← Chapters

အခန်း (၈၁-၈၅)

Vol. 3 Ch. 81-85

အခန်း (၈၁-၈၅)

Vol. 3 Ch. 81-85

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 81.

ညသန်းခေါင်မှ လုပ်ကြံမှု

ရွှမ်း.....

ဓားမကြီးမှာ မျက်နှာဖုံးတပ်သူထံ ပြန်မရောက်ခင် ညကောင်းကင်ထက်၌ တစ်ပတ်လည်သွားသေးသည်။

“ သူ့ကိုသတ်... ”

၀မ်ချောင်အား တိုင်းတစ်ပါးစကားဖြင့် ပြောလိုက်ပြီး ဓားမကိုယ်စီ ကိုင်ထားကြသည့်သူများက ပြေး၀င်သွားခဲ့သည်။

“ သခင်လေးကို ကာကွယ်ကြ.. ”

ရှန့်ဟိုင်နှင့် မုန့်လုံတို့ ၀မ်ချောင်၏ ဘေး၌ မတ်တပ်ရပ်လိုက်ကြသည်။

“ မုန့်လုံ ဖမ်းလိုက်.. ”

၀မ်ချောင်၏ ခြေထောက်မှ လျင်မြန်သည့် လှုပ်ရှားမှုတစ်ခု ပြုလိုက်ပြီး ကြမ်းပြင်ပေါ်မှ ဓားအား မုန့်လုံထံသို့ ကန်ပေးလိုက်သည်။ ဓားအား ဖမ်းယူပြီးနောက် မျက်နှာဖုံးတပ်လူများအား မျက်နှာချင်းဆိုင်လိုက်သည်။

တိုက်ပွဲက အလွန်ပြင်းထန်လာလေပြီ။ ၀မ်ချောင်မှာတော့ သူ၏ နိမ့်ပါးသည့် ကျင့်ကြံခြင်းအဆင့်ကြောင့် တိုက်ပွဲ၀င်ခြင်းမရှိချေ။ လက်ရှိသူ၏ ကျင့်ကြံခြင်းနယ်ပယ်က ၀တ်ရုံနက်များအား ယှဉ်နိုင်မည် မဟုတ်။

တစ်ဖက်ရှိ ရှန့်ဟိုင်နှင့်မုန့်လုံမှာတော့ စစ်တပ်မှ အနားယူထားသည့် တပ်မှူးများဖြစ်ပေသည်။ ဒဏ်ရာများကြောင့် စစ်တပ်မှ အနားယူလိုက်ရသော်လည်း တိုက်ပွဲစွမ်းအားနှင့် အတွေ့အကြုံများကြောင့် သူတို့နှစ်ဦး၏ အတွဲညီညီလှုပ်ရှားမှုက ပြောစရာမလိုပေ။

ထို့အပြင် ၀မ်မိသားစုခြံ၀င်း၏ ကိုယ်ရံတော်များကလည်း ဤနေရာ၌ စုရုံးနေကြချေပြီ။ ကိုယ်ရံတော်အနည်းငယ်သည်လည်း ၀မ်ချောင် အန္တရာယ်ကြုံတွေ့နေရသည်ကိုမြင်၍ ပြေး၀င်လာကြသည်။

“ ဒါဆိုရင် ခဲရပ်စပါစီနူရဲ့ဓားတွေက ဒီလိုလဲ သုံးလို့ရသေးတယ်ပေါ့.. ”

၀မ်ချောင်မှ ၀တ်ရုံနက်တို့၏ လက်ထဲမှ ဓားမကြီးအား ကြည့်လိုက်သည်။ ထိုအရာက boomerang ထိကပြန်(မြန်မာအခေါ်)ကဲ့သို့ပင် ပစ်လွှတ်လိုက်သူ၏ လက်ထဲသို့ ပြန်ရောက်လာနိုင်သည်။ ကောင်းမွန်စွာ အသုံးပြုနိုင်ပါက တစ်ဖက်ရန်သူအား အငိုက်ဖမ်း တိုက်ခိုက်နိုင်ပေလိမ့်မည်။ ( TLN> ဓားမဆိုတာထက် ဓားကောက်ပဲ ဖြစ်နိုင်မယ်ထင်တယ်.. ပါရှန်းတို့ အာရပ်တို့တွေ ကိုင်တဲ့ ဓား မြင်ဖူးမှာပါ.. အိန္ဒိယဓားကောက်လိုမျိုး)

ဓားကောက်အား ဤကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုသည်အား ၀မ်ချောင် ယခုမှ မြင်ဖူးခြင်းဖြစ်သည်။ ထိုနည်းလမ်းအား အသုံးပြုရန် အသုံးပြုမည့်သူ၏ စွမ်းရည်က မြင့်မားရန်လိုအပ်ကာ ကြိမ်ဖန်များစွာ လေ့ကျင့်ထားရလိမ့်မည်။ သို့မဟုတ်လျှင် တစ်ဖက်ရန်သူအား မသတ်နိုင်ရုံမျှမက မိမိကိုယ်ကိုပင် ပြန်လည် ထိခိုက်စေလိမ့်ပေမည်။

“ ဒါက လိပ်ပြာတောင်ပံခတ်သံသက်ရောက်မှုပဲ.. ”

၀မ်ချောင် တွေးလိုက်မိသည်။

၀မ်ချောင်၏ ယခင်ဘ၀၌ သူနှင့် ဟိုက်ဒရာဘတ်သတ္ထုရိုင်းက သက်ဆိုင်ခဲ့ခြင်းမရှိချေ။ ဤအချိန်၌ ထိုကိစ္စအား သူ၀င်ရောက်စွက်ဖက်ခဲ့ပြီး ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်း၀ယ်ခွင့်အား ရယူခဲ့ကာ ဝုစ်သံမဏိဓား သွန်းလုပ်ခဲ့ပြီး ကမ္ဘာကြီး၏ ကံကြမ္မာအား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ခဲရပ်စပါစီနူမှ ဤလုပ်ကြံသူများအား ဆွဲဆောင်မိခြင်း ဖြစ်ပေသည်။

“ မုန့်လုံ.. ပင်လယ်ထပ် ကောင်းကင်မျှော်.. ”

“ ရှန့်ဟိုင်... လူဝံဖြူ ဦးလှည့်.. ”

၀မ်ချောင် ရုတ်တရက် ပြောလိုက်သည်။

မုန့်လုံ ဓားမြှောက်လိုက်ပြီး လေထဲ ခုန်တက်ရန် ပြင်နေသည့် မျက်နှာဖုံးတပ်လူ၏ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်သည်။ တစ်ဖက်၌ ရှန့်ဟိုင်မှာလည်း ခေါင်းလှန်ချလိုက်ကာ လည်ပတ်နေသည့် ဓားကောက်အား ဆံပင်တစ်ထောက်စာမျှ ရှောင်တိမ်းလိုက်သည်။

ထိုရလဒ်ကြောင့် မုန့်လုံမှာ အဆင်ပြေနေသေးသော်လည်း ရှန့်ဟိုင်၏ ကျောမှာတော့ ချွေစို့နေချေပြီ။ အကယ်၌ ၀မ်ချောင်၏ အချိန်ကိုက် သတိပေးချက်သာ မရှိပါက ဓားကောက်ကြောင့် အသက်ပျောက်နေလောက်ချေပြီ။

“ ဒီကောင်လေးက မရိုးရှင်းဘူး.. ဂရုစိုက်ကြ..... ”

မျက်နှာဖုံးတပ်လူတို့၏ အကြည့်များ အေးစက်သွားသည်။ ထိုသူတို့က ချက်ချင်းပင် ၀မ်ချောင်အား ဂရုပြုမိသွားလေသည်။ အကယ်၌ ထိုကောင်လေးထံမှ ထွက်လာသည့် ရုတ်တရက်ဆန်သည့် စကားလုံးကြောင့် မဟုတ်လျှင် ကိုယ်ရံတော်နှစ်ဦးထဲမှ တစ်ဦး သေပြီး ဖြစ်ချေမည်။

“ ဟမျ့.... ”

၀မ်ချောင် နှာခေါင်းရှုံ့လိုက်သည်။ သူက ခဲရပ်စပါစီနူတို့၏ ဘာသာစကားအား နားလည်သည့်အလျောက် ထိုသူများက ရှန့်ဟိုင်နှင့် မုန့်လုံအား ရှောင်ဖယ်ကာ သူ့အား ဦးတည်လိုက်ကြသည်ကို ၀မ်ချောင် သဘောပေါက်လေသည်။

ထို့ကြောင့် ၎င်းတို့ လှုပ်ရှားခြင်းမပြုရသေးမှီ ၀မ်ချောင်မှ လက်ဦးမှုယူလိုက်သည်။

ရွှမ်း..

ညာဘက်လက်၌ ဓားကိုင်ထားပြီး ရှန့်ဟိုင်နှင့် မုန့်လုံတို့ထံ ပြေး၀င်သွားလိုက်သည်။

“ သခင်လေး.... မလုပ်နဲ့.. ”

“ ဂရုစိုက်ပါ... ”

လုပ်ကြံသူနှစ်ဦး မှင်သက်သွားခဲ့သည်။ သူတို့သည် မူလစွမ်းအင်နယ်ပယ် အဆင့်ရှစ် သိုင်းပညာရှင်များဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှု၌ ကျွမ်းကျင်လှသည်။ ၀မ်ချောင်အနေဖြင့် သူတို့ထဲမှ တစ်ယောက်ပိုပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်သည်သာမက သူတို့က အရေအတွက်ပိုများပြီး ပူးပေါင်းနိုင်မှုကလဲ အံ့မခမ်းပင်။

၀မ်ချောင်မှာ သူ့ကိုယ်သူ ဘေးသင့်စေခြင်းသာ ဖြစ်ပေသည်။

“ ကောင်လေး... မင်းက သေလမ်းလာရှာတာပဲ.. ”

ရှန့်ဟိုင်နှင့်မုန့်လုံတို့၏ အလယ်၌ ရှိနေသည့် မျက်နှာဖုံးတပ်လူမှ ၀မ်ချောင် ပြေး၀င်လာသည်အား သတိထားမိလိုက်သည်။ လှောင်ပြုံးလိုက်ပြီး ၀မ်ချောင် ထံသို့ ဓားကောက်ဖြင့် ပိုင်းချလိုက်သည်။

၀မ်ချောင်၏ မျက်၀န်းထဲ၌ သတ္ထုရောင်တစ်ချက်လက်သွားခဲ့သည်။ ထိုခုတ်ချက်က အလွန်အားပါလှပြီး လေထုပင် နှစ်ပိုင်းပြတ်သွားကာ လေပွေတစ်ခုကိုပင် ဖန်တီးသွားခဲ့သည်။

၀မ်..

၀မ်ချောင် ခြေတစ်လှမ်းရှေ့တိုးလိုက်ကာ ရှေ့တည့်တည့်မှ ၀င်လာသည့် ဓားကောက်အား အလျင်အမြန် ရှောင်တိမ်းလိုက်လေ၏။ ပြီးနောက် တစ်မုဟုတ်ချင်း ၀မ်ချောင် ရှေ့ဆက် ခုန်၀င်လိုက်ကာ လုပ်ကြံသူအား ခုတ်ချလိုက်သည်။ အံ့အားသင့်နေသည့် မျက်လုံးဖြင့် မျက်နှာဖုံးတပ်လူနှင့် သူ၏ ဓားမှာ နှစ်ပိုင်းပြတ်သွားခဲ့လေသည်။

“ အဲ့ဒီ ဓားပဲ... ”

“ လူတိုင်း သတိထားကြ..... ”

ထိုမြင်ကွင်းအား တွေ့လိုက်ရပြီးနောက် ပတ်ပတ်လည်မှ မျက်နှာဖုံးတပ် ၀တ်ရုံနက်များမှာ ကြောင်အသွားကြသည်။ ၀မ်ချောင် လက်ထဲမှ ဝုစ်သံမဏိဓားအား သူတို့ ချက်ချင်းမှတ်မိသွားကြသည်။ ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်တို့မှာ ဓားအပေါ် အလွန်တန်ဖိုးထားသည်။ ထိုအချက်ကြောင့် ၎င်းတို့၏ ပန်းပဲသခင်များမှာလည်း ဓားတစ်လက်အတွက်ပင် အချိန်ပေးကာ အားစိုက်တတ်ကြပြီး ထိုဓား တစ်လက်စီတိုင်းကလည်း ထိပ်တန်းအရည်အသွေးရှိသည်။

သူတို့၏ ဓားများက မုတ်ဆိတ်၏ ဆေဘာအား ယှဉ်နိုင်ခြင်း မရှိသည့်တိုင် ၎င်းတို့၏ ဓားများက ထိပ်တန်း၀င်နေဆဲပင်။ သလင်းပြာစံအိမ်မှ ဓားသာလျှင် ဤကဲ့သို့ စွမ်းဆောင်နိုင်ပေသည်။

မျက်နှာဖုံးတပ်လုပ်ကြံသူများ ကြောက်ရွံသွားခဲ့သည်။

အစ၌ သူတို့က ၀မ်ချောင်အား ထည့်တွက်ထားခြင်း မရှိချေ။ သို့ဆိုစေ လက်ရှိ၌ ၀မ်ချောင်မှာ ကြောက်မက်ဖွယ်ကောင်းသည့် ဓားအား ကိုင်စွဲထားသည့်ဖြစ်ရာ ကြောက်ရွံမှုများ ဖုံးလွမ်းလာပြီး အနည်းငယ် တွန့်ဆုတ်စေခဲ့သည်။

“ သူတို့ကို သတ်...... ”

တစ်ဖက်မှလူများ ကြောက်ရွံနေသည်ကိုမြင်ပြီးနောက် ၀မ်ချောင်၏ တုန့်ပြန်မှုကလည်း မြန်ဆန်လှသည်။ ဤအချက်သည် ပြန်လည်တိုက်စစ်ဆင်ရန်အတွက် ၀မ်ချောင် လိုချင်သည့်အရာပင် ဖြစ်လေ၏။ ၀မ်ချောင်၏ စကားအားကြားလျှင် သူ့အား အကြွင်းမဲ့ယုံကြည်သည့် ရှန့်ဟိုင်နှင့်မုန့်လုံမှာ မျက်နှာဖုံးတပ် လုပ်ကြံသူအုပ်စုထံသို့ ချက်ချင်း ပြေး၀င်သွားခဲ့သည်။

ထိုအရာက လုပ်ကြံသူများအား ပိုမိုကြောက်ရွံစေသည်။ မျက်တောင်တစ်ခတ်အတွင်း ရှန့်ဟိုင်နှင့်မုန့်လုံတို့က သူတို့ထဲမှ နှစ်ဦးအား ဒဏ်ရာ ရရှိစေလိုက်သည်။

မည်သို့ဆိုစေ ကိုယ်ရံတော်နှစ်ယောက်မှ ထိုသူများအား အပိုင်းပိုင်း ခုတ်ပစ်ရန်ပြင်နေစဉ်၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။ ဘန်း ဘန်း.. မျက်နှာဖုံးတပ်လူများက အမဲရောင်လုံးလေးများအား ပစ်ခွဲလိုက်ခြင်းဖြစ်လေသည်။

ကြမ်းပြင်နှင့် ထိပြီးနောက် မီးခိုးလုံးများက အလုံးလေးများထံမှ ထူထဲစွာ ထွက်ပေါ်လာခဲ့သည်။

“ သတိထားကြ.. အဲ့တာ အိပ်ဆေးငွေ့တွေပဲ.. ”

၀မ်ချောင် မှင်သက်သွားခဲ့သည်။ ထိုသိုင်းပညာရှင်များမှ ဤကဲ့သို့သော လက်နက်အား သူတို့နှင့် ယူဆောင်လာခဲ့မည်ဟု သူ မတွေးထားခဲ့ချေ။ ပတ်၀န်းကျင်အား မီးခိုးလုံးများ လွှမ်းခြုံမသွားခင်၌ သတိပေးလိုက်ပြီးသည်နှင့် သူ၏ အမြင်အားရုံများ ေ၀၀ါးလာခဲ့သည်။

မည်သည်ကိုမျှ တွေးချိန်မရလိုက်ပဲ သူ၏ နှာခေါင်းအား အလျင်အမြန် ပိတ်ကာ နောက်ဆုတ်လိုက်သည်။

“ ဒါ အခွင့်ကောင်းပဲ... ”

“ အဲ့ဒီ ကောင်လေးကိုသတ်ပြီး ဓားကို ယူခဲ့ကြ.. ငါတို့တာ၀န်သာ အောင်မြင်မယ်ဆိုရင် ရပြီ.. ”

လုပ်ကြံသူများက ရုတ်ချည်း ခုန်၀င်လာခဲ့ရာ မီးခိုးလုံးများက သူတို့အား သက်ရောက်မှု မရှိပုံပင်။

“ မကောင်းတော့ဘူး...... ”

၀မ်ချောင်၏ အစွမ်းအစက မလုံလောက်သေးသော်လည်း ရှန့်ဟိုင်နှင့် မုန့်လုံအား အမှီပြု၍ သူ တိုက်ခိုက်နိုင်သေးသည်။ တစ်ဖက်လူ၏ အားနည်းချက်များအား အချိန်နှင့်အမျှ သူတိုက်ခိုက်နေနိုင်သော်လည်း အနည်းဆုံး မူလစွမ်းအင်အဆင့် ၈ ရှိသည့် သိုင်းပညာရှင်များအား မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် ၀မ်ချောင်အတွက် မဖြစ်နိုင်ချေ။

ဘန်း...

စဉ်းစားမနေတော့ပဲ ၀မ်ချောင် ချက်ချင်း ခုန်ထွက်လိုက်သည်။

“ မင်းတို့ လုနိုင်မှာ သေချာလို့လား.. ”

“ ခွေးကောင်လေး.. ငါတို့လူကို သတ်ပြီး ဒီတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား.. ”

ကြမ်းကြုတ်ဟန်ရသည့် မျက်နှာဖုံးတပ်လုပ်ကြံသူသုံးဦးမှ ၀မ်ချောင် နောက်သို့ ဓားကောက်များဖြင့် ၀င်ပိုင်းလိုက်ကြသည်။ ထိုသူများထဲမှ တစ်ဦးမှာ ၀မ်ချောင်၏ လည်ပင်းအား ချိန်ရွယ်၍ ဓားကောက်အား ပစ်လွှတ်လိုက်သည်။

“ သခင်လေး.. မြန်မြန်နောက်ဆုတ်ပါ.... ခဲရပ်စပါစီနူက ခွေးကောင်တွေ မင်းတို့က ငါ့ရှေ့မှာ ဒီလိုအပြုအမူမျိုး လုပ်ရဲတယ်လား.. ”

ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် အားမာန်ပြည့်၀သည့် အသံ ထွက်ပေါ်လာခဲ့သည်။ လုပ်ကြံသူများက ၀မ်ချောင်ထံသို့ ဓားကောက်များ ပစ်လွှတ်လိုက်သည့်အချိန်၌ ကျန်းတစ်ရာခန့် အဝေးရှိ ပြတင်းပေါက် ပွင့်လာခဲ့သည်။ အလွန်လျင်မြန်သည့်နှုန်းဖြင့် ထူထဲသည့် သံမဏိမြားက မီးခိုးမြူများကြား၌ ထွက်ပေါ်လာခဲ့သည်။ လေထုအား ဖြတ်သန်းလျက် မျက်တောင်တစ်ခတ်အတွင်း ၀မ်ချောင်၏နောက်မှ ဓားကောက်အား ထိမှန်သွားခဲ့လေ၏။

ဒန်း....

မြားထိမှန်ပြီးနောက် ဓားကောက်မှာ အလွန်အားလျော့သွားပြီး လမ်းလွဲသွားခဲ့သည်။ လုပ်ကြံသူများ တုံပြန်နိုင်ခြင်းမရှိသေးမှီ မြားတစ်ချောင်က ထပ်မံ၍ လေထုအား ဖြိုခွဲကာ လုပ်ကြံသူများထဲမှ တစ်ဦးအား ထိမှန်သွားခဲ့သည်။

ဘေးမှ ကြည့်နေသည့်သူမှာ တိကျသည့်မြားချက်ကြောင့် ကြောက်ရွံ့မှုက နှလုံးထဲသို့ ၀င်ရောက်လာခဲ့သည်။ မျက်နှာဖုံးတပ်လူမှာ စကားတစ်ခွန်းပင် မဟနိုင်ပဲ နောက်ဆုံး၀င်သက်အား ရှူရှိုက်ကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။

“ မကောင်းတော့ဘူး.. အဲ့တာ လေးသခင်ဟ.... ”

ကျန်ရှိသည့် လုပ်ကြံသူနှစ်ဦး ထိတ်လန့်သွားခဲ့လေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုအား ရင်ဆိုင်လိုက်ရသည့်နှယ် နှစ်ဦးအား ဆန့်ကျန်ဘက်အရပ်များသို့ ခုန်ထွက်လိုက်ကြသည်။ တစ်ဦးက နံရံပေါ်သို့ခုန်တက်လိုက်ပြီး ကျန်တစ်ဦးက ခေါင်မိုးပေါ်သို့ တက်လိုက်သည်။

ဘန်းးဘန်း..

သို့ဆိုစေ ကျန်းတစ်ရာခန့်မှအခန်းမှာ သေမင်းခေါ်သံအလားပင်။ ၎င်းတို့ မည်သို့ပင် ထွက်ပြေးစေကာမူ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။ လုပ်ကြံသူမှ နံရံပေါ်သို့ ခြေမချမှီ၌ပင် ထူထဲသည့်အမဲရောင်မြားက ဦးခေါင်းအား ထိုးစိုက်ကာ နံရံ၌ စိုက်နေသည်။

ထိုအချိန်၌ အခြားလုပ်ကြံသူမှာ ခေါင်မိုးပေါ်၌ ကျင်လည်စွာ ပြေးလွှားနေပြီး ကျန်းအတော်များများ ရောက်ရှိနေချေပြီ။ သူ၏ပုံရိပ်အား ခေါင်မိုးများဖြင့် အကာအကွယ်ယူထားကာ မကြာမှီ တစ်ဖက်လူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုသူက ခေါင်မိုးတစ်ခုမှ အခြား ခေါင်မိုးပေါ်သို့ ခုန်လိုက်သည့်အချိန်၌ ထူထဲသည့်မြားတံက ကောင်းကင်ယံအား ဖောက်ကာ လုပ်ကြံသူ၏ လည်ပင်းအား ထိုးဖောက်သွားခဲ့သည်။ လတ်ဆတ်သည့် သွေးများက လေထဲ၌ လွင့်ပြန့်နေပြီး အားကောင်းလှသည့်မြားတံက လုပ်ကြံသူအား အတော်ဝေးဝေးထိ လွင့်စင်သွားစေသည်။ ထို့နောက် ၀မ်မိသားစုခြံ၀င်း၏ နံရံနှင့် တိုက်မိသွားပြီး တရွေ့ရွေ့ လျောကျလာလေသည်။

ထိုသို့နှင့် မူလစွမ်းအင်အဆင့် ၈ လုပ်ကြံသူသုံးဦးမှာ အဝေးမှ သတ်ဖြတ်ခံလိုက်ရလေ၏။

“ ထောင်ပါး ကိုင်းယွမ်လား... ”

၀မ်ချောင် ရပ်တန့်လိုက်သည်။ နောက်လှည့်ကာ အတော်ဝေးဝေးမှ မြားထွက်ပေါ်လာရာ မှောင်မဲနေသည့် အခန်းအား အံ့သြခြင်းများဖြင့် လှမ်းကြည့်လိုက်သည်။ ခဲရပ်စပါစီနူမှ လုပ်ကြံသူများက သိမည်မဟုတ်သော်လည်း ၀မ်ချောင် မှာတော့ ထိုအခန်းမှာ မုတ်ဆိတ်အပြည့်နှင့် ပန်းပဲသခင် ထောင်ပါးကိုင်းယွမ် နေထိုင်သည့် အခန်းဖြစ်မှန်း သိရှိပေသည်။

“ သူက လေးအတတ်မှာ ကျွမ်းကျင်တာပဲ.. ”

၀မ်ချောင် အံ့သြနေလေ၏။

မဟာထန်တွင် စစ်မြေပြင်၌ အခရာကျသည့် စစ်သည်တော်သုံးမျိုးလေသည်။ သန်မာသည့် ခြေလျင်တပ်သား၊ လျင်မြန်သည့် လေးသည်တော်နှင့် စွမ်းအားပြည့်၀သည့် မြင်းသည်တော်များ ဖြစ်ပေသည်။

၀မ်ချောင်၏ စိတ်ထဲ၌ ထောင်ပါးကိုင်းယွမ်မှာ လေးသည်တော် ဖြစ်နေလိမ့်မည်ဟု အတွေးမ၀င်ခဲ့ဖူးချေ။ ထို့အပြင် ကြည့်ရသည်မှာလည်း ထိုနယ်ပယ်၌ ကိုင်းယွမ်မှာ အလွန် ပေါက်မြောက်နေခဲ့ပြီး ဖြစ်ချေသည်။

“ သခင်လေး..စိတ်ချထားပါ.. လုပ်ကြံသူတွေ တစ်ယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူး..... ”

မှောင်မိုက်နေသည့် ပြတင်းပေါက်မှ ထောင်ပါးကိုင်းယွမ်၏ အသံက ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ ပြောလိုက်သည့်နှင့် မီးခိုးမြူထဲသို့ မြားများ တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်လိုက်သည်။

သေမင်း၏ ကောက်ရိတ်တံကဲ့သို့ ထောင်ပါးကိုင်းယွမ်၏ မြားတစ်ချက်စီတိုင်းက လုပ်ကြံသူတစ်ဦး၏ ဇီဝိန်အား ချွေယူသွားခဲ့သည်။ မီးခိုးမြူများ မည်မျှ ထူထပ်နေစေကာမူ ထိုအရာက သူတို့၏ အသက်အား ကာကွယ်ရန် မလုံလောက်ခဲ့ပေ။

“ ဒီတစ်ခါတော့ ငါက တကယ့်ကျွမ်းကျင် ပညာရှင်ကြီးကို ရလိုက်တာပဲ... ”

ထောင်ပါးကိုင်းယွမ်၏ လေးအတတ်ကြောင့် ၀မ်ချောင် မှင်သက်မိသည်။ ထိုသူအား ပန်းပဲပညာ၌ ကျွမ်းကျင်သည်ဟုသာ သူသိထားပြီး အခြားနယ်ပယ်၌လည်း အလွန်ကျွမ်းကျင်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ကိုင်းယွမ်နှင့်တကွ စွမ်းအားကြီး ဟိန္ဒူကိုယ်တော်နှစ်ပါး အားလော်ဂျား အဘလိုဒန်နှင့်ဆိုလျှင် ၀မ်မိသားစုခြံ၀င်းမှာ အလုံခြံဆုံး နေရာ ဖြစ်သွားလေပြီ။

“ လုံး၀ထင်မထားတဲ့ ရရှိလိုက်မှုပဲ... ”

ထောင်ပါးကိုင်းယွမ်၏ ကြောက်မက်ဖွယ်လေးအတတ်ကြောင့် ယခင်ဘ၀မှ ကျန်း၊ လီ၊ ဟွမ်၊ ချမ်နှင့်အခြား ပန်းပဲကလန်များက ဖိနှိပ်နေသည့်ကြားမှ ထောင်ပါးကိုင်းယွမ် အသက်ရှင်လျက်ရှိနေခဲ့သည်ကို ၀မ်ချောင် မအံ့သြတော့ချေ။

သူ၏ ဝုစ်သံမဏိဓားအား ဓားအိမ်ထဲသို့ သွင်းလိုက်ပြီး ရှန့်ဟိုင်နှင့် မုန့်လုံတို့ထံသို့ ၀မ်ချောင် လျှောက်သွားလိုက်သည်။ ထိုနှစ်ဦးက ကြမ်းပြင်၌ လဲနေပြီး လှုပ်ရှားခြင်း မရှိချေ။

အနီးကပ်ကြည့်လိုက်ရာ ထိုနှစ်ဦးအား ဒဏ်ရာများရရှိနေသည်ကို တွေ့လိုက်ရပြီး အလွန်ကြီးကြီးမားမား ထိခိုက်ခြင်းမရှိသည်ကို ကျေးဇူးတင်ရပေမည်။ မည်သို့ဆိုစေ အိပ်ဆေးငွေ့များ၏ ပြင်းထန်သော သက်ရောက်မှုကြောင့် နှစ်ဦးအား အိပ်မက်ပင် မက်နေလောက်ချေပြီ။

Puteet

Pu Teet ဆိုတဲ့ စာဖတ်သူတစ်ဦးရဲ့ အပိုင်းနှစ်ထောင်ကျော် Review လေး..

🍇🍇

ကျနော် စိတ်ရှည် လက်ရှည် စောင့်ဖတ်ဖြစ်တဲ့ The Human Emperor ကတော့ နောက်ဆုံးတိုက်ပွဲရောက်လာပြီ။

Chapter ၂ထောင်ကျော်ပြီဆိုတော့ ပြီးတော့မယ်ထင်တယ်။

မူရင်းစာရေးဆရာဟာ ထန်ခေတ်ကို အတော်လေးစိတ်ဝင်စားပြီး တရုတ်သမိုင်းနဲ့ပတ်သက်ပြီး အညွှန်းတွေ အတော်ထည့်ထားတယ်။

ရှန်းရှသိပ်မဆန်တဲ့ ရှန်းရှစာအုပ်ပဲ။ မိန်းမအများကြီးမယူလို့ harem ကြိုက်သူများအတွက်တော့ မကိုက်လောက်။ ကျင့်ကြံခြင်းပါပေမယ့် နိုင်ငံရေးနဲ့ စစ်ပွဲပဲ ခပ်များများ။

အလကားနေအလကား သူများကို အနိုင်ကျင့်နေတဲ့ ပါရမီရှင် သခင်လေးတွေ မပါဘူး။ ဂိုဏ်းတွေနဲ့ မိသားစုကြီးပြိုင်တာတွေ လျှို့ဝှက်လောကတွေမပါဘူး။

ဒါပေမယ့် နိုင်ငံတွေအများကြီး ဇာတ်ကောင်တွေ အများကြီး တိုက်ပွဲတွေ အများကြီး လှည့်ကွက်တွေအများကြီးနဲ့ဇာတ်အိမ်ပဲ။

ဒါမယ့် ရှန်းရှ ဇာတ်လိုက်ထုံးစံ ပြန်ဝင်စား (ဒါကို ပြန်ဝင်စားတယ် မခေါ်ဘူးထင်တယ်။ ဝိညာဥ်ရွှေ့ပြောင်းရောက်လာတာပြောရမှာပေါ့) သူဆိုတော့ အားသာချက်တွေတော့ ရှိတာပေါ့။

စာရေးဆရာ စာရေးတဲ့ အခါမှာ plot thickening ခေါ်တယ် ထင်တယ် မှုန်းတာကို တော်တော်လေးလုပ်တယ်။ စာရှည်တယ်ပေါ့။

ဓါးတစ်ချောင်းရောင်းတာ ၇ပိုင်း တိုက်ပွဲတစ်ပွဲ အပိုင်းသုံးဆယ်လောက်ဆိုပေမယ့် အတော်လေးစိတ်ဝင်စားအောင် ရေးထားနိုင်တယ်။

ဟာကွက်အနေနဲ့ကတော့ ဇာတ်လိုက်က ရှေ့ကို ကြိုသိပေမယ့် တစ်ချို့ကိစ္စတွေ ကြိုမရှင်းထားတာတော့ရှိတယ်။ (ကြိိုမရှင်းထားမှလည်း တိုက်ပွဲကြီးကြီး တိုက်ရမှာကိုး)

မည်သို့ပင်ဆိုစေ အချိန်ရှည်ရှည်လျားလျားလေး ရတဲ့အခါ ဖတ်ရတာ တန်တဲ့ စာစဉ်တစ်ခုပဲ။

လူသားဧကရာဇ် ဆိုပြီး ဘာသာပြန်နေတာရှိတယ်

ဒါက လူသားဧကရာဇ် Page Link ပါ

Share ခြင်းဖြင့် ကူညီနိုင်ပါတယ်ဗျ.. 😁😁

https://www.facebook.com/TheHumanEmperorXoxay/

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 82.

စာကြည့်ခန်းမှ လုပ်ကြံမှု

၀မ်ချောင်မှ ထိုနှစ်ဦးအား လေကောင်းလေသန့်ရသည့် နေရာသို့ ဆွဲထုတ်လာပြီး နီးစပ်ရာအခန်းထဲသို့ ၀င်လိုက်သည်။ ရေနွေးကရားထဲမှ ရေနွေးကြမ်းငှဲ့ယူလိုက်ကာ သူတို့၏ မျက်နှာပေါ်သို့ လောင်းချလိုက်သည်။

မကြာမှီ အိပ်နေရာမှ နိုးလာကြလေသည်။

“ သခင်လေး.. သခင်လေး အဆင်ပြေရဲ့လား.. ကျုပ်တို့ အိပ်ပျော်သွားခဲ့တာ........... ”

အိပ်ဆေးငွေ့များကြောင့် အားနည်းယိုင်နဲ့သွားသည်အား ပြန်တွေးမိကာ နှစ်ဦးသား ရှက်စိတ်ကြောင့် မျက်နှာများ နီမြန်းသွားခဲ့သည်။ သူတို့သည် စစ်တပ်မှ လက်ရွေးစင်များဖြစ်သည့်တိုင် ထိုလှည့်ကွက်လေးဖြင့် လဲကျသွားခဲ့ရသည်။ အကယ်၌ မီးခိုးမြူများကြားမှ လုပ်ကြံသူများ၏ ဦးတည်ချက်က ၀မ်ချောင်မဟုတ်ပဲ သူတို့သာဖြစ်လျှင် အကြိမ်တစ်ရာမှ သေဖို့ လုံလောက်နေသည်။

“ မင်းတို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့မလိုဘူး.. သူတို့ကိုယ်က ပြင်ဆင်ပြီးမှ လာခဲ့တာ.. သူတို့ ဒီလိုပစ္စည်းမျိုး ယူလာလိမ့်မယ်လို့ ငါတောင် ထင်မထားဘူး.. ”

၀မ်ချောင် ချွေးသိပ်လိုက်သည်။

“ မင်းတို့ နှစ်ယောက် ခန နားလိုက်ဦး.... ငါ့အထင် အိပ်ဆေးငွေ့မှာ သေစေနိုင်တဲ့အဆိပ်မပါဘူးလို့ထင်တာပဲ ခနနေ အဆင်ပြေသွားပါလိမ့်မယ်.. ”

အိပ်ဆေးငွေ့၏ ပြင်းထန်မှုက ၀မ်ချောင် ထင်ထားသည်ထက် ပိုပေသည်။ ယခုအချိန်၌ ရှန့်ဟိုင်နှင့်မုန့်လုံ မည်သည့်လှုပ်ရှားမှုကိုမှ လုပ်နိုင်ဦးမည် မဟုတ်။

၀မ်ချောင် အဝေးသို့ လှမ်းကြည့်လိုက်သည်။ အဘလိုဒန်နှင့် အားလော်ရှား၏ အဖက်ဖက်မှတိုက်ခိုက်မှုနှင့် ထောင်ပါးကိုင်းယွမ်၏ မြားများကြောင့် တိုက်ပွဲက ပြီးလုနီးနီးဖြစ်နေပြီး ခဲရပ်စပါစီနူမှလူများ တဖြုတ်ဖြုတ်သေဆုံးနေကြသည်။

“ သခင်လေး.. အဆင်ပြေရဲ့လား.. ”

တိုက်ပွဲ ပြီးဆုံးသွားသည့်နောက် အဘလိုဒန်နှင့် အားလော်ဂျား အလျင်အမြန်ပြေးလာခဲ့သည်။ အခြားသူများထက် သူတို့ အစိုးရိမ်ဆုံးမှာ ၀မ်ချောင်၏ လုံခြုံမှုပင် ဖြစ်ချေသည်။

၀မ်ချောင်မှာ အိန္ဒိယ၏ လက်ရှိကယ်တင်ရှင်ဖြစ်၏။ အကယ်၌ ၀မ်ချောင်သာ တစ်ခုခုဖြစ်ခဲ့လျှင် ထိုကိစ္စအား မြင့်မြတ်သူတော်စင်ထံ မည်သို့ အစီရင်ခံရမည်နည်။

“ ကျုပ်အဆင်ပြေပါတယ်.. သင်တို့ရော တစ်ခုခု ရှာတွေ့ခဲ့သေးလား... ”

၀မ်ချောင် မေးလိုက်သည်။

“ ကျုပ်တို့ ဘာမှတောင် မလုပ်ရသေးဘူး.. သူတို့အားလုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ကြတယ်.. ”

ကိုယ်တော်နှစ်ပါးမှ ဖြေကြားလိုက်သည်။

၀မ်မိသားစုခြံ၀င်းသို့ လာရောက်ခဲ့သည့် မျက်နှာဖုံးတပ်လုပ်ကြံသူများအားလုံး ၀မ်းနည်းဖွယ်ရာ သေဆုံးသွားခဲ့ရသည်။ လွတ်လမ်းမမြင်သည့်နောက် အဖမ်းမခံလိုသည့်အတွက် သူတို့၏ နှလုံးအား ဓားကောက်ဖြင့် ထိုးစိုက်လိုက်ကြသည်။

“ ဒီနေရာကို ရှင်းလိုက်တော့... အမေ လုံး၀ မမြင် မသိပါစေနဲ့.. ”

ထိုသူတို့၏ လုပ်ရပ်ကြောင့် ၀မ်ချောင် မအံ့သြပေ။ အစောင့်အနည်းငယ်အား ခေါ်လိုက်ပြီး လုပ်ငန်းဆောင်တာများစွာအား ညွှန်ကြားပြီးနောက် ထွက်ခွာလိုက်သည်။

“ ဒါ အိပ်ဆေးလုံးလား.... ”

ခဲရပ်စပါစီနူမှ လုပ်ကြံသူတစ်ဦးမှ ၀တ်ရုံထဲမှ အပန်းရောင် အိပ်ဆေးလုံးလေးအား ၀မ်ချောင် ကောက်ယူလိုက်သည်။ ရှန့်ဟိုင်နှင့် မုန့်လုံကဲ့သို့သော သိုင်းပညာရှင်များပင် အိပ်ဆေးငွေ့အား ရှူရှိုက်မိသည်နှင့် ယခုထိတိုင်အားနည်းနေခဲ့ရာ သက်ရောက်မှုက ပြင်းထန်လှသည်။

“ ဒီလူတွေက အိပ်ဆေးငွေ့တွေကို မကြောက်ပုံထောက်ရင် ဖြေဆေးကို ကြိုသောက်ထားကြပုံရတယ်.. ”

၀မ်ချောင်မှ ထိုသူ၏ ကိုယ်အား နောက်တစ်ကြိမ်ရှာဖွေလိုက်ရာ အထုပ်ငယ်တစ်ခုအား ၀တ်ရုံထဲမှ တွေ့လိုက်ရသည်။ အထဲ၌ ပန်းရောင်ဆေးလုံး အနည်းငယ် ရှိနေ၏။ ထိုဆေးလုံးလေးများက အိပ်ဆေးငွေ့အတွက် ဖြေဆေးများဖြစ်ကြောင်း ၀မ်ချောင် သိလိုက်သည်။

၀မ်ချောင် ထိုဆေးလုံးများအား အိပ်ဆေးလုံးများနှင့်အတူ အိတ်တစ်လုံးထဲ၌ ထည့်ထားလိုက်ကာ ခါး၌ ချိတ်ဆွဲထားလိုက်ပြီး အခန်းထဲပြန်လိုက်သည်။

“ အမ်....... ”

အခန်းထဲရောက်ချိန်၌ ၀မ်ချောင်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့လေ၏။ အခန်းထဲ၌ အနည်းငယ် ကွဲလွဲနေကြောင်း ခံစားလိုက်မိသည်။ သူက ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့သည်ဖြစ်ရာ ယခုအချိန်၌ ပွင့်လျက်သား ဖြစ်နေသင့်သည်။ သို့သော် ယခုမှာတော့ ပိတ်လျက်နေချေပြီ။

ပြီျးှင် သူရေးဆွဲထားသည့် ခုနစ်ပေရှည်သည့် ခါတားနား၏ ပုံကြမ်းမှာလည်း အစအနရှာမရအောင် ပျောက်ဆုံးနေ၏။

“ တစ်ယောက်ယောက် အခန်းထဲ ရောက်လာတယ်.. ”

၀မ်ချောင် စိတ်ထဲ တင်းကျပ်သွား၏။ သူ ပြဿနာတက်နေပြီမှန်း ချက်ချင်းသိလိုက်သည်။ အိမ်တော်ထဲရှိ ကိုယ်ရံတော်များသာမက အထူးသဖြင့် အဘလိုဒန်၊ အားလော်ဂျားနှင့် ထောင်ပါးကိုင်းယွမ်တို့ကဲ့သို့သူများပင် သတိမထားမိအောင် စာဖတ်ခန်းထဲသို့ တစ်စုံတစ်ဦးက ရောက်နှင့်လေပြီ။

ဤလူ၏ သိုင်းပညာမှာ အလွန်မြင့်မားပေလိမ့်မည်။

“ မလှုပ်နဲ့.. ”

တစ်စုံတစ်ခု မှားယွင်းနေကြောင်းအား သတိထားမိလိုက်ပြီး ၀မ်ချောင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ မည်သို့ဆိုစေ သူလှုပ်ရှားမှုပင် မပြုရသေးမှီ ကျောဘက်မှ အအေးဓါတ်အား ခံစားမိလိုက်လေ၏။ ထိုအရာက သူ၏ နှလုံးအား ဦးတည်နေလေသည်။

“ အသံမထွက်နဲ့.. အနောက်တိုင်းက ဘုန်းကြီးတွေကို ခေါ်ဖို့လဲ မကြိုးစားနဲ့.. ---- သူတို့က ငါ့ဓားလောက် မြန်မှာ မဟုတ်ဘူး... ”

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

၀မ်ချောင်၏ စိတ်ထဲတုန်လှုပ်သွားပြီး နေရာ၌ပင် ရပ်နေသည်။

တစ်ဖက်လူမှ အမျိုးသမီးဖြစ်လေသည်။ သူမအနေဖြင့် အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားခဲ့သည့်တိုင် ၀မ်ချောင်မှာတော့ ခံစားမိသည်။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်းနယ်ပယ်ကလည်း အံ့မခမ်းပင်။

သူမက ၀မ်ချောင်၏ ကျောဘက်၌ရှိနေသည့်တိုင် ၀မ်ချောင် သူမ၏ တည်ရှိမှုအား မခံစားနိချေ။ သူမသည် အမှောင်ထုထဲ၌ ပျော်၀င်နေသည့် သက်မဲ့အရိပ်တစ်ခုကဲ့သို့ ဖြစ်နေ၏။

ထိုကဲ့သို့သော အငွေ့အသက်ရှိသည့်သူ တစ်မျိုးသာရှိသည်။

လုပ်ကြံသူ.... ထို့အပြင် အထူးကျွမ်းကျင့်သည့်သူ။

“ တကယ်လို့ မင်းလာတာက ဝုစ်သံမဏိဓားဆိုရင်... ရော့ ယူသွား........... ”

၀မ်ချောင်၏ စကားမဆုံးခင်၌ အခန်းအပြင်ဘက်မှ ခြေသံထွက်ပေါ်လာခဲ့သည်။

“ သခင်လေး... အိပ်နေပြီလား... ”

အပြင်ဘက်မှ အသံထွက်ပေါ်လာသည်။ ထောင်ပါးကိုင်းယွမ်၏အသံဖြစ်ကာ သူ၏ဘေး၌ အဘလိုဒန်နှင့် အားလော်ဂျားလည်း ရှိနေ၏။

“ ကျုပ်တို့ အိမ်တော်ထဲက သွေးစသွေးနတွေနဲ့ အလောင်းတွေကို ရှင်းလင်းပြီးပါပြီ.. ခြံ၀င်းထဲကနေ တစ်ယောက်မှ မလွတ်သွားပါဘူး.. တကယ်လို့ သခင်လေးက တစ်ခြား ခိုင်းစရာမရှိတော့ရင် ကျုပ်တို့ သွားနားပါတော့မယ်.. ပြီးတော့ ကျုပ်တို့ ခဲရပ်စပါစီနူက ဓားကောက်အများကြီးရထားတယ်.. ဘယ်လိုလုပ်လိုက်ရမလဲ.. ”

၀မ်ချောင် ထိတ်လန့်သွားလေ၏။ အခန်းတွင်း၌ သူ၏ အခြေအနေက စကားပြောနေရမည့် အချိန်မဟုတ်ချေ။ တစ်ချိန်တည်း၌ ၀မ်ချောင် တစ်စုံတစ်ရာအား နားလည်လိုက်၏။

ဤလုပ်ကြံသူမှာ သူထင်ထားသည်ထက် ပို၍ပင် ကျွမ်းကျင်သေးသည်။ ၀မ်ချောင်ပင် သတိမထားမိခင် သူမက အဘလိုဒန်၊ အားလော်ဂျားနှင့် ထောင်ပါးကိုင်းယွမ်တို့ လာနေသည်အား အာရုံခံမိပြီး ဖြစ်သည်။

၀မ်ချောင်၏ အစောတလျင် ပြန်လည်ရောက်ရှိလာမှုကသာ သူမအား အငိုက်မိသွားစေခြင်းဖြစ်သည်။ ထို့အပြင် အဘလိုဒန်၊ အားလော်ဂျားနှင့် ထောင်ပါးကိုင်းယွမ်တို့အား မျက်နှာချင်းဆိုင် မတိုက်ခိုက်လို၍ သူ့အား ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။

အမှောင်ထုထဲ၌ အလုံးစုံ ငြိမ်သက်နေသည်။ ထိုလူက စကားတစ်ခွန်းမှ မပြောသည့်တိုင် ၀မ်ချောင်၏ ကျောဘက်မှ အအေးဓာတ်က ပိုကဲလာ၏။ သူမ၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။

အကယ်၍ ၀မ်ချောင်သာ စကားမှားခဲ့၍ အဘလိုဒန်၊ အားလော်ဂျားနှင့် ထောင်ပါးကိုင်းယွမ်တို့နှင့် ရင်ဆိုင်ရမည်ဆိုပါက သူမ ချက်ချင်း သူ့အား သတ်ပစ်ပေလိမ့်မည်။

၀မ်ချောင် နှလုံးခုန်မြန်လာသည်။ သူ၏ ပြန်လည်၀င်စားခြင်းပြီးနောက် အသက်အန္တရာယ်ရှိသည့် အခြေအနေတစ်ခုအား သူ ပထမဆုံး ကြုံရခြင်းဖြစ်ပေသည်။

သူမက အပြင်ရှိ မျက်နှာဖုံးတပ်လူများထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်။ သူမ၏ ကျင့်ကြံခြင်းက မူလစွမ်းအင်အဆင့် ၉ အား ကျော်ဖြတ်ပြီးဖြစ်ကာ သိုင်းသခင်နယ်ပယ် ဖြစ်လေ၏။

၀မ်ချောင် ထိုကဲ့သို့ သိုင်းသခင်တစ်ဦးအား ရင်ဆိုင်ရန် အခွင့်အရေးပင် ရလိုက်မည်မဟုတ်။

အဘလိုဒန်၊ အားလော်ဂျားနှင့် ထောင်ပါးကိုင်းယွမ်တို့မှာ တံခါး၏ တစ်ဖက်၌ ရှိနေကြသည်။ အကယ်၍ ထိုသူတို့၏ အကူအညီအား လိုလျှင် သူ လုပ်စရာတစ်ခုသာရှိ၏။

၀မ်ချောင် သူတို့၏ အကူအညီအား လိုအပ်သည်။ သို့သော် သူ၏ ကျောဘက်မှ ဓားကို ရှောင်တိမ်းရန်အတွက်မူ ယုံကြည်ချက် မရှိပေ။

“ သခင်လေး........... ”

အပြင်ဘက်မှကြည့်လျှင် စာဖတ်ခန်းမှာ မှောင်မိုက်လို့နေသည်။ အပြင်မှ အထဲသို့ မည်သည့်နည်းနှင့်မှ မြင်နိုင်မည် မဟုတ်ပေ။ ထောင်ပါးကိုင်းယွမ်၊ အားလော်ဂျားနှင့် အဘလိုဒန်တို့က အပြင်ဘက်မှ ၀မ်ချောင်၏ အဖြေအား စောင့်ဆိုင်းနေကြပြီး တုန့်ပြန်မှု မရှိသည့်အခါ ထပ်မံ မေးလိုက်သည်။

ထိုတစ်ခဏက ၀မ်ချောင်အတွက် ရှည်လျားလှသည့် အိပ်မက်ဆိုးပင်။ သူ၏ ကျောဘက်မှ အအေးဓာတ်က လွန်ကဲလာပြီးနောက် ၀မ်ချောင် တုန်လှုပ်နေရာမှ လန့်နိုးလာခဲ့သည်။

ယခုအချိန်က အကူညီတောင်းရန် အချိန်ကောင်းမဟုတ်ချေ။ အားလောဂျားနှင့် အခြားသူများ ၀င်ရောက်မလာခင်၌ ၀မ်ချောင် သေနေပြီး ဖြစ်ချေမည်။

----- သူမက မည်သူမှ သတိမထားမိအောင် အခန်းထဲ၀င်နိုင်သည်ဖြစ်ရာ သူ့အား ချက်ချင်း သတ်ပစ်ရန်လည်း လုံလောက်အောင် အစွမ်းထက်ပေသည်။

“ သင်တို့အားလုံး တစ်ညလုံး အလုပ်များခဲ့ရပြီ... ဒါကြောင့် ကောင်းကောင်းအနားယူပါတော့.. ခဲရပ်စပါစီနူက ဓားတွေက ဓားကောင်းတွေပဲ အဲ့တာတွေကို ရှန့်ဟိုင်နဲ့ မုန့်လုံကို ပေးလိုက်ပါ.. သူတို့ကို လက်နက်တိုက်မှာ သိမ်းထားဖို့ ပြောလိုက်ရင်ရပါပြီ.. ”

၀မ်ချောင် ပြောလိုက်သည်။ သူ၏ အသံတွင်းမှ မောပန်းနွမ်းနယ်နေမှုအား မသိမသာ ခံစားနိုင်သည်။

“ ဟုတ်ကဲ့ပါ.. သခင်လေး..... ”

သုံးဦးသား မည်သည်ကိုမှ သံသယ မ၀င်မိချေ။ အဖြေကြားပြီးနောက် နောက်လှည့်ကာ ထွက်သွားကြသည်။ သူတို့၏ ခြေသံများက တဖြည်းဖြည်း ဝေးကွာသွားပြီး အမှောင်ထုထဲ ၀င်ရောက် ပျောက်ကွယ်သွားကြသည်။

ခြေသံများ ပျောက်ကွယ်သွားပြီးနောက် အေးစက်စက် နှာမှုတ်သံက အမှောင်ထဲမှ ထွက်ပေါ်လာသည်။ တစ်ခဏတွင်း ၀မ်ချောင်၏ စိတ်နှလုံး ရေနစ်နေသည်ဟု ခံစားလိုက်ရသည်။

“ မင်းကို မုတ်ဆိတ် လွှတ်လိုက်တယ်ဆိုတာ ငါသိတယ်.. မင်းနိုင်ပါတယ်.. ငါခါးက ဝုစ်သံမဏိဓားကို ယူသွားလိုက်ပါ.. မင်းငါ့ကို လွှတ်ပေးဖို့ပဲ ငါမျှော်လင့်ပါတယ်... ”

၀မ်ချောင် ပြောလိုက်သည်။ လက်တုံ့ပြန်ရန်အကြံအား သူလက်လွှတ်လိုက်လေပြီ။ စကားဆိုပြီးနောက် ၀တ်ရုံအောက်ရှိ ခါးမှ ဝုစ်သံမဏိဓားအား ၀မ်ချောင် ဆွဲယူလိုက်သည်။

“ ဟမ့်.... မင်းက အခြေအနေကိုတော့ ကောင်းကောင်း နားလည်သားပဲ.. ”

၀မ်ချောင်၏ နောက်မှ အထင်သေးစွာ ရယ်လိုက်သံ ထွက်ပေါ်လာသော်လည်း သူမမှာ ၀မ်ချောင်၏ ဝုစ်သံမဏိဓားအား ငြင်းပယ်ခြင်းမရှိချေ။

“ အမ်....... မင်းငါ့ကို လှည့်စားရဲတယ်.. ”

၀မ်ချောင် ဓားမဆွဲထုတ်နိုင်ခင်၌ လုပ်ကြံသူမှ တစ်စုံတစ်ခုအား သတိထားမိသွားခဲ့သည်။ သူမ၏ မျက်ခုံး မြင့်တက်သွားခဲ့ကာ ဓားဖျားမှ အအေးဓါတ်များက ရုတ်ချည်း သိပ်သည်းလာသည်။

သို့တိုင် သူမ အလွန်နောက်ကျသွားခဲ့ပေပြီ။

၀မ်ချောင်မှ အားလော်ဂျား၊ အဘလိုဒန်နှင့် ထောင်ပါးကိုင်းယွမ်တို့အား ရည်ရွယ်ချက်ရှိရှိ ထွက်သွားခိုင်းခြင်း၍ ဝုစ်သံမဏိဓားအား ထုတ်ပေးမည်ဟု ဆိုခြင်းမှာ သူမအား အငိုက်ဖမ်းလိုခြင်းသာ ဖြစ်လေသည်။

ထို့အပြင် ၀မ်ချောင်မှာ ကျင့်ကြံခြင်းနိမ့်ပါးပြီး မူလစွမ်းအင် အဆင့်၅သိုင်းပညာရှင်သာဖြစ်သည်က သူမအနေဖြင့် သူ့အား အထင်သေးမိစေသည်။

၀မ်ချောင်အနေဖြင့် သူ ခက်ခက်ခဲခဲ ဖန်တီးထားသည့် အခွင့်ကောင်းကြီးအား မည်သို့ အလွယ်တကူ လက်လွတ်နိုင်မည်နည်း။

ဘန်း....

သတ္တူလုံးတစ်ခုက ကြမ်းပြင်ပေါ်သို့ ကျသွား၏။ တစ်ချိန်တည်း၌ အိပ်ဆေးငွေ့များက အခန်းတစ်ခုလုံးအား လျင်မြန်စွာ ကျူးကျော်လာလေ၏။

ထို ခဲရပ်စပါစီနူမှ အိပ်ဆေးငွေ့များက လျင်မြန်စွာ ပျံ့နှံ့စေရန်အတွက် အထူးပြန်လည် ဖန်တီးထားဟန်ရသည်။ ကြမ်းပြင်သို့သည်နှင့် တစ်ပြိုင်နက် ထူထဲသည့် အိပ်ဆေးငွေ့များက ၀မ်ချောင်နှင့် သူ၏ ကျောက်ဘက်ရှိ လုပ်ကြံသူအား ဝါးမြိုသွားခဲ့သည်။

“ မင်းက သေလမ်းရှာနေတာပဲ... ”

အလင်းရောင်တစ်ချက် လက်သွားပြီး သူမ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းလာသည်။ လေထုထဲ၌ ဓားအသံထွက်ပေါ်လာပြီး ၀မ်ချောင်၏ ကျောအား လျှပ်စီးလက်သည့်ပမာ ဓားဖြင့် တည့်မတ်စွာ ထိုးလိုက်သည်။

၀မ်ချောင်အား ဓားထိုးမိသည်နှင့် သေချာပေါက် သေဆုံးရပေလိမ့်မည်။

၀မ်......

၀မ်ချောင်မှာ အိတ်အတွင်းမှ ခရမ်းရောင်ဆေးလုံးအချို့အား အလျင်အမြန်ထုတ်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ တစ်ချိန်တည်း၌ ရှေ့သို့ လဲချလိုက်၏။ သေရေးရှင်ရေးအချိန်၌ နဂါး

အရိုးကျင့်စဉ်ထဲမှ နဂါးရေဆင်း လှုပ်ရှားမှုအား တုံးဆိုင်းခြင်းမရှိ အသုံးပြုလိုက်သည်။ နဂါးတစ်ကောင်ကဲ့သို့ ပျော့ပျောင်းစွာ သူ၏ ခန္ဓာကိုယ်က ပေါ့ပါးစွာ ရှေ့သို့ လဲကျသွားရာ နဂါးတစ်ကောင်ရေထဲသို့ ခုန်ဆင်းသွားသည့်နှယ်။

အမှောင်ထုထဲ၌ ၀မ်ချောင် အသုံးပြုခဲ့သည့် အိပ်ဆေးလုံးများက အဓိကနေရာမှ ပါ၀င်သရုပ်ဖော်ထားသည်။ ရွှမ်း.. ၀မ်ချောင်၏ နောက်ကျောမှ အေးစက်သည့်အလင်းရောင် ထွက်ပေါ်လာပြီး ၀မ်ချောင်၏ ၀တ်ရုံအား ပိုင်းမိသည်။ တစ်ချိန်တည်း၌ ၀မ်ချောင် စားပွဲရှိရာသို့ လိမ့်သွားလိုက်ပြီး သူနှင့် ရန်သူအကြား အကွာအဝေးတစ်ခု ခြားထားလိုက်လေ၏။

“ မင်းလွတ်သွားပြီ ထင်နေတာလား.. ”

လေတိုးသံ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ပြီးနောက် စားပွဲနှင့်အတူ ရေနွေးအိုး၊ ရေနွေးခွက်၊ စုတ်တံ၊ မှင်ခွက်နှင့် စာရွက်များက လက်ဝါးရိုက်ချက် တစ်ချက်ကြောင့် လွင့်စင်သွားပြီး သစ်သားအပိုင်းအစများက ပတ်၀န်းကျင့်တစ်ခုလုံးအား ပြန့်နှံ့သွားသည်။ တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲပုန်းအောင်းနေသည့် လုပ်ကြံသူက ၀မ်ချောင်နှင့် နီးကပ်စွာ ချဉ်းကပ်လာလေ၏။

“ မင်းက ငါ့ကို ဒီလို လှည့်ကွက်လေးနဲ့ လှည့်စားရဲတယ်လား.. အသက်ရှူရတာ ပင်ပန်းနေပြီထင်တယ်.. ဟမ့်.. ”

လုပ်ကြံသူ၏ ညာလက်မှ သိမ့်ခနဲလှုပ်ရှားမှုနှင့် အမှောင်ထဲ၌ အေးစက်နေသည့် အလင်းရောင်တစ်ချက် ပေါ်လာသလို သူမ၏ ဓားက ၀မ်ချောင်ထံသို့ အရှိန်နှင့် ပြေး၀င်လာ၏။

ဓားမှာ ၀မ်ချောင်ထံသို့ မရောက်မှီ သူမ၏ လှုပ်ရှားမှုမှ ပြင်းထန်သည့် လေလှိုင်းများက ၀မ်ချောင်ထံ ဦးစွာ ၀င်ရောက်လာသည်။

“ ငါ့ရဲ့ လျို့ဝှက်လက်နက်ကို စမ်းကြည့်ဦး.... ”

မျက်တောင်တစ်ခတ်အတွင်း ၀မ်ချောင် ဘေးဘက်သို့ လှိမ့်လိုက်ပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ဘယ်ဘက်လက် လှုပ်ရှားသွားပြီး သေးငယ်သည့် အရာ၀တ္ထုအများအပြားက အမှောင်ထုအား ဖြတ်သန်း၍ လုပ်ကြံသူထံ ဦးတည် ပျံသန်းသွားခဲ့သည်။

အိမ်ထဲမှာပဲနေကြပါ.. ဆူဆူပူပူမလုပ်ကြပါနဲ့..

သတိရှိကြပါ.. အားလုံးအဆင်ပြေကြပါစေ

#SaveMyanmar

လူသားဧကရာဇ်

ဘာသာပြန်သူ - Ifrit

Chapter 83.

တစ္ဆေခြေလှမ်း

“ မကောင်းတော့ဘူး... ”

၀မ်ချောင်၏ အိပ်ဆေးလုံး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်တည်းက သူမ သတိမပြတ်ခဲ့ချေ။ သူမ၏စွမ်းရည်နှင့်ကျင့်ကြံခြင်းအဆင့်အရ မသိစိတ်မှ အလိုလို နောက်ဆုတ်မိသည်။ တစ်ချိန်တည်း၌ သူမ၏ လက်ဝါးမှ အံ့မခမ်းနိုင်သည့် အင်အားဖြင့် ရိုက်ထုတ်လိုက်ကာ လျို့ဝှက်လက်နက်ဆိုသည်အား ကာကွယ်လိုက်သည်။

“ သူငါ့ကို လှည့်စားသွားပြန်ပီ.. ”

၀မ်ချောင် ပစ်လွှတ်လိုက်သည့် လျို့ဝှက် လက်နက်များမှ မည်သည့်အရာမှ ဖြစ်မလာသည်ကို မြင်လျှင် လုပ်ကြံသူ အလွန်စိတ်ဆိုးသွားခဲ့သည်။ မကြာသေးခင်မှပင် ၀မ်ချောင်၏ ဝုစ်သံမဏိနှင့်တစ်ကြိမ် လှည့်စားခဲ့ပြီဖြစ်ပြီး ယခုအချိန်၌လည်း အိပ်ဆေးငွေ့ဖြင့် လှည့်စားခံရပြန်လေသည်။ အနက်၀တ်လုပ်ကြံသူအမျိုးသမီးမှာ ထိုသို့သော အရှက်ရမှုအား မည်သို့ လက်ခံနိင်မည်နည်း။

၀မ်ချောင်၏ သိုင်းပညာနယ်ပယ်မှာ သူမအတွက် ထည့်ပြောစရာပင် မရှိချေ။ သို့တိုင် သူမ၏လက်တွင်းမှ ငါးတစ်ကောင်ကဲ့သို့ ချော်ထွက်သွားခဲ့သည်။

“ တကယ်လို့ နင့်ကို ငါ့လက်ထဲကနေ ထွက်ပြေးခွင့်ပြုလိုက်ရမယ်ဆိုရင် ငါ့ကိုယ်ငါ အခုပဲ သတ်သေလိုက်မယ်... ”

၀မ်ချောင်မှာ ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ ပြတင်းပေါက်မှနေ၍ ထွက်သွားတောမည်ကို မြင်လျှင် လုပ်ကြံသူအမျိုးသမီးမှ သုံးချီခန့်သာရှိသည့် ဓားမြောင်ဖြင့် ၀မ်ချောင် ထွက်ပြေးရာလမ်းကြောင်းအား ပစ်ပေါက်လိုက်သည်။

အကယ်၍ ၀မ်ချောင်သာ အတင်းအကျပ်ထွက်ပြေးမည်ဆိုလျှင် ထိုဓားမြောင်ကြောင့် အမှန် ထိခိုက်မိပေလိမ့်မည်။

တစ်ချိန်တည်း၌ လုပ်ကြံသူအမျိုးသမီး၏ ခန္ဓာကိုယ်က မှုန်ဝါးသွားခဲ့လေ၏။ သူမ၏ အမြန်နှုန်းက အဆပေါင်းများစွာ မြင့်တက်လာခဲ့ကာ မရေမတွက်နိုင်သည့် ပုံရိပ်ယောင်အရိမ်များက လေထုအလည်၌ ဖြစ်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်အား ဖြတ်သန်းနေသည့် တစ္ဆေတစ်ကောင်ကဲ့သို့ သူမက ချက်ချင်း ၀မ်ချောင်အား လိုက်မှီသွားသည်။

ချင်............

အမှောင်ထဲ၌ သူမဓား ပေါ်ထွက်လာကာ ၀မ်ချောင်၏ လည်ပင်းအား ဦးတည်း၍ ဓားတစ်ချက် ပိုင်းလိုက်သည်။

“ တစ္ဆေခြေလှမ်း..... ”

၀မ်ချောင် မှင်သက်သွား၏။ နောက်ဆုံးတော့ သူမက အိမ်တော်တစ်ခုလုံးရှိလူများနှင့် ဟိန္ဒူဘုန်းကြီးများ၏ မျက်စိအောက်မှ ပုန်းကွယ်၍ မည်သို့ ရောက်လာခဲ့သည်ကို နားလည်သွားခဲ့သည်။

ပြတင်းပေါက်မှ ထွက်ပြေး၍ မရတော့်သည်နှင့် ၀မ်ချောင်က ရုတ်ချည်းပင် ‘ နဂါးရစ်ခွေ ’လှုပ်ရှားမှုအား အသုံဲးပြုကာ ကိုယ်ရှိန်သပ်လိုက်သည်။ တစ်ချိန်တည်း၌ ကြယ်စေစားရာခြေလှမ်းနှင့် ဝုစ်သံမဏိဓားအား အသုံးပြုကာ ပြန်လည်တိုက်စစ်ဆင်လိုက်လေ၏။

ခလွမ်း.....

သတ္ထုချင်းထိခိုက်သံက အမှောင်ထဲမှ ထွက်ပေါ်လာသည်။ ထိထိချင်း လုပ်ကြံသူအမျိုးသမီး၏ဓားက နှစ်ပိုင်းဖြစ်သွားခဲ့သည်။ အသွားထက်လှသည့် ဓားဖျားက တစ်ဖက်လူ၏ အင်္ကျီစအား ထိုးဖောက်ကာ လက်မောင်းသားဖြူလွှလွှအား အနည်းငယ်ပြတ်ရှစေခဲ့လေသည်။

၀မ်ချောင်မှ တစ်ဖက်လူအား မစစ်ဆေးနိုင်မှီ ဘမ်း.. ၀မ်ချောင်၏ ရင်ဘတ်ပေါ်သို့ လက်ဝါးချက် ကျလာခဲ့ကာ ပြင်းထန်လွန်းသည့်အားကြောင့် ၀မ်ချောင် အနောက်သို့ လွင့်စင်သွားခဲ့သည်။ နံရံနှင့် အပြင်းအထန်တိုက်မိကာ ပါးစပ်အပြည့် သွေးအန်လိုက်ရ၏။ ဒဏ်ရာအတန်အသင့် ရခဲ့ပြီးနောက် သူ၏မျက်နှာက ဖြူသထက် ဖြူလာခဲ့သည်။

“ ဘယ်လိုတောင် ထက်လိုက်တဲ့ ဓားလဲ.. ”

အမှောင်ထုထဲ၌ လုပ်ကြံသူအမျိုးသမီးက သူမ၏ လက်မောင်းပေါ်မှ ပြတ်ရှရာအား ကြည့်လိုက်သည်။ သူမ၏ အကြည့်က ၀မ်ချောင်၏လက်ထဲရှိ ဝုစ်သံမဏိဓားထံ ကျရောက်လာပြီး သူမ၏ မျက်၀န်းထဲ၌ အလင်းရောင်တစ်ချက်လက်သွားခဲ့သည်။

“ မဟာထန်မှာ ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင် ပေါ်လာတယ်လို့ ပြောတာ ငါကြားခဲ့ရပေမဲ့ အဲ့ဒီ သတင်းကို ငါလုံး၀ မယုံခဲ့ဘူး.. ကြည့်ရတာ နင်က အဲ့ဒီတစ်ယောက်ပဲ ဖြစ်ရမယ်.. --- မေးပါရစေဦး.. နင်က ဒီလိုဓားတွေကို သွန်းလုပ်နိုင်တာလား.. ”

လုပ်ကြံသူအမျိုးသမီးမှ လက်ကောက်၀တ်အား လှုပ်ရှားလိုက်ရာ သူမ၏လက်ထဲတွင် ရွမ်စက္ကူတစ်ရွက် ပေါ်လာခဲ့သည်။ စာရွက်ပေါ်၌ ၀မ်ချောင် မကြားသေးမှီက ရေးဆွဲထားခဲ့သည့် ခုနစ်ပေရှည်သည့် ဓားတစ်လက်၏ ပုံကြမ်း ရှိနေ၏။

တိုက်ခိုက်ကြပြီးနောက် လုပ်ကြံသူအမျိုးသမီးမှ ၀မ်ချောင်အား ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။ ထိုအစား အရေးမပါဟု ထင်ရသည့် ဓားပုံကြမ်းကို ကြည့်နေကာ မေးလိုက်သည်။ အကယ်၍ ဤအခြင်းအရာအား အခြားသူများ ကြားသိရလျှင် လက်ခံနိုင်မည် မဟုတ်။

သို့သော် ထိုအရာက ၀မ်ချောင်အတွက်တော့ ပြဿနာမဟုတ်ပေ။

စင်္ကြာသဏ္ဍာန် ဓားမြောင်သုံးခုအား ကြည့်နေရင်း ၀မ်ချောင်၏ စိတ်ထဲမှာတော့ ကသောင်းကနင်း ဖြစ်နေချေပြီ။

“ ကံတရားပဲ ထင်ပါတယ်.. ”

၀မ်ချောင် သက်ပြင်းချလိုက်သည်။

ထိုကဲ့သို့သော ဆန်းကြယ်သည့်လက်နက်မှာ အလယ်ပိုင်းလွင်ပြင်၌ မရှိပေ။ ဆိုရလျှင် ကုန်းမြေတိုက်ကြီးတစ်ခုလုံး၌ ခဲရပ်စပါစီနူဖြစ်စေ အာဘတ်စစ်စော်ဘွားနယ်ဖြစ်စေ မည်သူမှ ထိုသို့သော လက်နက်အား အသုံးမပြုကြချေ။

၀မ်ချောင်၏ မှတ်ဉာဏ်များအရ နေရာတစ်ခုမှ လူများသာ ထိုသို့သော လက်နက်အား အသုံးပြုကြသည်။ အခြားအချိန်နှင့် ဟင်းလင်းပြင် မတူညီသည့်စကြ၀ဠာ၌ ထိုနေရာအား ဂျပန်ဟု အများက သိကြသည်။ ဤကမ္ဘာ၌မူ ထိုနေရာအား အရှေ့ကျွန်းစုဆယ်ခုဟု ခေါ်ဆိုကြသည်။ အရှေ့ပင်လယ်၌ ကျွန်းစုပေါင်းဆယ်ခုရှိပြီး သက်ဦဆံပိုင်ဧကရီအုပ်ချုပ်မှုဖြင့် စိုးမိုးထားသည်။ သိုင်းပညာအား အလေးထားသည့် နိုင်ငံဖြစ်ကာ သိုင်းပညာရှင်များအပေါ် အလွန် ရိုသေလေးစားသည်။

၀မ်ချောင်မှာ ဂျပန်ခါတားနားအား အခြေပြု၍ ဆန်းသစ်ထားသည့် ခုနစ်ပေရှည်သည့်ဓားက အခြားကမ္ဘာမှ ဂျပန်နိုင်ငံနှင့် နေရာချင်းတူညီသည့် အရှေ့ကျွန်းစုမှ လုပ်ကြံသူအမျိုးသမီးအား ဆွဲဆောင်နိုင်လိမ့်မည်ဟု လုံး၀ ထင်မထားခဲ့ချေ။

ထိုအရာက ကံတရားသာ ဖြစ်ရပေမည်။

ထိုအချက်ကြောင့် ၀မ်ချောင် အခန်းထဲ ၀င်လာသည်နှင့် သတ်ဖြတ်ခြင်းမပြုခြင်း ဖြစ်ရပေမည်။

“ ဟုတ်တယ်.. ”

၀မ်ချောင်၏ ခေါင်းထဲ၌ အတွေးပေါင်းသောင်းခြောက်ထောင် ဖြစ်တည်နေသော်လည်း ပြန်ဖြေရန် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိပေ။

၀မ်ချောင်၏ အဖြေစကားအားကြားလျှင် လုပ်ကြံသူအမျိုးသမီးက ၀မ်ချောင်အား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်၀န်းထဲ၌ ရှုပ်ထွေးနေသည့် အမူအရာများ ဖြစ်ပေါ်လာပြီး များမကြာမှီ ရေခဲကဲ့သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

“ ဓားကရှည်လေလေ တိုက်ပွဲမှာ အလွယ်တူကျိုးပဲ့နိုင်လေပဲ.. နင့်ရဲ့ဓားက ခုနစ်ပေတောင်ရှိပြီး လူတစ်ရပ်ထက်တောင် မြင့်သေးတယ်.. ဒီလိုဓားက အလွယ်တကူ ချိုးလို့ရတယ်.. တကယ်လို့ နင်က ဓားကို ပိုမာကျောအောင် လုပ်မယ်ဆိုရင်လဲ.. ပိုကြွပ်ဆပ်သွားလိမ့်မယ်.. ဒီပြဿနာကို နင်ဘယ်လို ဖြေရှင်းမယ် စဉ်းစားထားလဲ... ”

လုပ်ကြံသူအမျိုးသမီး၏ လေသံက တည်ငြိမ်နေသော်လည်း ၀မ်ချောင်မှ ထိုအသံထဲမှ သတ်ဖြတ်လိုစိတ်အား ခံစားနိသည်။ ကြည့်ရသည်မှာ အကယ်၍ ၀မ်ချောင်၏ စကားထဲမှ အနည်းငယ်သော အမှားအယွင်းအား ကြားမိလျှင် သူမ၏ ဓားက သူ့ကိုယ်ထဲ ထိုးစိုက်ပြီး ဖြစ်နေချေမည်။

သို့တိုင် ၀မ်ချောင်က ကြောက်ရွံ့ခြင်းမရှိပေ။

“ ဟားဟား.. မင်းယုံချင်ယုံ မယုံချင်နေ ငါက လုပ်နိုင်တယ်လို့ ပြောရင် ငါတကယ် လုပ်နိုင်လို့ပဲ.. ”

၀မ်ချောင် အူလှိုက်သဲလှိုက်ရယ်မောလိုက်သည်။ ယုံကြည်မှုက သူ၏ အမူအရာ၌ ပေါ်လွင်နေလေ၏။

ဓားတစ်လက်မှ ရှည်လျားပါက ပိုမို ကျိုးလွယ်လေသည်။ ထိုအရာက ဓားရှည်သွန်းလုပ်ရာ၌ ကြုံတွေ့ရသည့် မဟာပြဿနာတစ်ရပ်ဖြစ်လေ၏။ ၀မ်ချောင် မတိုင်ခင် မည်သူကမှ ဓားရှည်သွန်းလုပ်ရန် စဉ်းစားဖူးပုံမရချေ။ သို့သော် ထိုအရာက ဓားရှည်၏ အလေးချိန်နှင့် ကျိုးလွယ်မှု ပြဿနာအား မည်သူမှ မဖြေရှင်းနိုင်သေး၍သာ ဖြစ်သည်။

လုပ်ကြံသူအမျိုးသမီးဆိုသည့်အတိုင်းပင် ထိုဓားက တိုက်ပွဲအလယ်၌ ကျိုးနိုင်ခြေများပြီး ပိုမိုမာကျောစေရန် ကြိုးပမ်းမည်ဆိုပါကလည်း ဓားရှည်က ကျွပ်ဆတ်ဆတ်ဖြစ်သွားပေလိမ့်မည်။ အကယ်၌ ၀မ်ချောင်မှ ထိုပြဿနာအား ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဓားရှည်သွန်းလုပ်ခြင်းက မည်သည့် အဓိပ္ပာယ်မှ မရှိတော့ချေ။

မည်သို့ဆိုစေ ၀မ်ချောင်အတွက် ထိုသည်က ပြဿနာမဟုတ်။

၀မ်ချောင်က ထိုအခြေအနေအား ကျော်လွှားနိုင်သည့် ဆန်းကြယ်သည့် သွန်းလုပ်ခြင်းနည်းပညာတစ်ခုအား သိရှိထားသည်။ ထိုနည်းလမ်းအား ‘ မီးတောက်ကုသခြင်း ’ဟု ခေါ်ဆိုကြသည်။ ထိုအရာက လက်နက်၏ ခံနိုင်ရည်အား အလွန်တိုးပွားစေသည်။ သွန်းလုပ်ခြင်းလုပ်ငန်းစဉ်၌ အခြားနည်းပညာများဖြင့် ပေါင်းစပ်လိုက်လျှင် ထိုပြဿနာက ဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်။

မည်သို့ဆိုစေ ၀မ်ချောင် အနေဖြင့် လုပ်ကြံသူအမျိုးသမီးအား ပြောပြလိမ့်မည် မဟုတ်။

လက်ရှိ ဤကမ္ဘာ၌ ၀မ်ချောင် မှ လွဲ၍ ထိုနည်းပညာအား သိရှိသူမရှိလေရာ မည်သူက ဓားရှည်သွန်းလုပ်နိုင်မည်နည်း။ ထို သွန်းလုပ်ခြင်းနည်းပညာမှာ ၀မ်ချောင် တစ်ယောက်တည်း အတွက်သာ ဖြစ်ပေသည်။

အကယ်၌ ၀မ်ချောင်မှာ ယုံကြည်ချက်အပြည့်အ၀မရှိလျှင် ထိုကဲ့သို့သော ခုနစ်ပေရှည်သည့် ဓားရှည်အား ပုံကြမ်းထုတ်မည် မဟုတ်ပေ။

အနက်၀တ်လုပ်ကြံသူအမျိုးသမီးမှ ၀မ်ချောင်အား စူးရဲစွာ ကြည့်နေပြီး ၀မ်ချောင်၏ စကားထဲမှ အမှားရှာဖွေနေသည်။ ၀မ်ချောင်သည်လည်း သူမ၏ အကြည့်အား ရှောင်ဖယ်ခြင်းမပြုယုံမက ပြန်လည်၍ စိုက်ကြည့်လိုက်သည်။

“ ဟမ့်.. ဒါဆိုရင်တော့ ကမ္ဘာ့အဆင့်တစ် ပန်းပဲသခင်ရေ နင့်ကို ငါ့နောက်လိုက်လာဖို့ ဒုက္ခပေးရတော့မှာပဲ.. နင်သာ ငါ့ကို ဒီလိုလက်နက်မျိုး သွန်းလုပ်ပေးမယ်ဆိုရင် မနာမကျင်ပဲ သေရဖို့ ငါအာမခံတယ်..--- အကူအညီတောင်းဖို့ အော်ဖို့ မစဉ်းစားလိုက်နဲ့နော်.. နင့်မှာ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ဘူး.. ဒီတစ်ခါ ငါနင့်ကို နံရံဆီပဲ ပစ်ပေါက်လိုက်တာ နောက်တစ်ခါဆိုရင်တော့ ငါဘာလုပ်မိမလဲ ငါကိုယ်တိုင်တောင် မတွေးရဲဘူး.. ”

လုပ်ကြံသူအမျိုးသမီးက သူမ၏ညာဘက်လက်ထဲရှိ ဓားကျိုးအား မြောက်ကာ ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူမ၏ ဘယ်ဘက်လက်အား ဆန့်ထုတ်ကာ သူမ၏ လက်ချောင်းများကြားထဲ၌ စင်္ကြလေးများ ပေါ်လာခဲ့သည်။ သူမက ၀မ်ချောင်အား ပြန်ပေးဆွဲကာ ဓားသွန်းလုပ်စေရန် ဆုံးဖြတ်ပြီး ဖြစ်ဟန်ရသည်။

၀မ်ချောင်က သူမ၏ ဓားအား နှစ်ပိုင်းဖြတ်ပစ်လိုက်ခြင်းအပေါ် သူမ စိုးရိမ်စိတ် လုံး၀ မဖြစ်ပေါ်လာပေ။ ၀မ်ချောင်သည်လည်း သူမ၏ လက်ဝါးချက်တစ်ချက်အား ခံစားထားရသည် မဟုတ်လား။ ၀မ်ချောင်၏ အကောင်းမွန်ဆုံးအခြေအနေ၌ပင် သူမ၏ ပြိုင်ဘက်မဖြစ်နိုင်ရာ သူ၏ လက်ရှိ အခြေအနေနှင့် ဆိုပါက ဆိုဖွယ်ရာပင်မရှိ။

ဓားကျိုးမှာ ၀မ်ချောင်အား သတ်ဖြတ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေချေသေးသည်။

ပေါ့ပါးသည့် ခြေလှမ်းဖြင့် လုပ်ကြံသူအမျိုးသမိးက ၀မ်ချောင်ထံ လျှောက်လှမ်းသွားလိုက်သည်။ သူမ၏ ခြေလှမ်းများက ညင်သာပြီး ၀မ်ချောင်အား သူမ၏ လက်ခုပ်ထဲမှ ရေအဖြစ် သတ်မှတ်ထားပြီး ဖြစ်ဟန်တူသည်။

“ ဟမ့်.. မင်းက သေဖို့နီးနေတာကို မသိသေးဘူးပဲ.. ဒါတောင်မှ မင်းက ငါ့ကို ဓားသွန်းလုပ်ခိုင်းဖို့ တွေးနေသေးတယ်.. ”

ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ၀မ်ချောင် ကောက်ကာငင်ကာ ရယ်လိုက်သည်။

“ နင် ဘာမှ ကြိုးစားမနေနဲ့တော့.. နင့်စကားတွေကို ငါယုံမယ်များ ထင်နေလား... ”

လုပ်ကြံသူ အမျိုးသမီး လှောင်ပြောင်လိုက်သည်။ သူမ၏ ခြေလှမ်းက နှေးသွားခြင်းအလျဉ်းမရှိ ၀မ်ချောင်ထံသို့ တရွေ့ရွေ့ ချဉ်းကပ်လာသည်။

“ ဟမ့်.. မင်း ဒီလို တုံပြန်လာမယ်ဆိုတာ ငါသိသားပဲ.. တကယ်လို့ ငါသာ မမှားရင် မင်းလေ့ကျင့်တာက တစ္ဆေခြေလှမ်းပဲ ဖြစ်ရမယ်.. ဟုတ်စ ”

ရယ်နေရင်းဖြင့် ၀မ်ချောင် ပြောလိုက်သည်။

၀မ်....

ထိုအချိန်၌ လုပ်ကြံသူအမျိုးသမီးမှာ ၀မ်ချောင်အား လှောင်ပြောင်နေသော်လည်း ၀မ်ချောင်၏ ‘ တစ္ဆေခြေလှမ်း ’ဟူသည့် စကားအားကြားလျှင် သူမ တုန်လှုပ်ကာ ရပ်တန့်သွားသည်။

“ တစ္ဆေခြေလှမ်းက မင်းကို အမှောင်ထဲမှာ အနှောင့်အယှက် ကင်းကင်းနဲ့ လှုပ်ရှားနိုင်စေတယ်.. မင်းက ဒီကျင့်စဉ်ကိုသုံးပြီး ငါ့စာကြည့်ခန်းထဲ ခိုး၀င်လာတာပဲ ဖြစ်ရမယ်..မင်းက ဒီ တစ္ဆေခြေလှမ်းကို ဘယ်က သင်ယူလာတယ်ဆိုတာငါမသိပေမဲ့ ဘာလို့ တစ္ဆေခြေလှမ်းက တစ်ခြားကျင့်စဉ်တွေလောက်တောင် အသုံးမများတာလဲဆိုတာ မင်းတကယ်မသိတာလား... ဒီကျင့်စဉ်ကို မင်းကျွမ်းကျင်လေ မင်းသေဖို့ ပိုနီးလေပဲ.. ”

“ မင်းက သချိုင်းကို ခြေတစ်ဖက်လှမ်းနေပြီးပြီ.. ဒါတောင်မှ ငါ့ကို ပြန်ပေးဆွဲပြီး ဓားသွန်းခိုင်းဦးမယ်.. ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ.. ”

၀မ်ချောင်၏ မျက်လုံးမှ ရယ်ချင်စိတ်အား အတိုင်းသားမြင်ရနိုင်သည်။ အရှေ့ကျွန်းစုမှ လုပ်ကြံသူအမျိုးသမီးအား သူ ကြည့်နေသည့်အကြည့််က လူသေအလောင်းအား ကြည့်နေသည်နှင့် မခြားနားပေ။

မဟာထန်သည့် ကြွယ်၀ကာ စွမ်းအားကြီးသည်။ သံလိုက်ကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းရှိ များပြားစွာသော စွမ်းအားကြီးသူများနှင့် အင်အားစုများအား ဆွဲဆောင်လျက်ရှိသည်။

မြို့တော်၏ အပေါ်ယံ တည်ငြိမ်အေးချမ်းသည့် နောက်ကွယ်ရှိ အရိပ်ထဲ၌ ရေတွက်မရသည့် အင်အားများက ပုန်းအောင်းနေကြသည်။ ထို အရှေ့ကျွန်းစုမှ လုပ်ကြံသူမိန်းမပျိုသည်လည်း ထိုသူများထဲမှ တစ်ဦး ဖြစ်ပေလိမ့်မည်။

သူမ၏ နောက်ကြောင်းအား ဖုံးကွယ်၍ အခြားသူများ၏ မျက်စိအောက်မှ ပုန်းကွယ်ရန် ထိုအင်အားစုများထဲမှ တစ်ခုသို့ ၀င်ကာ လုပ်ကြံရေးကျင့်စဉ်အား သင်ယူခဲ့ခြင်း ဖြစ်ရပေမည်။

တစ္ဆေခြေလှမ်းမှာ စွမ်းအားကြီးသည်သည်မှန်သော်လည်း အားနည်းချက်ကြီး ရှိလေသည်။

မည်သည့်အင်အားစုက သူမအား လက်ခံထားသည်ဖြစ်စေ ထိုအင်အားစုက သူမအား အသက်ရှည်ရှည်နေရစေရန် ရည်ရွယ်ချက်ရှိပုံ မရချေ။

“ နင် အဓိပ္ပာယ်မရှိတာ မပြောနဲ့... ”

အရှေ့ကျွန်းစုမှ လုပ်ကြံသူမိန်းမပျို၏အသံက အေးစက်သွားပြီး သူမ၏ သတ်ဖြတ်လိုစိတ်သည်လည်း ပိုမို ပြင်းထန်လာခဲ့သည်။ အခန်းတွင်းရှိ အပူချိန်သည်လည်း ကျဆင်းလာကာ ၀မ်ချောင်မှာ သူ့ကိုယ်သူ ရေခဲအခန်းထဲ ရောက်နေသည်က ထင်လိုက်မိသည်။

အရှေ့ကျွန်းစုမှ လုပ်ကြံသူမိန်းမပျို၏ အငွေ့အသက်က ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ယခင်ကထက် ပိုမို စွမ်းအားပြည့်၀လာသည်သာမက ဓားတစ်ချောင်းနှင့်ပင် အလားသဏ္ဍာန်တူနေသည်။

၀မ်ချောင်၏ ထောက်ပြမှုက ချက်ကောင်းထိသွားသည်။ လုပ်ကြံသူ မိန်းမပျိုမှာ သူမ၏ စွမ်းရည်အား ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။ သူမ၏ စွမ်းရည်အစစ်အမှန်မှာ ဆေဘာ ဖြစ်ပေသည်။

“ ငါက အဓိပ္ပာယ်မရှိတာပြောတယ်ဟုတ်လား.. ဒါဆိုရင် မင်းရဲ့ မူလစွမ်းအင်တွေကို လှည့်ပတ်ကြည့်လိုက်လေ.. တစ္ဆေခြေလှမ်းကျင့်စဉ်အတိုင်း ကျင့်ကြံကြည့်လိုက်.. ပြီးတော့ ကျီဖုနဲ့ ဒန်ဇောင် အကြောကို ဖြတ်သွားလိုက်... အဲ့ဒီအခါ ကျူကျူးနဲ့ ဖုန်းကျီ အကြောမှာ ဘာဖြစ်လဲဆိုတာ ကိုယ့်ဟာကိုယ်ပဲ စမ်းစစ်လိုက်ပါ... ”

နံရံအား ကျောမှီလိုက်ကာ ၀မ်ချောင် နှာမှုတ်လိုက်သည်။

၀မ်.....

လုပ်ကြံသူမိန်းမပျိုမှာ ၀မ်ချောင်အား အယုံအကြည်မရှိသည့်တိုင် သူမက ၀မ်ချောင် ပြောသည့် နည်းလမ်းအတိုင်း မူလစွမ်းအင်အား သတိရှိရှိဖြင့် လှည့်ပတ်လိုက်သည်။ ၀မ်.. သူမ၏ ခန္ဓာကိုယ်မှ အမဲရောင်အငွေ့အသက်က ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ လူသေတစ်ဦးကဲ့သို့ လုပ်ကြံသူ၏ ပုံရိပ် ေ၀၀ါးလာပြီး အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

သို့သော် များမကြာမှီ ညည်းညူသံနှင့်အတူ အမှောင်ထုအငွေ့အသက်က ပြန့်ကျဲသွားခဲ့လေ၏။ မိန်းမပျိုမှာ အခန်းထဲ၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာက အလွန်ဖြူလျော့နေပြီး ချွေးစေးများ ကျဆင်းနေသည်။

ထို အေးစက်ကာ အပြောင်းအလဲမရှိ တည်ငြိမ်သည့်မျက်၀န်းက ၀မ်ချောင်အား ကြည့်နေလျက်ရှိသည်။ ပထမဆုံးအနေဖြင့် ထိုမျက်၀န်းထဲမှ မတည်ငြိမ်မှုအား ခံစားရနိုင်သည်။

--- ၀မ်ချောင်၏ စကားများက မှန်လှသည်။ သူမ၏ မူလစွမ်းအင်အား ကျီဖူနှင့်ဒန်ဇောင် အကြောများသို့ ဖြတ်သန်း စီးဆင်းစေရာ၌ ရုတ်တရက် ကျူကျူးနှင့် ဖုန်းကျီ အကြောဆုံမှ နာကျင်လာသည်။ သူမ တစ်ကိုယ်လုံးရှိ မူလစွမ်းအင်များ ကွယ်ပျောက်လုလုပင်။

“ ဒါ အခွင့်ကောင်းပဲ.. ”

လုပ်ကြံသူမိန်းမပျို ကြောက်ရွံ့သွားသည်နှင့် ၀မ်ချောင်က သူ၏ လက်အား ကြမ်းပြင်ပေါ်ထောက်၍ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ‘ နဂါးသက်ဆင်း ’သိုင်းကွက်ဖြင့် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်လိုက်လေ၏။

Chapter 85.

ထိုက်ကျန်း ကြင်ယာတော်

ယခုသည် ၀မ်ချောင်အနေဖြင့် လောကအချုပ်အနှောင်၏ စွမ်းအားကို ပက်ပင်းကြုံဖူးခြင်းပင် ဖြစ်ပြီး ထိုစွမ်းအားကို လောက၏ ငြင်းပယ်ခြင်းဟုဆိုပါကလည်း မမှားပေ။ ကမ္ဘာလောကကြီးတစ်ခုလုံးက သူ့အား ပစ်မှတ်ထားသည်ဟုပင် သူခံစားမိသည်။

ထိုစွမ်းအား၏ ရှေ့မှောက်၌ ၀မ်ချောင်သည် အရေးမပါသည့်သဖွယ် ခံစားမိပြီး အကူအညီကင်းမဲ့ကာ ကြောက်ရွံမိသည်။

ကြည့်ရသည်မှာ ထိုအရာက တစ်ကြိမ်သာ မဟုတ်တန်ရာ။ မည်သူပင်ဖြစ်စေ လောက၏ မြင့်မားလှသည့် လှိုင်းလုံးများနှင့် ရင်ဆိုင်ရာ၌ မည်သည့် ကျင့်ကြံသူမဆို မိမိကိုယ်ကို အရေးမပါသည့် ပုရွက်ဆိတ်များသဖွယ် ခံစားမိလိမ့်မည်ဟု ၀မ်ချောင် ယုံကြည်မိသည်။

ကုတင်၏ ဘောင်တန်းအား မှီလိုက်ကာ ၀မ်ချောင် အလွန် အားနည်းနေလေ၏။ သူ့တစ်ကိုယ်လုံး ချွေးထွက်လွန်နေဆဲပင်။

“ ဒါဆိုရင် ဒါက ပြန်လည်မွေးဖွားခြင်းရဲ့ တန်ဖိုးပေါ့လေ.. ငါက လောကတစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားတာပဲ.. ကံကြမ္မာကျောက်တုံး ကြောင့်သာ မဟုတ်ရင် ငါသေသွားခဲ့တာ ကြာရောပေါ့.. ”

မျက်စိမှိတ်လိုက်ပြီး ၀မ်ချောင် တိတ်ဆိတ်စွာ တွေးတောနေသည်။ သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ခိုတွဲလာလေ၏။

နောက်ဆုံးမှာတော့ ပြန်လည်မွေးဖွားသူများ ကြုံတွေ့ရမည့် အခက်အခဲများအား ၀မ်ချောင် သိနားလည်သွားချေပြီ။ ယခုအချိန်၌ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကံကြမ္မာကျောက်တုံးသာ ဖြစ်လေတော့သည်။

လောက၏ လှိုင်းလုံးများက ရပ်နားခြင်းမရှိ သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်စားခဲ့သည်။ မည်သို့ဆိုစေ ကံကြမ္မာကျောက်တုံးမှ ထုတ်လွှတ်လိုက်သည့် အားနည်းသည့်အလင်းရောင်လေးက သူ့အား မုန်တိုင်းထဲ၌ လမ်းပြခဲ့ပြီး ကပ်ဘေးအား ကျော်လွှားနိုင်စေခဲ့သည်။

“ အခု ကံကြမ္မာစွမ်းအင် ၂၀တောင် ကုန်သွားပြီပေါ့.. ပြီးတော့ ဒါက ပထမလှိုင်းပဲ ရှိသေးတယ်.. ”

သူတွေးလိုက်သည်နှင့် ကံကြမ္မာကျောက်တုံးက သူ၏ စိတ်ထဲ၌ ထပ်မံ ပေါ်ထွက်လာခဲ့သည်။

[ သတိပေးချက်.. ]

[ ကံကြမ္မာစွမ်းအင် ၅မှတ်သာ ကျန်ရှိပါတော့သည်။ ]

[ လာမည့် လောကအချုပ်အနှောင်၏ ရေတွက်မှု - သုံးလ ]

[ လိုအပ်သည့် ကံကြမ္မာစွမ်းအင် - ၃၀မှတ် ]

.....

သူ၏ စိတ်ထဲ ၀င်ရောက်လာသည့် အချက်အလက်များအား ၀မ်ချောင် ဖတ်နေရင်း မသက်မသာ ပြုံးလိုက်မိသည်။ ထိုအရာက သူထင်မှတ်ထားသည့် အတိုင်းပင်။ လောကအချုပ်အနှောင်အား ပယ်ဖျက်ရန် လိုအပ်သည့် ကံကြမ္မာစွမ်းအင်ကလည်း ၂၅မှတ်မှ ၃၀မှတ်သို့ ပြောင်းလဲသွားပေပြီ။

ကြမ်းပြင်၌ ထိုင်နေရင်း ၀မ်ချောင်၏ ကိုယ်ခံအားများ တဖြည်းဖြည်း ပြန်လည် ပြည့်တင်းလာသည်။ ထို့နောက် ဆန်းကြယ်သည့် ခံစားချက်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ဖြစ်တည်လာ၏။ ရုတ်ချည်း မရင်းနှီးသည့် စွမ်းအင် လှိုင်းလုံးများက တစ်လုံးပြီးတစ်လုံး သူ၏ မွေးညှင်းပေါက်များ၊ ကြွက်သွားများနှင့် အရေပြားအောက်တွင် တစ်စစီ ပေါက်ကွဲနေကြသည်။

သူ၏ ကိုယ်ခံအား ပြန်လည်ပြည့်တင်းလာခြင်းနှင့်အတူ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများလည်း တိုးပွားလာသည်အား သူခံစားမိလိုက်သည်။ ထို့အပြင် ထိုစွမ်းအင်များက မယုံနိုင်လောက်အောင် စိမ့်၀င်နိုင်စွမ်း ရှိပုံရသည်။ သူ၏ အရေပြားမှတစ်ဆင့် ကြွက်သားများ အရိုးများ ခြင်ဆီများအထိ စိမ့်၀င်နေကာ ၀မ်ချောင်၏ အရိုး၊ မရီဒျာန်နှင့် သူ၏ ကြွက်သားများအား သန်မာစေလေသည်။

“ ဟမ်... ဒါက.. ”

၀မ်ချောင် သတိ၀င်လာ၏။ များမကြာမှီ နားလည်သွားခဲ့သည်။ ကံကြမ္မာကျောက်တုံးမှ လောကအချုပ်အနှောင်အား တစ်ကြိမ် ကျော်ဖြတ်နိုင်သည်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာ ပိုမို သန်မာလာလိမ့်မည်ဟု ပြောဆိုဖူးသည်။

ထိုသို့ တွေးမိပြီး ၀မ်ချောင် ပျော်ရွှင်သွားသည်။ ချက်ချင်းလက်ငင်း မတ်တပ်ရပ်လိုက်ပြီး ကြယ်စေစားရာခြေလှမ်းအား ထုတ်ဖော်ကာ ဒေါသလက်သီး ကျင့်စဉ်အား ကျင့်ကြံလိုက်သည်။ ဘန်း ဘန်း ဘန်း.. အခန်းထဲ၌ လေလှိုင်းများ ပေါက်ကွဲနေပြီး လေထဲ၌ လေစီးကြောင်းများ ဖြစ်ပေါ်လာသည်။

၀မ်ချောင် တွေးထားသည့်အတိုင်းပင်။ ဒေါသလက်သီးအား ထုတ်ဖော်လိုက်သည့်အချိန်၌ သူ၏ လွင့်ပါးသွားသည့် စွမ်းအင်များထက် သူ၏ ခန္ဓာကိုယ်ထဲ ၀င်လာသည့်နှုန်းက ပိုမြန်နေချေပြီ။ သွေးကြောများထဲမှ စွမ်းအားများအား အရိုးများက စုပ်ယူနေသည်ကို ၀မ်ချောင် ခံစားမိနေပြီး အလျင်အမြန် ခွန်အား တိုးလာခဲ့သည်။

“ ဒါက လောကရဲ့စွမ်းအားကနေ ကျန်ခဲ့တဲ့ အကျိုးအမြတ်လေးပေါ့.. ”

၀မ်ချောင် အလွန် ပျော်ရွှင်သွား၏။ လောက၏ ကြီးမြတ်သည့်စွမ်းအားကို ပြန်လည်အမှတ်ရရင်း အကယ်၍ ကံကြမ္မာကျောက်တုံးမှ ထုတ်လွှတ်လိုက်သည့် အဝါရောင် အကာအရံက လောက၏စွမ်အား အချို့အား သိမ်းဆည်းပေး၍ သူ့ထံ တိုက်ရိုက် လွဲပေးနိုင်ခဲ့လျှင် မည်ကဲ့သို့ ဖြစ်လာမည်ကို သူသိချင်မိသည်။

“ ငါတွေးတဲ့အတိုင်းသာ ဖြစ်လာရင်တော့.. လောကအချုပ်အနှောင်က ငါထင်သလောက် မဆိုးပါဘူး.. ”

၀မ်ချောင် ပြုံးလိုက်သည်။ သူ၏ အာရုံအား သိုင်းကျင့်ရာ၌ ထည့်လိုက်ပြီး ခံစားမှုအလုံးစုံအား ဒေါသလက်သီးလေ့ကျင့်ရာ၌ စုစည်းထားလိုက်သည်။

အခန်းထဲ၌ အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးလာလေ၏။

ခလွပ်...

ပဲစေ့များ အညှောင့်ထွက်လာသကဲ့သို့ အရိုးများထဲမှ ကျိုးကျေသံများအား ကြားလိုက်ရသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုသည်က သူ တစ်ဆို့နေသည့်အရာက ကျိုးပျက်သွားခဲ့ပြီး သူ၏ ခွန်အားများလည်း တစ်မုဟုတ်ချင်း ပွားများလာသည်ဟု ဆိုလိုသည် မဟုတ်လား။

“ ကျားသစ်အရိုး အဆင့် ၂.. ”

မြူးကြွကာ လန်းဆန်းနေပြီး ၀မ်ချောင်မှာ သူ၏ ခွန်အားများသာလျှင် တိုးပွားလာလည်မဟုတ်ပဲ အရှေ့ကျွန်းစုမှ လုပ်ကြံသူ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ထားသည့် အတွင်းဒဏ်ရာများလည်း ပျောက်ကင်းသွားသလို သူ၏ ကျင့်ကြံခြင်းသည်လည်း သိသာထင်ရှားစွာ မြင့်တက်လာပေသည်။

ယခုတွင် သူက ‘ ကျားသစ်အရိုးအဆင့်၂ ’သို့ ရောက်ရှိနေပြီဖြစ်ကာ ထိုအရာက မူလစွမ်းအင် အဆင့်၆ မတိုင်ခင် ဖြတ်ကျော်ရမည့် အရာ ဖြစ်ပေသည်။

မောပန်းနွမ်းနယ်စွာဖြင့် ရောင်နီလာချိန်၌ ၀မ်ချောင် အိပ်မောကျသွားခဲ့ရသည်။

.........

“ အမေ... သမီး ပြန်ရောက်ပြီ.. ”

နောက်တစ်ရက်၌ ၀မ်ချောင်နှင့် ၀မ်သခင်မကြီးတို့ စားသောက်နေစဉ်တွင် အသက်၀င်လှသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တံခါးပွင့်လာပြီး ၀မ်ချောင်၏ ညီမငယ်က ကောင်းကင်အား ထိုးဖောက်လိုသည့် ချိုသဏ္ဍာန် ကျစ်ဆံမြီးနှစ်ခု ခေါင်းထက်၌ ပျံဝဲနေပြီး ပြေး၀င်လာလေသည်။ သူမ လမ်းလျှောက်လာရင်း ၀မ်ကွဲအစ်မပေးလိုက်သည့် ကြက်ပေါင်တစ်ချောင်အား ကိုက်ထားသေးသည်။

“ အစ်ကို.. မနေ့ညက လူဆိုးတွေ ငါတို့အိမ်ကို ရောက်လာသေးတယ်ဟုတ်လား.. သူတို့ ဘယ်မှာလဲ.. ဘယ်ရောက်သွားပြီလဲ.. ငါသူတို့ကို ရိုက်ပစ်မယ်.. ”

၀မ်မိသားစု၏ ညီမငယ်မှာ ပါးစပ်တွင် ကြက်ပေါက်ကိုက်လျက်သားဖြင့် ဒေါသတကြီး ပတ်၀န်းကျင်အား ရှာဖွေနေကာ လက်သီးလက်မောင်းတန်းလျက် သူမ၏ သန်မာမှုအား ထုတ်ဖော်ပြလျက်နေသည်။

“ နင်က ငါတို့ အစ်မ၀မ်းကွဲနဲ့ လျောက်လည်နေကတည်းက အလုပ်ရှုပ်နေတာမလား... တကယ်လို့ ငါတို့သာ နင့်ကို စောင့်နေရင် လူဆိုးတွေ လွတ်သွားတာ ကြာရောပေါ့... ”

၀မ်ချောင် သူ၏ညီမငယ်အား ကြည့်လိုက်ကာ ဆိုဆုံးမလိုက်သည်။

ရက်အနည်းငယ် ပျောက်နေပြီးနောက် သူ၏ ညီမငယ်က အတော်လေး ပြောင်းလဲသွားသယောင်ပင်။ သူမ၏ ခါး၌ အသံမြည်သည့် ကစားစရာဗုံလေးအား ချိတ်ထားပြီး သူမ၏ ဖိနပ်မှာလည်း ကြိုးကြာပုံ ပန်းထိုးထားကာ ငွေခေါင်းလောင်းလေးများဖြင့် အလှဆင်ထားသည်။ သူမ၏ နောက်၌ စွန်ပျံတစ်ခုပင် ရှိနေသေးသည်။

---- ကြည့်ရသည်မှာ သူမအား ၀မ်ချောင်မှ ရွှေတုံး တစ်ရာပေးလိုက်ကတည်းက မအားလပ်တော့ဟန်ရသည်။ သူမက ထိုငွေများအား ဤအချိန်အတွင်း လွတ်လွတ်လပ်လပ် သုံးနေဟန်ရ၏။

၀မ်ချောင်၏ ဆိုဆုံးမသည့်စကားအား ကြားသည်နှင့် ၀မ်ရှောင်းယောင် လျှာထုတ်ပြကာ သူမ မိခင်၏ ဘေး၌ ၀င်ထိုင်လိုက်သည်။ သူမ၏ မျက်၀န်းသည် စားပွဲတစ်ခုလုံးအား စမ်းစစ်လိုက်ပြီး တူတစ်ခုအား ကောက်ယူကာ စားပွဲပေါ်ရှိ ဘဲကင်အား ပျော်ရွင်စွာ စားသောက်နေတော့သည်။

“ အစားကြီးတယ်.. အဆော့မက်တယ်.. နင် ဘာမှ မပြောင်းလဲသေးဘူးပဲ.. ”

၀မ်ချောင် ခေါင်းခါမိလေ၏။ သူ၏ ညီမငယ်အား ကြည့်နေရင်း ကူကယ်ရာမဲ့သလို ခံစားလိုက်မိသည်။

သူ့ညီမငယ်၏ ပါရမီအရ အကယ်၍ သူမသာ ကျင့်ကြံခြင်း၌ အနည်းငယ် အားစိုက်ခဲ့လျှင်ပင် မြို့တော်၌ သူမအား ယှဉ်နိုင်မည့်သူ ရှိအံ့မထင်။

မည်သို့ဆိုစေ သူ၏ ညီမငယ်မှာ ဆယ်နှစ်သမီးသာ ရှိသေး၏။ ကစားသန်ခြင်းနှင့် အစားမက်မှာ သူမ သဘာ၀၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ၀မ်ချောင် ပြောင်းလဲပေးနိုင်မည့်အရာ မဟုတ်ချေ။

ညီမငယ်က တစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ချေ။ သူမ၏နောက်၌ ၀မ်းကွဲ ၀မ်ကျူးယန် ထည့်ပေးလိုက်သည့် သိုင်းပညာရှင်များလည်း ပါလာခဲ့သည်။ ထိုသူများမှာ ဦးကြီး၏ခြံ၀င်းမှ အဓိက ကာကွယ်သူများပင် ဖြစ်ကြသည်။

၀မ်ချောင်မှ ထိုသူများအား သူ့မိခင်၏ အိပ်ခန်းအဆောင် စောင့်ကြပ်ရန် တာ၀န်ခွဲပေးလိုက်ပြီး ထို၀န်းကျင်အား တစ်ရက်လုံး စောင့်ကြပ်စေရန် အချိန် ခွဲပေးလိုက်သည်။

“ ဟုတ်သားပဲ.. အစ်ကို....... ”

စားသောက်ပြီးစီးသွားသည့်အခါ၌ ညီမငယ်မှ ရုတ်တရက် ၀မ်ချောင်အား ကြည့်ကာ ဝေခွဲမရဟန်ဖြင့်...

“ ရှန့်ဟိုင်နဲ့ မုန့်လုံပြောတာ နင်ရွှေတုံး ၆သိန်း ရထားတယ်ဆို.. ငါ့ကို ပြ ငါ့ကို ပြ... ”

သူမက ၀မ်ချောင်၏ လက်မောင်းအား ဆွဲကာ တောင်းဆိုလိုက်သည်။

“ နင် ဒီလို လုပ်မယ်ဆိုတာ ငါသိသားပဲ..... ”

၀မ်ချောင် ရယ်နေလျက်သာနေသည်။ မည်သို့ဆိုစေ သူမအား ငြင်းဆန်လိုက်မည့်အစား ချစ်မြတ်နိုးစွာဖြင့်..

“ သွားမယ်လေ.. ငါနင့်ကို ပြပေးမယ်.. ”

၀မ်မိသားစုသိုလှောင်ခန်း၏ ထောင့်၌ ရွှေတောင်အသေးလေးတစ်ခု ရှိနေ၏။ ၀မ်ရှောင်းယောင်၏ မျက်၀န်းထဲ၌ ကြယ်များဖြင့် ပြည့်နှက်နေသည်။

“ ဝါး......... အစ်ကို.. ငါတို့ ချမ်းသာပြီ...... ”

၀မ်ရှောင်းယောင် ရုတ်တရက် ရွှေတုံးများကြား ခုန်၀င်လိုက်ပြီး လူးလှိမ့်နေသည်။ စိတ်လှုပ်ရှားဖြင့် သူမ.....

“ ရွှေတွေ အများကြီးပဲ ရွှေတွေ အများကြီးပဲ.... ဒါတွေနဲ့ အစားကောင်း အသောက်ကောင်းတွေ ဘယ်လောက်တောင် ၀ယ်လို့ရမလဲ သိချင်လိုက်တာ... ”

အဆုံး၌ သူမ၏ အတွေးထဲတွင် အစားအစာများသာ ရှိလေသည်။

............

၀မ်မိသားစု၏ ကျူးကျော်ခံရမှုက မြို့တော်၌ ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့သလို တော်၀င်ရုံးတော်၌လည်း တုန်လှုပ်ဖွယ် ကိစ္စတစ်ခု ဖြစ်ပွားခဲ့လေသည်။

ထို ဖြစ်စဉ်မှာ ထိုက်ကျန်း ကြင်ယာတော်နှင့် သက်ဆိုင်သည်။

လက်ရှိ အုပ်ချုပ်သူ အင်ပါယာမင်းတရားကြီးသည် ထိုက်ကျန်းကြင်ယာတော်အား အနောက်နန်းဆောင် အပ်နှင်းလိုက်သည်က တော်၀င်ရုံးတော်တစ်ခုလုံးရှိ စုန့်ဘုရင်၊ ချီဘုရင်၊ ယောင်ကလန်၊ ၀မ်ကလန်၊ အမတ်မင်းစု၊ အမတ်မင်းဝေ၊ အမတ်မင်းကျောက် စသည်ဖြင့် စစ်တပ်အရာရှိများအားလုံးနှင့် ၀န်ကြီးများအားလုံး ထိုအရှုပ်အထွေး၌ ပါ၀င်စေခဲ့သည်။

ထိုအထဲတွင် ၀မ်ချောင်၏ ဦးကြီး ၀မ်ကျန်သည်လည်း အပါအ၀င်ဖြစ်လေသည်။

တော်၀င်ရုံးတော်တစ်ခုလုံး နှစ်ခြမ်းကွဲနေကာ တစ်ခြမ်းမှာ အင်ပါယာအရှင်၏ ဆုံးဖြတ်ချက်အား အလွန်အမင်းထောက်ခံပြီး ကျန်တစ်ဖက်မှာ ထိုအမိန့်အား သိသိသာသာ ဆန့်ကျင်နေသည်။ လာမည့် ဆယ်စုနှစ်များအတွင်း ဤကိစ္စမှာ မဟာထန်၏ အကြီးများဆုံး ပြဿနာ တစ်ခု ဖြစ်လာပေလိမ့်မည်။

မည်သည့် အင်အားစုမှ လူများဖြစ်စေ ဤဖြစ်ရပ်အပေါ် အလွန် စိတ်လှုပ်ရှားနေကြသည်။

တော်၀င်ရုံးတော်မှ အခြေအနေသည်လည်း တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာနေ၏။ ဆိုရလျှင် ပါမောက္ခနှစ်ဦးဆိုလျှင် တော်၀င်ရုံးတော်၌ပင် ထိုကိစ္စနှင့် ပက်သက်၍ အငြင်းပွားခဲ့ကြပြီး နှစ်ဖက်လုံး အထိနာခဲ့ကြသည်။ အဆုံး၌ ထိုသူနှစ်ဦးစလုံး တရားရေးရာရုံးတော်၏ နန်းတော်အကျဉ်းထောင်၌ ထောင်နန်းစံလိုက်ရ၏။

အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးသည်လည်း ထိုဖြစ်ရပ်ကြောင့် လှုပ်ခတ်သွားခဲ့သည်။ လူတိုင်းက တော်၀င်ရုံးတော်မှ အခြေအနေများအား နားစွင့်နေကြသည်။

၀မ်ချောင် ခြံ၀င်းထဲ၌ ကျင့်ကြံနေရင်း တော်၀င်ရုံးတော်မှ သတင်းများအား ကြားမိချိန်၌ ခေတ္တတိတ်ဆိတ်သွားသည်။

“ နောက်ဆုံးတော့လဲ ဒီကိစ္စ ဖြစ်လာတာပဲ... ”

၀မ်ချောင် ခေါင်းမော့ကာ အမှောင်အာကာယံအား ငေးကြည့်နေသည်။ နမိတ်ဆိုးတိမ်တိုက်များက မဟာထန်အား ဝါးမြိုနေဟန်ရ၏။

၀မ်ချောင်၏ မျက်၀န်းထဲ၌ စိုးရိမ်ကြောင့်ကြမှုများ တိတ်တဆိတ် ဖြတ်ပြေးသွားသည်။

၀မ်ချောင်၏ အတွေးထဲ၌ အကြောင်းရာများစွာဖြင့် ပြည့်နှက်နေသည်။ သို့ဆိုစေ မည်သည့် အချိန်နှင့် ဟင်းလင်းပြင်၌ဖြစ်စေ တော်၀င်ကြင်ယာတော်ဝူ၏ ၇၄၀ ခုနှစ်၌ သေဆုံးခြင်း၊ မင်းသားရှော၏ ကြင်ယာတော်မှာ နန်းဆောင်မှ ဖယ်ရှားခံရကာ ‘ ကြင်ယာတော် ထိုက်ကျန်း ’အဖြစ် တင်မြှောက်ခံရခြင်းတို့က အနာဂတ်၌ အလွန် အရေးပါနေဆဲပင်။

အလယ်ပိုင်းလွင်ပြင်၏ ကြီးမြတ်သောအင်ပါယာမင်းတရားကြီး ဖြစ်သူ အမျှော်အမြင်ကြီးမားကာ ညာဏ်ရည်ပြည့်၀သည့် အင်ပါယာပြည့်ရှင်မှ ရုတ်တရက် ကိုယ်ကျင့်တရားများအား ဆန့်ကျင်ကာ ကြင်ယာတော်ထိုက်ကျန်းအား အနောက်နန်းဆောင်၌ စံစားစေသည်ကို မည်သူမှ နားမလည်နိုင်ကြချေ။

၀မ်ကလန်၏ ကျောထောက်နောက်ခံဖြစ်သည့် လွမ်းမိုးနိုင်လွန်းသူ စုန့်ဘုရင်မှ ထိုအရေးကြောင်းနှင့် ပက်သက်၍ အပြင်းအထန် ကန့်ကွက်ခဲ့သည့်အတွက် အင်ပါယာမင်းတရားကြီး၏ အမျက်တော်ရှခြင်း ခံရသေးသည်။ တဖြည်းဖြည်းနှင့် တော်၀င်ရုံးတော်၏ အရေးပါသည့်နေရာမှပင် ဖယ်ရှားခံလိုက်ရသည်။

စုန့်ဘုရင်ကဲ့သို့သော ကျောထောက်နောက်ခံ၏ ကျဆင်းမှုက ၀မ်ကလန်အတွက် အထိနာခဲ့သည်။ ပိုဆိုးသည်က ၀မ်ကလန်အနေနှင့် နိုင်ငံရေးစစ်ပွဲ၌ ဘက်ရွေးမှားခဲ့သည်ဟု ဆိုရပေမည်။

လူတိုင်းက အင်ပါယာမင်းတရားကြီး၏ ဆုံးဖြတ်ချက်အား လျော့တွက်မိခဲ့ကြသည်။

၀မ်ကလန်၏ မှားယွင်းသည့် ရပ်တည်ချက်၏ အဖိုးအခမှာတော့ ကျက်သရေ ကျဆင်းခြင်းပင် ဖြစ်တော့သည်။ အာဏာ၌ဖြစ်စေ၊ ရပ်တည်ချက်၌ ဖြစ်စေ၊ လွမ်းမိုးမှု၌ဖြစ်စေ အောက်ခြေအထိ ကျဆင်းခဲ့ပြီး ၀မ်ကလန်မှာ မဟာထန်၏ အမြင့်ဆုံးသော ထောက်တိုင်အဖြစ်မှ ဖယ်ရှားခံလိုက်ရသည်။

နိုင်ငံရေးတိုက်ပွဲထဲ၌ ခြေတစ်လှမ်းမှားမိသည်ကပင် ထင်မထားလောက်သည့် ထိခိုက်မှုများအား ဖြစ်ပေါ်စေနိုင်သည်။

ထိုအရာက ၀မ်ကလန်အတွက် မဟာကပ်ဘေးအလားပင်။

၀မ်ချောင်မှလွဲ၍ ၀မ်ကလန်ရှိမည်သူမှ အနာဂတ်အကြောင်း မသိကြချေ။

၀မ်ချောင်မှာ ထိုအချက်အား အတိအကျသိထားသည့်တိုင် လက်ရှိ သူ၏ အနေအထားဖြင့် ၀င်ရောက်စွက်ဖက်ရန် မဖြစ်နိုင်မှန်း သိပေသည်။

ထိုမုန်တိုင်း၏သက်ရောက်မှုနှင့် အကျိုးဆက်က တော်၀င်ရုံးတော်၌ မကြုံစဖူးပင်။ ထိုသို့အရေးပါသည့်အရေးကိစ္စမှာ ဆယ့်ငါးနှစ်သား၏ စကားတစ်ခွန်းဖြင့် ပြီးဆုံးသွားမည် မဟုတ်ချေ။

“ ဘိုးဘိုးကြီးရဲ့ မွေးနေ့ကို စောင့်ရမှာပဲ.. စုန့်ဘုရင်က ဘိုးဘိုးကြီးကို သေချာပေါက် ဂါရ၀လာပြုပြီး သူ့ကို ထောက်ပံ့ပေးဖို့ တောင်းဆိုမှာ သေချာတယ်.. ”

မဟာထန်၏ တော်၀င်ရုံးတော်၌ လူအိုကြီးယောင်နှင့် ၀မ်ချောင်၏ ဘိုးဘိုးကြီးတို့မှာ ကျော်ဖြတ်မရနိုင်သည့် တောင်နှစ်လုံးအလားပင်။ မည်မျှပင် အရေးကြီးပါစေ သူတို့နှစ်ဦး၏ ထင်မြင်ချက်က သက်ရောက်မှု အလွန်ကြီးမားသည်။

စုန်ု့ဘုရင်အနေဖြင့် သူ့ဘိုးဘိုးကြီး၏ မွေးနေ့ စားသောက်ပွဲ၌ ထိုအရေးနှင့်ပက်သက်၌ ထင်မြင်ချက်တောင်းဆိုမည်အား ၀မ်ချောင် အတပ်သိနေသည်။

လက်ရှိအချိန်၌ မည်သည်ကိုမှ မတတ်နိုင်သည်ကို သိရှိနေသည့်အတွက် ၀မ်ချောင် စိတ်ရှင်းလိုက်ကာ ဆက်လက် လေ့ကျင့်နေလိုက်သည်။

အနာဂတ်ရှိ ကပ်ဘေး၌ဖြစ်စေ နိုင်ငံရေးလောက၌ဖြစ်စေ သူ၏ခွန်အားကသာလျှင် မတူညီသည့်နေရာ၌ အကြီးမားဆုံး ထောက်ကူပေးမည့်အရာသာ ဖြစ်ပေသည်။

.......................................

ကြင်ယာတော် ထိုက်ကျန်း ( တာအိုအမည် ) ကို တော်၀င်ကြင်ယာတော် ယန်ယုဟွမ်းအဖြစ် လူသိများပြီး တရုတ်ရဲ့ အလှဧကရီလေးပါးထဲမှာ ပါ၀င်ပါတယ်။

ကြင်ယာတော်ထိုက်ကျန်းက အင်ပါယာရွှမ်ကျုံ့နဲ့ လက်မဆက်ခင် မင်းသားရှောလီမောင်နဲ့အရင် လက်ထပ်ပြီး မင်းသားရဲ့ကြင်ယာတော်ဖြစ်သူပါ။

အင်ပါယာရွှမ်ကျုံ့ဟာ သူမကို ချစ်ခင်ပြီး သူ့သားဆီကနေ ဖယ်ရှားကာ ထိုက်ကျန်းအဖြစ် သူမကို တာအိုကင်ပွန်းတပ်ပေးခဲ့တဲ့ သီလရှင်ကျောင်းကို ပို့ပြီးမှ နန်းတော်ကို ပြန်လည်ခေါ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေနောက်မှာ အင်ပါယာရွှမ်ကျုံ့ဟာ ယန်ယူဟွမ်းကို မင်းမှုထမ်းတွေ တားဆီးနေတဲ့ကြားက တော်ကောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့၀မ်းကွဲ ယန်ကောကျုံးကို အရေးပါတဲ့ရာထူး(လွှတ်တော်အမတ်/၀န်ကြီးချုပ်)ပေးအပ်ခဲ့ပါတယ်။ ယန်ကောကျုံးဟာ အရည်အချင်းမပြည့်မှီပေမယ့်လည်းပေါ့။ ပြီးတော့ ယန်ကောကျုံးဟာလည်း အင်ပါယာရွှမ်ကျုံ့ရဲ့ အယုံကြည်ရဆုံး လူယုံတော်ဖြစ်ခဲ့ပါတယ်။

ယန်ကောကျုံးဟာ အင်ပါယာရွှမ်ကျုံ့ရဲ့ နောက်ထပ်လူယုံတော်ဖြစ်တဲ့ အန်းလူရှမ်းနဲ့ ရန်သူတော်တွေဖြစ်ပြီး မကြာခဏ ကတောက်ကဆ ဖြစ်ကြပါတယ်။ ( အန်းလူရှမ်းက အဲ့အချိန်မှာ အလွန်အမင်းကျော်ကြားတဲ့ စစ်သူကြီးပါ ) သူတို့ကြားက ပြဿနာက တဖြည်းဖြည်းနဲ့ကြီးမားလာပြီး ( ၇၅၅-၇၆၃ ) မှာ အန်းလူရှမ်းက ဦးဆောင်ပြီး အန်းရှီပုန်ကန်မှုကို ဖြစ်ပေါ်လာစေခဲ့ပါတော့တယ်။ နောက်တော့ ယန်းပြည်နယ်ဟာ ၇၆၃ခုနှစ်မှာ ကျဆုံးခဲ့တယ်ဆိုပေမဲ့ မဟာထန်ဟာ အဲ့အချိန်မတိုင်ခင်ကတည်းကိုက အားနည်းနေခဲ့ပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ အင်ပါယာရွှမ်ကျုံးဟာ သူရဲ့ အစောပိုင်းအုပ်ချုပ်မှုကာလမှာ အမျှော်အမြင်ကြီးမားပြီး ညာဏ်ပညာထက်မြက်တဲ့ မင်းကောင်းမင်းမြတ်အဖြစ် ထင်ရှားခဲ့ပြီး ထန်မင်းဆက်ကို အထွတ်အထိပ်အထိ တွန်းပို့ပေးခဲ့သူ ဖြစ်ခဲ့ပါတယ်။

အခု ပြောသွားတဲ့ အကြောင်းအရာက မဟာထန်မင်းဆက်အပေါ် သိမြင်ထားမှု အတိုချုံးဖြစ်ပြီး အဖြစ်အပျက်အားလုံးရဲ့ အကြောင်းအရာ အတိအကျမဟုတ်ပါဘူး။ ဒီစာစဉ်မှာ သမိုင်းထဲက လူပေါင်းများစွာပါ၀င်နေတယ်ဆိုပေမဲ့ အတိအကျ ထပ်တူကျမှာတော့မဟုတ်ပါဘူး။ ဆီလျော်အောင် နောက်ခံတစ်ချို့ကိုပဲ ယူပြီး ပြန်နေရာချပြီး ရေးထားမှာပါ။

ပြီးတော့ အကျဉ်းထောင်က နှစ်ခုရှိပါတယ်။ တော်၀င်အကျဉ်းထောင်နဲ့ မြေအောက်အကျဉ်းထောင်ပါ။ တော်၀င်အကျဉ်းထောင်မှာ ထင်ရှားတဲ့ မင်းမှုထမ်းတွေကို တော်၀င်ရုံးတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ အကျဉ်းချတာပါ။အတိအကျဆိုရင်တော့ အင်ပါယာမင်းတရားကြီးပေါ့။ သာမာန်လူတန်းစားတွေက တော်၀င်အကျဉ်းထောင်မှာ ကျခံစရာအကြောင်း လုံး၀ မရှိပါဘူး။ မြေအောက်အကျဉ်းထောင်ကတော့ သာမာန် ရာဇ၀တ်သားတွေကို ချုပ်ထားတဲ့နေရာပါ။ ပုံမှန်အားဖြင့်တော့ ထောင်အတွက် တာ၀န်ရှိသူတွေက မင်းမှုထမ်းတွေပဲဖြစ်ပါတယ်။

..................

All Chapters