← Chapters

အခန်း (၁၃၂)

Vol. 13 Ch. 132

အခန်း (၁၃၂)

Vol. 13 Ch. 132

မှော်ဆေးရည် ဓာတ်မတည့်မှုပြောလိုက်သည်မှာ ဤတိုက်ကြီးပေါ်ရှိ မှော်ဆေးဝါးပညာရှင်တိုင်း လုံးဝ မကြုံတွေ့လိုသော အရာဖြစ်သည်။

မှော်ဆေးရည် ဖော်စပ်ရာတွင် အခက်ခဲဆုံး အဆင့်မှာ မတူညီသော ဂုဏ်သတ္တိရှိသည့် မှော်ပစ္စည်းများကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့ ပေါင်းစပ်ရာတွင် ကျရှုံးခဲ့လျှင် သို့မဟုတ် ဖော်စပ်သူက လုပ်ထုံးလုပ်နည်း အမှားအယွင်း တစ်ခုခု ပြုလုပ်မိခဲ့လျှင် ဆေးဖော်စပ်မှုမှာ ပျက်ပြယ်သွားမည် ဖြစ်သည်။

သို့သော် သာမန် ဆေးဖော်စပ်မှု ကျရှုံးခြင်းမှာ အလွန်ဆုံးရှိလျှင် မှော်ပစ္စည်းများ နှမြောစရာ ကုန်ဆုံးသွားခြင်းသာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က သဘာဝနိယာမများကို ဆန့်ကျင်ပြီး ရေနှင့်မီး၊ လေနှင့်မြေ၊ သို့မဟုတ် အလင်းနှင့် အမှောင် ကဲ့သို့သော ဆန့်ကျင်ဘက် ဂုဏ်သတ္တိရှိသည့် မှော်ပစ္စည်းများ သို့မဟုတ် မှော်ဓာတ်များကို အတင်းအဓမ္မ ရောစပ်မိပါက မှော်ဆေးရည် ဓာတ်မတည့်မှု ဖြစ်ပေါ်လာမည် ဖြစ်သည်။

အချင်းချင်း တွန်းကန်နေသော မှော်ဓာတ်များမှာ ခေတ်သစ်ကာလရှိ နူကလီးယားဗုံးအသေးစားလေး တစ်လုံး ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်။

ယခုအခါ ဂူဖုန်းနှင့် ခြေလှမ်းအနည်းငယ်သာ ဝေးသောနေရာရှိ ဆေးရည်ပုလင်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မှော်ဓာတ်မတည့်မှုမှာ အရှိန်ယူနေပြီ ဖြစ်သည်။ ကွဲပြားသော အရောင်အသွေးရှိသည့် မှော်ဓာတ်များမှာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တွန်းကန်နေကြသည်။

ထိုမှော်ဆေးရည်ပုလင်းမှာ အတောင်ပံများ ပါလာသည့်အလား ရင်ပြင်တစ်ခုလုံးတွင် ဟိုဒီ ရမ်းသန်း ပြေးလွှားနေတော့သည်။

ဂူဖုန်းကို ယွင်ရှန်းက ဘေးသို့ အလျှင်အမြန် ဆွဲထုတ်လိုက်ရပြီး ကျန်ရှိသော မှော်ဆေးပညာအသင်း အဖွဲ့ဝင်များမှာမူ ကြောက်လန့်လွန်း၍ မင်သက်နေကြပြီ ဖြစ်သည်။

"လူအုပ်ကြီးကို ချက်ချင်း ဖယ်ထုတ်ကြ"

တော်ဝင်အကယ်ဒမီ ကျောင်းအုပ်ကြီးမှာ ခေါင်းမီးတောက်မတတ် ခံစားနေရသည်။ ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ တိုက်ခိုက်ရေးအသင်းက အမှားလုပ်တာက တစ်ကြောင်း အခု မှော်ဆေးပညာအသင်းက ဘယ်အချိန်မဆို ပေါက်ကွဲနိုင်တဲ့ မှော်ဗုံးတစ်လုံးကို ဖော်စပ်လိုက်တာက တစ်ကဏ္ဍ။

"ဟွာခေါ့ခေါ့... တိုက်ခိုက်ရေးအသင်းက နင့်ကို ဘယ်လောက်နဲ့ လာဘ်ထိုးထားတာလဲ"

ယွင်ရှန်း၏ အကြည့်များမှာ ရုတ်တရက် အေးစက်သွားပြီး ဟွာခေါ့ခေါ့ကို မေးခွန်းထုတ်လိုက်သည်။

ဟွာခေါ့ခေါ့မှာလည်း ထိတ်လန့်တုန်လှုပ်နေပြီး "ငါ... ငါ နင်ဘာပြောနေတာလဲ မသိဘူး" ဟု ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

"မသိဘူး ဟုတ်လား။ ဒါဆို နင့်လက်စွပ်ထဲက ဘာလဲ"

ယွင်ရှန်းက ဟွာခေါ့ခေါ့၏ လက်စွပ်ကို လှမ်းဆွဲပြီး အားဖြင့် ဆုတ်ဖြဲလိုက်ရာ ကျောက်စိမ်းဆွဲပြားတစ်ခု မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ထိုဆွဲပြားမှာ ကြည့်ရသည်မှာ သာမန်ပင် ဖြစ်သော်လည်း အနီးကပ်စစ်ဆေးကြည့်လျှင် ညစ်ထေးနေသော မှော်ဓာတ်များ ပါဝင်သည့် မှော်လက်နက်တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ ယွင်ရှန်းသည် ၎င်းအတွင်း၌ အလွန်သေးငယ်သော အမှောင်မှော်ဓာတ်တစ်ခု ရှိနေသည်ကိုပင် အာရုံခံမိသည်။

အမှောင်ဓာတ်သည် ပမာဏ မည်မျှပင် နည်းပါးစေကာမူ သန့်စင်ပြီးသား မှော်ဆေးရည်အတွင်းသို့ ရောက်ရှိသွားပါက ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဂူဖုန်းက အလင်းဓာတ်ကို ထည့်သွင်းလိုက်ချိန်တွင် ထိုအမှောင်ဓာတ်နှင့် တွေ့ဆုံကာ ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"ငါ... ငါ ဒီလိုဖြစ်မယ်လို့ မသိခဲ့ဘူး။ ဒီမှော်လက်နက်က ဆေးဖော်စပ်တာကို မအောင်မြင်

အောင်ပဲ လုပ်မယ်လို့ ငါထင်ခဲ့တာ"

ဟွာခေါ့ခေါ့က ထိတ်လန့်တကြား ဝန်ခံလိုက်သည်။ ချန်လျန်လျန်သည် ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ် နောက်ဆက်တွဲများကို သူမအား ပြောပြခဲ့ခြင်း မရှိပေ။

"ဘာတွေ ကြောင်ရပ်ကြည့်နေကြတာလဲ။ ရင်ပြင်ပေါ်ကနေ ချက်ချင်း ထွက်သွားကြ" အကယ်ဒမီမှ နည်းပြများသည် အစောပိုင်း ထိတ်လန့်မှုမှ ပြန်လည်သတိဝင်လာကာ ကျောင်းသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေသည်။ ဆေးရည်ပုလင်း မပေါက်ကွဲခင်မှာ ရင်ပြင်ဘေးတွင် အကာအကွယ်အတားအဆီးတစ်ခုကို အလျှင်အမြန် တည်ဆောက်ရန် ကြိုးစားနေကြသည်။

"သွားပြီ... ဒီတစ်ခါတော့ အကုန်သွားပြီ"

ဥက္ကဋ္ဌ အန်ကျဲ၏ မျက်နှာမှာ မျှော်လင့်ချက် ကင်းမဲ့သွားသည်။ လူအားလုံး၏ ပြစ်တင်ရှုံ့ချသော အကြည့်များအောက်တွင် ဟွာခေါ့ခေါ့မှာ အရှက်ရစွာ ခေါင်းငိုက်စိုက် ကျနေတော့သည်။

လနတ်သမီး၏ ချီးမွမ်းခြင်း ဖော်စပ်မှု ရလဒ်က ဘာပဲဖြစ်ဖြစ် ဤအဖြစ်အပျက်ကြောင့် မှော်ဆေးပညာအသင်းမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ ချန်လျန်လျန်မှာမူ ဘေးလွတ်ရာသို့ ရှောင်တိမ်းရင်း အကူအညီမဲ့နေသော မှော်ဆေးပညာအသင်းသားများကို ကြည့်ကာ စိတ်ထဲမှ ကျေနပ်နေလေသည်။

ချန်လျန်လျန်၏ လုပ်ရပ်များမှာ အမြဲတမ်း ရက်စက်လွန်းလှသည်။ သူမ၏ ရည်မှန်းချက်မှာ မှော်ဆေးပညာအသင်းကို လုံးဝ အမြစ်ပြတ် ချေမှုန်းပစ်ရန်ပင်။

သူမသည် ဟွာခေါ့ခေါ့၏ ဖခင်ဖျားနာမှုကိုလည်းကောင်း သူမ၏ အနာဂတ်ကိုလည်းကောင်း အသုံးချပြီး ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သဖြင့် ဟွာခေါ့ခေါ့သည် နောက်ကွယ်က ကြိုးကိုင်သူ ရှိနေသည်ကို ဝန်ခံရဲမည်မဟုတ်ပေ။ မှော်ဆေးပညာအသင်းသည် ယခုကဲ့သို့ ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်မိခဲ့ပြီဖြစ်ရာ အသင်းအား ဖျက်သိမ်းခံရမည့် ကံကြမ္မာနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

"မထိတ်လန့်ကြပါနဲ့ဦး။ ဆေးဖော်စပ်တာ မကျရှုံးသေးပါဘူး။ ဆေးရည်ထဲမှာရှိနေတဲ့ ညစ်ထေးနေတဲ့ မှော်ဓာတ်တွေကို ဖယ်ရှားပစ်နိုင်ရင် အဆင်ပြေသွားမှာပါ"

ဆူညံသံများကြားမှပင် ယွင်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူမသည် အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည့် မှော်ဆေးရည်ပုလင်းရှိရာသို့ ပြေးဝင်သွားတော့သည်။

"ပြန်လာခဲ့ ဟေ့... ကျောင်းသား... မင်းကို ပြောနေတာ။ ဒါက အရမ်းအန္တရာယ်များတယ်။ အခုချက်ချင်း ပြန်လာခဲ့စမ်း"

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသော နည်းပြများက အော်ဟစ်တားဆီးကြသော်လည်း မရပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျောင်းသားတစ်ဦးက အသက်ကိုပင် ပဓာနမထားဘဲ ပြေးဝင်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

"ယွင်ရှန်း... ငါလည်း လိုက်ခဲ့မယ်"

ဂူဖုန်းက ခေတ္တစဉ်းစားပြီးနောက် သူမနောက်သို့ လိုက်ပါသွားခဲ့သည်။

မလှမ်းမကမ်းတွင်ရှိသော ချီကမူ "ငတုံးတွေ" ဟု လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ ထိုအသုံးမကျသော အရူးနှစ်ယောက်မှာ သူ့အတွက် အမြဲတမ်း ဒုက္ခပေးနေကျပင်။ သို့သော် ကျိန်ဆဲပြီးနောက်တွင်မူ ချီသည်လည်း အံကြိတ်ကာ သူတို့နောက်သို့ အပြေးလိုက်သွားခဲ့ပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သုံးဦးသည် အရပ်မျက်နှာအနှံ့ ရမ်းသန်းပြေးလွှားနေသော ဆေးရည်ပုလင်းရှေ့သို့ ရောက်ရှိသွားကြသည်။

ယွင်ရှန်းသည် လေထဲသို့ ခုန်တက်လိုက်ပြီး သူမ၏လက်ဝါးအတွင်း၌ တောက်ပသော မီးလျှံများကို ဖန်တီးလိုက်ကာ မိုးကြိုးသံများကဲ့သို့ တဂျိဂျိမြည်နေသော ဆေးရည်ပုလင်းကို လှမ်းဖမ်းလိုက်သည်။ ပုလင်းမှာ သူမ၏လက်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကွဲအက်သွားပြီး၊ ထက်ရှလှသော ဖန်ကွဲစများသည် ယွင်ရှန်း၏ နုနယ်သော လက်ဝါးများကို ထိုးဖောက်သွားကာ သွေးများဖြင့် ရွှဲနစ်သွားစေတော့သည်။

"ယွင်ရှန်း"

ဂူဖုန်းမှာ လန့်ဖျန့်သွားသည်။ မငြိမ်မသက်ဖြစ်နေသော မှော်ဓာတ်များကို ယွင်ရှန်းက ဗလာလက်ဗလာဖြင့် ရဲရဲဝံ့ဝံ့ လှမ်းဖမ်းလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

"စီစီ...ဂျိဂျိ..."

ယွင်ရှန်း၏လက်ထဲရှိ မှော်ဆေးရည်မှာ အတင်းအဓမ္မ ရုန်းကန်နေပြီး ဓာတ်မတည့်မှုများမှာလည်း တရစပ် ဖြစ်ပေါ်နေဆဲဖြစ်သည်။

"ယွင်ရှန်း၊ ဂူဖုန်း၊ ချီ... နင်တို့အားလုံး ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေကြတာလား။ ယွင်ရှန်း... အခုချက်ချင်း လက်ကို ပြန်ရုပ်လိုက်စမ်း ဒါက အရမ်းအန္တရာယ်များတယ်"

ဆရာမမေလီသည် ကျောင်းသားအများစုကို ဘေးကင်းရာသို့ ပို့ဆောင်ပြီးနောက်မှ သူမ၏ ပြဿနာရှာတတ်သော တပည့်သုံးဦး ပျောက်နေသည်ကို သတိထားမိလိုက်ခြင်း ဖြစ်သည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမမှာ ထိတ်လန့်လွန်း၍ အသက်ပင် ထွက်သွားမတတ် ခံစားလိုက်ရသည်။

ဝါရင့် မှော်ဆေးဝါးပညာရှင်တစ်ဦးအနေဖြင့် မှော်ဆေးရည်မုန်တိုင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို ဆရာမမေလီထက် ပိုသိသူ မရှိပေ။ သူမသည် တစ်ခါက မှော်ဆေးရည်ဓာတ်ခွဲခန်းတစ်ခုလုံး မြေပြင်နှင့်တစ်သားတည်း ဖြစ်သွားအောင် ပေါက်ကွဲခဲ့သည့် မုန်တိုင်းတစ်ခုအတွင်း မှော်ဆေးဝါးပညာရှင်တစ်ဦး ခန္ဓာကိုယ်မှာ ဖုန်မှုန့်ဘဝရောက်ကာ အရိုးစပင် မကျန်အောင် သေဆုံးသွားခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

ယခု သူမရှေ့တွင် ဖြစ်ပေါ်နေသော မှော်ဆေးရည်မုန်တိုင်းမှာ ထိုစဉ်ကထက်ပင် ပို၍ အင်အားကြီးမားပုံရသည်။

အမှန်တကယ်တွင် အလင်းဓာတ်နှင့် အမှောင်ဓာတ်တို့ ပဋိပက္ခဖြစ်ရာမှ ထွက်ပေါ်လာသော မှော်ဆေးရည်မုန်တိုင်းမှာ အပြင်းထန်ဆုံးဖြစ်ကြောင်းကို ဆရာမမေလီပင် မသိရှိထားပေ။ ယခု ယွင်ရှန်း ရင်ဆိုင်နေရသည်မှာ ထိုဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော မဟာမုန်တိုင်းပင်။

"ဂူဖုန်း... ဘေးကို ဖယ်နေ။ ငါ့လက်ထဲက မှော်ဆေးရည် မိုးကြိုးဝဲဂယက်သာ ပေါက်ကွဲသွားရင် နင် ချက်ချင်း အကာအကွယ်ကောင်းကင်လုံးကို အသက်သွင်းလိုက်ပါ"

ယွင်ရှန်းက မှာကြားလိုက်သည်။ ဂူဖုန်းနှင့် ချီတို့၏ ကူညီလိုသော စိတ်ထားကြောင့် သူမ စိတ်လှုပ်ရှားမိသော်လည်း သူတို့ကို အန္တရာယ်ထဲသို့ ဆွဲမသွင်းလိုပေ။

ဆေးရည်အတွင်းရှိ ပဋိပက္ခမှာ ပိုမိုပြင်းထန်လာသည်။ ထွက်ပေါ်လာသော လျှပ်စီးတန်းများမှာ လွန်ပူတစ်ခုကဲ့သို့ သူမ၏ လက်ဝါးကို ထိုးဖောက်တော့မည့်အလား ခံစားနေရသည်။ ဆေးရည်ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးဝဲဂယက်ငယ်လေးမှာ ယွင်ရှန်း၏ လက်ထဲတွင် အဆက်မပြတ် ခုန်ပေါက်နေပြီး လှိုင်းလုံးကြီးများသဖွယ် နာကျင်မှုများကို ယူဆောင်လာသည်။

ဤအတိုင်းသာ ဆက်သွားပါက သူမ၏လက်များမှာ လုံးဝ အသုံးမဝင်တော့သည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။ ယွင်ရှန်း၏ မျက်နှာတစ်ခုလုံးတွင် ချွေးများ စီးကျနေပြီး သူမသည် အချိန်ကိုက်ဗုံးတစ်လုံးနှင့် အတူရှိနေသကဲ့သို့ မရှေ့မတိုး သာမဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။ အကယ်၍ သူမလက်ထဲမှ မိုးကြိုးဝဲဂယက်ကိုသာ လွှတ်လိုက်ပါက ၎င်းသည် ချက်ချင်းပင် ပေါက်ကွဲသွားတော့မည် ဖြစ်သည်။

"ဒုတိယခန်းမမှူး... ကျွန်တော်တို့ မထွက်သေးဘူးလား"

ပုကျိုရှောင်နှင့် ချန်ပိုင်တို့သည် ဝူရွှမ်းဝူကျိခန်းမမှ တပည့်အများစုကို ဘေးကင်းရာသို့ ပို့ဆောင်ပြီးပြီ ဖြစ်သော်လည်း ဒုတိယခန်းမမှူး ကျန့်လီမှာမူ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ ကိုယ်ခန္ဓာ သန်မာလှသော စစ်သည်တော်များပင်လျှင် ဤမိုးကြိုးဝဲဂယက်ကို ထိမှန်ပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။

"စိတ်ဝင်စားစရာပဲ... အဲဒီမိန်းကလေး ဘာလုပ်မလဲဆိုတာ စောင့်ကြည့်စမ်း။ သေမှာမကြောက်တဲ့သူတွေကို ငါမြင်ဖူးပေမဲ့ ဒီလောက်အထိ ရဲတင်းတဲ့သူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ငါတို့ ရှာနေတဲ့သူကို တွေ့ပြီထင်တယ်"

ကျန့်လီသည် သူ၏ မုတ်ဆိတ်တိုများကို ပွတ်သပ်ရင်း ဘေးလွတ်ရာသို့ မရှောင်သည့်အပြင် ယွင်ရှန်း၏ လှုပ်ရှားမှုတိုင်းကို အသေအချာ စိုက်ကြည့်နေတော့သည်။

All Chapters