← Chapters

နောက်ဆက်တွဲဆိုးကျိုး

Vol. 15 Ch. 144

နောက်ဆက်တွဲဆိုးကျိုး

Vol. 15 Ch. 144

"ပထမ ဓား "

ထိုအေးစက်သော အသံအဆုံးတွင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသယောင် ရှိသည်။

အရာအားလုံးသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်သွားပြီး လျင်မြန်စွာပင် ပျက်စီးလာတော့သည်။

မည့်သည့်ဓားအလင်းတန်းမှမရှိသော်လည်း မမြင်ရသောဓားတစ်လက်က လေထုကို ရူးသွပ်စွာ ဖျက်ဆီးနေသကဲ့သို့ပင်။

၎င်းသည် မယုံနိုင်လောက်အောင် ပြင်းထန်လွန်းလှသည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဖြစ်သည်။

ထို ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်မှာ...အမှန်တကယ်ပင် ဖျက်ဆီးခံလိုက်လေ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"နတ်ဘုရားနယ်မြေအဆင့်

ဓားထိန်းချုပ်ခြင်း နတ်ဘုရားနယ်မြေအဆင့် ဓားနည်းစနစ် မင်းက ဘယ်လို နတ်ဆိုးမျိုးလဲ"

ဓားထိန်းချုပ်ခြင်းနည်းစနစ်၏ နတ်ဘုရားနယ်မြေအဆင့်သည် ဓားတာအို နတ်ဘုရားဆန္ဒ၏ အထွတ်အထိပ်ကို ကိုယ်စားပြုပြီး၊ ဓားပုံဖော်ခြင်းနည်းစနစ်၏ နတ်ဘုရားနယ်မြေအဆင့်မှာမူ အစွမ်းကုန် သွေးထားသော ဓားလှုပ်ရှားမှု များကို ကိုယ်စားပြုသည်။

၎င်းသည် အစင်ကြယ်ဆုံးသော တိုက်ခိုက်မှုကို ဖော်ဆောင်ခြင်းပင်။

ဖန်ဆင်းခြင်း နတ်ဘုရားနည်းစနစ်တွင် တာအိုစည်းချက်၊ သတ်ဖြတ်ခြင်းနည်းစနစ်နှင့် မြူခိုးနက်ထဲမှ သတ်ဖြတ်ခြင်းအငွေ့အသက်တို့ ပါဝင်သော်လည်း၊ ဓားသိုင်း၏နတ်ဘုရားနယ်မြေအဆင့်မှာမူ ဓားလမ်းစဉ်၏ အမြင့်မားဆုံး အောင်မြင်မှုကို ကိုယ်စားပြုသည်။

ဤလူငယ်သည် ဓားလမ်းစဉ် စနစ်နှစ်ခုလုံးတွင် 'နတ်ဘုရားနယ်မြေအဆင့်' သို့ ခြေလှမ်းလှမ်းနိုင်ခဲ့သည်လော။

သူက လူသားမှ ဟုတ်ရဲ့လား။

သူ၏ ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဉ်မှာ တိုက်ရိုက်ပင် ပြိုလဲသွားတော့သည်။

ပုံရိပ်မှာ နတ်ဘုရားတစ်ပါးနှင့် တူလှပြီး ဓားတစ်လက်သည် လေထုကို ချက်ချင်း ဖောက်ထွက်သွားသည်။

ထိုပညာရှင်မှာ ရှောင်တိမ်းချင်သော်လည်း ရှန်းချန်ကော၏ရွှေရောင်မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ဒါ... ဒါ ဘာကြီးလဲ

ဤမျက်လုံးထဲတွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနေမှန်း သူ အစောကြီးကတည်းက ခံစားမိသည်။

'ဒါက ဘယ်လိုအဆင့်ရှိတဲ့ မျက်လုံးလဲ... ဒါက ဘာကြီးလဲ...'

သူ ရူးတော့မည်။

ဖန်ဆင်းခြင်း နတ်ဘုရားကျင့်စဥ်ကို သုံးလိုက်ခြင်းကြောင့် သူ စွမ်းအင်အတော်လေး ကုန်ခမ်းနေပြီ ဖြစ်သည်။

ယခုအခါ အစုပ်ယူခံလိုက်ရသဖြင့် အားအင်ကုန်နေချိန်တွင် ထိုအကြည့်ကြောင့် မြေပြင်မှာ သံမှိုရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ခုခံဖို့ အခွင့်အလမ်း လုံးဝ မရှိတော့ပေ။

ဝီ...

ကျောပေါ်ရှိ ကျန်ရှိနေသော ဓားနှစ်လက်မှာ သူ့ပတ်လည်တွင် ရူးသွပ်စွာ ဝဲပျံရင်း သူ့ကို ကာကွယ်ပေးနေသည်။

ထိုအချိန်မှာပင်...

ရှန်းချန်ကေယ၏ အခြေအနေမှာလည်း သိပ်မဟန်တော့ပေ။

မျက်လုံးကြီး၏ စွမ်းအားမှာ ကြီးမားလွန်းနေသည်။

ယခုအခါ သူ့နဖူးပေါ်ရှိ မျက်လုံးမှာ အလွန်အမင်း နာကျင်နေကြောင်း သူ ခံစားနေရသည်။

သူ့ဦးခေါင်းပင်လျှင် ရောင်ကိုင်းလာသယောင် ရှိသည်။ အေးစက်သော အသိစိတ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်နေသဖြင့် အလွန်အမင်း နာကျင်နေရသည်။

"မင်း ဘာလုပ်နေတာလဲ" သူ မျက်လုံးကြီးကို မေးလိုက်သည်။

"ငါ ဘာမှ မလုပ်ဘူး" မျက်လုံးကြီး၏ အသံမှာ ရှုပ်ထွေးနေသည်။

သူ ဘာမှမလုပ်သော်လည်း သူ့စွမ်းအားမှာ အလွန် ကြောက်စရာကောင်းလှသည်။ ရှန်းချန်ကောသည် သူ့စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။

ဤအရာဟာ ရှန်းချန်ကော၏ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးကြီးကို ချိတ်ပိတ်ထားသော သော့တစ်ခုနှင့် တူသည်။ သို့သော် ထိန်းချုပ်ထားနိုင်ခြင်းနှင့် အမှန်တကယ် အသုံးပြုခြင်းမှာ မတူညီပေ။

သူသည် ဖြစ်တည်မှုခု၏အသိစိတ်မှ မွေးဖွားလာသူဖြစ်ရာ သူ့စွမ်းအား လက်မတိုင်းမှာ ထူးခြားဆန်းပြားသော လက္ခဏာများ ရှိသည်။

ရှန်းချန်ကောသည် ၎င်းကို အလွန်အကျွံ သုံးလိုက်မိပြီ။

သူ့စွမ်းအားများသည် ရှန်းချန်ကော၏ ခန္ဓာကိုယ်ထဲသို့ မထိန်းချုပ်နိုင်ဘဲ ဝင်ရောက်တော့မည် ဖြစ်သည်။

ရုတ်တရက်ဆိုသလို ရှန်းချန်ကော၏ အရေပြားပေါ်တွင် မီးချော်ရည်များကဲ့သို့ ရွှေရောင်လိုင်းများ ပေါ်လာပြီး အလွန် ထူးဆန်းနေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ အနက်ရောင်နှင့် မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာသည်။ သူ့မြူခိုးများသည် မြူခိုးသမုဒ္ဒရာထဲမှ မြူခိုးများနှင့် တိုက်ခိုက်နေသယောင် ရှိသည်။

ဘုန်း

ဘုန်း

ဘုန်း

ပတ်ဝန်းကျင်တစ်ခုလုံး အဆက်မပြတ် ပေါက်ကွဲလာသဖြင့် လူများကို ထိတ်လန့်စေတော့သည်။

ယခုအချိန်တွင် ရှန်းချန်ကောသည် အလွန် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

သူသည် အစစ်အမှန်ဆတ်ဆိုးတစ်ကောင်နှင့် တူလှသည်။

မိုင်တစ်ရာအတွင်းရှိ နတ်ဆိုးအားလုံး ဒူးထောက်လိုက်ကြသည်။

သူတို့အားလုံး အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေကြသော်လည်း ဘာအသံမှ မပြုရဲကြပေ။

နိုးထလာခါစ ကြောက်မက်ဖွယ် တည်ရှိမှုကြီးကို နှောင့်ယှက်မိမှာ ကြောက်နေကြသကဲ့သို့ပင်။

ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။

အမှောင်ထဲတွင် အလွန်ထူးဆန်းသော သက်ရှိကြီးတစ်ခုကို မြင်နေရသကဲ့သို့ သူ ခံစားလိုက်ရသည်။

၎င်းမှာ အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး ခန့်ညားထည်ဝါကာ ရှေးကျပြီး နတ်ဘုရားဆန်လှသည်။

၎င်း အသက်ရှူလိုက်တိုင်း နေ့နှင့်ည ဖြစ်ပေါ်နေသယောင် ရှိသည်။ သူ၏ မျက်လုံးများသည် မဟာတာအိုလမ်းစဉ်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်နေပြီး ခန္ဓာကိုယ်မှာ ကမ္ဘာတစ်ခုကဲ့သို့ ကြီးမားလှသည်။

သို့သော် ထိုမြင်ကွင်း ပြိုကွဲသွားသည်နှင့်အမျှ ထိုသက်ရှိကြီးသည်လည်း လိုက်ပါပြိုကွဲသွားသည်။

တောက်ပသော ဓားအလင်းတန်း တစ်ခုကို ဝိုးတဝါး မြင်လိုက်ရသည်။

ထို့နောက် အရာအားလုံးသည် ဘာမှမရှိသော ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"အား"

သူ့မျက်နှာ ပြောင်းလဲသွားပြီး ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် နာကျင်လာသည်။

"မင်းရဲ့ စွမ်းအားမှာ ပြဿနာရှိနေပြီပဲ" ဖန်ဆင်းခြင်းအဆင့် ပညာရှင်သည် ရုတ်တရက် မျှော်လင့်ချက် မြင်လိုက်ရသည်။

ရှန်းချန်ကော၏ စွမ်းအားမှာ ပြဿနာ ရှိနေပြီ။ ယခုအချိန်တွင် ရှန်းချန်ကောသည် အလွန်အမင်း နာကျင်နေပုံရသည်။

သူ အော်ဟစ်ကာရယ်မောလိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်းပင်...။

ယခုလို စွမ်းအားမျိုးကို မည်သို့ဖြင့်စည်းမဲ့ကမ်းမဲ့ သုံးနိုင်မည်နည်း။

ဟင်...

ရုတ်တရက် သူ၏လည်ပင်းမှာ အညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

နာကျင်နေသော လူငယ်သည် မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်သည်။

သူ့၏ အေးစက်သော မျက်လုံးများသည် သက်ရှိတစ်ဦး၏ မျက်လုံးနှင့် မတူဘဲ မည်သည့် ခံစားချက်မျှ မပါဝင်ပေ။

တစ်ခဏအတွင်း ထိုမျက်လုံးများက သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် တစ်ကိုယ်လုံး အေးစက်သွားကာ ကြီးမားသော စွမ်းအားတစ်ခုဖြင့် တစ်နေရာတည်းမှာ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

အရမ်းကို ကြောက်စရာကောင်းလွန်းလှသည်။

ဝေါ..

"မင်းကို အရင် သတ်လိုက်မယ်" ဝတ်ရုံဖြူ လူငယ်၏ မျက်လုံးများထဲတွင် အမှောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

သူသည် အေးစက်ပြီး ခန့်ညားလှသည်။ ထိုခဏတွင် သူ့လေသံမှာ အလွန် ပေါ့ပေါ့ပါးပါး ရှိနေပြီး ဖန်ဆင်းခြင်းအဆင့် ပညာရှင်ကို သတ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသကဲ့သို့ လွယ်ကူနေပုံရသည်။

"မင်းရဲ့ စွမ်းအားကို ထိန်းချုပ်မှုမရှိဘဲ သုံးနိုင်သေးလို့လား။ နောက်ဆက်တွဲ ဆိုးကျိုးကို မကြောက်ဘူးလား။ မင်း ထိန်းချုပ်ထားတဲ့အရာက အရမ်း ကြောက်စရာကောင်းပေမယ့် စွမ်းအားကြီးလေ ပေးဆပ်ရတာ များလေပဲ။ မင်း တကယ်ပဲ သေမှာ မကြောက်ဘူးလား"

သူ့အသံမှာ အေးစက်နေသော်လည်း ထိတ်လန့်မှုအရိပ်အယောင်ရှိနေသည်။

ရှန်းချန်ကောက သူ့ကို အမှန်တကယ် ကြောက်သွားစေခဲ့ပြီ ဖြစ်သည်။

သူ ဤမြူခိုးသမုဒ္ဒရာထဲသို့ လာပြီး ဤအဓိပ္ပာယ်မရှိသော ကိစ္စကိုလုပ်ဆောင်မိခြင်းအတွက် နောင်တရနေပြီ ဖြစ်သည်။

ဒါက ဘယ်လို မွန်းစတားမျိုးလဲ

"မင်း ငါ့အကြောင်း မသိပါဘူး" ရှန်းချန်ကောက အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

ဘုန်း

ရှန်းချန်ကော၏အရေပြားမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများသည် လေထဲတွင် ဓားအကြီးကြီး တစ်လက်အဖြစ် တဖြည်းဖြည်း ပုံဖော်လာသည်။

ရှေးဟောင်း အနက်ရောင်ဘုရင်ကျင့်စဉ်

ဝေါင်း

ရှန်းချန်ကောနှင့် သက်ဆိုင်သော အနက်ရောင် မြူခိုးများသည် ပို၍ပင် ကြောက်စရာကောင်းပုံ ရသည်။

၎င်း၏စွမ်းအားမှာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး အရာအားလုံးကို တိုက်စားနိုင်စွမ်း ရှိသည်။

၎င်းသည် လေထုကို ချက်ချင်း ဖောက်ထွက်သွားသည်။

ဘုန်း

ဗြိ

ဝတ်ရုံနက်ပညာရှင်မှာ မြေပြင်တွင် ချက်ချင်းပင် ရိုက်နှက်ခံလိုက်ရသည်။ ထို့နောက် အနက်ရောင် မြူခိုးများမှာ ပေါက်ကွဲသွားပြီး အင်းစက်ကောင်များစွာကဲ့သို့ ဝတ်ရုံနက် ပညာရှင်၏ခန္ဓာကိုယ်ကို ဝိုင်းအုံကိုက်ခဲတော့သည်။

သူ့စွမ်းအင် လက်မတိုင်းမှာ ဝါးမျိုခံနေရသည်။

"ဒါ... ဒါက..."

ဤနေရာရှိနေသော ဓားသမားများမှာ စကားတစ်လုံးမှ မပြောရဲကြပေ။

သူတို့မျက်စိရှေ့မှာ ဖြစ်ပျက်နေသမျှက အရမ်းကို ကြောက်စရာ ကောင်းလွန်းလှသည်။

ယခုအချိန်တွင် ရှန်းချန်ကောသည် ထိတ်လန့်စရာ တစ်သောင်းအပေါင်းတို့၏အရင်းအမြစ်ကဲ့သို့ ဖြစ်နေသည်။

အေးစက်ပြီး ထူးဆန်းကာ အနက်ရောင် မြူခိုးများ ထွက်ပေါ်နေခြင်းမှာ မြူခိုးသမုဒ္ဒရာကမ္ဘာနှင့် လုံးဝ အပ်စပ်ခြင်း မရှိပေ။

သူ့၏ရွှေရောင်မျက်လုံးများသည် နီရဲသော အလင်းတန်းများဖြင့် စတင်တောက်ပလာသည်။

ထို့နောက် သူ့အရှိန်အဝါများ စတင် ထွက်ပေါ်လာသည်။

အနက်ရောင်မြူခိုးများသည် ဖန်ဆင်းခြင်းအဆင့် ပညာရှင်၏ စွမ်းအင်များကို ဝါးမျိုပြီး သူ့ဘာသာသူ ချေဖျက်လိုက်သည်။

ထို့နောက် ၎င်း၏အစိတ်အပိုင်းတစ်ခုမှာ ရှန်းချန်ကော၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။

ထို့နောက် သု့ကျင့်ကြံဆင့် တိုးတက်လာတော့သည်။

ကူးပြောင်းခြင်းအဆင့် အလယ်အလတ်၊

ကူးပြောင်းခြင်းအဆင့် နှောင်းပိုင်း။

ဘုန်း

ရှန်းချန်ကော၏အရှိန်အဝါမှာ ပို၍ မှောင်မိုက်ပြီး ကြောက်စရာကောင်းလာသည်။

"ငါ့အရင်ဘဝက ဝတ္ထုအချို့ ဖတ်ဖူးတယ်၊ ဇာတ်လိုက်က သူ့ရဲ့ရွယ်တူတွေထက် အင်အားကြီးလွန်းရင် သူ အားနည်းသွားတတ်တယ်တဲ့။ ငါ အားနည်းရမယ့် အချိန် ရောက်ပြီလား" ရှန်းချန်ကော စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

သူသည် ဦးခေါင်း အလွန် နာကျင်နေပြီး မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်တော့ပေ။

အနက်ရောင် မြူခိုးများမှာတော့ ပျံ့နှံ့နေဆဲပင်။ "ဒီ ဝတ္ထုစာရေးဆရာက ငါ့ကို ဘယ်လိုလုပ် အားနည်းအောင် လုပ်နိုင်မှာလဲ"

"ငါက ပိုပြီးတော့ပဲ သန်မာလာမှာ..."

..

ထိုအချိန်မှာပင်...

မြူခိုးနေထိုင်သူ ရွှေတမန်တော်နှင် ဝတ်ရုံနက် ရွှေတမန်တော်တို့သည် ရှန်းချန်ကောရှိရာဆီသို့ အသည်းအသန် ပြေးလာနေကြသည်။

သူတို့ အလွန် စိုးရိမ်နေကြသည်။

"ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့"

ရှန်းချန်ကောသည် သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သူတို့သည် အနက်ရောင် မဟာအပျက်စီးနယ်မြေကို လွန်စွာ မုန်းတီးကြသည်။

အထက်က အရှင်သခင်များက သူတို့ကို လူဟူ၍ပင် သဘောမထားကြပေ။ သူတို့ သေသွားလျှင်လည်း ဘာမှဂရုမစိုက်ကြပါဘူး။

ယခုလည်း သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်ကို ဖျက်ဆီးဖို့ ရောက်လာကြပြန်လေ၏။

ထိုသူက ဖန်ဆင်းခြင်းအဆင့် ပညာရှင်ပင်။

ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ယောက် မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့သာ သိသည်။

ယခုလို ကြောက်မက်ဖွယ်တည်ရှိမှုအောက်တွင် ရှန်းချန်ကော မည်မျှပင် ထူးချွန်ပါစေ၊ ရှင်သန်ဖို့ အခွင့်အရေး လုံးဝ ရှိမှာမဟုတ်ပါဘူး။

All Chapters