အခန်း (၁၄၆-၁၅၀)
Vol. 5 Ch. 146-150
အခန်း-၁၄၆ ဝမ်ချောင်၏ဆန္ဒ။
သို့သော် သူ့အဘိုးနှင့် ခြားနားသည်က ဝမ်ချောင်သည် စုကျန်းချန်ထံမှ နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် အနက်ရောင်ရောင်ဝါကို ခံစားမိသည်။
သူ့ရှေ့ရှိလူသည် သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးတွင် သူ့ကိုယ်သူ ချိတ်ပိတ်ထားပြီး အပြင်ကမ္ဘာနှင် ကင်းကင်းရှင်းရှင်း နေခဲ့သည်။ တခြားသူများနှင့် စကားပြောဆိုခြင်း မပြုသလို လူမှုဆက်ဆံရေးကိုလည်း ရှောင်ကြဉ်သည်။
ဝမ်ချောင်နှင့်ပင်လျှင် သူတို့နှစ်ဦးကြားမှ ဆက်နွယ်မှုသည် ရွှေရောင်စစ်တုရင်ခုံတစ်ခုတည်းသာ ရှိ၏။
တခြားသော ဆက်နွယ်မှုများသာ မရှိပါက စုကျန်းချန်သည် ထိုအရာ၌ပင် စိတ်ဝင်စားမှု လျော့သွားနိုင်လေသည်။
မဟာထန်နိုင်ငံတော်၏ စစ်နတ်ဘုရားကို ရှာတွေ့ခဲ့သည့် ဝမ်ချောင်သည် ရုတ်တရက် သူ့အပေါ် စာနာမိသွားသည်။ သူသည်လည်း ထိုအခြေအနေမျိုးနှင့် မစိမ်းနေပေ။
ဝမ်ချောင်သည် သူ၏အတိတ်ဘဝတွင် အရာအားလုံးကို ဆုံးရှုံးလိုက်ရချိန်၌ ထိုအခြေအနေကို ကြုံတွေ့ဖူး၏။ စိတ်ဝင်စားသည့်အရာ တစ်ခုမျှမရှိ၊ ဘာကိုမှလည်း မလိုချေ၊ ဆက်၍ ရှင်သန်နေထိုင်ခြင်းက ပေးအပ်ခံထားရသည့် တာဝန်ကြောင့်ပင်။
“စုကျန်းချန်က အရင်ကအတိုင်းပဲ”
ဝမ်ချောင်သည် အဘိုးအို ကြုံတွေ့ခဲ့သည့် အခက်အခဲများစွာကို တွေးမိသွား၏။ စုကျန်းချန်သည် သူ့သားကို အရွယ်ကောင်းတွင် ဆုံးရှုံးလိုက်ရပြီး နောက်တစ်နှစ်တွေင် မြေးကိုပါ ဆုံးရှုံးခဲ့သည်။ သူ့သည် လူတိုင်းက သူ့အနားမှ ထွက်ခွာသွားပြီး ကမ္ဘာလောကအတွင်း သူတစ်ဦးတည်းသာ အထီးကျန်စွာ ကျန်ရစ်ခဲ့၏။
ယင်းက ဝမ်ချောင် ယခင်က ကြုံတွေ့ခဲ့သည်နှင့် တူညီနေ၏။
ခြားနားသည့် အချက်တစ်ခုမှာ ဝမ်ချောင်က ပြန်ဝင်စားခဲ့ပြီး သူ၏ ကံတရားကို ပြောင်းလဲနိုင်ကာ သူ့မိသားစုများကို ပြန်လည် ပေါင်းစည်းစေနိုင်ခဲ့သည်။
သို့သော် စုကျန်းချန်သည် မတူညီပေ။ သူက ထိုအချိန်တွင် သူ၏ နတ်ဆိုးနှင့်နတ်ဘုရားပျက်သုဉ်းြခင်းအနုပညာကို သင့်တော်သည့် ဆက်ခံသူကို ရှာဖို့ ကြိုးစားနေသည်။
သို့မဟုတ် မဟာထန်နိုင်ငံတော်၏ စစ်နတ်ဘုရားအနေဖြင့် သူ၏တာဝန်ကို ထမ်းဆောင်ရင်း သူ၏နိုင်ငံကို သေသည်အထိ တိတ်ဆိတ်စွာ ကာကွယ်နေခြင်းဖြစ်သည်။
သူ သစ္စာရှိစွာ တာဝန်ထမ်းဆောင်သော ဧကရာဇ်ထိုက်ကျုံးက သူ့အား စစ်တပ်ကို ဦးဆောင်ခွင့် မပြုသလို သူ့ကို ထပ်မံအသုံးချခြင်း မရှိတော့သည့်အပြင် စစ်တပ်နှင့် ပတ်သတ်ဆက်နွယ်မှုများကိုလည်း တားမြစ်ထားသေးသည့်တိုင် စုကျန်းချန်က တိုင်းပြည်ကို ချစ်မြတ်နိုးသေး၏။
လက်ရှိအချိန်တွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာသည်။ မည်သို့ပင် ဖြစ်စေ သူသည် ဤအဘိုးအို၏ ကံတရားကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူသည် အဘိုးအို၏ အထီးကျန်မှုများမှ လွတ်မြောက်စေလိုပြီး ကျန်ရှိသောဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသွားစေလိုက်သည်။ သူသည် ယခင်က အဖြစ်ဆိုးကို ပြန်၍ မကြုံလိုသော်လည်း ဤလေးစားလောက်ဖွယ် အဘိုးအိုကို ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းတို့ဖြင့် ထပ်မံ မသေဆုံးစေချင်ပေ။
“အဘိုး အနိုင်အရှုံးက စစ်ပွဲတိုင်းမှာ ဖြစ်ရိုးထုံးစံပါပဲ။ ကျွန်တော်တို့ ထပ်ကစားကြမလား”
ဝမ်ချောင်က ခပ်ဟဟ ရယ်လိုက်ပြီး မေးလိုက်သည်။
စုကျန်းချန်က ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးထဲ သံသယများက လျင်မြန်စွာ ဖြတ်ပြေးသွား၏။ ဝမ်ချောင်၏ သဘောထားက မကြာမီကတည်းက အနည်းငယ် ထူးဆန်းနေသည်။ စုကျန်းချန်က မငြင်းဘဲ လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
မကြာမီ ရွှေရောင်စစ်တုရင်ခုံပေါ်မှ ကျောက်တုံးများကို ရှင်းလင်းလိုက်သည်။ ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ဘက်ပြောင်းထိုင်လိုက်ကြပြီး ထပ်မံ ကစားကြသည်။ ယခင်နှင့် မတူဘဲ သူတို့သည် ဤတစ်ကြိမ်တွင် တစ်နေ့ကို တစ်ကွက်ရွေ့ခြင်းကို မလုပ်ကြပေ။
ထို့အစား သူတို့က မျက်နှာချင်းဆိုင်၍ ပွဲပြီးအောင် ကစားနေကြသည်။
စုကျန်းချန်က သူဆက်ခံမည့် စစ်တုရင် ပုံစံကို အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ဝမ်ချောင်၏ အဆင့်သည် ထိုအဆင့်ကို ကျော်လွန်သွားပုံရသည်။
သူကိုယ်တိုင်ကပင် ပြိုင်ဘက်မဟုတ်ပေ။
ထပ် ထပ် ထပ်..
ကွင်းပြင်တစ်ခုလုံးက ဖြည်းညင်းစွာ တိတ်ဆိတ်သွားသည်။ လေက တိုက်သွားပြီး တရုတ်ကျိုင်းပင်၏ ကိုင်းများက လှုပ်ယမ်းနေသည်။ သစ်ရွက်များ လေထဲတွင် ကြွေလွင့်သွားကြပြီး တချို့က သူတို့နှစ်ယောက် အကွက်ရွေ့နေစဉ် စစ်တုရင်ခုံပေါ်သို့ ကျလာကြသည်။
စုကျန်းချန်က စကားနည်းသည့်သူဖြစ်သည်။ ဝမ်ချောင်၏ မကျေပွဲကို လက်ခံပြီး သူက တင်းမာသည့် လှံတစ်ချောင်းက မြေပြင်သို့ ထိုးကျသွားသကဲ့သို မတ်မတ်ထိုင်ကာ စည်းကမ်းရှိသော စစ်သူကြီးတစ်ဦးကို သတိရစေသည်။
ဝမ်ချောင်က စုကျန်းချန်ကို စိတ်သဘောထားအရ မရှုံးနိမ့်ပေ။ သူ၏အတိတ်ဘဝတွင် သူက ပင်မကျွန်းစု၏ ကြီးမြတ်သည့် မဟာအထက်အရာရှိ ဖြစ်ခဲ့သည်။
သို့သော် ဝမ်ချောင်က ထိုအရာကို အချိန်အများစုတွင် ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ သူ၏ ဆယ့်ငါးနှစ်သား ခန္ဓာကိုယ်နှင့် သူ၏အားနည်းသော ကျင့်ကြံမှုများကြောင့် ဝမ်ချောင်က ကြီးမြတ်သည့်အထက်အရာရှိ စိတ်သဘောထားကို အပြည့်အဝထုတ်ပြရန် ခက်ခဲသည်။
ဝမ်ချောင်က သူ၏ခန္ဓာကိုယ်ကို ပြေလျော့သွားသည့်အထိ ဖြေလျော့လိုက်သည်။ သို့မှသာ လေထုက တင်းမာမှုမရှိဘဲ သာမာန် ပွဲတစ်ပွဲလို ဖြစ်မှာဖြစ်သည်။
စုကျန်းချန်က စစ်ပွဲတွင် ထူးခြားသည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ပြိုင်ဘက်က အနာဂတ်တွင် ပင်မကျွန်းစု၏ အရည်အချင်း အရှိဆုံး စစ်ပွဲသူတော်စင်ဖြစ်နေသည်။
သူတို့နှစ်ယောက်က စစ်တုရင်ခုံပေါ်တွင် သူတို့၏တပ်များကို ပြိုင်ဘက်ကို တိုက်ခိုက်ရန် ရွေ့နေကြသည်။ စုကျန်းချန်၏တပ်က ပို၍ ခွန်အားကြီးသော်လည်း ဝမ်ချောင်၏ တပ်များရှေ့တွင် သူတို့က အကူအညီမဲ့စွာ ကျရှုံးရုံပဲ တတ်နိုင်ကြသည်။
စစ်တုရင်ခုံပေါ်တွင် ဝမ်ချောင်၏ အနက်ရောင်ကျောက်တုံးများက ဖြည်းဖြည်းချင်း တိုးလာချိန်တွင် စုကျန်ရှန်း၏ အဖြူရောင်ကျောက်တုံးများက လျော့နည်းလာသည်။ စုကျန်းချန်သည် သူ၏အတွေးအခေါ်ကို စစ်တုရင်ခုံထဲတွင် မြှုပ်နှံထားသော်လည်း ဝမ်ချောင်က သူ မည်သည့်နေရာသို့ သွားစေကာမူ သူ၏ရှေ့တွင် ထောက်ချောက်တစ်ခုကို အမြဲချထားပုံရသည်။
အကြောင်းမသိစွာဖြင့် စုကျန်းချန် စိုးရိမ်ဖွယ်ကောင်းသော အခြေအနေသို့ ထပ်မံကျရောက်နေမှန်း တွေ့သွားသည်။
သူ စစ်တုရင်ခုံပေါ်တွင် ရွေ့နိုင်သည့် အကွက်နည်းနည်းလေးသာရှိပြီး သူ့ကို ရန်သူက လုံးဝထပ်ပြီး ဝိုင်းထားမှန်း ထပ်သိလိုက်သည်။
လေက ပတ်ဝန်းကျင်တွင် ဝေ့နေသည်။
လက်ထဲတွင် အဖြူရောင်ကျောက်တုံးကို ကိုင်ထားရင်း စုချန်ကျန်း၏ ထူထပ်သောမျက်ခုံးများက တင်းကျပ်စွာ စုနေကြသည်။ သူ့ရှေ့မှ စစ်တုရင်ခုံကို ကြည့်နေရင်း သူထပ်၍ တိတ်ဆိတ်သွားပြန်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လာသည်။ ဝမ်ချောင်က စုကျန်းချန် သူ၏အကွက်ကို ရွေ့မှာကို စိတ်ရှည်စွာ စောင့်ဆိုင်းရင်း စစ်တုရင်ခုံကို ပေါ့ပါးစွာ ပြုံးပြီး ကြည့်လိုက်သည်။
“နောက်တစ်ခေါက်”
အချိန်အတော်ကြာပြီးနောက် စုကျန်းချန်က သူ၏ လက်ထဲမှ ကျောက်တုံးကို ချလိုက်ပြီးနောက် စကားပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် သူက နောက်တစ်ပွဲစဖို့ ဦးစွာပြောသူ ဖြစ်သည်။ ပြီးနောက် သူက စကားထပ်မပြောတော့ပဲ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်သည်။
“ဟုတ်ပြီ”
ဝမ်ချောင် ဝမ်းသာစွာဖြင့် ပြုံးလိုက်သည်။ သူ ကျောက်တုံးများကို တိတ်ဆိတ်စွာ သိမ်းလိုက်ပြီး နောက်တစ်ပွဲ စလိုက်သည်။ ပြီးနောက် မြင်းများနှင့် ခြေလျင်တပ်တို့က သွေးစွန်းနေသော တိုက်ပွဲကွင်းပြင်တွင် ထပ်မံ တိုက်ကြတော့သည်။
နေက တဖြည်းဖြည်း အနောက်သို့ ဝင်သွားပြီး သရဲသစ်ပင်အရပ်တစ်ခုလုံး မှောင်မည်းသွားသည်။
“သခင်ကြီး နောက်ကျနေပြီ။ ကျွန်တော်တို့ အခုတော့ ပြန်ပြီး မနက်ဖြန်ကျမှ ထပ်ကစားရင်ရော”
ရုတ်တရက် တရုတ်ကျိုင်းပင်နောက်တွင် သာမာန် ဆံပင်နက်နှင့်လူက ထွက်ပေါ်လာသည်။ အနည်းငယ် ကိုင်းနေသော ခန္ဓာကိုယ်ဖြင့် အဘိုးအိုက စုကျန်းချန်ကို စိတ်ပူစွာ ကြည့်လိုက်သည်။
ထိုပိန်ပိန်ပါးပါးလူအိုကို တွေ့လိုက်ရသောအခါ ဝမ်ချောင် သူ၏ နှလုံးသားကို အပ်နှင့် ထွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ၏မျက်လုံးများက ကျဉ်းမြောင်းပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီးနောက် သူ၏ နှလုံးသားက အလွန်ခုန်နေသည်။ သူ သူ၏ အံ့အားသင့်သည့် အာမေဍိတ်သံကို မထိန်းနိုင်ခဲ့ပေ။
အတိတ်က အသိတစ်ယောက်ဖြစ်သည်။
ဝမ်ချောင်က ဒီလူကို မှတ်မိသည်။ သူက စုအိမ်တော်မှ အစေခံအိုကြီး ဖန်ဟုန်ဖြစ်သည်။ သူက စုအိမ်တော်မှ အစေခံတစ်ယောက်၏ ကလေးဖြစ်ပြီး ထိုနေရာတွင် ကြီးပြင်းခဲ့သည်။
စုချန်ကျန်းက သူ၏ သားနှင့်မြေးကို ဆုံးရှုံးပြီးနောက် သူက သူ၏ သစ္စာရှိသည့် အစေခံအိုကြီးကို သူသေသည့်တိုင် သူ့ဘေးတွင် အလုပ်အကျွေးပြုစေခဲ့ပြီး အစေခံများနှင့် အိမ်ဖော်များကို အလုပ်ဖြုတ်ခဲ့သည်။
ဝမ်ချောင် သူ့ကို မှတ်မိခြင်းက ဒီအစေခံအိုကြီးက သူ့အား စုကျန်းချန်၏အကြောင်းများကို ပြောပြသော သူတစ်ယောက် ဖြစ်သည်။
သို့သော် ဝမ်ချောင်က မကြာခင် သက်သာလာသည်။ သူက ဖန်ဟုန်ကို မှတ်မိသော်လည်း ထိုအစေခံအိုကြီးက သူ့ကို မမှတ်မိပေ။
“အဘိုး”
သူ၏စိတ်လှုပ်ရှားမှုကို ဘေးဖယ်လိုက်ပြီး ဝမ်ချောင်က ခပ်တည်တည်ဖြင့် နှုတ်ဆက်လိုက်သည်။
ဖန်ဟုန်သည် ဝမ်ချောင် မှတ်မိသည်ထက် အများကြီးငယ်နေသည်။ ယခင်က တစ်ဖက်လူ၏ဆံပင်က လုံးဝဖြူနေပြီး သူ၏ မျက်နှာပေါ်တွင် ပါးရေများတွန့်နေပြီဖြစ်သည်။
သူ၏သခင်ကို ဆုံးရှုံးခဲ့ရ၍ ဝမ်းနည်းနေသော သစ္စာရှိသည့် အစေခံအိုကြီးနှင့် ခြားနားပြီး လက်ရှိဖန်ဟုန်သည် တက်ကြွနေသေးသည်။
ဝမ်ချောင် သူ့အတွက် မပျော်ဘဲ မနေနိုင်ခဲ့ပေ။
အနည်းဆုံးတော့ အကြံက စတင်ခဲ့ပြီဖြစ်သည်။
“အဘိုး အခု နောက်ကျနေပြီ။ ကျွန်တော်တို့ အခု ပြန်ရတော့မယ် ဘာလို့ မနက်ဖြန်ကျမှ ဆက်မပြိုင်တာလဲ။
ဝမ်ချောင် စုကျန်းချန်ကို ပြုံးပြလိုက်သည်။
ဖန်ဟုန်၏ သတိပေးချက်အရ ဝမ်ချောင်သည် ကိစ္စတစ်ခုကို ရုတ်တရက် ပြန်သတိရသွားခဲ့သည်။ စုကျန်းချန်က သူ့ကိုယ်သူ စည်းကမ်းတစ်ခု ချမှတ်ထားသည်။ သူ စစ်တုရင်ပဲ ကစားသည်ဖြစ်စေ သို့မဟုတ် ဘာလုပ်သည်ဖြစ်စေ နေမဝင်ခင် စုအိမ်တော်သို့ ပြန်လာမည်ဖြစ်သည်။
တစ်နည်းအားဖြင့် အကယ်၍ အင်ပါယာစစ်တပ်အဖွဲ့ဝင်က သူ့ကို သတိထားမိပြီး တော်ဝင်နန်းတော်အတွင်းသို့ တိုင်ကြားလိုက်လျှင် ပြဿနာအကြီးအကျယ် တက်မှာဖြစ်သည်။
စုကျန်းချန်က တော်ဝင်နန်းတော်ထဲမှ ထိုလူအား အာရုံမစိုက်စေချင်ပေ။ ပြီးနောက် အကယ်၍ ထိုအရာ ဖြစ်ခဲ့လျှင် အကုန်လုံးက သူ့ကို သတိပြုမိကြမှာဖြစ်သည်။
နှစ်ပေါင်းအတော်ကြာ ဧကရာဇ်ထိုက်ကျုံး အချိန်ကတည်းကပင် စုကျန်းချန်က သိုသိုသိပ်သိပ် နေနေပြီးနောက် ထို့ကြောင့်ပင် သူက ယခုအချိန်ထိ နေနေရခြင်းဖြစ်သည်။
ဒါက အလိုအလျောက်ဖြစ် ဝါသနာဖြစ်လာသည်။
ဝမ်ချောင်က ထိုအရာကို လက်မခံသော်လည်း ယခုအချိန်တွင် လုပ်နိုင်တာ ဘာမှမရှိတော့ပေ။ လက်ရှိတွင် သူ တစ်ဖက်လူကို ပထမဆုံးအချိန်တွေ့ဆုံခြင်းဖြစ်သည်။ ပြီးနောက် သူတို့ ဆော့ခဲ့သည့် အချိန်က ကန့်သတ်ထားသည်။ အကယ်၍ သူက သူ့ကို ဒီအကျင့်ကို ပြင်ရန် အကြံပေးလျှင်တောင် ထိုအရာက အနာဂတ်တွင် ဖြစ်လာမည့် အရာဖြစ်သည်။
စုကျန်းချန် က စစ်တုရင်ခုံကို မကြည့်ခင် ဝမ်ချောင်ကို ကြည့်လိုက်သည်။ ရှုပ်ထွေးနေသည့် စစ်တုရင်ခုံပေါ်တွင် အဖြူရောင်ကျောက်တုံးများက အနက်ရောင်ကျောက်တုံးများ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံနေရသည်။
သူက ဤတစ်ပွဲလည်း ရှုံးသွားပြန်သည်။
စစ်မြေပြင်တွင် ကြီးစိုးသည့် စစ်နတ်ဘုရားက ဆယ်ကျော်သက်ကောင်လေးကို ရှုံးလိမ့်မည်ဟု မတွေးထားပေ။ တစ်ခဏလောက် မယုံကြည်နိုင်ဖြစ်သွားသည်။
သို့သော် သူ့ရှေ့တွင် ထိုအရာက ဖြစ်ပျက်ခဲ့သည်။
ဝမ်ချောင်၏ ‘မနက်ဖြန် ပြန်ပြိုင်မယ်’က ကောင်းမွန်သည့် လေသံပါဝင်နေပြီး တစ်ဖက်လူကို ဂုဏ်ငယ်မှု အချို့နဲ့ ထားခဲ့သည်။
ဝမ်ချောင်အား ခဏတာ လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီးနောက် စုကျန်းချန် နောက်ဆုံးတွင် မတ်တပ်ရပ် လိုက်တော့သည်။
“ဖန်ဟုန် သွားကြစို့”
ထို့နောက် စုကျန်းချန်သည် သူ၏အင်္ကျီလက်များကို အလျင်အမြန် တင်လိုက်ကာ လှည့်ထွက်၍ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
စုကျန်းချန်၏ ထွက်ခွာသွားသည့်ပုံအား ကြည့်နေရင်း ဝမ်ချောင် ပြုံးလိုက်သည်။ ထို့နောက် သူလည်း ထွက်သွားတော့သည်။
…
‘အေးတဲ့ နေ့တစ်နေ့တည်းနဲ့ မြစ်ကို သုံးပေနက်တဲ့အထိ မခဲစေနိုင်ဘူး။’ ပိတ်ထားသော နှလုံးသားတစ်ခုကို ဖွင့်ဖို့ကလည်း လွဘ်သည့် ကိစ္စတစ်ခု မဟုတ်ပေ။
ဝမ်ချောင်၏ စုကျန်းချန်အပေါ်တွင် ထားရှိသည့် ရည်ရွယ်ချက်က အံ့ဩထိတ်လန့်ဖွယ်ဖြစ်ပြီးနောက် အတိတ်နိမိတ်မကောင်းသော စုအိမ်တော်က အချိန်တိုအတွင်း ရနိုင်သည့်အရာ မဟုတ်ပေ။
သို့သော် ထိုအရာက အကုန်လုံးထဲမှ ပထမအဆင့်ဖြစ်သည်။ တစ်စချင်းစီ စုပုံသွားခြင်းအားဖြင့် နောက်ဆုံးတွင် တောင်ကြီးတစ်ခု ဖြစ်သွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဒုတိယနေ့တွင် ဝမ်ချောင်က သရဲသစ်ပင်အရပ်သို့ တစ်ဖန်ထပ်သွားလိုက်သည်။
ရွှေရောင်စစ်တုရင်ခုံက တရုတ်ကျိုင်းပင်အောက်တွက် ချထားပြီးနောက် စစ်တုရင်ခုံနောက်တွင် ရင်းနီးသော လူရိပ်ရှိနေသည်။ အဖြူရောင်ဆံပင်နှင့် အနက်ရောင်ဝတ်စုံ၊ သူက ခံစားချက်မဲ့စွာဖြင့် ထိုင်လိုက်သည်။ သူက အချိန်တစ်ခုအထိ စောင့်ပြီးခဲ့ပုံပင်။
“အဘိုး မင်္ဂလာ နံနက်ခင်းပါ”
ဝမ်ချောင်က ဝမ်းသာစွာဖြင့် ခေါင်းငုံ့လိုက်ပြီး စုကျန်းချန်အတွက် ဆန့်ကျင်ဘက်တွင် ထိုင်ရန် ခုံပြင်ပေးလိုက်သည်။
“မြန်မြန် ဒီကိုလာတော့..”
ဝမ်ချောင် နောက်ကို လက်ရမ်းပြလိုက်ပြီးနောက် ရဲမက်တချို့က ချက်ချင်း စားပွဲလေးဖြင့် ရောက်လာကြသည်။ ပြီးနောက် စစ်တုရင်ခုံဘေး၌ ချထားလိုက်ကြသည်။ ပြီးနောက် သူတို့က မြေပဲထည့်ထားသော နှင့် တူနှစ်စုံကို စားပွဲလေးထိပ်တွင် ချထားလိုက်ကြသည်။
“ဒါဘာလဲ”
မျက်မှောင်ကြုတ်နေရင်း စုကျန်းချန်က စားပွဲလေးကို မကြည့်ခင် ဝမ်ချောင်အား သံသယရှိစွာကြည့်လိုက်သည်။
“အဲဒါက မြေပဲတွေပဲ”
ဝမ်ချောင်၏ မျက်နှာပေါ်တွင် ‘ဒါက မြေပဲတွေဆိုတာ မသိတာ ဖြစ်နိုင်လို့လား’ ဆိုသည့် အကြည့်ဖြင့် ခပ်ဟဟ ရယ်လိုက်သည်။
စုကျန်းချန် ဘာမှမပြောသော်လည်း သူ မျက်မှောင်ကြုတ်လိုက်သည်။
“ဟဟဟ အဘိုး ဒီတော့ အဘိုးက ဒီအကြောင်းကို ပြောနေတာပေါ့။ စစ်တုရင်ပဲ ကစားရတာ ပျင်းစရာကြီးလို့ မထင်ဘူးလား။ ဘေးမှာ မုန့်လေးတွေထားရင် ပိုမကောင်းဘူးလား။ လာ ဒီမှာ အဘိုးရဲ့တူ”
တစ်ဖက်လူ၏ လက်ဟန်ခြေဟန်နောက်မှ ရည်ရွယ်ချက်ကို နားလည်လိုက်သည်နှင့် ဝမ်ချောင် ရယ်လိုက်သည်။
ပြောင်းလဲခြင်းတွေက အမြဲတမ်း စတင်လေ့ရှိပြီးနောက် ဝမ်ချောင်စိတ်ထဲတွင် ရှိသည်က သူ့ရှေ့ရှိ အဘိုးအိုကို ပျော်ရွှင်စေချင်တာဖြစ်သည်။
သူသည် မဟာထန်၏စစ်နတ်ဘုရား ဖြစ်ပြီး ဒီနိုင်ငံတော်အတွက်၊ ဒီပင်မကျွန်းစုအတွက်နှင့် ထိုလူထုအတွက် သူ၏ တစ်ဘဝလုံးကို ပေးအပ်ခဲ့သည်။
ထိုသို့သော လူတစ်ယောက်က ပျော်ရွှင်ရန် ထိုက်တန်သည်။
လောကကြီးသည် ထိုသူ့အပေါ် အကြွေးများစွာ တင်နှင့်ပြီး ဖြစ်၏။
…..
ဝမ်ချောင်သည် နတ်ဆိုးနှင့်နတ်ဘုရားပျက်သုန်းြခင်းအတတ်ပညာကို အမှန်တကယ်ပင် လိုချင်သည့်အပြင် ဤမြင့်မြတ်သော လူအိုကြီးကို ကျန်ရှိသည့်သူ့သက်တမ်း၌ ပျော်ရွှင်စွာ ဖြတ်သန်းစေချင်သည်။
ပြီးနောက် ဤမြေပဲတစ်ပန်းကန်က အစသာ ရှိသေးသည်။
တစ်နေ့ အဘိုးအိုက သူ၏အရိပ်များမှ ထွက်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းနိုင်မည်ဟု ဝမ်ချောင်ယုံကြည်သည်။
သစ်ရွက်ကြွေကျသံများမှ လွဲ၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။
စုကျန်းချန်သည် ဝမ်ချောင်ကို ချီတုံချတုံဖြင့် စိုက်ကြည့်လိုက်သော်လည်း ဘာမှမပြောရန်သာ ရွေးချယ်လိုက်သည်။
…..
အခန်း-၁၄၇
မကောင်းဆိုးဝါးဧကရာဇ်၏ သတင်းတစ်စ။
နောက်ဆုံးအချိန်ထိတိုင် စုကျန်းချန်က ဝမ်ချောင် ယူလာခဲ့သော မြေပဲများကို မစားပေ။ သို့သော် သူ ဝမ်ချောင်ကို ထိုမြေပဲများကို စစ်တုရင်ခုံနားသို့ ယူခွင့်ပြုသည်က ကြီးမားသည့် တိုးတက်မှုတစ်ခု ဖြစ်သည်။
တစ်ဖန်ပြန်စသည်နှင့် ထပ်၍ မရပ်တောပေ။
စုကျန်းချန်က ဝမ်ချောင်ကို မရပ်ခိုင်းသ၍ ကိစ္စတစ်ခုလုံးက ထိန်းချုပ်၍ မရဖြစ်နေသည်။
ဒုတိယနေ့တွင် ဝမ်ချောင်က အိုးလုံပိတ်၍ နှပ်ထားသော အမဲသားကို ယူလာသည်။
တတိယနေ့တွင် ဝမ်ချောင်က အရံဟင်းပွဲများ ယူလာခဲ့သည်။
ပြီးနောက် လေးရက်မြောက်နေ့တွင် ဝမ်ချောင်က ဝိုင်တစ်ပုလင်း ယူလာခဲ့သည်၊
“ဒါဘာလဲ”
စုကျန်းချန် နောက်ဆုံးတွင် သူ၏ စိတ်ရှည်မှု အတိုင်းအတာ တစ်ခုထိ ရောက်လာသည်။ သူ၏ နဖူးပေါ်ရှိ နက်နဲသော အတွန့်တစ်ခုက သူ၏ မကျေနပ်မှုကို ဖော်ပြနေသည်။ သူက အရက်ကို အလွန်မုန်းတီးပုံရသည်။
စုကျန်းချန်က သူ၏ဘဝတွင် ခွန်အားကြီးသောသူ အများအပြားကို တွေ့ခဲ့ဖူးသည်။ ဥပမာ အနေဖြင့် ဧကရာဇ်ထိုက်ကျုံး၊ အနောက်ဘက် မဟာနှင်းတောင်ပေါ်တွင် နေထိုင်သော ဘုန်းကြီးဝူထန်၊ မြောက်ဘက် မြက်ခင်းလွင်ပြင်မှ တူရစ်ခန်၊ ဂိုဂူလျောမှ စွမ်းအားမြင့်စစ်သည်တော်များ၊ အက်ဘက် ကယ်လီဖိတ်၊ ချားရစ် ဆက်စီနို ဆိုသည့် စစ်ဗိုလ်ချုပ်များနှင့် အစွမ်းထက်သော အရာရှိများဖြစ်သည်။
သို့သော် သူတို့ထဲမှ တစ်ယောက်မှ သူ၏ရှေ့တွင် ဗရုတ်သုတ်ခ မပြုမူရဲပေ။ အနည်းဆုံးတော့ သူတို့ထဲမှ တစ်ယောက်မှ ဝမ်ချောင်ကဲ့သို့ ပူပင်ကြောင့်ကြမမဲ့ပေ။
ပထမရက်မှ မြေပဲကို တစ်ခုတည်းဖြစ်ပြီး သူက ဒုတိယရက်မှ အမဲသားကိုလည်း လျစ်လျူရှူနိုင်သေးသည်။ သို့သော် နောက်တွင် သူယူလာသည်များက ပို၍ ပို၍ လွန်လာပြီဖြစ်သည်။
ဘေးတွင် အရံဟင်းများစွာကို ချထားခဲ့သည့်အပြင် သူက ယနေ့ အရက်ကိုပါ ယူလာခဲ့သည်။
ငြိမ်သက်အေးချမ်းပြီး ခံ့ညားရမည့် စစ်တုရင်ပွဲက ဝမ်ချောင်၏အပြုအမူများကြောင့် ရုတ်တရက် အသံက ပြောင်းလဲသွားသည်။
“အဲဒါဝိုင်ပဲ”
စုကျန်းချန်၏ မကျေနပ်သည့် အမူအရာကိ အကဲခတ်၍ ဝမ်ချောင်က ဖြေလိုက်သည်။ သူပြောပြီးသည်နှင့် ဝိုင်ခွက်ကို စုကျန်းချန်ရှေ့တွင် ချပြီး ဝိုင်ကိုငှဲ့လိုက်သည်။
“ငါ မသောက်ဘူး”
စုကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ချောင် သူ့ကို ကမ်းပေးသော ဝိုင်ခွက်ကိုပင် မကြည့်ပေ။
“အရက်သောက်တာက စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ဗိုလ်ချုပ်ကလန်ရဲ့ မျိုးဆက်အနေနဲ့ မင်း ဒါကို နားလည်သင့်တယ်”
စုကျန်းချန်၏ အကြည့်များက အေးစက်နေတယ်။
သူက စစ်တပ်နှင့် မြို့တော်ကနေ ထွက်ခဲ့တာ ဆယ်စုနှစ်များစွာ ရှိခဲ့ပေမဲ့ သူက သူ၏ ဘဝတစ်ဝက်စာ စစ်တပ်မှာ မွေးမြူခဲ့သည့် အလေ့အကျင့်များကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
သူက ဝမ်ချောင် မြေပဲများ နှင့် အမဲဿားကို ယူလာသည်ကို စိတ်ထဲမထားသော်လည်း အရက်က ပြင်းပြင်းထန်ထန် ရှောင်ကျဉ်ရမည့်အရာဖြစ်သည်။
“ဟဲဟဲ အဘိုး အဘိုးက ကျွန်တော့်ကို နောက်နေပြန်ပါပြီ။ ကျွန်တော်က ကလေးပဲရှိသေးတယ်။ ပြီးတော့ အဘိုးကလည်း စစ်မြေပြင်ပေါ်က ဗိုလ်ချုပ်မဟုတ်တော့ဘူး။ အဲ့မှာ ဘာလို့ အားနည်းချက်တွေ ရှိမှာလဲ”
ဝမမ်ချောင် ပြန်ဖြေလိုက်သည်။
စုကျန်းချန်၏ အကြည့်တွေက အလွန်အေးစက်နေသည်။ သူ့ထံမှ ထွက်ပေါ်လာသောအာဏာက ယခင်က သူ၏ တပ်စုများကို အမိန့်ပေးသည့် အချိန်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီးနောက် ထိုအရာက သာမာန်လူတစ်ယောက် ခံနိုင်သည့် အရာမဟုတ်ပေ။
အကယ်၍ သူ့နေရာတွင် တခြားသူသာဆိုလျှင် ထိုလူက ကြောက်ရွံ့မှုဖြင့် တုန်နေလောက်ပြီဖြစ်သည်။ သို့သော် ဝမ်ချောင်က ထိုအရာကို လုံးဝ မထိရောက်နိုင်ပေ။ ထို့ပြင် သူက သူ၏ဝိုင်တစ်ခွက်ကို ပြောနေရင်းပင် သောက်လိုက်သည်။
လန်းဆန်းသွားပြီး ပေါ့ပါးသွားသလိုပင် ခံစားလိုက်ရသည်။
သူ၏ ခွက်ကို သောက်လိုက်ပြီးနောက် သူက အိုးလုံပိတ်၍ နှပ်ထားသော အမဲသားကို သူ့ပါးစပ်ထဲတွင် ဖြည်းညင်းစွာ ဝါးနေသည်။
စုကျန်းချန် ခဏတာ ကြက်သေသေသွားပြီးနောက် ရုတ်တရက် သတိပြန်ဝင်လာသည်။
အမှန်တကယ်ပင်။
သူ မေ့နေတာ ကြာပြီဖြစ်သည်။ သူက စစ်တပ်၏ မြင့်မြတ်သည့် အထက်အရာရှိ မဟုတ်တော့တာ ကြာပြီဖြစ်သည်။ ပြီးနောက် သူက ထိုအရာမှင့် ဘာမှလုပ်စရာမရှိပေ။
ယခုအချိန်တွင် သူ ဘာကို စိုးရိမ်စရာရှိသနည်း။
ရုတ်တရက် စုကျန်းချန်က မူးဝေသွားသည်။
ယခုအချိန်ထိ သူက ဧကရာဇ်ထိုက်ကျုံးက သူ၏ ချပ်ဝတ်များကို ချွတ်ပြီး စစ်အာဏာကို လွှဲပြောင်းပေးဖို့ အမိန့်ထုတ်ခဲ့တာကို မှတ်မိနေပါသေးသည်။ စူးရှသော ဆူးပင်သည် သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ ခိုအောင်းခဲ့သည်။
“အဘိုး အဘိုး မသောက်ချင်ရင်လည်း ရပါတယ်”
ဒီအချိန်တွင် ဝမ်ချောင် ရုတ်တရက် ပြောလိုက်သည်။
“တကယ်လို့ အဘိုး မနေ့ကထက် သုံးမှတ်နည်းရင် ကျွန်တော် အဘိုးကို မသောက်ခိုင်းဘူး။ မဟုတ်ရင် အဘိုး တစ်ခွက်သောက်ရမယ် ဘယ်လိုလဲ”
“ယုတ်မာလိုက်တာ”
စုကျန်းချန်၏ မျက်နှာက ပြောင်းသွားပြီးနောက် ယခင်စစ်နတ်ဘုရား၏ အာဏာက သူ့ထံမှ ထွက်ပေါ်လာသည်။ အချိန်တွေ ပြောင်းလဲသွားသော်လည်း သူ နှစ်ပေါင်းများစွာ မွေးမြူခဲ့သောအကျင့်က မည်သို့ ပြောင်းလဲသွားမည်နည်း။
“အဘိုး အဘိုးက ညစ်ပြီးဆော့နေတာပဲ။ တကယ်လို့ အဘိုးရှုံးရင် အဘိုး အပြစ်ဒဏ်ကို လိုလိုလားလား လက်ခံရမှာပဲ”
ဒီအချိန်မှာ ဘေးမှ ကလေးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။ ဝဝတုတ်တုတ်ကောင်လေး တစ်ယောက်က ဘေးမှ ထွက်လာပြီး စုကျန်းချန်၏ လက်မောင်းကို ဖက်လိုက်ပြီးနောက် သူ၏ အားအကုန်သုံး၍ မညှာမတာ ယမ်းလိုက်သည်။
စုကျန်းချန်ထံမှ ထွက်လာသော အာဏာများက ချက်ချင်း ပျောက်ကွယ်သွားသည်။
အချို့အကြောင်းများကြောင့် သူ သည်ကလေးကို လွန်ခဲ့သည့် လအနည်းငယ်က စတင်တွေ့စဉ်က သူက သူနှင့် ဆက်နွယ်မှုရှိသည်ဟု ခံစားမိသည်။ ထိုအချိန်မှစ၍ ဒီကလေးက သူ့ကို ဘဝထဲတွင် ပျော်ရွှင်မှုများ ယူဆောင်လာပေးခဲ့သည်။
သည်ကလေးရှေ့မှာတော့ သူ့အာဏာက သက်ရောက်မှုမရှိတော့ပေ။
“ကောင်းပြီ ငါ လက်ခံတယ်။ ဟုတ်ပြီလား”
စုကျန်းချန်သည် လက်များကို ခပ်မြန်မြန် လွှဲယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ လက်ခံလိုက်ရသည်။ သူက တိုင်ကျန်းကျန်းကိုရော ဝမ်ချောင်ကိုပါ နှစ်သက်နေပြီဖြစ်ပြီး ထိုကလေး၏ ဒီကလေး၏ စစ်ပွဲအပေါ်ထားသည့် သဘောထားက သူ့ကို အမှန်တကယ်ပင် အထင်ကြီးစေသည်။
သူ၏ တစ်ဘဝလုံးတွင် သူက ဝမ်ချောင်ကဲ့သို့ အရည်အချင်းရှိသူကို မမြင်ဖူးပေ။ သူက ထိုကလေးကို မယှဉ်နိုင်ဆိုသည့် အချက်ဖြစ်သည်။
ထိုကလေးနှစ်ယောက်ကိုအပေါ်တွင် သူ၏နှလုံးသားကို မတင်းမာနိုင်ပေ။
စစ်တုရင်ခုံကို ပြန်ပြင်လိုက်ပြီးနောက် ကျောက်တုံးများနှင့် အချင်းချင်း တိုက်ခိုက်ကြသည်။ နာရီအနည်းငယ် ကြာသောအခါ အဖြူရောင်ကျောက်တုံးများက ထောင့်တွင် အကပ်ခံလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စုကျန်းချန်သည် သနားဖွယ်ကောင်းစွာ ဝမ်ချောင်အား ဆက်တိုက်ရှုံးခဲ့ပြီးနောက် ယနေ့တွင်လည်း ခြွင်းချက်မရှိပေ။
စစ်တုရင်ခုံကို ကြည့်လိုက်ရင်း စုကျန်းချန်၏ မျက်နှာက ဖြူဖျော့နေပြီးနောက် သက်ပြင်း ချလိုက်သည်။ သူသည် ခုံပေါ်မှ ဝိုင်ခွက်ကို ယူလိုက်ပြီး မော့ချလိုက်သည်။
သူ ယခင်က အရက်ကို ဖြတ်ထားသောကြောင့် ဖြစ်လောက်သည်။ သူ ပါးစပ်အပြည့်ဖြင့် အသက်ရှုကျပ်သွားသည်။ သူ၏ မျက်နှာတစ်ခုလုံး နီရဲသွားပြီးနောက် သူ ချောင်းတဟွတ်ဟွတ် ဆိုးတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်တော့ ကျန်းကျန်းက ရယ်မောလိုက်သည်။ ထိုအစ်ကိုကြီးက စိတ်ဝင်စားစရာ ကောင်းသည့်သူဟု သူ ခံစားမိလိုက်သည်။
ဝမ်ချောင်က မရယ်ဘဲ မနေနိုင်ခဲ့ပေ။
တစ်ခါ အလိုလိုက်ပြီးသည်နှင့် မပြီးနိုင်တော့ပေ။ ဝမ်ချောင်က ယခင်ရက်များက မုန့်များစွာကို ယူခဲ့သော်လည်း စစ်နတ်ဘုရားဟောင်းက ထိုမုန့်များကို မထိခဲ့ပေ။
သိုသော် ဝိုင်တစ်ခွက်ဖြင့် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
အနီးအနားရှိ အမိုးအောက်တွင် အစေခံအိုကြီးဖန်ဟုန်က မြင်ကွင်းကို မြင်တော့ ပြုံးနေသည်။ သူက သခင်ကြီးထံမှ ထိုမျက်နှာထားကို မမြင်ရတာ အတော်ကြာပြီဖြစ်သည်။
အရက်သောက်ရင်း သီးသွားပြီး စုကျန်းချန်၏ မျက်နှာက နီရဲသွားသည်။ သို့သော် ဒီအချိန်တွင် ဖန်ဟုန်က သူ့ကို နှစ်ပေါင်းများ အဖော်ပြုခဲ့သော် ဝမ်းနည်းမှုက ပျေက်ကွယ်သွားသလို ခံစားလိုက်ရသည်။
အကြောင်းတချို့ကြောင့် ဖန်ဟုန်က ထိုဝမ်ချောင်အမည်ရှိ လူငယ်နှင့် ထိုဆယ့်လေးနှစ်ကလေးကို အလွန် သဘောကျတာကို တွေ့သွားသည်။
ဝမ်ချောင်၏ ဆုံးဖြတ်မှုက မှန်ကန်သည်။
ဝိုင်တစ်ခွက်သောက်ပြီးနောက် အတားအဆီးက ပျောက်ကွယ်သွားသလိုပင်။ စုကျန်းချန် သူ့ကိုယ်သူ တင်းကြပ်ထားသည့် အရာက ပျက်ဆီးသွားပြီဖြစ်သည်။
နောက်ရက်အနည်းငယ်တွင် စုကျန်းချန်က မြေပဲအနည်းငယ်ကို ယူစားပြီး၊ လှီးထားသည့် အမဲသား အနည်းငယ်၊ အရံဟင်းပွဲ အနည်းငယ် နှင့် ဝိုင်တစ်ခွက် နှစ်ခွက်ကို သောက်သည်။
ဒါက သူထင်သလောက် အများကြီး မဟုတ်သော်လည်း လေထုက ယခင်ကလောက် မတင်းမာတော့ပေ။
ဒါက ကောင်းသည့် ပြောင်းလဲမှုဖြစ်သည်။
သူ ရိုသေသည့် အဘိုးအိုက နောက်ဆုံးတွင် သူ၏ ဝမ်းနည်းမှုများကို စွန့်လွှတ်နိုင်လိုက်တာကြောင့် ဝမ်ချောင် သူ့အတွက် ဝမ်းသားခဲ့သည်။
…
တစ်နေ့ပြီး တစ်နေ့ ဖြတ်ကျော်ခဲ့သော်လည်း စုကျန်းချန်၏ သူ မည်သူဖြစ်ကြောင်းကို မပြောသေးပေ။ တစ်ချိန်တည်းမှာ ဝမ်ချောင်ကလည်း ဘာမှ မပြောပေ။ နေ့တိုင်း အဘိုးအိုနှင့် လူငယ်တို့က တရုတ်ကျိုင်းပင်အောက်တွင် ထိုင်ကြပြီး စစ်တုရင်ကို မည်သူနှင့်မှ မတူသလို ကစားကြသည်။
ဒီအချိန်တွင် ဝမ်ချောင်က ဦးရီးလီလင်းထံမှ အဆက်အသွယ်ကို ရခဲ့ပြီးနောက် ဓားရှည်က ရွှေသုံးသိန်းဖြင့် ရောင်းထွက်ခဲ့သည်ဆိုသည့် သတင်းကို ကြားပြီး သူအံ့အားသင့်ခဲ့သည်။
ဝမ်ချောင်က သေခြင်းတရားချောက်နက်က ထိုမျှကြောက်မက်ဖွယ်စျေးနှုန်းဖြင့် ရောင်းထွက်မည်ဟု မထင်ထားပေ။ ဒါက ဝမ်ချောင်၏ အဆင့်မြင့်လမ်းကို လျှောက်လှမ်းရန် ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။
ထိုသုံးသိန်းက ကုန်တော့မည်ဖြစ်သော ဝမ်ချောင်၏ သေတ္တာကိုလည်း ဖြည့်ပြီးသားဖြစ်သည်။
သို့သော် ‘မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို’ကို ရှာသည့် အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မရှိသေးပေ။ ဝမ်ချောင် လူမည်မျှ လွှတ်ပါစေ ရလဒ်က မရှိပေ။
…
“ဝမ်ချောင် မင်းဘာလုပ်နေတာလဲ။ သစ်ပင်လို မတ်တပ်ရပ်၊ ခေါင်းလောင်းလိုထိုင်၊ မင်း မင်းရဲ့အပြုအမူတွေကို စည်းကမ်းတကျနေသင့်တယ်။ မင်း ဘယ်လိုလုပ်ပြီး ဒီလို ပေါ့ပေါ့ပါးပါး နေနိုင်ရတာလဲ”
စုကျန်းချန် မကျေနပ်သည့်ပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ရသည်မှာ ဝမ်ချောင်က ယခင်ကထက်ပို၍ ပေါ့ပါးစွာ နေလာသလိုပင်။ မကြာသေးမီက သူက အရက်ပဲ ယူလာခဲ့သည်။ သို့သော် ယခုတွင် သူ၏ ထိုင်နေသည့် အမူအရာကပင် ပြောင်းလဲသွားသည်။ သူက လှဲနေရင်း ကစားလာသည်။
“ဟ ဟ ဟ ဘဝရဲ့အနှစ်သာရက ပျော်ရွှင်မှုပဲ။ အဘိုး ဝိုင်ခွက်ကို မသောက်ခဲ့ဘူးလား။ ကိုယ့်ကိုယ်ကို အရမ်း တင်းကြပ်နေရင် ဘယ်လိုလုပ်မှာလဲ။ ပျော်ရွှင်နေတာက လုံလောက်ပါပြီ”
ဂရုမစိုက်ဘဲ ဝမ်ချောင် ပျော်ရွှင်စွာ ရယ်လိုက်သည်။
စုကျန်းချန်က သူ၏အကြောင်းကို မပြောသောကြောင့် ဝမ်ချောင်က မောက်မာသည့်ပုံ ပြုမူနေသည်။ ထိုသို့ မဟုတ်လျှင် စုကျန်းချန်၏စစ်နတ်ဘုရားဟောင်း၏ အသွင်အပြင်ကို ထုတ်ပြခဲ့မည်ဆိုလျှင် သူက ပေါ့ပေါးပါးပါး ပြုမူနေထိုင်နိုင်မှာ မဟုတ်ပေ။
စုကျန်းချန် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ ထိုအစား သူက အာရုံကို စစ်တုရင်ခုံပေါ်သို့ ပြန်လှည့်လိုက်သည်။ ရွှေရောင် စစ်တုရင်ခုံပေါ်တွင် အဖြူရောင်ကျောက်တုံးများက တစ်ဖန် ပြိုလဲနေသည်။
“အဟွတ် အဟွတ် အဟွတ်”
ရုတ်တရက် ချောင်းဆိုးနေသည့် အသံက ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်က ကစားပွဲတွင် စိတ်ရောက်နေသောကြောင့် ကျန်းကျန်းလေးက ဝမ်ချောင် ယူလာသည့် စားပွဲလေးနားကို ခိုးသွား၍ အမဲတစ်တစ်ချပ်ကို စားလိုက်ပြီးနောက် ဝိုင်တစ်ခွက်ကို ပါးစပ်အပြည့် သောက်လိုက်သည်။
အမဲသားက ဘာမှမဟုတ်သော်လည်း ဝမ်ချောင် ယူလာသောဝိုင်ကို သောက်လိုက်သောအခါ ကျန်းကျန်းက သီးသွားပြီး ချောင်းဆိုးတော့သည်။
“အဟွတ် အဟွတ် အဟွတ်။ ဆိုးလိုက်တာ အဲဒါက ခါးလိုက်တာ။ အရှေ့မြို့က ကျောက်ကလန်ရဲ့ မီးသွေးဝိုင်ကမှ ပိုကောင်းသေးတယ်”
ကျန်းကျန်းလေးက သူ၏ပါးကို ပုတ်လိုက်ပြီး မကြိုက်သည့်ပုံဖြင့် ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်ရတော့ ဝမ်ချောင်နှင့် စုကျန်းချန်က မရယ်ဘဲ မနေနိုင်ခဲ့ပေ။
“လူလေး မင်းကို ဘယ်သူက သောက်ဖို့ ခွင့်ပေးထားလို့လဲ”
စုကျန်းချန်က ဆုံးမလိုက်သည်။ သို့သော် သူ၏မျက်ဝန်းများက သူ၏မြေးကို ကြည့်နေသကဲ့သို့ မေတ္တာများဖြင့် ပြည့်နှက်နေသည်။
“အမှန်ပဲ မင်း အရွယ်မှာ ဘယ်လို သောက်ရမယ်ဆိုတာကို သင်မယ့်အစား အခြားအကျင့်ကောင်းတစ်ခုခုကို ယူသင့်တယ်”
ဝမ်ချောင်ကလည်း အပြုံးဖြင့် အပြစ်ဖော် ဆုံးမလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်အတွင်း သူ၏ စိတ်က ရုတ်တရက် လှုပ်သွားသည်။ တစ်ခဏလောက် ဝမ်ချောင် မူးဝေသွားသည်။
“ညီလေး မင်းဘာပြောလိုက်တာလဲ”
ဝမ်ချောင် ရုတ်တရက် ကျန်းကျန်းလေးကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူပြောသည်က သူ့အား တစ်ခုခု မကျေနပ်သလို ခံစားရစေပြီးနောက် သူ၏ စိတ်ထဲမှ နစ်မြုပ်နေသည့် အတွေးများက ထွက်ပေါ်လာသည်။
“ဟွန့် ကျွန်တော်ပြောတာ အစ်ကိုကြီးရဲ့ဝိုင်က မကောင်းဘူးလို့”
ကျန်းကျန်းလေးက သူ၏ မကျေနပ်သည့်ပုံဖြင့် လက်ပိုက်လိုက်သည်။
“မဟုတ်ဘူး အဲဒါ မဟုတ်ဘူး”
ဝမ်ချောင် စိုးရိမ်စွာ မေးလိုက်သည်။
“တခြားတစ်ခုလား။ အရှေ့မြို့ ကျောက်ကလန်က မီးသွေးဝိုင်လား။ ငါ အဲဒါကို တစ်ခါမှ မသောက်ဖူးဘူးလို့ မင်းထင်နေလား။ ဟွန့်။ အဲ့တာ တကယ်မဟုတ်ဘူး”
ဟုန် လောင် လောင်..
ဝမ်ချောင်၏ ခေါင်းထဲကို မိုးကြိုးပစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီးနောက် ရုတ်တရက် သူ့ခေါင်းထဲသို့ မှတ်ဉာဏ်တစ်ခု ဖြတ်သွားသည်။
“အရှေ့မြို့ ကျောက်ကလန်၊ အရှေ့မြို့ ကျောက်ကလန်… ဟုတ်ပြီ။ ဘယ်လိုလုပ်ပြီး ငါအဲ့အကြောင်းကို မေ့နေတာ ပါလိမ့်”
ရုတ်တရက် ဝမ်ချောင်၏ နှလုံးသားက အခုန်မြန်လာသည်။
သူရုတ်တရက် ကလန်ကြီးများကြားတွင် သိပ်မသိကြသော်လည်း အကြောင်း အသေးစိတ်များကို မှတ်မိပြီးနောက် ယင်ယန်ကမ္ဘာပြုလုပ်ခြင်းပညာရပ်ကို သုံးခဲ့သည့် သာမညောင်ည အရည်အချင်းဖြင့် ကျွမ်းကျင်သူကို ရုတ်တရက် မှတ်မိသွားသည်။
အမှန်ပဲ။
ထိုကျွမ်းကျင်သူကို အလုပ်ခန့်ခဲ့သည့် ချမ်းသာသည့်ကလန်က အရှေ့မြို့၏ ကျောက်ကလန်ဖြစ်သည်။ သူက ထိုနာမည်ကို အတိတ်တွင် အကြိမ်များစွာသာ ကြားခဲ့သော်လည်း သေချာပေါက် ဖြစ်လိမ့်မည်။
တကယ်တော့ ဝမ်ချောင်က အရှေ့မြို့၏ ကျောက်ကလန်တွင် ထူးခြားသည့်ဝိုင်ရှိပြီး ထိုဝိုင်က ကလန်ကြီးများ ကြားတွင် သိပ်မသိကြသော်လည်း သာမာန် လူထုကြားတွင် နေရာယူထားသည်ကို မှတ်မိလိုက်သည်။
ထိုဝိုင်က ကျောက်ကလန်၏ မီးသွေးဝိုင်ဟု လူသိများသည်။
အရှေ့မြို့၏ ကျောက်ကလန်ကို ရှာခြင်းအားဖြင့် သူက ထိုကျွမ်းကျင်သည့်လူငယ်ကို နောက်ယောင်ခံနိုင်ပြီးနောက် ‘မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို’ကို ရှာနိုင်သည်။
တစ်ခဏအတွင်း ဝမ်ချောင် ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည်လေးကို တွေ့လိုက်ရသည်။
သူ၏ နှလုံးသားထဲတွင်ကြည်နူးမှုကို ခံစားလိုက်ရသည်။
အခန်း-၁၄၈ ကျိုးဝမ်၊
စုကျန်းချန်နှင့်ကျန်းကျန်းတို့၏ အံ့အားသင့်နေသည့် အကြည့်များကြားတွင် ဝမ်ချောင် ထွက်ခွာသွားသည်။
ဝမ်ချောင် ထွက်မသွားခင် စုကျန်းချန်က ဝမ်းနည်းဖွယ်ရာ တစ်ကြိမ် ထပ်ရှုံးသွားပြီးနောက် စစ်တုရင်ခုံပေါ်မှ ကျောက်တုံးအဖြူများသည် နေရာတွင် ကျိုးတိုးကျဲတဲ ပြန့်နေသည်။ ယင်းက စစ်နတ်ဘုရားဟောင်း၏ နဖူးပေါ်တွင် အရေးအကြောင်းအကြီးကြီးတစ်ခု ကျန်ခဲ့စေသည်။
သရဲသစ်ပင်အရပ်မှ ထွက်ခွာပြီးနောက် ဝမ်ချောင်က မြို့တော်၏အရှေ့ပိုင်းသို့ မသွားခင် ဖြတ်သွားဖြတ်လာများကို လမ်းကြောင်း မေးလိုက်သည်။ မဟာထန်နိုင်ငံတော်အတွင်းတွင် မီးသွေးဝိုင်အကြောင်းကို အဆင့်မြင့်အလွှာမှ သူများသည် ထိုဝိုင်အကြောင်း အနည်းငယ်မျှသာ သိသော်လည်း သာမာန်တိုင်းသူပြည်သားများ ကြားတွင် ကျော်ကြားသောထုတ်ကုန်ဖြစ်သည်။
တစ်ခဏအတွင်း ဝမ်ချောင်က ကျောက်ကလန်၏ ဝိုင်ချက်သည့် တံခါးဝသို့ ရောက်လာသည်။
ကြီးမားသည့် ခြံဝန်းက ခြံစည်းရိုးဖြင့် ကာထားပြီး၊ အလံတိုင်က အကွက်စေ့ စိုက်ထားသည်။ အနီရောင်နောက်ခံဖြင့် အနက်ရောင်စာလုံး ရေးထားသည်။
“ကျောက်ကျီ၏ မီးသွေးဝိုင်”
အလံတိုင်က လေဖြင့် လွင့်နေပြီး ဝမ်ချောင်သည် အဝေးမှ အနီရောင်နောက်ခံနောက်တွင် အနက်ရောင်အကွက် အနည်းငယ်ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ ထိုအလံတိုင်ကို စိုက်ထားတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်မှန်း သေချာသည်။
သူဌေးက အလံတိုင်ကို မပြောင်းတာ ကြာပြီဖြစ်ပြီး သူ၏ ထူးခြားမှုအတွက် အလွန် ဂုဏ်ယူနေလောက်သည်။
“ဒီတော့ ဒီနေရာက အဲ့လူ အလုပ်လုပ်တဲ့ နေရာပေါ့”
ကျောက်ကလန်၏ ဝိုင်ချက်သည့် အလုပ်ရုံမှ လမ်းတစ်ဝက်အကွာတွင် ရထားလုံးက ရပ်သွားသည်။ ဝမ်ချောင်သည် ရထားလုံးပြတင်းပေါက်မှ လိုက်ကာကို ဘေးဖယ်လိုက်ပြီး ကျောက်ကလန်၏ ဝိုင်ချက်သည့် အလုပ်ရုံကို မဖော်ပြနိုင်သည့် ခံစားချက်များနှင့်အတူ ငေးကြည့်နေသည်။
ဝမ်ချောင်သည် ထိုလူအကြောင်း အတော်များများ ကြားသိထားရပြီး ထိုသူသည် ချမ်းသာသည့်ကလန်အတွက် အလုပ်လုပ်မှန်း သိသော်ငြား ထိုသူ၏လုပ်ငန်းခွင်ကို ပထမဆုံးတွေ့သည့်အခါ စိတ်မလှုပ်ရှားလဲ မနေနိုင်ပေ။
ကျန်းကျန်းလေးက ဝိုင်ခိုးမသောက်ခဲ့လျှင် ဝမ်ချောင်က ထိုအရာကို လုံးဝမှတ်မိမှာ မဟုတ်ပေ။
“လူကြီးမင်း... ကျွန်တော်တို့ အဲဒါကို စစ်ဆေးကြည့်ပြီးပါပြီ။ ဒီမှာ တကယ်ပဲ ကျိုးဝမ်ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ရှိပါတယ်”
ထိုအချိန်တွင် ရထားလုံး၏တံခါးက ပွင့်သွားပြီးနောက် ဝမ်ချောင်က လေးလေးစားစား လမ်းလျှောက်လာသည်။
“ငါ အနားတစ်ဝိုက်ကို မေးပြီးသွားပြီ။ လူတိုင်းက အထဲကလူကို သိတယ်။ သူက ခိုကိုးရာမဲ့မိသားစုမှာ မွေးလာတာ။ သူ့မှာ စောင့်ရှောက်ရမဲ့အမေရှိသေးတယ်။ အခုဆိုရင် သူက ကျောက်ကလန်အတွက် နှစ်တွေအများကြီး အလုပ်လုပ်ပြီးပြီ။ သူက ရိုးသားပြီး စကားနည်းတယ်။ အလုပ်ရုံထဲမှာလည်း သိုသိုသိပ်သိပ်နေပြီး ဇွဲရှိလို့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကို သဘောကျကြတယ်”
ဝမ်ချောင်က ခေါင်းညိတ်လိုက်သည်။ သူ စုံစမ်းထားသည်နှင့် ကိုက်ညီနေ၏။
(၂၇)နှစ်မတိုင်မီအထိ ကျိုးဝမ်က သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူ၏ အရည်အချင်း နိမ့်ပါးသောကြောင့် ဇွဲလုံ့လဖြင့်သာ မိသားစုအတွက် အလုပ်လုပ်နိုင်သည်။
သူ၏ကံတရားကို အမှန်တကယ်ပြောင်းလဲစေသော အရာမှာ မကောင်းဆိုးဝါးဧကရာဇ်အိုကြီး၏ အပြုအမူသာ ဖြစ်၏။
ထိုသဘောထားပျော့ပျောင်းပြီး ဖော်ရွေပျူငှာသော သာမန်လူငယ်အား အနာဂတ်တွင် လေးစားဖွယ်လူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သူမှာ မကောင်းဆိုးဝါးဧကရာဇ်အိုကြီးသာ ဖြစ်သည်။
“သူ ဘယ်အချိန်အလုပ်ဆင်းလဲ ဆိုတာကိုရော မင်း မေးခဲ့လား”
ဝမ်ချောင်သည် ရထားလုံးပေါ်တွင် ထိုင်ရင်းမေးလိုက်သည်။
“ကျွန်တော် မေးခဲ့တယ်။ သူ့အမေအတွက် စားစရာပြင်ဖို့ သူက အချိန်မှန်အိမ်ပြန်တယ်။ ဒါကြောင့် သူက တခြားသူတွေထက် စောပြီး ပြန်တတ်တယ်။ သူ ငါးနာရီမထိုးခင် ထပြီး ကျောက်ကလန် ဝိုင်ချက်တဲ့နေရာကို မလာခင် သူ့အမေအတွက် ပြင်ဆင်တယ်။ တခြားသူတွေ အလုပ်စတော့ သူက လေးနာရီတောင် ပိုလုပ်ပြီးပြီ”
“သူက စောပြန်ရင်တောင် သူ့အလုပ်ချိန်က တခြားသူတွေထက် များသေးတယ်။ ဒါ့အပြင်က သူက ဇွဲသိပ်ကောင်းတာ။ တစ်ယောက်တည်းနဲ့ နှစ်ယောက် သုံးယောက်စာ လုပ်နိုင်တယ်။ ဒါကြောင့် ကျောက်ကလန်က သူ့ကို သဘောကျတာ ဖြစ်မယ်”
ရဲမက်က ခေါင်းငုံ့လိုက်ပြီး အခြေအနေကို အသေးစိတ် ရှင်းပြနေသည်။
ဝမ်ကလန်မှ လူတိုင်းက လက်ရှိသခင်လေးသည် ယခင်နှင့် မတူမှန်း သိကြသည်။ စီရင်စုလေးခု တွေ့ဆုံပွဲအပြီးတွင် ဝမ်ကလန်၏ သခင်ကြီးနေရာကို ဆက်ခံနိုင်စွမ်းရှိသူမှာ ထိုကလေးဆိုသည့် ကောလာဟလများ ပြန့်ခဲ့သည်။
ထို့ကြောင့် ရဲမက်များက ဤသခင်လေးကို လေးစားစွာ ဆက်ဆံပြီး ပေးအပ်သည့်တာဝန်ကိုလည်း အလေးမထားမလုပ်ရဲပေ။
“မင်း ကြိုးစားခဲ့တာပဲ”
ဝမ်ချောင်သည် ခေါင်းညိတ်လိုက်ပြီး မျက်လုံးမမှိတ်ခင်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျောက်ကလန်၏ ဝိုင်ချက်အလုပ်ရုံတံခါးက ပွင့်လာသည်။ ပြီးနောက် အရပ်ရှည်ရှည်လူက ထွက်လာ၏။
“ဟေး.. ကျိုးဝမ်”
“ကျိုးဝမ်က ဒီမှာပဲ”
“မင်း အိမ်ကို အစားအစာ ပြင်ဖို့ ပြန်တော့မလို့လား”
“ဟဟ မြန်မြန်ပြန်လိုကတော့ ငါတို့ ဒီမှာ ဆက်လုပ်လိုက်မယ်”
…
ကျောက်ကလန်၏ အရက်ချက်သည့် နေရာအပြင်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ဝမ်ချောင်သည် မျက်လုံးဖွင့်ပြီး ပြတင်းပေါက် အပြင်ကို ကြည့်လိုက်သည်။ အပေါက်ဝတွင် အရပ်ရှည်ရှည်ပုံရိပ်ကိုသာ တွေ့ရပြီး အနောက်တွင် ရိုးသားစွာ ပြုံးပြနေသော လူအုပ်ကို တွေ့ရသည်။
“အဲဒါ သူပဲ”
ဝမ်ချောင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။
အလုပ်ဆင်းခဲ့သည့် ကျိုးဝမ်က ဝမ်ချောင်ထင်ထားသည့်အတိုင်း အသားမညို၊ မမဲ သို့မဟုတ်မပွေပေ။ သူက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီးနောက် သပ်ရပ်ပြီး ကြော့ရှင်းသည့် အသွင်အပြင်ရှိသည်။
သူက မျက်နှာသစ်ထားပြီး သူ၏အသားအရည်က ဝင်းလက်နေသည်။ ဝိုင်ချက်သည့် အလုပ်ရုံမှ အလုပ်သာမားအစား သူက ပညာတော်သင်ကျောင်းသားဖြင့် ပိုတူ၏။
ကျိုးဝမ်က အရပ်ရှည်သည်။ ခြောက်ချီနီးပါးရှိပြီး သူက တခြားအလုပ်သမားများထက် ပိုရှည်သည်။
(၂၀၀ စင်တီမီတာ)
သို့သော်လည်း သူ၏ ရိုရှင်းသည့်အကျင့်နှင့် ရိုးသားသည့်အပြုံးက သူ့အား ဝိုင်ချက်သည့် အလုပ်ရုံမှ တခြားအလုပ်သမားများနှင့် လုံးဝရောနှော၍ ရစေသည်။
ဝမ်ချောင်သည် တခြားသော အလုပ်သမားများက ထိုအရပ်ရှည်ရှည်လူငယ်ကို အလွန်သဘောကျကြောင်း ပြောနိုင်သည်။
တခြားအလုပ်သမားများအား တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် ကျိုးဝမ်က သူ၏ကျောပေါ်တွင် အထုပ်အပိုးကို သယ်ပြီးနောက် အိမ်သို့ စတင်လမ်းလျှောက်တော့သည်။
“သူ့နောက်ကို လိုက်”
ဝမ်ချောင် ပြောလိုက်သည်။
ရထားလုံးက အကွာအဝေးတစ်ခုခြား၍ ဖြည်းညင်းစွာဖြင့် ကျိုးဝမ်အား သတိမမူစေဘဲ သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်။
နေဝင်သွားပြီးနောက် သူ၏ကြောက်လန့်နေသော အမေက ဗိုက်ဆာနေလောက်ပြီ ဖြစ်သည်။ ကျိုးဝမ်သည် လျင်မြန်စွာ လမ်းလျှောက်သွားသည်။ သူ၏လမ်းလျှောက်နှုန်းက သက်သောင့်သက်သာဟန်ရှိသော်လည်း သူ၏အရှိန်က သာမာန်လူတစ်ဦး ဖြည်းဖြည်းမှန်မှန်ပြေးနေသည်နှင့် တူသည်။
ဝမ်ချောင်သည် ကျိုးဝမ် လမ်းကို ဖြတ်ကူးပြီး လမ်းကြားထဲမဝင်မီအထိ ရထားလုံးဖြင့် လိုက်လာပြီး ကျိုးဝမ်လမ်းကြားအတွင်း ဝင်သည်နှင့် ရထားလုံးဝင်ရန် ကျဉ်းမြောင်းလွန်းသော လမ်းကြားတွင် ရထားလုံးကို မတုံ့ဆိုင်းဘဲ စွန့်ပစ်လိုက်တော့သည်။
ထိုအရာက အနည်းငယ် အဆင်မပြေသော်လည်း ထိုနည်းလမ်းက သူ့ကိုယ်သူ ဖုံးကွယ်ထားရန် ပိုလွယ်၏။
ဝမ်ချောင်သည် ကျိုးဝမ်နောက်မှ လိုက်လာပြီး ကျိုးဝမ်သည် ထောင့်သို့မချိုးမီ မျက်မမြင်သူတောင်းစား၏ ခွက်အတွင်းသို့ ကြေးနီတစ်ပြား ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။
ပြီးနောက် ညောင်ပင်ပေါက်နေသော တံတိုင်းပေါ်တွင် သူ့အိတ်ထဲမှ မစားရသေးသည့် နေလည်စာထုပ်ကို ဖွင့်ပြီး ခိုများကို ပြုံးလျက် အစာကျွေးလိုက်သေး၏။
ထိုမြင်ကွင်းကို အဝေးမှ မြင်လိုက်ရပြီးနောက် ဝမ်ချောင်၏နှလုံးသားက ခံစားချက်များ ပြည့်လာသည်။
ယခင်ဘဝက ဝမ်ချောင်သည် ကျိုးဝမ်ကို အဝေးမှ တွေ့ဖူး၏။ တစ်ဖက်လူ၏ မျက်နှာက တင်းမာနေပြီး အနည်းငယ်မျှပင် မပြုံးပေ။ သူသည် စိတ်အားထက်သန်မှုလည်း မရှိသလို ဝိညာဉ်ကိုပင် ဆုံးရှုံးထားသည်နှင့် ဆင်တူ၏။
တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ မပျော်ကြောင်း သိနိုင်ပေသည်။
ကျိုးဝမ်၏ အခြေအနေကို မြင်သူတိုင်းသည် သူ့ကို ယခုကဲ့သို့ ရိုးရှင်းသော ကိစ္စရပ်များပေါ်တွင် ပျော်ရွှင်စွာ ပြုံးနေခြင်းက မမျှော်လင့်ထားသည့်အရာများ ဖြစ်၏။
ခွန်အားက အရာအားလုံး မဟုတ်ပေ။ သူတို့၏တစ်ကမ္ဘာလုံးကို ခွန်အားဖြင့် လဲလှယ်ချင်သူများ ရှိသလို သူတို့၏ခွန်အားကို တစ်ကမ္ဘာလုံးဖြင့် လဲလှယ်လိုသူများလည်း ရှိနိုင်သေးပေသည်။
အကယ်၍ ဝမ်ချောင်သည် ထိုမြင်ကွင်းကိုသာ မြင်ဖူးပါက ထိုလူ ထိုသို့ ဖြစ်လာစေရန် အရာအားလုံးကို အသုံးပြုနိုင်မည်ဟု ယုံကြည်သည်။
(ဒီနားလေးကို မရှင်းမှာ စိုးလို့ နည်းနည်းပြောပြမယ်နော်။ ဝမ်ချောင်က အရင်ဘဝတုန်းက ကျိုးဝမ် ခွန်အားကြီးတဲ့အချိန်မှာ သူ တွေ့ဖူးတယ်။ ဒါပေမဲ့ ကျိုးဝမ်က ပျော်ရွှင်မနေခဲ့ဘူး။ အခု ပြန်တွေ့တော့ ဒီလို ခိုအစာကျွေးရုံလေးနဲ့ သူတောင်စားကို ပိုက်ဆံပေးရုံလေးနဲ့ ကျိုးဝမ်က ပျော်နေတာကို သူက မယုံနိုင်ဘူး ဖြစ်နေတာ။ အရင်ဘဝတုန်းကသာ ကျိုးဝမ်ရဲ့ ဒီလိုမြင်ကွင်းတွေကို သူ တွေ့ဖူးခဲ့ရင် ကျိုးဝမ်က ခွန်အားကြီးမားလာချင်မှာ မဟုတ်ဘူး။ သူ့ခွန်အားတွေ အားလုံးကို အသုံးပြုပြီးတောင်မှ ဒီလိုဘဝမျိုးကို လဲလှယ်အုံးမယ် ဆိုတာကို ဝမ်ချောင်က ယုံတယ်လို့ ပြောတာပါ။ ဒီဖြစ်ရပ်လေးကို သဘောမပေါက်ဘူးဆိုရင် သာသာပြန်သူရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ ကိုယ် ဒီလိုမျိုး ရှင်းလင်းချက် ထည့်ပေးရတာကို ရှက်ပါတယ်။ ကိုယ့်ရဲ့ပညာမပြည့်ဝမှုပါပဲ။ နောက်ကျရင် မထည့်ဘဲနဲ့ နားလည်နိုင်အောင် ပိုပြီးတော့ ကြိုးစားပါ့မယ်)
“အဲလူ ဘာလုပ်နေတာလဲ”
“သူက မြန်မြန် သွားနေတာပဲ။ သူ စပြေးနေပြီ”
“သူ ငါတို့ကို သတိထားမိသွားတာလား”
…
ရုတ်တရက် အထိတ်တလန့်အသံက ဝမ်ချောင်၏နားထဲသို့ ရောက်လာသည်။ ရဲမက်များကို တအံ့တသြ လှမ်းကြည့်လိုက်မိ၏။
ကျိုးဝမ်က ပုံမှန်လမ်းလျှောက်နေသော်လည်း ခိုများကို အစာကျွေးပြီးနောက် ပိုပိုမြန်လာကာ စတင်ပြေးတော့၏။ သူသည် တစ်ခုခုကို တွေးမိပြီး သူတို့အား သူ့အမြီးကို မဖမ်းနိုင်လုမတတ် ပြေးနေသည်။
“သူက အိမ်ပြန်လမ်းမှာ အချိန်ဖြုန်းတာ များသွားလို့ အိမ်မြန်မြန်ပြန်ပြီး သူ့အမေကို ညစာပြင်ပေးဖို့ ကြိုးစားနေတာ”
ဝမ်ချောင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“အာ…”
ရဲမက်များသည် ဝမ်ချောင်၏ရှင်းပြချက်ကို ကြားပြီးနောက် အံ့အားသင့်သွားကြသည်။
“ကောင်းကင်ကို ကြည့်လိုက်၊ သူ့အမေက ဒီအချိန် ဗိုက်ဆာနေလောက်ပြီ”
ဝမ်ချောင်က ညွှန်ပြလိုက်သည်။
ရဲမက်များသည် ကြက်သေသေ သွားကြသည်။ သူတို့ ခေါင်းမော့လိုက်သောအခါ မှောင်နေပြီဖြစ်သည်။ သတိမထားမိဘဲ ညစာစားချိန်သို့ပင် ရောက်သွားပြီဖြစ်၏။
ဝမ်ချောင်က ထိုအကြောင်းကို သိပ်၍ မစဉ်းစားတော့ပေ။ သူသည် ရိုးရှင်းစွာဖြင့် သတိကြီးကြီးဖြင့် ကျိုးဝမ်နောက်သို့ လိုက်လာသည်။ သူ၏ သာလွန်သော ကျင့်ကြံခြင်းကြောင့် သူက ကျိုးဝမ်ထက် မနှေးနိုင်ပေ။
ဝမ်ချောင်သည် ကျိုးဝမ်နောက်မှ လမ်းကြားအတိုင်း လိုက်သွားပြီး ကောက်ရိုးထူထူ ဖုံးထားပြီး ခေါင်မိုးတိုတိုနှင့် မှောင်မဲနေသော အိမ်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရ၏။
အိမ်က မှောင်မဲပြီး တိတ်ဆိတ်နေ၏။ ပြီးနောက် ထိုနေရာတွင် ထိုတဲတစ်လုံးအပြင် တခြားအိမ်မရှိ။ လောကနှင့် သီးသန့်ပိုင်းခြားခံထားရသည့်နှယ်။
(၄၀မီတာ)
“အေမ”
“ဝမ်အာ အဟွတ် အဟွတ်”
ကျဉ်းမြောင်းသော အိမ်ငယ်လေးထံမှ နာကျင်စွာ ချောင်းဆိုးသံများနှင့် အတူ အနည်းငယ် အိုစာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ရေနံဆီမီးအိမ်လေးက မီးလင်းလာပြီးနောက် ဒင်ဒင်တန်တန် အသံများကို ကြားရပြီး ရေဆေးသံ၊ ဖြတ်တောက်သံများက အခန်းထဲတွင် ပဲ့တင်သံထွက်နေသည်။
ဝမ်ချောင်သည် ပရုတ်ပင်ဘေးတွင် ရပ်နေပြီး ဟင်းပွဲ၏ရနံ့ကို မကြာမီရလိုက်သည်။
“အမေ ညစာအသင့်ဖြစ်ပြီ”
ကျိုးဝမ်၏ လေးစားမှုအပြည့်နှင့် အသံက ထွက်ပေါ်လာသည်။ ခဏအကြာတွင် ပြတင်းပေါက်များ ပွင့်လာပြီးနောက် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် ကျိုးဝမ် ပန်းကန်နှစ်ချပ် ထုတ်လာတာကို တွေ့လိုက်သည်။
တူနှစ်စုံ၊ ပန်းကန်လုံးလေးနှစ်လုံး နှင့် မှုန်မှုန်ဝါးဝါး ရေနံဆီမီးအိမ်လေးက စားပွဲအလယ်တွင် ရှိသည်။
တစ်ဖက်တွင် ကျိုးဝမ်က ထိုင်ပြီး နောက်တစ်ဖက်တွင် ဆံပင်အဖြူရောင် ပိန်ပိန်ပါးပါးဖြင့် အဘွားအိုက ထိုင်နေသည်။ သူမက ကျိုးဝမ်၏ ပန်းကန်အတွင်းသို့ အစားအစာများ ထည့်ပေးပြီးနောက် သူမက မကြာခဏ ဘေးသို့ လှည့်၍ ချောင်းဆိုးနေသည်။
“သား ထပ်စားဦး ထပ်စားဦး…”
ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်က သူ၏ နှာခေါင်း အနည်းငယ် စူးတက်လာသလို ခံစားမိသည်။ သူ့စိတ်ထဲတွင် မဖော်ပြနိုင်သည့် ခံစားချက်က ထွက်ပေါ်လာသည်။
ထိုတစ်ခဏအတွင်း ဝမ်ချောင်သည် ထိုလူ မည်သည့်အရာကို ဆုံးရှုံးခဲ့မှန်း သဘောပေါက်လိုက်တော့၏။
ထိုလူသည် ရိုးသားနှိမ့်ချတတ်ပြီး ကြီးမားသော ရည်မှန်းချက်များ မရှိပေ။
ဒီလူက ရိုးသားပြီး နှိမ့်ချတတ်တဲ့သူပဲ။ သူက ကြီးမားတဲ့ ရည်မှန်းချက်တွေကို မထားဘူး။
ယခင်၏ ထိုလူ၏နောက်ခံ ဇာတ်ကြောင်းများစွာ ရှိခဲ့သော်လည်း မည်သူကမျှ သူ၏မိခင်အကြောင်း မပြောခဲ့ကြပေ။
ကျိုးဝမ်သည် တာဝန်ကျေသော သားဖြစ်သည်။ သူသည် မနက်တိုင်း ၅နာရီတွင် အလုပ်သွားပြီး အလုပ်ကိုနှစ်ယောက်စာ လုပ်ရသည့်တိုင် ပင်ပန်းနေသော ခန္ဓာကိုယ်ဖြင့် ညစာစားပွဲတွင် ပြုံးပျော်နေသေး၏။ ဤရာများသည် သူ ဂရုစိုက်နေသော အမေ ရှိနေသေးသောကြောင့်သာ ဖြစ်၏။
သို့သော် ထိုစဉ်က သူသည် လူတိုင်းရိုသေလေးစားသည့် လူစွမ်းကောင်း ဖြစ်လာသော်ငြား သူသည် သူ၏အရာရာတိုင်းကို ဆုံးရှုံးခဲ့ရသည်။ အထီးကျန်ခဲ့ရသည်။
သူသည် တစ်လောကလုံးတွင် သူ တန်ဖိုးအထားဆုံးသော အရာကို ဆုံးရှုံးခဲ့ခြင်းဖြစ်၏။
ဝမ်ချောင်သည် ယခင်က ကြားသိဖူးသော ကောလာဟလကို ပြန်သတိရမိသွား၏။ ထိုကောလာဟလသည် ထိုသူ၏ အမူအကျင့်များသည် ရက်စက်ကြမ်းတမ်းသော လူရမ်းကားများလက်ထဲတွင် သူ့အမေ သေဆုံးသွားပြီးနောက် ပြောင်းလဲသွားသည်ဟု ဆို၏။
ထိုသတင်းက မည်သည့်နေရာကမှန်း မသိ ရောက်လာတာ ဖြစ်ပြီး ပျောက်ကွယ်သွားရန်လည်း လွယ်ကူခဲ့သည်။
ဝမ်ချောင်သည်လည်း ယင်းကို သိပ်ဂရုမထားခဲ့မိပေ။
သို့သော် လက်ရှိတွင်မူ ဝမ်ချောင်သည် ထိုအရာသည် ရုတ်တရက် တိုက်ဆိုင်ခြင်း မဟုတ်ကြောင်း သိသွားပြီဖြစ်၏။ ဖြစ်နိုင်သည်မှာ ထိုဖြစ်ရပ်သည် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုနှင့် ဆက်စပ်နေနိုင်သည်။
ထိုတာဝန်ကျေသောသားသည် ရက်စက်သော လူရမ်းကားတို့၏ အမျက်ဒေါသကို မတုံ့ပြန်နိုင်ခဲ့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူသည် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုနှင့် တွေ့ဆုံခဲ့ခြင်းသာ ဖြစ်၏။
လူတစ်ယောက်၏ဘဝတစ်ဆစ်ချိုး ပြောင်းလဲခြင်းသည် တခြားသူအတွက် နာကျင်မှုသာ ဖြစ်နိုင်ပေသည်။
လက်ရှိတွင် ဝမ်ချောင်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
အခန်း-၁၄၉
ရုတ်တရက် အနောက်မှ ခြေသံတချို့ ထွက်ပေါ်လာ၏။ အနက်ရောင်ဝတ်ထားသော ရှန်ဟိုင်က အမှောင်ရိပ်ထဲမှ လျှောက်လာ၏။
“ကျွန်တော်စစ်ဆေးကြည့်ပြီးပြီ ဒီအနားမှာ လူအိုကြီးတစ်ယောက်မှ မထွက်လာသေးဘူး။ ဒီအိမ်ကိုလည်း ဘယ်သူမှ မလာသေးဘူး”
ရှန်ဟိုင်က ပြော၏။
ဝမ်မိသားစုအိမ်တော်မှ အစောင့်ရဲမက်များသည် သူ့အနောက်တွင် ရှိနေကြသည်။
ထိုအရေးကိစ္စအတွက် အုပ်စုနှစ်ခုခွဲထားခဲ့သည်။ တစ်စုကို ဝမ်ချောင်က ဦးဆောင်ပြီး ကျန်တစ်စုကို ရှန်ဟိုင်က ဦးဆောင်ခဲ့၏။ မတူညီသော သဲလွန်စများနှင့် လမ်းကြောင်းများအတိုင်း လိုက်လာခဲ့ကြပြီးနောက် နောက်ဆုံးတွင် ဤနေရာ၌ ဆုံတွေ့ကြခြင်း ဖြစ်သည်။
“မကောင်းဆိုးဝါးအဘိုးအိုက ဒီကို မပေါ်လာသေးပုံပဲ”
ဝမ်ချောင်သည် ကြယ်များပြည့်နေသော ကောင်းကင်ကို ကြည့်ပြီး တွေးလိုက်မိသည်။
အစောပိုင်းတွင် ဝမ်ချောင်သည် ထိုကိစ္စကို အနည်းငယ် နောက်ကျနေပြီဟု တွေးထင်ခဲ့မိသည်။ အကယ်၍ မကောင်းဆိုးဝါးအဘိုးအိုသည် ကျိုးဝမ်ကို ရှာတွေ့ပြီးပါက အခြေအနေက ဆိုးဝါးပြီ ဖြစ်၏။
သို့သော် ကြည့်ရသည်မှာ ဝမ်ချောင်သည် သဲလွန်စများကို နောက်ကျမှ ရှာတွေ့ခဲ့သော်လည်း ဖြစ်ရပ်က မဖြစ်လာသေးပုံပင်။
တစ်နည်းဆိုရသော် သူ့တွင် အခွင့်အရေး ရှိနေသေးဆဲ ဖြစ်၏။
“နောက်ရက်နည်းနည်းကြာရင် မင်းတို့အားလုံး သူ့နောက်ကို လိုက်ရမယ်။ သူရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ကိစ္စတစ်ခုတည်းအတွက်ပဲ ဝမ်အိမ်တော်က အစောင့်တွေအကုန်လုံး အသုံးပြုရမယ်။ ဝေ့ဟိုကိုလည်း အကြောင်းကြားပြီး ဒီကိစ္စအတွက် သူ့ဆီကနေ ရနိုင်သမျှလူတွေ ခေါ်ထားပါ”
ဝမ်ချောင်က ပြောလိုက်သည်။
“ဒါပေမဲ့ အိမ်တော်က အစောင့်တွေအားလုံးကို ဒီကိစ္စမှာပဲ သုံးမယ် ဆိုရင် ထပ်ပြီး လုပ်ကြံခံရရင် ဘယ်လိုလုပ်မလဲ”
ရှန်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။
အားလော်ဂျာ၊ အဘလိုနိုဒန်၊ ထောင်ပါးကွေးယွမ်တို့သာ မဟုတ်ပါက ချားရစ်စပါစီနိုမှ လုပ်ကြံသတ်ဖြတ်သူများသည် အောင်မြင်သွားနိုင်ပေ၏။ ဝမ်သခင်မသည် အိမ်တော်တွင် ရှိနေဆဲ ဖြစ်ပြီး သူမအတွက် ထည့်စဉ်းစားရမည် ဖြစ်၏။
“ကိစ္စမရှိဘူး ငါ မီယာဆာမိအာရကာကို ပြန်လာဖို့ ပြောထားတယ်”
ဝမ်ချောင်က ပြုံးလိုက်သည်။ သူသည် လုပ်ကြံသတ်ဖြတ်သူခန်းမဆောင်ကို ရှင်းလင်းလိုက်ပြီးနောက် သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိတော့ချေ။ သူထံတွင် လီကျူရှင်းလည်း ရှိသေး၏။
အချိန်တစ်ခုစာအတွင်း လီကျူရှင်းသည် အိမ်တော်၌သာ ရှိမည် ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ အမှောင်ထဲတွင် ရှိပေလိမ့်မည်။ ထို့အပြင် အားလော်ဂျာ၊ အဘလိုဒန်နှင့် ထောင်ပါးကွေးယွမ်တို့ကလည်း ရှိနေပေမည်။ ထိုလူငါးဦးဖြင့် ဝမ်အိမ်တော်သည် မထိုးဖောက်နိုင်သော ခံတပ်အဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။
ဝင်ရန် ကြိုးစားသူ မှန်သမျှ အသက်ရှင်လျက် ပြန်ထွက်နိုင်မည် မဟုတ်ပေ။
“ကောင်းပြီ အဲဒီမိုဆက်နဲ့ ပတ်သတ်ပြီးတော့ ဘာသတင်းရသေးလဲ”
ဝမ်ချောင်က မေးလိုက်သည်။
“မရသေးဘူး”
ရှန်ဟိုင်က ခေါင်းယမ်းသည်။
“ကျွန်တော်တို့ ချားရစ်စပါစီနိုက တခြားကုန်သည်တွေကို ရွှေသွားကြီးဆီကနေတစ်ဆင့် မေးခွန်းထုတ်ထားတယ်။ ဒါပေမဲ့ မိုဆက်က ဘယ်သူလဲဆိုတာ မသိရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မေးထားတဲ့အချက်တွေနဲ့ တူညီတဲ့ ဆူလမန်ဆိုတဲ့ တစ်ယောက်တော့ ရှိတယ်”
“ဆူလမန်လား..”
ဝမ်ချောင်၏ မျက်ခုံးများ မြင့်တက်သွား၏။ “မင်းပြောတာ ဆူလမန်လို့လား”
“ဟုတ်တယ် သခင်လေး ဒါပေမဲ့ ငါတို့ထားရတဲ့သတင်းအရဆို သူက အရင်တစ်လတည်းက မြို့တော်ကနေ ချားရစ်စပါစီနိုအတွက် ထွက်သွားပြီ”
ရှန်ဟိုင်သည် သူ့စကားများကို ဝမ်ချောင်က နားမလည်ဟုထင်ကာ ထပ်ရှင်းပြ၏။
ညနက်နက်အတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွားကာ ဝမ်ချောင်သည် ကောင်းကင်ကြီးကိုသာ မော့ကြည့်နေမိတော့သည်။ သူ့နှလုံးသားသည် နားမလည်နိုင်သော ခံစားချက်များဖြင့် ပြည့်လျှံနေလေတော့၏။
ဝမ်ချောင်သည် ထိုညက လုပ်ကြံသတ်ဖြတ်မှုသည် ခဲရပ်စပါစီနူကုန်သည်မုတ်ဆိတ်လုပ်ကြောင်း သံသယမရှိခဲ့ချေ။
မုတ်ဆိတ်သည် မည်သို့သောလူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆူလမန်အတွက်မူ…။
ဝမ်ချောင်သာ ရှင်းရှင်းလင်းလင်း မှိတ်မိနေခဲ့ပါက ဆူလမန်သည် ယခင်ဘဝက ပင်မကျွန်းသို့ ရောက်လာပြီး သတ္ထုရိုင်းသံမဏိကို နက္ခဗေဒပေါင်းစပ်ခြင်းအတွက် ရောင်းချခဲ့သူ ဖြစ်၏။
လတ်တလောတွင် ကျောက်စိမ်းရိုင်းသတ္ထုများ ပေါ်ထွက်လာရုံမျှသာ ရှိသေးပြီး ခဲရပ်စပါစီနူနှင့် အက်ဆက်ချာလစ်ဖိတ်တို့သည် သတ္ထုရိုင်းသံမဏိလက်နက်များကို အတု မလုပ်နိုင်သေးပေ။
အချိန်မတိုင်သေးသော်လည်း ဆူလမန်သည် ပင်မကျွန်းတွင် ပေါ်ထွက်လာပြီး ပုလင်းပြာခန်းမဆောင်တွင် ပြုလုပ်ခဲ့သော ဝမ်ချောင်၏ ရောင်းချမှုကို တက်ရောက်ခဲ့ပြီး ဖြစ်သည်။
နောင်တွင် ပင်မကျွန်းသို့ သတ္ထုရိုင်းသမဏိကို ယူလာမည့်သူသည် ပင်မကျွန်းမှ သံမဏိကို ဝယ်ယူရန်သာမက ခိုးယူရန်အတွက် လုပ်ကြံသူများ စေလွှတ်သည်အထိပင် ဖြစ်သည်။
ကံတရားသည် အမှန်ပင် ဆန်းကျယ်ပြီး နားလည်ရန်ခက်ခဲသည်။
"ဟမ့် မင်း မြန်မြန် လွှတ်သွားတာပဲ"
ဝမ်ချောင်၏မျက်နှာပေါ်တွင် မသဲကွဲသော်လည်း ဆန်းကျယ်သည့်အပြုံးက ဖြစ်ပေါ်လာ၏။
ဆူလမန်သည် ပင်မကျွန်း၏ ခွန်အားကို တိုးမြင့်စေရန် သတ္ထုရိုင်းသမဏိကို ရောင်းချလိုခြင်း မဟုတ်ခဲ့ပေ။ ရောင်းချခြင်းသည် အပေါ်ယံမျှသာ ဖြစ်၏။ အမှန်တွင် ထိုလူသည် သတင်းအချက်အလက်များ စုဆောင်းခြင်းသူလျှို ဖြစ်နိုင်ပေ၏။
အက်ဆက်ချာလဖိတ်နှင့် မဟာထန်တို့အကြားရှိ အနာဂတ်စစ်ပွဲတွင် သူလျှိုဆူလမန်သည် အရေးပါသော နေရာမှ ပါဝင်ခဲ့ပေသည်။
သို့သော် ထိုလူသည် ကောက်ကျစ်လွန်းသည်။ ဝမ်ချောင်ပင်လျှင် ထိုသူကို မုတ်ဆိတ်ဟု အထောက်အထားမှားယွင်းစွာ ထင်မြင်ခဲ့ပြီး မဟာထန်အတွင်း သတ္ထုရိုင်းမရောင်းမီကတည်းက ခိုးဝင်နေမည်ဟု မထင်ခဲ့ပေ။
ယခင်ဘဝတွင် ဝမ်ချောင်က သာမန်လွတ်လပ်သူဖြစ်သည်။ ဆူလမန်အကြောင်းကို ကြားဖူးသော်လည်း မတွေ့ခဲ့ဖူးသဖြင့် သူက မသိနိုင်ခဲ့ပေ။
ထို့အပြင် ထိုလူက အင်မတန်သတိကြီးသူ ဖြစ်၏။ သူ့တွင် အနည်းငယ်မျှ အန္တရာယ်ဖြစ်ပေါ်လာသည်နှင့် ဖမ်းဆီးရန် အခွင့်အရေး မပေးဘဲ ထွက်ပြေးသွားမည် ဖြစ်သည်။
ထိုလူသည် အနာဂတ်တွင် အက်ဆက်ချာလဖိတ်နှင့် ခရပ်စပါစီနူ၏ သူလျှိုခေါင်းဆောင် ဖြစ်လာနိုင်ခြင်းသည် အကြောင်းအရင်းမဲ့ မဟုတ်ချေ။
"နောက်တစ်ခါ မင်းကိုတွေ့ရင်တော့ မင်းသေနေ့ပဲ"
ဝမ်ချောင်၏မျက်လုံးများသည် အေးစက်စက်အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ထိုကိစ္စကို ထားလိုက်တော့သည်။ ဆူလမန်နှင့် ဆက်ဆံခြင်းသည် အနာဂတ်အတွက် အရေးကြီးသော်ငြား ယခုတွင်မူ မကောင်းဆိုးဝါးအဘိုးအိုက ပို၍ အရေးကြီးပေသည်။
ဝမ်ချောင်၏ လက်ရှိအစီအစဉ်တွင် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းအတတ်ပညာသည် အရေးကြီးသောအရာ ဖြစ်သည်။ ထိုနတ်ဘုရားနည်းပညာမရှိဘဲ ဝမ်ချောင်သည် နှစ်အနည်းငယ်အတွင်း ယခင်ဘဝက ရောက်ရှိပြီးသော အဆင့်သို့ ရောက်သွားရန် မဖြစ်နိုင်ပေ။
ပြိုင်ဘက်ကင်း အတတ်ပညာရပ်နှင့် မကျင့်ကြံဘဲ တစ်လောကလုံးကို တုန်လှုပ်စေမည့် စစ်ပွဲတွင် ဝင်ပါရန်မှာ ခက်ခဲပေမည်။ ကံတရားကို ပြောင်းလဲရန်မှာ ပြောနေရန်ပင် မလိုတော့ချေ။
ထို့ကြောင့် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသည် သူ ရယူမည့်အတတ်ပညာဖြစ်သည်။
အကယ်၍ ဝမ်ချောင်သည် မဟာယင်ယန်ဖန်တီးခြင်းနှင့် အကြီးအကဲစုကျန်းချန်၏ နတ်ဆိုးနတ်ဘုရားပျက်သုန်းခြင်းကို ရယူပြီး ယင်းတို့၏ ချို့ယွင်းချက်များကို ပြုပြင်ပြီးပါက ထိပ်တန်းအဆင့်ပညာရှင် ဖြစ်လာမည် ဖြစ်၏။
ထိုအတတ်ပညာရပ်နှစ်ခုသည် ဝမ်ချောင် ပြန်ရှင်သန်လာပြီးနောက် အရေးပါသည့် အရာနှစ်ခု ဖြစ်သည်။
မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းနှင့် နတ်ဆိုးနတ်ဘုရားပျက်သုန်းခြင်း အတတ်ပညာမှသာလျှင် သူ၏ လမ်းကြောင်းရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ရန် ခွန်အားရှိမည် ဖြစ်ပေသည်။
မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းနှင့် နတ်ဆိုးနတ်ဘုရားပျက်သုန်းခြင်းတို့ ပါဝင်မှသာ အစစ်အမှန် ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်သုံးနိုင်ပေလိမ့်မည်။
သို့သော် နှစ်ခုလုံးကို တစ်ပြိုင်နက် ရရှိရန်မှာ အလွန်ခက်ခဲမည်မှာ ရှင်းရှင်းလင်းလင်း သိနိုင်ပေ၏။
သူ၏ ယခင်ဘဝ၌ မည်သူမျှ မောအင်မြင်ခဲ့ချေ။ လူအများစုအတွက် ထိုစိတ်ကူးသည် အလွန်မိုက်မဲပြီး ဖြစ်နိုင်ချေကို မည်သူမျှ မတွေးဝံ့ကြချေ။ သို့သော်လည်း ယင်းက ဝမ်ချောင်၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ပေသည်။
ဤနည်းဖြင့်သာ ဝမ်ချောင်သည် သူ ယခင်က ကြုံတွေ့ခဲ့ရသော အတားအဆီးများကို ဖြတ်ကျော်နိုင်မည် ဖြစ်ပြီး မပြီးမြောက်ခဲ့သော အရာကို လုပ်ဆောင်နိုင်မည် ဖြစ်၏။
"ရှန်ဟိုင် မင်းကို ငါ တာဝန်ပေးချင်တာတစ်ခု ရှိတယ်"
ဝမ်ချောင်က ပြောလိုက်သည်။
"သခင်လေး ပြောသာပြောလိုက်ပါ"
ရှန်ဟိုင်က ပြန်ဖြေသည်။
"ကျောက်ကလန်ရဲ့ အကြီးအကဲနဲ့ ညှိနှိုင်းဖို့ ဝေ့ဟောင်ကို ပြောပြီး ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် သုံးသုံး ကျိုးဝမ်နဲ့ သူ့အမေအတွက် ပိုကောင်းတဲ့အလုပ်နဲ့ လစာပေးရမယ်။ ပြီးတော့ သူ့တစ်ဘဝလုံး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ နောက်ကွယ်ကနေ စောင့်ရှောက်ဖို့ လူတချို့ လွှတ်ပေးခိုင်းပါ"
ဝမ်ချောင်က ညွှန်ကြားလိုက်သည်။
ကျိုးဝမ်သည် ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်သည်။ သူနှင့် မကောင်းဆိုးဝါးအဘိုးအိုသည် ကံတရားခြင်း ဆက်နွယ်နေဟန်ရှိ၏။ အကယ်၍ ဝမ်ချောင်သည် ကျိုးဝမ်ကို မလိုက်နိုင်ခဲ့ပါက အစောင့်မည်မျှ လွှတ်ထားသည်ဖြစ်စေ သူတို့နှစ်ဦး တွေ့ဆုံရန်မှာ မတားဆီးနိုင်သောအရာ ဖြစ်သည်။ သူတို့၏ လုပ်ဆောင်ချက်သည် တစ်နေရာတွင် မှားယွင်းသွားပြီး နောက်ဆုံးတွင် ကျိုးဝမ်၏ ကံတရားအတိုင်းသာ ဦးတည်ပြီး မကောင်းဆိုးဝါးအဘိုးအိုကို ကယ်တင်မိနိုင်သေးပေ၏။
ထိုသို့ဆိုလျှင် သူ၏အတိတ်ဘဝမှ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများက ထပ်တစ်ကြိမ် ဖြစ်လာပေလိမ့်မည်။
မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏ လက်ကျန်စွမ်းအားများနှင့် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်း အတတ်ပညာကို ကျိုးဝမ်ထံ ပေးအပ်ပြီးနောက် သေဆုံးသွားခဲ့သည်။ တစ်ဖက်တွင် ကျိုးဝမ်သည် မကောင်းဆိုးဝါးအဘိုးအိုကို ကယ်တင်ပေးခဲ့ပြီး ထိုအချိန်မှစ၍ ကျိုးဝမ်သည် သွေးထက်သံယို အတိုက်အခိုက်လောကထဲသို့ ရွေးချယ်စရာနည်းလမ်းမရှိ ဝင်ရောက်လာခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ သိမ်မွေ့မှု၊ အလယ်အဆင့်စွမ်းရည်နှင့် အတွေ့အကြုံ နည်းပါးခြင်းတို့ကြောင့် ထိုသို့သော အဖြစ်ဆိုးမျိုး ပြန်ဖြစ်လာနိုင်သေး၏။
တချို့သောသူများအတွက် ထိုအခွင့်အရေးသည် သူတို့လိုလားတောင့်တမှု ဖြစ်နိုင်သော်လည်း တချို့သူများကမူ အိပ်မက်ဆိုးမျှသာ ဖြစ်ပေသည်။
ကျိုးဝမ်သည် ယင်ယန်ကောင်းကင်ဖန်တီးခြင်းအတတ်ပညာရပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အပြင် သင့်လည်း မသင့်တော်ပေ။
ဝမ်ချောသည်၏ လက်အတွင်း၌သာ ယင်းက စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ကျိုးဝမ်သည် သူအလိုရှိသည့် သူ့အမေနှင့် အေးချမ်းစွာ နေထိုင်သောဘဝကို နေထိုင်နိုင်မည် ဖြစ်ပြီး သူ မနှစ်သက်သော လူသတ်မှုများ လုပ်ဆောင်ရန် မလိုတော့ပေ။ ဝမ်ချောင်သည်လည်း သူ၏တာဝန်ကို ပြီးမြောက်နိုင်ပေလိမ့်မည်။
ယင်းသည် ကောင်းမွန်သော စီမံမှုဖြစ်ပေ၏။
ရှန်ဟိုင် စိတ်ရှုပ်ထွေးသွားသည်။ ကျိုးဝမ်သည် ခိုကိုးရာမဲ့မိသားစုမှ ဖြစ်ပြီး ဝမ်ချောင်သည် သူ့ကို ဘာကြောင့် ကူညီချင်ရမှန်း သူနားလည်နိုင်၏။ သို့သော် အဘယ်ကြောင့် အစောင့်နှစ်ယောက်ထားပေးမှန်း နားမလည်နိုင်ချေ။
ထိုကျိုးဝမ်က သခင်လေးက တန်ဖိုးထားတာကို ခံရလောက်အောင် မည်သည့်အရာများ ပိုင်ဆိုင်ထားပါသနည်း။
ရှန်ဟိုင်က ပိုပိုမယုံနိုင် ဖြစ်နေသည်။
သို့သော် မတုံ့ဆိုင်းဘဲ သဘောတူညီလိုက်၏။
"ကောင်းပါပြီ သခင်လေး အခုပဲ လုပ်လိုက်ပါ့မယ်"
ရှန်ဟိုင်သည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ တာဝန်ကို လုပ်ဆောင်ရန် ထွက်သွားတော့၏။
လိုအပ်သော အစီအစဉ်အားလုံး စီမံပြီးသည်နှင့်ဝမ်ချောင်သည် ရထားလုံးပေါ်သို့ တက်ကာ အနီးရှိ မည်သူ့ကိုမှ အသိမပေးဘဲ တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားတော့သည်။
"ကလန်ခေါင်းဆောင် ဒါက ကျုပ်တို့ ကျန်းမိသားစုရဲ့ နောက်ဆုံးထွက် အရေညအသွေးကောင်းတဲ့ သတ္ထုရိုင်းပဲ။ ကျန်တာတွေက အရည်အသွေးနိမ့်တယ်။ နောက်ပြီး ကျုပ်တို့ နောက်ဆုံးသတ္ထုရိုင်းကို သုံးလပဲ တူးဖော်လို့ ရနိုင်တော့မယ်"
ဝမ်ချောင်သည် အရှေ့မြို့တော်မှ ထွက်လာပြီးနောက် ကျန်းမိသားစုအိမ်တော်တွင် ဆွေးနွေးမှု ပြုလုပ်နေကြသည်။ ကျန်းအိမ်တော်၏ အဓိကအကြီးအကဲများ၏ နဖူးပြင်တွင် နက်နဲသော အရေးအကြောင်းများကြောင့် စက်ဝိုင်းတစ်ခု ဖြစ်လုနီးပါး ဖြစ်နေသ်ည။
၎င်းတို့ရှေ့တွင် မိုင်းတွင်းမှ ယူဆောင်လာသည့် နောက်ဆုံးသော အရည်အသွေးမြင့်သတ္ထုရိုင်းများ ရှိသည်။
ဤသတ္ထုရိုင်းများက ကျန်းအိမ်တော်၏ လက်ရှိအနေအထားကို ထင်ဟပ်စေ၏။
ကျန်းအိမ်တော်သည် မိုင်းတွင်းအားလုံးကို တူးဖော်ပြီးလုအချိန်တွင် ချန်၊ လု၊ ဟွမ် စသည့်အိမ်တော်များနှင့် ဓားမျိုးနွယ်စုများမှလည်း ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ယခင်က ဂုဏ်သရေရှိသော ကျန်းကလန်သည် လက်ရှိတွင် ဖိအားများအောက်၌ ထောင့်တစ်ထောင့်သို့ တွန်းပို့ခြင်း ခံနေရသည်။
ကျန်းအိမ်တော်သည် ဤအကျပ်အတည်းကို ဖြေရှင်းလိုပါက သူတို့သည် ကြီးမားသော မိုင်းတွင်းအသစ်ကို ရှာဖွေရမည် ဖြစ်ပြီး ထိုသို့ ရှာဖွေခြင်းက မည်သို့ လွယ်ကူနိုင်မည်နည်း။
လက်ကျန်မိုင်းတွင်းများအားလုံးတွင် ပိုင်ရှင်ရှိကြပြီး အများစုမှာ ဓားမျိုးနွယ်မိသားစုများ လက်ထဲတွင် ရှိနေသည်။
ကျန်းကလန်သည် သူတို့၏ ကိုယ်ပိုင်သတ္ထုတွင်းကို တူးဖော်လိုသော်လည်း ထင်သလောက် မလွယ်ကူနိုင်ပေ။
သတ္ထုရိုင်းများသည် မြေအောက်နက်နက်တွင် ရှိပြီး ကြီးမားကျယ်ပြန့်သော အလယ်ပိုင်းလွင်ပြင်တွင် သတ္ထုများကို တူးဖော်ရန်မှာ သမုဒ္ဒရာအတွင်း အပ်ပျောက်ရှာနေသည်နှင့် မထူးခြားနားပေ။ ထို့အပြင် ရှာဖွေနေသောအပ်သည် အမှန်တကယ် ရှိမရှိကလည်း မသေချာပေ။
အမှန်တကယ်တွင် ပင်မကျွန်း၌ ရှည်လျားသော သမိုင်းကြောင်း ရှိပြီး ဖြစ်နိုင်သည့် နေရာတိုင်းကို စူးစမ်းပြီး ဖြစ်သည်။
အခန်း-၁၅၀ ကျန်းကလန်တွင် ရင်းနှီးမြှုပ်နှံခြင်း။
“ကလန်ခေါင်းဆောင် ကျွန်တော်တို့ ချောင်လူကြီးမင်းနဲ့ ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်ထင်တယ်။ တကယ်လို့ ကျွန်တော်တို့က သူနဲ့ အလုပ်လုပ်ပြီး ပိုက်ဆံမရရင်တောင် စီးပွားဖက်တွေ ဖြစ်တာကနေ အကျိုးကျေးဇူးရမှာပဲ။ သတ္ထုရိုင်းသံမဏိဓားက လက်ရှိမှာ လက်နက်တွေ အကုန်လုံးရဲ့ ထိပ်မှာရှိနေပြီးတော့ တကယ်လို့ ကျွန်တော်တို့က သတ္ထုရိုင်းသံကို ရရင် ကျွန်တော်တို့က တခြားကလန်တွေထက် သာလာမှာပဲ။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့ သင့်တော်တဲ့ မိုင်းတွင်းတစ်တွင်းကို ချန်၊ ဟွမ်နဲ့ လုကလန်တို့က ကျွန်တော်တို့ရဲ့ ဈေးကွက်ရှယ်ရာကို ခိုးမှာကို စိုးရိမ်စရာ မလိုတော့ဘူး”
အကြီးအကဲများမှ တစ်ယောက်က အကြံပြုလိုက်သည်။
ဓားပြုလုပ်သည့် ကလန်များအတွက် အစွမ်းထက်သည့်သတ္ထုရိုင်းက ပိုက်ဆံတင်မဟုတ်ပေ။ ထိုအရာက သူတို့၏ အသက်သွေးကြောပင်ဖြစ်သည်။ ကလန်သည် အရည်အသွေးကောင်းသည့် သတ္ထုရိုင်းများ ကုန်သွားလျှင် သူတို့၏ ဈေးကွက်က ချက်ချင်းပင် ထိုးကျလာမှာဖြစ်သည်။
တခြားကလန်များကို ထိုအခွင့်အရေး မပေးနိုင်ပေ။
ကလန်က သူ၏ဈေးကွက်ရှယ်ယာကို ဆုံးရှုံးသွားသည်နှင့် ယင်းက ပြန်ရရန် ခဲယဉ်းသည်။ ဓားပြုလုပ်သည့် ကလန်များက ဈေးကွက်အတွက် ယှဉ်ပြိုင်နေကြသည်။ ထို့ပြင် ထိုကိစ္စက ကွင်းဆက်ဖြစ်ပွားခြင်း ဖြစ်သည်။
ကလန်တစ်ခု၏ ဈေးကွက်က ထိုးကျသွားသည်နှင့် ကလန်ထဲမှ ဓားပြုလုပ်သည့် ပန်းပဲဆရာများက အလုပ်မရှိ ဖြစ်သွားမှာဖြစ်သည်။ ထိုအချိန်တွင် သူတို့က ကလန်မှ ထွက်ပြီး တခြားကလန်ကို သွားမှာဖြစ်သည်။
ထိုအဖြစ်အပျက် ဖြစ်ခဲ့လျှင် ကလန်က အမှန်တကယ်ပင် ပြိုလဲသွားမှာ ဖြစ်သည်။ အကယ်၍ ကလန်က ပိုက်ဆံအမြောက်အများ ရှိသေးလျှင်တောင် အချည်းနှီးဖြစ်မှာ ဖြစ်သည်။ ပိုက်ဆံက စီးဆင်းနေသည့် ရေကဲ့သို့ပင် ဖြစ်သည်။ တည်ငြိမ်သည့် ဝင်ငွေမရှိလျှင် ပိုက်ဆံက အလျင်အမြန် ကုန်သွားမှာဖြစ်သည်။
ကျန်းကလန်က ဓားပြုလုပ်သည့်ကလန်များထဲတွင် ဝါအရင့်ဆုံး ဖြစ်ပြီးနောက် ယခင်က ဤကဲ့သို့ ဒုက္ခများကို ကြုံတွေ့ခဲ့ဖူးသည်။ သူတို့က ထိုအရာနှင့်လည်း အလွန်ရင်းနှီးသည်။ ထို့ကြောင့် သူတို့က ထိုအရာကို အလွန်ကြောက်ကြသည်။
သူတို့က ထိုအရာကို ထပ်မံ၍ မကြုံတွေ့ချင်ကြတော့ပေ။
ဒါက အကုန်လုံး ယနေ့တွင် စုဝေးကြသည့်အကြောင်းဖြစ်သည်။ ဒုက္ခက မမျှော်လင့်ထားသည့် အဆင့်အထိ ရောက်နေပြီးပြီဖြစ်ပြီး ထိုအရာက အနည်းဆုံး သုံးလအတွင်း ဖြစ်လာမှာ ဖြစ်သည်။
မတိုင်ခင် သူတို့သည် ဖြေရှင်းချက်တစ်ခုကို ရှာရမည်ဖြစ်သည်။
“အဲဒါ အသုံးမဝင်ဘူး။ အပြာရောင်အိမ်တော်က ကိစ္စမတိုင်ခင် ကျွန်တော်တို့ အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ အခု အင်ပါယာစစ်တပ်ထဲမှာ ရောင်းတဲ့ဓားရှည်က ရွှေသုံးသိန်းနဲ့ ရောင်းထွက်သွားတယ်ဆိုတာ မင်းတို့ အကုန်သိသင့်တယ်။ သူက ဘယ်လိုလုပ်ပြီး ငါတို့ကို အဲ့လိုအမြတ်ကို မျှဝေပေးချင်မှာလဲ”
ပြည့်ဖြိုးသော အကြီးအကဲက ငြင်းဆိုလိုက်သည်။
ထိုစကားသည် အကုန်လုံးကို တိတ်ဆိတ်သွားစေသည်။ သတ္ထုရိုင်းသံဓားက ပင်မကျွန်းစုတွင် ဒဏ္ဍာရီလာ ဖြစ်လာသည်။ ပုံမှန်ထိပ်တန်းဓားတစ်လက်သည် ရွှေခြောက်ထောင်မှ ခုနှစ်ထောင်ဖြစ်ပြီး ဖြစ်ပြီး ဝမ်ချောင်က ဓားရှည်တစ်ချောင်းကို ရွှေသုံးသိန်းဖြင့် ရောင်းနိုင်ခဲ့သည်။ ဂုဏ်သရေရှိ ကလန်များအတွက်မူ ယင်းက လုံးဝ မမျှော်လင့်ထားတာဖြစ်သည်။
တွေးကြည့်ရုံဖြင့်တင် သူတို့၏ပခုံးပေါ်သို့ ကြီးမားသည့်ဖိအားများ ကျရောက်လာသည်။
ပုလင်းပြာအိမ်တော်က အဖြစ်အပျက် မတိုင်ခင် ဝမ်ချောင်သည် အမည်မသိ လူတစ်ယောက်သာဖြစ်သည်။ အခန်းထဲမှ လူတိုင်းကို သူ၏ အကြီးအကဲများဟု သတ်မှတ်၍ ရနိုင်သည်။
သို့သော် ယခုအချိန်တွင် ထိုဆယ့်ငါးနှစ်သားလေး တစ်ယောက်တည်းက သူ၏သတ္ထုရိုင်းသံနှင့် ပြုလုပ်ခြင်း နည်းလမ်းများသည် သူတို့အတွက် တောင်တန်းမြင့်ကြီး တစ်ခုဖြစ်လာပြီဖြစ်သည်။ သူတို့ နားမလည်သလို မော့မကြည့်နိုင်သော ဖြစ်တည်မှု တစ်ခုဖြစ်လာသည်။
“တကယ်တော့ ဒီကိစ္စက လုံးဝ မဖြစ်နိုင်တာပဲ”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး အကုန်လုံး၏ အာရုံကို တစ်ခဏအတွင်း ဖမ်းစားနိုင်သွားသည်။
“ကျန်းကျန်။ မင်းဘာပြောချင်တာလဲ”
အကုန်လုံးက ရုတ်တရက် ကျန်းကျန်ကို ကြည့်လိုက်ကြတယ်။ ဝမ်ကလန်၏ တတိယသားအကြောင်းကို ပြောရလျှင် ကျန်းကျန်နှင့် ကျန်းချောင်တို့က သူနှင့်ပထမဆုံး အဆက်အသွယ် ရသောကြောင့် သူတို့က ထိုကိစ္စတွင် အခွင့်အာဏာ အရှိဆုံးဖြစ်သည်။
“ခင်ဗျားတို့ သတိမထားမိသေးဘူးလား။ အခုအချိန်ထိ သူက ပန်းပဲဖို ဒါမှဟုတ် တစ်ယောက်ယောက်နဲ့ အလုပ်လုပ်တာကို မကြားဖူးဘူး။ ပြီးတော့ သူ့ရဲ့သတ္ထုရိုင်းသံမဏိဓားက ပိုက်ဆံ အမြောက်အများရပေမဲ့ သူက တစ်လမှာ တစ်ခါပဲ လုပ်နိုင်တာ”
ကျန်းချောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဆက်ပြော”
ကျန်းကလန်ခေါင်းဆောင်က ကျန်းကျန်နှင့်ကျန်းချောင်ကို စဉ်းစားနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော်ဆိုလိုတာက သတ္ထုရိုင်းသံက ကျော်ကြားလာတာ ကြာလှပြီ သူက ကိုယ်ပိုင်အဖြစ် လုပ်နေတုန်းပဲ။ သတ္ထုရိုင်းသံက အကျိုးအမြတ်များတဲ့ လုပ်ငန်းပဲ။ ပြီးတော့ တကယ်လို့ ကလန်တစ်ခုက သူ့ကို ထောက်ပံ့ပေးရင် သူ့ရဲ့ဝန်ထုပ်ဝန်ပိုးက ပျောက်သွားမှာ။ တစ်ခြားနည်းနဲ့ ပြောရရင် ဒါက ကျွန်တော်တို့ ကျန်းကလန်ရဲ့အခွင့်အရေးပဲ”
ကျန်းကျန်က သူ့စိတ်ထဲမှ အတွေးကို ပြောပြလိုက်သည်။
“ဓားပန်းပဲဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဓားပြုလုပ်တဲ့ ကလန်တစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ညီမျှမှာလဲ။ သူက ဒီနယ်ပယ်မှာ အတွေ့အကြုံ သိပ်မရှိဘူး။ ဒီတော့ သူက ပစ္စည်းတွေအတွက် အကူအညီတွေ အများကြီးလိုမှာ သေချာတယ်။ ဓားပန်းပဲဆရာတစ်ယောက်ဖြစ်ဖို့အတွက် ပန်းပဲဖိုတစ်ခုနဲ့ တခြားပစ္စည်းတွေ အများကြီး လိုတယ်။ ငါတို့က အဲဒါတွေအတွက် လုပ်နိုင်ပါတယ်။ လုံလောက်တဲ့ ရိုးသားမှုကို ပြနေသရွေ့ ချောင်လူကြီးမင်းရဲ့စီးပွားဖက် ဖြစ်ဖို့ကို ငြင်းဖို့ အကြောင်းမရှိဘူး”
ထိုစကားများကို ကြားသောအခါ အကုန်လုံးက လေးလေးနက်နက် စဉ်းစားနေကြသည်။ ကျန်းကျန်၏စကားများက မှန်သည်။ သတ္ထုရိုင်းသံဓားကိစ္စက ထင်သလောက် မရိုးရှင်းပေ။
သတ္ထုရိုင်းသံဓားတစ်ချောင်စီက ရွှေသိန်းပေါင်းများစွာ ရရှိနိုင်သည်။ မည်သူက အကျိုးအမြတ်ကို ခွဲပေးချင်မည်နည်း။
အကယ်၍ သူတို့က ဝမ်ချောင်၏နေရာမှာ ဆိုလျှင်လည်း သူတို့က စီးပွားဖက်ဖြစ်ရန် ငြင်းကြမှာဖြစ်သည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိတော့သောကြောင့် သူတို့က ဤအခွင့်အရေးလေးပေါ်တွင် သူတို့၏ မျှောင်လင့်ချက်လေးကို တင်ထားရသည်။ ထိုအရာက သူတို့၏ မိုင်းတွင်းများ မစခင်အချိန်အတွက်ဖြစ်ပြီး သတင်းက မကြာခင်တွင် ပျံ့သွားမှာ ဖြစ်သည်။ သို့မဟုတ် ယင်းက လူတိုင်းဆီသို့ ရောက်ပြီးသား ဖြစ်နေလောက်သည်။
အနည်းဆုံးတော့ ထိုကိစ္စက စမ်းကြည့်ဖို့တန်သည်။
“ကျန်းကျန် ဒီတော့ မင်း ဘာလိုလဲ”
“ကျွန်တော် ကလန်ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပေးစေချင်ပါတယ်”
“ကောင်းပြီ။ ငါမင်းကို ကလန်ကိုယ်စား ဆုံးဖြတ်ချက် ချခွင့်ပေးလိုက်မယ်။ အဲဒါက အလွန်အကျွံ မဟုတ်သရွေ့ မင်း ဆွေးနွေးတာကို ငါ့ကို တင်ပြစရာ မလိုဘူး”
ကျန်းကလန်၏ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ ကလန်ခေါင်းဆောင်”
ကျန်းကျန်က ဝမ်းသာသွားသည်။
…
ဝမ်မိသားစုအိမ်တော်တွင် ဝမ်ချောင်က သူ၏စာကြည့်ခန်းထဲတွင် ထိုင်နေပြီးနောက် သူ့ရှေ့တွင် တင်ထားသည်က စာချုပ်တစ်ခုဖြစ်သည်။ သူ၏ ညွှန်ကြားမှုအောက်တွင် မုန့်လုံက အသင်းတစ်သင်းအား ဝိညာဉ်သွေးကြော တစ်ဝိုက်တွင် သတ္ထုကြော ရှိနိုင်သည့်နေရာများကို တူး၍ ရှာနေသည်။ နောက်ဆုံးတွင် လူအင်အား၊ အရင်းအနှီးနှင့် အချိန် အများအပြား အသုံးချပြီးနောက် သူတို့က ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ရှိသည့် ဝိညာဉ်သွေးကြော၏ အနောက်မြောက် လီနှစ်ဆယ်အကွာတွင် သတ္ထုကြောကို ရှာတွေ့ခဲ့သည်။
(၁၀ကီလိုမီတာ)
သူသည် နောက်ထပ် ရွှေရှစ်ထောင်ကို တရားရေးအရ တောင်တစ်တောင်လုံးကို ဝယ်ယူရန် အသုံးပြုခဲ့သည်။
ပြီးနောက် ဝမ်ချောင်က နောက်ထပ် ကံကောင်းမှု တစ်ခု ရရှိခဲ့သည်။
သို့သော် ပိုက်ဆံများ တိုးပွားလာဖို့က ဝမ်ချောင်၏ ရည်ရွယ်ချက်မဟုတ်ပေ။ ဝမ်ချောင်က မိုင်းတွင်းကို ပိုက်ဆံရရန် အသုံးပြုခြင်း မဟုတ်ပေ။
စစ်ပွဲက အရင်းအမြစ်ကြောင့်ဖြစ်သည့် တိုက်ပွဲဖြစ်ပြီး ထိုအရာက လူအင်အားတိုက်ပွဲ ဖြစ်သည်။
တိုက်ပွဲတိုင်းတွင် စစ်ယန္တရားများကို ထည့်သွင်းကြသည်။
ပြီးနောက်ဝမ်ချောင်က ကြီးမားသည့်မိုင်းတွင်းကို အသုံးပြု၍ သူ့အတွက် ကြီးမားသည့် စစ်ယန္တရားများကို ဆောက်လုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။
စစ်တပ်နှစ်တပ်လုံးက ခွန်အားအတူတူဖြစ်၍ လက်နက် ပိုကောင်းသည့်ဘက်က ပို၍ အခွင့်သာမှာ ဖြစ်သည်။
၎င်းက သူ၏ယခင်ဘဝတွင် သတ္ထုရိုင်းလက်နက်များ တပ်ဆင်ထားသော အက်ဆက်ကလီဖိတ် စစ်တပ်၏ ခွန်အားကို ထင်ထင်ရှားရှား မြင်ခဲ့ရသည်။
ပုံမှန်ထက်ပို၍စဉ်းစားနိုင်သူများက အောင်နိုင်သူများ ဖြစ်လေ့ရှိပြီး မစဉ်းစားနိုင်သူများက ရှုံးနိမ့်သူများဖြစ်သည်။ ထို့ကြောင့် မစဉ်းစားတတ်သူများအကြောင်း မပြောလိုတော့ပေ။ ယင်းသည် နေမင်းစု၏စစ်ပွဲအနှစ်သာရများ စာအုပ်ထဲမှ ဆိုရိုးစကားတစ်ခုဖြစ်သည်။
စစ်ပွဲက မတိုက်ခင်ကတည်းက စပြီးတာ ကြာပြီဖြစ်သည်။
အနာဂတ်တွင် စစ်ပွဲကြီးမည်သို့ ဖြစ်မည်ကို ဝမ်ချောင်မှလွဲ မည်သူမှ မသိပပေ။ ကျောက်စိမ်းရိုင်းကြောကြီး ဖြစ်နေပါစေ။ ဝမ်ချောင်အတွက်တော့ သူတို့က ဖြစ်လာမည် စစ်ပွဲအတွက် ပြင်ဆင်စရာများသာ ဖြစ်သည်။
အစကတည်းက ပြင်ဆင်ထားမှသာ အနာဂတ်တွင် ဖြစ်လာမည့် ဘေးကပ်ဆိုးကြီးနှင့် ရင်ဆိုင်နိုင်မှာဖြစ်သည်၊။
သူက လွဲပြီး မည်သူမှ မသိပေ။
သို့သော် အလွန် လက်တွေ့ကျသော အခက်အခဲတစ်ခုက သူ့ရှေ့တွင် ရှိနေသည်။
ကြီးမားသော ကံကောင်းမှုဖြင့် အလွန်ကြီးမားသော သတ္ထုရိုင်းတွင်းပေါ်တွင် တက်ထိုင်နေသော်လည်း ဝမ်ချောင်က ထိုမိုင်းတွင်းကို ဖွံ့ဖြိုးအောင် လုပ်နိုင်စွမ်း မရှိပေ။ စစ်ယန္တရားများ ဖန်တီးဖို့ဆိုတာ ပြောစရာပင် မလိုပေ။
ဝမ်ချောင်က ရွှေသုံးသိန်းတန်သည့် သေခြင်းတရားချောက်နက် သတ္ထုရိုင်းသံမဏိဓားရှည်ကို ပြုလုပ်နိုင်စွမ်း ရှိသော်လည်း စစ်ယန္တရားများသည် များပြားသော လူအင်အားလိုအပ်သည်။
ဝမ်ချောင်က ထိုနယ်ပယ်တွင် မကျွမ်းကျင်သေးပေ။
“ငါ ဓားပြုလုပ်တဲ့ကလန်တစ်ခုကို ချဉ်းကပ်ဖို့ အချိန်တန်ပြီ ထင်တယ်”
ဝမ်ချောင် တွေးလိုက်သည်။
မြို့တော်ထဲတွင် ဓားပြုလုပ်သည့်ကလန်များထဲတွင် ကျန်းကလန်၊ ချန်ကလန်၊ ဟွမ်ကလန်နှင့် လုကလန်ထက် ကောင်းသည့်ကလန်မရှိပေ။ အတိုင်းအတာ၊ လူအင်အားနှင့် အရင်းအမြစ်များအတွက် သူတို့က ဝမ်ချောင်ထက် သာလွန်သည်။
“သခင်လေး ကျန်းကလန်က ကျန်းချောင်နဲ့ ကျန်းကျန်တို့က သခင်လေးကို တွေ့ဖို့ တောင်းဆိုနေကြတယ်”
ဝမ်ချောင်က အတွေးထဲတွင် နစ်မြုပ်နေချိန်တွင် အသံတစ်သံက ရုတ်တရက် သူ၏နားထဲသို့ ရောက်လာသည်။ ဘေးကို လှည့်ကြည့်လိုက်သည်တွင် ရှန့်ဟိုင်က အခန်းထဲသို့ လာသည်ကို တွေ့လိုက်ရသည်။
“ဟ ဟ ဟ ကောင်းတယ်။ သက်ဆိုးရှည်ဦးမယ်။ မြန်မြန် သူတို့ကို ဝင်လာခိုင်းလိုက်”
ဝမ်ချောင်သည် မျက်စိဖွင့်လိုက်ပြီးနောက် သူ၏ထိုင်ခုံပေါ်မှ အလျင်အမြန် ထလိုက်သည်။
…
ဝမ်ချောင်က ကျန်းချောင်နှင့်ကျန်းကျန်တို့ကို ဧည့်ခန်းထဲတွင် တွေ့ဆုံသည်။
ဝမ်ချောင် လွန်ခဲ့သည့်လများအတွင်း သိပ်၍ မပြောင်းလဲသော်လည်း ကျန်းချောင်နှင့် ကျန်းကျန်တို့က သူ့ရှေ့တွင် စတင်၍ အနည်းငယ်တည်ငြိမ်လာပြီ ဖြစ်သည်။
တူညီသောလူများ ဖြစ်သော်လည်း မတူညီသည့် အခြေအနေအောက်တွင် ဖြစ်နေသည်။
အခုအချိန်တွင် ဝမ်ချောင်က သူတို့ကို မလိုတော့ပေ။ သူတို့က ဝမ်ချောင်ကို လိုအပ်နေသူများ ဖြစ်သည်။
“ဝမ်လူကြီးမင်း ကျွန်တော်တို့က ဒီကို ကျောက်စိမ်းရိုင်း မိုင်းတွင်းအတွက် လာတာပါ။ ဝမ်လူကြီးမင်းက ကျွန်တော်တို့နဲ့ အလုပ်လုပ်ဖို့ ဆန္ဒရှိလားလို့ ကျွန်တော်တို့ မေးချင်ပါတယ်”
ကျန်းကျန်က ခဏတာ လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက် သူ၏ လိုရင်းဆီသို့ တိုက်ရိုက်သွားရင် ဆုံးဖြတ်လိုက်သည်။
သူက ထိုအကြံကို ပြောခဲ့သူဖြစ်သော်လည်း မည်မျှ မယုံကြည်နိုင်စရာ ကောင်းမှန်း နားလည်သေးသည်။ ဝမ်ချောင်သည် သူတို့ကို ငြင်းရန် ပို၍ အလေးသာ၏။
သို့သော် အဖြစ်မှန်က သူတို့နှစ်ယောက်ကို လန့်သွားစေသည်။
“ကောင်းပြီ”
ထိုစကားလုံးက သူတို့နှစ်ယောက်ကို ခဲတောင့်သွားစေ၏။ ဧည့်ခန်းကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။
“ကောင်းပြီ ဟုတ်လား”
ကျန်းကျန်၏စိတ်က နက်မှောင်သွားပြီးနောက် ကျန်းကျန်သည် ဝမ်ချောင်၏အဖြေကို သံသယရှိစွာဖြင့် ထပ်ပြောလိုက်သည်။
“ကောင်းပြီ”
ဝမ်ချောင် သူ၏အဖြေကို တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဟုတ်လား”
ကျန်းချောင်သည်လည်း ကြက်သေသွေားသည်။ သူက သူ၏နားများကို မယုံနိုင်ပေ။
ဤတစ်ကြိမ်တွင် သူတို့သည် ကလန်တစ်ခုလုံး၏ အနာဂတ်ကို သူတို့ကျောပေါ်တွင် ထမ်းထားရသည်။
အမှန်တကယ်တော့ သူတို့က ကျရှုံးမှုအတွက် ကြိုတင်ပြင်ဆင် ပြီးပြီဖြစ်သည်။ သို့သော် ဝမ်ချောင်၏ ရိုးရှင်းသည့် အဖြေက သူတို့ကို အံ့အားသင့်စေခဲ့သည်။
ကောင်းပြီ..
သူတို့နားဖြင့် ကိုယ်တိုင် ကြားလိုက်ရခြင်း ဖြစ်သော်လည်း အိပ်မက်မက်နေသည်ဟု မထင်ဘဲ မနေနိုင်ချေ။
ကျန်းချောင်နှင့် ကျန်းကျန်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့အားသင့်ဝမ်းသာမှုတို့ကို တွေ့နိုင်သည်။ ပျော်ရွှင်မှုက မမျှော်လင့်ဘဲ ရောက်လာလေပြီ။
ဟူး..
ကျန်းကျန်သည် အသက်ပြင်းပြင် ရှုလိုက်ပြီး သူ့ကိုယ်သူ ပြန်တည်ငြိမ်စေလိုက်သည်။ သတ္ထုရိုင်းသံမဏိကိစ္စကို လဲလှယ်ခြင်းသည် ကြီးမားသော အကျိုးအမြတ်နှင့် အခွင့်အရေး ဖြစ်၏။ ဆင်ခြင်တုံတရားရှိသည့်သူများသည် ထိုကိစ္စကို အလွယ်တကူ သဘောတူမည် မဟုတ်ပေ။
ကျန်းကျန်သည် ဝမ်ချောင်၏ သဘောတူညီချက်တွင် အခြေအနေတစ်ခု ရှိမည်မှန်း နားလည်သည်။
“ဒါဆိုရင် လူကြီးမင်းရဲ့တောင်းဆိုချက်က ဘာလဲဆိုတာ ကျွန်တော် သိလို့ရမလား”
ကျန်းကျန် ဂရုတစိုက် မေးလိုက်သည်။
ဝမ်ချောင်၏မျက်နှာထက်တွင် အသိအမှတ်ပြုခြင်းက ဖြတ်လာသည်။ ထက်မြက်သည့်သူများနှင့် ပြောဆိုရသည်က အမှန်တကယ် ပိုလွယ်ကူသည်။
“ကျွန်တော် ကျန်းကလန်ရဲ့ အစုရှယ်ယာဝင်သူ ဖြစ်ချင်ပါတယ်”
ဝမ်ချောင်က သူ၏ရည်ရွယ်ချက်ကို ပြောလိုက်သည်။
“အစုရှယ်ယာဝင်သူ ဟုတ်လား”
ကျန်းချောင်နှင့် ကျန်းကျန်တို့က သူတို့ရှေ့မှ လူငယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏ တစ်သက်လုံးတွင် သူတို့၏ မသိခြင်းကြောင့် သူတို့က အစုရှယ်ယာဝင်သူဆိုသည့် စကားလုံးကို မကြားဖူးပေ။
“အဲဒါ ဘာကို ဆိုလိုတာလဲ”
ကျန်းချောင် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
…..