← Chapters

တုန်လှုပ်ချောက်ချားဖွယ်ရာ

Vol. 15 Ch. 145

တုန်လှုပ်ချောက်ချားဖွယ်ရာ

Vol. 15 Ch. 145

ရွှေရောင် တမန်တော်တို့သည် ရှန်းချန်ကောရှိရာနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာသောအခါ သူတို့ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားရသည်။

"ဒါ... ဒါက ဘာကြီးလဲ။ မီးခိုးရောင်မြူခိုးတွေလား။ သေခြင်းတရားရဲ့ တိတ်ဆိတ်ငြိမ်သက်မှု၊ မှောင်မိုက်မှုနဲ့ နှလုံးသားကို တုန်လှုပ်စေတဲ့ အနံ့အသက်တွေ..."။

ဘာတွေ ဖြစ်ကုန်တာလဲ...။

သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများကို မြင်နေရသည်။

ထိုမြူခိုးများသည် သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်...။

ရုတ်တရက်...။

သူတို့၏ခြေလှမ်းများ ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် မြေပြင်ပေါ်တွင် အလောင်းတစ်ခုကို တွေ့လိုက်ရခြင်းကြောင့်ပင်။ ဤအရာ ရှန်းချန်ကောလော။မူလကတစ်ခဏတွင် သူတို့၏မျှော်လင့်ချက်များ ပြိုလဲသွားသလို ခံစားလိုက်ရသော်လည်း၊ မကြာမီမှာပင် သူတို့၏ မျက်ဆန်များ ကျုံ့သွားတော့သည်။

ထိုအလောင်းမှာ ရှန်းချန်ကော ဟုတ်ပုံမရပေ။

ရှန်း‌ချန်ကော၏ ဝတ်ရုံဖြူမှာ အလွန် ထင်ရှားလှသည်။ယခု မြေပြင်ပေါ်မှ လူ၏အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ့အသက်စွမ်းအားများ အစုပ်ယူခံထားရသကဲ့သို့ ဖြစ်နေသော်လည်း၊ ဝတ်ရုံနက်ကို ဝတ်ဆင်ထားကြောင်း ခွဲခြားရ မခက်ခဲပေ။

ဒါဆိုရင်...

မယုံနိုင်စရာ အတွေးတစ်ခု သူတို့ခေါင်းထဲတွင် ပေါ်ပေါက်လာသည်။

သို့သော် ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။

သူတို့ အနီးကပ် သွားကြည့်လိုက်ကြသည်။

"သူပဲ အနက်ရောင် မဟာအပျက်စီးနယ်မြေ က ဆင်းလာတဲ့ အရှင်သခင်ပဲ..."

ထိုခဏတွင် ဝတ်ရုံနက်အဖွဲ့မှ ရွှေရောင်နှင့် ငွေရောင် တမန်တော်များ၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အနက်ရောင် မဟာအပျက်အစီးနယ်မြေက လာတဲ့ ဒီအရှင်သခင်က ဖန်ဆင်းခြင်းအဆင့် ပညာရှင် တစ်ယောက်လေ"

ဖန်ဆင်းခြင်းအဆင့်...။

သူ့ဦးခေါင်းထက်တွင် ဖန်ဆင်းခြင်း ယင်နှင့်ယန် စွမ်းအင်များစုစည်းနေပြီး ဝိုးတဝါးအဆင့်မှ အစစ်မှန်အဆင့်သို့ ကူးပြောင်းနေသူ ဖြစ်သည်။

၎င်းသည် အလွန်ပင် စွမ်းအားကြီးလှသည်။ ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ဦးသည် မြူခိုးသမုဒ္ဒရာကမ္ဘာ တစ်ခုလုံးကို အပြတ်အသတ် ချေမှုန်းနိုင်ပြီး သာမန် ရှေးဟောင်းနတ်ဘုရား ဧကရာဇ် တစ်ပါးနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု ဆိုနိုင်သည်။

အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်အရ ဆိုလျှင်တော့ အနန္တအမှောင်ထုအဆင့်၏ ထိပ်ဆုံးတွင် တည်ရှိနေသော ရှေးဟောင်းနတ်ဘုရား ဧကရာဇ်ကို အနည်းငယ်လျော့နည်းနိုင်သော်လည်း၊ ရှေးဟောင်းနတ်ဘုရားများမှာ အဆင့်မြင့်သော သက်ရှိအဆင့်အတန်း ဖြစ်သည်ကိုမေ့ထားလို့မရပေ။

သို့သော် ယခုမူ...

ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ဦး မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်သည်။

သူ အသက်မရှူတော့ပေ။

နေပါဦး...

ရှန်းချန်ကောကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖန်ဆင်းခြင်းအဆင့် ပညာရှင်က သေသွားပြီဆိုရင်၊ ဟို အနက်ရောင်မြူခိုးတွေထဲမှာ ရှိနေတာ ဘယ်သူလဲ။

ထိုခဏတွင် အလွန်ထူးဆန်းသော ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရသည်။ သူ့မျက်နှာကို သေချာမမြင်ရသော်လည်း မျက်ခုံးနှစ်ခုကြားတွင် နီရဲသောအရောင်သန်းနေသည့် ရွှေရောင်အလင်းတန်း တစ်ခုကို မြင်နေရသည်။

"ဒါ ရှန်းချန်ကောပဲ"

ထိုအရာဟာ ရှန်းချန်ကော၏ မျက်ခုံးကြားက ဒေါင်လိုက်မျက်လုံး ဖြစ်ရမည်။

ချင်းရွှမ် က ရှန်းချန်ကောကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားပြီး သူ့ရင်ထဲ လေးလံသွားသည်။

ရှန်းချန်ကော ဘာဖြစ်သွားတာလဲ။

ဒီ ဖန်ဆင်းခြင်းအဆင့် ပညာရှင်ကို သူကပဲ သတ်လိုက်တာလား။

ကူးပြောင်းခြင်း ကနဦး အဆင့်လေးနဲ့လေ...။

ဟင်

ချင်းရွှမ် ထိုအထဲမှ လူ၏အရှိန်အဝါကို အာရုံခံမိလိုက်ပုံရသည်။

သူက ကူပြောင်းခြင်းအဆင့် နှောင်းပိုင်း ကို ရောက်နေပြီလား။

ထိုအချိန်တွင် ရှိနေသော လူအနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မီးခိုးရောင် မြူခိုးများ တဖြည်းဖြည်း လွင့်စင်သွားသည်။

ထိုပုံရိပ်၏မျက်နှာ ပေါ်ထွက်လာသော်လည်း သူ့အခြေအနေမှာ သိပ်မကောင်းပုံရပေ။

ရွှေရောင်မျက်လုံးတစ်စုံမှာ လူများကို တုန်လှုပ်စေသည့် နီရဲသောအလင်းများ တောက်ပနေသည်။

ရှန်းချန်ကော၏အရေပြား လက်မတိုင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

အေးစက်ပြီး မှောင်မိုက်သော ခံစားချက်မှာ အနည်းငယ် ထူးဆန်းနေပြီး ခန့်ညားထည်ဝါလှသည်။ သူသည် ကောင်းကင်အထက်တွင် ထိုင်နေသကဲ့သို့ပင် ဖြစ်ပြီး လူတို့၏နှလုံးသားကို တုန်ခါစေသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ယခုအချိန်မှာ ရှန်းချန်ကော၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများမှာ အပြင်ဘက်သို့ ဖြာထွက်နေပြီး ရွှေရောင် အရည်များအဖြစ်ပင် စတင်စုစည်းလာသည်။

၎င်းသည် အလွန် ထူးဆန်းပြီး မြင့်မြတ်ကာ ဆန်းကြယ်လှသည်။

"ချန်ကော... မင်း..." ချင်းရွှမ် တစ်စုံတစ်ခု ပြောချင်သော်လည်း တွန့်ဆုတ်နေမိသည်။

ရှန်းချန်ကော၏အေးစက်သော မျက်လုံးများက သူ့အပေါ် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ချင်းရွှမ်ပင်လျှင် မမြင်ရသော စွမ်းအားတစ်ခုဖြင့် အချုပ်ခံလိုက်ရသလို တစ်နေရာတည်းမှာ ကြောင်အသွားရသည်။

ဖန်ဆင်းခြင်းအဆင့် ပညာရှင်မှာ ရှန်းချန်ကော၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်မှာ အမှန်ပင်။

သို့သော် ရှန်းချန်ကောသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအချို့ကို အသုံးပြုခဲ့ပုံရပြီး ယခုအခါ ထိုစွမ်းအား၏နောက်ဆက်တွဲဆိုးကျိုး ကို ခံစားနေရခြင်း ဖြစ်သည်။

"မြူခိုးလူသားတွေအဖွဲ့က မင်း ပြန်လည်ကောင်းမွန်လာဖို့ အစွမ်းကုန် ကူညီပေးမှာပါ"

"အနက်ရောင် မဟာအပျက်အစီးနယ်မြေရဲ့ ဝတ်ရုံနက်အဖွဲ့ တွေက ငါတို့ မြူခိုးသမုဒ္ဒရာက ဝတ်ရုံနက်အဖွဲ့နဲ့ ပက်သက်မှုမရှိတော့ပါဘူး။ ဒါကြောင့် ငါ ဝတ်ရုံနက် တမန်တော်အနေနဲ့လည်း မင်းရဲ့ မူလပုံစံအတိုင်း ပြန်ဖြစ်လာအောင် အရင်းအမြစ်တွေ စုဆောင်းပေးပြီး ကူညီပေးပါ့မယ်"

ထိုအချိန်တွင် ဝတ်ရုံနက်အဖွဲ့မှ ရွှေရောင် တမန်တော်များက ပြောလိုက်ကြသည်။

အနက်ရောင် မဟာအပျက်အစီးနယ်မြေက သူတို့ကို လူဟူ၍ပင်သဘောမထားမှတော့ သူတို့အနေနှင့် ဘာကြောင့် အနက်ရောင် မဟာအပျက်အစီးနယ်မြေကို ဆက်ပြီး မှီခိုနေရဦးမည်နည်း။

ယခုအချိန်က အခွင့်အရေးပင်။

ရှန်းချန်ကောက ဖန်ဆင်းခြင်းကျွမ်းကျင်သူကိုပင် သတ်နိုင်ခဲ့သည်မလား။

ဆိုလိုသည်မှာ အနက်ရောင် မဟာအပျက်အစီးနယ်မြေမှ အင်အားအကြီးဆုံး ဖန်ဆင်းခြင်းအဆင့် ပညာရှင်များပင်လျှင် ဤအောက်ကမ္ဘာသို့ ဆင်းလာရန် မဝံ့မရဲ ဖြစ်သွားကြတော့မည်။

အရေးကြီးဆုံးအချက်မှာ ရှန်းချန်ကောသည် ကြီးထွားနေဆဲ ဖြစ်သည်။

သူ 'အနက်ရောင်ဘုရင်' ဖြစ်လာသည်မှာ မည်မျှကြာသေးသနည်း။

မကြာခင်က ကူးပြောင်းခြင်းအဆင့်ကနဦးတွင် ရှိသေးပေမယ့် ယခုတော့ နှောင်းပိုင်းအဆင့်ကို ရောက်နေလေ၏။

ယခုလို ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း အရှိန်အဟုန်နှင့် သူ၏လက်ရှိ အခြေအနေကို ကြည့်လျှင် အနန္တအမှောင်ထုအဆင့်ရှိ သူတို့ကဲ့သို့ ပညာရှင်များပင်လျှင် ကြီးမားသော အန္တရာယ် အငွေ့အသက်ကို ရရှိနေကြသည်။

ထိုမျက်လုံးက သူတို့ကို ကြည့်နေသရွေ့ သူတို့ လုံးဝ မလှုပ်ရဲကြပေ။

ဤအရာဟာ ယခုလက်ရှိ ရှန်းချန်ကော ပင်။ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး တစ်ခုဖြစ်လေ၏။

ထိုအချိန်တွင်...

"ရတယ်... ကျုပ် ဘာမှမဖြစ်ဘူး" ရှန်းချန်ကော၏ အသံမှာ အနည်းငယ် အက်ကွဲနေသည်။

ထို့နောက် သူ လှည့်ထွက်သွားသည်။

သူ ထွက်ခွာသွားခဲ့ပြီ။

သူ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူ့အင်အားကို အားနည်းမသွားစေရ‌ေပေ။

ထို့ပြင် သူ သတ်လိုက်သော ဖန်ဆင်းခြင်းအဆင့် ပညာရှင်၏အစွမ်းများမှာ အလွန် အားကောင်းလှသဖြင့် ၎င်းတို့ကို ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းကို သူ ရှာဖွေရမည်။

မီးခိုးရောင်မြူခိုးများက သူ့ကို ဝန်းရံထားပြီး သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးများ၏စူးရှသော အော်ဟစ်သံများကို ကြားနေရသည်။

၎င်းမှာ နတ်ဆိုးများ မီးခိုးရောင် မြူခိုးထဲသို့ မှားယွင်းဝင်ရောက်မိပြီး တိုက်စားခံရသည့် မြင်ကွင်းပင် ဖြစ်သည်။

အလွန်ပင် ကြောက်စရာ ကောင်းလှလေ၏...။

ထိုအချိန်မှာပင်...

ဝတ်ရုံနက်ဝတ် ၃ ဦးမှာ မှင်သက်နေကြသည်။

၎င်းမှာ အစောပိုင်းက ပေါ်လာခဲ့သော ပညာရှင်ပင် ဖြစ်သည်။

သူသည် အနက်ရောင် မဟာအပျက်အစီးနယ်မြေမှ ဖန်ဆင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်နေမှန်း သိလိုက်ရသည်။

ခုနက ဝတ်ရုံနက် ရွှေတမန်တော် ကိုယ်တိုင်ပေးပို့သော ဝိညာဉ်ကျောက်စိမ်းမှသတင်းအရ သူတို့ ၃ ဦးစလုံး အံ့အားသင့်သွားကြသည်။

ထိုဖန်ဆင်းခြင်းအဆင့် ပညာရှင်၏ပစ်မှတ်မှာ မြူခိုးလူသားများအဖွဲ့မှ ဒသမမြောက် နတ်ဘုရားတမန်တော် ဖြစ်နေကြောင်း သူတို့ သိလိုက်ရသည်။

အထက်မှ လာသော အမိန့်ကြောင့် သူတို့ ပို၍ပင် ထိတ်လန့်သွားကြသည်။

"အဲ့ဒီ ဖန်ဆင်းခြင်းအဆင့် ပညာရှင်ကို တည်နေရာအစစ်အမှန်ကို မပြောပြနဲ့။ အချိန်ဆွဲနိုင်သမျှ ဆွဲထားပါ..."

သို့သော် မကြာသေးခင်ကပင်...သူတို့ ပြောပြလိုက်မိလေပြီမလား။

ထို့အတူ ထို ဖန်ဆင်းခြင်းအဆင့် ပညာရှင်က ဝတ်ရုံနက်အဖွဲ့က မဟုတ်ဘူးလော။

ရုတ်တရက် သူတို့မှာ အမှောင်ထုထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။

သူတို့ ထိုနေရာသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။

မြေပြင်ပေါ်ရှိ အလောင်းကို မြင်လိုက်ရသောအခါ သူတို့သည် အေးစက်သော ချောက်နက်ထဲသို့ ကျသွားသလို ချက်ချင်းပင် ခံစားလိုက်ရသည်။

ထို ဖန်ဆင်းခြင်းအဆင့် ပညာရှင်...။

ယခုအခါ မြေပြင်ပေါ်တွင် အဝတ်စုတ်တစ်ခုလို စုတ်ပြတ်သတ်စွာ လဲကျနေသည်။

ဒါက...

ဖန်ဆင်းခြင်းအဆင့် ဆိုသည်မှာ အနန္တအမှောင်ထု အဆင့်အထက်တွင် တည်ရှိနေသော ကြောက်မက်ဖွယ် ကျင့်ကြံဆင့် ဖြစ်သည်။

သူသည် မြူခိုးသမုဒ္ဒရာတစ်ခုလုံးကို တစ်ယောက်တည်းနှင့် အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိသည်။

သို့သော် သူ အခု မြေပြင်ပေါ် လဲကျသွားပြီ...။

ဒါတင်မကသေးပေ။

မြူခိုးလူသားများအဖွဲ့၊ ဝတ်ရုံနက်အဖွဲ့ နှင့် အဖွဲ့အစည်းနှစ်ခုလုံး၏အမြင့်ဆုံး ခေါင်းဆောင်များ ဖြစ်ကြသော ရွှေတမန်တော်များ အားလုံး ထိုနေရာတွင် ရပ်နေကြသည်။

"မင်းတို့ ၃ ယောက်..."

တစ်ခဏအတွင်း ဝတ်ရုံနက်ဝတ် ၃ ဦးမှာ ကိစ္စများစွာကို တွေးတောမိသွားကြသည်။

သူတို့ ကြောက်ရွံ့စွာဖြင့် မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။

"အရှင် ရွှေတမန်တော်.. ကျုပ်တို့ အဲ့ဒီလူရဲ့ နောက်ခံကို တကယ် မသိခဲ့ပါဘူး။ ကျုပ်တို့ ဝတ်ရုံနက်အဖွဲ့က ပညာရှင်ပဲ ထင်ခဲ့တာပါ..."

"ဒီနေ့ကစပြီး မင်းတို့ကို အမှတ်စဥ်ထဲကနေ ဖယ်ရှားလိုက်ပြီ။ နောက် ၁၀ နှစ်အထိ အမှတ်စဉ်ထဲ ပြန်ဝင်ခွင့် မရှိဘူး။ တစ်ချိန်တည်းမှာပဲ မင်းတို့ဆီမှာ ရှိနေတဲ့ အရင်းအမြစ် အားလုံးကို မြူခိုးလူသားတွေအဖွဲ့ရဲ့ အမှတ်(၁၀)ဆီ လွှဲပြောင်းပေးအပ်ရမယ်"

ဝတ်ရုံနက်ဝတ် ၃ ဦး၏ ရင်ထဲ လေးလံသွားသည်။

သို့သော် ဤအခြေအနေမှာ သူတို့အတွက် အကောင်းဆုံး ထွက်ပေါက် ဖြစ်နေမှန်း သူတို့ နားလည်ထားကြသည်။

မြူခိုးနေထိုင်သူများအဖွဲ့၏ ဒသမမြောက် နတ်ဘုရားတမန်တော် အလွန်တရာ စွမ်းအားကြီးမားသော နောက်ခံရှိနေပြီ ဖြစ်သည်။

ဒါတင်မကသေးပါဘူး...။

ဤခေါင်းဆောင်ကြီးတွေဟာ အစီအစဉ်အကြီးကြီးတစ်ခုကို စတင်တော့မည်ဟုယ သူတို့ ခံစားနေရသည်။

All Chapters