← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 21 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 21 Ch. 239-240

အခန်း (၂၃၉)။

ဟုန်ယွိအနေဖြင့် ယခုတစ်ကြိမ်သည် ချန်ပီယံမြို့စားကို ဒုတိယအကြိမ်တွေ့ဆုံခြင်း ဖြစ်သည်။ ဤလူသည် တော်ဝင်ချန် မင်းဆက်၏ ဒဏ္ဍာရီသဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ငယ်ရွယ်စဉ်ကတည်းက ထောင်သောင်းချီသော တပ်များကို အမိန့်ပေးကာ နယ်စွန်နယ်ဖျားကို နှိမ်နင်းပြီး၊ ယွန်မင်နှင့် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ပထမအကြိမ်မှာ လွန်ခဲ့သော လဝက်ခန့်က ကောင်ကင်စုန်းမြို့၏ တောရိုင်းဒေသတွင် ဖြစ်သည်။ ထိုစဉ်တုန်းက သူသည် မြင့်မားသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပြီး သူရဲကောင်းဆန်သည်။ မာန်မာနကြီးပြီး နတ်ဘုရားများကို သတ်နိုင်ကာ၊ ဗုဒ္ဓများကို ဖျက်ဆီးနိုင်သည့်ဟန် ရှိ၏။ ကောင်းကင်နှင့် မြေကြီးပင်လျှင် သူ့ရှေ့တွင် နှိမ့်ချရမည်။

သို့သော် ယခုအခါ ယွန်နိုင်ငံ၏ နိုင်ငံတော်ညစာစားပွဲတွင် ဤချန်ပီယံမြို့စားသည် မတူညီသော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

သူသည် တစ်ဖက်လက်ဖြင့် ခေါက်ယပ်တောင်ကို ယပ်ခတ်ကာ၊ ကျန်တစ်ဖက်တွင် အလင်းရောင်ထွက်နေသော ခွက်ကို ကိုင်ဆောင်လျက် အေးအေးဆေးဆေး အရက်သောက်နေသည်။ သူ၏ ခရမ်းရွှေရောင်သရဖူကို ချည်နှောင်ထားသော ဦးခေါင်းပဝါစ နှစ်ချောင်းသည် လွင့်ကျနေသည်။ သူ၏ မျက်လုံးများသည် ကြယ်များပမာ လင်းလက်နေပြီး၊ သူ့မျက်နှာက ကျောက်စိမ်းပမာ တောက်ပနေကာ၊ ဖော်မပြနိုင်သော ကျက်သရေနှင့် ခမ်းနားထည်ဝါမှုကို ပိုင်ဆိုင်ထားသည်။

သူသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူနှင့် အဆင့်တန်း တူညီစွာ ထိုင်ပြီး အရက်သောက်ကာ စကားပြော ရယ်မောနိုင်သည့် နိုင်ငံတစ်ခု၏ ဝန်ကြီးချုပ် တစ်ဦးလည်းဖြစ်၊ သံတမန်ရေးရာ အာဏာကြီးမားကာ နိုင်ငံအမျိုးမျိုးနှင့် ဆက်ဆံနေရသော ဝန်ကြီးချုပ်တစ်ဦး၏ ဟန်ပန်မျိုးလည်း ရှိသည်။

ချန်ပီယံမြို့စား၏ အပြုအမူကို မြင်ရသောအခါ ဟုန်ယွိသည် ဤလူသည် စစ်တပ်ကို ဦးဆောင်ကာ စစ်မြေပြင်တွင် သတ်ဖြတ်နိုင်ရုံလောက်သာ ကျွမ်းကျင်မည်ဟု မူလက ထင်မှတ်ခဲ့သည်။ သို့သော် ယခုမှ ဤလူကို ပိုမိုနက်နဲစွာ နားလည်လိုက်ရသည်။

“ဒီလူက ‘မြင်းပေါ်တက်ရင် စစ်တပ်ကို အုပ်ချုပ်နိုင်ပြီး၊ မြင်းပေါ်က ဆင်းရင် လူထုကို ငြိမ်းချမ်းစေနိုင်တယ်’ ဆိုတဲ့ အရည်ချင်းမျိုး တကယ်ကို ပိုင်ဆိုင်ထားတာပဲ။ နောင်အနာဂတ်မှာ ဒီလူက နောက်ထပ် ဟုန်ရွှန်ကျိ တစ်ယောက် ဖြစ်လာလေမလား…..။”

ဟုန်ယွိသည် သူ့ရင်ထဲတွင် တွေးတောနေသည်။ ချန်ပီယံမြို့စားနှင့် ဟုန်ရွှန်ကျိတို့ကို နှိုင်းယှဉ်ကြည့်လျှင်, နှစ်ဦးစလုံးသည် တော်ဝင်ချန်၏ ဝန်ကြီးများဖြစ်ကြပြီး၊ တစ်ဦးက အသက်ကြီးပြီး တစ်ဦးက ငယ်ရွယ်သည်။ နှစ်ဦးစလုံးသည် ငယ်ရွယ်စဉ်ကတည်းက ရဲရင့်သူများ ဖြစ်ကြပြီး၊ စစ်မြေပြင်တွင် ပြိုင်ဘက်ကင်း စစ်ဗိုလ်ချုပ်များ ဖြစ်ကြကာ၊ သူတို့၏ အတွေ့အကြုံများကလည်း အတူတူပင်။

နိုင်ငံတစ်ခုအတွက်, မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ ဤကဲ့သို့ အမွေဆက်ခံနိုင်မှုသည် သာယာဝပြောမှု၏ သင်္ကေတ ဖြစ်သည်။

သို့သော် ဟုန်ယွိသည် ဤချန်ပီယံမြို့စားကို နှစ်သက်ခြင်း မရှိချေ။

သူသည် ဧကရာဇ်သံတမန် ဗိုလ်ချုပ် ရှောင်ထျန်းယောင်ကို သတ်ဖြတ်ခဲ့ရုံမျှမက ချန်ပီယံမြို့စားသည်လည်း ဟုန်ရွှန်ကျိနှင့် အတွေ့အကြုံ တူညီနေခြင်းကြောင့်ပင် ဟုန်ယွိသည် မပျော်မရွှင် ဖြစ်နေခဲ့သည်။

ယုတ္တိနည်းကျကျ ပြောရလျှင်, ဟုန်ယွိ၏ လက်ရှိ အောင်မြင်မှုများသည် နိမ့်ကျခြင်း မရှိချေ။ သူသည် တာအိုကျင့်ကြံခြင်းလောကတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်နိုင်သည်။ သူနှစ်ဦးစလုံးသည် လူငယ်များ ဖြစ်သည်။ တစ်ဦးမှာ တစ္ဆေအင်မော်တယ် ဖြစ်ပြီး ကျန်တစ်ဦးမှာ သိုင်းသူတော်စင် ဖြစ်သည်။ နှစ်ဦးစလုံး တော်ဝင်ချန်၏ ဝန်ကြီးများ ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အနည်းငယ် လေးစားမှု ရှိသင့်သည်။ သို့သော် ဟုန်ယွိတွင် ထိုခံစားချက်မျိုး အနည်းငယ်မျှပင် မရှိပါချေ။

ထို့အပြင် သူ၏ စက်ဆုပ်ရွံရှာမှုကို ပြောင်းလဲပစ်ရန် ရည်ရွယ်ချက် မရှိချေ။ သူသည် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာအောင် ကျင့်ကြံနိုင်ခဲ့သော်လည်း တိုင်ရှန်တာအိုဂိုဏ်း၏ စိတ်ခံစားချက် မေ့လျော့ခြင်းလမ်းစဉ်ကို ကျင့်ကြံခဲ့ခြင်း မဟုတ်ချေ။ သူ၏ ခံစားချက်အားလုံးကို သူ၏စိတ်သဘောထားတွင် ထုတ်ဖော်ထားသည်။ ကြိုက်ရင် ကြိုက်သည်။ မကြိုက်လျှင် မကြိုက်ဘူးဟု ဖော်ပြမည် ဖြစ်သည်။ ၎င်းကို အတင်း ဖိနှိပ်ထားရန် သို့မဟုတ် ပြောင်းလဲပစ်ရန် ကြိုးစားမည် မဟုတ်ချေ။

“ဒီစက်ဆုပ်ရွံရှာမူက ငါ့ရင်ထဲက မနာလိုမှုကြောင့် ဖြစ်ပေါ်လာတာပဲ။ တကယ်လို့, ဟုန်ရွှန်ကျိသာ ငယ်ငယ်ကတည်းက ငါ့ကို သိုင်းပညာ လေ့ကျင့်ခွင့် ပေးခဲ့ရင်၊ ငါ့အောင်မြင်မှုကလည်း ဒီချန်ပီယံမြို့စားထက် နိမ့်ကျမှာ မဟုတ်ဘူး။ ဒီလူကို အခုချက်ချင်း ငါ ဖျက်ဆီးလို့ မရသေးပေမယ့် သူ့ကို သေချာဖိနှိပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ သူ့ကို ရှုံးနိမ့်မှုဆိုတဲ့ ခံစားချက်မျိုးကို ဖန်တီးပေးရမယ်။ ဒါမှ နတ်ဘုရားတွေကို သတ်ဖြတ်ပြီး၊ ဗုဒ္ဓအားလုံးကို ရှင်းလင်းကာ၊ ပျက်သုဉ်းခြင်းနယ်မြေရှစ်ခုနဲ့ မြစ်ချောင်းတွေအားလုံးကို သူ့ခြေဖဝါးအောက်မှာ ပြားပြားဝပ်အောင် လုပ်နိုင်တယ်ဆိုတဲ့ သူ့စိတ်ဓာတ်ကို ဖယ်ရှားပစ်နိုင်မယ်။ ဒါကတော့ သူ့ရဲ့ တာအိုနှလုံးသားပဲ။ သူ့တာအိုနှလုံးသား ကျိုးပျက်သွားရင် သူ့အောင်မြင်မှုလည်း ဒီမှာပဲ ရပ်တန့်သွားမယ်။ တော်ဝင်ချန် နန်းတော်မှာ ဟုန်ရွှန်ကျိ တစ်ယောက် ထွက်ပေါ်လာရုံနဲ့တင် တကယ်ကို ခေါင်းကိုက်စရာ ဖြစ်နေပြီ။ ဟုန်ရွှန်ကျိလိုလူမျိုး နောက်တစ်ယောက် ထပ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ…”

ဟုန်ယွိသည် ယွန်နိုင်ငံ၏ နန်းတော်ခန်းမထဲ ခြေချလိုက်သည်နှင့် ချန်ပီယံမြို့စားကို မြင်လိုက်ရချိန်တွင် အခွင့်အရေးရှာပြီး ချန်ပီယံမြို့စား၏ ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ထိုးနှက်ရန် ဆုံးဖြတ်ခဲ့သည်။

တာအိုပညာစကားအရဆို သူသည် သူ့တာအိုနှလုံးသားကို ဖျက်ဆီးလိုခြင်း ဖြစ်သည်။

ချန်ပီယံမြို့စား၏ တာအိုနှလုံးသားမှာ ဖန်ဆင်းရှင်ကို ထိန်းချုပ်နိုင်ပြီး၊ နတ်ဘုရားတွေကို သတ်ဖြတ်ကာ၊ ဗုဒ္ဓအားလုံးကို ဖျက်ဆီးနိုင်သော စိတ်ဓာတ်ဖြစ်သည်။ ရှုံးနိမ့်မှု ခံစားချက်ရှိလာသည်နှင့် သူ၏ တာအိုနှလုံးသားသည် သေချာပေါက် လှုပ်ခတ်သွားမည်ဖြစ်ပြီး သူ့ကျင့်ကြံမှုလည်း ရပ်တန့်သွားမည်။

ချန်ပီယံမြို့စားသည် တာအိုပညာရပ်များကို မကျင့်ကြံဘဲ သိုင်းပညာကိုသာ လေ့ကျင့်ထားသူ ဖြစ်သည်။ စိတ်နှလုံး၏ စိတ်ဆန္ဒသည် အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ တစ်ကြိမ် လှုပ်ခတ်သွားသည်နှင့် လူတစ်ယောက်လုံး ပြိုလဲသွားနိုင်သည်။

ဟုန်ယွိသည် ချန်ပီယံမြို့စားကို နောင်အနာဂတ်တွင် ဟုန်ရွှန်ကျိလို လူသားအင်မော်တယ်တစ်ဦး ဖြစ်လာမည်ကို မလိုလားပေ။

သိုင်းသူတော်စင်မှ လူသားအင်မော်တယ်အဖြစ် ကျင့်ကြံရန် အလွန်မင်း ခက်ခဲသည်။ တာအိုပညာ ၏ ရှင်ခြင်းသေခြင်းအတားအဆီးနှင့် တစ္ဆေအင်မော်တယ်နယ်ပယ်ထက် များစွာ ပိုခက်ခဲသည်။ ဆေဘာသူတော်စင် ဂွန်ယန်ယုကဲ့သို့ ပါရမီရှင်တစ်ဦးပင်လျှင် ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။

ဟုန်ရွှန်ကျိကဲ့သို့ လူမျိုးပင်လျှင် ဤအတားအဆီးတွင် နှစ်ပေါင်း ၂၀ ပြည့်အောင် ပိတ်ဆို့နေခဲ့ရသည်။

ဘုန်းတော်ကြီး ယင်ယွဲ့သည် ပစ္စုပ္ပန်ကမ္ဘာဗုဒ္ဓကျမ်းကို ကျင့်ကြံပြီးမှ သိုင်းတာအို၏ လူသားအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။

သို့သော် မည်မျှ ခက်ခဲသည်ဖြစ်စေ ဟုန်ယွိ ခံစားမိသလောက်ဆို ချန်ပီယံမြို့စားတွင် ဖြတ်ကျော်နိုင်မည့် မျှော်လင့်ချက် ရှိသည်။

လူတစ်ယောက်သည် လူသားအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် သူ့လက်သီးဆန္ဒသည် အထွဋ်အထိပ်သို့ ရောက်ရှိမည်။ မည်သည့် နတ်ဆိုးကမှ ကျူးကျော် ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။ မိုးကြိုးကပ်ဘေး သုံးလေးကြိမ် ဖြတ်ကျော်ခဲ့သော ဉဒေါင်းဘုရင်ကဲ့သို့ နတ်ဆိုးဘုရင်ပင်လျှင် ဘာမှ မတတ်နိုင်ခဲ့ပေ။ ဤကဲ့သို့ တည်ရှိမှုသည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်း တည်ရှိမူမျိုး ဖြစ်သည်။

ခန်းမထဲ ဝင်လိုက်သည်နှင့် ချန်ပီယံမြို့စားကို မြင်လိုက်ရချိန်တွင် ဟုန်ယွိသည် သူ၏ ပြိုင်ဘက်ကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင် အစီအစဉ်အချို့ ချမှတ်ခဲ့သည်။

ဟုန်ယွိသည် ချန်ပီယံမြို့စားကို ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ခန်းမထဲ ဝင်လာချိန်တွင် ချန်ပီယံမြို့စားက သူ့ကို လုံးဝ ဂရုစိုက်ပုံမရပါချေ။

ဟုန်ယွိ၊ ချန်ယင်းရှာနှင့် ကျင်းရွှမ်အာတို့ ခန်းမထဲ ဝင်လာချိန်တွင် ချန်ပီယံမြို့စား၏ မျက်လုံးများက သူ့အပေါ်တွင် တခဏမျှသာ ရပ်တန့်သွားခဲ့သည်။ အနည်းငယ် လင်းလက်သွားပြီးနောက်၊ သူ့မျက်လုံးများက ချန်ယင်းရှာနှင့် နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် လုံးဝ ဖွဲ့စည်းထားသော ကလေးမလေး ကျင်းရွှမ်အာကို ကြည့်လိုက်သည်။

ယခုအခါ, ဟုန်ယွိသည် သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို လုံးဝ ရုတ်သိမ်းပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြန့်ကျက်ထားသည်။ သူ့ပုံစံက မကြာသေးမီက မဟာဆရာသခင်အဆင့် ဝင်ရောက်ခဲ့သော ပညာရှင်တစ်ဦးနှင့်တူသည်။ ထို့အပြင် အတွေးမရှိငြိမ်သက်မူအခြေအနေကို အသုံးပြု၍ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကို စုစည်းထားခဲ့သည်။ ဤအချက်များမှတဆင့် လူများစွာသည် သူသည် တာအိုပညာရှင်တစ်ဦးဟု စိတ်သူမိမည် မဟုတ်ပေ။ သူသည် သိုင်းပညာသက်သက်ကိုသာ လေ့ကျင့်သူတစ်ဦးဟု ထင်မှတ်ကြလိမ့်မည်။

မဟာဆရာသခင်အဆင့်သည် ရှားပါးသော်လည်း ချန်ပီယံမြို့စားလို လူတစ်ဦး၏ မျက်လုံးထဲတွင် ကြီးကြီးမားမား မဟုတ်ချေ။

သူ စီမံချုပ်ကိုင်ထားသော စကြာဝဠာ နဂါးအစောင့်များသည် နက်ရှိုင်းသော သိုင်းပညာများကို ပိုင်ဆိုင်ထားကြသည့် မဟာဆရာသခင်အဆင့်များပင် ဖြစ်သည်။

“ဟမ်…”

ကျင်းရွှမ်အာကို မြင်ရချိန်တွင် ချန်ပီယံမြို့စား၏ အံ့သြသံကို ဟုန်ယွိပင် ကြားလိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် သံသယအရိပ်ယောင် လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။

သူ၏နောက်တွင် ဖန်ရှင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ရှောင်အန်ရန်နှင့် နတ်လင်းယုန်ဘုရင်တို့၏ မျက်လုံးများသည် ချန်ယင်းရှာပေါ်တွင် ရှိနေသည်။ ကျင်းရွှမ်အာကို ဂရုစိုက်မိပုံ မပေါ်ချေ။

ဤအချက်ဖြင့် သူ၏မျက်လုံးအမြင်အဆင့်ကို ဆုံးဖြတ်နိုင်သည်။

ဖန်ရှင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ရှောင်အန်ရန်နှင့် နတ်လင်းယုန်ဘုရင်တို့တွင် ချန်ပီယံမြို့စား၏ အမြင်မျိုး မရှိချေ။

မိုးကြိုးကပ်ဘေးဒဏ် ပညာရှင်တစ်ဦး၏ ဝိညာဉ်သည် တစ်စုံတစ်ခုအဖြစ်သို့ တမင်တကာ ပြောင်းလဲသွားသည်နှင့် တစ္ဆေအင်မော်တယ်များပင်လျှင် မတွေ့မြင်နိုင်ချေ။

သေချာသည်မှာ, အကယ်၍, ရှောင်အန်ရန်နှင့် နတ်လင်းယုန်ဘုရင်တို့သည် သူတို့၏ အတွေးများကို အသုံးပြု၍ ကျင်းရွှမ်အာ၏ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် ကြည့်ရူမိပါက, သူမသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် ရုပ်လုံးဖော်ထားသည်ကို ခံစားမိနိုင်သေးသည်။

သို့သော် ယွန်နိုင်ငံ၏ နိုင်ငံတော် ညစာစားပွဲတွင် ဤ တစ္ဆေအင်မော်တယ် နှစ်ဦးသည် အတွေးများကို ခွဲထုတ်ရန် ဆန္ဒမရှိခဲ့ပေ။ တစ္ဆေအင်မော်တယ် ပညာရှင်၏ အတွေးများသည် အရိုးထိတိုင် အေးစိမ့်စေသည့် လေပြင်းတိုက်ခတ်မှုကို ဖြစ်ပေါ်စေနိုင်သည်ကို သိထားရမည်။ သာမန်လူများသည် အလွန် စိတ်မသက်မသာ ခံစားရလိမ့်မည်။

“မင်းသမီး ရောက်ရှိလာပါပြီ။ ဂီတပညာရှင်တွေ၊ ရပ်လိုက်…”

ယွန်နိုင်ငံ၏ ထုံးတမ်းစဉ်လာ အရာရှိက အမိန့်ထုတ်သည်။

ချက်ချင်း၊ ကြေးခေါင်းလောင်းနှင့် ကျောက်စိမ်းပန်းကန်များကို တီးခတ်နေသော ဂီတပညာရှင်များစွာသည် ရပ်တန့်သွားသည်။ လှပသော ဂီတသံစဉ်လည်း ဖြတ်တောက်သွားပြီး ခန်းမအတွင်း ညစာစားပွဲသည် ယာယီရပ်တန့်သွားသည်။ ယွန်နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်ရေးရာ အရာရှိများအားလုံး မင်းသမီး ချန်ယင်းရှာ၏ ရောက်ရှိလာမှုကို ကြည့်နေကြသည်။

“ဝမ်အာ၊ မင်း ရောက်လာပြီလား။ ငါ့ဘေးနားကို မြန်မြန်လာခဲ့။ မင်း တံခါးပိတ် ကျင့်ကြံနေတာကို ငါ မနှောင့်ယှက်ချင်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့ တော်ဝင်ချန်ရဲ့ ချန်ပီယံမြို့စားက ယွန်နိုင်ငံကို ရောက်ရှိလာတယ်။ မလွှဲမရှောင်သာ မင်းကို နှောင့်ယှက်လိုက်ရတယ်။”

ယွန်နိုင်ငံဘုရင်၏ နားထင်နှစ်ဖက်တွင် ဆံပင်ဖြူများ ရှိနေပြီး မျက်နှာက လေးထောင့်ကျကျ ဖြစ်သည်။ သူ၏မျက်ခုံးကြားမှတဆင့် သူသည် စွမ်းရည်ရှိပြီး အလုပ်ကြိုးစားသူတစ်ဦးဟု သိသာသည်။ သို့သော် ချန်ယင်းရှာကို မြင်ရချိန်တွင် သူ၏အမူအရာသည် နူးညံ့သိမ်မွေ့မူအဖြစ်သို့ ပြောင်းလဲသွားသည်။

ယွန်နိုင်ငံ၏ဘုရင် ချန်ဟွဲ့ချန်သည် ဤဘဝတွင် ချန်ယင်းရှာ၏ ဖခင်အရင်းဖြစ်သည်။

ဤဘဝတွင် ချန်ယင်းရှာ၏ ဘုရင်နှင့် ဘုရင်မကြီးတို့၏ သမီးတော်အဖြစ် ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။ ဝမ်းကွဲ မင်းသမီးတစ်ပါး မဟုတ်ချေ။

ယွန်နိုင်ငံ၏ သမိုင်းမှတ်တမ်းများအရ ဘုရင်မကြီးသည် ချန်ယင်းရှာကို မွေးဖွားချိန်တွင် သမုဒ္ဒရာထဲမှ ငွေငါးမန်း ထောင်သောင်းချီသည် ရှိခိုးနေပြီး၊ ၎င်းတို့သည် သူမရင်ခွင်တွင် ပုလဲတစ်လုံး ထားရှိခဲ့သည်ဟု အိပ်မက်မက်ခဲ့သည်။ ထို့နောက် ချန်ယင်းရှာကို မွေးဖွားခဲ့သည်။

ယွန်နိုင်ငံ လူထုသည် ဤမင်းသမီး မွေးဖွားချိန်တွင် သမုဒ္ဒရာထဲရှိ ရက်စက်ကြမ်းကြုတ်သော ငွေငါးမန်းများကို စီမံနိုင်ပြီး ၎င်းတို့ကို စီးနင်းကာ ခရီးသွားနိုင်သည်ကို သိရှိခဲ့သည်။ ထိုအချိန်မှစ၍ ယွန်နိုင်ငံ လူထုသည် ငါးဖမ်းချိန်တွင် ငါးမန်း သို့မဟုတ် အခြားပင်လယ်မွန်းစတားများနှင့် မတွေ့ဆုံခဲ့ရချေ။

တစ်ခါတစ်ရံ ၎င်းတို့၏ လှေများ မှောက်သွားချိန်တွင် ငွေငါးမန်းများက ကယ်တင်ကာ ကုန်းပေါ်သို့ ပို့ဆောင်ပေးသည်။ ဓားပြများနှင့် တွေ့ဆုံချိန်တွင် ငွေငါးမန်းများက ဓားပြလှေများကို ဖျက်ဆီးပြီး ၎င်းတို့ကို သတ်ဖြတ်သည်။ ဤကဲ့သို့ အံ့ဖွယ်ဖြစ်ရပ်များက ယွန်နိုင်ငံ လူထုကို ချန်ယင်းရှာအား ကောင်းကင်ဘုံမှ ပင်လယ်နတ်ဘုရားမ၏ လူဝင်စားအဖြစ် လေးစားစေခဲ့သည်။

ဤသည်မှာ သာမန်လူထု၏ ပြောစကား ဖြစ်သည်။ သို့သော် တာအိုပညာရှင်များအားလုံး သိရှိခဲ့သည်မှာ ချန်ယင်းရှာသည် ငွေငါးမန်းဘုရင်၏ လူဝင်စားအဖြစ် ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။

ချန်ယင်းရှာသည် နှုတ်ဆက်သံကို ကြားရချိန်တွင် ဟုန်ယွိကို အနည်းငယ် ခေါင်းညိတ်ပြပြီး ချန်ဟွဲ့ချန်ဘေးတွင် ထိုင်လိုက်သည်။

“ခမည်းတော်၊ သူတို့ကိုပါ ထိုင်ခုံ ပေးလိုက်ပါ။”

ချန်ဟွဲ့ချန်သည် ဟုန်ယွိနှင့် ကျင်းရွှမ်အာကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။ “ဝမ်အာ၊ ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ…”

ဤသည်မှာ နိုင်ငံတော်ညစာစားပွဲ ဖြစ်သည်ကို သိထားရမည်။ ယွန်နိုင်ငံသည် ထုံးတမ်းစဉ်လာကို အလွန်အကြွင်းမဲ့ လေးစားသည်။ နန်းတော်လမ်းမ ဘေးနှစ်ဖက်ရှိ ပြည့်တန်ဆာအိမ်များမှတဆင့် ရှေးခေတ်ထုံးတမ်းစဉ်လာကို တင်းကြပ်စွာ လိုက်နာကြောင်း တွေ့မြင်နိုင်ပါသည်။

နိုင်ငံတော်ညစာစားပွဲတွင် ရုတ်တရက် အချိန်အခါမဟုတ်ဘဲ လူနှစ်ဦး ပေါ်ထွက်လာခြင်းသည် ထုံးတမ်းစဉ်လာကို ကြီးကြီးမားမား ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။

ဟုန်ယွိကတော့ ကိစ္စမရှိပေ၊ သူ၏ အသွင်အပြင်သည် ဂုဏ်သိက္ခာရှိပြီး စာပေပညာရှင် အရာရှိတစ်ဦး၏ အငွေ့အသက် ရှိသည်။ သို့သော် ကျင်းရွှမ်အာမှာ အလွန်ရှက်ရဖွယ် ဖြစ်နေသည်။ သူမခေါင်းမှာ ကျစ်ဆံမြီးနှစ်ချောင်းကို ချည်ထားပြီး၊ မျက်လုံးများက ဂနာမငြိမ်ဘဲ ကလေးဆိုးတစ်ယောက်ပမာ ပတ်ဝန်းကျင်ကို အမြဲ လှည့်ပတ်ကြည့်နေသည်။

“သူက တော်ဝင်ချန် ပစိဖိတ်ရေတပ်ရဲ့ ကင်းလှည့်သံတမန်ပါ။ သမီးတော်နဲ့ စီးပွားရေး ဆက်ဆံရေး ရှိပါတယ်။ ဒါ့အပြင်, ဒီတစ်ယောက်ကတော့ သမီးတော်နဲ့ အတူတူကျင့်ကြံဖော် တာအိုမိတ်ဆွေပါ။” ချန်ယင်းရှာက တည်ငြိမ်စွာ ပြောသည်။

“အင်း၊ ထိုင်ခုံတစ်ခုံ ပေးလိုက်ပါ။ ဝမ်အာ၊ မင်းရဲ့ တာအိုမိတ်ဆွေက မင်းနဲ့အတူ ထိုင်လို့ ရတယ်။ အဲဒီ လူငယ်က တော်ဝင်ချန် ပစိဖိတ်ရေတပ်ရဲ့ ကင်းလှည့်သံတမန်ဆိုတော့ ချန်ပီယံမြို့စား အောက်မှာ ထိုင်လို့ ရတယ်။” ချန်ဟွဲ့ချန်က မိန်းမစိုးတစ်ဦးကို ညွှန်ကြားသည်။

“မလိုပါဘူး။ ထိုင်ခုံကို ကျွန်မဘေးနား ပြောင်းလိုက်ပါ။” ချန်ယင်းရှာက လက်ဝှေ့ယမ်းကာ မိန်းမစိုးကို ပြောသည်။

“ဒါ...” မိန်းမစိုးက ချန်ယင်းရှာကို အိုးတိုးအန်းတမ်း ကြည့်ကာ ချန်ဟွဲ့ချန်ကို ပြန်ကြည့်သည်။

“မင်းသမီး ပြောတဲ့အတိုင်း လုပ်ပါ။” ချန်ဟွဲ့ချန်က လက်ဝှေ့ယမ်းပြသည်။

“အရှင်မင်းကြီး၊ မင်းသမီး၊ ကျွန်တော်မှာ တင်ပြစရာ ရှိပါတယ်။” ထိုအချိန်တွင် တရားရုံးဝတ်ရုံ ဝတ်ဆင်ထားသော မုတ်ဆိတ်ရှည်နှင့် အရာရှိတစ်ဦးက ထရပ်ကာ ချန်ဟွဲ့ချန် ရှေ့သို့ လျှောက်လာသည်။ သူ ကိုယ်ကို ကိုင်းပြီး ကြားနိုင်လောက်သည့် အသံဖြင့် ပြောသည်။ “ဒီနေ့ ကောင်းကင်နိုင်ငံရဲ့ ကိုယ်စားလှယ် ရောက်ရှိလာပါတယ်။ ကျွန်ုပ်တို့ နိုင်ငံက နိုင်ငံတော်ညစာစားပွဲ ကျင်းပနေပါတယ်။ အရှင်မင်းကြီးနဲ့ မင်းသမီးတို့လည်း ထုံးတမ်းစဉ်လာကို လိုက်နာကြဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်, ကိုယ်စားလှယ် ပြန်သွားတဲ့အခါ ကျွန်ုပ်တို့ ယွန်နိုင်ငံကို ထုံးတမ်းစဉ်လာ မသိတဲ့ လူရိုင်းမျိုးနွယ်လို့ ပြက်ရယ်ပြု ပြောဆိုပါလိမ့်မယ်။ အရှင်မင်းကြီးနဲ့ မင်းသမီးတို့ ပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်။”

“ဒါ... ဝမ်အာ၊ မဟာအတွင်းဝန်ရဲ့စကားက ကျိုးကြောင်းဆီလျော်တယ်။ အဲဒီမင်းရဲ့ တာအိုမိတ်ဆွေဖြစ်တဲ့ ဒီကလေးမလေးကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အဲဒီ လူငယ်က တော်ဝင်ချန် ပစိဖိတ်ရေတပ်ရဲ့ ကင်းလှည့်သံတမန်ပဲ။ နိုင်ငံတော်ညစာစားပွဲရဲ့ ထုံးတမ်းစဉ်လာအရ အရှင်မင်းကြီးနဲ့ အဆင့်တူ ထိုင်လို့မရဘူး။” ချန်ဟွဲ့ချန်က ပြောသည်။

“မဟာအတွင်းဝန်၊ ကိစ္စမရှိဘူး။ ဒီမင်းသမီးက ကျင့်စဉ်သူတစ်ဦးဆိုတော့ ထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်ဘူး။ ဒါပေမယ့် အသင့်ရဲ့အကြံက ကျိုးကြောင်းဆီလျှော်ပါတယ်။ ပုလဲတစ်လုံးနဲ့ ပိုးထည် အလိပ်သုံးဆယ် ဆုချမယ်။ မဟာအတွင်းဝန် ထွက်သွားလို့ရပြီ။”

ချန်ယင်းရှာက ပြုံးကာ ပြောသည်။

ဤအရာရှိသည် ယွန်နိုင်ငံ ဧကရာဇ်အစိုးရအဖွဲ့၏ အမတ်ကြီးတစ်ဦး ဖြစ်သည်။ သစ္စာရှိပြီး ကွန်ဖြူးရှပ်ဘာသာတွင် ကျွမ်းကျင်သော နာမည်ကျော် ပညာရှင်တစ်ဦး ဖြစ်သည်။ ငယ်ရွယ်စဉ်က တော်ဝင်ချန်တွင် ထုံးတမ်းစဉ်လာများကို သွားရောက်လေ့လာခဲ့ပြီး အင်ပါယာကောလိပ်၏ ကျောင်းသားဟောင်း တစ်ဦး ဖြစ်ခဲ့သည်။ ယခု သူ၏ အကြံဉာဏ်သည် သေချာပေါက် ကျိုးကြောင်းဆီလျော်သည်။ ထို့ကြောင့် ချန်ယင်းရှာသည် သူ၏ အကြံဉာဏ်ကို မနားထောင်သော်လည်း ဆုချခဲ့သည်။

“ဟုတ်ကဲ့ပါ…” အမတ်ကြီးသည် ထပ်မံ ဆွေးနွေးလိုခဲ့သော်လည်း ချန်ပီယံမြို့စား ရှိနေသဖြင့် ဘုရင်နှင့် ငြင်းခုန်ခြင်းသည် မသင့်လျှော်ဟု ထင်မှတ်ကာ ဆုတ်ခွာသွားသည်။

မိန်းမစိုးသည် စားပွဲတစ်လုံး ယူဆောင်လာကာ ချန်ယင်းရှာ ဘေးတွင် ထားလိုက်သည်။

ဤသေးငယ်သော အဖြစ်အပျက်ပြီးနောက် နိုင်ငံတော်ညစာစားပွဲ ခန်းမတစ်ခုလုံး တိုးတိုးတိတ်တိ စကားသံများဖြင့် ပြည့်နှက်သွားသည်။ ယွန်နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးပြောဆိုနေကြပြီး မင်းသမီး ချန်ယင်းရှာက အဆင့်နိမ့်သော လူငယ်တစ်ဦးကို ဘေးနားတွင် ထိုင်ခွင့်ပြုရခြင်း အကြောင်းကို ခန့်မှန်းနေကြသည်။

ဟုန်ယွိသည် ပစိဖိတ်ရေတပ်၏ ပင်လယ်ရေကြောင်း ကင်းလှည့်သူအဖြစ် စေလွှတ်ခံသူ ဖြစ်သည်။ သူသည် ဗိုလ်ချုပ်တစ်ဦး ဖြစ်သော်လည်း ချန်ပီယံမြို့စားနှင့် ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားလှသည်။ ချန်ပီယံမြို့စား၏ ကိုယ်ရံတော်တစ်ဦးမျှပင် ဟုန်ယွိထက် အဆင့်မြင့်နိုင်သည်။

နိုင်ငံတော်ညစာစားပွဲသည် ထုံးတမ်းစဉ်လာ အရေးအကြီးဆုံး ဖြစ်ပြီး အမှားမဖြစ်ရချေ။ အထူးသဖြင့် ယွန်နိုင်ငံတစ်ခုလုံးနှင့် ဧကရာဇ်နန်းတော်သည် ကွန်ဖြူးရှပ်ဘာသာ ထုံးတမ်းစဉ်လာကို တင်းကြပ်စွာ လိုက်နာသည်။

“ပစိဖိတ်ရေတပ်ရဲ့ ပင်လယ်ရေကြောင်း ကင်းလှည့်စေလွှတ်ခံရသူလား…၊ သူက ဘယ်သူလဲ…၊ ပစိဖိတ်ရေတပ် ရေတပ်မှာ မဟာဆရာသခင်အဆင့် ဗိုလ်ချုပ်တစ်ယောက် ရှိနေတာလား….”

ထိုအချိန်တွင် ချန်ပီယံမြို့စားသည် ဟုန်ယွိကို အနီးကပ် အာရုံစိုက်နေသည်။ ဟုန်ယွိ ထိုင်ပြီးနောက် တည်ငြိမ်စွာ စားသောက်နေသည်ကို မြင်ရချိန်တွင် ချန်ပီယံမြို့စား မျက်မှောင်ကြုတ်လိုက်သည်။

“မြို့စား၊ ဒါက စီနီယာ ဧကရာဇ်အကြံပေးဟုန်ရဲ့ တရားမဝင်သားဖြစ်တဲ့ ဟုန်ယွိပါ။ သူက ယခုနှစ် နွေဦးရာသီ ကျောက်စိမ်းမြို့တော်မှာ ကျင်းပတဲ့ အင်ပါယာစာမေးပွဲမှာ ပထမဆု ရခဲ့ပြီး စာပေပညာရပ်မှာ ပါရမီထူးကဲသူပါ။ နောက်ပိုင်း မိသားစုရဲ့ အကြီးဆုံးမဒမ်က နှိပ်စက်မှုကြောင့် မင်းသားယုဘက်ကို ပြောင်းခဲ့ပြီး ပစိဖိတ်ရေတပ်ထဲ ဝင်ဖို့ အကြံပေးခဲ့ပါတယ်။ စစ်ပွဲတွေမှာ အောင်မြင်မှုရပြီးနောက် ကိုယ်ပိုင်မိသားစုတစ်ခု တည်ထောင်ချင်နေသူပါ။”

ချန်ပီယံမြို့စား ဤမေးခွန်းကို မေးလိုက်ချိန်တွင် သူ၏နောက်က အစောင့်တစ်ဦး ကိုယ်ကို ညွတ်ကာ နားအနားကပ်ပြီး တိုးတိုး ပြောသည်။

“အို့….၊ ဧကရာဇ်အကြံပေး စီနီယာဟုန်ရဲ့ သား။ ဧကရာဇ်အကြံပေး စီနီယာဟုန်မှာ သား ၁၆ ယောက်နဲ့ သမီး ၇ ယောက် ရှိတယ်။ တကယ် ထူးချွန်တာက ဟုန်ရှီနဲ့ ဟုန်ခမ်းပဲ။ ကျန်တဲ့လူ အားလုံးက ပျက်စီးနေတဲ့ ကလေးတွေပဲ။ ဒီလို ဇာတ်ကောင်တစ်ယောက် ထွက်ပေါ်လာမယ် မထင်ထားခဲ့ဘူး။” ချန်ပီယံမြို့စားက သူ့ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။

ချန်ပီယံမြို့စား၏ အဆင့်အတန်းဖြင့် ဟုန်ယွိလို လူမျိုးကို သိမည် မဟုတ်ချေ။

ဟုန်ရွှန်ကျိ နာမည်ကြီးသော်လည်း သား ၁၆ ယောက်နှင့် သမီး ၇ ယောက် ရှိသည်။ သို့သော် ထူးချွန်မှု မရှိပါက မည်သူမျှ အာရုံစိုက်မည် မဟုတ်ချေ။

ဟုန်ယွိသည် နိမ့်ကျသော ကိုယ်လုပ်တော်တစ်ဦး သားဖြစ်ပြီး၊ ချန်ပီယံမြို့စား၏ အာရုံကို မည်သို့ ဆွဲဆောင်နိုင်မည်နည်း…။

သူတို့သည် အသက်အရွယ် တူညီသော်လည်း အဆင့်အတန်း ကွာခြားချက်သည် အလွန်ကြီးမားသည်။

ချန်ပီယံမြို့စား က အခုချက်ချင်း မျက်နှာပျက်သွားသည်။ သူ၏ ပန်ကာ လှည့်နေသော လက်က ခဏ ရပ်တန့်သွားပြီး မျက်လုံးများတွင် အံ့သြမှု လက်သွားသည်။ ခန်းမတစ်ခုလုံး တိုးတိုးတိတ်တိ ဆွေးနွေးသံများ ပိုမိုမြင့်တက်လာသည်။

“မြို့စား….၊ ဒီချန်ယန်းရှာက ဒီဟုန်ယွိကို စိတ်ဝင်စားနေပုံပဲ။ တကယ်ဆို၊ မြို့စားက ထင်ရှားကျော်ကြားပြီး၊ သိုင်းပညာကလည်း အထွက်အထိပ်မှာရှိတယ်။ အနာဂတ်မှာ လူသားအင်မော်တယ်တောင် ဖြစ်လာနိုင်တယ်။ ဒီချန်ယင်းရှာက နတ်ဆိုးဘုရင်တစ်ပါးဖြစ်ခဲ့ပေမယ့်၊ အခု လူသားအသွင် ဖြစ်နေပြီ။ သူမက မြို့စားအတွက် အလွန် သင့်တော်တယ်။ ဘာဘဲဖြစ်ဖြစ်, အခု တာအိုရောင်းရင်း နတ်လင်းယုန်ဘုရင်က မြို့စားအပေါ် တာဝန်ထမ်းဆောင်နေတယ်။ ဒါက ချန်ယင်းရှာက မြို့စားကို စော်ကားရာ မရောက်ဘူးလား…။”

ထိုအချိန်မှာပင် ရှောင်အန်ရန်က ပြုံးပြီး၊ ချန်ပီယံမြို့စားအား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရှောင်အန်ရန်သည် ချန်ပီယံမြို့စားက ယွန်နိုင်ငံသို့ လာရောက်ခြင်းသည် ဖူဘိုရေတပ် ဗိုလ်ချုပ်ကြီး၏ သေဆုံးခြင်းကိစ္စကို စုံစမ်းရုံတင်မကဘဲ၊ ပိုအရေးကြီးတာက သူသည် ချန်ယင်းရှာနှင့် တွေ့ဆုံလိုခြင်းကြောင်း ဖြစ်ကြောင်း သဘာဝအတိုင်း သိရှိထားသည်။

“ဒီဟုန်ယွိက မဆိုးပေမယ့်၊ သူက သိုင်းတာအိုမှာ မဟာဆရာသခင်အဆင့်ပဲ ရှိသေးတယ်။ သူက နတ်ဆိုးဘုရင်တစ်ပါး၊ ဒါမှမဟုတ် တစ္ဆေအင်မော်တယ်တစ်ပါးနဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ။ ငါ ထင်သလောက်ဆို ချန်ယင်းရှာ သူ့ကို မျက်နှာပေး ဆက်ဆံတာက ဒီကလေးမလေးကြောင့် ထင်တယ်။” ချန်ပီယံမြို့စားက ယပ်တောင်ကို ညင်သာစွာ ခတ်ကာ၊ ပြုံးရင်း ပြောသည်။ “ယွန်တူမင်းသမီး, ကြင်ယာတော်ယွမ်ဟာ ညှို့ငင်မြေခွေဘုရင်ရဲ့ ပြန်လည်မွေးဖွားသူဆိုတာ ငါ သိထားတယ်။ နတ်ဆိုးဘုရင် အရှင်မင်းကြီးရဲ့ကိုယ်လုပ်တော်ဟာ လှပတဲ့ဇာတ်လမ်းတွေ ရှိခဲ့တယ်။ ဒီငွေးငါးမန်းက ကြင်ယာတော်ယွမ်နဲ့ ယှဉ်နိုင်တယ်…။”

“မြို့စားက စိတ်ဝင်စားသွားပြီလား…”

ရှောင်အန်ရန်က ရယ်မောလိုက်သည်။

ရှောင်အန်ရန်သည်လည်း ချန်ပီယံမြို့စားနှင့် တော်ဝင်ချန် ဧကရာဇ်တို့၏ မရှင်းမလင်း ဆက်ဆံရေး ကို ဝိုးတဝါး သိရှိထားသည်။ အများဆုံး ဖြစ်နိုင်ချေရှိသည်မှာ ချန်ပီယံမြို့စားသည် တရားမဝင် သားတော်တစ်ဦး ဖြစ်နိုင်ချေရှိသည်။ မဟုတ်လျှင် ဧကရာဇ်က ဤမျှ ယုံကြည်မှု ပေးလိမ့်မည် မဟုတ်ချေ။ တရားမဝင် သားတော် ဖြစ်မှုကိစ္စအပြင်, ဧကရာဇ်သည် ညှို့ငင်မြေခွေးဘုရင် ဖြစ်သော ကြင်ယာတော်ယွမ်ကို လက်ထပ်ခဲ့မှု စသည်တို့ကို အရာရှိများနှင့် ပြည်သူများပင် မသိကြချေ။ မင်းသားအချို့လည်း မသိကြပေ။ သို့သော် တာအိုဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး တစ္ဆေအင်မော်တယ်ဖြစ်သည့် ရှောင်အန်ရန်သည် နန်းတော်ထဲ မကြာခဏ ဝင်ထွက်သဖြင့် အခြားမည်သူမျှ မသိသော လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။

ကျင့်ကြံသူများပြားသည်လည်း ဧကရာဇ်၏ အမျိုးသမီးများနှင့် ပတ်သက်၍ ကံကောင်းမူကို တိတ်တဆိတ် မနာလိုဖြစ်ကြသည်။

တာအိုပညာရှင်များကို လက်ထပ်ခွင့် ပိတ်ပင်ထားခြင်းမရှိကြောင်း သိရှိထားရမည်။ အကယ်၍ နတ်ဆိုးအင်မော်တယ် အမျိုးသမီးတစ်ဦးနှင့် တူနှစ်ဖော် ကျင့်ကြံနိုင်မည်ဆိုလျှင်… ဤသည်မှာ သူတို့ အိပ်မက်မက်ရုံမျှသာ တတ်နိုင်သည့်အရာ ဖြစ်သည်။

“ဖခင်က ညှိုငင်မြေခွေးဘုရင်မကို လက်ထပ်ခဲ့ပြီး၊ သားတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့လည်း မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ငွေငါးမန်းဘုရင်ကို လက်ထပ်ချင်တာ သဘာဝပဲ။” ရှောင်အန်ရန်က ကိုယ့်ကိုယ်ကို တိုးတိုး ရေရွတ်လိုက်သည်။

“ဒါပေမဲ့, ဖူဘိုရေတပ် ဗိုလ်ချုပ်ကြီးနဲ့ ရှောနန်တို့ သေဆုံးမှုကိစ္စကို ဘယ်လို စုံစမ်းမလဲ။ တကယ်လို့, ဒီကိစ္စသာ ငွေငါးမန်းရဲ့ လက်ချက်ဆိုရင်...” သူသည် စိတ်ထဲတွင် တွေးနေသော်လည်း ချန်ပီယံမြို့စား၏ မျက်နှာအမူအရာကို တွေ့လိုက်ရချိန်တွင် ဘာမျှ မပြောတော့ချေ။

“ချန်ပီယံမြို့စား၊ အသင့်ရဲ့ စစ်ပွဲအောင်မြင်မူတွေက ထင်ရှားကျော်ကြားပါတယ်။ အခုတစ်ကြိမ်မှာလည်း ယွန်မင်ရေတပ်ကို အနိုင်ယူပြီး၊ ပင်လယ်ပြင်မှာ ကျွန်ုပ်တို့ရဲ့ ဒုက္ခများစွာကို ဖြေရှင်းပေးခဲ့တယ်။ ဒါက ယွန်နိုင်ငံ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိအားလုံးရဲ့ ဂုဏ်ပြုမူနဲ့ ထိုက်တန်ပါ တယ်။ လာကြစမ်း…၊ ယွန်နိုင်ငံကိုယ်စား ချန်ပီယံမြို့စားနဲ့ တော်ဝင်ချန် ကောင်းကင်ဧကရာဇ်အတွက် ဂုဏ်ပြုပါတယ်…။”

ထိုအချိန်တွင် နိုင်ငံအုပ်ချုပ်သူ ဘုရင်ချန်ဟွေ့ချန်က ချန်ပီယံမြို့စား၏ မျက်နှာ မကောင်းမှုကို တွေ့လိုက်ရသည်။ ချန်ယင်းရှာကြောင့် ချန်ပီယံမြို့စား မပျော်ရွှင်မှာ စိုးရိမ်သဖြင့် ချက်ချင်း ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်သည်။

ချန်ဟွေ့ချန်သည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူ ဖြစ်သည်။ ချန်ပီယံမြို့စားသည် ယွန်နိုင်ငံသို့ ချန်ယင်းရှာ၏ ဂုဏ်သတင်းကို ကြားသဖြင့် လာခြင်း ဖြစ်နိုင်ကြောင်း သိရှိထားသည်။

ချန်ပီယံမြို့စား၏ ရည်ရွယ်ချက်ကို နိုင်ငံအုပ်ချုပ်သူတစ်ဦးအနေဖြင့် ခန့်မှန်းနိုင်သည်။

ချန်ပီယံမြို့စားသည် ငယ်ရွယ်ပြီး ခွန်အားအပြည့်ရှိသည်။ သူ၏ ဂုဏ်သတင်းက ကမ္ဘာတစ်ဝှမ်း အနှံ့အပြားအထိ ပျံ့နှံ့နေသည်။ မည်သည့် အမျိုးသမီးမျှ ဤမျှ ထူးချွန်သူပုဂ္ဂိုလ်တစ်ဦးနှင့် လိုက်ဖက်နိုင်မည် မဟုတ်ချေ။

သူ၏သမီး ချန်ယင်းရှာသည် ပင်လယ်နတ်ဘုရား၏ ပြန်လည်မွေးဖွားသူ ဖြစ်သည်။ သူတို့သည် နှစ်ဦးနှစ်ဖက် အလွန် လိုက်ဖက်သည်။ ထို့အပြင် ယွန်နိုင်ငံအတွက် အလွန် အကျိုးကြီးမားမည်။

သို့သော် ချန်ပီယံမြို့စား၏ ကိစ္စကို ဖခင်ဖြစ်သည့် သူတစ်ဦးတည်းဖြင့် ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ချေ။

သို့သော်, ချန်ပီယံမြို့စားကိုလည်း စိတ်ဆိုးစေ၍ မဖြစ်ပါချေ။

တစ်ခါက မြက်ခင်းပြင်ဒေသမှာ လူမျိုးစုတစ်စုသည် သူ့ကို စိတ်ဆိုးစေခဲ့သည်။ ထိုလူမျိုးစုသည် ညတွင်းချင်း အားလုံး ဖမ်းဆီးခံရပြီး ကျွန်များအဖြစ် ခိုင်းစေခြင်းခံခဲ့ရသည်။ ယွန်နိုင်ငံ၏ ဘုရင်မင်းမြတ်လည်း ဤကိစ္စကို ကြားဖူးခဲ့သည်။

သူ့ခွက်မြှောက်ကာ နန်းတော်အတွင်းမှ စိတ်ခံစားချက်ကို မြှင့်တင်ပြီးနောက် ချန်ဟွေ့ချန်သည် မဟာအတွင်းဝန်ကို မျက်လုံးချင်း အချက်ပြလိုက်သည်။

အတိုင်ပင်ခံ ဝန်ကြီးချုပ်သည် ချက်ချင်း နားလည်သွားသည်။ ဘုရင်မင်းမြတ် စကားဆုံးသွားချိန်တွင် သူက ခွက်ကို မြှောက်ကာ ချန်ပီယံမြို့စားကို ပြောလိုက်သည်။ “မြို့စား၊ မြို့စားက စစ်ပညာမှာ ကျွမ်းကျင်ရုံတင်မကဘူး ကဗျာပညာမှာလည်း ထူးချွန်ကြောင်း ကျွန်ုပ် ကြားဖူးပါတယ်။ ယွန်နိုင်ငံ က တော်ဝင်ချန်မင်းဆက်ရဲ့ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတွေကို အမြဲ လေးစားပါတယ်။ ဒီညစာစားပွဲမှာ မြို့စားအနေနဲ့ ကဗျာတစ်ပုဒ် ရေးပေးနိုင်မလား…။”

ဤမဟာအတွင်းဝန်သည် အလွန် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ ချန်ပီယံမြို့စားသည် စစ်ပညာမှာ ထင်ရှားရုံသာမက ကဗျာပညာမှာလည်း ကျွမ်းကျင်ကြောင်း သူ စုံစမ်းထားခဲ့သည်။ ယခုအချိန်သည် ချန်ပီယံမြို့စား၏ စိတ်ဝင်စားမှုကို ဖြည့်ဆည်းကာ သူ့ကို ထင်ရှားအောင်လုပ်ဆောင်ပေးရန် အချိန်ကောင်း ဖြစ်သည်။

“အိုး…”

ချန်ပီယံမြို့စားသည် မထူးသလို ပြုံးလိုက်သည်။ သူက ချန်ယင်းရှာကို တစ်ချက် ကြည့်ပြီးနောက် ဟုန်ယွိကို တစ်ချက် ကြည့်ကာ ပုံမှန်အတိုင်း ပြောလိုက်သည်။ “ဟုတ်ပါပြီလေ၊ ယွန်နိုင်ငံက ဒီတစ်ကြိမ် ကျုပ်ကို ညစာစားပွဲ ဖိတ်တာ အလွန် တွေးစရာရှိပါတယ်။ ဝိုင်နဲ့ မင်းသမီး ယင်းရှာရဲ့ အလှအပက မူးယစ်စေတဲ့ အရာတွေပါပဲ။ သူမအတွက် ကဗျာတစ်ပုဒ် ရေးပေးမယ်။”

“မြို့စားဟာ ကဗျာရေးသားရာမှာ တကယ် ထူးချွန်ပါတယ်။ နန်းတော်ထဲက အရာရှိတွေတောင် သီးသန့် ချီးကျူးကြရတယ်။” ရှောင်အန်ရန်က လျှို့ဝှက်စွာ ပြုံးလိုက်သည်။

“အိုး….၊ ဟုတ်နေပါပြီ၊ ဒီချန်ပီယံမြို့စားက ကဗျာရေးတတ်တယ်လို့ ငါလည်း ကြားဖူးတယ်။ သူက စာပေနဲ့ဓားသိုင်း နှစ်မျိုးစလုံး ကျွမ်းကျင်သူပေါ့။”

ဟုန်ယွိ၏ စိတ်နှလုံးက တစ်ချက် ခုန်သွားပါသည်။

ချန်ပီယံမြို့စားသည် စစ်ပညာ ကျွမ်းကျင်ရုံသာမက ကဗျာရေးရာမှာလည်း ကျွမ်းကျင်နေပုံရပါသည်။ တစ်ခါက သူသည် နန်းတော်ထဲတွင် အရပ်ဘက် အရာရှိများနှင့် တော်ဝင်စစ်ဆေးသူများကို သူ့ကဗျာဖြင့် အနိုင်ယူခဲ့ဖူးသည်ဟု ကြားဖူးသည်။ ထိုအချိန်တုန်းက ဟုန်ယွိသည် ဝူဝမ်မြို့စား နေအိမ်မှာ နေနေဆဲဖြစ်ပြီး၊ နာမည်မထွက်သေးပေ။ သူသည် ရှေးဟောင်း ကဗျာအချို့လောက်သာ ဖတ်ဖူးပြီး၊ နှစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် ကဗျာအသစ်များကို မဖတ်ဖူးချေ။ ထိုကြောင့် ချန်ပီယံမြို့စား၏ ကဗျာတွေကို မဖတ်ဖူးပေ။ သို့သော်, ဟုန်ယွိသည် အကယ်ဒမီတွင် သူ့နာမည်ကို ကြားဖူးခဲ့သည်။

“နားထောင်ကြည့်ရအောင်၊ ဘယ်လို ကဗျာ ရေးမလဲ….”

ဟုန်ယွိသည် ချန်ပီယံမြို့စားက ချန်ယင်းရှာကို ကြည့်နေသည်ကို တွေ့လိုက်ရပြီး မကျေနပ်မှုကို ပိုမိုခံစားရသည်။ သို့သော် သူ အာရုံစိုက်နေဆဲ ဖြစ်သည်။

ချန်ပီယံမြို့စားက ယပ်တောင်ကို ယပ်ခတ်ကာ စကားလုံးတစ်လုံးချင်း ရွတ်ဆိုလိုက်သည်။

ချန်ပီယံမြို့စား က ပန်ကာကို တစ်ချက် ဖြည်းဖြည်းချင်း လှည့်ကာ စကားလုံးတစ်လုံးချင်း ရွတ်ဆိုလိုက်သည်။ “လူတစ်ယောက် လက်ထဲမှာ ဓားကွေးကို ကိုင်ဆောင်ရင်း၊ စိတ်ဓာတ်က ပေရာချီမက မြင့်မားလာတယ်။ နှစ်သောင်းချီ သမိုင်းရေးမယ့်သူ ဘယ်သူလဲ။ မိုင်းသုံးသောင်း မြို့စားအဖြစ် ချီးမြှင့်ခံရမယ့်လူက ဘယ်သူလဲ။”

“ကောင်းတယ်…။”

“ကောင်းတယ်….။”

“နှစ်သောင်းချီ သမိုင်းရေးမယ့်သူက ဘယ်သူလဲ။ မိုင်သုံးသောင်း မြို့စားဖြစ်ချင်တယ်။ ဘယ်လောက် မြင့်မားတဲ့ စိတ်ဓာတ်လဲ…”

ချန်ပီယံမြို့စား၏ ကဗျာကြောင့် ညစာစားပွဲ တစ်ခုလုံး ဆူညံသွားသည်။

ချန်ယင်းရှာပင် မျက်မှောင်ကြုတ်သွားသည်။ သူမသည် ဤကဗျာက အမှန်ပင် သာမန်ထက် ထူးကဲကြောင်း ခံစားရသည်။ ပင်လယ်လေးစင်းနှင်း တောရိုင်းရှစ်ခွင်ကို လွှမ်းခြုံထားသော သူရဲကောင်း စိတ်ဓာတ်များ ပါဝင်နေသည်။

“ဟုန်ယွိ၊ မင်းက ဧကရာဇ်အကြံပေး စီနီယာဟုန်ရဲ့ သားလို့ ကြားဖူးတယ်။ ဒါ့အပြင်, မင်းက ကျောက်စိမ်း မြို့တော်ရဲ့ အင်ပါယာစာမေးပွဲမှာ ပထမဆု ရရှိခဲ့သူ မဟုတ်လား။ မင်းက ပညာရှင် တစ်ယောက် ဖြစ်ရမယ်။ ယွန်နိုင်ငံ ညစာစားပွဲမှာ ကဗျာတစ်ပုဒ် ရွတ်ဆိုပြပါဦး။ ငါတို့ တော်ဝင်ချန်မင်းဆက်ရဲ့ စာပေဟန်ကို သူတို့ သိရတာပေါ့။”

ချန်ပီယံမြို့စားက ချက်ချင်း ထရပ်လိုက်ပြီး ဟုန်ယွိ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ၏ မျက်လုံးထဲတွင် စိန်ခေါ်မှုတစ်ခု ရှိနေသည်။

ရောက်လာပြီပေါ့…။

ဟုန်ယွိသည် ချန်ပီယံမြို့စားက သူ့ကို ရုတ်တရက် ပစ်မှတ်ထားမည်ဟု မထင်မှတ်ခဲ့ပေ။

“ငါ မင်းကို ဖိနှိပ်ခွင့်ရဖို့ နည်းလမ်း ရှာနေတုန်း၊ မင်းက အရင် လာစိန်ခေါ်တယ်ပေါ့..” ဟုန်ယွိသည် ချန်ပီယံမြို့စား၏ မျက်လုံးများ စိုက်ကြည့်ခံရမှုကြောင့် အလွန်မင်း စိတ်မသက်မသာဖြစ်မူကို ခံစားရသည်။ သူ့စိတ်ထဲ အတွေးများက အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာသည်။

“ချန်ပီယံမြို့စား၊ မင်း ကဗျာထဲက ဓားကွေးဆိုတာ ဘာလဲ မေးလို့ရမလား…” ဟုန်ယွိက ရုတ်တရက် ထရပ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

“ဓားကွေးလား…၊ ချန်ပီယံမြို့စားသည် တခဏမျှ အံ့သြသွားပြီး ပြန်ဖြေသည်။ “ဒါ ရှေးဟောင်း နတ်ဘုရားဓား တစ်လက်ပဲ။ ကွေးနေပြီး ချိတ်ကောက်ပါတယ်။ အဲဒါကြောင့် ဓားကွေးလို့ နာမည်တပ်ထားတာ။”

“ကျွန်တော် သမိုင်းစာအုပ်တွေနဲ့ ရင်းနှီးပါတယ်။ ဓားကွေးဆိုတဲ့ နတ်ဘုရားဓားမျိုး တစ်ခါမှ မကြားဖူးဘူး။ ဒါ့အပြင်၊ မင်းက နတ်ဘုရားဓားဟာ ကွေးနေပြီး ချိတ်ကောက်ပါတယ်လို့ ဆိုတယ်။ ရှေးခေတ်ကတည်းက ငါတို့တော်ဝင်ချန်မင်းဆက်ဟာ ဓားတွေကို ဖြောင့်မတ်စွာ သွန်းလုပ်ခဲ့ကြတယ်။ အဲဒါက ဓားရဲ့ဖြောင့်မတ်မှုကို ရည်ညွှန်းတာပဲ။ ဒါကြောင့်လည်း စာပေပညာရှင်တွေဟာ ဓားကိုဆောင်ကြတာပဲ။ ဒါက ဓားလိုပဲ ဖြောင့်မတ်မူကို ကိုယ်စားပြုတယ်။ မင်းကတော့ ဓားက ကွေးနေပြီး ချိတ်ပါတယ်လို့ ဆိုတယ်။ ဒီကမ္ဘာမှာ ဖြောင့်မတ်မှု မရှိတဲ့ ဓားတစ်ချောင်း တကယ်ရှိနေတာလား။ မင်း ဘယ်မင်းဆက်ရဲ့ နတ်ဘုရားဓားကို ဆိုလိုတာလဲ…”

မျက်တောင်တစ်မှိတ် အချိန်အတွင်းမှာ ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ကဗျာထဲက အားနည်းချက်ကို ရှာတွေ့ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ သူ့အသံက ကျယ်လောင်လွန်းသဖြင့် ခန်းမတစ်ခုလုံး ရှင်းရှင်းကြားနေရသည်။

“ဟုတ်တယ်... တော်ဝင်ချန်မင်းဆက်မှာ ရှေးဟောင်း ဓလေ့ထုံးတမ်းက ဓားရဲ့ဖြောင့်မတ်မှုကို အခြေခံတယ်။ ကွေးနေပြီး ချိတ်ပါတဲ့ဓား ဆိုတာ မရှိခဲ့ဘူး။ ဒါ့အပြင် ဓားကွေးဆိုတဲ့ နတ်ဘုရားဓားကို တစ်ခါမှ မကြားဖူးဘူး။”

ဟုန်ယွိ စကားဆုံးသွားချိန်မှာပင် ခန်းမတစ်ခုလုံး ဆွေးနွေးသံများ ပြည့်နှက်သွားသည်။

အပိုင်း (၂၄၀)။

ဟုန်ယွိသည် အလေးအနက်ထားကာ လေ့လာလိုက်စားတတ်သော ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ရှေးဟောင်း ဂန္ထဝင်စာပေများနှင့် သမိုင်းကို ရင်းနှီးပြီး စကားလုံးများ၏ အားနည်းချက်များကို ရှာဖွေကာ ရက်ရက်စက်စက် ဝေဖန်ရာတွင် ကျွမ်းကျင်သည်။

ဤသည်မှာ စာပေပညာရှင်များ အခြားသူများကို တိုက်ခိုက်ရန်အတွက် စာစီစာကုံးများ စာတမ်းများ ရေးသားရာတွင် လိုအပ်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင်, အင်ပါယာစာမေးပွဲတွင် စာစစ်သူများ၏ စိတ်ပညာကို နားလည်ကာ စာစစ်သူ၏ ယုံကြည်ချက်များနှင့် ဆန့်ကျင်သော သီအိုရီများကို တိုက်ခိုက်ရန် အရေးတကြီး လိုအပ်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

တရားမျှတစွာ ဆိုရလျှင် ချန်ပီယံမြို့စား၏ ကဗျာသည် အမှန်တကယ်ပင် မြင့်မားပြီး အံ့သြဖွယ် ဖြစ်သည်။ ဟုန်ယွိ ကိုယ်တိုင်ပင် အလွန် လေးစားမှုကို ခံစားရသည်။ သူသည် အချိန်တိုအတွင်း ကဗျာရေးရလျှင် ဤကဗျာ၏ စိတ်ဝိညာဉ်မြင့်မားမူကို ကျော်လွန်ရန် အနည်းငယ် ခက်ခဲမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကဗျာတစ်ပုဒ် ရေးရာတွင် စိတ်ကူးဉာဏ် လိုအပ်သည်။ အင်မော်တယ် ကဗျာဆရာ သို့မဟုတ် သူတော်စင် ကဗျာဆရာများပင်လျှင် လွယ်လွယ်ကူကူ ကဗျာ မရေးနိုင်ချေ။

သို့သော် ဤအရာက ချန်ပီယံမြို့စားကို ဝေဖန်တိုက်ခိုက်ခြင်းမှ ဟုန်ယွိကို မတားဆီးနိုင်ခဲ့ချေ။

စာပေပညာရှင်များသည် အရာများစွာ ကျွမ်းကျင်ကြသော်လည်း အကောင်းဆုံးကတော့ ဝေဖန် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့အပြင်, စကားလုံးတိုင်းကို အမှတ်သားပြု၍ ဝေဖန်တိုက်ခိုက်ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ ဟုန်ယွိသည် ဤဝေဖန်တိုက်ခိုက်နည်းကို ပြီးပြည့်စုံအောင် ကျွမ်းကျင်သည်။ တဖက်လူ၏ ကဗျာတွင် မရေရာသော အသုံးအနှုန်းများ ပါဝင်နေခဲ့ပြီး၊ ယင်းက တိုက်ခိုက်ရန် ပစ်မှတ် ဖြစ်လာခဲ့သည်။

ဟုန်ယွိသည် ဓားကွေးဟူသော အသုံးအနှုန်းကို တစ်ခါမျှ မကြားဖူးချေ။ မည်သူမျှ မသိသော ရတနာတစ်ခု ဖြစ်နိုင်သည်။ သို့သော် တဖက်လူ၏ မရေရာသော စကားအသုံးနှုန်းကို အသုံးပြု၍ ဝေဖန်တိုက်ခိုက်ခြင်းသည် ဟုန်ယွိ၏ အထူးကျွမ်းကျင်မှု ဖြစ်သည်။

ဓားနှင့် ဆေဘာ။ ဓားသည် ဖြောင့်တန်းရမည်။ ဖြောင့်တန်းမှု မရှိသော လက်နက်များကို ဓားဟု မခေါ်နိုင်ချေ။ ရှေးဟောင်း ဓလေ့ထုံးတမ်းတွင် ဓားသည် ဖြောင့်မတ်မှုကို ကိုယ်စားပြုသည်။

ဓားသည် ဆေဘာလောက် သေစေနိုင်မှု မရှိသောကြောင့် စစ်တပ်တွင် ဓားကို မသုံးကြချေ။ စာပေပညာရှင် အရာရှိများနှင့် ဧကရာဇ်၏ ဓားများသည် သတ်ဖြတ်ရန်အတွက် မဟုတ်ဘဲ ကိုယ်ပိုင် ဖြောင့်မတ်မှုကို ကိုယ်စားပြုရန် ဖြစ်သည်။

ထို့ကြောင့် ချန်ပီယံမြို့စားသည် ဟုန်ယွိ၏ မေးခွန်းအောက်တွင် ဓားကွေးသည် ကွေးနေပြီး ချိတ်ကောက်နှင့်တူကာ ရှေးခေတ် ဆန်းကြယ်သောဓား ဖြစ်သည်ဟု ဆိုခဲ့သည်။ ချက်ချင်းပင် ဟုန်ယွိသည် အားနည်းချက်တစ်ခုကို ရှာတွေ့ခဲ့သည်။

ဟုန်ယွိသည် ဤအားနည်းချက်ကို ရှာတွေ့ပြီး လက်လွှတ်ခံမည် မဟုတ်ချေ။ သူသည် လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။

ရှေးဟောင်း နတ်ဘုရားဓား ဓားကွေးဟူ၍ အမှန်တကယ် ရှိခဲ့သည်ဆိုလျှင်ပင် ဤနတ်ဘုရားလက်နက်သည် ဓားကွေးဖြစ်သဖြင့် ဓားဟူ၍ မခေါ်နိုင်တော့ချေ။ ချန်ပီယံမြို့စားက ဤကွဲပြားမှုကို မသိခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိသည် ယုတ္တိဗေဒဖြင့် သူ့ကို နှိပ်ကွပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဟုန်ယွိသည် ချန်ပီယံမြို့စား၏ တာအိုနှလုံးသားကို ဖိနှိပ်ရန် မူလကတည်းက စီစဉ်ခဲ့သည်။ သူတို့သည် တာအိုပညာဖြင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်သော်လည်း စာပေစွမ်းရည်၊ စကားအကျအန ရှာဖွေမှု၊ ယုတ္တိဗေဒတို့ဖြင့် အခြားတစ်ဘက်လူ၏ တာအိုနှလုံးသားကို ချိုးဖျက်နိုင်သည်။

“အိုး….၊”

ရုတ်တရက် ဟုန်ယွိ စကားဆုံးသွားချိန်တွင် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ခံစားရသည်။ ချန်ပီယံမြို့စား၏ မျက်လုံးများက စူးရှနေပြီး မည်သည့်အချိန်မဆို ခုန်တိုက်တော့မည့် ပုံပင်။ ဟုန်ယွိ၏ ဝေဖန်တိုက်ခိုက်မူက ချန်ပီယံမြို့စား၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးခဲ့သည်။

“အဟမ်း။”

ထိုအချိန်တွင် ရွှေပင့်ကူက ရုတ်တရက် ခုန်ပျံလာပြီး ဟုန်ယွိ၏ ရှေ့တွင် ရပ်တည်လိုက်သည်။

သို့သော် ချန်ပီယံမြို့စား၏ သတ်ဖြတ်လိုစိတ်သည် တခဏမျှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး၊ လက်တွေ့တွင် မလှုပ်ရှားခဲ့ချေ။ ထို့နောက် သူ ရယ်ရယ်မောမော ပြောလိုက်သည်။ “ပညာရှင်တစ်ယောက်ဟာ ထာဝရ ပညာရှင်တစ်ယောက်ပါပဲ။ မင်းက စာအုပ်အနည်းငယ်လေး ဖတ်ထားရုံနဲ့ ငါ့ရှေ့မှာ ပြချင်ရဲတယ်ပေါ့။ ငါ့ကို ဝေဖန်တိုက်ခိုက်တယ်ပေါ့။ ယွန်မင်နိုင်ငံ မြက်ခင်းလွင်ပြင်ဒေသမှာ ‘ဝူ’ လို့ ခေါ်တဲ့ လူမျိုးစုတစ်စု ရှိတယ်။ သူတို့က ဓားနဲ့ ဆေဘာတွေကို အထူးပြု သွန်းလုပ်ကြတယ်။ သူတို့ သွန်းလုပ်တဲ့ ဓားတွေက ချိတ်ကောက်လို အဖျားကွေးနေပြီး သွေးမထွက်ဘဲ သတ်နိုင်တယ်။ ဒီကမ္ဘာကြီးက ဘယ်လောက် ကြီးမားလဲ။ အရာပေါင်းများစွာ ရှိတယ်။ ဒါတွေကို မင်း ဘယ်လို နားလည်နိုင်မှာလဲ….။”

“အိုး…၊ ဒါဆို ဓားကွေးဆိုတာ ယွန်မင် မြက်ခင်းပြင်ဒေသက လူမျိုးစုတစ်စုရဲ့ ဓားပေါ့။” ဟုန်ယွိက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ သမိုင်းကြောင်းတွင် ကျွမ်းကျင်ပြီး တော်ဝင်ချန် မင်းဆက်နှင့် ပတ်သက်သည့် အရာတွေကို ရင်းနှီးသော်လည်း ယွန်မင် မြက်ခင်းပြင်တွင် လူမျိုးစု မည်မျှ ရှိသည် ကို သူ မသိချေ။ ဤမေးခွန်းသည် ယွန်မင်လူမျိုးများပင် မဖြေရှင်းနိုင်သော မေးခွန်းတစ်ခု ဖြစ်သည်။ သို့သော် ချန်ပီယံမြို့စားသည် မြက်ခင်းပြင်ဒေသတွင် မိုင်သောင်းချီ တိုက်ခိုက်ခဲ့သဖြင့် ထိုလူမျိုးစု တစ်စု ရှိသည်ကို သိနေနိုင်သည်။ သို့သော် ဤအချက်က ဟုန်ယွိ ချန်ပီယံမြို့စားကို တိုက်ခိုက်ရာတွင် အားနည်းချက်ကို ဖြည့်ဆည်းမပေးနိုင်ချေ။

ဟုန်ယွိသည် ချန်ပီယံမြို့စား၏ မျက်နှာတွင် ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ဂရုစိုက်ပုံ မပေါ်ချေ။ သူက လက်နှစ်ဖက် ပိုက်ကာ ဖြောင့်မတ်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ အခုနက မြို့စား က အဲဒါကို ဓားလို့ ဆိုခဲ့တယ် မဟုတ်လား။ ကွေးနေတဲ့ လက်နက်အားလုံးဟာ ဓား မဟုတ်ဘူး။ ဓား ဆိုတာ ဖြောင့်တန်းနေတဲ့ လက်နက် ဖြစ်ရမယ်။ မြို့စား မှတ်မိမှာပါလေ။ ဂရုမပြုမိတဲ့ပုံစံနဲ့ ရောချပြီး ကိုယ့်ကိုယ့်ကို အရူးမလုပ်ပါနဲ့။ ဒါပေမဲ့ မြို့စားက စစ်တပ်ခေါင်းဆောင်တစ်ဦးဆိုတော့ မြို့စားရဲ့ ကဗျာကိုလည်း နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ပညာရှင်တစ်ဦးပဲ။ ဒီကြီးမားတဲ့ အချက်ကို နားလည်တာပေါ့။ အဲဒါက အရေးအကြီးဆုံးပဲလေ။ ကဗျာဆိုတာ အဆုံးမှာတော့ အသေးဖွဲ့ အနုပညာလေးပဲ မဟုတ်လား။”

“အိုး…”။

ချန်ပီယံမြို့စားသည် နားထောင်လေလေ သူ့မျက်နှာက ပိုမို လေးနက်လာလေ ဖြစ်သည်။ မရေရာသော ပြုံးရွှင်မှုတစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။ “မင်းက ငါ့ကို ဟောပြောနေတာလား”။

“မဝံ့မရဲပါဘူး။” “မဝံ့ရဲပါဘူး။” ဟုန်ယွိက သူ့အသံ မြှင့်လိုက်သည်။ “မြို့စားဟာ ဧကရာဇ်ကို ကူညီပြီး၊ ကမ္ဘာကြီးကို အုပ်ချုပ်နေတာလေ။ အမှန်အမှားကိုတောင် မခွဲခြားနိုင်ရင် ဘယ်လိုလုပ် အုပ်ချုပ်နိုင်မှာလဲ။ ပညာရှင်အနေနဲ့ မြို့စားကို အကြံပေးရမှာ ကျွန်တော်တာဝန်ပါ။ မဟုတ်ရင် မြို့စား အနာဂတ်မှာ အုပ်ချုပ်တဲ့အခါ၊ မှန်ကန်မှု မမှန်ကန်မှု ခွဲခြားမနိုင် အမှန်အမှားကိုတောင် မခွဲခြားနိုင်ရင် ပြည်သူတွေ ဒုက္ခရောက်ရလိမ့်မယ်။”

“ငါက အမှန်အမှားကိုတောင် မခွဲခြားနိုင်ဘူးလို့ ဆိုတာလား…” ချန်ပီယံမြို့စား၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

ဟုန်ယွိ၏ စကားများသည် ပေါ့ပါးသော်လည်း စကားလုံး တစ်လုံးချင်း၏ နောက်ကွယ်တွင် ဓားလို ထက်ရှမူမျိုး ပါဝင်နေသည်။ “အမှန်အမှား မခွဲခြားနိုင်” ဟူသော စကားသည် သိပ်ကိုဖိအား များလွန်းသည်။ အခြားနည်းဖြင့် ဆိုရလျှင် အမှန်အမှားကို မခွဲခြားနိုင်ခြင်း ဆိုသည်မှာ ဓလေ့ထုံးတမ်းကို မနားလည်ခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။ ဒီထက်ပို၍ ပြင်းထန်စွာ ဆိုရပါလျှင် တိရစ္ဆာန်ထက် ပိုဆိုးဝါးဟု ဆိုရလိမ့်မည်။

လူတစ်ယောက်သည် အမှန်အမှား မခွဲခြားနိုင်မှတော့ တိရစ္ဆာန်တစ်ကောင်နှင့် ဘာကွာတော့မည်နည်း။

ဤစကားများသည် ပြင်းထန်လွန်းသော်လည်း ချန်ပီယံမြို့စား အခုနက ဆိုခဲ့သော စကားများနှင့် ဆက်စပ်ကြည့်လျှင် သူသည် အမှန်ပင် အမှန်နှင့်အမှားကို ခွဲခြား မသိခဲ့ပေ။

ယခုခေတ် အသုံးပြုနေသော လက်နက်များစွာကို ဓားဟု ခေါ်ဆိုကြသည်။ ဥပမာ နတ်ဘုရားလေနိုင်ငံ၏ မန်းငါးဖြတ်ဓား ဖြစ်သည်။ ထိုဓားသည် ကွေးနေသော်လည်း ဓားဟု ခေါ်သည်။ အတိအကျဆိုရလျှင် ၎င်းသည် ဆေဘာအဖြစ် ရှိနေသေးသည်။ ပညာရှင်တစ်ဦးအနေဖြင့် သူသည် လူရိုင်းတို့၏ ယဉ်ကျေးမှုဟု ဝေဖန်သော်လည်း၊ ကိုယ်တိုင်ကတော့ ထိုအကြောင်းကို ဘာမှ မသိထားချေ။

ဓားနှင့် ဆေဘာကြား အငြင်းပွားမှုသည် အတိအကျဆိုရလျှင် အမှန်နှင့်အမှားအကြား ပိုင်းခြားပြခြင်း၏ အကြောင်းအရင်း ဖြစ်သည်။ အကယ်၍, ၎င်းသည် ပညာရှင်စစ်ဆေးမှု စာမေးပွဲဖြစ်ခဲ့လျှင်, စာစစ်သူများက အမှားရှာလျှင် ပြဿနာ ကြီးလိမ့်မည်။

ယခု ဟုန်ယွိသည် ဤအားနည်းချက်ကို အခွင့်ကောင်းယူကာ ချန်ပီယံမြို့စားကို ပြင်ဆင်မှု မရှိအောင် အပိုင်ဖမ်းဆုပ်ကာ ဝေဖန်တိုက်ခိုက်ခဲ့သည်။

ချန်ပီယံမြို့စားသည် ပြိုင်ဘက်ကင်း သိုင်းပညာနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသော်လည်း ပြန်လည်ငြင်းခုန်ရန် စကားလုံးများ ရှာမတွေ့ခဲ့ပေ။

“ဟမ့်၊ မင်းက ကဗျာလေး တစ်ပုဒ် နှစ်ပုဒ် ရေးနိုင်ရင်တောင် လူတွေမှာ အားနည်းချက် ကိုယ်စီရှိတာပဲ။ မင်းရဲ့အားနည်းချက်ကို ငါ ဘယ်လိုလုပ် ရှာမတွေ့ဘဲ နေမလဲ။ ငါက ပညာရှင် စာမေးပွဲကို အောင်မြင်ခဲ့သလို စာပေတိုက်ပွဲ အနည်းငယ်ကိုလည်း ရင်ဆိုင်ဖူးတယ်။ စစ်ဆေးသူတွေရဲ့ ဥထဲမှာ အရိုးရှာသလို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းခြင်းကို ခံရဖူးတယ်။ စာပေပညာမှာ ငါ့ခန္ဓာကိုယ်က မချိုးဖျက်နိုင်တဲ့အဆင့် ဖွံ့ဖြိုးလာခဲ့ပြီ။ မင်းက ငါနဲ့ စာပေ တိုက်ပွဲ ဆင်နွှဲချင်ပြီး၊ ငါ့ကို ကဗျာနဲ့ ဖိနှိပ်ချင်တယ်ပေါ့။ မင်းအဖွားတောင် မမှတ်မိအောင် ငါ မင်းကို တိုက်ခိုက်ပစ်မယ်။”

ဟုန်ယွိသည် ချန်ပီယံမြို့စား ပြောစရာစကားမဲ့နေသည်ကို တွေ့လိုက်ရပြီးနောက်၊ ချန်ပီယံမြို့စား၏ ယုံကြည်မှုသည် တဖြည်းဖြည်း လှုပ်ခတ်သွားခဲ့ကြောင်း သိရှိလိုက်သည်။

စာမေးပွဲ ခန်းမထဲတွင် စစ်ဆေးသူများသည် အားလုံးကို အသေးမွှား အသေးစိတ် အချက်လက်လေးကအစ ရှာဖွေသူများ ဖြစ်သည်။ သူတို့သည် စကားလုံးတိုင်းတွင် မည်သည့် အားနည်းချက်မဆို ရှာတွေ့နိုင်သည်။ ဟုန်ယွိသည် အခြေခံ စာပေပညာရှင် စာမေးပွဲ အနည်းငယ်နှင့် အဆင့်မြင့် ပညာရှင်စာမေးပွဲတစ်ခုကို အောင်မြင်ပြီးပြီ။ စာပေကျွမ်းကျင်မှုတွင် မဖျက်ဆီးနိုင်သော ဗာဂျရာခန္ဓာကိုယ်အဖြစ် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

“ကောင်းပါပြီ၊ တော်ဝင်ချန်က သံတမန်နှစ်ဦး ကဗျာ ရွတ်ဆိုကြတာ တကယ်ကို ကြည်နူးစရာ ကိစ္စပါပဲ။ မငြင်းခုန် ဖြစ်မနေကြပါနဲ့။ ဒီနေ့ဟာ ယွန်နိုင်ငံရဲ့ နိုင်ငံတော် ညစာစားပွဲပါ။ ကျေးဇူးပြုပြီး၊ နေရာမှာ ပြန်ထိုင်ကြပါ။”

အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရသဖြင့် ယွန်နိုင်ငံ အုပ်ချုပ်သူ ချန်ဟွေ့ချန်က ချက်ချင်း ထရပ်ကာ ပြောလိုက်သည်။ ထို့နောက် ချန်ဟွေ့ချန်က ဟုန်ယွိကို ပြောလိုက်သည်။ “ပင်လယ်ရေကြောင်း သံတမန်၊ ချန်ပီယံမြို့စားဟာ မင်းတို့ တော်ဝင်ချန်က ဗိုလ်ချုပ်ကြီးတစ်ဦးပဲ။ သူက စစ်ပွဲပေါင်းများစွာ အောင်မြင်ခဲ့တဲ့ စစ်နတ်ဘုရားတစ်ပါးပဲ။ မင်းမှာ ဘာဂုဏ်ဒြဗ်မှ မရှိဘူး။ မင်းရဲ့ စစ်တပ်ရာထူးက နိမ့်တယ်။ မင်းက သူ့ကို စကား ပြန်ပြောရဲတယ်ပေါ့။ ဒါကရော ဓလေ့ထုံးတမ်းနဲ့ မကိုက်ညီဘူး မဟုတ်လား….”

မဟာအတွင်းဝန်လည်း ထရပ်ကာ ပြောလိုက်သည်။ “ဒါ့အပြင်, ချန်ပီယံမြို့စားရဲ့ ကဗျာမှာ အမှား မရှိဘူး။ နတ်ဘုရားလေနိုင်ငံရဲ့ ဂန္ဓမာသံမဏိဓားကိုလည်း ဓားလို့ ခေါ်ကြတယ်။ ယွန်မင်နိုင် ‘ဝူ’ မျိုးနွယ်စုရဲ့ ဓားကွေးကိုလည်း ဓားလို့ ခေါ်ချင်ခေါ်မှာပေါ့။ ဒါက မမှားပါဘူး။”

“ကျွန်တော် ပြောရှင်တာက အဲဒါက အဓိကအချက် မဟုတ်ဘူး။”

ဟုန်ယွိသည် ခန်းမအလယ်သို့ နှိမ့်ချခြင်း၊ မောက်မာခြင်း အလျင်းမရှိဘဲ တည်ငြိမ်စွာ လျှောက်လာသည်။ သူသည် လက်သီးဆုပ်ဂါရဝပြုကာ တရားဝင် ပညာရှင်တစ်ဦး အလေ့အထတိုင်း ပြုလုပ်လိုက်ပါသည်။

“ဓားနဲ့ ဆေဘာကြား အငြင်းပွားမှုမှာ အမှန်နဲ့အမှားဆိုတဲ့ နိယာမတစ်ခု ရှိနေတယ်။ ပညာရှင်တစ်ဦး အနေနဲ့ ကျွန်တော် အမှန်နဲ့အမှားကို ခွဲခြားပြရမယ်။ ဆေဘာဟာ သတ်ဖြတ်ရေး လက်နက်ပဲ။ ကြင်နာမှု တရားမျှတမှု မရှိဘူး။ ဒါကို ကွေးနေတယ်လို့ ယူဆလို့တယ်။ ဓားဟာ ဓလေ့ထုံးတမ်းစဉ်လာ လက်နက်ဖြစ်တယ်။ ဖြောင့်မတ်တယ်လို့ ယူဆလို့ရတယ်။ သာမန်လူတွေ ဟာ ဒီအမှားအမှန် နိယာမကို နားမလည်နိုင်ပေမဲ့ ချန်ပီယံမြို့စားဟာ စစ်တပ်တစ်ခုရဲ့ ခေါင်းဆောင် ပဲ။ ရှင်ခြင်းသေခြင်း ဆုံးဖြတ်ခွင့်အာဏာကို ပိုင်ဆိုင်ထားတယ်။ သူ လက်လေးတစ်ချက် ယမ်းပြရုံနဲ့ ထောင်ချီတဲ့ ဦးခေါင်းတွေ မြေပြင်ပေါ် ပြတ်ကျနိုင်တယ်။ ဒီအမှားအမှန် နိယာမကို နားမလည်ရင် အလွန်တရာမှ အန္တရာယ် များတယ်။ ပညာရှင်တစ်ဦးအနေနဲ့ ကျွန်တော်က အုပ်ချုပ်သူနဲ့ စစ်တပ် ခေါင်းဆောင်တွေကို ဒီနိယာမကို နားလည်အောင် လုပ်ဆောင်ပေးရမယ်။ တကယ်လို့, ရှင်ဘုရင်နဲ့ စစ်ဗိုလ်ချုပ်တွေ ဒီနိယာမကို နားမလည်ဘူးဆိုရင် ကျွန်တော်ဟာ ပညာရှင်တစ်ဦးအနေနဲ့ အသက်အန္တရာယ် ရှိနေရင်တောင် အကြံပေးရမှာပဲ။”

ဟုန်ယွိ၏ စိတ်လှုပ်ရှားဖွယ် စကားများက ခန်းမတွင် ပဲ့တင်ထပ်သွားသည်။

ယွန်နိုင်ငံ အရာရှိများတွင် ပညာရှင်များ မနည်းလှချေ။ ဟုန်ယွိ၏ စိတ်လှုပ်ရှားဖွယ် စကားများကို ကြားရချိန်တွင် အားလုံး ခေါင်းညိတ်ကာ သဘောတူကြသည်။

ယွန်နိုင်ငံသည် မူလကတည်းက အလယ်ပိုင်းကုန်းမြေ၏ ထုံးတမ်းစဉ်လာကို လေ့လာခဲ့သည်။ တော်ဝင်နန်းတော်၏ ဆယ့်နှစ်လွှာ ပြည့်တန်ဆာ အိမ်များကိုပင် ကူးယူဆောက်ထားခဲ့သည်။ သဘာဝအတိုင်း ကွန်ဖြူးရှပ်ဘာသာကို လေ့လာသူ များပြားသည်။

တကယ်တော့ လက်ရှိ ယွန်နိုင်ငံသည် အသေးစား တော်ဝင်တရားရုံး ဖြစ်သည်။ ကျင့်ဝတ်အရ, တော်ဝင်ချန် တော်ဝင်တရားရုံးထက်ပင် ပိုမို ရှင်းလင်းသည်။

ဟုန်ယွိ၏ စိတ်လှုပ်ရှားဖွယ် ဟောပြောချက်များ ပြီးဆုံးပြီးနောက် သူ့အသံက တဖန် ပြောင်းလဲသွားပြီး နက်ရှိုင်းပြီး ပဲ့တင်ထပ်စွာ ထွက်ပေါ်လာသည်။ တောင်ထိပ်ပေါ်တွင် အထီးကျန် စွာ တစ်ကောင်းတည် ရပ်နေသော ကြိုးကြာငှက်ကဲ့သို့ ခေါင်းမော့ကာ ယွန်နိုင်ငံ ဘုရင်ကို ပြောလိုက်သည်။ “ဒါ့အပြင်, အရှင်မင်းမြတ်က ကျွန်တော်က ရာထူးနိမ့်တယ်။ ဘာဂုဏ်ပုဒ်မှ မရှိဘူး။ ချန်ပီယံမြို့စားကို ဆန့်ကျင်တာ ဓလေ့ထုံးတမ်းနဲ့ မကိုက်ညီဘူးလို့ ပြောခဲ့တယ်။ ဒါက ပညာရှင်တစ်ဦးအတွက်ဆို အမှန်တရား မဟုတ်ဘူး..။ ပညာရှင်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ သာမန်လူတစ်ဦး ဖြစ်နေရင်တောင် ကမ္ဘာကြီးကို ကျွန်တော့် စိတ်နှလုံးထဲ ထည့်ထားပြီး ကိုယ်ကျိုးမဖက် ဖြောင့်မတ်မှန်ကန်တဲ့ ဂုဏ်ပုဒ်တော့ ရှိနိုင်ပါတယ်။ ကျွန်တော်ဟာ ဧကရာဇ်ရှေ့မှာ ဦးညွှတ်ပြီး တိုက်ရိုက် သတိပေးနိုင်တယ်။ ချန်ပီယံမြို့စားရဲ့ ကဗျာဟာ တကယ်ကို ခမ်းနားပါတယ်။ ဒါပေမဲ့ ‘မိုင်သုံးသောင်းအတွင်း ကျွန်တော် မြို့စားဖြစ်ချင်တယ်’ ဆိုတဲ့ စကားက မရည်ရွယ်ဘဲ ထွက်သွားပုံပေါ်တယ်။ အခု ချန်ပီယံမြို့စားဟာ မြို့စားတစ်ပါး ဖြစ်နေပြီ မဟုတ်လား။ ဒီကဗျာဟာ မြို့စား အတိတ်တုန်းက ရေးခဲ့တာ မဟုတ်လား။ ဒီနေ့မှ ရွတ်ဆိုခဲ့တာ မဟုတ်လား….”

ဟုန်ယွိက ချန်ပီယံမြို့စားကို ကြည့်လိုက်သည်။

“ငါ အဲဒီလို လုပ်ခဲ့တယ်ဆိုရင်ရော, ဘာဖြစ်လဲ။ ဒီကဗျာဟာ ငါ မြက်ခင်းလွင်ပြင်ကို တိုက်ခိုက်နေချိန်, မြို့စားဂုဏ်ပုဒ် မရသေးခင်မှာ ရေးခဲ့တာ။” ချန်ပီယံမြို့စား သွားပေါ်အောင် ပြုံးလိုက်သည်။

ထိုအပြုံးတွင် အရာများစွာကို လျှို့ဝှက်ထားသည်။

သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

သူ၏ မျက်ဆံနှစ်ခုသည် ဟုန်ယွိကို စုပ်ယူပစ်ချင်နေသည့် ဝဲဂယက်နှစ်ခုနှင့် တူသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ထိုအချိန်တွင် ယွန်နိုင်ငံ အရပ်ဘက်နှင့် စစ်ဘက် အရာရှိ အားလုံး တော်ဝင်ချန် ချန်ပီယံမြို့စား၏ သတ်ဖြတ်လိုစိတ်ကို ခံစားရသည်။ သူသည် သေမင်း နတ်ဘုရားတစ်ပါးနှင့် တူပြီး သူတို့အားလုံး စိတ်နှလုံး တင်းကျပ်သွားကြသည်။

“ချန်ပီယံမြို့စား၊ မင်းရာထူးက မြင့်မားတယ်။ ဂုဏ်ဒြဗ်ဆိုရင်လည်း ငါနဲ့ဆိုရင် ကမ္ဘာကြီးလောက် ကွာခြားတယ်။ ဒါပေမယ့် ငါကလည်း ပညာရှင်တစ်ဦးပဲ။ မင်းလို ဂုဏ်ဒြဗ် ရှိသူတွေနဲ့ အရာရှိတွေရှေ့မှာ ငါ့ကိုယ်ငါ နှိမ်ချမှာ မဟုတ်ဘူး။”

ဟုန်ယွိသည် သူ့ဝတ်စုံလက်မောင်းကို တစ်ချက် ယမ်းလိုက်ပြီး လက်သီးစုပ်ကာ ဂါရဝပြုဟန်ဖြင့် ပြောလိုက်သည်။ သူသည် နာမည်ကျော် ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအရာကို အတုယူပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့မှာ ကဗျာတစ်ပုဒ် ရှိတယ်။ ချန်ပီယံမြို့စား၊ မင်း နားထောင်ကြည့်မလား။”

“နားထောင်ချင်ပါတယ်။” ချန်ပီယံမြို့စား ထပ်မံ ပြုံးလိုက်သည်။

ဟုန်ယွိ ပါးစပ်ဖွင့်ကာ ရွတ်ဆိုလိုက်သည်။ “ပျံလွှားတွေ၊ စာကလေးတွေ၊ ငန်းတွေမှာ ဂုဏ်မြင့်တာ ဂုဏ်နိမ့်တာမရှိဘူး။ သာမန်လူတွေနဲ့ မြို့စားတွေလည်း ဝိုင်ခွက်တစ်ခွက်ကို မျှဝေကြတယ်။ ငါဟာ တိမ်တိုက်ထဲက ဒဏ္ဍာရီလာ ငှက်ကြီးတစ်ကောင်ဖြစ်တယ်။ ငါက ကောင်းကင်ကိုပဲ ကြည့်ပြီး ပျံသန်းဖို့ ငြင်းဆန်တယ်။”

ဟုန်ယွိ၏ ကဗျာ ရွတ်ဆိုသံက ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလာသည်။ တစ်ချိန်တည်းတွင် သူ ကိုယ်တိုင်က သမိုင်းစာအုပ်များထဲ ပျော်ဝင်သွားခဲ့သည်။ ကဗျာ စာအုပ်များကို သယ်ဆောင်ကာ ဓား တစ်ချောင်းနှင့် ခရီးထွက်ကြသည့် မဟာကွန်ဖြူးရှပ် ပညာရှင်များ၏ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ စကားလုံး တစ်လုံးချင်းစီတွင် သဘာဝအတိုင်း ဒေါသအငွေ့အသက်များ ပါဝင်သည်။

နန်းတော်ရှိ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ဟုန်ယွိ၏ ကဗျာကို ကြားရချိန်မှာ သူတို့အားလုံး မယိမ်းမယိုင်သော သူ့စိတ်ဓာတ်ကို ခံစားရသည်။ အမှန်ပင်, သူတို့သည် ထင်ရှားကျော်ကြားသည့် ပညာရှင်တစ်ဦး၏ ကြံ့ခိုင်သော အကျင့်စရိုက်ကို မြင်ခဲ့သလို ဖြစ်နေခဲ့သည်။

အခြားအရာများကို မဆိုထားနှင့်၊ ဟုန်ယွိသည် သေးငယ်သော ပင်လယ်ရေကြောင်းကင်းလှည့်သူ သံတမန်တစ်ဦးသာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများပင် ကြောက်ရွံ့သော တော်ဝင်ချန်မင်းဆက်၏ နာမည်ကျော် ချန်ပီယံမြို့စားကို မည်သူ ရင်ဆိုင်ရဲမည်နည်း။

ဤသည်မှာ ကျော်ကြားသောပညာရှင်တစ်ဦး၏ စစ်မှန်သော အမူအကျင့် ဖြစ်သည်။

ယွန်မင်နိုင်ငံကဲ့သို့ အင်အားကြီး နိုင်ငံ၏ ဧကရာဇ် နာလန်ယီဟုန်သည် ချန်ပီယံမြို့စား၏ နာမည်ကို ကြားရချိန်တွင် စားမဝင်အိပ်မပျော်ပင် ဖြစ်ခဲ့ရသည်။

ဤကြောင့် ယွန်နိုင်ငံ ဘုရင်နှင့် အရပ်ဘက် စစ်ဘက် အရာရှိ အားလုံးသည် ချန်ပီယံမြို့စား လာရောက်သည်ကို ကြားရချိန်တွင် ချက်ချင်း အဝါရောင် သဲခင်းကာ မြေပြင်တွင် သန့်ရှင်းသော ရေများကို ဖြန်းကြပြီး နိုင်ငံတော် ညစာစားပွဲပင် ကျင်းပခဲ့သည်။

ယခု ဟုန်ယွိသည် ချန်ပီယံမြို့စားကို တိုက်ရိုက်ဆန့်ကျင်ပြီး၊ အံ့သြမှင်တက်အောင် ငြင်းခုန်ခဲ့သည်။ လူတိုင်းက သူ၏ပညာရှင်ဆန်သော အမူအရာကို ကို လေးစားကြသည်။

ယွန်နိုင်ငံ အရပ်ဘက် စစ်ဘက် အရာရှိများသည် အလယ်ပိုင်းကုန်းမြေမှ နာမည်ကျော် ပညာရှင်များ ကို နက်ရှိုင်းစွာ လေးစားခဲ့ကြသည်။

ယွန်နိုင်ငံမှ အရပ်ဘက် စစ်ဘက် အရာရှိများ အံ့သြမှင်တက်နေချိန်တွင် ဟုန်ယွိသည် ချန်ပီယံမြို့စားကို လက်နှစ်ဖက်ယှက် လေးစားဟန်ပြကာ ဝင့်ကြွားစွာ ပြောလိုက်သည်။ “ကျွန်တော်က သာမန်လူ မဟုတ်တဲ့အတွက် ဒီနေ့ ချန်ပီယံမြို့စားကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော် တော်ဝင်ချန်ကို ပြန်ရောက်တဲ့အခါ, ကျွန်တော်ဟာ တကယ်ကို သာမန်လူတစ်ယောက် ပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့်, ချန်ပီယံမြို့စားကတော့ မြို့စားအဖြစ် ရှိနေဦးမှာပဲ။ သာမန်လူတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ ဘွဲ့ဂုဏ်တစ်ခုဟာ ကျွန်တော်လို ပညာရှင်တစ်ဦးရဲ့ လက်ထဲက ဝိုင်ခွက် တစ်ခွက် လိုပဲ။ ဒီနေ့, ပင်လယ်ကျွန်းနိုင်ငံတစ်ခုရဲ့ ခန်းမမှာ မင်းကို ခွက်မြှောက်ပြီး ဂုဏ်ပြုပါတယ်။ ချန်ပီယံမြို့စားအနေနဲ့လည်း ဓားနဲ့ ဆေဘာ ကွဲပြားမှု၊ အမှန်အမှားကွဲပြားမူကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အာဏာကြောင့် မျက်လုံးအကန်းမခံပါနဲ့။ တကယ်လို့, အနာဂတ်မှာ ချန်ပီယံမြို့စား သာ အစိုးရတရားရုံးအဖွဲ့ဝင် ဖြစ်လာခဲ့ရင်, ကမ္ဘာကို ငြိမ်းချမ်းအောင် အုပ်ချုပ်နိုင်ရင်၊ ကမ္ဘာကြီးရဲ့ အခွန်တွေ ဖျက်သိမ်းနိုင်ရင်၊ မြေယာ သိမ်းပိုက်မူ တွေ မလုပ်ဆောင်ဘဲ၊ တော်ဝင်ချန် ပြည်သူတွေ ငြိမ်းချမ်းစွာနဲ့ ရှင်သန်နေထိုင်နိုင်ရင်, မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အနိုင်ကျင့်မှု မရှိတော့ရင်, ဒီနေ့, မဆင်မခြင် ပြောမိတဲ့အတွက် ကျွန်တော်ကိုယ်တိုင် ချန်ပီယံမြို့စား လာရောက် တောင်းပန်ပါ့မယ်…။”

ထို့နောက် ဟုန်ယွိသည် စားပွဲသို့ ပြန်သွားကာ လက်ထဲမှ ဝိုင်ခွက်ကို မြှောက်ပြီး၊ ချန်ပီယံမြို့စားကို လှုပ်ခါပြကာ သောက်ချလိုက်သည်။

ဖြောင့်မတ်မှန်ကန်ပြီး၊ ကြမ်းတမ်းသော စကားလုံးများဖြင့် ပြည့်နှက်နေသော နောက်ထပ် ဟောပြောချက်တစ်ခု….။

ယနေ့ ယွန်နိုင်ငံ ညစာစားပွဲတွင် ဟုန်ယွိသည် လက်နက် သို့မဟုတ် နတ်ဘုရား စွမ်းရည် မည်သည့်အရာကိုမှ အသုံးမပြုခဲ့ချေ။ စကားလုံးဖြင့်သာ နတ်ဘုရားများ သတ်နိုင်ပြီး ဗုဒ္ဓများကို ဖျက်ဆီးနိုင်အထိ မာန်တက်လွန်းသော၊ ကမ္ဘာကြီး၏ ကံကြမ္မာကို လက်ထဲ ကိုင်ဆောင်ထားသူ ချန်ပီယံမြို့စားကို စကားမပြောနိုင်အောင် အင်အားသုံး ဖိနှိပ်နိုင်ခဲ့သည်။

ဤမြင်ကွင်းကို တွေ့လိုက်ရချိန်တွင် ရွှေပင့်ကူသည် ပါးစပ်အဟောင်းသားဖြင့် သူမနေရာတွင် ပြန်ထိုင်သည်။ သူမသည် အလွန် အပြစ်ကင်းစင်ပုံရသည်။

ချန်ယင်းရှာသည် မျက်လုံးများကို တဖျပ်ဖျပ်ခတ်ရင်း ဟုန်ယွိကို ကြည့်သည်။ သူမသည် ဟုန်ယွိ ကို အမှန်တကယ် နားမလည်သေးကြောင်း ခံစားရသည်။ ထိုအချိန်တွင် ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သော ဤငွေငါးမန်းသည် ဟုန်ယွိ၏ လွှမ်းမိုးနိုင်စွမ်းကို နားလည်ခဲ့သည်။

“ဟားဟားဟား။”

ချန်ပီယံမြို့စားသည် ဟုန်ယွိ၏ လုပ်ရပ်ကို ကြည့်ကာ၊ သူ့မျက်နှာက မရေရာမှုများဖြင့် ပြည့်နှက်နေသည်။ သူ ဘာတွေးနေလဲဆိုသည်ကို မည်သူမျှ မသိချေ။ ရုတ်တရက် သူ့မျက်လုံးတွေက လင်းလက်သွားပြီး၊ ကျယ်လောင်စွာ ရယ်လိုက်သည်။ “မင်းက တကယ်ကို တော်ဝင်ချန် အင်ပါယာ စာမေးပွဲရဲ့ ပထမဆုရှင်အဖြစ် ပီသပါတယ်။ မင်းက ပညာရှင်တစ်ဦးရဲ့ အရည်ချင်း သတ္တိတွေ ပိုင်ဆိုင်ထားတယ်။ မင်းက ဧကရာဇ်အကြံပေး စီနီယာဟုန်ရဲ့ သားဖြစ်ပြီး ရာထူး ဂုဏ်ပုဒ် မရှိသေးပေမယ့်၊ မင်းအနာဂတ်က အကန့်အသတ် မရှိဘူး။ မင်းက ပင်လယ်ရေကြောင်း ကင်းလှည့်သူ အဖြစ် ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ငါ ပြန်ရောက်ရင် ဧကရာဇ်ကို အစီရင်ခံပြီး မင်းကို ရာထူး တိုးမြှင့်ပေးဖို့ အစီအရင်ခံပေးမယ်။”

ထို့နောက် ချန်ပီယံမြို့စားသည် ကိုယ်ပိုင် စားပွဲသို့ ပြန်သွားကာ ဝိုင်ခွက်ကို မြှောက်ပြီး၊ ဟုန်ယွိနှင့် ခွက်တိုက်သည်။ ထို့နောက် ရုတ်တရက် ခွက်ကို ချလိုက်သည်။

ခွက်ကို ချလိုက်ချိန်မှာ, ခွက်သည် နံ့သာသစ်သားစားပွဲထဲ နက်ရှိုင်းစွာ နစ်မြုပ်သွားသည်။ စားပွဲတွင် အပေါက်တစ်ပေါက် ပေါ်လာပြီး လက်ဖဝါး အရွယ် သစ်သားတစ်ချပ်သည် ကြမ်းပြင်ပေါ် ကျသွားသည်။

ထိုအချိန်တွင် ယွန်နိုင်ငံ၏ သမိုင်းပညာရှင်များသည် တိတ်တဆိတ် မှတ်တမ်းတင်သည်။ “တော်ဝင်ချန် နှစ် ၆၀ ပြည့်, ဆောင်းရာသီ၊ နိုဝင်ဘာ ၅ ရက်၊ တော်ဝင်ချန်မှ ချန်ပီယံမြို့စားသည် ယွန်နိုင်ငံသို့ သံတမန်အဖြစ် ရောက်ရှိလာခဲ့သည်။ နန်းတော်ခန်းမအတွင်း နိုင်ငံတော် ညစာစားပွဲတွင် ချန်ပီယံမြို့စားကို တော်ဝင်ချန်၏ ပစိဖိတ်ရေတပ်မှ အရာရှိငယ်လေးတစ်ဦးက စိန်ခေါ်ခဲ့သည်။ သူသည် ခွန်အားကိုအသုံးပြုပြီး ဝိုင်ခွက်ကို နံ့သာသစ်သားစားပွဲအထဲ နစ်မြုပ်အောင် လုပ်ဆောင်ခဲ့သည်။”

“ဟမ့်…”။

ယွန်နိုင်ငံ၏ သမိုင်းပညာရှင်များ တိတ်တဆိတ် မှတ်တမ်းတင်နေချိန်တွင် ချန်ပီယံမြို့စား၏ ထက်ရှသော မျက်လုံးများက လေးဘက်လေးတန်ကို ကြည့်သည်။ အဝေးမှ သမိုင်းပညာရှင်များ၏ မှတ်တမ်းကို ကြည့်ကာ သူ့မျက်လုံးက ရုတ်တရက် အေးစက်သွားသည်။

မှတ်တမ်းပါ စကားလုံးများကို ကြည့်ရင်း သူသည် အမှန်တကယ်ပင် ရေးနေသည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“နတ်လင်းယုန်ဘုရင်။”

သူ၏ လက်ချောင်းများက တုန်ခါသွားသည်။

“မြို့စား၊ ဒီလို လုပ်လို့မရပါနဲ့။ သမိုင်းပညာရှင်တွေရဲ့ မှတ်တမ်းဆိုတာက သံမဏိလိုပဲ။ အရက်စက်ဆုံး ဧကရာဇ်တွေတောင် သမိုင်းမှတ်တမ်းတွေကို မထိနိုင်ဘူး။ တကယ်လို့, ဒီသတင်းသာ, ပေါက်ကြားသွားရင် တော်ဝင်ချန် တရားရုံးက ပညာရှင်နဲ့ အရာရှိတွေက မြို့စားကို အမှန်တကယ် ရှုတ်ချလိမ့်မယ်။ ဧကရာဇ်တောင် နောက်ဆက်တွဲ ပြဿနာကို မဖြေရှင်းနိုင်ဘူး။”

ရှောင်အန်ရန် ချန်ပီယံမြို့စား၏ မျက်နှာကို တွေ့လိုက်ရပြီး သူ လုပ်ချင်သည့်အရာကို သိရှိသည်။ သူက ချက်ချင်းပင် သူ့အတွေး တစ်ပိုင်းကို ခွဲထုတ်ကာ နတ်ဘုရားအာရုံဖြင့် ပြောလိုက်သည်။

“ကျုပ် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ်။ နတ်ဘုရားတွေ ဗုဒ္ဓတွေကို သတ်ဖြတ်ခဲ့တယ်။ ဒီအယူသည်းတဲ့ ပညာရှင်အုပ်စုကို ကျုပ် မကြောက်ဘူး။” ချန်ပီယံမြို့စား အေးစက်စွာ ပြုံးကာ ပြောသည်။ “ဒါပေမဲ့ ဒီနေ့ ယွန်နိုင်ငံဘုရင် ကျုပ်ကို တန်းတူဧည့်ခံပြီး အတတ်နိုင်ဆုံး နှစ်သက်အောင် လုပ်ဆောင်ခဲ့တယ်။ ဒီဟုန်ယွိဟာ ရှေးရိုးဆန်တဲ့ ပညာရှင်စရိုက် ရှိတယ်။ ကျုပ် တော်ဝင်ချန် ပြန်ရောက်ချိန် အစီရင်ခံစာ တင်ပြီး သူ့ကို ကျုပ်လက်အောက် ရွှေ့ပြောင်းခိုင်းရမယ်။ ဒီလိုလူမျိုးနဲ့ ငြင်းခုန်ပြီး၊ အလွန်မင်း ဆူဆူညံညံဖြစ်သွားတာက ပြဿနာ မရှိဘူး။ သူ့ကို ငါ့ လက်အောက် ခေါ်ယူနိုင်ရင် ငါ့အင်အားလည်း တိုးလာလိမ့်မယ်။”

“မြို့စားက သူ့ကို လက်အောက်အဖြစ် ခေါ်ယူချင်တယ်ပေါ့။ ဒါပေမဲ့ သူက ဧကရာဇ်အကြံပေး စီနီယာ ဟုန်ရဲ့သားပဲ” ရှောင်အန်ရန်က ပြောသည်။

“ဧကရာဇ်အကြံပေး စီနီယာဟုန်က ငါနဲ့တန်းတူပဲ။” ချန်ပီယံမြို့စား ပြောသည်။ “ဒီနိုင်ငံ ညစာ စားပွဲ ပြီးရင် ပြန်ကြမယ်။”

“ပြန်မယ်လား…၊ မြို့စားက ဖူဘိုရေတပ် ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင် သေဆုံးမှုကို စုံစမ်းချင်တာ မဟုတ်ဘူးလား။ ရှောင်ရှောနန်ရောပါတယ်။ ကျွန်တော့် ဖန်ရှင်းတာအိုဂိုဏ်းက အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းရော….” ရှောင်အန်ရန်က ပြောသည်။

“အခု စုံစမ်းစရာ မလိုဘူး။ ငါတို့ ဒီကိစ္စကို လောလောဆယ် ချုပ်တည်းထားရအောင်။ အမှန်တရား ထွက်ပေါ်လာမှာပါ။ မင်းရဲ့ဖန်ရှင်းတာအိုဂိုဏ်းက ရတနာအတွက်တော့, ဖန်ဆင်းရှင်ဗူးသီးကထဲ တစ်ခုယူပြီး လျော်ပေးပါ့မယ်။” ချန်ပီယံမြို့စားက ပေါ့ပေါ့ပါးပါး ပြောကာ တည်ငြိမ်စွာ စားနေသော ဟုန်ယွိကို ကြည့်ရင်း သူ့မျက်နှာက အေးစက်စွာ ပြုံးနေသည်။

“ငါ အချိန်အတော်ကြာအောင် ပြိုင်ဘက်ကောင်းကောင်း မရှိခဲ့ဘူး။ နောက်ဆုံးတော့ ငါ ဆော့ကစားနိုင်တဲ့ ပြိုင်ဘက် တစ်ယောက်ကို ရှာတွေ့ပြီ။ ဒါပေမဲ့ သူက အရမ်းအားနည်းလွန်းတယ်။ တစ်ချက်တည်းနဲ့ ချေမွပစ်နိုင်တယ်။ ပျော်စရာ လုံးဝ မကောင်းဘူး။ ငါ အရင် အနားယူမယ်။” ချန်ပီယံမြို့စားက သူ့ကိုယ်သူ ရေရွတ်သည်။

“ဖမည်းတော်….။”

ချန်ပီယံမြို့စား သူ့စားပွဲ ပြန်ရောက်ချိန်တွင် နိုင်ငံတော် ညစာစားပွဲ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အရပ်ဘက် စစ်ဘက် အရာရှိ အားလုံး အခုနက ဖြစ်ပျက်ခဲ့သော အရာကြောင့် အံ့သြမှင်တက်နေသည်။

ဤသေးငယ်သော ပင်လယ်ရေကြောင်း ကင်းလှည်းသူတစ်ဦးသည် နိုင်ငံတော် ညစာစားပွဲတွင် ချန်ပီယံမြို့စားကို လုံးဝ နှိပ်ကွက်နိုင်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ချေ။

“ဂီတပညာရှင်များ၊ ဂီတသံစဉ်ကို တီးမှုတ်ကြတော့….။”

မြင်ကွင်းက အလွန် တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသဖြင့် မဟာအတွင်းဝန်က ဓလေ့ထုံးတမ်းစဉ်လာ အရာရှိကို မျက်လုံးဖြင့် အချက်ပြသည်။ ဓလေ့ထုံးတမ်းစဉ်လာ အရာရှိသည် ဂီတပညာရှင်များကို ဂီတတီးမှုတ်ရန် အမိန့်ပေးချိန်တွင် ချန်ယင်းရှာက ရုတ်တရက် ခေါ်လိုက်သည်။

“ဘာလဲ၊ သမီးတော်…” ဘုရင် ချန်ဟွေ့ချန်သည် ချက်ချင်းပင် ဂီတတီးမှုတ်ခိုင်းနေသည့် ဓလေ့ထုံးတမ်းစဉ်လာ အရာရှိကို တားဆီးကာ ပျော်ရွှင်သော မျက်နှာဖြင့် မေးသည်။ သူ ဤသမီးတော်ကို အလွန်အလေးထားသည်။

ချန်ယင်းရှာက ဟုန်ယွိကို ကြည့်ကာ ပြောသည်။ “သမီး၊ ဒီနေ့ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်ရတဲ့ အကြောင်းပြချက်က ခမည်းတော်ကို တစ်ခု ပြောချင်လို့..။”

“အိုး…၊ ဘာလဲ၊ သမီးတော်… ချက်ချင်း ပြောပါ။” ချန်ဟွေ့ချန်က ချက်ချင်း ပြောသည်။

ထိုအချိန်တွင် အရပ်ဘက် စစ်ဘက် အရာရှိများ အားလုံးသည် ပင်လယ်နတ်ဘုရား ပြန်လည်မွေးဖွားသူ မင်းသမီး ချန်ယင်းရှာကို ကြည့်နေကြသည်။ သူမ ဘာပြောချင်သည်ကို သူတို့ မသိကြချေ။

“သမီး… တာအိုလက်တွဲဖော် ရွေးပြီးပြီ။ ဒီအကြောင်းကို ခမည်းတော်ကို ပြောပြချင်လို့ပါ။” ချန်ယင်းရှာက တည်ငြိမ်စွာ ပြောသည်။

“ဘာ….”

ဘုရင် ချန်ဟွေ့ချန်သည် ချန်ယင်းရှာ၏ စကားကို ကြားရချိန်တွင် အံ့သြမှု ကြီးစွာဖြင့် လက်ထဲမှ ဝိုင်ခွက်ပင် ကြမ်းပြင်ပေါ် လွတ်ကျသွားခဲ့သည်။ ဤကိစ္စက သူ့အတွက် အလွန် အံ့သြဖွယ် ဖြစ်သည်။

ချန်ယင်းရှာသည် ယွန်နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်သည်။ ပြည်သူများ ကြားတွင် သူမသည် ဘုရင် ထက်ပင် ပို၍ အံ့သြဖွယ် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။ ပြည်သူများက သူမကို လေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူများသည် ပင်လယ်ကြီးကို အမှီပြု၍ အသက်မွေးရသောကြောင့် ဖြစ်သည်။ သူတို့သည် ငါးမန်းတစ်ကောင်ကို စီးနင်းပြီး၊ ငွေငါးမန်းများကိုပင် အမိန့်ပေးနိုင်သော ပင်လယ်နတ်ဘုရား မင်းသမီးကို နတ်ဘုရားတစ်ပါးလို လေးစားကြသည်။

ယွန်နိုင်ငံ ကမ်းခြေတွင် ချန်ယင်းရှာ၏ ရုပ်ထုများ ရှိပြီး၊ သူမအတွက် ဘုရားကျောင်းများ တည်ဆောက်ထားသည်။ နေ့စဉ် ပင်လယ်ပြင်ထွက်၍ ငါးဖမ်းသူများသည် သူမကို မီးထွန်း ပူဇော်ကာ သုံးကြိမ် ဦးညွှတ်မှ ပင်လယ်ပြင် ထွက်ရဲကြသည်။

ဤမင်းသမီး၏ လက်ထပ်မှုသည် သဘာဝအားဖြင့် ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်သည်။

နန်းတော်ခန်းမထဲတွင်, အရပ်ဘက် စစ်ဘက် အရာရှိ အားလုံး အံ့သြမှင်တက်သွားကြသည်။ သူတို့အားလုံး ချန်ယင်းရှာကို စိုက်ကြည့်ကြသည်။ သဘာဝအားဖြင့် ချန်ယင်းရှာ ရွေးချယ်သော တာအိုလက်တွဲဖော် မည်သူ ဖြစ်သည်ကို သိချင်ကြသည်။ ဘုရင် သေဆုံးပြီးနောက် ထို တာအိုလက်တွဲဖော်သည် ဘုရင်အသစ် ဖြစ်လာနိုင်သည်။

အဘယ့်ကြောင့်ဆို ယွန်နိုင်ငံ မင်းသားများနှင့် ဆက်ခံသူများ ချန်ယင်းရှာနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ချန်ယင်းရှာ၏ စကားကို ကြားရချိန်တွင် ချန်ပီယံမြို့စား၊ နတ်လင်းယုန်ဘုရင်နှင့် ရှောင်အန်ရန်တို့ ပင် အံ့သြသွားသည်။

မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲ တစ်ပါးအပါဝင်ဖြစ်သူ၏ တာအိုလက်တွဲဖော်။

ဤသည်မှာ သေချာပေါက် အလွန်ကြီးမာသည့် ကိစ္စကြီးဖြစ်သည်။

ချန်ပီယံမြို့စား၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း ကျဉ်သွားခဲ့သည်။ မျက်လုံးများက တဖျပ်ဖျပ် ခတ်သွားပြီး၊ တောက်ပသော အလင်းတန်းတစ်ခုက ပျံသန်းနေသော ဓားတစ်ချောင်းကဲ့သို့ ထွက်ပေါ်လာသည်။ သူ ဘာတွေးနေသည်ကို မည်သူမျှ မသိချေ။

“သမီးတော်ရဲ့ တာအိုလက်တွဲဖော်က မည်သူလဲ။ ဖမည်းတော် သိချင်တယ်။ ပြောပြီးရင် ခမည်းတော်က သမီးတော်အတွက် စီစဉ်ပေးမယ်။ ဒါက ယွန်နိုင်ငံရဲ့ ကြီးမားတဲ့ ကိစ္စပဲ။ ဓလေ့ထုံးထမ်းစဉ်လာ အရာရှိတွေအနေနဲ့ မြို့အတွင်းက ကျွန်တွေနဲ့အတောင် အနည်းဆုံး လအနည်းငယ် ပြင်ဆင်ရနိုင်တယ်…။”

ချန်ဟွေ့ချန် စိတ်ကို တည်ငြိမ်စွာ ထားကာ မေးသည်။

အရပ်ဘက် စစ်ဘက် အရာရှိများ အားလုံး ချန်ယင်းရှာ၏ ပါးစပ်ကို ကြည့်နေကြသည်။ သူမ မည်သူ့ကို ရွေးချယ်ခဲ့သည်ကို ကြားချင်ကြသည်။ ခန်းမပြင်ပ ရပ်နေသော ငွေငါးမန်း စစ်သည်များ ပင် နားကို အာရုံစိုက်ထားကြသည်။

အဘယ့်ကြောင့်ဆို ဤငွေငါးမန်း စစ်သည်များ၏ မျက်စိထဲတွင် ချန်ယင်းရှာသည် နတ်ဘုရားမတစ်ပါး ပြန်ဝင်စားသည့် မင်းသမီးတစ်ပါး ဖြစ်သည်။ အားလုံး လေးစားကြသည်။

ဤကောင်းကင်ဘုံ မင်းသမီးတော်ကို မည်သူ လက်ထပ်နိုင်မည်နည်း။

မသိချင်သူ မည်သူမျှ မရှိချေ။

အားလုံး၏ စောင့်ကြည့်မှု အောက်တွင် ချန်ယင်းရှာက လက်မြှောက်ကာ ဟုန်ယွိကို ညွှန်ပြသည်။ ထိုနောက် သူမက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ “ဒီလူကတော့ သခင်လေး ဟုန်ယွိပါပဲ။ ကျွန်မတို့ရဲ့ ကြံကမ္မာတွေက သုံးဘဝအထိ ချည်နှောင်ထားတယ်။ သခင်လေး ဟုန်ယွိက ကျွန်မရဲ့ တာအိုလက်တွဲဖော်ပဲ။ ခမည်းတော်…၊ ဓလေ့ထုံးတမ်းစဉ်လာ အရာရှိတွေကို မှတ်တမ်းတင်ခိုင်းပြီး အားလုံးကို စီစဉ်ပေးပါ။”

“ဘာ….” “မဖြစ်နိုင်ဘူး မဟုတ်လား…..။”

ရှောင်အန်ရန်နှင့် နတ်လင်းယုန်ဘုရင်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကြသည်။ အချင်းချင်း၏ မျက်လုံးထဲတွင် အံ့သြမှုကို မြင်နေရသည်။

“သွားကြမယ်…။”

ချန်ပီယံမြို့စားက ရုတ်တရက် ထရပ်ကာ စကားမပြောဘဲ အပြင်သို့ လျှောက်ထွက်သွားတော့သည်။

All Chapters