အခန်း (၅၆-၆၀)
Vol. 2 Ch. 56-60
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 56.
နောက်ဆုံးရက်
၀မ်ချောင်က ၀မ်မိသားစုခြံ၀င်းအတွင်း၌ အနားယူနေစဉ်အတွင်း မြို့တော်ရှိ လူတစ်ယောက်မှာတော့ အလုပ်များလျက်ရှိသည်။
“ ဘယ်လိုလဲ.. ဘာတစ်ခုမှ ရှာမတွေ့သေးဘူးလား ”
အမတ်မင်းစုခြံ၀င်း အတွင်းထဲ၌ စုပိုင်မှာ လက်ရှိတွင် ရွှေရောင်ကြိမ်သား ထိုင်ခုံပေါ်ထိုက်နေကာ လက်မရှိ လက်စွပ်အား ပွတ်သပ်နေရင်း အချိန်ဖြုန်းလျက်ရှိသည်။
သူ့နောက်တွင် ငယ်ရွယ်လှပသည့် မိန်းမပျိုနှစ်ယောက်က နှိပ်နှယ်ပေးလျက်ရှိသည်။
စုခြံ၀င်းအတွင်း အနားယူနေသော်လည်း စုပိုင် မအားလပ်နေပေ။ ၀မ်ချောင်၏ အရေးကိစ္စက သူ့အား နေ့စဉ်နှင့်အမျှ ခေါင်းခဲစေသည်။ ယောင်ကလန်နှင့် ချီဘုရင်တို့က မဟာမိတ်ပြုထားပြီး စွမ်းအားကြီးသည့် မဟာမိတ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ယောက်ကလန်၏ လူအိုကြီးမှာလည်း သီးခြားရည်ရွယ်ချက်များရှိနေသောကြောင့် သူ့အား ပိုမို အားကြီးသည့် အင်အားစုတစ်ခု ဖြစ်စေသည်။
အကယ်၍ စုကလန်သာ ယောင်ကလန်နှင့်ချီဘုရင်နှင့်အတူ တစ်လှေတည်းစီးချင်သည်ဆိုပါက သူတို့၏ ရပ်တည်ချက်အား အလျင်အမြန်ပြသရပေမည်။
ထို့ကြောင့် ၀မ်ချောင်သည် စုပိုင်မှ ယောင်ဖုန်းအား သစ္စာရှိသည်ကို ပြသရန် ခြေနင်းခုံတစ်ခု ဖြစ်လာသလို စုကလန်အတွက်လည်း ယောင်ကလန်ဘက်မှ ရပ်တည်ကြောင်း ပြသနိုင်မည့် အခွင့်အရေးလည်း ဖြစ်ပြန်သည်။ ထိုကိစ္စအား သူတို့ အလွယ်တကူ ဖြေရှင်းနိုင်သရွေ့ သူနှင့် ယောင်ဖုန်းတို့၏ ဆက်ဆံရေးမှာလည်း ပိုမို ကောင်းမွန်လာပေလိမ့်မည်။
စုကလန်၏ အနာဂတ်ဦးဆောင်သူ တစ်ဦးအနေဖြင့် ယောင်ဖုန်းနှင့် ကောင်းမွန်စွာ ပေါင်းသင်းထားနိုင်ပါက စုကလန်နှင့် ယောင်ကလန်တို့၏ ဆက်ဆံရေးက မည်ကဲ့သို့ အားနည်းနေတော့မည်နည်း။
မကြာသေးခင်မှ ဆုံးရှုံးမှု ကြုံထားရသည့် ယောင်ကလန်အနေဖြင့် စုပိုင်က ထိုအရာအား အလေးအနက်မထားပေ မည်သည့်အရာများ ဖြစ်ပျက်သည်ကိုပင် သူ အသေးစိတ်မသိရှိနေပေ။ စုပိုင်နှင့် စုကလန်အတွက်မူ ယောင်ကလန်၏ လူအိုကြီး သူ့နေရာအား ထိန်းသိမ်းထားနိုင်သရွေ့ မည်သို့မျှ ပြဿနာ မရှိချေ။
“ သခင်လေး.. ကျုပ်တို့ ၀မ်ကလန်ကို စောင့်ကြည့်နေပါတယ်.. သို့ပေမဲ့ ဒီခွေးကောင် ၀မ်ချောင်က ခြံ၀င်းမှာပဲ နေနေပြီး အပြင်တောင် သိပ်မထွက်ဘူး..ငွေတော်တော်များများ ပိုက်ပြီါ် ပြန်သြွးကတည်းက ကျုပ်တို့ အနေနဲပ သူ့ဆီက သတင်းရဖို့တောင် ခဲယဉ်းနေတယ် ”
သူ ထိုကိစ္စအား စဉ်းစားနေသည့် အချိန်၌ပင် အသံတစ်ခု ထွက်ပေါ်လာသည်။ စုပိုင်၏ ရှေ့တွင် အသက်နှစ်ဆယ်ခန့် ပိန်သွယ်သွယ် ကင်းထောင်တစ်ယောက် ဦးညွှတ်နေကာ တလေးတစား ဖြေဆိုလျက်ရှိသည်။
“ ခြံ၀င်းထဲကနေတောင် အပြင် သိပ်မထွက်ဘူး ဟုတ်လား ”
ထိုစကားအား ကြားပြီးနောက် စုပိုင်၏ နဖူးပေါ်၌ တွန့်ရာများ ပေါ်လာခဲ့သည်။
ထိုအရာက သူခန့်မှန်းထားသည်နှင့် ဆန့်ကျန်နေသည်။ အသုံးအဖြုန်းကြီးသည့်သခင်လေးဖြစ်သည့် ၀မ်ချောင်အနေဖြင့် ထိုမျှ များပြားသည့် ငွေများအား ချေးယူကာ သုံးဖြုန်း မနေဘူးလား။
ခြံ၀င်း၌ပင် အနားယူနေသည်။ ထိုအရာက သူနှင့်ပင် မတူနေပေ။
“ ဟုတ်ပါတယ်.. ကျုပ်တို့ သေချာစုံစမ်းထားပါတယ်.. ပြီးခဲ့တဲ့ တစ်လအတွင်း သူအပြင်ထွက်တာ ခုနစ်ခါ ရှစ်ခါလောက်ပဲရှိတာပါ.. သူ့နောက်ကို လိုက်တဲ့ တစ်လျောက် စျေးထဲရောက်တာနဲ့ လူအရမ်းများတဲ့ အတွက်ကြောင့် မျက်ခြေပြတ်ပြတ်သွားပါတယ်.. တစ်ခြားအချိန်တွေမှာတော့ သူက ဝေဟောင်နဲ့ အတူ ရှိနေပါတယ်.. ”
ပိန်သွယ်သွယ်ကင်းထောင်မှ ပြန်ဖြေကြားလိုက်သည်။ ထိုသူကဲ့သို့သော ကင်းထောက်များ စုကလန်၌ အများအပြားရှိပေသည်။
ယခုမတိုင်ခင်အထိ သူတို့အား ၀မ်ချောင်မှ ရည်ရွယ်ချက်ရှိရှိ မျက်ခြေဖြတ်သွားသည်ကို မသိရှိကြသေးချေ။ စျေးအတွင်း၌ လူအရမ်းများသည့်အတွက် မျက်ခြေပြတ်သွားသည်ဟုသာ ထင်မှတ်နေကြသည်။
“ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ကျုပ်တို့က ဝေဟောင်ရဲ့ လှုပ်ရှားမှု တစ်ချို့ကိုတော့ သတိထားမိပါတယ်.. သလင်းပြာစံအိမ်ဟာ အမတ်မင်းဝြေခံ၀င်းရဲ့လက်အောက်မှာရှိပြီး လက်ရှိ အဲ့ဒီနေရာမှာ ဓားရောင်းနေပါတယ်.. သူတို့ ဓားစီးချင်းထိုးပွဲပြုလုပ်ဖို့ ပြင်နေကြပြီး လူအတော်များများကို ဆွဲဆောင်........ ”
ပိန်ရှည်ရှည်ကင်းထောင် စကားမဆုံးခင်၌ပင် စုပိုင်မှ စကားဖြတ်ပြောလိုက်ပြီး...
“ ဝေဟောင်ဖြစ်ဖြစ် ဓားဖြစ်ဖြစ် ငါဘာကိုမှ စိတ်မ၀င်စားဘူး.. နောက် ဒီလို အရည်မရ အဖတ်မရကိစ္စတွေကို တင်ပြတာ ငါမလိုချင်ဘူး.. မင်းတို့က ၀မ်ချောင် အပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်.. ရွှေတုံး တစ်ထောင်ကျော်တယ်ကွ.. ငါကတော့ သူ မသုံးပဲ သိမ်းထားလိမ့်မယ်လို့ မယုံချင်ဘူး ”
“ ဟုတ်ကဲ့ပါ ”
ပိန်ရှည်ရှည်ကင်းထောင် အလျင်အမြန် ဖြေကြားလိုက်သည်။
“ ပြီးတော့... တစ်လတောင်ပြည့်တော့မှာပါလား.. တစ်ခြားကလန်က သခင်လေးတွေကို ဆက်သွယ်လိုက်.. သုံးရက်ပြီးရင်..မဟုတ်ဘူး မဟုတ်ဘူး.. ခုနစ်ရက်မြောက်တဲ့နေ့မှာ သူတို့ရဲ့ အကြွေးစာရွက်ကိုယူလာပြီး ၀မ်ကလန်ကို ငွေပေးဖို့ ပြောကြမယ်လို့ ပြောလိုက်.. ၀မ်ကလန်အဘိုးကြီးရဲ့ အသက်ခုနစ်ဆယ်မြောက် မွေးနေ့ အတိုင်ခင်မှ ဒီလူတွေ အရှက်ကွဲတာကို ငါလိုချင်တယ်.. ”
စုပိုင် ကြိမ်ထိုင်ခုံပေါ်၌ ထိုင်နေရင်း အေးစက်စက် လှောင်ရယ်လိုက်သည်။
“ ဟုတ်ပါပြီ.. သခင်လေး... ”
ပိန်ရှည်ရှည်ကင်းထောက် ရုတ်ချည်း အခန်းထဲမှ ထွက်ခွားသွားပြီး သူမှာလိုက်သည်များအား သွားရောက် လုပ်ဆောင်လေတော့သည်။
......
ထိုအချိန်၌ သလင်းပြာစံအိမ်ရှိ ဓားစီးချင်းထိုးပွဲမှာ ကြီးမားသည်ထက် ကြီးမားနေဆဲ ဖြစ်သည်။
ရွှေတုံး ၉၆၀၀..
ထိုစျေးနှုန်းက သလင်းပြာစံအိမ်ရှိ ငါးရက်မြောက်စျေးနှုန်းပင် ဖြစ်လေသည်။
အစ၌ ကျောက်ဖုန်းချန် တွေဝေနေကာ ဓားအား ၀ယ်ယူရန်အတွက် မရဲတရဲဖြစ်နေဆဲဖြစ်၏။ မည်သို့ဆိုစေ စျေးနှုန်းအသစ်အား မြင်လိုက်ရပြီးနောက် ထိုအတွေးများက သူ့ခေါင်းထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
----- ရွှေတုံး ၄၈၀၀ သာရှိစဉ်က သူဓားအား မ၀ယ်ခဲ့ပေ။ ယခုတော့ စျေးနှုန်းက နှစ်ဆ ဖြစ်သွားကာ သူ့အတွက် ၀ယ်ယူရန်အကြောင်းပြချက် မရှိတော့ပေ။ သူ၏ ငွေအား အလဟဿ ဆုံးရှုံးသွားမည်လဲ ဖြစ်နိုင်သည် မဟုတ်လား။
ထိုအချက်ကြောင့် သလင်းပြာစံအိမ်၏ သတင်းသည် ဆက်လက် ပျံ့လွင့်နေဆဲ ဖြစ်လေ၏။
ခြောက်ရက်မြောက်နေ့၌ ရွှေတုံး ၁၉၂၀၀...
---- ထိုစျေးနှုန်းက လူတိုင်း မမြင်ဖူး မကြားဖူးသည့် စျေးနှုန်းပင် ဖြစ်လေသည်။
ဝေဟောင် ထိုစျေးနှုန်းအား ချိတ်ဆွဲလိုက်သည့်တိုင် သူကိုယ်တိုင်ပင် အံ့အားသင့်လျက်ရှိသည်။ ပထမနေ့၌ ၀မ်ချောင် ရွှေတုံး ၆၀၀ ဟု စျေးသတ်မှတ်သည့် နေ့က ထိုအကြောင်းအား သူခေါင်းထဲပင် မရှိချေ။
စျေးနှုန်းက တစ်စထက်တစ်စ တိုးလာသည့်တိုင် ဝေဟောင် ဤနောက်ကွယ်မှ အကြောင်းအရင်းအား မသိရှိပေ။
အလယ်ပိုင်းလွင်ပြင်ရှိ ဓားတစ်လက်၏ စျေးနှုန်း ‘ ရွှေတုံး ၁၀၀၀၀ ’ ကျော်သွားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေ၏။ လက်ရှိအချိန်၌ ထိပ်တန်းဓားတစ်လက်၏ တန်ဖိုးမှာ ရွှေတုံး ၆၀၀ မှ ၁၀၀၀ အကြားရှိသည်ဖြင့် တွက်ကြည့်လျှင် ထိုစျေးနှုန်းက ဓားတစ်လက်အတွက် အလွန်ပင် များပြားလွန်းနေသည်။
“ ဘယ်လိုဖြစ်နိုင်မှာလဲ.. ”
သူကိုယ်တိုင် ချိတ်ဆွဲထားသည့် စျေးနှုန်းအား ကြည့်နေရင်း ဝေဟောင် အမူးလွန်နေရာမှ သူအား တစ်ယောက်ယောက်မှ ရုတ်တရက် လာနှိုးလိုက်သလို ခံစားနေရသည်။ လွန်ခဲ့သည့်ရက်များအတွင် သူလုပ်ဆောင်နေခဲ့ရသည့်အရာအား သူနားလည်သွားသည်။
မဟာပန်းပဲကလန်ကြီးသည်လည်း ထူးခြားမနားပင် အံ့အားသင့်လျက်ရှိသည်။
၀မ်ချောင် ပြုလုပ်သည့်အရာအားလုံးက သူတို့ မျက်စိအောက်၌ပင်ဖြစ်ကာ ပထမရက်၌ပင် သူတို့က စီးပွားအိုး တုတ်နှင့်ထိုးရန် လူလွှတ်လိုက်သေးသည် မဟုတ်လား။
ထို့နောက် ၀မ်ချောင် စျေးနှစ်ဆတင်လိုက်သည်တွင် ၀မ်ချောင်အား မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့ကြကာ ၀မ်ချောင်၏ ရည်ရွယ်ချက်အား မည်သူမှ အမှန်စင်စစ် သဘောမပေါက်ကြချေ။
သလင်းပြာစံအိမ်ရှိ သစ်သားဆိုင်းဘုတ်မှ ရုတ်တရက် ဂဏန်း ငါးလုံးအထိ ပြောင်းလဲသွားသည် အထိပင်ဖြစ်သည်။
“ ၀မ်ကုန်းကျီ တကယ်လို့ မင်းရဲ့စကားကို ပြန်ရုတ်သိမ်းမယ်ဆိုရင် နောက်မကျသေးဘူးနော်.. ”
လူတိုင်းနှင့် မတူညီစွာ ဝေဟောင် စျေးနှုန်းအား ပြောင်းလဲလိုက်သည်နှင့် ကျန်းကျန့်နှင့်ကျန်းခုံးတို့က လျို့ဝှက်စွာဖြင့် ၀မ်မိသားစုခြံ၀င်းသို့လာ၍ လည်ပတ်ခဲ့သည်။
သူတို့၏ မျက်နှာ၌ စိတ်မချမ်းသာဟန်များ ပေါ်လျက်နေသည်။
“ သင်တို့ နှစ်ယောက် သိနေတာလား.. ”
သူလေ့ကျင့်နေသည့် အနောက်ဘက်ဥယျာဉ်ထဲသို့ ၀မ်ချောင် ထိုသူနှစ်ယောက်အား ဖိတ်ခေါ်လိုက်သည်။ သူ၏ လက်သီးနည်းစနစ်အား ထုတ်ဖော်ရင်း ထိုနှစ်ယောက်အား အပြုံးဖြင့် ပြန်ပြောလိုက်သည်။
လွန်ခဲ့သည့်ရက်များနှင့် ယှဉ်လျှင် ၀မ်ချောင်၏ အငွေ့အသက်များက သိသိသာသာ သန်မာလျက်နေသည်။
----- ထိုအရာက နဂါးအရိုးနည်းစနစ်ကြောင့် ဖြစ်လေသည်။
“ ၀မ်ကုန်းကျီ.. သင်ဘာလုပ်နေတယ်ဆိုတာ သင်သိနေရဲ့လား.. ဒါက နောက်စရာမဟုတ်ဘူးနော်.. ”
နှစ်ဦးလုံး၏ အမူအရာက သက်တောင့်သက်သာ ဖြစ်မနေပေ။ ၀မ်ချောင်၏ နည်းလမ်းအား သူတို့ နားမလည်ကြပေ။
“ ရွှေတုံး ၁၉၂၀၀ ကို ယှဉ်ပြိုင်တဲ့သူက လူသုံးဆယ်ကျော်တယ်.. တကယ်လို့ သင်သာရှုံးသွားရင် ပေးရမှာက ရွှေတုံး ၅၇၆၀၀၀ ငါးသိန်းကျော်တောင်မှနော်.. ၀မ်ကလန်က တကယ်ပဲ ဒီလောက်အများကြီးကို ပေးချေနိုင်လိမ့်မယ်လို့ သင်ထင်နေတာလား ”
တင်းမာသည့်အမူအရာများက သူတို့၏ မျက်နှာပေါ်၌ ပေါ်နေပြီး စိုးရိမ်သည့် အရိပ်အယောင်များကိုလည်း မြင်တွေ့ရနိုင်သည်။ ၀မ်ချောင်မှာ ငယ်ရွယ်လွန်းလှပြီး ငယ်ရွယ်သူများက ဆင်ခြင်တုံတရားကင်းမဲ့ကြပြီး ထိုသည်ကပင် ငယ်၇ွယ်သူများက အမှားများစွာ ပြုလုပ်တတ်ကြခြင်းဖြစ်ပေသည်။
သလင်းပြာစံအိမ်ရှိ ဓားစီးချင်းထိုးပွဲမှာ ဟာသတစ်ခုမဟုတ်ပေ။
ဆိုရလျှင် တစ်ချက်မှားလိုက်သည်နှင့် ၀မ်ကလန်အား တိုက်ခိုက်ရန် အခွင့်အရေးရသွားပေလိမ့်မည်။ ကျိုးအမတ်ကြီး၏ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသည့် ဂုဏ်သတင်းက နေ့ချင်းပင် ပျက်ဆီးသွားပေလိမ့်မည်။
ထိုစကားများအားကြားပြီးနောက်တွင် ၀မ်ချောင် ရယ်လိုက်သည်။ ပထမရက်၌ ရွှေတုံး ၆၀၀၊ ဒုတိယရက်၌ ရွှေတုံး ၁၂၀၀၊ တတိယရက်၌ ရွှေတုံး ၂၄၀၀၊ တဖြည်းဖြည်းနှင့် ဆဋ္ဌမမြောက်ရက်၌ ရွှေတုံး ၁၉၂၀၀ အထိပင် ရောက်လာခဲ့တော့သည်။
၀မ်ချောင်၏ အတွေးများက ခြောက်ရက်မြောက်နေ့၌ ပေါ်ထွက်ခဲ့သည်။ အခြားကမ္ဘာတစ်ခု၌ ဤအရာမှာ သမားရိုးကျ စားသုံးသူစျေးကွက် ချဲ့ထွင်ခြင်းဗျူဟာ တစ်ခုပင်ဖြစ်သည်။ သို့သော် ယခုကမ္ဘာ၌မူ ထိုအရာက မကြုံဖူးသေးသည့်အရာဖြစ်ပြီး မည်သူကမှလည်း စမ်းသပ်ဖူးခြင်း မရှိသေးချေ။
ထိုသူနှစ်ယောက် ဤနေရာသို့ ရောက်လာရခြင်းမှာ ရွှေတုံး ၁၉၂၀၀ ဖြင့် ဓားရောင်းရသည့် အကြောင်းရင်းအား မေးမြန်းရန် မဟုတ်ချေ။ ထို့အရာထက် စျေးနှုန်းအား ထိုမျှလောက်အထိ တိုးမြင့်လိုက်ခြင်းကြောင့် သူတို့က တစ်ဖက်က ရှုံးနိမ့်ပါက လောင်းကြေးအား ပေးချေးနိုင်မည် ဟုတ်မဟုတ်ကိုသာ အာရုံစိုက်လျက်ရှိသည်။
ထိုအရာက ၀မ်ချောင်လှုပ်ရှားမှု၏ နောက်ကွယ်မှု ရည်ရွယ်ချက်တစ်ခု ဖြစ်လေသည်။
အကယ်၍ ၀မ်ချောင်သည် စဦး၌ပင် ဝုစ်သံမဏိအား ရွှေတုံး ၁၉၂၀၀ ဖြင့် စတင်နိုင်ခဲ့လျှင် နောင်ရေးအတွက် စိတ်ပူပန်ရန် မရှိတော့ချေ။
“ ဒါဆိုရင် အကြီးအကဲ နှစ်ယောက်စလုံးက ကျုပ် ရှုံးနိမ့်မယ်လို့များ ထင်နေတာလား ”
၀မ်ချောင်၏ လက်သီးမှ လေတိုးသံတစ်ခု ထွက်လာခဲ့သည်။ လက်သီးနည်းစနစ်အား လေ့ကျင့်နေရင်း ထိုသူနှစ်ယောက်အား တစ်ချက်ပင် မကြည့်ပဲ ပြောလိုက်သည်။
“ ၀မ်ချောင်.. သင် ဒီကိစ္စရဲ့ အကျိုးဆက်ကို တကယ် မသိနေတာလား.. ခဲရပ်စပါစီနူ၊ အာဘတ်စစ်စော်ဘွားနယ်၊ သျှီလာနဲ့ ဂိုဂူလျော ရဲ့ ကုန်သည်တွေ၊ တစ်ခြား ထင်ရှားကျော်ကြားတဲ့ ပန်းပဲကလန်တွေ၊ မဟာလက်နက်အရောင်းဆိုင်တွေနဲ့ လက်နက်အလုပ်ရုံတွေ အထူးသဖြင့် စစ်တပ်ခေါင်းဆောင်တွေ ဒီလို များပြားလှတဲ့သူတွေ အကုန်လုံး ဒီကိစ္စမှာ ပါ၀င်နေကြတာ.. ဒါက စနောက်နေစရာ မဟုတ်တော့ဘူး.. အချိန်ကျလာရင်လဲ ဒီအကြွေးတွေကနေ ပြေးလို့ လွတ်နိုင်မှာ မဟုတ်ဘူးနော်.. ”
“ တကယ်လို့ သင်ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးဆိုရင်.. ၀မ်ကလန်တစ်ခုလုံးကို ကံဆိုးမိုးမှောင် ကျသွားစေနိုင်တယ်နော်.. ”
ကျန်းခုံးနှင့် ကျန်းကျန့် ခေါင်းခါယမ်းလိုက်ကြသည်။ ဤပြဿနာက ၀မ်ချောင် နိုင်မည် ရှုံးမည်မဟုတ်ပဲ ၀မ်ချောင်အနေဖြင့် မည်သို့မှ အနိုင်မရနိုင်သည့်အတွက် ဖြစ်ပေသည်။ ၀မ်ကလန်သည် မည်သည့်အချိန်ကမှ ပန်းပဲကလန် မဟုတ်ခဲ့သည့်အတွက် မည်သည့် ကျွမ်းကျင်ပန်းပဲပညာရှင်မှာ သူတို့၏ လက်အောက်တွင် မရှိနေနိုင်ပေ။
ထိုအချက်ကြောင့် ၀မ်ချောင်အနေဖြင့် ရာစုနှစ်နှင့်ချီ၍ သမိုင်းနောက်ခံရှိသည့် ပန်းပဲကလန်များနှင့်အတူ အနောက်တိုင်းမှ နာမည်ကျော် လက်နက်ကုန်သည်များအပေါ် အောင်ပန်းဆင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
၀မ်ချောင်မှာ ၀မ်ကလန်အတွက် ပြဿနာ မီးခွက်ထွန်းရှာနေသူ ဖြစ်နေချေပြီ။
“ ဓားစီးချင်းထိုးပွဲနဲ့ ပက်သက်ပြီး သင်တို့ စိုးရိမ်စရာမရှိပါဘူး.. မနက်ဖြန်ဆိုရင်ပဲ နောက်ဆုံးနေ့ ရောက်ပြီမဟုတ်လား.. တကယ်လို့ လိုအပ်လာရင် သင်တို့ကို လာရှာပါ့မယ် ”
၀မ်ချောင် တည်ငြိမ်စွာ ပြုံးလိုက်သည်။ စကားစမြည်ပြောခဲ့ခြင်းအပေါ် ထောက်ရှူ၍ တစ်ဖက်လူအား တုံ့ပြန်စကား ဆိုရန် ၀မ်ချောင် မကြိုးပမ်းတော့ချေ။
၀မ်ချောင် ဟိုက်ဒရာဘတ် သတ္ထုရိုင်းနှင့် ပက်သက်၍ ဤမျှလောက်အထိ လုပ်ဆောင်ခဲ့ခြင်းမှာ သူ၏ သတ္ထိကြောင့်မဟုတ်ပဲ သူ၏ ယုံကြည့်မှုကြောင့်သာဖြစ်သည်။
ပန်းပဲပညာမှာလည်း နည်းစနစ်တစ်ခုပင် မဟုတ်လား။
ဓားပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများက မည်သည့်ခေတ်၌မဆို အရေးအပါဆုံးသာ ဖြစ်ခဲ့သည်။
ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ဝုစ်သံမဏိအဖြစ် ဖြစ်စေသည် တစ်ခုတည်းသာမဟုတ်ပဲ မတူညီသည့် အချိန်နှင့်ဟင်းလင်းပြင်မှ သူသိထားခဲ့သည့် ‘ ဟိုက်ဒရာဘတ် နည်းလမ်း ’ကိုလည်း ၀မ်ချောင် ပန်းပဲနည်းလမ်းအနေဖြင့် ပေါင်းထည့် အသုံးပြုခဲ့သေးသည်။
ဤခေတ်ကာလ၌ ဝုစ်သံမဏိမှာ ထိပ်တန်းဓားများကို ကိုယ်စားပြုပေလိမ့်မည်။
မည်သည့် ဓားနှင့်ဆေဘာမှ ထိုဓားနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ဟုဆိုလျှင် လွန်ကျူးသွားမည်ဆိုသည့်တိုင် ထိုဓားအား ယှဉ်နိုင်ဦးမည် မဟုတ်သည်တော့ သေချာသည်။ အနည်းဆုံးအနေဖြင့် ထိုကဲ့သို့သော ဓားအား ခဲရပ်စပါစီနူ၊ အာဘတ်စစ်စော်ဘွားနယ်၊ ဂိုဂူလျော၊ နန်ကျောက်တို့မှ ပန်းပဲပညာရှင်များသာမက မြို့တော်ရှိ မဟာပန်းပဲကလန်ကြီး လေးခုပင်လျှင် သွန်းလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်သာ ၀မ်ချောင် အနေဖြင့် ဤမျှလောက် ယုံကြည်ချက် မြင့်မားနေရခြင်းလည်း ဖြစ်ပြန်သည်။ မည်သို့ဆိုစေ ထိုအရာများအား ကျန်းခုံးနှင့် ကျန်းကျန့်အား ၀မ်ချောင် ပြောပြရန်အတွက်တော့ အဆင်မပြေသေးပေ။
“ ဟင်း.... ၀မ်ကုန်းကျီ မနက်ဖြန် နေ့လည်မွန်းလွဲမတိုင်ခင် ဒီကိစ္စကို သေချာစဉ်းစားပြီးတာနဲ့ ကျုပ်တို့ကို လာရှာလို့ရပါတယ်.. သင့်အနေနဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းစာချုပ်ကို ကျုပ်တို့ကို လက်လွဲပေးနိုင်သရွေ့ သင့်ကို ဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်စေဖို့ တာ၀န်ယူပေပါ့မယ်.. ကျုပ်တို့ ကျန်းကလန်ရဲ့ ဓားက ကမ္ဘာ့အကောင်းဆုံးလို့ မဆိုနိုင်ပေမဲ့ ယှဉ်နိုင်မဲ့သူကတော့ အတော်နည်းလိမ့်မယ်.. မနက်ဖြန် သင့်ကို ကျုပ်တို့ ကူညီပေးနိုင်ပါတယ်.. ”
နှစ်ယောက်လုံး သက်ပြင်းရှည်ချလိုက်ရာ သူတို့စိတ်ထဲ၌ စိုးရိမ်နေကြမှန်း သိသာသည်။
၀မ်ချောင်မှာ ငယ်ရွယ်သေးသည်၊ ဆင်ခြင်တုံတရားမရှိသေး၊ စိတ်မြန်သည်။ ထိုဖြစ်ရပ်၏ အကျိုးဆက်အား မပြုလုပ်ခင်ကပင် သေချာစဉ်းစားခဲ့ခြင်းလည်းမရှိ။ သလင်းပြာစံအိမ်ရှိ ဓားစီးချင်းထိုးပွဲက အကောင်းဆုံး သက်သေပင်ဖြစ်လေသည်။
၀မ်ချောင် အနေဖြင့် သူတို့၏ အကြံဉာဏ်အား နားမထောင်သည်က စိတ်မကောင်းစရာပင်။
“ ဒီကိစ္စကို ထိန်းချုပ်နိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့ ”
“ အဲ့ဒီ စိတ်ကြီး၀င်လွန်းတဲ့ ကောင်လေးကတော့ သူ့ဘ၀မှာ သူလုပ်ခဲ့တာရဲ့ အကျိုးဆက်ကို မခံစားဖူးသေးလို့ပဲနေမယ်.. ဒီကိစ္စနဲ့ ပက်သက်ပြီး ၀မ်ကလန် ကြီးကြီးမားမား ထိခိုက်မှု မရှိဖို့ပဲ မျှော်လင့်ရတော့မှာပဲ ”
ကျန်းခုံးနှင့် ကျန်းကျန့်တို့ နှုတ်ဆက်လိုက်ပြီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။
........
“ မြို့တော် ကျန်းကလန်က အနာဂတ်မှာ လက်တွဲလို့ကောင်းမဲ့ စီးပွားဖက်ပဲ ”
ကျန်းခုံးနှင့် ကျန်းကျန့်တို့ ထွက်ခွာသွားသည်နှင့် ၀မ်ချောင် တွေးနေကာ မိမိကိုယ်ကို ပြောဆိုနေသည်။
ကျန်းကလန်က အရာရာပြီးဆုံးသွားသည့်အချိန်ထိ စောင့်ကာ အနာပေါ်ဆားဖြူးပြီး စာချုပ်အား ခိုးယူရန် ကြိုးစားခဲ့ခြင်းမရှိချေ။ သူ့ကိုပင် အထူးတလည် အကြံပေးပြီး ဆုံးရှုံးမှု နည်းစေရန်ပင် ရည်ရွယ်ချက်ရှိကြသည်။ ဤအချက်ကြောင့် ထိုသူနှစ်ယောက်အပေါ် ၀မ်ချောင် အကောင်းဘက်မှ မြင်လာတော့သည်။
အနာဂတ်၌ သူ့အနေဖြင့် အခြားအစီအစဉ်များရှိခဲ့လျှင် မြို့တော် ကျန်းကလန်က ကောင်းမွန်သင့် ပူးပေါင်းသူများ ဖြစ်ပေလိမ့်မည်။
တွေးနေရင်းပင် ၀မ်ချောင် ဥယျာဉ်ထဲမှ ထွက်သွားလိုက်သည်။
.........
မျက်တောင်တစ်ခတ်အတွင်း နေထွက်လာကာ ယနေ့သည် ခုနစ်ရက်မြောက်သည့်နေ့ ဖြစ်သည်။
“ နောက်ဆုံးတော့.. ဓားစီးချင်းထိုးပွဲရဲ့ အသေအကျေနွဲရမဲ့ အချိန် ရောက်လာပြီ ”
၀မ်ချောင် တွေးဆနေ၏။
..........
သျှီလာနဲ့ ဂိုဂူလျောက လက်ရှိ ကိုရီးယားနဲ့ သက်ဆိုင်ပါတယ်..
နန်ကျောက်ဆိုတာက တရုတ်နိုင်ငံရဲ့ တောင်ဘက်မှာရှိတဲ့ နိုင်ငံတစ်ခုပါ ( လက်ရှိ ယူနန် )
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 57.
သလင်းပြာစံအိမ်အတွင်း၌
တောက်ပသည့် နေရောင်က ကောင်းကင်တစ်ခွင် ထိန်ထိန်လင်းနေပြီး လောကတစ်ခွင်အား အလင်းရောင် ဆောင်ကျဉ်းပေးနေလျက်ရှိသည်။ မိုင်ပေါင်းများစွာအတွင်း တိမ်တစ်မျှင်ပင် မရှိနေပေ။ ၀မ်ချောင် သူ့ကိုယ်သူ ပြင်ဆင်ရန် မနက်စောကတည်းက နိုးလာခဲ့သည်။ သန့်ရှင်းသပ်ရပ်သည့် အစိမ်းရောင်ပိုးထည်၀တ်ရုံအား ၀တ်ဆင်ထားသည်က သူ့အား ရှိရင်းစွဲအသက်ထက် ကြီးဟန် ထင်ရစေသည်။
အလုံးစုံ ပြီးစီးသည်တွင် ၀မ်ချောင် ထွက်ခွာရန် ပြင်တော့သည်။ တည်တည်ငြိမ်ငြိမ်ဖြင့် မြင်းလှည်းအတွင်း ၀င်ရောက်ပြီး သလင်းပြာစံအိမ်သို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။
သလင်းပြာစံအိမ်ရှေ့၌ လူအုပ်ကြီးက ရှေးမဆွကပင် စုစုရုံးရုံးဖြစ်ပြီးဖြစ်သည်။ ယနေ့သည် သလင်းပြာစံအိမ်၌ ဓားစီးချင်းထိုးပွဲ ကျင်းပမည်ဖြစ်သောကြောင့် လူပေါင်းများစွာက စိတ်၀င်စားလျက်ရှိကြသည်။
သလင်းပြာစံအိမ်၏ အပြင်ဘက်၌ သူ့အား စောင့်ကြိုနေသည့် ဝေဟောင်အား ၀မ်ချောင် လှမ်းမြင်လိုက်သည်။
ဝေဟောင်၏ဘေး၌ ဝေကလန်မှ ကိုယ်ရံတော်နှစ်ယောက်ရှိနေပြီး သူ၏မျက်နှာက ဖြူလျော်နေသည်။ သူက ခေါက်တုံးခေါက်ပြန် လမ်းလျှောက်လျက်ရှိပြီး ချွေးများက နဖူးထက်မှ စီးကျနေကာ အလွန်စိတ်ရှုပ်ထွေးနေပြီး နေမထိ ထိုင်မသာ ဖြစ်လျက်နေသည်။
“ ကောင်းတယ်.. ၀မ်ချောင် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ.. ”
၀မ်ချောင် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ဝေဟောင် သူ့ပုခုံးပေါ်မှ ၀န်ထုပ်ကြီး ဖယ်ထုတ်ခံလိုက်ရသလို သူ့ရောဂါအတွက် ဖြေဆေးတွေ့သွားသလို။ သူ၏ ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ လျင်မြန်စွာ ၀မ်ချောင်အား ဆီးကြိုလိုက်သည်။
မျက်နှာပေါ်၌ တည်ငြိမ်ဟန်များ ပြန်ရလာတော့သည်။
“ ဝေကလေး... မင်းကောင်းကောင်း လုပ်ခဲ့တာပဲ ”
၀မ်ချောင် မြင်းလှည်းပေါ်မှ ဆင်းပြီးသည်နှင့် ဝေဟောင်၏ နာမည်ပြောင်အား ခေါ်လိုက်သည်။ နှစ်လိုဖွယ်ကောင်းသည့် လေသံကြောင့် ဝေဟောင် ၀မ်းသာပီတိ ဂွမ်းဆီထိသွားပြီ ကြက်သီးမွေးပင်ထလျက်နေသည်။
သို့သော် များမကြာမှီ ဝေဟောင်၏ မျက်ခုံးများက နောက်တစ်ဖန် ထိကပ်သွားလေ၏။
“ ၀မ်ချောင်.. မင်း ငါပြောတဲ့ကိစ္စကို သေချာစဉ်းစားပြီးပြီလား.. အခုက ဓားအလက်သုံးဆယ်တောင် ရှိနေတာနော်.. ဟာသမဟုတ်ဘူး.. မင်းစကားကို ပြန်ရုပ်သိမ်းမယ်ဆိုရင် နောက်မကျသေးဘူး .. ”
ဝေဟောင် ပြောနေချိန်၌ပင် သူ့အသံက တုန်ခါနေသည်။
၀မ်ချောင် ဝုစ်သံမဏိဓားအား ရောင်းချသည်က ဤမျှလောက်ထိ အခြေအနေများ ကြီးမားလာလိမ့်မည်ဟု ဝေဟောင် မထင်ထားမိချေ။ လက်ရှိ သလင်းပြာစံအိမ်၌ ချိတ်ဆွဲထားသည့် မတူညီသည့် စွမ်းအားများမှ လာသည့် ဓားအလက်သုံးဆယ်ကြောင့် ဝေဟောင် လွန်ခဲ့သည့်ရက်များအတွင်း အိပ်၍ပင် မပျော်နိုင်ပဲ ဖြစ်ရသည်။
ဝေဟောင် ဤအကြောင်းအရာများအား သူ၏ကလန်အား ပြောပြထားခြင်းမရှိသလို သူ၏ဖခင်သည်လဲ အရေးကြီးကိစ္စရှိသည့်အတွက် မအားလပ်နေသည့်အတွက် သူ့အား အချိန်ပြည့် စောင့်ကြည့်မနေသည်က ကံကောင်းထောက်မမှုဟု ဆိုရမလို။
အကယ်၌ သူဖခင်သာ အမှန်တရားအား ရှာဖွေတွေ့ရှိခဲ့လျှင် သူ့အား သေသည်အထိ ရိုက်နှက်ပေလိမ့်မည်။
တစ်ခါတစ်ရံ ဝေဟောင်က ၀မ်ချောင်၏ တည်ငြိမ်နေမှုအား အားကျမိပါ၏။ ဤကိစ္စ၌ ဝေဟောင်မှာ ၀မ်ချောင် အစီအစဉ်တွင် အကူအနေဖြင့်သာ ပါ၀င်နေရသော်လည်း သူပင်လျှင် မသက်မသာခံစားနေရသည်။
၀မ်ချောင်က ဟိန္ဒူဘုန်းကြီးများထံမှ အကြွေး ရွှေတုံး ၉သောင်းနှင့် နတ်ဘုရားရှစ်ပါးစံအိမ်မှ အကြွေး ရွှေတုံး ၁၇၀၀ ကိုလည်း ပုခုံးထမ်းထားရသေးသည်။ အကယ်၌ သူ၏ အစီအစဉ်၌ တစ်စုံတစ်ရာ မှားယွင်းခဲ့ပါမူ သူပေးရမည့် ပမာဏက ထို့ထက် များပြားပေလိမ့်မည်။
မြို့တော်၌ မည်သည့်ကလန်သည် ထိုသို့သော စွန့်စားမှုအား ပြုလုပ်ရန် တာ၀န်ခံရဲသနည်း။
အကယ်၍ အခြားသူသာဖြစ်ပါမူ ယခုအခြေအနေ၌ ဆောက်တည်ရာမရပဲ မျက်စိပျက် မျက်နှာပျက်ဖြင့် မအိပ်နိုင် မစားနိုင် ဖြစ်နေပေလိမ့်မည်။ သို့တိုင် ၀မ်ချောင်မှာတော့ အဆင်ပြေနေဟန်ဖြင့် သူ့ကိုပင် နှစ်သိမ့်ပေးနိုင်ဟန် ရနေသေး၏။
ဝေဟောင်သည် အကယ်၌ သူသာ ယခုအခြေအနေနှင့် ထပ်တူညီစွာ ကြုံရပါက သေချာပေါက် ငြင်းဆန်မည်ဟုပင် တစ်ခါတွေးခဲ့ဖူးသည်။
“ အေးအေးဆေးဆေး နားနေပါ.. ဝေကလေး.. မင်းငါ့ကို သိတာပဲ ကြာလှပြီ ငါ့ကိုကြည့်လေ ငါက ပြဿနာ မီးခွက်ထွန်းရှာတဲ့သူနဲ့ တူလို့လား ”
၀မ်ချောင်ရယ်နေကာ ဝေဟောင်၏ ပုခုံးအား ပုတ်လိုက်သည်။
ဝေဟောင် တိတ်ဆိတ်သွားခဲ့သည်။ သူက ၀မ်ချောင်နှင့်အတူ ကြီးပြင်းခဲ့သည် ဖြစ်သောကြောင့် ပုံမှန်အားဖြင့် သူသိထားသည့် ၀မ်ချောင်မှာ ထိုသို့သော သူ မဟုတ်ပေ။ အကယ်၍ ၀မ်ချောင်သာ ထိုသို့သောသူဖြစ်ပါက ဝေဟောင်အနေဖြင့် အစကတည်းကပင် တားဆီးခဲ့လိမ့်မည်ဖြစ်ပြီး ယခုကဲ့သို့ ကူညီနေလိမ့်မည် မဟုတ်။
“ ဒါပေမဲ့....... ”
ဝေဟောင် အနည်းငယ် တွေဝေနေဆဲပင် ဖြစ်သည်။
“ ဒါပေမဲ့ဆိုတာမရှိဘူး.. ဒီကိစ္စအတွက် ငါ့အစီအစဉ်နဲ့ငါရှိတယ်.. နောက်ကျရင် မင်းက ငါပြောသလိုသာ လုပ်ရင်ရပြီ.. ”
၀မ်ချောင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ၏ လေသံထဲ၌ပင် ဤကိစ္စအပေါ် ယုံကြည်ချက်များအား မြင်တွေ့နိုင်သည်။
သလင်းပြာစံအိမ်အား တစ်ချက်ခြုံကြည့်လိုက်ရာ ၀မ်ချောင် ဒုတိယထပ်၌ ဦးခေါင်းများစွာအား မြင်နေရသည်။ ဓားစီချင်းထိုးပွဲ၌ ပါ၀င်သည့်သူအားလုံး စောစီးစွာပင် ရောက်နေကြပြီးဖြစ်သည်။
သလင်းပြာစံအိမ်ကဲ့သို့ ပုံမှန်ဆိုလျှင် ဆူညံနေတတ်သည့်နေရာပင် ယခုမှာတော့ တိတ်ဆိတ်နေလျက်ရှိသည်။ တစ်ဦးမှ စကားမဆိုနေကြပဲ အကယ်၍ တစ်ယောက်ယောက်မှ စကားဆိုမည်ဆိုလျှင်ပင် ပြန်ပြောမည့်သူ ရှိမည် မဟုတ်ပေ။ အားကောင်းသန်မာသည့် ပြိုင်ဘက်ကင်း အနံ့အသက်က လေထုထဲ၌ ဖြစ်တည်လျက်ရှိသည်။
“ ဟမ့်... ကမ္ဘာ့အဆင့်တစ်ဓား ”
ပြုံးနေလျက် ၀မ်ချောင် ခေါင်းခါလိုက်သည်။ သူ၏ အကြည့်အား ပြန်ရုပ်သိမ်းလိုက်ပြီး ဝေဟောင်နှင့်အတူ သလင်းပြာစံအိမ်သို့ လှမ်း၀င်လိုက်သည်။
“ ၀မ်ချောင် မင်း ဒီနေ့ရဲ့ စျေးနှုန်းကိုလဲ တိုးဦးမှာလား ”
သစ်သားလှေကားပေါ် တက်နေရင်း ဝေဟောင် စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်သည်။
“ မလိုတော့ပါဘူး.. ”
၀မ်ချောင် ခေါင်းခါပြလိုက်သည်။ ထိုအရာက သူရှုံးနိမ့်လျှင် ပေးရမည်အား တွေးပူ၍ မဟုတ်ပဲ ထိုသို့ ပြုလုပ်ရန် မလိုအပ်သောကြောင့်သာ ဖြစ်သည်။ အနာဂတ်တွင် ဝုစ်သံမဏိ၏ စျေးနှုန်းက သိန်းချီတန်ကြေးရှိမည် ဖြစ်သည့်တိုင် လက်ရှိပေါက်စျေးအရ ရွှေတုံး ၁၉၂၀၀ ဆိုသည်က အကန့်အသတ်သို့ ရောက်နေပြီးဖြစ်သည်။
အိုးနှင့်ဆန် တန်ရုံလောက်သာ ထည့်သင့်ပေသည်။
There was always an acceptable region to things.
အကယ်၍ လွန်ကျူးသွားမည်ဆိုပါက ဆန့်ကျင်ဘက် သက်ရောက်မှုများသာ ဖြစ်လာပေလိမ့်မည်။
..........
ရှေးဟောင်းဗိသုကာလက်ရာဖြင့် ပြုလုပ်ထားသည့် သစ်သားလှေကားပေါ် တက်သွားပြီးနောက် ၀မ်ချောင်နှင့်ဝေဟောင် တတိယထပ်သို့ မကြာခင်မှာပင် ရောက်ရှိသွားသည်။ တတိယထပ်၏ နားနေခန်းထဲ၌ လူပေါင်းများစွာ ရှိနေပြီး မဟာပန်းပဲကလန်ကြီးလေးခုမှလူများ၊ မြို့တော်ရှိ လက်နက်အရောင်းဆိုင်များမှလူများ၊ အနောက်တိုင်းမှ လက်နက်ကုန်သည်များအပြင် နန်းတွင်းစစ်တပ်မှ စစ်သည်ကိုယ်ရံတော်များ စသည်ဖြင့်..။ ဤစံအိမ်၏ တတိယထပ်မှာ ပြည့်ညှပ်လျက်နေပြီး လူအားလုံးက ထိုနေရာ၌သာ စုရုံးနေကြလေသည်။
ကြည့်ရသည်မှာ ထိုသူများက အစောကတည်းကပင် ရောက်ရှိနေကြပုံရသည်။
“ ဝေကုန်းကျီ.. နေ့လည်တောင် နီးနေပြီ အချိန်ကျပြီ မဟုတ်ဘူးလား.. ဓားပိုင်ရှင်က ဘယ်မှာလဲ.. မင်းသူ့ကို ခေါ်ထုတ်သင့်ပြီလေ.. ဟုတ်တယ်မလား ”
တတိယထပ်သို့ ဝေဟောင် ရောက်သည်နှင့် သူက လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာတော့သည်။ တစ်ဖက်ရှိ ၀မ်ချောင်ကိုမူ မည်သူမျှ အလေးမထားကြပေ။
“ လူတိုင်းပဲ.. ဓားပိုင်ရှင်ကို တွေ့နေကြပြီးပြီ မဟုတ်လား ”
ဝေဟောင် ပြုံးပြုံးဖြင့် ဘေးသို့ ကပ်လိုက်ကာ ၀မ်ချောင်၏ တည်ရှိမှုအား ထုတ်ဖော်လိုက်သည်။ ပြဿနာက သူ့တို့ရှေ့မှောက် ရောက်နေချေပြီ သူတို့ ရင်ဆိုလိုသည်ဖြစ်စေ နောက်ဆုတ်လိုသည်ဖြစ်စေ အကျုံးမ၀င်တော့ပေ။ အချိန်ကျလာပြီ ဖြစ်သောကြောင့် ဝေဟောင် စိုးရိမ်မနေတော့ပဲ လာမည့်ဘေး ပြေးတွေ့လိုက်သည်။
ဓားစီးချင်းထိုးပွဲမှာ အမှန်တကယ် ဖြစ်ပျက်နေပြီ ဖြစ်ပြီး သူတို့ နောင်တရရန်ပင် မမှီတော့ချေ။ ထိုအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ခေါင်းချင်းဆိုင် ရန်သာ ကျန်တော့သည်။
၀မ်းးးး........
ဝေဟောင်ထံမှ ထိုစကား ထွက်ကျလာသည်နှင့် မျက်လုံးများအားလုံးက ၀မ်ချောင်ထံ၌ စုဝေးသွားခဲ့သည်။ တစ်ချိန်တည်း၌ပင် ညံစီနေသည့် သလင်းပြာစံအိမ်သည် စက္ကန့်ပိုင်းမျှ အချိန်ရပ်တန့်သွားသည်ဟု ထင်ရသည်။
၀မ်ချောင်အား ကြည့်နေသည့် မျက်လုံများက ထိတ်လန့်မှု၊ အံ့သြမှု၊ မယုံကြည်မှုများနှင့်အတူ...သံသယများ ပြည့်နှက်နေသည်။
“ သူက အဲ့ဒီဓားရဲ့ ပိုင်ရှင်လား ”
ချမ်ကလန်၏အကြီးအကဲ ရှေ့ထွက်လာပြီး ၀မ်ချောင်အား မယုံကြည့်ဟန်ဖြင့် ကြည့်ရှူလျက်နေသည်။
ယခင်ကတည်းက ၀မ်ချောင်မှာ ဝေဟောင်နှင့်အတူ ရှိနေတတ်သော်လည်း မည်သူကမျှ ထိုသို့သော အတွေးမျိုး မ၀င်ဖူးချေ။ လူတိုင်း၏ မျက်၀န်းထဲ၌ မြို့တော်အား ဤကဲ့သို့သော ရုန်းရင်းဆတ်ခတ်မှုအား ဖြစ်ပွားစေသူမှာ အနည်းဆုံး အသက်သုံးဆယ်မှ လေးဆယ်ခန့်ရှိ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်မည်ဟုသာ ထင်ထားကြသည်။
တစ်ဖက်လူမှာ ဆယ်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးသည့် လူငယ်တစ်ယောက် ဖြစ်မည်ဟု မည်သူမျှ မထင်ထားချေ။
သူက အမှန်ပင် ငယ်ရွယ်လွန်းနေသည်။
“ ကျုပ်က ဓားပိုင်ရှင်ပဲ ”
၀မ်ချောင် တည်ငြိမ်စွာပြောလိုက်သည်။ လက်နက်နယ်ပယ်၏ ‘ စွမ်းအားကြီးမားသည့် အုပ်စုများ ’၏ ရှေ့၌ ရပ်နေရသည့်တိုင်အောင် သူ၌ အကြောက်တရားမရှိပေ။
“ ဒါက ဘယ်လို ဟာသမျိုးလဲ.. ”
“ ဒီလောက်ထိ ဖြစ်ခဲ့ပြီးမှ.. ဓားပိုင်ရှင်က လူမမယ် ကလေးတစ်ယောက်တဲ့လား ”
လူတိုင်း တုန်လှုပ်သွားကြသည်။
“ ဟမ့်.. လူကလေး.. မင်းဘယ်ကပဲလာလာ.. ခဏနေကျရင် ရွှေတုံး ၁၉၂၀၀ ထုတ်ပေးနိုင်ဖို့ပဲ မျှော်လင့်တယ်.. ”
အေးစက်နေသည့် လေသံနှင့်အတူ လူတစ်ယောက် ရှေ့ထွက်လာသည်။ ကျားဖြူလက်နက်အရောင်းဆိုင်မှ မန်နေဂျာလော ရှေ့ထွက်လာကာ ၀မ်ချောင်အား ရက်စက် ကြမ်းကြုတ်စွာ စူးစိုက်ကြည့်နေသည်။
သူနှင့်အတူ အခြားလက်နက်အရောင်းဆိုင်များနှင့် လက်နက်အလုပ်ရုံမှ လူများကလည်း ၀မ်ချောင်အား ကြည့်လျက်ရှိသည်။
၀မ်ချောင်၏ အပြုအမူများက မြို့တော်ရှိ ထင်ရှားသည့် လက်နက်အရောင်းဆိုင်များအပေါ် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်စေခဲ့၏။ ၀မ်ချောင် ပြုလုပ်ခဲ့သည့်အရာက မြို့တော်ရှိ အခြားလူများ၏ ဓားများအား အထင်သေးလို ဖြစ်ခဲ့ပြီး သူတို့အနေဖြင့် ၀မ်ချောင်၏ အပြုအမူကြောင့် အရှက်ခွဲရသလို ဖြစ်ခဲ့ကြသည်။
ထို့ကြောင့် ယခုအချိန်၌ များလှစွာသော လက်နက်အရောင်းဆိုင်များနှင့် အလုပ်ရုံများက သူတို့၏ အကောင်းဆုံးသော ဓားများအား ပွဲထုတ်ကာ ဓားစီးချင်းထိုးချင်းပွဲ၌ ပါ၀င်ခဲ့ကြခြင်း ဖြစ်လေသည်။ ထိုလူအားလုံး၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ဖြစ်ပြီး ကုန်သွယ်ရေးနည်းလမ်းများအား ဆန့်ကျင့်ခဲ့သည့် ဤ ‘ ဂြိုလ်ကောင် ’အား သင်ခန်းစာပေးရန်သာ ဖြစ်လေသည်။
ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့်သာလျှင် အနာဂတ်၌ ထိုနည်းလမ်းကဲ့သို့ လမ်းဖောက်သူများအား သတိပေးပြီးသား ဖြစ်သွားချေမည်ဖြစ်ပြီး မြို့တော်၏ ထင်ရှားသည့်လက်နက်အရောင်းဆိုင်များဟူသည့် သူတို့၏ ဂုဏ်ပုဒ်ကိုလည်း ထိန်းသိမ်းနိင်မည်ဖြစ်သည်။
“ စိတ်အေးအေးထားကြပါ.. ကျုပ်ဒီမှာ ရောက်နေပြီလေ.. လူဒီလောက်များတာ ကျုပ်ပြေးလို့ကော လွတ်နိုင်မှာတဲ့လား.. အဲ့ဒါထက် သင်တို့အားလုံး ရွှေတုံး ၁၂၀၀ ပြင်ဆင်ထားပြီးပြီလားလို့ မေးသင့်တဲ့သူက ကျုပ် မဟုတ်ဘူးလား ”
၀မ်ချောင် မပြောင်းမလဲ မေးခွန်းထုတ်လိုက်သည်။
“ မောက်မာလိုက်တာ.. ”
လက်နက်အရောင်းဆိုင်များနှင့် အလုပ်ရုံများမှ ကိုယ်စားလှယ်များ ဒေါသ ဆူဝေသွားကြသည်။ အကယ်၍ ထိုစကားများအား ပြောသည့်သူက မြို့တော်၏ ထင်ရှားကျော်ကြားသည့် ကလန်များမှဆိုလျှင် ထိုသို့ မလေးစားမှုအား သည်းခံနေပေလိမ့်မည်။ သို့ဆိုစေ ယခုသူတို့အား လူသိရှင်ကြား အရှက်ခွဲနေသည့်သူမှာ မရင်းနှီးသည့် လူငယ်လေး ၀မ်ချောင်ထံမှ ဖြစ်နေသည်။
“ အဲ့တာက ရွှေတုံး ၁၂၀၀ ပဲမဟုတ်ဘူး.. ငါတို့က ဒီငွေလေးလောက်ကို စာမဖွဲ့ဘူး.. မင်းသာ တတ်နိုင်တယ်ဆိုရင် ငါတို့ဆီကနေ ယူသာသွားလိုက် ”
သူတို့၏ မျက်နှာများ နီရဲလျက်နေပြီး ဒေါသထွက်လွန်နေကာ စကားဆက်ပြောချင်စိတ်ပင် မရှိကြတော့ချေ။
“ ၀မ်ကုန်းကျီ.. ”
လူတိုင်း၏ အာရုံစိုက်မှုက ၀မ်ချောင်ထံ၌ မရှိတော့သည်နှင့် တစ်ပြိုင်နက် ကျန်းခုံးနှင့် ကျန်းကျန့် က ၀မ်ချောင်ထံ အလျင်အမြန်ပြေးလာကာ လေသံတိုးဖြင့်...
“ နောင်တရဖို့ နောက်မကျသေးဘူးနော်.. ငါတို့ ကျန်းကလန်မှာ မင်းကို ကူညီနိုင်မဲ့ ဓားနည်းနည်းရှိတယ်.. မင်းတိတ်တဆိတ် လဲ...... ”
ထပ်တူညီစွာ ကျန်းကလန်သည်လည်း ဓားစီးချင်းထိုးပွဲ၌ ပါ၀င်ပေသည်။ ထိုအရာက သူတို့က ၀မ်ချောင်၏ အနာပေါ် ဆားပက်ခြင်း မဟုတ်ပဲ ‘ ကမ္ဘာ့အဆင့်တစ် ဓား ’ အတွက်သာ ဖြစ်ပေသည်။
သို့သော် ယခုအချိန်၌ ထိုအရာက ဒုတိယစိတ်ပူရမည်အရာသာ ဖြစ်သည်။ သူတို့က ၀မ်ချောင်အတွက်သာ ပိုမို ပူပန်နေကြသည်။
“ ... မင်းက ဒီကိစ္စရဲ့ သက်ရောက်မှုကို မသိသေးလို့ပဲနေမယ်.. အပြင်ကိုကြည့်လိုက်ဦး မြို့တော်က လက်နက်ကုန်သည် အားလုံးနီးပါး ဒီမှာ စုရုံးနေကြပြီ.. တကယ်လို့ မင်းရှုံးမယ်ဆိုရင် မတွေးရဲစရာပဲ ”
“ ဓားစီးချင်းထိုးပွဲက မစသေးဘူး မဟုတ်လား.. ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ ”
နှစ်ဦးသား အလျင်အမြန် ဖျောင်းဖျ ပြောဆိုနေကြသည်။ သူတို့ မကူညီနိုင်သည့်တိုင်အောင် ၀မ်ကလန်အပေါ် စိုးရိမ်နေကြလေသည်။
သူတို့သည် ၀မ်ကလန်သို့ နှစ်ကြိမ်ပင် ရောက်ရှိခဲ့သည်ဖြစ်ပြီး ၀မ်ကလန်တစ်ခုလုံသာမက ၀မ်သခင်မကြီးသည်ပင် ဤကိစ္စအား သိရှိထားပုံ မရပေ။
၀မ်ကလန်၏နောက်ကွယ်၌ ၀မ်ချောင်သာ တစ်ဦးတည်း ကျိတ်ကိုင်တွယ်နေပုံ ပေါ်သည်။
၀မ်ချောင်အား မည်သည့်အရာက ကျားကန်ပေးနေသည်ဖြစ်စေ အကယ်၍ ၀မ်ချောင် ရှုံးနိမ့်ခဲ့လျှင် ၀မ်ကလန်တစ်ခုလုံးက သူ၏ လုပ်ဆောင်မှုအား တာ၀န်ခံရပေမည်။ ထို့နောက် ကြီးမားသည့်မုန်တိုင်းက ၀မ်ကလန်အား မွှေနှောက်ပေလိမ့်မည်။
သူတို့နှစ်ယောက်သည် ဟိုက်ဒရာဘတ်သတ္ထုရိုင်း စာချုပ်အား ပိုင်ဆိုင်ချင်သော်လည်း ၀မ်ကလန်အား ဤကိစ္စကြောင့် မကျဆင်းသွားစေလိုပေ။
၀မ်ချောင် ထိုနှစ်ယောက်အား စူးစိုက်ကြည့်လိုက်မိပြီး ပြောမနိုင်လောက်သည့် နွေးထွေးမှုက သူ့နှလုံးသား၌ ဖြစ်ပေါ်လာသည်။ အကယ်၍ အခြေအနေပေးလျှင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းစာချုပ်အား သူတို့ကို ပေးလိုက်လိမ့်မည်။
သူတို့အနေဖြင့် သတ္ထုရိုင်း၏ သဘောတူထားသည့် စျေးနှုန်းအား တတ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ကျန်းခုံးနှင့်ကျန်းကျန့် မသိထားသည်မှာ ၀မ်ချောင်အနေဖြင့် သူ၏ဓားက အခြားသူများ၏ ဓားများအား ရှုံးနိမ့်လိမ့်မည်ဟု ဘယ်တော့အခါမှ တွေးထားခဲ့ခြင်း မရှိသည်ကိုပင်။
“ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ခင်ဗျားတို့ အကူအညီကို ကျုပ်လိုအပ်တယ်ဆိုရင် ခင်ဗျားတို့ နှစ်ယောက်လုံးကို အသိပေးပါ့မယ်. ”
၀မ်ချောင် ယဉ်ကျေးစွာဖြင့် သူတို့၏ တောင်းဆိုမှုအား ငြင်းပယ်လိုက်သည်။
“ ဟင်း...... ”
နှစ်ဦးသား သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ ၀မ်ချောင်အား နားချရန် မဖြစ်နိုင်သည်ကို သိကြပြီ ဖြစ်သောကြောင့်..
“ ဒါက ဒီလိုဆိုတော့လဲ.. ကျုပ်တို့ မင်းအတွက် ဆုတောင်းနေပေးပါ့မယ်. ”
စိတ်ပျက်သည့်အမူအရာများက ထွက်ခွာမသွားခင် သူတို့၏ မျက်လုံးများထဲ၌ ရောင်ပြန်ဟပ်သွားခဲ့ကြသည်။
၀မ်ချောင် ထိုသူနှစ်ယောက်၏ နောက်ကျောအား တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။ အချိန်တိုင်း၌ အမှန်တရားသည် လူနည်းစု၏ လက်ထဲ၌သာ ရှိသည်။ ထိုသူနှစ်ယောက်က သူသည် သူ့ကလန်အပေါ် ကပ်ဆိုးသာ ကျရောက်စေလိမ့်မည်ဟု တွေးထင်ထားသော်လည်း ဝုစ်သံမဏိဓား၏ ပြောင်မြောက်လှစွာသော စွမ်းရည်များ ကိုယ်တိုင် မျက်မြင် ကြုံတွေ့လိုက်ရသည်နှင့် ထိုသို့ တွေးထင်တော့မည် မဟုတ်ချေ။
၀မ်ချောင် ခေါင်းမော့ကာ ကောင်းကင်အား တစ်ချက်ကြည့်လိုက်သည်။ နေလုံးကြီးက တဖြည်းဖြည်းနှင့် သူတို့ ခေါင်းပေါ် ရောက်ချေတော့မည်။
“ အချိန်ကျပြီပဲ.. ”
၀မ်ချောင် တွေးလိုက်သည်။ သူ၏ ၀တ်ရုံအား တစ်ချက် ခါလိုက်ပြီး သလင်းပြာစံအိမ်၏ စင်မြင့်ရှိရာသို့ သွားလိုက်သည်။
ဘုန်း..........
သလင်းပြာစံအိမ် တတိယထပ်ရှိ စင်မြင့်အလယ်၌ ၀မ်ချောင် ရပ်လိုက်သည်တွင် လူအများ၏ အကြည့်များက စုရုံးလာခဲ့တော့သည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 58.
မှင်သက်စေသည့် စွမ်းရည်
“ ကြည့်စမ်း.. ကြည့်စမ်း.. ပွဲစနေပြီ.. ”
“ ဟားဟား... မဟာပန်းပဲကလန်ကြီးလေးခုကို ရန်စတဲ့သူက လူငယ်လေးတစ်ယောက် ဖြစ်နေမယ်လို့ မင်းတွေးဖူးလား ”
“ အချိန်အကြာကြီးစောင့်ပြီး နောက်ဆုံးတော့ ဓားက ထွက်ပေါ်လာတော့မယ်.. ဘယ်လိုဓားမျိုးကများ ရွှေတုံး တစ်သောင်း တန်ကြေးရှိနိုင်တာလဲ သိချင်လှပြီ.. ”
“ အခုဟာက ရွှေတုံး တစ်သောင်းမကဘူး.. ရွှေတုံး ၁၉၂၀၀ ကွ.. သူသာရှုံးလို့ကတော့ အဲ့ဒီ ပမာဏကို လူတိုင်းကို ပေးရတော့မှာ.. ”
“ မြတ်စွာဘုရား.. ဒါပြီးရင် သူ ဒေဝါလီ ခံရတော့မယ် ထင်တယ်.. ”
“ ဒါပေါ့.. မင်းက မဟာပန်းပဲကလန်ကြီးလေးခုကို စိန်ခေါ်ခဲ့တာတောင် ဘာမှ မဖြစ်ပဲ ပြီးသွားမယ်လို့ ထင်နေတာလား ”
“ ဒီကလေး သနားစရာကောင်းလိုက်တာ ”
........
သလင်းပြာစံအိမ်၏ အပြင်ဘက်၌ လူပင်လယ်ကြီးက စုဝေးနေပြီး အပြင်ဘက်၌ ဆူညံဆူညံ ဖြစ်နေကြသည်။ စားသုံးသူ စျေးကွက်ချဲ့ထွင်ခြင်း၏ ခုနစ်ရက်မြောက်နေ့၌ သလင်းပြာစံအိမ်၏ ဓားအပေါ် သိချင်စိတ် ပြင်းပြနေမှုတို့က အဆုံးသတ်ပေတော့မည်။
မည်သို့သော ဓားက လူတိုင်းက ကြည့်ခွင့် ထိခွင့် မပေးနိုင်ရလေသနည်း။
ထိုအရာက မည်သို့သော ရတနာ ဖြစ်သည့်အတွက် ဓားပိုင်ရှင်က ရွှေတုံး ၁၉၂၀၀ ပင် စျေးခေါ်နိုင်ရသနည်း။
ယခုတွင် အမှန်တားက ပေါ်ပေါက်လာပေတော့မည်။
“ လူတိုင်းပဲ.. အဆင်သင့်ဖြစ်ကြပြီလား.. ”
အပြင်ဘက်မှ ကြားနေရသည့် အသံဗလံများကြောင့် ၀မ်ချောင် လှည့်လိုက်ကာ စံအိမ်အတွင်းရှိ လူအားလုံးအား ကြည့်လိုက်ပြီး..
“ တကယ်လို့ ဓားကို ၀ယ်ယူချင်တယ်ဆိုရင်.. အခုလက်ရှိ ရွှေတုံး ၁၉၂၀၀ ပဲ ကျသင့်ပါမယ်.. ဒါက နောက်ဆုံး အခွင့်အရေးပါ ”
ဟုန်း.........
၀မ်ချောင် ပြန်လည်ရရှိလိုက်သည့် တုံပြန်မှုက ရယ်သံများသာ ဖြစ်လေသည်။ ချမ်ကလန်မှ အကြီးအကဲ ချမ်ယိုချင်း ပင်လျှင် မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။ အစဦး၌ ရွှေတုံး ၆၀၀ သာရှိစဉ် မည်သူမျှ ဤနေရာသို့ ဓားများ မယူခဲ့ကြချေ။ ယခုတွင် ထိုအရာက အံ့အားသင့်ဖွယ် ပမာဏဖြစ်သည့် ရွှေတုံး ၁၉၂၀၀ ဖြစ်နေချေပြီ။ လူတစ်ယောက်မှ ထိုဓားအား ၀ယ်ယူလိမ့်မည်ဟု ထင်နေခြင်းမှာ ဟာသတစ်ခုသာ ဖြစ်ပေမည်။
ပြီးလျှင် မည်သူမျှ ထိုမျှလောက် ရူးသွပ်ခြင်းမရှိသည်လည်း ဖြစ်နိုင်ပေသည်။
“ လူငယ်လေး.. မင်းက ဟာသဉာဏ်တော့ အတော်ရွှင်သား.. ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါ့အထင်တော့ မင်းရဲ့ဓားကို ထုတ်ပြသင့်ပြီ မဟုတ်ဘူးလား ”
“ အမှန်ပဲ... မင်းအနေနဲ့ ရွှေတုံး ၁၉၂၀၀ တန်တယ်လို့ ထင်ထားတဲ့ ဓားကို လူတိုင်းမြင်အောင် ပြလိုက်စမ်းပါ.. ”
လူတစ်ယောက်က တက်တက်ကြွကြွဖြင့် ပြောလိုက်ရာ စံအိမ်ရှိလူတိုင်းက ထပ်မံ ရယ်လိုက်ကြပြန်သည်။
“ အဓိပ္ပာယ်မရှိတာ မပြောနဲ့စမ်း.. မင်းက ရွှေတုံး ၁၉၂၀၀ လို့ ဘာလို့ပြောတာလဲ.. ဒါနေ့ စျေးနှစ်ဆ တက်ဦးမှာကွ.. ”
“ မှန်တယ် မှန်တယ်.. တကယ်ဆိုလက်ရှိမှာ ရွှေတုံး ၃၈၄၀၀ ဖြစ်ရမှာ.. ဘယ်သူပဲနေနေ ပေါက်တက်ကရ ထပ်ပြောကြည့် ငါသူ့ကို ရိုက်သတ်ပစ်မယ်.. ”
“ ဒီခွေးကောင်လေး.. ဒီမှာ လူအများကြီးရှိတယ်.. မင်း ပြေးလို့ လွတ်မယ်လို့တော့ မထင်နေဘူး မဟုတ်လား.. ”
“ ဟားဟား.... သူ ပြေးလွတ်မယ်လို့များ မင်းထင်နေသေးတာလား ”
....
ရယ်မောလှောင်ပြောင်သံများ၊ ပြက်ရယ်ပြုသံများ က သလင်းပြာစံအိမ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ပတ်ပတ်လည်ရှိ လူအားလုံးက ထိုသူငယ်အပေါ် အထင်သေးနေကြသည်။
မုတ်ဆိတ်နှင့် ကျောက်ဖုန်းချန်သာ တိတ်ဆိတ်နေလျက်ရှိသည်။
သူတို့က ၀မ်ချောင်အား မှန်းဆနေဟန်ဖြင့် ကြည့်နေကြသည်။
“ ၀မ်ချောင်.. တကယ် အဆင်ပြေပါ့မလား.. ”
အရပ်မျက်နှာတိုင်းမှ လှောင်ပြောင်ရယ်မောသံများကြောင့် ဝေဟောင်၏ မျက်နှာ တစ်ဖန် ဖြူလျော်သွားပြန်သည်။
“ မပူပါနဲ့... ”
၀မ်ချောင် ဝေဟောင်၏ ပုခုံးအား ပုတ်လိုက်ကာ တုံးဆိုင်းခြင်းမရှိ ပြောလိုက်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ၀မ်ချောင်၏ တည်ငြိမ်သည့် စိတ်ထားကြောင့် ဝေဟောင်သည်လည်း စိတ်သက်သာရာ ရလာလေသည်။
“ ကောင်းပြီလေ.. ဘယ်သူမှ စိတ်မ၀င်စားဘူးဆိုမှတော့.. ဓားစီးချင်းထိုးပွဲကို စလိုက်ကြရအောင်.. ”
၀မ်ချောင် တစ်ချက်ကြည့်ကာ ခေါင်းမော့လိုက်သည်။
“ ခနနပေါဦး... ”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ ၀မ်ချောင် ခေါင်းငှဲ့ကြည့်လိုက်သည်တွင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။
“ ဟွမ်ကျောင်း.. ”
၀မ်ချောင်နှင့် ဝေဟောင်၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူတို့က ထိုသူအား ချက်ချင်းပင် မှတ်မိလိုက်လေသည်။ ထိုသူက သလင်းပြာစံအိမ်၌ ပထမနေ့ရက်ကတည်းကပင် ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူဖြစ်ပြီး ၀မ်ချောင်မှာ လူအာရုံစိုက်ခံချင်ရုံသာ ပြုလုပ်သူဖြစ်ကြောင်း ပြောဆိုကာ လူစုခွဲစေခဲ့သူ ဖြစ်ပေသည်။
“ ဟားဟား... ကောင်လေး.. မင်းက ဓားစီးချင်းထိုးပွဲကို စတင်ခဲ့သူဆိုတာ အမှန်ပဲ ဖြစ်ရမယ်.. ဘာပဲဖြစ်ဖြစ် ငါတို့ အနေနဲ့ စည်းမျဉ်းလေးတွေထားထား သင့်တယ် မဟုတ်လား ”
ဟွမ်ကျောင်း အေးစက်စက် လှောင်ပြောင်လိုက်သည်။ သူ့အနေဖြင့် ၀မ်ချောင် အပေါ် အကောင်းမြင်စိတ်မရှိသောကြောင့် သူ၏ စကားလုံးများက ဖော်ရွှေ မနေပေ။
“ မင်းဘာပြောချင်တာလဲ ”
၀မ်ချောင် ထူးမခြားနားစွာ တုံ့ပြန်လိုက်သည်။
“ ဒီနေရာမှာ ဓားတွေ အများကြီးရှိနေတာ.. ငါတို့က ကြုံရာကျပန်း ရွေးပြီးတော့ ယှဉ်ပြိုင်မလို့လား.. ဒီမှာရှိတဲ့ ဓားတိုင်းက လူတိုင်းရဲ့ ဂုဏ်ယူရတဲ့ ပိုင်ဆိုင်မှုတွေချည်းပဲလေ.. ပြီးတော့ ဓားတစ်လက်ချင်းစီကလည်း အရမ်း ထက်ကြတယ်.. ဓားတစ်လက်ကို ဓားချင်းဆိုင် အနိုင်ယူနိုင်မယ်ဆိုရင်တောင်မှ အပွန်းအပဲ့တော့ ဖြစ်စေမှာ အမှန်ပဲ.. ဒါဆိုရင် အကုန်လုံးကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ”
“ ဒါကြောင့်.. ငါ့မှာ အကြံတစ်ခုရှိတယ်.. ပထမဆုံး ငါတို့ရဲ့ဓား ဘယ်လောက်ထက်တယ်ဆိုတာနဲ့ သတ္ထုကို ဘယ်လောက်အနက်ထိ ပိုင်းဖြတ်နိုင်လဲဆိုတာ အရင်စမ်းသပ် ကြည့်မယ်လေ.. ဒီနည်းလမ်းနဲ့ အဆင့်မမှီတဲ့ ဓားတွေကို စိန်ခေါ်ပွဲကနေ ထုတ်ပစ်လိုက်ကြမယ်.. ဒါနည်းလမ်းနဲ့ဆိုရင် လူတိုင်းက ဓားကို အပွန်းအပဲ့ ဖြစ်မှာကနေ ကာကွယ်နိုင်ယုံသာမက တစ်ခြားလူတွေရဲ့ ဓားတွေကို ချမ်းသာရာပေးရာလဲ ရောက်မယ်.. မင်းတို့ ဘယ်လိုထင်ကြလဲ.. ”
ဟွမ်ကျောင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“ ကောင်းလိုက်တဲ့အကြံ.. ဒီအကြံက အရမ်းမိုက်တယ်.. ”
ဟွမ်ကျောင်း၏ အကြံပြုချက်အား လူပေါင်းများစွာက ချက်ချင်းပင် သဘောတူကြလေသည်။
“ ဒါဆိုရင် ငါတို့က အရင်ဆုံး စာရင်းသွင်းမယ်.. ငါတို့ လီကလန်ရဲ့ ဓားက အကြိမ်ပေါင်းများစွာ သန့်စင်ထားပြီး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထုနှက်ပြီး လုပ်ထားတာဖြစ်တယ်.. ဒါက မာကျောရုံမက အလွန်ကိုမှလဲ ထက်တယ်.. သတ္ထုရိုင်း ၄.၅ စင်တီမီတာကို ခုတ်ဖြတ်နိုင်တယ်.. ”
အသက်လေးဆယ်အရွယ်ခန့်ရှိ ၀တ်ရုံပေါ်၌ ‘ ချင်းထန် လီကလန် ’ဟု ရေးထိုးထားသည့် လူတစ်ယောက်က မတ်တပ်ရပ်လိုက်သည်။ စံအိမ်ရှိ ချိတ်ဆွဲထားသည့် ဓားတစ်လက်အား ညွှန်ပြလျက် ၀မ်းပမ်းတသာ ပြောလိုက်သည်။
“ ဟမ့်... မင်းတို့က ဒီလိုလက်နက်ကိုတောင် ထုတ်လာရဲသေးတာလား.. ငါတို့ အပြာရောင်လွင်ပြင် ကျန့်ကလန်ဟာဆိုရင် မျိုးဆက်ပေါင်းများစွာ ပန်းပဲပညာအပေါ် မြုပ်နှံထားခဲ့ကြတာ.. ငါတို့ရဲ့ ဓားက သတ္ထုရိုင်း ၅.၁ စင်တီမီတာကို ခုတ်ဖြတ်နိုင်တယ်ကွ.. ”
လီကလန်မှလူ ပြောပြီးသည်နှင့် အခြား ပန်းပဲကလန်သားများကလည်း ရုတ်ချည်းပင် သူ့ထက်ငါ အလုအယက် တစ်ယောက်တစ်ပေါက် အော်ဟစ်ကြလေတော့သည်။
“ မင်းတို့ နှစ်ယောက် ငြင်းခုန်မနေကြနဲ့တော့.. ငါတို့ရဲ့ ပိတ်ဆို့သတ္ထု ဓားအလုပ်ရုံက သွန်းလုပ်ထားတဲ့ သတ်ဖြတ်ခြင်းသားတော်ဟာဆိုရင် ပင်လယ်ရဲ့ နက်ရှိုင်းလှတဲ့နေရာက လေးလံတဲ့ သတ္ထုနဲ့ သွန်းလုပ်ထားတာ.. ဒီဓားက မင်းတို့ ဂုဏ်ယူလှပါချည်ရဲ့ ဆိုတဲ့ဓားကို သံချေးကိုက်နေတဲ့ သတ္ထုတုံးလိုမျိုး ပိုင်းဖြတ် ပစ်နိုင်တယ်ကွ.. ”
များပြားလှစွာသော လက်နက်အရောင်းဆိုင်များနှင့် အလုပ်ရုံများကလည်း ရှေ့ထွက်လာကြသည်။ မကြာမှီပင် သလင်းပြာစံအိမ်၌ အပြင်းအထန် ဆွေးနွေးငြင်းခုန်လာကြပြီး ဟန်ဘာသာစကားအား မကျွမ်းကျင်ကြသည့် အနောက်တိုင်းမှ ကုန်သည်များပင် ပါ၀င်လာကြလေတော့သည်။
အချို့လူများမှာ စကားစစ်ထိုးပွဲ၌ အလွန် အားစိုက်နေသည့်အတွက် မျက်နှာများပင် နီရဲလာခဲ့သည်။
၀မ်ချောင် ထိုသူတို့၏ စကားများအား ကြားနေရလေ၏။ ထိုသူတို့၏ စကားစစ်ထိုးပွဲက အရှိန်မြင့်တက်လျက်ရှိနေသော်လည်း အချုပ်ဆိုရသော် မည်သည့် ဓားကမှ သတ္ထုရိုင်း ၅ခန် အား ပိုင်းဖြတ်ရန် မထက်ကြချေ။
( ခန် = ၃.၃၃စင်တီမီတာ.. ၅ခန်= ၁၇ စင်တီမီတာ )
သူတို့၏ ဓားများက သတ္ထုရိုင်း ၅ခန်အား မပိုင်းဖြတ်နိုင်လျှင်တောင်မှ ထိုသူတို့က ၀မ်းသာ ဂုဏ်ယူမဆုံး ဖြစ်လျက်နေကြကာ ၀င့်ကြွားနေသည့် သူတို့၏ နှာခေါင်းများက ကောင်းကင်အား ထိတော့မတတ်ပင်။
၀မ်ချောင် သုံးသပ်ပြီးသည်နှင့် အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။ ဤ ထင်ရှားကျော်ကြားသည့် မိသားစုများက ယှဉ်ပြိုင်းကြခြင်းမရှိသည်မှာ အချိန်အတော်ကြာခဲ့ကြလေပြီ။ သူတို့သည် နောက်ဆုံး၌ ဝုစ်သံမဏိဓားအား မြင်ရပြီးသည့်နောက်တွင် စစ်မှန်သည့် ထိပ်တန်းဓားမှာ မည်သည်ဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။
“ မင်းတို့ ငြင်းခုံနေစရာမလိုပါဘူး.. ဒီလိုမျိုး ပြဿနာဖြစ်နေကြစရာလဲ မလိုပါဘူး.. ”
၀မ်ချောင်၏ စကားသံက ရုတ်တရက် လူတိုင်း၏ နားစည်ထဲသို့ ၀င်ရောက်လာခဲ့လေသည်။ ထို့နောက် သူက ဝေဟောင်၏ ပုခုံးအား ပုတ်လိုက်ကာ လက်ဟန်ပြလိုက်သည်။ ၀မ်ချောင်၏ ရည်ရွယ်ချက်အား နားလည်စွာ သလင်းပြာစံအိမ်၏ တတိယထပ်ရှိ အပြစ်တင်နေသူများထံ ခုန်၀င်သွားလိုက်ကာ စင်ပေါ်တက်လိုက်ပြီး ဝုစ်သံမဏိဓားအား ဆုပ်ကိုင်ထားလိုက်သည်။
ချွမ်း...
ဓားဆွဲထုတ်သံက ခေါငးလောင်းကဲ့သို့ မြည်ဟည်းလာခဲ့သည်။ လေဟာပြင်ထဲ၌ အလင်းရောင်တစ်ချက်လက်သွားပြီး လူတိုင်းက မည်သို့ ဖြစ်ပျက်သွားသည်ကို မသိရှိလိုက်ခင်မှာပင် ဝေဟောင်က သလင်းပြာစံအိမ်ရှေ့ရှိ သတ္ထုတောင်ကြီးထံသို့ တိုက်ရိုက် ခုန်ပျံသွားလိုက်လေသည်။
ဘုန်း.. ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်များက ကောင်ကင်ယံသို့တိုင် ဖုံးလွှမ်းသွားခဲ့သည်။
ထိုအဖြစ်အပျက်က လျင်မြန်လွန်းလှသောကြောင့် သလင်းပြာစံအိမ်ရှေ့ရှိ လူအုပ်ကြီးမှာ ထိုအရာအား သတိထားမိသည်နှင့် ညိမ်သက်သွားကြသည်။
ခွပ်..ခွပ်..ခွပ်.....
ဖုန်မှုန့်တိမ်တိုက်အကြား၌ မိုးရွာသလို သတ္ထုပြုတ်ကျလာသံများက ဝေဟောင်ဘေးမှ ထွက်ပေါ်လာခဲ့သည်။ ဓားစီးချင်းထိုးပွဲအတွက် စံအိမ်၌ ချိတ်ဆွဲထားသည့် ဓားအလက်နှစ်ဆယ်ကျော် ထက်ပိုင်းကျိုးသွားခဲ့ပြီး ဓားဦးများက အပေါ်မှ ပြုတ်ကျလာကာ မြေပြင်၌ စိုက်၀င်နေလျက်ရှိသည်။
ဘုန်း.. ဖုန်မှုန့်တိမ်တိုက် အတွင်းရှိ လူတစ်ရပ်ခန့်မြင့်သည့် သတ္ထုတောင်ကြီးမှာလည်း ထက်ခြမ်း ကွဲနေကာ တစ်ဖက်တစ်ချက်စီ၌ ပြိုလဲလျက်ရှိသည်။ အလယ်၌ ခုတ်ရာပင် မကျန်တော့အောင် မျက်နှာပြင်က ချောမွေ့လိုက်ရှိလေသည်။
၀မျးးးးးး............
ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် သလင်းပြာစံအိမ် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ မှင်သက်သွားပြီး လုံး၀အတိ တိတ်ဆိတ်သွားလေတော့သည်။
ထို့နောက် ငြင်းခုံနေကြသည့် သလင်းပြာစံအိမ်ထဲရှိ လူအုပ်ကြီးကလည်း သတိထားမိသွားကြသည်။ သူတို့ အားလုံး ယင်ကောင် ၀င်ဥနိုင်လောက်သည့်အထိ ပါးစပ်များ ပွင့်အာလျက်ရှိကြပြီး မည်သူမျှ စကားမဆိုနိုင်ကြတော့ပေ။
ဘုတ်....
မုတ်ဆိတ် ပွတ်သပ်နေသည့် ပတ္တမြားစီချယ်ထားသည့် ကျောက်စိမ်းလက်စွပ်မှာလည်း ကြမ်းပြင်ပေါ်ကျသွားသည့်တိုင် မုတ်ဆိတ်မှာတော့ သတိထားမိပုံ မပေါ်ပေ။
တိတ်ဆိတ်ခြင်း.......
လုံး၀ဥဿုံတိတ်ဆိတ်ခြင်း.........
ထိုအချိန်၌ သလင်းပြာစံအိမ်၏ အတွင်း၌ဖြစ်စေ အပြင်၌ဖြစ်စေ အသံတစ်ခုမှ ထွက်မလာတော့ပေ။ လူတိုင်း၏ အတွေးများက ဗလာဖြစ်လျက်နေပြီး ထို ရုတ်တရက်ဆန်လှသည့် မြင်ကွင်းက သူတို့အား မှင်သက်သွားစေသည်။ ၀မ်ချောင်က လုံ၀ မထင်မှတ်ထားသည့် နည်းလမ်းအား အသုံးပြုကာ သူတို့အား အကြီးအကျယ် အံ့အားသင့်စေခဲ့လေသည်။
ဘုန်း.......
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးချိန်၌ လူတိုင်း ပြန်လည် သတိ၀င်လာကြသည်။ ထို့နောက် ထောင်ပေါင်းများစွာသော လူများ၏ အသံက အုတ်အော်သောင်းနင်းဖြစ်လာပြီး တောင်တစ်လုံး ပြိုလဲသွားသကဲ့သို့ပင် ထင်မှတ်ရလောက်သည်။
“ အိုး.. မြတ်စွာဘုရား.. ဒီကလေး ဘယ်လိုတောင် လုပ်လိုက်တာလဲ... ”
“ သူက သတ္ထုတောင်ကြီးကို နှစ်ခြမ်း ခြမ်းပစ်လိုက်တယ်.. ဒီဟာက ခန်ဘယ်လောက်ရှိမလဲ ခန်ငါးဆယ်လောက်ရှိမလား.. ဒါမှမဟုတ် ခန်တစ်ရာတောင် ရှိမယ်ထင်ရတာပဲ.. ဒီကမ္ဘာမှာ ဒီလိုဓားမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ.. ”
“ သတ္ထုတောင်ကြီးပဲ မဟုတ်ဘူး.. သလင်းပြာစံအိမ်မှာ ချိတ်ထားတဲ့ ဓားတွေကိုလဲ ကြည့်လိုက်ဦး.. အဲ့ဓားတွေက အကုန် ထိပ်တန်းစာရင်း၀င်တွေချည်းပဲ.. ဓားတစ်လက်ချင်းစီတိုင်းက နတ်ဘုရားလက်နက်တွေလို့တောင် ပြောလို့ရတာကိုတောင်မှ ဆံပင်မွှေးလို ခုတ်ဖြတ်ခံလိုက်ရတယ်.. ဒါတောင်မှ သူက တစ်ချက်တည်းနဲ့ ဓားဆယ်ချီကို ခုတ်ဖြတ်ပစ်တာနော်... ”
“ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ ဓားမျိုး ဖြစ်တည်လာနိုင်ရတာလဲ.. ”
......
ထို ရုတ်ချည်း ဖြစ်ပျက်သွားသည့် မြင်ကွင်းက လူတိုင်းအား မှင်သက် စေခဲ့လေသည်။
ဤ ခုနစ်ရက်လုံးလုံး လူတိုင်းက ၀မ်ချောင်မှာ မိမိကိုယ်ကို အထင်ကြီးလှသည်ဟုသာ ထင်မှတ်နေကြ၏။ သူ့အား တိတ်တဆိတ်ပင် အရူးဟု သမုတ်ခဲ့ကြသည်။ ဤ ဓားစီးချင်းထိုးပွဲအား ၀မ်ချောင် အနိုင်ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် အသာလွန်ဆုံး နည်းစနစ်များအား ပန်းပဲကလန်အနည်းငယ်ကသာ ပိုင်ဆိုင်ထားနိုင်ကြသည် မဟုတ်လား။
သို့သော် လူတိုင်းက မယုံကြည့်သည့်တိုင် ၀မ်ချောင်သည် ဓားစီးချင်းထိုးပွဲ၏ အဆုံးစွန်သော အနိုင်ရသူ ဖြစ်ခဲ့လေပြီ။
၀မျးးးး...........
သလင်းပြာစံအိမ်ထဲရှိ နာမည်ကျော်ကြားသည့် လက်နက်ကုန်သည်များအားလုံး ၀မ်ချောင်အား ကြည့်လိုက်ကြသည်။ သူတို့က အပြင်ဘက်ရှိ လူအုပ်ကြီထက်ပင် အံ့သြနေကြ၏။ ချမ်၊ လီ၊ ဟွမ်နှင့် လူကလန်မှ အကြီးအကဲတို့၏ မေးရိုးများက မြေပြင်ကိုပင် ထိလုလုပင်။
“ ဘယ်လိုဖြစ်နိုင်မှာလဲ.. ”
မဟာပန်းပဲကလန်ကြီးလေးခု၏ ကလန်သားများကလည်း ရုတ်တရက် ဖြစ်သွားသည့် အခြေအနေအား လက်သင့်မခံနိုင်ပဲ ရှိနေကြသေးသည်။ ဓားစီးချင်းထိုးပွဲမတိုင်ခင် မဟာပန်းပဲကလန်ကြီးလေးခုက ၀မ်ချောင်အား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး အာရုံစိုက်မှုအား သိမ်းယူခဲ့သည်ဖြစ်ကာ သူတို့က ယခုဖြစ်ရပ်အား သူတို့၏ အကောင်းဆုံး လက်နက်များအား ထုတ်ပြနိုင်မည့် အခွင့်အရေးကောင်းတစ်ခု အဖြစ်သာ ရှူမြင်ခဲ့ကြလေသည်။
သို့သော် သူတို့၏ ဓားများအား ၀မ်ချောင်၏ ဓားက ပိုင်းဖြတ်ပစ်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးကြချေ။
“ ငါ့ရဲ့ဆေဘာ... မဖြစ်နိုင်ဘူး.... ”
ရုတ်တရက် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာတော့သည်။ သလင်းပြာစံအိမ်ပေါ်မှ ကျားဖြူလက်နက်အရောင်းဆိုင်၏ ကိုယ်စားလှယ် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ မြေပြင်မှ သူ၏ ဆေဘာကျိုးအား ကောက်ယူလိုက်ပြီး နာနာကျင်ကျင် မြည်တမ်းလျက်နေသည်။
သူ၏မျက်နှာက ဖြူလျော်နေပြီး မျက်ရည်ကျလုလု ဖြစ်နေ၏။
ထိုဆေဘာမှာ ကျားဖြူလက်နက်အရောင်းဆိုင်၏ အကောင်းဆုံးလက်နက် ဖြစ်ပေသည်။ ထိုအရာက ဤကဲ့သို့ နှစ်ပိုင်း ဖြစ်သွားခဲ့ချေပြီ။
ထိုအရာက မယုံကြည့်နိုင်လောက်အောင်ပင် ဖြစ်နေသည်။
“ မဟုတ်ဘူး... မဖြစ်နိုင်ဘူး.. ဒီလို ဥမငယ် စာမမြောက် ဆယ်ငါးနှစ်သား ကလေးတစ်ယောက်က ဒီလိုမျိုး အံံမခမ်းတဲ့ ပန်းပဲနည်းစနစ်ကို ပိုင်ဆိုင်ထားနိုင်မှာလဲ.. ”
“ ..... ပြီးတော့.. ဒီလိုမျိုး ထက်နေဖို့ ဆိုရင် ”
ကျန်းခုံးနှင့် ကျန်းကျန့် မှာ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်နေဆဲပင် ရှိသေးသည်။
လူတိုင်းမှလွဲ၍ သူတို့သည်သာ ၀မ်ချောင်၏ နောက်ခံအား အသိရှိဆုံး ဖြစ်ကြသည်။ ထိုအရာကပင် သူတို့က အံ့အားအသင့်ဆုံး ဖြစ်နေရခြင်းပင် ဖြစ်၏။
ကျိုးအမတ်ကြီး၏ မျိုးဆက်မှာ မည်သည့်အခါကမျှ ပန်းပဲပညာရပ်တွင် မပက်သက်ခဲ့ကြသောကြောင့် အကယ်၍ သူတို့အား သေသည်အထိ ရိုက်နှက်လျှင်ပင် ၀မ်ချောင်အနေဖြင့် ထိုမျှလောက် အံ့မခမ်း အစွမ်းထက်လှသည့် ဓားအား ပြုလုပ်နိုင်သည်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်း၌ သူတို့ နှစ်ဦးသား ၀မ်ချောင်အပေါ် အထင်အမြင်သေးခဲ့ကြောင်း ရုတ်ချည်း နားလည်သွားခဲ့ကာ ထိုအရာကြောင့် သူတို့အား အရှက်ရမိကြသည်။
“ ငါတို့အနေနဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ”
ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး၏ အတွေးထဲ၌ ပြိုင်တူ ပေါ်လာသည့် အရာပင်ဖြစ်လေသည်။
ကြက်သေသေ နေလျက်ပင် နှစ်ဦး အသိစိတ်ကင်းမဲ့စွာ သူတို့ရှေ့ရှိ မြင်ကွင်းအား ကြည့်နေကြသည်။
.........
နှာခေါင်း ကောင်းကင်ကိုထိတော့မယ်ဆိုတာက မော်ကြွားပြီး ခေါင်းမော့လွန်းတာကြောင့် နှာခေါင်းက ကောင်းကင်ကိုထိတော့မယ်လို့ အတိသယဝုတ္တိအလင်္ကာလေးနဲ့ တင်စားတာ ဖြစ်ပါကြောင်း။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 59.
စွမ်းအားပြည့်ဝသော
ယနေ့ မတိုင်ခင်ကဆိုလျှင် ဤမုန်တိုင်းအား သူတို့ ဟာသအဖြစ်သာ မှတ်ယူကြမည်ဖြစ်ပေသည်။
အစမှအဆုံးတိုင် ၀မ်ချောင် အနိုင်ရလိမ့်မည်ဟု သူတို့ တစ်ခုမှ မတွေးခဲ့ဖူးပေ။ မကြာသေးမှီကပင် သူတို့က ၀မ်ချောင်ကို ဓားစီးချင်းထိုးပွဲအား အလျော့ပေးလိုက်ရန် နားချခဲ့သည် မဟုတ်လား။
ထိုအတွက် ကျန်းကလန်အနေဖြင့် သူတို့၏ ကိုယ်ပိုင် ဓားကို အသုံးပြုကာ ဆုံးရှုံးမှုအား လျော့ကျစေမည်ဖြစ်သည်။ သူတို့နှစ်ယောက်အနေဖြင့် ဟိုက်ဒရာဘတ်သတ္ထုရိုင်းစာချုပ်အား လက်မလွှတ်နိုင်သည့်တိုင် ဤဖြစ်ရပ်မှနေ၍ ၀မ်ကလန် ထိခိုက်မှု မဖြစ်စေရန်လည်း ကူညီချင်ကြပြန်သည်။
၀မ်ချောင် အနိုင်ရလိမ့်မည်ဟူသည့်အတွေးအား သူတို့ စိတ်ထဲ၌ တစ်ခါမှပင် မပေါ်ပေါက်ခဲ့ဖူးချေ။ တစ်ခေါက်ပင် မဖြစ်ခဲ့ဖူးချေ။
သလင်းပြာစံအိမ်ထဲရှိ ဟွမ်ကျောင်းမှာ ဆွံအနေဟန် ရသည်။
ယခုလေးတင် စီးချင်းထိုးပွဲအတွက် ပိုမိုသင့်တော်သည့် အကြံဉာဏ်အား နားချပေးခဲ့သည့် မဟုတ်လား။ သို့တိုင် ချက်ချင်း လက်ငင်းပင် သူ့အနေဖြင့် ‘ အာရုံစိုက်ခံချင်တဲ့ကောင် ’ဟု သမုတ်ခဲ့သည့်သူက တစ်ချက်တည်းနှင့် အလက်နှစ်ဆယ်ကျော်သည့် ထိပ်တန်းစာရင်း၀င် ဓားများအား ဖျက်ဆီးခဲ့ကာ လွှမ်းမိုးနိုင်စွမ်းကြီးမားသည့် စွမ်းအားကို ပြသလိုက်သည်။
“ ဒီကောင်လေးက ဘယ်ကလဲ.. ”
တစ်ချိန်တည်း၌ ဟွမ်ကျောင်း ခေါင်းအစ ခြေအဆုံး အေးစိမ့်လာသည်ဟု ခံစားလိုက်ရသည်။ သလင်းပြာစံအိမ်တစ်ခုလုံး ချောက်ချားဖွယ် တိတ်ဆိတ်လျက်နေလေသည်။
ယှဉ်ရလျှင် ၀င်ပေါက်မှာတော့ ယောက်ယက်ခတ်နေသည်။ လူအုပ်ကြီးထဲမှ မရေမတွက်နိုင်လောက်သည့် လက်နက်ကုန်သည်ငယ်လေးများက လက်ရှိအချိန်၌ ထိုမြင်ကွင်းအား မြင်ပြီး ရစ်စတာစကေး ၁၂ ခန့်ရှိသည့် ငလျင် လှုပ်ခတ်နေသည်ဟု သူတို့၏ စိတ်ထဲတွင် ခံစကားနေရကာ အံ့သြထိတ်လန့်နေကြသည်။
သလင်းပြာစံအိမ်ရှိ ဖြစ်စဉ်က မြို့တော်ရှိ လက်နက်ကုန်သည်များ အားလုံးနီးပါးကို ဆွဲဆောင်နိုင်ခဲ့သည် ဖြစ်လေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဓားစီးချင်းထိုးပွဲ တရား၀င် မကြေငြာရသေးသည့်တိုင် လူတိုင်းက ဓားစီးချင်းထိုးပွဲ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လာရောက် စနည်းနာနေကြပြီး ဖြစ်ပေသည်။
သလင်းပြာစံအိမ်၌ ချိတ်ဆွဲထားသည့် ဓားများမှာ အစွမ်းထက်ဆုံးမှနေ၍ အစဉ်အတိုင်း စီရီထားခြင်းဖြစ်ရာ နောက်ဆုံးမှ ဓားမှာ စွမ်းအား အနည်းဆုံး ဖြစ်၏။ ဝေဟောင်၏ လှုပ်ရှားမှုက ဓားအလက်နှစ်ဆယ်ကျော်ကိုသာ ပိုင်းဖြတ်နိုင်ခဲ့သော်လည်း ထို ဓားအလက်နှစ်ဆယ်လုံးမှာ သလင်းပြာစံအိမ်ရှိ အကောင်းတကာ့အကောင်းဆုံး အထက်မျှဆုံးဆိုသည့် ဓားများသာ ဖြစ်ချေသည်။
ထိုထဲ၌ နာမည်ကျော်ဇောခြင်းမရှိသည့် ဓားတစ်ချောင်းမှ မပါရှိပေ။
မည်သို့ဆိုစေ ၀မ်ချောင် သွန်းလုပ်ခဲ့သည့် ဝုစ်သံမဏိဓား ပေါ်ထွက်မလာခင်က ထိုဓားအားလုံးမှာ အကြွင်းမဲ့ ဖျက်ဆီးမရနိုင်သည့် ဓားများပင် ဖြစ်ခဲ့သည်။
“ ဘယ်လို ဓားမျိုးလဲကွာ.. အရမ်းကို ဖြုံသွားစေတယ် ”
လူတိုင်း၏ နှလုံးသားထဲမှ ထိတ်လန့် အံ့သြနေကြသည်။ လက်နက်အရောင်းဆိုင်များနှင့် လက်နက်အလုပ်ရုံများကို မဆိုနှင့် ဟွမ်၊ လူ၊ ချမ်၊ ကျန်းကလန်တို့ကဲ့သို့ များလှစွာသည့် ထင်ရှားကျော်ကြားသော ပန်းပဲကလန်များ၏ ဓားများပင် နှစ်ပိုင်းဖြစ်သွားခဲ့သည် မဟုတ်လော။
ထိုအရာက မည်သူမှ တွေး၍ မမှီလောက်သည့်အရာ ဖြစ်လေသည်။
တစ်ချိန်တည်း၌ အချိန်သည်ပင် ရပ်တန့်သွားသည် ထင်ရသည်။ အရပ်မျက်နှာတိုင်းမှ မျက်လုံးများက ဝေဟောင်၏ လက်ထဲရှိ ဝုစ်သံမဏိဓားအပေါ် ကျရောက်လာခဲ့သည်။
နေရောင်ခြည်ပြင်းပြင်းအောက်၌ ပထမဆုံးအကြိမ် ပထမဆုံးဝုစ်သံမဏိဓား ကမ္ဘာပေါ်၌ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ထိုဓားမှာ ပြိုင်ဘက်ကင်းသည့် ဓားပုံစံရှိပြီး သုံးချီခန့်ရှည်လျားသည်။
လှပသည့် ငွေရောင် ဓားကိုယ်ထည်မှာ ပြဒါးသုတ်ထားသည့် အလားပင်ဖြစ်နေသည်။ အခြားဓားများနှင့် မတူညီစွာ ဓားကိုယ်ထည်ပေါ်၌ ဆန်းကြယ်လှသည့် ငွေရောင်ရေလှိုင်းသဏ္ဍန် ပုံစံကွက်များက ထူးခြားဆန်းကြယ် နှစ်လိုဖွယ်ကောင်းသည့် လှပခြင်းရသတစ်မျိုးအား ဖော်ဆောင်လျက်ရှိသည်။
ထိုဓားက အလွန်တရာ ထက်လှသည်။ ထိပ်တန်းစာရင်း၀င် ဓားအလက်နှစ်ဆယ်ကျော်အား ခုတ်ဖြတ်ပြီးသည့်တိုင် ဓားအပေါ်၌ ခြစ်ရာလေးတစ်ခုပင် ဖြစ်ပေါ်ခဲ့ခြင်း မရှိချေ။ အတိအကျဆိုရလျှင် မည်သည့် ခြစ်ရာမှ မရှိသည့်အပြင် နဂိုအတိုင်း ချောမွတ်နေသေးသည်။
ထိုဓား၏ မာကျောမှုက ထိတ်လန့်စရာပင်။
ထိုမျှမကသေး အမဲရောင်အ၀တ်စအား ဖယ်ရှားလိုက်ရာ ပေါ်လာသည့် ဓားအိမ်မှာလဲ နက်မှောင်နေသည်။ အတွင်းထဲ၌ အဖိုးတန်လှသည့် ရွှေစင်အလွှာခံထားပြီး သားဖြင့် အုပ်ထားကာ အပြင်ဘက်၌ ဝေလငါးသားရေဖြင့် ပတ်ထားသည်။
ထိုနှစ်ခုက တိုင်း၍ရက်သည့် ကမ္ဗလာကဲ့သို့ တစ်ဆက်တည်း ရွှေရောင်နှင့် ငွေရောင် လက်လက်ထနေပြီး ဓားအိမ်တစ်ခုလုံးအား အလွန်အမင်း တော်၀င်ဆန်စေပြီး လှပလွန်းလှသည်။
ထို့အရာထက် အခြား စျေးကွက်မှ ၀ယ်ယူ၍ ရနိုင်သည့် ဓားများနှင့်မတူညီစွာ တန်ဆာဆင်ထားသည့် အနီရောင်မဟူကျောက်နှင့် ပတ္တမြားအပြင် စိမ်းပြာရောင် ကျောက်မျက်များလည်း ပါရှိနေသေးသည်။
ထို ကျောက်များရတနာများက ဓားအိမ်ပေါ်၌ ဖြစ်ကတတ်ဆန်း စီခြယ်ထားသည်မဟုတ်။ အချို့သော အလှအပဆိုင်ရာ ရသပုံစံများကို လိုက်နာထားဟန် ပေါ်နေကာ ဓားအိမ်၏ မျက်နှာပြင်ထက်၌ ဆောင်းဇီးပွင့် ပွင့်ဖူးနေသယောင် ပုံဖော်ထားလေ၏။
တစ်ချိန်တည်း၌ လူတိုင်းက ဓားအိမ်၏ အလှတရားကြောင့် အံ့သြရပြန်သည်။ လူအုပ်အတွင်းရှိ အချို့သော လက်နက်ကုန်သည်များက မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေကြပြီး ပြောစရာ စကားများ ပျောက်ရှနေကြသည်။
ဓားအိမ်အပေါ်၌ အချိန်ပေး ပုံဖော်သည့်သူ အလွန်နည်းပါးသော်လည်း အပေါ်မှ ကျောက်မျက်ရတနာများကို ကြည့်လျှင်ပင် ထိုရတနာများအား အချိန်ပေး၍ ဆင်ယင်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။ ထိုအရာက အလယ်ပိုင်းလွင်ပြင်မှ လက်နက်ကုန်သည်များ အလွန်အံ့အားသင့်မိသည့် အရာ ဖြစ်လေသည်။
လူတိုင်းက ဓားတစ်လက်၏ အရေးကြီးဆုံးအပိုင်းမှာ ဓားကိုယ်ထည်သာလျှင် ဖြစ်ကြောင်း သိထားကြပြီး ဓားအိမ်မဟုတ်ပေ။ လူတစ်ယောက်က သူ၏ အားထုတ်မှုများအား အခြားထံ၌ ပုံအပ်ထားခြင်းကို ပေါ့ပေါ့တန်တန်နိုင်သည်ဟု ယူဆ၍ရပြီး ဓားကို လက်တွေ့ကျကျ မသွန်းလုပ်နိုင်သောကြောင့် အပြင်ပန်းအား အလွန်အမင်း အားထုတ်ကြသည်ဟု သတ်မှတ်ထားကြသည်။
ထို့ကြောင့် လက်နက်အရောင်းဆိုင်၊ အလုပ်ရုံနှင့် အနည်းငယ် ကျော်ကြားသည့် ပန်းပဲကလန်များပင်လျှင် ဓားအိမ်အပေါ်၌ အားထုတ်မှုများ မပြုလုပ်ကြချေ။
ပန်းပဲပညာရှင်တစ်ယောက်က ဓားအိမ်အပေါ်၌ မည်မျှ အားထုတ်ထားသည့်တိုင် ထိုအရာက ဓားအား နောက်တစ်ဆင့်သို့ မြင့်တင်ပေးနိုင်မည် မဟုတ်ပေ။ ဓားအိမ်ပေါ်၌ ၀မ်ချောင် မြုပ်နှံထားသည့် ကျောက်မျက်ရတနာများပင် ရွှေတုံး ၆၀၀ ထက်မနည်း ကုန်ကျပေလိမ့်မည်။
ထိုအရာတစ်ခုတည်းသာမဟုတ် ၀မ်ချောင်က ဝုစ်သံမဏိဓား၏ ဓားရိုး ကိုလည်း အားထုတ်ထားသေးပြန်သည်။ ကြံ့မဲ၏ ချိုဖြင့်လုပ်ထားသည့် ဓားရိုးကို ရွှေဖြင့် အရစ်လိုက် ပုံဖော်ထားသည်။ ထို့အပြင် ဓားအိမ်လိုပင် ဓားရိုးကိုလဲ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသေးသည်။
အကယ်၌ အခြားဓားများအတွက်သာဆိုလျှင် လှပသည်ဟု ဆို၍ ရနိုင်သော်လည်း လက်တွေ့ကျမည်တော့ မဟုတ်ပေ။ မည်သို့ဆိုစေ ဝုစ်သံမဏိလက်နက်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ထားသည် ဖြစ်သည့်အတွက် မည်သူက ထိုစကားများအား ပြောဆိုရဲမည်နည်း။
“ ကောင်းလိုက်တဲ့ ဓား.. ဒါကတကယ့်ကို ဓားကောင်းတစ်လက်ပဲ.. ဒီလို ထက်လှတဲ့ဓားမျိုး အလယ်ပိုင်းလွင်ပြင်မှာ တကယ်ရှိနေတာလား... ”
သလင်းပြာစံအိမ်ထဲရှိ မုတ်ဆိတ်က ဖြစ်စဉ်တစ်ခုလုံးအား မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေသည်။ ကြိမ်ထိုင်ခုံ၏ လက်ရမ်းအား ကိုင်လိုက်ပြီး အလျင်စလို မတ်တပ်ရပ်လိုက်သည်။
တစ်လျောက်လုံး ဤ ဓားစီးချင်းထိုးပွဲအား ပေါ့ပေါ့ပါးပါးဖြင့် စိတ်အေးသက်သာ ကြည့်ရှုနေသည်ဖြစ်ပြီး ယခုတွင်တော့ မုတ်ဆိတ်မှာ ဤဖြစ်စဉ်အား သူ အထင်သေးခဲ့မိကြောင်း သိရှိလိုက်သည်။
“ ဒီတစ်ခါ အလယ်ပိုင်းလွင်ပြင်ကို လာတဲ့ ခရီးက အလဟဿ မဖြစ်တော့ဘူးပဲ.. ငွေဘယ်လောက်ပဲ ကုန်ကုန် ဒီဓားကို ငါ၀ယ်ရမှ ဖြစ်မယ်.. ဘယ်လောက်ကုန်ကုန် တန်တယ်.. ဒါ ဓားရဲ့ အဖိုးက ဘယ်လောက်ပဲ ဖြစ်ဖြစ် ၀ယ်ပြန်နိုင်မှကို ဖြစ်မယ်.. ”
မုတ်ဆိတ်က ဝေဟောင်၏ လက်ထဲမှ ဝုစ်သံမဏိဓားအား သူ့မျက်လုံးမှ မီးပွင့်တော့မတတ် စိုက်ကြည့်လျက်နေသည်။
အကယ်၍ ဓားနှစ်လက်က အရည်အသွေး တူညီနေသည်ဆိုလျှင် ပို၍ ကောင်းမွန်သည့်ဓားက တစ်ဖက်ရန်သူ၏ ဓားအား ပိုင်းဖြတ်ပြီးနောက် ခြစ်ရာ ပွန်းရာ အနည်းငယ် ကျန်ခဲ့လိမ့်မည်။ အခြားဓားအား ပိုင်းဖြတ်ပြီးနောက် အကောင်းအတိုင်း ကျန်ရှိခဲ့သည်က မဖြစ်နိုင်ပေ။
ထိုမျှလောက် မြင့်မားသည့်အဆင့်အတန်းသို့ ရောက်ရန် ဓားတစ်လက်က အခြားဓားထက်ပို၍ အဆပေါင်းများစွာ သာလွန်နေမှ ဖြစ်နိုင်ပေလိမ့်မည်။ ထိုခြားနားမှုကြီးမားသည့် ပုံစံက သာမန်ဓားတစ်လက်နှင့် ထိပ်တန်းဓားတစ်လက်ကဲ့သို့ ခြားနားနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
၀မ်ချောင်အား မုတ်ဆိတ် မပြောပြခဲ့သည့် အကြောင်းအရာအချို့ရှိလေသည်။ သူသိမ်းထားသည့် ဆေဘာမှာ ခဲရပ်စပါစီနူ၏ အကောင်းဆုံး မဟုတ်လျှင်တောင်မှ တိုင်းပြည်၏ အကောင်းဆုံးစာရင်းထဲတော့ ၀င်သည်။
ထိုဆေဘာက ခဲရပ်စပါစီနူမှ ထိပ်တန်း ပန်းပဲပညာအဆင့်အတန်းအား ကိုယ်စားပြုပေသည်။
သို့တိုင် ၀မ်ချောင်၏ ဓားက သူဂုဏ်ယူရသည့် ဆေဘာအား လွယ်လင့်တကူ ပိုင်းဖြတ်နိုင်ခဲ့သည့်အတွက် ၀မ်ချောင်၏ ဓားမှာ သူ၏ ဆေဘာထက် ပိုမိုကောင်းမွန်ခြင်း မဟုတ်တော့ပဲ အဆင့်အတန်းတစ်ခုလုံး ကွာခြားနေခြင်းသာ ဖြစ်ပေသည်။
ထို ဓားနှင့်ဆေဘာအကြား ကွာခြားမှုက ကြီးမားလွန်းလှသည်။
“ အလယ်ပိုင်းလွင်ပြင်ကိုလာခဲ့တဲ့ ဒီခရီးက တကယ်ကိုပဲ ထိုက်တန်လွန်းပါတယ်.. ”
မုတ်ဆိတ် ခံစားနေရသည့် စိုးရိမ်ကြောင့်ကြမှုက ဖော်ပြ၍ပင် မရနိုင်ပေ။ ၀မ်ချောင်၏ ဓားမှနေ၍ ခဲရပ်စပါစီနူ၏ နည်းစနစ်အား များစွာ ကျော်လွန်နေသည့် နည်းစနစ်များကို သူ မြင်နေရသည်။
အကယ်၌ ထိုနည်းစနစ်အား သူ ပြန်ယူသွားနိုင်ပြီး ဖြန့်ချိနိုင်မည်ဆိုပါက ထိုဓားအား ရွှေတုံး တစ်သိန်းပေး၍ ၀ယ်ရမည်ဆိုလျှင်ပင် ထိုက်တန်ချေပြီ။
ထိုအချိန်၌ မုတ်ဆိတ်သည် မည်မျှပင် ပေးချေရသည်ဖြစ်စေ ထိုဓားအား ပိုင်ဆိုင်လိုစိတ် ပြင်းထန်လျက်နေသည်။
ထိုနေရာ၌ မုတ်ဆိတ်နည်းတူ ထပ်တူကျသည့် လူတစ်ယောက်ရှိနေသေးသည်။
သို့သော် မုတ်ဆိတ်နှင့် မတူညီသည်က ကျောက်ဖုန်းချန်သည် ဝေဟောင်၏ လက်ထဲမှ ဝုစ်သံမဏိဓားအား စိတ်၀င်စားနေခြင်းမဟုတ်ပေ။ ဝေဟောင် စတင်လှုပ်ရှားကာ သလင်းပြာစံအိမ်၏ တတိယထပ်ပေးမှ ခုန်ပျံ သွားသည်နှင့် ကျောက်ဖုန်းချန် အာရုံစိုက်နေသည်က ဝေဟောင် နှစ်ပိုင်းခုတ်ဖြတ်လိုက်သည့် လူတစ်ရပ်ခန့်မြင့်သည့် ‘ သတ္ထုတောင် ’ကိုသာ ဖြစ်လေသည်။
“ အရမ်းထက်လွန်းတယ်ကွာ.. သာမန် ထိပ်တန်းဓားတစ်လက်ဆိုရင်တောင် သတ္ထုရိုင်း လေး ငါးစင်တီမီတာလောက်ကိုပဲ ခုတ်ဖြတ်နိုင်မှာကိုတောင်မှ ဒီဓားက တစ်ကျန်းလောက်ရှိတဲ့ သတ္ထုတောင်ကြီးကို နှစ်ပိုင်းဖြတ်ပစ်နိုင်ခဲ့တယ်.. တကယ်လို့ ငါသာ စစ်မြေပြင်မှာ ကိုင်ထားနိုင်ခဲ့လျှင် တစ်ဖက်ရန်သူရဲ့ ချပ်၀တ်ကို သေချာပေါက် ဖောက်ပြီး ခုတ်နိုင်မှာပဲ... ”
နန်းတွင်းစစ်တပ်၏ စစ်သည်ဖြစ်သည်နှင့်အညီ ကျောက်ဖုန်းချန်က ပစ္စည်းကောင်းများကို မြင်တတ်လေသည်။ သူက ဓား၏ အစစ်အမှန်တန်ဘိုးအား ချက်ချင်း မှန်းဆနိုင်ခဲ့သည်။ ၀မ်ချောင်၏ ဓားမှာ အလွန်အမင်း ထက်လွန်းသောကြောင့် အကယ်၍ စစ်တပ်၏ လက်ရွေးစင်များအား ထိုဓား ဆင်နိုင်ခဲ့သော် ထိုသူတို့မှာ စစ်မြေပြင်၌ တားဆီး၍ပင် ရတော့မည် မဟုတ်ချေ။
ထိုမျှသာမက ကျောက်ဖုန်းချန်က အခြားကိစ္စတစ်ခုအတွက်လည်း တွေးပူနေမိသည်။
“ ဟွမ်ရှောင်းထျန်က ငါ့ကို သွေးနှင်းစွေရှေးဟောင်းဓားနဲ့ အချိန်တိုင်း အနိုင်ယူပြီး သူ့နေရာကို ထိန်းသိမ်းနေခဲ့တာ.. လက်နက်ပိုင်းဆိုင်ရာမှာ ငါသူ့ကို လုံး၀မယှဉ်နိုင်ခဲ့ဘူး.. ဒါပေမဲ့ ငါသာ ဒီလို အဆင့်အတန်းနဲ့ ဓားမျိုးကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် တပ်မှူးချုပ် ရွေးချယ်ပွဲမှာ ငါသူ့ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ.. ”
ကျောက်ဖုန်းချန်မှာ ၀မ်ချောင်၏ နောက်ကျောအား ကြည့်နေရင်း သူ့ခေါင်းထဲ၌ အတွေးပေါင်းစုံ ဖြစ်ပွားနေသည်။
ကျောက်ဖုန်းချန်သည် ၀မ်ချောင်အား လာရောက်တွေ့ဆုံသည်မဟုတ် ဓား၀ယ်ရန်အတွက်သာဖြစ်လေသည်။ နန်းတွင်းစစ်တပ်အတွင်း၌ ကျောက်ဖုန်းချန်တွင် ကမ္ဘာမကြေ ရန်သူတော်တစ်ယောက် ရှိပြီး ထိုသူက ဟွမ်ရှောင်းထျန်ပင် ဖြစ်သည်။
ထိုသူက ကျောက်ဖုန်းချန်ထက် အနည်းငယ် အသက်ကြီးပြီး သူ့လိုပင် နန်းတွင်းစစ်တပ်၏ တပ်မှူးတစ်ယောက် ဖြစ်လေသည်။
နန်းတွင်းစစ်တပ်အတွင်း၌ မတူညီသည့် အုပ်စုများအကြား တိုက်ပွဲက ပြင်းထန်လှသည်။ ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်းထျန် မှာ မတူညီသည့် အစွန်းနှစ်ဘက်၌ ရပ်တည်လျက်ရှိကြသောကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေခဲ့ကြသည်။
အစဦး၌ ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်းထျန်တို့အကြား အာဃာတတရား မကြီးမားသေးချေ။ ကျောက်ဖုန်းချန်ကိုယ်တိုင်က အင်အားစုကြီးများ၏ စစ်ပွဲများအကြား မပါ၀င်ရန် ဆုံးဖြတ်ထားသည်။
ထို့အပြင် ဟွမ်ရှောင်းထျန်မှာ သူ့ထက် အသက်ကြီးသည်။ ထို့နောက် ကျောက်ဖုန်းချန်က တစ်ဖက်လူအား အမြဲ အသာပေးကာ အခွင့်အရေးပေးခဲ့သည်။
သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် ဟွမ်ရှောင်းထျန်မှာ ကျောက်ဖုန်းချန်ကဲ့သို့ ချမ်းသာသည့် သခင်လေးအား သဘောကျပုံမပေါ်ချေ။ ကျောက်ဖုန်းချန်၏ သည်းခံမှုက သူ၏ အကောင်းမြင်မှုအား မရရှိသည်သာမက တစ်ဖက်လူ တတ်နိုင်စွမ်းမရှိသောကြောင့် ဟူ၍ အပြစ်တင်ပြောဆိုခဲ့သည်။
ထိုမျှသာမဟုတ် ဟွမ်ရှောင်းထျန်မှာ အမှတ်သည်းခြေ ကြီးသောသူဖြစ်လေသည်။ သူက တော်၀င်ရုံးတော်၌ ကျောက်ဖုန်းချန်အား အမြဲတစ္ဆေ အနှောင့်အယှက် ပေးတတ်ပြီး သူ၏ အာဏာအလုံးစုံကို အသုံးပြုလျက် ကျောက်ဖုန်းချန်နှင့် သူ၏ အပေါင်းအပါများအား ဖိနှိပ်ထားခဲ့လေသည်။
ကျောက်ဖုန်းချန်က သူ့အား ချိုးနှိမ်ခြင်းကို လက်သင့်ခံနိုင်သော်လည်း သူ၏ မိတ်ဆွေများနှင့် အပေါင်းအသင်းများအား အခြားသူများက အနိုင်ကျင့်သည်ကို လက်မခံနိုင်ပေ။ ထိုအချိန်မှစ၍ သူတို့အကြား ဆက်ဆံရေးက ပြောင်းလဲလာလေတော့သည်။ မကြာမှီ၌ တပ်မှူးချုပ် ရွေးချယ်ပွဲအား နန်းတွင်းစစ်တပ်အတွင်းတွင် ကျင်းပတော့မည်ဖြစ်ရာ အင်အားစုနှစ်ခု၏ ရွေးချယ်ခံများမှာလည်း ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်းထျန်တို့ ဖြစ်ကြသည်။
ထိုအရာက သူတို့နှစ်ယောက်အကြား ပိုမို အေးစက်သွားစေပြီး ရန်လိုမှုများ စတင်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ဘေးမှလူများပါမကျန် ထိုကိစ္စအတွင်း ဆွဲထည့်ခံရတော့သည်။ ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်းထျန်သာ ယှဉ်ပြိုင်မှု၏ အရေးပါသူများမဟုတ်တော့ပဲ ထိုသူနှစ်ယောက်၏ အပေါင်းအပါများကပါ လက်တွေ့၌တစ်နည်း အရိပ်ထဲမှတစ်ဖုံ လက်သီးပုန်း ထိုးကြလေသည်။ ထို့ကြောင့် နှစ်ဖက်အင်အားစု၏ ဆက်ဆံရေးက အလွန်အမင်း တင်းမာလာခဲ့သည်။
ထိုအခြေအနေ၌ ညှိနှိုင်းရန် အခွင့်အရေး စိုးစဉ်းမျှ မရှိတော့ချေ။
ကျောက်ဖုန်းချန်သည် ပါရမီရင့်သန်ပြီး ဟွမ်ရှောင်းထျန်မှာ အတွေ့အကြုံများသည်။ ထို့အပြင် သွေးနှင်းစွေရှေးဟောင်းဓားမှာလည်း ကျောက်ဖုန်းချန်အား ဒုက္ခအလွန် ပေးလျက်ရှိသည်။
မကြာသေးခင်မှ ‘ ချစ်ကြည်ရေးပွဲ ’တစ်ခု၌ သူက ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ကာ ထိုတိုက်ပွဲ၌ သူ၏ ရတနာဓားလည်း နှစ်ပိုင်း ကျိုးသွားခဲ့ရသည်။
ထိုအရာက ကျောက်ဖုန်းချန်အား စိုးရိမ်ထိတ်လန့်စေလျက်ရှိသည်။ သူ၏ ကလန်၊ အပေါင်းအပါများနှင့် သူ၏ အနာဂတ်အတွက် ဟွမ်းရှောင်းထျန်အား ဖိနှိပ်နိုင်မည့် ဓားအား သူရှာဖွေရပေမည်။
ထို့အပြင် ဟွမ်ရှောင်းထျန်၏ သွေးနှင်းဓား အဆင့်အတန်းမှာ အလွန်မြင့်မားပေသည်။ ထိုသို့သော ထိပ်တန်းဓားအား မြို့တော်၌ ရောင်းချလျှင် ထင်ရှားကျော်သည့် ပန်းပဲကလန်များပင် တုယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျောက်ဖုန်းချန်သည် မရေမတွက်နိုင်သည့် လက်နက်အရောင်းပြခန်းများနှင့် အလုပ်ရုံများသို့ သွားရောက်ခဲ့သော်လည်း စိတ်ပျက်ခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။ ထိုအရာက သလင်းပြာစံအိမ်၌ ၀မ်ချောင် ဓားရောင်းနေသည်ကို သူ မမြင်လိုက်ရခင် အချိန်အထိ ဖြစ်၏။
“ တကယ်လို့ ငါသာ ဟွမ်ရှောင်းထျန်ကို အနိုင်ရချင်တယ်ဆိုရင် ဒါက ငါ့ရဲ့နောက်ဆုံး မျှော်လင့်ချက်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဓားကို ငါပိုင်ရမယ်.. ”
ကျောက်ဖုန်းချန် စံအိမ်၏ ၀င်ပေါက်သို့ ကြည့်လိုက်ရာ သူထားခဲ့သည့် ရှေးဟောင်းဓားမှာ ၀မ်ချောင်၏ ဓားကြောင့် ထက်ပိုင်းပြတ်နေသည်ကို တွေ့လိုက်ရသည်။ ဆုံးဖြတ်ချက် ချလိုက်သည့်အရိပ်အယောင်များ သူ့မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။
“ အား........... ”
လူတိုင်းက ဝေဟောင်၏ လက်ထဲမှ ဝုစ်သံမဏိဓားအပေါ် အာရုံစိုက်နေချိန်၌ သလင်းပြာစံအိမ်အတွင်း အော်သံတစ်ခုက လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။
တတိယထပ်၏ လက်ရမ်းအနီးတွင် မုတ်ဆိတ်မွေး ထူလဗျစ်နှင့် လူတစ်ယောက်က ငါးချီခန့်ရှည်သည့် ဓားကြီးအား ကိုင်စွဲထားကာ လှေကားပေါ်မှ တက်လာခဲ့ပြီး အံ့အားသင့်ဖွယ် ခွန်အားဖြင့် ဝေဟောင်ထံသို့ ပြေး၀င်သွားခဲ့သည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 60.
ရဲရဲတောက် ယှဉ်ပြိုင်မှု
“ အား......... ”
လူအုပ်ကြီး ထိတ်လန့်သွားခဲ့သည်။ လျှပ်တပြက် ဖြစ်ပေါ်လာသည့်အခြေအနေအား မည်သူမျှ တုံ့ပြန်ချိန် မရလိုက်ပေ။
“ မကောင်းတော့ဘူး... ”
ဝေဟောင်၏ မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ အံ့သြလျက်နေသည်။ ၀မ်ချောင် ပြောခဲ့သလို ‘ သတ္ထုတောင်ကြီး ’အား ဓားတစ်ချက်ဖြင့်ပင် ခုတ်ဖြတ်ခဲ့လေသည်။ တစ်ယောက်ယောက်မှ သူ့အား တိုက်ခိုက်လာမည်ဟု သူ မတွေးထားဖူးပေ။
ထို့အပြင် ထိုသူ၏ ကျင့်ကြံခြင်းကလည်း သူ့ထက် မြင့်မားပေသည်။ သူ့အနေဖြင့် ထိုသူအား ယှဉ်နိုင်မည် မဟုတ်ပေ။
၀မြးးး.....
မျက်တောင်တစ်ခတ်အတွင်း ဝေဟောင် ဓားကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်မြှောက်ယူလိုက်ပြီး ခေါင်းပေါ်၌ ခံထားလိုက်သည်။
ခလှမျးးးး...
ဓားကြီးက ထက်ပိုင်းကျိုးသွားခဲ့ပြီး ဓားကျိုးထိပ်ပိုင်းက ဆယ်ကျန်းခန့် လွင့်စင်သွားလေသည်။
“ မဖြစ်နိုင်ဘူး... ငါ ဒီဓားကို အချိန် ဆယ်နှစ်ယူပြီး သွန်းလုပ်ခဲ့ရတာ.. ဘယ်လိုလုပ် ငါ့ဓားထက် သန်မာပြီး အသွားထက်တဲ့ ဓားမျိုး ရှိနိုင်ရတာလဲ.. ”
မုတ်ဆိတ်အပြည့်နှင့်လူက သူ၏ လက်ထဲမှ ဓားကျိုးအား တွေဝေစွာ ကြည့်နေသည်။ သူက သိသိသာသာပင် အလွန်အမင်း စိတ်ဓာတ်ကျနေဟန်ရသည်။ ထိုစကားများအား ပြောပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ကာ မြေပေါ်လဲကျသွားသည်။
ဝေဟောင် အတန်ကြာ မှင်သက်နေပြီးနောက် မည်ကဲ့သို့ ဖြစ်သွားသည်ကို နားလည်သွားခဲ့သည်။ မုတ်ဆိတ် ထူလဗျစ်နှင့်လူက သူ့အား ရည်ရွယ်၍ တိုက်ခိုက်ခြင်းမဟုတ်ပဲ သူ့လက်ထဲမှ ဝုစ်သံမဏိဓားကိုသာ ဖြစ်လေသည်။
“ ဟားဟား.... ဒီဓားက ငါ့ရဲ့ ညီအစ်ကို သွန်းလုပ်ထားတဲ့ဓား ကမ္ဘာ့အဆင့်တစ်ဓားပဲ.. ဘယ်သူ စမ်းကြည့်ချင်သေးလဲ... ”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝေဟောင် ရုတ်ခြည်းပင် ဝုစ်သံမဏိဓားအား လေထဲတွင် မြောက်လိုက်ပြီး ၀မ်းသာအားရဟန်ဖြင့် ကြွေးကြော်လိုက်သည်။
ဝေဟောင်၏ နှလုံးမှာ ဤ စိန်ခေါ်ပွဲကြောင့် မြန်နှုန်းတိုက်နေချေသည်။ ၀မ်ချောင်၏ ဓားမှာ အခြားဓားများအား ယှဉ်နိုင်ခြင်းမရှိမည်ကို သူအမြဲ စိုးရိမ်နေခဲ့သောကြောင့် အဆုံး၌ အကြွေးနွံနစ်မည်ကို စိုးထိတ်နေခဲ့သည်။
ဝေဟောင်မတွေးခဲ့မိသည်က သူ၏ ညီအစ်ကို သွန်းလုပ်ထားသည့်ဓားက ဖျက်ဆီး၍ မရနိုင်မည်ကိုပင် ဖြစ်၏။
များစွာသော ပန်းပဲကလန်များမဆိုနှင့် လက်နက်အရောင်းဆိုင်များနှင့် အလုပ်များပါမကျန် သူတို့ပိုင်ဆိုင်ထားသည့် မည်သည့်ဓားမှ သူ့ညီအစ်ကို၏ ဓားကို တုယှဉ်နိုင်မည် မဟုတ်ပေ။ ဆိုရလျှင် မုတ်ဆိတ်ကျင်စွယ်အပြည့်ဖြင့် လူရိုင်တစ်ပိုင်းတောင်မှ ဤကမ္ဘာထဲ၌ သူ့ဓားထက် အားကောင်းသန်မာသည့်ဓား တည်ရှိနေသည်ကို မယုံကြည်သောကြောင့် သွေးအန်သွားခဲ့ရသည် မဟုတ်လား။
ထိုသို့သောသူအား ညီအစ်ကို တော်ထားရသဖြင့် ဝေဟောင် ထုတ်ဖော်ပြ၍ မရလောက်အောင် ဂုဏ်ယူမိလေသည်။
“ ဒါ ငါ့အစ်ကိုပဲ.. သူက ငါ့အစ်ကိုပဲကွ မင်းတို့ မင်းလိုက်လား.. မင်းတို့ မြင်ကြလားကွ.. ”
ဝေဟောင် သလင်းပြာစံအိမ်၏ ၀င်ပေါက်ရှေ့၌ မာနကြီး တစ်ခွဲသားဖြင့် မတ်တပ်ရပ်လိုက်သည်။ အကယ်၍ ဖြစ်နိုင်လျှင် လောကကြီးတစ်ခုလုံး ကြားအောင်ပင် အော်ပစ်လိုက်ချင်မိသည်။
“ ဟားဟား... ဘယ်သူကျန်သေးလဲ.. တကယ်လို့ ငါ့ကို စိန်မခေါ်ကြဘူးဆိုရင် ငါ့အစ်ကိုအစား ငါကပဲ မင်းတို့အားလုံးကို စိန်ခေါ်တယ်.. ဘယ်သူလာမလဲ.. ”
ဝေဟောင် အူလှိုက်သဲလှိုက်ရယ်မောလျက်ရှိသည်။ ထို့နောက် လှေကားလက်ရန်းအား ခြေကန်ရာအဖြစ် အားပြုလျက် ဒုတိယထပ်သို့ ခုန်တက်သွားလိုက်ပြီး တစ်ပြိုင်နက် တတိယထပ်သို့တိုင် ခုန်သွားလိုက်သည်။
“ မကောင်းတော့ဘူး.... ”
သူတို့၏ အကောင်းဆုံး ဓားများကို ယူဆောင်လာခဲ့ကြကာ ဓားစီးချင်းထိုးပွဲ၌ ပါ၀င်ခဲ့ကြသည့် ပန်းပဲကလန်များအားလုံး ဖြူလျော်သွားကာ ဝေဟောင် မည်ကဲ့သို့ ပြုလုပ်မည်ကို သဘောပေါက်မိသွားကြသည်။
“ ခန စောင့်ပါဦး.. ”
“ ငါတို့က အရှုံးကို ၀န်ခံပါတယ်.. ”
မည်သို့သော ဟာသမျိုးနည်း။ ကျန်း၊ လူ၊ ဟွမ်၊ ချမ် ကလန်များကဲ့သို့ ရာစုနှစ်နှင့်ချီ၍ သမိုင်းကြောင်း ရှိသည့် ကလန်များပင် ယှဉ်နိုင်ခြင်းမရှိပေရာ သူတို့ကဲ့သို့ ကလန်ငယ်လေးများအနေဖြင့်ဆိုလျှင်။
အကယ်၍ သူတို့ ဓားစီးချင်းထိုးပွဲအား ရှုံးနိမ့်ဆိုလျှင်တောင် သူတို့၏ ဓားအား ကာကွယ်ရပေလိမ့်မည်။
ရွတ်ရွတ်ရွတ်.. ထိုသူတို့က ရုတ်ခြည်း ရှေ့သို့ ပြေးထွက်သွားပြီး သူတို့၏ ဓားများအား အပြေးအလွား သိမ်းယူလိုက်ကြသော်လည်း နောက်ကျသွားခဲ့လေပြီ။ အေးစက်နေသည့်အလင်းရောင်တစ်ခုက လေထုထဲ၌ ဖြစ်တည်လာပြီး ကျန်ရှိနေသည့် ဓားများအားလုံး နှစ်ပိုင်းဖြစ်သွားကာ မြေပေါ်သို့ ကျသွားသည်။
“ ဟားဟားဟား... မင်းတို့ ငါ့အစ်ကိုကို နောက်တစ်ခါ ပျက်ရယ်ပြုရဲကြဦးမလား ငါသိချင်မိတယ်.. ”
ဝေဟောင် ကျွမ်းပစ်လိုက်ကာ လှေကားလက်ရန်းပေါ်၌ တည်တည်ငြိမ်ငြိမ်ရပ်လိုက်သည်။ လက်ထဲ၌ ဝုစ်သံမဏိဓားအား ကိုင်ထားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝေဟောင်က ထိုသူများ၏ အထင်သေးခြင်း၊ ပျက်ရယ်ပြုခြင်းနှင့် လှောင်ပြောင်မှုများအား ခံစားခဲ့ရသည်။ ဤအခွင့်အရေးအား လွယ်လွယ်နှင့် ရရှိခဲ့ခြင်းမဟုတ်ပေ ထို့ကြောင့် လွယ်လင့်တကူ ပြီးဆုံးစေမည် မဟုတ်။
“ ဝေကျန်းကျီ.. ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို လုပ်ရတာလဲ.. ငါတို့ အရှုံးကို ၀န်ခံပြီးပြီလေ.. ”
ပန်းပဲကလန်တစ်ခု၏ အကြီးအကဲတစ်ဦးမှ ဝေဟောင်အား စိတ်မသက်မသာ ဖြစ်နေဟန်ဖြင့် ကြည့်နေသည်။ အကယ်၌ အခြားသူဆိုလျှင် သေချောပေါက် ရှေ့ထွက်ကာ ကောင်းကောင်းကြီး ဆုံးမပြီးချေပြီ။
သို့သော် ဝေဟောင်သည် အမတ်မင်းဝေ၏ သားဖြစ်ချေ၏။ သူက မြင့်မြတ်စွာ မွေးဖွားလာပြီး သူ၏ အသားကို ထိရန်ပင် သူတို့ အဆင့်မမှီချေ။
“ ဘာလို့လဲဟုတ်လား.. မင်းက မင်းရဲ့ဓားအတွက် အော့နှလုံးနာနေတာလား.. ဟားဟား.. ငါသိသလောက်ကတော့ မင်းက ငါ့အစ်ကိုကို ခုနလေးတုန်းကမှ ခွေးကောင်လေးလို့ ခေါ်ထားတာ မဟုတ်လား.. ငါများ အမှတ်မှားနေတာလားပဲ.. ”
ဝေဟောင် မာဆတ်ဆတ်ပြောလိုက်သည်။
အကြီးအကဲ၏မျက်နှာ မဲမှောင်သွားပြီး ပါးစပ်ပိတ်ကာ မည်သည်ကိုမှ ဆက်မပြေတော့ချေ။
“ ဟားဟား.... ကောင်းပြီ.. ဝေဟောင်.. ဒီကိုလာခဲ့ဦး.. ”
၀မ်ချောင် လက်ယပ်ခေါ်လိုက်သည်။
ပတ်၀န်းကျင်မှ ဝေဟောင်အပေါ် တုန့်ပြန်မှုအား ထောက်ရှုရလျှင် ဤဓားစီးချင်းထိုးပွဲအား ဦးစီးကျင်းပရသည့် သူ၏ ရည်ရွယ်ချက် အထမြောက်သွားပြီ ဖြစ်ကောင်း သူသိလိုက်သည်။
ဘန်း.... ဝေဟောင် လက်ရန်းပေါ်မှ သလင်းပြာစံအိမ်၏ တတိယထပ်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ့လက်ထဲမှ ဝုစ်သံမဏိဓားမှာတော့ အေးစိမ့်နေသည့် အလင်းရောင်များ ထုတ်လွှတ်နေဆဲပင်။ ၀မ်ချောင်မှလွဲ၌ လူတိုင်းက ဓားမှထွက်ပေးလာသည့် အလင်းရောင်အား ကင်းမြီးကောက်အဆိပ်သဖွယ် ရှောင်ဖယ်နေကြကာ ကြောက်ရွံစွာ ကြည့်နေမိကြသည်။
ဝေဟောင်၏ ဓားမှာ အလွန်ထက်လှသည်။ လူတစ်ရပ်ခန့်ရှိသည့် သတ္ထုရိုင်းတောင်ကြီး တစ်ခုလုံကိုပင် နှစ်ခြမ်း ပိုင်းခဲ့သည့်ဖြစ်ရာ ယုတ္ထိရှိရှိပင် သူတို့ ဓားပြုကျခဲ့ပါမူ ခြေပြတ်လက်ပြတ် ဖြစ်ကုန်ပေလိမ့်ည်မှာ အသေအချာပင်။
သူတို့၏ ကျင့်ကြံခြင်း မည်မျှ မြင့်မားနေသည်ဖြစ်စေ သူတို့၏ ခန္ဓာကိုယ်က သတ္ထုတုံးထက်တော့ မမာနိုင်ချေ။
၀မ်ချောင် အထင်သေးစွာ ပြုံးလိုက်သည်။ ဤနေရာရှိလူများအားလုံးက စိတ်နေစိတ်ထားက ယခင်ကနှင့် လားလားမှ မဆိုင်တော့ပေ။
“ ၀မ်ချောင်...... ”
ဝေဟောင် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ၀မ်ချောင်ထံ ကမ်းပေးလိုက်သည်။ ၀မ်ချောင်အပေါ် သူ၏ လေးစားမှုက အဆင့်တစ်ခုသို့ ထပ်မံ ရောက်ရှိသွားချေပြီ။
၀မ်ချောင်က သူ့အား ဤ ဓားစီးချင်းထိုးပွဲ၌ အလွန်နှစ်လိုဖွယ်ကောင်းသည့် လက်ဆောင်တစ်ခုအား ပေးအပ်ခဲ့သည်။
ဆိုရလျှင် ယခင်က ၀မ်ချောင်အနေဖြင့် နတ်ဘုရားရှစ်ပါးစံအိမ်၌ ဝေဟောင် ကောင်းဖေးနှင့် ရင်ဆိုင်ရာတွင် ဝေဟောင်အား လမ်းညွှန်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုအား ရရှိခဲ့သည်ဖြစ်ပြီး ယခု ဓားစီးချင်းထိုးပွဲသည် ဝေဟောင် ၀မ်ချောင်အပေါ် လုံးဝလေးစားသွားစေခဲ့သည်။
ပြန်ကြည့်လျှင် ၀မ်ချောင်က ဟိန္ဒူဘုန်းကြီးများထံမှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ရွှေတုံး ၉၀၀၀၀ ဖြင့် ၀ယ်ယူခဲ့သည်၊ နတ်ဘုရားရှစ်ပါးစံအိမ်၌ ရွှေတုံး ၁၇၀၀ ချေးယူခဲ့သည် ပြီးနောက် ဤ ဓားစီးချင်းထိုးပွဲလောင်းကြေးကိုလည်း ဖွင့်ခဲ့သေးသည်။ အကယ်၌ သူသာ ရှုံးနိမ့်ခဲ့ပါမူ ၀မ်ချောင်အနေဖြင့် ရွှေတုံး သိန်းနှင့်ချီ၍ အကြွေးတင်ပေတော့မည်။
၀ုစ်သံမဏိဓားမှလွဲ၍ ထိုဖြစ်ရပ်များအားလုံး ဝေဟောင်၏ ခေါင်းထဲ၌ အစီအရီ ပေါ်လာခဲ့သည်။
သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ဤမိတ်ဆွေကောင်းထံ၌ သူ မပိုင်ဆိုင်နိုင်သည့် အရည်အသွေးများရှိနေကြောင်း ဝေဟောင် ၀န်ခံရပေမည်။ ၀မ်ချောင် ကိစ္စတစ်ခုအပေါ် ဆုံးဖြတ်ချက်ချလိုက်တိုင်း ထုတ်ဖော်ပြနေသည့် သတ္တိနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့က ဝေဟောင်ထက် များစွာ သာလွန်နေကာ ဒီတစ်သက် သူ့၌ ဖြစ်တည်လာရန်ပင် မဖြစ်နိုင်လောက်ပေ။
၀မ်ချောင်မှာတော့ ဝေဟောင်သည် သူ့အား အကြွင်းမဲ့ယုံကြည် ကိုးစားနေပြီကို မသိချေ။
“ ကောင်းပြီလေ.. လူတိုင်းပဲ ဓားစီးချင်းထိုးပွဲက ပြီးသွားပါပြီ.. အကောင်းအတိုင်းကျန်တဲ့ ဓားလဲ တစ်ချောင်းမှ မကျန်တော့ဘူးထင်ပါတယ်.. စည်းမျဉ်းအရ လူတိုင်းက ရွှေတုံး ၁၂၀၀ ပေးရပါမယ်.. သင်တို့ရဲ့ ထင်ပေါ်ကျော်ကြားမှုအရ ဘယ်သူကမှ ပေးချေးရမည့် ငွေကို မပေးပဲ မနေဘူးလို့ ထင်ပါတယ်.. ဟုတ်တယ်မလား.. ”
၀မ်ချောင် တစ်ပတ်ပတ်လိုက်ပြီး ပတ်ပတ်လည်မှ လူများအား စမ်းစစ်လိုက်သည်။
ထူးဆန်းစွာ မည်သူမျှ စကားမဆိုကြချေ။ သူတို့ ရှေ့ရှိ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်အား ကြောက်လန့်နေမိပြီ ဖြစ်သည်။
အတိအကျဆိုရလျှင် သူ့လက်ထဲရှိ ဝုစ်သံမဏိဓားကို ကြောက်လန့်နေကြခြင်း ဖြစ်လေသည်။
“ ကိုယ်စားလှယ် လျို သင်က မြို့တော်မှာ လူသိများတဲ့သူဖြစ်ပြီး လူအတော်တော်များကို ရင်းနှီးတယ်ဆိုတော့ ဒီကိစ္စကို သင်နဲ့ ထားခဲ့ချင်တယ်.. ကျုပ်ကို ကူညီပြီး အကြွေးကောက်ပေးပါဦး.. ”
“ ကုန်းကျီ.. အေးဆေးသာနေပါ.. ကျုပ်တာ၀န်ယူလိုက်ပါ့မယ်.. ”
ထောင့်တစ်နေရာမှ အသံထွက်လာရာ လူတိုင်း အားကျသွားမိသည်။
“ ဝေဟောင် သွားရအောင်.. ငါတို့ ဒီနေ့ အောင်ပွဲခံရမယ်.. ”
၀မ်ချောင် ရယ်နေသည်။ သူ၏ ၀တ်ရုံစ လှုပ်ခတ်သွားပြီးနောက် လှေကားမှ ဆင်းမသွားချေ။ ထိုအစား သလင်းပြာစံအိမ်၏ တတိယထပ်မှနေ၍ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။
သူ့နောက်တွင် ဝေဟောင်က ရယ်နေလျက် သူ့အတိုင်း ခုန်ချလိုက်လေသည်။
ဘုန်း.....
၀မ်ချောင် တတိယထပ်ပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်သည်နှင့် သလင်းပြာစံအိမ်၏ အပြင်ဘက်ရှိ လူအုပ်ကြီးထံမှ အားပေးသံများ ဆူညံလာတော့သည်။
“ ကြည့်ဦး... အဲ့ဒီလူ ဆင်းလာပြီ..... ”
“ ကျေးဇူးပြုပြီး.. ငါ့ကိုသွားခွင့်ပြုပါဦး... ငါဘာမှ မမြင်ရတော့ဘူး ”
“ ငါ မထင်ထားဘူး.. ကမ္ဘာ့အဆင့်တစ်ဓား... ဒါကို လူငယ်လေးတစ်ယောက်က သွန်းလုပ်နိုင်ခဲ့တယ်.. တကယ့်ကိုပဲ ကမ္ဘာကြီး ဘယ်လောက်ကျယ်တယ် ဆိုတာ ငါသိခဲ့ရပြီ.. ”
“ အပြင်ပန်းကိုကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်လို့ မရဘူးပဲ.. ဒီလို လူငယ်လေးတစ်ယောက်က နာမည်ထင်ရှားကျော်ကြားတဲ့ ကလန်ပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ ငါကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ မဟုတ်ရင် ယုံမိမှာ မဟုတ်ဘူး.. ငါဘယ်တော့မှ ယုံမှာ မဟုတ်ဘူး.. ”
.......
ပျက်ရယ်ပြုခြင်းနှင့် လှောင်ပြောင်ခြင်းများ ပျောက်ကွယ်သွားပြီး ချီးမွမ်း ထောမနာပြုသံများက ဝေစီလာခဲ့သည်။ တစ်ချိန်တည်းပင် ယခင်က မာနကြီးသည့် ‘ အရူး ’က ရုတ်ခြည်း နားလည်ရန်ခက်ခဲ့သည့် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။
ထိုစကားများအား ကြားပြီးနောက် ၀မ်ချောင် ဘ၀င်ခိုက်နေ၏။ စကားတစ်ခွန်းမှမဆိုပဲ ဝေဟောင်နှင့်အတူ ရပ်နားထားသည့် မြင်းလှည်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
“ ခန စောင့်ပါဦး. ”
သလင်းပြာစံအိမ်ထဲမှ ၀မ်ချောင် ထွက်သွားသည်ကို မြင်သည်နှင့် ကျောက်ဖုန်းချန်သည်လည်း သလင်းပြာစံအိမ်ပေါ်မှ လိုက်လံ ခုန်ချပြီး မြေပေါ်သို့ ငြင်သာစွာ ဆင်းသက်လိုက်သည်။ ထို့နောက် မြင်းလှည်း ရှိရာသို့ မပြေးရုံတမယ် လိုက်လာခဲ့သည်။
“ ၀မ်ကုန်းကျီ.. ငါမင်းရဲ့ဓားကို ၀ယ်ချင်တယ်.. ငါမင်းကို ရွှေတုံး ၂၀၀၀၀ ပေးပါ့မယ်... ”
ကျောက်ဖုန်းချန် လက်နှစ်ချောင်းထောင်လိုက်ကာ ပြတ်သားစွာ ပြောလိုက်သည်။
ဘုန်း..............
ထိုအသံအားကြားသည်နှင့် လူအုပ်ကြီးထံမှ အသံများ ညံစီလာခဲ့လေသည်။ ရွှေတုံး ၂၀၀၀၀.. တစ်စုံတစ်ဦးမှ ရွှေတုံး ၂၀၀၀၀ ပေး၍ ဓားအား ၀ယ်ယူရန် ဆန္ဒ ရှိနေချေပြီ။ ထိုအရာက ရွှေတုံး ၁၀၀၀၀ တည်းမဟုတ်ပေ ရွှေတုံး ၂၀၀၀၀ ဖြစ်သည်။
ထိုအရာက ၀မ်ချောင်၏ ခေါ်စျေးထက်ပင် မြင့်နေသေးသည်။
လူအုပ်ကြီး အံ့သြ၍မှ မဆုံးသေး သလင်းပြာစံအိမ်ပေါ်မှ အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
“ ရွှေတုံး ၂၅၀၀၀ ပေးမယ်.. ၀မ်ကုန်းကျီ.. ကျုပ်က သင့်ရဲ့ဓားကို ရွှေတုံး ၂၅၀၀၀ နဲ့ ၀ယ်ယူဖို့ ဆန္ဒရှိပါတယ်.. ”
‘ ရွှေတုံး ၂၅၀၀၀ ’ဟူသည့် စကာလုံး ပင်လယ်ထဲသို့ ဧရာမကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလို လူအုပ်ကြီးအား အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ဝေဟောင်သည်လည်း မူးဝေလာကာ မြေပေါ်လဲကျတော့ မယောင်။
၀မ်ချောင်သည်လည်း သူ၏ ခြေလှမ်းများအား ရပ်တန့်လိုက်သည်။
‘ ရွှေတုံး ၂၅၀၀၀ ’ ဤသည်က ယခင်လူ၏ ခေါ်စျေးထက်ရွှေတုံး ၅၀၀၀ ပိုမိုများပြားပေသည်။ ထိုအသံအား ကြားလျှင်ကြားချင်း ကျောက်ဖုန်းချန်၏ မျက်နှာ မဲမှောင်သွားခဲ့သည်။ သူနောက်လှည့် ကြည့်လိုက်ရာ သလင်းပြာစံအိမ်ပေးမှ ဆင်းလာနေသည့် မုတ်ဆိတ်မွေးများနှင့် အနောက်တိုင်းကုန်သည် တစ်ဦးအာ တွေ့လိုက်ရသည်။
ထိုသူမှာ ခဲရပ်စပါစီနူမှ ကုန်သည် မုတ်ဆိတ်သာ ဖြစ်ပေသည်။
“ ၀မ်ကုန်းကျီ.. ကျုပ်သင့်ကို တလေးတစား ဦးညွှတ်တာကို လက်ခံပေးပါ.. သင့်ရဲ့ ပန်းပဲပညာ အရည်အချင်းက နက်နဲလှပြီး မယုံနိုင်စရာပေပဲ.. ကျုပ် တစ်ခါမှကို မမြင်ဖူးခဲ့ဘူး.. တကယ်လို့ သင်သာ သင့်ရဲ့ဓားကို ကျုပ်ကို ရောင်းပေးမယ်ဆိုရင် သင်က ကျုပ်ရဲ့ ထာဝရ မိတ်ဆွေပဲ ”
မုတ်ဆိတ် ရင်ဘတ်ပေါ်သို့ လက်စုံတင်လိုက်ပြီး ‘ လေးလေးစားစား ’ ဦးညွှတ်လိုက်သည်။
“ အရူး.. ဒီလူ ရူးသွားပြီ.. ဓားတစ်လက်အတွက် ရွှေတုံး ၂၅၀၀၀ တောင် အသုံးပြုတယ်.. အဲ့ဒီငွေနဲ့ဆိုရင် ဆယ်သက်တောင်စားလို့ မကုန်ဘူး.. ”
“ ဓားက ဘယ်လောက် ထက်ထက်လေ.. ငွေ ဒီလောက်အများကြီးတော့ တန်ကြေး မရှိပါဘူး.. ”
.............
သလင်းပြာစံအိမ် အပြင်ဘက်ရှိ လူအုပ်ကြီးက ကမ်းလှမ်းလာသည့် စျေးနှုန်းများကြောင့် မှင်သက်သွားကြပြီး အဓိကအားဖြင့် လက်နက်ကုန်သည်များ ဖြစ်သည်။ သူတို့ ကြားလိုက်ရသည်အား သူတို့ မယုံကြည်ကြပေ။
လက်နက်ထုတ်လုပ်ခြင်းနယ်ပယ်၌ ကျင်လည်ခဲ့ကြသည့် သက်တမ်းတစ်လျောက်လုံး ရွှေတုံး တစ်သောင်းမျှ တန်ကြေးရှိသည့် လက်နက်အား ရောင်း၀ယ်ဖောက်ကားနိုင်ခဲ့သည် ဟူသည်ကိုပင် ကြားဖူးခဲ့ကြခြင်း မရှိချေ။
ထင်ရှားသည့် ပန်းပဲကလန်များနှင့် ကလန်သားများ၊ အလုပ်ရုံ နှင့် အရောင်းဆိုင် ကိုယ်စားလှယ်များလဲ အတူတူပင်ဖြစ်သည်။ သိသိသာသာပင် ထိုသို့သော မြင်ကွင်းအား သူတို့ မထင်ထားချေ။
၀မ်ချောင်အပေါ်၌ အကောင်းမြင်စိတ် မရှိသည့် ဟွမ်ကျောင်းလိုလူတောင်မှ ပြောစရာ စကားမရှိတော့ပေ။
ရွှေတုံး ၂၅၀၀၀ ဆိုသည်က သူသိရှိထားသည်ထပ် ကျော်လွန်၍ နေသည်။ ထိုမျှလောက် မြင့်မားသည့် နှုန်းထားဖြင့် ရောင်း၀ယ်ခြင်းအား သူ မကြုံဖူးချေ။
ချမ်ယိုချင်းနှင့် အခြားပန်းပဲကလန်များ၏ အကြီးအကဲများအနေဖြင့် ဘာမှ မပြောနိုင်တော့သလို မျက်နှာလဲ မကောင်းကြချေ။ လက်ရှိ သူတို့၏ အခြေအနေက စုန်းစုန်းမြုပ်နေချေပြီ။
တစ်ချိန်တည်း၌ လက်ရှိ သူတို့ရှေ့ရှိ မြင်ကွင်းက ပန်းပဲကလန်များနှင့် အလုပ်ရုံ နယ်ပယ် တစ်ခုလုံး ပြောင်းလဲမှု ဖြစ်ပေါ်စေလိမ့်မည်ကို ခံစားလိုက်ကြရသည်။
“ ဟားဟား... ”
မုတ်ဆိတ်၏ ခန္ဓာကိုယ် ရွေ့လျားခြင်း မရှိသော်လည်း သူ၏ အကြည့်က လူအုပ်ကြီးတစ်ခုလုံးအား သိမ်းကျုံးကြည့်လိုက်ပြီး ဖြစ်သည်။ ဓားတစ်လက်အတွက် ရွှေတုံး ၂၅၀၀၀ ထိုသူများက သူ့အား ရူးနေပြီဟု သတ်မှတ်နေကြချေမည်။
သို့သော် မုတ်ဆိတ်က ဤ အခွင့်အရေးကြီးမှာ မည်မျှ ရှားပါးကာ တန်ဖိုးကြီးလှကြောင်း သိထားသည်။
မုတ်ဆိတ် မြင်နေရသည်က ဓားတစ်လက်မဟုတ်ပေ လက်ရှိခေတ်ကာလအား ကျော်လွန်နေသည့် ပန်းပဲနည်းစနစ်သာ ဖြစ်သည်။
အကယ်၍ သူသာ ဤ အခွင့်အရေးအား လက်တွင်းမှ လွဲချော်သွားပါက တစ်သက်လုံး နောင်တရမဆုံး ဖြစ်နေပေတော့မည်။ ဤဓား၏ တန်ဖိုးက ငွေဖြင့် တန်ဖိုး ဖြတ်၍ ရနိုင်သည့်အရာ မဟုတ်တော့ပေ။
“ ငါတို့ရဲ့ ခဲရပ်စပါစီနူကသာ ဒီ နည်းစနစ်ကို ရရှိခဲ့ရင်.. ငါ့ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်က ဘယ်လောက် အမျှော်အမြင်ကြီးတယ်ဆိုတာ မင်းတို့ သိရလိမ့်မယ်... ”
မုတ်ဆိတ် တွေးလိုက်သည်။
“ ရွှေတုံး ၃၀၀၀၀ ( ၃သောင်း) ”
မုတ်ဆိတ် စိတ်ကူးရေယာဉ်ကြော၌ မျောပါနေစဉ်အတွင်း သူ့နား၌ အသံတစ်ခုက ၀င်လာသည်က မိုးကြိုးပစ်ချလိုက်သည့် အတိုင်းပင်။ ကျောက်ဖုန်းချန်က သူ၏ စျေးနှုန်းအား တိုးမြင့်လိုက်ပြီး ရွှေတုံး ၃သောင်း ဖြစ်သွားခဲ့ချေပြီ။
မုတ်ဆိတ်ပင်လျှင် ထိုစျေးနှုန်းအားကြားလျှင် မထိန်းနိုင်ပဲ မျက်နှာ မဲမှောင်လာခဲ့သည်။