အကျပ်အတည်း
Vol. 15 Ch. 141
"ဘာကိစ္စရှိလို့လဲ"
ထိုအချိန်တွင် မြူခိုးနေထိုင်သူများအဖွဲ့၏ရွှေငွေတမန်တော်က ဝတ်ရုံနက်အဖွဲ့မှ ရောက်လာခဲ့သော ရွှေငွေတမန်တော် နှစ်ယောက်ကို သံသယဖြင့် ကြည့်လိုက်သည်။
သူ၏မျက်လုံးများထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။
မည်သည့်အရာများဖြစ်နေသနည်း။မည်သည့်အတွက်ကြောင့် ဝတ်ရုံနက်အဖွဲ့ဘက်မှ ရွှေငွေ တမန်တော်နှစ်ယောက် ဤနေရာအထိ ရောက်ကြသနည်း။
သူတို့အချင်းချင်း သိကျွမ်းကြပြီး ဆက်ဆံရေး ကောင်းမွန်ကြသော်လည်း သံသယကင်းရှင်းစေရန်အတွက် တစ်ဖက်နှင့်တစ်ဖက် မတွေ့ဆုံဘဲ နေလေ့ရှိကြသည်။ တွေ့ဖြစ်ကြလျှင်လည်း အဖွဲ့အစည်း မတူညီကြသည့်အတွက် လှောင်ပြောင်သရော်ကြသည်က များသည်။
အကြောင်းတစ်ခုခုကြောင့် မြူခိုးနေထိုင်သူများအဖွဲ့မှ တမန်တော်၏စိတ်ထဲတွင် သူတို့နှစ်ဦး ရောက်ရှိလာမှုအပေါ် မကောင်းသော ခံစားချက်များ ဝင်ရောက်လာသည်။
"ဘာဖြစ်လို့လဲ..." ထိုအချိန်တွင် ချင်းရွှမ် သတင်းကြားပြီး ရောက်ရှိလာကာ "ခင်ဗျားတို့ အဘိုးကြီးနှစ်ယောက် ဒီကို ဘာလာလုပ်တာလဲ။ တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
ထိုအခါမှ သူတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
ဘာလုပ်ရမှန်း မသိဖြစ်နေပုံရသော်လည်း ခေတ္တမျှ တုံဆိုင်းနေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"မြူခိုးနေထိုင်သူအဖွဲ့ရဲ့ ဒသမမြောက် နတ်ဘုရားတမန်တော်အသစ်က အနက်ရောင်ကျောက်တိုင် ပျက်သုဉ်းခြင်းနယ်မြေ က အနက်ရောင်ဘုရင် ရှန်းချန်ကော ဟုတ်မဟုတ် ဆိုတာကို ကျုပ်တို့ အတည်ပြုချင်လို့ပါ"
ချင်းရွှမ်သည် သူတို့နှစ်ဦး၏ လေးနက်သော ပုံစံကို မြင်သောအခါ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"သူက ကျုပ်တို့ရဲ့ မြူခိုးသမုဒ္ဒရာကမ္ဘာကြီး ရဲ့ ကယ်တင်ရှင် ဖြစ်လာနိုင်ခြေ ရှိမရှိ ခင်ဗျားတို့ သိချင်ကြတာလား"
ကယ်တင်ရှင်ဆိုသည်မှာ ကလေးဆန်သော အသုံးအနှုန်း တစ်ခုပင်။အနည်းဆုံးတော့ အဆုံးအမှောင်ထုများကို မြင်ဖူးကြသော သူတို့လို လူများအဖို့ ဤစကားလုံးသည် ရယ်စရာကောင်းပြီး တစ်ဖက်သတ်ဆန်လွန်းလှသည်။
သို့သော် ဝတ်ရုံနက်အဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦးက ထိုစကားကိုပင် ထုတ်ပြောလာခဲ့သည်။
"ခင်ဗျားတို့ ဆိုလိုရင်းက ဘာလဲ" ချင်းရွှမ်၏ မျက်နှာထား တင်းမာသွားသည်။
အမှန်တကယ်တော့ သူတို့နှစ်ဦး ရှန်းချန်ကောကို လာတောင်းသည်ဟု ချင်းရွှမ် ထင်မိလိုက်ခြင်း ဖြစ်သည်။
သို့သော် သူတို့ပြောစကားကို နားထောင်ပြီးနောက် ကိစ္စက ထင်သလောက် မရိုးရှင်းမှန်း ခံစားလိုက်ရသည်။
"အနက်ရောင် မဟာအပျက်စီးနယ်မြေမှာရှိတဲ့ ဝတ်ရုံနက်အဖွဲ့က လူတစ်ယောက် အောက်ဆင်းလာခဲ့တယ်..."
ထိုစကားသည် ရေပြင်ကို လှိုင်းထန်သွားစေသကဲ့သို့ပင်။ မြူခိုးနေထိုင်သူများအဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦး အံ့အားသင့်သွားခဲ့ကြသည်။
အနက်ရောင် မဟာအပျက်စီးနယ်မြေမှ ဆင်းလာသည်လော။ သူတို့၏အတွေးများ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးလွှားသွားပြီး ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်လိုက်ကြသည်။
သူတို့၏မျက်နှာထားများလည်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"သူတို့က ရှန်းချန်ကောကို လက်စတုန်းတော့မလို့လား"
ဝတ်ရုံနက် ပညာရှင်နှစ်ဦးက ခေါင်းညိတ်ပြလိုက်သည်။
သူတို့ အံကြိတ်လိုက်မိကြသည်။
အောက်ဆင်းလာသူမှာ ကြောက်မက်ဖွယ်ကောင်းသော ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
အကယ်၍သာ သူတို့ကြားဝင်နှောင့်ယှက်သည်ကို သိသွားလျှင် အနက်ရောင် မဟာအပျက်စီးနယ်မြေမှ ကြောက်မက်ဖွယ် တည်ရှိမှုကြီးကို ဒေါသထွက်စေလိမ့်မည်။
သို့သော်လည်း သူတို့ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကောသာ သေဆုံးသွားပါက...
ထိုသို့သာ ဖြစ်လာခဲ့လျှင် မြူပင်ခိုးသမုဒ္ဒရာကြီးအတွက် ရွေးချယ်စရာ လမ်းမရှိတော့သည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
မဟာကပ်ဘေးကြီး ကျရောက်လာတော့မည်။
ရှေးဟောင်းနတ်ဘုရားချောက်နက်ကြီးထဲတွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု ပေါ်ထွက်လာနိုင်သည်။ အကယ်၍ ရှန်းချန်ကောသာ အမှန်တကယ်စွမ်းအားကြီးလာခဲ့လျှင် သူသည် မြူခိုးသမုဒ္ဒရာကြီးအတွက် တစ်ခုတည်းသော ရှင်သန်ခွင့် ဖြစ်လာပေလိမ့်မည်။
မူလစကားအတိုင်း ပြောရလျှင်...
သူတို့ကဲ့သို့နေရာမျိုးတွေက များစွာကြီး ရှိလေသည်။
အနက်ရောင် မဟာအပျက်စီးနယ်မြေက သူတို့ကို ဂရုစိုက်နေမှာ မဟုတ်ပေ။
"သူတို့ လှုပ်ရှားနေကြပြီလား" ချင်းရွှမ်၏ မျက်နှာ တင်းမာသွားသည်။
ဝတ်ရုံနက်ခေါင်းဆောင်နှစ်ဦး ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ ချင်းရွှမ်၏ မျက်နှာထား အလွန်ရုပ်ဆိုးသွားတော့သည်။
"တောက်... ရှန်းချန်ကောက တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်နေတာ။ ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ယောက်အတွက်တော့ လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ..."
"အနက်ရောင် မဟာအပျက်စီးနယ်မြေမှာရှိတဲ့ မြူခိုးလူသားတွေအဖွဲ့ကို ဆက်သွယ်ပြီး ကျွမ်းကျင်သူတစ်ယောက်လောက် စေလွှတ်ပေးဖို့ တောင်းဆို..."
"နောက်ကျသွားပြီ" ရွှေရောင်အစင်းရာ တမန်တော်၏မျက်နှာထားမှာလည်း မကောင်းလှပေ။
"ဒသမမြောက် နတ်ဘုရားတမန်တော်ဆီကို ဝိညာဉ်ကျောက်စိမ်းကနေ ချက်ချင်း ဆက်သွယ်ပြီး အဖွဲ့အစည်းဆီ အမြန်ဆုံး ပြန်လာဖို့ ပြောလိုက်ပါ။ အဖွဲ့အစည်းနယ်မြေထဲ ရောက်နေရင်တော့ အဲ့ဒီကျွမ်းကျင်သူ ဘယ်လောက်ပဲ မောက်မာပြီး စည်းကမ်းမဲ့ပါစေ၊ ငါတို့အဖွဲ့က နတ်ဘရားတမန်တော်တစ်ယောက်ကို လာသတ်ရဲမှာ မဟုတ်ဘူး"
ထိုခဏတွင် ရွှေရောင်အစင်းရာ တမန်တော်၏ မျက်လုံးများထဲတွင် ဖော်ပြရခက်သော အေးစက်မှုများ ဖြတ်ပြေးသွားသည်။
....
ထျန်းရှင်းဓားဂိုဏ်း၏ ပိုင်ဆိုင်မှုကိစ္စ အတည်ပြုပြီးသွားပြီ ဖြစ်သည်။
ထို့နောက် ရှန်းချန်ကောသည် မြင့်မြတ်သောဓားဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဝတ်ရုံနက် ၃ ဦးမှာမူ ရှက်ရွံ့စွာဖြင့် ထွက်ခွာသွားကြရသည်။
မြူခိုးနေထိုင်သူများအဖွဲ့ထဲတွင် ဓားသိုင်းသမားများ ပေါ်ထွက်လာခဲ့ပြီး သူတို့၏နတ်ဘုရားတမန်တော်မှာလည်း အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျင့်ကြံခြင်းအဆင့်အရ ကူးပြောင်းခြင်းအဆင့် သို့ ဝင်ရောက်ကာစသာ ရှိသေးသော်လည်း စစ်မှန်သောအင်အားနှင့် ဓားသိုင်းစွမ်းရည်မှာ သူတို့ကို အပြတ်အသတ် ရှုံးနိမ့်စေခဲ့သည်။
"မြူခိုးနေထိုင်သူတွေအဖွဲ့မှာ ဒီလိုပညာရှင်မျိုး ပေါ်ထွက်လာတာက ဝတ်ရုံနက်အဖွဲ့အတွက် အကျပ်အသည်းပဲ"
ယခင်ကဆိုလျှင် ဓားသိုင်းသမားများက ဝတ်ရုံနက်အဖွဲ့ကို ရှာဖွေပြီး ခန္ဓာကိုယ်ကျင့်ကြံသူများက မြူခိုးနေထိုင်သူများကို ရှာဖွေကာ တစ်ဖက်နှင့်တစ်ဖက် ဝင်မစွက်ဖက်ဘဲ ဟန်ချက်ညီညီ နေခဲ့ကြသည်။
သို့သော် ယခုတော့...
ဤအရာက ပြဿနာအကြီးကြီးပင်။
သူတို့သည် အနက်ရောင်မြူများကြား လျှောက်သွားရင်း သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
သို့သော် ထိုအချိန်မှာပင် သူတို့ ပတ်လည်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားပြီး ၃ ဦးစလုံး၏မျက်နှာထား ပြောင်းလဲသွားသည်။
သူတို့အားလုံး တုန်လှုပ်သွားစေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ကြရသည်။
'ဘာဖြစ်တာလဲ...ဘယ်သူလဲ'
ရုတ်တရက်ဆိုသလို ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။
သူတို့ ရေနစ်နေသကဲ့သို့ မွန်းကျပ်သွားပြီး ကြီးမားသော ဖိအားတစ်ခုက တောင်ကြီးတစ်လုံးလို ဖိချလာသည်။
ဒါ ဘယ်သူလဲ။
ထိုလူသည် သူတို့ကဲ့သို့ပင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော်လည်း သေချာကြည့်လျှင် အနည်းငယ် ကွဲပြားနေသည်။
ပို၍ ခမ်းနားထည်ဝါပြီး ဝတ်ရုံပေါ်တွင် သူတို့ နားမလည်နိုင်သော သင်္ကေတများ ရေးထိုးထားသည်။
ထိုလူ၏ကျောပေါ်တွင် လွယ်ထားသော ဓား ၃ လက်မှ ကြီးမားသော ဖိအားများ ထွက်ပေါ်နေသည်။
ထိုလူ ရပ်နေသည့် နေရာအထက်ရှိ လေထုပင်လျှင် တွန့်လိမ်နေသယောင် ထင်ရသည်။
ဒီလူက...သူတို့ အဖွဲ့အစည်းကလား။ဒါပေမယ့် အရမ်း ကြောက်စရာကောင်းလွန်းတယ်။
"မြူခိုးနေထိုင်သူအဖွဲ့ရဲ့ နတ်ဘုရားတမန်တော်အသစ် ဒီမှာ ရှိလား" ထိုလူက ဖြည်းညင်းစွာ မေးလိုက်သည်။
သူ့အသံက အေးစက်လွန်းလှသဖြင့် သူတို့ ၃ ဦးစလုံး ပြင်းထန်စွာ တုန်ရီသွားကြသည်။
"ရှိ... ရှိပါတယ်..." ဤလူက အဖြူရောင်ဝတ် လူငယ်ကို ရှာနေသည်လော။
မည်သည့်ကိစ္စရှိသနည်း။ဤလူ လာရင်းကိစ္စ မကောင်းမှန်း သူတို့ ခံစားမိလိုက်သည်။
ဒါဆို...
ရုတ်တရက် သူတို့ ခေါင်းထဲ အတွေးများစွာ ဝင်ရောက်လာသည်။
ဤလူက ဝတ်ရုံနက်အဖွဲ့ဝင် ဖြစ်ပုံရပေမယ့် သူတို့နှင့် မတူပေ။ ထို့အတူ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသည်။
သူတို့အမြင်အရဆိုလျှင် ရွှေရောင်တမန်တော််ပင် ဤလူ့ရှေ့တွင် ယှဉ်ကြည့်လို့ရမည့် အနေအထား မဟုတ်ပေ။
ထို ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ..."
"ဒီလူက အရမ်း စွမ်းအားကြီးလွန်းတယ်"
သူတို့ သက်ပြင်းချလိုက်မိကြရင်း တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေတော့သည်။
....
ရှန်းချန်ကော ပြန်ရန် ပြင်ဆင်နေသည်။
သို့သော် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။ ဤခံစားချက်က အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
သူသည် ဂမ္ဘီရဥာဏ်ကျင့်စဉ် ကို တတ်မြောက်ထားပြီးဖြစ်သည်။
ချက်အင်ဝင်ခြင်း မပြီးဆုံးသေးသော်လည်း တစ်စုံတစ်ခုကို ဝိုးတဝါး အာရုံခံမိနေသည်။
သူ ချက်ချင်းပင် ဂမ္ဘီရဥာဏ်ကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။
သူ တွက်ချက်ကြည့်လိုက်သောအခါ...
"တစ်ယောက်ယောက် ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်"
ရှန်းချန်ကော၏ မျက်နှာထား လေးနက်သွားသည်။
ကြမ္မာတွက်ချက်အရ ဤတစ်ကြိမ် လုပ်ကြံမှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားလိုက်ရသည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"သွားကြစို့" သူ ပြောလိုက်သည်။
အနက်ရောင်မြူခိုးများက သူတို့ကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။ထိုလူစု မြူခိုးများထဲသို့ ဝင်ရောက်သွားသောအခါ လူတိုင်း ဖော်ပြရခက်သော လေအေးတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်တက်သွားကြသည်။
မကောင်းသော နိမိတ်တစ်ခုလိုပင်။
"တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ခံစားနေရတယ်..."
ကျန်းထုံ သက်ပြင်းချလိုက်ပြီး စိတ်မတိုးမသန့်ဖြစ်နေသည်။
ထိုအချိန်မှာပင်...
သူ ရုတ်တရက် ကြောင်အသွားပြီး သူ့ရင်ဘတ်ထဲမှ ဝိညာဉ်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် စာလုံးများ ပေါ်လာသည်။
"ကြေးမှုံအလင်းတောင် ဆီကို အမြန်ဆုံးနဲ့ ချက်ချင်း ပြန်လာခဲ့ပါ"
ထိုစာကို မြင်သောအခါ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
ထို့နောက် သူ့အနောက်ဘက်ကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး မျက်နှာထား ပြောင်းလဲသွားသည်။
"နတ်ဘုရားတမန်တော်... အခြေအနေ မကောင်းတော့ဘူး။ အထွတ်အထိပ် ပညာရှင်တစ်ယောက် ဆင်းလာနေတယ်တဲ့... သူ့ပစ်မှတ်က ခင်ဗျားပဲ"
"အခု အထက်လူကြီးတွေက ကျုပ်တို့ကို အမြန်ဆုံးနှုန်းနဲ့ ကြေးမှုံအလင်းတောင်ကို ပြန်လာဖို့ ညွှန်ကြားထားတယ်"
ထိုစကားကြောင့် ရှိနေသူအားလုံး၏မျက်နှာထားများ တစ်ခုပြီးတစ်ခု ပြောင်းလဲကုန်ကြသည်။
အထွတ်အထိပ် ပညာရှင် ဟုတ်လား။
ကျန်းထုံ၏ပုံစံကို ကြည့်ရသည်မှာ သာမန် ပညာရှင်အဆင့် မဟုတ်လောက်ပေ။
မဟုတ်လျှင် သူ ဤမျှအထိ ပျာယာခတ်နေမည် မဟုတ်ပါဘူး။
အားလုံးက ရှန်းချန်ကောကို ဝိုင်းကြည့်လိုက်ကြသည်။ ရှန်းချန်ကောကတော့ မျက်နှာထား မပျက်ဘဲ ရှေ့မှ ဦးဆောင် လျှောက်သွားနေသည်။
သူ့ဝတ်ရုံဖြူမှာ အစွန်းအထင်းမရှိ တောက်ပနေဆဲပင်။
"နောက်ကျသွားပြီ... သူ ရောက်နေပြီ"
သူ၏တည်ငြိမ်သော လေသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို မိုးခြိမ်းသံကဲ့သို့