← Chapters

အခန်း (၁၄၁-၁၄၅)

Vol. 5 Ch. 141-145

အခန်း (၁၄၁-၁၄၅)

Vol. 5 Ch. 141-145

အခန်း ၁၄၁။ မဟာဓား သေခြင်းတရားချောက်နက်

သတ္ထုရိုင်းသံမဏိဓားကိစ္စကို ဖြေရှင်းပြီးသောအခါ ဝမ်ချောင်က စိတ်သက်သာရာရသွားသည်။

"မကောင်းဆိုးဝါး ဧကရဇ်အဘိုးအို"သည် သရဲဝိညာဉ်စီရင်စုကို စစ်တုရင်ပြိုင်ပွဲကြည့်ရန် လာမည့်‌နေ့၌ အဘိုးအိုကို လိုက်ရှာဖို့ အာရုံစိုက်၍ အားစိုက်ထုတ်နေသည်။

တစ်ဖက်တွင်လည်း ဦးရီးလီလင်းသည် ဝမ်ချောင် သူ့ကို လွှဲအပ်ခဲ့‌သော ကိစ္စကို လျင်မြန်စွာ လုပ်ဆောင်နေပြီဖြစ်သည်။

လုပ်ကြံသူအဖွဲ့အစည်းက ဝမ်ချောင်ကို လုပ်ကြံနေသည့်သတင်းက နှစ်ရက်အတွင်း လမ်းများပေါ်သို့‌ ရောက်သွားသည်။ အင်ပါယာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ရှာဖွေရာ လုပ်ကြံသူအဖွဲ့အစည်း၏ နေရာကို ရှာတွေ့ခဲ့သည်။

သူတို့ထဲက တစ်ယောက်မကျန် နေရာမှာတွင် အသတ်ခံလိုက်ရပြီးနောက် အလောင်းများက ခြံဝန်းတစ်ခုလုံး ပြည့်နှက်သည်။

ဤကိစ္စက မြို့တော်ထဲတွင် လုံးဝပျံ့နှံ့သွားသည်။ အင်ပါယာစစ်တပ်ထဲမှ ကျွမ်းကျင်သူ တော်တော်များများ ပါဝင်ခဲ့သည်ဟု ပြောကြသည်။ ပြီးနောက် စစ်သူကြီး ငါးယောက်မှ ခြောက်ယောက်အထိ ပါဝင်ခဲ့ကြသည်။

လူတော်တော်များများက ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့ကြပြီးနောက် သူတို့က ဒီကိစ္စကို နောက်ကွယ်ကဖြစ်ရပ် ရှိသည်ဟု ပြောနေကြသည်။ အနက်ရောင်ဝတ်စုံများနှင့် လျှို့ဝှက်လက်နက်များကြောင့် သူတို့က လုပ်ကြံသူများဖြစ်ကြောင်း သံသယကင်းကင်း လက်ခံလာကြသည်။

ထို့ကြောင့် သူတို့အတွက် ဘယ်သူကမှ မပြောပေးကြပေ။

ဝမ်ချောက် ဒီကိစ္စကို ကြားသည့်အချိန်တွင် သူက ပေါ့ပါးစွာ ရယ်လိုက်သည်။ သူက မီယာဆာမိအာရကာဆီသို့ စာတစ်စောင် ရေးလိုက်ပြီး ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်သည်။

ဝမ်ချောင်သည် သူ၏ငြိမ်းချမ်းသော ဘဝတွင် နေထိုင်နေစဉ်မှာ တော်ဝင်နန်းတော်၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

ညတစ်ည၏ အမှောင်ထုက ကောင်းကင်မှာ ကြီးစိုးနေသည်။ ထိုနေရာက တော်ဝင်နန်းတော်၏ စွန့်ပစ်ခံထားရသည့် နေရာတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် ထိုနေရာက သစ်ပင်များနှင့် ခေါင်မိုးပေါ်တွင် ချိတ်ဆွဲထားသည့် မီးအိမ်များကြောင့် လင်းလက်တောက်ပနေသည်။

အင်ပါယာစစ်တပ် အဖွဲ့ဝင်များသည် နန်းတော်၏ ခြံဝန်းထဲတွင် ပြည့်နှက်နေကြပြီး တစ်ချက်ကြည့်ရုံဖြင့် သူတို့က ရာကျော် သို့မဟုတ် တစ်ထောင်တောင် ကျော်လောက်သည်။

ယနေ့က အင်ပါယာစစ်တပ် အဖွဲ့ဝင်များအတွက် ကြီးကျယ်ခမ်းနားသောနေ့ဖြစ်သည်။ ကြီးမြတ်သောထန်နိုင်ငံတော်မှ နံပတ်တစ် ပန်းပဲဆရာ၏ ဒုတိယလက်နက် လေလံတင်မည့်နေ့ကို အင်ပါယာစစ်တပ်ထဲတွင် မသိသည့်သူ တစ်ယောက်မှ မရှိပေ။ ထို့ကြောင့် စစ်သေနာပတိ အများစုက စောစော ရောက်ရှိနေကြပြီး လက်နက် ပွဲထုတ်မှာကို စောင့်စားနေကြသည်။

ကျောက်ဖန်ချန်းနှင့် ဟွမ်ရှောင်ထျန်းတို့၏ တိုက်ပွဲအပြီးတွင် သတ္ထုရိုင်းသံမဏိဓား၏ ချွန်ထက်မှု၊ လှပမှုနှင့် ရှားပါးမှုတို့ကို မသိသူ မရှိပေ။ သူတို့အတွက်မူ ၎င်းက သူတို့၏ ခွန်အားကို တိုးမြှင့်ဖို့ အခွင့်ကောင်းဖြစ်သည်။

ပို၍ အရေးကြီးသည်က ဤလက်နက်သည် သီးသန့်ဖြစ်သည်။ ဤလက်နက်က မည်သည့်နေရာမှာမှ မရနိုင်သည့် တစ်ခုတည်းသော လက်နက်ဖြစ်သည်။

အင်ပါယာစစ်တပ်၏ ရပ်တည်မှုကို ဖြည့်ဆည်းရန် သံမဏိဓားထက် မည်သည့်လက်နက်က ပိုသင့်လျော်သနည်း။

“နောက်ဆုံးတော့ လူကြီးမင်းရဲ့ လက်နက်သစ်ကို ထုတ်ပြမယ့်နေ့ကို ငါစောင့်နေခဲ့တာ”

“အဲဒါက တစ်လလုံး ပြုလုပ်ရတဲ့ လက်နက်ပဲ။ အဲဒါက ဘာလဲဆိုတာ သိရဖို့ ငါ မစောင့်နိုင်တောဘူး။ တကယ်လို့ သူသာ ထပ်လုပ်နိုင်လို့ကတော့”

“ပထမလက်နက်က စစ်သူကြီးကျောက် ယူသွားတာ ခံလိုက်ရတယ်။ ဒီတစ်ခေါက်တော့ ဘယ်သူကံထူးမလဲလို့ ငါသိချင်တယ်”

“ဟုတ်တယ်။ တကယ်လို့ ငါသာ သတ္ထုရိုင်းသံမဏိဓား ရှိရင်လေ။ အဲဒါက ဘာလို့ အရမ်းဈေးကြီးရတာလဲကွာ”

…

နန်းတော်က ခြံဝန်းထဲတွင် လူများ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေသည်။

အကုန်လုံးက ဝမ်ချောင် သံမဏိလက်နက်များကို ရောင်းရာတွင် သူ့ဦးရီးလီလင်းကို အပ်နှံထားကြောင်း သိသည်။ ပြီးနောက် ဒီအချိန်တွင် အင်ပါယာစစ်တပ်အတွင်း လီလင်းကို မသိသည့်သူ မရှိပေ။

“အဲဒါ စနေပြီ။ အဲဒါ စနေပြီ”

ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ အကုန်လုံးက ခေါင်းမော့လိုက်ကြပြီး သူတို့ရှေ့ရှိ တံခါး ပွင့်လာတာကို ကြည့်လိုက်ကြသည်။ အတွင်း အခန်းထဲမှ တောက်ပသည့် အလင်းရောင်ထွက်ပေါ်လာသည်။

လေးလံသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်ချောင်းကို ချိတ်ကာ လီလင်းက လူအုပ်ရှေ့တွင် ခန့်ညားထည်ဝါစွာ ထွက်ပေါ်လာသည်။

တစ်ခဏအတွင်း ဆူညံနေသည့် အင်ပါယာစစ်တပ်အဖွဲ့ဝင်များသည် ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

“လေလံရုံထဲကို ဝင်ချင်ကြတဲ့သူတွေ အခု အရင်က စက္ကူကတ်လေးတွေ အပေါ်မှာ မူတည်ပြီး ဝင်လို့ရပါပြီ”

လီလင်းက ဩဇာအပြည့်ဖြင့် ပြောလိုက်သည်။

ချက်ချင်းပင်လျှင် အင်ပါယာစစ်တပ် စစ်သူကြီးတစ်ယောက်က ယခင်က ဝမ်ချောင် ထုတ်ပေးခဲ့သော စာတိုကို ပေးကာ အခန်းထဲကို အပြုံးကြီးနှင့်အတူ ဝင်လာသည်။

ဤလေလံပွဲအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်မည်မှန်း လူတိုင်းသိကြသည်။ ပြီးနောက် သံမဏိလက်နက်သည် ဈေးသက်သက်သာသာ မဟုတ်မှန်း သူတို့သိသည်။ သို့သော် ဘယ်သူက ပိုက်ဆံအတွက် စိတ်ပူနေမည်နည်း။

သံကို ရွံ့ကဲ့သို့ ဖြတ်နိုင်သည့် ဓားကို သူတို့ဝယ်နိုင်သရွေ့ ထိုပိုက်ဆံက ဘာအရေးပါသနည်း။ ပြီးတော့ အင်ပါယာစစ်တပ် အဖွဲ့ဝင်တစ်ယောက် အနေဖြင့် သူတို့က ပိုက်ဆံသုံးစရာ နေရာသိပ်မရှိပေ။

ထို့ပြင် သူတို့က အနာဂတ်တွင် သူတို့ ပိုက်ဆံကို အလွန်အမင်း လိုအပ်နေသည်ဆိုလျှင်ပင် ဤအဆင့်မြင့်လက်နက်မျိုးကို မရောင်းချနိုင်မည်ကို စိုးရိမ်နေစရာ မလိုသည်မှာ သေချာသည်။

အင်ပါယာစစ်တပ် တပ်မှူးနှစ်ဆယ်မှ သုံးဆယ်အထိ ဝင်သွားကြသည်။

“နောက်ထပ် သစ်သားတိုကင်ရှိတဲ့သူတွေ ဝင်နိုင်ပါပြီ”

လီလင်း ဆက်ပြောလိုက်သည်။

၎င်းက လီလင်းကိုယ်တိုင် ဖိတ်ထားတာဖြစ်သည်။ ဝမ်ချောင်က တစ်သုတ်ချင်းစီ ရောင်းချချင်သော်လည်း လီလင်းက ၎င်းအတွက် မလိုအပ်ဟု ထင်ခဲ့သည်။ အင်ပါယာစစ်တပ်ထဲတွင် ရှိနေသောကြောင့် သူက သတ္ထုရိုင်းသံမဏိက မည်မျှ နာမည်ကြီးကြောင်း သူသိသည်။

သူ ဘယ်ကိုပဲသွားနေပါစေ အကုန်လုံးက အပြာရောင်ပုလင်း အဆောင်အကြောင်းနှင့် ကျောက်ဖန်ချန်းနှင့် ဟွမ်ရှောင်ထျန်း အကြောင်းကို သာပြောနေကြသည်။

သတ္ထုရိုင်းသံမဏိလက်နက်သည် မကျိုးပဲ့နိုင်ဟု ဖော်ပြထားပြီ။ မထင်မှတ်ထားနိုင်သည့်တိုင်အောင် ချွန်ထက်ပြီး လူတိုင်း၏ သွေးများကို ဆူပွက်စေပြီး ၎င်းကို ပိုင်ဆိုင်လိုစိတ်များ တောက်လောင်‌စေသည်။

အင်ပါယာစစ်တပ်ထဲတွင် ရှိစဉ်က သူသည် ထိုလိုချင်စိတ်က မည်မျှပြင်းထန်ကြောင်း သူနားလည်သည်။ ထိုအကြောင်းကြောင့် သူက ဒီလို စနစ်မျိုးကို တည်ထောင်ရခြင်း ဖြစ်သည်။

အင်ပါယာစစ်တပ်ထဲမှာ တပ်စုပေါက်း ထောင်ချီရှိကြောင်းကို သူသိသင့်သည်။

သို့သော် ဝမ်ချောင်က လတိုင်း သံမဏိဓား တစ်ချောင်းကိုသာ ရောင်းချသည်။ သူတို့က ထိုလက်နက်ကို သဲသဲမဲမဲ မလိုချင်လျှင် ထူးဆန်းနေမှာဖြစ်သည်။

ထို့ကြောင့် လီလင်းက လေလံပွဲကို သူ၏ စိတ်တိုင်းကျ အဆင့်နှစ်ဆင့် ခွဲလိုက်သည်။

ပထမအဆင့်က ယခင်က ဝမ်ချောင် ပေးခဲ့သည့် မှတ်စုတိုကို ကိုင်ဆောင်သူများ ဖြစ်သည်။ ထိုမှတ်စုတို ကိုင်ဆောင်သူများက ၁၀ရာခိုင်နှုန်း လျှော့ဈေးရသည်။

သစ်သားတိုကင်က လီလင်း ပြုလုပ်ခဲ့သော ဒုတိယအဆင့် ဖြစ်သည်။ ပြီးနောက် ဒီအဆင့်သည် အ‌ရှေ့က အသုတ်ထက် ခံစားခွင့်ပိုနည်းသည်။

ထိုသစ်သားတိုကင် ကိုင်ဆောင်သူများသည် လေလံပွဲအတွင်းသို့ ဝင်ရောက်ခွင့်ရှိသော်လည်း သူတို့က လေလံဈေးအပြင် ဆယ်ရာခိုင်နှုန်းထက်ပေးရသေးသည်။

ကစ်သားတိုကင်တိုင်းက ရွှေနှစ်ရာကုန်ကျပြီးနောက် ထိုတိုကင်က လေလံပွဲပြီးလျှင် အသုံးမဝင်တော့ပေ။ အကယ်၍ တစ်ယောက်ယောက်က နောက်ထပ် လေလံပွဲကို ဝင်ချင်လျှင် နောက်ထပ်တိုကင်တစ်ခု ဝယ်ရမည်ဖြစ်သည်။

တခြားသူများက ထိုအရာကို ဈေးကြီးသည်ဟု တွေးကြမည်ဖြစ်သော်လည်း လီလင်းက ဈေးကို အနည်းငယ် လျှော့ထားသည်ဟု ခံစားနေရသည်။ အင်ပါယာစစ်တပ်ထဲတွင် ရဲမက်ပေါင်း ထောင်ချီရှိသောကြောင့် လူနည်းမည်ကို သူ မစိုးရိမ်ပေ။

ထို့ပြင် သံမဏိဓားကို ရွှေတစ်ထောင်ချပေးပြီး ဝယ်လိုသူများက ရွှေနှစ်ရာအတွက် တုံ့ဆိုင်းနေကြမှာ မဟုတ်ပေ။ လီလင်း၏ ရှုထောင့်တွင် ဒါက သံမဏိဓားကို လေလံတင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက မရိုးသားသည့် ဝယ်သူများကို ဖယ်ထုတ်နိုင်မှာဖြစ်သည်။

ဝမ်ချောင် ပေးခဲ့သည့် မှတ်စုများ အတွက်မူ ထိုအရာက ကြီးမားသည့် ဖြုန်းတီးမှုဖြစ်သည်။ သို့သော် လုပ်ပြီးပြီဖြစ်သောကြောင့် ထိုအကြောင်းကို ပြောဖို့ မလိုပေ။

တစ်ခဏအတွင်း အင်ပါယာစစ်တပ် ရဲမက် ခုနှစ်ဆယ်မှ ရှစ်ဆယ်အထိ ဝင်လာကြသည်။

သစ်သားတိုကင်‌ ရောင်းခြင်းဖြင့် လီလင်းက ရွှေတစ်သိန်းငါးထောင်းနီးပါး မြတ်ပြီးပြီဖြစ်သည်။

လေလံပွဲဝင်ခွင့် ရွှေတစ်သိန်းငါးသောင်း ရဖို့ သူက မလုပ်ရအောင် အရူးတစ်ယောက် မဟုတ်ပေ။

“နောက်ထပ် သံတိုပင် ရှိတဲ့သူတွေ ဝင်နိုင်ပါပြီ”

လီလင်းက ပြောလိုက်သည်။

ဒါက အနိမ့်ဆုံးအဆင့် ဖြစ်သည်။ သံမဏိဓားအကြောင်းကို စိတ်ဝင်စားပြီး စပ်စုသည့် သူများစွာရှိသည်။ ထိုအကြောင်းကြောင့် လီလင်းက သူတို့ဆီမှ အကျိုးအမြတ် ရမည့်ကိစ္စကိုလည်း စဉ်းစားသည်။

ထို့နောက် လာရောက်ကြည့်ရှုသူများလေလေ သတင်းက ပို၍ မြန်မြန်ပြန့်လေ ဖြစ်သည်။ ဒါက အင်ပါယာစစ်တပ်ထဲတွင် ဝယ်မည့်သူများ၏ စိတ်ဝင်စားမှုကိ ပို၍ တိုးစေသည်။

ထို့ကြောင့် လီလင်းက သံတိုကင် စနစ်ကိုပါ ထည့်သွင်းဖို့ ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဒီတိုကင်များဖြင့် တစ်ယောက်ယောက်က လေလံပွဲကို ကြည့်နိုင်သည်။

သို့သော် သူတို့က လေလံမဆွဲနိုင်ပေ။ တစ်ချိန်တည်းမှာပင် သူတို့က ထိုင်ခုံမရကြပေ။

ဝန်ဆောင်မှု မရှိသော်လည်း အလားအလာရှိသည့် ဖောက်သည်တစ်သိန်းကြောင့် လီလင်းက စိတ်မပူပေ။

တစ်ခဏအတွင်း အင်ပါယာစစ်တပ်ဖွဲ့ဝင် အမြောက်အများ ဝင်လာကြသည်။ ဒါက နောက်ထပ် အကျိုးအမြတ် တစ်ထောင်ကျော် ဖြစ်သည်။ ဒီလေလံပွဲတွင် ထိုင်ခြင်းဖြင့်ပင် လီလင်းက ရွှေနှစ်သိန်းရပြီးပြီဖြစ်သည်။

ပြီးနောက် လီလင်းက အတွင်းခန်းထဲကို ပြန်သွားသည်။

တော်ဝင်မြို့တော်ထဲရှိ ခန်းမဆောင်များသည်အလွန်ကျယ်ပြောပြီး သာမာန်ကြီးမားသည့်ကလန်များက သူတို့နှင့် မယှဉ်ရဲပေ။ ခန်းမရှေ့ လူအုပ်နှင့် အဝေးတွင် တပ်မှူးသုံးယောက်က ထိုင်နေကြသည်။

အလယ်ရှိတစ်ယောက်က ကျောက်ဖန်ချန်းဖြစ်သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီဖြစ်ပြီး ကျောက်ဖန်ချန်း အထက်အရာရှိဖြစ်ခဲ့တာ တစ်လရှိပြီဖြစ်သည်။ အရင်ကထက်စာလျှင် ကျောင်းဖန်ချန်း၏ စိတ်နေသဘောထားက ပိုပြီး ရဲရင့်လာပြီး၊ ခံ့ညားပြီးနောက် အာဏာရှိသည်။

လီလင်းက လမ်းလျှောက်လာပြီး ခန်းမအလယ်ရှိ တစ်ကျန်းရှည်သည့် ကြီးမားသည့် သစ်သားစဉ်ပေါ်သို့ မတက်ခင် ကျောက်ဖန်ချန်းကို ပေါ့ပါးစွာ အရိုအသေပေးလိုက်သည်။

(၃.၃၃မီတာ)

“လူကြီးမင်းလီ သတ္ထုရိုင်းသံမဏိဓားက ဘယ်မှာလဲ”

“အမြန် ထုတ်လိုက်ပါတော့။ ကျွန်တော့်တို့ရဲ့ ဆန္ဒကို ဆွဲဆန့်မနေပါနဲ့တော့”

“အမှန်ပဲ ကျွန်တော်တို့က အဲဒါကို တွေ့ဖို့ စိတ်လှုပ်ရှားနေပြီ”

“လူကြီးမင်းလီ တစ်လပြည့်နေပြီ။ ကျွန်တော်တို့ ညီအစ်ကိုတွေက မျှော်လင့်စောင့်စားနေရင်းနဲ့ သေတော့မယ်။ မြန်မြန် ထုတ်ပြီး ကျွန်တော်တို့ကို ပြပါတော့”

…

အခန်းထဲမှ အကုန်လုံးက စိတ်မရှည်ကြတော့ပေ။ သူတို့က ထပ်ပြီး မစောင့်စားနိုင်ကြတော့ပေ။

“လူကြီးမင်းလီ ကျွန်တော်တို့နဲ့ လာကစား မနေတာ သေချာရဲ့လား”

အင်ပါယာစစ်တပ် ရဲမက်အချို့က မကျေနပ်မှုကို ပြသနေကြပြီဖြစ်သည်။

“ခင်ဗျားတို့ အားလုံးက အရမ်း စိုးရိမ်ကြတာပဲ ခဏလေးတောင် မစောင့်နိုင်ကြဘူးလား”

လီလင်းက တဟားဟား ရယ်လိုက်သည်။ ဒါကသူလိုချင်သည့် အမူအရာမျိုးဖြစ်သည်။

“ဒီလိုဆိုမှတော့ ကျွန်တော်ဆက် မထိန်းထားတော့ပါဘူး။ ဒုတိယသတ္ထုရိုင်းသံမဏိဓားက ဒီမှာပါ”

ဖတ်...

ထိုစကားများ ပြောပြီးသည်နှင့် လီလင်းက သူ့ရှေ့ရှိ တစ်ကျန်းရှည်သည့် သစ်သားပြားပေါ်သို့ ချလိုက်သည်။ ဖန်း..။ သစ်သားပြားက ချက်ချင်း ကွဲသွားသည်။ ပြီးနောက် ဖွက်ထားသည့်အရာက ခုနစ်ချီရှည်လျားသည့် လက်နက်ဖြစ်သည်။ ထိုအရာက အနက်ရောင်သံမဏိစားပွဲ၏ အရှည်နှင့် အတူတူဖြစ်သည်။

တစ်ခဏအတွင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လီလင်းက သစ်သားပြားကို လေလံပွဲတွင် အလှဆင်ဖို့ သုံးသည်ဟု အကုန်လုံးက ထင်နေကြခြင်းဖြစ်သည်။ မည်သူကမှ သစ်သားပြားနောက်တွင် ဒီလိုလှည့်ကွက်မျိုးရှိမှန်း မသိကြပေ။

“လူကြီးမင်းလီ အဲဒါက ဘာလဲ”

အင်ပါယာစစ်တပ်မှ ရဲမက်တစ်ယောက်က သံမဏိစားပွဲပေါ်မှ ထူးဆန်းသည့်လက်နက်ကို ညွှန်ပြရင်း မေးလိုက်သည်။ လူတော်တော်များများက ဝမ်ချောင်၏ အသစ်ပြုလုပ်ထားသည့် ဓားက ယခင်က ဟာနှင့်တူမည်ဟု ထင်ထားကြခြင်း ဖြစ်သည်။

ထိုအရာကို ကြည့်ခြင်းအားဖြင့် ထိုအရာက ကိစ္စမဟုတ်ပေ။

အပေါ်တွင် အနက်ရောင် အဖုံး ဖုံးထားသော်လည်း သူတို့က လက်နက်၏ ပုံစံကို တွေ့နိုင်သည်။ ထိုအရာက နှစ်လက်မထူသော်လည်း အရှည်က ခုနစ်ချီဖြစ်သည်။ ထို့အပြင် လက်နက်က ကြော့ရှင်းသည့် အကွေးရှိသည်။ ထိုအရာက သူတို့ ယခင်က မြင်ဖူးသည့် လက်နက်များနှင့် မတူပေ။

“ဟဟ မေးခွန်းကောင်းပဲ။ ဒါက ကျွန်တော့်တူ ဝမ်ချောင် ထုလုပ်တဲ့ ပထမဆုံး ဓားရှည်ပဲ။ ဒီဓားရှည်ကို စုဆောင်းမှုထဲ ထည့်သင့်တယ်။ ပြီးတော့ ကျွန်တော် ကြည့်ရသလောက်တော့ ခင်ဗျားတို့က ဓားရှည်ရဲ့ အရှည်ကို ကြည့်ပြီး အံ့အားသင့်နေကြတဲ့ပုံပဲ။ အမှန်ပဲ ဒီဓားရှည်ရဲ့ ပုံစံက အရင်က ဓားနဲ့ မတူဘူး။ ပြီးတော့ ဒီဓားရှည်ကို ပြုလုပ်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေက ဓားရဲ့ နှစ်ဆဖြစ်တယ်”

“ဒါ့အပြင် ဒီဓားရှည်က အရင်က ဓားထက်ပိုချွန်ထက်တယ်။ ကျွန်တော့်တူရဲ့ စကားတွေကို ပြောရရင် ဒီဓားက လူသတ်သမားအတွက် ထုလုပ်ထားတာတဲ့။ ဒါ့ကြောင့် သူက ဒီဓားရှည်ရဲ့ နာမည်ကို သေခြင်းတရား ချောက်နက်အဖြစ် ပေးခဲ့တယ်။ ဒီဓားရှည်ရဲ့ အနားမှာရှိတဲ့ ဘယ်သူမှ သေခြင်းတရားကနေ လွတ်မြောက်မှာ မဟုတ်ဘူး”

လီလင်းက ကိုယ်နေဟန်ထားဖြင့် ပြောလိုက်သည်။ သူက အင်ပါယာစစ်တပ်မှ ရဲမက်တော်တော်များများကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု အနည်းငယ်ပင် မတွေ့ရပေ။

“သေခြင်းတရား ချောက်နက်”

အကုန်လုံးက သဘောကျသွားကြသည်။ နာမည်တစ်ခုတည်းဖြင့်ပင် သူတို့က ထိုပစ္စည်းက အရည်အသွေး မြင့်မြင့်ဖြင့် ထိပ်တန်းပစ္စည်းမှန်း ခံစားမိကြသည်။ ပိုအရေးကြီးသည်က ထိုဓားရှည်က ကမ္ဘာ့နံပတ်တစ် ပန်းပဲဆရာမှ ပြုလုပ်သည့် ဓားရှည်ဖြစ်သည်။ ဤမျှဖြင့် နောင်တွင် မြင့်မားသည့် ဈေးဖြင့် ရောင်းချနိုင်မည့် အဓိပ္ပာယ်ရသည်။

“ဒီခရီးက တကယ်တန်တယ်။ သူ့ရဲ့ ပထမဆုံး ဓားရှည်။ ဒါက တကယ် တစ်ခုတည်းရှိတဲ့ပစ္စည်းပဲ”

ခန်းမထဲတွင် အင်ပါယာစစ်တပ် ရဲမက်များက စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်နေကြသည်။ သူတို့က ပိုက်ဆံ မပြတ်လပ်ပေ။ သူတို့၏ ပိုက်ဆံသုံးရန် ထိုက်တန်သည့် ပစ္စည်းမတွေ့ခြင်းဖြစ်သည်။

ထိုလက်နက်မျိုးက သူတို့၏ မြင့်မြတ်သော ရပ်တည်မှုကို ဆောင်ကြဉ်းပေးကာ၊ သူတို့၏ ခွန်အားကို တိုးမြှင့်လာစေလျက် ၎င်းတို့ကို စုဆောင်းရန် တန်ဖိုးမှာလည်း များလှသည်။ ဒါက သူတို့ ပိုက်ဆံကို အမှန်တကယ်ပင် သုံးသင့်သည့် စံပြပစ္စည်းဖြစ်သည်။

“လီလင်း ဒီလက်နက်က ဘယ်လောက်တန်လဲ”

“မေးခွန်းကောင်းပဲ”

လီလင်း ပြုံးလိုက်သည်။ လေလံပွဲ၏ ဈေးနှုန်းကို ကြေညာလိုက်သည်နှင့် သူ၏ မျက်ဝန်းများ အရောင်တောက်လာသည်။

“သေခြင်းတရား ချောက်နက်ကို စတင်လေလံတင်တဲ့ ဈေးက ရွှေရှစ်ထောင် ဖြစ်ပါတယ်။ ဓားရှည် တစ်ခုတည်း ရှိပြီးနောက် ကြေးအများဆုံး ပေးနိုင်သူက နိုင်ပါတယ်။ လေလံပွဲ စတင်ပါပြီ”

ဘုံး...

လီလင်း၏ စကားများက ခန်းမထဲတွင် ဟိန်းသံကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ သူတို့ တစ်လလုံး စောင့်စားခဲ့ရသော စိတ်လှုပ်ရှားမှုက ထွက်ပေါ်လာတော့သည်။

အခန်း-၁၄၂

မဖိတ်ဘဲလာတဲ့ဧည့်သည်။

“၈၅၀၀၀”

“၈၈၀၀၀”

“၉၀၀၀၀”

“၁၀၀၀၀၀”

“၁၁၀၀၀၀”

…

တစ်ခဏအတွင်း ဓား၏ဈေးနှုန်းက တစ်သိန်းကျော်သွားပြီဖြစ်ပြီး လီလင်းပင်လျှင် အံ့အားသင့်သွားသည်။ ရွှေရှစ်သောင်းတွင် ထိုဓားရှည်က ယခင်ကဓားဈေးထက် နှစ်ဆဖြစ်သွားပြီဖြစ်သည်။ သူတို့က လေလံဆွဲဖို့ တုံ့ဆိုင်းနေမည်ဟု လီလင်းက ထင်ခဲ့သည်။

သို့သော် ကြည့်ရသည်မှာ တစ်လစာ မျှော်လင့်စောင့်စားခြင်းက လူအုပ်၏ဆန္ဒကို ဖြည့်ဆည်းပေးနေသည်။ ထို့အပြင် သီးသန့်ဆိုသည့် အကြံက သူတို့၏ လေလံပွဲအပေါ်မှာ စိတ်ဝင်စားမှုကို တိုးမြှင့်ပေးသည်။

“၁၁၅၀၀၀”

“၁၁၈၀၀၀”

“၁၂၀၀၀၀”

…

လေလံကြေးက အလျင်အမြန် တိုးမြင့်လာပြီးနောက် ထိုကြည့်ရှုသူများကလည်း မြင်ကွင်းကို ကြည့်နေရင်း ပီတိမခံစားရဘဲ မနေနိုင်ပေ။ အဖိုးတန်ထိပ်တန်းဓားရှည်တစ်ချောင်း ရောင်းနေတာကို မြင်ရသည်မှာ နေ့တိုင်းမဟုတ်ပေ။

အပြင်မှ ဓားရှည်များသည် အများဆုံးမှ ရွှေခြောက်ရာဖြစ်သည်။ အင်ပါယာစစ်တပ်သာလျှင် ရွှေတစ်သိန်းတန် လက်နက်များကို မြင်ရနိုင်သည်။ ထိုလက်နက်များက ဈေးကြီးသော်လည်း စိတ်ဝင်စားကြသည့် လူတော်တော်များများက လွန်ခဲ့သည့် တစ်လကျော်ကတည်းက လေလံပွဲအတွက် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ပြီး အချို့က တပ်မှူးကျောက်နှင့် တပ်မှူးဟွမ်ကြားတိုက်ပွဲကို မြင်ပြီး လေလံပွဲကို တန်းလာကြတာ ဖြစ်သည်။

“အဲဒါ အရမ်းရင်ခုန်စရာ ကောင်းတယ်။ ရွှေ၁၂၀၀၀၀ အဲဒါက အရင်ကဓားဈေးထက် သုံးဆပဲ”

“အဲဓားရှည်က ဘယ်လောက်တန်လဲဆိုတာ မင်းပြောနိုင်လား။ ကုန်ကြမ်းတွေကတောင် အရင်က ဓားထက် နှစ်ဆ သုံးထားတာတဲ့။ ဒါ့အပြင် ဒါက ဆရာထုလုပ်တဲ့ ပထမဓားရှည်ပဲ။ တကယ်လို့ တစ်ယောက်ယောက်က အဲဓားရှည်ကို မကိုင်နိုင်ရင်တောင် အဲဓားရှည်ရဲ့ဈေးက အချိန်နဲ့လိုက်ပြီး ဈေးတက်လာမှာ သေချာတယ်။ ပြီးတော့ အကျိုးအမြတ်ရမှာ”

“မင်း အဲဒါကို မြင်လား။ အဲဒါက စစ်သူကြီးကျင်းက ဒီမှာပဲ။ သူက တကယ့် ဂုဏ်သိက္ခာရှိပြီး ဩဇာကြီးတဲ့ ကလန်ကပဲ။ သမိုင်းကြောင်း အရှည်ကြီးရှိတယ်။ ကျင်းကလန်က စုမျိုးဆက်ကတည်းက ထိပ်ဆုံးကလန်တွေထဲက တစ်ခုပဲ။ အဲကလန်က တခြားကလန်တွေ ယှဉ်နိုင်တဲ့ ကလန်မဟုတ်ဘူး”

“အမှန်ပဲ။ ကျင်းကလန်က တခြားကလန်တွေထက် သိုသိုသိပ်သိပ် နေပေမဲ့ တကယ်ပြောရရင် သူတို့က ခွန်အားကြီးတဲ့ကလန်ပဲ။ ရွှေ၁၂၀၀၀၀က အဲလိုကလန်အတွက်တော့ ဘာမှမဟုတ်ဘူး”

“အဲဒါ အမှန်ပဲ။ ပိုင်ကလန်လည်း ရှိသေးတယ်။ ငါ သေချာ ပြန်စဉ်းစားကြည့်ရရင် ဒီအင်ပါယာစစ်တပ်က တပ်မှူးက သူတို့ရဲ့ ခြောက်ဆက်မြောက် မျိုးဆက်မလား။ သတ္ထုရိုင်းသံမဏိဓားအတွက် တောင်းဆိုချက်က အရမ်းကောင်းမှာပဲ”

…

ခန်းမနောက်တွင် ကြည့်ရှုသူများ၏ မျက်နှာများက နီရဲတောက်နေပြီးနောက် သူတို့က လေလံဆွဲနေသူများထက် ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ ဒီလို ရုတ်ရုတ်သဲသဲဖြစ်တာကို ရွှေတစ်ဆယ်တည်းနှင့်တင် ကြည့်ရတာ တန်သည်။

အင်ပါယာစစ်တပ်တွင် မည်သူက ရွှေတစ်ဆယ်ကို စိတ်ဝင်စားသနည်း။

“၁၃၉၀၀၀”

“၁၄၀၀၀၀”

“၁၄၁၀၀၀”

“၁၄၂၀၀၀”

“၁၄၂၅၀၀”

…

လက်နက်တိုင်းအတွက် ဈေးနှုန်းအကန့်အသတ် တစ်ခုအထိ ရှိသည်။ ဈေးနှုန်းက ၁၄၀၀၀၀ ရောက်တော့ တိုးနှုန်းက နည်းလာသည်။

လူအုပ်က ဒီလက်နက်၏ တကယ့်ဈေးနှုန်းက ရွှေ၁၅၀၀၀၀နီးပါးဟု တွေးထားသည်မှာ သေချာသည်။ သို့မဟုတ် ထိုဈေးနှုန်းထက် နည်းသည်ဟု တွေးထားကြသည်။

“မဆိုးပါဘူး”

လီလင်းနောက်မှာ ထိုင်နေသည့် ကျောက်ချန်ဖန်းက ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။ ဒီဈေးနှုန်းက သူတွေးထားတာထက် ပိုများသည်။ ကြည့်ရတာ သတ္ထုရိုင်းသံမဏိဓားက အင်ပါယာစစ်တပ်ထဲတွင် အမှန်တကယ်ပင် ကျော်ကြားသည်နှင့် တူသည်။

“ဟီဟီ”

ထိုမြင်ကွင်းကို မြင်သည့်အချိန်တွင် လီလင်း မရယ်ဘဲ မနေနိုင်ခဲ့ပေ။ ထိုဈေးနှုန်းက ဈေးကြီးသည်ဟု ထင်ရသော်လည်း ဝမ်ချောင်က သူ့ကို ထိုဓားရှည်၏ ပြိုင်ဘက်ကင်းသည့် အကြောင်းကို ရှင်းပြထားသည်။ ထိုဓားရှည်အတွင်းတွင် နည်းစနစ်အသစ်တစ်ခုလုံး ပါဝင်ပြီး ထိုအရာက ဓားအဟောင်းနှင့် ယှဉ်လျှင် ထိုဓားထဲတွင် မပါသည့် နောက်ထပ် မွမ်းမံမှုများစွာ ပါဝင်သည်။

ထို့ကြောင့် လီလင်း၏ ထက်မြက်မှုက သူ့ကို ဒီဈေးထက် ပို၍ မြင့်နိုင်ကြောင်း ပြောနေသည်။

“အကုန်လုံး ပြောရရင် ကျွန်တော် ခင်ဗျားတို့ကို လက်နက်ကို အပြည့်အဝ မပြရသေးဘူး။ ဒါ့ကြောင့် ကျွန်တော့်ကို ပြသခွင့်ပြုပါ”

လီလင်းက ရုတ်တရက် ဓားရှည်၏ ဓားရိုးကို ကိုင်လိုက်ပြီး ပေါ့ပါးစွာ ဆွဲထုတ်လိုက်သည်။

ထန်..

ခမ်းနားသည့်နဂါးတစ်ကောင်၏ အော်သံက ကြည့်နေသောသူတို့၏ နှလုံးသားထဲသို့ ကြည်လင်ပြတ်သားစွာ စိမ့်ဝင်သွားသလိုပင်ဖြစ်သည်။ ထို့နောက် ခန်းမ၏ မျက်နှာကြက်ကို ဖြတ်၍ အေးစက်သော အငွေ့အသက်က ထွက်ပေါ်လာသည်။ တခဏအတွင်း အခန်းတစ်ခုလုံးရှိ အလင်းရောင်က သူတို့၏ အငွေ့အသက်များ ခိုးယူခံလိုက်ရသလိုပင် မှိန်ဖျော့သွားသည်။

ဒီအချိန်တွင် အကုန်လုံး၏ နှလုံးသားက ရုတ်တရက် ရပ်တန့်သွားသည်။ လီလင်း သူ့လက်ထဲတွင် ကိုင်လိုက်သည်က ထူးခြားစွာ ပုံသွင်းထားသည့် ဓားရှည်ဖြစ်သည်။ အဲဒါက ခုနစ်ချီရှည်သည်။ ပြီးနောက် ဓားရိုးမှ ထိပ်ဖျားထိ ထိုဓားရှည်က နှစ်လက်မထူသည်။ ဓားရှည်က အနည်းငယ်မျှသော အကွေးက ၎င်းအတွက် စွဲမက်ဖွယ်ကောင်းသော အလှတရားကို ဖြစ်ပေါ်စေသည်။

သူတို့၏ အသက်ရှုသံကို ရပ်သွားစေတာက ဓားရှည်၏ မျက်နှာပြင်ပေါ်က စီးဆင်းနေသော မြစ်နှင့် လွင့်မျောနေတဲ့ တိမ်တိုက် ပုံစံများကြောင့် ဖြစ်သည်။ မည်သူကမှ ထိုဓားရှည်၏ အလှတရားက အထွတ်အထိပ်သို့ ‌ရောက်နေသည်ဟု မပြောကြပေ။ သို့သော် တစ်ချိန်တည်းမှာပင် ထိုအရာက တုန်လှုပ်ခြောက်ခြားစေသည့် အသွင်အပြင် ပေါ်နေပြီးနောက် လီလင်း၏ ဆုပ်ကိုင်ထားရာမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။ အေးစက်ပြီး ရက်စက်သည့်ရောင်ဝါက လူအုပ်၏ နှလုံးသားကို ရိုက်ခတ်သွားသည်။

ရုတ်ရုတ်သဲသဲ ဖြစ်နေခြင်းမှ တစ်ခဏအတွင်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကျောက်ဖန်ချန်းက လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပြီး နှုတ်ခမ်းနားရောက်သည့် အချိန်တွင် သူက ဓားရှည်ကို မြင်သည့်အချိန်တွင် တောင့်သွားသည်။ အချိန်မရှိခြင်းကြောင့် သူက လီလင်း စစချင်း ယူလာချိန်တွင် သူက ကြည့်ချိန်မရလိုက်ပေ။

သူက သတ္ထုရိုင်းသံမဏိလက်နက် နှစ်လုံးဟု ထင်လိုက်ပြီး သူတို့၏ အပြင်ပိုင်းသာ ကွဲပြားသည်ဟု ထင်လိုက်သည်။ သို့သော် ဒီအချိန်တွင် ကျောက်ဖန်ချန်းသည် လီလင်းလက်ထဲမှ ထိုဓားရှည်က သူ့ဓားထက် များစွာ ကွဲပြားကြောင်း သိလိုက်ရသည်။

ပြီးတော့ ယင်းက ပုံစံသာ ကွာတာ မဟုတ်ပေ။

ရွှတ်..

ခန်းမတစ်ခုလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်ကို မြင်သော်အခါ လီလင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရွှတ်… ဓားသွားကို ညာလက်ဖြင့် ရမ်းလိုက်ပြီး လီလင်းက ဒေါင်လိုက် ခုတ်လိုက်သည်။

သူ၏ လှုပ်ရှားမှုများက မကြီးမားသောလည်း ဒီခုတ်ချက်က အံ့အားသင့်မှုများကို ယူဆောင်လာနိုင်သည်။

ဟူး..

ခန်းမထဲမှ အပူချိန်က ရုတ်တရက် ထိုးကျသွားသည်။ လီလင်း မတ်တပ်ရပ်နေသည့် ‌နေရာတွင် ကြီးမားသည့် လေလှိုင်းက ရုတ်တရက် ပေါ်ပေါက်လာသည်။ လက်ရှိအခန်းထဲမှ အေးချမ်းသောလေက လီလင်း၏ လက်ကောက်ဝတ်ကို ပေါ့ပါးစွာ လှည့်လိုက်သောကြောင့် ဖရိုဖရဲဖြစ်သွားသည်။

လေက ရေတွက်၍ မရနိုင်သည့် အပိုင်းပိုင်းအဖြစ် ခုတ်ခံလိုက်ရသလိုပင်။ ပြီးနောက် အနက်ရောင်သံမဏိစားပွဲ အနားရှိ သစ်သားအစအနများက လေပေါ်သို့ စတင် မြောက်တက်လာပြီး ရေဝဲကဲ့သို့ စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်နေသည်။

ကျောက်ဖန်းချန်း၏ ဘေးရှိ စစ်သူကြီးနှစ်ယောက်က မြင်ကွင်းတစ်ခုလုံးကို ခပ်တည်တည် ကြည့်နေသော သူတို့၏ မျက်လုံးများကို ရုတ်တရက် မှိတ်လိုက်ပြီးနောက် သူတို့၏ မျက်နှာများက ရုတ်တရက် ပြောင်းလဲသွားကြသည်။

အလွန်ထက်ရှသည်။

လီလင်း၏ကျင့်ကြံခြင်းက ဝမ်ချောင်ထက် အလွန်မြင့်မားပြီး သူ၏ဒေါင်လိုက်ခုတ်ထစ်ခြင်းသည် ဝမ်ချောင်၏ ခုတ်ထစ်ခြင်းထက် ပို၍ အားကောင်းစေသည်။

အခန်းထဲမှ လူတိုင်းသည် ကျွမ်းကျင်သူများ ဖြစ်၍ တစ်ချက်ကြည့်ရုံဖြင့် ဓားက အလွန်ချွန်ထက်သည်ကို သူတို့ ပြောနိုင်သည်။ ကျောက်ဖန်ချန်း၏ ဓားပင်လျှင် ထိုဓားနှင့် စ၍ မယှဉ်နိုင်ပေ။

“အား ငါ့ရဲ့အဝတ်တွေ”

လေလံပွဲကို တက်ရောက်နေသည့် အင်ပါယာစစ်တပ်မှ အဖွဲ့ဝင်တစ်ဦးက ရုတ်တရက် အော်လိုက်သည်။ သူ၏ ခေါင်းကို ငုံ့လိုက်ပြီး သူ၏ ချပ်ဝတ်အောက်မှ ထွက်ပေါ်လာသည့် အောက်ခံအင်္ကျီကို အံ့အားသင့်စွာ ငေးကြည့်လိုက်သည်။

ကျိုးကြောင်းမရှိစွာ သူ၏အောက်ခံအင်္ကျီက လီလင်း၏ ဓားမှ ထွက်လာသည့် လေ၏ အပိုင်းပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။

အကုန်လုံးက ခုနစ်ချီရှည်သည့် ဓားရှည်ကို ထပ်ကြည့်လိုက်ကြသော်လည်း ဒီတစ်ကြိမ်တွင် မျက်နှာထားများက ပြောင်းလဲနေသည်။

ထိုဓားရှည်က အလွန်ချွန်ထက်သည်။

ဒီလိုဓားရှည်မျိုးနှင့်ဆိုလျှင် အနည်းငယ် သန်မာသော ပြိုင်ဘက်ကို စိန်ခေါ်လျှင်ပင် ပြဿနာရှိမှ မဟုတ်ပေ။ ထိုကဲ့သို့ အစွမ်းရှိသော လက်နက်မကိုင်မီတွင် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်မည် ဖြစ်သောကြောင့် ပြိုင်ဘက်ကို သူ၏ခွန်အားအပြည့် သုံးရန်မလိုဘဲ တိုက်ခိုက်နိုင်မှာ ဖြစ်သည်။

“၁၅၀၀၀၀။ လူကြီးမင်းလီ ကျွန်တော် အဲဓားရှည်ကို ယူမယ်”

တစ်စုတစ်ယောက်က ရုတ်တရက် သူ၏ လက်ကို မြှောက်၍ အော်လိုက်သည်။

“၁၆၀၀၀၀ ကျွန်တော် အဲဒါကို လိုချင်တယ်”

“၁၆၀၀၀၀”

“၁၉၀၀၀၀”

………

သူတို့၏ အံ့အားသင့်ခြင်းမှ ပြန်လည် သက်သာလာသည်နှင့် လူအုပ်က ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုဓားရှည်သည် မထင်မှတ်နိုင်သော အရည်အသွေးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူသတ်ရန် စံပြလက်နက်တစ်ခု ဖြစ်လာခဲ့သည်။ အမှန်တကယ်ပင် ထိုဓားရှည်က သူ၏နာမည် သေခြင်းတရားချောက်နက်နှင့် လိုက်သည်။

ပို၍ အရေးကြီးသည်က ထိုဓားရှည်က ဤတွင်သာ ရနိုင်သည့်အရာ ဖြစ်သည်။

“၂၀၀၀၀၀”

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကောင်းတယ်”

လီလင်း၏မျက်နှာ နီရဲသွားသည်။ ပြီးနောက် သူက တုန်လှုပ်ချောက်ချားစွာဖြင့် လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ ယခင်က သူသည် ဓါးကို မဆွဲထုတ်ခဲ့သည့် အကြောင်းအရင်းမှာ စိတ်ဓာတ်ကျနေကြချိန်၌ လေလံပွဲ၏ အရှိန်အဟုန်ကို မြှင့်တင်ချင်သောကြောင့် ဖြစ်သည်။ ပြီးနောက် သက်ရောက်မှုက သူ့ကို စိတ်မပျက်စေပေ။

“နပေါဦး”

ရုတ်တရက် မေးစက်သော အသံက ထွက်ပေါ်လာသည်။ ထိုအသံက အလွန်ကြည်လင်ပြီး ကြီးမားသောစွမ်းအားကို သယ်ဆောင်သွားကာ ခန်းမဆောင် ခေါင်မိုးကိုပင် အနည်းငယ် တုန်ခါစေခဲ့သည်။

ရုတ်တရက် အော်သံကြောင့် ခန်းမက တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သည့် အကြည့်များက အသံထွက်ပေါ်လာရာဆီသို့ ရောက်သွားကြသည်။ ပြီးနောက် အံ့အားသင့်မှုက လူများစွာ မျက်နှာပေါ်မှ ထွက်ပေါ်လာသည်။

“လူကြီးမင်းဟွမ်”

“လူကြီးမင်းဟွမ်”

“ဗိုလ်ချုပ်ဟွမ်”

………

အရှေ့တွင် ထိုင်နေသော အင်ပါယာစစ်တပ်မှ အဖွဲ့ဝင်များ မျက်နှာတွင် ကြောက်ရွံမှုများ ပေါ်လာပြီးနောက် တချို့က မတ်တပ်ရပ်၍ ရိုသေစွာပင် အရိုအသေပေးလိုက်ကြသေးသည်။

“ဟွမ်ရှောင်ထျန်း မင်းဘာလုပ်နေတာလဲ”

ကျောက်ဖန်ချန်းက ခန်းမရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သို့သော် ကျူးကျော်သူအား မြင်သည်နှင့် သူ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားသည်။ သူ မတ်တပ်ရပ်လိုက်ပြီးနောက် အားကောင်းသော ရောင်ဝါက ကြီးမားသော ရေစီးကဲ့သို့ ထွက်ပေါ်လာသည်။

ခန်းမထဲမှ အပူချိန်က လျော့ကျသွားပြီးနောက် လေထုက ရုတ်တရက် တင်းမာလာသည်။

ယခုပင် ဝင်လာသည့် အုပ်စုထဲတွင် အသားညိုညို မုတ်ဆိတ်မွှေးများဖြင့် ပြည့်နှက်နေသည့် လူပါလာသည်။ သူက ကျောက်ဖန်ချန်း၏ ရန်သူတော် ဟွမ်ရှောင်ထျန်းဖြစ်သည်။

အထက်အရာရှိနေရာကို လုကြသော ရန်ပွဲက ကျောက်ဖန်ချန်းနှင့် ဟွမ်ရှောင်ထျန်းတို့၏ ဆက်ဆံရေးကို ရန်သူအဖြစ် ပြောင်းလဲစေပြီးနောက် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် သူတို့၏ ဆက်ဆံရေးသည် ပို၍ပင် ဆိူးရွားလာသည်။ ဟွမ်ရှောင်ထျန်းက ဒီနေရာတွင် ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။

တစ်ခဏအတွင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အကုန်လုံးက အသက်ရှုရပ်ထားကြပြီး စကားတစ်လုံးပင် မပြောရဲကြပေ။ ခန်းမထဲမှ လူများပေါ်သို့ ပြင်းထန်သည့် လေထုက ကျရောက်လာသည်။

“ဟွန့် ဘာလို့ ငါက မလာနိုင်ရမှာလဲ။ ဒီခန်းမဆောင်ကို မင်းပိုင်တာလား။ ဒါ့အပြင် မင်းက ငါ့ကို ဒီကိုဖိတ်တဲ့ တစ်ယောက် မဟုတ်ဘူးလား”

ဟွမ်ရှောင်ထျန်းက ရက်စက်သည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ ပြီးနောက် သူ၏မျက်နှာပေါ်မှ အနက်ရောင် မုတ်ဆိတ်မွှေးက သူ့ကို ကြမ်းတမ်းပုံ ပေါ်စေသည်။ သူ၏အကျင့်အရ သူတစ်ပါးကို သူသည် ယုတ္တိမတန်သည့်သူ ဖြစ်ကြောင်း ခံစားချက်မျိုး ရစေသည်။

ဝှမ်း..

သူသည် ထိုစကားများကို ပြောပြီးသည်နှင့် သူ၏ခါးကို ဆတ်ခနဲ့ လှုပ်ရှားလိုက်ပြီး သံတိုကင်က သူ၏ လက်ချောင်းများကြားတွင် ထွက်ပေါ်လာသည်။

သံတိုကင်ကို တွေ့သောအခါ ကျောက်ဖန်ချန်း၏ မျက်နှာထားက ရုတ်တရက် မသက်မသာဖြစ်သွားသည်။ သူက အလျင်အမြန် လီလင်းကို ကြည့်လိုက်သည်။

“အဲဒါ ငါမဟုတ်ဘူး။ ငါလည်း အဲအကြောင်းကို မသိဘူး”

လှည့်ကွက်က ရုတ်တရက် ဖြစ်လွန်းသည်။ ပြီးနောက် လီလင်း၏မျက်နှာထားက ကျောက်ဖန်ချန်းထက် ပိုမကောင်းပေ။ ကျောက်ဖန်ချန်းနှင့် ဟွမ်ရှောင်ထျန်းတို့ကြားရှိ ဆက်ဆံရေးသည် မီးနှင့်ရေလို ဖြစ်သည်။ ပြီးနောက် ကျောက်ဖန်ချန်း မတိုင်ခင်တွင် ဟွမ်ရှောင်ထျန်းသည်လည်း တားမြစ်ချက်တစ်ခု ဖြစ်သည်။

တစ်ဖက်လူသည် ဤနေရာ၌ သူ့ကို အရှက်ခွဲရန်နှင့် ရှုပ်ထွေးစေရန် ရောက်လာသည်မှာ သေချာပေ၏။

ဟွမ်ရှောင်ထျန်း၏ လက်ထဲမှ သံတိုကင်သည် လီလင်းကို ပြဿနာ မဖြစ်စေပေ။ သူက ကျောက်ဖန်ချန်းနှင့် တစ်လှေတည်းစီးသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဤလေလံပွဲကို သူ စီစဉ်ထားတာ ဖြစ်သည်။ မည်သည့်အရူးက ကိုယ့်လေလံပွဲကို ကိုယ်ဖျက်ဆီးမည်နည်း။

ရွှတ်..

လီလင်း ခေါင်းခါလိုက်သည်ကို မြင်ပြီးနောက် ကျောက်ဖန်ချန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် သူ၏မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ ထိုအကြောင်းကို တွေးကြည့်လျှင် ဟွမ်ရှောင်ထျန်းသည် သံတိုကင် ရရန်မှာ မခက်ခဲပေ။ ပြီးနောက် တစ်ဖက်လူ၏ နောက်လိုက် အရေအတွက်က သူ့ကို မကြောက်လန့်စေပေ။

“ဟွမ်ရှောင်ထျန်း မင်း ဘာလုပ်ချင်တာလဲ။ ဒါက မင်းရဲ့လေ့ကျင့်ရေးကွင်း မဟုတ်ဘူးနော်”

“စစ်သူကြီးဟွမ် အတင်း ကမူးရှူးထိုး မလုပ်ပါနဲ့”

“ဒီမှာ သေချာကြည့်ပါဦး။ ဒီလေလံပွဲက လူကြီးမင်းကျောက်နဲ့ လီလင်းတို့ စီစဉ်တာ ဖြစ်ပေမဲ့ ဝယ်သူတွေက ငါတို့ ညီအစ်ကိုတွေပဲ။ မင်းတို့ အရှုပ်အရှင်းဖြစ်အောင် လုပ်ရဲရင် အဲဒါက ငါတို့အားလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲ”

ကျောက်ဖန်ချန်း ဘေးရှိ တပ်မှူးနှစ်ယောက်ကလည်း မတ်တပ်ရပ်လိုက်ကြသည်။

ကျောက်ဖန်ချန်းက အထက်အရာရှိရွေးချယ်ပွဲတွင် နိုင်လျှင်ပင် ဟွမ်ရှောင်ထျန်း၏ လွှမ်းမိုးမှုသည် အလွန် ကြီးမားသေးသည်။ သူ၏ကျရှုံးမှု ဖြစ်သော်ငြား သူက ဒုတိယအထက်အရာရှိ နေရာကို ရနိုင်ခဲ့သေးသည်။

ထို့ကြောင့် မည်သူမှ အဝေးကြီး မသွားရဲကြပေ။

“ဟွန့်။ အဲဒါက ငါတို့ ညီအစ်ကိုတွေအတွက် ငါ ဒီနေ့ ဒီမှာ ရှိနေတာ။ ငါ မင်း ငါ့ညီအစ်ကိုတွေရဲ့ ပိုက်ဆံတွေကို ကလိမ်ကကျစ် လုပ်နေတာကို ဒီအတိုင်း ရိုးရိုးရှင်းရှင်း ထိုင်မကြည့်နိုင်ဘူး”

အေးစက်သည့် မျက်နှာထားဖြင့် ဟွမ်ရှောင်ထျန်းသည် ရိုင်းစိုင်းစွာ အော်ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူက ခန်းမအလယ်သို့ လာခဲ့သည်။

“မင်းနာမည်က လီလင်းလား”

လီလင်းဆီသို့ သွားပြီးနောက် ဟွမ်ရှောင်ထျန်းက မျက်မှောင် ကြုတ်လိုက်သည်။ သူ၏ အထင်သေးသည့် နှုတ်ခမ်းများမှ အေးစက်သည့် စကားလုံးများ ပြောခဲ့သည်။ ပြီးနောက် သူက သူ၏အသံကိုပင် မထိန်းချုပ်ခဲ့ပေ။

“မင်းမှာ ကျောက်ဖန်ချန်းနောက်ကို လိုက်ဖို့ တကယ်ကောင်းတဲ့ အမြင်ရှိတာပဲ။ မင်း အင်ပါယာစစ်တပ်ထဲမှာ ကောင်းတဲ့အရာတွေ ရပါစေလို့ ငါမျှော်လင့်ပါတယ်”

“ဟွမ်ရှောင်ထျန်း မင်း ဘယ်လိုလုပ်ပြီးတော့ အဲလောက် သတ္တိရှိနေတာလဲ”

စားပွဲကို ထုတ်လိုက်ပြီး ကျောက်ဖန်ချန်းက ဒေါသချောင်းချောင်း ထွက်သွားသည်။

တစ်ဖက်တွင်မူ ဟွမ်ရှောင်ထျန်းက သူ့မျက်နှာတွင် ခြိမ်းခြောက်မှုပေါ်နေပြီး လီလင်း၏ မျက်နှာထားမှာလည်း ဆိုးရွားလှသည်။

အင်ပါယာစစ်တပ်ထဲတွင် သူ၏ရာထူးက ဝမ်ချောင်၏ သတ္ထုရိုင်းသံမဏိဓားကြောင့် အလွန်မြင့်တက်သွားသော်ငြား သူက ဟွမ်ရှောင်ထျန်းနှင့် ကျောက်ဖန်ချန်းတို့၏ ပြိုင်ဘက် မဟုတ်သေးပေ။

ဟွမ်ရှောင်ထျန်း သို့မဟုတ် ကျောက်ဖန်ချန်းပင်ဖြစ်ဖြစ် သူတို့တွင် ကြီးမားသည့် ဆက်သွယ်မှုများနှင့် အားကောင်းသည့် နောက်ခံရှိကြသည်။ လီလင်းတွင် တစ်ချိန်က ထိုကိစ္စကို လျှို့ဝှက်စွာ စမ်းစစ်ခဲ့ပြီး သူ၏စုံစမ်းမှုက မရည်ရွယ်ဘဲ တော်ဝင်နန်းတော်၏ နက်နဲသည့်နေရာသို့ ရောက်သွားသည်။ ကြောက်ရွံ့မှုက သူ့အား ခြောက်လှန့်ခဲ့သောကြောင့် သူ ဆက်၍ မစုံစမ်းရဲတော့ပေ။

ဤမျှ အတိုင်းအတာရှိသည့် အုပ်စုကွဲမှုက ရယ်စရာကိစ္စ မဟုတ်ပေ။

သူတို့၏ ရန်ပွဲအတွင်းတွင် သူက ပုဇွန်ငယ်လေးတစ်ကောင်သာ ဖြစ်သည်ကို လီလင်းက သိသည်။ အကယ်၍ သူက ဝမ်ကလန်၏သမက်ဟူသည့် နောက်ခံသာ မရှိလျှင် ယခင်က ကျောက်ဖန်ချန်းအား သတ္ထုရိုင်းသံမဏိဓားကို ပြသခဲ့သည့်အတွက် ဟွမ်ရှောင်ထျန်း၏ ကြောက်စရာကောင်းသော လွှမ်းမိုးမှုက သူ့အား ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

အခန်း-၁၄၃

ယခင်က ကိစ္စရပ်များ

“လူကြီးမင်းဟွမ် ဒါက နဂါးတံလျှပ် မဟုတ်ဘူး။ ဒီမှာ ကြည့်နေကြတဲ့ ညီအစ်ကိုတွေ အများကြီးရှိတယ်။ ကျေးဇူးပြုပြီး နည်းနည်းပါးပါး လေးစားပါဦး”

ထိုအချိန်တွင် လီလင်းက ရုတ်တရက် ပြောလိုက်သည်။

သူ၏စကားများက ချက်ချင်းပင် လူအုပ်ကြားထဲတွင် ဟိန်းသွားပြီး ကျောက်ဖန်ချန်းပင်လျှင် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

“လီလင်း မင်းငါ့ကို အဲ့လို ပြောရဲတယ်ပေါ့”

ဟွမ်ရှောင်ထျန်းက လီလင်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ဂိတ်စောင့်တပ်မှူးလီလင်းက သူ့အား လူအများကြီးရှေ့တွင် ဝေဖန်ရဲမည်ဟု သူမထင်မှတ်ထားပေ။

“လူကြီးမင်းဟွမ် ကျွန်တော် ထပ်ပြောပါ့မယ်။ ဒါက နဂါးတံလျှပ် မဟုတ်ဘူး။ ပြီးတော့ တကယ်လို့ လူကြီးမင်းဟွမ်က ပြဿနာရှာချင်နေတယ်ဆိုရင် ကျွန်တော် လူကြီးမင်းကို ထွက်သွားဖို့ တောင်းဆိုရလိမ့်မယ်”

လီလင်းသည် ဟွမ်ရှောင်ထျန်းအား ကြောက်ရွံ့မှုကင်းမဲ့စွာ ကြမ်းကြုတ်ရက်စက်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏စကားများကို ပြန်ပြောလိုက်သည်။

ခန်းမထဲတွင် ကျောက်ဖန်ချန်းဘေးမှ စစ်သူကြီးနှစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး လီလင်းကို စိတ်လျှော့ဖို့ စည်းရုံးလိုက်သည်။ ဟွမ်ရှောင်ထျန်းနှင့် ရန်သူဖြစ်ရန် ဆုံးဖြတ်သည်က အကြံကောင်း မဟုတ်ပေ။

သို့သော် ကျောက်ဖန်ချန်းက လက်ခါပြပြီး သူတို့ကို တားလိုက်သည်။

ကျောက်ဖန်ချန်းသည် သူ၏အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီးနောက် သူက လီလင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူ၏ခေါင်းထဲတွင် အတွေးများစွာ ဝင်ရောက်လာသည်။ သူသည် လီလင်း၏ နောက်ခံကို စုံစမ်းပြီးနောက် လက်ရှိတွင် ပြောစရာတစ်ခု ရှိလာသည်။

လီလင်း၏ ပင်ကိုယ်စရိုက်သည် သူရဲဘောကြောင်သည့် ချို့ယွင်းချက်တစ်ခု ရှိသည်။ သူသည် မြောက်ဂိတ်တွင် တပ်မှူးတစ်ယောက်အနေဖြင့် အချိန်များစွာ ရှိနေခဲ့သည့်အချက်က ထိုသို့ ဆိုနိုင်ပေသည်။

ထို့ကြောင့် ကျောက်ဖန်ချန်းသည် လီလင်းအပေါ်တွင် အများအပြား မမျှော်လင့်ထားပေ။ သူသည် သူ့ကို အဆင့်နိမ့် တပ်မှူးတစ်ယောက်အဖြစ် ရာထူးတိုးပေးခြင်းက ကျေးဇူးဆပ်ရန် လုံလောက်ထက် ပိုသည်ဟု ခံစားမိခဲ့သည်။

သို့သော် ထိုကြောက်တတ်သောလီလင်းသည် ဟွမ်ရှောင်ထျန်းကို လူများစွာ ရှေ့တွင် ပြန်ပြောရဲသည်။ ၎င်းက သူ တွေးထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။

ကျောက်ဖန်ချန်းသည် လီလင်းကို ကြည့်လိုက်ရင်း သူ့တွင် ပြောင်းလဲမှုတချို့ရှိမှန်း ရုတ်တရက် သတိထားမိသည်။

“ကြည့်ရတာ သူက အရင်ကနဲ့ တကယ်ပဲ မတူတော့ဘူး ထင်တယ်”

ကျောက်ဖန်ချန်း၏ မျက်လုံးများ ကျယ်သွားကာ သူ၏ခေါင်းထဲတွင် လီလင်းနှင့် ပတ်သက်သည့် အတွေးသစ်များ ရုတ်တရက် ရောက်လာသည်။

ဟွမ်ရှောင်ထျန်း၏ မျက်လုံးများက နှင်းခဲများကဲ့သို့ အေးစက်နေသည်။ ထိုအကြည့်များကသာ လူသတ်နိုင်လျှင် လီလင်း မရေမတွက်နိုင်အောင် သေပြီးလောက်ပြီ ဖြစ်သည်။ ဟွမ်ရှောင်ထျန်းက သူ့ကို စော်ကားသည့် သူများအပေါ်တွင် အလျှော့မပေးပေ။

သို့သော် ဟွမ်ရှောင်ထျန်းက နောက်ဆုံးတွင် ဘာမှမလုပ်ပေ။

“ဟွန့် မင်းက မိန်းမတစ်ယောက်ကြောင့် ဒီနေရာကို ရောက်လာတဲ့ အမှိုက်သာသာပဲ။ ငါ မင်းကို နယ်စားကျိုးအတွက်နဲ့ ချမ်းသာပေးလိုက်မယ်”

ဖောင်း… မိုးကြိုးပစ်သွားသကဲ့သို့ ဟွမ်ရှောင်ထျန်း၏လက်က လှစ်ခနဲ လီလင်း၏ လက်ထဲမှ သေခြင်းတရားချောက်နက်ကို လှမ်းဆွဲယူလိုက်သည်။

ဘုံး.. လီလင်း မတုံ့ပြန်နိုင်ခင်မှာပင် သူသည် ကြီးမားသည့်အားကြောင့် နောက်သို့ ဆုတ်သွားရသည်။ သူက နောက်သို့ ခြေလှမ်းများစွာ မဆုတ်ခင် သူ့ကိုယ်သူ ပြန်၍ ထိန်းလိုက်ရသည်။ လီလင်း၏မျက်နှာသည် လုံးဝ နီရဲနေသည်။

အင်ပါယာစစ်တပ်ထဲတွင် လီလင်းက ကျွန်းကျင်သူတစ်ဦးဟု သတ်မှတ်လို့ရသည်။ သို့သော် သူက ဟွမ်ရှောင်ထျန်း လုပ်ဆောင်နိုင်သည်များကို မီရန်မှာ အကွာအဝေးတစ်ခု လိုအပ်သေး၏။

ဟွမ်ရှောင်ထျန်းသည် ကျောက်ဖန်ချန်းကို ရှုံးသွားသော်လည်း သူသည် အင်ပါယာစစ်တပ်ထဲတွင် အထက်တန်းအရာရှိ သုံးယောက်အောက်မှ နံပတ်တစ်ကျွမ်းကျင်သူ ဖြစ်နေသေးသည်။

လီလင်းက သူ၏ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။

“ညီအစ်ကိုတို့ ငါ ဒီမှာ ငါ့ရဲ့သီးသန့် မကျေနပ်မှုကို ဖြေရှင်းဖို့ လာတာ မဟုတ်ဘူး။ ငါ ဒီကို ဘာလို့လာရတာလဲ ဆိုတော့ ငါတို့ ညီအစ်ကိုတွေရဲ့ ပိုက်ဆံတွေကို လိမ်ပြီး ယူနေတဲ့ ဒီလူတွေကို သည်းမခံနိုင်တော့လို့ပဲ”

လှုပ်ရှားမှု အနည်းငယ်ဖြင့် ဟွမ်ရှောင်ထျန်းက လီလင်း၏ လက်ထဲမှ သေခြင်းတရားချောက်နက်ကို ခိုးယူလိုက်သည်။ ဓားရိုးကို သူ၏ညာလက်ဖြင့် ကိုင်လိုက်ပြီး သူက ဖြည်းညင်းစွာဖြင့် ခန်းမဘက်သို့ လှည့်လိုက်သည်။

အအေးဓာတ်က လေထုကို ဖြတ်ကျော်ပြီး လူထုကို မူးဝေစေသည်။ သို့သော် ဟွမ်ရှောင်ထျန်းက ထိုဓားရှည်က တန်ဖိုးမရှိသည့် သံအပိုင်းအစတစ်ခုကဲ့သို့ သေခြင်းတရားချောက်နက်ကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။

“ဟွမ်ရှောင်ထျန်း မင်းဘာလုပ်ချင်တာလဲ”

ကျောင်းချန်ဖန်းက အေးစက်စွာ အော်ပြောလိုက်သည်။

“ဟွန့် ငါ့ရဲ့ရည်ရွယ်ချက်ကို ငါ ပြောပြီးပြီ မဟုတ်လား။ ငါ မင်း ငါတို့ ညီအစ်ကိုတွေကို လှည့်စားနေတာကို မကြည့်ရက်လို့ မင်းတို့ အကုန်လုံးကို လာပြီး ဖော်ထုတ်တာပဲ”

ဟွမ်ရှောင်ထျန်းက ကျောက်ဖန်ချန်းဘက်ကို လှည့်ပြီး အေးစက်စွာ ငေါ့လိုက်သည်။ သူ့ဘေးတွင် ခမ်းနားသည့် ရောင်ဝါက ထွက်ပေါ်နေပြီး လူတိုင်း၏အာရုံကို ဖမ်းစားနေသည်။

“လက်နက်က ပိုမာလေလေ ပိုကျိုးလွယ်လေလေပဲ။ ကျောက်ဖန်ချန်းနဲ့ လီလင်း မင်းတို့နှစ်ယောက်လုံး ဒီနိယာမကို သိမှာပဲ။ သုံးချီရှည်တဲ့ ဘယ်လက်နက်မဆို လွယ်လွယ်ကျိုးနိုင်တယ်။ ပြီးတော့ ဒီဓားရှည်က အဲ့ထက်တောင် ပိုရှည်နေသေးတယ်။ ဒါ့ကြောင့် ဘယ်ပန်းပဲဆရာမဆို သုံးချီထက် ရှည်တဲ့ဓားကို သိပ်မလုပ်ကြတာပဲ။ လေးချီကတောင် ဈေးထဲမှာ ရှားတယ်။ ဒီခုနစ်ချီရှိတဲ့ လက်နက်က ဘာကြီးလဲ။ မင်း ငါတို့ အကုန်လုံးကို အရူးလုပ်ဖို့ စဉ်းစားနေတာလား”

(၃ချီ-> ၁မီတာ/ ၄ချီ-> ၁.၃၃မီတာ/ ၇ချီ->၂,၃၃မီတာ)

အားလုံးသည် သတ္ထုရိုင်းသံမဏိ၏ နာမည်ဖြင့် လာရောက်ကြခြင်း ဖြစ်သည်။ ကျောက်ဖန်ချန်းက ဤနေရာတွင် ရှိနေပြီးနောက် လက်နက်က မထုတ်ဖော်ပြသေးတာ ကြာပြီဖြစ်၍ မည်သူကမှ ဤပြဿနာကို ထည့်၍ မစဉ်းစားဖြစ်ကြပေ။

ဟွမ်ရှောင်ထျန်းက ထိုပြဿနာကို ပြောလိုက်သည်နှင့် လူတိုင်းက သတိပြန်ရလာကြသည်။ လက်နက်က ပို၍ မာလေလေ ပို၍ကျိုးလွယ်လေလေဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤနေရာရှိ လူအုပ်ကြီးက ဓားပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိပ်မသိကြသော်လည်း ယင်းက သာမာန်ဗဟုသုတ ဖြစ်သည်။

ထို့ကြောင့် ပင်မကျွန်းစုထဲတွင် လှံ၊ ပုဆိန်နှင့် ထိုကဲ့သို့ အရာများမှလွဲ၍ လေးချီထက်ရှည်သည့် လက်နက်များကို မည်သူမှ မထုလုပ်ခြင်း ဖြစ်သည်။ သို့သော် ထိုလက်နက်များသည် စစ်ပွဲများအတွက်သာ ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး သူတို့က ထိုမျှဈေးမကြီးပေ။ ထိုလက်နက် အများအပြားက ကြီးမြတ်သော ထန်နိုင်ငံတော်၏ စစ်တပ်လက်နက် သိုလှောင်ရုံတွင် ရှိသည်။ တစ်ခုကျိုးလျှင် သူတို့က နောက်တစ်ခု ယူလိုက်ရုံသာ ဖြစ်သည်။

သို့သော် ဓါးများနှင့် ဓားရှည်များက ကွဲပြားသည်။ မည်သူမှ ကျိုးလွယ်သည့် ဓားရှည်မျိုးကို မဝယ်ချင် သို့မဟုတ် မသုံးချင်ကြပေ။

“လူကြီးမင်းဟွမ်ရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်”

“တကယ်ပဲ ဒီဓားရှည်က နည်းနည်း ရှည်နေတယ်”

…

အင်ပါယာစစ်တပ်မှ တပ်မှူးများက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အစတွင် သူတို့သည် ဟွမ်ရှောင်ထျန်း၏ ရုတ်တရက် ထွက်ပေါ်လာသည် ကျောက်ဖန်ချန်းကို အရှက်ခွဲရန် ရောက်လာခြင်းဟု ထင်ကြပြီး မကျေမနပ်ဖြစ်နေကြသည်။

သို့သော် ယခုအချိန်တွင် သူတို့က ရုတ်တရက် သူ၏စကားလုံးများက ကျိုးကြောင်းဆီလျော်မှန်း လက်ခံကြသည်။

“ဟမ့်… ဟမ့်”

သေခြင်းတရားချောက်နက်ကို လေထဲတွင် မြှောက်လိုက်လျှင် ကြည့်လို့လှသည်။ ဟွမ်ရှောင်ထျန်းသည် လူအုပ်၏ အေးစက်စွာ ငေါ့နေကြသည့် မျက်နှာထားကို အကဲခတ်နေသည်။

တစ်ဖက်တွင် ကျောက်ဖန်ချန်းနှင့် လီလင်း၏ မျက်နှာက မည်းမှောင်နေသည်။

ဝမ်ချောင်၏ သတ္ထုရိုင်းသံမဏိဓားက ကျောက်ဖန်ချန်းက ဟွမ်ရှောင်ထျန်းကို အနိုင်ယူရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပြီးနောက် အထက်အရာရှိဖြစ်လာပြီး သူက လီလင်းနှင့် ဝမ်ချောင်တို့ကို လုံးဝ ယုံကြည်သွားသည်။

တစ်ဖက်တွင် လီလင်းက ဝမ်ချောင်ကို သူ၏တူဖြစ်သောကြောင့် အပြည့်အဝယုံကြည်သည်။

ထို့ကြောင့် သူတို့ နှစ်ယောက်လုံးက မသိမသာဖြင့် ဓားရှည်၏ အခြေခံအားနည်းချက်ကို လျစ်လျူရူမိကြသည်။ ဟွမ်ရှောင်ထျန်း၏ စကားများကို ကြားပြီးနောက် သူတို့က ရုတ်တရက် ထိုပြဿနာကို သတိရသွားကြသည်။

မာကျောသည့်ဓားက ဆတ်ဆတ်ထိမခံသည်မှာ သာမာန်သာ ဖြစ်သည်။ ဟွမ်ရှောင်ထျန်းက လုံးဝ အကျိုးအကြောင်း မရှိသည်တော့ မဟုတ်ပေ။

“လီလင်း…”

ကျောက်ဖန်ချန်း၏ ပထမဆုံးအတွေးက လီလင်းကို ထိုအကြောင်း မေးဖို့ဖြစ်သော်လည်း ထိုအတွေးက သူ၏ခေါင်းထဲတွင် ပေါ်လာသည်နှင့် ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။ ထိုအကြောင်းကို မေးရန်း နောက်ကျသွားပြီဖြစ်ပြီး ထိုကြီးမားသည့် လူအုပ်ရှေ့တွင် ပိုဆိုးသည်။

ထို့ပြင် အကယ်၍ ဓားနှင့် ပတ်သက်ပြီး တစ်ခုခု ဖြစ်လျှင် ဤမျှကြီးမားသော လူအုပ်ကြီးနှင့် ဟွမ်ရှောင်ထျန်း၏ ဝင်ရောက် စွက်ဖက်မှုအောက်တွင် ၎င်းတို့၏ ဂုဏ်သတင်းသည် ချက်ချင်းပင်လျှင် ရေမြောင်းထဲ ရောက်သွားမှာ ဖြစ်၏။

ထိုမျှ သူတို့၏ ညီအစ်ကိုများကို လှည့်စားရဲသည်။ သူတို့သည် အင်ပါယာစစ်တပ်တစ်ခုလုံးတွင် သူတို့၏နေရာများ ဆုံးရှုံးသွားကြမှာ ဖြစ်သည်။

ထိုအတွေးက သူတို့၏ခေါင်းထဲတွင် ထွက်ပေါ်လာသည်နှင့် သူတို့နှစ်ယောက်၏ မျက်နှာများက ညှိုးနွမ်းသွားကြသည်။

သို့သော် ယခုအချိန်တွင် သူတို့က နောက်ဆုတ်၍လည်း မရတော့ပေ။

“ချောင်အာ မင်း အခုအချိန်တွင် တလွဲတချော် ဖြစ်လို့မရဘူးနော်”

လီလင်း၏နှလုံးသားက သူ၏ရင်ဘတ်ထဲမှ ထွက်သွားတော့မလိုပင်။

သေခြင်းတရားချောက်နက်ကို ဟွမ်ရှောင်ထျန်းဆီမှ မည်သို့ ပြန်ယူရမှန်း ကြံစည်ချိန်မရပေ။ ခန်းမအလယ်တွင် မတ်တပ်ရပ်ရင်း သူဘေးမှ အကြည့်များက တဖြည်းဖြည်း ရန်လိုမှုအဖြစ် ပြောင်းလဲလာသည်ကို သူ ခံစားမိလိုက်သည်။

တစ်ဖက်လူက သူ၏တူဖြစ်သည်။ လီလင်းက ဝင်ပြောခွင့်ရမည် ဆိုလျှင်တောင် သူက စကားတစ်ခွန်းပင် မပြောရဲပေ။

“ညီအစ်ကိုတို့ လက်နက်တစ်ခုအတွက် ထက်မြက်မှုတစ်ခုတည်း ရှိမှာ မဟုတ်ဘူး။ ဒီလက်နက်က အပေါ်ယံမှာ ကြော့ရှင်းပေမဲ့ တကယ်တော့ ဒါက တန်ဖိုးမရှိတဲ့ သံအပိုင်းအစတစ်ခုပဲ။ ဒီနေ့ ငါ မင်းတို့ အားလုံးကို မင်းတို့ကိုယ်တိုင် ဒီသေခြင်းတရားချောက်နက်က မင်းတို့ရဲ့ကံကြမ္မာကို ပုံအပ်လို့ရမရ ပြမယ်”

ဟွမ်ရှောင်ထျန်းက ထိုစကားများကို ပြောပြီးသည်နှင့် ခုနစ်ချီရှည်လျားသည့် သေခြင်းတရားချောက်နက်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်လိုက်ပြီး တစ်ခြားတစ်ဖက်ဖြင့် ကွေးလိုက်သည်။ ပြီးနောက် မိုးကြိုးပစ်သလို ပစ်ချလိုက်သည်။

တောင်.. ဟူး.. ဟူး..။

လေနှင့်မိုးကြိုး တိုက်ခတ်သံတို့က တဟုန်းဟုန်း မြည်နေပြီးနောက် ဟွမ်ရှောင်ထန်း၏လက်ချောင်းမှ ရုတ်တရက် ကြယ်တံခွန် ပေါက်ကွဲသွားသကဲ့သို့ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ယင်းက မူလစွမ်းအင်ကို အသုံးပြု၍ ပြုလုပ်လိုက်ခြင်း ဖြစ်သော်လည်း ဤဓားက မကျိုးပဲ့နိုင်သည့်အရာကဲ့သို့ ဒူပေဒဏ်ပေခံနေသည်။

“မပြိုလဲနိုင်တဲ့ မုန်တိုင်းလက်ချောင်း”

ထိုသိုင်းကွက်က ဟွမ်ရှောင်ထျန်း၏ အင်အားအကောင်းဆုံး တိုက်ကွက်ဖြစ်သည်။ ထိုသိုင်းကွက်ဖြင့် သူ၏ လက်ချောင်းတစ်ချောင်းတည်းတွင် ခွန်အားအားလုံးကို စုစည်းပြီး ထိုလက်ချောင်းကို အင်အားပြည့် သန်မလာစေသည်။

လက်တစ်ချောင်းတည်းဖြင့် ဟွမ်ရှောင်ထျန်းသည် လက်နက်ရှိပြိုင်ဘက်ကို လက်ဗလာဖြင့် အနိုင်တိုက်နိုင်သည်။ သူတို့ မည်မျှ အစွမ်းထက်သော လက်နက်ကို ကိုင်ဆိုင်ထားပါစေ ဟွမ်ရှောင်ထျန်းက သူတို့ကို လက်ဗလာဖြင့် တိုက်နိုင်သည်။

အမှန်တကယ်တော့ ဟွမ်ရှောင်ထျန်းဟာ ထိပ်တန်းကျွမ်းကျင်သူ ဓားသမားအဖြစ် စံချိန်ချိုးခဲ့ဖူးသည်။

ယခင်က ဟွမ်ရှောင်ထျန်း တာဝန်ဖြင့်သွားစဉ် သူက ကျန့်များစွာ မြင့်မားသော် ရွှမ်ဝူချောက်ကမ်းပါး တောင်တန်းတစ်ခုကို ဖြတ်သွားရင်း တွေ့ခဲ့သည်။

ချောက်ကမ်းပါးကြီး တစ်ခုလုံးသည် အမှန်တကယ်ပင် ရွှမ်ဝူကျောက်တုံးဖြင့် မြှုပ်ဝင်နေခြင်း ဖြစ်သည်။

ဟွမ်ရှောင်ထျန်း၏ လုပ်ဖော်ကိုင်ဘက်က သူ့အား ရွမ်ဝူကျောက်တုံးကို မုန်တိုင်းလက်ချောင်းဖြင့် ခွဲနိုင်မလားဟု မေးပြီး ရယ်မောကာ စိန်ခေါ်ဖူးသည်။ ဟွမ်ရှောင်ထျန်းက ပေါ့ပါးသော အပြုံးဖြင့် ကျောက်တုံးပေါ် တက်လိုက်ပြီးနောက် မကြာခင်တွင် ကျောက်တုံးတစ်ခုလုံးက အပိုင်းအစများအဖြစ် ပြိုကွဲသွားရသည်။

ထိုအဖြစ်အပျက်က အင်ပါယာစစ်တပ်အတွင်းတွင် အလွန်တရာ နာမည်ကြီးလာသည်။ ဆယ်စုနှစ်တစ်ခု ကြာပြီးနောက်တွင်တောင် လူတွေက ဟွမ်ရှောင်ထျန်းအကြောင်း ပြောသည့်အခါတွင် ထိုအဖြစ်အပျက်ကို ထည့်ပြောနေကြသေးသည်။

လက်နက်အနည်းငယ်သာ ဟွမ်ရှောင်ထျန်း၏ မပြိုလဲနိုင်တဲ့ မုန်တိုင်းလက်ချောင်းကို တောင့်ခံနိုင်သည်။ အနည်းဆုံးတော့ ဤခုနှစ်ချီရှည်သည့် ဓားရှည်က သူ၏တိုက်ခိုက်မှုအောက်တွင် တောင့်ခံနိုင်မည်ဟု မထင်ပေ။

“ခဏစောင့်ဦး”

ကျောက်ဖန်ချန်းသည် သူ့ကို ရပ်ရန် အလျင်အမြန် ပြောလိုက်သော်လည်း သိပ်နောက်ကျသွားပြီဖြစ်သည်။

ဟောင် လောင် လောင်..

မုန်တိုင်းကျသံက ခန်းမထဲတွင် ဆူညံသွားပြီးနောက် ခဏအကြာတွင် မရေမတွက်နိုင်သည့် မိုးကြိုးများက ခန်းမထဲတွင် ပစ်နေသကဲ့သို့ ရှိ၏။

တစ်ခဏလောက် အချိန်က ရပ်တန့်သွားသကဲ့သို့ပင်။

ဟူး..

လေများ တဟုန်ထိုး တိုက်ခိုက်လာပြီး သေခြင်းတရားချောက်နက်ဆီသို့ ဦးတည် တိုက်ခတ်လာသကဲ့သို့ ဟွမ်ရှောင်ထျန်း၏ အားပြင်းသော လေစီးကြောင်းများက လက်ချောင်းနှင့် အတူပါလာသည်။ ဟွမ်ရှောင်ထျန်း၏ လက်ချောင်းက ဓားရှည်ဆီသို့ တစ်လက်မချင်းဆီ နီးကပ်လာ၏။ လူတိုင်း၏နှလုံးသားက သူတို့၏ လည်ချောင်းသို့ တဖြည်းဖြည်း တိုးလာခဲ့သည်။ လေထုက အလွန်တင်းမာလာသည်။

အကုန်လုံးက ဟွမ်ရှောင်ထျန်း၏လက်ချောင်းက ချောက်ကမ်းပါးကို ပင်လျှင် ဖြိုချနိုင်မှန်း သိသည်။ ထို့ကြောင့် ထိုအားက ပုံမှန်စံနှုန်းများဖြင့် တိုင်းတာ၍ မရပေ။ ထို့ပြင် ဤတောက်ချက်က သူ၏ခွန်အားအပြည့် ပါဝင်သည်။

သေဆုံးခြင်းချော်နက်က သည်တောက်ချက်ကို ခံနိုင်မခံနိုင် မည်သူမှ မသိပေ။

ဟောင် လောင်..

နောက်ဆုံးတွင် ဟွမ်ရှောင်ထျန်း၏လက်ချောင်းက ဓား၏သုံးပုံတစ်ပုံအပိုင်းကို ထိသွားသည်။ ခန်းမက ကြယ်တံခွန်များစွာ လာတိုက်ခံရသကဲ့သို့ ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။ တစ်ချိန်တည်းမှာပင် ဓားရှည်က အလွန် လှုပ်ခါသွားပြီးနောက် ဓားရှည်မှ အသံက ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင် လူတိုင်း ကြက်သေသေ သွားကြသည်။

ဟွမ်ရှောင်ထျန်း၏ မပြိုလဲနိုင်သော မုန်တိုင်းလက်ချောင်းတိုက်ကွက်၏ ခွန်အားအပြည့်ကို ခံလိုက်ရသော်လည်း ခုနစ်ချီရှည်သည့် သတ္ထုရိုင်းသံမဏိဓားရှည်သည် မထိခိုက်သလိုပင် ဖြစ်နေသည်။

“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ထိုအချိန်တွင် ဟွမ်ရှောင်ထျန်းထက် မည်သူမှ ပို၍ အံ့အားမသင့်ပေ။

မပြိုလဲနိုင်သော မုန်တိုင်းလက်ချောင်းက မယှဉ်နိုင်သည့်ခွန်အား ပါရှိပြီးနောက် ထိုသိုင်းကွက်ဖြင့် သူက မရေမတွက်နိုင်သည့် ခွန်အားကြီးသည့်လက်နက်များကို ချိုးခဲ့ပြီးဖြစ်သည်။ ၎င်းသိုင်းကွက်၏ ဒဏ်ကို ခံနိုင်သော လက်နက်က အလွန်ရှားပါးသည်။

ထို့ပြင် ဒီခုနစ်ချီရှည်သည့်ဓားရှည်က ကျိုးလေ့ရှိသော အခြေအနေအတွက် အထူးဖြစ်သည်။ သူသည် လက်နက်၏ သုံးပုံတစ်ပုံနေရာကို တောက်လိုက်လျှင် ထိုလက်နက်သည် မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ် ကျိုးသွားသင့်သည်။

ခုနစ်ချီရှည်တဲ့ လက်နက်တစ်ခုက ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းက မဖြစ်နိုင်ပေ။

“မဖြစ်နိုင်ဘူး”

လျင်မြန်စွာနှင့် အားပြင်းစွာ ဟွမ်‌ေရှောင်ထျန်းက ထပ်၍ တောက်လိုက်သည်။

ဟောင် လောင် လောင်..

မြေပြင်က တုန်လှုပ်သွားသော်လည်း ဟွမ်ရှောင်ထျန်း လက်ထဲရှိ ခုနစ်ချီရှည်လျားသော သေခြင်းတရားချောက်နက်က လုံးဝ ထိခိုက်မှု မရှိသလိုပင်။ တစ်ခဏအတွင်း ဟွမ်ရှောင်ထျန်း၏ မျက်နှာ ဖြူဖျော့သွားသသည်။

ဟွမ်ရှောင်ထျန်းက လက်ညှိုးကို ကွေးလိုက်ပြီး တတိယအကြိမ် တောက်ဖို့ လုပ်သော်လည်း ကျောက်ဖန်ချန်းက နောက်ဆုံးတွင် သူ၏သည်းခံမှုနောက်ဆုံး အတိုင်းအတာသို့ ရောက်သွားပြီဖြစ်သည်။

“ဟွမ်ရှောင်ထျန်း မင်း အခုရပ်သင့်ပြီထင်တယ်”

ကျောက်ဖန်ချန်းက အော်ပြောလိုက်သည်။

“တကယ်လို့ မင်းအခု မရပ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

သူ၏ညာလက်ကို သတ္ထုရိုင်းသံမဏိဓားပေါ်နှင့် ဘယ်ဘက်ခါးတွင် ထားပြီး ကျောက်ဖန်ချန်းက အထက်အရာရှိ ဂုဏ်ပုဒ်ကို ထုတ်လိုက်ပြီး ဟွမ်ရှောင်ထျန်းကို အာဏာရှိစွာဖြင့် စိုက်ကြည့်လိုက်သည်။ လီလင်း ပြောသလိုပင်။ ဤနေရာက နဂါးတံလျှပ်မဟုတ်ပေ။ ဟွမ်ရှောင်ချန်း၏ပိုင်နက်လည်း မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူက မလေးမစား ပြုလုပ်လျှင် သူ့ကို ရက်စက်သည့်အတွက် အပြစ်တင်၍ မရပေ။

“ဟ ဟ ဒုတိယအထက်အရာရှိဟွမ် ကျွန်တော်သိတယ်။ ခင်ဗျားက ဒီကိုလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်စေချင်တာပဲ။ ခင်ဗျားက ဒီကိစ္စနဲ့ ငါတို့ကို ပြန်တိုက်ခိုက်လို့ ရမယ်လို့ ထင်နေတာလား”

လီလင်းက ရယ်မောလိုက်သော်လည်း သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ထိုကိစ္စက သူ့ကို အတော်ပင် ထိတ်လန့်စေခဲ့သည်။ အကယ်၍ ထိုအရာက ဟွမ်ရှောင်ထျန်း၏ တိုက်ခိုက်မှုအောက်တွက် ကျိုးသွားပါက သူက အင်ပါယာစစ်တပ်ကနေ ချက်ချင်း နှုတ်ထွက်ရနိုင်သည်။

ကျောက်ဖန်ချန်းပင်လျှင် သူ့ကို ဘယ်သောအခါမှ ခွင့်လွှတ်မှာ မဟုတ်ပေ။

“ချောင်အာ တော်တယ်”

ဒီအချိန်တွင် လီလင်းက အလွန်ပီတိဖြစ်ပြီး ဟက်ဟက်ပက်ပက် မရယ်မောဘဲ မနေနိုင်ခဲ့ပေ။ သူ၏တူက ဤတစ်ကြိမ်တွင် သူ့ကို အမှန်တကယ်ပင် ဂုဏ်ယူအောင် လုပ်နိုင်ခဲ့သည်။

လီလင်းက ဟွမ်ရှောင်ထျန်းနှင့် ထိုကိစ္စပြီးလျှင် သူ၏အင်ပါယာစစ်တပ်အတွင်း ရပ်တည်မှုက သေချာပေါက် ပို၍ မြင့်မားလာမှာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သတ္ထုရိုင်းသံမဏိဓားသည် ပို၍နာမည်ကြီးလာပေမည်။

ဝမ်ကလန်၏တံခါးကို လာလာခေါက်သော အင်ပါယာစစ်တပ် တပ်မှူးများက ယခင်ကထက် ပို၍ ချီးမွမ်းနေကြပြီး ပို၍ အသိအမှတ်ပြုလာကြသည်။

သူက သူ၏တောက်ပနေသော အနာဂတ်ကို တွေ့နေရပြီဖြစ်သည်။

အခန်း-၁၄၄။ စုကျန်းချန်ရောက်လာတယ်။

“လူကြီးမင်းဟွမ် ဒီနေရာက ဓားရှည်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ပြင်ပေးထားတဲ့ နေရာပါ။ တကယ်လို့ ခင်ဗျားက ဒီမှာဓားရှည်အတွက် လေလံဆွဲဖို့ မဟုတ်ဘူးဆိုရင် အခု ထွက်သွားပေးပါ။ ပြီးတော့ တကယ်လို့ လူကြီးမင်းဟွမ်က ဓားရှည်အတွက် လေလံဆွဲချင်တယ် ဆိုရင်တောင်…”

လီလင်း ဟွမ်ရှောင်ထျန်းဆီမှ သံတိုကင်ကို လေးနက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် လှောင်နေသလို ပြောလိုက်သည်။

“… လူကြီးမင်း တိုကင်ကို အရင်ဦးဆုံး လဲသင့်တယ်။ ဒီတိုကင် အမျိုးအစားက ရွှေတစ်ဆယ်တည်းနဲ့ ဝယ်လို့ရလို့ နောက်ဆုံးမှာပဲ ရပ်ကြည့်လို့ ရတယ်”

ထို့နောက် လီလင်းက ခန်းမနောက်သို့ ညွှန်ပြလိုက်သည်။

ဘုံး..

ထိုစကားများကို ကြားသောအခါ လူအုပ်က ရုတ်တရက် ရယ်မောလိုက်ကြသည်။ အကယ်၍ ဟွမ်ရှောင်ထျန်း အောင်မြင်သွားလျှင် အကုန်လုံးက သူ၏ဖြောင့်မတ်မှုအတွက် လေးစားကြမှာဖြစ်သည်။ သို့သော် သူက ကျရှုံးသွားသည်။ ဆိုလိုသည်က ချောင်လူကြီးမင်း ပြုလုပ်သည့် လက်နက်များက အမှားအယွင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။

အဖြစ်အပျက်က ယခင်နှင့် လုံးဝ ကွဲပြားသွားသည်။

နဂိုတည်းက ဟွမ်ရှောင်ထျန်းကို မကျေနပ်ကြသည့်သူများ လူအုပ်ထဲတွင် ရှိနေကြသည်။ သူ့ကိုယ်သူ အရူးလုပ်တာကို တွေ့လိုက်ရသောအခါ သူတို့က သူ့အား လှောင်ပြောင်ရန် အခွင့်အရေးကို မည်သို့ လက်လွှတ်နိုင်ကြမည်နည်း။

“မင်း__”

အနက်ရောင်သံစားပွဲနောက်မှ လီလင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း သူ၏မျက်နှာက နီရဲသွားသည်။ သူသည် သူ၏နာမည်ကို အင်ပါယာစစ်တပ်ထဲတွင် ထိန်းထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ပြီးနောက် သူက သူ၏ရပ်တည်မှုအတွက် နက်ရှိုင်းသည့် အရည်အချင်း ပိုင်ဆိုင်ထားသည်။ သူ့ကို မြင်လျှင် ရိုရိုသေသေ မနှုတ်ဆက်သည့်သူ ဟူ၍ မရှိပေ။

သို့သော် ထိုကဲ့သို့ ငကြောက်ကောင် လှောင်ခံရသည့် အရှက်ခွဲခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။

ဟွမ်ရှောင်ထျန်းသည် ဒေါသများ ပေါက်ကွဲတော့မည် ဖြစ်သော်လည်း လီလင်းက သူ့အား အခွင့်အရေးမပေးပေ။

“အကုန်လုံးက သေခြင်းတရားချောက်နက်ရဲ့ အရည်အသွေးကို ကိုယ်တိုင် မြင်ပြီးပြီလို့ ကျွန်တော် ယုံကြည့်ပါတယ်။ လက်နက်က ပိုရှည်လေလေ ပိုကျိုးလွယ်လေလေပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့တူ ပြုလုပ်တဲ့ လက်နက်က ဒီအစဉ်အလာကို ချိုးဖောက်နိုင်ခဲ့ပြီ။ လေလံပွဲကို ဆက်လိုက်ကြရအောင်။ ခုနက လေလံကြေးက ရွှေသား ၁၉၀၀၀၀ပဲ။ ကြေးကို ထပ်မြှင့်ချင်တဲ့သူ ရှိသေူးလား”

လီလင်းက သူ၏အကြည့်ကို လူအုပ်ကြားမှ ဟွမ်ရှောင်ထျန်းထံ ပို့လိုက်သည်။

“ငါ ငါ ငါ ငါ ၂၀၀၀၀၀ ကမ်းလှမ်းမယ်”

“ကျွတ် ရွှေ၂၀၀၀၀၀က ဘာရှိမှာလဲ။ ငါ ၂၂၀၀၀၀ ကမ်းလှမ်းမယ်”

“၂၃၀၀၀၀”

…

ဟွမ်ရှောင်ထျန်း၏ မုန်တိုင်းလက်ချောင်းသိုင်းကွက်ကို နှစ်ခါခံရပြီးနောက် လူအုပ်၏စိတ်အားထက်သန်မှုက မြင့်တက်သွားသည်။ ဤဓားရှည်၏ အရည်အသွေးက အလွန်မြင့်မားသည်။ ထိုဓားရှည်က သံကို ရွံ့ကဲ့သို့ ဖြတ်ရန် ချွန်ထက်ရုံတင်မကဘဲ ထိုဓားရှည်က ဟွမ်ရှောင်ထျန်းထံမှ မုန်တိုင်းလက်ချောင်း နှစ်ချက်တောက်သည့်တိုင် မထိခိုက်ပေ။ ဤအချက်များကြောင့် ဓားရှည်က အကောင်းဆုံးဓားဖြစ်သည်မှာ သေချာသည်။

“၂၄၀၀၀၀”

ထိုတစ်ကြိမ်တွင် အသံက အနောက်မှလာတာ ဖြစ်သည်။ အနောက်ကို လှည့်လိုက်ပြီး ထိုအသံက ကျောက်ဖန်ချန်း၏ ညာဘက်မှ လာတာကို လီလင်း သတိထားမိလိုက်သည်။ သူက လီလင်းလက်ထဲမှ သေခြင်းတရားချောက်နက်ကို အလွန်လိုချင်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ဘာလို့လဲ လူကြီးမင်းလီ ဘာလို့ ကျွန်တော်တို့ ဒီလေလံပွဲမှာ ပါလို့ မရတာလဲ”

မိသားစုနာမည်ကျောက်ပါသည့် အင်ပါယာစစ်တပ်တပ်မှူးက မေးလိုက်သည်။

“ရတာပေါ့ ခင်ဗျား လေလံဆွဲလို့ရတာပေါ့။

လီလင်း စိတ်လှုပ်ရှားစွာ ပြုံးပြလိုက်သည်။ သူ အဘယ်ကြောင့် မရဘူးဟု ပြောမည်နည်း။ ဒါက သူလိုချင်တာ ဖြစ်သည်။

“၂၄၀၀၀၀ ကြေးထပ်မြှင့်ချင်တဲ့သူ ရှိသေးလား”

“၂၅၀၀၀၀”

သည်တစ်ကြိမ်တွင် တပ်မှူးကျောက်ဖန်ချန်း၏ဘယ်ဘက်မှ ထွက်လာသည်။ သူ့အကြည့်ထဲမှ ပြတ်သားမှုသည် တခြားသူများထက် မလျော့ပေ။

အစတွင် သူက လေလံပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် ဟွမ်ရှောင်ထျန်း၏ မုန်တိုင်းလက်ချောင်းကြောင့် ထိုအရာက အင်ပါယာစစ်တပ်ထဲတွင် ဒဏ္ဍာရီလာဖြစ်လာသည်။ သူ့ထံမှ နှစ်ချက် အတောက်ခံသည့် မည်သည့်လက်နက်မဆို ဝယ်ရတာ တန်မည်ဖြစ်သည်။

ထူးခြားသေသပ်ပြီး မုန်တိုင်းလက်ချောင်းကို ခံနိုင်ရည်ရှိသည့် ချွန်ထက်သည့် လက်နက်တစ်ခု…. သူက ထိုလက်နက်ကို ရွှေ၂၅၀၀၀၀ နှင့် ဝယ်လျှင်တောင် ဆုံးရှုံးမှုဟု မခံစားရပေ။

“၂၅၁၀၀၀”

“၂၆၀၀၀၀”

သည်တစ်ကြိမ်တွင် ကျောက်ဖန်ချန်းကလည်း ပါဝင်လာသည်။ သူက အလွန်စိတ်ဝင်စားသည့် အကြည့်ဖြင့် ကြေးကို ထပ်မြင့်လိုက်သည်။ ဝမ်ချောင် ပြုလုပ်သည့်ဓားရှည်က အလွန်ထူးခြားသည်ကို သူပြောနိုင် ထိုဓားရှည်က သူယခင်က ဝယ်ခဲ့သော ဓားနှင့် ကွာခြားချက် ရှိသည်။

ကျောက်ဖန်ချန်း ထိုဓားရှည်ကို အလွန်လိုချင်နေသည်။ သူ ထိုဓားရှည်ကို မသုံးလျှင်တောင် ထိုအရာက စုဆောင်းရန် ထိုက်တန်သည်။

ကျောက်ဖန်ချန်းက လက်နက်များအတွက် အမြင်ကောင်း ရှိသည်။ သူ၏အမြင်တွင် သည်ဓားရှည်၏ တန်ဖိုးသည် အနာဂတ်တွင် ပို၍သာ များလာနိုင်သည်။

ပစ္စည်းများသည် သူတို့၏ ရှားပါးမှုအပေါ် မူတည်၍ ဈေးတက်ကြသည်။ ပြီးနောက် ဤကဲ့သို့ ဓားရှည်မျိုးက ဈေးထဲတွင် ရောင်းနေသည့် လက်နက်များနှင့် မတူ၍ သီးသန့် စုဆောင်းထားသင့်သည်။

“သူတောင်းစား..”

ဟွမ်ရှောင်ထျန်း ထိုနေရာတွင် ကသိကအောက်ဖြင့် မတ်တပ်ရပ်နေသည်။ ထွက်သွားရန် ခက်ခဲသော အနေအထား ဖြစ်နေပြီး သူ ထွက်သွားလျှင်ပင် သူ့အတွက် အရှက်ရစေဦးမည် ဖြစ်သည်။ တစ်ခဏအတွင်း သူ၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။

သည်အချိန်တွင် မည်သူမှ သူ့ကို အာရုံမစိုက်ကြတော့ပေ။ အကုန်လုံး၏ခွန်အားများက လေလံပွဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့အပြင် ဟွမ်ရှောင်ထျန်းကို ပို၍ ဒေါသထွက်စေသည်မှာ ဤလူများသည် သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့် လျစ်လျူရှိထားခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် စိတ်မဝင်စားခြင်း ဖြစ်သည်။

ဓားရှည်က လူတိုင်း၏အာရုံကို ဖမ်းစားသွားပြီဖြစ်သည်။

“၃၀၀၀၀၀__”

ဘုံး… အကုန်လုံးက ဓားအတွက် စိတ်လှုပ်ရှားစွာ လေလံဆွဲစဉ် မိုးကြိုးကဲ့သို့ အသံက တံခါးနောက်မှ ထွက်ပေါ်လာသည်။

အသံက ကြီးမားသည့်ခွန်အားများ ပါဝင်ပြီး မျက်နှာကျက်ပေါ်ရှိ ကြွေပြားများပင် လှုပ်ခါသွားသည်။ ထိုအသံကို ကြားသောအခါတွင် နားမလည်နိုင်လောက်အောင် နက်နဲသော လေးစားမှုကို ဖြစ်ပေါ်စေသည်။

ဟူး..

အနက်ရောင်ဝတ်ရုံက လေထဲတွင် ဝဲနေပြီး ခန့်ညားထည်ဝါသော အသွင်အပြင်က အပေါက်ဝတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ ထုတ်လွှတ်လိုက်သော အငွေ့အသက်က အလွန် အစွမ်းထက်သည်ဟု ခံစားရပြီး ကောင်းကင်ကို ခွဲထုတ်နိုင်စွမ်း ရှိပုံရကာ လူက မြင့်မားသည့်တောင် သို့မဟုတ် ကျယ်ပြန့်သည့်သမုဒ္ဒရာကို စိုက်ကြည့်နေသလိုပင်။

ထိုခန့်ညားထည်ဝါပြီး ရက်စက်သည့် ရောင်ဝါအောက်တွင် လူတိုင်းက ပုရွက်ဆိတ်လေးများကဲ့သို့ပင် ခံစားလိုက်ရသည်။

“မဟာအထက်အရာရှိ”

အင်ပါယာစစ်တပ်တပ်မှူးတစ်ယောက်က အော်ပြောလိုက်သည်။ သူ၏မျက်လုံးများက ထွက်ကျတော့မလိုပင်။

ဟွား..

အခန်းက ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ လက်နက်အတွက် လေလံဆွဲနေကြသော သူများသည် ကြောက်ရွံမှုကြောင့် ရုတ်တရုတ် တုန်လှုပ်သွားကြသည်။ ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စတင်၍ ဒူးထောက်ကြတော့သည်။

ပြီးနောက် ဒါက လူအုပ်အတွက်သာ မဟုတ်ပေ။ ကျောက်ဖန်ချန်းပင်လျှင် အံ့အားသင့်စွာဖြင့် အလျင်အမြန် ထိုင်ခုံမှ ထကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

လီလင်းသည်လည်း တခြားအင်ပါယာတပ်မှူးများ အလားတူ အလျင်အမြန် မြေပြင်ပေါ်တွင် ကြောက်လန့်တကြား မလှုပ်မယှက် ဒူးထောက်နေသည်။ တစ်ခဏအတွင်း ခန်းမဆောင်က တိတ်ဆိတ်သွားသည်။

“မဟာ.. မဟာအထက်အရာရှိ”

ထိုအချိန်တွင် ရပ်နေသည့် တစ်ဦးတည်းသောသူက ဟွမ်ရှောင်ထျန်းဖြစ်သည်။ သူက ကြက်သေသေပြီး ရပ်နေကာ သူ၏စိတ်က ဝရုန်းသုန်းကား ဖြစ်နေသည်။

အကုန်လုံးက အင်ပါယာစစ်တပ်ထဲမှ ခွန်အားကြီးသည့်သူ သုံးယောက်ရှိသည်ဆိုသည်ကို သိပြီး သူတို့က မဟာအထက်တန်းအရာရှိသုံးယောက် ဖြစ်သည်။

ပြီးနောက် သူတို့ရှေ့မှ သူသည် ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

သူ၏ နက်နဲသော အရည်အချင်း ပြည့်မီမှုကြောင့် ဟွမ်ရှောင်ထျန်းသည် တခြားသူများ၊ ကျောက်ဖန်ချန်းနှင့် လီလင်းတို့အပေါ်တွင် ရက်စက်စွာ ပြုမူသည်။

သို့သော် အင်ပါယာစစ်တပ်၏ ပင်မလူသုံးယောက်ရှေ့တွင်မူ သူက ဘာမှမဟုတ်ပေ။

ကျောက်ဖန်ချန်း၏အဖွဲ့သည် လေလံပွဲကျင်းပရန် ခန်းမဆောင်တစ်ခုအား သီးသန့် အသုံးပြုခဲ့ပြီး မဟာအထက်အရာရှိများ သိသွားလျှင် သူတို့ကို ပြင်းထန်စွာ အပြစ်ပေးသင့်သောကြောင့် ဤကိစ္စသည် ဟွမ်ရှောင်ထျန်းအတွက် အကျိုးရှိသင့်သည်။ သို့သော် ဟွမ်ရှောင်ထျန်းက ရှင်းရှင်းလင်းလင်း အမှတ်ရမိသည်မှာ.. မဟာအထက်အရာရှိက အခုလေးတင်…။

ဟွမ်ရှောင်ထျန်း၏ခေါင်းက တန့်နေပုံရသည်။

ထပ် ထပ် ထပ်

ထိုတောင်ကဲ့သို့ ကြီးမားသော ခြေလှမ်းများဖြင့် သူ့ထံသို့ လျှောက်လှမ်းလာသည်။ ဟွမ်ရှောင်ထျန်းက မျှော်လင့်ချက်များစွာဖြင့် ပြည့်နှက်နေသော်လည်း ထိုပုံရိပ်က သူ့ကို လုံးဝဂရုမစိုက်ဘဲ ဖြတ်ကျော်သွားသည်။

တစ်ခဏအတွင်း ဟွမ်ရှောင်ထျန်း၏မျက်နှာက ဖြူဖျော့သွားသည်။

“မင်းနာမည်က လီလင်းလား”

တောင်ကဲ့သို့ ပုံရိပ်ရှိသူက လီလင်းရှေ့တွင် ရပ်လိုက်သည်။ လီလင်း ခေါင်းငုံ့ထားကာ ပေါ့ပါးစွာ ပြုံးရင်း ဟွမ်ရှောင်ထျန်းကို ဆက်ဆံသည့်ပုံစံဖြင့် ခြားနားစွာ ပြောလိုက်သည်။

“ဟုတ်ပါတယ် လူကြီးမင်း ဒီနိမ့်ကျတဲ့ လက်အောက်ငယ်သားက လီလင်းပါ”

မဟာအထက်အရာရှိ၏ မျက်နှာထားကို မမြင်နိုင်သောကြောင့် လီလင်း၏ နှလုံးသားက လျင်မြန်စွာ ခုန်နေသည်။

“ငါနဲ့ သင့်တော်မယ့် ဓားရှည်ကို ရှာနေပေမဲ့ နှစ်တွေပဲ ကုန်သွားတယ်။ ဒီဓားရှည်ကို ငါအရမ်းသဘောကျတယ်”

သြဇာပြည့်ဝနေသည့် အသံထွက်ပေါ်လာရင်း လက်တစ်ဖက်က ဓားရှည်၏အသွားကို ဆန့်တန်းကာ ထိလိုက်သည်။ ပြတ်သားပြီး ကြည်နူးဖွယ်ကောင်းသည့်အသံ ထွက်ပေါ်လာသည်။

“နှမြောစရာကောင်းလိုက်တာ ရေးထားတဲ့စာက အားပျော့လွန်းနေတယ်။ ချွန်ထက်တဲ့ဓားနဲ့ မလိုက်ဖက်ဘူး။ ဒါပေမဲ့ အဲဒါက ကိစ္စမဟုတ်ပါဘူး။ ငါ အဲဒါကို ရေးထိုးဖို့ ထပ်ရှာနိုင်တာပဲ”

မဟာအထက်အရာရှိက တတွတ်တွတ် ရေရွတ်နေရင်း ဓားရှည်ကို ရမ်းလိုက်သည်။ သူက ထိုဓားရှည်ကို အလွန် သဘောကျနေပုံရသည်။

လီလင်းသည် မျက်နှာကို ကြမ်းပြင်အထိ ငုံ့ကိုင်းထားရင်း ကိစ္စတစ်ခုကို သတိရသွား၏။ အမှန်တကယ်အားဖြင့် မဟာအထက်အရာရှိ သုံးယောက်ထဲတွင် ဓားရှည်ကျွမ်းကျင်သူတစ်ယောက် ပါဝင်သည်။

၎င်းက လူသိသည့်အချက် ဖြစ်သော်လည်း ထူးဆန်းစွာဖြင့် မည်သူမှ သူ ဓားရှည်ကို ကိုင်ဆောင်တာ မမြင်ဖူးပေ။

အတိတ်တွင် လီလင်းက ထိုအရာအတွက် အာရုံစိုက်ပေ။ ပြီးနောက် သူက အခြားအတွေးများလည်း မတွေးပေ။ သို့သော် ယခု ကြည့်လိုက်ချိန်တွင် တစ်ဖက်လူသည် ထိုက်တန်သည့်ဓားရှည် မရှိ ဖြစ်ပုံရသည်။ သို့မဟုတ် သူက သဘောကျသည့် ဓားရှည်ကို ရှာမတွေ့သောကြောင့် ဖြစ်နိုင်သည်။

သည်လိုဆိုမှတော့…

“လူကြီးမင်း၊ လီလင်းက ဒီဓားရှည်ကို မဟာအထက်အရာရှိကို တုံ့ဆိုင်းခြင်းမရှိဘဲ ကမ်းလှမ်းချင်ပါတယ်”

တုံ့ဆိုင်းခြင်းမရှိဘဲ လီလင်းက အကျိုးအကြောင်းသင့်စွာ ချက်ချင်း ပြောလိုက်သည်။ ရွှေသုံးသိန်းက များလွန်းသော်လည်း မဟာအထက်အရာရှိက သူနှင့် လူကြီးမင်းကျောက်ဖန်ချန်းအတွက် ပို၍ပင် အဖိုးတန်သည်။

လူကြီးမင်း သူတို့ကို ကာကွယ်ပေးနေသ၍ အနာဂတ်တွင် သူတို့ကို မည်သူမှ အင်ပါယာစစ်တပ်အတွင်း ထိခိုက်အောင် လုပ်ရဲမည် မဟုတ်ပေ။ မည်သူမှ သူတို့၏တိုးတက်မှုကို ထိပါးရဲတော့မည် မဟုတ်ချေ။

ဟွမ်ရှောင်ထျန်း လုံးဝမမျှော်လင့်ထားသည့် ကိစ္စက ဖြစ်လာသည်။

အင်ပါယာစစ်တပ်၏ မဟာအထက်အရာရှိ၏ သဘောကျမှုကို ရွှေသုံးသိန်းဖြင့် ဝယ်ယူခြင်းက ရောက်လာရန် ခက်ခဲသည့် အခွင့်အရေးဖြစ်သည်။ ဝမ်ချောင်သာ သိလျှင် သူက သေချာပေါက် ထောက်ပံ့မှာဖြစ်မှန်း လီလင်းက သိသည်။

လီလင်းအသံ ထွက်ပေါ်လာသည်နှင့် ဟွမမ်ရှောင်ထန်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

သို့သော် မဟာအထက်အရာရှိ၏ တုံ့ပြန်မှုက လီလင်း ထင်မှတ်ထားတာကို ကျော်လွန်နေပြီဖြစ်သည်။

“အဲ့အတွက် မလိုဘူး။ ရွှေသုံးသိန်း အဲ့လောက်ပဲ။ ထပ်ပြောစရာ မလိုဘူး”

မဟာအထက်အရာရှိက ဈေးညှိခြင်းမရှိဘဲ တန်းပြောလိုက်သည်။

“ရွှေသုံးသိန်း ငါ နောက်ကျ ငါ့ရဲ့လူတွေကို လွှတ်ပြီး ပေးခိုင်းလိုက်မယ်။ မင်းရဲ့နာမည်က လီလင်းမလား။ ငါ မှတ်ထားဦးမယ်။ ငါ မင်းရဲ့ဓားရှည်ကို အရမ်းကြိုက်တယ်”

ဓားရှည်ကို စားပွဲပေါ်မှ ယူလိုက်ပြီး မဟာအထက်အရာရှိက လှည့်ထွက်သွားသည်။ သူ၏ဝတ်ရုံနက်က လေထဲတွင် ဝဲပျံနေပြီး ခဏအကြာတွင် သူက ညအမှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားသည်။

တစ်ဖက်လူက သေခြင်းတရားချောက်နက်ကို ယူဆောင်သွားသော်လည်း မည်သူမှ မဟာအထက်အရာရှိ၏ စကားများကို မဆန့်ကျင်ရဲပေ။ အင်ပါယာစစ်တပ်ထဲတွင် မဟာအထက်အရာရှိ၏ စကားတစ်လုံးသည် ရွှေနှင့်ပင် ကိုက်ညီသည်။

လီလင်းနှင့် ကျောက်ချန်ဖန်းတို့ ကြမ်းပြင်ပေါ်မှ ထလိုက်ကြပြီးနောက် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် အပြုံးများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

သူတို့ အနောက်ကို တစ်ချက် ထပ်ကြည့်ချိန်တွင် ဟွမ်ရှောင်ထျန်းသည် ထွက်သွားပြီဖြစ်သည်။

သို့သော် ထိုလူက ထပ်၍ မမောက်မာရဲတော့မှန်း သူတို့သိသည်။ ထိုသူက အင်ပါယာစစ်တပ်၏ မဟာအထက်အရာရှိ ဖြစ်၏။ ဝမ်ချောင်က သူတို့ကို သည်တစ်ခေါက်တွင် အတော်လေး အထောက်အပံ့ ဖြစ်စေခဲ့သည်။

…

သူ၏ဦးရီးလက်ထဲတွင် သေခြင်းတရားချောက်နက်ကို ထားခဲ့ပြီးနောက် ဝမ်ချောင် သူ၏နေ့ရက်များကို သရဲဝိညာဉ်သစ်ပင်စီရင်စုကို လည်ပတ်ရင်း မကောင်ဆိုးဝါးဧကရာဇ်အဘိုးအိုကို ရှာဖွေနေသည်။

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုအကြောင်း သတင်းမရှိပေ။ ပြီးနောက် ဝမ်ချောင်က ဘယ်မှာ ရှာရမှန်းလည်း မသိပေ။ ထို့ကြောင့် ထိုကိစ္စအပေါ်တွင် မည်သည့်လုပ်ဆောင်ချက်မှ မရှိပေ။

တစ်ဖက်တွင် သရဲဝိညာဉ်သစ်ပင်စီရင်စုမှ ရွှေရောင်စစ်တုရင်ခုံအပြင် စစ်တပ်နှစ်ခုကြားရှိ တိုက်ပွဲအပေါ်တွင် ဝမ်ချောင်၏ အကျိုးကျေးဇူးက ပို၍ ကြီးမားလာပြီးနောက် သူက သူ၏ပြိုင်ဘက်ကို ထောင့်တွင် ကပ်ထားပြီး ဖြစ်သည်။

ယနေ့ ဝမ်ချောင် သရဲဝိညာဉ်သစ်ပင်စီရင်စုကို ရောက်ရှိခဲ့ပြီး သူ ရွှေရောင်စစ်တုရင်ခုံရှေ့တွင် အဖြူရောင်ဆံပင်နှင့် အဘိုအိုကို တွေ့သည့်အချိန်တွင် ယခင်က လုပ်ရန် သူ တွေးခဲ့သည့်အရာများကို ကြံစည်ထားသည်။

အဘိုးအိုက ခန္ဓာကိုယ်ပိန်ပိန်ပါးပါးရှိပြီး သူက အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ တရုတ်ကျိုင်းပင်ကို မျက်နှာမူလျက် သူက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး လက်ထဲတွင် အဖြူရောင်ကျောက်တုံးကို ကိုင်ထားကာ စစ်တုရင်ခုံကို ငေးကြည့်နေသည်။

မြင်ကွင်းကို မြင်ပြီးနောက် ဝမ်ချောင် အသက်ပြင်းပြင်း ရှုလိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် တောင့်ခဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ဝိညာဉ်သည် ကြီးမားသော အံ့အားသင့်ခြင်းကို ခံစားလိုက်ရသည်။

“စုကျန်းချန်”

ဝမ်ချောင်၏ ဦးခေါင်း တုန်လှုပ်ခြင်းကြီးစွာဖြင့် တစ်ခဏချင်းပင် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ အထဲတွင် ကျန်ခဲ့သည်က ဧရာမသစ်ပင်ကြီး ရှေ့ရှိ သာမာန်အဖြူရောင် အဘိုးအိုတစ်ယောက်သာ ဖြစ်သည်။ နှစ်လနီးပါးအကြာ နောက်ဆုံးတွင် ဝမ်ချောင်သည် သူ အလေးစားဆုံးသော အကြီးအကဲတစ်ဦး၊ ကြီးမြတ်သည့် ထန်နိုင်ငံတော်၏ စစ်ဘုရင်နှင့် တွေ့ဆုံခဲ့လေပြီ။

အခန်း-၁၄၅ စစ်ဘုရင်အဟောင်းနှင့်အသစ်ကြားမှ အက်ကြောင်း။

ဝမ်ချောင်ရှေ့တွင် ထိုင်နေသည့် အဘိုးအိုက သိမ်မွေ့သည့်စိတ်ထား သို့မဟုတ် ခြိမ်းခြောက်နိုင်သောအာဏာ မရှိသည့် အဘိုးအိုတစ်ယောက်ထက် ဘာမှပိုပုံ မပေါ်ပေ။

အကယ်၍ ဝမ်ချောင်က စစ်တုရင်ပွဲ၏နောက်ခံကို မသိလျှင် သူက အနက်ရောင်ဝတ်စုံနှင့် အဖြူရောင်ကျောက်တုံးကို ကိုင်ထားသည့် အဘိုးအိုက ကြီးမြတ်သော ထန်နိုင်ငံတော်ကို စစ်နတ်ဘုရားဆိုသည့် နာမည်ဖြင့် လှုပ်ခါသွားစေခဲ့သော စုကျန်းချန် ဖြစ်မည်မှန်း တွေးတောင်တွေးနိုင်မှာ မဟုတ်ပေ။

လူ တော်တော်များများ၏ စိတ်ထဲမှ ကြာမြင့်စွာ ပျောက်ကွယ်သွားသည့် မကျရှုံးနိုင်သော ဒဏ္ဍာရီလာသူရဲကောင်း။

မြို့တော်၏ အနောက်အရပ်ရှိ တရုတ်ကျိုင်းပင်အောက်တွင် သာမန်ရွှေရောင်စစ်တုရင်ခုံသည် ဤစစ်နတ်ဘုရား၏ ဆက်ခံသူအား ရွေးချယ်ရန်သော့ချက် ဖြစ်သည်။

သည်အချိန်တွင် ဝမ်ချောင်က သူ၏မျက်လုံးထဲတွင် နွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရသကဲ့သို့ နွေးထွေးနေသည်။ ကြီးမြတ်သော ထန်နိုင်ငံတော်၏ စစ်နတ်ဘုရားက သူ၏ ရှေ့တွင် ထိုင်နေသည်ဆိုသည့် အတွေးက သူ့နှလုံးသားကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

စုကျန်းချန်က သူ တစ်ဦးတည်းဖြင့် ရန်သူတစ်ထောင်ကို ခုခံတိုက်ခိုက်ခဲ့သည်။ သူ၏ နောက်ဆုံး ထွက်သက်တိုင်အောင် သူက ကြီးမြတ်သည့်ထန်နိုင်ငံတော်မှ တိုင်းသူပြည်သားများအတွက် တိုက်ခိုက် ကာကွယ်ခဲ့သည်။ သူ၏သစ္စာတရားက လေးစားထိုက်ပေသည်။

ယင်းမှာ ဝမ်ချောင်သည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော တစ်ထောင့်တစ်နေရာမှ ခံစားလိုက်ရသောအရာ ဖြစ်သည်။

သို့သော် မကြာမီတွင် ဝမ်ချောင်က သူ၏ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

စုကျန်းချန်၏ ရုတ်တရက် အသွင်အပြင်က မကောင်းသည့်ပုံစံ မဟုတ်သော်လည်း တစ်ဖက်လူက သူ့အား အမွေ ဆက်ခံစေချင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

နတ်ဆိုးနှင့်နတ်ဘုရားပျက်သုန်းခြင်းအနုပညာကို အမွေဆက်ခံရန်က နောက်ဆုံးအဆင့်ဖြစ်ပြီး လက်ခံရန် ခက်ခဲလွန်းလှသည်။ ဝမ်ချောင်သည် ဤရွှေရောင်စစ်တုရင်ခုံကို လာထိုင်ခဲ့သူမှာ သူတစ်ယောက်တည်းဟု မထင်ခဲ့ပေ။

စုချန်ကျန်းအား စစ်တုရင်တွင် နိုင်နိုင်သည့် အရည်အချင်း ရှိသူများ သေချာပေါက်ရှိသော်လည်း နောက်ဆုံးတွင် မည်သူမှ သူ ရွေးချယ်သည်ကို မခံခဲ့ကြရပေ။

စုကျန်းချန်က ဧကရာဇ်၏အမိန့်ပြန်တမ်းကိုပင် လျစ်လျူရှူကာ အနှိုင်းမဲ့မြင့်မြတ်သောမင်းသားကို တုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းဆန်ခဲ့သည်။ ယင်းဖြစ်ရပ်က နတ်ဆိုးနှင့်နတ်ဘုရားပျက်သုန်းခြင်းအနုပညာကို ရရှိရန် ခက်ခဲသည်ကို သိနိုင်မှာ ဖြစ်သည်။

ပြီးနောက် ထိုဖြစ်ရပ်သည် တိုက်ဆိုင်မှု မဟုတ်ပေ။ ၎င်းကို ကြိုတင်သတ်မှတ်ထားတာ ဖြစ်ပြီး စုကျန်းချန်၏စရိုက်က ထိုဖြစ်ရပ်အတွက် အကြီးမားဆုံး ပါဝင်မှု ဖြစ်ပေသည်။

စုကျန်းချန် သူ၏တပည့်အတွက် မည်သည့် အရည်အချင်းကို လိုချင်မှန်း မည်သူမှ မသိပေ။ ပြီးနောက် အကယ်၍ သူက လက်ခံလိုက်လျှင်တောင် တစ်ဖက်လူကို သိပ်မကြာခင် နှင်ထုတ်မှာ ဖြစ်သည်။ ဝမ်ချောင်၏ အတိတ်ဘဝတွင် ဤကဲ့သို့ အစဉ်အလာများစွာ ရှိသည်။

ထို့ကြောင့် ဝမ်ချောင်က အလျင်မလိုပေ။

စုကျန်းချန်အား မျှားထုတ်ခြင်းက ပထမအဆင့်ဖြစ်ပြီး နောက်လာမည့်အရာက တကယ့်စစ်ဆေးမှု ဖြစ်သည်။

ထိုအတွေးများကို တွေးနေရင်း ဝမ်ချောင် တရုတ်ကျိုင်းပင်ဆီသို့ သွားလိုက်သည်။

“အဘိုး”

ဝမ်ချောင် စစ်တုရင်ခုံ၏ဆန့်ကျင်ဘက်တွင် မထိုင်ခင် စုချန်ကျန်းရှေ့တွင် လေးစားစွာ အရိုအသေ ပေးလိုက်သည်။ သူသည် ဤနေရာသို့ သာမန်အဘိုးအိုတစ်ယောက်နှင့် စစ်တုရင်တစ်ပွဲ လာကစားသည့်နှယ်။

တစ်ဖက်လူ၏ ရိုးရှင်းသောအဝတ်နှင့် ဖုံးကွယ်ထားမှုကြောင့် စုချန်ကျန်းသည် စုအိမ်တော်မှ ခိုးကြောင်ခိုးဝှက် လာခဲ့ကြောင်း သိသာသည်။ ပြီးနောက် သူက သူ မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူ့ကိုမှ မသိစေချင်ပေ။

ထို့ကြောင့် ဝမ်ချောင်က အလွန်အကျွံ ယဉ်ကျေးခြင်း သို့မဟုတ် ဆက်ဆံခြင်း မပြုပေ။

လက်ရှိအချိန်တွင် သင့်တင့်သော လေးစားမှုကို ပြသခြင်းက လုံလောက်ပြီဖြစ်သည်။

စုကျန်းချန်က ဘာမှမပြောပေ။ သူက မျက်မှောင်ကြုတ်နေပြီးနောက် သူ၏အကြည့်များက ရွှေရောင်စစ်တုရင်ခုံပေါ်ရှိ အနက်ရောင်နှင့် အဖြူရောင်ကျောက်တုံးများ ပေါ်တွင်သာ ရှိသည်။ သူက ဝမ်ချောင်ကို သတိမထားမိသည့်ပုံနှင့် တူသည်။

“အစ်ကိုကြီး။ ခင်ဗျားက အရမ်းတော်တာပဲ။ အဘိုးက ဒီမှာ တစ်ရက်လုံး ထိုင်နေပေမဲ့ သူက နောက်ထပ်အကွက်ကို ဘယ်ရွှေ့ရမယ်မှန်း မသိသေးဘူး”

ဒီအချိန်တွင် ကလေးဆန်သောအသံက ဘေးမှ ထွက်လာသည်။ ဝဝတုတ်တုတ်နှင့် တိုင်ကျန်းကျန်းက စုကျန်းချန်၏ ညာဘက်အနောက်တွင် ရပ်နေသည်။ ပြီးနောက် သူသည် လက်ရှိတွင် ဝမ်ချောင်ကို လေးစားစွာ ကြည့်နေရင်း ချိုချဉ်ကို လျက်နေသည်။

သူက ငယ်သော်လည်း တစ်ရက်ပြီးတစ်ရက် စစ်တုရင်ပွဲများကို ကြည့်ခဲ့ရသောကြောင့် တစ်ခု နှစ်ခုတော့ သင်ယူခဲ့ရသည်။ သူက ဤတစ်ကြိမ်တွင် တွေ့သောအစ်ကိုကြီးက တခြားသူများနှင့် မတူကြောင်း ပြောနိုင်သည်။

သူ၏အဘိုးက အမှန်တကယ်ပင် အကြံအိုက်သွားသည်။

“ကျန်းအာ”

ထိုအချိန်၌ အာဏာရှိသည့်အသံတစ်ခုက ထွက်ပေါ်လာပြီး စုကျန်းချန်ကို မျက်မှောင်ကြုတ်လိုက်စေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်က လုံးဝ မရွေ့လျားပေ။ သူ့လက်ထဲတွင် အဖြူရောင်ကျောက်တုံးကို ကိုင်ထားရင်း စစ်တုရင်ခုံကိုသာ ဆက်လက် ကြည့်နေ၏။

လူငယ်လေးက ထွက်မသွားခင် လျှာထုတ်၍ ပြောင်ပြသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်သည် ရွှေရောင်စစ်တုရင်ခုံဆီသို့ လှည့်၍ အာရုံပြန်မစိုက်ခင် ပြုံးလိုက်သည်။ စစ်တုရင်ခုံပေါ်မှ အကွက်သည် သူ မနေ့က ချခဲ့သည့်အတိုင်း အတိအကျဖြစ်သည်။

ဆိုလိုသည်မှာ မနေ့ကတည်းမှ ယခုအချိန်ထိ စုကျန်းချန်က နောက်ထပ်ရွေ့ရမည့်အကွက်ကို မဆုံးဖြတ်ရသေးပေ။

စုကျန်းချန်က မရွေ့သောကြောင့် ဝမ်ချောင်က စိတ်ရှည်စွာ စောင့်ရုံသာ တတ်နိုင်သည်။ လေက တိုက်သွားပြီးနောက် တရုတ်ကျိုင်းပင်က လေပြေအောက်တွင် လှုပ်ခတ်သွားသည်။

ဂျီ ဂျီ..

ပုစဉ်းရင်ကွဲများ အော်သံမှလွဲ၍ ပတ်ဝန်းကျင်က လုံးဝ ငြိမ်သက်နေသည်။

စုကျန်းချန်က ဘာမှမပြောပေ။ ထို့ကြောင့် ဝမ်ချောင်သည်လည်း တိတ်ဆိတ်နေသည်။

တရုတ်ကျိုင်းပင်အောက်မှ ကမ္ဘာကြီးက ရပ်တန့်သွားသလိုပင်။

“လူလေး မင်း ကစားပုံက တကယ်ပဲ သမားရိုးကျ မဟုတ်ဘူးပဲ”

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် စုကျန်းချန်က မော့ကြည့်လိုက်ပြီးနောက် ဝမ်ချောင်ကို တင်းမာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ယင်းက ဝမ်ချောင်သည် စုကျန်းချန်ကို ပထမဦးဆုံး မျက်နှာချင်းဆိုင်တွေ့ခြင်း ဖြစ်သည်။

စုကျန်းချန်သည် ပိန်ပါးသော်လည်း ၎င်း၏အရိုးထဲတွင် ထွက်လာပုံရသည့် အာဏာပြင်းပြင်း ရောင်ဝါက အနည်းငယ်သာ လျော့ပါးစေသည်။ သူ့တွင် ဖြောင့်မတ်ခြင်းတရား ပြင်းထန်သော်လည်း သူ၏မျက်နှာက ခံစားချက်ကင်းမဲ့နေကာ တခြားသူများကို စည်းကမ်းကြီးသည့် မျက်နှာထားမျိုး ပေးစွမ်းသည်။

ဝမ်ချောင် ထပ်၍ သတိထားမိသည့်အချက်က သူ့တွင် ထူထပ်သည့် မျက်ခုံးမွေးများ ရှိသည်။

စုကျန်းချန်သည် သူ၏အိမ်တော်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရပြီး တော်ဝင်နန်းတော်နှင့် စစ်တပ်မှ ဝေးကွာခဲ့တာ ကြာပြီ ဖြစ်သည်။ ထိနှစ်များတစ်လျှောက်တွင် သူ၏စိတ်နေသဘောထားသည် များစွာ ပြောင်းလဲသွားသည်။ သို့သော်ငြား သူ၏တည်ငြိမ်နေသည့် သာမာန်အခြေအနေတွင် ဝမ်ချောင်က ယခင်က ခမ်းနားပြီး ခွန်အားကြီးမားသော စစ်နတ်ဘုရား၏ အရိပ်အယောင်များကို ရှာတွေ့နိုင်သေးသည်။

တရုတ်ကျိုင်းပင် အောက်တွင် နှစ်ယောက်ထဲမှ တစ်ယောက်သည် ယခင်က ဒဏ္ဍာရီလာ စစ်နတ်ဘုရားဖြစ်ပြီး တခြားတစ်ယောက်က အနာဂတ်တွင် ပင်မကျွန်းစု၏ ကြီးမြတ်သော အထက်အရာရှိ ဖြစ်မည့်သူဖြစ်သည်။ ထိုစစ်တုရင်ပွဲသည် ဒဏ္ဍာရီလာ စစ်နတ်ဘုရား၏တပည့် ရွေးချယ်ခြင်းဖြစ်သလို ကြီးမြတ်သော အထက်အရာရှိ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့ ကြားမှ ရန်ပွဲလည်း ဖြစ်သည်။

ဝမ်ချောင်သည် အကြီးအကဲအဘိုးအိုကို ကိုယ်ခံပညာတွင် မယှဉ်နိုင်မှန်း သိသော်လည်း သူသည် စစ်ပွဲနှင့် ပတ်သက်သည့် စကားရပ်တွင် အနိုင်ရဖို့ ယုံကြည်ချက်အပြည့် ရှိနေသည်။

“အဘိုး တိုက်ပွဲကွင်းပြင်မှာ သေခြင်းနဲ့ရှင်ခြင်း၊ အနိုင်နဲ့အရှုံးပဲ ရှိတယ်။ သမာရိုးကျတာနဲ့ မကျဘူးဆိုတာ မရှိဘူး”

စုကျန်းချန်၏ သမာရိုးမကျ ဟူသော စကားကို ကြားလိုက်ရသော်အခါ ဝမ်ချောင် အလျင်အမြန် ငြင်းဆိုလိုက်သည်။

ဝမ်ချောင်သည် ထိုဖရိုဖရဲ ကပ်ဆိုးကြီးကို ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်ပြီး တိုက်ပွဲအသေးစားနှင့် အကြီးစားတိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။

သူ၏ပြိုင်ဘက်က စုကျန်းချန် ဖြစ်လျှင်ပင် ဝမ်ချောင်က ရှုံးမည်ဟု မတွေးခဲ့ပေ။

ဝမ်ချောင် ထိုစကားလုံးများကို ပြောမည် မထင်သောကြောင့် စုကျန်းချန်က အလျင်အမြန်ပင် မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်ချောင်၏ ကစားပုံကစားနည်းက သမာရိုးမကျဟု သူပြောခဲ့သော်လည်း ဝမ်ချောင်က ကစားပွဲကို ဆက်လက်ကစားနေသည်။

ဝေ့ချီနှင့် စစ်တပ်သည် တူညီသော အခြေခံရှိသည်။ ဝေ့ချီသည် နဂိုတည်းက စစ်တပ်၏ အစွယ်အပွားပညာရပ်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ဝမ်ချောင်၏စကားများက အကျိုးအကြောင်းမသင့် မဟုတ်ပေ။

လက်ထဲတွင် အတန်ငယ် လေးလံသည့် အဖြူရောင်ကျောက်တုံးကို ကိုင်ထားရင်း စုကျန်းချန်က စစ်တုရင်ခုံပေါ်သို့ အကြည့်ကို ပြန်ပို့လိုက်သည်။ ပြီးနောက် ဧရိယာတစ်ခုလုံးက ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။

ထပ်..

အချိန်အတော်ကြာ ယှဉ်ပြိုင်ပြီးနောက် စုကျန်းချန်က နောက်ဆုံးတွင် အကြံတစ်ခု ထွက်ပေါ်လာသည်။ ကျယ်လောင်စွာ ဘုတ်ခနဲ မြည်သံဖြင့် သူ့လက်ထဲမှ ကျောက်တုံးအဖြူရောင်က နောက်ဆုံးတွင် စစ်တုရင်ခုံပေါ်သို့ ကျရောက်သွားသည်။

စုကျန်းချန်က နောက်ဆုံးတွင် တန်ပြန်တိုက်ခိုက်နိုင်မည့်နည်းလမ်းကို ရှာတွေ့သွားသည်။

အဘိုးစု၏ ရုတ်တရက်အကွက်က ချက်ချင်းပင် ဝမ်ချောင်၏စိတ်ဝင်စားမှုကို ရရှိသွားစေသည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်ချောင် စိတ်ထဲတွင် ကြိတ်ရယ်လိုက်သည်။ စုကျန်းချန်ဆီမှ ထိုအကွက်သည် အလွန်လေးနက်ပြီး အမြောက်အမြင်ရှိသည့်အကွက် ဖြစ်သည်။

တစ်ကွက်တည်းဖြင့် စစ်တုရင်ခုံပေါ်ရှိ အခြေအနေ တစ်ခုလုံးက ပြောင်းလဲသွားပုံပေါ်သည်။ ရုတ်တရက် နဂါးများက အိပ်နေရာမှ ထလာသကဲ့သို့ ခံစားလိုက်ရပြီး ရေစီးကြောင်းကို ပြောင်းလဲချင်သော မျှော်လင့်ချက်က ပေါ်ထွက်လာသည်။

သို့သော် ဝမ်ချောင်က ထိုအကွက်ကို မြင်ပြီးသောအခါတွင် ခေါင်းပဲခါနိုင်တော့သည်။

“ထင်ထားတဲ့အတိုင်းပဲ”

ဝမ်ချောင် ပြုံးလိုက်သည်။ သူက အနက်ရောင်ကျောက်တုံးကို ယူလိုက်ပြီး ‘ဖထပ်..’ သူသည် ဘာမှမရှိတော့သော စစ်တုရင်ခုံ၏အလယ်တွင် ချလိုက်သည်။ ထိုနေရာချလိုက်မှုကြောင့် စစ်တုရင်ခုံ၏ ရေစီးကြောင်းက တစ်ဖန် ပြောင်းလဲသွားပြန်သည်။

မကြာသေးမီက စုကျန်းချန်သည် သေခြင်းတရားမှာ လွတ်မြောက်လာပုံပေါ်ပြီး ထိုတစ်ချက်တည်းနှင့် ဒီရေက ပြောင်းပြန်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် ဝမ်ချောင်၏အကွက်နှင့် အကုန်လုံးက ပြိုပျက်သွားပြီး နဂါးက ရစရာမရှိအောင် ဖြစ်သွားသည်။ စုကျန်းချန်၏စစ်တပ်က ပြိုလဲနေသည်။

တရုတ်ကျိုင်းပင်အောက်၌ စစ်တုရင်ခုံရှေ့တွင် စုကျန်းချန်၏နဖူးပေါ်၌ အရေးအကြောင်းများ ရှိနေပြီး သူ၏မျက်နှာပေါ်တွင် ကြမ်းတမ်းသောအမူအရာ ရှိနေသည်။

တကယ်တော့ တရုတ်ကျိုင်းပင်အောက်ရှိ စစ်တုရင်ပွဲသည် သူ၏အဆင့်အတန်းကို နှိမ့်ချထားခြင်းဖြစ်သည်။ ထိုမှသာ အရည်အချင်းရှိသူ အားလုံးက စမ်းကြည့်နိုင်မှာ ဖြစ်သည်။ ထိုနည်းလမ်းဖြင့် စစ်ပွဲတွင် အရည်အချင်း အနည်းငယ်မျှပင်ရှိသူက ပါဝင်နိုင်ပြီး အောင်မြင်နိုင်သည်။

ထိုပွဲသည် စစ်ပွဲကြီး ဖြစ်သွားလိမ့်မည်ဟူသော အတွေးက သူ့စိတ်ထဲတွင် ဘယ်တုန်းကမှ မဖြစ်ပေါ်လာခဲ့ပေ။ ပိုဆိုးသည်မှာ သူက ရှုံးနေသည်။

ယင်းက သူ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်သွားပြီ ဖြစ်၏။

စုကျန်းချန်သည် စစ်တုရင်ခုံကို ခံစားချက်မဲ့ လေးလေးနက်နက် စိုက်ကြည့်နေပြီး သူ ဘာတွေးနေမှန်း မှန်းဆရန် ခက်ခဲပေသည်။

“မင်း ဘယ်ကလန်ကနေ လာတာလဲ”

အတန်ကြာပြီးနောက် စုကျန်းချန်သည် နောက်ဆုံးတွင် ခေါင်းမော့လာသည်။ သာမာန်ကလန်တစ်ခုမှ လူရွယ်ဆိုပါက ထိုအဆင့်သို့ နားလည်ထားရန်မှာ မဖြစ်နိုင်ပေ။

“ကျွန်တော်က မဟာထန်နိုင်ငံတော် ဗိုလ်ချုပ်ဝမ်ရန်ရဲ့သား၊ အရင်ဝန်ကြီးချုပ် ဝမ်ကျိုးလင်ရဲ့မြေး ဝမ်ချောင်ပါ”

ဒီလိုအဆင့်ကို သူတို့၏ လူငယ်အရွယ်တွင် ကျင့်ကြံဖို့က မဖြစ်နိုင်ကြပေ။

ဝမ်ချောင်က ဒူးထောက်နေဟန် ထိုင်နေပြီး ယုံကြည်ချက်အပြည့်ဖြင့် လေးလေးစားစား ပြန်ဖြေလိုက်သည်။

“အာ… ဒီတော့ မင်းက ဝမ်ဘိုဝုရဲ့မြေးပေါ့” (ဝမ်ကျိုးလင်၏ နာမည်ပြောင်)

စုကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်မဝင်စားသည့်ပုံ ဖြစ်နေသေး၏။

မြို့စားကြီးကျိုး ဝမ်ကျိုးလင်၊ မဟာထန်နိုင်ငံတော် ယခင်ဝန်ကြီးချုပ်ဟောင်းက ပင်မကျွန်းစုတွင် မသိသူမရှိပေ။ သူ၏ ကောင်းမွန်သော ဆောင်ရွက်ချက်များအကြောင်း ပြောသည့်အခါ လက်မ မထောင်သူ မရှိ။

သို့သော် စုကျန်းချန်အတွက်မူ မြို့စားကျိုးသည် နာမည်ပြောင်ကို ခေါ်ပြီး ပေါ့ပေါ့ပါးပါး စကားပြောနိုင်သူ ဖြစ်၏။ ပြီးနောက် သူသည် တခြားလူငယ်တစ်ယောက်အကြောင်း ပြောဆိုနေပုံပင် ပေါ်နေသေးသည်။

အကယ်၍ တခြားသူသာ ထိုသို့ ပြုလုပ်ပါက ဝမ်ချောင်သည် မြို့စားကြီးကျိုးကို အရှက်ခွဲသည်ဟု ထင်မြင်ပြီး ထပြန်သွားလောက်သည်။

သို့သော် မဟာထန်နိုင်ငံတော်တစ်ခုလုံးတွင် သူ့အဘိုးက ဝါရင့်သူဟု သတ်မှတ်ထားသူ အနည်းငယ်သာ ရှိ၏။ စုကျန်းချန်က သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။

စစ်ပွဲနတ်ဘုရားဟောင်းအနေဖြင့် စုကျန်းချန်သည် သူ၏နာမည်ကို မြို့စားကြီးကျိုးထက် အလွန်တရာစောလျက် အထွတ်အထိပ် ရောက်ခဲ့သော်ငြား ထိုစဉ်က တစ်ဖက်လူက အမည်မသိလူငယ်တစ်ဦး ဖြစ်နေသေးသည်။

အသက်အကြောင်းပြောရလျှင် အဘိုးက သူ၏အသက်ခုနစ်ဆယ်ပြည့်မွေးနေ့ကို မကြာခင်ကမှ ပြုလုပ်ခဲ့တာဖြစ်ပြီး ဝမ်ချောင်ရှေ့တွင် ထိုင်နေသည့် အဘိုးအိုထက် များစွာငယ်ရွယ်သေးသည်။

“အဲအကြောင်းကို အခု စဉ်းစားကြည့်လိုက်ရင် သူက အသက်ရှစ်ဆယ် ဒါမှမဟုတ် ကိုးဆယ်နားမှာ ထင်တယ်။ ဒါမှမဟုတ် အဲ့ထက် အသက်ပိုကြီးရင် ကြီးလောက်တယ်”

ဝမ်ချောင်၏နှလုံးခုန်နှုန်းက အလွန်မြန်ဆန်လာသည်။ အဘိုးက သူ၏နာမည်ကို အသက်နှစ်ဆယ်အတွင်းတွင်သာ ပြုလုပ်နိုင်ခဲ့ပြီး ထိုအချိန်တွင် စုကျန်းချန်သည် အနည်းဆုံး အသက်လေးဆယ်ကျော်နေပြီ ဖြစ်သည်။

ပြောရမည်ဆိုလျှင် စုကျန်းချန်က အသက်ကိုးဆယ်အတွင်းအသို့ ရောက်နေပြီဖြစ်သည်။ တကယ်တော့ ဝမ်ချောင်က သူ့ကို ရာစုနှစ်ကိုတောင် ဖြတ်ကျော်ပြီးပြီဟု ခန့်မှန်းထားခြင်းဖြစ်သည်။

တကယ်တော့ သူသည် ဧကရာဇ်ထိုင်ကျုံး၏ မျိုးဆက်တွင် ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည်။

သို့ဆိုလျှင်တောင် စုကျန်းချန်၏အသွင်အပြင်ကို အခြေခံ၍ ပြောရန် မဖြစ်နိုင်ပေ။ ဝမ်ချောင် ခေါင်းမော့လိုက်ပြီး စုကျန်းချန်ကို အလျင်အမြန် အကဲခတ်လိုက်သည်။ တစ်ဖက်လူ၏ဆံပင်က ဖြူနေသော်လည်း သူက တက်ကြွနေပုံရပြီးနောက် သူ၏ခန္ဓာကိုယ်က ကျန်းမာနေသေးသည်။ ထိုသူက သူ့အဘိုးထက် အသက် အလွန်ကြီးနေပုံလည်း မပေါက်ပေ။

All Chapters