အခန်း (၁၃၆-၁၄၀)
Vol. 5 Ch. 136-140
အခန်း-၁၃၆
ဆရာလား
မြို့တော်နှင့် အချိန်အတော်ကြာ ကွာဝေးပြီးနောက် ဝမ်ချောင်သည် ရုတ်တရက် ထိုအရာနှင့် ပတ်သက်ပြီး ထူးဆန်သည်ကို ခံစားလိုက်ရသည်။ မြို့တော်၏ အငွေ့အသက်က အနည်းငယ် ထူးဆန်းနေသည်။ ထိုအရာကို ဖော်ပြဖို့က မြို့တော်က အနည်းငယ် ကဗျာဆန်သွားသလို ဖြစ်သည်။
ယခင်ကတည်းက မြို့တော်ထဲတွင် ကဗျာရေးသည့်သူများရှိသော်လည်း အနုပညာက ဒီလောက် မကျော်ကြားပေ။
“လူကြီးမင်း မသိဘူးလား ကြင်ယာတော်ထိုက်ကျန်းကို လောကနံပါတ်တစ် မိန်းမလှလေးအဖြစ် ချီးမွမ်းထားတဲ့ ကဗျာက နန်းတွင်းကနေ ပေါက်ကြားလာတယ်။ ပြီးတော့ ကဗျာက အရမ်းလှတယ်လို့ဆိုကြတယ်။ လူကြီးမင်း မော်ကွန်းထိုးထားတဲ့ အဲ့ကျောက်ပြားတွေကို မတွေ့ဘူးလား။ ‘နွေဦးလေညင်း အဆောင်တော်’၊ ‘ကျောက်စိမ်း အဆောင်တော်’၊ နတ်မိမယ်အဆောင်တော်’၊ ‘မိန်းမလှအဆောင်တော်’ တို့လို နေရာတွေက မြို့တော်အနှံ့မှာ မိုးရွာပြီး ဝါးရုံပေါ်လာသလို နေရာအနှံ့မှ ထွက်ပေါ်လာတယ်”
“အများစုက ခေတ်နဲ့လိုက်ပြီး သူတို့ရဲ့ အဆောင်နာမည်တွေကို ပြောင်းလိုက်ကြတာ။ ပြီးတော့ တချို့ထဲက ကဗျာကို သူတို့ရဲ့ အပေါက်ဝမှာ ချိတ်ထားကြပြီးတော့ အဲဒါကို သူတို့တံခါးရဲ့ နှစ်ကြောင်းကဗျာအဖြစ် အသုံးပြုကြတယ်”
ဒေါသထွက်နေသည့် လူအုပ်ကြားတွင် ဝမ်မိသားစုအိမ်တော်မှ အစောင့်တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။
ဝမ်ချောင်က မြို့တော်ကို ဝင်ချိန်တွင် သူ့ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပေ။ သူ့စကားများကို ကြားသောအခါ ဝမ်ချောင်က အနီးကပ် ကြည့်လိုက်သည့်အခါတွင် သူက အရမ်းရင်းနှီးသော မြင်ကွင်းကို တွေ့လိုက်ရ၏။
ဘယ်ဘက်တွင်- တိမ်၊ မိန်းမလှအဝတ်အစား၊ ပန်းနှင့် မိန်းမလှမျက်နှာထား။
ညာဘက်တွင်- မိန်းမလှကို ဖြတ်တိုက်သွားသော နွေဦးလေပြေနှင့် လွှင့်စင်ဝေ့ဝဲနေသော နှင်းစက်များ။
ပြီးနောက် အလယ်တွင်- နွေဦးလေပြေ အဆောင်တော်
နောက်ထပ် ကွဲပြားသည့် ကဗျာတစ်ပုဒ်မှာ နွေဦးလေပြေ အဆောင်တော် နှင့် ဆန့်ကျင်ဘက်ရှိ အဆောင်တော်ပေါ်တွင် ချိတ်ထားသည်။
ဘယ်ဘက်တွင်- ကျောက်စိမ်းတောင်ထိပ်ကို မတွေ့လျှင်။
ညာဘက်တွင်- လရောင်အောက်က ကျောက်စိမ်းလှေကားအောက်မှာ မိန်းမလှနှင့် ဆုံတွေ့နိုင်။
အလယ်တွင်- မိန်းမလှအဆောင်တော်
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် အဝင်ဝများတွင် ဤကဲ့သို့ ကမ္ပည်းပြားကြီးများကို ချိတ်ဆွဲထားသည်။
“အလှလေး ဝိုင်။ အလှလေး ဝိုင်။ သူရဲကောင်းဆိုရင် အလှလေးရဲ့ ဝိုင်ကို သောက်ရဲတယ်…”
“နတ်မိမယ် လက်ဖက်ရည်။ လာကြ လာကြ လာကြ။ တစ်ခွက်ထဲနဲ့ ပြန်ပြီး လန်းဆန်းလာလိမ့်မယ်”
…
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှ အော်သံများကို လမ်းနှစ်ဖက်လုံးတွင် ကြားနိုင်သည်။
ထိုအော်သံများကို ကြားတော့ ဝမ်ချောင်၏ မျက်နှာထားက ရုတ်တရက် အလွန် ထူးထူးဆန်းဆန်း ဖြစ်သွားသည်။
သူသည် စုန့်ဘုရင်ကို ကြင်ရာတော်ထိုက်ကျန်း၏ အဖြစ်အပျက်ကို ကူညီခဲ့ပြီး သူရေးသည့် ကဗျာနှင့် ပတ်သက်ပြီး သိသည့်သူ သိပ်မရှိပေ။
အနည်းဆုံးတော့ ဝမ်ချောင် ထိုအရာကို မသိခဲ့ပေ။
မြို့တော်ထဲတွင် ရုတ်တရက် ပြောင်းလဲမှုအကြောင်း သူက လုံးဝ သတိမထားမိခဲ့ပေ။ လက်ရှိအချိန်မှာ သူက သူ၏ရှေ့ရှိ မြင်ကွင်းကို မည်သို့ တုံ့ပြန်ရမှန်း မသိပေ။ သို့သော် မကြာခင်မှာပင် ဝမ်ချောင်က ရနံ့တစ်ခုခုကို ရလိုက်သည်။
“သာမာန်လူတွေက နန်းတွင်းမှာ ဖြစ်ပျက်နေတာကို သိတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အဲဒါ ယုကျန်းနန်းတော်ထဲလူက သတင်းဖြန့်တာနေမှာ။ အနည်းဆုံးတော့ အဲဒါက သူမရဲ့ ခွင့်ပြုချက်နဲ့ ပေါက်ကြားတာနေမှာ”
ဝမ်ချောင်က တွေးလိုက်သည်။
ဝိညာဉ်သွေးကြောရှိရာတွင် တစ်လလောက် ကျင့်ကြံနေခဲ့စဉ် ဝမ်ချောင်သည် တော်ဝင်နန်းတော်အတွင်းရှိ ကိစ္စများကို အာရုံမစိုက်မိခဲ့ပေ။ သို့သော် ကြင်ရာတော်ထိုက်ကျန်းက ဤကဗျာကို ဖြန့်လိုက်ခြင်းသည် သူတို့၏ စေတနာကို လက်ခံသည့်သဘောဖြစ်သည်။
တစ်နည်းဆိုရသော် ဝမ်ချောင်၏ ကြိုးစားမှုကြောင့် စုန့်ဘုရင်နှင့် ကြင်ရာတော်ထိုက်ကျန်းတို့သည် မရင်းနှီးနိုင်သေးသော်လည်း ကြင်ရာတော်ထိုက်ကျန်းဆူပူမှု၏ အကျိုးသက်ရောက်နိုင်စွမ်းသည် နည်းပါးသွားပေသည်။
သူမ၏ သိသာသော အပြုအမူများအရ သူမသည် ကြင်ရာတော်ထိုက်ကျန်းဆူပူမှုတွင် စုန့်ဘုရင်ကို မရည်ရွယ်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ‘နန်းတွင်းသတင်း’များကို ဈေးထဲတွင် ကြားနိုင်သည်။ ဆိုလိုသည်က ‘ကြင်ရာတော်ထိုက်ကျန်းဆူပူမှု’သည် တော်ဝင်နန်းတော်ထဲတွင် စတင် အနည်ထိုင်နေပြီဟု ဆိုနိုင်လေသည်။
အကယ်၍ မည်သည့်အမှားမျှ မရှိခဲ့လျှင် ဤကိစ္စသည် ပြီးဆုံးသွားပြီဟု မှတ်ယူ၍ ရနိုင်သည်။
“ဒီဖြူစင်ခြင်းနှင့် ငြိမ်းချမ်းရေးကဗျာက အကျိုးသက်ရောက်မှု ရှိသားပဲ..”
ဝမ်ချောင်သည် အပြုံးလေးနှင့်အတူ ဝမ်မိသားစုအိမ်တော်သို့ ဆက်သွားလိုက်သည်။
…
အိမ်တော်သို့ ပြန်လာသည်နှင့် ဝမ်ချောင် ထောင်ပါးကွေးယွမ်ကို ရှာရန် အရင်သွားလိုက်သည်။
“လူကြီးမင်း ကျွန်တော် လူကြီးမင်း လိုချင်တဲ့ ဓားရှည်ကို ထုလို့ ပြီးပါပြီ”
ဝမ်ချောင်၏ အခန်းထဲတွင် နက်နဲရှုပ်ထွေးသော ခံစားချက်မှုများ လှိုင်းထနေကာ ထောင်ပါးကွေးယွမ်က ခုနစ်ချီရှည်ပြီး သူ့လက်နှစ်ဖက်လုံးဖြင့် ကိုင်ဆောင်ထားသည့် ဓားရှည်ကို ကြည့်နေသည်။ ကြည့်ရသည်မှာ ထိုဓားရှည်ကို ထုလုပ်သည့်အချိန်တွင် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ပုံရသည်။
(၂၂၃.၃စင်တီမီတာ)
“လေးတယ်”
ဓားရှည်ကို ယူလိုက်ပြီး ဝမ်ချောင် ပထမဦးဆုံး သတိပြုမိသည်မှာ ၎င်း၏အလေးချိန် ဖြစ်သည်။ အကယ်၍ သူသာ ထူးခြားသည့်ခွန်အားကိ မပိုင်ဆိုင်ထားလျှင် သူသည် ထိုဓားရှည်နှင့် စစ်ရေးလေ့ကျင့်ခန်း လုပ်ရန် မဖြစ်နိုင်ပေ။
ဤဓားရှည်ကို ကိုင်ဆောင်ရန် အနည်းဆုံးတော့ မူလစွမ်းအင် အဆင့်ခုနစ်အောက်တွင် ရှိနေရမှာ ဖြစ်သည်။
“တကယ်ပဲ ကျောက်စိမ်းငွေစပ်သတ္ထုရိုင်းကို အဲဒီထဲကို ထပ်ထည့်လိုက်တော့ ကြီးမားတဲ့ ခြားနားမှု တစ်ခုရှိနေတယ်”
(တစ်ကျင်း ၁၂.၅မှ ၁၃ ကီလိုဂရမ်)
ဝမ်ချောင် တွေးလိုက်သည်။
ထောင်ပါးကွေးယွမ်သည် ဤသုံးမြှောင့်အသွားဓားရှည်ကို ဝမ်ချောင်ဆွဲခဲ့သော ပုံကြမ်းအတိုင်း ထုလုပ်ခဲ့တာ ဖြစ်သည်။ တကယ်တော့ သူသည် ထိုဓားရှည်၏ အစိတ်အပိုင်းများကို မွမ်းမံချင်သေးတာ ဖြစ်၏။
ဓါး၏အရောင်၊ တောက်ပမှု၊ ဟုန်ချက်ညီမှုတို့နှင့် ခံစားမှုတို့ကြောင့် ဤဓား၏ အရည်အသွေးသည် ယခင်က သူပြုလုပ်ခဲ့သည့် သတ္ထုရိုင်း သံမဏိဓားလေးချောင်းထက် ပို၍ သာလွန်ကြောင်း ဝမ်ချောင် ခံစားသိရှိနိုင်မှာဖြစ်သည်။
“အနာဂတ်မှာ နံပါတ်တစ် ဓားပြုလုပ်သူက မျှော်လင့်ထားတဲ့အတိုင်းပဲ”
ဝမ်ချောင်သည် တစ်ဖက်လူကို စိတ်ထဲတွင် ချီးကျူးလိုက်သည်။
ယခင်က သတ္ထုရိုင်း သံမဏိဓားလေးချောင်းကို ဝမ်အိမ်တော်မှ ပန်းပဲဆရာများက ညီမလေးဝမ်ရှောင်ယောင်း၏ ခွန်အား အကူအညီဖြင့် ထုလုပ်ခဲ့တာ ဖြစ်သည်။ (wootz လို့ သုံးထားပါတယ် ဆိုလိုတာက မီးအပူရယ် အင်အားနဲ့ ဖိနှိပ်တာကို ပြင်းပြင်းထန်ထန် တစ်ပြိုင်နက် လုပ်လိုက်လို့ ရလာတဲ့ သံမဏိအမျိုးအစားလို့ ဆိုပါတယ်။ ဒါကြောင့် သတ္ထုရိုင်းသမဏိလို့ သုံးနှုန်းလိုက်ပါတယ်)
သို့သော် ဤပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် နံပါတ်တစ် ဓားပြုလုပ်သူ ထောင်ပါးကွေးယွမ်၏ အရည်အချင်းများနှင့် ကိုက်ညီရန် မလုံလောက်သေးပေ။ ထောင်ပါးကွေးယွမ်က သူ၏ အလုပ်တိုင်းတွင် ပြည့်စုံစွာ လိုက်လုပ်ပြီး အသေးအမွှားနှင့် မထင်ရှားသည့် အချက်အလက်များကိုပင် သေသေချာချာ လုပ်လေ့ရှိသည်။
“မဆိုးဘူး။ မင်းကြိုးစားခဲ့ပါတယ်”
ထောင်ပါးကွေးယွမ်ကို ကြည့်လိုက်ပြီး ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
“သခင်လေး ကျေနပ်နေသရွေ့ပါ”
ထောင်ပါးကွေးယွမ်က လေးစားမှုဖြင့် ပြောလိုက်သည်။ ဝမ်ချောင်သည် ထောင်ပါးကွေးယွမ် အတွင်းတွင် လောကနံပါတ်တစ် ဓားပြုလုပ်သူကို တွေ့ခဲ့သော်လည်း ထောင်ပါးကွေးယွမ်ကသာ ဝမ်ချောင်အား တကယ့်နံပါတ်တစ် ဓားပြုလုပ်သူ ဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
လက်နက်များ ထုလုပ်ခြင်းတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့သော်လည်း ထိုကဲ့သို့ အဆင့်ရှိသော လက်နက်ကို တီထွင်ဖူးသူကို မည်သူမျှ မမြင်ဖူးပေ။ ထိုလက်နက်က ပြုလုပ်၍ ပြီးနောက် ထောင်ပါးကွေးယွမ်သည် စမ်းကိုင် ကြည့်လိုက်ပြီးနောက် ထိုဓား၏ ထက်ရှခြင်းနှင့် ပိုင်းဖြတ်ခြင်းများက အလွန်အစွမ်းထက်ပြီး ယခင်က မြင်ခဲ့ရသည့် လက်နက်များထက် အဆပေါင်းများစွာ ပိုအစွမ်းထက်ကြောင်း သူ သိရှိခဲ့ရသည်။
ထို့အပြင် ထိုဓားသည် သုံးရတာ သက်တောင့်သက်သာ ရှိသည်ဟု ခံစားရပြီး ထိုဓားကို ကိုင်မိသည်နှင့် ချချင်စိတ်မရှိအောင် ပြုလုပ်နိုင်သည်။
ဓားအသွားမှာ မည်သူ့ကိုမဆို ပြင်းထန်သည့် ဆွဲဆောင်မှုတစ်ခု ဖြစ်စေသည်။
“မင်း နားသင့်ပြီး။ ကျန်တာကို ငါ့တာဝန်ထားလိုက်”
“ဟုတ်ကဲ့ပါ သခင်လေး”
ထောင်ပါးကွေးယွမ်သည် အရိုအသေပေးပြီး ထွက်သွားသည်။
ပြလုပ်ရသည့်အရာက ပိုမာလေလေ ထိုအရာက ပို၍ ကြွပ်ဆတ်လေလေ ဖြစ်သည်။ ဒါက စကြ်ာဝဠာ၏ အခြေခံစည်းမျဉ်း ဖြစ်သည်။ ဝမ်ချောင်က ပထမအဆင့်ထုလုပ်ခြင်း ပြီးသော်လည်း ဤဓားရှည်က ဝမ်ချောင် မျှော်မှန်းထားသည့် အဆင့်သို့ မရောက်ရှိသေးပေ။
ထပ်မံ လုပ်ရမည့် အလုပ်နှစ်ခုက မီးလျှော့ပေးခြင်းနှင့် အပူပေးခြင်းဖြစ်ပြီး ဤဓားရှည်ကို ပြီးပြည့်စုံအောင် ပြုလုပ်ရမည့် အရေးကြီးဆုံးကိစ္စ ဖြစ်သည်။ ဤအချက်နှစ်ချက် မရှိလျှင် ထိုအရာက ဤချီခုနှစ်သွယ်ထူထဲသော ဓားရှည်မှာ အစွမ်းထက်သော ပညာရှင်များ၏ လက်နက်များကို ရင်ဆိုင်နေချိန်တွင် ကျိုးသွားမှာဖြစ်သည်။
မီးလျှော့ပေးခြင်းနှင့် အပူပေးခြင်းတို့က လက်နက်၏ ပျော့ပြောင်းမှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ပြီး ၎င်း၏အရှည်မှ ကြွပ်ဆတ်မှု ပြဿနာကို ဖြေရှင်းပေးပါသည်။
ထိုဓားရှည်က လွယ်လွယ်နှင့် ကျိုးသွားလျှင် အမှန်တကယ် လက်တွေ့မကျနိုင်ပေ။
ဓားရှည်ကို သူ့အခန်းထဲတွင် ထားပြီးနောက် ဝမ်ချောင်သည် ခြေလက်ဆေးကြောကာ အင်္ကျီအသစ်ဝတ်၍ သူ့အမေကို သွားနှုတ်ဆက်သည်။
“အေမ”
ဝမ်ချောင် သူ့အမေကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
“သား အမေ့ကို လွန်ခဲ့တဲ့ ရက်တွေက စိတ်ပူစေခဲ့မိလို့ တောင်းပန်ပါတယ်”
ဝမ်ချောင်၏ စိတ်ထဲတွင် သူ၏အမေက အမြဲပထမဖြစ်သည်။
“သားပြန်လာတာ သိပ်ကောင်းတယ်”
အနက်ရောင် သစ်သားခုံပေါ်တွင် ထိုင်နေရင်း သူမက ဝမ်ချောင်ကိုတွေ့တော့ သိသိသာသာ ဝမ်းသာသွားသည်။ သူမက သူဘေးမှ ထိုင်ခုံကို ပေါ့ပေါ့ပါးပါး ညွှန်ပြရင်း ပြောလိုက်သည်။
“ထိုင်ပါဦး”
ဝမ်ချောင်သည် လျှောက်လာပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရုတ်တရက် သူ့စိတ်ထဲတွင် စိုးရိမ်မှုက ထွက်ပေါ်လာသည်။ သူသည် သူ့အမေထံမှ စကားကို ကြားခဲ့ရသောကြောင့် တောင်ပေါ်ရှိ ဝိညာဉ်သွေးကြောဒေသမှ ပြန်လာခဲ့တာ ဖြစ်သည်။ ပုံမှန်အားဖြင့် အကယ်၍ အရေးကြီးသည့် ကိစ္စတစ်ခုခု မရှိလျှင် သူ့အမေက သူ့ကို ပြန်ခေါ်မှာ မဟုတ်ပေ။
“ချောင်အာ သားကို အမေ ပြန်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက အမေ သားနဲ့ ဆွေးနွေးစရာ ရှိလို့ပဲ”
သခင်မဝမ်၏ မျက်နှာထားက သိမ်မွေ့နေသည်။ ဝမ်ချောင်က ငယ်သေးသော်လည်း သူသည် သူမကို ယခုနောက်ပိုင်းတွင် စိတ်မပူစေခဲ့ပေ။ ဒါသည် ယခင်က သူမ မမျှော်လင့်ခဲ့သော အရာပင်ဖြစ်သည်။
“ချောင်အာ သား အရင်က ခွမ်းဝူလေ့ကျင့်ရေးကွင်းကို ဝင်ချင်တယ်လို့ ပြောခဲ့တာကို မှတ်မိသေးလား”
ဝမ်ချောင်၏ နှလုံးသားက ရုတ်တရက် လန့်ဖျပ်သွားသည်။ သူသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သခင်မဝမ်ကို လေးနက်သည့် အမူအရာနှင့် ကြည့်လိုက်သည်။ သူသည် သူ့အမေ သူ့ကို ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောသည့် အကြောင်းကို ဖြစ်နိုင်ချေ အမျိုးမျိုး စဉ်းစားခဲ့သော်လည်း ထိုအရာက ဤအရာဖြစ်မှန်း မသိပေ။
“အမေ ခွမ်းဝူလေ့ကျင့်ရေးစခန်းနဲ့ ပတ်သက်တဲ့သတင်း ရှိတာလား”
ဝမ်ချောင်က စိတ်ပူသည့် မျက်နှာထားဖြင့် မေးလိုက်သည်။ ကြင်ယာတော်ထိုက်ကျန်းဆူပူမှုနှင့် စစ်သူကြီးများမူဝါဒတို့က ကြီးမားသည့်ကိစ္စများ ဖြစ်သော်လည်း သူတို့က ဝမ်ချောင်၏ပြဿနာများထက် တော်ဝင်နန်းတော်၏ အရေးကိစ္စများသာ ဖြစ်သည်။ ထိုအစား ၎င်းသည် ဝမ်ချောင်၏ အနာဂတ်အပေါ် တိုက်ရိုက် လွှမ်းမိုးမှုရှိသော မဟာလေ့ကျင့်ရေးစခန်းသုံးခု ဖြစ်သည်။
သူ၏ အတိတ်ဘဝတွင် ဝမ်ချောင်၏ မဟာလေ့ကျင့်ရေးစခန်းသုံးခုကို ဝင်ရန် ကျရှုံးမှုကြောင့် အလယ်ပိုင်းလွင်ပြင်၏ အထက်အရာရှိ ဖြစ်လာရန် သူက လူကြီးများ၏ မျက်နှာသာမရခင် လမ်းဆုံများစွာကို လျှောက်လှမ်းခဲ့ရသည်။ သို့သော် ထိုအချိန်တွင် သိပ်နောက်ကျနေပြီ ဖြစ်သည်။
အကုန်လုံးက ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
‘ကိုယ့်ကိုယ်ကို ကူညီတတ်တဲ့သူတွေကိုပဲ ကောင်းကင်ဘုံက ကူညီလိမ့်မယ်’။ သူ၏ကံကြမ္မာကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် တော်ဝင်နန်းတော်ကိစ္စများကို ဝင်ရောက်စွက်ဖက်နေချိန်တွင် မဟာလေ့ကျင့်ရေးစခန်းသုံးခုကိုလည်း အာရုံစိုက်ခဲ့သည်။
မဟာလေ့ကျင့်ရေးစခန်းသုံးခုသည် ဝမ်ချောင်၏ အကြံထဲတွင် အရေးပါသည့်အပိုင်းတွင် ရှိသည်။
သခင်မဝမ်သည် ဝမ်ချောင် ဘာတွေးနေသည်ကို မသိသော်လည်း သူမက ဝမ်ချောင် မဟာလေ့ကျင့်ရေးစခန်းသုံးခုကို ဝင်ရန် မည်မျှ ပြင်းပြင်းထန်ထန် ဆန္ဒရှိသည်ဆိုသည်ကို သူမသိသည်။
“မဟာလေ့ကျင့်ရေးစခန်းသုံးခုနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စက ဆုံးဖြတ်ပြီးသွားပြီ။ ပြီးတော့ အခု သူတို့က အကြီးစားလေ့ကျင့်ရေးကွင်းသုံးကွင်းကို တည်ဆောက်နေကြတယ်။ ပထမအသုတ်အတွက် နေရာအကန့်အသတ်ရှိတယ်။ ပြီးတော့ အခု ဂုဏ်သိက္ခာရှိတဲ့ကလန် အများစုက သူတို့ရဲ့ ကလေးတွေကို လေ့ကျင့်ကွင်းထဲမှာ နေရာချပေးဖို့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ အချိတ်အဆက်တွေကို ဆက်သွယ်နေကြတယ်”
“အမေ သား ခွမ်းဝူလေ့ကျင့်ရေးကွင်းကို ဝင်ချင်တယ်လို့ ပြောဖူးတာကို မှတ်မိသေးတယ်။ ဒါ့ကြောင့် အမေ သားကို လှမ်းခေါ်လိုက်တာ”
ဝမ်သခင်မက ပြောလိုက်သည်။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”
သူ့အမေ၏ စကားများကို ကြားပြီးနောက် ဝမ်ချောင်၏မျက်ခုံးများက အနည်းငယ် ပင့်တက်သွားသည်။ သူက အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ယခင်ဘဝတွင် မဟာလေ့ကျင့်ရေးစခန်းသုံးခုမှ နေရာများသည် တင်းကြပ်ပြီး ထိုကဲ့သို့သော အဆင့်သတ်မှတ်ချက်တစ်ခု မရှိနေပေ။
မဟာလေ့ကျင့်ရေးစခန်းသုံးခု စတင်တည်ထောင်သည့် အချိန်တွင် လူများစွာက ထိုအရာအပေါ် အာရုံ သိပ်မစိုက်ကြပေ။ ဂုဏ်သိက္ခာရှိသောကလန်များသည် ပထမအသုတ်ပြီးမှ နေရာများကို စတင်ဝယ်ယူမှသာ မီးမောင်းထိုးပြီးသား ဖြစ်လာခဲ့သည်။
အကယ်၍ သူ့အမေ၏ ဖော်ပြချက်က တိကျပါက သူမ ဆိုလိုသည်မှာ မဟာလေ့ကျင့်ရေးစခန်းသုံးခုမှ အာရုံစိုက်မှုသည် သူ၏ ယခင်ဘဝထက် ကြီးမားသည်ဟု ဆိုနိုင်ပေသည်။
“နေရာအတွက်တော့ သား စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့ နှက်ရက်လောက်က စုန့်ဘုရင်က သားအတွက် နေရာနှစ်နေရာ ချန်ပေးထားတယ်ဆိုတဲ့ အကြောင်း သားရဲ့ဦးရီးက စာပို့ခဲ့တယ်။ ဒါပေမဲ့ အမေကြားတာတော့ လေ့ကျင့်ရေးကွင်းတွေကို ဧကရာဇ်က အမျှော်အမြင်ကြီးကြီးနဲ့ ထောက်ခံချက်ပေးခဲ့တာ။ ဘယ်သူကမှ အချိတ်အဆက်တွေကို အားကိုးပြီး စာမေးပွဲကို ဝင်လို့ မရဘူးတဲ့။ လေ့ကျင့်ရေးကွင်းကို ဝင်ဖို့က စာမေးပွဲအောင်ဖို့ လိုတယ်တဲ့။ စုန့်ဘုရင် သားကို ပေးထားတဲ့ နှစ်နေရာက လုံးဝ အာမ မခံထားဘူး။ ဒါ့ကြောင့် အမေ သားအတွက် ဆရာတစ်ယောက် ရှာပေးထားတယ်”
“စုန့်ဘုရင်၊ စုန့်ဘုရင်….. နေပါဦး၊ အမေ အမေ ဘာပြောလိုက်တာလဲ။ ဆရာလား။ ဘာဆရာလဲ။ အမေက သားအတွက် ဆရာတစ်ယောက် ရှာပေးချင်တာလား”
ဝမ်ချောင်က ထိတ်လန့်သွားသည်။ သူမ အစကပြောသည့် စကားများက အဆင်ပြေသေးသော်လည်း အဆုံးတွင် ရုတ်ခြည်း မလိမ့်တစ်ပတ် လုပ်ခဲ့ခြင်းဖြစ်သည်။ ဘယ်လိုလုပ် ခွမ်းဝူလေ့ကျင့်ရေးကွင်း အကြောင်းမှ သူ့အတွက် ဆရာရှာပေးမယ်ဆို၍ ဖြစ်သွားသနည်း။
“တကယ်ပဲ”
ဝမ်ချောင်က ရှက်တတ်လိမ့်မယ်လို့ သခင်မဝမ်က ထိုအရာအပေါ်တွင် သိပ်အစဉ်းစားထားပေ။
“မြို့တော်ထဲမှာ အင်အားကြီးတဲ့ကလန်တွေ အများကြီး ရှိပြီးတော့ ပြိုင်ပွဲက ပြင်းထန်တယ်။ အမေကြားခဲ့တဲ့ ပုံစံအရဆိုရင် မြို့တော်က သခင်မတွေက အရမ်းစိတ်ပင်ပန်းနေကြပြီးတော့ သူတို့မှာရှိတဲ့ အချိတ်အဆက်တွေကို အသုံးချပြီး ကြင်ယာတော်တွေဆီကို သွားလည်ပြီးတေည့ အသနားခံနေကြတယ်”
“ပြိုင်ဆိုင်မှုက ပြင်းထန်လို့ အမေ သားအတွက် ဆရာတစ်ယောက် ရှာပေးတာက အကောင်းဆုံးအကြံလို့ တွေးမိနေတာ ကြာပြီ။ ဒါက အမေ သားကို ပြန်လာခိုင်းတဲ့ အဓိကအကြောင်းအရင်းပဲ။ ဆရာကောင်းတစ်ယောက်နဲ့မှ သားက လေ့ကျင့်ရေးကွင်းကို ဘာပြဿနာမှ မရှိဘဲ ဝင်နိုင်မှာ။ မဟုတ်ရင် တကယ်လို့ သူတို့က သားကို ပယ်ချလိုက်ရင် အမေတို့ ဝမ်ကလန်က စစ်သူကြီးတွေရဲ့ကလန်အနေနဲ့ ဂုဏ်သတင်းကျလိမ့်မယ်။ အဲဒါက ရှက်စရာကောင်းတယ်”
ဝမ်သခင်မက စိတ်ပူစွာ ပြောလိုက်သည်။
“!!!”
ဝမ်ချောင် သူ၏အမေကို အံ့အားသင့်စွာ ငေးကြည့်နေရင်း ဘာမှမပြောနိုင်ဖြစ်နေ၏။ အဆုံးတွင် ခွမ်းဝူလေ့ကျင်းရေးကွင်း အကြောင်းသည် ပြီးဆုံးသွားသည်။ သူမသည် သူ့အတွက် ဆရာတစ်ယောက် ရှာပေးချင်ရုံသာ ဖြစ်သည်။
အခန်း-၁၃၇
မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းအတတ္ပညာ
“အေမ မလိုပါဘူး”
ဝမ်ချောင် သူမကို အလျင်အမြန် ငြင်းလိုက်သည်။
“ဘာလို့လဲ”
သခင်မဝမ်က အံ့အားသင့်သွားသည်။ သူမက ဝမ်ချောင် ဒီလိုနည်းဖြင့် တုံ့ပြန်လာမည်ဟု ထင်မထားပေ။
“ချောင်အာ အမေက ဒါကို သားရဲ့ ကောင်းကျိုးအတွက် လုပ်နေတာပါ။ တကယ်တော့ အမေ သားအတွက် အရင်ကတည်းက ဆရာတစ်ယောက် ရှာပေးသင့်ခဲ့တာပါ။ ဒါက သားအဖေ အနားမှာ မရှိတာနဲ့ အမေ့ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ဒီတစ်ခါတော့ အမေ့စကား နားထောင်ပေးပါ”
“အမေ ခဏနေပါဦး။ ခွမ်းဝူသင်တန်းကျောင်းက မဖွင့်သေးပါဘူး။ ဟုတ်တယ်မလား။ အဲ့အကြောင်းကို နောက်မှပြောကြရအောင်”
ဝမ်ချောင် ပြောလက်စအကြောင်းကို ရှောင်တိမ်းဖို့ ကြိုးစားသည်။
ဝမ်ချောင်သည် သူ၏အမေက ကောင်းစေချင်သည့် ဆန္ဒဖြင့် လုပ်နေမှန်း သိသော်လည်း သူ၏ လက်ရှိအခြေအနေအရ သူက ဆရာ မလိုအပ်ပေ။ သူ့ကို တခြားသူများ၏ဆရာအဖြစ် လုပ်စေခြင်းက ပို၍ပင် သင့်တော်နေသည်။
သူ၏အခြေအနေကို မသိနားမလည်သော ဆရာတစ်ဦးကို ခေါ်လာသည်က သူ့ကို အနှောင့်အယှက်သာ ဖြစ်စေနိုင်သည်။ သူသည် ဘာမှမလုပ်ခင် နှစ်ခါပြန် စဉ်းစားရမည်ဖြစ်ပြီး သူ့စိတ်ရှိသလို ဘာမှမလုပ်နိုင်ပေ။
ဥပမာအနေဖြင့် လျှို့ဝှက်အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်း ဖြစ်သည်။ တစ်ဖက်သူက သူ၏ ကိုယ်ခံပညာကို သင်ပေးနေမှန်း ဝမ်ချောင် သိရန် အချိန်တစ်ခုသာ ကြာသည်။
အဖြစ်အပျက်က ပြန့်သွားသည်နှင့် ဝမ်ကလန်တစ်ခုလုံးက ဤကိစ္စဖြင့် ပါဝင်ပတ်သက်သွားမှာ ဖြစ်ပြီးနောက် ဝမ်ချောင်၏ ယခင်က အားထုတ်မှုများက သဲထဲရေသွန် ဖြစ်သွားမှာ ဖြစ်သည်။
“ခဏနေဦးဆိုတာ ဘာကိုဆိုလိုတာလဲ သား။ အဲ့အချိန်ကျရင် အဲဒါက အရမ်းနောက်ကျသွားပြီ မဟုတ်လား။ မဖြစ်နိုင်တာ။ အမေ့စကားကို နားထောင်ပါ။ အမေ သားအတွက် သင့်တော်တဲ့ ဆရာတစ်ယောက် ရှာပေးမယ်။ ဒီကိစ္စကို အမြန်ဖြေရှင်းရမယ်”
သခင်မဝမ်က နောက်ဆုံးတွင် မိဘဆိုသည့်ဖိအားကို ထုတ်ဖော်ခဲ့သည်။ လေ့ကျင့်ရေးစခန်းသုံးခု ဖွင့်မှ ကျင့်ကြံလျှင် နောက်ကျလွန်းသွားပြီ ဖြစ်သည်။ ဤကိစ္စကို ပေါ့ပေါ့တန်တန် ဆုံးဖြတ်ရတာက လှည့်စားရတာနှင့် မခြားပေ။
“ဟူး အမေ ဒီလိုဆိုတော့လည်း သားအမေ့ကို အမှန်အတိုင်းပြောပါ့မယ်။ တကယ်တော့.. သားမှာ ဆရာတစ်ယောက် ရှိပြီးသားပါ”
ဤကိစ္စအပေါ်တွင် အတိုင်းအတာ တစ်ခုအထိ သူ့ကိုယ်စား ဆုံးဖြတ်ချင်နေသည့် သူ့အမေ၏ခေါင်းမာခြင်းကို တွေ့လိုက်ရသောအခါ ဝမ်ချောင် ဝန်ခံဖို့ ဆုံးဖြတ်လိုက်သည်။
“သားမှာဆရာရှိတယ် ဟုတ်လား”
သခင်မဝမ် အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ အမေ အမေ သားရဲ့ကျင့်ကြံမှုက အခုနောက်ပိုင်း သိသိသာသာ တိုးတက်နေတာကို သတိမထားမိဘူးလား။ သား မြိ့စားကြီးရှုရဲ့မြေး ရှုရွှမ်းကို အနိုင်မယူခဲ့ဘူးလား”
သေရေးရှင်ရေး အခြေအနေတွင် ဝမ်ချောင် အလျင်အမြန် ဦးရီးတော်လီလင်းကို ဆွဲထည့်လိုက်သည်။ အင်ပါယာစစ်တပ်ထဲတွင် ကျွမ်းကျင်သူတစ်ယောက် အနေဖြင့် ဦးရီးတော်လီလင်း၏နာမည်သည် ယုံကြည်လောက်ပေသည်။
“မင်းရဲ့ဦးရီးကလား”
ဝမ်ချောင် မျှော်လင့်ထားသည့်အတိုင်း အမေက ဦးရီးလီလင်း၏ နာမည်ကို ကြားသည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူမက ဒီကိစ္စကို ထပ်၍ မမေးတော့ပေ။
“မင်းရဲ့ဦးရီးက မင်းအတွက် ဆရာတစ်ယောက် တကယ် ရှာပေးထားတယ် ဆိုရင်လည်း ပြီးတာပါပဲ။ မင်းရဲ့ ဦးရီးက အင်ပါယာစစ်တပ်ကပဲလေ။ ပြီးတော့ တော်ဝင်နန်းတော်က ကျွမ်းကျင်တဲ့သူတွေနဲ့ပဲ ပြည့်နေတာ။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် သားအတွက် ဆရာကောင်းကောင်း တစ်ယောက်ရှာပေးဖို့ဆိုတာ မခက်လောက်ပါဘူး”
သခင်မဝမ်ချောင်က နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။
ဝမ်ချောင်သည် ဤအခြေအနေကို အသုံးပြု၍ ပြောလက်စ စကားကို အလျင်အမြန် ပြောင်းလိုက်သည်။ သူ့အမေထံမှ ရယ်မောသံကို ရယူခဲ့သည်။ သူသည် အခန်းထဲမှ ထွက်သွားချိန်တွင် သူ၏ နဖူးပေါ်မှ ချွေးစေးများကို အလျင်အမြန် သုတ်လိုက်ရသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဦးရီးကို ဇာတ်လမ်းမရှုပ်အောင် အကြောင်းကြားရမယ်”
ဝမ်ချောင်က တွေးလိုက်သည်။ သူက သူ၏ဦးရီးကို အကာအကွယ်အနေဖြင့် အစကတည်းက အသုံးပြုချင်သော်လည်း ဝမ်ချောင် သတိမမူပဲ မနေရဲပေ။ သူ့အမေသည် ဉာဏ်ကောင်းသည့်သူတစ်ယောက် မဟုတ်သော်လည်း သူမကို အရူးလုပ်ရန်လည်း မလွယ်ကူပေ။
သူမက ဒီကိစ္စအကြောင်း ရုတ်တရက် မေးလာမည်ဟု မည်သူက သိမည်နည်း။
“ကြည့်ရတာ ငါ့ရဲ့အကြံကို အရင်လုပ်ရတော့မယ်နဲ့ တူတယ်”
ဝမ်ချောင်သည် ကိစ္စတစ်ခုကို ပြန်မှတ်မိသည့်ပုံနှင့် တွေးလိုက်သည်။ သူ့အိမ်မှ ထွက်လာပြီးနောက် သူ၏ ရထားလုံးပေါ်တက်၍ ဝေအိမ်တော်ဆီသို့ မောင်းလာခဲ့သည်။
“ဝမ်ချောင် ဟား ဟား ဟား မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ”
ဝမ်ချောင် ရောက်လာသည့်သတင်းကို ကြားပြီးနောက် ဝေ့ဟိုက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထွက်လာသည်။ သူက ဝမ်ချောင်ကို မျက်လုံးများ ကျွတ်ကျတော့မတတ် အသည်းအသန် ကြည့်လိုက်သည်။ တစ်လလောက် ပျောက်ကွယ်သွားပြီးနောက် ဝေ့ဟိုက အရင်ကထက် သိသိသာသာ ပို၍ ဝလာသည်။ သူက အရင်ကထက် ပို၍ တက်ကြွနေပုံရသည်။
ဒါ့အပြင် သူ့နောက်က လိုက်လာသည့် သူ့သားသမီး အနည်းငယ်လည်း ရှိသည်။
“မင်း မြို့တော်ကို ထွက်သွားတယ် ငါ ကြားတော့ မင်းရဲ့အိမ်တော်ကို လာလည်သေးတယ်။ ဒါပေမဲ့ မင်းရဲ့ အစောင့်တွေကတောင် မင်း ဘယ်သွားလဲဆိုတာကို မသိဘူး။ အခုတလော ငါလက်ခံထားတဲ့ နောက်လိုက်တချို့ ရှိတယ်။ ထောင်ချွမ်နဲ့လျိုကျင်း အမြန် သခင်လေးချောင်ကို အရိုအသေ ပေးလိုက်ကြ”
ဝေ့ဟိုက သူ့နောက်က နှစ်ယောက်ကို လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်ရင်း စိတ်အားထက်သန်စွာ ရယ်ပြလိုက်သည်။
“သခင်လေးချောင်ကို အရိုအသေ ပေးပါတယ်”
ဝေ့ဟို၏ စကားများကို ကြားပြီးနောက် နောက်လိုက်နှစ်ယောက်သည် အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ သူတို့ ခေါင်းမော့လိုက်သည့် အချိန်တွင် သူတို့၏ မျက်လုံးများက ရထားလုံးအတွင်းမှာသာ ရှိသေးသော ဝမ်ချောင် အပေါ်တွင် ခဏတာ ကျရောက်သွားသည်။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်လန့်မှု အနည်းငယ်ကို တွေ့နိုင်သည်။
နတ်ရှစ်ပါးနတ်နန်းတွင် ဝမ်ချောင်အကြောင်းကို မကြားဖူးသူ မရှိပေ။
“ကြည့်ရတာ မင်းက အခုတလော တော်တော်နာမည်ကြီးနေပုံပဲ”
ဝမ်ချောင်သည် နောက်လိုက်နှစ်ယောက်ကို အံ့သြတကြီး ကြည့်လိုက်သည်။ ဝေ့ဟိုက နတ်ရှစ်ပါးနတ်နန်းတွင် ‘တစ်ကိုယ်တည်းသမား’ဟု နာမည်ကြီးသည်။ ပြီးနောက် ဝမ်ချောင်အပြင် သူက တခြားသူငယ်ချင်း မရှိပေ။
ဒီကောင်က နောက်လိုက်တချို့ တကယ်ရှာတွေ့လိမ့်မယ်လို့ သူ ထင်မထားဘူး။
“ရပါတယ်။ ကျွန်တော် ဒီရက်ပိုင်း အဆင်ပြေနေပါတယ်”
အစက ဝမ်ချောင်သည် ဝေ့ဟိုဆီကို တချို့ကိစ္စ မေးစရာ ရှိသောကြောင့် လာခဲ့ခြင်း ဖြစ်သော်လည်း သူက ထိုအကြောင်းကို ခဏဘေးဖယ်ထားလိုက်ရသည်။
“ဟား ဟား အမှန်ပဲ။ အဲ့ကောင် ဂေါင်ဖန်းကို ငါ ရိုက်ပြီးတော့ ဘယ်လောက် နာခံတတ်သွားလဲဆိုတာ မင်းမသိဘူး။ ဟ အဲ့ကောင် စုပိုင်က ငါ့ကို မိဖို့ လွယ်တယ်လို့ ထင်နေတာလား မသိဘူး။ အခု နတ်ရှစ်ပါးနတ်နန်းမှာ ငါ ဝေ့ဟိုက ခွန်အားရှိတဲ့လူပဲ။ အခု ဘယ်သူကမှ ငါ့လမ်းမှာ လာမရှုပ်ရဲတော့ဘူး”
ဝေ့ဟို သူ့၏ရင်ဘတ်ကို အားရဝမ်းသာ ပုတ်ပြလိုက်သည်။
“ဟ ဟ သခင်ဝေ သူ့ကို ငါ ဆွဲမထုတ်နိုင်ဘူးလို့ မင်းထင်နေတာလား။ ငါ မင်းကို မသိဘူးလို့ ထင်နေတာလား”
ဝမ်ချောင်သည် ချက်ချင်း သူ့၏အလိမ်ကို ဖော်လိုက်သည်။ ထို့နောက် သူ့ကို ရထားလုံးပေါ်သို့တက်ရန် လှမ်းခေါ်လိုက်သည်။
“တက်ခဲ့။ ကျွန်တော် ဦးရီးနဲ့ ပြောစရာကိစ္စတချို့ရှိတယ်”
“အိုး။ မင်းတို့နှစ်ယောက် အရင်ပြန်သင့်တယ်။ မင်းတို့နှစ်ယောက်နဲ့ နောက်မှ ပြန်တွေ့မယ်”
ဝမ်ချောင်သည် လေးလေးနက်နက် အမူအရာကို ဖော်ပြထားသည်။ ဝေ့ဟိုင်က ဝမ်ချောင်၏ ရထားလုံးထဲသို့ မဝင်ခင် နောက်လိုက်နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
မကြာခင်တွင် ရထားလုံးက စတင်ရွေ့လျားလာသည်။ ဝေ့ဟိုသည် ဝမ်ချောင်နှင့် ဆန့်ကျင်ဘက်နေရာတွင် ထိုင်သည်။
“ဝမ်ချောင် ဘာကိစ္စရှိလို့လဲ”
“ဝေ့ဟို ကျွန်တော် အရင်တစ်ခေါက်က ပြောခဲ့တဲ့သူ အကြောင်း မှတ်မိသေးလား။ ကျွန်တော် ရှာခိုင်းထားတဲ့ တစ်ယောက်လေ”
“ကျန်းမုနင်လား”
“မဟုတ်ဘူး နောက်တစ်ယောက်။ ခင်ဗျား အဲ့အကြောင်းကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်”
ဝမ်ချောင် စိုးရိမ်တကြီး မေးလိုက်သည်။
“အား.. မင်း အဲ့တစ်ယောက်ကို ပြောတာလား”
ဝေ့ဟို တစ်ဖက်လူ ပြောနေတာကို ချက်ချင်း သဘောပေါက်သွားသည်။
“ငါ ထောက်ပံ့ရေးခန်းမကို မင်းပြောသလို အတိအကျ လုပ်ကြည့်ပြီးပြီ။ အခု မြို့တော်ထဲမှာ ငွေလွဲဌာနခွဲတွေ ဖွင့်ပြီးပြီ။ ပြီးတော့ နေ့တိုင်း ငါတို့ ယာဂုအချို့၊ အဝတ်တွေနဲ့ စောင်တွေကို အိမ်ခြေရာမဲ့တွေကိုပေးတယ်၊ ဒါပေမဲ့ အဲဒါအတွက် တစ်နေ့တစ်နေ့ အသုံးစရိတ်က များလွန်းတယ်။ ပြီးတော့ မင်းငါ့ကို ပေးထားတဲ့ ပိုက်ဆံကလည်း ကုန်ကာနီးနေပြီ။ မင်း ငါ့ကို စောင့်ကြည့်ခိုင်းထားတဲ့ အကြီးအကဲအတွက်ကတော့ ငါ ငါ့ရဲ့လူတွေကို သူ့ကို စောင့်ကြည့်ဖို့ ပြောထားပေမဲ့ ဘာမှအကြောင်း မပြန်သေးဘူး”
ပုလင်းပြာဂိုဏ်းကိစ္စ ပြီးတော့ သူ့ဦးရီး၏ မေတ္တာရပ်ခံချက်အရ ဝမ်ချောင်သည် ပထမဦးဆုံးသော သတ္ထုရိုင်းသံမဏိဓားကို ကျောက်ဖန်ချန်းဆီသို့ ရွှေသား သုံးသောင်းခုနစ်ထောင်ဖြင့် ရောင်းခဲ့သည်။
ဝမ်ချောင်သည် တစ်ဝက်ကို အားလော်ဂျာနှင့် အဘလိုဒန်ကို ပေးလိုက်ပြီး တစ်ဝက်ကို ဝေ့ဟိုကို ပေးလိုက်တာ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ချောင်က သူ့အား ကိစ္စအနည်းငယ် တောင်းဆိုခဲ့သည်။
ပထမကိစ္စက ထောက်ပံ့ရေးခန်းမ ဆောက်ရန်ဖြစ်၏။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်သည် ခိုကိုးရာမဲ့ဖြစ်ပြီး နေက်ဆုံးတွင် လမ်းပေါ်တွင် နေထိုင်ခဲ့ရသည်။ ပြီးနောက် သူက ခါးသီးမှု၊ အထင်အမြင်သေးခံရမှု၊ ငတ်မွတ်မှုနှင့် အေးစက်မှုတို့ကို ခံစားခဲ့ရသည်။
သူသည် ယင်းသို့သော ဘဝကို ခံစားခဲ့ရပြီး အခြားသူများ၏ အကူအညီနှင့် စေတနာကို လက်ခံခဲ့ရသောကြောင့် အခြားအိမ်ခြေရာမဲ့များ၏ ဘဝကို စာနာနိုင်ခဲ့ခြင်း ဖြစ်သည်။
မည်သည့်အချိန် မည်သည့်နေရာမှာပဲဖြစ်စေ အချမ်းသားဆုံးခေတ်တွင်တောင် အိမ်ခြေရာမဲ့၊ ပြည်နှင်ဒဏ် ခံရသူများနှင့် သူတောင်းစားများ ရှိစမြဲပင်ဖြစ်သည်။
သူတို့၏ ဆင်းရဲမွဲတေခဲ့ရသည့် အကြောင်းအမျိုးမျိုး ရှိသည်။ ဝမ်ချောင်ကဲ့သို့ တချို့သော သူတို့၏ကလန်များက ကျဆုံးသွားခဲ့သည်။ အချို့သောသူများက မွေးရာပါ မသန်စွမ်းကြပေ။ အချို့သောသူများက ဘေးဥပါဒ်နှင့် တွေ့ကြုံခဲ့ကြရသည်။ အချို့သောသူတို့က ကြီးစွာသော စိတ်ဒဏ်ရာ ရရှိခဲ့ကြသည်။ အချို့သောသူတို့က သူတို့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရသောမြေများ ဆုံးရှံးခဲ့ကြသည်။
အကြောင်းအမျိုးမျိုးကြောင့် သူတို့အားလုံး၏ နောက်ကွယ်တွင် ကြေကွဲစရာ အကြောင်းတစ်မျိုးစီ ရှိခဲ့ကြသည်။
ဝမ်ချောင်သည် သူကိုယ်တိုင် ခံစားခဲ့ရသော အတွေ့အကြုံကြောင့် လိုအပ်နေသူများကို ကူညီရန် ဤထောက်ပံ့ရေးခန်းမကို တည်ထောင်ဖို့ စိတ်ကူးခဲ့တာဖြစ်ပြီး ယခင်ဘဝက သူ့ကို ထိုအမည်မသိသူများက သူ့ကို ကူညီခဲ့သလိုပင်။
၎င်းက ဝမ်ချောင် ယခင်ဘဝကတည်းက ရှိခဲ့သော ဆုတောင်းတစ်ခုဖြစ်သည်။
ထို့အပြင် သူက ထူးဆန်းသောအဘိုးအိုတစ်ယောက်ကို ရှာနေသေးသည်။
ဝမ်ချောင်သည် သူ၏ယခင်ဘဝတွင် လိုချင်ခဲ့သော အရာများစွာ ရှိခဲ့သော်လည်း သူက ရနိုင်သည့် အခွင့်အရေး မရှိခဲ့ပေ။ သေခါနီးတွင်ပင် ထိုအရာများသည် သူနှင့်အတူ ရှိရန်မဖြစ်နိုင်ခဲ့ပေ။
ထိုအရာများထဲမှ တစ်ခုသည် စုကျန်းချန်း၏ နတ်ဆိုးနှင့်နတ်ဘုရား ပျက်သုန်းခြင်း အတတ်ပညာ ဖြစ်သည်။ မြို့တော်ရှိ စစ်ပွဲတွင် စုကျန်းချန်းသည် ထောင်ပေါင်းများစွာသော ကျူးကျော်သူများကို သူ၏ ကမ္ဘာမြေပိုင်းဖြတ်ခြင်း ဓားပညာရပ်ဖြင့် သတ်ဖြတ်ခဲ့ပြီးနောက် သူတို့၏ အစွမ်းထက်သော ခံစစ်ကို လျော့စေခဲ့သည်။
ထိုပြိုင်ဘက်ကင်းသော သိုင်းကွက်သည် ၎င်း၏အစွမ်းကို ပြသခဲ့ပြီး ကမ္ဘာကြီးကို ထိတ်လန့်စေပြီးနောက် ထိုသိုင်းကွက်က စုကျန်းချန်းနှင့်အတူ မြို့တော်အပိုင်းအစများထဲတွင် မြှပ်နှံခံခဲ့ရကာ ထာဝရပျောက်ဆုံးနေမည့် ကံတရားရှိသည်။
အရင်ရက်များတွင် ဤကဲ့သို့ တန်ခိုးကြီးသော အံ့ဖွယ်ကောင်းသည့် နည်းစနစ်များ လိုအပ်သည့် ပြင်းထန်သော တိုက်ပွဲများ ရှိခဲ့သော်လည်း ဝမ်းနည်းစရာမှာ မည်သူကမှ ကွာခြားချက်ကို ဖြည့်ရန် အသိပညာ သို့မဟုတ် စွမ်းရည်ကို မပိုင်ဆိုင်ထားကြပေ။
ဝမ်ချောင်၏ ယခင်ဘဝတွင် ဤနည်းစနစ်အကြောင်း ပြောသည့် မည်သူမဆို ဝမ်းနည်းစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြပေ။
ထိုသိုင်းပညာအပြင် ကြီးမြတ်သောယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာလည်း ရှိသေးသည်။
ပင်မကျွန်းစုတွင် တိုင်းတစ်ပါးမှ ကျူးကျော်သူများနှင့် တိုက်ခိုက်သည့် စစ်ပွဲအတွင်း ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့သည်။ မည်သည့်လက်နက်မှ မရှိဘဲ သူက မရေမတွက်နိုင်သည့် တိုင်းတစ်ပါးမှ ကျူးကျော်သူများကို သတ်ဖြတ်နိုင်ခဲ့သည်။
သူ့ရှေ့တွင် ရပ်နေကြသော တိုင်းတစ်ပါးမှ ကျူးကျော်သူများက ကြေကွယ်ဖွယ်ကောင်းစွာ သေဆုံးခဲ့ကြပြီးနောက် ပုပ်ပွသည့် အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
တိုင်းတစ်ပါးက ကျူးကျော်သူများကို တိုက်ခိုက်ရာတွင် ဤပုဂ္ဂိုလ်က ပြသခဲ့သော ကြီးမြတ်သော ယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာ၏ ခွန်အားသည် မြို့တော်ရှိ စစ်တပ်တစ်ခုလုံးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့သော စုကျန်းချန်းထက် မလျော့နည်းပေ။
ထိုကပ်ဆိုးကြီးခေတ်တွင် ၎င်းကို မှော်ပညာငါးခုထဲမှ တစ်ခုအဖြစ် လူသိရှင်ကြား အသိအမှတ် ပြုခဲ့ကြသည်။
သို့သော် ထိုလူသည် မယှဉ်နိုင်သော၊ မြင့်မြတ်သောသိုင်းပညာကို ရယူနိုင်ခဲ့သော်လည်း သူ၏ အရည်အချင်းသည် ရိုးရှင်းလွန်းလှသဖြင့် သနားစရာပင်။ သူ၏ တိုက်ပွဲအတွေ့အကြုံ၊ တုံ့ပြန်မှု အမြန်နှုန်း၊ လျင်မြန်မှု၊ သွက်လက်မှုနှင့် လိုက်လျောညီထွေရှိမှုတို့သည် ဤအံ့ဖွယ်ကောင်းသော သိုင်းပညာ၏ လုပ်နိင်စွမ်းနှင့် မယှဉ်နိုင်ပေ။
ဤနက်နဲသည့် သိုင်းပညာသည် ထိုလူ၏ ပင်ကိုအရည်အချင်း အပေါ်တွင် ဖြုန်းတီးခြင်းသာ ဖြစ်သည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။
သို့သော် ထိုလူ သေဆုံးပြီးနောက် လူတိုင်းက ထိုသို့မဟုတ်ကြောင်း သိလာကြသည်။
ထိုလူသည် အသက်နှစ်ဆယ့်ခုနစ်မှ နှစ်ဆယ့်ရှစ်ကြားတွင် သူက ချမ်းသာသောကလန်အတွက် အလုပ်လုပ်နေရသည်။ သူက ကိုယ်ခံပညာတွင် အောင်မြင်မှုများစွာ မရရှိခဲ့သည့်အပြင် သူက ထိုအရာအပေါ် စိတ်ဝင်စားမှုလည်း မရှိပေ။
သို့သော် သူက ကြင်နာတတ်သည့် စိတ်ထားရှိသည်။ ပုံမှန်အချိန်တွေမှာတောင် သူက ဒုက္ခရောက်နေသူများကို ကူညီသည်။
တစ်နေ့တွင် တိုက်ဆိုင်မှုအချို့ကြောင့် သူက ပြိုင်ဘက်ကင်းသည့် မကောင်းဆိုးဝါးတစ်ကောင်ကို အမှန်တကယ်ပင် ကယ်တင်ခဲ့သည်။ ထိုမကောင်းဆိုးဝါးက ငယ်စဉ်က မကောင်းသည့် ကိစ္စများစွာ ပြုလုပ်ခဲ့သည်။ သူ၏လက်ထဲတွင် မရေမတွက်နိုင်သည့် လူပေါင်းများစွာ သေခဲ့သည်။ ပြီးနောက် သူ၏ နာမည်က ဆိုးသွမ်းသေကမ္ဘာတွင် ကြောက်စရာခေါင်းစဉ်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် သူသည် သူ၏ ရဲဘော်ရဲဘက်များ သစ္စာဖောက်ခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် လူငယ်လေးတစ်ဦး၏ ကယ်တင်ခြင်း ခံခဲ့ရသည်။ ပြီးနောက် သူ၏စရိုက်က ရုတ်တရက် ပြောင်းလဲသွားသည်။ မကောင်းသောပုံစံကို စွန့်ပယ်၍ သူက ကောင်းသည့်အရာများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ကြင်နာသနားတတ်သည့် အဘိုးကြီး ဖြစ်လာခဲ့သည်။
အဘိုးကြီးက လူငယ်ကို သူ၏ ကြီးမြတ်သောယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်ကို အတင်းအကြပ် လက်ခံစေခဲ့ပြီးနောက် သူ့ကို သူလျှောက်လှမ်းနေသော လမ်းကြောင်းမှ ကွဲပြားသော လမ်းကြောင်းဆီသို့ လမ်းညွှန်ခဲ့သည်။
သူ၏အပြစ်များကို ကျေစေရန် ကြိုးစားနေသည့်အပြင် လူငယ်လေး၏ သာမာန်ဖွဲ့စည်းပုံကို ပြောင်းလဲရန် ကြိုးစားခဲ့ပြီး အဘိုးအိုက သူ၏ခွန်အားနှင့် အသက်ကို စွန့်လွှတ်ကာ လူငယ်လေးဆီသို့ စွမ်းအင်အားလုံးကို လွှဲပြောင်းပေးကာ နှိုင်းယှဉ်၍ မရသည့် ကျွမ်းကျင်သူတစ်ဦးကို ဖန်တီးပေးခဲ့သည်။
တစ်ဖက်တွင် ခွန်အား တော်တော်များများ ဆုံးရှုံးသွားသောကြောင့် အဘိုးအိုသည် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် သာမာန်လူငယ်သည် ထိပ်တန်းကျွမ်းကျင်သူအဖြစ် ညတွင်းချင်း ပြောင်းလဲသွားသည်။ အဘိုးအို၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန် အဘိုးအိုကို သစ္စာဖောက်သည့်သူများကို လက်စားချေရန် လူငယ်က သူ့ကိုယ်သူ ရက်စက်ပြီး လက်စားချေဖို့ ဖိအားပေးခဲ့သည်။ သူသည် အဘိုးအို၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပြီး အစကတည်းက သူ မလိုချင်သည့် အရာကို အဆုံးသတ်ခဲ့သည်။
ဝမ်ချောင် ထိုသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ပြီးတော့ ထိုပုံပြင်များက ကြင်နာသည့် လူငယ်ကိုယ်တိုင် ပြောခဲ့သည့်ပုံပြင်များ ဖြစ်သည်။
အကယ်၍ လူတစ်ယောက်သည် သူ မကြိုက်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီး အောင်မြင်နေသော်လည်း သူ ပျော်မည်မဟုတ်ပေ။
သာမာန်အရည်အချင်းရှိသူသည် သူတစ်ပါး၏ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ဆိုးသွမ်းသည့် လောကအတွင်းသို့ ဝင်ရောက်လာခဲ့ရသည်။ သူ၏ကံကြမ္မာသည် အဆုံးအဖြတ် ပေးပြီးသားဖြစ်၏။
နောက်ဆုံးတွင် ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သည့်ပညာရှင် ပိုင်ဆိုင်သည့် ကြီးမြတ်သော ယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်က သူ၏ တိုက်ပွဲအတွေ့အကြုံ မရှိခြင်းကြောင့် တိုင်းတစ်ပါး သံမဏိတပ်သားများ၏ ဝန်းရံထားမှုကြားထဲ ကျရောက်သွားခဲ့ပြီး သေဆုံးသွားခဲ့သည်။
ကြီးမြတ်သော ယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်က ထိုကဲ့သို့ ဆုံးရှုံးသွားခဲ့သည်။
ထိုအချိန်က ဝမ်ချောင်က ပင်မကျွန်းစု၏ ကြီးမြတ်သော အဆင့်မြင့်အရာရှိ မဖြစ်သေးပေ။ ပြီးနောက် ပင်မကျွန်းစု၏ ကိုယ်ခံပညာရပ် ပညာရှင်များက ကိုယ်ခံပညာရပ်အားလုံးကို စုစည်းပြီး ကြေညာရန်အတွက် ကြီးကျယ်ခမ်းနားသော စုဝေးပွဲကြီးကို မစီစဉ်ရသေးပေ။
နတ်ဆိုးနှင့်နတ်ဘုရားပျက်သုန်းြခင်း အတတ်ပညာနှင့် ဆင်တူသော သိုင်းပညာရပ်တစ်ခုက ကပ်ဘေးခေတ်တွင် အကြီးမားဆုံး ကိုယ်ခံပညာရပ်တစ်ခု ဖြစ်လာခဲ့သည်။
paid Groupရှိပါတယ်
wunzinမှာလည်း ဖတ်လို့ရပါတယ်
အခန်း-၁၃၈
စစ်တုရင်ခုံပေါ်မှ ပြကွက်။
ဝမ်ချောင်၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ကပ်တွယ်နေသည့် ကိစ္စများရှိသည်။
ဝမ်ချောင်သည် ပင်မကျွန်းစု၏ မြင့်မြတ်သည့် အထက်တန်းအရာရှိဖြစ်လာပြီးနောက် နက်နက်ရှိုင်းရှိုင်း နောင်တရသည့်ကိစ္စများ ရှိခဲ့သည်။ ဤကဲ့သို့ အဆုံးစွန်သော သိုင်းကွက်များ မရှိသဖြင့် ပင်မကျွန်းစုကို ကာကွယ်ဖို့ တိုက်ခိုက်ရသည့် တာဝန်က အင်မတန် ခက်ခဲလာသည်။
သူ မသေဆုံးခင်အထိ ဝမ်ချောင်က ဒဏ္ဍာရီလာအဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။
ထို့ကြောင့် ဤဘဝတွင် ဝမ်ချောင်က အနာဂတ်တွင် ပျောက်ဆုံးသွားမည့် ဤအဆုံးစွန်သော သိုင်းကွက်များကို ပြင်းပြင်းထန်ထန် ပိုင်ဆိုင်လိုသည်။
ထိုအရာက သူ့အတွက်တင်မကပဲ ဤသိုင်းကွက်များ အတွက်ပါ ဖြစ်သည်။
ထို့ကြောင့် မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်ကို တတ်မြောက်ထားသော အဘိုးအိုက ဝမ်ချောင်၏ စာရင်းထဲတွင် အရေးပါသည့်သူအဖြစ် အမြဲတမ်းရှိနေသည်။
သို့သော် အဘိုးအိုက အလွန် ရှာရခက်ပြီး ထူးခြားဆန်းကြယ်နေသည်မှာ ဆိုးလှသည်။
ထိုလူငယ်ကပင် သူ၏ ထူးခြားဆန်းကြယ်ပြီး ခွန်အားကြီးမားသော အကောင်းဆိုးဝါးပညာသင် ဆရာအကြောင်းကို သိပ်မသိဘဲ သူ့အား ‘မကောင်းဆိုးဝါးဧကရာဇ် အဘိုးအို’ ဟူ၍သာသိသည်။
ထို့ကြောင့် ဝမ်ချောင်က ဝေ့ဟို၏ အကူအညီကို တောင်းခံရုံမှ လွဲ၍ မတတ်နိုင်ချေ။
“ဒီကိစ္စကို လောစရာ မလိုဘူး။ မင်း ငါ့အတွက် ကိစ္စကို မှတ်ပြီးတော့ ထူးဆန်းတဲ့ အဘိုးအိုကို တွေ့ရင် ငါ့ကို အကြောင်းကြားလိုက်ရုံပဲ”
ဝမ်ချောင်သည် သူက တစ်ဖက်လူကို အကြောင်းအရာ တချို့ပြောခဲ့မှန်း သိသည်။ ပြီးနောက် သူ၏ အပြုအမူများက ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်းကို ရှာခြင်းမှ မခြားနားပေ။ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုကို အချက်အလက် နည်းနည်းဖြင့် ရှာနိုင်ဖို့ မျှော်လင့်နေသည်မှာ မဖြစ်နိုင်ပေ။ ဝေ့ကလန်မှ အဆက်အသွယ်များ ရှိနေပင်လျှင် မဖြစ်နိုင်ပေ။
ဝေ့ဟိုနှင့် မြို့တော်ကို ပတ်သွား၍ ဝမ်ချောင်က ဝေ့ဟိုသည် ထောက်ပံ့ရေးဌာနအတွက် အလုပ်ကောင်းကောင်း လုပ်ခဲ့ကြောင်း သတိထားမိသည်။ အပေါက်ဝတွင် လူများစွာ ရှိနေပြီး အထဲတွင် အဝတ်များ၊ အစားအသောက်များ၊ နားစရာနေရာများစွာ ရှိသည်။ အထောက်အပံ့များက အတော်ပင် ပြည့်စုံသည်။
ဝမ်ကလန်ထဲတွင် ဒီလိုကိစ္စများနှင့် ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်သော သူများရှိသည်။ ထို့ကြောင့် ထိုအရာများကို သူတို့အား တာဝန်လွှဲခဲ့တာက ပိုကောင်းသည်။
“ငါ ရှန့်ဟိုင်ကို နောက်ထပ် ရွှေငါးထောင်ပြင်ခိုင်းထားလိုက်မယ်။ ဒီတော့ နောက်ထပ် ထောက်ပံ့ရေးဌာနတွေ ထက်ဖွင့်လိုက်ဦး။ မြို့တော်အပြင်က တခြားနေရာတွေမှာလည်း ဖွင့်လိုက်အုံး။ ပြီးတော့ ငါပြောတဲ့ အဘိုးအိုကိုလည်း ဆက်ရှာပေးဦး။ သတင်းတစ်ခုခု ရတာနဲ့ ငါ့ကို အကြောင်းကြားလိုက်”
“ကောင်းပြီ”
ဝေ့ဟိုက လက်ခံလိုက်သည်။
ဝေ့ဟိုနှင့် ခဏတာ စကားပြောပြီးနောက် ဝမ်ချောင်က ဝေ့ဟိုကို ဆင်းခိုင်းလိုက်ပြီး သရဲသစ်ပင်ဒေသကို ဖြည်းညင်းစွာ လမ်းလျှေက်သွားသည်။ ထိုအကြောင်းကို ယခု စဉ်းစားလိုက်သောအခါတွင် သူသည် ပြီးခဲ့သည့် တစ်လလုံး တောင်ပေါ်မှ ဝိညာဉ်သွေးကြောပေါ်တွင် ကျင့်ကြံနေခဲ့သည်။ ထိုအချိန်ကတည်းက သူ ဒီကို မရောက်ဖြစ်ခဲ့တာ ဖြစ်သည်။
“အစ်ကိုကြီး”
တရုတ်ကျိုင်းပင်နားတွင် ရပ်နေသည့် ကလေးတစ်ယောက်အပြင် ထိုနားတွင် မည်သူမှ မရှိပေ။ ဝမ်ချောင်ကို တွေ့သည့် အခါတွင် သူက အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်ဝန်းများ အရောင်လက်သွားပြီးနောက် သူ၏မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသည်။
(အတိအကျ ကျိုင်းပင်တော့ မဟုတ်ပါဘူး။ သူ့မျိုးစိတ်က အဲဒီမျိုးစိတ်ထဲကမို့ ယူသုံးလိုက်တာပါ)
“ကောင်လေး မင်းက ဒီမှာ ရှိနေတုန်းလား”
ဝမ်ချောင် သူ့ခေါင်းကို အပြုံးလေးနှင့် ပုတ်ပြလိုက်ပြီး လမ်းဘေးရှိ ဈေးသည်ဆီမှ ဝယ်လာသော သကြားလုံးဟောင်ချောင်းကို ပေးလိုက်သည်။
“အစ်ကိုကြီး ဘာလို့ အကြာကြီး ထွက်သွားတာလဲ။ အဘိုးက အစ်ကိုကြီးကို ခဏခဏ မေးနေတာ။ ပြီးတော့ သူက အစ်ကိုကြီး ပြန်မလာတော့ဘူးလို့ တွေးနေတာ”
ကျန်းကျန်းဆိုသည့် ကောင်လေးက ပြောလိုက်သည်။
တစ်ဖက်လူက ဘာမှ မရည်ရွယ်သော်လည်း ကျန်းကျန်းပြောသည့် သူ့ကို မေးနေသည့် အဘိုးအိုအကြောင်းကို ကြားသည့် အချန်တွင် ဝမ်ချောင် နှလုံးခုန်မြန်လာသည်။
အဲ့တာက ဝမ်ချောင်၏ ထိုပုဂ္ဂိုလ်သတင်းကို ပထမဆုံး ကြားခြင်းဖြစ်သည်။ သံသယမထားဘဲ သူ၏ စစ်တုရင်ခုံ ပေါ်မှ တင်ဆက်မှုက တစ်ဖက်လူ၏ အာရုံကို ဖမ်းစားနိုင်သွားသည်။
“မပူပါနဲ့ ဘယ်လိုလုပ်ပြီး အစ်ကိုက မလာဘဲ နေရမှာလဲ။ အစ်ကိုက နည်းနည်းဝေးတဲ့ နေရာကို ခရီးသွားနေလို့ပါ”
ဝမ်ချောင်ပြုံးလိုက်သည်။
“ဒါဆိုရင် အစ်ကိုကြီးက နောက်ထပ် ခရီးဝေးသွားဦးမှာလား”
“မသွားဖြစ်လောက်ပါဘူး”
ဝမ်ချောင်က ပြန်ပြောလိုက်သည်။ လေ့ကျင့်ရေးစခန်းသုံးခု ဖွင့်သည်က ကိစ္စကြီးတစ်ခုဖြစ်ပြီး ထိုအရာက သူ၏ အနာဂတ်ကို ထိခိုက်နိုင်သည်။ ထိုအရာနှင့်ယှဉ်လျှင် သူ၏ ကျင့်ကြံခြင်းက အဆင့်တစ်ခု သို့မဟုတ် နှစ်ခုကို ဝိညာဉ်သွေးကြောတွင် ကျင့်ကြံခြင်းက သိပ်မဆိုလိုပေ။
မည်သည့်ကိစ္စနှင့်မဆို သူက ထိုနေရာကို အနာဂတ်တွင် သွားမှာဖြစ်သည်။
“ကောင်းလိုက်တာ”
ကလေးငယ်၏ အတွေးများက မလေးနက်ပေ။ ပြီးနောက် ဝမ်ချောင်၏ ခရီးဝေး မသွားဘူးဆိုသည်ကို ကြားသည့်အချိန်တွင် သူက ပျော်ရွင်စွာဖြင့် ခုန်ပေါက်သွားသည်။ သူ ဝမ်းသာအားရ အော်ပြောရင်း သူ၏ လက်ဝဝတုတ်တုတ်လေးများကို ကျောက်တုံးအိုးထဲ ထည့်ပြီး အနက်ရောက်ကျောက်တုံးကို ထုတ်လာခဲ့သည်။
“အစ်ကိုကြီး ဒီမှာ အစ်ကိုကြီးရဲ့ကျောက်တုံး”
ဝမ်ချောင် ပြုံးလိုက်သည်။ သူ့လက်ထဲမှာ ကျောက်တုံးနက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူက စစ်တုရင်ခုံကို လေ့လာလိုက်သည်။ ဝမ်ချောင် ဒီကို ပထမအကြိမ်ရောက်တုန်းက ထိုအရာက နှစ်ဖက်လုံးတွင် ငြင်းခုံမှုတွေ ရှိသေးသည်။ စစ်တုရင်ခုံပေါ်တွင် ကျောက်တုံးနှစ်ဆယ်ကျော်ရှိသည်။
သို့သော် ယခုတွင် စစ်တုရင်ခုံတစ်ခုလုံးက အနက်ရောင်နှင့် အဖြူရောင် ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် ဝမ်ချောင်က အဖြူရောင်ကျောက်တုံးက အခွင့်မသာ ဖြစ်နေသည်ကို ပြောနိုင်သည်။
“အဖြူရောင်ရှုံးဖို့ သိပ်မလိုတော့ဘူး”
ဝမ်ချောင် ပြုံးလိုက်သည်။ စုကျန်းချန်းက မယှဉ်နိုင်သည့် ကိုယ်ခံပညာကို ပိုင်ဆိုင်ထားပြီး စစ်နတ်ဘုရားအဖြစ် ကြေငြာထားသော်လည်း စစ်ရေးဗျူဟာအရ အခြားတစ်ဖက်က သူ့ပြိုင်ဘက်မဟုတ်ပေ။
အတိတ်ဘဝတွင် ဝမ်ချောင် သူ၏စစ်တပ်ကို ဦးဆောင်သည့် စစ်ပွဲများသည် စုကျန်းချန်း၏ စစ်ပွဲများထက် ပိုများသည်။ ထို့အပြင် သူသည် ဤကမ္ဘာတွင် ပြန်မဝင်စားခင် ဝမ်ချောင်က စစ်ပွဲသူတော်စင်အဖြစ် စစ်ပွဲနည်းစနစ်တွင် လူသိများခဲ့သေးသည်။
ဖြစ်နိုင်ချေများသည်က မည်သူကမှ သူ့ကို စစ်ပရိယာယ်တွင် မနိုင်ပေ။
“အဖြူရောင်က နောက်ထပ် ရက်နည်းနည်းကြာရင် ရှုံးကြောင်း ဝန်ခံလိမ့်မယ်”
ဝမ်ချောင် ပြုံးလိုက်သည်။
သူ၏ စစ်တုရင်နှင့် ပတ်သက်သည့် အတွေးများက တခြားသူများနှင့် အရမ်းကွဲပြားသည်။ ပထမရက်ကတည်းမှ သူက တစ်ဖက်လူကို ထောင်ချောက်ဆင်နေပြီးသား ဖြစ်သည်။ စုကျန်းချန်းသည် ဝမ်ချောင်က ယခုအချိန်တွင် အားသာချက် အနည်းငယ်သာ ရှိသည်ဟု ထင်နေလောက်သည်။
သို့သော် ရက်အနည်းငယ်အကြာတွင် ဝမ်ချောင် သူ၏ထောင်ချောက်ကို ထောင်ပြီးချိန်၌ စုကျန်းချန်းက သူ ရှုံးသွားသည်ကို သိသွားလိမ့်မည်။
ထိုအရာက သူ့အတွက် စိန်ခေါ်မှုထက် စစ်ရေးဗျူဟာတွင် တစ်ယောက်ချင်းတိုက်ပွဲနှင့် ပိုတူသည်။ ဝေ့ချီကစားပွဲတွင် သူ့ကို စိန်ခေါ်မည်လား။ အကယ်၍ တစ်ဖက်လူက သူ ရိုသေလေးစားသည့် စစ်နတ်ဘုရားဖြစ်လျှင်တောင် တစ်ဖက်လူက ပြိုင်ဘက်မှား၍ ရွေးမိခြင်းဖြစ်သည်။
ဖပ်..
ဤအတွေးများကို ဘေးခဏထား၍ ဝမ်ချောင် သူ၏ အကွက်ကို ရွှေရောင်စစ်တုရင်ခုံပေါ်၌ သေချာ ရွေ့လိုက်သည်။
“ဖြေရှင်းစရာ တစ်ခုကျန်သေးတယ်”
သရဲဝိညာဉ်သစ်ပင်အရပ်ကနေ ထွက်လာပြီး ဝမ်ချောင် လက်ခြောက်ချောင်းကျန်း အကြောင်းကို စဉ်းစားမိသည်။
တစ်လ ကုန်သွားပြီဖြစ်ပြီး အဖွဲ့အစည်း၏ စည်းကမ်းများအရ သူက ဆေးလုံးသုံးလုံး ဖော်စပ်နိုင်သင့်ပြီ ဖြစ်သည်။ ထို့ကြောင့် သူက ကျဆုံးကျောက်စ်ိမ်းခန်းမဆောင်သို့ သူ့ရထားလုံးကို ဦးတည်ခိုင်းလိုက်သည်။
“အိုင်းယိုး ငါ့ရဲ့ ဘိုးဘေးငယ်၊ သခင်လေး၊ လူကြီးမင်း…. မင်းက နောက်ဆုံးတော့ ရောက်လာပြီပဲ။ တကယ်လို့ ခဏနေမှ မင်းမလာရင် ပြဿနာအကြီးကြီး တက်တော့မလို့”
ကျဆုံးကျောက်စိမ်းခန်းမဆောင်ထဲမှာ မီးအိမ်တစ်ခုကို ထွန်းညှိလိုက်တယ်။ ဝမ်ချောင်ကို မြင်တော့ လက်ခြောက်ချောင်းကျန်းက သူ့ပေါင်ကို တစ်ချက်ရိုက်လိုက်ပြီး သူ့ကို ဝမ်းသာတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။
“မင်း နောက်ထပ် ရက်နည်းနည်းကြာလို့မှ ပေါ်မလာရင် မင်းယူလာတဲ့ ခက်ခဲမှုကို အရိပ်ပါမကျန် ပယ်ဖျက်လိုက်တော့မလို့ပဲ။ ဒါ့ကြောင့် ရွှေနှစ်သိန်း မင်းသိတယ်မလား ရွှေနှစ်သိန်းလေ”
“ဟ ဟ ပုံကြီးချဲ့ပြောမနေနဲ့။ တစ်ခုခုဖြစ်ရင် မင်းဖြေရှင်းမှာလား။ ဆေးလုံး ဘယ်မှာလဲ။ ငါ့ကိုပေး”
ဝမ်ချောင် ရယ်လိုက်ပြီး တစ်ဖက်လူ၏ ပရိယာယ်ထဲ မကျရောက်ပေ။
လက်ခြောက်ချောင်းကျန်းက ပင်မလျှို့ဝှက်အဂ္ဂိရတ်ဆရာ အဖွဲ့အစည်းမှ လူတစ်ယောက်ဖြစ်ပြီး သူ၏ လွှမ်းမိုးနိုင်မှုကြောင့် ခဏတာကြန့်ကြာခြင်းက ပြဿနာမဟုတ်ပေ။
ဝမ်ချောင်၏စကားများကို ကြာပြီးနောက် သူ ကိုးရို့ကားရားနိုင်စွာ ရယ်လိုက်သည်။
ဝမ်ကလန်က လူကြီးမင်းက ငယ်သေးသော်လည်း လွယ်လွယ်နှင့် အရူးလုပ်၍ မရပေ။
“ဆေးလုံးက ဘယ်မှာလဲ။ သုံးလုံးရှိတယ်မလား။ လာ ငါ့ကိုပေး”
ဝမ်ချောင်က သူ၏ အင်္ကျီကို ရမ်းလိုက်ရင်း အခန်းထဲမှ ကျားသားရည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
“ဟဲဟဲ လူကြီးမင်းက အရူးလုပ်လို့ မရဘူးဆိုတာ ကျွန်တော်သိပါတယ်”
လက်ခြောက်ချောင်းကျန်းက အချိန်လည်း မဆွဲရဲပေ။ သူက အချန်းထဲကို သွားလိုက်ပြီး ခဏအကြာတွင် သူက လက်ထဲတွင် သေချာ ပြင်ဆင်ထားသည့် ခရမ်းရောင်ဘူးများနှင့်အတူ ပြန်လာသည်။
“လူကြီးမင်း ဖွင့်ပြီး စစ်ကြည့်ပါဦး။ ဒါက ကျွန်တော် သခင်လေးအတွက် ဒီလ အထူးပြင်ဆင်ထားတဲ့ အရာပါ”
လက်ခြောက်ချောင်းကျန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် လျှို့ဝှက်အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းက အပြင်လူတွေနှင့် အလွယ်တကူ အလုပ်မလုပ်ပေ။ ဉပမာအားဖြင့် ဝမ်ကလန်သည် ဝန်ကြီးများနှင့် စစ်သူကြီးများ မျိုးဆက်သုံးဆက် ပါဝင်သောအင်အားကြီး မျိုးနွယ်တစ်ခု ဖြစ်သောငြား လျှို့ဝှက်အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းမှ သူတို့အား သူတို့၏ လုပ်ဖော်ကိုင်ဖက်အဖြစ် ထားရန် မစဉ်းစားဖူးပေ။
သူတို့၏ လုပ်ဖော်ကိုင်ဖက်များ အားလုံးက မဟာမိတ်ဖွဲ့ထားသည့် မိတ်ဖက်များဖြစ်သည်။ တကယ်တော့ သူတို့ရဲ့ မိတ်ဖက်တချို့က အရင်မင်းဆက်ကိုတောင် ခြေရာခံခဲ့ပါသေးသည်။
သို့သော်လည်း ဝမ်ချောင်၏ အခြေအနေမှာ ထူးခြားသည်။
သူက တော်ဝင်နန်းတော်ထဲတွင် ကြီးမားသည့် ဩဇာအာဏာကို ပိုင်ဆိုင်ထားရုံတင်မက သူတို့၏ အကြီးမားဆုံးသော ချို့ယွင်းချက် စည်းစိမ်ပြတ်လပ်ခြင်း အတွက် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုအရာက အင်ပါယာတစ်ခုလုံးတွင် အကြီးဆုံးနှင့် အသန်မာဆုံးကလန်ဖြစ်လာမည် ဟူသော လက္ခဏာများကို ပြသနေခြင်းဖြစ်သည်။
အနည်းဆုံးတော့ လက်ခြောက်ချောင်းကျန်း၏ ရှုထောင့်အရ သူတို့ လက်ရှိအနေအထားကို ထိန်းသိမ်းထားသ၍ ဝမ်ကလန်က လျှို့ဝှက်အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်း အသစ်လွန်ဆုံး လုပ်ဖော်ကိုင်ဖက် ဖြစ်လာနိုင်ချေရှိသည်။
“ငါ မင်းကို ဒုက္ခပေးမိပြီ။ စိတ်မပူပါနဲ့ ငါ မင်းရဲ့အကူအညီအတွက် မင်းကို ကျေးဇူးပြန်ဆပ်မှာပါ”
ဝမ်ချောင် လက်ခြောက်ချောင်းကျန်း၏ ပုခုံးကို ပုတ်လိုက်သည်။
ဖန်း
သေတ္တာကို ဖွင့်လိုက်သောအခါ ရင်းနှီးသည့် အနံ့အသက်က လေထဲတွင် ပျံ့နှံ့လာပြီး ဝမ်ချောင်၏ နှာခေါင်းဝသို့ ရောက်လာသည်။ သေတ္တာအတွင်းတွင် ခရမ်းရောင် ရောင်ဝါဖြင့် ကာဆီးထားသော အဖြူရောင် ဆေးလုံးရှိသည်။
“ကျားအရိုးအံ့ဩဖွယ်ဆေးလုံး”
သူ ရှင်းပြလိုက်သည်နှင့် ဝမ်ချောင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဆေးလုံးများထဲမှ သူ၏ အရိုးအမြစ်ကို အာဟာရဖြစ်စေသည့် အစွမ်းရှိသောကြောင့် ဝမ်ချောင် စိတ်ဝင်စားဆုံး ဖြစ်သည်။
ဒီဆေးလုံးတွေက အလွန်ရှားပါးပြီး တန်ဖိုးရှိသည်။
ထိုသို့သော ဆေးမျိုးကို အပြင်မှာ ဝယ်ဖို့က လုံးဝမဖြစ်နိုင်ပေ။ တော်ဝင်နန်းတော်နှင့် ဧကရာဇ်၏ အဆောင်တော်မှ အဂ္ဂိရတ်ပညာရှင်များသာ အထူးသီးသန့် ထုတ်ထားတာဖြစ်သည်၊
“အန် ဒီဆေးလုံးက နည်းနည်းမတူသလိုပဲ”
ရုတ်တရက် ဝမ်ချောင်က ဆေးလုံးကို လေ့လာနေစဉ် သူက ဒီအရိုးကျားအံ့ဩဖွယ်ကောင်းသည့်ဆေးလုံးက သူယခင်က သောက်ဖူးသည့် ဆေးလုံးနှင့် အနည်းငယ်ခြားနားသည်။
“ဟီဟီ လူကြီးမင်းက မျက်စိတော်တော်ကောင်းတာပဲ။ သခင်လေး အရင်က သောက်ဖူးတဲ့ တစ်ဆင့်နိမ့်ပစ္စည်းပဲ။ ဒီတစ်ခုက ပြီးပြည့်စုံအောင် ဖော်စပ်ထားတဲ့ ဆေးလုံးပဲ။ ဒီဆေးရဲ့ ထိရောက်မှုက အရင်တစ်ခုနဲ့ လုံးဝ မတူဘူး”
လက်ခြောက်ချောင်းကျန်းက လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြီးသည်နှင့် ရယ်လိုက်သည်။
“ဘာပြောတယ်”
ပြန်ယူပြီးတော့ ဝမ်ချောင်က ချက်ချင်း သေတ္တာထဲမှ ဆေးလုံးကို ကြည့်လိုက်သည်။
“ဟီဟီ လူကြီးမင်း စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့က ကျရှုံးတဲ့ပစ္စည်းတွေ ဒါမှမဟုတ် တစ်ဝက်တစ်ပျက် ပစ္စည်းတွေ မရောင်းပါဘူး။ ဆေးလုံးတွေ အကုန်လုံးက အရည်အသွေးကောင်းပြီးတော့ ကျွန်တော်ညွှန်းတဲ့ ပစ္စည်းက ကျွန်တော်တို့ မျက်လုံးထဲမှာတော့ ဆေးလုံးတွေက အကောင်းတွေပါပဲ။ ထုတ်ကုန်တွေ အကုန်လုံးက အပြင်ကို ထုတ်လိုက်ရင်တောင် ထိပ်တန်းဆေးတွေပါပဲ။ ဒါပေမဲ့ လူကြီးမင်းက အရိုးတွေကို အာဟာရဖြည့်ဖို့အတွက် အကောင်းဆုံးဆေးတွေကို လိုချင်နေတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် လူကြီးမင်းအတွက် ဒီဟာကို ရအောင်ယူဖို့ ဒုက္ခရောက်ခဲ့သေးတယ်”
လက်ခြောက်ချောင်းကျန်းက သူဝမ်ချောင်နှင့် ပြုလုပ်ခဲ့သော ပစ္စည်းတွေကို စပြောတော့သည်။
“ဟဲဟဲ မင်းက ထပ်ပြီး လောင်းချင်သေးတာလား”
ထိုစကားများကို ကြားသောအခါ ဝမ်ချောင်က ရယ်လိုက်ပြီး လက်ခြောက်ချောင်းကျန်းကို ကြည့်လိုက်သည်။
“တကယ်လို့ ငါ့ရဲ့ အကြံနားထောင်။ မင်းလောင်းကစား လုပ်တာက ဘာမှမဖြစ်ပေမဲ့ အဲဆေးလုံးတွေကို ဂိုဂူယွမ်တွေဆီကို မလောင်းနဲ့။ မင်းအန္တရာယ်နဲ့ ကြုံတိုင်း ငါ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ချောင်က ပြောလိုက်သည်။
“လူကြီးမင်းက အမြဲတမ်း ထက်မြက်နေတာပဲ”
လက်ခြောက်ချောင်းကျန်းက မလုံမလဲ ပြုံးလိုက်သည်။ သူ့ကို စိုက်ကြည့်နေသည့်သူက ဆယ့်ငါးနှစ်ကလေး တစ်ယောက်သာ ဖြစ်သော်လည်း သူက အမှားလုပ်မိသည့် ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က ပညာပေးနေသလို ခံစားလိုက်ရသည်။ လက်ခြောက်ချောင်းကျန်းက သူ ဆေးလုံးများကို လောင်းကစားမလုပ်တာ အကောင်းဆုံးဖြစ်မှန်း သိသော်လည်း သူ၏ခန္ဓာကိုယ်က သူ၏ဆင်ခြင်တုံတရားကို နားမထောင်ပေ။
ဒီဝမ်ကလန်က လူကြီးမင်းက တစ်ယောက်ယောက်ရဲ့ ဝိညာဉ်ကို ဆွဲယူနိုင်တဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုပဲ။ ဘာမှမပြောပေမဲ့ တစ်ဖက်လူက သူ လောင်းကစား လုပ်နေပြီး ပိုက်ဆံမရှိတာကို ချက်ချင်း သိသွားတယ်။
သူက တစ်ဖက်လူနှင့် အကြိမ်ရေ အနည်းငယ်သာ ပြောဆိုဖူးသော်လည်း လက်ခြောက်ခြောင်းကျန်းက သူ့ဆီမှ မည်သည့် လျှို့ဝှက်ချက်မှ ဝှက်မထားနိုင်ဟု ခံစားလိုက်ရသည်။
“မပူပါနဲ့ ငါမင်းကို အကျိုးကျေးဇူးတွေ မျှပေးဖို့ မမေ့ပါဘူး”
ဝမ်ချောင် တစ်ဖက်လူရဲ့လောင်းကစား ပေါ်မှာ စိတ်မဝင်စားပေ။ ဖပ်.. ဝမ်ချောင် နောက်ထပ်သေတ္တာတစ်ခုကို ဖွင့်လိုက်ပြီးနောက် မူလအစွမ်းဆေးလုံးအနံ့က ချက်ချင်း သေတ္တာထဲကနေ ပျံ့နှံ့လာသည်။
အနံ့ကို ရှူမိတာနဲ့ ဝမ်ချောင်၏ မျက်နှာက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
“မူလစွမ်းအင် ဆေးလုံး။ မင်းက ဒါကို ဖော်စပ်နိုင်မယ်လို့ ငါမတွေးဖူးဘူး”
ဝမ်ချောင် ထိုအရာနှင့် ပတ်သက်ပြီး အမှန်တကယ်ပင် အံ့အားသင့်သွားသည်။
Paid Groupရှိပါတယ်။
အခန်း-၁၃၉ အထွတ်အထိပ်ပညာရပ်။
“ငါတို့က အဲ့လောက်လည်း အံ့သြဖို့ မကောင်းပါဘူး.”
‘မူလစွမ်းအင်ဆေးလုံး’ဆိုသည့် အသံကို ကြားတော့ လက်ခြောက်ချောင်းကျန်းက နောက်ဆုတ်သွားသည်။ ဒါက သေတ္တာထဲက ဆေးလုံးနာမည် မဟုတ်ပေ။ သို့သော် သူက ဘာဖြစ်နေလဲဆိုသည်ကို မကြာမီ နားလည်သွားမှာ ဖြစ်သည်။
“ဒါက ကျောရိုးစွမ်းအင်ဆေးလုံးပါ။ ဒါက တော်ဝင်နန်းတော်က အဂ္ဂိရတ်ပညာရှင်က မကြာခင်တုန်းက ဖော်စပ်ထားတဲ့ ဆေးလုံးပဲ။ ဒါက ဖော်စပ်ဖို့ အရမ်းခက်တယ်။ ပြီးတော့ မကြာခဏဆိုသလို ဖော်စပ်ရင်းနဲ့ ပေါက်ကွဲပြီး အဆုံးသတ်သွားတယ်။ အခုအချိန်မှာ ဖော်စပ်ထားတာတွေက အရမ်းကောင်းမွန်တဲ့ပစ္စည်းတွေ ဖြစ်တယ်၊ အဲ့နမူနာဆေးလုံးက မပြည့်စုံသေးလို့ ကျွန်တော်တို့က အမြော်အမြင်ကြီးတဲ့ဧကရာဇ် ဒါမှမဟုတ် တော်ဝင်နန်းတော်ထဲက မင်းသားတွေကို မဖော်ပြရဲသေးဘူး။ ပြီးတော့ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ခေါင်းတွေက ခန္ဓာကိုယ်ပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး”
“ဒါ့ကြောင့် နောက်ဆုံးမှာ သူတို့က ဆေးလုံးကို ဒီကို ယူလာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်လည်း ဘာမှ ရွေးချယ်စရာ မရှိဘူး။ လတိုင်း ဒီလိုဈေးကြီးပေမဲ့ သက်ရောက်မှုမရှိတဲ့ ဆေးတွေက အမြဲတမ်းအဖွဲ့အစည်းထဲမှာ လည်ပတ်သွားရင်း အဆုံးသတ်သွားတာပဲ”
နောက်ဆုံးတွင် လက်ခြောက်ချောင်းကျန်းက ပခုံးတွန့်၍ မလုံမလဲ ပြောလိုက်သည်။
“နမူနာပစ္စည်းမလား”
ဝမ်ချောင် လက်ခြောက်ချောင်းကျန်းကို သံသယရှိစွာ ကြည့်လိုက်ရင်း သူ၏အကြည့်ကို ဆေးလုံးဘက်သို့ ပြန်လှည့်လိုက်သည်။ အမှန်တကယ်ပင် ဆေးလုံးမှ ထွက်ပေါ်လာသော စွမ်းအင်က သန့်စင်သော မူလစွမ်းအင် မဟုတ်ပေ။ ထိုဆေးလုံးတွင် မသန့်စင်မှု တချို့ ရောနှောနေတာကို သူခံစားနိုင်သည်။
သူ၏ အံ့အားသင့်မှု လွှမ်းမိုးခြင်း ခံလိုက်ရသောကြောင့် သူက ထိုအရာကို အရင်က သတိမထားမိပေ။
“ဒါက သခင်လေး အခုမြင်နေရတာက တကယ်ပဲ ပျားဖယောင်းရဲ့ အပြင်လွှာပါ။ ဒါက ဆေးလုံးရဲ့ မျက်နှာပြင်က မသန့်စင်မှုကို ဖုံးကွယ်ဖို့ အထောက်အပံ့ ပေးပါတယ်”
လက်ခြောက်ချောင်းကျန်းက ရှက်ရွံ့မှုအနည်းငယ်ဖြင့် ပြောလိုက်သည်။
ဒါက အဂ္ဂိရတ်ပညာရှင်များကြားရှိ အသုံးတည့်သည့် လှည့်ကွက်တစ်ခုဖြစ်သည်။ သူကိုယ်တိုင်က အဂ္ဂိရိတ်ပညာရှင် တစ်ဦးဖြစ်သောကြောင့် သူက ဒီလိုလှည့်ကွက်များကို ကောင်းကောင်း သတိထားမိသည်။
ဝမ်ချောင် ဆေးလုံးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေချိန်တွင် သူ၏မျက်လုံးများ အရောင်လက်လာသည်။ ပြီးနောက် သူက ရုတ်တရက် ကျော်ဘက်စွမ်းအင်ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်သည်။ ပေါ့ပါးစွာ ဝါးစားလိုက်ပြီးနောက် သူ၏ ပါးစပ်ထဲတွင် ထူးဆန်းသည့် အရသာက ပျံ့နှံ့သွားသည်။
“အဲဒါက ဆေးဖက်ဝင်အပင်တွေရဲ့ အရသာပဲ။ ပြီးတော့ ကြည့်ရဝါ အရမ်းထိရောက်တဲ့ ဝိညာဉ်ဆေးပင်ထင်တယ်”
ဝမ်ချောင် ရုတ်တရက် အဂ္ဂိရတ်ပညာရှင်များ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူက မူလစွမ်းအင်ဆေးလုံးနှင့်တူသော ဆေးလုံးကို ဝိညာဉ်စွမ်းအင်ပါသော ဆေးဖက်ဝင်အပင်များကို အသုံပြု၍ အထူးနည်းလမ်းဖြင့် ဖော်စပ်ချင်တာဖြစ်သည်။
သို့သော် ဒီက္စိက အဂ္ဂိရတ်ပညာရှင်များ ထင်ထားသလို မလွယ်တာကတော့ သေချာသည်။
ဂလု..
အတွေးက သူ၏ဦးနှောက်ထဲတွင် ဖြတ်သွားသည်နှင့် ဝမ်ချောင် ဆေးလုံးကို မြိုချလိုက်သည်။ နွေးထွေးသည့် စွမ်းအင်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် သူ၏ အသားနှင့်အရိုးများကြားထဲတွင် စိမ့်ဝင်ပျံ့နှံ့သွားသည်။
ဝမ်ချောင် သူ၏ခန္ဓာကိုယ်မှ အနွေးဓာတ်ကို ခံစားလိုက်ရသည်။
ဆေးလုံးထဲရှိ အာဟာရစွမ်းအင် အောက်တွင် ဝမ်ချောင်သည် သူ၏ခွန်အားများ သိသိသာသာ တိုးတက်လာတာကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအင်က အနည်းငယ် တိုးမြင့်လာသည်။
ခဏကြာသောအခါ ဆေးလုံးမှ အစွမ်းများကို အပြည့်အဝ စုပ်ယူပြီးသွားပြီး ဝမ်ချောင် တစ်ဖန်ပြန်၍ တည်ငြိမ်သွားသည်။
လက်ခြောက်ချောင်းကျန်း ပြောတာမှန်သည်။ ဒါက မူလစွမ်းအင်ဆေးလုံး မဟုတ်ပေ။ မူလစွမ်းအင်က ဆေးလုံး အသေးလေးတစ်လုံးနှင့် ညီမျှသည်။ ဝမ်ချောင် ယခင်က တွေးခဲ့သည်နှင့် မတူပေ။
အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်ရင် စမ်းသပ်ဆဲပစ္စည်းက တန်ဖိုးမရှိပေ။ ထို့ကြောင့် လက်ခြောက်ချောင်းကျန်းက ထိုဆေးလုံးကို သိပ်ထည့်တွက်တာ ဖြစ်သည်။ သို့သော် ထိုအရာက ဝမ်ချောင် အတွက်တော့ ကွဲပြားသည်။
“မူလစွမ်းအင်နဲ့ တူတဲ့ဟာကို ပိုက်ဆံနဲ့ ဝယ်လို့ရမယ်လို့ ငါမစဉ်းစားဖူးဘူး”
ဝမ်ချောင်၏ နှလုံးသားက ခုန်တာ ပို၍ မြန်လာပြီး စိတ်ထိန်း၍ မရတော့ပေ။
ကိုယ့်ခံပညာရှင်တစ်ယောက်အတွက် မူလစွမ်းအင်ထက် ပို၍တန်ဖိုးကြီးတာ မရှိတော့ပေ။ အမှန်အတိုင်း ဆိုရလျှင် ဝမ်ချောင်သည် တစ်ယောက်ယောက်က တော်ဝင်နန်းတော်ထဲတွင် မူလစွမ်းအင်နှင့် တူသည့်အရာကို ဖော်စပ်နိုင်စွမ်းရှိမှန်း တွေ့ရတာကို အံ့အားသင့်နေသည်။
ဝမ်ချောင်က နောက်ဆုံးတွင် ဈေးကြီးသည့်ဆေးလုံးများနှင့် အဖွဲ့အစည်း၏ လျှို့ဝှက်သည့် ပုံစံကို နားလည် သဘောပေါက်သွားသည်။ အာဏာရှိသည့်သူများစွာက သူတို့နှင့် အဘယ့်ကြောင့် အတူတူ အလုပ်လုပ်ရန် စိတ်ဝင်စားကြသည်ကို နားလည်သွားသည်။
အဖွဲ့အစည်းအတွင်း လှည့်လည်နေသည့် ပစ္စည်းများက အပြင်တွင် ပိုက်ဆံရှိလျှင်တောင် မည်သူမှ မဝယ်နိုင်သည့် တကယ့်ရတနာများ ဖြစ်သည်။
“ဒီကျောရိုးစွမ်းအင် ဆေးလုံးက ဘယ်လောက်လဲ”
ဝမ်ချောင်က မေးလိုက်သည်။
“ရွှေခြောက်ထောင်”
လက်ခြောက်ချောင်းကျန်းက ပြန်ဖြေလိုက်သည်။ စစ်စလီဖြင့် မေးခြင်းက ရွှေကို ဆိုလိုခြင်းဖြစ်သည်။ တော်ဝင်နန်းတွင်းမှ အဂ္ဂိရိတ်ပညာရှင်များက ငွေနှင့် တန်ဖိုးဖြတ်လို့ရမည့် ဆေးလုံးများကို မဖော်စပ်ပေ။
“တစ်လကို လူတစ်ယောက်က ဆေးလုံး ဘယ်နှစ်လုံး ဖော်စပ်နိုင်လဲ”
“သုံးလုံး”
လက်ခြောက်ချောင်းကျန်းက ပြန်ဖြေလိုက်သည်။
“ငါ အကုန်လုံး လိုချင်တယ်။ အဲ့ဆေးလုံးတွေ ငါ့ဆီယူလာခဲ့”
ဝမ်ချောင်ကပြောလိုက်သည်။
“အာ”
လက်ခြောက်ချောင်းကျန်းက လန့်သွားသည်။
“ဒါပေမဲ့ အဲဒါတွေက စမ်းသပ်ဆဲပစ္စည်းတွေလေ”
“ငါသိတယ်”
ဝမ်ချောင်က ပြုံးပြီး ယုံကြည်လောက်သလို ပြောလိုက်သည်။
နောက်ဆုံးဆေးလုံးအတွက်မူ ထိုဆေးလုံးက အနာကို ကုသနိုင်တာဖြစ်သည်။ ထိုဆေးလုံးက ကြည့်ရတာ သာမာန်ပုံစံ ဖြစ်သော်လည်း တော်ဝင်နန်းတော်မှ အဂ္ဂိရတ်ပညာရှင်များ ဖော်စပ်သည့် ကုသနိုင်စွမ်းရှိသည့် ဆေးလုံးက ဈေးထဲမှ ဆေးလုံးနှင့် နှိုင်းယှဉ်လို့တော့ မရပေ။
ဆေးလုံးနှစ်လုံးကို ယူပြီး ဝမ်ချောင်က ကျဆင်းကျောက်စိမ်းခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။
သူ ဖြေရှင်းရမည့် ပြသနာများကို တစ်ချက်တည်းနှင့် ဖြေရှင်းပြီးနောက် ဝမ်ချောင်က သူ၏အာရုံကို ခုနစ်ချီရှည်သည့် ဓားရှည်ဘက်သို့ အာရုံထားလိုက်သည်။ ၎င်းသည် ဝမ်ချောင် လူထုရှေ့သို့ ချပြလာသည့် ဒုတိယလက်နက်ဖြစ်ပြီး ထိုဓားရှည်က သူ့အတွက် အဓိပ္ပာယ်ရှိသည်။
အရေးအကြီးဆုံးအချက်မှာ တစ်စုံတစ်ယောက်သည် စတင်အသုံးပြုသောအခါမှ ကုန်ကျစရိတ်များ ထပ်တိုးလာမှန်း သူသိမည် ဖြစ်သည်။ ဝမ်ချောင်သည် ရွှေသားခြောက်သိန်းကို လက်ခံရရှိခဲ့ပြီး ထိုရွှေများသုံးမကုန်တော့ဟု ထင်မြင်ခဲ့သည်။
သူ စသုံးသည်နှင့် ပိုက်ဆံများက သူ့လက်ထဲမှ ပျံထွက်သွားသည့်နှယ်။ ဝမ်ချောင်သည် သူ့ထံတွင် အမှန်တကယ် ကုန်ကျရန် နေရာများစွာ ရှိသည်ကို သိနားလည်သွားတော့သည်။ သူ့လက်ထဲတွင် ရွှေသားတစ်သိန်းခန့်သာ ကျန်တော့၏။
သူ၏လက်ရှိသုံးစွဲပုံနှင့် ထိုငွေက သူ့မွဲမသွားခင် တစ်ခဏတာ ခံမည် ဖြစ်၏။
“ငါ့ရဲ့ပစ္စည်းကို ထုတ်ကြည့်ဖို့ အချိန်ကျပြီ”
ဝမ်ချောင် တွေးလိုက်သည်။
ရထားလုံးပေါ်တွင် ထိုင်လိုက်ရင်း ဝမ်ချောင်က သေသေချာချာ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် မည်သူမှ သူ့ကို နောက်ယောင်ခံလိုက်မလာမှန်း သေချာမှသာလျှင် သူက ဝမ်ကလန်၏ ပန်းပဲဖိုလှိုဏ်ဂူထဲသို့ ဝင်လိုက်သည်။
ပန်းပဲဖိုတစ်ခုလုံးက တိတ်ဆိတ်နေပြီး ဝေ့ဟိုက ဒီနေရာတစ်ခုလုံးကို ဝမ်ချောင်အတွက် ရှင်းထားပြီး ဖြစ်သည်။ အဲ့နေရာက ဝမ်ချောင်လိုအပ်သည့် အချိန်တိုင်း သူ၏ လျှို့ဝှက်ပန်းပဲဖို ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ဝေ့ကလန်က စီးပွားရေးလုပ်ငန်း တော်တော်များများကို ပိုင်ဆိုင်ထားပြီး ပန်းပဲထုလုပ်ခြင်းက ထိုလုပ်ငန်းများအတွင်းမှ လုပ်ငန်းအသေးလေးတစ်ခု ဖြစ်သည်။ ဝေ့ဟိုသည် ဤပန်းပဲဖိုမှ အရှုံးပေါ်အောင် မလုပ်မချင်း ဝေ့မြို့စားကြီးက ဝေ့ဟို ပန်းပဲဖိုကို လုပ်ချင်တိုင်း လုပ်နေသည်ကို သိမှာမဟုတ်ပေ။
“အပြင်ကနေ ကျွန်တော့်ကို ကူစောင့်ပေး။ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့”
ဝမ်ချောင် လှိုဏ်ဂူထိကို မဝင်ခင် လီကျူရှင်းကို ညွှန်ကြားလိုက်သည်။
ဝမ်ချောင်က လက်နက်များကို ကျွမ်းကျင်နေပြီဖြစ်သည်။ ဖီးနစ်ငှက်တစ်ကောင်က ပြာပုံကနေ နိုးထလာသလို မီးငြိမ်းခြင်းက လက်နက်တစ်ခု၏အရည်အသွေး မြှင့်တင်ဖို့အတွက် အရေးကြီးသည့် အလုပ်ဖြစ်ပြီး ယင်းကလည်း ပြုလုပ်ရန် သိပ်မခက်ခဲပေ။
၎င်းအတွက် အဓိကအကျဆုံးအချက်မှာ ဓား၏ပြောင်းလဲမှု အသေးစားများနှင့် ထုလုပ်ရာတွင် အသုံးပြုသည့် အရည်ကို အာရုံစိုက်ရန် ဖြစ်သည်။
ဝမ်ချောင်တတ်ကျွမ်းသည့် “မီးငြှိမ်းခြင်းနည်းပညာ”က လက်ရှိမှ ကွာဝေးသည့် ခေတ်မှနည်းပညာ ဖြစ်သည်။
လှိုဏ်ဂူထဲတွင် လမ်းလျှောက်ရင်း ဝမ်ချောင်က နှမ်းဆီ၊ ကန်နိုလင်၊ ထောပတ်နှင့် ကတ္တရာအရည်များဖြင့် ပြုလုပ်ထားသည့် မီးငြှိမ်းခြင်းအရည်ကို အနောက်တိုင်း ကုန်သည်များဆီမှ ရထားသော သံမဏိကျင်းထဲသို့ လောင်းထည့်လိုက်သည်။
သူက ထင်ရှူးကိုင်းအနည်းငယ်ကို စုဆောင်းကာ ကြမ်းပြင်ပေါ်မှာ စုချပြီး မီးရှို့လိုက်သည်။
သတ္ထုရိုင်းသံမဏိဓားကို မီးငြှိမ်းစေသည့် အပူချိန်က အထူးအရေးကြီးသည်။ မဟုတ်ပါက အကယ်၍ မှန်ကန်သည့် မီးငြှမ်းသည့်အရည်ကို အသုံးပြုလျှင်တောင် နောက်ဆုံးထုတ်ကုန်သည် ညံ့ဖျင်းသော သို့မဟုတ် အောင်မြင်သွားသည့်တိုင် သုံး၍ ရရုံပစ္စည်းတစ်ခု ဖြစ်လာမှာ ဖြစ်သည်။
မနက်မှညထိ ဝမ်ချောင်က ကိစ္စမျိုးစုံနှင့် အလုပ်ရှုပ်နေတာဖြစ်သည်။ နေထွက်လာသည့်အချိန်တွင် သတ္ထုအတွင်းမှ အနက်ရောင် မီးခိုးတချို့ ထွက်လာသည်။
ခဏကြာသော် သတ္ထုဆွဲကြိုးတစ်ချောင်းကို အသုံးပြ၍ သွယ်လျသောဓားရှည်ကို ထုတ်လိုက်သည်။ အဆီပြန်နေသော အရည်များကို ဖယ်ထုတ်ပြီးနောက် လှပသော ဓားရှည်တစ်ချောင်းက ဝမ်ချောင်၏ ရှေ့မှောက်၌ ထွက်ပေါ်လာသည်။
ဒါက ဒီကမ္ဘာပေါ်တွင် ပထမဆုံးသွယ်လျ၍ ဓားသွားထူထူရှိသော ဓားရှည်ဖြစ်သည်။ မနက်ခင်းနေရောင်ခြည်က ဂူအပြင်ဘက်မှ ဝင်ရောက်လာပြီး ဓားပေါ်တွင် ကျရောက်လာကာ ဓားမှ အလင်းတန်းတစ်ခု ရောင်ပြန်ဟပ်စေသည်။
တစ်ချက်ကြည့်ရုံဖြင့် ကန်ဒိုဓား၏ ချွန်ထက်မှုနှင့် ဒဏ်ခံနိုင်မှုကို ဝမ်ချောင် ခံစားနိုင်သည်။
ထန်..
တစ်ချက်ကြည့်ရုံဖြင့် ထိုဓားရှည်ထဲရှိ သံမဏိသည် မီးငြှိမ်းစေနိုင်သည့် အရည်များဖြင့် ပြည့်နေသော ဓားရှည်ကို ရမ်းလိုက်ရာ တိုဟူးကို လွယ်ကူစွာပင် နှစ်ခြမ်းခြမ်းနိုင်သည်။
“ဓားရှည်ကောင်းပဲ”
ဝမ်ချောင်သည် ဓားရှည်ကို ကြည့်ရင်း ပြုံးလိုက်သည်။ ဝမ်ချောင်က ဒီဓားရှည်က သူ ယခင်က ထုလုပ်ခဲ့သည့် သတ္ထုရိုင်းသံမဏိဓားထက်ပို၍ပင် ချွန်ထက်သည်ကို ခံစားမိသည်။
ကမ္ဘာပေါ်တွင် ပန်းပဲဆရာတစ်ဦး၏ ပန်းပဲထုခြင်းပညာရပ်များက အမှန်တကယ်ပင် ဖြစ်ပြီး ဒီခေတ်၏ နည်းပညာများထက် ပို၍ သာလွန်သော နည်းပညာများက ဒီဓားရှည်ထဲတွင် ထည့်သွင်းထားတာ ဖြစ်သည်။ အရည်အသွေးတွင် ဒီဓားရှည်က အမှန်တကယ်တွင် ဤကမ္ဘာ၏ အထွတ်အထိပ်တွင် ရှိနေမှာဖြစ်သည်။
ထို့ပြင် ထိုထူးခြားသည့် အကွေးနှင့် လေးလံသည့် ဓားက ဓားရှည်ကျွမ်းကျင်သူများကို သဘောကျစေမှာဖြစ်သည်။
“ငါက ဓားတွေပဲသုံးတာ ဆိုးတာပဲ”
ဝမ်ချောင် ဝမ်းနည်းသွားသည်။
သူ၏ ဆင့်ချက်တစ်ရာဓားကွက်က ဓားတစ်ချောင်းကို အသုံးပြု၍ သုံးရတာ ဖြစ်ပြီး ဤကန်ဒိုက သူ့အတွက် မသင့်တော်ပေ။ သို့သော် ဝမ်ချောင်ကဲ့သို့ ဓားကိုင်ဆောင်သူတစ်ယောက်က ဒီဓားရှည်ကို အလွန်အမင်း သဘောမကျဘဲ မနေနိုင်ပေ။ သူက ဒီဓားရှည်ကို ရောင်းတောင် မရောင်းချင်ပေ။ စစ်မှန်သည့် ဓားရှည်ပညာရှင်များဆိုလျှင် ပြောစရာပင် မလိုပေ။
ဒီဓားရှည်က ချွန်ထက်ရုံတင်မကဘဲ အဲဒါက ပိုင်းဖြတ်ခြင်း၊ ခုတ်ပိုင်းခြင်းနှင့် ခုတ်ထစ်ခြင်းတို့အတွက် အထူး ဒီဇိုင်းဆွဲထားတာ ဖြစ်သည်။
“ကျန်တာက အပူချိန်ညှိဖို့ပဲ”
ဝမ်ချောင် တွေးလိုက်သည်။
ဓားရှည်က ပြီးမြောက်သည့် ပစ္စည်းဖြစ်သော်လည်း ဝမ်ချောင်က ထိုဓားရှည်ကို ချက်ချင်း ရောင်းလိုက်လျှင် ကျွမ်းကျင်သူများစွာက ထိုဓားရှည်အတွက် ရန်ဖြစ်ကြမှာဖြစ်သည်။ သို့သော် ဝမ်ချောင်က ဒီဓားရှည်က ကောင်းသင့်သလောက် ကောင်းသည်ဟု မထင်ပေ။
ထိုဓားရှည်က ချွန်ထက်ပြီး သုံးရတာ သက်တောင့်သက်သာ ရှိသော်လည်း ဓားက ပိုမာလေလေ ပိုကျိုးလွယ်လေလေ ဖြစ်သည်။
ဝမ်ချောင်သာ ဒီပြဿနာကို မဖြေရှင်းလျှင် ဒီဓားရှည်က အနာဂတ်တွင် ရန်သူနှင့် တိုက်နေတုန်း ရုတ်တရက် ကျိုးသွားနိုင်သည်။
ပန်းပဲဆရာတွေက ဒီကမ္ဘာတွင် အများကြီး မရှိသော်လည်း လူထုထဲတွင် လက်နက်များကို အယူသန်သည့် လူ တော်တော်များများ ရှိသည်။ အနည်းဆုံးတော့ လူတော်တော်များများက မာသည့်ဓားက လွယ်လွယ် ကျိုးလွယ်သည်ဆိုသည့် ယုတ္တိဗေဒကို သိသည်။
ထိပ်တန်းကျွမ်းကျင်သူများက သူတို့၏ ခွန်အားအကုန်လုံးကို အသုံးပြု၍ ဓား၏အလယ် သို့မှဟုတ် ဓားရိုးကို ထိုးကြမှာ ဖြစ်ပြီး အခွင့်ကောင်းရလျှင် သူတို့က ဒီဓားရှည်ကို သူတို့၏ ကြောက်စရာကောင်းသည့် ခွန်အားဖြင့် အတင်းအကြပ် ချိုးမှာဖြစ်သည်။
အကယ်၍ တစ်ခုခုဖြစ်လျှင် ကမ္ဘာပေါ်မှ သတ္ထုရိုင်းသံမဏိဓား၏ နာမည်က ပျောက်ကွယ်သွားမှာ ဖြစ်သည်။ ဝမ်ချောင် တည်ဆောက်ထားသည့် ဂုဏ်သိက္ခာက ဘာမှမရှိသလို ပျက်စီးသွားမှာ ဖြစ်သည်။
အဲဒါက သူသည် နောက်ပိုင်းတွင် ကျောက်စိမ်းရိုင်းမိုင်းတွင်းကိုအနာဂတ်တွင် ခက်ခဲစေမှာဖြစ်သည်။
သူက ဘယ်လိုလုပ်ပြီး သူ၏မှတ်တိုင်ကို ပေါ့ပေါ့ဆဆနဲ့ ဖျက်ဆီးမှာလဲ။
ဝမ်ချောင်က ဒီလိုအရာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။
ထို့ကြောင့် သူက နောက်ဆုံးအလုပ်ဖြစ်သည့် အပူချိန်ထိန်းညှိခြင်းကို လုပ်ရမည်ကို သူသိသည်။
လက်နက်တစ်ခုကို မီးမငြှိမ်းခင် ထုလုပ်သည်က ပုံမှန်နည်းလမ်းဖြစ်သည်။ အများစုက မီးမငြှိမ်းခင် အပူချိန်ထိန်းညှိရသည့် နောက်ဆုံးအချက်ရှိသည်ကို သတိမထားမိကြပေ။
ဒါက ဓားပြုလုပ်ခြင်း တစ်ခုလုံး၏ နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်ပြီး အရေးကြီးဆုံးဖြစ်သည်။
ဒီကမ္ဘာတွင် အများစုသည် ဝှက်စာကို မဖော်နိုင်ဘဲ ငြိမ်းသတ်ခြင်းကို ကောင်းကောင်း မလုပ်နိုင်ကြသေးပေ။ အပူချိန်ထိန်းညှိခြင်းကိုမူ ပြောစရာပင် မလိုပေ။
ဒါက ဝမ်ချောင် တတ်မြောက်ထားသည့် နည်းပညာ ဖြစ်ပြီး ဓားထုလုပ်ခြင်းတွင် အကြီးမားဆုံးနှင့် နောက်ဆုံးလျှို့ဝှက်ချက်ဖြစ်သည်။
နောက်ဆုံးအပူထိန်းညှိခြင်း မရှိလျှင် ခုနစ်ချီဓားရှည်ကို ပြီးပြည့်စုံအောင် လုပ်နိုင်မှာ မဟုတ်ပေ။ ထိုအရာက ဆင်ဖြူတော်ပဲ ဖြစ်သွားမှာဖြစ်ပြီး ကိုယ်ခံပညာရှင်များကြားတွင် ဟာသတစ်ခုသာ ဖြစ်သွားမှာဖြစ်သည်။
အပူချိန်ထိန်းညှိခြင်းက လက်နက်ကို မီးမငြှိမ်းခင် ထုလုပ်ရာမှ ဖြစ်ပေါ်လာသည့် အက်ရာငယ်လေးများကို ပြုပြင်ပေးပြီးနောက် ပုံပန်းပျက်စေခြင်းမှ ကာကွယ်ပေးနိုင်သည်။
ပြီးနောက် ဤအရာတစ်ခုသာလျှင် ၎င်း၏ အကျိုးကျေးဇူးများမှတစ်ခု ဖြစ်သည်။
ထို့အပြင် အပူချိန်ထိန်းညှိခြင်းသည် ချွန်ထက်မှု၊ တောင့်တင်းမှု၊ တာရှည်ခံမှုနှင့် အရေးကြီးဆုံးဖြစ်သည့် ကွေးလွယ်ဆန့်လွယ်မှုစသည့် လက်နက်၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များကို မြှင့်တင်ပေးသည်။
ကွေးနိုင်ဆန့်နိုင်ခြင်းက ကြာလိုက်လျှင် ဘာမှမဟုတ်သလို ဖြစ်သော်လည်း တွေးကြည့်လျှင် ထိုအရာက အလွန်မာကြောသည့် လက်နက်တစ်ခုအတွင်း ပျော့ပြောင်းမှုကို ထည့်သွင်းရန်မှာ လိုက်လျောညီထွေရန် လိုအပ်သည်။
ယင်းက မီးတောက်ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရသော်လည်း ၎င်း၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားသည့် ရေခဲနှင့် မခြားနားပေ။
ခုနစ်ချီရှည်တဲ့ဓားရှည်က ကွေးနိုင်ဆန့်နိုင်တာနဲ့ တစ်ပြိုင်နက် အနည်းငယ်ပင် ဖြစ်သော်လည်း ထိုဓားရှည်၏ လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်စေမှာ ဖြစ်သည်။
ကွေးနိုင်ဆန့်နိုင်ခြင်းက ဤဓားရှည်၏ အကြီးဆုံးအမှားတစ်ခု ဖြစ်ပြီးနောက် ဓားရှည်ကို အထွတ်အထိပ် လက်နက်ဖြစ်အောင် အမှန်တကယ်ပင် ပြုလုပ်ပေးသည်။ ထိုဓားရှည်က တိုက်ပွဲအလယ်တွင် ထိပ်တန်းကျွမ်းကျင်သူများနှင့် တွေ့သောအခါ ကျိုးသွားမှာကို သူ စိုးရိမ်စရာ မလိုပေ။
လက်နက်တစ်ခုထဲကို ကွေးနိုင်ဆန့်နိုင်မှုကို ထည့်လိုက်လျှင် အပူချိန်ထိန်းညှိသည့်ပညာကို တော်လှန်လိုက်သလို ဖြစ်စေမှာ ဖြစ်သည်။ ပြီးနောက် ဤကမ္ဘာတွင် ဝမ်ချောင်တစ်ဦးတည်းသာလျှင် ထိုနည်းပညာကို သိသည်။
paid groupရှိပါတယ်။
အခန်း-၁၄၀ ဦးရီးပြင်ဆင်ထားသောသစ်တုံး။
လိုဏ်ဂူထဲတွင် ဝမ်ချောင်သည် ထင်းရှူးကိုင်းများကို ထပ်စုကာ နောက်ထပ်မီးပုံတစ်ပုံ လုပ်လိုက်သည်။
သူ မီးငြှိမ်းစဉ်က သုံးခဲ့သည့် မီးတောက်ထက် ဤတစ်ကြိမ်က သိသာစွာ ပိုသေးငယ်သည်။
ညှိရန် လိုအပ်သည့် အပူချိန်က မီးငြှိမ်းခြင်းထက် ပို၍ နည်းပြီး ထိုအပူချိန်က ၁၅၀ဒီဂရီနားမှာ ဖြစ်သည်။ ဤကဲ့သို့ မီးတောက်ငယ်လေးက လုံလောက်ပြီဖြစ်သည်။
“ကောင်းပြီ အချိန်ကျတော့မယ်”
သူ၏လက်ကို မီးတောက်ပေါ်၌ တစ်ချက်ထားပြီး လိုအပ်သည့် အပူချိန်သို့ ရောက်သောအခါတွင် ဝမ်ချောင်က ဓားရှည်ကို မီးတောက်ပေါ်သို့ တင်လိုက်သည်။
၁၅၀ဒီဂရီက အလွန်နိမ့်သည့် အပူချိန်ဖြစ်ပြီး သတ္ထုရိုင်းသံမဏိဓားကို အရည်ပျော်စေဖို့ မလုံလောက်ပေ။ ထိုမီးတောက်က အနည်းငယ် နီရဲရဲဖြစ်အောင်သာ လုပ်နိုင်စွမ်းရှိသည်။
ထို့ပြင် ဓားရှည်က မီးငြှိမ်းပြီးပြီ ဖြစ်သောကြောင့် အံ့အားသင့်ဖွယ် ခံနိုင်ရည်အားကို ပေးစွမ်းသည်။ ထို့ကြောင့် အပူချိန်ညှိခြင်းက စိတ်အေးစေသော လုပ်ဆောင်ချက်ဖြစ်ပြီး ရှည်လျားစွာဖြင့် ပျင်းရိဖွယ်ကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
အကယ်၍ အတိတ်မှာဆိုလျှင် ဝမ်ချောင်က အပူချိန်ညှိခြင်း လုပ်ဆောင်ချက်ကို ပြီးမြောက်ရန် ခက်ခဲမှာဖြစ်သည်။
သို့သော် မူလစွမ်းအင်အဆင့်ခုနစ်သို့ ရောက်ပြီး ကြမ်းကြုတ်သော နတ်ဘုရားစွမ်းအားကို ကျင့်ကြံထားသောကြောင့် ဝမ်ချောင်၏ခွန်အားက အလွန်တရာပင် တိုးမြင့်သွားပြီး သူ၏အလုပ်ကို ပြီးအောင်လုပ်နိုင်သည့် ခွန်အားနှင့် ခံနိုင်ရည်ပေးစွမ်းသည်။
အုံး..
လိုဏ်ဂူကို မိုးကြိုးပစ်လိုက်သကဲ့သို့ အသံထွက်သွားသည်။ သတ္ထုတူတစ်လက်ကို လွှဲရင်း ဝမ်ချောင်က ဓားမျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ထုလိုက်တယ်။ လေးလံတဲ့ ဓားမျက်နှာပြင်က ဝမ်ချောင်၏ ကြီးမားသည့် ခွန်အားအောက်တွင် တုန်ခါသွားပြီး မျက်နှာကြက်မှ ဖုန်မှုန့်များနှင့် အစအနတွေက အောက်ကို ကျလာသည်။
ဘုန်း…
တစ်ကြိမ်
နှစ်ကြိမ်
သုံးကြိမ်
…
ကြီးမားသည့်ခွန်အားနှင့် ဝမ်ချောင်၏လက်ထဲရှိ တူက ထပ်ခါ ထပ်ခါ ကျရောက်လာတယ်။ သူ၏ ခွန်အားအပြည့်က တူထုချက်တိုင်းမှာ တွဲဖက်ပါလာသည်။ သူ ပြုလုပ်သည့် အပြုအမူတိုင်းကို ဂရုတစိုက် အာရုံစိုက်နေပြီးနောက် ပစ္စည်းအတွက် ရည်မှန်းချက် မြင့်မြင့်ထားထားသည်။
ဝမ်ချောင်၏ တူထုသံက ရပ်နားခြင်း မရှိဘဲ လိုဏ်ဂူထဲမှာ ဆက်တိုက် ထွက်ပေါ်နေသည်။
အပူချိန်ညှိခြင်း လုပ်ငန်းစဉ်က မီးငြှိမ်းခြင်းထက် ပိုကြာပြီး သတ္ထုရိုင်းသံမဏိဓား၏ မာကြောခြင်းက အနည်းငယ် အကူအညီပေးသည်။
ထိုပြုလုပ်ခြင်းက တစ်နေ့လုံး ကုန်ဆုံးသွားသည်။ မနက်မှညအထိ၊ ပြီးနောက် နောက်တစ်နေ့မနက်တွင် ထင်းရှုးကိုင်းများကို ခုတ်ထစ်ကာ စုပုံပြီး အပူချိန်ညှိခြင်း လုပ်ငန်းစဉ်အတွက် မီးရှို့လိုက်သည်။
မီးနားမှာ ရပ်နေရင်း ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ချွေးများ စီးကျလာသည်။ အခုအချိန်တွင် ဝမ်ချောင်၏ အဝတ်များက လုံးဝ စိုရွှဲနေပြီဖြစ်သည်။ ထို့အပြင် သူ့အနားမှစ၍ သုံးကျန့်တစ်ဝိုက်တွင်ပင် စိုရွှဲနေသည်။ ဤဓားရှဉ်အတွက် ဝမ်ချောက် အမှန်တကယ်ပင် စိတ်ရောကိုယ်ပါ နှစ်၍ ပြုလုပ်နေသည်။
(၁၀မီတာ)
သို့သော် ဝမ်ချောင်က အသစ်ပြုလုပ်ထားသော ဓားရှည်ကို မြင်သောအခါ ဝမ်းသာပြီး စိတ်ကျေနပ်မှုကို ခံစားရသည်။
“တစ်နေ့လုံး လုပ်ခဲ့ရပေမဲ့ အဲဒါက တန်တယ်”
ဝမ်ချောင် ဓားရှည်ကို ကိုင်ပြီး အနီးကပ်ကြည့်လိုက်သည်။ ဓားရှည်က ကြော့ရှင်းပြီး လှပတယ်။ ပြီးတော့ အဲ့မှာ စီးဆင်းနေသောရေများနှင့် တိမ်တိုက်များကို သတိရစေသော ဆွဲဆောင်မှုရှိသည့် ပုံစံရှိသည်။ တစ်ချိန်တည်းမှာပင် အဲဒါက အေးစက်ပြီး ညှာတာမှုကင်းမဲ့သည့် ရောင်ဝါကို ထုတ်လွှတ်နေသည်။
ဒီလက်နက်က လူသတ်သမားအတွက် ထုလုပ်ထားတာပဲ။
သို့သော်လည်း ဝမ်ချောင်၏ လက်အောက်တွင် ထိုဓားက ခမ်းနားသည့်အနုပညာလက်ရာ ဖြစ်လာသည်။
ရွှတ်..
သူ့လက်ထဲတွင် ဓားရှည်ကို ပေါ့ပေါးစွာ ရမ်းလိုက်သည်။ လိုဏ်ဂူထဲမှ လေက အပိုင်းပိုင်းဖြတ်ခံရသကဲ့သို့ လှုပ်ယမ်းသွားသည်။
ထင်းရှူးကိုင်းများတွင် ထွန်းညှိထားသော မီးရောင်မှ ဓားရှည်၏ ချွန်ထက်မှုက ပိုပြီးကြောက်စရာကောင်းသည့် အဆင့်ထိရောက်သွားသည်ကို သူ မြင်နိုင်သည်။
“ဒါက တကယ်ကောင်းတဲ့ ဓားရှည်ပဲ။ ဓားရှည်ကောင်းတစ်လက်က ကိုယ်ပိုင်နာမည်တစ်ခု ရှိသင့်တယ်။ မင်း အကြံတစ်ခုခု ရပြီလား”
အနောက်ကနေ ခြေသံများ ထွက်လာသည်။ အင်္ကျီစကို ခါလိုက်ရင်း လီကျူရှင်းက လိုဏ်ဂူထဲကို ဝင်လာသည်။ ဝမ်ချောင်လက်ထဲမှ ဓားရှည်ကို မြင်ပြီးနောက် သူ၏ တည်ငြိမ်သည့် မျက်ဝန်းများထဲတွင် လှိုင်းတွန့်များ ထလာသည်။
“အဟမ်း.. တကယ်တော့ ကျွန်တော် အဲဒါအတွက် ဆုံးဖြတ်ပြီးသွားပြီ အဲ့ဓားကို သေခြင်းတရားချောက်နက်လို့ ခေါ်မယ်”
ဝမ်ချောင် ပြုံးလိုက်သည်။
“သေခြင်းတရားချောက်နက် ဟုတ်လား။ အဲဒါ နာမည်ကောင်းပဲ။ တကယ်လို့ မင်းက ဒီလို မယုံကြည်နိုင်လောက်တဲ့ လက်နက်တွေ သွန်းလုပ်နိုင်ရင် ကျွန်တော်က ကျွန်တော့်ရဲ့လုပ်အားခကို ဒီဓားရှည်နဲ့ လဲလောက်တယ်”
လီကျူရှင်း ဝမ်ချောင်လက်ထဲမှ သေဆုံးခြင်းချောက်နက်ကို အကြည့်မလွှဲနိုင်ချေ။
သူက ဓားရှည် အသုံးပြုသူ မဟုတ်သော်လည်း ထိုဓားရှည်ကို သဘောမကျဘဲ မနေနိုင်ပေ။ ပြီးနောက် ထိုဓားရှည်ကို လိုချင်နေသည်။
“ဟား ဟား ခင်ဗျားလိုချင်ရင်တောင် ကျွန်တော်က ခွင့်ပြုမှာမဟုတ်ဘူး”
ဝမ်ချောင် ပေါ့ပါးစွာ ရယ်လိုက်သည်။
သေခြင်းတရားချောက်နက်ကို ထုလုပ်ဖို့ ကျောက်စိမ်းရိုင်း နှစ်ကျွမ်းတောင် ကုန်သွားသည်။ အကယ်၍ ထိုအရာက သာမာန်သတ္ထုရိုင်းသံမဏိဓားသာဖြစ်ပါက ထိုဓားရှည်က ရွှေရှစ်ထောင် တန်နေပြီးသားဖြစ်မှာ ဖြစ်သည်။ ထို့အပြင် ဝမ်ချောင် သီးသန့် ပိုင်ဆိုင်ထားသော နည်းပညာဖြင့် အပူချိန်ညှိခြင်း ခံထားရသည့် ဒီလက်နက်က ဝမ်ချောင်ယခင်က ပြုလုပ်ခဲ့သော တခြားသော လက်နက်များထက် ပို၍ သန်မာသည်။
(နှစ်ကျွမ်း ၂၆ကီလိုဂရမ်)
ဝမ်ချောင် ထိုဓား၏ ဈေးနှုန်းကို ရွှေတစ်သိန်းကျော်အထက် ခန့်မှန်းလိုက်သည်။
၎င်းက လီကျူရှင်းကို ငှားသည့်ဈေးထက်ပို၍ ပိုဈေးကြီးသည်။ ယင်းက ကမ္ဘာပေါ်မှ အမြင့်ဆုံးအဆင့်ရှိသော ဓားရှည်၏စံနမူနာ ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာလည်း ဖြစ်ပေသည်။
လိုဏ်ဂူမှ လီကျူရှင်းနှင့်အတူ ထွက်ခွာလာပြီး မြို့တော်ရှိ ဦရီး၏လက်ထဲတွင် အသစ်ထုလုပ်ထားသည့် သေခြင်းတရားချောက်နက်ကို ပေးခဲ့သည်။ အသစ်ပြုလုပ်ထားသော သေခြင်းတရားချောက်နက်ကို တွေ့ပြီးနောက် လီလင်းက အလွန် ပျော်ရွှင်သွားသည်။
ဝမ်ချောင် ထွက်သွားသည့် လအတွင်း နေ့ရက်တိုင်းက လီလင်းအတွက် တစ်သက်လုံးဟု ခံစားနေရသည်။ သူ၏ တံခါးပေါက်များက သူ့အိမ်တော်သို့ သတ္ထုရိုင်းသံမဏိဓားကိစ္စအတွက် နေ့တိုင်းလာသော အင်ပါယာစစ်တပ်မှ စစ်သူကြီးများကြောင့် ပျက်ဆီးလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
ထို့အပြင် သူတို့ထဲမှ အများစုက လီလင်း၏ အထက်အရာရှိများဖြစ်ပြီး ကျောက်ဖန်ချန်းကပင် မတွန်းလှန်နိုင်သော သူများ ပါနေသည်။ လီလင်းကျရောက်နေသော ဖိအားက အမှန်တကယ်ပင် အလွန်ကြီးမားလှသည်။
“ချောင်အာ မင်းသာ နောက်ကျရင် မင်း ငါ့ရဲ့အလောင်းကိုပဲ ကောက်ရလိမ့်မယ်”
လင်းလီက ဓားရှည်၏ အသွင်အပြင်ကြောင့် သက်သာရာရသွားသည်။
“ဦးရီး ခင်ဗျားက ချဲ့ကားပြောနေပါပြီ”
ဝမ်ချောင်က ခပ်ဟဟ ရယ်လိုက်သည်။
“ဒါက ချဲ့ကားပြောတာ မဟုတ်ဘူး။ ကောင်းပြီ စိတ်မပူနဲ့ ချောင်အာ။ ငါ ဒီဓားရှည်ကို သေချာပေါက် ဈေးကောင်းကောင်းရအောင် လုပ်ပေးမယ်”
လီလင်းက အချိန်မဖြုန်းတော့ဘဲ သေခြင်းတရားချောက်နက်ကို တော်ဝင်နန်းတွင်းထဲသို့ ယူသွားရန် ပြင်ဆင်လိုက်သည်။
“ခဏစောင့်ဦး”
ဝမ်ချောင် ဦးရီးလီလင်းကို အလျင်အမြန် တားလိုက်သည်။ သေခြင်းတရားချောက်နက်က အရေးကြီးသော်လည်း ဝမ်ချောင်က တခြားရည်ရွယ်ချက် ရှိသည်။
“ကျွန်တော် ဦးရီးကို ဒုက္ခပေးစရာကိစ္စလေး ရှိတယ်။ ကျွန်တော့်ကို ကူညီပါဦး”
ဝမ်ချောင်က လုပ်ကြံသူအဖွဲ့အစည်း အကြောင်းကို ပြောလိုက်သည်။
“ဟွန့် ဒီလိုကိစ္စက ရှိသေးတာလား”
ဇာတ်လမ်းတစ်ပုဒ်လုံးကို ကြားပြီးနောက် လီလင်းက အေးစက်စွာ ငေါ့လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် လူသတ်ချင်သည့် အရိပ်အရောင် ပေါ်လာသည်။
“အဲဒါက တခြားသူတွေ တာဝန်ယူရမယ့်ကိစ္စဆိုပေမဲ့ သူတို့က မင်းကို ထိခိုက်ရဲတယ်ဆိုမှတော့ သေချာပေါက် သူတို့ အေးအေးဆေးဆေး နေလို့ မရတော့ဘူး။ ကောင်းကောင်းနားလိုက်။ ငါ သခင်ကျောက်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ ပြောလိုက်မယ်”
“မင်းက အခု အင်ပါယာစစ်တပ်ထဲမှာ ဘယ်လောက်တောင် တန်ဖိုးရှိနေမှန်း မှန်းကြည့်လို့တောင် မရလောက်ဘူး။ တကယ်လို့ မင်းတစ်ခုခုဖြစ်ရင် သခင်ကျောက်နဲ့ငါက ဘာမှ မလုပ်ရင်တောင် အင်ပါယာစစ်တပ်ထဲက ရဲဘော်တွေက သူတို့ကို အရေခွံနွှာလိမ့်မယ်”
လီလင်းက ဒီကိစ္စနှင့် ပတ်သက်ပြီး ချဲ့ကားပြောနေခြင်း မဟုတ်ပေ။
ဝမ်ချောင်က မရေမတွက်နိုင်သည့် အချိတ်အဆက်များ ဖွဲ့ပြီးပြီဖြစ်သည်။ ဝမ်ချောင်၏ ညွှန်ကြားချက်များ အောက်တွင် လီလင်းက အင်ပါယာစစ်တပ်အတွင်းမှ အမျိုးမျိုးသော ပုဂ္ဂိုလ်များထံမှ ပိုက်ဆံ အမြောက်အများ ရထားပြီးပြီဖြစ်သည်။
ဆုလာဘ်မရှိသော်လည်း ထိုလူများက သူ့ကို လက်ဆောင်ပေးချင်ကြသေးသည်။
ကျောက်ဖန်ချန်းနှင့် ဟွမ်ရှောင်ထျန်းတို့၏ ရန်ပွဲအပြီးတွင် ဝမ်ချောင် ပြုလုပ်ခဲ့သော သတ္ထုရိုင်းသံမဏိဓားက အင်ပါယာစစ်တပ်ရှိ လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ ပြီးနောက် ထိုဓားက အင်ပါယာ စစ်တပ်အတွင်း နံပါတ်တစ်ဓားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
အင်ပါယာစစ်တပ်၏ အမြင်တွင် မြို့တော်ထဲမှာဖြစ်စေ ပင်မကျွန်းစုတစ်ခုလုံးမှာဖြစ်စေ ဝမ်ချောင် ပြုလုပ်သည့် လက်နက်များကသာ သူတို့၏ အသိအမှတ်ပြုခြင်းကို ခံရဖို့ ထိုက်တန်သည်။
ထိုအချိန်တွင် အင်ပါယာစစ်တပ်အတွင်းမှ သတ္ထုရိုင်းသံမဏိဓားကို လိုချင်နေသူတိုင်းက လီလင်းကို လွန်ခဲ့သည့်လက ပိုက်ဆံအမြောက်အများ ပေးပြီး စည်းရုံးနေကြသည်။
အကယ်၍ ဓားပြုလုပ်သူ တစ်ခုခု ဖြစ်သွားလျှင် အင်ပါယာစစ်တပ်က မည်သို့ ပြုမူမည်ကို တွေးကြည့်လိုက်ရုံဖြင့် ကြောက်စရာကောင်းလှသည်။
“မပူပါနဲ့ ဒီလိုဆိုးရွားတဲ့ ကိစ္စကို ကိုင်တွယ်တဲ့ အနည်းဆုံး တပ်မှူးသုံးယောက်ကို ငါသိတယ်။ လုပ်ကြံသူအဖွဲ့အစည်းက ကိုယ်ခံပညာ ကျွမ်းကျင်အဆင့် ဘယ်လောက်လဲ။ မြို့တော်ထဲမှာ မင်းကို ဆန့်ကျင်တဲ့ သူတိုင်းက အင်ပါယာစစ်တပ်ရဲ့ရန်သူပဲ။ ဒီပြဿနာကို တစ်ခါတည်းနဲ့ ရှင်းသွားအောင် ငါ သေချာ လုပ်လိုက်မယ်”
ဦးရီးလီလင်းဆီမှ ခမ်းနားသည့်ရောင်ဝါ ထွက်ပေါ်လာသည်။
ဦးရီးလီလင်းထံမှာ ဖုံးကွယ်ထားသော ထိုရောင်ဝါက ဝမ်ချောင်ကို အတိအံ့အားသင့်စေခဲ့သည်။ သူက သူ၏ဦးရီးကို အချိန်အတော်ကြာ သိခဲ့သော်လည်း သူ့ထံတွင် ထိုသို့သောအရည်အသွေးကို တစ်ခါမှ မမြင်ဖူးပေ။
“အခြေအနေတွေက စိတ်နေစိတ်ထားတွေကို ပုံသွင်းပေးပြီးတော့ သဘောထားက အသွင်အပြင်ကို ပုံသွင်းတယ်။ မြောက်ဂိတ်ကနေ တပ်စွဲပြီး ရာထူးပိုမြင့်လာတော့ သူ့ရဲ့အတွင်းစိတ်က ပြောင်းလဲလာပြီး ဒီလိုခမ်းနားတဲ့ ရောင်ဝါကို ထုတ်လွှတ်ပေးတာနေမှာ”
ဝမ်ချောင် တွေးလိုက်သည်။
ပုံမှန်ဆိုရင် ဝမ်ချောင်က ထိုပြောင်းလဲမှုမျိုးကို တွေ့လျှင် ဝမ်းသာမှာဖြစ်သည်။ သူ၏ အတိတ်ဘဝတွင် အကြီးအကဲဟောင်း၏ အရှိန်အဝါကြောင့် ဦးရီးလီလင်းက အနည်းငယ်ကြောက်ရွံ့ပြီး တုံ့ဆိုင်းသည့်အကျင့် ရှိသည်။
သို့သော် ယခုမူ မတူတော့ပေ။
ယောက်ျားများသည် ရည်မှန်းချက်များနှင့် မွေးဖွားလာတာ ဖြစ်သည်။
ဝမ်ချောင်၏အမြင်တွင် ၎င်းက သူ့ဦးရီး၏ စစ်မှန်သည့်ပုံစံ ဖြစ်မည်ထင်သည်။
“ဒီကိစ္စကို အချိန်ဇယားမှာ ထည့်ရမယ် ထင်တယ်”
ဝမ်ချောင် တွေးလိုက်သည်။
ဝမ်ချောင်၏အမြင်တွင် သူ၏မိသားစုတစ်ခုလုံးက သူ့ဘက်တွင် ရှိနေပြီး သူက ကံကြမ္မာကို ပြောင်းလဲဖို့ အရေးကြီးသည့် ခွန်အားကို လိုအပ်သည်။ အစက ဝမ်ချောင်က သေခြင်းတရားချောက်နက်ကို ပေးပြီး လုပ်ကြံသူအဖွဲ့အစည်းအကြောင်း ပြောရန်သာ ရည်ရွယ်ချက်ရှိသည်။
သို့သော် ဦးရီးလီလင်းက ခန့်ညားမှုတို့ကြောင့် ဝမ်ချောင် အကြံတချို့ရလာသည်။
ဝမ်ချောင်သည် ဦးရီးလီလင်းကို ကူညီသည့် အကြောင်းအရင်းက ကျောက်ဖန်ချန်းနောက်ကို လက်အောက်ငယ်သားတစ်ဦး အနေဖြင့် လိုက်ပြီး သူနှင့်အတူ တိုးတက်လာရန် ဖြစ်သည်။
ဝမ်ချောင်က သူ့အတွက် ကြီးမားသည့် ရည်မှန်းချက်များနှင့် ဆန္ဒများရှိသည်။
သို့သော် ဒါတွေက တစ်ဖက်လူ အခုချိန်တွင် ပိုင်ဆိုင်ထားသော ခွန်အားဖြင့် သတိမထားနိုင်ပေ။
“ဦးရီး ခဏနေဦး”
ဦးရီးလီလင်းကို အံ့အားသင့်စွာ ကြည့်ရင်း ဝမ်ချောင် ရထားလုံးထဲသို့ ဝင်သွားသည်။ သူ ထွက်လာသည့်အချိန်တွင် လက်ထဲတွင် လျှို့ဝှက်လက်ရေးစာရွက် တစ်ခုပါလာသည်။
“ဦးရီး ဒါ ဦးရီးအတွက်”
ဝမ်ချောင် လျှို့ဝှက်စာရွက်ကို ရထားလုံးထဲ လှမ်းပေးလိုက်သည်။
“အာ ငါ့အတွက် ဟုတ်လား။ ဒါဘာလဲ”
လီလင်းက ဝမ်ချောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဘာဖြစ်နေမှန်း မသိနားမလည်ပေ။ သူက စာအုပ်ကို အလိုအလျောက် လှမ်းဆွဲယူပြီး ကြည့်လိုက်သည်။
စာရွက် တစ်ရွက် နှစ်ရွက် လှန်ပြီးနောက် လီလင်း၏ ရှုပ်ထွေးနေသည့် မျက်နှာထားက ရုတ်တရက် အံ့အားသင့်သည့် မျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။
အဲဒါက ကိုယ်ခံပညာလက်စွဲစာအုပ် ဖြစ်သည်။
ဝမ်ချောင် သူ့ကို ပေးလိုက်သည့် လျှို့ဝှက်လက်စွဲစာအုပ်က အလွန် အစွမ်းရှိသည့် ကိုယ်ခံပညာအကြောင်း ဖြစ်သည်။ စာရွက်အနည်းငယ်ကို လှန်လော ကြည့်ရှူပြီး လီလင်းသည် ၎င်းကိုယ်ခံပညာရပ်က သူ ယခင်က သင်ကြားဖူးခဲ့သည့် ပညာများထက်ပို၍ အထင်ကြီးရလောက်ကြောင်းကို ခံစားမိသည်။
“ချောင်အာ မင်း ဒါကို ဘယ်လိုရလာတာလဲ”
လီလင်းက အံ့အားသင့်သွားသည်။
လီလင်းသည် ဆယ်ကျော်သက်သာ ဖြစ်သေးသော ဝမ်ချောင်က ထိုမျှအစွမ်းထက်သော ကိုယ်ခံပညာ တတ်လိမ့်မယ်လို့ ထင်မထားပေ။
“ဦးရီး ဒါက…. အဘိုး ကျွန်တော့်ကို ပေးလိုက်တာ”
ဝမ်ချောင်က ချီးကျူးမှုအားလုံးကို အကြီးအကဲဟောင်းထံသို့ ပုံချလိုက်သည်။
ဝမ်ချောင်၏ ကျောက်စိမ်းရိုင်း သံရိုင်းကို ဝယ်ယူခြင်းနှင့် သတ္ထုရိုင်းသံမဏိဓားကို ထုလုပ်ခြင်းတို့က အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်များ ဖြစ်သည်။ သို့သော် ထိုအရာက လုံးဝမဖြစ်နိုင်ပေ။
သို့သော် သိုင်းပညာလက်စွဲများ အထူးသဖြင့် အစွမ်းအထက်ဆုံးသိုင်းများသည် ကလန်တစ်ခုချင်းစီ၏ ရတနာများကဲ့သို့ တင်းတင်းကြပ်ကြပ် အစောင့်ချထားသည်။ အကယ်၍ ဝမ်ချောင်က ရုတ်တရက် ထိပ်တန်း သိုင်းပညာရပ်လက်စွဲကို ထုတ်လုပ်လျှင် လီလင်း သံသယမထားဘဲနေမှာ မဟုတ်ပေ။ ဒါက ဉာဏ်ပညာနှင့် အရည်အချင်းက ရှင်းပြပေးမည့်ကိစ္စ မဟုတ်ပေ။
ဝမ်ချောင်သည် ဤလျှို့ဝှက်စာအုပ်ကို အချိန်တစ်ခုကြာ ကူးယူထားပြီး ဖြစ်သော်လည်း ခရိုင်လေးခုသို့ လှည့်လည်မသွားမီတွင် လီလင်းအား ပေးရန် သင့်တော်သော အခွင့်အရေး မရခဲ့ပေ။
“အကြီးအကဲဟောင်းလား”
လီလင်း အံ့အားသင့်သွားသည်။
“ဟုတ်သားပဲ။ မင်း ခရိုင်လေးခုက ကိစ္စကို မှတ်မိသေးလား။ အဘိုးက သူ့ကို ကောင်းချီးမေးတော့ အဘွားကို အဲဒါ ငါ့ဆီပေးဖို့ မေးတယ်လေ။ အဲတုန်းက သူ အရှက်ရခဲ့လို့ ငါ့ဆီကို မင်းဆီကနေတစ်ဆင့် ပေးခိုင်းတာ နေမှာ”
ထိုကိစ္စကို မသိချင်ဟန်ဆောင်ကာ ဝမ်ချောင်က အမှုမဲ့အမှတ်မဲ့ ပြောလိုက်မိခြင်း ဖြစ်သည်။
တလျှောက်လုံးတွင် အဘိုးသည် ဦးလေးအား အနောက်ဂိတ်၏ ခေါင်းဆောင်နေရာတွင် ချုပ်နှောင်ထားသည်။ စိတ်ရင်းကောင်းရှိခဲ့သော်လည်း ထိုအရာက ရည်မှန်းချက်ရှိသော ဦးရီးအတွက် မရှောင်လွှဲနိုင်ဘဲ အဘိုး၏လုပ်ရပ်ကြောင့် တုန်လှုပ်ချောက်ချားခဲ့သည်။
တစ်နည်းအားဖြင့် ဝမ်ချောင်က အဘိုးနှင့် ဦးရီးကြားရှိ ကွာဝေးမှုကို ပြန်လည်ဖာထေးနေခြင်း ဖြစ်သည်။
“အကြီးအကဲဟောင်း…”
လန်ချောင်၏ စကားများကို ကြားသောအခါ လီလင်းက တစ်ခုခုကို သဘောပေါက်သွားပုံပေါ်ပြီး သူ၏ မျက်ဝန်းထဲတွင် လှိုင်းများထလာသည်။ သို့သော် ဝမ်ချောင် မတွေ့ခင်က သူက အချိန်မီ စိတ်ထိန်းလိုက်သည်။
“ငါ နားလည်ပါတယ်”
လီလင်း ပြုံးလိုက်သည်။
“အခွင့်အရေးရှိရင် ငါ့အစား အကြီးအကဲဟောင်းကို ကျေးဇူးတင်ပေးစမ်းပါ။ ငါ သူ့ကို စိတ်မပျက်စေရဘူးလို့ ပြောပေးစမ်းပါ။ ပြီးတော့ မင်း သတ္ထုရိုင်းသံမဏိဓားရှည်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူး။ ငါ အဲ့ကိစ္စကို သေချာလုပ်လိုက်မယ်။ ကောင်းပြီ ငါသွားတော့မယ်”
သေခြင်းတရားချောက်နက်ကို သယ်ဆောင်ရင်း သူက လှည့်ပြီး တော်ဝင်နန်းတော်ထဲသို့ တန်းသွားတော့သည်။
ယင်းက ပုံရိပ်ယောင်ကဲ့သို့ပင် ဦးရီးလီလင်း ထွက်သွားပုံသည် သူ၏ ပခုံးထက်မှ နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ပြုတ်ကျသွားသလိုပင်။ သို့မဟုတ် သူ့နှလုံးသားမှ ကြိုးထုံး ပြေသွားသလိုပင်။
သူ့ခြေလှမ်းများက ပို၍ အင်အားအပြည့် ဖြစ်လာပြီး တော်ဝင်နန်းတော်ထဲသို့ ဝင်သွားတော့သည်။