← Chapters

အခန်း (၇၁-၇၅)

Vol. 3 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 3 Ch. 71-75

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 71.

စုပိုင်၏ ခြိမ်းခြောက်ခြင်း

ဝေဟောင်မှာ သိုင်းရူးဖြစ်သော်လည်း ကံမကြောင်း အကြောင်းမလှစွာ သူ၏ ပါရမီနိမ့်ပါးမှုကြောင့် သိုင်းပညာနည်းစနစ်အများစုအား ကျင့်ကြံနိုင်ခြင်း မရှိချေ။ အမတ်မင်းဝေပင်လျှင် ထိုပြဿနာအား မဖြေရှင်းနိုင်ပေ။

ထိုအခါ ဝေဟောင်မှာ ခွန်အားကိုသာ အဓိကထား လေ့ကျင့်ခဲ့သည်။

၀မ်ချောင် ပေးခဲ့သည့် သိုင်းကျင့်စဉ်ကြောင့် ဝေဟောင် ဆွံအသွားရသည်။ မျက်မှောက်ကာလတွင် လူသိများ အသုံးများသည့် သိုင်းကျင့်စဉ်များမှလွဲ၍ ကျန်သည့် သိုင်းကျင့်စဉ်များက အဖိုးထိုက်တန်လှပေသည်။ မည်သည့်အင်အားစုကမှ သူတို့၏ ကျင့်စဉ်များအား အပြင်လူကို သင်ပေးခြင်း မရှိချေ။

ထို့ကြောင့် သူရရှိလိုက်သည့် လက်ဆောင်ကြောင့် ဝေဟောင် တအံ့တအားဖြစ်နေရသည်။

စာမျက်နှာတစ်ခုချင်းစီအား ဝေဟောင် ဂရုတစိုက်ဖတ်လိုက်ပြီး သူမှတ်မိရန် အချိန်သိပ်ယူလို့နေသည်။

ကျင့်ကြံရသေးခြင်းမရှိသေးသော်လည်း ၀မ်ချောင် သူ့အား ပေးခဲ့သည့် ကျင့်စဉ်က သူလက်ရှိ ကျင့်ကြံနေသည့် ကျင့်ကြံထက် များစွာ သာလွန်ကြောင်း ခံစားမိသည်။

ဝေဟောင် ဖြည်းညှင်းစွာ အာရုံစူးစိုက်နေသည်ကိုကြည့်ရင်း ၀မ်ချောင် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

ဝေဟောင် အပေါ် ၀မ်ချောင် အစဉ်သဖြင့် အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။

ဝေဟောင်က သူ့အား သူငယ်ချင်းကောင်းဟု အစဉ်သတ်မှတ်ခဲ့သော်လည်း အထင်မြင်လွဲမှားမှုများကြောင့် ၀မ်ချောင်က ရှောင်ဖယ်ခဲ့ကာ အဖိုးတန်သူငယ်ချင်းတစ်ယောက်အား ဆုံးရှုံးခဲ့ရသည်။

သို့တိုင် ဝေဟောင် သူ့အား စိတ်ပျက်ခြင်း မရှိပေ။ သူ၏ ယခင်ဘ၀ အခက်ခဲဆုံးအချိန်များ၌ သူ၏ကလန်ကိုပင် ဆန့်ကျင်ကာ ၀မ်ချောင်အား ကူညီရန် ရွေးချယ်ခဲ့သည်။

ထို၀မ်ချောင်မှာတော့ ဝေဟောင်အား ပြန်လည် မကူညီနိုင်ခဲ့ချေ။ ကပ်ဆိုးကာလအတွင်း ဝေဟောင် ကြွေလွင့်သွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ရသည်။

ထို့ကြောင့် အရာအားလုံးအား အသစ်တစ်ဖန် စတင်ခွင့်ရခဲ့သည်တွင် သူ့အတွက် ၀မ်ချောင် တစ်စုံတစ်ခု လုပ်ပေးချင်ခဲ့သည်။

သိုင်းကျင့်စဉ်မှာ ဝေဟောင် အားနည်းချက် ဖြစ်ပေသည်။ သူ၏ သာမာန်မျှသော ပါရမီက တိုးတက်နိုင်စွမ်းအား အကန့်အသတ်ရှိစေပြီး အမတ်မင်းဝေကိုယ်တိုင်ပင် သူ၏ စွမ်းအားနှင့်ကြွယ်၀မှုနှင့်ပင် ပြောင်းလဲပေးနိုင်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် နောက်ဆုံးထွက်သက်အထိ ဝေဟောင် မသန်မာခဲ့ပေ။

၀မ်ချောင်မှာ ထိုအရာအတွက် အစဉ်ကူညီချင်ခဲ့သော်လည်း ဝေဟောင်နှင့် သင့်တော်မည့်ကျင့်စဉ်အား ရှာဖွေရန်က ခက်ခဲလွန်းနေသည်။ သူ၏ ခေါင်းထဲမှ ကျင့်စဉ်များအား အချိန်အတော်ကြာ ပြန်လည်စမ်းစစ်ပြီးနောက် ဝေဟောင်နှင့် အသင့်တော်ဆုံး ကျင့်စဉ်အား စဉ်းစားမိခဲ့သည်။

ထိုအချက်ကြောင့် ၀မ်ချောင်မှ ဝေဟောင်အား ထိုကျင့်စဉ် ပေးရန် ကြန့်ကြာနေခြင်း ဖြစ်ပေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး ဝေဟောင်မှာလည်း ကျင့်စဉ်၌သာ အာရုံစူးစိုက်လျက်ရှိနေသေးသည်။ ဝေဟောင်အား အနှောင့်အယှက် မဖြစ်စေရန် ၀မ်ချောင် တိတ်တဆိတ်သာနေခဲ့သည်။

ဟူး........

အချိန်အတော်ကြာပြီးနောက် ဝေဟောင် ထွက်သက်ရှည်ကြီး ထုတ်လွှတ်လိုက်ပြီး စာအုပ်မှ မျက်နှာခွာလိုက်သည်။

“ { တောင်အသွင်ပြောင်းခြင်းကျင့်စဉ် } ဘယ်လိုတောင် ဆန်းကြယ်လိုက်တဲ့နာမည်လဲ.. ဘာလို့ အရင်က တစ်ခါမှ မကြားခဲ့ဖူးပါလိမ့်မ.. ၀မ်ချောင် မင်း ဒီလို အစွမ်းထက်တဲ့ကျင့်စဉ်မျိုး ဘယ်လိုရခဲ့တာလဲ.. ”

ဝေဟောင်မှ ၀မ်ချောင်အား အထူးအဆန်းကြည့်နေပြီး ၀မ်ချောင်မှာ သူသိခဲ့သည့်သူနှင့် မတူဟု ခံစားနေမိသည်။

တစ်ချို့အကြောင်းအရာများကြောင့် ဝေဟောင် ကျင့်စဉ်အား ဖတ်လျှင်ဖတ်ခြင်း ထိုကျင့်စဉ်မှာ အလွန်အစွမ်းထက်လှသည်ဟု ခံစားမိသည်။ ထူးခြားသည့် စွမ်းအင်တစ်ခုက သူ့အား ဆက်ဖတ်နေရန် ဆွဲဆောင်နေသကဲ့သို့ပင်။

ထို့ကြောင့် အစမှအဆုံး ဖတ်ရှူပြီးမှသာ မျက်စိလွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

၀မ်ချောင် ထိုကျင့်စဉ်အား မည်သည့်နေရာမှ ရရှိခဲ့ကြောင်း ဝေဟောင် မသိသော်လည်း ဖတ်လိုက်သည်နှင့် အရိုင်းဆန်ကာ ၀မ်ကလန်မှ ကျင့်စဉ်များနှင့် လုံး၀မတူချေ။ သို့သော် ဝေဟောင် သဘောတွေ့လှသည်။ ကျင့်စဉ်အား ဖတ်ပြီးနောက် သူ့အတွက် တီထွင်ထားသည်လားဟု ခံစားနေရကာ အလွန် ပျော်ရွှင်ကျေနပ်မိစေသည်။

“ ဘာလို့လဲ.. မင်းမကြိုက်ဘူးလား.. ဒါဆိုလဲ ငါ့ကိုပြန်ပေးတော့.. ”

မပြောင်းလဲသည့် မျက်နှာဖြင့် လက်ဖြန့်ကာ ၀မ်ချောင် ပြောဆိုလိုက်သည်။

“ ဂျင်းကောင်.. မင်းပဲ ပေးခဲ့တာလေ.. အခု ဒါက ငါ့အပိုင်ပဲ.. ပြန်ယူမယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်နဲ့.. ”

ဝေဟောင်မှာ { တောင်အသွင်ပြောင်းခြင်းကျင့်စဉ် }အား တင်းကျပ်စွာ ကိုင်အားကာ ၀မ်ချောင်အား ပြန်တောင်းယူရန် မစဉ်းစားနှင့် ဟူသည့် ဟန်ပန်ဖြင့် ပြောဆိုလိုက်သည်။

“ ဟားဟားဟား... ”

၀မ်ချောင် သူ၏ ညာလက်အား ပြန်ရုတ်သိမ်းလိုက်ကာ ခွက်ထိုးခွက်လှန် ရယ်လေတော့သည်။

၀မ်ချောင် ရယ်နေသည်အားကြည့်ရင်း ဝေဟောင်မှာ မထိန်းနိုင်တော့ပဲ လိုက်ရယ်တော့သည်။ ညီအစ်ကိုနှစ်ယောက်မှာ ယခင်က ရင်းနှီးခဲ့ကြသည့် အချိန်အား ပြန်လည်ရရှိလိုက်သလိုပင် သူတို့အကြား မာကျောက်၏ပြဿနာမှ အထင်မြင်လွဲမှုများလည်း ပပျောက်သွားခဲ့လေတော့သည်။

“ ဂျင်းကောင်.. ဒီ { တောင်အသွင်ပြောင်းခြင်းကျင့်စဉ် }က ဒီရက်ပိုင်း ငါကြိုးစားအားထုတ်ပေးခဲ့တာအတွက် ဆုလာဘ်ပဲ ပြန်တောင်းဖို့မစဉ်းစားနဲ့.. ပြီးတော့ နောက်ကျ ဒီလိုမျိုး ကျင့်စဉ်တွေ ရခဲ့ရင်လဲ ငါ့ကို ပြောဖို့ မမေ့နဲ့ဦးဟုတ်ပြီလား... ”

“ အိပ်မက်မက်နေလိုက်.. ”

၀မ်ချောင် ပြန်လည်ချေပလိုက်သည်။ ဝေဟောင် ထိုကျင့်စဉ်အား အလွန်နှစ်ခြိုက်နေခြင်းအပေါ် ၀မ်ချောင် မအံ့သြပေ။ ထိုကျင့်စဉ်က ဝေဟောင်ကဲ့သို့သော ပါရမီနိမ့်ပါးနေသူများအတွက် ဖန်တီးထားခြင်း မဟုတ်ပါလား။

အားလုံးသိထားသည့်အတိုင်း ဤကမ္ဘာ၌ ပါရမီရှင်များထက် ပါရမီနိမ့်ပါးသည့် သာမာန်လူများက ပိုမိုများပြားလေသည်။

ထိုသူများက အောင်မြင်မှုအနည်းငယ်သာရရှိနိုင်သည့်တိုင် ချွင်းချက်တော့ရှိပေသည်။ မည်ကဲ့သို့ ဖြစ်စေကာမူ မျှော်လင့်ချက် ရှိနိုင်သည်။

{ တောင်အသွင်ပြောင်းခြင်းကျင့်စဉ် }က ထို မျှော်လင့်ချက်ပင်ဖြစ်သည်။

ထိုကျင့်စဉ်က ပါရမီမြင့်မားရန်မလိုအပ်သော်လည်း ကျင့်ကြံနိုင်ရန်အတွက် ပုံမှန်ထက် ဆယ်ဆ အဆတစ်ရာ ကြိုးစားရန် လိုအပ်သည်။

ထိုအရာက { တောင်အသွင်ပြောင်းကျင့်စဉ် }၏ နောက်ကွယ်မှ နိယာမတရားသာ ဖြစ်တော့သည်။

ထိုကျင့်စဉ်၌ ကန့်သတ်ချက်လည်း မရှိပေ။ မူလစွမ်းအင်နယ်ပယ်မှ သိုင်းသခင်နယ်ပယ်၊ ထို့နောက် နက်နဲသခင်နယ်ပယ် အင်ပါရီယာနယ်ပယ်အထိ ထိုကျင့်စဉ်အား ဆက်လက်ကျင့်ကြံနိုင်သော်လည်း အခြားသူများထက် ပို၍ အားထုတ်ရန်တော့ လိုအပ်သည်။ ပိုမိုကျွမ်းကျင်ရန် ပို၍ ကျင့်ကြံအားထုတ်ရမည်ဖြစ်ပြီး တစ်ခါတစ်ရံ အဆတစ်ထောင်ခန့် ပိုအားစိုက်ရပေမည်။

ထိုကျင့်စဉ်အတွက် ကန့်သတ်ချက်ဟူသည်မှာ ‘ ကြိုးစားအားထုတ်’ခြင်းသာ ဖြစ်ပေသည်။

ထိုအတွက်ကြောင့် ၀မ်ချောင် ဤကျင့်စဉ်အပေါ် စိတ်၀င်စားမှု လျော့နည်းခြင်းဖြစ်လေသည်။ ဆိုရလျှင် ထိုကျင့်စဉ်အား မှတ်မိခြင်းပင် မရှိပေ။ ကျင့်စဉ်မှာ ဆန်းကြယ်သည်မှန်သော်လည်း ၀မ်ချောင်နှင့် မသင့်တော်ချေ။

လူတိုင်းအတွက် မိမိနှင့်သင့်တော်သည့် ကျင့်စဉ်ရှိ၏။ ဤ ကျင့်စဉ်မှာ ဝေဟောင်အတွက် အလွန်သင့်တော်သည့်တိုင် ၀မ်ချောင်အတွက်တော့ သာမာန်ကျင့်စဉ်နှင့် ထူးမခြားနားပင်။

ထိုထက်ပို၍ သူ၏ယခင်ဘ၀၌ ဤကျင့်စဉ်အား မည်သူမျှ ဆုံးခန်းမတိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ‘ အချိန်မလောက်ခြင်း ’ကြောင့် ဖြစ်ပေသည်။

ထိုကျင့်စဉ်အား ကျင့်ကြံရန်အတွက် အချိန်များစွာ ပေးဆပ်ရပေမည်။ ထို့အပြင် ပါရမီရှင်များက ကျင့်စဉ်တစ်ခုအား အချိန်များစွာ ပေးဆပ်၍ ကျင့်ကြံလေမည်လား။

“ မင်း ဒီလောက်သိထားရင်ရပြီ.. ဒီကျင့်စဉ်အကြောင်း မင်းအဖေအပါအ၀င် ဘယ်သူ့ကိုမှ ပြောပြလို့ မဖြစ်ဘူးနော်... ”

၀မ်ချောင် သတိပေးလိုက်သည်။

“ မပူစမ်းပါနဲ့ ငါနားလည်ပါတယ်.. ငါသာ သန်မာလာရင် ဟိုခွေးကောင် ဝေကျီကို ဆုံးမရမယ်.. ”

ဝေဟောင် ဒေါသတကြီး ပြောလိုက်သည်။

ဝေဟောင်မှ သူ၏ ၀မ်းကွဲအကြောင်း ပြောဆိုရာတွင် ၀မ်ချောင်ရယ်ရုံသာ တတ်နိုင်တော့သည်။ လူတိုင်း၌ ကမ္ဘာမကြေရန်သူများ ရှိကြပေသည်။ ဝေဟောင်၏ ကမ္ဘာမကြေရန်သူမှာ သူ၏ ၀မ်းကွဲ ဝေကျီ ဖြစ်ပေသည်။

ဝေကလန်၏ လူငယ်မျိုးဆက်များထဲ၌ ဝေကျီမှာ လူတိုင်း လက်ခံထားသည့် ပါရမီရှင် ဖြစ်ပေသည်။ ထိုသူက ဝေဟောင်ထက် ငယ်သည်မှန်သော်လည်း ကျင့်ကြံခြင်းနယ်ပယ်၌ ဝေဟောင်ထက် သာလွန်နေချေပြီ။

ထိုသူက သူ့ဖခင်၏ အမှုထမ်းရာထူးမှာ ဝေဟောင်၏ဖခင်ထက် နိမ့်ကျနေခြင်းအပေါ် အစဉ် စောဒကဖြစ်လျက်နေလိမ့်မည် သို့တည်းမဟုတ် သူ့ဖခင်အပေါ် အားမလိုအားမရဖြစ်ရခြင်းအား ဝေဟောင်ထံ၌ ပုံချလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

ထိုသူ ဝြေခံ၀င်းသို့ ရောက်သည့်အချိန်တိုင်း ဝေဟောင်အား ဦးတည်ကာ အစဉ်သဖြင့် ရိုက်နှက်ရန် အကြောင်းပြချက် ရှာလေတော့သည်။

ထိုအရာက ဝေဟောင်၏ဖခင်ဖြစ်သူ အမတ်မင်းဝေအား ဒေါသပင်လယ် ဝေစေသည်။ ထို့အပြင် ဝေဟောင်သည်လည်း အမတ်မင်းဝေ၏ သန်မာမှုအား ဆက်ခံနိုင်ခြင်း မရှိပဲ သာမာန်ပါရမီသာရှိလေသည်။

၀မ်ချောင်မှ ဝေဟောင်အား { တောင်အသွင်ပြောင်းခြင်းကျင့်စဉ် }အား ပေးအပ်ရသည့် အကြောင်းရင်းမှာလည်း ထိုအချက်ကြောင့် ဖြစ်လေသည်။

“ အဲ့တာ အသာထားလိုက်ဦး... ငါမင်းကို ဒုက္ခပေးစရာရှိသေးတယ်.. ”

၀မ်ချောင် ခေါင်းစဉ်ပြောင်းလိုက်ကာ မြင်းလှည်းထဲမှ သစ်သားသေတ္တာအား ဖွင့်လိုက်ရာ ရွှေတုံး ၁၇၀၀၀ က မျက်စိရှေ့၌ ထွက်ပေါ်လာသည်။

“ ဒီမှာ ရွှေတုံး ၁၇၀၀၀.. ဒါယူထားပြီးတော့ ငါ့အတွက် နွား၊ ဆိတ်၊ ၀က်၊ ငှက်ပျော၊ ပြောင်း၊ နှံ ဘာနေနေကွာ စားလို့ရရင် ပြီးရော.. အဲ့လို ရိက္ခာတွေ စုဆောင်းထားပေးပါဦး.. ”

“ မင်း ဓားရောင်းလိုက်တာလား.. ”

ဝေဟောင် မျက်လုံးပြူးသွားခဲ့သည်။ ယခင်ရွှေတုံး ၃၂၀၀၀ အား ဟိန္ဒူဘုန်းကြီးများအား ပေးအပ်လိုက်ပြီးဖြစ်ရာ လက်ရှိ ရွှေတုံး ၁၇၀၀၀ မှာ ဓားရောင်းချလိုက်ခြင်းကြောင့် ရရှိခဲ့ခြင်းသာ ဖြစ်ရပေမည်။

“ ဟုတ်တယ်.. ငါ ရွှေတုံး ၃၅၀၀၀ နဲ့ရောင်းလိုက်တယ်... ဒါက တစ်၀က်ပဲ.. ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်ပြီး ဝေဟောင်အား ဖုံးကွယ်ထားခြင်း မရှိချေ။

“ မပူပါနဲ့.. ဒါက ခက်ခဲတာလဲမဟုတ်.. ငွေအလုံအလောက်သာရှိရင် ငါမလုပ်နိုင်တာမရှိဘူး.. ”

ဝေဟောင်ပြောလိုက်သည်။

ဝေဟောင်က ဝေကလန်၌ အကြွင်းမဲ့ အာဏာမရှိသည့်တိုင် သူကိုယ်တိုင်က ငွေထုတ်မည်ဖြစ်ရာ ရိုးရှင်းကာ အမြတ်စွန်းရမည့် ကုန်သွယ်မှုအား ဝေကလန်မှ ဟန့်တားမည် မဟုတ်။

“ ပြီးတော့ ငါ မင်းအကူအညီလဲ လိုအပ်သေးတယ်.. ”

၀မ်ချောင် သူ၏ အတွေးအား တီးတိုးပြောပြလိုက်သည်။ ထိုစကားများအား ကြားလျှင် ဝေဟောင် ခေါင်းငြိမ့်လိုက်ပြီး.....

“ ကိစ္စမရှိဘူး.. ငါ့တာ၀န်သာထားလိုက်.... ” ( ဟင်.... ငါတို့လဲ သိချင်တယ်လေ.. စာဖတ်သူတွေကိုပါ လျှိုတယ်.. Report ၀မ်ချောင် )

လိုအပ်သည်များအား ပြောကြားပြီးနောက် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး မြင်းလှည်းမောင်းသမားအား ဝေဟောင် ရွှေတုံးများ ကူသယ်ယူပြီး သူ၏ခြံ၀င်းသို့ ပြန်နှင့်ရန် ပြောလိုက်သည်။

သူ၏ ညီမငယ်မှာတော့ လောကစည်းစိမ်အား ခံစားနေလျက်ရှိသည်။ ၀မ်ချောင်ထံမှ ရွှေတုံး ရာချီ ရလိုက်ပြီးနောက် သူမက သူဌေးပေါက်စ ဖြစ်နေလေပြီ။ ထို့ကြောင့် သူမ၏ နေ့ရက်များအား ၀မ်းကွဲ ၀မ်ကျူးယန်နှင့်သာ အချိန်ဖြုန်းနေပြီး တစ်ခါတစ်ရံ အိမ်သို့ပင် ပြန်မလာချေ။

၀မ်ကလန်၏ စည်းမျဉ်းများအရ ထိုသို့သော အပြုအမူအား လက်သင့်မခံသော်လည်း သူမက ၀မ်းကွဲ ၀မ်ကျူးယန်နှင့် ရှိနေသည်ဖြစ်ရာ စာတစ်စောင့် ပို့ခဲ့သည်နှင့် သူ၏မိခင်မှာ ထိုကိစ္စအား ပစ်ပယ်ထာလိုက်သည်။

ဟိန္ဒူဘုန်းကြီးများနှင့်လည်း ကိစ္စဖြတ်ပြီးသည်ဖြစ်ရာ ၀မ်ချောင်အတွက် လာမည့်နေ့ရက်များက အားလပ်နေပေတော့သည်။ ညသန်းခေါင်၌ နိုးလာပြီး နဂါးအရိုးကိုယ်ခန္ဓာကျင့်စဉ်နှင့် ဒေါသလက်သီးအား ကျင့်ကြံသည်။ နေ့ဘက်၌ ဝိဉာဏ်သစ်ပင်စီရင်စုသို့သွားကာ အမဲရောင်ကျောက်တုံးအား တစ်ကွက်ရွေ့ပြီး အရိပ်ထဲမှ စစ်နတ်ဘုရားဟောင်း ဆုကျန့်ချန်နှင့် ယှဉ်ပြိုင်သည်။

နေ့ရက်များအား အေးအေးချမ်းချမ်းနှင့် အစီအစဉ်တကျ ဖြတ်သန်းနေလေသည်။

...........

“ လာလာ.. စုသခင်လေးကို ဂုဏ်ပြုကြရအောင်.. ”

“ ငါ ဘယ်တော့မှ ၀န်မခံဖူးတာပြောပြမယ်.. စုသခင်လေးက ငါ အလေးစားဆုံး ပုဂ္ဂိုလ်ပဲ... ”

“ ကျန်းဝေ.. ငါ မင်းကိုထောက်ခံတယ်.. လာပါ စုသခင်လေး ကျုပ်လဲ ဂုဏ်ပြုပါရစေ.. သခင်လေးက ကျုပ်အမြဲ လေးစားခဲ့ရတဲ့သူပါ.. မြို့တော်ထဲမှာ သခင်လေးနာမည်ကို မကြားဖူးတဲ့သူ ရှိမယ်မထင်ဘူး.. ”

“ သေချာတာပေါ့... အမတ်မင်းစု ပိုင်ဆိုင်ထားတဲ့ အာဏာကိုကြောင့် ဘယ်သူက သခင်လေးကို ဆန့်ကျင်ရဲလို့လဲ.. ယောင်ကလန်နဲ့ ၀မ်ကလန်တောင်မှ သခင်လေးကို သတိကြီးကြီးထားနေရမယ်.. ”

.........

နတ်ဘုရားရှစ်ပါးစံအိမ်ထဲ၌ ဝိုင်ခွက်တိုက်သံများက ထွက်ပေါ်လို့နေသည်။ လူအုပ်ကြီးက စုပိုင်အနီး ၀န်းရံနေကြပြီး ဖော်လံဖားနေကြကာ မအားလပ်ကြပေ။ စုပိုင်မှာတော့ ညောင်စောင်းပေါ်၌ လှဲလျက်နေပြီး ဝိုက်ခွက်မြောက်ကာ ဂုဏ်ပြုသည်များအား လက်ခံနေသည်။

ထို၀န်းရံနေသည့် သခင်လေးများက မြို့တော်၏ လွမ်းမိုးနိုင်စွမ်းကြီးမားသည့် မျိုးဆက်များဖြစ်ပေသည်။ ရိုးရိုးသားသားဆိုရလျှင် စုပိုင် ထိုသူများအပေါ် မျှော်မှန်းထားခြင်းတော့ မရှိချေ။

ထိုသူများက သူ့အား မျက်နှာလို မျက်နှာရလုပ်နေမှန်းသိထားပြီး ထိုသူများ အလေးထားသည့် အချက်ကို သူသိပေသည်။ ထိုအရာက မဟာထန်မြို့တော်၏ လွမ်းမိုးမှု အကြီးမားဆုံးသူများထဲမှ တစ်ဦးဖြစ်သည့် သူ၏ဖခင် အမတ်မင်းစုသာဖြစ်သည့် စုဖုဝေ ဖြစ်ပေသည်။

ယောင်ကလန်နှင့် ဝေကလန်ကဲ့သို့သော တည်ရှိမှုများပင် သူ့ဖခင်၏ တည်ရှိမှုအား လျစ်လျူမရှုရဲပေ။

“ မှန်တယ်.. ဒါနဲ့... စုသခင်လေးက ကျုပ်တို့အားလုံးကို ရုတ်တရက်ကြီး ခေါ်လိုက်တာ ဘာအတွက်လဲ မေးလို့ရမလား.. ”

သခင်လေးတစ်ယောက်က ဝိုင်ခွက်အား ချကာ မေးလိုက်သည်။

စုပိုင်မှာ တွန့်တိုသောသူမဟုတ်သည့်တိုင် သဘောထားလဲမကြီးပေ။ နတ်ဘုရားရှစ်ပါးစံအိမ်ရှိ သူ၏ မိတ်ဆွေများကိုပင် ဒကာခံသည်က ရှားပါးပေသည်။ သူတို့အားလုံးက စုပိုင်နှင့် မည်သည့်ဆက်စပ်မှုမှ မရှိသည့်အတွက် ထိုအရာက မေးခွန်းထုတ်စရာပင်။

သို့တိုင် စုပိုင်က သခင်လေးများအား နတ်ဘုရားရှစ်ပါးစံအိမ်သို့ ဖိတ်ခေါ်ကာ ဒကာခံနေသည်။ ထိုအရာက လူတိုင်းအား အငိုက်မိသွားစေသည်။

‘ ငှက်ငတုံးက စောစောအပျံသင်ရမည် ’ဟူသည့် ဆိုရိုးရှိသည် မဟုတ်လား။

ဆိုလိုသည်က ပါရမီနိမ့်ပါးသည့်သူက အခြားသူများထက်သာလွန်ရန် အခြားသူများမစတင်မှီ အရင် လုပ်ဆောင်ရပေမည်။

Chapter 73.

ကြွေးမြီ

“ စည်းမျဉ်းတွေကို မချိုးဖောက်သေးပေမဲ့ စုသခင်လေးပြောတာက သဘာ၀ကျတယ်လေ.. ရွှေတုံး ၁၇၀၀ ဆိုတာ မင်းတတ်နိုင်တဲ့ အရာထက် အများကြီး ကျော်လွန်နေပြီ... ဒါကြောင့် မင်းပေးနိုင်မှာ မဟုတ်ဘူး... တကယ်လို့ တရားရေးရာရုံးတော်က စာချုပ်ကျိုးပေါက်ဖို့ အခွင့်အလမ်းများနေရင် ၀င်စွက်ဖက်ပါတယ်.. အရင်တုန်းကလဲ ငါတို့ ဒီအတိုင်းပဲ လုပ်ခဲ့တာပဲ.. ”

တရားရေးရာရုံးတော်မှ အရာရှိနှစ်ဦး၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။

“ ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ကောင်လေး.. စုသခင်လေးနဲ့ တစ်ခြားသူတွေရဲ့ စာချုပ်ပါ အချက်အလက်တိုင်း အကြွေးဆပ်နိုင်တယ်ဆိုရင် တရားရေးရာရုံးတော်က ဘာမှ လုပ်မှာ မဟုတ်ပါဘူး.. ”

မဟာထန်၏ ကြီးပွားရေးအတွက် ရိုးသားခြင်းနှင့် တာ၀န်ယူခြင်းတို့က အခြေခံဥပဒေသများ ဖြစ်လေသည်။ ထိုအရာများဖြင့်သာ လူမှုဘ၀ တိုးတက်ပေလိမ့်မည်။ ထိုအချက်များကြောင့် တိုင်းတစ်ပါးသားများဖြစ်သည့် ခဲရပ်စပါစီနူ၊ အာဘတ်စစ်စော်ဘွားနယ်၊ သျှီလာနှင့် တာဂစ်ဂါကာနိတ်မှ ကုန်သည်များစွာက မဟာထန်သို့ လာ၍ ကုန်သွယ်ကြခြင်းဖြစ်ပေသည်။

ထို့ကြောင့် တရားရေးရာရုံးတော်မှ စာချုပ်ဖောက်ဖျက်သူများအား ထိရောက်စွာ အရေးယူလေ့ရှိသည်။ စုပိုင်ကိုယ်တိုင်က သူတို့ နှစ်ဦးအား ဖိတ်ခေါ်လာခဲ့သည် ဖြစ်သည့်တိုင် ၀မ်ချောင်မှ စာချုပ်အား မဖောက်ဖျက်ပါက ချက်ချင်း ထွက်ခွာသွားမည်ဖြစ်သည်။

“ ၀မ်ချောင်.. မင်း ဘာကို ကြောက်နေတာလဲ.. ဘာလဲ စာချုပ်ကို ချိုးဖောက်မလို့လား.. နတ်ဘုရားရှစ်ပါးစံအိမ်က အကြွေးစာရင်းက ရှင်းတယ်နော်.. မင်းထွက်ပြေးလို့ မလွတ်ပါဘူး.. ”

စုပိုင် ရှေ့ထွက်ကာ ချောက်ချားဖွယ်ကောင်းစွာ လှောင်ပြောင်လိုက်သည်။ ၀မ်ချောင်မှ သူသည် အကြွေးသိမ်းရန် လာသည်ဟု ထင်နေသည်လား မည်သို့ ဖြစ်နိုင်မည်နည်း။ ယနေ့တွင် သူက ၀မ်ကလန်အား အရှက်ခွဲရန် လာခြင်း ဖြစ်ပေသည်။

“ စုပိုင်... ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. သေသေချာချာ ဆုံးဖြတ်ပါ.. စီးပွားရေးက စီးပွားရေးပဲ ဒါပေမဲ့ မင်းက ယောင်ကလန်ဖက်က ရပ်တည်ပြီး ငါတို့ ၀မ်ကလန်ကို ရင်ဆိုင်ချင်တာ သေချာပြီလား... ”

၀မ်ချောင် အေးစက်စက်ပြောလိုက်သည်။

စုပိုင်က ယောင်ဖုန်းနှင့် ရင်းနှီးသည့်ဆက်ဆံရေး စတင်နေသည်ကို ၀မ်ချောင် သိထားသော်လည်း လျှို့ဝှက်ပူးပေါင်းခြင်းနှင့် တရား၀င်ပူးပေါင်းခြင်းက မတူညီသည့် ကိစ္စ နှစ်ခု ဖြစ်ပေသည်။

ဤအချက်ကြောင့် စုပိုင်က သူ့အား ထိုးနှက်ချင်သည်က သိသာနေသည်။ ထိုသူတို့အကြား ပူးပေါင်းခြင်းက သာမန်ကာလျှံကာ မဟုတ်တော့ပေ။

“ ဟားဟား... ”

စုပိုင် လှောင်ပြောင်လိုက်သည်။ ၀မ်ချောင်အား လေကုန်မခံချင်သည့်ဟန်ဖြင့် အခြားသူများဖက်လှည့်ကာ အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်သည်တွင် လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး....

“ ၀မ်ချောင်.. ငါတို့ ငွေပြန်ပေး.... ”

“ ငွေပြန်ပေးစမ်း....... ငွေပြန်ပေးစမ်း... ”

........

အသံများက လှိုင်းလုံးများအလား တစ်လှိုင်းထက်တစ်လှိုင်း ပြင်းထန်လို့နေသည်။

“ ဟမျ့..... ”

သူရှေ့ရှိ ဗျူဟာအား ကြည့်ရင်း ၀မ်ချောင် ခနဲ့လိုက်သည်။ အကယ်၍ သူသာ ထိုငွေများအား အချည်းနှီးသုံးဖြုန်းခဲ့လျှင် ယနေ့၌ ဧကန်မုချ ငရဲကျပေတော့မည်။

မည်သို့ဆိုစေ ၀မ်ချောင်က ထိုငွေများအား အသုံးပြု၍ ကိုယ်ပိုင် ဓနဥစ္စာများ ရှာဖွေထားသည်ကို စုပိုင် မသိထားချေ။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းရောင်း၀ယ်ခွင့် ရရှိပြီးနောက် လက်ရှိ ၀မ်ချောင်အနေဖြင့် ရွှေတုံး ၁၇၀၀ အပါအ၀င် အတိုးရွှေတုံး ၁၀၀၀ ဟူသည့် ကြွေးမြီမှာ ကလေးမုန့်ဖိုးသာသာ ဖြစ်နေလေပြီ။

“ ရှန့်ဟိုင် မုန့်လုံ လာခဲ့ဦး.. ”

၀မ်ချောင် ရှန်းဟိုင်အား လက်ယပ်ခေါ်လိုက်ပြီး..

“ ငါ့အိပ်ယာအောက်က သေတ္တာ သွားယူလာခဲ့... ”

ထိုသေတ္တာထဲ၌ ရွှေတုံး ၅၀၀၀ ခန့်မျှ ရှိသည်။ သူ၏ဦးလေးက ၀မ်ချောင်မှ လက်ကျန်ငွေအားလုံးကို ဝေဟောင်အား ပေးလိုက်သည်ကိုသိပြီးနောက် ထိုငွေအား အထူးတလည် ပို့ထားခြင်း ဖြစ်ပေသည်။ သစ်သားသေတ္တာလေးအတွင်း ထိုမျှလောက် ငွေများ ရှိနေမည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

အကယ်၍ စုပိုင်က ရွှေတုံး ၂၇၀၀ လောက်ဖြင့် ၀မ်ချောင်အား ဆွဲချချင်သည်ဆိုပါက ရူးနေ၍သာ ဖြစ်လိမ့်မည်။

“ ဟုတ်ကဲ့ပါ.. အခုပဲ သွားယူလိုက်ပါ့မယ်.. ”

ရှန့်ဟိုင် ဖြေကြားလိုက်သည်။ ထွက်မသွားခင် စုပိုင်အား ထူးထူးဆန်းဆန်း ပြုံးပြခဲ့သေးသည်။ ၀င်ပေါက်၌ ကိစ္စကြီးဖြစ်တော့မည်ဟု သူထင်လိုက်မိသော်လည်း ယခုမှာတော့ အသေးအဖွဲသာ ဖြစ်နေချေသည်။

၀မ်သခင်လေးနောက် ရက်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် ရှန့်ဟိုင်နှင့် မုန့်လုံတို့က လျှို့ဝှက်ချက်များစွာအား သိထားလေသည်။ သူတို့နှစ်ဦးက ၀မ်ချောင်၏ မြင်းလှည်းအတွင်း ရွှေတုံး ထောင်နှင့်ချီ၍ မကြာခဏ တင်တင် ချချ လုပ်ခဲ့ရသည် မဟုတ်ပါလား။

သို့တိုင် စုပိုင်မှာတော့ ၀မ်မိသားစုခြံ၀င်းရှေ့၌ ရွှေတုံး သုံးထောင်ခန့်အား လာတောင်းနေသေးသည်။ သူ့အတွက်တော့ ထိုအရာက ဟာသတစ်ခုအလားပင်။

“ သခင်လေး ဒီလူတွေကို ယဉ်ကျေးနေဖို့ မလိုဘူး.. ”

ရှန့်ဟိုင် ထွက်မသွားခင် ပြောခဲ့သေးသည်။

၀မ်ချောင် ပြုံးသာပြလိုက်သည်။ သွားယူရန် လက်ဟန် ပြလိုက်ပြီး ရှန့်ဟိုင် ခြံ၀င်းထဲသို့ ပြေး၀င်သွားခဲ့လေသည်။

“ ဘာဖြစ်နေတာလဲ.. မင်းတို့က ဘယ်သူတွေလဲ.. ”

ရှန့်ဟိုင် ထွက်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်း၌ အနောက်မှနေ၍ ဇဝေဇဝါဖြစ်နေသည့်အသံ ထွက်လာခဲ့သည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ၀င်ပေါက်မှ ထွက်ပေါ်လာပြီး အစေခံများနှင့် အထိန်းတော်များက သူမ၏နောက်၌ တန်းစီနေကြသည်။

“ အမေ.... ”

ထိုမြင်ကွင်းအား တွေ့လိုက်ရသည်တွင် ၀မ်ချောင် ဆွံအသွားခဲ့သည်။ ဤကိစ္စအား သူက တိတ်တဆိတ်သာ ဖြေရှင်းရန် ကြံရွယ်ထားသော်လည်း သူ၏မိခင် သတိထားမိသွားခဲ့သေးသည်။

၀မ်သခင်မကြီး ခြံ၀င်းအတွင်း အနားယူစဉ်၌ ဆူညံနေသည့်အသံများအား ကြားခဲ့ခြင်း ဖြစ်ပေသည်။ ဇဝေဇဝါဖြစ်နေသည့်အတွက် ထွက်ကြည့်ခြင်း ဖြစ်သည်။

“ စုသခင်လေးလား... ”

စုပိုင်အား မြင်သည်တွင် ၀မ်သခင်မကြီး အံ့သြသွားခဲ့သည်။ စုပိုင်အား သူမ မှတ်မိနေခြင်းမှာ စုသခင်မကြီး၏ဘေးတွင် စုပိုင်ရပ်နေသည်အား နန်းတော်၌ တွေ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။

“ စုသခင်လေးက ဘာလို့ ဒီရောက်နေတာလဲ... ”

၀မ်သခင်မကြီး အထူးအဆန်း ဖြစ်နေသည်။

“ ဟီးဟီး... ၀မ်သခင်မကြီးက အချိန်ကိုက်ရောက်လာတာပဲ.. သခင်မကြီးရဲ့သားက ရွှေတုံး ၁၇၀၀ အကြွေးတင်နေတာ စာချုပ်နဲ့တကွ သက်သေရှိပါတယ်.. အခုလာတာက အကြွေးလာတောင်းတာပါ.. ”

စုပိုင် စာရွက်တစ်ရွက်အား ထုတ်ပြလိုက်ပြီး ဆက်ပြောသည်က..

“ မှန်ပါတယ်.. အကြွေးစာရင်းအရ နေ့ပြန်တိုး နှစ်ကျပ်တိုး ပါပါသေးတယ်.. ”

“ ဘာ.......... ”

စုပိုင်၏ စကားအား ကြားလိုက်သည်တွင် ၀မ်သခင်မကြီး၏ အမြင်အာရုံ ဝေဝါးသွားခဲ့တော့သည်။ မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ် တုန်ယင်သွားကာ မြေပေါ်သို့ လဲကျလုလုပင်။

၀မ်သခင်မကြီးမှ သူမ၏သား ၀မ်ချောင်မှာ သူမ မသိခင် ရွှေတုံး ထောင်ချီ ချေးယူထားလိမ့်မည်ဟု ထင်မထားပဲ အတိုးနှုန်း နှစ်ရာခိုင်နှုန်းမှာ ပိုဆိုးပေသည်။

ထိုအရာက ၀မ်သခင်မကြီး လိုက်မမှီတော့သည့် ကိစ္စ ဖြစ်သွားချေပြီ။ ၀မ်မိသားစုမှ ထိုအကြွေးအား ပေးချေနိုင်မည် မဟုတ်ပေ။

“ ဟီးဟီး.... ”

ထိုမြင်ကွင်းအား မြင်သည်တွင် စုပိုင် သဘောကျစွာ ရယ်လိုက်သည်။ သူမျှော်လင့်ထားသည့်အရာက နောက်ဆုံး အကောင်အထည်ပေါ်လာခဲ့ချေပြီ။

၀မ်ကလန်မှ မည်သူကမျှ ၀မ်ချောင်၏ နတ်ဘုရားရှစ်ပါးစံအိမ်မှ အကြွေးကိစ္စအား သိထားခြင်းမရှိချေ။ လူပေါင်းများစွာအား စုစည်း၌ လာရသည်မှာလည်း ထိုအကြောင်းရင်းကြောင့်သာဖြစ်ပြီး ထိုအချက်ဖြင့် ၀မ်ကလန်အား အလင်းပြကာ လူတိုင်းအား သိစေမည်ဖြစ်သည်။

၀မ်မိသားစုခြံ၀င်း၏ ခွဲတမ်းက အကန့်အသတ်ရှိပေသည်။

၀မ်ယန်၏ အနည်းငယ်မျှသောလစာက ကိုယ်ရံတော်များ၊ အထိန်းတော်များနှင့် အစေခံများအား လစာပေးရန် မလုံလောက်ရုံတမယ်ပင်။ လစဉ်လတိုင်း ရွှေတုံး တစ်ရာခန့်သာ ကျန်ရှိလေသည်။

ရွှေတုံး ၁၇၀၀ အား အတိုးနှင့်ပေါင်းလျှင် ရွှေတုံး ၃၀၀၀ နီးနေလေပြီ။ ၀မ်ကလန်မှ ထိုအကြွေးအား မည်သို့ ပေးချေနိုင်လိမ့်မည်နည်း။

“ အတော်ဆိုးတာပဲ.... ”

ဤကိစ္စ၌ ၀မ်သခင်မကြီး ပါ၀င်လာသည့်အတွက် ၀မ်ချောင်၏ စိတ်ထဲမှာတော့ မွန်းကျပ်နေလေပြီ။ သူ၏မိခင်အား မသိစေပဲ ဤကိစ္စအား ဖြေရှင်းချင်သည့်တိုင် သူ မှန်းထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

“ ချောင်အာ.. စုသခင်လေးပြောတာ အမှန်ပဲလား.. ”

၀မ်သခင်မကြီး အံကြိတ်ကာ သူမ၏ မျက်နှာထား တင်းမာလို့နေသည်။ ကြည့်လိုက်သည်နှင့် ၀မ်ချောင်က စုပိုင်ကိုသာ အကြွေးတင်နေခြင်းမဟုတ်ပဲ ကလန်များစွာမှ သခင်လေးများကိုပါ ပေးရမည်ဖြစ်ကြောင်းသူမ မြင်နေရသည်။ ထိုအကြွေးများအားလုံး ပေါင်းလိုက်လျှင် မည်မျှရှိမည်ကို သူမ မစဉ်းစားရဲတော့ချေ။

သူက ရဲတင်းလွန်းလှချေသည်။

သူမက ၀မ်ချောင်အပေါ် အနည်းငယ် အကောင်းမြင်စ ပြုချိန်၌ပင် အကျင့်ဟောင်းက ထဖောက်လေပြီ။

“ အမေ.. သားပြောတာ နားထောင်ပါဦး.. ဒီကိစ္စက အမေထင်နေသလို မဟုတ်ပါဘူး.. ”

၀မ်ချောင် အားခဲကာ ပြောလိုက်သည်။

“ စုသခင်လေးရဲ့စကား မှန်လား မှားလားဆိုတာပဲ ပြောရင်ရပြီ.. ”

၀မ်သခင်မကြီးမှ ၀မ်ချောင်အား စိုက်ကြည့်နေသည်။

“ မှန်ပါတယ်... ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။

“ နင်... နင်... နင်....”

ဒေါသထိန်းမရတော့ရာ ၀မ်သခင်မကြီးမှ ၀မ်ချောင်အား လက်ညှိုးထိုးရင်း စကားလုံးတစ်လုံးမှ ထွက်မလာတော့ပေ။

“ ၀မ်သခင်မကြီး စိတ်လျော့ပါ...”

“ သခင်မကြီး စိတ်လျော့ပါဦး... ”

သခင်မကြီး ဒေါသအိုး ဆူဝေနေသည်ကို မြင်လျှင် အထိန်းတော်များနှင့် အစေခံများက ချက်ချင်း ပြေးလာကာ သူမအား ထွေးပွေ့သူကပွေ့ နှိပ်သူကနှိပ် လုပ်နေကြသည်။ တစ်ချိန်တည်း၌ ၀မ်ချောင်အား အလျင်အမြန် တောင်းပန်နေကြပြီး...

“ သခင်လေးလဲ.... ဆက်မပြောပါနဲ့တော့.. ”

၀မ်ချောင်သည်လည်း ဆက်မပြောလျှင် ပိုဆိုးမည်ကို တွေးလိုက်မိသည်။ နတ်ဘုရားရှစ်ပါးစံအိမ်နှင့် ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိစ္စရပ်များအား သူ့မိခင်ကို ပြောပြခဲ့ခြင်း မရှိပေ။ အကြောင်းရင်းက ရိုးရှင်းပေသည် သူ၏မိခင်ဖြစ်သူအား စိတ်မပူစေချင်၍ ဖြစ်သည်။ ထိုအရာက စွန့်စားရမည်ကို သိရှိထားသည့်အတွက် သူမ စိုးရိမ်မည်က မလွဲဧကန် ဖြစ်လေသည်။

ထိုထက်ပို၍ သူက အရွယ်ရောက်ပြီဖြစ်ကာ သူကိုယ်တိုင် တာ၀န်ယူရမည့်အရာ များစွာ ရှိနေချေပြီ။ ထိုကိစ္စများကြောင့် သူ၏မိခင်အား ဖိအား မဖြစ်စေလိုပေ။

၀မ်ချောင် သူ၏မိခင်အပေါ် ဖုံးကွယ်ထားလိုစိတ်မရှိသည့်တိုင် ယခုကလည်း သိသင့်သည့် အချိန်ကောင်း မဟုတ်ချေ။

မနီးမဝေးမှ စုပိုင်မှာတော့ လှောင်ပြောင်လို့နေသည်။ ထိုအရာက သူမျှော်လင့်နေသည့် အရာပင်။

၀မ်ချောင် သူ၏မိခင်ရှိရာသို့ မလှည့်မှီ စုပိုင်အား ကြည့်သွားခဲ့သည်။ နတ်ဘုရားရှစ်ပါးစံအိမ်မှ ကိစ္စရပ် ပေါ်ပေါက်သွားပြီးဖြစ်သည့်တိုင် ၀မ်ချောင် အထိတ်တလန့်ဖြစ်နေမည် မဟုတ်ပေ။

“ အမေ.. ဒီကိစ္စက အမေထင်သလို မဟုတ်ပါဘူး.. ရွှေတုံး ၁၇၀၀က အတော်များတယ်ဆိုပေမဲ့.. ဒါက ပြဿနာ မဟုတ်ပါဘူး.. သားကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်ပါတယ်.. ”

“ လေလုံးထွားမနေနဲ့.. မင်း ဒီကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ.... ”

ပတ်ပတ်လည်မှ လူအများ ထရယ်ကုန်သည်။

သူတို့များက ချမ်းသာသည့်တိုင် လစဉ် ရွှေတုံး အနည်းငယ်သာ ရရှိကြသည်။ အများဆုံးအနေဖြင့် ဆယ်တုံးစွန်းစွန်းလေးသာ ဖြစ်ပေသည်။

ထို့ကြောင့် ၀မ်ချောင် ငွေချေးမည်ဟု ပြောစဉ်က ချက်ချင်းလက်ငင်း မချေးရဲကြခြင်းဖြစ်ပေသည်။ ပြောစရာမလိုအောင်ပင် ၀မ်ကလန်မှာ မည်သည့် စီးပွားရေးလုပ်ငန်းမှ မရှိသည့်အတွက် သူတို့ထက်ပင် အခြေအနေ ဆိုးပေလိမ့်ဦးမည်။

၀မ်ချောင်သာ အကြွေးရှင်းနိုင်ပါက အံ့ဖွယ်သုတ ဖြစ်နေတော့မည်။

၀မ်ချောင် ထိုသူများအား အရေးစိုက်မနေတော့ချေ။ ရွှေတုံး ၁၇၀၀ ဆိုသည်မှာ လက်ရှိသူ့အနေဖြင့် ပြဿနာကြီး မဟုတ်နေပေ။

“ အမေ.. သားပြောတာ နားထောင်ပေးပါ.. သားပိုက်ဆံတွေကို သုံးဖြုန်းပစ်တာမဟုတ်ပါဘူး.. အရင်းအနှီးလုပ်ထားတာပါ... ”

၀မ်ချောင်ပြောလိုက်သည်။

“ ရင်းနှီးမြုပ်နှံထားတယ်ဟုတ်လား.. ဘယ်လို ရင်းနှီးမြုပ်နှံထားတာလဲ... ”

နောက်ဆုံးတော့ ၀မ်သခင်မကြီး စိတ်လျော့လိုက်သည်။ ထိုစကားများအားကြားလျှင် သူမ မေးခွန်းထုတ်လိုက်သည်။

“ ဟားဟားဟား... ဒီလိုအချိန်မျိုးမှာတောင် မင်းအမေကို လိမ်ဖို့ ကြိုးစားနေသေးတယ်... ”

စုပိုင် အသည်းအသန် ရယ်နေတော့သည်။ ၀မ်ချောင်၏ စကားများအား သူကြားနေရသည်။ မည်သည့် ရင်းနှီးမြုပ်နှံမှုနည်း။ သူ့အနေဖြင့်ထိုစကားများက အဓိပ္ပာယ် မရှိချေ။

“ မင်းပြောတဲ့ လိမ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ.. ငါတို့ သခင်လေးက ဘယ်တုန်းကမှ လိမ်မပြောဘူး.. ဒါက ရွှေတုံး ထောင်ဂဏန်းလေးပဲ မဟုတ်လား.. ရော့ ယူလိုက်... ”

ထိုအချိန်၌ အထင်သေးသည့်အသံက ၀င်ပေါက်မှ ထွက်ပေါ်လာသည်။ ဘန်း.. လူကိုမမြင်ခင်၌ အမဲရောင်အရိပ်တစ်ခု လွင့်ပျံလာခဲ့သည်။

စုပိုင် နောက်ဆုတ်လိုက်ကာ တိုက်ခိုက်လာမှုအား ရှောင်တိမ်းလိုက်လေ၏။ နောက်လှည့်ကြည့်လိုက်သည်တွင် မြေပြင်၌ ရှိနေသည့်အရာမှာ ရွှေတုံး ဖြစ်နေလေသည်။

တစ်ချိန်တည်း စုပိုင်၏ မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

“ ဟားဟားဟား.. ရှန့်ဟိုင်.. မင်းက အချိန်ကိုက် ရောက်လာခဲ့တာပဲ.. ”

ရှန့်ဟိုင် ၀င်ပေါက်မှ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာသည်ကိုမြင်လျှင် မျက်မှောင် ကြုံ့နေသည့် ၀မ်ချောင်၏ မျက်ခုံးက ပြန်လည်နေသားကျသွားပြီး ပျော်ရွှင်စွာ ရယ်လိုက်လေသည်။ စကားပြောလျှင် ပေါသည် ထိုကိစ္စက စကားလုံးဖြင့် ဖြေရှင်း၍ မရချေ။ ငွေသည်သာ ဖြေရှင်းချက် ဖြစ်ပေသည်။

“ သခင်လေး.. ဒီကောင်တွေကို သခင်လေး ရွှေတုံးတွေနဲ့ မျက်နှာကိုပဲ ကိုင်ပေါက်သင့်တယ်.. ဒီလို အနုတ်စုတ် ဂုတ်စုတ်တွေနဲ့ စကားပြောဖို့ကို မတန်ဘူး.. ဒီကောင်တွေက သူတို့ကလန်ကနေ လတိုင်း ရွှေတုံး နည်းနည်းပဲ ရနေတဲ့ သောက်ရူးတွေ... သခင်လေးနဲ့ တန်းတူနေဖို့ မပြောနဲ့ သခင်လေးရဲ့ နာမည်ကိုခေါ်ဖို့တောင် မထိုက်တန်ဘူး.... ”

ရှန့်ဟိုင် အပြင်ဘက်မှ လူအုပ်ကြီးအား အထင်သေးစွာ ပြောဆိုလိုက်သည်။ သူ၏ လက်ထဲ၌ ဂျင်တစ်ရာခန့် အချိန်စီးသည့် သစ်သားသေတ္တာလေးအား ငှက်မွှေးသဖွယ် ကိုင်ထားသည်။

“ မင်းလို အစေခံကများ လေလုံးကြီးနေရတယ်လို့... ဒါက ရွှေတုံး နည်းနည်းလေးပဲမဟုတ်လား.. ဘာလို့ ငါတို့ မြင်အောင် မပြတာလဲ... ”

မာနကြီးသည့် သခင်လေးတစ်ဦးမှ ပြန်လည် ချေပပြောဆိုလိုက်သည်။

စုပိုင်၏ အရေးကိစ္စကို သူတို့ ၀င်မစွက်ဖက်ရဲသလို ၀မ်ချောင်အပေါ်၌လည်း ထို့အတူပင်။ သို့ဆိုစေ ကိုယ်ရံတော်တစ်ဦးမှ သူတို့အား စော်ကားနေခြင်းကိုတော့ မည်သို့သည်းခံနိုင်မည်နည်း။

ထိုအခြင်းအရာက ဂုဏ်မောက်သည့် သခင်လေးများ လက်သည့်ခံနိုင်သည့် အရာ မဟုတ်ပေ။

“ ဟမျ့....... ”

ရှန့်ဟိုင် နှာမှုတ်လိုက်ပြီး အလုပ်နှင့် သက်သေပြလိုက်သည်။ ဘန်း.... လက်လွှတ်လိုက်သည်တွင် သစ်သားသေတ္တာက မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားခဲ့လေ၏။

ကြမ်းပြင်နှင့်ထိသည်တွင် သေတ္တာကွဲသွားခဲ့ပြီး အရောင်တောက်ပသည့် အတုံးများ ပေါ်ထွက်လာသည်။ ထိုအတုံးများအားလုံးက ရွှေရောင်ဖြစ်နေသည်။

ရွမ်း.........

တစ်ချိန်တည်း၌ လူတိုင်း အသက်ရှူရပ်တန့်သွားခဲ့သည်။ အစေခံများလက်ထဲမှ ၀မ်သခင်မကြီးပင်လျှင် မတ်တပ်ရပ်နေမိကာ ကြမ်းပြင်ပေါ်မှ ရွှေတုံးများအား ငေးကြောင်စွာ စိုက်ကြည့်နေမိသည်။

၀မ်မိသားစုခြံ၀င်း၏ ၀င်ပေါက်၌ အချိန် ရပ်တန့်နေသည်ဟု ထင်ရသည်။

“ ဒါ... ဒါ... မဖြစ်နိုင်ဘူး............. ------ ”

စုပိုင်၏ မျက်လုံး ပြူးကျယ်လျက်ရှိသည်။ ထိုစကားလုံးက လက်ရှိ သူ၏ ခေါင်းထဲ မြည်ဟည်းနေသည့် အသံသာ ဖြစ်တော့သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 74.

နန်းတော်၏ လက်ထောက် စိစစ်ရေးအကြီးအကဲချုပ်

၀မ်ကလန်မှာ အလွန် စည်းကမ်းတင်းကျပ်သည့်ကလန်ဖြစ်သည်။ ၀မ်ချောင်မှာ လစဉ် ငွေတုံးအနည်းငယ်သာ ရရှိလေသည်။ စုပိုင်၏ တွက်ချက်ထားမှုအရ ၀မ်ချောင်အနေဖြင့် ရွှေတုံးများ ရှိနေရန် မဖြစ်နိုင်ပေ။

သို့သော် အဖြစ်မှန်က မျက်စိရှေ့၌ ရှိနေပေသည်။ မြေပြင်ပေါ်၌ ရွှေတုံးတစ်ထောင်ကျော်ခန့်ပင် ရှိနေသည်။

စုပိုင် ဆွံအသွားသည်။

၀မ်ချောင်၊ ရှန့်ဟိုင်နှင့် မုန့်လုံတို့မှာတော့ စုပိုင်၏ ဆွံအနေမှုအား အရသာခံကြည့်ကာ ရယ်နေကြသည်။

“ သခင်လေး... ဒီလူတွေက ယဉ်ယဉ်ကျေးကျေးပြောဖို့ကို မထိုက်တန်တာ.. အစကတည်းက လုပ်ခဲ့ရမာ... ”

ရှန့်ဟိုင်ပြောလိုက်သည်။

“ မှန်တယ်.. ဒီလို စဉ်းလဲတဲ့ကောင်မျိုးကို ဒီနည်းလမ်းနဲ့ပဲ ကိုင်တွယ်သင့်တယ်.. ”

မုန့်လုံမှ ရှန့်ဟိုင်ပြောသည်အား ထောက်ခံလိုက်သည်။

၀မ်ချောင်နောက်သို့ ရက်အနည်းငယ်ခန့် လိုက်ပါ စောင့်ရှောက်ပြီးနောက် သူတို့၏ ၀မ်ချောင်အပေါ်အမြင်မှာ အလွန် ပြောင်းလဲသွားခဲ့ချေပြီ။ အတိတ်တွင် ၀မ်ချောင်မှာ မာကျောက်နှင့်သူ၏မိတ်ဆွေတို့ဖြင့် သောက်စားပျော်ပါးနေပြီး မိသားစုထံ ပြဿနာများသာ ဆောင်ယူနေခဲ့ချိန်၌ သူတို့နှစ်က ၀မ်ချောင်အား အမှန်ပင် မျက်မုန်းကျိုးခဲ့သည်။

၀မ်ချောင်အပေါ်၌ အကြိမ်အတော်များများ စိတ်ပျက်ခဲ့ကြဖူးသည်။

မည်သို့ဆိုစေ လွန်ခဲ့သည့်တစ်လအတွင်း ၀မ်ချောင်မှ သူ့အပေါ်ထားရှိသည့် ၎င်းတို့၏ အမြင်များအား ပြောင်းလဲ ပစ်ခဲ့လေသည်။ သူတို့က ၀မ်ချောင်ရည် မယုံကြည်နိုင်လောက်အောင် ပြီးပြည့်စုံသည့် တစ်ကိုယ်ရည်ပြကွက်များအား မြင်တွေ့ခဲ့ရသည်။

သူတို့နှစ်ဦး၏ အမြင်၌ ၀မ်ချောင်မှာ ၀မ်ကလန်၏ အထူးချွန်ဆုံး မျိုးဆက်သစ် ဖြစ်နေချေပြီဖြစ်ပြီး ၀မ်ချောင်အား ကာကွယ်ရန်မှာ သူတို့၏ တာ၀န်သာဖြစ်သူဟု ထင်မြင်နေပြီဖြစ်သည်။ ၀မ်ချောင်အား မကောင်းပြောသည့်သူသည် သူတို့၏ ရန်သူသာဖြစ်ပေမည်။

စုပိုင်မှာ လူပုံအလယ်၌ ၀မ်ချောင်အား အရှက်ခွဲနေသည်ဖြစ်ရာ ရှန့်ဟိုင် မည်ကဲ့သို့ မျိုသိပ်ထားနိုင်မည်နည်း။

“ ကောင်းတယ်.. ”

၀မ်ချောင်မှ ရှန့်ဟိုင်နှင့် မုန့်လုံအား လျှို့ဝှက်စွာ လက်မထောင်ပြလိုက်ပြီး ချီးကျူးလိုက်သည်။ အမှန်တရားက ကောလဟာလများအား အစဉ်ဖိနှိပ်နိုင်သည် ထို့အတူ ရှန်ဟိုင်၏ လုပ်ရပ်ကလည်း သူတို့အား ကြောက်စိတ် ၀င်စေသည်။

သူ၏ သေတ္တာအား ခွဲလိုက်သည့် အကြံက အလွန် ပနံသင့်လှသည်။ ၀မ်ချောင်ပင်လျှင် ထိုထက်ပိုကောင်းအောင် ပြုမူနိုင်မည် မဟုတ်ချေ။

၀မ်ကလန်၏ ၀င်ပေါက်၌ အရာအားလုံး တိတ်ဆိတ်နေသည်။ လူတိုင်းက သူတို့ရှေ့၌ ပြန့်ကျဲနေသည့် ရွှေတုံး ၅၀၀၀ အား ကြည့်နေရင်း မှင်သက်နေကြသည်။ ၀မ်ချောင်၏မိခင် ကျောက်ရှုဟွာ ကိုယ်တိုင် ပြောစရာစကား ကင်းမဲ့နေသည်။

ဆိုရသော် ၀မ်ချောင်၌ ရွှေတုံးများ လှည်းနှစ်စီးတိုက်စာ ချမ်းသာဖူးသည်။ ပထမအကြိမ်အား အားလော်ဂျားနှင့် အဘလိုဒန်ထံ သူ ပို့လိုက်သည်။

ဒုတိယအကြိမ်၌ တစ်၀က်ကို ဝေဟောင်ထဲပေးကာ ကျန်တစ်၀က်အား သူ၏ဦးလေးအား ပေးလိုက်သည်။ ဤတစ်ကြိမ်သည်သာ ခြံ၀င်းသို့ ရွှေတုံးများ ပထမဆုံး ယူဆောင်ထားခြင်း ဖြစ်ပေသည်။ ပြီးလျှင် ထိုရွှေတုံးများအား သေတ္တာထဲ၌ ထည့်ပိတ်ထားသေးသည်။

ထို့ကြောင့် ၀မ်သခင်မကြီးကိုယ်တိုင် ရွှေတုံးများ ရှိနေခြင်းကို မသိထားချေ။

ထိုမျှသော ရွှေတုံး ပမာဏမှာ ၀မ်ကလန်အနေဖြင့် စိတ်ကူးပင်မယဉ်နိုင်သည့် ပမာဏ ဖြစ်ပေသည်။

၀မ်သခင်မကြီးမှ ၀မ်ချောင်အား ထိုရွှေတုံးများအား မည်သို့မည်ပုံ ရခဲ့သနည်းဟု မေးချင်သော်လည်း မြိုသိပ်ထားလိုက်သည်။ ယခုအချိန်က ထိုသို့သော မေးခွန်း မေးသင့်သည့်အချိန် မဟုတ်ချေ။

“ မင်း ဒီရွှေတုံးတွေ ဘယ်လိုများ ရခဲ့တာလဲ.. ”

ရွှေတုံးများအပေါ်မှ မျက်စိမခွာနိုင်သည့် သခင်လေးတစ်ဦးမှ သူ့ကိုယ်သူ ပြန်လည်ပြောဆိုနေသည်။

နတ်ဘုရားရှစ်ပါးစံအိမ်၌ သူတို့က အကြွယ်၀ဆုံးသူများ ဖြစ်ကြသည်။ မဟုတ်လျှင် သူတို့က ၀မ်ချောင်အား ငွေချေးပေးကြမည် မဟုတ်ချေ။ သို့ဆိုစေ ယခုအမြင်အရ သူတို့က ၀မ်ချောင်၏ ကြွယ်မှုအား လိုက်မှီနိုင်ပုံ မရပေ။

ထိုသေတ္တာထဲ၌ အနည်းဆုံး ရွှေတုံး ၄၀၀၀ မှ ၅၀၀၀ ခန့်ရှိနိုင်သည်။ ထိုအရာက သူတို့အတွက် လုံး၀ မယုံနိုင်စရာပင်။

ရုတ်ချည်းပင် လူတိုင်းက ၀မ်ချောင်မှာ သူတို့နှင့် အလွန် အလှမ်းကွာသွားသည်ဟု ခံစားလိုက်ရသည်။ ၀မ်ချောင်နှင့် သူတို့အကြား ချောက်နက်ကြီးတစ်ခု ခြားနေသကဲ့သို့ပင်။

သူတို့အားလုံးက ချောက်နက်၏ တစ်ဖက်ခြမ်း၌ ရှိနေပြီး ၀မ်ချောင်မှာတော့ အခြားတစ်ဖက်၌ ရှိနေပြီး သူတို့နှင့် ဝေးသည်ထက် ပိုဝေးအောင်သွားနေကာ သူတို့ ကြည့်နေရုံသာ တတ်နိုင်သည့် တည်ရှိမှုတစ်ခုအလား ဖြစ်နေတော့သည်။

၀မ်ချောင်မှာတော့ ၀မ်ချောင် ဖြစ်နေဆဲဖြစ်သော်လည်း တစ်စုံတစ်ခုက သူတို့အား စိတ်ပျက်အားလျော့နေစေသည်။

“ မင်း သိဖို့ မလိုပါဘူး... ”

၀မ်ချောင်၏အကြည့်က ပတ်၀န်းကျင်တစ်ခုလုံးအား ဖုံးလွမ်းသွားပြီး အေးစက်စက်ပြောလိုက်ကာ..

“ မင်းတို့ကိုပေးရမှာ ရွှေတုံး ၁၇၀၀ လေးပဲမဟုတ်လား.. မင်းတို့အကြွေးစာရင်းယူလာပြီး လာလဲလှည့်.. ငါက မင်းတို့ကို ရွှေတုံး တစ်ရာစီ ပိုပေးဖို့ စဉ်းစားထားပေမဲ့ မင်းတို့က စုပိုင်နဲ့အတူ လာခဲ့တယ်ဆိုမှတော့ အိပ်မက်တောင် မမက်နဲ့တော့.. ဒီဆုလာဘ်က ဒီနေ့ လာဖို့ ကျန်နေတဲ့သူတွေ အတွက်ပဲ ဖြစ်သွားပြီ... ”

“ ရွှေတုံး တစ်ရာ.... ”

“ အား.... ဒီလိုမှန်းသိရင် ငါမလာပါဘူးကွာ... ”

“ သခင်လေး.. ငါနဲ့ ဘာမှမဆိုင်ပါဘူးကွာ.. အစကနေ အဆုံး ငါစကားတစ်ခွန်းတောင် မပြောရသေးပါဘူး... ”

“ ငါလဲတူတူပါပဲ.. သခင်လေး... ကျုပ်က လမ်းကြုံလို့ ၀င်လာတာပါ.. ”

ရွှေတုံးတစ်ရာရမည့် အခွင့်အရေးအား လွဲချော်သွားသည်ကို သိလိုက်သည်နှင့် လူတိုင်းက နောင်တရနေတော့သည်။ နိမ့်ကျသူများအနေဖြင့် စုပိုင်အား ဆန့်ကျင်နိုင်မည်မဟုတ်သလို စုပိုင်အား ထောက်ခံပေးနေသည့် အမတ်မင်းစုကိုလည်း အလားတူပင်ဖြစ်သည်။

မည်သို့ဆိုစေ အမတ်မင်းစုမှာ တော်၀င်ရုံးတော်၌ အရာအားလုံးအာ ဆုံးဖြတ်ချက်ချနိုင်သည့် အဆင့်သို့ မရောက်သေးချေ။ ထို့ကြောင့် စုပိုင်အား ဆန့်ကျင်ခဲ့သူ အချို့ ရှိလေသည်။ ဤနေရာရှိ စုပိုင်အား ပုံအပ်ထားသည့်သူများမှာတော့ ရွှေတုံး တစ်ရာအား ဆုံးရှုံးလိုက်ရသည်က အတော်ကြီးမားသည့် တန်ဖိုး ဖြစ်ချေသည်။

ထိုပမာဏမှာ သူတို့၏ တစ်နှစ်စာ ၀င်ငွေနှင့် ညီမျှသည်။ အချိန်အတော်ကြာ သောက်စား ပျော်ပါးနေနိင်ပေသည်။

ထို့ကြောင့် စုပိုင် သူ၏အရေးကိစ္စတွင် ရှုံးနိမ့်ခြင်းက သူတို့အတွက်လည်း ရွှေတုံးများစွာ ဆုံးရှုံးလိုက်ရခြင်းနှင့် ထပ်တူညီနေရာ နောင်တအကြီးအကျယ်ရနေကြသည်။

“ ဟားဟား... သခင်လေးက တကယ် အမျှော်အမြင်ကြီးတာပဲ... ”

ရှန့်ဟိုင်နှင့် မုန့်လုံတို့ မည်သည့်စကားမှ မပြောနေသော်လည်း စိတ်ထဲ၌ ပြုံးပျော်နေကြသည်။ ဤအရာက ဉာဏ်ကောင်းခြင်းမည်ပေသည်။ ရွှေတစ်တုံးမှ အသုံးမပြုရသေးခင်၌ပင် စုပိုင်၏အုပ်စုအား နှစ်ခြမ်းခွဲလိုက်နိုင်သည်။

လူတစ်ချို့ဆိုလျှင် နောင်တအကြီးအကျယ်ရကာ စုပိုင်အား ကျိန်စာတိုက်လို့နေသည်။

“ အရင်က ငါတကယ်မသိခဲ့ဘူး.. သခင်လေးက တကယ် အထင်ကြီးစရာကောင်းတယ်... ”

နှစ်ဦးသားတွေးနေမိသည်။

အကယ်၍ ၀မ်ချောင်သာ ရွှေတုံးများအား သာမန်သာလျှံကာ ပေးလိုက်ပါက ထိုသူများကလည်း မည်သည့်အတွေးမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။ သို့ဆိုစေ ၀မ်ချောင်မှ ပို၍ပေးချင်သော်လည်း စုပိုင်နှင့်လာရောက်ရန် ဆုံးဖြတ်ကြသည့်အတွက် ထိုအရာအား မပေးတော့ဟု ဆိုလိုက်ကာ ထိုသူတို့၏ စိတ်နှလုံးအား ညှစ်ချေလိုက်သည်။

၀မ်ချောင်၏အနားမှ ရှန့်ဟိုင်နှင့်မုန့်လုံတို့မှာ ထိုသခင်လေးများ၏မျက်နှာပေါ်မှ နာကျင်ခြင်းများအား အတိုင်းသာ မြင်နေရသည်။ စုပိုင်ဘက်မှ ရပ်တည်လိုက်ပါလာသည့်သူ အများစုမှာ မပျော်ရွှင်နိုင်တော့ချေ။

ထိုသူတို့၏ နှုတ်မှ ထုတ်ဖော်မပြောဝံ့သော်လည်း လူအုပ်ကြီးမှာတော့ နှစ်ခြမ်းကွဲနေချေပြီ။

“ ခွေးကောင်... သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်မနေကြနဲ့.. ”

၀မ်ချောင် ထိုသို့ အကွက်ရွေ့မည်ကို စုပိုင် မမျှော်လင့်ထားချေ။ စိုးရိမ်ခြင်းနှင့် ဒေါသထွက်ခြင်းအား စုပိုင် တစ်ပြိုက်နက်တည်း ခံစားနေရသည်။ ဤမျှ များပြားလှသည့် သခင်လေးများအား တစ်ပါတည်းခေါ်ယူလာနိုင်ရန် စုပိုင် အလွန်အားထုတ်ခဲ့ရသော်လည်း သူ၏ အကြံအစည်များက သဲထဲရေသွန် ဖြစ်ခဲ့ရသည်။ စုပိုင် အဘယ်ကြောင့် ထိုသို့ အလွယ်တကူ ဖြစ်စေနိုင်မည်နည်း။

“ ခနနပေါဦး.... ”

စုပိုင် မြေပြင်ပေါ်ရှိ ရှန့်ဟိုင်ခွဲလိုက်သည့် သစ်သားသေတ္တာအား ကြည့်နေရင်း အတွေးတစ်စ ခေါင်းထဲပေါ်လာခဲ့သည်။ ရုတ်တရက် ရှေ့ထွက်လိုက်ပြီး ရွှေတုံးများအား ညွှန်ပြကာ....

“ ၀မ်ချောင်.. မင်းတို့ ၀မ်ကလန်က စီးပွားရေးမှာ ထူးချွန်တဲ့သူ မရှိပါဘူး.. မင်းတို့ရဲ့ အစွမ်းအစနဲ့ဆိုရင် ဒီလောက်ငွေတွေ အများကြီး ဘယ်လိုလုပ် ပိုင်ဆိုင်နေတာလဲ.. ”

( ဟမ့်.. မင်းတို့ ၀မ်ကလန်က တစ်ခြားသူပေးထားတဲ့ လာဘ်ထိုးတာကို ယူထားလို့ပဲ ဖြစ်ရမယ်.. )

စုပိုင်မှ ၀မ်ချောင်အား ခြိမ်းခြောက်သည့်ဟန်ဖြင့် ကြည့်နေရာ အကြည့်ဖြင့်သာ အသေသတ်နိုင်ပါက ၀မ်ချောင် သေနှင့်နေချေပြီ။ ရှေ့၌ ၀မ်ချောင်အား သူ့အား ပြန်လည်ထိုးနှက်သည်တွင် သူ ကြောက်စိတ်၀င်မိခဲ့သေးသည်။

မည်သို့ဆိုစေ စုပိုင် သူ၏စိတ်ထဲ ဖြစ်ပေါ်လာသည့်ကြောက်စိတ်အား အလျင်အမြန် ချွှန်းအုပ်နိုင်ခဲ့သည်။ ၀မ်ကလန်မှာ စီးပွားရေး၌ အားကောင်းသည့်ကလန်မဟုတ်လေရာ လစဉ်ထောက်ပံံကြေး အနည်းငယ်သာရှိသည်ကို တွေးကြည့်လျှင် ဤမျှ ငွေအမြောက်အမြားရှိနေသည်က စဉ်းစားစရာပင်။

စုပိုင်အတွက်တော့ ၀မ်ချောင် ငွေအမြောက်အမြား ရှာဖွေနိုင်သည်က မဖြစ်နိုင်ချေ။ ဤဖြစ်ရပ်၌ သူ မသိထားသည့်အရာ တစ်ခုခု ရှိရပေမည်။

“ စိစစ်ရေးအကြီးအကဲဖူ.. အရာရှိတွေကို စစ်ဆေးတာက သင့်ရဲ့ တာ၀န်ပဲမဟုတ်လား.. ၀မ်ကလန်ဟာ အမြဲ ဖြောင့်မတ်ပြီး လာဘ်မစားဘူးလို့ တစ်ချိန်လုံး သိခဲ့ကြတယ်.. အခုတော့ သူတို့က ငွေအမြောက်အမြားကို လျှို့ဝှက် သိမ်းဆည်းထားသေးတယ်.. ဒီနေရာမှာ သင်ထွက်လာပြီး တစ်ခုခု ပြောလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်.. ”

စုပိုင် ရုတ်တရက် အဖြူနှင့်အနက်မြင်းနှစ်ကောင်ဆွဲသည့် မြင်းလှည်းရှိရာသို့ လှည့်လိုက်သည်။ ဂျိမ်း... မြင်းလှည်းတံခါးက တဖြည်းဖြည်းပွင့်လာပြီး ခရမ်းရောင်၀တ်စုံနှင့် ဆံပင်ဖြူနေပြီးဖြစ်သည့် အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ မြင်းလှည်းပေါ်မှ ဆင်းလာသည်။

အကြီးအကဲမှာ မြင်းလှည်းအတွင်းမှနေ၍ ဖြစ်စဉ်အား စောင့်ကြည့်နေဟန်ရပြီး စုပိုင်ခေါ်မှ ထွက်လာခြင်း ဖြစ်ဟန်တူသည်။

၀မ်ချောင် ထိုအကြီးအကဲအား မမှတ်မိသော်လည်း ခါးပေါ်မှ ‘ ငါးတံဆိပ်ပြား ’အား တွေ့လိုက်သည်တွင် သူ၏ အမူအရာ ပြောင်းလဲသွားသည်။ ထိုသူက မဟာထန်၏ စိစစ်ရေးအကြီးအကဲသည်လျှင်မဟုတ် လက်ထောက် စိစစ်ရေးအကြီးအကဲချုပ် ဖြစ်ပေသည်။ ( တံဆိပ်ပြားပေါ်မှာ ငါးတစ်ကောင်ပုံထိုးထားတာကို ပြောတာပါ )

သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် စုပိုင်က တရားရေးရာရုံးတော်မှ အရာရှိနှစ်ဦးအား ခေါ်ဆောင်လာခဲ့သည်သာမက မဟာထန်၏ စိစစ်ရေးအရာရှိကိုလည်း ခေါ်ခဲ့သေးသည်။

“ စု.. ပိုင်............... ”

၀မ်ချောင် ဒေါသတကြီးဖြင့် စုပိုင်အား ကြည့်လိုက်သည်။ အဆိုးဆုံးအနေဖြင့် တရားရေးရာရုံးတော်မှ အရာရှိမှာ ၀မ်ချောင်ကိုသာ အကျဉ်းချမည်ဖြစ်သည်။

သို့ဆိုစေ စိစစ်ရေးအရာရှိအား သူနှင့်အတူ ခေါ်လာသည်က စုပိုင်၏ ရည်ရွယ်ချက်မှ သူတင်မကပဲ ၀မ်ကလန်တစ်ခုလုံးဖြစ်ကြောင်း ထင်ရှားနေသည်။ စုပိုင်မှာ ၀မ်ကလန်တစ်ခုလုံးအား ဖိနှိပ်လိုခြင်းဖြစ်ပြီး ၀မ်ချောင်အား အခွင့်အရေးပင် ချန်ထားပေးမည် မဟုတ်ပေ။

စိစစ်ရေးအရာရှိအနေဖြင့် တော်၀င်ရုံးတော်၌ အရေးကြီးသည့်ကိစ္စရပ်များအား ဆွေးနွေးနေရမည်အချိန်၌ မြင်းလှည်းအတွင်း၌ ပုန်းနေကာ ဖြစ်စဉ်အား နားထောင်နေခဲ့သည်က ၀မ်ချောင်အနေဖြင့် စုပိုင် ထိုမျှလောက်ထိ အကွက်ချထားလိမ့်မည်ဟု မယုံကြည်နိုင်ချေ။

“ စုပိုင်.. မင်းသေလမ်း မင်းရှာနေတာပဲ... ”

၀မ်ချောင်၏ မျက်၀န်း၌ လက်စားချေလိုစိတ် ဖြတ်ပြေးသွားခဲ့သည်။

“ ၀မ်သခင်မကြီး.. ၀မ်သခင်လေး.. မြင်းလှည်းထဲကနေ ကျုပ် ဖြစ်နေသမျှအားလုံးကို မြင်ခဲ့ပြီးပါပြီ.. စုသခင်လေးရဲ့ စကားကို သင်တို့လဲ ကြားလိုက်မယ်လို့ ယုံကြည်ပါတယ်.. ၀မ်ကလန်က ချမ်းသာတဲ့ ကလန်မဟုတ်တဲ့အပြင် ကျိုးအမတ်ကြီးဟာဆိုရင်လဲ တော်၀င်ရုံးတော်မှာ ဖြောင့်မတ်တယ်ဆိုပြီး ကျော်ကြားတယ်.. ၀မ်ကလန်ကို ကျုပ် သံသယ မ၀င်လိုပေမဲ့ ဒီသေတ္တာထဲက ရွှေတွေဟာဆိုရင် ၀မ်ကလန်ရဲ့ ၀င်ငွေနဲ့ စုဆောင်းထားနိုင်မဲ့ ပမာဏ မဟုတ်တော့ဘူး.. စိစစ်ရေးအရာရှိဖြစ်တဲ့သူ အနေနဲ့ အရာရှိတွေကို စစ်ဆေးပြီး ထိန်းသိမ်းရမှာ ကျုပ်တာ၀န်ပဲ.. ဒီကိစ္စကိုတော့ ကျုပ်က အင်ပါယာအရှင်နဲ့ တစ်ခြားတော်၀င်သူတွေကို ကျုပ် တင်ပြရလိမ့်မယ်.. ”

စိစစ်ရေးအကြီးအကဲဖူမှ တစ်လုံးချင်း ဖြည်းညှင်စွာ ပြောလိုက်သည်။ မည်သို့ဆိုစေ စကားလုံး တစ်လုံးချင်းစီတိုင်းက လေးလံလှသည်။

အစဦး၌ လူအုပ်ကြီး၏ ဒေါသက စုပိုင်ထံ၌ စုပုံနေခဲ့သော်လည်း စိစစ်ရေးအကြီးအကဲ ထွက်ပေါ်လာခြင်းက လူတိုင်းအား တိတ်ဆိတ်သွားစေပြီး မည်သည့် စကားမှ မပြောဝံ့တော့ချေ။ သူတို့၏ မျက်လုံးများထဲ၌ စိစစ်ရေးအကြီးအကဲအပေါ် ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေလေသည်။

မဟာထန်၌ စိစစ်ရေးအကြီးအကဲလောက် ကြောက်မက်ဖွယ်ကောင်းသည့်သူ ဟူ၍ မရှိချေ။ စကားတစ်ခွန်း မှားပြောမိသည်ကပင် တော်၀င်ရုံးတော်သို့ နားပေါက်သွားစေနိုင်သည်။

မဟာထန်အတွင်း၌ အပျော်ကြူးသည့် သခင်လေးများပင် လူတိုင်းကို စော်ကား၍ ရနိုင်သော်လည်း စိစစ်ရေးအကြီးအကဲမပါကြောင်း နားလည်ထားကြသည်။

စိစစ်ရေးအကြီးအကဲ၏ ဘေးပတ်ပတ်လည် ဆယ်လီခန့်မှာ တားမြစ်နယ်မြေသဖွယ် ဖြစ်နေခဲ့သည်။ မည်သည့် သခင်လေးမှ စိစစ်ရေးအကြီးအကဲရှေ့မှောက်၌ မာန်မတက်ရဲကြချေ။ သူတို့၏ လုပ်ရများမှ သူတို့၏ ကလန်အား သက်ရောက်စေမည် စိုးသောကြောင့် ဖြစ်လေသည်။

၀မ်ကလန်သို့ လာသည့်တစ်လျောက်လုံး စုပိုင်မှ စိစစ်ရေးအကြီးအကဲကိုပါ တစ်ပါတည်း ခေါ်ဆောင်လာလိမ့်မည်ဟု မည်သူမှ ထင်မထားချေ။

“ ဒီခွေးကောင်.. ဒီကောင် ရူးနေတာလား... စိစစ်ရေးအကြီးအကဲကိုတောင် ဒီခေါ်လာတယ်.. ဒီလိုမလုပ်သင့်ဘူးဆိုတာ တကယ် မသိတာလား... ”

လူတိုင်း စိုးရိမ်ကြောင့်ကြနေကြကာ မခံမရပ် ဖြစ်နေကြသည်။

စုပိုင်မှ ၀မ်ချောင်နှင့် ရင်ဆိုင်ရန် စိစစ်ရေးအကြီးအကဲအား ခေါ်ဆောင်လာခြင်းက လူတိုင်းအား မီးထဲဆွဲသွင်းလိုက်ခြင်း ဖြစ်ပေသည်။ ၀မ်ကလန်နှင့် ရင်ဆိုင်ပြီး ယောင်ကလန်နှင့် ချီဘုရင်၏ ကျေနပ်မှုရရှိရန် စုပိုင်၏ လုပ်ဆောင်ချက်က အစွန်းရောက်သွားချေပြီ။

ဖြစ်နိုင်လျှင် ဤနေရာရှိလူများအားလုံး စုပိုင်နှင့် စိစစ်ရေးအကြီးအကဲဘေးမှ ပျောက်ကွယ်သွားချင်မိကြသည်။ သို့ဆိုစေ မည်သူမှ မလှုပ်ဝံ့ကြပေ။ အကယ်၍ သူတို့ကိုသာ စိစစ်ရေးအကြီးအကဲ မျက်မှန်းတန်းမိသွားပါက ပြဿနာကြီးတက်ပေလိမ့်မည်။

စုပိုင် ပတ်၀န်းကျင်မှ အခြေအနေ ပြောင်းလဲသွားသည်အား အာရုံခံမိသော်လည်း သူ နောင်တရ ရမည့်အစား ၀မ်ချောင်အား ပျော်ရွှင်စွာ ကြည့်နေသည်။

“ ၀မ်ချောင် ၀မ်ချောင်.. မင်းငါ့ကို လျော့တွက်မိပြီ မဟုတ်လား.. ငါက မင်းရဲ့ခေါင်းကို ယောင်ကလန်ဆီ ဆက်သဖို့ ပြင်ပြီးမှတော့ ငါ လုံလုံလောက်လောက် မပြင်ဆင်ခဲ့ဘူးလို့ မင်းထင်နေတာလား... ”

စုပိုင် အေးစက်စက် လှောင်ပြောင်လိုက်သည်။

မလာမှီ၌ပင် သူ၏ အကြံအစည်အား အပြန်ပြန် အလှန်လှန် စစ်ဆေးခဲ့သည်။ အကယ်၍ ၀မ်ချောင်မှ ရွှေတုံး ၁၇၀၀ အား မပေးနိုင်ခဲ့လျှင် တရားရေးရာရုံးတော်မှ အရာရှိနှစ်ဦးက ၀မ်ချောင်အတွက် သူ၏ လက်ဆောင်ဖြစ်ပေလိမ့်မည်။ သူတို့နှင့်ဆိုပါက ဤဖြစ်ရပ်၌ သူ အချီကြီး ရပေလိမ့့်မည်။

သို့သော် ကံကောင်းထောက်မ၍ ၀မ်ချောင် အကြွေးဆပ်နိုင်ခဲ့လျှင်တော့---- သူ့အနေဖြင့် ဖြစ်နိုင်ချေအား ကံသေကံမ မပြောဆိုရဲသော်လည်း စိစစ်ရေးအကြီးအကဲအား သူနှင့်အတူ ခေါ်ဆောင်ထားခဲ့သည်။

မည်သို့ဖြစ်စေ ၀မ်ကလန်တော့ ပျက်စီးရပေလိမ့်မည်။

“ ချောင်အာ... ”

၀မ်သခင်မကြီးမှာတော့ ၀မ်ချောင်၏ လက်မောင်းအား တင်းတင်း ဆုပ်ကိုင်ထားသည်။ ထိုအချိန်၌ သူမ၏ မျက်နှာမှာ ဖြူဆွတ်နေချေပြီ။

စိစစ်ရေးအရာရှိတစ်ဦး ၀မ်မိသားစုခြံ၀င်း၌ ပေါ်ထွက်လာခြင်းက သေးငယ်သည့်ကိစ္စမဟုတ်ချေ။ မနက်ဖြန်၌ ၀မ်ကလန်မှာ လူတိုင်း၏ တံတွေးခွက်၌ ပက်လက်မျှောသွားနိုင်သည်။ ၀မ်သခင်မကြီးမှာ အဆုံးအဖြတ်ပေးနိုင်သည့်သူ ဖြစ်သော်လည်း သူမ၏ အိမ်အတွင်း၌သာ ဖြစ်ပေသည်။

သူမကဲ့သို့သော အမျိုးသမီးတစ်ဦးက တော်၀င်ရုံးတော်၏ အရေးကိစ္စများအား ၀င်ရောက် စွက်ဖက်နိုင်မည်နည်း။ ထို့ကြောင့် သူမ စိုးရွံ့နေမိသည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 75.

ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင်

“ အမေ... စိတ်မပူပါနဲ့ သားရဲ့တာ၀န် ထားလိုက်ပါ.. ”

၀မ်ချောင် သူ့မိခင်၏ လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ပြောလိုက်သည်။ လက်ထောက်စိစစ်ရေးအကြီးအကဲမှူးဖု အား အခြားလူများက ကြောက်လိမ့်မည်ဖြစ်သော်လည်း ၀မ်ချောင်က ကြောက်ရမည်လား။ သူ၏ ယခင်ဘ၀၌ မုန်တိုင်းများစွာအား ကြံ့ကြံ့ခံခဲ့သူဖြစ်သည့် အားလျော်စွာ စိစစ်ရေးအရာရှိတစ်ဦးလေးကို သူကြောက်နေရမည်လား။

၀မ်ချောင်မှာ ဖုဟယ်အကြောင်း အနည်းငယ်သိထားသည်။ ထိုသူက လက်ရှိမဟာထန်၌ ထင်ရှားကျော်ကြားလှသည့် ကျိုးအမတ်ကြီးဖြစ်သည့် ၀မ်ချောင်၏ဘိုးဘိုးကြီးအား ကျောထောက်နောက်ခံထားသည့် သူ၏ဦးကြီး၀မ်ကျန်အပေါ် မကျေနပ်ခြင်းကြောင့် မကျေလည်သည့်ဆက်ဆံရေး ရှိထားပေသည်။ ထို့ကြောင့် ၀မ်ကလန်အပေါ် အပြစ်ရှာရန် အမြဲ ကြိုးစားနေလေ့ရှိသည်။

ပြီးလျှင် စိစစ်ရေးအရာရှိများစွာထဲမှ သူသည်သာ အမတ်မင်းစုနှင့် အနီးကပ်ဆုံးသူ ဖြစ်လေသည်။ သို့မဟုတ်လျှင် စုပိုင် မည်မျှ သတ္တိရှိစေကာမူ ထိုသူအား ဖိတ်ခေါ်ရဲမည် မဟုတ်ချေ။

“ စိစစ်ရေးမှူးဖု.. သင်က တကယ် အားလပ်နေတဲ့သူပဲ.. အရာရှိတွေကို စစ်ဆေးနေရမဲ့အစား ဘယ်တုန်းကစပြီး ပြည်သူတွေဖက် လှည့်လာတာလဲ.. မှန်ပါတယ် ကျုပ်တို့ ၀မ်ကလန်က ၀င်ငွေ နည်းပါတဲ့အတွက် ဘယ်လိုလုပ်ပြီး ရွှေတုံးထောင်ချီ စုဆောင်းနိုင်မှာလဲ.. --- ဒါပေမဲ့ အဲ့တာက ကျုပ်က မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး... ”

ထိုသူ၏ နောက်ကြောင်းအား သိထားပြီးဖြစ်သည့်အတွက် ၀မ်ချောင် ထိုသူအပေါ် အားနာနေရန် အကြောင်းရင်း တစ်စုံတစ်ရာ မရှိချေ။

၀မ်ချောင်၏ စကားများအား ကြားလိုက်သည်တွင် လူတိုင်း အံ့အားသင့်သွားမိသည်။ ကြောက်လန့်ဖွယ်ကောင်းသည့် စိစစ်ရေးအကြီးအကဲရှေ့မှောက်၌ တော်၀င်ရုံးတော်ထံသို့ လျှောက်တင်ခံရမည်စိုး၍ လူတိုင်းက အလွန်သတိထားကာ အတတ်နိုင်ဆုံး စကားအနည်းငယ်သာ ပြောဆိုတတ်ကြသည်။ ပြီးလျှင် စကားများက အမှားပါမည်မဟုတ်ပေလော။ သို့တိုင် ၀မ်ချောင်မှာတော့ စိစစ်ရေးမှူးအား အတိအလင်း ပြန်လည် ချေပနေသည်။

“ သခင်လေး.. အသံလျော့ပါဦး... ”

“ စိစစ်ရေးမှူးက ရှုပ်လို့ရတဲ့သူ မဟုတ်ဘူး.. ”

ရှန့်ဟိုင်နှင့် မုန့်လုံတို့ ၀မ်ချောင်၏ အင်္ကျီစအားဆွဲ၍ သတိပေးလိုက်ကြသည်။ သူတို့က စစ်တပ်မှ လူများ ဖြစ်သော်လည်း မြို့တော်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဖြစ်ရာ မည်သူက အနှောက်အယှက် ပြုမရသည့်သူ ဖြစ်မှန်း သဘောပေါက်ထားကြသည်။

“ ၀မ်သခင်လေး.. မင်းက ဒီငွေတွေအားလုံးကို မင်းဟာအင်း ရှာဖွေထားတာလို့ ပြောချင်တာလား.. ”

စိစစ်ရေးအကြီးအကဲဖု၏ မျက်လုံး ကျဉ်းမြောင်းသွားသည်။ ပထမဆုံးအကြိမ်အနေဖြင့် သူက ၀မ်ချောင်၏ မျက်လုံးအား စိုက်ကြည့်လိုက်သည်။

“ ဟုတ်ပါတယ်... ”

၀မ်ချောင် တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ပြန်လည် ဖြေကြားလိုက်သည်။ စုပိုင်၏ စိစစ်ရေးအကြီးအကဲအား အသုံးပြု၍ ၀မ်ချောင်အား ကိုင်တွယ်ချင်သည့်ခြေလှမ်းက စလှမ်းကတည်းက မှားယွင်းနေချေပြီ။ ဟိုက်ဒရာဘတ်သတ္တုရိုင်းအား ဓားသွန်းလုပ်၍ ရောင်းချခြင်းမှ ရထားသည့် သူ၏ငွေများက တရား၀င်သည် ပြီးလျှင် အလွယ်တကူ စစ်ဆေးသိနိုင်သည်။ လက်ထောက်စိစစ်ရေးမှူးဖုကိုယ်တိုင် ထိုကိစ္စအား စုံစမ်းမည်ဆိုလျှင်ပင် မည်သည့်အမှားအယွင်မှ ရှာတွေ့လိမ့်မည် မဟုတ်ချေ။

“ ဟားဟား.. ဟာသပဲ.. ၀မ်ချောင် မင်းက ဒီလောက် ငွေအများကြီး ရှာနိုင်တယ် ဟုတ်လား... ”

အကြီးအကဲဖု စကားမပြောဆိုမှီ စုပိုင်၏ ရယ်သံ ထွက်ပေါ်လာသည်။

၀မ်ချောင် ထိုမျှ အရည်အချင်းရှိလိမ့်မည်ဟု စုပိုင် လုံး၀ မယုံကြည်နိုင်ချေ။ ထိုမျှ ရယ်ရွှင်ဖွယ်ကောင်းသည့် ဆင်ခြေပေးခြင်းက သူတို့အားလုံးအား ရူးနှမ်းနေသည်ဟု ထင်မှတ်နေသည်လား။ အကယ်၍ ၀မ်ချောင်၌ အရည်အချင်းရှိနေလျှင် ၀မ်ကလန် တိုးတက်ခဲ့သည်မှာ ကြာမြင့်ချေပြီ။ အဂတိမလိုက်စားခြင်း ဟူသည့် စကားလုံးသည်လည်း ၀မ်ကလန်၌ ရှိလိမ့်မည် မဟုတ်တော့ချေ။

အဂတိမလိုက်စားခြင်းက မည်သည်ကိုဆိုလိုသနည်း။ ထိုစကားလုံးက ဆင်းရဲခြင်းကို ကိုယ်စားပြုသည်။

စိစစ်ရေးအရာရှိရှေ့မှောက်၌ ထိုမျှ အဓိပ္ပာယ်မရှိသည့်စကား ပြောထွက်ရဲခြင်းကြောင့် ဤ၀မ်ချောင်က အမှန်ပင် ထူးဆန်းလှသည်။

“ ၀မ်သခင်လေး.. အမှန်ကိုပြောတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်နော်.. ဒါက စနောက်နေစရာ ကိစ္စ မဟုတ်ဘူး.. ”

စိစစ်ရေးမှူးဖု တင်းမာသည့်အသံဖြင့် ဖြေးညှင်းစွာပြောဆိုလိုက်သည်။ ၀မ်ချောင်၏ သူ့ရှေ့မှောက်၌ပင် အဓိပ္ပာယ်မရှိ ပြောဆိုနေသည့် လုပ်ရပ်က သူ့အား မသက်မသာ ခံစားနေရစေသည်။

၀မ်ချောင်က သူ၏ နန်းတော်လက်ထောက် စိစစ်ရေးမှူးဟူသည့် ဂုဏ်ပုဒ်အား စိန်ခေါ်၍ နေချေပြီ။

“ ဟမ့်... သင် ယုံကြည်တာ မယုံကြည်တာ အပေါ်ပဲမူတည်တယ်.. တကယ်လို့ ကျုပ်က ဒီငွေတွေကို ပိုင်တဲ့သူလို့ပြောရင် အဲ့တာက ကျုပ်ပိုင်ဆိုင်ထားလို့ပဲ.. ကျုပ် ဒါကို လိမ်နေရဦးမှာလား.. စိစစ်ရေးမှူးတစ်ယောက်အနေနဲ့ သင့်မှာ အာဏာတွေ လုပ်ပိုင်ခွင့်တွေ အများကြီး ပိုင်ဆိုင်ထားနိုင်လိမ့်မယ်.. ဒါပေမဲ့ ကျုပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သင့်ဆီ အစီရင်ခံစေဖို့တော့ မလုံလောက်သေးဘူး.. ”

၀မ်ချောင် အေးစက်စက်ပြောလိုက်သည်။

“ မောက်မာလိုက်တာ.. ”

၀မ်ချောင်၏ စကားများအား ကြားလိုက်သည်တွင် ဖုဟယ် ဒေါသပေါက်ကွဲသွားခဲ့သည်။

“ ၀မ်သခင်မကြီး.. မင်းရဲ့ကလေးကို ဒီတိုင်းပဲ သင်ထားပေးတာလား.. စိစစ်ရေးမှူးတစ်ယောက်ဟာ အရှင်မင်းမြတ်ကို ကိုယ်စားပြုတယ် ပြီးတော့ ဒီငွေတွေ ဘယ်ကလာလဲဆိုတာ မသိရတဲ့အတွက် ငါ့အနေနဲ့ ဒါကို စုံစမ်းဖို့ မသင့်ဘူးလား.. ၀မ်ကလန်က အရမ်းအင်အားကြီးနေပြီိဆိုတော့ အရှင်မင်းကြီးကိုတောင် မျက်စိထဲ မထည့်ထားတာလား.. ”

ဖုဟယ်မှ ၀မ်သခင်မကြီး ကျောက်ရှုဟွာအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ဖုဟယ်၏ စကားများအား ကြားသည်နှင့် ၀မ်သခင်မကြီး၏မျက်နှာ ဖြူလျော့သွားပြန်သည်။ အင်ပါယာအရှင်အား မလေးမစား ပြုမည်ခြင်းက ကြီးလေးသည့် အပြစ်ဖြစ်ပေသည်။

“ ချောင်အာ.. ဆက်မပြောနဲ့တော့... ”

၀မ်သခင်မကြီးမှ ၀မ်ချောင်၏ လက်အား အလျင်အမြန် ဖမ်းဆွဲလိုက်သည်။

“ စိစစ်ရေးမှူးဖု............”

ဒေါသမုန်ယိုစွာနှင့် ၀မ်ချောင် သလင်းပြာစံအိမ်မှ အဖြစ်အပျက်များအား ထုတ်ဖော်လုဆဲဆဲ၌ လေထဲ၌ အသံတစ်ခု ပျံ့လွင့် လာခဲ့သည်။

“ ၀မ်သခင်လေး ပြောပြီးပြီမဟုတ်လား.... ၀မ်သခင်လေးက လိမ်နေတယ်လို့ ဆက်ပြောတဲ့သူရှိရင် ကျုပ်နဲ့ တွေ့မယ်... ”

ဟူးလားလား..... မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ဖြစ်ပျက်နေသည့်အရာများအား မည်သူမျှ နားမလည်သေးခင် လမ်းအဆုံးမှနေ၍ ၀မ်မိသားစုခြံ၀င်းသို့ ဦးတည်လာနေသည့် မြင်းလှည်းများစွာကြောင့် ဖုန်လုံးကြီးများ ဖြစ်တည်နေသည်ကို ဦးစွာ တွေ့လိုက်ကြရသည်။

“ နန်းတွင်းစစ်တပ်လား... ”

မြင်းလှည်းပေါ်မှ အဆောင်အယောင်အမှတ်အသားများအား မြင်တွေ့လိုက်ရသည်တွင် သခင်လေးများ၏ မျက်နှာ သွေးဆွတ်ဆွတ်ဖြူသွားခဲ့သည်။ တန်ဖိုးကြီးလှသည့် မြင်းလှည်းပေါ်၌ လှပစွာ တန်ဆာဆင်ထားသည့်အရာများက နန်းတွင်းစစ်တပ်နှင့် သက်ဆိုင်နေသည်။

သို့သော် ပြဿနာက နန်းတွင်းစစ်တပ်မှာ ဤနေရာသို့ အဘယ်အကြောင်းကြောင့် ရောက်လာရသနည်း။

“ ဟေ့ကောင်.. ဘေးဖယ်စမ်း.. ခွေးကောင် လမ်းဘေးဆင်းနေ... --- ”

“ လမ်းမပိတ်ထားနဲ့.. နန်းတွင်းစစ်တပ်ရဲ့အဖွဲ့၀င် သွားနေတဲ့ လမ်းကြောင်းကို ပိတ်ထားရဲသလား.. မင်းတို့ရဲ့ မျက်စိက နောက်စေ့မှာ ပေါက်နေတာမို့လို့လား.. ”

“ နန်းတွင်းစစ်တပ်က လုပ်ဆောင်စရာရှိတယ်.. ရှေ့က ယင်ကောင်သေးသေးလေးတွေ လမ်းဖယ်လိုက်စမ်း... ”

........

လွှမ်းမိုးနိုင်စွမ်းရှိကာ အကျိုးအကြောင်းမသင့်သည့် အသံများက မြင်းလှည်းများထံမှ ထွက်ပေါ်လာခဲ့သည်။

သခင်လေးများက ချမ်းသာကြွယ်၀ကာ ထင်ရှားသည့် မိသားစုများမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ သို့သော် သူတို့၏ ဖြစ်တည်မှုက နန်းတွင်းစစ်တပ်နှင့် ယှဉ်လျှင် ဖွဲနှင့်ဆန်ကွဲ ဖြစ်နေချေပြီ။

“ ဘေးဘယ်လိုက်စိမ်း.. လမ်းမပိတ်ထားနဲ့... ”

“ မင်းရဲ့ မြင်းလှည်းကို မြန်မြန်ဖယ်လိုက်... ”

“ ဒီခွေးကောင်တွေ နားမပါဘူးလား.. ”

......

နန်းတွင်းစစ်သည်များမှ အလောသုံးဆယ်နိုင်ကာ ရပ်တန့်မည့်ပုံ မရသည့်အတွက် သခင်လေးများက အလန့်တကြား အမိန့်ပေးသည်အတိုင်း မြင်းလှည်းများအား လမ်းလေးသို့ ဆွဲချလိုက်သည်။

စိစစ်ရေးမှူးဖု ကိုယ်တိုင်ပင် နန်းတွင်းစစ်တပ် ထွက်ပေါ်လာသည်အား အံ့အားသင့်နေရင်း ဘေးသို့ ထွက်လိုက်ရသည်။ ပညာရှိများနှင့် စစ်သည်များက မတူညီသည့် စနစ်နှစ်ခုဖြစ်ပေသည်။ ထိုနှစ်ခုက တစ်ခုနှင့်တစ်ခု မတိမ်းမယိမ်ဟု ထင်ရသော်လည်း တစ်ဖက်လူအပေါ် လွှမ်းမိုးနိုင်စွမ်းမှာတော့ ကွာခြားလွမ်းလှသည်။

သူသာ လုံလောက်သည့် သက်သေရှိပါက တော်၀င်ရုံးတော်၏ ၀န်ကြီးများကို စွပ်စွဲနိုင်သည့်အပြင် လိုအပ်ပါက လက်ရှိ အင်ပါယာအရှင်ကိုပင် ဆင့်ခေါ်နိုင်ပေသည်။ သို့ဆိုစေ အင်ပါယာအရှင်၏ ကိုယ်ရံတော်များဖြစ်သည့် နန်းတွင်းစစ်တပ်နှင့် ရင်ဆိုင်ရာ၌ အကူညီမဲ့သည်ဟု ခံစားလိုက်ရသည်။

ဟူးလားလာ.. နန်းတွင်းစစ်တပ်၏ မြင်းလှည်းများက လူအုပ်ကြီးအလယ်၌ ရပ်တန့်သွားခဲ့သည်။ သူတို့ လာရာလမ်းတစ်လျှောက်ရှိ သခင်လေးများက အလျင်အမြန် ဘေးဖယ်လိုက်ကြသည်။

“ ကြည့်လိုက်ဦး.. ”

ရုတ်တရက် လူတစ်ယောက်မှ တစ်စုံတစ်ခုအား သတိထားမိသွားဟန်ရသည်။ ထိုကနောက် အခြားသူများကလည်း သတိထားမိလာကြသည်။

“ တပ်မှူး.... ဒီလူတွေအားလုံးက နန်းတွင်းစစ်တပ်ရဲ့ တပ်မှူးတွေပဲဟ.. ”

မတူညီသည့် မြင်းလှည်းများစွာပေါ်မှ ထွင်းထုထားသည့် ကျားသစ်၊ နဂါး၊ ကျား နှင့် ချီလင်ပုံများအား ကြည့်နေရင်း သခင်လေးများက အံ့အားသင့်နေကြသည်။ နောက်သို့ ခြေသုံးလေးလှမ်းမျှပင် အလိုလို ဆုတ်မိကြပြီး ထိုရုပ်ပုံများအား မြင်သည်နှင့် အလိုလိုနေရင်း ကြောက်ရွံ့လာကြသည်။

လူတိုင်းက နန်းတွင်းစစ်တပ်အကြောင်း တစ်စွန်းတစ်စ ကြားသိထားကြသည်။ ထို ကျားသစ်၊ နဂါး၊ ကျားနှင့် ချီလင်ရုပ်ပုံများက လူတိုင်း အသုံးပြုနိုင်သည့်အရာများ မဟုတ်ချေ။

ထိုအရာက နန်းတွင်းစစ်တပ်၏ ထိပ်တန်းတပ်မှူးများအား ကိုယ်စားပြုပေသည်။

“ ဒီလူတွေ ဒီနေရာကို ဘာလို့ လာကြတာလဲ.. ”

ထိုသူများ၏ နောက်ခံအား သိလိုက်သည်နှင့် လူတိုင်း ဆွံအသွားကြသည်။ ထို နန်းတွင်းစစ်သည်များက သိမ်းငှက်နှင့်ကျားများဆိုပါက ဤသခင်လေးများက သူတို့လက်ထဲမှ ကြက်ပေါက်စသာသာ ဖြစ်ပေသည်။ ထိုသူတို့အဖို့ သွားကြားပင် ညှပ်မည်မဟုတ်။

“ ဟမ့်... ဒါဆိုရင် မင်းပေါ့.... ”

အစ၌ စိစစ်ရေးမှူးဖုဟယ် နောက်ဆုတ်နေခဲ့သည်။ သို့ဆိုစေ ထိုသူများက နန်းတွင်းစစ်တပ်မှ တပ်မှူးများသာဖြစ်ကြောင်းမြင်လျှင် နောက်မဆုတ်ရုံမျှမက ရှေ့ပင် တိုးလိုက်သေးသည်။

“ မင်းတို့က နန်းတော်မှာ အရှင်မင်းမြတ်ကို ကာကွယ်နေရမဲ့အစား ဒီကို ဘာလာလုပ်ကြတာလဲ.. မင်းတို့အားလုံး တာ၀န်ပျက်ကွက်တယ်လို့ ငါ လျှောက်တင်မှာကို မကြောက်ကြတာလား.. ”

“ ဟမ့်.. အရှင်စိစစ်ရေးမှူး.. နန်းတွင်းစစ်တပ်ဟာ အရှင်မင်းကြီးကို ကာကွယ်ရမှာ မှန်ပေမဲ့.. တော်၀င်နန်းတော်ကနေ ထွက်ခွာလို့မရဘူးလို့ မဆိုလိုဘူးမဟုတ်လား.. ပြီးတော့.. ကျုပ်တို့က ဓားလာ၀ယ်တာကိုတောင် လျှောက်တင်နေရမှာလား.. ”

ဤ တပ်မှူးများအားလုံးမှာ မုတ်ဆိတ်ထူကြီးများ၊ မျက်ခုံးထူကြီးများပိုင်ဆိုင်ထားသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူများက အရိုင်းဆန်ကာ လွှမ်းမိုးနိုင်သည့်ပုံရပြီး မည်သူမှ အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍ ရမည့်ပုံ မပေါက်ချေ။

“ ဓား ၀ယ်ဖို့ဟုတ်လား... ”

စုပိုင်၏ နှလုံးခုန်တစ်ချက်ရပ်သွားပြီး အတွေးတစ်ခု သူ့ခေါင်းထဲ ဖြစ်ပေါ်လာခဲ့သည်။

“ မင်း ဘာပြောလိုက်တယ်.. ဓား၀ယ်ဖို့ဟုတ်လား.. ”

စိစစ်ရေးမှူးဖု ဇဝေဇဝါနှင့် မေးလိုက်သည်။

“ ဟမ့်.. မင်းကို ရှင်းပြဖို့ အချိန်မရှိဘူး.. ”

အခြားသူများက စိစစ်ရေးမှူးအား ကြောက်ရွံမည်ဖြစ်သော်လည်း ထိုသူများထဲ၌ နန်းတွင်းစစ်တပ် မပါရှိပေ။ နန်းတွင်းစစ်တပ်မှာ အင်ပါယာအရှင်အား စောင့်ကြပ်ရသူများ ဖြစ်သည်။ ဆိုလိုသည်က သူတို့၏အထက်၌ အင်ပါယာအရှင်သာရှိပြီး သူတို့အား အပြစ်ပေးပိုင်ခွင့်သည်လည်း အင်ပါယာအရှင်၌သာ ရှိလေသည်။

စိစစ်ရေးမှူချုပ်ပင်လျှင် ထိုသို့သော အခွင့်အာဏာမရှိချေ။

“ဟီးဟီး.. သခင်လေး ဒီလို စရိုက်ကြမ်းတဲ့သူတွေနဲ့ စကားများနေစရာလား... နန်းတွင်းစစ်တပ်ရဲ့ မြွှေပျံခေါင်းဆောင် ကျန်းစုန့်က သခင်လေးကို ဂါရဝြပုပါတယ်.. ”

“ ဒါက ရွှေတုံး ထောင်ဂဏန်းလေးပဲ မဟုတ်လား.. မင်းက သခင်လေးကို ဒီပမာဏလေးနဲ့ သွားပုတ်လေလွင့် လာနေတယ်ပေါ့.. ကျုပ် မြင်းလှည်းထဲမှ ရွှေတုံး ၅၀၀၀၀ ပါလာပါတယ်.. သခင်လေး စိတ်ရှိတိုင်း အသုံးပြုလို့ရပါတယ်.. ”

“ ဒီလူတွေက ကမ္ဘာအဆင့်တစ် ပန်းပဲသခင်ကိုတောင် မမြင်နိုင်လောက်အောင် ကန်းနေကြတာပဲ..---- သခင်လေးရဲ့ ဓားက အရမ်းလှပါတယ်.. ကျုပ်အတွက် တစ်ချောင်းလောက် လုပ်ပေးဖို့ တောင်းဆိုပါရစေ.. ငွေက အရေးမကြီးပါဘူး.. ”

“ ခွေးကောင်.. ငါတောင် ဘာမှ မပြောရသေးဘူ.... သခင်လေး ကျုပ်အတွက်လဲ တစ်လက်လောက် သွန်းလုပ်ပေးပါ.... ”

“ သခင်လေး... ကျုပ်က သခင်လေးရဲ့ ပန်းပဲပညာကို ယုံကြည်ပါတယ်.. ဒါပေမဲ့ ကျုပ်အထင် ဓားပေါ်က ကျောက်မျက်တွေက သိပ်မလှနေဘူး.. ဒါကြောင့် ကျုပ်ကိုယ်တိုင် အနည်းငယ် ယူဆောင်ခဲ့တယ်.. သခင်လေး စိတ်ကြိုက်သာ ရွေးပြီး အသုံးပြုလိုက်ပါ.. ကျန်တဲ့ ကျောက်မျက်ရတနာကို သခင်လေးပဲ ယူထားလိုက်... ကျုပ်တောင်းဆိုချင်တာက ကျုပ်အတွက် ကြည့်ကောင်းတဲ့ ဓားတစ်လက် ဖြစ်ရင်ရပြီ... ”

“ အရူး.. တောင်းဆိုချက်တွေက များလိုက်တာ.. သခင်လေး.. ကျုပ်က သူနဲ့ မတူဘူး.. သခင်လေး သွန်းလုပ်ပေးတဲ့ ဓားဖြစ်နေရင်ကိုရပြီ ကျုပ်အတွက် တစ်လက်လောက် သွန်းလုပ်ပေးပါ.... ”

...........

လူတိုင်း၏ မျက်စိထဲမှ မာနကြီးတစ်ခွဲသားနှင့် နန်းတွင်းစစ်တပ် တပ်မှူးများက ရုတ်တရက် ၀မ်ချောင်၏ ရှေ့၌ ရိုသေကျိုးနွံသည့် သိုးသူငယ်များသဖွယ် ပြောင်းလဲသွားသည်အား ကြည့်ကာ အံ့အားသင့်နေကြသည်။

ထိုသူများ၏ ကပ်ဖားလျက်ဖားလုပ်ရပ်များက လူအုပ်ကြီးအား ရယ်ဖွယ်အတိ ဖြစ်နေစေသည်။ ဤလူများမှာ ယခုလေးတင်မှ သူတို့အား ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် နန်းတွင်းစစ်တပ်မှ တပ်မှူးများ ဟုတ်ပါ၏လော။

“ ဘာ... ဘာတွေဖြစ်နေတာလဲ.. ”

လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်သက်နေကြသည်။ ၀မ်ချောင် မည်သည့်အချိန်ကစ၍ နန်းတွင်းစစ်တပ်မှ တပ်မှူးများပင် နိမ့်ချဆက်ဆံရသည့် မှော်အတတ်တစ်ခုခု ပိုင်ဆိုင်ထားလေသနည်း။

၀မ်သခင်မကြီးသည်လည်း ငေးကြောင်နေလေသည်။ အထိန်းတော်များ၊ အိမ်စေများနှင့် အစေခံများပင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်နေကြသည်။ မကြာမှီ လူတိုင်း၏ အကြည့်များက ၀မ်ချောင်ထံ၌ စုပြုံကျလာခဲ့လေ၏။

ဤမြင်ကွင်းက သူတို့ လက်သင့်ခံနိုင်ရန် ဟာသဆန်လွန်းလှချေသည်။ ၀မ်ချောင်သာလျှင် သူတို့အား ရှင်းပြနိုင်လိမ့်ပေမည်။

၀မ်ချောင်သည်လည်း အသိစိတ်ကင်းမဲ့နေခဲ့သည်။ ဤနန်းတွင်းစစ်တပ်မှ တပ်မှူးများက ရုတ်တရက် ပေါ်ထွက်လာခြင်းအား သူပင်လျှင် နားမလည်နိုင်ပဲ ဖြစ်နေလေသည်။ သူတို့၏ စကားများအရ သူသွန်းလုပ်ခဲ့သည့် ဝုစ်သံမဏိဓားနှင့် ဆက်နွယ်နေမည်တော့ အမှန်ပင်။

သို့သော် မည်သို့နည်း။ ထိုမေးခွန်းကြောင့် ၀မ်ချောင်လည်း ချိတုံချတုံ ဖြစ်နေချေသည်။

“ ခနလေးနေပါဦး.. သင်တို့ အမှတ်မမှားတာ သေချာရဲ့လား. သင်တို့ ရှာနေတဲ့သူက ၀မ်ချောင်ဆိုတာ သေချာပါတယ်နော်... ”

ဘေးဘက်မှ အသံတစ်ခု ထွက်လာခဲ့သည်။ စုပိုင် လူအုပ်ကြားမှ ရှေ့ထွက်လာခဲ့ပြီး သူ၏ တည်ငြိမ်နေသည့် အမူအရာအောက်မှ ကြောက်ရွံနေသည်အား ခံစားမိနိုင်သည်။ ၀မ်ချောင်သည် ကမ္ဘာ့အဆင့်တစ်ပန်းပဲသခင် ဖြစ်နေမည်ဟု သူလုံး၀ မယုံကြည်ချေ။ ထို့ကြောင့် နန်းတွင်းစစ်တပ်တစ်ခုလုံ ရောက်လာသည့်တိုင် သူ၏ ပထမဆုံး တုံ့ပြန်ချက်မှာ ထိုသူများ အိမ်မှားလာခြင်းသာ မဖြစ်ရပေမည် သို့မဟုတ် လူမှားနေခြင်း ဖြစ်ရမည် ဟူ၍သာ ဖြစ်သည်။

“ မင်းကိုယ်မင်း ဘာကောင်ထင်လို့ လာဟောင်နေတာလဲ... ”

“ ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင်ကိုတောင် မမှတ်မိဘူးဆိုတော့ မင်းမျက်လုံး ကန်းနေတာပဲ ဖြစ်ရမယ်.. ”

“ ဟားဟား... ငါတို့တောင် သခင်လေးကို နာမည်တပ်မခေါ်ရဲတာတောင်မှ မင်းက နာမည်တပ်ခေါ်ရဲတယ်ဟုတ်လား.. ဆွဲထုတ်သွားကြစမ်း... ”

"သခင်လေး... စိတ်မဆိုးပါနဲ့.. ဒီလို မလောက်လေး မလောက်စားကောင်အတွက် ဒေါသဖြစ်ရတာမတန်ပါဘူး.. ဒီလိုလုပ်ပါလား.. ကျုပ်ကပဲ ဒီကောင့်ကို သင်ခန်းစာပေးဖို့ တာ၀န်ယူလိုက်ပါ့မယ်.. ”

..........

စုပိုင်၏ စကားလုံးများက နန်းတွင်းစစ်တပ်မှ ကိုယ်ရံတော်များအား လှုံ့ဆော်ကာ ရန်စသည်နှင့် တူနေသည်။ ထိုစကားများအား ကြားလျှင် စုပိုင်၏ အမူအရာ ပျက်ယွင်းသွားခဲ့တော့သည်။

All Chapters