ကောင်းကင်ဘုံဓားဂိုဏ်း၏ ပင်မဂိုဏ်းကြီး
Vol. 15 Ch. 147
အမှန်တကယ်တော့ ရှန်းချန်ကော၏အမြင်တွင် ထိုစွမ်းအားများမှာ သူ့ကို ဆက်လက်တိုက်စားနေဆဲ ဖြစ်သည်။
သူသည် ချက်အင်ဝင်ခဲ့သည်မှာ တစ်ရက်သာ ရှိသေးသဖြင့် သူ၏ထိန်းချုပ်နိုင်စွမ်းမှာ တိုက်စားမှုဒဏ်ကို လုံးဝဥဿုံ ခုခံနိုင်စွမ်း မရှိသေးပေ။
ထို့ကြောင့် သူသည် ဤနေရာတွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မှသာ အဖွဲ့အစည်းသို့ ပြန်သွားမည် ဖြစ်သည်။
သူသည် နေ့တိုင်း ချက်အင်ဝင်ရန်လည်း မမေ့လျော့ခဲ့ပေ။
ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းဝယ် ညမှောင်ရီ ပျိုးစပြုလာချေပြီ။
"ဂိုဏ်းချုပ်က အဲ့ဒီနေရာမှာ တစ်နေကုန် ရပ်နေတာပဲ... မပင်ပန်းဘူးလား မသိဘူး" ဂိုဏ်းအတွင်းရှိ လူငယ်တစ်စုမှာ ထူးဆန်းသော မျက်နှာပေးများဖြင့် ပြောဆိုနေကြသည်။
တောင်ထိပ်ပေါ်တွင် တစ်နေကုန် မလှုပ်မယှက် ရပ်နေသည့် ကျန်းစန်းကျန့် ကို ကြည့်ကာ သူတို့ ဝေခွဲမရ ဖြစ်နေကြခြင်း ဖြစ်သည်။
"ဟူး... စီနီယာအကိုကြီး ဒီမှာ ရှိတုန်းက ဂိုဏ်းချုပ်က အရမ်းအဖိနှိပ်ခံထားရတာလေ။ သူ့ရဲ့ အစွမ်းတွေကို ထုတ်မပြနိုင်ခဲ့ဘူး။ အခု စီနီယာအကိုကြီးက မြူခိုးနေထိုင်သူတွေဆီ သွားပြီဆိုတော့မှ ဂိုဏ်းချုပ်က သူ့ကိုယ်ထဲက အရှိန်အဝါတွေကို စထုတ်ပြနေတာပေါ့"
ဓားစွမ်းအင်တောင်ကုန်းပေါ်ရှိ ရှန့်ရှန်းသခင် ရုပ်ထုအောက်တွင် အနည်းငယ် ကိုင်းညွတ်နေသော ပုံရိပ်တစ်ခု ရှိနေသည်။
သို့သော် ထိုသူမှာ သူ၏ခန္ဓာကိုယ်ကို အတင်းအကျပ် မတ်အောင် ကြိုးစားထားခဲ့၏။
လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးသို့ ငေးကြည့်နေသည်။
သူသည် မျက်ဝန်းမှ မျက်ရည်များ ဝေ့သီလာသည်ကိုပင် ဂရုမစိုက်ဘဲ တစ်နေကုန် ထိုအတိုင်း ရပ်နေခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့လေ... စီနီယာအကိုကြီးက ဓားသွားလို မျက်ခုံး၊ ကြယ်စင်လို မျက်ဝန်းတွေနဲ့ အရပ်ရှည်ပြီး ခန့်ညားသလို အစွမ်းလည်း ထက်တယ်။ သူသာ ဒီရုပ်ထုရှေ့မှာ ရပ်နေရင် လူတွေကို တုန်လှုပ်စေနိုင်တဲ့ သဘာဝအရှိန်အဝါ ရှိတယ်ဗျ"
"ဂိုဏ်းချုပ်ကကျတော့... အမှန်အတိုင်းပြောရရင် အဟမ်း... နေ့တိုင်း တွန်နေတဲ့ ကြက်ဖအိုကြီးနဲ့ တူတယ်..."
ထိုအချိန်တွင် တောင်ပေါ်ရှိ ကျန်းစန်းကျန့်မှာ နှာချေလိုက်မိသည်။
"ငါ ထင်ထားတဲ့အတိုင်းပဲ... ငါလည်း ချန်ကောလိုမျိုး ဟန်ထုတ်တဲ့အခါ လူတွေက ငါ့အကြောင်း ပြောကြတာပေါ့။သူတို့တွေ ငါ့ရဲ့ ပညာရှိမှု၊ ခွန်အားကြီးမားမှုနဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ချီးကျူးနေကြတာ ဖြစ်ရမယ်"
ဤသို့ တွေးလိုက်ရုံဖြင့် ကျန်းစန်းကျန့်၏စိတ်ထဲတွင် ကျေနပ်ပီတိ ဖြစ်သွားရသည်။
ညဉ့်အမှောင်က ပိုမိုနက်ရှိုင်းလာပြီး ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးကို မြင်တွေ့ရန်ပင် ခက်ခဲလာချေပြီ။
သို့သော် ကျန်းစန်းကျန့်မှာ ရုတ်တရက် တောင့်ခဲသွားသည်။
ရှပ်...
ရှပ်...။
"ဟင်"
သူသည် တောင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။
ဒါက စိတ်ရောင်မှားတာလား။ခုနက ငါ့အနောက်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ...။
သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ဘာမှ မရှိချေ။
"ထူးဆန်းလိုက်တဲ့ ခံစားချက်ပါလား..."
တစ်ချိန်တည်းမှာပင်... ရှန်းချန်ကောသည် ဓားစွမ်းအင်တောင်၊ ကျမ်းစာတိုက်နှင့် လေ့ကျင့်ရေးကွင်းပြင်များသို့ ထွက်ပေါ်လာသည်။
[ ချက်အင်အောင်မြင်သည် ]
[ ချက်အင်အောင်မြင်သည် ]
ထိုအသံမှာ ရှန်းချန်ကော၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို မြည်ဟည်းနေသည်။
ကောင်းကင်ဘုံဓားဂိုဏ်းက 'ဓားဆန္ဒတောင်' ကို ဖန်တီးခဲ့ခြင်းမှာ မဆိုးလှဟု ရှန်းချန်ကော ခံစားလိုက်ရသည်။
[ ချက်အင်အောင်မြင်သည် - ဆုလာဘ်- အဆုံးစွန်အေးစက်ခြင်း ဓားဆန္ဒ]
ဝူးးး...
ရှန်းချန်ကောသည် သူ၏ ဓားကို အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် ခမ်းနားလှသော ဓားဆန္ဒမှ အအေးဓာတ်များ ထွက်ပေါ်လာသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်မှာ ပတ်ဝန်းကျင်ကိုပင် ရေခဲပန်းပွင့်များအဖြစ် ပြောင်းလဲသွားစေသည်။
"ဒီဓားဆန္ဒက အနိမ့်ဆုံးအဆင့်ပဲ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ဓားသိုင်းက နတ်ဘုရားနယ်ပယ် ကို ရောက်နေပြီ။ ဒါကြောင့် တောင်က နာမည်မရှိပေမဲ့ နတ်ဘုရားတစ်ပါး ရှိနေရင်တော့ အသက်ဝင်လာတာပဲ။ နတ်ဘုရားနယ်ပယ်ရဲ့ လှုံ့ဆော်မှုကြောင့် ဒီဓားဆန္ဒက ပတ်ဝန်းကျင် လက်တွေ့လောကကိုတောင် သက်ရောက်မှုရှိပြီး အပူချိန်ကို ကျဆင်းသွားစေနိုင်တယ်"
"ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ဓားဆန္ဒတောင်က အဆင့်နိမ့်လွန်းသေးတယ်၊ ဒါကြောင့် ငါရတဲ့ ဓားဆန္ဒအဆင့်ကလည်း နိမ့်နေတာပဲ" ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
သို့သော် သူသည် ဆက်လက်၍ ချက်အင်ဝင်ခဲ့သည်။ လေ့ကျင့်ရေးကွင်းပြင်တွင် ချက်အင်ဝင်ခြင်းက သူ၏ကျင့်ကြံခြင်းအဆင့်ကို ပိုမို ခိုင်မာလာစေသည်။
သူသည် ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တက်တာ အရမ်းမြန်နေတယ်။ ဒါက ငါ့ရဲ့ အခြေခံကို ထိခိုက်မလား၊ အနာဂတ်မှာ အဆင့်တက်ဖို့ အနှောင့်အယှက် ဖြစ်မလား..."
"ဒါပေမဲ့ ငါ့မှာ စနစ်ရှိတာပဲ၊ ဘာကို ကြောက်နေရမှာလဲ" ရှန်းချန်ကော ချက်ချင်းပင် စိုးရိမ်မှုများကို ဘေးဖယ်လိုက်သည်။
ယနေ့ ချက်အင်ဝင်ခြင်းက သူ၏ခန္ဓာကိုယ်လှုပ်ရှားခြင်းနည်းစနစ် ကို 'အရိပ်ပုံဖော်ခြင်း' အဆင့်၏ အဆုံးစွန်သို့ ရောက်ရှိသွားစေခဲ့သည်။
သူ၏လှုပ်ရှားမှုနှုန်းမှာ အဆင့်တစ်ခုသို့ မြင့်တက်သွားပြီ ဖြစ်သည်။
ထို့နောက် သူ၏ကြမ္မာတွက်ချက်ခြင်း ကျင့်စဉ် မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
"ငါ ဘယ်တော့မှ 'ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်'ကို ရမှာလဲ။ အဲ့ဒီနေ့က အဲ့ဒီလူ သုံးသွားတဲ့ ကျင့်စဉ်က အနိမ့်ဆုံးအဆင့် ဖြစ်ပေမဲ့ စွမ်းအားကတော့ အတော် ကြောက်စရာကောင်းတယ်။ အကယ်၍ ငါ့ရဲ့ဓားနတ်ဘုရားနယ်ပယ်သာ ဓားပုံဖော်ခြင်းရဲ့အရှင်သခင် မဖြစ်ခဲ့ရင် ငါလည်း တားဆီးနိုင်မှာ မဟုတ်ဘူး"
ရှန်းချန်ကောက ပြိုင်ဘက်၏ဖန်ဆင်းခြင်းကျင့်စဉ်ကို သူ၏ဓားသိုင်းဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ သူ၏ 'ပထမဓားတစ်လက်' သိုင်းကွက်သည် ဓားပုံဖော်ခြင်း၏အဆုံးစွန်သော ဆင့်ကဲပြောင်းလဲမှု ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းသည် ဓားပုံဖော်နည်းစနစ်များကို ရင်ဆိုင်ရာတွင် အလွန် ထိရောက်လှသည်။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက်... သူသည် ရရှိလာသော အစွမ်းများကို ပြန်လည် ထိန်းညှိနေသည်။
အစက သူသည် အဝတ်အစားလဲရန် အဖြူရောင်ဝတ်စုံ အချို့ သွားယူချင်သော်လည်း၊ မပျက်စီးနိုင်သော အဖြူရောင်ဝတ်စုံကို ချက်အင်ကနေ ရထားပြီးပြီဖြစ်ကြောင်း သတိရလိုက်သဖြင့် လက်လျှော့လိုက်သည်။
"ညီမလေးကို နားပါစေဦးလေ..."
ထိုအချိန်တွင်... မြူခိုးသမုဒ္ဒရာ၏ နက်ရှိုင်းရာ တောင်တန်းများ ဝန်းရံထားသော ဂိုဏ်းတစ်ခုအတွင်းဝယ် စနစ်တကျ ဝတ်ဆင်ထားသော လူအုပ်စုတစ်စု စုဝေးနေကြသည်။
သူတို့၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ တောက်ပနေသည်။
"ငါတို့ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ဂိုဏ်းခွဲတစ်ခုက 'ကောင်းကင်အဆင့်' ဂိုဏ်းတွေထဲမှာ ပါလာတယ် ဟုတ်လား..."
"ဒါက တကယ့်ကို ရိုင်းစိုင်းလွန်းတယ်။ ဂိုဏ်းခွဲတစ်ခုက ဘယ်လိုလုပ် စာရင်းထဲ ပါလာပြီး ငါတို့ရဲ့ အခွင့်အာဏာကို ကျော်လွန်ရတာလဲ"
လူအုပ်စု၏မျက်ဝန်းများတွင် ပြင်းထန်သော ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။
"မြူခိုးသမုဒ္ဒရယက 'ကောင်းကင်ဘုံဓားနယ်မြေ' ကို ဖုံးလွှမ်းသွားတုန်းက ဂိုဏ်းခွဲတွေ အားလုံး ပြန့်ကျဲသွားခဲ့တာ။ ဂိုဏ်းခွဲတွေ အကုန် ပျက်စီးသွားပြီလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ... ဂိုဏ်းခွဲတစ်ခုက မြူခိုးသမုဒ္ဒရာထဲမှာ ထွန်းကားလာပြီး ကောင်းကင်အဆင့် ဂိုဏ်းတောင် ဖြစ်လာတယ်တဲ့။ ငါတို့မှာ တူညီတဲ့ ဂိုဏ်းတည်ထောင်သူ ရုပ်ထုရှိနေတော့ ငါတို့ကြားမှာ ခြားနားချက် မရှိတော့ဘူး။ အကယ်၍ သူတို့သာ ပိုသန်မာလာရင် ငါတို့ ပင်မဂိုဏ်းကြီးကိုပါ ဝါးမြိုသွားလိမ့်မယ်။ ဒါက တကယ့်ကို ရယ်စရာပဲ"
ခမ်းနားထည်ဝါသော ဤပင်မဂိုဏ်းကြီးအတွင်းရှိ လူများစွာမှာ စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရသည်။
ပင်မဂိုဏ်းချုပ်က ဂိုဏ်းခွဲ၏ဝါးမြိုခြင်းကို ခံရမည်ဆိုသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည်။
၎င်းတို့အနေဖြင့် ဤကဲ့သို့ ဖြစ်လာရန် လုံးဝ ခွင့်မပြုနိုင်ပေ။
"ငါတို့ဂိုဏ်းမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိသလို၊ အနန္တအမှောင်ထုနယ်ပယ်က အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် အများကြီး ရှိတာပဲ။ သူတို့ ငါတို့ကို ဝါးမြိုဖို့ ကြိုးစားတာက စိတ်ကူးယဉ်အိပ်မက်နေတာပဲ။ဒါပေမဲ့ ဒီလို အချိန်ကိုက်ဗုံးမျိုးကိုတော့ အသက်ရှင်ခွင့် မပေးနိုင်ဘူး"
ကောင်းကင်ဘုံဓားဂိုဏ်းပင်မဂိုဏ်း မှ ကျွမ်းကျင်သူများမှာ သဘောတူညီမှု တစ်ခုကို ရရှိသွားကြသည်။
"လူတွေ လွှတ်ပြီးပြီလား"
"မြူခိုးသမုဒ္ဒရယရဲ့ နိယာမတွေကို သုံးပြီး သူတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို ဒီဘက်ကို တယ်လီပို့လုပ်ပစ်လိုက်မယ်"
စည်းကမ်းချက်အရ ဂိုဏ်းခွဲနှင့် ပင်မဂိုဏ်းသည် အထက်နှင့်အောက် ဆက်ဆံရေးကို အပြည့်အဝ တည်ဆောက်ရမည် ဖြစ်သည်။
မဟုတ်ပါက အနာဂတ်တွင် ဖြစ်လာမည့် အကျိုးဆက်မှာ ခန့်မှန်းရခက်ပြီး အချိန်ကိုက်ဗုံး တစ်လုံးနှင့် အလားသဏ္ဌာန် တူနေပေလိမ့်မည်။
ထိုအခိုက်အတန့်တွင်... ပုံရိပ်တစ်ခုမှာ ကောင်းကင်ဘုံဓားဂိုဏ်း ဂိုဏ်းခွဲ အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသည်။
သူသည် ဂိုဏ်းအတွင်းရှိ နတ်ဓားသခင်ရုပ်ထုရှေ့သို့ ရောက်ရှိလာ၏။
"ဒီလို ဂိုဏ်းခွဲ အသေးလေးမှာ တကယ်ပဲ နတ်ဓားသခင်ရုပ်ထု သုံးခုတောင် ရှိနေတာလား။ ဒါက မဖြစ်သင့်ဘူး..."
ဂိုဏ်းခွဲများအနေဖြင့် နတ်ဓားသခင်ရုပ်ထုကို ကိုယ်ပိုင် သိမ်းဆည်းခွင့် မရှိပေ။
၎င်းမှာ မြူခိုးသမုဒ္ဒရာအတွင်းရှိ ဂိုဏ်းစည်းမျဉ်း ဖြစ်သည်။
ထိုလူက လှောင်ပြုံး ပြုံးလိုက်သည်။
"ငါ ခိုးဝင်လာတာကို ဘယ်သူမှ မသိကြပါလား။ မြူခိုးသမုဒ္ဒရာထဲမှာ ဒီလို ဂိုဏ်းအသေးလေးက ဘယ်လို ကံကောင်းခြင်းမျိုးနဲ့ အသက်ရှင်နေလဲတောင် မသိဘူး"
ထိုသူမှာ ပင်မဂိုဏ်းမှ လာသူဖြစ်သဖြင့် အတော်လေး မောက်မာနေပုံရသည်။
သို့သော် သူ မမြင်နိုင်သော နေရာတစ်ခုတွင် ပုံရိပ်တစ်ခုက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထိုပုံရိပ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မှောင်မည်းသော ညဉ့်ဦးယံတွင်ပင် ထိုဝတ်စုံမှာ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသကဲ့သို့ တောက်ပနေ