← Chapters

အခန်း (၇၆-၈၀)

Vol. 3 Ch. 76-80

အခန်း (၇၆-၈၀)

Vol. 3 Ch. 76-80

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

CHapter 76.

စုပိုင် အကျဉ်းကျခြင်း

ငယ်ရွယ်စဉ်မှစ စုပိုင်မှာ အမြဲပင် သူလိုချင်သည်အား ရခဲ့သည်။ ထို့အပြင် သူက ဉာဏ်ကောင်းသည့်အတွက် မည်သည့်အခါမှ လက်တုံ့ပြန်ခံရခြင်းမရှိသလို ဤကဲ့သို့ အရှက်တကွဲ ဖြစ်ရမှုလည်း မဖြစ်ဖူးခဲ့ပေ။

သို့တိုင် ဤနန်းတွင်းစစ်တပ်မှ ကိုယ်ရံတော်များမှာတော့ စရိုက်ကြမ်းလှပြီး တည့်တိုး ပြောဆိုနေသည်။ စုပိုင်၏ ဂုဏ်သတင်းမှာ သူတို့ ရှေ့မှောက်၌ အဓိပ္ပာယ် မရှိတော့သလိုပင်။

( ၀မ်ချောင် တစ်နေ့ကျရင်တော့ မင်းကိုငါ ပြန်ပြီးတော့ အရှက်ခွဲပြမယ်.. )

သူက နန်းတွင်းစစ်တပ်၏ တပ်မှူးများအား မယှဉ်နိုင်သည့်အတွက် အထူးသဖြင့် ထိုသူများ၏ နောက်ခံအား မသိရှိသည့်အတွက် သူ၏ ဒေါသများအား ၀မ်ချောင်ထံ ပုံချလိုက်ခြင်း ဖြစ်ပေသည်။

၀မ်ချောင်မှာတော့ စုပိုင်၏ အတွေးများအား သိရှိမနေချေ။ သို့ဆိုစေ စုပိုင်၏မျက်နှာ ဒေါသကြောင့် နီရဲကာ ရှက်ရွံနေသည်ကိုတော့ တွေ့လိုက်ရသည်။

မည်သို့ဖြစ်စေ ၀မ်ချောင်က နန်းတွင်းစစ်တပ် ရုတ်တရက် ပေါ်ထွက်လာခြင်းကိုသာ စိတ်၀င်စားမိသည်။ ယခုအချိန်ထိ ဤမျှ များပြားလှသည့် နန်းတွင်းစစ်တပ်မှ တပ်မှူးများ သူ့အိမ်ထိ ရောက်ချလာခြင်းကို နားမလည်နိုင်သေးချေ။

ထို့ထက်ပို၍ ဤတပ်မှူး တစ်ဦးချင်းစီသည်လည်း ကျော်ကြားသူများ ဖြစ်နေပြန်သည်။ ထို့ကြောင့် ၀မ်ချောင် သူတို့အား သတိထား၍ ဆက်ဆံရပေမည်။

“ ကောင်းပြီလေ.. ကျုပ်တို့ ဒီကိစ္စကို အထဲ၀င်ပြီးမှ ပြောကြတာပေါ့.... ”

၀မ်ချောင် ပြောလိုက်သည်။ တစ်ချိန်တည်း၌ ဤနေရာတွင် လူများ များပြားလာသည်ဖြစ်ရာ စကားပြောရန် သင့်တော်သည့် နေရာ မဟုတ်တော့ချေ။

ဟေး.......

၀မ်ချောင်၏ စကားအား ကြားလိုက်သည်တွင် နန်းတွင်းစစ်တပ်မှ တပ်မှူးများ ရုတ်တရက် ကြွေးကြော်လိုက်ကြသည်။

“ ကောင်းပါပြီ... သခင်လေးရဲ့စကားကို နာခံပါ့မယ်.. ”

“ သခင်လေး... စိတ်ကြိုက်သာလုပ်ပါ.. ဒီမှာ ပြဿနာဖြစ်စေရဲတဲ့သူကို ကျုပ်က ယဉ်ကျေးနေမှာတော့ မဟုတ်ဘူးနော်.. ”

“ သခင်လေး..ကျုပ်တို့ကို ဓားသွန်းလုပ်ပေးမှရမယ်နော်.. တကယ်လို့ ကျုပ်သာ ဝုစ်သံမဏိဓား မပိုင်ဆိုင်ရရင် သေသွားလိမ့်မယ်.. ”

.........

ထို ကပ်ဖားလျက်ဖားစကားလုံးများအား ကြားလျှင်ကြားချင်း စုပိုင်း၏ မျက်နှာမှာ မခံမရပ်နိုင်မှုကြောင့် နီရဲလာခဲ့သည်။

တော်၀င်ရုံးတော်မှ နန်းတွင်းစစ်သည်တပ်မှူးများမှာ လူတိုင်းအား နိမ့်ချဆက်ဆံကာ မည်သူ့ကိုမှ အတွေ့ခံသည် မဟုတ်ချေ။ မည်သူကမှ ထိုသူများ ဖားယားနေသည်နှင့် ဤမျှ ယဉ်ကျေးစွာ ပြောဆိုနေသည်ကို မတွေ့ဖူးချေ။ ၀မ်ချောင် မည်သည့် မှော်အတတ်အား သုံးထားသည့်အတွက် ဤလူများ ယခုကဲ့သို့ ဖြစ်နေရသနည်း။

စုပိုင်မှာတော့ လူအုပ်အတွင်း ခပ်မဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ အခြားသခင်လေးများမှာတော့ ထိုမြင်ကွင်းအား ကြည့်ရင်း ဇဝေဇဝါဖြစ်သွားကြည်။

“ ဒီ ၀မ်ချောင်....... အတော်လေး အထင်ကြီးစရာ မကောင်းဘူးလား.. ”

“ နန်းတွင်းစစ်တပ်က တပ်မှူးတွေတောင်မှ သူ့ကို မြှောက်ပင့် ဆက်ဆံနေရတယ်.. ”

“ စုပိုင်ဆယ်ယောက်ရှိရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး.. ဒါက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ ဖြစ်နေမှာပဲ.. ”

..............

နန်းတွင်းစစ်တပ်၏ ၀န်းရံထားခြင်းခံရသည့် ၀မ်ချောင်အား သခင်လေးများက အားကျသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ကိုယ်သူတို့ ၀မ်ချောင်ကဲ့သို့ အထင်ကြီးဖွယ်ကောင်းလျှင် နန်းတွင်းစစ်တပ်မှ တပ်မှူးများပင် လေးစားကြမည်ဟု စိတ်ကူးယဉ်နေမိကြသည်။

သို့သော် သူတို့၏ စိတ်ကူးရေယျာဉ်ကြော အလယ်၌ အကြောက်တရား ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိ ၀မ်ချောင်မှာ သူတို့ လက်လှမ်းမမှီနိုင်သည့် နေရာ၌ ရှိနေချေပြီ။ သူတို့ မော့ကြည့်နေရန်သာ တတ်နိုင်သည့်သူ ဖြစ်သွားချေပြီ။

“ မုန့်လုံ.. သွားစီစဉ်လိုက်ဦး.. သူတို့ အကြွေးစာရင်းအတိုင်း အတိအကျ ပြန်ပေးလိုက်.... ”

လူအုပ်ကြီးအား မျက်ကွယ်ပြုလျက် ၀မ်ချောင်မှ မုန့်လုံအား ညွှန်ကြားလိုက်သည်။

“ ဟုတ်ကဲ့ပါ... သခင်လေး..... ”

မုန့်လုံ ဖြေကြားလိုက်သည်။ ဤသခင်လေးများက မကောင်းသည့်အကြံအစည်ဖြင့် လာခြင်းဖြစ်သော်လည်း အကြွေးကိစ္စမှာတော့ မတူညီချေ။ မုန့်လုံမှ သူ့သခင်လေး၏ ကတိတစ်လုံးအပေါ် ထားသည့် အလေးထားမှုအား အားကျမိသည်။

“ မင်းတို့ရဲ့ အကြွေးစာရင်းနဲ့အတူ ပိုက်ဆံလာယူကြ.. ငါတို့ သခင်လေးက သဘောထားကြီးတဲ့အတွက် ဒီကိစ္စလောက်ကို ဗွေမယူဘူး... ”

မုန့်လုံ အခြားသခင်လေးများအား အချက်ပြလိုက်သည်။

သူတို့၏ ငွေများအား ပြန်လည်ရရှိမည်ကို ကြားလိုက်ရသည်တွင် လူအုပ်ကြီးက ပျော်ရွှင်သွားခဲ့သည်။ သူတို့က မုန့်လုံထံ အလောသုံးဆယ် ပြေး၀င်သွားကြလေသည်။ တစ်ချိန်တည်း၌ ၀မ်ချောင်၏ နှစ်လိုဖွယ်ကောင်းသည့် စိတ်ထားက သူတို့စိတ်ထဲ၌ စွဲထင်သွားခဲ့သည်။

“ အရှင်.. ရွှေတုံး တစ်ရာကော ပေးဦးမှာလား.. ”

သခင်လေးတစ်ဦးမှ ဂရုတစိုက်မေးလိုက်သည်။

“ ထွက်သွားစမ်း........ ”

မုန့်လုံ၏ အော်ငေါက်သံကြောင့် လူတိုင်းက ရယ်လိုက်ကြသည်။ ဆိုရလျှင် သူတို့နှင့် ၀မ်ကလန်အကြား ဆက်ဆံမှုက ယခင်ကလောက် တင်းမာခြင်းမရှိတော့ချေ။

ထိုမြင်ကွင်းအားမြင်လျှင် ၀မ်ချောင် ပြုံးလိုက်သည်။ သူထွက်သွားမည် ပြုစဉ်၌ သူ၏ မျက်၀န်းထောင်မှ လူရိပ်တစ်ခုအား မြင်လိုက်ပြီး သူ၏ အကြည့်က အေးစက်သွားကာ.....

“ စုပိုင်... မင်း ဘယ်သွားမလို့လဲ.. ”

ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံတစ်ခုက လမ်းပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။ ခြေလှမ်းအတော်များများမှ စုပိုင်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့လေ၏။ သူ၏ အစိမ်းရောင်မြင်းလှည်းရှေ့၌ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

တစ်ချိန်တည်း၌ အကြည့်များအားလုံးက အမတ်မင်းစု၏ သားအပေါ်၌ ကျရောက်လာခဲ့သည်။

အော်သံနှင့် ရယ်သံများ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး လေထုက ရုတ်ချည် လေးလံလာခဲ့သည်။

“ ၀မ်ချောင်.. မင်းဘာလိုချင်တာလဲ.. ”

စုပိုင် ဖြည်းဖြည်းချင်းနောက်လှည့်ကာ ၀မ်ချောင်အား ဒေါသတကြီး ကြည့်လိုက်သည်။

အခြေအနေများက ပြောင်းလဲသွားပြီဖြစ်ပြီး မြားဦးက သူ့ဖက် လှည့်လာချေပြီ။ အစ၌ မြင်းလှည်းပေါ်သို့ တက်ကာ ချက်ချင်းထွက်ခွာရန် စိတ်ကူးလိုက်သော်လည်း ၀မ်ချောင်မှ သတိထားမိသွားခဲ့သည်။

“ ဟမ့်.. မင်း ဒီကိုလာပြီးမှတော့.. လွယ်လွယ်နဲ့ ထွက်သွားလို့ ရမယ်လို့ ထင်နေတာ မဟုတ်လောက်ပါဘူးနော်.. ”

၀မ်ချောင် လက်မောင်းအိုးအား ခါလိုက်ကာ အေးစက်စက် ပြောဆိုလိုက်သည်။

ဤစုပိုင်မှာ သူ့အား ဆွဲချရန် ပြင်ဆင်၍ လာခဲ့ခြင်းဖြစ်သည်။ ထိုအတွက် တရားရေးရာရုံးတော်မှ အရာရှိနှစ်ယောက်သာမက နန်းတော်၏ လက်ထောက်စိစစ်ရေးမှူးဖုဟယ်ကိုပါ ခေါ်ယူခဲ့ပြီး ထိုအရာများအားလုံးက အကြွေးစာရင်းကို အမှီပြု၍ ၀မ်ကလန်အား အကြီးအကျယ် ထိုးနှက်ရန်သာ ဖြစ်လေသည်။

စုပိုင်အနေဖြင့် သူ့အား ဦးတည်လာခြင်းဆိုပါက ၀မ်ချောင် သည်းခံနိုင်သော်လည်း သူ၏ ၀မ်ကလန်တစ်ခုလုံးကိုပါ အကျပ်အတည်းတွေ့စေလိုသည့်အတွက် ရင်ကြားစေ့ရန် မဖြစ်နိုင်တော့ချေ။

အကယ်၍ ၀မ်ချောင်အနေဖြင့် စုပိုင်အား အလွယ်တကူ သွားခွင့်ပြုလိုက်ပါက သူသည် ၀မ်ချောင် မဟုတ်တော့ပေ။

တစ်ချိန်တည်း၌ ၀မ်မိသားစုခြံ၀င်တစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားခဲ့သည်။ အခြေအနေက ထူးဆန်းလှပြီး အန္တရယ်ရှိနေကာ စုပိုင်ခေါ်ဆောင်လာသည့် သခင်လေးများက အသံပင် ရဲရဲ မရှူဝံ့တော့ချေ။

၀မ်ချောင်မှာ ဖော်ရွေသည့်သူနှင့် တူသည့်တိုင် တစ်ခါတစ်ရံ အခြားသူများအား ကြောက်ရွံစေသည့် အငွေ့အသက်များအား ထုတ်လွှတ်တတ်သည်။ လက်ရှိ ၀မ်ချောင်မှာ တည်ငြိမ်နေသော်လည်း သူ ထုတ်ဖော်ထားသည့် အငွေ့အသက်ကြောင့် မကြောက်မိသည့်သူ မရှိတော့ချေ။

“ မင်းဘာလိုချင်တာလဲ.. ဒီလောက်လူအများကြီး ရှေ့မှာ ငါ့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မလို့လား.. ”

စုပိုင် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ဆိုရလျှင် ၀မ်ချောင် သူ့အား တိုက်ခိုက်လာရန် သူ ဆုတောင်းနေခြင်းသာ ဖြစ်ပေသည်။ သိုင်းပညာအရာ၌ သူက ဝေဟောင်ထက် သာလွန်ပေရာ ပြောစရာမလိုအောင်ပင် ၀မ်ချောင်ထက်လည်း သာလွန်ပေသည်။ ဤနေရာ၌ တရားရေးရာရုံးတော်အပြင် စိစစ်ရေးအရာရှိ အပါအ၀င် လူများစွာ ရှိနေသည့်အတွက် ၀မ်ချောင် သူ၏ ကိုယ်ရံတော်ကို လွှတ်မည် မဟုတ်မှန် သိနေသည်။

“ ဟားဟား... မပူပါနဲ့.. ငါ ဘယ်သူ့ကိုမှ လွတ်မှာ မဟုတ်ဘူး.. ”

စုပိုင်၏ အတွေးများအား ၀မ်ချောင် မသိပဲ နေမည်လား။ အကယ်၍ ၀မ်ချောင်မှ သူ့အား ရင်ဆိုင်ရန် ကိုယ်တိုင် ထွက်လာရန် လိုအပ်သည်ဟု စုပိုင်ထင်မှန်နေလျှင် အမှားကြီးမှားနေချေပြီ။

၀မ်ချောင်၏ ရည်မှန်းချက်က စုပိုင်အား ခန္ဓာကိုယ် ထိခိုက်နာကျင်စေရုံသာ မဟုတ်ပေ။

“ စုပိုင်.. မင်းသွားနိုင်တယ်.. ဒါပေမဲ့ ငါစိုးရိမ်တာက မဟာထန်မြို့တော်ရဲ့ အကျဉ်းထောင်ကို မင်းခနလောက် အလည်သွားရမှာကိုပဲ.. ”

၀မ်ချောင်လည်း အေးစက်စွာ လှောင်လိုက်သည်။

စုပိုင်၏ အမူအရာက ထိုစကားများအား ကြားလျှင် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

“ မင်းလုပ်ရဲလား... ”

“ ငါ ဘာလို့ မလုပ်ရဲရမှာလဲ... ”

၀မ်ချောင် စိစစ်ရေးအရာရှိဖု ရှိရာသို့ လှည့်လိုက်ပြီး...

“ စိစစ်ရေးမှူးဖု တော်၀င်ရုံးတော်မှာ အရေးကြီးတဲ့ အရာရှိတွေနဲ့ ပက်သက်ပြီး မှားယွင်းစွာ စွပ်စွဲခဲ့ရင် မဟာထန်ရဲ့ ဥပဒေအရ ဘယ်လိုများ အပြစ်ပေးပါသလဲ... ”

“ တော်၀င်ရုံးတော်ရဲ့ အရေးပါတဲ့ အရာရှိကို မှားယွင်းစွာ စွပ်စွဲခြင်းအတွက် ကြိမ်ဒဏ်အချက်တစ်ရာ ပေးခံရမယ်.. သုံးနှစ် အကျဉ်းချခံရမယ်.. ပြီးတော့ နှာခေါင်းဖြတ်ခံရပြီး နယ်စပ်ကို ကျွန်အနေနဲ့ ပို့ဆောင်ခြင်း ခံရမယ်.... ”

ထိုစကားလုံးများက စိစစ်ရေးမှူးဖုထံမှ ထွက်ပေါ်လာခြင်းမဟုတ်ပဲ တရားရေးရာရုံးတော်မှ စုပိုင် ခေါ်လာသည့် အရာရှိနှစ်ဦးမှ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ စာချုပ်စာတမ်းများ အတည်ပြုခြင်း၊ စာရွက်စာတမ်းများ သိမ်းယူခြင်းလုပ်ငန်းများသာမက ထိုသူများက အပြစ်ပေးခြင်း၌လည်း တာ၀န်ရှိသူများ ဖြစ်ကြသည်။

ထို့ကြောင့် မဟာထန်၏ ဥပဒေများအား တရားရေးရာရုံးတော်မှ လူများထက်ပို၍ တတ်ကျွမ်းသည့်သူ မရှိနိုင်တော့ချေ။

ဘုန်း...........

ထိုအရာရှိနှစ်ဦး၏ စကာလုံးများက မိုးကြိုးပစ်ချလိုက်သည့်နှယ်။ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကာ အံ့သြခြင်းမှ ကြောက်ရွံသွားကြလေသည်။ စုပိုင်၏ ခန္ဓာကိုယ်မှာလည် တုန်ယင်နေပြီး အရှိန်ပြင်းစွာဖြင့် အထိုးခံလိုက်ရသကဲ့သို့ သူ၏ မျက်နှာသည်လည်း စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော့လာခဲ့သည်။

စိစစ်ရေးမှူးဖု၏ အမူအရာပင် မှောင်သွားခဲ့သည်။ ( မပြန်တတ်တော့ဘူး မှောင်ခိုင်းလိုက်တော့မယ်နော်.. ဟီးးး )

အရေးကြီး အရာရှိတစ်ဦးအား မှားယွင်းစွာ စွပ်စွဲခြင်းက မဟာထန်ဥပဒေများထဲမှ အကြီးလေးဆုံး ပြစ်မှုများထဲ၌ ပါ၀င်သည်။ ထိုအရာရှိများက အင်ပါယာ၏ ထောက်တိုင်များဖြစ်ကာ အကယ်၍ ထိုအရေးပါသည့် အရာရှိများက အထောက်အထား ခိုင်ခိုင်လုံလုံမရှိပဲ စွပ်စွဲ ခံရမည်ဆိုပါက တိုင်းပြည်တစ်ခုလုံး ကမောက်ကမ ဖြစ်ချေတော့မည်။

ထို့ကြောင့် တော်၀င်ရုံးတော်မှ ထိုအဖြစ်ဆိုးအား ရှောင်ရှားနိုင်ရန် ကြီးလေးသည့် အပြစ်ဒဏ်အား ထုတ်ပြန်ထားခဲ့သည်။

ထိုအချက်က အရာရှိများအား ကာကွယ်ရန်သက်သက်မဟုတ်ပေ။ မသမာသည့်သူများမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် စွပ်စွဲမည်အား တိုင်းတာရန်အတွက်ဖြစ်ပေသည်။ စုပိုင်မှာတော့ ၀မ်ကလန်အား ဆွဲချရန်သာ တွေးခဲ့ပြီး သူ့ရှုံးနိမ့်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များအား မစဉ်းစားမိခဲ့ချေ။

၀မ်ချောင်၏ ဖခင်မှာ နယ်စပ်၌ စစ်သူကြီးဖြစ်ပြီး၊ ဦးကြီး၀မ်ယန်မှ တော်၀င်ရုံးတော်၌ ထင်ရှားသည့်သူ ဖြစ်ကာ အဘိုးဖြစ်သူ ကျိုးအမတ်ကြီးဆိုလျှင် အင်ပါယာအရှင်ပင်လျှင် ယုံကြည်ရသည့်သူဖြစ်လေသည်။ စုပိုင်၏ ၀မ်ကလန်အား ဆွဲချရန် ကြံစည်ခြင်းက ထိုသူများအား ဆန့်ကျန်သည်နှင့် ထပ်တူညီပေသည်။

ထို့ကြောင့် ၀မ်ချောင် ပြောသည့် တော်၀င်ရုံးတော်၏ အရေးပါသည့် အရာရှိများအား မှားယွင်းစွာ စွပ်စွဲပြောခြင်းဆိုသည်က မမှားချေ။

ဤအချိန်၌ ၀မ်ချောင်အနေဖြင့် စုပိုင်အား သင်ခန်းစာတစ်ခု ပေးချင်နေသည်။

“ အရှင် စိစစ်ရေးမှူး... သင်ပြောခဲ့သလိုဆိုရင်.. အင်ပါယာအရှင်တောင်မှ ဥပဒေကျူးလွန်ခဲ့ရင် သာမန်ပြည်သူလိုပဲ အပြစ်ပေးခံရမယ်ဆို... အရှင် စိစစ်ရေးမှူး.. သင်နဲ့ အမတ်မင်းစုကြား ဆက်ဆံရေးကြောင့် စုပိုင်ကိုတော့ သက်ညှာပေးမှာ မဟုတ်ဘူးမလား.. ”

၀မ်ချောင်အား အံ့အားသင့်စေခဲ့သည်က အရာရှိနှစ်ဦးမှ သူ့ဖက်မှနေ၍ ပြောဆိုပေးခဲ့ခြင်း ဖြစ်လေသည်။ မည်သို့ဆိုစေ ထိုအရာက ပိုမိုကောင်းမွန်ပေသည်။ ယနေ့တွင် စုပိုင် လွတ်မြောက်နိုင်မည်လား ၀မ်ချောင် သိချင်နေမိသည်။

“ ၀မ်သခင်လေး.. ခွင့်လွှတ်ပေးတာက ကောင်းတဲ့အရာပါ... ၀မ်သခင်မကြီး စုသခင်လေးက ငယ်ပါသေးတယ်.. သူ့အစ်ကိုနဲ့ အမတ်မင်းစုဟာ တော်၀င်ရုံးတော်မှာ အရေးပါတဲ့သူတွေ အနေနဲ့ တိုင်းပြည်အတွက် တာ၀န်ထမ်းဆောင်နေပါတယ်.. ကလေးတွေကြောင့် ကလန်နှစ်ခု မသင့်မမြတ်ဖြစ်ခဲ့ရင် တိုင်းပြည်အတွက်မကောင်းဘူး မဟုတ်လား.. ၀မ်သခင်မကြီး ဒီကိစ္စကို ပြန်စဉ်းစားပေးပါဦး.... ”

ဖုဟယ် ၀မ်သခင်မကြီးဖက်သို့ လှည့်လိုက်သည်။ သူသည် အမတ်မင်းစုဖြစ်သည့် စုဖုဝေ၏ ဘက်တော်သားဖြစ်သည်မဟုတ်လား။ မဟုတ်လျှင် စုပိုင်၏ တောင်းဆိုချက်ကြောင့် ဤနေရာသို့ လိုက်လာခဲမည် မဟုတ်ပေ။

တော်၀င်ရုံးတော်မှ အရာရှိအား မှားယွင်းစွပ်စွဲခြင်းက သေးငယ်သည့်ကိစ္စမဟုတ်ချေ။ အကယ်၌ စုပိုင်သာ တရားရေးရာရုံးတော်မှ ဖမ်းဆီးခြင်းအား ခံလိုက်ရပါက ဖုဟယ်မှာ ဟားတိုက်စရာ ဖြစ်ပေတော့မည်။

ပိုဆိုးသည်က ဤဖြစ်ရပ်အား ဖုဟယ်အနေဖြင့် အမတ်မင်းစုအား မည်သို့ ပြန်လည် ပြောပြရမည်နည်း။

ဖုဟယ်မှာ ၀မ်ချောင်အနေဖြင့် ဤဖြစ်ရပ်အား ငြိမ်းချမ်းစွာ လွတ်ချရန် မဖြစ်နိုင်မှန် သိထားသည်။ ထို့ကြောင့် ၀မ်သခင်မကြီး ကျောက်ရှုဟွာဖက်သို့ လှည့်ကာ သူမ ခွင့်လွှတ်ပေးရန် မျှော်လင့်လိုက်သည်။

၀မ်သခင်မကြီးသာ စုပိုင်ဖက်မှနေ၍ ပြောဆိုပေမည်ဆိုပါက ဤကိစ္စမှာ အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားချေမည်။

“ အရှင်ဖု.. ဒီသခင်မကြီးက မိန်းမသားပါ ဘယ်လိုလုပ်ပြီး တော်၀င်ရုံးတော်ရဲ့ အရေးကိစ္စတွေကို နားလည်မှာလဲ.. တော်၀င်ရုံးတော်က ကိုယ်ပိုင် စည်းကမ်းချက်တွေ ဥပဒေတွေ ရှိတယ်ဆိုမှတော့ လိုက်နာသင့်တာပေါ့.. အရှင်ဖုရော သဘောတူတယ်မလား.. ”

ကျောက်ရှုဟွာသည်လည်း ဤနေရာ၌ တစ်ချိန်လုံး ရှိနေသူ ဖြစ်လေသည်။ စုပိုင်မှာ ၀မ်ကလန်အား ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့်လာသည်က ထင်ရှားနေပြီး သူမ တတိယသား၏ ဉာဏ်ပညာကြောင့်၊ တော်၀င်စစ်တပ်၏ ပေါ်ထွက်လာမှုကြောင့်သာ မဟုတ်လျှင် ယနေ့ကိစ္စအား ဖြေရှင်းရန် ခက်ခဲချေလိမ့်မည်။

၀မ်ကလန်မှာ မျိုးဆက်များစွာတိုင်အောင် လာဘ်မစားခြင်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ယောက္ခထီးဖြစ်သူသည်လည်း မိသားစု၏ အမူအကျင့်များအား တင်းကျပ်ထားပေသည်။ အကယ်၌ ဤဖြစ်ရပ်သာ တော်၀င်ရုံးတော်သို့ လျှောင်တင်ခံရပါက ၀မ်ကလန်၏ ဂုဏ်သတင်းမှာ ရေစုန် မျောရပေလိမ့်မည်။

ထိုသို့ဖြစ်လာခဲ့လျှင် သူမ၏ ယောက်္ခထီးအား မည်သို့ ရှင်းပြရမည်နည်း။

ပြီးလျှင် ရှေ့က ၀မ်ကလန်နှင့် ရင်ဆိုင်နေချိန်၌ စိစစ်ရေးမှူး၏ စကားလုံးများက ရှင်းလင်းလှပြီး ၀မ်ကလန်အပေါ် အနည်းငယ်မှပင် အလျော့ပေးမည်ပုံ မရှိချေ။ စုပိုင်အလှည့် ရောက်သည့်အခါမှ လေသံပြောင်းသွားပြီး ခွင့်လွှတ်ပေးခြင်းက ကောင်းခြင်မည်တော့သည်။ ထိုအချက်ကြောင့် ၀မ်သခင်မကြီး စက်ဆုပ်မိလေသည်။

“ သခင်မကြီး.... ”

ဖုဟယ် စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ သူ့အနေဖြင့် ၀မ်သခင်မကြီးမှာ ထိုမျှလောက် ပြတ်သားမည်ဟု ထင်မထားခဲ့ပေ။

“ ဆက်ပြောနေစရာမလိုတော့ပါဘူး.. အရှင်ဖု... တော်၀င်ရုံးတော်မှာ ကိုယ်ပိုင်ဥပဒေ ရှိပြီးသားပါ.. အခုမှ အဲ့တာကို လျစ်လျူရှုထားတော့မလို့လား.. ”

၀မ်ချောင်မှ ဖုဟယ်၏ စကားအား နှောင့်ယှက်လိုက်သည်။ သူ့အား မည်သည့်စကားမှ ပြောဆိုရန် အခွင့်အရေးမပေးပဲ အလောင်းကောင်နှစ်ကောင်နှင့်တူသည့် တရားရေးရာရုံးတော်မှ အရာရှိနှစ်ဦးရှိရာသို့ လှည့်လိုက်ပြီး....

“ အရှင် .. ကျုပ်က တရားရေးရာရုံးတော်ကို အဆုံးစွန် လေးစားပြီးသားပါ.. သူ့အဖေက အမတ်မင်းဖြစ်နေတာကြောင့်တော့ စုပိုင်ကို သင်တို့ လွတ်ပေးမှာ မဟုတ်ဘူးမလား... ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ”

အရာရှိနှစ်ဦးမှ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“ ကိုယ့်လူတို့ စုပိုင်ကို ဖမ်းလိုက်ကြစမ်း.. တကယ်လို့ သူထွက်ပြေးလွတ်မြောက်သွားခဲ့ရင်တော့ မင်းတို့ရဲ့ခေါင်းကိုပဲ တရားရေးရာရုံတော်ကို ယူခဲ့လိုက်ကြ ”

“ ဟုတ်ကဲ့ပါ အရှင်.... ”

များစွာသောအစောင့်များက ပြေးထွက်လာကြကာ စုပိုင်အား တစ်ဖက်တစ်ချက်စီမှ ဖမ်းဆီးလိုက်ကြပြီး မြင်းလှည်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

“ ၀မ်ချောင်... မင်း ခွေးကောင်... ငါမင်းကို ခွင့်မလွှတ်ဘူး.. မင်း စောင့်နေပါ.... ------”

စုပိုင် ကျယ်လောင်စွာ ကျိန်စာတိုက်နေချိန် အစောင့်မျာက သူ့အား မြင်းလှည်းထဲသို့ ပစ်ထည့်လိုက်သည်။ မည်သည့်စကားမှ မဆိုတော့ပဲ အလောင်းကောင်နှင့်တူသည့် အရာရှိနှစ်ဦးမှ နောက်လှည့်ကာ မြင်းလှည်းထဲ၀င်၍ ထွက်ခွာသွားတော့သည်။ လမ်းပေါ်မှ ပျောက်ကွယ်သွားရန် အချိန် သိပ်မကြာလိုက်ပေ။

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 77.

ချမ်းသာလေပြီ..

စုပိုင် ဆွဲထုတ်သွားခြင်း ခံလိုက်ရသည်။ သူ၏ဖခင်မှာ ရာထူးမြင့်သည့် အမတ်မင်းစု ဖြစ်နေသည့်တိုင် စုပိုင်အား ကယ်တင်ရန် အဆက်အသွယ်တော်တော်များများနှင့် အချိန်ယူရပေဦးမည်။ ထို့ကြောင့် သူ၏ စိတ်ထဲစွဲထင်နေမည့် သင်ခန်းစာတစ်ခုအား အကျဉ်းထောင်ထဲ၌ အချိန်တစ်ခုတိုင်အောင် သင်ယူရပေဦးမည်။

“ သွားကြရအောင်.. ကျုပ်တို့ အထဲမှာ ဆက်ဆွေးနွေးကြတာပေါ့... ”

အပြင်ဘက်မှ ကိစ္စရပ်များအား ရှန့်ဟိုင်နှင့် မုန့်လုံထံ လွဲထားပေးလိုက်ပြီး နန်းတွင်းစစ်တပ်မှ တပ်မှူးများအား စံအိမ်အတွင်းသို့ ဦးဆောင်သွားလိုက်သည်။

“ ၀မ်သခင်လေးက ကိုယ်ပိုင် ရည်မှန်းချက်တွေရှိသားပဲ... ”

အခြေအနေများအား မျက်မြင်တွေ့လိုက်ရပြီးနောက် တပ်မှူးများက ၀မ်ချောင်၏ ဖြေရှင်းသည့်နည်းလမ်းအား သဘောတွေ့ရုံမျှမက လက်မထောင်လိုက်ကြသည်။ ၀မ်ချောင်၏ မည်သည့်လုပ်ရပ်ကိုမဆို သူတို့ လက်ခံမည် ဖြစ်ပေသည်။

၀မ်ချောင် ရယ်နေလျက်သာ သူတို့အား ဧည့်ခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

စကားအနည်းငယ် ပြောဆိုကြပြီးနောက် ၀မ်ချောင်အနေဖြင့် မရေမရာဖြစ်နေသည့်တိုင် သူတို့၏ ယနေ့လာရင်းကိစ္စမှာ ကျောက်ဖုန်းချန်ကြောင့်သာ ဖြစ်မည်ဖြစ်ကြောင်း ၀မ်ချောင် ယုံကြည်လိုက်သည်။

နန်းတွင်းစစ်တပ်မှ တပ်မှူးများ၏ ရည်ရွယ်ချက်မှာတော့ ပို၍ပင် ရိုးရှင်းပေသည်။ သူတို့က ဓား၀ယ်လို၍သာ ဖြစ်သည်။ အချို့က မြင်းလှည်းအပြည့် ရွှေတုံးများ သယ်ဆောင်လာခဲ့ပြီး အချို့မှာ မဟူရာ၊ ပုလဲနှင့် ကျောက်မျက်ရတနာများအား ယူဆောင်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ၀မ်ချောင် အသုံးပြုခဲ့သည့် ကျောက်မျက်များက စျေးနည်းနေသေး၍ ဖြစ်ပေသည်။ ထို့ကြောင့် ၀မ်ချောင် စိတ်ကြိုက်အသုံးပြုနိုင်စေရန် သိမ်းကြုံးယူလာကြခြင်း ဖြစ်လေသည်။

အချုပ်ဆိုရသော် သူတို့သာ ဝုစ်သံမဏိဓားအား ပိုင်ဆိုင်ခွင့်ရပါက ငွေကြေးက ပြဿနာ မဟုတ်ချေ။

၀မ်ချောင်မှာ ထိုသူတို့၏ စကားများအား ခပ်မဆိတ်သာ နားထောင်နေခဲ့သည်။ သလင်းပြာစံအိမ်၌ ဓားရောင်းခဲ့ချိန်မှစ၍ ဝုစ်သံမဏိမှာ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုအား ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ဓားနှစ်ချက်ဖြင့် ဝေဟောင်က မြို့တော်၏ ကျော်ကြားလှပါသည်ဆိုသော ပန်းပဲကလန်များ ပန်းပဲအလုပ်ရုံများ၏ အကောင်းဆုံး ဓားများအား ပိုင်းဖြတ်ခဲ့ကာ ဝုစ်သံမဏိ၏ ‘ ကမ္ဘာ့အဆင့်တစ်ဓား ’ဟူသည့် နာမည်အား ရေးထိုးပြီးခဲ့ချေပြီ။

ပြီးနောက် ပထမဆုံးဓားအား ကျောက်ဖုန်းချန်အား ရောင်းချပေးခဲ့သည်က နန်းတွင်းစစ်တပ်အတွင်း၌လည်း ကျော်ကြားစေခဲ့ပြန်သည်။ စစ်တပ်ကဲ့သို့ ထူးခြားသည့်နေရာမှ စတင်၍ ၀မ်ချောင်အနေဖြင့် ဝုစ်သံမဏိ၏ စျေးကွက်အား စတင်လိုက်ပြီ ဖြစ်သည်။

ဤအရာက အခွင့်အရေးကြီးဖြစ်လေရာ ၀မ်ချောင် ကောင်းမွန်စွာ ကိုင်တွယ်ရပေမည်။

ရှားပါးခြင်းက ကုန်ပစ္စည်း၏ စျေးနှုန်းပင်ဖြစ်ကာ ယနေ့ ရောက်လာသည့် တပ်မှူးများမှာလည်း မနည်းသည့်အလျောက် ၀မ်ချောင်အနေဖြင့် အယောက်စေ့အား သဘောတူညီလိမ့်မည်မဟုတ်။ မဟုတ်လျှင် ဝုစ်သံမဏိ၏ စျေးနှုန်းက အလျင်အမြန် ကျဆင်းသွားပေလိမ့်မည်။

ထိုအရာက ၀မ်ချောင် လိုချင်သည့်အရာ မဟုတ်ချေ။

မည်သို့ဆိုစေ ၀မ်ချောင် ထိုသူအားလုံးကိုလည်း ငြင်းဆန်လိုက်၍လည်း မဖြစ်ပေ။

“ သင်တို့အားလုံးက ဝုစ်သံမဏိဓားရဲ့ ထက်မြမှုအကြောင်းကို သိထားပြီးဖြစ်မယ် ထင်ပါတယ်.. ”

တောင်းဆိုသည့်သူများနှင့် ပြည့်နှက်နေသည့် ဧည့်ခန်းအတွင်း၌ ဆူညံပွက်လောရိုက်နေစဉ် ၀မ်ချောင်၏ စကားသံက အားလုံး၏ အာရုံအား ဖမ်းစားသွားခဲ့သည်။

“ ဓားကောင်းလေ သွန်းလုပ်ဖို့ အချိန်ပိုကြာလေပဲ မဟုတ်လား.. သာမန်ဓားတစ်လက်ကို နေ့တစ်၀က်နဲ့ လုပ်လို့ရပေမဲ့ ထိပ်တန်းဓားတစ်လက်ကိုတော့ နေ့တစ်၀က်နဲ့ လုပ်နိုင်မှာ မဟုတ်ဘူး.. ”

၀မ်ချောင် ပြောလိုက်သည်။

“ ဒါပေါ့... ဒါပေါ့ သခင်လေး မှန်ပါတယ်.. ”

“ ပန်းပဲကလန်တွေက သာမန်ထိပ်တန်းဓားတစ်လက်လုပ်ဖို့တောင် တစ်လလောက် အချိန်ယူရတယ်လို့ ကျုပ်ကြားဖူးတယ်.. ဒါကို ထောက်ချင့်ခြင်းအားဖြင့် သခင်လေး သွန်းလုပ်မဲ့ ဓားက ကမ္ဘာပေါ်မှာ အကောင်းဆုံးဓားလေ ဒီထက်ပိုပြီး အချိန်နဲ့ အားထုတ်မှု ပိုသုံးရမှာက သဘာ၀ကျပါတယ်.. ”

“ တကယ်လို့ သခင်လေးက ရက်ချိန်းနဲ့ ပက်သက်ပြီး စိတ်ပူနေတာဆိုရင်တော့ ကျုပ်တို့က အလျင်မလိုပါဘူး စောင့်နိုင်ပါတယ်.. ”

....

လူအုပ်ကြီးက ၀မ်ချောင်၏ စကားအား ချက်ချင်း ထောက်ခံလိုက်သည်။ ထိုအရာက စကားပလ္လင်ခံခြင်းမဟုတ်ပဲ အမှန်ပင် လေးစားခြင်း ဖြစ်ပေသည်။ ၀မ်ချောင်က အသက်ဆယ့်ငါးနှစ်ခန့်သာ ရှိဦးမည် ဖြစ်သည့်တိုင် သူတို့၏ အမြင်မှာတော့ တစ်လောကလုံးရှိ ပြိုင်ဘက်ကင်း ပန်းပဲသခင်သာ ဖြစ်လေသည်။

အသက်ကိုမေ့ထား၍ ၀မ်ချောင်က အမှန်ပင် လေးစားထိုက်သူတစ်ဦး ဖြစ်ချေသည်။

ပို၍အရေးပါသည်က ဝုစ်သံမဏိ၏ စွမ်းအားကို မျက်မြင်တွေ့ထားခြင်းကြောင့်လည်း ဖြစ်သည်။ သို့မဟုတ်လျှင် ၀မ်ကလန်သို့ အုပ်စုလိုက် ချီတက်လာကြမည် မဟုတ်ပေ။

“ ကျုပ်ရဲ့အနေအထားကို အားလုံးက နားလည်ပေးတာကို ကျေးဇူးတင်ပါတယ်. ”

ဧည့်ခန်းအလယ်၌ ထင်နေရင်း ၀မ်ချောင် ပြုံးလိုက်သည်။ သူက ငယ်ပင်ငယ်သော်ငြား နန်းတွင်းစစ်တပ်၏ ကြမ်းကြုတ်သည့် တပ်မှူးများ အလည်၌ ရင့်ကျက်ကာ သဘောထားကြီး၍ အမှီအခိုကင်းသည့် အရောင်အဝါအား ထုတ်လွှတ်ထားသည်။

“ သင်တို့အားလုံးအတွက် ကျုပ် ဓားသွန်း ပေးချင်ပေမဲ့ ကျုပ်မှာလဲ ကိုယ်ပိုင်စည်းမျဉ်းလေးတွေတော့ရှိတယ်.. ”

ဤအချိန်တွင် ၀မ်ချောင် စကားစဖြတ်လိုက်သည်။ သူ၏ စကားလုံးက ယုံကြည်ချက်ပြည့်ဝနေကာ အခြားသူများမှ နားစိုက်ထောင်ချင်စဖွယ် ဖြစ်နေသည်။ တပ်မှူးများအားလုံးက သူ၏ စကားအား နားစွင့်နေကြသည်။

ပန်းပဲသခင်တိုင်း၌ ကိုယ်ပိုင် စည်းကမ်းနှင့် သတ်မှတ်ချက်များ ထားရှိကြသည်။ ထို့ကြောင့် ၀မ်ချောင်၏ ကိုယ်ပိုင်စည်းများရှိသည်ဟူသည့် စကားအပေါ် သူတို့ မထူးဆန်းတော့ပဲ ဂရုတစိုက် နားထောင်နေကြသည်။

“ ပထမဆုံးအနေနဲ့.. ကျုပ်က ဓားအမျိုးအစား တစ်ခုစီအတွက် တစ်လက်ပဲ သွန်းလုပ်မှာ ဖြစ်တယ်.. ဒါကြောင့် ဓားတစ်လက်စီတိုင်းဟာ သွင်ပြင်လက္ခဏာအရ ကွဲပြားနေလိမ့်မယ်.. ပုံတူဓား ရှိမှာ မဟုတ်ဘူး... ”

“ ဒါက ကိစ္စ မရှိပါဘူး.. ”

လူတိုင်းက လျင်မြန်စွာ ခေါင်းငြိမ့်၍ သဘောတူလိုက်ကြသည်။ သူတို့အနေဖြင့် ၀မ်ချောင်၏ ဓားအား ၀ယ်ချင်သည်ကလည်း သူ၏ ဓားများက ထူးခြားကာ အခြားဓားရှည်များထက် သာလွန်နေသည့်အတွက် ဖြစ်ပေသည်။

သို့မဟုတ်လျှင် မြို့တော်၌ ဓားအရောင်းဆိုင်များနှင့် အလုပ်ရုံးများစွာရှိပေရာ သူတို့အတွက် ဒုက္ခခံနေစရာ လိုလိမ့်မည် မဟုတ်ချေ။ ဆိုရလျှင် ၀မ်ချောင်မှ ဓားပေါ် စိတ်နှစ်ကိုယ်နှစ် သွန်းလုပ်ပေးမည်ကို ပို၍ လိုချင်ကြပေသည်။

၀မ်ချောင် ထိုအတွေးများအား ခေါင်းထဲ၌သာ အစီအစဉ်ချလိုက်ခြင်း ဖြစ်သည်။ အရာ၀တ္တုများက ရှားပါးမှသာ အဖိုးတန်သည်။ နန်းတွင်းစစ်တပ်မှာ ၀မ်ချောင်အတွက် စဦးခြေလှမ်းသာ ရှိသေးသည်။ အကယ်၍ ၀မ်ချောင် အနေဖြင့် သူ၏ ကမ္ဘာအဆင့်တစ်ပန်းပဲသခင်ဟူသည့် ဂုဏ်သိက္ခာအား ထိန်းသိမ်းလိုလျှင် ပုံစံတူ ဓားများအား ကြိမ်ဖန်များစွာ သွန်းလုပ်နေ၍ မဖြစ်ချေ။ ထိုအချက်က သူ၏ နာမည်ဂုဏ်သတင်းအား တည်ဆောက်ခြင်းဖြစ်သလို အမြတ်အစွန်းများစွာ ကျန်စေမည်ဖြစ်လေသည်။

တစ်လလျှင် ထိပ်တန်းဓားတစ်လက်၊ ဓားတစ်လက်စီမှာလည်း မတူညီသည့်သွင်ပြင်၊ ပုံပန်းသဏ္ဍန်နှင့် အမြင်.. ထိုအရာက ပန်းပဲသခင်တိုင်း လိုက်လုပ်နိုင်မည့်အရာ မဟုတ်ချေ။

မည်သို့ဆိုစေ ၀မ်ချောင်မှာတော့ မတူညီပေ။ သူ၏ခေါင်းထဲ၌ သိုမှီးထားသည့် ဗဟုသုတများစွာအား အခြေပြုလျှင် ထိုအရာက ပြဿနာ မဟုတ်တော့။

“ ဒုတိယအနေနဲ့ ကျုပ်သွန်းလုပ်ထားတဲ့ ဓားဟာ ထိပ်တန်းအရည်အသွေးရှိတယ်.. အချိန်နဲ့ လုပ်အား အများအပြား သုံးစွဲခဲ့ရင်တောင်မှ တစ်လကို ဓားတစ်ချောင်းပဲ ထုတ်နိုင်လိမ့်မယ်.. ”

၀မ်ချောင် လက်နှစ်ချောင်းထောင်ကာ ပြောလိုက်သည်။

“ ဘာလို့လဲ... ဘာလို့ တစ်လကို သုံးလေးငါးချောင်း မဟုတ်ရတာလဲ.. ”

ကြားကြားချင်း လူတိုင်းက သဘောတူဟန်ဖြင့် ခေါင်းငြိမ်လိုက်ကြသော်လည်း ၀မ်ချောင်၏ တစ်လလျှင် ဓားတစ်လက်သာ သွန်းလုပ်နိုင်မည်ကို ကြားရသည်၌ ရုတ်ချည်း ငြင်းဆန်လိုက်ကြကာ..

“ အခုဒီမှာ လူအများကြီးရှိနေတာ.. ကျုပ်တို့အတွက် ဘယ်လိုလုပ် အလုံအလောက်ရနိုင်မှာလဲ.. ”

ဤနေရာ၌ တပ်မှူး သုံးလေးဆယ်ခန့်ပင် ရှိနေချေသည်။ အကယ်၍ ၀မ်ချောင်အနေဖြင့် တစ်လလျှင် ဓားတစ်ချောင်းသာ သွန်းလုပ်နိုင်မည်ဆိုပါက ဤနေရာရှိလူများအားလုံးအတွက် မည်သို့ လုံလောက်နိုင်ပါမည်နည်း။

“ ပြီးတော့.. လတိုင်း ဘယ်သူက ဓားကို ပိုင်ဆိုင်သင့်လဲဆိုတာကိုရော ဘယ်လိုဆုံးဖြတ်မှာလဲ.. ”

“ ဒါက လွယ်ပါတယ်... ”

ထိုအချိန်မှ ၀မ်ချောင် ရယ်လိုက်ကာ....

“ လတိုင်း... ကျုပ်က လေလံပွဲလုပ်ပေးမယ်... ဓားတစ်လက်စီတိုင်းကလည်း အရင် ဓားတွေထက် ပိုကောင်းစေရမယ်.. တကယ်လို့ သင်တို့က စိတ်၀င်စားရင် စိတ်တိုင်းကျ လေလံ၀င်ဆွဲနိုင်ပါတယ်.. စျေးအများဆုံး ပေးနိုင်တဲ့သူက ဓားကို ပိုင်ဆိုင်ရမှာပဲလေ.. ပြီးတော့ လေလံပွဲအတွက် ၀င်ခွင့်က အကန့်အသတ်ရှိဦးမယ်.. လူတိုင်း ပါ၀င် လေလံဆွဲနိုင်မှာ မဟုတ်ဘူး.. ”

“ ဓားအတွက် စရံငွေ သွင်းထားတဲ့သူသာလျှင် လေလံဆွဲပိုင်ခွင့်ရမယ်.. ဒီနေ့ ဒီမှာ ရှိနေတဲ့သူတိုင်းကို လေလံဆွဲခွင့်အပြင် ဓားအတွက် ဆယ်ရာခိုင်နှုန်း လျော့ပေးမှာပါ.. အခု ဒီနေရာကို မလာတဲ့သူတွေ အတွက်တော့ ဘာအကျိုးခံစားခွင့်မှ ပေးမှာ မဟုတ်ဘူး.. ”

ဘုန်း......

အစ၌ ၀မ်ချောင်မှ ဓားအနည်းငယ်သာ သွန်းလုပ်ပေးမည်ကို စောဒက တက်ချင်ကြသော်လည်း လေလံပွဲအတွက် ကန့်သတ်ချက်များအား ကြားလိုက်ရသည်တွင် မည်ကဲ့သို့ ငြင်းပယ်နိုင်တော့မည်နည်း။ သူတို့အားလုံးက ၀မ်ချောင်အား ရုတ်ချည်း ၀န်းရံလိုက်ကြသည်။

“ ၀မ်သခင်လေး.. ပြဿနာမရှိပါဘူး.. ကျုပ် ကျသလောက် ပေးဖို့ ဆန္ဒရှိပါတယ်.. ”

“ ၀မ်သခင်လေး.. စရံငွေက ဘယ်လောက်လဲ.. အခု ကျုပ်မှာ အလုံအလောက်ပါလာတယ်.. ”

“ ၀မ်သခင်လေး.. ကျုပ်ကိုပဲ ရောင်းပေးပါ.. ကျုပ်က သခင်လေးရဲ့ သစ္စာရှိဖောက်သည် ဖြစ်လာမှာပါ.. ”

“ ၀မ်သခင်လေး.. ကျေးဇူးပြုပြီး ကျုပ်အတွက် တစ်နေရာ ချန်ထားပေးပါဦး.. ”

.....

တစ်ယောက်တစ်ပေါက် ပြောဆိုနေရင်း ၀မ်ချောင်အနား အတင်းတိုးနေကြသည်။

သူတို့က နန်းတွင်းစစ်တပ်မှ တပ်မှူးများသာမဟုတ် ဤနေရာသို့ ရောက်လာသည့် ပထမဆုံး အသုတ်ဟု သတ်မှတ်၍ ရနိုင်သည်။ အကယ်၍ သူတို့သာ လက်နှေးခဲ့ပါက ထိုလျော့စျေးနှင့် လေလံဆွဲခွင့်အား လက်လွှတ်လိုက်ရပေလိမ့်မည်။

အခြားသူများ ရောက်လာခဲ့ပါက လေလံပွဲအတွက် နေရာပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်လာပေလိမ့်မည်။

တစ်လလျှင် ဓားတစ်လက်သာ ထုတ်လုပ်မည်ဆိုခြင်းက..... ပြဿနာတစ်ရပ် မဟုတ်တော့ချေ။

မည်သည့် ကျော်ကြားသည့်ပန်းပဲသခင်က ဤသို့သော နည်းလမ်းအား အသုံးပြုလေသနည်း။ ထို့အပြင် ၀မ်ချောင်က သူ၏ ဓားတိုင်းမှာ ဆန်းကြယ်နေရမည်ဟု ဆိုထားပြန်သည်။ ပုံသဏ္ဍာန်ဖြစ်စေ အပြင်ပန်းသွင်ပြင်ဖြစ်စေ ဓားတစ်လက်နှင့်တစ်လက် တူညီမည် မဟုတ်ချေ။

ပြောနေစရာမလိုအောင်ပင် ၀မ်ချောင်၏ ကမ္ဘာ့အဆင့်တစ်ပန်းပဲသခင်ဟူသည့် ဂုဏ်ပုဒ်အောက်မှ ဓားအားလုံးက စုဆောင်းထားရန် ထိုက်တန်ပေသည်။ သူတို့ အသုံးမပြုဟု ဆိုလျှင်တောင်မှ အနာဂတ်၌ ပြန်လည်ရောင်းချပါက အမြတ်အစွန်း ကြီးပေလိမ့်မည်။

မှန်ပေသည်.. အကယ်၌ သင်သာ ဝုစ်သံမဏိဓား၏ စွမ်းရည်အား မျက်မြင်တွေ့ပြီးချိန်၌ ပြန်လည် ရောင်းချလိုဦးမည်လား။

ခြုံကြည့်သော် တစ်လလျှင် ဓားတစ်ချောင်းသာ ထုတ်လုပ်ခြင်း၏ ပြဿနာမှာ ငွေကြေးသာရှိသည်။ သူတို့အတွက် ငွေနှင့် ဖြေရှင်းရနိုင်သည်အရာများကလည်း ပြဿနာမဟုတ်ပြန်ချေ။

သူ့ထံသို့ တိုး၀င်လာသည့် လူအုပ်ကြီးအားကြည့်ရင်း ၀မ်ချောင် ပျော်ရွှင်နေသည်။ ဓားအတွက် စရံတင်ခိုင်းခြင်းက သူ၏ အခြားကမ္ဘာမှ လာသည့် အကြံဉာဏ်ဖြစ်ပေသည်။ မည်သည့်အရာမှ လုပ်စရာမလိုပဲ သူ့အတွက် ငွေများစွာ ရရှိနိုင်မည် ဖြစ်ပေသည်။

ယခုအချိန်၌ ၀မ်ချောင် အလိုအပ်ဆုံးအရာမှာ များစွာသော ငွေပမာဏဖြစ်ပြီး နန်းတွင်းစစ်တပ်မှ တပ်မှူးများ၏ စရံငွေက သူ့အတွက် လုံလောက်ပေလိမ့်မည်။

ခြံ၀င်းရှေ့မှ အကြွေးဆပ်ခြင်းက အချိန်သိပ်မယူလိုက်ရပေ။ ၀မ်ချောင်မှ ထိုသူများအား ရွှေတုံး အနည်းငယ်သာ ပေးရမည်ဖြစ်ရာ ထိုအရာက အလျင်အမြန်ပင်ပြီးပြတ်သွားခဲ့သည်။ ၀မ်ချောင် ရှန့်ဟိုင်နှင့်မုန့်လုံးအား ခေါ်လိုက်ပြီး ငွေလက်ခံဖြတ်ပိုင်း ရေးခိုင်းလိုက်သည်။

သလင်းပြာစံအိမ်မှ ဖြစ်ရပ်က ဝုစ်သံမဏိ၏စျေးနှုန်းအား ရွှေတုံး ၄၀၀၀၀ ခန့် ရောက်ရှိစေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လေလံ၀င်ဆွဲရန် အနိမ့်ဆုံး စရံသတ်မှတ်ချက်မှာ ရွှေတုံး ၂၀၀၀၀ ဖြစ်လေသည်။

ကုန်ကျစားရိတ်က မနိမ့်ပါးသလို အရမ်းလဲ မများပြားပေ။ တစ်ချိန်တည်း၌ ထိုအရာက လေလံ၌ ရင်းနှီးမြုပ်နှံခြင်းသာဖြစ်ပြီး စရံငွေနှင့်ပက်သက်၍ ၀မ်ချောင်မှ ရှင်းပြလိုက်သည်။

စရံငွေများက လေလံ၀င်ဆွဲရန်အတွက် ထောက်ခံချက်ဖြစ်ပြီး လေလံကျရှုံးခဲ့ပါက ထိုသူက စရံငွေအားလုံးကို ပြန်လည်ထုတ်ယူခွင့် ရရှိပေလိမ့်မည်။ ပြီးလျှင် လျော့စျေးနှင့် လေလံဆွဲခွင့်အား တစ်ပါးသူထံ လွဲပြောင်းပေးခွင့်ရှိပြီး ၀မ်ချောင်က အသိအမှတ်ပြုပေးမည်ဖြစ်သည်။ မည်သို့ဆိုစေ ပထမအသုတ်၀ယ်သူများဖြစ်သည့်အတွက် သူတို့၏ အပိုခံစားပိုင်ခွင့်က ဆယ်ရာခိုင်နှုန်း လျော့စျေး ဖြစ်ပေသည်။

------ ထို့ကြောင့် ထိုခံစားခွင့်က လူကြိုက်များသည့်အရာ ဖြစ်လာပေမည်။ မည်သူကမှ ပြန်အမ်းငွေအား ထုတ်ယူချင်မည် မဟုတ်ချေ။

သူ၏ ယခင်ဘ၀မှပိုင်ဆိုင်ထားခဲ့သည့် အသိဉာဏ်များအရ မည်သူကမှ စျေးကွက်စီးပွားရေးအရာ၌ သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။

ရှန့်ဟိုင်နှင့် မုန့်လုံ၏ အကူအညီဖြင့် အခန်းတွင်းမှ တပ်မှူးသုံးဆယ်ကျော်အား ဖြတ်ပိုင်းရေးပေးရသည်က အချိန် မယူလိုက်ရချေ။ အယောက်စီတိုင်းမှ ရွှေတုံး ၂၀၀၀၀ စီ ထုတ်ပေးခဲ့သည်ဖြစ်ရာ ပေါင်းလိုက်လျှင် ရွှေတုံး ၆၀၀၀၀၀ ကျော်သွားပြီဖြစ်သည်။

ထို ပမာဏက များပြားလွန်းလှသည်။

မုန့်လုံနှင့် ရှန့်ဟိုင်တို့မှာ ၀မ်ချောင်၏ ငွေရှာခြင်းနည်းလမ်းကြောင့် အံ့အားသင့်နေမိသည်။ ဆိုရလျှင် သူတို့သာမဟုတ် လာရောက် စပ်စုနေကြည်သည့် ၀မ်ကလန်မှ အစောင့်များ၊ အစေခံများ၊ အထိန်းတော်များနှင့် အိမ်စေများသည်လည်း အံ့သြမဆုံးနိုင် ဖြစ်နေကြသည်။

သူတို့၏ သခင်လေးမှာ အလွန်ထူးချွန်လှပေသည်။ စာရွက်အနည်းငယ်ဖြင့် ရွှေတုံး ၆၀၀၀၀၀ အား ပိုင်ဆိုင်လိုက်သည်။ မည်သည့်နေရာ၌ ဤသို့သော မြင်ကွင်းအား မြင်နိုင်မည်နည်း။

ဤသို့ဆိုလျှင် ၀မ်ချောင်အတွက် ကောင်းကင်ကို ဖောက်ထွက်ရန် အချိန်သာ လိုအပ်ပေမည်။

နှိုင်းယှဉ်ရလျှင် မြို့တော်မှ ကုန်သည်များသာ ၀မ်ချောင်၏ ၀င်ငွေအကြောင်း ကြားသိရပါက သွေးအန်ကြပေလိမ့်မည်။

“ ငါ အိပ်မက် မက်နေတာလား... ”

“ သခင်လေး.. ဒါ ငါတို့ သခင်လေးလားမှ ဟုတ်ရဲ့လား.. ”

“ ငါတို့၀မ်ကလန်ကလည်း နောက်တော့ ချမ်းသာတဲ့ကလန် ဖြစ်လာပြီပဲ.. ”

......

အထိန်းတော်အိုကြီးများ၊ အစေခံများ၊ အိမ်စေများနှင့် အစောင့်များကဲ့သို့ ၀မ်ကလန်၌ နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုခဲ့ကြသူများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။ အထိန်းတော်အိုကြီးတစ်ယောက်ဆိုလျှင် စိတ်မထိန်းနိုင်ပဲ သတိမေ့သွားခဲ့သည်။

ဤအခြင်းအရာက ဆန်းကြယ်လှပေသည်။

၀မ်ကလန်၌ တစ်သက်လုံး အလုပ်အကျွေးပြုခဲ့သည့်တိုင် ဤသို့သော ကံကောင်းမှုအား မကြုံခဲ့ဖူးကြချေ။

နှစ်ပေါင်းများစွာ ခြိုးခြိုးခြံခြံနေခဲ့ပြီးနောက် ၀မ်ကလန် ချမ်းသာ ကြွယ်၀ လာခဲ့ချေပြီ။

မျက်တောင်တစ်ခတ်အတွင်း အခြားအထိန်းတော်များမှာလည်း စိတ်မထိန်းနိုင်တော့ပဲ မေ့လဲသွားခဲ့ကြသည်။ မေ့လဲသွားသည်သာမက သူတို့၏ မျက်နှာ၌ မယုံကြည်နိုင်ခြင်း ပျော်ရွှင်နေခြင်းတို့ကြောင့် ပြုံးရွှင်နေကြသေးသည်။

တတိယခင်လေးက တကယ် ထူးချွန်လိုက်တာ.....

Sorry for late 😁😁

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 78.

ကျောက်ဖုန်းချန်၏သတင်း

နန်းတွင်းစစ်တပ်မှ တပ်မှူးများအားလုံး စိတ်လှုပ်ရှားသွားခဲ့သည်။

သူတို့က ဝုစ်သံမဏိဓားအား လက်မလွှတ်နိုင်သလို ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင်ထံမှလည်း လျော့စျေး ဆယ်ရာခိုင်နှုန်းရရှိဦးမည် ဖြစ်သည်။

နန်းတွင်းစစ်တပ်၌ အခြား တပ်မှူးများစွာရှိပြီး သူတို့ထက်လည်း ရာထူးမြင့်မားကြသည်။ သို့ဆိုစေ သူတို့လက်ထဲမှ ဤဖြတ်ပိုင်းငယ်အားဖြင့်ဆိုလျှင် အခြားသူများက နောက်ဆုတ်ရပေလိမ့်မည်။

စရံငွေ ရွှေတုံး ၂၀၀၀၀ က သူတို့အတွက် စာမဖွဲ့လောက်ပေ။

နန်းတွင်းစစ်တပ်၏ လက်ရွေးစင်များ၌ မည်သူက တောင့်တင်းသည့် နောက်ခံ မရှိသူ ရှိလေသနည်း။ ရွှေတုံး ၂၀၀၀၀ မှာ နည်းပါးသည့် ပမာဏမဟုတ်သော်လည်း သူတို့အတွက်တော့ မျက်စိထဲပင် မရှိချေ။

နန်းတွင်းစစ်တပ်မှ တပ်မှူးများအား တံခါး၀ထိ လိုက်လံပို့ဆောင်ပြီး အစေခံများအား အနည်းငယ် စီမံခန့်ခွဲပြီးနောက် ၀မ်ချောင် သူ့မိခင်၏ အခန်းထဲသို့ ၀င်လိုက်သည်။

ပုံမှန်အားဖြင့် အထိန်းတော်နှင့်အစေခံအချို့ ရှိနေတတ်သော်လည်း ဤတစ်ကြိမ်တွင်တော့ ၀မ်သခင်မကြီးမှလွဲ၍ အခန်းထဲ၌ မည်သူမှ ရှိမနေချေ။

တောင်ငယ်တစ်ခုကဲ့သို့ ဖြစ်နေသည့် ရွှေတုံး ၆၀၀၀၀၀(ခြောက်သိန်း) က ၀မ်သခင်မကြီးအား ဆွံအစေသည်။ ၀မ်ကလန်မှာ စစ်သူကြီးနှင့်၀န်ကြီးများ ကလန်ဖြစ်ပြီး ၀မ်ယန်နှင့် လက်ထပ်ပြီးနောက် ၀မ်သခင်မကြီး များပြားစွာသော အခြင်းအရာများအား မျက်မြင်ခဲ့ဖူးပြီး ဖြစ်သည်။ ၀မ်ချောင် လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရွှေတုံး ၆၀၀၀၀၀ ရရှိလိုက်သည်က ကျောက်ရှုဟွာနှင့် လာဘ်မစားသည့် ၀မ်ကလန်အား မှင်သက်စေသည်။

‘ လူတိုင်းက ငွေမက်သော်လည်း တရားသဖြင့်သာ ရှာဖွေသင့်သည် ’ အကယ်၍ ၀မ်ချောင်သာ မသမာသောနည်းဖြင့် ရရှိခဲ့ခြင်းဖြစ်ပါက ကျောက်ရှုဟွာကိုယ်တိုင် ၀မ်ချောင်အား တားဆီးပေလိမ့်မည်။

မည်သို့ဆိုစေ သူမကိုယ်တိုင် နန်းတွင်းစစ်တပ်မှ တပ်မှူးများက ရွှေတုံးများနှင့် ကျောက်မျက်ရတနာများအား လိုလိုချင်ချင် ပေးခဲ့သည်ကို မြင်ခဲ့ရပြီးဖြစ်လေသည်။ ဆိုရလျှင် ထိုသူများကပင် သူတို့ ပေးခဲ့သည်က နည်းသေးသည်ဟု ထင်မြင်နေသူများပင် ရှိနေသေးသည်။

၀မ်ချောင်၏ ကြွယ်၀မှုက သန့်ရှင်းကြောင်း ထင်ရှားသည်။

“ ချောင်အာ.. ဘာတွေဖြစ်သွားတာလဲ.. ”

အခန်းထဲ၌ တိတ်ဆိတ်နေ၏။ ခုံပေါ်ထိုင်နေရင်း ၀မ်သခင်မကြီးမှ ၀မ်ချောင်အား မျက်နှာချင်းဆိုင်ကာ သူမစိတ်ထဲ၌ တစ်နေ့ခင်းလုံး ရှုပ်ထွေးနေသည့် စကားလုံးအား မေးလိုက်သည်။ ယခုအချိန်ထိတိုင်အောင် သူမအနေဖြင့် ရွှေတုံး ၆၀၀၀၀၀ မှ ထိတ်လန့်နေမှု မပြီးဆုံးသေးချေ။

၀မ်ချောင် သူမအား ကိစ္စ အတော်များများ ဖုံးကွယ်ထားခဲ့ပေသည်။

“ သား အခု လာရှင်းပြတာပါ.. ”

သူ၏မိခင်ရှေ့၌ ရပ်နေရင်း ၀မ်ချောင် ခေါင်းငုံ့လိုက်သည်။ ဤအခြေအနေက ၀မ်ချောင်စိတ်ထဲမှ လိုချင်သည့်အချိန် မဟုတ်သည့်တိုင် ထိုကိစ္စအား ဆက်လက်၍ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။

ဤဖြစ်ရပ်က ၀မ်ချောင်အား အကြီးအကျယ် သင်ခန်းစာပေးခဲ့သည်။ တစ်ခါတစ်ရံ အခြားတစ်ယောက်အား စိတ်ပူပန်စေခြင်းမရှိစေရန် ဆုံးဖြတ်ချက်ချသည်က ထိုသူတို့အတွက် အကောင်းဆုံး မဟုတ်နိုင်ချေ။

ထိုအတွေးအား တွေးမိပြီးနောက် ၀မ်ချောင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိစ္စမှလွဲ၍ အရာအားလုံးအား မချွင်းမချန် ပြောပြလိုက်သည်။

“ သား ပြောတာအရဆိုရင် အဲ့ဒီ သခင်လေးတွေဆီက ငွေတိုးချေးယူခဲ့တာက ဓားသွန်းလုပ်ဖို့ အတွက်ပေါ့... ”

၀မ်သခင်မကြီး မေးလိုက်သည်။

“ ဟုတ်... ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။

၀မ်သခင်မကြီးမှ ၀မ်ချောင်အား ခြေဆုံးခေါင်းဆုံးကြည်ကာ ပြောမပြနိုင်သည့် ခံစားချက်က သူမ ရင်ဘတ်ထဲ၌ ပြည့်လျှံလာခဲ့သည်။ တစ်ချိန်တည်း၌ ၀မ်ချောင်မှာ သူမနှင့် ပိုမို ဝေးကွာသွားပြီဟုခံစားလိုက်ရသလို မိခင်တစ်ယောက်အနေဖြင့် စိတ်သက်သာရလိုက်သည်။

“ ချောင်အာ..... နောက်ဆုံးတော့ သားက ရင့်ကျက်ခဲ့ပြီ.... ”

၀မ်သခင်မကြီးမှ ၀မ်ချောင်အား ၀မ်းမြောက်၀မ်းသာ စိုက်ကြည့်နေသည်။

အဘယ်မိခင်ကများ မိမိ၏သား အောင်မြင်သည်ကို မလိုချင်ပါမည်နည်း။ လက်ရှိ၀မ်ချောင်မှာ သူမ ထားရှိခဲ့သည့် ရည်မှန်းချက်များထက်ပင် သာလွန်နေခဲ့ချေပြီ။

ကြွယ်ဝြခင်းမှာ ၀မ်ကလန်အတွက် အားနည်းချက်ကြီးတစ်ခု အစဉ်ဖြစ်နေခဲ့သည်။ ၀မ်ကလန်တစ်ခုလုံး၌ ဒေါ်ကြီး ၀မ်ယူရှန်း၊ ဦးငယ်နှင့် ၀မ်ချောင်၏ မိသားစုအပါအ၀င် မည်သူတစ်ဦးစီမှာမှ စီးပွားရေးနှင့် ပက်သက်၍ ပါရမီ မရှိကြချေ။

ဦးကြီး၀မ်ကျန်မှာ ထိုအချက်၌ အနည်းငယ် ထူးချွန်ခဲ့ပြီး သူ့လက်အောက်မှ စီးပွားရေးလုပ်ငန်း အနည်းငယ်ထားရှိကာ သူ၏ စီးပွားရေးအခြေအနေက ကလန်တစ်ခုလုံး၌ အတောင့်တင်းဆုံး ဖြစ်ပေသည်။ သို့တိုင် သူ၏ ကြွယ်၀မှုက ကိန်းဂဏန်တစ်ခုသာသာဖြစ်ပြီး မြို့တော်မှ ချမ်းသာသည့် ကလန်များနှင့် လုံး၀ မယှဉ်နိုင်ပေ။

တစ်နည်းအားဖြင့် ၀မ်ကလန်မှာ စီးပွားရေးလုပ်ငန်း၌ ထူးချွန်ခြင်းမရှိဟု ဆိုနိုင်သည်။ ၀မ်ချောင်၏ အစ်ကိုကြီးနှင့် အစ်ကိုနှစ် အပါအ၀င် ၀မ်မိသားစု၌လည်း မည်သူကမှ ထိုအချက်၌ မထူးချွန်ခဲ့ကြချေ။ မည်သို့ဆိုစေ လက်ရှိအချိန်၌ ကျောက်ရှုဟွာအနေဖြင့် သူမ၏ အငယ်ဆုံးသားထံမှ အခြားသူများထက် သာလွန်သည့် ပါရမီအား စီးပွားရေးလုပ်ငန်း၌ တွေ့မြင်နေရလေပြီ။

ထိုအခြင်းအရာက ရွှေတုံး ၆၀၀၀၀၀ ဖြစ်ပေသည်။

ထို အလှည့်အပြောင်းလေးတစ်ခုက ၀မ်ကလန်၀င်အားလုံးအား နှစ်ပေါင်းများစွာ ထောက်ပံ့ထားပေးနိုင်ရန် လုံလောက်ပေသည်။

“ အမေ.. သားတောင်းပန်ပါတယ်.. ဒီကိစ္စတွေကို အမေ့ဆီကနေ ဖုံးကွယ်မထားခဲ့သင့်ဘူး... ”

၀မ်ချောင် ခေါင်းငုံ့ထားကာ တောင်းပန်လိုက်သည်။

၀မ်သခင်မကြီး ခေါင်းခါလိုက်ကာ...

“ သားလေး... ဒီဖြစ်ရပ်က သားဟာ ရင့်ကျက်လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီလို့ ဆိုလိုတာပဲ.. နောက်ကျရင် ဒီလိုကိစ္စတွေကို အမေ့ဆီ တင်ပြနေဖို့ မလိုတော့ဘူး.. သား စိတ်ရှိတိုင်းသာ လုပ်ဆောင်ပါ.. အမေသားကို ယုံကြည်တယ်... ”

“ အမေ............. ”

၀မ်ချောင် ရင်ထဲ၌ လှုပ်ခတ်သွားခဲ့သည်။ အချိန်အတန်ကြာအောင် သူ၏မိခင်အား ကြည့်နေမိပြီး စကားတစ်လုံးမှ မဆိုနိုင်တော့ချေ။

၀မ်ချောင် သူ့မိခင်၏ အခန်းထဲမှ စိတ်နှလုံး ပေါ့ပါးစွာဖြင့် ထွက်ခွာလာခဲ့သည်။ စုပိုင် သူ့အား ထောင်ခြောက်ဆင်နိုင်လုလု အချိန်၌ သူက ကစားပွဲအား ပြောင်းပြန်လှန်နိုင်ခဲ့သည်။

ဤဖြစ်ရပ်နှင့် စပ်လျဉ်း၍ သူ၏မိခင်ထံမှ အကြွင်းမဲ့ ယုံကြည်ခြင်းအား ရရှိခဲ့ပြီး ‘ သား လုပ်ချင်တာလုပ်ပါ ’ဟူသည့် ခွင့်ပြုချက်ကိုလည်း ရရှိခဲ့လေသည်။

မကြာမှီ၌ အခန်းထဲတွင် ၀မ်ချောင် သူ၏ သိုင်းပညာအား ကျင့်ကြံနေစဉ် ၀မ်ချောင်၏ ဦးလေးလီလင်း တံခါးလာခေါက်ရာ ၀မ်ချောင် ဇဝေဇဝါဖြစ်သွားခဲ့သည်။

“ နန်းတွင်း စစ်တပ်က တပ်မှူးတွေ ဒီကို လာသွားသေးလား.. ”

“ ရောက်လာတယ်.. ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။

“ ဟမ့်.. ဒီကောင်တွေ အတော်မြန်တာပဲ.. ငါ တတ်နိုင်သမျှ အမြန်ဆုံး ပြေးလာခဲ့တာတောင် နောက်ကျနေသေးတယ်... ”

ပြုံးနေလျက် လီလင်း ခေါင်းခါလိုက်သည်။

‘ ပျော်ရွှင်ခြင်းက လူတစ်ယောက်ကို ပြန်လည်နုပျိုစေတယ်.. ’ လီလင်းမှာ မြောက်၀င်ပေါက်၏ ခေါင်းဆောင်ခွဲမှူးအဖြစ် နေရာချထားခြင်း ခံရပြီးနောက် သူ၏ မျက်နှာက ပိုမိုပြုံးရွှင်လာကာ စကားကြီး စကားပင် ပြောတတ်နေချေပြီ။

“ ဦးလေး.. တော်၀င်ရုံးတော်မှာ တစ်ခုခု ဖြစ်ခဲ့တယ်မဟုတ်လား.. ကျောက်ဖုန်းချန်မှ ဟုတ်ရဲ့လား.. ”

၀မ်ချောင် မေးလိုက်သည်။

၀မ်ချောင်မှ နန်းတွင်းတပ်မှူးများ၏ နှုတ်မှ စကားထွက်လာစေရန် ကြိုးစားခဲ့သော်လည်း ထိုသူတို့၏ နှုတ်က တင်းတင်းစေ့လျက်သာနေသည်။ မည်သို့ဆိုစေ ၀မ်ချောင်အပေါ် ထိုအခြင်းအရာအား ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

“ မှန်လိုက်လေ.. ကျောက်ဖုန်းချန်က ဟွမ်ရှောင်းတျန်ကို အနိုင်ယူပြီး သေနာပတိဖြစ်သွားခဲ့ပြီ... သူက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပထမဆုံး ရာထူးတိုးလာခဲ့တဲ့ တစ်ဦးတည်းသော သေနာပတိပဲ.. ”

လီလင်းသည် ၀မ်ချောင်အား မည်သည့်အရာမှ ဖုံးကွယ်မထားပဲ အမှန်တရားအား ဖွင့်ချလိုက်သည်။

“ သေနာပတိကျောက်နဲ့ ဟွမ်ရှောင်းတျန်က သိုင်းပညာအရ သိပ်မကွာဘူး.. ပြောရရင် ဟွမ်ရှောင်းတျန်က နည်းနည်းလေး သာသယောင်ရှိပေမဲ့ သေနာပတိကျောက်က လက်နက်ပိုင်းဆိုင်ရာ အားသာချက်ကို အသာစီးယူပြီး တစ်ချက်တည်းနဲ့ ဟွမ်ရှောင်းတျန်ရဲ့ ဆီးနှင်းဓားကို နှစ်ပိုင်းပိုင်လိုက်နိုင်တယ်.. သူ့ကိုယ်ပေါ်က ချပ်၀တ်တောင် နှစ်ခြမ်းဖြစ်သွားခဲ့သေးတယ်.. ဟွမ်ရှောင်းတျန်ရဲ့ ကိုယ် နှစ်ပိုင်းဖြစ်ဖို့တောင် ဆံပင်တစ်ထောက်စာလေးပဲ လိုတော့တာ.. ”

“ သူတို့ တိုက်ခိုက်တာကို စောင့်ကြည့်နေတဲ့သူတွေက အများသား.. နန်းတွင်းစစ်တပ်က တစ်ခြား သေနာပတိတွေတောင်မှ အဲ့ဒီမှာ ရှိနေခဲ့တာ.. လူတိုင်းက သေနာပတိကျောက်ရဲ့ ဓား စွမ်းအားကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ကြရတယ်.. အခုဒီကိုလာတဲ့လူတွေကလဲ အဲ့ဒီတိုက်ပွဲမှာ ရှိခဲ့တဲ့ သူတွေပဲ ဖြစ်ရမယ်.. သူတို့က ငါ့တူရဲ့ အခြေအနေကို လာအကဲခတ်ကြတာပဲ.. ”

ဟွမ်ရှောင်းတျန်နှင့် ကျောက်ဖုန်းချန်အကြား သေနာပတိလုတိုက်ပွဲက နန်းတွင်းစစ်တပ်အတွင်း ကိစ္စကြီးတစ်ခု ဖြစ်ပေသည်။ ထိုတိုက်ပွဲက သေနာပတိနေရာအား လုကြခြင်းမဟုတ်ပဲ အုပ်စုနှစ်ခုကြား မျက်နှာချင်းဆိုင် တိုက်ပွဲဟု ဆိုလျှင်လား မမှားချေ။

၀မ်ချောင် ထိုအချက်များမှလွဲ၍ အခြားအရာများအား များများစားစား မသိတော့ချေ။

ဦးလေးမှ ထိုအခြင်းအရာအား ဖော်ပြခြင်းမရှိသော်လည်း ၀မ်ချောင် ထိုတိုက်ပွဲနောက်မှ အဓိပ္ပာယ်အား ရိပ်မိလိုက်သည်။

“ အရှင်ကျောက် သေနာပတိဖြစ်သွားတာလဲ ကောင်းသားပဲ.. ”

၀မ်ချောင်ပြောလိုက်သည်။ ပြီးနောက် ရွှေတုံး ခြောက်သိန်းကိစ္စအား ဦးလေးလီလင်းအား ပြောပြလိုက်သည်။

ဤသို့အားဖြင့် ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်းတျန်၏ ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ချေပြီ။

အနာဂတ်၌ များလှစွာသည့် အကြောင်းအရာများလည်း ပြောင်းလဲသွားပေဦးမည်။

သေနာပတိဖြစ်ရာထူးတိုးသွားပြီးနောက် တော်၀င်ရုံးတော်မှ ကျောက်ဖုန်းချန်အား ရင်းမြစ်များစွာ ထောက်ပံ့ပေးမည်ကို ၀မ်ချောင် သိထားသည်။ ထို့ကြောင့် ကျောက်ဖုန်းချန်သည်လည်း အလျင်အမြန် တိုးတက်လာမည်ဖြစ်ကာ သူ၏ စစ်သေနာပတိချုပ်ရာထူးသည်လည်း အနှေးနှင့်အမြန် ဖြစ်လာတော့မည်။

၀မ်ချောင်၏ဦးလေးမှာလည်း ဝုစ်သံမဏိနှင့်စပ်လျဉ်း၍ ကူညီထားသည့်ဖြစ်ရာ ကျောက်ဖုန်းချန်နှင့်အတူ သူသည်လည်း နန်းတွင်းစစ်တပ်၌ ရာထူးမြင့်လာပေလိမ့်မည်။

ဤရင်းနှီးမှုဖြင့် နန်းတွင်းစစ်တပ်၌ ၀မ်ချောင် ဓားရောင်းမည့်ကိစ္စက ပိုမိုချောမွေ့လာပေတော့မည်။

ထို့အပြင် ဦးလေးလီလင်းမှာ ၀မ်ကလန်၌ အဆက်အသွယ် အားအနည်းဆုံး ဖြစ်ပေသည်။အကယ်၍ ဦးလေးလီလင်းမှာ နန်းတွင်းစစ်တပ်၌ ကျောက်ဖုန်းချန်နောက် လိုက်နိုင်ခဲ့မည်ဆိုပါက ၀မ်ကလန်တစ်ခုလုံး၏ ခွန်အားသည်လည်း မြင့်မားလာပေလိမ့်မည်။

“ ဒီလိုကိစ္စက တစ်ကြိမ်းတည်းမကလောက်ဘူး.. ဖြစ်နိင်တာက တစ်ခြားသူတွေလဲ တူလေးကို လာရှာလိမ့်မယ်.. ဒါကြောင့် ဒီကိစ္စကို ဦးလေးကိုပဲ လွဲထားပေးချင်တယ်..တော်၀င်ရုံးတော်မှာ အရှင်ကျောက်ရဲ့ ကာကွယ်မှုနဲ့အတူ ဒီကိစ္စကို ဦးလေး ကောင်းကောင်းကိုင်တွယ်နိုင်ပါလိမ့်မယ်.. ”

၀မ်ချောင် ပြောလိုက်သည်။

၀မ်ချောင်မှာ လေလံပွဲဆိုင်ရာအခွင့်အရေးနှင့် ဝုစ်သံမဏိဓား လေလံပွဲအား ဦးလေးလီလင်း လက်ထဲ အပ်နှံရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ထိုအရာက ၀မ်ချောင်၏ အတွေးသက်သက်သာ မဟုတ်ပဲ ဦးလေးလီလင်း၏ ရာထူးက ထိုအခြင်းအရာအား လုပ်ဆောင်ရန် ပိုမိုသင့်တော်၍လည်း ဖြစ်ပေသည်။

တပ်မှူးများ၊ စစ်သူကြီးများနှင့် သေနာပတိများ အများစုပင် ထိုကိစ္စနှင့် စပ်လျဉ်း၍ ဦးလေးလီလင်းအား တောင်းဆိုလာကြမည် ဖြစ်ရာ နန်းတွင်းစစ်တပ်အတွင်း ဦးလေးလီလင်း၏ နာမည်ဂုဏ်သတင်းကိုလည်း တည်ဆောက်ပြီး ဖြစ်ချေလိမ့်မည်။

ဦးလေးလီလင်း၏ ရာထူးတိုးခြင်းက သူထင်ထားသည့်ထက်ပင် ပိုမိုမြန်ဆန်နိုင်ပေသည်။ ထို့အပြင် ကျောက်ဖုန်းချန်နှင့်ကျောက်ကလန်သည်လည်း သူ့အား အကာအကွယ်ပေးမည်ဖြစ်ပြီး လူအနည်းငယ်သာ လီလင်းအား ပြဿနာရှာရဲသူ အနည်းငယ်သာ ရှိပေတော့မည်။

ပိုမိုကောင်းမွန်သည့်အချက်က မတူညီသည့် အုပ်စုများစွာမှ တပ်မှူးများက ဝုစ်သံမဏိဓားအား လိုချင်နေကြသည်ဖြစ်ရာ ထိုအရာက ကျောက်ဖုန်းချန်နှင့်ဦးလေးလီလင်း၏ နန်းတွင်းစစ်တပ်အတွင်း တည်ရှိမှုအား ပိုမိုမြင့်တင်ပေးလိမ့်မည်ဖြစ်ပေသည်။ တစ်ချိန်တည်း၌ သူတို့အတွက်လည်း အတိုက်အခံ လျော့နည်းသွားမည် ဖြစ်သည်။

--- အကယ်၍ ထိုသူများသာ အနာဂတ်၌ ဝုစ်သံမဏိဓားအား ပိုင်ဆိုင်လိုလျှင် ဖြစ်ရမည့် အရာများပင်ဖြစ်သည်။

အချုပ်ဆိုရသော် ဦးလေးလီလင်းထံသို့ ဤဖြစ်ရပ်မှ များပြားသည့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဖြစ်သည်။

“ စိတ်ချစမ်းပါ.. ငါ ဘာလုပ်ရမလဲသိပါတယ်.. ကောင်းပီလေ မင်းအားရင် လာလည်ပြီး မင်းရဲ့၀မ်းပွဲကို နည်းနည်းပါးပါး သင်ပြပေးပါဦးလို့ မင်းဒေါ်ကြီးက ပြောခိုင်းလိုက်တယ်.. ဒီကောင်က တော်တော် အထက်စီးဆန်တဲ့ကောင်.. ဒါပေမဲ့ သူရဲ့ခွန်အားက မသန်မာဘူး.. မင်းဒေါ်ကြီးက သူ့ကို နည်းနည်းပါးပါး ကူညီဆုံးမပေးဖို့ မျှော်လင့်နေတယ်... ”

၀မ်ချောင်ရယ်လိုက်သည်။ ဒေါ်ကြီးနှင့် ဦးလေးဖြစ်သူ၏ သားအမည်မှာ ၀မ်လျန့်ဖြစ်လေသည်။ ဦးလေး၏ မျိုးရိုးအမည်က လီဖြစ်သည့်တိုင် ဒေါ်ကြီး၏ မိသားစုနာမည်ကိုသာ ယူသုံးထားသည်။ ထိုအရာက အမျိုးသမီးဖက်မှ မိသားစုမှာ အမျိုးသား၏ မိသားစုထပ် စွမ်းအားကြီးသည့်အခါ၌ ဖြစ်နေကျ အရာ ဖြစ်ပေသည်။

ဒေါ်ကြီးနှင့်ဦးလေးမှာ ၀မ်းကွဲ၀မ်လျန့်အပေါ် အလွန်မျှော်မှန်းထားသော်လည်း သနားစရာကောင်းစွာ သူတို့၏ သွေးသားက သူတို့၏ မျှော်မှန်းချက်နှင့် ပို၍သာ ဝေးကွာသွားခဲ့သည်။

“ ကောင်းပါပြီ... အချိန်ရရင် သွားလည်လိုက်ပါ့မယ်.. ”

၀မ်ချောင်ပြောလိုက်သည်။ ဘိုးဘိုးကြီး၏မွေးနေ့မှာ မဝေးတော့သည်ဖြစ်ရာ သေချာသည်က ၀မ်လျန့်လည်း ထိုနေရာ၌ ရှိပေလိမ့်မည်။ ဒေါ်ကြီး၏အိမ်၌ သွားရောက်တွေ့ဆုံခြင်းနှင့် ဘိုးဘိုးကြီး၏မွေးနေ့၌ တွေ့ဆုံးခြင်းက ခြားနားမည် မဟုတ်ချေ။

ရွှေတုံး ၆၀၀၀၀၀အား ရရှိပြီးနောက် ၀မ်ချောင် ပြုလုပ်လိုသည့် အကြံအစည်များအတွက် အရာများစွာ လုပ်ဆောင်နိုင်ပေတော့မည်။ နောက်ဆုံးတော့ သူ၏ အကြံအစည်များ အစပြုလေပြီ။

သူ၏ဦးလေးအား လိုက်ပို့ပြီးနောက် ၀မ်ချောင် ရှန့်ဟိုင်နှင့်မုန့်လုံအား ချက်ချင်းခေါ်လိုက်ပြီး ရွှေသေတ္တာများနှင့်အတူ မဟူရာဖြူကျောက်မျက်ရတနာဆိုင်(Agate ကို သင်္ဘောနက်လို့ ဘာသာပြန်ခဲ့တာ ဒူးလောက်ရှိတဲ့ရေထဲ နှာခေါင်းမြုပ် သေလိုက်ချင်တယ် ဘာတဲ့ ဖြူနက်သင်္ဘောကျောက်မျက်ရတနာအရောင်းဆိုင်ဆိုပဲ.. ) မှ ဟိန္ဒူဘုန်းကြီး အဘလိုဒန်နှင့်အားလော်ဂျားထံသို့ သွားလိုက်သည်။

“ ကိုယ်တော်တို့.. ဟိုက်ဒရာဘတ်သတ္ထုရိုင်း ဂျန် ၃၀၀ အတွက် ကျသင့်ငွေကို လာပေးတာပါ.. ”

၀မ်ချောင် သေတ္တာများအား ညွှန်ပြလိုက်သည်။

ဘန်း....

ရှန့်ဟိုင်နှင့် မုန့်လုံမှ သေတ္တာများအား အဘလိုဒန်နှင့် အားလော်ဂျားရှေ့သို့ ချလိုက်သည်။

“ ဒီမှာ ရွှေတုံး ၈၀၀၀၀ ပါ.. ဒါတွေက သင့်တို့ငွေပါပဲ.. ”

၀မ်ချောင် ယုံကြည်ချက်မြင့်မားစွာဖြင့် ပြောလိုက်သည်။

သူတို့၏ ပုံမှန်ခန့်မှန်းချက်နှင့် လွန်စွာကွဲလွဲနေသည့် ၀မ်ချောင်၏ စကားများအား ကြားလိုက်ရပြီးနောက် ကိုယ်တော်နှစ်ပါး၏ စိတ်နှလုံး ပျော်ရွင်သွားခဲ့သည်။ သို့သော် များမကြာမှီ ပြန်လည်တွေဝေသွားခဲ့ပြီး...

“ သခင်လေး.. ကျုပ်တို့ကို ရွှေတုံး ၃၀၀၀၀ ပေးခဲ့ပြီးပြီ မဟုတ်လား.. ပြီးတော့ ရိက္ခာတွေလဲ ၀ယ်ခဲ့သေးတယ်လေ.. ဘာလို့ ကျုပ်တို့ကို ငွေထပ်ပေးနေရသေးတာတုန်း.. သခင်လေးပေးခဲ့တာအားလုံးဆိုရင် ရွှေတုံး ၉၀၀၀၀တောင် ကျော်နေပြီ.. ”

ရွှေတုံး ၈၀၀၀၀နှင့် ယခင်၀မ်ချောင် ပေးခဲ့သည့် ရွှေတုံး ၃၀၀၀၀ ပေါင်းလျှင်ပင် ရွှေတုံး ၁၁၀၀၀၀ ပင် ရှိနေချေပြီ။ ထိုအရာက သူတို့ သဘောတူထားသည်ထက်ပင် များပြားနေချေပြီ။

ကိုယ်တော်နှစ်ပါး တွေဝေသွားခဲ့သည်။

....

နန်းတွင်းစစ်တပ်ရဲ့ တပ်မှူးဆိုတာက စစ်သူကြီးရဲ့ရာထူးနဲ့ တူညီပါတယ်.. သူရာထူးတိုးသွားတာက သေနာပတိရာထူးပါ.. နန်းတွင်းစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးက စစ်သေနာပတိချုပ်ပဲ ဖြစ်ပါတယ်..

လူသားဧကရာဇ်

ဘာသာပြန်သူ -Ifrit

Chapter 79.

၀မ်ချောင်၏ ရည်မှန်းချက်

“ ဟားဟားဟား.. ကိုယ်တော်တို့ နှစ်ပါးကို ဖုံးကွယ်မထားတော့ပါဘူး.. သင်တို့ရဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေက ကျုပ်အတွက် အမြတ်အစွန်း အများကြီး ရစေခဲ့တယ်.. ကျေးဇူးတင်တဲ့အနေနဲ့ ဂျန် သုံးရာအတွက် တစ်ဂျန်ကို ရွှေတုံး ၄၀၀ စျေးနဲ့ ပေးတာပါ.. ”

၀မ်ချောင် ပျော်ရွှင်စွာ ရယ်မောလျက် ပြောလိုက်သည်။

“ အမ်... ”

ကိုယ်တော်နှစ်ပါး ဆွံအသွားခဲ့သည်။

“ အိန္ဒိယက ငွေ အလောသုံးဆယ်လိုအပ်နေတယ်ဆိုတာ ကျုပ်သိပါတယ်.. ဒါကြောင့် စိတ်ထဲမထားပဲ ယူလိုက်ပါ.. ပိုတာကိုတော့ နောက်အသုတ်အတွက် စရံငွေပေါ့.. ပြီးတော့ ဒီငွေက ပထမအသုတ်အတွက်ပဲ ရှိသေးတာနော်.. ကျုပ်တို့ ပူးပေါင်းနေသရွေ့ အနာဂတ်မှာ စျေးနှုန်းက ပိုမြင့်လာလိမ့်ဦးမယ်.. ”

၀မ်ချောင် ပြောလိုက်သည်။

“ သခင်လေး...... ”

ကိုယ်တော်နှစ်ပါးလုံး စိတ်လှုပ်ရှားနေကာ တုန်လှုပ်နေကြသည်။ များသောအားဖြင့် စီးပွားရေးစပ်တူလုပ်ငန်းရှင် အများစုမှာ စီးပွားရေးနှင့်ပက်သက်၍ အလွန်တင်းကျပ်ပြီး မည်သည့် ကိုယ်ရေးကိုယ်တာမှ မပါရှိစေပေ။ ထို့ကြောင့် နှစ်ဖက်ဆက်ဆံရေးက မလေးနက်ပဲ အကျိုးအမြတ်ပေါ်သာ အမှီပြုသည်။

အိန္ဒိယရှိ အခြေအနေမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ငွေပမာဏမည်မျှ များစေကာမူ လုံလောက်မှုမရှိနိင်ချေ။ ဖြစ်နိုင်လျှင် ဒူးထောက်တောင်းပန်သင့်ပါက တောင်းပန်ကြမည်ဖြစ်သည်။ မည်သို့ဆိုစေ အဘယ်သူကများ သူတို့ကို ထိုမျှလောက် ငွေပမာဏအား ချေးပေးလိမ့်မည်နည်း။

၀မ်ချောင်အတွက် ကံအကြောင်းထောက်မ၍ ရလာသည့် ဤငွေများကို သူတို့အား ပေးရန် မလိုအပ်ချေ။ ဤအရာက စီးပွားရေးသာ မကတော့။

“ သခင်လေး.. ဒီကျေးဇူးကို ကျုပ်တို့ အမြဲ မှတ်ထားပါ့မယ်.. အိန္ဒိယ တစ်ခုလုံးကိုယ်စား ကျုပ်တို့က ကျေးဇူးတင်ပါတယ်.. စိတ်ချပါ.. အနာဂတ်မှာ ကျုပ်တို့ ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်.. ”

အဘလိုဒန်နှင့် အားလော်ဂျား ခေါင်းငုံ့ကာ ရိုသေလေးစားစွာ ပြောလိုက်သည်။

၀မ်ချောင် ရယ်၍သာနေသည်။

ဟိန္ဒူဘုန်းကြီးနှစ်ပါးမှ တစ်ခွန်းမှ ပြောစရာမလိုပဲ ၀မ်ချောင်က ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ စျေးနှုန်းအား တစ်ဂျန်လျှင် ရွှေတုံး ၃၀၀ မှ ရွှေတုံး ၄၀၀ အထိ တိုးပေခဲ့သည်။

ရွှေတုံး ၆၀၀၀၀၀အား နန်းတွင်းစစ်တပ် တပ်မှူးများထံမှ ရရှိပြီးနောက် ၀မ်ချောင် ဦးဆုံး တွေးမိသည့်အရာမှာ ဟိုက်ဒရာဘတ်သတ္ထုရိုင်း အထောက်အပံ့ ပိုမိုရရှိရန်ဖြစ်ပေသည်။

၀ုစ်သံမဏိဓားတစ်လက်က စစ်ပွဲအတွက်မလုံလောက်ပေ။ ဝုစ်သံမဏိဓား အလက်သုံးရာဆိုလျှင်ပင် တိုက်ပွဲငယ်တစ်ပွဲအတွက်သာ အသုံး၀င်ပေဦးမည်။ လုံလောက်ခြင်းမရှိပါက ဝုစ်သံမဏိဓားအား သူ၏ အကြံအစည်၌ အသုံးပြုရန် မဖြစ်နိုင်တော့ချေ။

အကယ်၍ ၀မ်ချောင်မှာ ကြောက်မက်ဖွယ်ကောင်းသည့် ဝုစ်သံမဏိဓားအားဖြင့် စစ်ပွဲရေစီးကြောင်း ထိန်းချုပ်ချင်ပါက သူ၏ ယခင်ဘ၀မှ မျက်မြင်တွေ့ခဲ့ရသကဲသို့ စစ်တပ်တစ်ခုလုံးအား တပ်ဆင်ပေးရပေလိမ့်မည်။ ဆိုလိုသည်က စစ်သည်တစ်သောင်းခန့်အား လက်နက် ပေးနိုင်မှသာ ဝုစ်သံမဏိလက်နက်၏ စွမ်းအားကို ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

ထိုအခါမှသာ ၀မ်ချောင်၏ စိတ်ကူးနှင့်အိပ်မက်အတွက် ဝုစ်သံမဏိက အသုံး၀င်ပေလိမ့်မည်။

ထို့ကြောင့် အစမှပင် ၀မ်ချောင်က ဟိုက်ဒရာဘတ်သတ္ထုရိုင်း ၃၀၀ဂျန်နှင့်သာ စတင်ခဲ့ခြင်း မဟုတ်ပေ။ ဖြစ်နိုင်လျှင် ၀မ်ချောင်က ဟိုက်ဒရာဘတ်သတ္ထုတွင်း တစ်ခုလုံးကိုပင် ၀ယ်ယူချင်သေးသည်။

ဤရွှေတုံး ၆၀၀၀၀၀မှာ သူ၏ ရည်မှန်းချက်အား ပြီးမြောက်စေလိမ့်မည် ဖြစ်သည်။

အိန္ဒိယမှာ အလယ်ပိုင်းလွင်ပြင်နှင့် အလွန် ဝေးလံလှသည်။ ယှဉ်ကြည့်လျှင် အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူနှင့် ပိုမို နီးကပ်ပေသည်။ ထိုအချက်ကပင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းရောင်း၀ယ်ခွင့်နှင့် ပက်သက်၍ ယှဉ်ပြိုင်ရာ၌ ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်နေသည်။

‘ ကန်စပ်နဲ့နီးလေ လရောင်ကို ပိုမြင်ရလေ ’ အကွာအဝေးကွာခြားနေခြင်းကြောင့် အိန္ဒိယအနေဖြင့် အိမ်နီးချင်းဖြစ်သည့် အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူအား ဝေးကွာလှသည့် အလယ်ပိုင်း အလယ်ပိုင်းလွင်ပြင်ကြောင့် ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ၀မ်ချောင်အနေဖြင့် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်း၀ယ်ခွင့်နှင့် စပ်လျဉ်း၍ အာဘတ်စစ်နှင့်ခဲရပ်စပါစီနူအား အောင်နိုင်ချင်သည်ဆိုပါက သူတတ်နိုင်သည့်အရာမှာ စျေးနှုန်း စစ်ပွဲသာ ရှိပေသည်။

အားလော်ဂျားနှင့် အဘလိုဒန် ပြောပြခဲ့ခြင်းမရှိသော်လည်း တစ်ဂျန်လျှင် ရွှေတုံး ၃၀၀ မှာ အိန္ဒိယ၏ အနိမ့်ဆုံး စျေးနှုန်းသာ ဖြစ်ပေသည်။ ထို့ကြောင့် အာဘတ်စစ်နှင့် ခဲရပ်စပါစီနူသည်လည်း တူညီသည့် ပမာဏအား ကမ်းလှမ်းထားပေလိမ့်မည်။

‘ စောစောထတဲ့ငှက် အစာ၀တယ် ’ အကယ်၍ အိန္ဒိယသာ အလယ်ပိုင်းလွင်ပြင်မှ ပိုမို အမြတ်ရသည်ဟု ခံစားမိလျှင် ခဲရပ်စပါစီနူနှင့် အာဘတ်စစ်အစား အဝေးမှ အလယ်ပိုင်းလွင်ပြင်အား အသားပေးပေလိမ့်မည်ဖြစ်သည်။

တစ်ချိန်တည်း၌ အိန္ဒိယမှ ထိုနှစ်နိုင်ငံကိုလည်း စျေးနှုန်းတင်လိမ့်မည်ဖြစ်ပေသည်။ မည်သို့ဆိုစေ စျေးနှုန်းရုတ်တရက် တက်သွားခြင်းအား နှစ်နိုင်ငံလုံးမှ ရုတ်ချည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။

၀မ်ချောင်အနေဖြင့် အခြေအနေပိုဆိုးလာမည့်ကြားက အကျိုးအမြတ်ရရှိပေမည်။

ထိုအရာသည်သာ ၀မ်ချောင် လိုချင်သည့်အရာ ဖြစ်ပေသည်။

ရွှေတုံး တစ်သိန်းမှာ သူ့အတွက် စာမဖွဲ့တော့ပေ။ သူ၏ အဓိကရည်ရွယ်ချက်မှာ အလယ်ပိုင်းလွင်ပြင်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများစွာ ရရှိနိုင်ရန်သာ ဖြစ်ပေသည်။

မဟူရာဖြူကျောက်မျက်ရတနာဆိုင်မှ ထွက်လာပြီးနောက် ၀မ်ချောင် ကူကယ်ရာမဲ့စွာ ရယ်လိုက်မိသည်။ ထို့နောက် မြင်းလှည်းပေါ်တက်ကာ ဝိဉာဏ်သစ်ပင်စီရင်စုသို့ သွားလိုက်တော့သည်။

.....

တရားရေးရာရုံးတော်မှ စုပိုင်အား ဖမ်းခေါ်ကာ ထောင်ချလိုက်ပြီးနောက် ၀မ်ကလန်မှ အဖြစ်အပျက်မှာ မြို့တော်ရှိ လူကုံထံများအကြား ပျံ့နှံ့သွားခဲ့သည်။

“ ဘာ... စုပိုင် ထောင်ကျသွားတယ်ဟုတ်လား... သလင်းပြာစံအိမ်မှာ ဓားရောင်းခဲ့တဲ့လူက ၀မ်ချောင် ဖြစ်နေတယ် ဟုတ်လား.. ”

ထိုသတင်း ယောင်ကလန်သို့ ရောက်ရှိသွားချိန်၌ ယောင်ဖုန်း စားပွဲခုံအား ရိုက်ခွဲလိုက်သည်။ သူ၏မျက်လုံးထဲ၌ အလွန် အံ့အားသင့်နေလေသည်။ စုပိုင်၏ အောင်မြင်မှု သတင်းအား စောင့်ဆိုင်းနေစဉ်၌ မျှော်လင့်မထားသည့် သတင်းကသာ သူ့အား ပြန်လည် စောင့်ကြိုနေခဲ့သည်။

“ ဟုတ်ပါတယ်.. သခင်လေး.. ဒီသတင်းကြားကြားပြီးချင်း အမတ်မင်းစုက တော်၀င်ရုံးတော်ကနေ ချက်ချင်းထွက်ခွာခဲ့ပြီး စုပိုင်ကို သွားကယ်ဆယ်တယ်လို့ သိရပါတယ်.. ၀မ်ချောင်ကတော့ ... နန်းတွင်းစစ်တပ်က တပ်မှူးတွေက မြင်းလှည်းအပြည့် ရွှေတုံးနဲ့ ကျောက်မျက်ရတနာတွေ ခြံ၀င်းထဲ သယ်ဆောင်သွားတာကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး အယောက်စီတိုင်းကလည်း ၀မ်ချောင်ကို ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင်လို့ ခေါ်ဆိုတာကို ကြားခဲ့ရပါတယ်.. ”

ကြမ်းပြင်၌ ဒူးထောင်နေရင်း ကောင်းဖေး အစီရင်ခံလိုက်သည်။ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ချိန်၌ ကောင်းဖေးသည်လည်း လူအုပ်ကြီးထဲ၌ ရှိနေခဲ့လေသည်။ ၀မ်ချောင်မှာ သူ့အကြောင်း သိထားပြီးဖြစ်၍ လူအုပ်ထဲမှ လွတ်မြောက်ရန် သူအလွန် ဂရုစိုက်ခဲ့ရသည်။

စုပိုင် ထောင်ကျသွားခြင်းအား လက်ခံရန် ယောင်ဖုန်းအတွက် ခဲယဉ်လွန်းလှပြီး ၀မ်ချောင်မှလည်း သလင်းပြာစံအိမ်၌ ထွက်ပေါ်လာသည့် အဆင့်တစ်ပန်းပဲသခင် ဖြစ်သည်ဟူသည့် သတင်းလည်း အပါအ၀င်ဖြစ်သည်။ ထိုအဖြစ်အပျက်များက သူ့အား အလွန် အံ့အားသင့်စေသည်။

“ ဘယ်လို ဓားမျိုးကများ ရွှေတုံး ၄၀၀၀၀ တန်ရတာလဲကွာ.. သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းရည်မျိုး ရှိနေရတာလဲ.... ”

ယောင်ဖုန်း အံကြိတ်ကာ ခြေဆောင့်လိုက်သည်။ မကြာသေးမှီကပင် ၀မ်ချောင်မှာ မြို့တော်မှ အမှိုက်တစ်သာ ဖြစ်ခဲ့ပြီး ၀မ်ကလန်အား လက်စားချေရန် သူ၏ ပစ်မှတ်ဖြစ်ခဲ့သည်။ ဆိုရလျှင် မာကျောက်ကဲ့သို့သောသူပင် ၀မ်ချောင်အား မှောက်ချည်သွန်ချည် လုပ်နိုင်သည်။

သို့သော် ရုတ်တရက် ၀မ်ချောင်က ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင် ဖြစ်သွားခဲ့သည်။

ရုတ်ချည်း ပြောင်းလဲသွားသည်များက ယောင်ဖုန်း အဖို့ ပြောနေစရာမလိုအောင်ပင် လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။

“ ကျုပ်တို့လဲ ဘာလုပ်ရမှန်း မသိတော့ဘူး... ဒါပေမဲ့ နန်းတွင်းစစ်တပ်ကတော့ အမှတ်မှားမှာ မဟုတ်လောက်ဘူး.. စုသခင်လေးက သူတို့ လူမှားနေလားလို့ မေးခဲ့ပေမဲ့ သူတို့က ပြန်တောင် လှောင်ရယ်လိုက်သေးတယ်.. ”

ကောင်းဖေး ပြောပြလိုက်သည်။

၀မ်ကလန်မှလူများသာ ၀မ်ချောင်၏ ဖုံးကွယ်ထားသည့် သရုပ်မှန်ကြောင့် အံ့အားသင့်နေကြသည်မဟုတ်ပဲ ထိုနေရာရှိ သခင်လေးများအားလုံးလဲ ပါ၀င်သည်။

ကောင်းဖေး ယောင်ကလန်သို့ အပြေးလာနေစဉ် နတ်ဘုရားရှစ်ပါးစံအိမ်၌ သခင်လေးများအားလုံး စုဝေးကာ ထိုအကြောင်းအရာအား ဆွေးနွေးနေကြသည့် ဖြစ်သည်။ ဤဖြစ်ရပ်နှင့် စပ်လျဉ်း၍ လူငယ်သခင်လေးများအကြား ၀မ်ချောင်၏ ဖြစ်တည်မှုက မှန်းဆမရနိုင်လောက်အောင် ဖြစ်သွားခဲ့ချေပြီ။

၀မ်ကလန်မှာ စစ်သူကြီးနှင့် ၀န်ကြီးများ မိသားစုဖြစ်သည်။ ယောင်ကလန်နှင့် မတိမ်းမယိမ်းသာဖြစ်လေသည်။ ယောင်လူအိုကြီးမှာ အင်ပါယာတစ်ခွင် အဆက်အသွယ်ရှိပြီး ကျိုးအမတ်ကြီးသည်လည်း အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး၌ တပည့်များနှင့် နောက်လိုက်များ ဖြန့်ကျက်ထားသည်။

ယောင်ကလန်အား ချီဘုရင်မှ ထောက်ခံထားပြီး ၀မ်ကလန်သည်လည်း စုန့်ဘုရင်၏ နောက်ခံ ရရှိထားသည်။

မည်သို့ဆိုစေ ၀မ်ကလန်မှာတော့ စီးပွားရေး၌ အင်အားနည်းလေသည်။ မည်သို့ဆိုစေ ဤအချက်မရှိလျှင်တောင် ယောင်ကလန်ထက် သာလွန်မည် မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းက တိတ်တဆိတ်ပင် ၀မ်ချောင်အကြောင်းဆွေးနွေးနေကြပြီး ၀မ်ချောင်မှာ မြို့တော်၏ ထင်ရှားသည့်ပုံရိပ်တစ်ခုဖြစ်လာကာ ယောင်ဖုန်းပင် နှိုင်းယှဉ်မရတော့ကြောင်း ပြောဆိုနေကြသည်။ ထိုစကားလုံးများကြားမှ ကြောက်ရွံမှုများအား မြင်နေရသည်။

သို့ဆိုစေ ကောင်းဖေးမှ ထိုစကားလုံးများအား ယောင်ဖုန်းထံ ပြောပြဝံ့မည်မဟုတ်ချေ။

အခန်းတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။

ယောင်ဖုန်း ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ကာ သူ၏ မျက်နှာမှာတော့ ခန့်မှန်းမရချေ။

“ စုပိုင်အပေါ် အချိန်တွေအများကြီး အလဟဿ ဖြစ်စေခဲ့တာပဲ.. ကြည့်ရတာ ငါကိုယ်တိုင်ပဲ အကွက်ချမှ ရတော့မယ်.. ”

ယောင်ဖုန်း တွေးလိုက်သည်။

“ မင်းသွားလို့ရပြီ..... စုပိုင်ကို ကယ်ဖို့ ကျုပ်အဖေကို အကူအညီတောင်းပေးမယ်လို့ အမတ်မင်းစုကို ပြောလိုက်ပါ.. ”

ယောင်ဖုန်းပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ်..သခင်လေး.. ”

၀မ်းမြောက်လျက် ကောင်းဖေး ထွက်ခွာသွားသည်။

ကောင်းဖေး၏ နောက်ကျောအား ကြည့်ရင်း ယောင်ဖုန်း သက်ပြင်းချလိုက်သည်။ ကောင်းဖေးမှ ထုတ်ဖော်မပြောသည့်တိုင် ကောင်းဖေးအား ချက်ချင်း ပို့ဆောင်လိုက်သည့် အမတ်မင်းစု၏ ရည်ရွယ်ချက်အား ယောင်ဖုန်း ပြောနိုင်သည်။

“ တော်၀င်ရုံးတော်ရဲ့ အရေးကြီးအရာရှိကို မှားယွင်းစွပ်စွဲတယ်.... ၀မ်ချောင် မင်းက တကယ် အံ့သြစရာပဲ.. ”

ယောင်ဖုန်း လှောင်ပြောင်လိုက်သည်။

၀မ်ချောင်နှင့် စုပိုင်မှာ ဆယ့်ငါးနှစ်နှင့် ဆယ့်ခုနစ်နှစ် လူငယ်များဖြစ်ကြပြီး ပုံမှန်အားဖြင့် တရားရေးရာရုံးတော်မှ ထိုကိစ္စအား ၀င်ပမည် မဟုတ်ပေ။

မည်သို့ဆိုစေ စုပိုင်၏ အသုံးမကျခြင်းကြောင့် ၀မ်ချောင်လက်တွင်း ကျရောက်ခဲ့ရသည်။ ရုံးတော်မှ အရာရှိအား စွပ်စွဲခြင်းက သူ့အား အပြစ်ပေးရန် မလုံလောက်သည့်တိုင် အကျဉ်းထောင်အတွင်း၌ အတော်ခံစားရပေမည်က သေချာလှသည်။

အမတ်မင်းစု၌ အခွင့်အာဏာများစွာ ကိုင်ဆောင်ထားသော်လည်း တရားစီရင်ရေးရာဌာနနှင့် အဆက်အသွယ်မရှိသောကြောင့် ယောင်ကလန်အား အကူအညီတောင်းရခြင်းသာ ဖြစ်တော့သည်။

အခန်းထဲမှထွက်လိုက်ပြီး ခြံ၀င်း၏ အတွင်းဘက်သို့ ယောင်ဖုန်း သွားလိုက်သည်။

တစ်ချိန်တည်း၌ စာပို့ခိုတစ်ကောင်မှာ ယောင်ကလန်မှ ကောင်းကင်ပြာထဲ ပျံသန်းသွားခဲ့ပြီး မြို့အရှေ့ဘက်သို့ ဦးတည်သွားခဲ့သည်။

ဟူး........

အတော်ဝေးဝေးရှိအိမ်တစ်ခု၏ ပြတင်းပေါက်သို့ စာပို့ခို ဆင်းသက်လိုက်ပြီးမကြာမှီ အထဲမှ အရိပ်မဲတစ်ခု ထွက်လာကာ စာပို့ခိုအား ဖမ်းယူပြီး အထဲသို့ ၀င်သွားခဲ့သည်။

“ ဟမ့်... နောက်ဆုံးတော့ စရတော့မယ်.. ”

အခန်းထဲမှ အေးစက်နေသည့်အသံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အရာအားလုံးတိတ်ဆိတ်သွားခဲ့ပြီး စာပို့ခိုလည်း ပြန်ထွက်မလာတော့ချေ။

...........

လရောင်က မြေပြင်ပေါ်သို့ ရေလွှာပါးလေးသဖွယ် ဖြန်းပက်ထားခဲ့ပြီး နံရံများနှင့် ခေါင်မိုးများအား ငွေရောင် ဆေးခြယ်နေခဲ့သည်။

လရောင် ဖြူလွှလွှအောက်၌ အနက်ရောင်၀တ်စုံနှင့် လူများစွာက ခေါင်မိုးပေါ်မှနေ၍ ၀မ်မိသားစုခြံ၀င်းရှိရာသို့ သွားနေကြသည်။ ထိုသူများက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး သူတို့လက်ထဲ၌ ဓားမကြီးများအား ကိုင်ဆောင်ထားကြသည်။ သူတို့၏ မျက်လုံးများက ၀မ်မိသားစုခြံ၀င်းကိုသာ စိုက်ကြည့်နေကြလေသည်။

“ မင်းတို့အားလုံး ဒီတာ၀န်ရဲ့ ရည်ရွယ်ချက်ကို သိတယ်မဟုတ်လား.. ဘယ်လိုပဲဖြစ်ဖြစ် အလယ်ပိုင်းလွင်ပြင်ရဲ့ ထိပ်တန်းဓားကို ငါတို့ ပိုင်ဆိုင်နိုင်ရမယ်.. ပြီးတော့.. လူသတ်တာကိုလဲ ရှောင်ကျဉ်ရမယ်.. ၀မ်ကလန်ဟာ အလယ်ပိုင်းလွင်ပြင်မှာ ထင်ရှားတဲ့ စစ်သူကြီးနဲ့၀န်ကြီးများကလန်ပဲ.. ဒါကြောင့် ငါတို့သာ လွန်လွန်ကျူးကျူး ပြုမူမိရင် တော်၀င်ရုံးတော်က အလေးထားပြီး သေချာစုံစမ်းလိမ့်မယ်.. ဒါက ငါတို့ အနောက်တိုင်း ကုန်သည်တွေအကွက် ကောင်းကျိုးမရှိဘူး... ”

ရှေ့ဆုံးမှ ရှိနေသည့် မျက်နှာဖုံးနှင့်လူမှ ပြောဆိုလိုက်သည်။ မည်သူမှ စကားဆိုခြင်းမရှိသော်လည်း သူ၏ နောက်ခံအား စကားထဲမှ တွေ့နိုင်သည်။ ဆိုရလျှင် သူတို့၏ ပုံပန်းသဏ္ဍန်က အလယ်ပိုင်းလွင်ပြင်နှင့် ကွာခြားလှပြီး ၎င်းတို့ ၀တ်ဆင်ထားသည့် အနက်ရောင်၀တ်စုံက သူတို့၏ နောက်ခံအား ဖုံးကွယ်ပေးရန် မစွမ်းသာချေ။

“ ဟုတ်ကဲ့ပါ ခေါင်းဆောင်..”

တစ်အုပ်စုလုံး ခေါင်းငြိမ့်လိုက်ကြကာ မည်သည့်အပိုစကားမှ မဆိုကြချေ။ ကြည့်လိုက်သည်နှင့် တင်းကျပ်သည့်လေ့ကျင့်ရေးနှင့် ကျင့်သားဝနေသည့် အလွန်နာခံတတ်သည်အား တွေ့နိုင်သည်။

“ ကောင်းတယ်... ဒါက အိပ်ဆေးငွေ့ဆေးလုံးတွေပဲ.. လူတိုင်း ငါးလုံးစီယူထားလိုက်.. တကယ်လို့ ၀မ်ကလန်သားတွေကို တွေ့ခဲ့ရင် ဒါတွေကို ကြမ်းပြင်ပေါ် ပေါက်ချလိုက် မကြာခင် သူတို့ အိပ်ပျော်သွားလိမ့်မယ်.. မှတ်ထားပါ.. ၀မ်ကလန်မှာ အစောင့်အကြပ်များတယ်.. စစ်သူကြီးနဲ့၀န်ကြီးများကလန် ဖြစ်တဲ့အလျောက် နန်းတွင်းစစ်တပ်ကလည်း ဒီ၀န်းကျန်ကို ကင်းစောင့်ပေးနေတယ်.. ငါတို့ရဲ့ ရည်ရွယ်ချက်က ၀မ်ကလန်ကို တိုက်ခိုက်သတ်ဖြတ်ဖို့မဟုတ်ပဲ အရှင့်ဆီကို ဓားယူသွားပေးနိုင်ဖို့ပဲဖြစ်တယ်... ဒါကမှ ငါတို့ရဲ့ အဓိက ပန်းတိုင်ပဲ ဒါကြောင့် ဘယ်သူမှ အဖမ်းမခံရစေနဲ့... နားလည်ကြလား... ”

အနက်ရောင်၀တ်ခေါင်းဆောင်ဖြစ်သူမှ ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ .. ခေါင်းဆောင်.. ”

ကျန်အဖွဲ့သားများက ဖြေကြားလိုက်သည်။

“ ကောင်းပြီ.. သွားကြတော့... ”

သို့နှင့် အနက်ရောင်၀တ် လူများက ပြိုင်တူ ပြေးထွက်သွားကြသည်။ ခေါင်မိုးပေါ်မှတစ်ဆင့် နံရံများအကြား ဖြတ်သန်းသွားကြပြီး ၀မ်မိသားစုခြံ၀င်းသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြလေတော့သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 80.

ခဲရပ်စပါစီနူမှ လုပ်ကြံသတ်ဖြတ်ရေးသမားများ

ရွှမ်း...

အခန်းထဲ၌ ၀မ်ချောင်မှနေ၍ သုံးပေရှည်သည့် ရွှမ်စက္ကူအား အလိပ်ဖြေချလိုက်သည်။ စုတ်တံအား မှင်နှစ်လိုက်ပြီး လေလံတင်ရန် သူသွန်းလုပ်မည့် ဒုတိယဝုစ်သံမဏိဓားအတွက် ပုံကြမ်းအား စတင် ရေးဆွဲလိုက်တော့သည်။

နန်းတွင်းစစ်တပ်မှ တပ်မှူးများက ငတုံးများ မဟုတ်ချေ။ ထိုနေရာသို့ ရောက်ရှိနိုင်ကတည်းက အစွမ်းအစများ ပိုင်ဆိုင်ထား၍သာ ဖြစ်ပေသည်။ သူတို့က ၀မ်ချောင်အား စိတ်လိုလက်ရ ရွှေတုံးများပေးခဲ့သည့်တိုင် သူတို့၏ မျှော်မှန်းချက်ကလည်း မြင့်လားပေသည်။

၀မ်ချောင် သွန်းလုပ်မည့်ဓားက သူတို့၏ လိုအပ်ချက်အား ပြည့်မှီနေရန် အထူး လိုအပ်သည်။

“ ကံကောင်းထောက်မပြီး ဒီကမ္ဘာရဲ့ ဓားပုံစံတွေက အရမ်းရိုးရှင်းနေသေးတယ်... ငါ့အနေနဲ့ စိတ်တိုင်းကျ ရွေးလို့ ရနိုင်တယ်.. ”

၀မ်ချောင် တွေးလိုက်သည်။

ဤမျိုးဆက်၌ မြို့တော်ရှိ များပြားလှသည့် ပန်းပဲကလန်များမှလွဲ၌ အခြားသူများက လက်နက်၏ ထက်မြမှုအပေါ် အာရုံစိုက်ဆဲ ရှိသေးကာ ဓား၏ ပုံစံအား မျက်ကွယ်ပြုထားကြသည်။ ထို့ကြောင့် သွန်းလုပ်ပြီးသည့် ဓားအများစုက ပုံစံချင်း တူညီကြသည်။

နှိုင်းယှဉ်ရလျှင် ၀မ်ချောင်က ဤနယ်ပယ်၌ အဓိပတိတစ်ဦး ဖြစ်နေချပြီဟု ဆိုနိုင်သည်။

‘ ကောင်းမွန်တဲ့ အရက်ဆိုင်ကို လမ်းကြိုလမ်းကြားမှာ မဖွင့်သင့်ဘူး ’ ကောင်းမွန်စွာ ထုတ်ပိုးခြင်းက စီးပွားရေး၌ အချက်အချကျသည့် အချက်ဖြစ်ပေသည်။ ဥပမာအားဖြင့် ကြွေအိုးအတွင်းထည့်ထားသည့်အရက်က သာမန်အရက်အိုးထက်ပို၍ ပေါ်လွင်ထင်ရှားသည်။

အပြင်ပိုင်း လှပသေသပ်သည့်ဓားက ပြင်ညီဓားများထက်ပို၍ ထူးခြားပေလိမ့်မည်။

“ ငါ့အနေနဲ့ ဓားရှည်တစ်ချောင်း သွန်းလုပ်ပြီးပြီဆိုတော့.. ဒီတစ်ခါ လေလံပွဲအတွက် ဆေဘာဓား လုပ်သင့်တယ်.. ”

၀မ်ချောင် ထိုသို့ တွေးလိုက်သည်။

ဆေဘာမှာ လက်နက်ဘုရင်နှစ်ခုအနက် ပါ၀င်ပေသည်။ အလယ်ပိုင်းလွင်ပြင်၌ အများစုမှာ ဓားရှည်အား အသုံးပြုကြသော်လည်း ဆေဘာက အခြားလက်နက်များ၏ အထက်၌ ရပ်တည်လျက်ရှိပေသည်။

ထိပ်တန်းသိုင်းပညာရှင်မဟုတ်လျှင် ဆေဘာအား ကိုင်စွဲရန် အလွန်ခက်ခဲမည်ဖြစ်ပြီး ဆေဘာ၏ စစ်မှန်သည့်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် နန်းတွင်းစစ်တပ်၌ ဆေဘာသိုင်းပညာရှင် အနည်းငယ်ရှိကြောင်း ၀မ်ချောင် သိထားချေသည်။

အကယ်၍ ၀မ်ချောင်မှ အဆင့်တစ်ပန်းပဲသခင်ဟူသည့် ဂုဏ်ပုဒ်အား ခိုင်မာစေလိုလျှင် ဓားရှည်များ သွန်းလုပ်နေယုံနှင့် မလုံလောက်ပေ။ ထို့ထက်ပို၍ ဆေဘာသွန်းလုပ်ခြင်းအတတ်ကိုလည်း ဖော်ထုတ်ပြရပေလိမ့်မည်။

နန်းတွင်းစစ်တပ်မှ တပ်မှူးများအကြား ဂျီးမများသောသူဟူ၍ မရှိချေ။ ပုံမှန်ဆေဘာက သူတို့အား စိတ်ကျေနပ်စေမည် မဟုတ်။

၀မ်ချောင် ဤကိစ္စအပေါ် အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးနောက် သူ့ စိတ်ထဲ၌ အကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူသိများသည့် မဟာဓားအမျိုးအစားသုံးခုအနက် ဝုစ်သံမဏိဓားပြီးလျှင် ဂျပန် ဆာမူရိုင်းများ အသုံးပြုသည့် အသွားတစ်ဖက်သာရှိသည့် ခါတားနား( Katana )သည်လည်း အပါအ၀င်ဖြစ်သည်။

ဂျပန် ခါတားနားများမှာ မဟာထန်၏ မိုသောင်း(modao)မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ခုတ်ပိုင်းခြင်းအရာ၌ မိုသောင်းထက်ပို၍ သင့်တော်သည်။ မည်သို့ဆိုစေ ဤကမ္ဘာ၌ ဂျပန်နိုင်ငံ မရှိချေ။

၀မ်ချောင်အနေဖြင့် ရိုးရိုးရှင်းရှင်း ခါတားနားနှင့် ဆင်တူသည့် ဆေဘာအား ပြုလုပ်ချင်သည်ထက် ခါတားနားအား အခြေပြု၍ ဓားပုံစံအသစ်တစ်မျိုး ပြုလုပ်နိုင်ရန် မျှော်လင့်ထားသည်။

အသေအချာ စဉ်းစားပြီးနောက် ရွမ်စက္ကူပေါ်သို့ စုတ်တံချကာ စတင် လှုပ်ရှားလိုက်လေသည်။

အတန်ကြာပြီးနောက် ဤကမ္ဘာ၌ မည်သည့်ဓားနှင့်မှ မတူညီသည့် ဆေဘာပုံသစ်တစ်မျိုး ထွက်ပေါ်လာတော့သည်။ ထိုဓားက ဂျပန်ခါတားနားနှင့် ဆင်တူသော်လည်း တစ်ဆခန့် ပိုရှည်ပြီး ခြောက်ပေ ခုနစ်ပေခန့်မျှ ရှိသည်။

ဆေဘာမှာ အတော်အတန်ပါးလျကာ ရှည်လျားပြီး လိုက်ဖက်စွာ ဓားရိုးမှာလဲ ထပ်တူပင်။

ထိုဆေဘာမှာ လူတစ်ရပ်ခန့်ရှိသောကြောင့် သာမန်လူများမှ ကိုင်စွဲနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ဆိုစေ ခုတ်ပိုင်းခြင်း၌ ပိုမိုသင့်တောသည့် ဓားပုံစံအရ နှိုးဆမရနိုင်အောင် သန်မာသည့်ခွန်အား ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်အနေနှင့် ဝုစ်သံမဏိဆေဘာ၏ စစ်မှန်သည့် အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

၀မ်ချောင်မှာ ဤဆေဘာသည် နန်းတွင်းစစ်တပ်မှ သိုင်းပညာရှင်များအား ဖမ်းစားနိုင်လိမ့်မည်ဟု ယုံကြည်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ်... ငါသွန်းလုပ်ဖို့တော့ ကုန်ကြမ်းတွေ ပိုသုံးရလိမ့်မယ်.. အနည်းဆုံး နှစ်ဂျင်လောက် သုံးရမှာပဲ... ”

၀မ်ချောင် တွေးတောလိုက်သည်။

၀မ်ချောင်အနေဖြင့် ပထမဆုံး ဝုစ်သံမဏိဓားအား သွန်းလုပ်ရန် တစ်ဂျန် အသုံးပြုခဲ့ရသည်။ မည်သို့ဆိုစေ ဤဆေဘာအတွက်တော့ အနည်းဆုံး နှစ်ဂျန် လိုအပ်ပေလိမ့်မည်။ ကုန်ကြမ်း တိုးလာသည့်နည်းတူ ဆေဘာ၏ တန်ဖိုးမှာလည်း မြင့်တက်လာမည်ဖြစ်သည်။

၀မ်ချောင် ဤဆေဘာတစ်လက်ဖြင့်ပင် အကျိုးအမြတ်များစွာ ရရှိနိုင်သည်။

“ ဟူး...... ”

၀မ်ချောင် ထိုကိစ္စအပေါ် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားချိန်၌ လေသံတိုးလေးတစ်ခုက ၀မ်ချောင်၏ နားထဲ ၀င်လာလေ၏။ မျက်မှောင်ကြုတ်လိုက်ပြီး ၀မ်ချောင် လုပ်လက်စများအား ရပ်တန့်လိုက်သည်။

“ ကျူးကျော်သူရှိတယ်.. ”

၀မ်ချောင် ဖြစ်ပျက်နေသည်များကို ရုတ်ချည်း နားလည်သွားခဲ့သည်။ သူသည် ယခင်ဘ၀မှ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်းများအား ဆုံးရှုံးခဲ့ရသော်လည်း အတွေ့အကြုံနှင့် အာရုံခံနိုင်စွမ်းများက ကျန်ရှိနေသေးသည်။

ထိုအသံက လေထုနှင့် ၀တ်ရုံ ပွတ်ဆွဲသည့်အသံ ဖြစ်ပေသည်။

----- တစ်ယောက်ယောက်က ၀မ်မိသားစုခြံ၀င်းကို ကျူးကျော်လာတယ်..

“ ဟမ့်... မင်းက ၀မ်မိသားစုခြံ၀င်းကို ၀င်လို၀င် ထွက်လိုထွက် လုပ်နိုင်တယ်ထင်ရင်တော့.. မင်း မှားသွားပြီ... ”

၀မ်ချောင်၏ နှုတ်လမ်း အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

ခြံ၀င်း၌ ရှိနေသည့် ရွှေတုံး ၆၀၀၀၀၀ ဖြစ်စေ ဝုစ်သံမဏိဓားဖြစ်စေ တစ်ခုစီတိုင်းက လူတိုင်းအား လောဘဇော၌ နစ်မြုပ်သွားစေနိုင်သည်။ ‘ ရတနာပိုင်ဆိုင်ထားတာပဲ အကြီးဆုံးပြစ်ချက် ဖြစ်တယ် ’ဟုပင် ဆိုရိုးရှိသည် မဟုတ်လား။ အကယ်၍ ၀မ်ချောင်အနေဖြင့် ထိုသို့သော် သူခိုးမျိုးကိုပင် မကိုင်တွယ်နိုင်လျှင် စစ်သေနာပတိဟောင်းဟူသည့် သူ၏ ယခင်ဘ၀မှ ဂုဏ်ပုဒ်နှင့် မထိုက်တန်တော့ချေ။

ဖူး...

ဖယောင်းတိုင်မီး မှုတ်လိုက်ပြီးနောက် နံရံ၌ ချိတ်ဆွဲထားသည့် ဝုစ်သံမဏိဓားအား ၀မ်ချောင်ဆွဲယူလိုက်သည်။ ချပ်... ပြတင်းပေါက်အား ကျင်လည်စွာ ဖွင့်လိုက်ပြီး တိတ်တဆိတ် ထွက်သွားလိုက်သည်။

ဝေကလန်၏ ပန်းပဲဖို၌ ၀မ်ချောင် စုစုပေါင်း ဓားလေးချောင်း သွန်းလုပ်ခဲ့ပေသည်။ မည်သို့ဆိုစေ ဓားရိုး၌ မဟူရာများ ကျောက်မျက်များနှင့် အလှဆင်ပြီး ဓားအိမ်အား ရွှေရည်စိမ်ထားကာ ကြည့်လိုက်သည်နှင့် နှစ်လိုဖွယ်ကောင်းစွာ ကိန်းခန်းကြီးကျယ်သည့်ဓားမှာ တစ်လက်တည်းရှိပေသည်။

ကျန်ဓား သုံးလက်ကိုမူ မည်သည့် ပစ္စည်းမှ တန်ဆာဆင်ထားသေးခြင်း မရှိပေ။ ပြီးလျှင် ၀မ်ချောင်မှာ ထိုဓားများအား ရောင်းချရန် ရည်ရွယ်ချက်မရှိချေ။ ထို့ကြောင့်ပင် ဓားသုံးလက်လုံးအား ခြံ၀င်း၌သာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပေသည်။

အေးစိမ့်စိမ့်လရောင်အောက်တွင် ခေါင်းမိုး၊ နံရံနှင့် မြေပြင်ပေးပေါ်မှ ခြံ၀င်း၏ ရတနာသိုလှောင်ခန်းသို့ ဦးတည်နေသည့် အရိပ်မဲများစွာအား ၀မ်ချောင် ရှင်းလင်းစွာ မြင်နေရသည်။

“ ဒီလူတွေက ခြံ၀င်းရဲ့ ပုံစံကို တော်တော် နားလည်ထားတာပဲ.. နေ့ခင်းကတည်းက သေချာ ချောင်းကြည့်ထားတာ ဖြစ်လောက်မယ်.. ”

၀မ်ချောင် ထိုသို့ တွေးမိသည်။

ခြံ၀င်းတိုင်း၌ ရွှေ၊ ငွေနှင့် အရေးကြီးရတနာများအား သိမ်းဆည်းသည့် ရတနာသိုလှောင်ခန်းများ ရှိပေသည်။ ၀မ်ကလန်သို့ ခိုး၀င်လာသည့် သူများက ရှင်းလင်းသည့်ပန်းတိုင် ရှိပုံရသည်။ ၎င်းတို့၏ လှုပ်ရှားမှုများက တိကျကာ အနုစိတ်ပြီး သိသိသာသာပင် ၀မ်မိသားစုခြံ၀င်းတစ်ခုလုံအား ကျေညက်နေပုံရသည်။

၀မ်မိသားစုခြံ၀င်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ၀တ်ရုံနက်များက စွန့်ပစ်ထားသည့် စံအိမ်တစ်ခုထဲသို့ ၀င်သွားကြသည်။ ထိုသူများ၏ တည်ရှိမှုအား မည်သည့် အစောင့်မှ သတိမထားမိလိုက်ချေ။

အမှောင်ထဲ၌ ရပ်နေရင်း ၀မ်ချောင် ထိုသူများအား စောင့်ကြည့်နေရင်း အေးစက်စွာ လှောင်ပြောင်လိုက်သည်။

စစ်သူကြီးများနှင့်၀န်ကြီးများ၏ အိမ်တော်များ၌ ကိုယ်ပိုင်စစ်သည်အရေအတွက် အကန့်အသတ်ရှိသော်လည်း ထိုသူများကို ရင်ဆိုင်ရန် လုံလောက်သည့်ထက် ပိုနေသေးသည်။

“ အချိန်ကျပြီ.... ”

၀မ်မိသားစုခြံ၀င်း၏ ရတနာသိုလှောင်ခန်းသို့ ၀တ်ရုံနက်များ ရောက်လုရောက်ခင်အချိန်၌ ၀မ်ချောင်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

“ ဟေးးးးးးးးး....... ”

ဖြစ်ပျက်သည်များက မြန်ဆန်လွန်းလှသည်။ ထိုအုပ်စုမှာ ရတနာသိုလှောင်ခန်းသို့ ၀င်ရောက်လုဆဲဆဲ၌ ကျယ်လောင်သည့်အသံတစ်ခုက ငြိမ်သက်နေသည့် ညအမှောင်အား ထိုးခွင်း ထွက်ပေါ်လာခဲ့လေ၏။ မိုးကြိုးပစ်လိုက်သည်ကဲ့သို့ ၀မ်မိသားစုခြံ၀င်း၏ ကောင်းကင်ယံ၌ ထိုအသံက ပဲ့တင်ထပ်နေသည်။

“ ဘယ်သူလဲ.... ”

အသံနှင့်အတူ ပတ်၀န်းကျင်တစ်ခုလုံး လှုပ်ရှားသွားခဲ့ပြီး ၀မ်မိသားစုခြံ၀င်း၏ ရတနာသိုလှောင်ခန်းမှ အားကောင်းသည့်ပေါက်ကွဲသံထွက်ပေါ်လာကာ အမဲရောင်မီးခိုးလုံးများ ထွက်ပေါ်လာခဲ့သည်။ ၀တ်ရုံနက်လူစုမှာ အငိုက်မိသွားခဲ့သည်။ ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ အနောက်သို့ လွင့်သွားခဲ့ကြသည်။

“ ဘယ်ကောင်က ၀မ်သခင်လေးရဲ့ ခြံ၀င်းမှာ ပြသနာ လာရှာရဲတာလဲကွ... ”

ခြင်္သေ့ဟိန်းသံကဲ့သို့ အသံအောက်၌ ပိန်ပိန်ပါးပါးနှင့် စွမ်းအားပြည့်၀သည့် ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို စကားများက အလယ်ပိုင်းလွင်ပြင်မှ စကားလုံးများမဟုတ်ပဲ ဟိန္ဒူစကားလုံးများ ဖြစ်နေသည်။ စိတ်မကောင်းစရာပင် ထိုသူတို့၏ စကားအား မည်သူမျှ နားမလည်ချေ။

( နောက်ဆုံးတော့ သူတို့ ထွက်လာပြီ.... )

အားလော်ဂျားနှင့် အဘလိုဒန် ခုန်ထွက်လာသည်ကိုမြင်လျှင် ၀မ်ချောင် ရယ်လိုက်သည်။ ထိုအရာသည်သာ စစ်မှန်သည့် ပူးပေါင်းခြင်း ဖြစ်ပေသည်။ ယမန်နေ့က ရွှေတုံး ၈၀၀၀၀ အား ၀မ်ချောင် အလဟဿ အသုံးပြုခဲ့ခြင်း မဟုတ်ချေ။

၀မ်ချောင်မှ ၀မ်မိသားစုခြံ၀င်းမှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများနှင့် ရွှေတုံးသိန်းဂဏန်းခန့်အား ခိုးယူခံရခြင်းမှ ကာကွယ်ရန် ထိုကိုယ်တော်နှစ်ပါးအား အကူအညီတောင်းခဲ့သည်။ တစ်ခွန်းပင် အထွန့်မတက်ပဲ လက်ခံခဲ့ကြသည်။

ဤအချိန်၌ ၀မ်ချောင်မှာ အိန္ဒိယ၏ ပူးပေါင်းဆောင်ရွက်သူ ဖြစ်ပေသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား ရောင်းချ၍ ရရှိလာသည့် ငွေများအား မည်သို့ ခိုးယူခံနိုင်မည်နည်း။ ၀မ်ချောင်ဖက်မှနေ၍ မည်သည့် အထူးတောင်းဆိုမှုမှ မပြုလုပ်လိုက်ရပဲ ကိုယ်တော်နှစ်ပါးမှ ရုတ်ချည်း တာ၀န်ခံပေးခြင်း ဖြစ်ပေသည်။

ဘုန်း...........

အဝေးမှ အားလော်ဂျားနှင့် အဘလိုဒန်တို့မှာ ဒေါသထွက်နေသည့် ကျားများနှင့် တူနေသည်။ ၀တ်ရုံနက်များ ကြားသို့ ပြေး၀င်သွားပြီး သူတို့ လက်လှမ်းမှီသမျှအား ဖျက်ဆီးပစ်နေသည်။ ခိုး၀င်သူများက အရေအတွက်အားဖြင့် များသည့်တိုင် ကိုယ်တော်နှစ်ပါးမှ ရန်သူများ၏ တိုက်ခိုက်မှုများအား အလွယ်တကူ ရှောင်တိမ်းနေနိုင်သည်။ ကိုယ်တော်နှစ်ပါးထံမှ ထွက်လာသည့် ကြီးမားသည့် အနက်ရောင် လှိုင်းလုံးများက ၀တ်ရုံနက်များက စက္ကူရွက်များပမာ လွင့်စင်သွားစေပြီး နံရံအားတိုက်မိသူတိုက် မြေပြင်ပေါ် လဲသူလဲ ဖြစ်စေသည်။

“ လာကြဟေ့.. ကျူးကျော်သူရှိတယ်.. ”

တစ်ချိန်တည်း၌ ဟိန္ဒူဘုန်းကြီးများ၏အသံကြောင့် ၀မ်ကလန်၏ ကိုယ်ရံတော်များအား သတိ၀င်လာကြသည်။ ခြံ၀င်းအတွင်းရှိ နေရာစုံမှ လူများ ပြေးထွက်လာကြသည်။

‘ ကြိုတင်ပြင်ဆင်ခြင်းက အောင်မြင်ခြင်းဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုမရှိခြင်းက ရှုံးနိမ့်ခြင်းမည်သည် ’ ၀မ်ချောင်မှာ ဟိုက်ဒရာဘတ်သတ္တုရိုင်းများ၊ ရွှေတုံး ၆၀၀၀၀၀ နှင့် ဝုစ်သံမဏိဓားအား လာရောက်ခိုးယူကြလိမ့်မည်ဟု ခန့်မှန်းမိပြီးဖြစ်ရာ ကြိုတင် ပြင်ဆင်မထားပဲ နေမည်လား။

သူ့မိခင်၏ အခန်းမှစ အစေခံများ၏ အိပ်ဆောင်အဆုံး အရေးပါသည့်နေရာများ၌ ၀မ်ချောင် ကိုယ်ရံတော်များအား နေရာချထားသည်။ သို့မဟုတ်လျှင် ခြံ၀င်းအတွင်း ခိုး၀င်လာသည့် သူများအား ၀မ်ချောင်အနေဖြင့် စိတ်အေးချမ်းသာ ဘေးမှ ရပ်ကြည့်နေနိုင်မည်လား။

“ သူတို့ကို သတ်.....---------- ”

၀မ်မိသားစုခြံ၀င်းမှ ကိုယ်ရံတော်များက စင်္ကြံတိုင်းမှ ထွက်လာကြပြီး ၀တ်ရုံနက်များထံသို့ ပြေး၀င်သွားကြသည်။ လရောင်အောက်ရှိ သူတို့၏ မျက်လုံးထဲ၌ ဓားရောင်များ လင်းလက်နေကြသည်။ တစ်ခဏအတွင်း၌ အုပ်စုနှစ်ခုမှ ဥယျာဉ်အတွင်း ထိပ်တိုက်ဆုံကြတော့သည်။

၀မ်ကလန်မှ ကိုယ်ရံတော်များမှာ စစ်သူကြီးနှင့်၀န်ကြီးများအိမ်တော်များ၌ အကောင်းဆုံးများ မဟုတ်သည့်တိုင် ၀တ်ရုံနက်များထက် လူအင်အား တောင့်တင်းပေသည်။

ဒင် ဒင် သတ္ထုများထိခတ်သံ ဆူညံလာခဲ့သည်။ ဥယျာဉ်တစ်ခုလုံး၌ သတ္ထုရောင်များစွာ မြင်နေရသည်။

“ ဟမ့်.... တစ်ယောက်ယောက် ငါ့ဆီ ပြေးလာနေပါလား.. ”

ရုတ်တရက် ၀မ်ချောင်၏ နားရွက် လှုပ်ခတ်သွားသည်။ အ၀တ်အစားပွတ်တိုက်သံအား ၀မ်ချောင် ထပ်မံကြားလိုက်ရရာ ကြည့်ရသည်မှာ ရတနာသိုလှောင်ခန်းမှာ ထိုသူများ၏ တစ်ခုတည်းသော ပန်းတိုင် ဟုတ်ဟန်မတူတော့။ ၀မ်ချောင်၏ စာဖတ်ခန်းသည်လည်း ပစ်မှတ်ထဲ၌ ပါ၀င်နေသည်။

ရွှပ်..

စကားလုံးဖြင့် ဖော်ပြမရနိုင်လောက်အောင် မြန်ဆန်သည်။ ၀မ်ချောင်မှာ သူ့ဆီသို့ တစ်စုံတစ်ဦး ဦးတည်လာနေသည်ဟု သိလိုက်ရချိန်၌ပင် အမှောင်ထဲမှ များစွာသော ဓားအလင်းရောင်များက သူ့ထံသို့ ပြေး၀င်လာခဲ့သည်။

“ သခင်လေး.. သတိထားပါ.... ”

ထိုမြင်ကွင်းအား မြင်သည်နှင့် ၀မ်ချောင်၏ စာကြည့်ခန်းအား စောင့်ကြပ်နေသည့် ရှန့်ဟိုင်နှင့် မုန့်လုံတို့ အလျင်အမြန် ခုန်၀င်လာခဲ့သည်။

၀မ်း.......

ခလွမ် မုန့်လုံး၏ ဓားက ခဲရပ်စပါစီနူမှ ဓားတစ်လက်အား ကာကွယ်လိုက်ရာ သတ္ထုထိခိုက်သံ ထွက်ပေါ်လာခဲ့သည်။ သို့တိုင် ၀မ်ချောင်ထံသို့ မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ပြေး၀င်နေသည့် ဓားများစွာ ကျန်ရှိနေသေးသည်။

“ မကောင်းတော့ဘူး... ”

၀မ်ချောင်၏ ရှေ့သို့ ဓားတစ်လက် ရောက်ရှိလာသည်။ ဓားမှာ ထက်မြလှပြီး ၀မ်ချောင်အား ခေါင်းနှင့်ကိုယ် အိုးစားကွဲအောင် ဖြတ်ပစ်မည့်နှယ်။ ရှန့်ဟိုင်နှင့် မုန့်လုံတို့ မျက်နှာ ဖြူလျော်သွားပြီး ကျော်၌ ချွေးစေးများ ထွက်လာခဲ့သည်။

၀မ်း.......

၀မ်ချောင်၏ ကျင့်ကြံခြင်းမှာ နိမ့်ပါးသော်လည်း သူ၏ တုံ့ပြန်မှုမှာတော့ နှေးကွေးခြင်းမရှိချေ။ ဓားနှင့် ထိလုထိခင်အချိန်၌ ၀မ်ချောင်၏ ခန္ဓာကိုယ်က လေထဲ၌ နောက်သို့ ကွေးညွှတ်သွားကာ လှန်ချလိုက်သည်။ ‘ နေပူဆာလှုံသည့်လိပ် ’ဟူသည့် ရိုးရှင်းသည့် လှုပ်ရှားမှုက ဆက်တိုက်၀င်လာသည့် ဓားချက်များကို ရှောင်တိမ်းပြီး ဖြစ်သွားခဲ့သည်။

ထိုရိုးရှင်းလှသည့် လှုပ်ရှားမှုက ခဲရပ်စပါစီနူမှ လုပ်ကြံသတ်ဖြတ်ရေးသမား နှစ်ဦးအား ကြောင်အသွားစေခဲ့သည်။

သူတို့၏ အမြင်၌ ၀မ်ချောင်၏ ကျင့်ကြံမှုမှာ အားနည်းလွန်းလှပြီး စိတ်ထဲပင် မရှိချေ။ ၀မ်ချောင်မှ ထိုကဲ့သို့သော ရိုးစင်းသည့်လှုပ်ရှားမှု တစ်ခုတည်းဖြင့် သူတို့၏ အသေတိုက်ကွက်အား လွယ်လင့်တကူ ရှောင်တိမ်းနိုင်လိမ့်မည်ဟု လုံး၀ မထင်မှတ်ထားချေ။

All Chapters