အခန်း (၁၃၁-၁၃၅)
Vol. 5 Ch. 131-135
Chapter 131
ဆင့်ချက်တစ်ရာဓားသိုင်းက ၀မ်ချောင် ကိုယ်တိုင် ဖန်တီးထားသည့် ကိုယ်ပိုင်ဓားသိုင်း ဖြစ်လေသည်။
ထိုဓားသိုင်းကို ဖန်တီးခဲ့ရသည့် ခံယူချက်၊ ဓားသိုင်းအတွက်လိုအပ်သည့် မရီဒျာန်၊ စွမ်းအင်စီးဆင်းမှု အရာအားလုံးက ၀မ်ချောင်၏ ခေါင်းထဲတွင် အသေးစိတ်ကအစ ရှိနေသည်။ ထိုပကြောင့် ၀မ်ချောင်က ထိုဓားသိုင်းကို အခြား သိုင်းကျမ်းများထက် ပိုမို မြန်ဆန်စွာ လေ့ကျင့်နိုင်သည်။
သစ်ပင်ကို ကျောမှီထားနေရင်း ၀မ်ချောင်က မူလစွမ်းအင်များကို ခန္ဓာကိုယ်တွင်း စတင်စီးဆင်းစေလျက် ကိုယ်တွင်း စွမ်းအင်စီးဆင်းမည့် လမ်းကြောင်းသစ်ကို စတင် ဖောက်လိုက်သည်။
လမ်းကြောင်းသစ် ဖောက်လုပ်ခြင်းက မလွယ်ကူသည့်တိုင် ၀မ်ချောင် အတွက် အတွေ့အကြုံရှိထားပြီး ဖြစ်၏။ အခြားသူများအတွက် အကြိမ်ရာချီ ထောင်ချီ ကြိုးစားမှုသာ မှန်ကန်သည့် တည်နေရာကို ရှာတွေ့နိုင်မည် ဖြစ်သော်လည်း ၀မ်ချောင်၏ ဓားသိုင်းအပေါ် အကြွင်းမဲ့ ကျွမ်းကျင်မှုအရ လွယ်ကူလွန်းလှသည်။
အများဆုံးအနေနှင့် သူ့အတွက် နှစ်ကြိမ်မှ သုံးကြိမ်ထိသာ လိုအပ်ပေလိမ့်မည်။
ဤသည်က ပညာရပ်တစ်ခုကို ဖန်တီးနိုင်ခြင်း၏ အားသာချက် ဖြစ်လေ၏။
၀မ်.....
ပေါ့ပါးသည့် အသံက ၀မ်ချောင်၏ ကိုယ်တွင်းမှ ထွက်ပေါ်လာပြီး များမကြာမှီ တည်ငြိမ်သည့်အခြေနေသို့ ကျရောက်သွားခဲ့သည်။
“ သခင်လေးက တကယ့်ကို သိုင်းရူးပဲ တကယ်လို့ သခင်ကြီးကိုယ်တိုင် မြင်ရမှ မဟုတ်ရင် ဘယ်လိုပြောပြော သူယုံနိုင်မှာ မဟုတ်ဘူး.. ”
မုန့်လုံက ၀မ်ချောင်၏ ကျင့်ကြံနေမှုကြောင့်အံ့အားသင့်နေသော်လည်း များမကြာမှီ ခေါင်းရမ်းကာ ပြုံးလိုက်ပြီး အဝေးသို့ ထွက်သွား၍ ရန်သူများကို စောင့်ကြပ်နေလိုက်သည်။
တဖြည်းဖြည်းနှင့် တောင်ထိပ်က ယခင် အေးချမ်းမှုကို ပြန်လည် ဆောင်ကျဉ်းလာသည်။
မည်မျှ အချိန်ကုန်သွားသည်မသိ ၀မ်ချောင်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။ သူ၏ ဆင့်ချက်တစ်ရာဓားသိုင်းအတွက် လမ်းကြောင်းသစ် ဖောက်လုပ်မှုက ပြီးစီးလုနီးနီးဖြစ်နေပြီဖြစ်ပြီး သူက နောက်ဆုံးအကြိမ် တွန်းအားပေးရန် ပြင်လိုက်ချိန်၌ ညင်သာသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“ တစ်ယောက်ယောက် ရှိနေတယ်.. ”
မျက်လုံးဖွင့်လိုက်ပြီး ၀မ်ချောင် တောင်အောက်သို့ ကြည့်လိုက်သည်။ ခြေသံက ပိုမို ကျယ်လောင်လာပြီး တစ်ဖက်လူက သူ၏ တည်ရှိမှုကို လုံး၀ ဖုံးကွယ်ထားခြင်း မရှိပေ။
ထို့နောက် သစ်ပင်အုပ်အတွင်းမှ ရင်းနှီးသည့်လူရိပ်ကို တွေ့လိုက်ရသည်။
“ ရှန့်ဟိုင်ပဲ ”
၀မ်ချောင် ပြုံးလိုက်သည်။
ရှန့်ဟိုင်က တစ်ယောက်တည်း ပြန်သွားခြင်း ဖြစ်သည့်တိုင် တစ်ယောက်တည်း ပြန်လာခြင်း မဟုတ်ချေ။ သူနှင့်အတူ ၀မ်ကလန်မှ အစောင့်များကို ခေါ်ဆောင်လာခဲ့ပြီး ဆောက်လုပ်ရေး လုပ်သားများလည်း ပါ၀င်သည်။ သူတို့နှင့်အတူ ဆောက်လုပ်ရေးပစ္စည်းများပါ တစ်ပါတည်း ယူဆောင်လာကြပြီး ၀မ်ချောင်၏ လေ့ကျင့်ရေးကွင်းပြင်ကို တည်ဆောက်ရန် အဆင်သင့်ဖြစ်နေသည်။
“ ဟီးဟီး... သခင်လေး တောင်တန်းတစ်လျောက်နဲ့ ပက်သက်ပြီး သခင်လေး ခိုင်းထားတဲ့အတိုင်း လုပ်ခဲ့ပြီးပါပြီ.. အခုဆိုရင် ဒီနေရာတစ်ခုလုံးကို ကျွန်တော်တို့ အပိုင်ဖြစ်သွားပြီ.. ဒီမှာ အိမ်နည်းနည်း ဆောက်လို့ ရပြီလေ.. ”
ကောင်းမွန်သည့် စိတ်အခြေအနေကြောင့် ရှန့်ဟိုင်က တောင်ထိပ်သို့ တက်လာရင်း ၀မ်ချောင်အား လှမ်းအော်ပြောလိုက်သည်။
“ အင်း မင်း လုပ်တာ ကောင်းတယ်.. ”
၀မ်ချောင် ပြုံးနေသည်။ ဆောက်လုပ်ရေးပစ္စည်းများအပြင် လက်နက်အနည်းငယ်နှင့် ရိက္ခာများလည်း ပါ၀င်သည်။
“ အမ်.... ”
ရှန့်ဟိုင် ၀မ်ချောင်ထံသို့ ချဉ်းကပ်လာပြီးနောက် တစ်စုံတစ်ခု ပြောင်းလဲနေသည်ကို အာရုံခံမိသည်။
“ သခင်လေး ကြည့်ရတာ အရင်နဲ့ မတူသလိုပဲ.. ”
“ အမှန်ပဲလေ.. ”
၀မ်ချောင် ရယ်နေသည်။ ရှန့်ဟိုင် တောင်အောက်ဆင်းသွားချိန်၌ ၀မ်ချောင်မှာ မူလစွမ်းအင် အဆင့် ၆ သာရှိသေးသည်။ သူက အဆင့်တစ်ခု တက်ထားသည်ဖြစ်ရာ မတူညီတော့ ခံစားမိစေသည်က အမှန်ပင်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အနည်းငယ် ပြောင်းလဲသွားသည် မဟုတ်လား။ ၀မ်ချောင်က ရှန့်ဟိုင်အား ပြောပြမည် ပြုစဉ်၌ ရုတ်ချည်း မျက်နှာပျက်သွားခဲ့သည်။ သူ၏ နှလုံးသားထဲမှ အားကောင်းသည့် အန္တရာယ်အသိတစ်ခုကို ခံစားလိုက်မိသည်။
“ သတိထားကြ.... ”
၀မ်ချောင်၏ သတိပေးသံက လေထုထဲသို့ မိုးကြိုးပစ်သည့်အလား ဟိန်းထွက်သွားသည်။ ခေါင်းမော့ကာ ရှန့်ဟိုင်၏ ညာဖက်ရှိ တောထဲသို့ လှမ်းကြည့်လိုက်သည်။
တစ်ချိန်တည်း၌ ရှန့်ဟိုင်နှင့် မုန့်လုံတို့ကလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသည်။ ခေါင်းလှည့်ကာ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
“ အဲ့တာ ဟိုအမျိုးသမီး လုပ်ကြံသူပဲ.. ”
“ သခင်လေး သတိထားပါ.. ”
နှစ်ဦးသား အံ့အားသင့်သွားသည်။ သူမ ဤနေရာအထိ လိုက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ နောင်တတကြီးနှင့် ရှန့်ဟိုင်၏ အမူအရာက ဆိုးရွားစွာ ပျက်ယွင်းသွားသည်။
သူ မည်မျှ တုံးအသည်ဖြစ်စေ ထိုလုပ်ကြံသူက သူ့နောက်မှ လိုက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။
သို့တိုင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မည်သည့် ခြေရာလက်ရာမှ သူ မတွေ့ခဲ့ချေ။
“ သခင်လေးကို ကာကွယ်ကြ... ”
ရှန့်ဟိုင် မုန့်လုံနှင့် ၀မ်ကလန်မှ အစောင့်အကြပ်များက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ဒုတိယအတွေးပင် မတွေးတော့ပဲ သူတို့က တောအုပ်ထဲသို့ ပြေး၀င်သွားကြလေသည်။
“ ပြန်လာကြစမ်း မင်းတို့အားလုံးက သူ့ပြိုင်ဖက် မဟုတ်ဘူး... ”
၀မ်ချောင် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
အကယ်၍ အားလော်ဂျားနှင့်အဘလိုဒန်တို့သာ ဤနေရာ၌ ရှိပါက သူမအား တားဆီးနိုင်ပေလိမ့်မည်။ သို့ဆိုစေ ဤအစောင့်အကြပ်များက အရှေ့ကျွန်းစုမှ အမျိုးသမီး လုပ်ကြံသူကို သူတို့ အင်အားနှင့် တားဆီးနိုင်မည် မဟုတ်ပေ။
“ ဟမ့်... အနည်းဆုံး နင်က ကိုယ့်ကိုယ်ကိုတော့ သိသေးသားပဲ... ”
ပေါ့ပါးသည့် နှာမှုတ်သံ ထွက်လာခဲ့သည်။ ထိုသည်က ဘာမှ မဟုတ်သည့်တိုင် ၀မ်ချောင်၏ နားတွင်း၌ သေမင်းခေါ်သံအလား။ ရွှတ်.. သစ်ရွက်များ လှုပ်ခတ်သွားပြီး အမဲရောင် အရိပ်တစ်ခုက အစိမ်းရောင်တောအုပ်၏ ညာဘက်မှ ပြေးထွက်လာသည်။ သူမ၏ လှုပ်ရှားမှုက သူမ၏ အရိပ်အလား ပေါ့ပါးကာ မြန်ဆန်သည်။ ထို့အပြင် သူမ၏ ခြေလှမ်းများက ဆန်းကြယ်ကာ လုံး၀ မခန့်မှန်းနိုင်ပဲ ဖြစ်ရသည်။
ဤမြေမျက်နှာသွင်ပြင်က သူမအတွက် အားသာချက်ကြီး ဖြစ်နေပေသည်။ အရိပ်ခြေလှမ်းအား ထုတ်ဖော်ထားသည်က မြေပြန့်၌ အသုံးပြုနေသည်ထက် မြင်နိုင်ရန် ပိုမို ခက်ခဲနေသည်။
ဘန်း ဘန်း ဘန်း
အရိပ်တစ်ခုသာ မြင်လိုက်ရပြီး ရှန့်ဟိုင်ခေါ်လာသည့် အစောင့်သုံးယောက် လွင့်သွားခဲ့သည်။ တစ်ယောက်ချင်းဆိုလျှင် သူမအား မည်သူမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ရွှပ်..
သူမ၏ ကိုယ်က တစ်ချက်လှုပ်ရှားလိုက်ရာ တိုး၀င်လာသည့် ရှန့်ဟိုင်နှင့် မုန့်လုံတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ဖြစ်နေကာ ၀မ်ချောင်ထံ တိုက်ရိုက် ပြေး၀င်လာသည်။
တိုက်ပွဲ အစမှ အဆုံးတိုင် အသက်တစ်ရှိုက်စာပင် မကြာလိုက်ချေ။ ၀မ်ချောင် ခေါင်းမွှေးထောင်သွားပြီး သူ၏ နှလုံးသားကို သေမင်းက ဆုပ်ကိုင်လာသည်ဟု ခံစားမိနေသည်။
၀မ်....
တွေဝေမနေပဲ ၀မ်ချောင်က ဆင့်ချက်တစ်ရာဓားသိုင်းကို ရုတ်ချည်း ထုတ်ဖော်လိုက်သည်။ သို့ဆိုစေ အရှေ့ကျွန်းစုမှ လုပ်ကြံသူ မိန်းမပျိုကို ဦးတည်ရမည့်အစား ဓားသိုင်း၏ လှုပ်ရှားမှုနှင့် အဟုန်ကို အမှီပြုလျက် ထွက်ပြေးလိုက်ရသည်။
သူမနှင့် ထိပ်တိုက် တွေ့ဆုံပြီးနောက် ၀မ်ချောင်က အရှေ့ကျွန်းစုမှ လုပ်ကြံသူ အမျိုးသမီးသည် သိုင်းသခင်နယ်ပယ်ဖြစ်မှန်း သိလိုက်ရသည်။ အကယ်၍ သူတို့အားလုံး စုတိုက်လျှင်ပင် ရှုံးနိမ့်ဦးမည် ဖြစ်သည်။
“ လီကျူးရှင် ခင်ဗျား ဆက်ပြီး ရပ်ကြည့်နေဦးမှာလား... ------- ”
ဓားအသိက သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်ကို ခံစားမိလျှင် ၀မ်ချောင်က ကျယ်ပြောသည့် တောင်တန်းရှိရာသို့လှမ်းအော်လိုက်သည်။
၀မ်ချောင်၏ အသံကို တုန့်ပြန်သည့်အလား တည်ငြိမ်သော်လည်း လေးနက်သည့်အသံ ထွက်ပေါ်လာသည်။
“ မိန်းကလေး မင်းရပ်လိုက်တာ ကောင်းမယ်.. ”
ဘုန်းး.....
၀မ်ချောင်၏နောက်ရှိ ကျန့်အတော်များများ အကွာမှ စွမ်းအားပြင်းထန်သည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ မြေပြင်အက်ကွဲစေလောက်သည့် ပေါက်ကွဲမှုက တောအုပ်အတွင်း လေပြင်းထန်စေပြီး များစွာသော သစ်ပင်များက ကြောက်ရွံသည်အလား လဲကျကုန်သည်။ ဓားတစ်လက်က လုပ်ကြံသူ မိန်းမပျို၏ခြေရှေ့၌ စိုက်၀င်နေကာ မမြင်ရသည့်အတားအဆီးအလား တားဆီးထားပြီး သူမအား နောက်သို့ ပြန်လွင့်သွားစေသည်။
“ လီကျူးရှင်လား...... ---- ”
ရှန့်ဟိုင်နှင့် မုန့်လုံတို့က ၀မ်ချောင်နောက်၌ တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်ထွက်လာသည့် လူရိပ်ကို ကြည့်ရင်း ထိတ်လန့်သွားကြသည်။ ထိုသူက စွန့်စားသူမား မွေးရပ်မြေဆိုင်၌ ၀မ်ချောင် ရွှေစငါးထောင်နှင့် အလုပ်အပ်ထားသည့် မီးခိုးရောင်၀တ်လူမှ တစ်ပါး အခြားမဟုတ်ချေ။
လီကျူးရှင်၏ အလုပ်အပ်ခက များပြားလွန်းလှသည်သာမက သူ့ထံ၌ လက်ခံရန် ခက်ခဲသည့် တောင်းဆိုချက်ရှိပြီး သူ လာချင်သည့်အချိန်လာမည်ဖြစ်ကာ ထွက်သားချင် ထွက်သွားမည်ဖြစ်သည်။
ပထမဆုံး လုပ်အားခ ရယူပြီးသည်နှင့် ထိုသူ ချက်ချင်း ထွက်သွားခဲ့ခြင်းဖြစ်သည်။
ထိုသည်က ရှန့်ဟိုင်နှင့် မုန့်လုံကဲ့သို့ ၀မ်ချောင်အပေါ် အကြွင်းမဲ့ စောင့်သိရိုသေသည့် နှစ်ဦးအဖို့ စိတ်မကျေမနပ်ဖြစ်ရသေးသည်။ ထိုသည်က ကျွမ်းကျင်သူတစ်ဦးကို ငှားယမ်းသည်နှင့်မတူပဲ ဘိုးဘေးကို ပူဇော်နေရသကဲ့သို့ ဖြစ်နေလေသည်။
ထို့ကြောင့် သူတို့က ၀မ်ချောင်၏ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့ခြင်းဖြစ်သော်လည်း ၀မ်ချောင်ကတော့ ဆုံးဖြတ်ချက် မပြောင်းချေ။
သူတို့ နှစ်ယောက်က လီကျူးရှင်မှာ ရက်ပေါင်းများစွာ ပျောက်ကွယ်သွားပြီးမှ ဤနေရာ၌ ပုန်းနေမည်ဟု မထင်ထားချေ။ ထိုသည်က မုန့်လုံအတွက်ဆိုလျှင် ပိုမှန်မည်။ သူက ၀မ်ချောင်နှင့်အတူ ရက်ပေါင်းများစွာ ရှိနေသော်လည်း ဤအချိန်အတွင်း လီကျူးရှင်၏ တည်ရှိမှုကို အာရုံမခံမိခဲ့ချေ။
ဘုန်း...
ရှန့်ဟိုင်က အတွေးများနှင့် အလုပ်များနေစဉ် တောင်တန်းတောအုပ်အတွင်း လေပြင်း တိုက်ခတ်လာပြန်ရာ မျက်စိ မဖွင့်နိုင်သည်အထိ ဖြစ်ရသည်။ အရှေ့ကျွန်းစုမှ လုပ်ကြံသူ အမျိုးသမီးက အရိပ်ခြေလှမ်းကို အသုံးပြု၍ တောင်တန်းနှင့် တောအုပ် မြေမျက်နှာသွင်ပြင်ကို အားသာချက်ယူ၍ လီကျူးရှင်အား ဖြတ်ကျော်ကာ ၀မ်ချောင်ကို ဦးတည်ရန် ကြိုးစားလိုက်ပြန်သော်လည်း တစ်ဖက်လူ၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရပြန်သည်။
သူတို့ နှစ်ဦးအကြား ပြင်းထန်သည့် တိုက်ပွဲတစ်ခု စတင်လာသည်။
လီကျူးရှင်ကိုကြည့်ရင်း ရှန့်ဟိုင် တုန်လှုပ်နေသည်။ လီကျူးရှင် ထုတ်ဖော်ပြသနေသည့် ခွန်အားက စွန့်စားသူများ မွေးရပ်မြေ၌ ထုတ်ဖော်ပြခဲ့သည်ထက် များစွာ သာလွန်နေပေသည်။
“ သခင်လေးက တကယ့်ကို တော်တဲ့ကိုယ်ရံတော်တစ်ယောက် ရလိုက်တာပဲ... သူ ထွက်သွားခဲ့ပြီလို့ ကျွန်တော်ထင်နေတာ... ”
ရှန့်ဟိုင် တုန်လှုပ်စွာနှင့် ပြောလိုက်သည်။
ထိုအချိန်၌ သူ့သခင်လေး၏ ဆုံးဖြတ်ချက် မည်မျှ မှန်ကန်ကြောင်း သိလိုက်ရပေသည်။ ရွှေစငါးထောင်က များပြားလှသော်လည်း သူတို့၏ အသက်နှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ချေ။
သခင်လေး၏ အခြားသူများအပေါ် ရှူမြင်နိုင်စွမ်းက သူ့ထက် သာလွန်ပေသည်။
“ လူစုခွဲ.. မင်းတို့အားလုံး နောက်ဆုတ်တော့ ... ”
ရုတ်တရက် ရှန့်ဟိုင် တစ်စုံတစ်ခုကို သတိထားမိကာ ရုတ်ချည်း အစောင့်များကို နောက်ဆုတ်စေသည်။ လီကျူးရှင်နှင့် အမျိုးသမီးလုပ်ကြံသူတို့က သိုင်းသခင်နယ်ပယ်များဖြစ်ပြီး သူတို့၏ ကျင့်ကြံဆင့်က ၎င်းတို့ထက် သာလွန်သည်။
ထိုသူတို့ တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသည့် လေလှိုင်းများက သူတို့၏ မျက်နှာအား ဓားများအလား တိုက်စားနေသည်။
ထိုသို့သော တိုက်ပွဲမျိုးက သာမန်ကျင့်ကြံသူတို့ တောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။
အစောင့်မျာက အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။
ရှန့်ဟိုင်နှင့် မုန့်လုံတို့လည်း အနီးသို့ မကပ်ရဲကြပေ။ သူတို့လည်း အစောင့်များနှင့်အတူ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သိုင်းသခင်နယ်ပယ် တိုက်ပွဲက သူတို့အနေနှင့် ကြား၀င်နိုင်သည့် အဆင့်မဟုတ်ချေ။
“ သခင်လေး သတိထားပါ.. ဒီကို မြန်မြန် လာခဲ့ပါ.. ”
ရှန့်ဟိုင်နှင့် မုန့်လုံ ၊ အစောင့်များနှင့် လုပ်သားများ နောက်ဆုတ်ကာ ၀မ်ချောင်ကို လာခဲ့ရန် အော်နေကြသည်။
“ အင်း.. ”
၀မ်ချောင် ပြန်ဖြေလိုက်သည် သို့သော လှုပ်ရှားခြင်းအလျဉ်းမရှိ။ အရှေ့ကျွန်းစုမှ လုပ်ကြံသူအမျိုးသမီး၏ စွမ်းရည်နှင့် အရိပ်ခြေလှမ်းသာမက သူမ၏ စွမ်းအားပြင်းထန်သည့် လုပ်ကြံရေး နည်းစနစ်များနှင့်ဆိုလျှင် တစ်ယာက်ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အသုံး၀င်မည် မဟုတ်ချေ။
သူမက ထိုသည်အား တိုက်ပွဲ စတင်ကတည်းက သက်သေပြပြီးဖြစ်သည်။
ထိုအစား ၀မ်ချောင်က သိုင်းသခင်နယ်ပယ်အဆင့် တိုက်ပွဲကိုသာ မျက်တောင်မခတ်တမ်း ကြည့်ရှုနေသည်။ ပြင်းထန်သည့် လေလှိုင်းများက မြေပြင်ထက်မှ သစ်ရွက်များကို ဝဲလွင့်စေပြီး ပတ်၀န်းကျင်ကို ဖုံးအုပ်နေသည်။
မကြာသေးမှီက လေ့ကျင့်ရေးကွင်းပြင် တည်ဆောက်ရန် ၀မ်ချောင်က အခြားသူများကို မြေဆီလွှာများ ချိန်ညှိရန် ညွှန်ကြားထားခဲ့သည်။ တိုက်ပွဲမှ ဖြစ်ပေါ်လာသည့် စွမ်းအားလှိုင်းများက မြေသားများကို လွင့်စင်စေသည်။ လေထုထဲမှ သစ်ရွက်များ သစ်ကိုင်းများ မြေဆီလွှာများကြောင့် ၀မ်ချောင် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း မရှိဖြစ်နေသည်။
သို့ဆိုစေ သူ၏ ယခင်ဘ၀၌ ရှိခဲ့သည့် အတွေ့အကြုံများ ခွဲခြမ်းစိတ်ဖြာနိုင်မှုများကြောင့် ၀မ်ချောင် တစ်ခုနှစ်ခု ခန့်မှန်းမိနိုင်သည်။
“ အဲ့ဒီ မိန်းကလေးက တစ်ခုခု ထူးဆန်းနေတယ်.. ”
၀မ်ချောင် မျက်လုံးမှေးကျဉ်းမိသည်။ သူက ထိုနှစ်ယောက်၏ ပုံရိပ်ကို မတွေ့နိုင်သော်လည်း အရှေ့ကျွန်းစုမှ မိန်းမပျိုလုပ်ကြံသူထံတွင် အနည်းငယ် ကစဉ့်ကလျားဖြစ်နေသည့် အငွေ့အသက်ကို အာရုံခံမိသည်။
ထို့အပြင်သူမက ယခင်တစ်ခါကထက် ပိုမို အားနည်းသွားဟန်ရသည်။
“ အရိပ်ခြေလှမ်းရဲ့ အားနည်းချက်က ဖြစ်ပေါ်နေပြီလား... ”
၀မ်ချောင် တွေးနေသည်။
အရိပ်ခြေလှမ်းက မပြည့်စုံသည့် နည်းစနစ်တစ်ခု ဖြစ်၏။ ထိုခြေလှမ်းအား ကျွမ်းကျင်လာလေလေ အားနည်းချက်က ပိုကြီးလေလေဖြစ်သည်။ တဖြည်းဖြည်းနှင့် ကျင့်ကြံသူ၏ ခွန်အားက ဖောက်ပြန်လာမည်ဖြစ်ပြီး အပြင်ဘက်မှ ဖိအားကြောင့်ပေါက်ကွဲသွားပေလိမ့်မည်။
အစဉ်သဖြင့် ထိုသည်က အဖွဲ့အစည်းများအနေနှင့် နောက်လိုက်များကို ထိန်းချုပ်သည့် နည်းလမ်းဖြစ်ပေသည်။
သို့ဆိုစေ ၀မ်ချောင်၏ အမြင်အရ အရိပ်ခြေလှမ်း၏ အားနည်းချက် ထွက်ပေးလာရန် အချိန်တစ်ချို့ လိုအပ်သင့်နေသေးသည်။
ထို့အပြင် အရှေ့ကျွန်းစုမှ လုပ်ကြံသူ အမျိုးသမီးမှာ အတွင်းဒဏ်ရာ ရထားပုံလည်း ပေါ်နေကာ အတင်းအကျပ် ဖုံးကွယ်ထားဟန်သာ။
“ ဒါ တကယ်ကို ထူးဆန်းတယ် အားလော်ဂျားနဲ့ တစ်ခြားသူတွေက သူ့ကို ထိခိုက်စေတယ်လို့ ငါမသိရပါလား... ”
၀မ်ချောင် ဇဝေဇ၀ါဖြစ်နေသည်။
“ မိန်းကလေး ရပ်သင့်ပြီလို့ မထင်ဘူးလား.. ”
လေသံများ ပြင်းထန်နေသည့်တိုင် လီကျူးရှင်၏ အသံက ကြည်လင်နေသည်။ သူ၏ အငွေ့အသက်က မြင့်မားသည့်တောင်တစ်လုံးအလား မယိုင်မလဲရှိနေပြီး အရှေ့ကျွန်းစုမှ လုပ်ကြံသူအမျိုးသမီးမည်သည့် နည်းလမ်းကို သုံးစေကာမူ သူက မတုန်မလှုပ်နှင့် သူမ ၀မ်ချောင်ထံသို့ ခြေတစ်လှမ်းပင် တိုးမရ ဖြစ်နေတော့သည်။
်အခန်း - ၁၃၂ တန်ပြန်ခြင်း။
“လီကျူရှင်း သူမကို ရှင်းလိုက်”
ပြောလိုက်သည့်နှင့် ဝမ်ချောင်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားသည်။
ဝမ်ချောင်က ထိုအရာကို အလျင်အမြန် သတိထားမိလိုက်သော်လည်း သူက ခြေတစ်လှမ်း နောက်ကျနေသေးသည်။ ရွှတ်..။ လုပ်ကြံသူ အမျိုးသမီးက လီကျူရှင်း၏ ဓားချက်ကို ဖြတ်ခနဲ ပက်ထုတ်လိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
နောက်ကို လှည့်မကြည့်ဘဲ သူမက အရိပ်ခြေလှမ်းကို အသုံးပြု၍ တော်ထဲသို့ ပြေးဝင်သွားသည်။
“လွတ်နိုင်တယ်လို့ မင်းထင်နေတာလား”
လီကျူရှင်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူမနောက်သို့ လိုက်သွားသည်။
“ခဏလေး…”
ဝမ်ချောင်သည် လက်မြှောက်လိုက်၍ လီကျူရှင်းအား တားရန် ပြင်လိုက်သော်လည်း သူသည် စကားကို ဆုံးအောင်မပြောနိုင်ခင် တစ်ဖက်လူက အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူနောက်ကို လိုက်သွားပြီဖြစ်သည်။
သူ ထိုစကားလုံးများကို အော်ပြောပြီးချိန်တွင် သူတို့နှစ်ယောက်သည် အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်သွားပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ တောင်ထိပ်မှ တိုက်ခတ်လာသောလေနဲ့ တစ်လွင့်လွင့်ဖြစ်နေသော သစ်ပင်မှ သစ်ရွက်များသာ ဖြစ်သည်။
“မြန်ချက်ပဲ…..”
ဝမ်ချောင် လက်ကို ဖြည်းညင်းစွာ ဆန့်လိုက်သည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက မြန်သော်လည်း လီကျူရှင်ကလည်း မနှေးပေ။ သူတို့နှစ်ယောက်သည် မတူညီသော သဘောသဘာဝပေါ် မူတည်နေသော်ငြား အရှိန်၏ လျှို့ဝှက်နည်းလမ်းများကို ကျင့်ကြံထားကြခြင်း ဖြစ်သည်။
သူတို့ ပျောက်ကွယ်သွားသည်နှင့် တောအုပ်ကြီးက ရုတ်တရက် တိတ်ဆိတ်မှုနဲ့ ဖုံးလွှမ်းသွားတယ်။
“သခင်လေး အခုကျွန်တော်တို့ ဘာလုပ်ကြမလဲ”
မုန့်လုံက ဝမ်ချောင်ဘက်ကို အလိုအလျောက် လှည့်ပြီးတော့ မေးလိုက်တယ်။ လီကျူရှင်းက အမျိုးသမီးလုပ်ကြံသူကို မသတ်ရသေးပေ။ ဆိုလိုသည်က သူတို့က အန္တရာယ်ထဲမှာ ကျရောက်နိုင်နေဆဲဖြစ်သည်။
“သခင်လေး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် သူ့ကို ဒီကို ခေါ်လာမိတယ်”
ရှန့်ဟိုင်သည် နောင်တရသည့်ဟန်ဖြင့် ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။
သူ၏အာရုံသည် သူ့သခင်လေးအား တောင်ကုန်းရသည်ဆိုသော သတင်းကောင်းကို ပေးချင်ခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် လာခဲ့ခြင်း ဖြစ်၏။ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက သူ့နောက်ကို လိုက်လာလိမ့်မည်ဟု ထင်မထားပေ။
ဝမ်ချောင်သည် အမှုမထားဟန်ဖြင့် သူ့လက်များကို ဝှေ့ယမ်း ပြလိုက်သည်။
“ဒါ မင်းအပြစ် မဟုတ်ပါဘူး။ အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူက သူ့တာဝန်ကို ပြီးအောင် မလုပ်ရသေးဘူး။ ဒီတော့ မင်းကြောင့် မဟုတ်ရင်လည်း သူက ဒီကိုလာဖို့ အခြားနည်းလမ်းတွေ တွေ့အုံးမှာပဲ။ ငါတို့ တောင်ပေါ်ကနေ မဆင်းဘဲ မြို့တော်ကို ပြန်မသွားရင်တောင်မှ သူ ငါတို့ကို တွေ့ဖို့က အချိန်တစ်ခုပဲ ကြာမှာ။ ငါ လီကျူရှင်းကို အိမ်ကနေ ခေါ်လာတာ ဒီလို အခြေအနေမျိုးအတွက်ပဲ”
“ပြီးတော့ ဒီအချိန်က ဒီလိုအကြောင်းတွေ ပြောနေရမယ့်အချိန် မဟုတ်ဘူး”
“ငါတို့ အခုလုပ်ရမှာက နောက်လုပ်ရမယ့်အရာကို ဆုံးဖြတ်ချက်ချဖို့ပဲ”
သေသေချာချာ စဉ်းစားဆင်ခြင်နေသည့်ဟန်က ဝမ်ချောင်၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
လီကျူရှင်းက အလျင်အမြန် ထွက်သွားတာဖြစ်ပြီး ဝမ်ချောင်၏ ကာကွယ်ရေးအတွက် ကြီးမားသည့် ဟာကွက်တစ်ခုကို ချန်ခဲ့သလို ဖြစ်နေသည်။ အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူက လီကျူရှင်း၏ ပြိုင်ဘက် မဟုတ်သော်လည်း ဤတောင်ပေါ်တွင် သူမ၏ အရိပ်ခြေလှမ်းက သူမကို အသာစီးရစေသည်။
ထို့ကြောင့် လီကျူရှင်းက သူမကို အနိုင်ယူရန် မဖြစ်နိုင်သလို ဖြစ်နေ၏။
“သခင်လေး ကျွန်တော်တို့ အခု ပြန်ကြရင်ရော။ ဒီနေရာက မလုံခြုံဘူး”
မုန့်လုံက ရုတ်တရက် ထပြောသည်။
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူ၏ တည်ရှိမှုက သူ့ကို ကြောက်လန့်စေသည်။ အားလော်ဂျား၊ အဘလိုဒန်နှင့် ထောင်ပါးကွမ်ယွမ်တို့သာ မရှိလျှင် သူတို့က ထိုအမျိုးသမီး၏ ပြိုင်ဘက် မဟုတ်ပေ။
ဤမြေပြင် အခြေအနေတွင် သူမသည် သူတို့နှင့် အကြီးအကျယ် တိုက်ခိုက်ရန်ပင် မလိုပေ။ တစ်ချက် လှမ်းလိုက်ရုံဖြင့် သူမက သူတို့၏ အကာအကွယ်ကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။ လျင်မြန်ထက်မြက်သော ရှန့်ဟိုင်နှင့်မုန့်လုံ ဆယ်ယောက်ရှိလျှင်တောင် သူတို့က သူမ၏ပြိုင်ဘက် မဟုတ်ပေ။
“မသွားဘူး”
ဝမ်ချောင်က သူ၏အကြံပြုချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
“ငါတို့က မြို့တော်နဲ့ တော်တော်ဝေးတယ်။ တစ်ရက် ဒါမှမဟုတ် နှစ်ရက် ကြာမှ ငါတို့ တောထဲတောင်ထဲကနေ ထွက်နိုင်မှာ။ ဒီအချိန်နဲ့ အကွာအဝေးအရဆိုရင် ငါတို့က သူ့ကို လုပ်ကြံဖို့ အခွင့်အရေးတွေ အများကြီး ပေးလိုက်သလိုပဲ ဖြစ်နေမှာ။ အဲဒါကြောင့် ငါတို့ ဒီမှာနေတာ ပိုကောင်းတယ်”
“ဒါ့အပြင် ငါတို့ ထွက်သွားရင် သူတို့အတွက်ကရော..”
ဝမ်ချောင်က ရှန့်ဟိုင် ခေါ်လာခဲ့သော အလုပ်သမားများကို ညွှန်ပြလိုက်သည်။ ခုနတုန်းက အဖြစ်အပျက်က သူတို့ကို ခြောက်လှန့်ခဲ့ပြီး သူတို့က ကြောက်လန့်နေကြသည်။
အခြေအနေကို ကြည့်ပြီးနောက် ရှန့်ဟိုင်နှင့်မုန့်လုံတို့ မျက်မှောင်ကြုတ် သွားကြသည်။
ဝမ်ချောင် ပြောတာ မှန်သည်။ အကယ်၍ သူတို့ကို အတူတူ ခေါ်လာလျှင် အဖွဲ့ကို နှေးစေရုံသာ ဖြစ်လိမ့်မည်။ တစ်ဖက်တွင်လည်း အကယ်၍ သူတို့ကို မခေါ်ခဲ့လျှင် သူတို့၏ အသိဉာဏ်မဲ့မှုကြောင့် တောရိုင်းတိရိစ္ဆာန် တစ်သိုက်တို့၏အစာ ဖြစ်သွားကြလိမ့်မည်။
ထို့ပြင် သူတို့တွင်လည်း ရိက္ခာက အကန့်အသတ်သာ ရှိသည်။ သူတို့ ရိက္ခာကုန်သွားလျှင် သို့မဟုတ် တောထဲတွင် လမ်းပျောက်သွားလျှင် သူတို့ အသက်ဆုံးရှုံး သွားကြလိမ့်မည်။ သူတို့ကို ထားခဲ့သည်က သူတို့ကို ချက်ချင်း သတ်လိုက်သည်နှင့် မခြားနားပေ။
အကယ်၍ သခင်မက ထိုကိစ္စကို သိသွားခဲ့လျှင် သူမက ဒေါသချောင်းချောင်း ထွက်မှာ ဖြစ်သည်။
သို့သော် သူတို့ကို ခေါ်လာခြင်းကလည်း ရွေးချယ်စရာတစ်ခု မဟုတ်ပေ။
“အခု ဒီမှာပဲ နေရအောင်”
ဝမ်ချောင် တစ်ခဏမျှ လေးလေးနက်နက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“လီကျူရှင်းက လုပ်ကြံသူ နောက်ကို လိုက်နေပြီ။ တကယ်လို့ သူ့ကို မရှာနိုင်ခဲ့ရင် သူက ဒီကို ပြန်လာလိမ့်မယ်။ ဒီမှာနေရင် သူက ငါတို့ကို အချိန်မီရှာတွေ့နိုင်တယ်။ ဒီအချိန်မှာ ဒါက ငါတို့အတွက် အကောင်းဆုံး အကြံပဲ”
ထိုစကားထဲတွင် ဝမ်ချောင် မပြောခဲ့သည့်အရာတစ်ခု ရှိခဲ့သည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူနှင့် ပတ်သက်သည့် ကိစ္စက ပြန့်သွား၍ မဖြစ်ပေ။ ထို့ကြောင့် ဝမ်ချောင်က ဒီနေရာမှာ ငါးစာအဖြစ် ဆက်နေနေခြင်း ဖြစ်သည်။
သူ့ခြေထောက်အောက်တွင် ရှိနေသည့် အရာက အရမ်းတန်ဖိုးရှိသည့် ဝိညာဉ်သွေးကြောဖြစ်သည်။ ဂုဏ်သတင်းကြီးသော မျိုးနွယ်များစွာက ထိုအရာအတွက် သွေးချောင်းစီးစေရန် ဝန်မလေးကြပေ။
သူသည် ဝိညာဉ်သွေးကြောကို လျစ်လျူမရှူချင်လျှင် သူမကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။
“သူ့ရဲ့ အရိပ်ခြေလှမ်းက ပစ္စည်းတွေနားမှာ လွယ်လွယ်နဲ့ လှုပ်ရှားနိုင်တယ်။ ရှန့်ဟိုင်နဲ့ မုန့်လုံ.. ဘေးနားက သစ်ပင်တွေကို ခုတ်ထားလိုက်။ သစ်ပင်တွေကို ခုတ်ထားရင် သူမရဲ့ အရိပ်ခြေလှမ်းက သိသိသာသာ လျော့နည်းသွားလိမ့်မယ်”
ဝမ်ချောင်က ပြောလိုက်သည်။
“ကောင်းပါပြီ သခင်လေး”
ရှန့်ဟိုင်နှင့် မုန့်လုံတို့က ခေါင်းညိတ်လိုက်ကြ၏။ ၎င်းက သူတို့ လက်ရှိအချိန်တွင် လုပ်နိုင်သော အကောင်းဆုံးအရာ ဖြစ်သည်။ သူတို့က အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူအတွက် ပြိုင်ဘက် မဟုတ်သော်လည်း သစ်ပင်များကို ရှင်းလင်းရသည်က ဒုက္ခမဟုတ်ပေ။
သူတို့သည် ပြန့်ပြူးနေသော မြေပြင်ပေါ်တွင် စုစည်းနေသရွေ့ သူတို့က သူမကို ခဏတာတော့ ရှောင်နိုင်မှာ ဖြစ်သည်။
“ထကြ။ သခင်လေးရဲ့အမိန့်ကို နားထောင်ပြီးတော့ ဒီနားက သစ်ပင်တွေကို ရှင်းလင်းကြ”
ရှန့်ဟိုင်နဲ့ မုန့်လုံက လူအုပ်ကို အလျင်အမြန် ညွှန်ကြားလိုက်သည်။
လက်ရှိအချိန်က သူတို့၏အသက်များကို ဖက်များနှင့် ထုပ်ထားရသဖြင့် သူတို့က ကြိုးကြိုးစားစား လုပ်ကြတော့သည်။ နေရာအနှံ့ ပစ္စည်းများ ဆင်ယင်ပြီးနောက် ချက်ချင်း လှုပ်ရှားကြတော့၏။
လူအုပ်သည် သစ်ပင်များကို ခုတ်၍ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ သူတို့ကို သတ်မည့်အရေးမှ ကြိုတင် ကာကွယ်နေကြစဉ် ဝမ်ချောင်က အလုပ်လက်မဲ့ ဖြစ်နေသည်။
“ငါ ဘေးပတ်ဝန်းကျင်ကို သွားစစ်ကြည့်သင့်တယ်”
ဝမ်ချောင်က တွေးလိုက်သည်။
သစ်ပင်များကို ခုတ်ခြင်း တစ်ခုတည်းက အမျိုးသမီးလုပ်ကြံသူကို တားရန် မလုံလောက်မှန်း ဝမ်ချောင်သိသည်။ တောင်ထိပ်မှ ဆင်းလာရင်း ဝမ်ချောင်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးနေသည်။
ဆင်ခြေလျှောတစ်လျှောက် ဆင်းပြီးနောက် ဝမ်ချောင်၏မျက်ဝန်းများ ဖြတ်ခနဲ တောက်ပသွားသည်။
“အဲမှာ အဲဒါက တကယ်ရှိတာပဲ”
ဝမ်ချောင်သည် ဆင်ခြေလျှောတွင် ပေါက်နေသည့် ခရမ်းရောင်ပန်းပွင့်လေးနဲ့ အပင်ပုလေးကို တွေ့လိုက်သည်။ ဝမ်ချောင်သည် လက်ကို ဆန့်ထုတ်လိုက်ရင်း ထိုအပင်မှ အသီးလေးများကို ခူး၍ ချေလိုက်၏။ ထို့နောက် သူ့လက်ထဲတွင် ထည့်၍ တောင်ထိပ်ပေါ်သို့ ပြန်တက်သွားသည်။
ဟာ့..
ဝမ်ချောင် တောင်ထိပ်သို့ ရောက်ပြီး မကြာခင်တွင် လေထဲတွင် ပဲ့တင်သံကို တိုးတိုး ကြားလိုက်ရသည်။
“လူကြီးမင်းလီ ပြန်လာပြီ။ လူကြီးမင်းလီ ပြန်လာပြီ”
“လီကျူရှင်း လီကျူရှင်း ကောင်းလိုက်တာ..”
…
လူအုပ်က ပျော်ရွှင်နေကြ၏။ ရှန့်ဟိုင်နှင့်မုန့်လုံပင် နေမထိထိုင်မထိဖြစ်ရာမှ သက်သာရာရသည့်အနေဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။ လီကျူရှင်း ရှိနေသရွေ့ သူတို့က ဘေးကင်းကြမှာ ဖြစ်သည်။
လီကျူရှင်း၏ ခွန်အားကို မြင်ပြီးနောက် လူအုပ်က သူ့ကို လုံးဝယုံကြည်နေကြသည်။
“လူကြီးမင်းလီ အဲအမျိုးသမီးကို မဖမ်းမိခဲ့ဘူးလား”
ရှန့်ဟိုင်က ရှေ့ကို လျှင်မြန်စွာ ပြေးသွားလိုက်သည်။
“စောင့်အုံး”
လူအုပ်ကြီးထဲမှာ မျက်မှောင်ကြုတ်နေတာ ဝမ်ချောင်တစ်ယောက်တည်းဖြစ်သည်။ သူက တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်သည်။
“ဟီး ဟီး ဟီး…”
အမျိုးသမီး တစ်ယောက်၏ နူးညံ့သော တခစ်ခစ် ရယ်မောသံက ထွက်ပေါ်လာပြီး ထိုရယ်သံက ချောက်ချားဖွယ်ရာ ကောင်းသည်။
“ငါက နင်ရှာနေတဲ့ လူကြီးမင်းလီ မဟုတ်တာ စိတ်မကောင်းပါဘူး”
သစ်ပင်များကြားမှ လူရိပ်က ရုတ်တရက် ရှေ့ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူမက ဓါးရှည်ကို လက်ထဲတွင် ကိုင်ထားသည်။ သူမ၏ အသွင်အပြင်က ကျစ်လျစ်၍ သိမ်မွေ့သော်လည်း ဒီအချိန်တွင် သူတို့သည် သူမကို သေမင်းဟုသာ မြင်ကြတော့သည်။
ရွှတ်
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူက တုံ့ဆိုင်းခြင်းမရှိဘဲ ရှန့်ဟိုင်ဆီသို့ အရှိန်ပြင်းစွာ ပြေးလာသည်၊ လေထဲတွင် အလင်းရောင်တစ်ခု တောက်ပသွားသည်။
“ရှန့်ဟိုင် သတိထား”
“သခင်ရှန်း သတိထား”
…
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကုန်လုံးက ကြောက်ဒူးတုန်သွားကြသည်။
ထန်း..
မုန့်လုံနှင့် ဝမ်မိသားစုအိမ်တော်မှ တခြားရဲမက်များသည် သူတို့၏ ဓားများကို တုံ့ဆိုင်းခြင်းမရှိပဲ ဆွဲထုတ်လိုက်ကြသည်။ သို့သော် သူတို့ထက် မြန်နေသည့် အရိပ်အယောင်တစ်ခု ရှိသေးသည်။
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူက ပြောလိုက်သည်နှင့် ဝမ်ချောင်က တစ်ခုခု မှားနေသည်ကို သိလိုက်သည်။ မည်သူမှ မတုံ့ပြန်နိုင်ခင် ဝမ်ချောင်သည် ရှေ့ကို ပြေးသွားပြီး ဆင့်ချက်တစ်ရာဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး ဖြစ်သည်။
ဆင့်ချက်တစ်ရာဓားသိုင်း၏ ရုတ်တရက် ပေါက်ကွဲမှုအရှိန်သည် မည်သည့် အရှိန်အမျိုးအစား တိုက်ကွက်များထက် မနိမ့်ကျဘဲ သူတို့ကိုထက်ပင် သာလွန်နေသေးသည်။
ဘုန်း
ဝမ်ချောင်သည် ဖြည်းညင်းစွာ လှုပ်ရှားလိုက်သော်လည်း သူ၏ဓားချက်ကို လျှပ်စီးကြောင်းတစ်ခုကဲ့သို့ မြန်ဆန်သော အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူ၏ ဓားချက်ထက် အရင် ရှန့်ဟိုင်ဆီသို့ ရောက်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။
ထန်း
လွန်ခဲ့သည့် လဝက်လောက်တွင် ဝမ်ချောင်၏ စာကြည့်ခန်းအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် မြင်ကွင်းသည် တစ်ဖန် ပြန်ဖြစ်ပေါ်လာသည်။ လျှင်မြန်သော အလင်းအရှိန်မျိုးဖြင့် တစ်ဖက်လူ၏ဓားသည် ပျံသန်းလာသည်။
ဝှစ်.. သံမဏိဓား၏ ချွန်ထက်မှုကို တောင့်ခံနိုင်သည့် လက်နက် များများစားစား မရှိပေ။
“မင်းက သေချင်နေတာပဲ”
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူသည် တစ်ခဏမျှ မျက်မှောင်ကြုတ်လိုက်သည်။ ထိုတစ်ခဏတွင် သူမသည် သူမ၏လက်သည်းများနှင့် အစွယ်များ ရိုက်ချိုးခံလိုက်ရသော ကျားတစ်ကောင်လို ကြည့်လာ၏။ သို့သော် နောက်တစ်စက္ကန့်အတွင်း၌ သတ်ဖြတ်ရန် ကြံစည်မှုများ သူမ၏ မျက်ဝန်းအတွင်းမှ ထွက်ပေါ်လာသည်။
ဂျစ်..
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူဆီမှ ပြင်းထန်သော သတ်ဖြတ်မှုရောင်ဝါ ထွက်ပေါ်လာသည်။ သူမသည် ထက်ဝက်ကျိုးသွားသည့် ဓားကို ကိုင်ဆောင်၍ ဝမ်ချောင်ဆီသို့ ဦးတည်နေစဉ် အေးစက်သည့် အလင်းရောင်က လေထဲတွင် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ သူမက ခါးတွင် အပိုဆောင်ထားသည့် ဓားမြှောင်ကို လျင်မြန်စွာ ယူပြီး ဝမ်ချောင်ကို ထိုးဖို့ ပြင်လိုက်သည်။ သို့မှသာလျှင် ဝမ်ချောင်က သူမ၏ ပထမဓားချက်ကိုသာ ရှောင်နိုင်ပြီး ဒုတိယဓားချက်ကို မရှောင်နိုင်မှာ ဖြစ်သည်။
စွမ်းဆောင်နိုင်စွမ်းရှိသည့် လုပ်ကြံရေးသမားသည် ခွန်အားနှင့် အရှိန် မပြည့်ဝဘဲ မနေပေ။ တစ်ခဏအတွင်း တခြားသူများက တစ်ချက်ထိုးနိုင်လျှင် စွမ်းဆောင်နိုင်စွမ်းရှိသည့် လုပ်ကြံရေးသမားက နှစ်ချက် သို့မဟုတ် သုံးချက် ထိုးနိုင်စွမ်းရှိသည်။
ဇွက်
သို့သော် ဝမ်ချောင်ကို သေစေနိုင်သော တိုက်ခိုက်မှုများက ပျောက်ကွယ်သွားသည်။ ဝမ်ချောင်၏ အသွင်အပြင်က မဖြစ်နိုင်ဟု ထင်ရသော အခြေအနေအောက်တွင် လေထဲသို့ ခုန်တက်သွားပြီးနောက် ဇွက်ခနဲ အသံနှင့်အတူ စူးရှသော နာကျင်မှုသည် သူမ၏ ပခုံးကို ရုတ်တရက် ထိုးဖောက်သွားသည်။
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူ ဒဏ်ရာရသွားသည်။
အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူသည် သူမမျက်လုံးများကို သူမ မယုံနိုင်ဖြစ်သွား၏။ သူမက ဒဏ်ရာရသွားပြီ ဖြစ်သည်။ ထို့နောက် သူမကို ဒဏ်ရာရအောင် လုပ်သည့်သူက သူမထက် အလွန်တရာ အင်အားနည်းသူ ဖြစ်၏။
သူမသည် ထိုသို့သော ဓားရေးကို ယခင်က မမြင်ဖူးပေ။ ဝမ်ချောင် အသုံးပြုခဲ့သော သိုင်းကွက်က သူမအတွက် အတိ စိမ်းသက်နေသည်။
“ငါ နင့်ကို သတ်မယ်”
ပြင်းထန်သော အရှက်တရား၏ ခံစားချက်သည် ဒေါသ၊ ထိတ်လန့်မှုတို့နှင့်အတူ
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ စိတ်ရှည်မှုသည် အဆုံးထိ ရောက်ရှိသွားပြီ ဖြစ်သည်။ မူလစွမ်းအင်၏ ပြင်းထန်ပြီး ကြီးမားသော လှိုင်းလုံးကြီးများသည် သူမထံမှ တောင်ကျရေကဲ့သို့ ချက်ချင်း ထွက်ပေါ်လာသည်။
“သခင်လေးကို ကာကွယ်ကြ”
“သူမကို တားကြ”
“ဘာပဲ ဖြစ်ဖြစ် သူမကို သခင်လေးနား ကပ်ခွင့်မပြုနဲ့”
…
အဖြစ်အပျက်များက တစ်ခဏအတွင်း ဖြစ်ပေါ်သွားသည်။ ရှန့်ဟိုင်သည် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ ခန္ဓာကိုယ်ကို ရှေ့မှ ပြေးခုတ်လိုက်ပြီးနောက် မုန့်လုံနှင့် တခြားရဲမက်များသည်လည်း နောက်မှ လိုက်လာကြသည်။
သူတို့အကုန်လုံးသည် အရှေ့သို့ အားအင်အပြည့်နှင့် တက်လာကြသည်။
“သတိထား။ သူမက ဒဏ်ရာရထားတယ်”
ဝမ်ချောင်က ရုတ်တရက် အော်ပြောလိုက်သည်။
“ငါ ဒဏ်ရာရထားရင်တောင် ငါနင့်ကို သတ်နိုင်သေးတယ်”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဒေါသတကြီး အံကြိတ်လိုက်သည်။ ဘုန်း.. ရုတ်တရက် ခွန်အားများ ထွက်ပေါ်လာပြီး ရှန့်ဟိုင်၊ မုန့်လုံနှင့် တခြားသူများသည် နောက်ကို လွှင့်ထွက်သွားကြသည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဝမ်ချောင်ဆီသို့ ချက်ချင်း ဦးတည်သွားတော့သည်။
မင်း ငါ့ကို သတ်ချင်ရင် လာလေ”
ဝမ်ချောင်သည် အော်ဟစ်ပြီး ဓားကို ဆက်တိုက်ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။ သူ့နောက်တွင် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက နေရာမှာတင် မြဲမြံစွာ ရပ်နေသည်။
သို့သော် ဤတစ်ကြိမ်တွင် ရှန့်ဟိုင်နှင့်မုန့်လုံတို့ပင် သူမ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည်။ ယခင်ထက်စာလျှင် သူမ၏အရှိန်က သိသိသာသာ နှေးသွားသည်။
သေသေချာချာ ကြည့်လျှင် သူမ၏ရွေ့လျားမှုသည် ယခင်ကလောက် မလျင်မြန်တော့ပေ။
“လီကျူရှင်းက သူမကို ဒဏ်ရာရစေခဲ့တယ်”
လူအုပ်ကြီး၏ စိတ်ထဲမှာ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ လီကျူရှင်းက သူမကို မမိခဲ့သော်လည်း သူက သူမကို ဒဏ်ရာရစေနိုင်ခဲ့သည်။
သူမ၏ ယခုခွန်အားက အလွန်တရာ နိမ့်ကျနေပြီ ဖြစ်သည်။
မဟုတ်လျှင် အင်အားကွာဟချက်ကြောင့် သူတို့ ယခုလို ရုန်းထွက်နိုင်မှာ မဟုတ်ပေ။
_____________________________________________________________
ပုံမှန် ပြန်တင်ပေးတော့မှာပါ။ Freeကို နှစ်ရက်တစ်ပိုင်း တင်ပေးပါမယ်။ Paid Group မှာတော့ နေ့တိုင်း Update ပေးပါတယ်။
အခန်း-၁၃၃ လဲကျခြင်း။
“အခြေအနေမဟန်ဘူး”
ရှန့်ဟိုင်၏ နှလုံးသားက အေးစက်သည့် အသူရာချောက်နက်ထဲသို့ ကျသွားသည်။ အမျိုးသမီးလုပ်ကြံသူ၏ တိုက်ခိုက်မှုကို ဆန့်ကျင်ပြီးနောက် ဝမ်ချောင်သည် သူတို့အဖွဲ့ထံသို့ ပြန်မလာပေ။ ထိုအစား သူက တောနက်ထဲကို လျင်မြန်စွာ ထွက်ပြေးသွားသည်။
အဖွဲ့ကပင် အမျိုးသမီးလုပ်ကြံသူ၏ ပြိုင်ဘက်မဟုတ်ပေ။ တစ်ယောက်တည်း ရင်ဆိုင်ခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် ခြားနားပါမည်လော။
“သခင်လေးက အန္တရာယ်ရှိနေပြီ။ သူမကို တားကြ..”
ဝမ်ချောင် အန္တရာယ်ကျရောက်နေသည်ကို မြင်သောအခါ အားလုံးသည် သူတို့၏ အသက်ကို ဖက်နှင့်ထုပ်၍ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူထံသို့ ပြေးဝင်ကြလေသည်။ သို့သော် သူတို့သည် အလျင်နှုန်းမြင့် သိုင်းပညာရှင်များ မဟုတ်ပေ။ ပြီးနောက် သူတို့၏ ကျင့်ကြံမှုမှာ သူမထက် နိမ့်ကျသောကြောင့် သူတို့သည် သူမကို လိုက်၍ မမီပေ။
“ဟန့်”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် အေးစက်စွာ လှောင်ရယ်လိုက်ပြီး သူတို့ကို အရေးမစိုက်ပေ။ အကယ်၍ ထိုရဲမက်များက သူမကို လိုက်မှီနိုင်လျှင် အံ့ဩဖွယ်ရာ ဖြစ်မှာပင် ဖြစ်သည်။
သူမ၏ မျက်လုံးထဲတွင် ဝမ်ချောင် တစ်ယောက်သာ အရေးပါသည်။
သို့သော်လည်း သူမ၏ တုန်လှုပ်ချောက်ချားမှုက ထိုကောင်လေး သင်ခဲ့သည့် အလွန်ထူးခြားသော ဓားသိုင်း ဖြစ်သည်။ ထိုအရာက သူ့ကို ထူးခြားဆန်းကြယ်စေပြီး သူ၏လှုပ်ရှားမှုများကို ခန့်မှန်းမရ ဖြစ်စေသည်။ ထိုဓားသိုင်းသည် သူမသိသည့် အခြားဓားသိုင်းများနှင့် မတူပေ။ သူက သူ၏ဦးတည်ချက်ကို လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်ပြီးနောက် သူမကို အံ့အားသင့်စေနိုင်သည်။ ထိုသိုင်းကွက်က အရိပ်ခြေလှမ်းထက် မနိမ့်ကျပေ။
သူမ၏ လုပ်ဆောင်နိုင်စွမ်းနှင့် အားသာချက်ရှိသော မြေပြင်အနေအထား ရှိသော်လည်း သူမသည် တစ်ဖက်လူကို ယခုအချိန်တွင် လိုက်မမီနိုင်ကြောင်း သိသွားသည်။
နင်ဘယ်ကို ပြေးမလဲကြည့်ရအောင်”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဒေါသတကြီး အံကြိတ်လိုက်သည်။ ထိုသန်မာသော မီးခိုးရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကို သူမက မျှားခေါ်သွားခဲ့ပြီးပြီ ဖြစ်သောကြောင့် သူမက ယခုအချိန်တွင် လုံခြုံသေးသည်။ သို့သော် ထိုသူ ပြန်လာရန်မှာ မကြာနိုင်ပေ။ ထို့ကြောင့် ထိုသူ ပြန်မလာခင် သူမက လူငယ်လေးကို သတ်ရမှာဖြစ်သည်။ သူမသည် သူ့ကို သတ်လိုက်သည်နှင့် တစ်ဖက်အဖွဲ့အစည်းက သူမကို တစ်ခုခုလုပ်နိုင်တော့မည် မဟုတ်ပေ။
ဗန်း..
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ ညာခြေသည် ဝမ်ချောင်ဆီသို့ လေးညို့မှ ထွက်လာသော မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီးနောက် စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ လူတော်တော်များများ၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက သစ်ပင်ပေါ်မှ မသက်မသာ ပြုတ်ကျသွားပြီးနောက် မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
ရှီး..
တစ်ချိန်တည်းမှာပင် ယခင်က သစ်ပင်၏ ပင်စည်ဖြင့် ဖုံးကွယ်ထားခဲ့သော တြိဂံပုံသဏ္ဍာန်ရှိသော အနက်ရောင် မြွေတစ်ကောင်က သစ်ပင်ပေါ်မှာ ပြုတ်ကျလာကာ တောနက်ထဲသို့ အလျင်အမြန် တွားသွားကာ ပျောက်ကွယ်သွားသည်။
ဂရုစိုက် အဲဒါက အနက်ရောင် မမ်ဗာမြွေပဲ”
အနောက်မှ လယ်သမားတစ်ယောက်က သတိပေးသည့်အနေဖြင့် ထွက်ပြေးနေသည့် မြွေကို ညွှန်ပြလျက် အော်ပြောလိုက်သည်။ ဝမ်မိသားစုမှ အခြားရဲမက်များက ထိုမြွေအကြောင်းကို အတိအကျ မသိနိုင်သော်လည်း သူက ထိုမြွေနှင့် ရင်းနှီးနေသည်။
ဒီမြွေက မယုံနိုင်စရာကောင်းလောက်အောင် သေစေနိုင်လောက်သည့် အဆိပ်ရှိပြီးနောက် အသက်ရှိနေသေးသရွေ့ တစ်ဖက်ကို နောက်ဆုံးထွက်သက်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။
“အဲဒါက အဆိပ်ရှိတဲ့မြွေပဲ။ အဲဒါက အဆိပ်ပြင်းတယ်”
ရှန့်ဟိုင်နှင့်မုန့်လုံလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။ သူတို့ တောင်ပေါ် စတက်စဉ်က သခင်လေးက သူတို့ကို ဤနေရာတွင် အဆိပ်ပြင်းသော မြွေများရှိကြောင်း ပြောကြားခဲ့ပြီး သတိထားရန် မှာကြားခဲ့သေးသည်။
အဆိပ်ပြင်းသောမြွေက သူတို့ကို မျက်နှာသာပေးပြီး ထိုအမျိုးသမီးလုပ်ကြံသူကို သူတို့အစား ပေါက်လိုက်လျှင် သူတို့ကို အရမ်းပျော်စေမှာ အမှန်ပင်။ ဒီအမျိုးသမီးလုပ်ကြံသူက မယုံနိုင်စရာကောင်းလောက်သည့် လုပ်ကြံသတ်ဖြတ်မှုစွမ်းရည် ရှိပြီး သူမ၏ အလျင်နှုန်းကို အခြေခံထားသည့် သိုင်းကွက်များကို အသုံးချကာ သူမက တောထဲတွင် ဟိုနားဒီနား လွတ်လွတ်လပ်လပ် ပျံသန်းနိုင်သည်။ သူမသည် သူမ၏အိမ်ကွင်းရှိ မြွေတစ်ကောင်ကို အမှန်တကယ် ရှုံးလိမ့်မည်ဟု မည်သူမျှ ထင်မထားချေ။
“ကောင်းတယ်။ ဒါက တကယ့်ကို လက်စားချေတာပဲ”
ရှန့်ဟိုင်နှင့်မုန့်လုံတို့က ဝမ်းသာသွားကြသည်။ သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြရင်း ရဲမက်များကို ခေါ်၍ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူကို ပိတ်ဆို့ ဝိုင်းရံလိုက်ကြသည်။ သို့သော် သူတို့က သူမကို ချက်ချင်း ထိခိုက်အောင် မလုပ်ရဲကြပေ။
‘ကင်းခြေများက သေသွားရင်တောင် မပြိုလဲပေ’။ ထိုအမျိုးသမီးလုပ်ကြံသူက ခွန်အားမည်မျှ ရှိသေးမှန်း မည်သူ သိမည်နည်း။ ပြီးနောက် သူမ၏ လက်တုံ့ပြန်မှုက မည်မျှပြင်းထန်မည်မှန်း မည်သူသိမည်နည်း။
“မပူပါနဲ့ သူမ တစ်ခုခု လုပ်ဖို့တောင် ခွန်အားမရှိတော့ဘူး”
ဝမ်ချောင်သည် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ ရှာဖွေမှုကို ရှောင်တိမ်းရန် သစ်တောတစ်ဝိုက်တွင် ဆင့်ချက်တစ်ရာဓားကွက်၏ လှုပ်ရှားမှုများကို အသုံးပြု၍ လှုပ်ရှားနေသည်။ ဤအချိန်တွင် သူက ဂျွမ်းထိုးပြီးနောက် သစ်ပင်ထိပ်မှ မြေပြင်ပေါ်သို့ သိမ်မွေ့စွာ ဆင်းသက်လာသည်။
သူ၏လက်ဖဝါးကို မှောက်ထားပြီး သူ့လက်ထဲမှ သစ်သီးခွံများကို သတိထားလျက် လွှင့်ပစ်လိုက်သည်။
“နင် ငါ့ကို ဒီထောက်ချောက်ထဲ တမင်မျှားခေါ်လာတာပဲ”
ဝမ်ချောင်ကို မြင်လိုက်သည်နှင့် ယင်းက ဝမ်ချောင်၏ အကြံအစည်တစ်ခုဖြစ်မှန်း သူမက ချက်ချင်း နားလည်လိုက်သည်။ ပြီးနောက် သူမက စိုးရိမ်မှုနှင့်ဒေါသထွက်မှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။ ယခင်က ဝမ်မိသားစု အိမ်တော်၏ စာကြည့်ခန်းထဲတွင် ဝမ်ချောင်က အိပ်ငွေ့ချရန်သုံးသော ဓာတ်ဘူးကို သုံးပြီး သူမကို လှည့်စားခဲ့သည်။ ဒီတစ်ကြိမ်တွင် အမည်မသိ လှည့်ကွက်တချို့ကို အသုံးပြုပြီး သူမကို ချေမှုန်းရန် အဆိပ်ရှိသော မြွေတစ်ကောင်ကို ရရှိခဲ့သည်။
သူမထက် နှစ်ဆ အားနည်းသူတစ်ဦးက သူမအား ထိုသို့ ပြုလုပ်နိုင်သည့်အပေါ် အရှေ့ကျွန်းစု အမျိုးသမီးလုပ်ကြံသူသည် ခေါင်းမှ အခိုးအငွေ့များ ထွက်လာလုမတတ် ဒေါသများ အလွန်အမင်း ပေါက်ကွဲထွက်လာတော့သည်။
လုပ်ကြံသတ်ဖြတ်ခြင်း၏ အဓိကအချက်မှာ စဉ်းလဲခြင်း ဖြစ်သည်။ လုပ်ကြံသူတစ်ယောက်၏ ပစ်မှတ်ကို လုပ်ကြံနိုင်သရွေ့ အားလုံးကို မေ့ထားနိုင်သည်။ သို့သော် သူမရှေ့မှ လူငယ်က သူမထက်တောင် ပို၍ ဆန်းကျယ်နေပုံရသည်။
လုပ်ကြံသူ တစ်ယောက်အနေဖြင့် သူမ၏ ပစ်မှတ်က သူမကို အမှောက်သိပ်ခြင်း ခံလိုက်ရ၍ ထိုသတင်းသာ ပြန့်သွားလျှင် သူမက အဆိပ်မမိလျှင်ပင် လှောင်ပြောင်မှုများကြောင့် သေသွားနိုင်သည်။
“ဒေါသမကြီးပါနဲ့ မင်း စိတ်လှုပ်ရှားရင် မြွေဆိပ်က မြန်မြန် ပြန့်သွားလိမ့်မယ်”
ဝမ်ချောင်က ခပ်ဟဟ ရယ်လိုက်ရင်း လျှောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက သူ့ခန္ဓာကိုယ်ပေါ်မှ ထိုအသီးများ၏ အနံ့ကို ဖျောက်လိုက်သည်။
“ခွေးကောင်”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက နှိုင်းယှဉ်၍ မရသော ဆိုးရွားလှသည့် မျက်နှာဖြင့် ရူးသွပ်လုမတတ် ဒေါသတကြီး ကျန်ဆဲနေတော့သည်။ အဆုံးထိ တောင့်ခံထားလိုသော်လည်း သူမကိုယ်သူမ စွမ်းဆောင်ဖို့ ခွန်အားမရှိတော့တာကို ခါးသီးစွာနှင့် သိရှိလိုက်တော့သည်။
ဝမ်ချောင်ပြောတာ မှန်သည်။ သူမ ပို၍ ဒေါသထွက်လေလေ အဆိပ်က ပိုပြန့်လေလေ ဖြစ်သည်။
လက်ရှိအချိန်တွင် သူမ၏ နှုတ်ခမ်းများကပင် အနက်ရောင် ပြောင်းနေပြီ ဖြစ်၏။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် အဆိပ်ပြင်းသောမြွေ ကိုက်ခံထားရသော ဒဏ်ရာရထားသည့် ခြေချင်းဝတ်ကို ခွန်အားအပြည့်ဖြင့် အဆိပ်ကို ညှစ်ထုတ်နေရုံမှလွဲပြီး ဘာမှမလုပ်နိုင်တော့ပေ။
“ဒီမိန်းမကို ကြည့်ရတာ သေခါနီးနေပြီနဲ့တူတယ်”
အမျိုးသမီးလုပ်ကြံသူ၏ မျက်နှာမည်းမှောင်သွားတာကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်ပြောသည်က အမှန်မှန်း လူတိုင်းချက်ချင်းပင် သတိပြုမိသွားသည်။ ရှန့်ဟိုင်နှင့်မုန့်လုံက နောက်ဆုံးတွင် စိတ်အေး သွားကြသည်။ သူတို့နှစ်ယောက်သည် ရှေ့တိုး၍ အမျိုးသမီးလုပ်ကြံသူ၏ လည်ပင်းနားတွင် ဓားဖြင့် တေ့ထားလိုက်ကြသည်။
“ငါ့ကို ခုတ်လိုက် သတ်လိုက် မင်းကြိုက်သလိုလုပ်ပါ”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက လည်ပင်းကို မော့ပြီးနောက် မခုခံတော့ဟု ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် မျက်စိမှိတ်လိုက်သည်။ သူမက လီကျူရှင်းနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာများစွာ ရရှိပြီးပြီ ဖြစ်သည်။ ထို့နောက် အဆိပ်ပြင်းသောမြွေ ကိုက်ခံလိုက်ရသည်။ သူမက လက်တုံ့ပြန်ဖို့ပင် ခွန်အားမရှိတော့ပေ။
သူမသည် ဒေါသထွက်သော်လည်း ယခုအချိန်တွင် သူမ ပြောနိုင်သည့်အရာ သို့မဟုတ် လုပ်နိုင်သည့်အရာ မရှိတော့ချေ။
“သနားစရာ ကောင်းလိုက်တာ။ ငါက သူ့ရဲ့ အသက်ကို အလွှတ်ပေးဖို့ တွေးနေသေးတာ”
ရုတ်တရက် မလှမ်းမကမ်းမှ သက်ပြင်းချသံနှင့်အတူ အသံနက်တစ်ခုကို ကြားလိုက်ရသည်။ ပြီးနောက် မီးခိုးရောင်ဝတ်ရုံဖြင့် လီကျူရှင်းက ပရုတ်ပင်ကြီးနောက်မှ ထွက်လာသည်။
သူသည် ဝမ်ချောင် ခရီးမထွက်ခင် အိမ်မှ ခေါ်လာသည့်အတိုင်း မီးခိုးရောင်ဝတ်ရုံကို ဝတ်ထားဆဲဖြစ်သည်။ သူ့အပေါ်တွင် ရွှေငါးထောင်ရှိပုံ တစ်စက်ကလေးမှ မပေါ်ပေ။ ပြီးနောက် သူက အသူရာချောက်နက်ထဲတွင် ပျောက်ကွယ် သွားပုံပေါ်သည်။
“လီကျူရှင်း မင်းပြန်လာပြီပဲ”
မုန့်လုံက ရုတ်တရက် သတိရပြီးနောက် သူ့ကို ဒေါသထွက်သွားတော့သည်။
“ငါ ပြန်လာတာ မဟုတ်ပါဘူး။ ငါက ထွက်ကို မသွားဘူးသေးပါဘူး။ ငါ သူမ ပြန်လာမှာကို စောင့်နေတာ”
လီကျူရှင်းက စိတ်အေးလက်အေးဖြင့် ပြောပြီး ဖြည်းညှင်းစွာ လျှောက်လာသည်။
“ဒါဆို မင်းဘာလို့ ဘာမှမလုပ်တာလဲ”
ရှန့်ဟိုင်သည်လည်း ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
“ဟဲဟဲ စိတ်မပူပါနဲ့။ ငါက ဒီနားတစ်ဝိုက်မှာပဲ ရှိနေတာပါ။ သူက အန္တရာယ် မပေးနိုင်ပါဘူး။ ဒါ့အပြင် သခင်လေးက မကြာသေးခင်ကမှ ကျင့်ကြံထားတာ မဟုတ်ဘူးလား။ လူတစ်ယောက်ရဲ့ အသက်အန္တရာယ်ကို ထိပါးတာက အဲလူကို တွန်းအား ပေးနိုင်ပါတယ်။ သူမက သူ့အတွက် လေ့ကျင့်ရေး ပစ်မှတ်ကောင်းတစ်ခုလို့ မင်း မထင်ဘူးလား”
“မင်း”
သူတို့နှစ်ယောက် သူ့စကားတွေကို ချေပချင်သော်လည်း သူတို့က နှုတ်ဆိတ်သွားကြသည်။
လီကျူမင်း တိတ်တဆိတ် ပြုံးလိုက်သည်။ သို့သော် သူက ဝမ်ချောင်ကို စိုက်ကြည့်လိုက်ချိန်တွင် သူ့စိတ်နှလုံးက တည်ငြိမ် မနေတော့ပေ။
တကယ်တမ်းတွင် လီကျူရှင်းက တစ်ဖက်လူက သူ့ကို မျှားခေါ်နေတာကို သိသည်။ အမျိုးသမီးလုပ်ကြံသူက သေချာပေါက် ပြန်လာပြီး ဝမ်ချောင်နှင့် ကိုင်တွယ်ဖြေရှင်းမည်ကို သိသောကြောင့် လီကျူရှင်းက ဆက်လက် ပုန်းနေပြီးနောက် အဖွဲ့က အမှန်တကယ် ဒုက္ခရောက်မှသာလျှင် ဝင်ရောက်စွပ်ဖက်မှာ ဖြစ်သည်။
သို့သော် ရလဒ်များက သူ မျှော်လင့်ထားသည်ထက် ပိုနေသည်။
ဝမ်ချောင်က ဤမျှခွန်အားကြီးမားပြီး အရည်အချင်းရှိသည့် အမျိုးသမီးလုပ်ကြံသူကို သူ့အကူအညီမပါဘဲ အမှောက်သိပ်ခဲ့သည်။
လီကျူရှင်း မင်းက မိန်းမတစ်ယော်ကို အလျှော့ပေးတဲ့ လူစားမှန်း ငါမသိခဲ့ဘူး”
လီကျူရှင်း၏ အတွေးကို သိသဖြင့် ဝမ်ချောင်က သူ့ကို စနောက်လိုက်သည်။
“ဒါက သူမကို အလျှော့ပေးတာ မဟုတ်ပါဘူး။ မင်း သူမကို သတ်ရင်တောင် အဲဒါက အသုံးမဝင်လို့ပါ။ မင်းကို သေစေချင်တဲ့သူက နောက်တစ်ယောက် ထပ်လွှတ်လိမ့်မယ်၊ သခင်လေးက သူမကို ဘယ်သူလွှတ်လိုက်လဲ ဆိုတာကို မသိချင်ဘူးလား”
လီကျူရှင်းက မေးလိုက်သည်။
“ဟဟ အဲအတွက် မလိုပါဘူး။ သူမကို ဘယ်သူပို့လဲဆိုတာ ကျွန်တော် သိပြီးသားပါ”
ဝမ်ချောင် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
ထိုစကားတစ်ခွန်းက လီကျူရှင်း၏ အကြည့်ကို ပြင်းပြင်းထန်ထန် အဆိပ်မိပြီး မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးလုပ်ကြံသူ ထံသို့ ကျရောက်သွားစေ၏။
“ငါသိပြီ။ ကြည့်ရတာ ငါက အများကြီး ဝင်ရှုပ်မိပုံပဲ”
လီကျူရှင်းက တိတ်တိတ်ဆိတ်ဆိတ် မထိုင်ခင် ပြောလိုက်သည်။ သူ၏အလုပ်ရှင်က သူထင်ထားတာထက်ပိုပြီး စေ့စပ်မှန်း သတိထားလိုက်မိသည်။
“ဟွန့် ငါ့ကို သတ်ချင်ရင် သတ်လိုက်။ စကားများနေစရာ မလိုဘူး”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ထိုအော်သံနှင့်အတူ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဆိပ်က ချက်ချင်းဆိုသလို အာနိသင်ပြလာသည်။ သူမ၏ ခန္ဓာကိုယ်ကို နာကျင်မှု လှိုင်းလုံးများက ရိုက်ခတ်လာသည်။ သူမ၏ အမြင်အာရုံက ဝေဝါးလာပြီးနောက် မကြာမီတွင် သတိမေ့သွားတော့သည်။
မရေမတွက်နိုင်သည့် ကာလများဟု ထင်ရသည့် အချိန်ကာလတစ်ခုပြီးနောက် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက နောက်ဆုံးတွင် အမှောင်ထဲမှ ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။
မနီးမဝေးမှ အသံ ထွက်ပေါ်လာသည်။
သခင်လေး ဘာလို့ သူမကို ကယ်တာလဲ။ သူမက ဒုက္ခပေးမယ့် အလားအလာ ရှိတယ်”
သူမကို သတ်တာက ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူမက ဒီအတိုင်း ပစ္စည်းတစ်ခုပဲလေ”
“ဒါပေမဲ့ သူမက အန္တရာယ် အရမ်းများတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလို့မရဘူး။ တကယ်လို့ သူက လက်မလျှော့သေးပဲ မင်းကို ထပ်ပြီးတော့ လုပ်ကြံရင် ဘယ်လိုလုပ်မလဲ”
“ဟဲဟဲ.. အဲဒါကို စိတ်မပူပါနဲ့…..”
လူငယ်တစ်ယောက်၏ ခပ်ဟဟ ရယ်သံနှင့် တစ်ဖက်လူက လက်ယမ်းပြပြီး ဆွေးနွေးနေမှုကို အဆုံးသတ်လိုက်သည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါတွင် ပင်ပန်းနွမ်းနယ်မှုက သူမ၏ ခန္ဓာကိုယ် ထောင့်ပေါင်းစုံမှ စိမ့်ဝင်လာသည်။ သူမ၏ မျက်လုံးပေါ်သို့ အလင်းတန်းတစ်ခုက ကျရောက်လာပြီးနောက် သူမ မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က အခြေခံအဆောက်အဦးများနှင့် သစ်ပင်များကို ခုတ်လှဲနေသော အလုပ်သမားများကိုပင် ဖြစ်သည်။
ပြီးနောက် သူမသည် လက်နောက်ပစ်ထားသည့် ဝမ်ချောင်နှင့် သူ့ဘေးတွင် လမ်းလျှောက်နေသည့် မုန့်လုံကို သတိထားမိသည်။ ခုနက သူကြားခဲ့သည့် အသံက သူတို့နှစ်ယောက်ထံမှ ဖြစ်နိုင်၏။
နင် ငါ့ကို မသတ်ဘူးလား”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက သတိပြန်ရမလာခင် တစ်ခဏမျှ မူးဝေနေသည်။ သူမ၏ မျက်နှာပေါ်မှာ အံ့အားသင့်မှုက ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
သူမ၏အသံက သူတို့နှစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားသည်။
“အဟဲ မင်းနိုးလာပြီပဲ”
ဝမ်ချောင် ပြုံးပြီး ထွက်သွားသည်။
ဝှမ်း..
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ချက်ချင်း မတ်တပ်ရပ် လိုက်သော်လည်း ရုတ်တရက် သူမ၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဆွဲထားသလို ခံစားလိုက်ရ၏။ သူမကို သစ်ပင်၌ ချည်ထားမှန်း ရုတ်တရက် သတိထားမိသွားသည်။
“ဟန့် ငါတို့ရဲ့ သခင်လေးကို ထပ်ပြီး လုပ်ကြံရဲ လုပ်ကြံကြည့်။ ငါ မင်းကို ငါ့ဓားနဲ့ သတ်ပစ်မယ်”
မုန့်လုံသည် ရုတ်တရက် ရှေ့သို့ ခြေလှမ်းကျဲကျဲ လျှောက်လာပြီး သူ့ဓားဖြင့် အမျိုးသမီးလုပ်ကြံသူ၏ နှလုံးသားကို ရွယ်လိုက်သည်။ လျော့ကျနေတဲ့ အခြေအနေက ထပ်မံတင်းမာ လာသည်။
တိတ်ဆိတ်မှုက နေရာတိုင်းတွင် ပျံ့နှံ့သွားပြီးနောက် မရေမတွက်နိုင်သည့် မျက်လုံးများက ရုတ်ရုတ်သဲသဲဖြစ်ခြင်းကို ကြည့်ရန် ခပ်မြန်မြန် လှည့်လာကြသည်။
“နင် ငါ့ကို သတ်ချင်ရင် သတ်လိုက်လေ။ နင့်ကို ငါကြောက်နေမယ်များ ထင်နေလား”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဘေးကို လှည့်ပြီး လည်ချောင်းရှင်း၍ အေးစက်စွာ ပြောလိုက်သည်။
“ဟန့် ငါ မလုပ်ရဲဘူးလို့ မင်းထင်နေတာလား”
မုန့်လုံသည် ထိုစကားလုံးများကို ပြောလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်သည်။ ဤမိန်းမလက်အောက်တွင် မည်သူမှ မသေသော်လည်း အကုန်လုံးက သူမ၏ လက်ချက်ဖြင့် ဒဏ်ရာ အမျိုးမျိုး ရရှိပြီး ဖြစ်သည်။
ဤမိန်းမက အလွန် အားကောင်းသည်။ သူမ၏အာရုံက သခင်လေးအပေါ်မှာသာ မရှိလျှင် သူတို့က မြေပြင်ပေါ်မှ အလောင်းများ ဖြစ်ပြီးလောက်ပြီဖြစ်သည်။
“တော်လောက်ပြီ။ သူ့ကို လွှတ်ပေးလိုက်တော့”
ဝမ်ချောင်၏ အသံက နောက်မှ ထွက်ပေါ်လာသည်။
မုန့်လုံက အင်တင်တင် ဖြစ်နေသော်လည်း သူ့ဓားကို ရမ်းလိုက်၍ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ နောက်မှ ကြိုးများ အားလုံးကို ဖြတ်လိုက်သည်။ ဤအချိန်တွင် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် အံ့အားသင့်မှုမှ စိတ်ငြိမ်သက်အောင် မလုပ်နိုင်သေးပေ။ သူမ မသိစိတ်၏ စေ့ဆော်မှုအရ သူမလက်ကို ပွတ်လိုက်ရင်း သူမခန္ဓာကိုယ်မှ မြွေဆိပ်ကို ဖြေပြီးပြီမှန်း သတိပြုမိလိုက်သည်။
သူမနားတွင် များပြားလှစွာသော ဆေးဖက်ဝင်အပင်များနှင့် သူမ မသိသော ခရမ်းရောင်သစ်ရွက်များ ရှိသည်။ ပြီးနောက် နေရာတစ်ခုလုံးနားတွင် အရည်မျိုးစုံ ပြန့်နှံ့နေသည်။ သူတို့က သူမ၏အဆိပ်ကို ဖြေရတာနှင့် ပက်သတ်ပြီး ပြဿနာမျိုးစုံ ကြုံခဲ့ရသည်နှင့် တူသည်။
သို့သော် သူမ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်က စိတ်ဒဏ်ရာမှ ပြန်လည်ကောင်းမွန် မလာသေးသောကြောင့် သူမက အားနည်းနေသေးသည်။
“နင်က ငါ့ကို ဒီတိုင်း ပြန်လွှတ်ပေးမလို့လား”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက ဝမ်ချောင်ကို မယုံသလို ကြည့်လိုက်သည်။
Paid Groupရှိပါတယ် 3000ပါ
နေ့တိုင်း updateပေးပါတယ်။
အခန်း-၁၃၄ မီယာဆာမိအာရကာ၏ အသနားခံခြင်း။
“မင်းဆက်ပြီး လုပ်ကြံလို့ရမယ်လို့ မင်းထင်နေတာလား”
အမျိုးသမီးလုပ်ကြံသူ၏ စကားများကို အထင်လွဲပြီး မုန့်လုံက မာဆတ်ဆတ်ပြောလိုက်သည်။
သူ၏ ရုတ်တရက်အော်သံက လေထုကို ထပ်ပြီး တင်းမာလာစေသည်။
ဤအချိန်တွင် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် လူတိုင်း၏အကြည့်များက သူမအပေါ်တွင် ရုတ်တရက် ကျရောက်လာကြောင်း သတိထားမိလိုက်သည်။ ပြီးနောက် ထိုသူများအနက် သူမကို ထူးထူးခြားခြား စူးစူးရဲရဲ ကြည့်နေသူများလည်း ရှိသည်။
စူးစူးရဲရဲကြည့်နေသည့်ဘက်ကို လှည့်ကြည့်လိုက်ရာ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက မီးခိုးရောင်ဝတ်ရုံနှင့်လူက သစ်ပင်ကို မှီ၍ လက်ပိုက်ထားသည်ကို တွေ့လိုက်ရသည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ မျက်လုံးများ ရုတ်တရက် မည်းမှောင်သွားသည်။ နောက်ဆုံးတွင် ဝမ်ချောင် အဘယ်ကြောင် သူမကို စိုးရိမ်မနေဘဲ လွှတ်ပေးမှန်း သူမသိသွားသည်။ သူမ၏ လက်ရှိအခြေအနေ အရဆိုလျှင် ထိုအစွမ်းထက်သော လူရှေ့တွင် သူမက ဘာမှမလုပ်နိုင်ပေ။
“မြန်မြန် ထွက်သွားတော့။ သူတို့က မင်းကို အမြဲတမ်း ကြင်နာနေမှာ မဟုတ်ဘူး.. ငါတို့ထဲက တော်တော်များများက မင်းကို ဒီမှာ နေစေချင်တယ်ဆိုတာ မင်းသိမှာပါ”
လီကျူရှင်းက အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူကို တည်ငြိမ်စွာပြောပြီး လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ထူးထူးခြားခြား အရိပ်အယောင်များ ရှိနေသည်။
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် စိတ်ထဲတွင် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် စိတ်တည်ငြိမ် သွားသည်။ လီကျူရှင်းကို သံသယရှိစွာ ကြည့်လိုက်ရင်း သူမ မယုံကြည်၍ အနည်းငယ် စိုးရိမ်နေသည်။
သူမ သစ်ပင်များကြားထဲတွင် မပျောက်ကွယ်သွားမချင်း မည်သူမှ မလှုပ်ရှားခဲ့ပေ။ ပြီးနောက် မည်သူကမှ သူမကို ထိခိုက်အောင် မလုပ်ခဲ့ပေ။
ဟူး..
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက သက်ပြင်း အရှည်ကြီး ချလိုက်သည်။ ဖော်မပြနိုင်သော စိတ်ခံစားမှုမျိုးသည် သူမ၏နှလုံးသားကို ဆုပ်ကိုင်ထားသည်။ သူမ၏ အင်္ကျီလက်များကို ဆွဲတင်လိုက်ရင်း သူမ တောင်အောက်သို့ ဆင်းသွားရင်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးတော့__
“မင်း သူ့ကို လွှတ်ပေးလိမ့်မယ်လို့ ငါထင်မထားဘူး”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားချိန်မှာ လီကျူရှင်းက ရုတ်တရက် ဝမ်ချောင်ဘက်သို့ လှည့်လိုက်သည်။ အမျိုးသမီးလုပ်ကြံသူသည် လီကျူရှင်းက သူမကို ကယ်ပြီး လွှတ်ပေးလိုက်သည့်သူဟု ထင်နေသော်လည်း ထိုအရာက အရေးမကြီးပေ။
ဝမ်ချောင်သည် မြေပြင်ပေါ်မှ ဆေးဖက်ဝင်အပင်များကို စုလိုက်ပြီး ရိုးရိုးသားသား ပြောလိုက်သောကြောင့် သူ အံ့အားသင့်သွားသည်။
“ဟဲဟဲ သူမကို မသတ်ဖို့ ဆုံးဖြတ်ဖို့ ကျွန်တော့်မှာ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော်ရှိပါတယ်”
ကိစ္စကို ရှင်းပြရမည့်အစား ဝမ်ချောင်က ပဟေဠိဆန်စွာ ခပ်ဟဟ ရယ်လိုက်သည်။ တကယ်တော့ သူသည် သူမအတွက် စိတ်မကောင်းဖြစ်ပြီး သူ၏ သနားကြင်နာတတ်မှုများက ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် မဟုတ်ပေ။ သူ့တွင် တခြားအကြံများ ရှိနေသေး၍ ဖြစ်သည်။
ဝမ်ချောင်သည် ယခင်ဘဝတွင် ဆယ်မိုင်ကျွန်းအကြောင်း ကြားဖူးသော်လည်း သူတို့နှင့် ငြိစွန်းခြင်း မရှိခဲ့ပေ။
တိုင်းတစ်ပါးမှ မြင်းတပ်များ ကျူးကျော် ဝင်ရောက်လာသော်လည်း ဝမ်ချောင်ကြားခဲ့ရသော ကောလဟာလများအရ ထိုကျွန်းများပေါ်တွင် ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်က သူနှင့် အရှေ့ဆယ်မိုင်ကျွန်းကြားတွင် တစ်ယောက်ယောက်က ခင်းပေးမည့် တံတားတစ်စင်းကို လိုအပ်နေခဲ့တာ ဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို ယခင်က လီကျူရှင်း ပြောခဲ့သည့်အတိုင်း သူသည် သူမကို သတ်လျှင်တောင် သူမနောက်မှ ကြိုးကိုင်သူက နောက်ထပ် လုပ်ကြံသူတစ်ယောက်ကို လွှတ်ဦးမှာ ဖြစ်သည်။ ထို့အပြင် ဝမ်ချောင်သည် သူမက သူ့ကို လာရှာမည်ဟု ယုံကြည်နေသည်။
…
ဝမ်ချောင်က အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက သူ့ကို ပြန်လာရှာရန် မျှော်လင့်နေသော်လည်း သူ၏ စိတ်ကူးထဲတွင် ဤမျှ မြန်မြန်ပြန်လာမည်ဟု ထင်မထားပေ။
သူမ တောထဲတွင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် သစ်တောအစွန်တွင် ရုတ်တရက် နောက်ထပ်တစ်ကြိမ် ပေါ်လာပြီး လူတိုင်း၏ မြင်ကွင်းရှေ့သို့ ထပ်မံရောက်ရှိလာသည်။
“မင်း နောင်တမရဘူးလား။ ငါတို့ မင်းရဲ့အသက်ကို ချမ်းသာပေးပြီးတာကို မင်ဘယ်လိုလုပ်ပြီး ပြန်လာရဲသေးတာလဲ”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူကို ထပ်မံတွေ့လိုက်ရ၍ ရှန့်ဟိုင်နှင့်မုန့်လုံတို့က ဒေါသထွက်သွားကြသည်။ ဝမ်မိသားစုမှ ရဲမက်များနှင့် သူတို့က ဓားများကို ဆွဲထုတ်လိုက်ကြပြီးနောက် ဝမ်ချောင်ရှေ့တွင် ရပ်နေလိုက်ကြကာ သူ့ကို တစ်ဖက်လူရန်မှ ကာကွယ်နေကြသည်။
“နေဦး”
ဝမ်ချောင် လူအုပ်ကို တားလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ တစ်နည်းနည်းဖြင့် ဝမ်ချောင်က တစ်ဖက်လူဆီမှ သတ်ဖြတ်ချင်သော ရည်ရွယ်ချက်ကို မခံစားမိပေ။
“သူက ငါ့ကို သတ်ဖို့လာတာ မဟုတ်ဘူး”
“မင်းဘာလိုချင်တာလဲ ပြော”
ဝမ်ချောင်သည် အရှေ့ကို တိုးထွက်လိုက်ပြီး မေးလိုက်သည်။ သူမ၏ခန္ဓာကိုယ်က အားနည်းနေပြီး သူက ဆင့်ချက်တစ်ရာဓားကွက်ဖြင့် ဒဏ်ရာရအောင် ပြုလုပ်ထားသည့်အပြင် လီကျူရှင်းကလည်း အနားတွင် ရှိနေသည်။ ဝမ်ချောင်က သူမ တစ်ခုခု လုပ်မည်ကို မစိုးရိမ်ပေ။
“ငါ… ငါ မပြန်နိုင်ဘူး”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ မျက်နှာက ဖြူရော်သွားသည်။
“ငါ နင့်ရဲ့ ဝမ်မိသားစုအိမ်တော်ကနေ ပြန်လာတော့ ဂိုဏ်းခေါင်းဆောင်က ငါ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်။ အခု ငါထက်ပြီး ကျရှုံးပြန်တယ်။ ငါ ပြန်လို့ မရတော့ဘူး။ လုပ်ကြံသူတွေအတွက် တတိယအခွင့်အရေးဆိုတာ မရှိဘူး။ ပြီးတော့ ငါ့ရဲ့ အရိပ်ခြေလှမ်းတွေ သုံးရင်တောင် အဲဒါက ငါ မသေခင် ခဏလောက်ပဲ အချိန်ဆွဲထားပေးမှာ”
“မင်း မင်းရဲ့ဂိုဏ်းခေါင်းဆောင်ကို အရိပ်ခြေလှမ်း သင်ခိုင်းထားတာလား”
ဝမ်ချောင် ရုတ်တရက် ထူးဆန်းသည့် မျက်နှာထားဖြင့် မေးလိုက်သည်။ အမျိုးသမီးလုပ်ကြံသူသည် မေးခွန်းကို ဖြေရန် မပွင့်လင်းလောက်ဟု ဝမ်ချောက်က သေချာပေါက် တွေးထင်ခဲ့သည်။
“အမှန်ပဲ”
အနက်ရောင်မျက်နှာလွှားဇာအောက်မှ အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူသည် ခေါင်းငုံ့လိုက်ရင်း သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
သည်တစ်ကြိမ်တွင် ဝမ်ချောင်သည် အမှန်တကယ်ပင် အထင်ကြီးသွားသည်။ သူက အရှေ့ကျွန်းစုမှ လူများက ပင်မထိန်းချုပ်မှုအောက်မှ လူများနှင့် မတူမှန်းသိသော်လည်း ဝမ်ချောင်က သူမသည် သည်ကိစ္စနှင့် ပတ်သက်ပြီး ဤမျှ ပွင့်လင်းမည်ဟု ထင်မထားပေ။
သို့သော် ထို့သို့ပြုလုပ်သည်က သူတို့နှင့် တူပုံရသည်။
“တကယ်လို့ ငါပြန်သွားရင် အသတ်ခံရမှာ။ ပြီးတော့ မပြန်ရင်လည်း ဂိုဏ်းခေါင်းဆောင်က နောက်တစ်ယောက်ကို လွှတ်လိုက်ပြီးတော့ ငါ့ကို သတ်ခိုင်းမှာ သေချာတယ်။ ပြီးတော့ အရိပ်ခြေလှမ်းမှာ အပြစ်အနာအဆာတစ်ခု ရှိတယ်။ အခုအချိန်မှာ လူကြီးမင်းတစ်ယောက်ပဲ ကျွန်မကို ကယ်နိုင်မှာပါ”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ၏ စိတ်ထဲတွင် ရုန်းကန်နေပုံရပြီးနောက် နောက်ဆုံးတွင် သူမ ဒူးထောက်လိုက်သည်။ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီးနောက် သူမသည် သူမ၏ မော်ကြွားနေကျ ဦးခေါင်းကို ငုံ့လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ”
ပြီးနောက် သူမသည် လက်များကို မြေပြင်ပေါ်မှာ ချလိုက်ပြီးတော့ မခုခံတော့ပဲ ခံစားချက်မဲ့စွာ ဒူးထောက်လိုက်သည်။
တစ်ခဏအတွင်း အကုန်လုံးက စကားမပြောနိုင် ဖြစ်သွားကြသည်။ လီကျူရှင်းပင်လျှင် အံ့အားသင့်သွားသည်။
ဤအမျိုးသမီးလုပ်ကြံသူ သူတို့ကို ရက်စက်စွာ တိုက်ခိုက်နေခဲ့သည်မှာ မကြာသေးပေ။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူမက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ဝမ်ချောင်ကို သူမအား ကယ်တင်ရန် အနူးအညွတ် တောင်းပန်နေသည်။
ဤသဘောထား ပြောင်းလဲမှုသည် အမှန်တကယ်ပင် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။
“ဒီမိန်းမက တကယ် သခင်လေးရှေ့မှာ ဒူးထောက်မယ်လို့ မတွေးဖူးဘူး”
ရှန့်ဟိုင်နှင့်မုန့်လုံတို့ ပြောစရာ စကားမရှိ ဖြစ်သွားကြသည်။ သူတို့ဘေးရှိ သခင်လေးကို လေးစားသည့်ပုံစံနှင့် ကြည့်လိုက်သည်။ အနှစ်သုံးဆယ်ကျော် နေထိုင်ခဲ့သော်လည်း သူတို့က သူတို့သခင်လေးထံမှ ဤကဲ့သို့ ထိုသို့သော မြင်ကွင်းကို ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်သာဆိုလျှင် သူတို့က ဆယ်ကြိမ်ကျော် သေဆုံးရမည် ဖြစ်သည်။ အမျိုးသမီးလုပ်ကြံသူက ဒူးထောက်က အကူအညီ တောင်းနေသည်ကို ပြောစရာပင် မလိုတော့ချေ။
သို့သော် ရှန့်ဟိုင်နှင့်မုန့်လုံတို့က ဝမ်ချောင်၏ အကြံသည် သူတို့နှင့် လုံးဝကွဲပြားသည်ကို မသိချေ။
“ဒီမိန်းမက တကယ်ပြတ်သားပြီး လက်တွေ့ကျတာပဲ”
ဝမ်ချောင်က တွေးလိုက်သည်။
အရိပ်ခြေလှမ်းများတွင် ဆိုးရွားသည့် အမှားတစ်ခု ရှိသည်။ ယင်းအချက်နှင့် ပတ်သက်ပြီး ဝမ်ချောင်က သူမကို မလိမ်ခဲ့ပေ။ အရိပ်ခြေလှမ်းကို ပို၍ တတ်ကျွမ်းလေလေ ထိုသိုင်းကွက်က ပိုကြီးသည့် ထိခိုက်မှုပေးလေလေ ဖြစ်သည်။
အကယ်၍ သူမက အသက်ရှင်ချင်လျှင် ကျင့်ကြံမှုကို ရပ်ပြီး သန်မာချင်မှုကို ရပ်စဲရမည်ဖြစ်သည်။ သို့သော် သူမသည် ကျင့်ကြံမှုကို ရပ်စဲလိုက်လျှင် မြို့တော်ရှိ သူမရန်သူများ၏ အမျက်ဒေါသမှ လွတ်မြောက်ရန် ခက်ခဲမှာ ဖြစ်သည်။ သူမ တစ်ခဏ လွတ်မြောက်နိုင်သော်လည်း တစ်ချိန်လုံး ပုန်းနေရမှာ ဖြစ်သည်။
ဝမ်ချောင်သည် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူ သူမ၏အဖွဲ့သို့ ပြန်ပြီးနောက် ဘာဖြစ်သွားမှန်း မသိပေ။ သို့သော် သူမ၏ပုံစံကို ကြည့်ရသည်မှာ သူမ၏အရိပ်ခြေလှမ်းမှ ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာပုံပေါ်သည်။
တခြားသူများက သတိမထားမိသော်လည်း သူမက ထိုအရာနဲ့ ပတ်သက်ပြီးတော့ သေသေချာချာ သိနားလည်နေသည်။ ၎င်းသည် သူမက သူ့ကို ဒူးထောက်သည့် အဓိကအကြောင်းအရင်း ဖြစ်နိုင်၏။
“ငါ မင်းကို ကူညီရင် ဘာရမှာလဲ”
ဝမ်ချောင်က မထုံတတ်သေး မေးလိုက်သည်။
“ငါ့မှာ နင့်ကို ပေးစရာ မရှိပါဘူး။ ဒါပေမဲ့ နင် ငါ့ကို အရိပ်ခြေလှမ်းရဲ့ အားနည်းချက်ကို ဘယ်လို ပြင်ရမလဲဆိုတာကို ပြောရင် ငါ နင့်ကို ငါ့ရဲ့တစ်သက်တာ သစ္စာရှိမှုကို လိုလိုလားလားပေးမယ်”
မြေပြင်ပေါ်တွင် ဒူးထောက်ထားရင်း အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက အံကြိတ်လိုက်ကာ ဓားမြှောင် အသေးလေးကို ထုတ်လိုက်သည်။ ပြီးနောက် ဂျိခနဲ အသံနှင့်အတူ လက်ညှိုးအစွန်းကို ဖြတ်လိုက်၏။ သူမ၏အနာထိပ်မှာ ကြက်သွေးရောင်သွေးများ ပန်းထွက်လာသည်။
“နဂါးနက်ကို တိုင်တည်ပြီး ငါ မီယာဆာမိအာရကာက လူကြီးမင်းကို တစ်သက်လုံး သစ္စာရှိပါ့မယ်။ ကျွန်မက လူကြီးမင်းရဲ့ ခြေလက်အင်္ဂါတွေအဖြစ် တာဝန်ထမ်းဆောင်ပြီး လူကြီးမင်းရဲ့လမ်းကြောင်းမှာ ရပ်နေတဲ့ ရန်သူမှန်သမျှကို ရှင်းထုတ်ပါ့မယ်”
အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူက နဖူးအလယ်တည့်တည့်ရှိ ခရမ်းရောင် အပျောက်လေးကို မညွှန်ပြခင် သူမ၏သွေးကို အသုံးပြုပြီး အဆောင်တစ်ခု ဆွဲလိုက်သည်။
ဟူး..
ဘေးပတ်ဝန်းကျင်ရှိလူများက သိသိသာသာ ငြိမ်သက်သွားသော်လည်း လေပြင်းများက ထူးဆန်းစွာ ရုတ်တရက် တိုင်ခတ်လာသည်။ ထိုလေများသည် အရှေ့ကျွန်းစုအမျိုးသမီးလုပ်ကြံသူထံမှ ဝမ်ချောင်ဆီသို့ တိုက်ခတ်နေတာဖြစ်သည်။
ထို့နောက် တစ်ခဏအတွင်း လေပြင်းများက ထူးဆန်းစွာဖြင့် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ လူအုပ်က တုန်လှုပ်ချောက်ချားပြီး သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင် ဖြစ်သွားကြသည်။
ဝမ်ချောင်သည်လည်း သူ ယခုခံစားနေရသည့် ခံစားချက်ကို အတိအကျ မရှင်းပြနိုင်ပေ။ သူ့ရင်ထဲတွင် တစ်ခုခု ပေါ်လာသလို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် ဘာမှ ပြောင်းလဲမသွားပေ။ ပြီးနောက် သူသည် မီယာဆာမိအာရကာကို ကြည့်လိုက်သည့်အချိန်တွင် သူမနှင့်သူနှင့်ကြားထဲတွင် ထူးထူးခြားခြား ဆက်စပ်မှုတစ်ခု ရှိသလို ခံစားလိုက်ရသည်။
“အဲဒါက ဝိညာဉ်အမျိုးအစား လျှို့ဝှက်ပညာမလား”
ရုတ်တရက် ဝမ်ချောင်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်စီးသွားသည်။ သူ၏ဝိညာဉ်က အပြည့်အဝ ပြန်မကောင်း လာသေးသောကြောင့် သူသည် ထိုအရာကို သေသေချာချာ အာရုံမခံနိုင်သေးပေ။
ဒီလိုဆိုရင်တောင်ပင် သူက ထိုအရာသည် ဝိညာဉ်အမျိုးအစား လျှို့ဝှက်ပညာမှန်း သိလိုက်သည်။
“မင်းက ဘာဖြစ်နေတာလဲ။ နဂါးဖြူတွေ နဂါးနက်တွေ လုပ်မနေနဲ့။ မြန်မြန်ထပြီး သွားတော့..”
ရှန့်ဟိုင်က ဆက်မထိန်းနိုင်တော့ပေ။ အခြေအနေကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် သူက ဘာကိုမှ နားမလည်နိုင်တော့ပေ။ အဆုံးတွင် တဖက်လူက မဆီမဆိုင်သော အရာများစွာဖြင့် သူတို့ကို အံ့ဩအောင် လုပ်နေသည်ဟု သူက မှတ်ယူနိုင်တော့သည်။
“ခဏနေဦး။ မီယာဆာမိ အာရကာ။ ဟုတ်တယ်မလား။ မတ်တပ်ရပ်လိုက်.. ငါမင်းကို ကူညီပေးမယ်”
“သခင်လေး”
ရှန့်ဟိုင်နှင့်မုန့်လုံတို့ လန့်သွားကြသည်။
“မပူပါနဲ့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”
ဝမ်ချောင်သည် ခေါင်းယမ်းရင်း မီယာဆာမိအာရာကာဆီသို့ သွားလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းရဲ့တောင်းဆိုမှုကို လက်ခံလိုက်မယ်။ မတ်တပ်ရပ်ပြီး ဟိုမှာ သွားနားနေတော့။ အဲ့နေရာမှာ မင်း ပြန်လည်ကုသတာက အခြားနေရာတွေထက် ပိုပြီး မြန်လိမ့်မယ်”
မီယာဆာမိအာရကာသည် သူမလက်များကို အလိုအလျောက် ဆန့်ထုတ်လိုက်မိပြီး ဝမ်ချောင်၏လက်များကို ကိုင်လိုက်သော်လည်း တခဏအတွင်း သူမသည် ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုမှ ထွက်ပြေးသည့်နှယ် ရုတ်တရက် သူမလက်များကို ပြန်ရုတ်သိမ်း လိုက်သည်။ ၎င်းသည် အလွန်ပင် သဘာဝမကျသော တုံ့ပြန်မှုဖြစ်ပြီး သူမသည် မည်သူနှင့်မှ မထိတွေ့ဖူးသည့်ပုံ ဖြစ်သည်။
“ကောင်းပါပြီ လူကြီး…. ကောင်းပါပြီ သခင်”
မီယာဆာမိအာရကာသည် ခေါင်းငုံ့လိုက်ပြီးနောက် ရိုသေစွာ ပြန်ပြောလိုက်သည်။ ထိုအရာသည် ယခင်က သူမ၏ မောက်မာပြီး မထီမဲ့မြင်ပြုသည့်ပုံနှင့် အတိကွဲပြားလွန်းသည်။
ဝမ်ချောင်သည် အံ့အားသင့်သွားပြီး သဘောပေါက်သည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ လုပ်ကြံသူတစ်ယောက် အနေနှင့် သူမသည် မည်သူနှင့်မှ မထိတွေ့ဖူးခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။ ဖြစ်နိုင်ချေအများဆုံးသည် သူမက ထိုပုံစံအတိုင်း ကြီးပြင်းလာတာ ဖြစ်ရပေမည်။
“ဒီလောက် စနစ်တကျ ပြောနေစရာ မလိုပါဘူး။ မင်း အရင်သွားသင့်တယ်”
ဝမ်ချောင် လက်ယမ်းပြပြီး ပြောလိုက်တယ်။
မီယာဆာမိအာရကာက ဘာမှမပြောတော့ဘဲ မတ်တပ်ရပ်လိုက်ပြီး သူမ ယခင်က ကြိုးတုပ်ခံထားခဲ့ရသော သစ်ပင်ဆီသို့ သွားကာ တင်ပျဉ်ခွေတိုင်ပြီး စတင်ကျင့်ကြံတော့၏။
မီယာဆာမိအာရကာ၏ နောက်ကျောကို ကြည့်နေရင်း ရှန့်ဟိုင်နှင့်မုန့်လုံတို့ ခေါင်းယမ်းလိုက်ကြသည်။ ထိုလုပ်ကြံသူသည် သူတို့ကို ထူးဆန်းသည့် ခံစားချက်ကို ပေးနေပြီး သူတို့ ယခင်က ရင်ဆိုင်ဖူးသည့်သူများနှင့် သိပ်ကို ကွာခြားလွန်းနေသည်။
မကြာသေးခင်ကပင် သူမသည် အလွန်အမင်း ရက်စက်သည့်ပုံ ဖြစ်နေသော်လည်း ယခုတွင်မူ သူမက ‘သခင်’ဆိုသည့် စကးလုံးကို ဘာမှမဖြစ်သည့်ပုံစံဖြင့် ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။ မြင့်မြတ်သော ထန်နိုင်ငံတော်တွင် ထိုသို့ ပြောနိုင်သည့်သူ အလွန်နည်းပါးသည်။
ပင်မကျွန်းစုတွင် သူတို့ အလုပ်အကျွေးပြုသူများကို ‘သခင်ကြီး’၊ ‘လူကြီးမင်း’ နှင့် ‘သခင်လေး’ ဟု ခေါ်လေ့ရှိကြသော်လည်း ‘သခင်’ဟု ခေါ်ကြသည်မှာ ရှားသည်။
(ဒီနေရာမှာက တရုတ်လိုဆိုရင် လုပ်ကြံသူမိန်းမက သူ့ကိုယ်သူ ခွေးတစ်ကောင်လို သတ်မှတ်ပြီးတော့ ဝမ်ချောင်ကို အလုပ်အကျွေးပြုတဲ့ အခေါ်အဝေါ်မျိုး ဖြစ်သွားတာပါ။ မြန်မာလိုဆိုရင်တော့ သိပ်မကွဲဘူး။ ဆိုလိုတာက သူက ဝမ်ချောင်အတွက် ဝိညာဉ်သားရဲလိုမျိုး ဖြစ်သွားတာပါ)
လူတစ်ယောက်သည် ပိုသန်မာလေလေ ပိုပြီးမောက်မာလေလေ ဖြစ်သည်။ ပြီးနောက် သူက ဘယ်သူ့ကိုမဆို ‘သခင်’လို့ ခေါ်ဖို့ နည်းလာလေလေ ဖြစ်၏။ သို့သော် ဤနည်းလမ်းက ဤ အမျိုးသမီးလုပ်ကြံသူအပေါ်၌ မသက်ရောက်ပေ။
ဝမ်ချောင်က သူတို့နှစ်ယောက် ဇဝေဇဝါ ဖြစ်နေသည်ကို သတိထားမိသော်လည်း သူတို့ကို ရှင်းမပြပေ။
အရှေ့ကျွန်းစုမှ ဓလေ့ထုံးတမ်းများက မြင့်မြတ်သည့်ထန်နိုင်ငံတော်မှ ဓလေ့ထုံးတမ်းများနှင့် ခြားနားသည်။ မီယာဆာမိအာရကာ၏ အပြုအမူများသည် မြင့်မြတ်သော ထန်နိုင်ငံတော်တွင် ထူးခြားဆန်းကြယ် နေသော်လည်း သူမ၏အမိမြေတွင် ထိုအပြုအမူများက ဝမ်ချောင်၏ မှတ်ဉာဏ်များအရဆိုလျှင် ပုံမှန်သာ ဖြစ်သည်။
“မုန့်လုံ ဒီလိုကိစ္စတွေ အကြောင်းကို စဉ်းစားနေဖို့ အကြောင်းမရှိဘူး။ ငါ မင်းကို အမိန့်ပေးစရာ ကိစ္စတစ်ခု ရှိသေးတယ်”
ဝမ်ချောင် ရုတ်တရက် ပြောလိုက်သည်။
မီယာဆာမိအာရကာ၏ အရှုပ်တော်ပုံကို ရှင်းပြီးနောက် ဤဝိညာဉ်သွေးကြောကို ယူပြီး ဝမ်ချောင်က နောက်ထပ် ကိစ္စတစ်ခုကို ရုတ်တရက် မှတ်မိသွားသည်။
ဝိညာဉ်သွေးကြောရှိသည့် နေရာအများစုသည် ထူးခြားသော မြေအနေအထား ရှိကြသည်။
ကြည့်ရသည်မှာ ဝမ်ချောင်သည် ဤဝိညာဉ်သွေးကြောနှင့် သိပ်မဝေးသည့်နေရာတွင် သာလွန်သော သတ္ထုရိုင်းများရှိသည့် သတ္ထုကြောကို မှတ်မိနေပုံရသည်။
သို့သော် ဝမ်ချောင်သည် ထိုအရာ၏တည်ရှိမှုကို သိသော်လည်း နေရာအတိအကျကို မသိပေ။
ယင်းအတွက် မုန့်လုံသည် အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဖြစ်နိုင်ချေရှိသည့် နေရာများကို တူးဖော်ရှာကြည့်ဖို့ လိုအပ်ပေသည်။
ဝမ်ချောင် ဤအရာကို ပြန်စဉ်းစားမိသည်က အနီးတစ်ဝိုက်မှာ ရှိသည့် ကျောက်များသည် အရည်အသွေး မြင့်မားသောကြောင့် ဖြစ်ပြီး သူတို့သည် ဝိညာဉ်သွေးကြော၏ အာဟာရဓာတ်များကြောင့် ဤသတ္ထုများသည် စစ်ပွဲသုံး လက်နက်များကို ပြုလုပ်ရတွင် အသုံးဝင်နိုင်သည်။
အကယ်၍ သူသည် မိုင်းတွင်းကို ရှာနိုင်ခဲ့လျှင် ၎င်းသည် သူ၏အနာဂတ်ပန်းတိုင်များတွင် ကောင်းကောင်း အသုံးဝင်မှာ ဖြစ်သည်။
အခန်း-၁၃၅
တောင်ပေါ်မှဆင်းလာခြင်း။
မုန့်လုံက ဝမ်မိသားစုမှ ရဲမက်အချို့နှင့်အတူ တောင်ပေါ်မှ အမြန်ဆင်းလာသည်။ တစ်ဖက်တွင်လည်း ရှန့်ဟိုင်သည် နောက်ထပ် လူအနည်းငယ်ကို ခေါ်ရန် ဝမ်မိသားစုအိမ်တော်ဆီသို့ ပြန်သွားခဲ့သည်။
သူ အားကိုးနိုင်သည့် လူနှစ်ယောက်က သူ့ကို အလုပ်သမား အနည်းငယ်နှင့် ထားခဲ့ပြီး ထွက်သွားသော်လည်း ဝမ်ချောင်က တစ်စက်ကလေးမှ စိတ်မပူပေ။ လီကျူရှင်းနှင့် အသစ်လက်ခံထားသော လုပ်ကြံသူ မီယာဆာမိအာရကာက သူ့ဘေးမှာ ရှိနေသ၍ ဝမ်ချောင်က မည်သည့် အန္တရာယ်ကိုမှ စိတ်ပူစရာ မလိုပေ။
မီယာဆာမိအာရကာနှင့် ပတ်သက်၍ ဝမ်ချောင်က သူမကို အပြည့်အဝ မယုံကြည်သေးပေ။ ထို့ကြောင့် သူက အရိပ်ခြေလှမ်း၏ ချို့ယွင်းချက်များကို ဖြေရှင်းရန်အတွက် ဖြေရှင်းချက် တစ်စိတ်တစ်ပိုင်းကိုသာ ပြောပြရသေးသည်။
မပြည့်စုံသော ထိုအချက်အလက်များသည် အရိပ်ခြေလှမ်း၏ အားနည်းချက်ကို မပြုပြင်နိုင်သော်လည်း ထိုအရာက မီယာဆာမိအာရကာ၏ ခန္ဓာကိုယ်ထိခိုက်မှုကို အနည်းငယ် လျှော့ချပေးနိုင်သည်။
သူမ စတင် ကျင့်ကြံသည်နှင့် သတိပြုမိသင့်ပြီ ဖြစ်သည်။
ဝမ်ချောင် သူ၏ ဆင့်ချက်တစ်ရာဓားကွက်ကို ကျွမ်းကျင်သည်အထိ ဆက်၍ လေ့ကျင့်နေသည်။ အဲဒီနောက် သူက နဂါးအရိုးထွင်းထုခြင်းပညာရပ်ကို တစ်ဖန်ဆက်၍ လေ့ကျင့်နေသည်။
ဝိညာဉ်သွေးကြော၏ အထောက်အပံ့အောက်တွင် နဂါးအရိုးထွင်းထုခြင်းပညာရပ်၌ ဝမ်ချောင်၏တိုးတက်မှုသည် လျင်မြန်လာသည်။
နဂါးအရိုးထွင်းထုခြင်းအနုပညာ၏ အကျိုးသက်ရောက်မှုများအောက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများသည် ပို၍ ချောမွေ့လာပြီး၊ ပိုမိုခိုင်ခံ့လာကာ၊ ကျစ်လစ်လာပြီး ခံနိုင်ရည် ပိုရှိလာသည်။
ဤသည်မှာ နဂါးအရိုး၏ သက်ရောက်မှုဖြစ်သည်၊
သူ၏အရိုးများက ပို၍ ခိုင်ခံ့လေလေ သူ၏သက်လုံက ပို၍ အားကောင်းလေလေဖြစ်သည်။
ကျားသစ်တစ်ကောင်က မီတာတစ်ရာလောက်ကို ပြေးလိုက်ရုံနှင့်တင် ခွန်အား ကုန်ဆုံးသွားနိုင်သော်လည်း ကျားတစ်ကောင်ကတော့ ၎င်း၏ပစ်မှတ်ကို မရပ်မနားဘဲ လိုက်နေမှာဖြစ်သည်။
လက်ရှိတွင် ဝမ်ချောင်သည် ဤသို့ ခံစားနေရသည်။ နဂါးအရိုးထွင်းထုခြင်းပညာရပ်ကို ကျင့်ကြံရင်း သူ၏ ခွန်အားများက ကြမ်းတမ်းသော နတ်ဘုရားတစ်ပါး၏ ဘုန်းတန်ခိုးနှင့် နှိုင်းယှဉ်၍ မရသေးသော်လည်း နက်နဲသော သိနားလည်မှုကို ဖြစ်ပေါ်လာစေကာ ရုပ်ခန္ဓာခွန်အားနှင့် ခံနိုင်ရည်တို့က ဖြည်းဖြည်းချင်း တိုးတက်လာသည်။
လဝက်နီးပါး ကြာပြီးနောက်။
ဝှမ်း..
ထူးဆန်းသော ခံစားချက်က ဝမ်ချောင့်ခန္ဓာကိုယ်၏ အနက်ဆုံးနေရာမှ စိမ့်ဝင်လာပြီးနောက် သူက အံ့အားသင့်သွားသည်။ ဝိညာဉ်သွေးကြော၏ အထောက်အပံ့ ရှိသည့်နေရာတွင် သူက သူ၏ကန့်သတ်ချက်ကို ကျော်လွန်၍ နဂါးအရိုးအဆင့်နှစ်ကို ရောက်ရှိသွားသည်။
ခွန်အားသစ်များက သူ့ခန္ဓာကိုယ်အတွင်းတွင် တစ်ရှိန်ထိုး တက်နေပြီးနောက် သူက သူ၏ခန္ဓာကိုယ်ကို အားကောင်းသော ဖွဲ့စည်းပုံဖြင့် တည်ဆောက်ထားသော အရိုးများကို ခံစားရနိုင်သည်။ သူသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုဆီမှ ပေါက်ကွဲနိုင်သည့် အင်အားတစ်ခုကို ထိန်းချုပ်ထားနိုင်သလို ခံစားရသည်။
“ဒီတော့ ဒါက နဂါးအရိုးအဆင့်နှစ်ပေါ့”
ဝမ်ချောင် မျက်လုံးဖွင့်လိုက်ပြီးနောက် သူ၏အမြင်အာရုံက ပို၍ ထက်ရှလာသည်ကို ခံစားမိလိုက်သည်။ အတိတ်တွင် အကွာအဝေးမှာ နှစ်တောင် သုံးတောင်သာ မြင်နိုင်သော်လည်း ယခုတွင် ငါးတောင်မှ ခြောက်တောင်ထိ သူ့ရှေ့တွင် ပြတ်သားစွာ ပေါ်လာသည်။
ထို့အပြင် အာရုံစိုက်လိုက်လျှင် ဝမ်ချောင်က အတိတ်က မကြားခဲ့ရသည့် အသံများစွာကို ကြားနိုင်သည်။ သူ ကြားနိုင်သည့် အကွာအဝေးသည်လည်း ကျယ်ပြန့်သွားသည်။
အဝေးမှ ကျောက်တုံးကြီးတစ်ခုပေါ်မှ သမင်တစ်ကောင်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် နားထောင်ဖို့ နားဆွံ့လိုက်သည်။ ငှက်အချို့သည် ရွှင်မြူးစွာ တေးဆိုရင်း အသိုက်မှ ထွက်ခွာသွားကြသည်။
ထိုဖြစ်ရပ်များ အကုန်လုံးကို သူ ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
“နဂါးအရိုးကျင့်စဉ်မှာ ကျွမ်းကျင်မှုအဆင့်တစ်ခုကို ရောက်သွားရင် ကျင့်ကြံသူရဲ့ အမြင်အာရုံ၊ အကြားအားရုံ၊ အနံ့နှင့် တခြားသော အာရုံတွေပါ တကယ် တိုးမြင့်လာတာပဲ”
မြေပြင်ပေါ်မှာ ထိုင်နေရင်း ဝမ်ချောင်၏ဦးနှောက်အတွင်း အကြံတစ်ခုက ဖြတ်သွားသည်။
ဤထိုးဖောက်မှုက သူ၏ခွန်အားအတွက်သာ ကန့်သတ်လိုက်ခြင်း မဟုတ်ပေ။ သူ ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ထိုအရာက ခံစားချက်တစ်ခုသာ ဖြစ်သည်။ အပြင်သို့ ထုတ်ပြောရန်မှာ မဖြစ်နိုင်ပေ။
“သခင်”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ချောင်သည် မီယာဆာမိအာရကာကို တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမက အနက်ရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ထားဆဲဖြစ်ပြီး သူမ၏ မျက်နှာကို အနက်ရောင် မျက်နှာလွှားဇာဖြင့် အုပ်ထားသည်။ ကြည့်ရသည်မှာ သူမက ဒါကို နေသားကျနေပြီးသား ဖြစ်ပုံရသည်။
“ဘာဖြစ်လို့လဲ”
ဝမ်ချောင် မေးလိုက်သည်။
“သခင် ကျွန်မ သခင့်ကို ပြောစရာ ကိစ္စတချို့ ရှိတယ်”
မီယာဆာမိအာရကာသည် သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများစွာ ရှိနေသကဲ့သို့ ပူပန်နေပုံရသည်။
“အိုး”
ဝမ်ချောင်၏ စိတ်ဝင်စားမှုက မြင့်တက်သွားသည်။ တစ်ဖက်လူသည် သူ့ကို အညံ့ခံခဲ့တာ ကြာပြီဖြစ်သော်လည်း သူမသည် သူ့ကို ပထမဆုံးအကြိမ် အရင်စ၍ စကားပြောခြင်းဖြစ်သည်။
“ကျွန်မ သခင့်ကို ပြောခဲ့ဖူးတဲ့ ကျွန်မတို့ လုပ်ကြံသူတွေမှာ အဖွဲ့အစည်းရှိတယ်ဆိုတာကို မှတ်မိသေးလား”
“အန် ဘာဖြစ်လို့လဲ”
ဝမ်ချောင်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဖွဲ့အစည်းက လုပ်ကြံသူဂိုဏ်းအဖြစ် လူသိများတယ်။ အရိပ်ခြေလှမ်းက လုပ်ကြံသူဂိုဏ်း ဂိုဏ်းခေါင်းဆောင်က ကျွန်မကို သင်ပေးထားတာ။ ကျွန်မ သူ့ကို သစ္စာဖောက်တယ်ဆိုတာ သိရင် သူက ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် ကျွန်မကို သတ်မှာ သေချာတယ်။ ပြီးတော့ တာဝန်က မပြီးဆုံးသေးတော့ သူက လူတွေ ထပ်ရှာပြီးတော့ ရှင့်ကို သတ်ဦးမှာ။ သူက သူကိုယ်တိုင်တောင် လာနိုင်ချေရှိတယ်”
“လုပ်ကြံသူဂိုဏ်းက ဘယ်ကျရှုံးမှုကိုမှ ခွင့်မပြုဘူး”
မီယာဆာမိအာရကာက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“အိုး သူက ရှိန်လောက်တယ်ပေါ့”
ဝမ်ချောင်က ပုံမှန်အတိုင်း ပြုံးလိုက်သည်။
“အရမ်း ရှိန်စရာ ကောင်းတယ်”
မီယာဆာမိအာရကာက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“လူကြီးမင်းလီ ထက်တောင်လား”
ဝမ်ချောင်က မနီးမဝေးမှာ ရပ်နေတဲ့ လီကျူရှင်းကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်တယ်။
“လူကြီးမင်းလီက မဆိုးပေမဲ့ သူက ဂိုဏ်းခေါင်းဆောင်နဲ့ မယှဉ်နိုင်မှာ စိုးတယ်”
မီယာဆာမိအာရကာ၏ အဖြေက ဝမ်ချောင်ကို အံ့အားသင့်စေသည်။ ထိုတဒင်္ဂအချိန်အတွင်း ဝမ်ချောင်၏ အပြုံးက ပျောက်ကွယ်သွားပြီးနောက် ခက်ထန်သည့် မျက်နှာထားနှင့် အစားထိုးသွားသည်။
လီကျူရှင်းပင်လျှင် မကူညီနိုင်ဘဲ လှည့်သွားသည်။
ဝမ်ချောင်သည် လီကျူရှင်း မည်မျှ ခွန်အားကြီးမှန်း သိသည်။ ပြီးနောက် မီယာဆာမိအာရကာက သူ၏ ခွန်အားကို သူမကိုယ်တိုင် အတွေ့အကြုံရပြီးပြီ ဖြစ်၏။ သို့သော် သူမသည် ဂိုဏ်းခေါင်းဆောင်က သူ့ထက်ပို ခွန်အားကြီးသည်ဟု ပြောသည်။
ဝမ်ချောင် နောက်ဆုံးတွင် ဤကိစ္စ၏ ပြင်းထန်မှုကို ခံစားလိုက်ရသည်။
အကယ်၍ ဂိုဏ်းခေါင်းဆောင်က ထိုမျှ သန်မာလျှင် သူက စစ်မှန်သော သိုင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေရမည်ဖြစ်ပြီး နက်နဲသော သိုင်းနယ်ပယ်သို့ပင် ရောက်ရှိချင် ရောက်ရှိနေမည် ဖြစ်သည်။
အကယ်၍ ထိုလူက တကယ့်ကိစ္စဆိုလျှင် ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်မှဖြစ်ပေမည်။
“ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်က ခွန်အားကြီးတယ်ဆိုရင်တောင် သူက သူကိုယ်တိုင် လုပ်တာရှားတယ်။ ဒါ့အပြင် လုပ်ကြံသူဂိုဏ်းက စည်းကမ်းတွေက တခြားနေရာတွေက စည်းကမ်းတွေနဲ့ မတူဘူး။ ကျွန်မ အခု ဘယ်မှာလဲ ဆိုတာကို သူတို့ မသိသေးသရွေ့ သူတို့ သခင့်ကို သတ်ဖို့ ဘယ်သူ့ကိုမှ ထပ်လွှတ်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ သခင် သခင်ဂရုစိုက်မှရမယ်။ လုပ်ကြံသူဂိုဏ်းက ဂိုဏ်းခေါင်းဆောင်က တကယ်ကြောက်စရာ ကောင်းတယ်”
မီယာဆာမိအာရကာက ဝမ်ချောင်၏ဘဝသည် မည်သည့်အချိန်မဆို ငြိမ်းသက်နိုင်သည့် ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေသလို စိုးထိတ်သည့် အသံနှင့် ပြောလိုက်သည်။ ဝမ်ချောင်က မရယ်ဘဲ မနေနိုင်ခဲ့ပေ။
“သခင် သခင် ဘာလို့ ရယ်နေတာလဲ”
မီယာဆာမိအာရကာသည် ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားသည်။
“ကျွန်မ တကယ်ပြောနေတာနော်”
“ငါသိပါတယ်”
သိနေသည့်တိုင် ဝမ်ချောင်သည် မပြုံးဘဲ မနေနိုင်ပေ။
“မင်းပြောတယ်မလား။ သူတို့က မင်းရဲ့နေရာကို မသိသေးသရွေ့ ဘာမှမလုပ်ဘူးမလား”
“အဲဒါအမှန်ပဲ”
မီယာဆာမိအာရကာက လေးလေူနက်နက် ပြန်ပြောလိုက်သည်။
“ဒီတော့ မင်း သူတို့ဆီကနေ ဘယ်လောက်ကြာကြာ ပုန်းနိုင်မယ်လို့ ယုံကြည်ချက်ရှိလဲ”
ဝမ်ချောင်က ထပ်မေးလိုက်သည်။
“သုံးလ… မဟုတ်ဘူး ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ သုံးလနဲ့ တစ်ဝက်။ အဲဒါ ကျွန်မ အတတ်နိုင်ဆုံးပဲ”
မီယာဆာမိအာရကာသည် လေးနက်စွာ ပြန်မဖြေခင် သေသေချာချာ စဉ်းစားလိုက်သည်။
“ဟားဟား အဲ့လောက်ကြီး ဒုက္ခရောက်စရာ မလိုပါဘူး။ သုံးလလား။ ဒီပြဿနာက တစ်လနဲ့ ဖြေရှင်းနိုင်တယ်”
ဝမ်ချောင်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“အာ..”
မီယာဆာမိအာရကာက သူမရှေ့က လူငယ်ကို အံ့အားသင့်စွာ မျက်လုံးအပြူးသားနှင့် ကြည့်လိုက်သည်။
“မဖြစ်နိုင်တာ”
မီယာဆာမိအာရကာ၏ ပထမဆုံးတုံ့ပြန်ချက်က ထိုအရာက မဖြစ်နိုင်ကြောင်း တွေးခြင်းဖြစ်သည်။ ဝမ်ချောင်သည် သူမနှင့် ရင်ဆိုင်ရန်ပင် ခက်ခဲနေတာ ဖြစ်သည်။ ကြောက်စရာကောင်းသည့် လုပ်ကြံသူဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ဆိုလျှင် ပြောစရာပင် မလိုပေ။
“ဟဟ ကျွန်တော်က တစ်ယောက်တည်းလို့တော့ မင်းမထင်ဘူး မလား။ ဂိုဏ်းခေါင်းဆောင်က လက်အောက်ငယ်သားတွေ အများကြီး ရှိနေတာကို ကျွန်တော်က တစ်ယောက်တည်းနဲ့ သူ့ကို ချမယ်လို့ ထင်နေတာလား”
ဝမ်ချောင် ပြုံးလိုက်သည်။
မီယာဆာမိအာရကာပြောသည့် ဂိုဏ်းခေါင်းဆောင်က ရှိန်လောက်သည့်လူ ဖြစ်သည်။ အကယ်၍ သူက အခြားတစ်ယောက်ယောက်ဆိုလျှင် သူ့ကို ဆန့်ကျင်ရာတွင် အကူအညီမဲ့နေမှာဖြစ်ပြီး နေ့ရက်တိုင်းကို ကြောက်လန့်မှုနှင့် ဖြတ်သန်းနေရမှာ သေချာသည်။
သို့သော် ဝမ်ချောင်က ခေသူမဟုတ်ပေ။
မီယာဆာမိအာရကာ ပြောသည်မှာ မှန်သည်။ သူသည် ထိပ်တန်းကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် ဂရုစိုက်သင့်သည်။ သို့သော် ဝမ်ချောင်က တခြားသူတွေကို စတင် လုပ်ခိုင်းသည့် အကျင့်မရှိပေ။
“သခင်က ဝမ်မိသားစုအိမ်တော်က ရဲမက်တွေကို စည်းရုံးချင်တာလား။ အဲဒါက အသုံးအဝင်ဘူး။ သခင့်အိမ်တော်က ရဲမက်တွေက ဘုန်းကြီးနှစ်ပါးရယ်၊ လေးသမားရယ်၊ ကျွန်မရယ်၊ လူကြီးမင်းလီရယ် ပါရင်တောင် ကျွန်မတို့က လုပ်ကြံသူဂိုဏ်းက လုပ်ကြံသူတွေနဲ့ မယှဉ်နိုင်ဘူး”
ဝမ်ချောင့်စကားများ၏အဓိပ္ပာယ်ကို နားလည်သောကြောင့် မီယာဆာမိအာရကာက ခေါင်းယမ်းလိုက်သည်။
ဝမ်ချောင်က စစ်သူကြီးကလန်၏ သားတစ်ယောက် အနေဖြင့် မယုံနိုင်စရာကောင်းသည့် နောက်ခံရှိနေတာ အမှန်ဖြစ်သော်လည်း ဤအားသားချက်က လုပ်ကြံသူတွေအတွက် ဘာမှ မဟုတ်ပေ။
ဝမ်ချောင်၏ အတွေးက အန္တရာယ်ရှိပြီး ထိုအရာက သူမကို စိုးရိမ်စေသည်။
“ဟဟ မင်း ငါ့ရဲ့ ရည်ရွယ်ချက်ကို အထင်လွဲနေပြီ”
ဝမ်ချောင်က ခေါင်းခါလိုက်ပြီး တစ်ဖက်လူ၏ ဆိုလိုချက်ကို မြန်မြန် ချေပလိုက်သည်။
“ငါက ဘာလို့ အိမ်တော်က ရဲမက်တွေကို အဲ့လုပ်ကြံသူတွေကို ရင်ဆိုင်တဲ့နေရာမှာ အသုံးပြုရမှာလဲ။ အဲ့ရဲမက်တွေက ငါ့အဖေ စစ်မြေပြင်မှာ လက်တန်းရွေးလိုက်တဲ့သူတွေ ပြီးတော့ သူတို့ သေတာက ငါ့ကို ခေါင်းပဲ ကိုက်စေမှာ။ အဲ့လုပ်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့က အင်ပါယာစစ်တပ်က လူတွေထက် ကောင်းတာမရှိဘူး”
ရုတ်တရက် တောင်ကုန်းပေါ်ရှိ တောအုပ်ထဲမှ အသံများ အကုန် ပျောက်ကွယ်သွားသည်။ သူတို့၏ ပြောဆိုသံများကို တိတ်တဆိတ် ခိုးနားထောင်နေသော အလုပ်သမားများက ကြက်သေသေသွားကြပြီးနောက် သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာကြသည်။ စိတ်တည်ငြိမ်သော လီကျူရှင်းပင်လျှင် ဝမ်ချောင်၏ စကားများကြောင့် မအံ့ဩပဲ မနေနိုင်ခဲ့ပေ။
အင်ပါယာစစ်တပ်သည် ကောင်းကင်ဘုံ သားတော်၏ အစောင့်များဖြစ်ပြီး အမြော်အမြင်ရှိသော ဧကရာဇ်သာလျှင် သူတို့ကို အမိန့်ပေးရန် အာဏာရှိသည်။ သို့သော် ဤလူငယ်က သူတို့ကို စည်းရုံးနိုင်ကြောင်း ပြောနေသည်။
ဒါက ပြက်လုံးတစ်ခုနှယ်။
“မင်းက အင်ပါယာစစ်တပ်ကို စည်းရုံးနိုင်တာလား”
လီကျူရှင်းက ဝမ်ချောင်ဆီသို့ သတိမထားမိဘဲ သွားလိုက်ပြီး ထိုလူငယ်ကို ခေါင်းမှခြေဖျားအထိ ကြည့်၍ အကဲဖြတ်လိုက်သည်။ တုန်လှုပ်ခြင်းထက် သူ ခံစားရသည်မှာ မယုံကြည်နိုင်မှုပင် ဖြစ်သည်။
ဝမ်ချောင်က ဆယ်ကျော်သက်သာ ရှိသေး၏။ သူသည် ဂုဏ်သိက္ခာရှိသော ကလန်မှ လာခဲ့သော်လည်း အင်ပါယာစစ်တပ်ကို စည်းရုံးသည်ဆိုသော စကားက သူ၏ နည်းလမ်းကို ကျော်လွန်နေပေသည်။
ဝမ်ချောင်သည် ထိုကိစ္စကို မရှင်းပြဘဲ ရိုးရှင်းစွာ ပြုံးလိုက်သည်။ ကျောက်ဖန်ချန်း၏ပုံရိပ်က သူ၏စိတ်ထဲတွင် ပေါ်လာသည်။ ယခုအချိန်တွင် တစ်ဖက်လူက အင်ပါယာစစ်တပ်၏ အဆင့်မြင့်အရာရှိ ဖြစ်နေလောက်ပြီ ဖြစ်သည်။
လုပ်ကြံသူဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်က အထင်ကြီးလောက်သော်လည်း သူက အင်ပါယာစစ်တပ်မှ ကြီးမြတ်သော အထက်အရာရှိကို ယှဉ်ဖို့တော့ မဖြစ်နိုင်ပေ။
အင်ပါယာ စစ်တပ်ကို စည်းရုံးဖို့အတွက်ကတော့…..
လုပ်ကြံသူတွေ အပြုံလိုက်ကြီး မြို့တော်ထဲတွင် ထွက်ပေါ်လာခြင်းက ကိစ္စကြီးတစ်ခု ဖြစ်ပြီး သူတို့ကို ချေမှုန်းရန် အင်ပါယာစစ်တပ်က လှုပ်ရှားရမည်ဖြစ်သည်။ လုပ်ကြံသူတွေ မည်မျှပင် လုပ်ဆောင်နိုင်စွမ်း ရှိနေပါစေ သူတို့သည် စစ်တပ်တစ်ခုလုံးကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ထိပ်တန်းတော်ဝင်တပ်မ ဆိုလျှင် ပြောစရာပင် မလိုပေ။
“မင်း လုပ်ကြံသူဂိုဏ်းရှိတဲ့ နေရာကို သိလား”
ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။
“ဟင်”
မီယာဆာမိအာရကာသည် ကြောက်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။
“သူတို့က နေရာအတည်တကျ မရှိပေမဲ့ သူတို့က လတိုင်း သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ စုဝေးကြတယ်”
“အဲဒါဆို လုံလောက်တယ်”
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ သူက ပြန်ရောက်သည်နှင့် ဦးရီးလီလင်းကို ဤကိစ္စအကြောင်းပြော၍ သူ့အား ထိုကိစ္စကို အပ်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ချောင်၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်ဖြင့် သူမ ရှိခဲ့သော အဖွဲ့အစည်း၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသားမှန်း မီယာဆာမိအာရကာက နားမလည်သေးပေ။
တောင်ထိပ်တွင် ရက်အနည်းငယ် ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ရှန့်ဟိုင်က ဝမ်မိသားစုအိမ်တော်မှ ရဲမက်အနည်းငယ်ဖြင့် ပြန်ရောက်လာသည်။
“သခင်လေး လူကြီးမင်းထောင်ပါးက သခင်လေးကို ပြန်လာဖို့ ဖိတ်ခိုင်းလိုက်တယ်။ သခင်လေး လုပ်ခိုင်းထားတဲ့ ဓားရှည်က လုပ်ပြီးပြီလို့ သူက ပြောတယ်။ ပြီးတော့ ကျန်တာက သခင်လေးအပေါ်ပဲ မူတည်တယ်တဲ့။ ပြီးတော့ သခင်မကလည်း တကယ်လို့ သခင်လေး တစ်ခုခုဖြစ်ရင် အိမ်တော်ကို မြန်မြန်ပြန်ခဲ့ဖို့ ပြောလိုက်တယ်”
ဝမ်မိသားစုအိမ်တော်က အစောင့်တစ်ဦးသည် တိုက်ပွဲအတွက် ဝတ်စုံ ပြည့်ဝတ်ထားပြီး ဝမ်ချောင်ရှေ့တွင် လေးလေးစားစား ဒူးထောက်လိုက်သည်။
“အို..”
ထိုစကားလုံးများကို ကြားပြီးနောက် ဝမ်ချောင်၏မျက်ဝန်းက ရုတ်တရက် အနည်းငယ် အကြည့်လွှဲလိုက်သည်။ သူသည် တောင်ပေါ်သို့ ရောက်သည့်နေ့မှစ၍ နေ့ရက်များကို မရေတွက်ဘဲ အချိန်ကာလကြာလာသည်ကို မသိလိုက်ပေ။ ထောင်ပါးကွေးယွမ်၏ ထူထဲသော ဓါးရှည်က ထုလုပ်ပြီးပြီ ဖြစ်သည်။
ထိုအကြောင်းကို ယခုမှ စဉ်းစားလိုက်ပြီး ထိုဓားရှည်က ပြုလုပ်ပြီးသင့်တာ ကြာမြင့်ပြီဖြစ်သည်။ အင်ပါယာစစ်တပ်မှ ကျွမ်းကျင်သူများသည် ဝမ်မိသားစုအိမ်တော်ရှေ့သို့ ရောက်နေလောက်ပြီး စိတ်မရှည်စွာဖြင့် ဓားပြုလုပ်မှု ပြီးမပြီး ညည်းတွားနေကြလောက်ပြီ ဖြစ်သည်။
သူ့အမေ အတွက်ကတော့…
သူ မပြန်တာ အမှန်တကယ်ပင် တော်တော်ကြာပြီဖြစ်သည်။ သားတစ်ယောက် အနေဖြင့် သူ့အတွက် ပို၍ သန်မာဖို့က အရေးကြီးနေချိန်တွင် သူသည် သူ့မိသားစုကိုလည်း လျစ်လျူမရှုသင့်ပေ။
“လူကြီးမင်းလီ ကိုယ့်ကိုယ်ကို ပြင်ဆင်ပါ။ ကျွန်တော်တို့ တောင်ပေါ်ကနေ မကြာခင် ဆင်းပါတော့မယ်”
ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။
သူတို့ တောင်ပေါ်ကနေ ဆင်းချိန်တန်ပြီဖြစ်သည်။
မီယာဆာမိအာရကာထံ ဝိညာဉ်သွေးကြောကို ထားခဲ့ကာ ဝမ်ချောင်၊ လီကျူရှင်းနှင့်အတူ နောက်နေ့တွင် တောင်ပေါ်မှ ဆင်းခဲ့သည်။
Note: ထိုဓားရှည်သည် တစ်ဖက်သွား ကင်ဒိုဓားမျိုး ဖြစ်သည်။
သူဆိုလိုသည်မှာ ဓားသည် တြိဂံနှင့် ခပ်ဆင်ဆင်ဖြစ်ပြီး ချွန်ထက်သည့် အစွန်းဘက်က ထိပ်ဖျားကို ဖွဲ့စည်းထားချိန်တွင် တုံးသောအစွန်းက အလွန်ကျယ်ပြန့်သည်။ ၎င်းက ဓားချက်များကို အားထည့်ရန် အထောက်အကူရစေပြီး အသုံးပြုရသည်မှာလည်း ခက်ခဲသည်ဟု ကျွန်ုပ်ယူဆသည်။
ဓားသည် ဆလင်ဒါကဲ့သို့ အလျားရှည်ပြီး အစွန်းတစ်ဖက်က ပါးလျသည်။ (ပိန်ပိန်ရှည်ရှည် လူတစ်ယောက်နှင့် ဆင်တူသည်။)