ်ခုလုံး၏ စစ်တပ်ကို အသုံးပြုပြီး ယွန်နိုင်ငံကို တိုက်ခိုက်ဖွယ် ရှိသည်။
လူဦးရေ ၈၀၀,၀၀၀ သာရှိသော ယွန်နိုင်ငံသည် ကြက်ဉတစ်လုံးကဲ့သို့ ညစ်ညစ်ကြေသွားလိမ့်မည်။
“ကျင်းရွှမ်အာ၊ မင်း ဘာလို့ ငါ့ပုခုံးပေါ်မှာပဲ အမြဲထိုင်နေတာလဲ။ အခု ငါ့ခေါင်းပေါ်ပါ တက်ထိုင်ဖို့ ကြိုးစားနေပြန်ပြီ။ မြန်မြန် ပြန်ဆင်းစမ်း။ ငါ မင်းကို ညစာစားပွဲကို ခေါ်သွားမယ်။”
ဟုန်ယွိသည် သူ့ပုခုံးပေါ်တွင် ထိုင်နေရာမှ သူ့ခေါင်းပေါ် တက်ရန်ကြိုးစားနေသော ကျင်းရွှမ်အာကို လက်ဖြင့် ဆွဲချလိုက်သည်။
“ချီဇီယန်၊ သခင်ကျိုး၊ အဲဒီအစေခံတွေကို သေချာ စီမံထားလိုက်။ သေသေချာချာ သော့ပိတ်ပြီး စောင့်ကြည့်ထား။ ဘာသတင်းမှ မပေါက်ကြားစေနဲ့။ ချန်ပီယံမြို့စားက ယွန်နိုင်ငံကို ရောက်လာပြီဆိုတော့၊ သူက စုံစမ်းဖို့လူတွေ စေလွှတ်ထားနိုင်ဖွယ် ရှိတယ်။ အဲဒီအကျဉ်းသားတွေက ဖူဘိုရေတပ်ရဲ့ ကျွန်တွေပဲ။ ဘာအမှားယွင်းမှ ဖြစ်လို့မရဘူး….”
ဟုန်ယွိသည် ဆုံးဖြတ်ချက်ချပြီးနောက် အမိန့်များ ထုတ်ပြန်လိုက်သည်။
ပထမဆုံးအနေဖြင့် ဖူဘိုရေတပ်၏ ကျွန်တွေကို တင်းကြပ်စွာ ထိန်းချုပ်ရန် ဖြစ်သည်။ ဒုတိယအချက်မှာ မက်မွန်နတ်ဘုရားသင်္ဘောကြီးနှင့် ဖူဘိုရေတပ်၏ တရားဝင်သင်္ဘောများကို ဖုံးကွယ်ထားရန် ဖြစ်သည်။
ယခုအခါ ဟုန်ယွိတွင် လက်အောက်ငယ်သားများစွာ ရှိနေပြီး၊ ၎င်းတို့အားလုံးသည် ကျွမ်းကျင်သူများ ဖြစ်သည်။ ၎င်းတို့ထဲတွင် သိုင်းသူတော်စင် ဖြစ်သော နင်ဂျာဘုန်းတော်ကြီးလည်း ပါဝင်သည်။ သူသည် အတောင်အပြည့်ပေါက်လာသော ကျားတစ်ကောင်နှင့်တူသည်။ သူ၏ အတောင်များသည် တဖြည်းဖြည်း ကြီးထွားလာသည်နှင့် အချိုးကိစ္စများကို ညွှန်ကြားချက်အချို့ပေးပြီး၊ သေသေချာချာ ကိုင်တွယ်လာနိုင်ပြီ။
အထူးသဖြင့် နင်ဂျာဘုန်းတော်ကြီးသည် ရှန်ထိုက်ဇူကို တွေ့သည်နှင့် တပည့်အဖြစ် လက်ခံခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် ရှန်မိသားစုတောင်ကြားမှ ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီးသား ဖြစ်သည်။ ရှန်မိသားစုတောင်ကြား၏ လယ်သမားများသည် အတိတ်က ဒိုင်ဇင်ဘုရားကျောင်း၏ ငှားရမ်းသူများ ဖြစ်ခဲ့ပြီး၊ ၎င်းတို့သည် မျိုးဆက်ပေါင်းများစွာ ဒိုင်ဇင်ဘုရားကျောင်း၏ လယ်ကွက်များကို ငှားရမ်းခဲ့သည်။
နင်ဂျာဘုန်းတော်ကြီးသည် ငယ်ရွယ်စဉ်တုန်းက ရှန်မိသားစုတောင်ကြားသို့ ငှားရမ်းခများ ကောက်ခံရန် သွားခဲ့ဖူးပြီး၊ ရွာသားများကို သိုင်းပညာ သင်ကြားပေးခဲ့သည်။
ညွှန်ကြားချက်များ ထုတ်ပြန်ပြီးနောက်၊ ဟုန်ယွိနှင့် ကျင်းရွှမ်အာသည် ချန်ယင်းရှာ၏ မြင်းရထားပေါ်သို့ တက်ကာ ယွန်နိုင်ငံ၏ နန်းတော်သို့ ဦးတည်သွားသည်။
တစ်နာရီခန့်အကြာတွင် မြင်းရထားသည် ယွန်နိုင်ငံသို့ ရောက်ရှိပြီး နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်။ ယွန်နိုင်ငံ၏ ပင်မမြို့တော်သည် ခမ်းနားကြီးကျယ်သည်။ မြေအခင်းများကို အပြာရောင်ကျောက်ပြားများဖြင့် ပြုလုပ်ထားပြီး၊ မြင်းခွာသံများသည် ကျောက်ပြားများပေါ်တွင် ရှင်းလင်းပြတ်သားသော အသံများ ထွက်ပေါ်လာသည်။
“ဟမ်၊ ယွန်နိုင်ငံရဲ့ ပင်မမြို့တော်က တကယ်ကို ခမ်းနားတဲ့ အသွင်အပြင် ရှိတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုရဲ့ မြို့တော်ပဲလေ။ တောင်ပိုင်းခရိုင်၊ ရွေ့ယန်ပြည်နယ် ထက်တောင် အနည်းဆုံး သုံးဆလောက်ကြီးတယ်။ ဒါပေမယ့် ကောင်းကင်စုန်းမြို့ကို ဒီကို ပြောင်းရွှေ့လို့ရရင်၊ တကယ်ကို ခိုင်ခံ့တဲ့မြို့တစ်မြို့ ဖြစ်လာလိမ့်မယ်။”
ယွန်နိုင်ငံ၏ ပင်မမြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ ဟုန်ယွိသည် မြင်းရထားပြတင်းပေါက်မှ အပြင်ရှုခင်းများကို ကြည့်ရူမိသည်။ လမ်းတစ်လျှောက်တွင် ဆိုင်များ၊ လူသွားလမ်းများ၊ လမ်းမများနှင့် ရေမြောင်းများကို သန့်ရှင်းရေးလုပ်နေသူများကို တွေ့ရသည်။ အရာအားလုံးသည် စနစ်တကျရှိသည်။
မြို့တော်၏ အရှေ့ဘက်တွင်၊ သစ်သားခန်းမကြီးတစ်ခုအတွင်းမှာ ကလေးများစွာသည် တော်ဝင်ချန် ဘာသာစကားဖြင့် ဂန္ထဝင်စာပေများကို ဖတ်နေသည့်အသံများ ထွက်ပေါ်လာသည်။
“ဒီမြို့ကို ကောင်းကောင်း အုပ်ချုပ်နိုင်တာပဲ။ ကောင်းကင်စုန်းမြို့ရဲ့ မှိုင်းမှုန်ပြီး အသက်မဲ့တဲ့ အငွေ့အသက်ထက် အဆတစ်သောင်း ပိုကောင်းတယ်။ ဒါက နိုင်ငံတစ်ခုရဲ့ အငွေ့အသက်ပဲ။ စုန်းတစ္ဆေဂိုဏ်းလို တာအိုဂိုဏ်းတစ်ခုက အုပ်ချုပ်ရေးကို ဘယ်လိုလုပ် ဖော်ဆောင်နိုင်မှာလဲ။ နန်းတော်ဝင်ပေါက်က ထုံးတမ်းစဉ်လာတွေကလည်း အလွန်သိက္ခာရှိတယ်။ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံရဲ့ ထုံးတမ်းစဉ်လာတွေကို တုပထားပြီး၊ အနှစ်သာရကို သင်ယူထားတယ်။”
နန်းတော်ဝင်ပေါက်တွင် အနီရောင်နံရံ အမြင့်ကြီးများ၊ အဝါရောင်ကြွေပြားများနှင့် အနက်ရောင်သံမဏိပုံစံ ကြမ်းပြင်များ ရှိသည်။ ထို့အပြင်၊ အလံများကိုင်ဆောင်ထားသော ဂုဏ်ပြုသည့် အစောင့်အကြပ်များ၊ ခမ်းနားထည်ဝါသော တံပိုးခရာမှုတ်သံများ၊ ဗုံတီးသံများနှင့် ခေါင်းလောင်းသံများလည်း မြိုင်မြိုင်ဆိုင်ဆိုင် ကြားနေရသည်။ လေးလံသော လက်နက်များကို ကိုင်ဆောင်ထားသော အစောင့်များသည် လေးလွှာလုံးတွင် ဖြန့်ကျက်ထားသည်။ ဤအရာအားလုံးသည် ယွန်နိုင်ငံ၏ တရားဝင်နိုင်ငံတစ်ခု၏ အငွေ့အသက်ကို ပြသသည်။
တရားဝင်နိုင်ငံတစ်ခုကို မည်သည်အချက်များဖြင့် ဆုံးဖြတ်ရမည်နည်း။ သေချာပေါက် ထုံးတမ်းစဉ်လာယဉ်ကျေးမူပင် ဖြစ်သည်။ ထုံးတမ်းစဉ်လာယဉ်ကျေးမူသည် တရားဝင်ဖြစ်ပြီး၊ လူထု၏ စိတ်နှလုံးများကို တည်ငြိမ်စေကာ စည်းလုံးစေသည်။ ၎င်းတို့သည် သဲပုံတစ်ခုမဟုတ်ဘဲ တရားဝင်နိုင်ငံတစ်ခုဟု ခံစားရမည် ဖြစ်သည်။
ချန်ယင်းရှာသည် ယွန်နိုင်ငံတွင် အဆင့်အတန်း မြင့်မားသည်။ သူမမြင်းရထားသည် ပင်မဝင်ပေါက်မှ ဝင်ရောက်လာပြီး၊ နန်းတော်အလယ်ရှိ ပင်မခန်းမသို့ ဦးတည်သည့် ရှည်လျားသော လမ်းမကြီးကို ဖြတ်သန်းသွားသည်။
“ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ဆယ့်နှစ်လွှာဇိမ်ခံအိမ်လဲ။ ဒါက ရှေးခေတ် ထုံးတမ်းစဉ်လာတစ်ခုပဲ။” (ဤနေရာ၌ ဇိမ်ခံအိမ်ဆောင်သည် လိင်ကိစ္စအတွက်သာမက အနုပညာ၊ စာပေနှင့် ဖျော်ဖြေရေးတို့အတွက်ပါရှိနေသာ နေရာများဖြစ်သည်။)
ဟုန်ယွိသည် မြင်းရထားထဲတွင်ထိုင်ရင်း ပင်မလမ်းမနှစ်ဖက်ရှိ အစိမ်းရောင်သစ်သား အဆောက်အအုံများကို ကြည့်သည်။ အဆောက်အအုံများသည် ပျံတက်နေသော အမိုးများနှင့် အမိုးခုံးပုံစံများ ထွင်းထုထားသည်။ အဆောက်အအုံ လမ်းတစ်လျှောက်တွင် တံခါးများ ၁၂ ပေါက် ရှိသည်။ သူသည် ရင်ထဲတွင် လျှို့ဝှက် အံ့ဩနေမိသည်။
ဆယ့်နှစ်လွှာ ဇိမ်ခံအိမ်သည် ရှေးခေတ်တော်ဝင် နန်းတော်၏ ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။ “Qinglou” ဟူသော စကားလုံးသည် မူလက တော်ဝင်နန်းတော်ကို ဖော်ပြရန် အသုံးပြုခဲ့သော်လည်း၊ တဖြည်းဖြည်း ပြည့်တန်ဆာအိမ်ဟု လူသိများလာခဲ့သည်။ (Qinglou- ကို မူလက တော်ဝင်နန်းတော်ဟု အသုံးပြုရာမှ ဇိမ်ခံအိမ်ဟု အသုံးပြုခဲ့သည်ကို ဆွီယွမ်ကဗျာတွင် တွေ့ရသည်။ ၎င်းတွင် ယွမ်မီက လျှိုဘင်ဝမ်၏ကဗျာအကြောင်းကို ရေးသားခဲ့ပြီး၊ တန်မင်းဆက်မတိုင်မီ “Qinglou” ဟူသော စကားလုံးသည် နန်းတော်ကို ဖော်ပြရန် အသုံးပြုခဲ့သည်ဟု ယုံကြည်သည်။)
မြင်းရထားသည် ပင်မခန်းမဘေးတွင် ရပ်တန့်လိုက်သည်။ အချို့သော အစေခံများသည် ချန်ယင်းရှာကို ကူညီရန် ရောက်လာပြီး၊ သူမကို ဒူးထောက် နှုတ်ဆက်ပြီးနောက်၊ သူတို့သုံးဦးကို နိုင်ငံတော် ညစာစားပွဲခန်းမသို့ ခေါ်ဆောင်သွားသည်။
တစ်ခန်းမလုံးသည် ခမ်းနားထည်ဝါသော ခံစားမှုကို ပေးသည်။ ယွန်နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၊ အစိုးရအဖွဲ့ဝင်များနှင့် မင်းသားမင်းသမီးများစွာတို့ တက်ရောက်နေကြသည်။ လူတစ်ဦးစီတွင် ကြီးမားသော စားပွဲတစ်လုံးရှိပြီး၊ ၎င်းတို့၏ အဆင့်အတန်းအလိုက် တင်းကြပ်စွာ စီစဉ်ထားသည်။ ဤသည်မှာ ခမ်းနားသော ညစာစားပွဲတစ်ခု ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဂီတသမားများက ခေါင်းလောင်းများကို တီးခတ်ပြီး လှပသော ဂီတသံများ ထွက်ပေါ်လာသည်။ မီးလောင်အိုးများစွာသည် အမံဓာတ်ငွေ့၏ မီးခိုးများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ပြည်ပမှ သေးငယ်သော ဧကရာဇ်နန်းတော်တစ်ခုဖြစ်သည်။
ဟုန်ယွိသည် ဝင်ရောက်လာသည်နှင့် ချန်ပီယံမြို့စားကို ထိပ်ဆုံးတွင် ထိုင်နေသည်ကို တွေ့ရသည်။ သူသည် ရွှေနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယွန်နိုင်ငံ၏ ဘုရင်နှင့် အဆင့်တူညီစွာ ထိုင်နေသည်။