စုတ်ပြဲသွားသော ဝတ်ရုံဖြူ
Vol. 15 Ch. 142
လေပြင်းများ ရုတ်တရက် ထလာပြီးနောက် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် ရူးသွပ်စွာလှိုင်းထန်လာပြီး အလွန်အမင်း အန္တရာယ်ရှိသော ဖိအားတစ်ခု ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားတော့သည်။
"ဒါ... ဒါက..." လူတိုင်း၏မျက်နှာထားများ အကြီးအကျယ် ပျက်ယွင်းကုန်ကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းလှသော ဖိအား...။သူတို့တစ်သက်တွင် တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သူတို့သည် ရွှေနှင့် ငွေတမန်တော်များကို မြင်ဖူးကြသည်။
ထိုသူတို့သည် အနန္တအမှောင်ထုအဆင့် ၏ ထိပ်ဆုံးမှာ ရှိနေသူများ ဖြစ်သည်။သို့သော် ယခုအချိန်တွင်မူ ထိုအနန္တအမှောင်ထုအဆင့် အဆင့်ရှိ ကျွမ်းကျင်သူများပင်လျှင် ယခုခံစားနေရသော အရှိန်အဝါကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သူတို့ ခံစားလိုက်ရသည်။
သူတို့၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ မထိန်းနိုင်အောင် ဖြစ်ပေါ်လာရသည်။
ထိုအရှိန်အဝါသည် မမြင်ရသော ကြောက်မက်ဖွယ် ဓားတစ်လက်ကဲ့သို့ ရှန်းချန်ကောကို ပစ်မှတ်ထား ပိတ်ဆို့ထားပြီးဖြစ်သည်။ မုန်တိုင်းတစ်ခု စတင်နေပြီဖြစ်ကာ ကောင်းကင်နှင့် မြေပြင်ပင် တုန်ခါနေသယောင် ရှိသည်။
သူတို့ကို တိုက်ရိုက် ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း အလွန်အမင်း ကြောက်စရာကောင်းသော အငွေ့အသက်ကို သူတို့ ခံစားနေရဆဲပင်။
မှုန်ဝါးစွာဖြင့် ပုံရိပ်တစ်ခုသည် သူတို့အနီးတွင် ရပ်နေပြီဖြစ်သည်။
ဟင်းလင်းပြင်မှာ တဖြည်းဖြည်း တွန့်လိမ်လာပြီး ထိုသူ၏ဦးခေါင်းထက်တွင် အရှိန်အဝါ နှစ်ခုမှာ ရောယှက် ပေါင်းစည်းနေသည်ကို ရှန်းချန်ကော ဝိုးတဝါး မြင်လိုက်ရသည်။
ဟင်းလင်းပြင်ပင် ပြောင်းလဲသွား၏။
"မင်းက မြူခိုးနေထိုင်သူအဖွဲ့ရဲ့ နတ်ဘုရားတမန်တော်အသစ်လား"
ထိုအချိန်တွင်...
ရှန်းချန်ကောသည် ထိုလူကို ကြည့်လိုက်ရင်း တစ်ခါမျှ မကြုံဖူးသော အန္တရာယ် ခံစားချက်ကို ရရှိလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤသူသည် အနန္တအမှောင်ထုအဆင့်ကို ကျော်လွန်သွားသော အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်နေသည်။
သူ့ရင်ထဲ အေးစက်သွားသည်။
"ဘာလို့ အပိုတွေ ပြောနေတာလဲ၊ တိုက်ချင်ရင်လည်း တိုက်လိုက်တော့"
မြူခိုးနေထိုင်သူများအဖွဲ့ထံမှ ကြေးမှုံအလင်း တောင်သို့ အမြန်ဆုံး ပြန်လာရန် သတင်းရကတည်းက ဤတိုက်ပွဲမှာ ရှောင်လွှဲ၍မရမှန်း ရှန်းချန်ကော နားလည်ထားပြီးသား ဖြစ်သည်။
မြူခိုးနေထိုင်သူများအဖွဲ့နှင့် ဝတ်ရုံနက်အဖွဲ့တို့၏ အခြေအနေအရ ပြောဆိုညှိနှိုင်းလျှင်တောင်မှ မည်သည့်အကျိုးမှ ရှိမည်မဟုတ်ကြောင်း သူ သေချာပေါက် သိနေသည်။
"နတ်ဘုရားတစ်ပိုင်း ခန္ဓာကိုယ်..."
"မင်းက ရှေးဟောင်းနတ်ဘုရား စိတ်စွမ်းအား ကို ပေါင်းစပ်ထားနိုင်တာပဲ။ ပြီးတော့ မင်းရဲ့ နတ်ဘုရားစိတ်အာရုံက တော်တော်လေး အားကောင်းတာကို ငါ ခံစားနေရတယ်"
ထိုခဏတွင်ထိုပညာရှင်၏မျက်လုံးများထဲ၌ ချီးကျူးလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်း ငါတို့ ဝတ်ရုံနက်အဖွဲ့ထဲ ဝင်မယ်ဆိုရင်တော့ မင်းကို ငါ လွှတ်ပေးဖို့ စဉ်းစားပေးနိုင်တယ်"
သို့သော် သူ့အား ပြန်လည် တုံ့ပြန်လိုက်သည်မှာ အလွန်တရာ တောက်ပသော ဓားအလင်းတန်း တစ်ခုပင် ဖြစ်သည်။
ချွမ်...
ဓားအလင်းတန်းမှာ လျှပ်စီးလက်သကဲ့သို့ အလွန်အမင်း မြန်ဆန်လှသည်။
ထိုပညာရှင် ရှောင်တိမ်းလိုက်ချိန်တွင် သူ့အရိပ်မှာ ဝိုးတဝါး ဖြစ်သွားသည်။
"မင်း သေလမ်းရှာနေတာပဲ"
ရှန်းချန်ကောသည် ကူးပြောင်းခြင်းအဆင့် သာ ရှိသေးသည်။
ဤကဲ့သို့အဆင့်လေးနှင့် သူ့ကို ဓားဖြင့် တိုက်ခိုက်ရဲသည်လော။
ထိုသူ အသက်ပြင်းပြင်းရှူလိုက်သည်။
"မင်းလိုကောင်က အနက်ရောင် မဟာအပျက်စီးနယ်မြေမှာဆိုရင် အမှိုက်နဲ့ မခြားဘူး။ ဘယ်လိုတောင် မောက်မာရဲတာလဲ" သူ ဒေါသထွက်သွားပြီး သူ့ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။
ကြောက်မက်ဖွယ် စူးရှသော အရှိန်အဝါများ သူ့ထံတွင် စုစည်းလာသည်။
သူ အမှန်တကယ် စိတ်ဆိုးသွားပြီ။
နတ်ဘုရားမီးလျှံများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး သူ့ကျောပေါ်မှ ဓား ၃ လက်မှာ အလိုအလျောက် ဓားအိမ်မှ ထွက်လာကြသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
သူ စိတ်ကို ဖြည်ချထားလိုက်၏။ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို ဖြည်လျှော့ချထားပြီး အင်အားအကောင်းဆုံး အခြေအနေကို စတင်နှိုးဆွလိုက်သည်။
ဤတိုက်ပွဲသည် အလွန် ခက်ခဲလိမ့်မည်။
တစ်ခါမျှ မတွေ့ဖူးသော အင်အားကြီး ရန်သူပင်။
အနန္တအမှောင်ထုအဆင့်ကို ကျော်လွန်ပြီးသော တည်ရှိမှု...။
သူ ကြိုတင် ခံစားနေရသည်။
အနက်ရောင် မြူခိုးသမုဒ္ဒရာကြီးသည် မယုံနိုင်လောက်အောင် ကျယ်ပြောလှပြီး သူ ယခုရောက်နေသော နေရာမှာ အစွန်အဖျားမျှသာ ရှိသေးသည်။
သူ ယခု မြင်တွေ့နေရသော လမ်းဆုံးမှာ ပိုမိုမြင့်မားသော အဆင့်တစ်ခု၏ အစပြုခြင်းသာ ဖြစ်ပေလိမ့်မည်။
သူ့စိတ်ထဲတွင် နတ်ဘုရားအာရုံများ ပေါက်ကွဲထွက်လာပြီး လှိုင်းတံပိုးများကဲ့သို့ ရိုက်ခတ်နေသည်။
သူ့၏အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဓာတ်တို့မှာ တစ်သားတည်း ဖြစ်သွားပြီး သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း တစ်ခါမျှ မရှိဖူးအောင် မြင့်တက်လာတော့သည်။
ထိုအချိန်တွင်...
ထိုပညာရှင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။
"မင်းရဲ့ နတ်ဘုရား အာရုံက..."
သို့သော် သူ စကားမဆုံးလိုက်ပေ။
နောက်တစ်ခဏတွင်...
ရှန်းချန်ကော၏နတ်ဘုရား စိတ်စွမ်းအား မှာ ပေါက်ကွဲထွက်လာသည်။
သူ့ဦးခေါင်းထက်ရှိ နတ်ဘုရား အလင်းစက်ဝန်းနှင့် သူ့အနောက်မှ ရွှေရောင်အလင်းတန်းများမှာ စူးရှတောက်ပနေသည်။
သူသည် ရှေးဟောင်းကာလမှ လမ်းလျှောက်ထွက်လာသော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။ သူသည် ထည်ဝါခန့်ညားလွန်းသဖြင့် သူ့မျက်နှာကိုပင် သေချာ မမြင်ရပေ။
ထိုပညာရှင်၏ နဖူးတွင် ချွေးစေးများ ထွက်လာပြီး ရှန်းချန်ကော၏ မျက်နှာကို သေချာ မမြင်ရတော့ပေ။
ဤသည်မှာ နှစ်ဖက်ကြားရှိ နတ်ဘုရားအာရုံချင်း ကွာခြားမှု အလွန်ကြီးမားနေခြင်းကို ပြသနေသည်။
သူတို့နှစ်ဦးမှာ မတူညီသော ကမ္ဘာနှစ်ခုတွင် ရပ်နေသကဲ့သို့ပင်။
ရှန်းချန်ကောသည် စိတ်ဝိညာဉ်အာရုံကို စုစည်းထားနိုင်သည်ကို သူ သိသော်လည်း၊ 'အမှတ်အသားတစ်ခုပါ နတ်ဘုရား အာရုံ' ကို စုစည်းထားနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"အမှတ်အသား တစ်ခုလား"
သူ့အသံမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ မြူခိုးသမုဒ္ဒရာကမ္ဘာမှ လူငယ်တစ်ယောက်က ဤနေရာတွင် နတ်ဘုရားအာရုံ အစအနကို စုစည်းနိုင်သည်လော။
ဤအရာ မည်သို့ဖြစ်နိုင်မည်နည်း။
နတ်ဘုရားစိတ်အာရုံတွင် နတ်ဘုရား အမှတ်အသားများဖြစ်တည်လာပါက နှစ်ဖက်ကြား ကွာခြားချက်က မိုးနဲ့မြေလို ကွာသွားပြီ ဖြစ်သည်။
သူသည် ဒေါသတကြီးဖြင့် ဓားသိုင်းကို ထုတ်သုံးရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် သူ့ဓားမှာ ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ထူးဆန်းသော အခြေအနေတစ်ခု ရောက်နေသည်ကို သူ ခံစားလိုက်ရသည်။
နေပါဦး...
ရှန်းချန်ကော၏ထိန်းချုပ်ခြင်းဓား..
နတ်ဘုရားနယ်မြေ၊သူက ဓားနတ်ဘုရားစိတ်အာရုံ ကို စုစည်းထားနိုင်သည်လော။
"ဒါ မဖြစ်နိုင်ဘူး" ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ယောက်က ဤကဲ့သို့သော မျက်နှာထား ဖြစ်သွားရခြင်းမှာ ရှန်းချန်ကောအနေဖြင့် ဓားနတ်ဘုရားစိတ်အာရုံကို စုစည်းနိုင်ခြင်းသည် မည်မျှ မယုံနိုင်စရာ ကောင်းကြောင်း ပြသနေခြင်းပင်။
သူ ဖန်ဆင်းခြင်းအဆင့် သို့ ရောက်ရှိချိန်တွင် ဓားကို 'ယန်ဒြပ်စင်ငါးမျိုးအခြေအနေဖြင့်သာ ထိန်းချုပ်နိုင်သည်။
အနက်ရောင် မဟာအပျက်စီးနယ်မြေ တွင်ပင် 'နတ်ဘုရားနယ်မြေ' အဆင့်ဖြင့် ဓားကို ထိန်းချုပ်နိုင်သူမှာ အလွန် ရှားပါးလှသည်။
ဤအရာဟာ ဓားလမ်းစဉ်၏အထွတ်အထိပ် အဆင့်သစ်တစ်ခုကို ကိုယ်စားပြုသည်။
သူက အမှတ်အသားတစ်ခုပါ နတ်ဘုရား အာရုံကို စုစည်းထားပြီးပြီ။အကယ်၍သာ ထိုအာရုံကို ဓားစိတ်ဆန္ဒနှင့် တွဲသုံးလိုက်မည်ဆိုလျှင်...
ဤအရာက ရန်သူကြီးပင်။
မြူသမုဒ္ဒရာကမ္ဘာကြီးတွင် ယခုလို မွန်းစတားမျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။သူသည် အနက်ရောင် မဟာအပျက်စီးနယ်မြေမှ လာသူဖြစ်ရာ ဗဟုသုတ ကြွယ်ဝသည်။
ထိုဗဟုသုတများကြောင့်ပင် ရှန်းချန်ကောမှာ ပို၍ ကြောက်စရာကောင်းကြောင်း၊ သူ့ကို အသက်ရှင်လျက် မထားသင့်ကြောင်း သူ ခံစားလိုက်ရသည်။
သူ့ကို သတ်မှဖြစ်မည်။
သူသည် ဓားဖြင့် ခုတ်ချလိုက်ရာ ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားသယောင် ရှိသည်။
သူသည် ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်မှာ အမှန်ပင်။
သူဖန်ဆင်းခြင်းချီမှာ လုံးဝ မပြည့်စုံသေးဘဲ ကနဦးအဆင့်မှာသာ ရှိသေးသော်လည်း၊ အဆင့်နှစ်ခုကြား ကွာခြားချက်မှာ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသည်။
သူ့၏ကြောက်မက်ဖွယ် ဓားအလင်းတန်းမှာ ရှန်းချန်ကော၏မျှော်လင့်ထားသည်ထက် ကျော်လွန်နေဆဲပင်။
နတ်ဘုရားနယ်မြေ၏ဖိနှိပ်မှုမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
ဘုန်း
ဓားအလင်းတန်း ကျရောက်လာရာ မြေပြင်မှာ အက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူခိုးများမှာ ရုတ်တရက် ရှုပ်ထွေးသွားသည်။
မြူခိုးများထဲတွင် သေးငယ်သော ဓားပေါင်းများစွာ ရှိနေပြီး တစ်ခုနှင့်တစ်ခု ရူးသွပ်စွာ ပွတ်တ်ုက်နေသကဲ့သို့ပင်။
"နတ်ဘုရားတမန်တော်..."
အားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ရီနေကြသည်။ ထိုဓားချက်မှာ ကောင်းကင်နှင့် မြေကြီးကို ခွဲပစ်လိုက်သကဲ့သို့ပင်။ လွန်စွာ ကြောက်စရာ ကောင်းလွန်းလှသည်...။
ထိုဓားချက်အောက်တွင်...
ရှန်းချန်ကော သေသွားပြီလော။
ထိုခဏတွင် သူတို့၏အကြည့်များမှာ ကွင်းပြင်အလယ်သို့ စုပြုံရောက်ရှိသွားသည်။
သူတို့ အံကြိတ်ထားကြပြီး ရင်ထဲတွင်လည်း နောင်တများနှင့် ပြည့်နှက်နေသည်။
ဖန်ဆင်းခြင်းအဆင့် ပညာရှင်ကလည်း သက်ပြင်းချလိုက်သည်။
"ကံကောင်းလို့ မင်း ကူးပြောင်းခြင်းအဆင့် မှာ ရှိနေတုန်း ငါနဲ့ တွေ့တာ။ အကယ်လို့ မင်းသာ အနန္တအမှောင်ထုအဆင့် ကို ရောက်သွားခဲ့ရင်..."
ရှန်းချန်ကောသာ အနန္တအမှောင်ထုအဆင့်သို့ ရောက်သွားခဲ့လျှင်...
ရှေးဟောင်းနတ်ဘုရားဧကရာဇ် အဆင့်ရှိ တည်ရှိမှုသဖွယ်ဖြစ်လာမည်။
သူ၏ဖန်ဆင်းခြင်းအဆင့်ဖြင့်ပင် သူဟာ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ထိုခဏမှာပင်...
ရှုပ်ထွေးနေသော အနက်ရောင်မြူခိုးများကြားတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ၎င်းမှာ ရွှေရောင် အလင်းတန်းတစ်ခုပင်။
ထိုရွှေရောင် အလင်းတန်းမှာ ရုတ်တရက် ကွဲထွက်သွားပြီး အတွင်းမှ တစ်စုံတစ်ဦးက မျက်လုံးဖွင့်လိုက်သကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်း...
ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုက မျက်လုံးဖွင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အနက်ရောင်မြူခိုးများမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားသည်။ အလယ်တွင် ရှိနေသော ပုံရိပ်သည် သူ၏စုတ်ပြဲနေသော ဝတ်ရုံဖြူကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေသည်။
ထို့နောက် သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ့နဖူးအလယ်တွင် ရွှေရောင် မျက်လုံးတစ်လုံး ဝိုးတဝါး ပေါ်လာသည်။
၎င်းမှာ ရွှေရောင် တောက်ပနေပြီး အရှိန်အဝါကြီးမားသောလွှမ်းမိုးချုပ်ကိုင်နိုင်မှုများ ပါဝင်နေသည်။
ရှန်းချန်ကော၏မျက်နှာမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးကဲ့သို့ ရှေးကျပြီး ထည်ဝါသော တည်ငြိမ်မှုများ ရှိနေသည်။
သူ့၏ဓားနတ်ဘုရား စိတ်အာရုံမှာ ဓားရှည်တစ်လက်အဖြစ် လုံးဝ ပုံဖော်သွားပြီး သူ့ဘေးတွင် ဝဲပျံနေသည်။
သူ့အနောက်တွင်လည်း ရွှေရောင် လူသားပုံရိပ်လေးတစ်ခု ပေါ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူ၏နှုတ်ခမ်းမှာ အနည်းငယ် ပွင့်ဟသွားပြီး မျက်နှာတွင်လည်း အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ဒါက မင်း ငါ့ရဲ့ ခွန်အားကို ပထမဆုံးအကြိမ် အပြည့်အဝ အသုံးခွင့်ပေးတာပဲ"
"ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေလိုက်စမ်း"
ဝုန်း
ရှန်းချန်ကော၏အရှိန်အဝါမှာ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူသည် အတော်လေး ဒေါသထွက်သော အခြေအနေတွင် ရှိနေသည်။
သူ့၏ဝတ်ရုံဖြူ စုတ်ပြဲသွားရခြင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ပင်။ ထိုခဏတာတွင် သူ့ရင်ထဲတွင် ဒေါသများ တောက်လောင်နေသည်။
သူ၏ခန့်ညားသော အရှိန်အဝါမှာ တုန်ခါသွားပြီး ရှေးဟောင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထည်ဝါလှသည်။
"မင်း သေသင့်တယ်"