← Chapters

ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်

Vol. 15 Ch. 143

ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်

Vol. 15 Ch. 143

ဝတ်ရုံနက် ပညာရှင်၏မျက်ဆန်များ ကျုံ့သွားသည်။

ဤကဲ့သို့သော အရှိန်အဝါမျိုးကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ တည်ရှိနေပြီး သင့်ကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ပင်။

'ဘာတွေ ဖြစ်နေတာလဲ...'

သူ့၏ခုနက ဓားချက်မှာ အလုပ်မဖြစ်ခဲ့ပေ။

ထိုမျက်လုံးတစ်စုံက မည်သည့်အရာနည်း...။

နတ်ဆိုးတစ်ကောင်လော။

ဤဝတ်ရုံနက်ပညာရှင်၏ခန္ဓာကိုယ်ထဲတွင်လည်း နတ်ဆိုးတစ်ကောင် ကိန်းအောင်းနေသည်။ သူ၏ နတ်ဆိုးမှာ အနည်းငယ် ထူးခြားသည်။

၎င်းသည် မွေးရာပါ မဟုတ်ဘဲ မွေးဖွားပြီးနောက်မှ ခန္ဓာကိုယ်ထဲသို့ ပြင်ပမှ ဝင်ရောက်လာသော အရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုနတ်ဆိုးကို အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ နတ်ဆိုး၏ ဝါးမျိုခြင်းကို ခံရမည်စိုးသဖြင့် သူသည် ထိုအစွမ်းကို အသုံးနည်းလှသည်။

ထို့ကြောင့် သူ စကျင့်ကြံကတည်းက သူ့ကိုယ်ထဲရှိ နတ်ဆိုးကို ကြောက်ရွံ့ခဲ့သည်။

ဤအရာဟာ ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာတစ်ခု ဖြစ်နိုင်သဖြင့် သူနတ်ဆိုးစွမ်းအားကိုအသုံးပြုရန်မှာ ခဲယဉ်းသည်။

သို့သော် ယခုမူ...

သူ့ကိုယ်ထဲရှိ နတ်ဆိုးသည်...

သူ အလွန်အမင်း စိတ်မသက်မသာ ဖြစ်လာသည်။

ဖော်ပြရခက်သော ထိတ်လန့်မှု တစ်ခုကို ခံစားလိုက်ရသည်။

ထိုထိတ်လန့်မှု၏ အရင်းအမြစ်မှာ ရှန်းချန်ကော၏ မျက်ခုံးနှစ်ခုကြားရှိ ထိုမျက်လုံးပင် ဖြစ်သည်။

၎င်းသည် ရွှေရောင်တောက်ပနေပြီး ရှေးကျကာ နက်နဲဆန်းကြယ်လှသည်။

"မင်းရဲ့ ခန္ဓာကိုယ်ထဲက လျှို့ဝှက်ချက်တွေက... တော်တော်လေး များတာပဲ..." သူသည် ဆက်လက် မေးမြန်းချင်ပုံ ရသော်လည်း ထိုပုံရိပ်မှာ အလွန် ဒေါသထွက်နေပုံ ရသည်။

ဒေါသနှင့်အတူ ဓားသည် လေထုကို ချက်ချင်း ဖြတ်ကျော်လာပြီး သူ့ကို စကားပြောခွင့်ပင် မပေးတော့ပေ။

ဘုန်း

ဓားအရှိန်မှာ ပေါက်ကွဲထွက်လာသည်။

ဤဓားချက်မှာ လေထဲတွင် လျှပ်စီးများ ပေါက်ကွဲသွားသကဲ့သို့ မြေပြင်ကိုပင် အက်ကွဲစေသည်။

ရှန်းချန်ကော၏ ဤဓားချက်မှာ အနန္တအမှောင်ထုအဆင့်၏အထွတ်အထိပ် အဆင့် စွမ်းအားနှင့် ညီမျှနေသည်။

ဤအရာဟာ ရှန်းချန်ကော၏ ပေါ့ပေါ့ပါးပါး လက်တစ်ချက်ယမ်းလိုက်ရုံသာ ရှိသေးသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာ ကြက်သီးဖြန်းဖြန်း ထသွားသည်။ ဤကောင်လေးမှာ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေ၍ 'ကူးပြောင်းခြင်းအဆင့် မှာတင် ဤမျှကြောက်မက်ဖွယ်ကောင်းသည် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ရသနည်။

အဆင့်တစ်ခုနှင့်တစ်ခု ကွာခြားချက်မှာ တောင်ကြီးများကဲ့သို့ ကြီးမားသော်လည်း ယခုမူ ရှန်းချန်ကောက ထိုအကွာအဝေးကို လွယ်လွယ်ကူကူ ဖြတ်ကျော်နေသည်။

ကျင့်ကြံခြင်းအဆင့်ဆိုသည်မှာ သူ့အတွက် ကလေးကစားစရာတစ်ခုကဲ့သို့ပင်။ ရှန်းချန်ကော၏မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်နေပြီး သူ့ခန္ဓာကိုယ်ထဲရှိ မဟာပျက်သုဉ်းခြင်းကျမ်းမှာ ရူးသွပ်စွာ လည်ပတ်နေသည်။

ပျက်သုဉ်းခြင်းချီများမှာ အလွန်သိပ်သည်းစွာ သူ့ကို လွှမ်းခြုံထားသည်။အနက်ရောင် မြူခိုးများကလည်း သူ့ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး သူ့ကို ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်နှင့် တူစေသည်။

"မင်း ဘယ်လောက်ပဲ ထူးခြားနေပါစေ၊ မင်းက ကူးပြောင်းခြင်းအဆင့်မှာပဲ ရှိသေးတယ်"

"ဖန်ဆင်းခြင်းအဆင့် ဆိုတာ မင်း မတက်နိုင်တဲ့ တောင်ကြီးတစ်လုံးပဲ"

အမှန်အတိုင်း ပြောရလျှင်...

သူ စကားအများကြီးပြောနေရခြင်းမှာ စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

ဓားထိန်းချုပ်မှုနှင့် နတ်ဘုရားအာရုံမှာ ဖိနှိပ်ခံထားရပြီး သူ့ကို အမြဲ ဒုက္ခပေးနေသော နတ်ဆိုးမှာလည်း ကြောက်ရွံ့ထိတ်လန့်ပြီး ပုန်းနေသည်။ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

သူ၏အစွမ်းများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

ကျောပေါ်ရှိ ဓား ၃ လက်လုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ရှန်းချန်ကောသည်လည်း ထိုနေရာမှာပင် ရပ်နေသည်။

သူ့ဝတ်ရုံဖြူမှာ သန့်ရှင်းစင်ကြယ်ခြင်း မရှိတော့ဘဲ စုတ်ပြဲနေသော်လည်း၊ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပျက်စီးနေသော ကမ္ဘာကြီးထဲမှ တစ်ပါးတည်းသော နတ်ဘုရားကဲ့သို့ ရှိနေဆဲပင်။

ဘုန်း

နှစ်ဖက်လုံး၏ဓားသိုင်းများ ထိပ်တိုက်တွေ့ကြသည်။

"ဒါဆို... သူက အနန္တအမှောင်ထုအဆင့်အထက်ဆင့်က အထွတ်အထိပ် ပညာရှင်တစ်ယောက်ပေါ့... ဒီလို အင်အားကြီးတဲ့သူက အနက်ရောင် မဟာအပျက်စီးနယ်မြေ က လာတာ ဖြစ်ရမယ်..." ရှိနေသူများထဲတွင် ကျန်းထုံ တစ်ယောက်သာ အနက်ရောင် မဟာအပျက်အယစီးနယ်မြေအကြောင်း သိခွင့်ရထားသူ ဖြစ်သည်။

ထိုခဏတွင် သူလည်း မှင်သက်နေမိသည်။

သူတို့ကို အံ့သြစေပြီး စိတ်လှုပ်ရှားစေဆုံး အချက်မှာ...

သူတို့၏အရှင်သခင် ဒသမမြောက် နတ်ဘုရားတမန်တော်သည် ထိုအဆင့်ရှိ ကြောက်မက်ဖွယ် ပညာရှင်တစ်ဦးနှင့် တန်းတူ တိုက်ခိုက်နိုင်နေခြင်းပင်။

"မကောင်းဘူး... အမြန် ဆုတ်ကြ"

နှစ်ဖက်လုံးမှ ဓားအလင်းတန်းများ ထိပ်တိုက်တွေ့ပြီးနောက် ဖြစ်ပေါ်လာသော ရှုပ်ထွေးလှသည့် ဓားစွမ်းအင် များကို ကြည့်ပြီး သူတို့ တုန်လှုပ်သွားကြသည်။

ထိုမှလွင့်စင်လာသော သေးငယ်သည့် ဓားစွမ်းအင်လေး တစ်စွန်းတစ်စသည်ပင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူတို့ကိုသာ ထိမှန်သွားပါက ကြီးမားသော ဘေးအန္တရာယ် ဖြစ်သွားပေလိမ့်မည်။

"မဟာကပ်ဘေး

ရှန်းချန်ကော၏အေးစက်သော အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသယောင် ရှိသည်။

ကောင်းကင်ယံတွင် ကပ်ဘေးအလင်းတန်း တစ်ခု ပွင့်ထွက်လာပြီး ကောင်းကင်ကြီးကို ဟိန်းခနဲ အသံနှင့်အတူ ပြိုကျစေသည်။

အနက်ရောင် မြူခိုးများမှာ ပေါက်ကွဲထွက်သွားပြီး အထက်သို့ အငွေ့ပျံကုန်သည်။ တစ်နေရာလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

သံသယဖြစ်ဖွယ် မရှိပေ။

ဤအရာက ရှန်းချန်ကော၏အစွမ်းထက်ဆုံး 'မဟာပိုင်းကပ်ဘေးဓား' ပင် ဖြစ်သည်။

သူသည် ထိုဧရာမမျက်လုံးထဲမှ သူ ထိန်းချုပ်နိုင်သမျှ စွမ်းအားအားလုံးကို အသုံးချလိုက်သည်။

၎င်းတွင် သူ၏နတ်ဘုရားစိတ်အာရုံ၊ ဓားနတ်ဘုရားစိတ်အာရုံ နှင့် မဟာပျက်သုဉ်းခြင်းကျမ်းတို့ ပါဝင်သည်။

ဗြိ

ဖန်ဆင်းခြင်းအဆင့် ပညာရှင်မှာ တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ဘဲ ရှန်းချန်ကော၏ ဓားချက်ကြောင့် ချက်ချင်းပင် သွေးချင်းချင်းနီသွားတော့သည်။

သူ့ပခုံးကို ကြည့်ပြီး သူ့မျက်နှာ အလွန် ရုပ်ဆိုးသွားသည်။

ထိုနေရာတွင် သွေးထွက်နေသော ဓားဒဏ်ရာတစ်ခု ရှိနေပြီး သူ့အသားနှင့် သွေးများကို အဆက်မပြတ် ဖျက်ဆီးနေသော ပျက်သုဉ်းခြင်းစွမ်းအင် တစ်ခု ရှိနေသည်။

သူသည် ထိုဓားအလင်းကို အတော်လေး ကြိုးစားပြီးမှ ငြှိမ်းသတ်လိုက်ရသည်။

ထို့နောက် သူ ရှန်းချန်ကောကို စိုက်ကြည့်လိုက်သည်။

ဒီကောင်က ငါ့ကို ဒဏ်ရာရအောင် တကယ် လုပ်နိုင်တာလား။

ငါက ဖန်ဆင်းခြင်းအဆင့် ပညာရှင်လေ။

သူ့၏အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

ကြီးမားသော စွမ်းအားတစ်ခုမှာ သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းလာနေသည်။

ရှန်းချန်ကော၏ မျက်လုံးများ အရောင်တောက်သွားသည်။

ထူးဆန်းသော အရှိန်အဝါတစ်ခုကို သူ အာရုံခံမိလိုက်သည်။

ဤအရာဟာ နည်းစနစ် အမျိုးအစား တစ်ခုပင်။

သို့သော် ၎င်းသည် ကပ်ဘေးအဆင့် ထက် ကျော်လွန်နေပုံရသည်။

ရှန်းချန်ကော လက်ရှိ သိထားသော နည်းစနစ်များမှာ...

လူသားအဆင့်၊ စိတ်ဝိညာဉ်အဆင့် ၊ အမှန်တရားအဆင့်(မူလသို့ပြန်လည်ခြင်း နှင့် ကပ်ဘေးအဆင့် တို့ ဖြစ်သည်။

သို့သော် ဤအရှိန်အဝါမှာ ကပ်ဘေးအဆင့်ထက် မြင့်မားနေပုံ ရသည်။

ရှန်းချန်ကော၏ 'မဟာကပ်ဘေး' နှင့် 'ရှေးဟောင်း အနက်ရောင်ဘုရင်နည်းစနစ်' တို့သည် ကပ်ဘေးအဆင့် သတ်ဖြတ်ခြင်းနည်းစနစ်များ ဖြစ်ကြသည်။

သို့သော် ဝတ်ရုံနက် ပညာရှင်၏ အရှိန်အဝါမှာ ရှန်းချန်ကော၏ကပ်ဘေးအဆင့် နည်းစနစ်များထက် သာလွန်နေပုံ ရသည်...။

ဟင်

အလွန်အမင်း ဆန့်ကျင်ဘက်ဖြစ်သော အေးစက်ခြင်းနှင့် ပူပြင်းခြင်းတို့ ရောယှက်နေသည်ကို သူ ခံစားလိုက်ရသည်။

"ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်"

ထိုခဏတွင် ဝတ်ရုံနက်ပညာရှင်၏မျက်လုံးများမှ ကြောက်မက်ဖွယ် အလင်းတန်းများ ထွက်ပေါ်လာသည်။

ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်...။

၎င်းသည် လူသားများ ဖန်ဆင်းခြင်းအဆင့် သို့ ရောက်ရှိပြီး ယင်နှင့်ယန် ပေါင်းစပ်ချိန်တွင် နားလည်သဘောပေါက်နိုင်သော နတ်ဘုရားနည်းစနစ် တစ်ခု ဖြစ်သည်။

၎င်း၏စွမ်းအားမှာ ကပ်ဘေးအဆင့် သတ်ဖြတ်ခြင်းနည်းစနစ်ထက် အဆပေါင်းများစွာ သာလွန်သည်။

ဤနတ်ဘုရားနည်းစနစ်၏ အရင်းအမြစ်မှာ အနက်ရောင်မြူခိုးများထဲမှ နားလည်သဘောပေါက်သော သတ်ဖြတ်ခြင်းနည်းစနစ် မဟုတ်ဘဲ၊ နောက်တစ်ဆင့်သို့ တက်လှမ်းချိန်တွင် ရရှိသော ထူးခြားသည့် ခံစားချက်မှတစ်ဆင့် ရရှိခြင်း ဖြစ်သည်။

ထိုအရာဟာ ကောင်းကင်နှင့် လူသားကြား ဆက်သွယ်မှုကဲ့သို့ နားလည်သဘောပေါက်ရသော အရာတစ်ခုပင်။

၎င်းသည် အလွန်အမင်း စွမ်းအားကြီးလှသည်။

ဘုန်း

ဓားအလင်းမှာ ဟိန်းဟောက်သွားပြီး ဆန့်ကျင်ဘက် အရှိန်အဝါများမှာ ကြောက်မက်ဖွယ် စွမ်းအားများနှင့်အတူ ပေါက်ကွဲသွားတော့သည်။

ဖန်ဆင်းခြင်းအဆင့် ပညာရှင်၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လှသည်။

"ငရဲကို သွားစမ်း"

မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ...။

မင်းက ကူးပြောင်းခြင်းအဆင့် တစ်ယောက်ပဲ။

ရှန်းချန်ကောကို သတ်မှဖြစ်မည်ကို သူ သိသည်။

မဟုတ်လျှင် ရှန်းချန်ကော၏ကျင့်ကြံခြင်းအဆင့်သာ ထပ်တိုးလာပါက အလွန် ကြောက်စရာကောင်းသွားပေလိမ့်မည်။

သေလိုက်တော့!

ဓားသည် ကျရောက်လာသည်။

ကြောက်မက်ဖွယ်ကောင်းလှသော ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်သည် သူ၏ဝှက်ဖဲပင် ဖြစ်သည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်မှ ရှန်းချန်ကော ရှင်သန်နိုင်ရန် နည်းလမ်းမရှိပေ။

"မကောင်းဘူး ဘယ်လို ကြောက်စရာကောင်းတဲ့ ဓားချက်လဲ..."

"အရှင်သခင် နတ်ဘုရားတမန်တော်"

"ကျစ်"

အမှတ်(၁၀)မှ ကျွမ်းကျင်သူတစ်စု၏ မျက်နှာထားများ အကြီးအကျယ် ပျက်ယွင်းသွားသည်။ ထိုကြောက်မက်ဖွယ် ဓားတိုက်ကွက်မှာ သူတို့၏ အသိဉာဏ်ထက် ကျော်လွန်နေသည်။

ရွှေရောင်နှင့် ငွေရောင်တမန်တော်များပင်လျှင် ထိုဓားချက်အောက်မှာ ပုရွက်ဆိတ်ကဲ့သို့ ဖြစ်သွားမည်။

သူတို့ ရှင်သန်ဖို့ အခွင့်အရေး လုံးဝ မရှိပေ။

ဒါဆိုရင်...

မြူခိုးနေထိုင်သူဓားသမားများ၏ မျှော်လင့်ချက်ဖြစ်သော အမှတ်(၁၀) နတ်ဘုရားတမန်တော်သည် ဤနေရာမှာတင် အဆုံးသတ်တော့မည်လော။

သို့သော် ထိုအချိန်မှာပင်...

ကလောက်...

ကလောက်...

ကလောက်

မည်သူမျှမှ ဓားအလင်းကို မမြင်လိုက်ရပေ။

သို့သော် ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်ကို ကိုယ်စားပြုသော ဓားအလင်းမှာ စက္ကူတစ်ချပ်ကဲ့သို့ အဆက်မပြတ် အက်ကွဲလာသည်။

မမြင်ရသော ဓားအလင်းမှာ အလွန် ထူးဆန်းလှပြီး မမြင်ရသော စွမ်းအားတစ်ခုက အရာအားလုံးကို ရူးသွပ်စွာ ဆွဲထုတ်နေသကဲ့သို့ပင်။

"ဒါ... ဒါ ဘာကြီးလဲ"

ထိုခဏတွင် ဝတ်ရုံနက်ဝတ်ဆင်ထားသူ၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားပြီး အန္တရာယ် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

ထိုအချိန်တွင်...ကွင်းပြင်ထဲ၌...

ဝတ်ရုံဖြူဝတ် လူငယ်၏ ကျောပေါ်ရှိ ဓားမှာ သူ့လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် သူ့မျက်လုံးများမှာ ကြည်လင် တည်ငြိမ်နေပြီး ဓားကို စိုက်ကြည့်နေသည်။ သူ့လက်ချောင်းများက ဓားပေါ်တွင် ညင်သာစွာ ရွေ့လျားနေပြီး မြေပြင်ပေါ်တွင် အေးစက်သော ချောက်နက်ကြီးတစ်ခုကို ဆွဲနေသကဲ့သို့ပင်။

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ပထမ ဓား "

All Chapters