← Chapters

ဘက်ထရီတွေ ထုတ်လုပ်ပြီ

Vol. 36 Ch. 451

ဘက်ထရီတွေ ထုတ်လုပ်ပြီ

Vol. 36 Ch. 451

ရေအနက် မီတာ ၂,၀၀၀ ကျော်ထိ လိပ်ကြီး ဆင်းလ ာကာ ထိုအနက်တွင် အမှောင်ဖုံးလွှမ်းနေပြီး တစ် ခါတစ်ရံ အလင်းရောင်တွေ ထွက်ပေါ်နေ၏။ဒီအ ကောင်တွေက သူ့ဘာသာသူ အလင်းထုတ်လွတ်တဲ့ ပင်လယ်ရေအောက် သတ္တဝါတွေပဲ ဖြစ်သည်။

"ခုနက အကောင်က အရသာ တကယ်ကောင်းတယ် ကွာ...ငါ.. နောက်ထပ် အနည်းငယ်လောက်ရရင် တကယ့်ကို ကောင်းမွန်တဲ့ ညစာပဲ..."

မီတာ ၂,၀၀၀ ကျော် အနက်မှာတော့ ပင်လယ်အော က်ခြေက ရိုးရှင်းပြီး တောင်တွေ ချိုင့်ဝှမ်းတွေ စတဲ့ အတက်အကျတွေက ရံဖန်ရံခါ ရှိပြီးတော့ လွင်ပြင် ကျယ်တွေလည်း ရှိနေသည်။ ဒါပေမဲ့ ချောက်နက် ကြီးတွေတော့ ရှိမနေပေ။

"သနားစရာပဲကွာ..."

ချောက်နက်ကြီးကို မတွေ့တာကြောင့် လိပ်ကြီး ဝမ်း နည်းစွာ ရေရွတ်လိုက်သည်။

ထူးဆန်းတဲ့ ပင်လယ်ရေအောက် သတ္တဝါတွေက ချောက်နက်ကြီးကနေ လာရမယ်လို့ သူ တွေးထားခဲ့ သည်။ အရင်က တွေ့ခဲ့တဲ့ ထူးဆန်းငါးဖြူနဲ့ ဧရာမ ရေဘဝဲလိုမျိုးပင်။

ချောက်နက်ကြီးကို မတွေ့တော့ လိပ်ကြီး နည်းနည်း စိတ်ပျက်သွား၏။မီတာ ဆယ်ဂဏန်း လောက်ရှည် တဲ့ ပင်လယ်မြွေကြီးမျိုးကိုလည်း သူ ထပ် မတွေ့ရ တော့ပေ။

ဒီအမှန်တရားကို လိပ်ကြီး လက်မခံချင်ပဲ သူ့ရဲ့ အ တိုင်းအတာကို ချဲ့ပြီး အချိန်အကြာကြီး ရှာဖွေခဲ့ပေ မဲ့ ဘာရလဒ်မှ မရခဲ့တာကြောင့် နောက်ဆုံးတော့ သူ လက်လျှော့ရ၏။

....

လိပ်ကြီးက အနက်ရောင် သတ္တုချောင်းတွေသယ် တာကို အပြီးသတ်လိုက်ပြီး စုစုပေါင်း အ ချောင်း 2၀၀ ကို နောက်ဆုံးမှာတော့ သူ သယ်လို့ ပြီးသွားခဲ့ သည်။

“သခင်ရေ...အလုပ်ပြီးပါပြီ... စစ်ဆေးပေးပါအုံး..”

လိပ်ကြီးက စုစုပေါင်း အချောင်း ၂၀၀ သယ်ယူပြီး ပြီလို့ လျူယောင်အား ကိုယ်တိုင် ဆက်သွယ်လိုက် သည်။

ဒီအချိန်တွင် ဟွားဟိုင်မြို့တွင် ညနေ ၁၀ နာရီရှိ‌နေ ပြီမို့ လျူယောင်နဲ့ လီချန်လဲ့တို့က ရုပ်ရှင်ရုံမှာ အချ စ်ဒရာမာကား ကြည့်နေကြသည်။လီချန်လဲ့၏ မျက် လုံးတွေက နီရဲနေကာ ရုပ်ရှင်ထဲက ဇာတ်လိုက် မင်း သမီးအတွက် သူမ စိတ်မကောင်းဖြစ်နေပုံရသည်။

လျူယောင်ကတော့ တည်ငြိမ်နေပြီး စိတ်ထဲကနေ လိပ်ကြီးနဲ့ ဆက်သွယ်နေ၏။

“ငါ့ကောင်ကြီး.အရမ်းတော်တယ်....မင်း...စွမ်းဆောင်ရည်က မဆိုးဘူးကွာ..စုစုပေါင်း အချောင်း 2၀၀ ကို သယ်ထားတာပဲ...”

လိပ်ကြီးက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပြန်ဖြေလိုက် သည်။

"ဟီးဟီး..အများကြီးပဲဆိုတော့ ..သခင် ရေတွက်လို့ ရပါတယ်...”

လိပ်ကြီးကို ယုံကြည်တာကြောင့် ရေတွက်ဖို့အတွက် လျူယောင် လုံးဝ ရည်ရွယ်ချက်မရှိပေ။လိပ်ကြီးကို သူ ထပ်မံ ချီးကျူးလိုက်၏။

......

နောက်တစ်နေ့..

ကပ္ပတိန်ရမ်ဇီကွမ်းကို ဖုန်းခေါ်လိုက်ပြီး သူတို့အား ကိုယ်တိုင် အမိန့်ပေးလိုက်ကာ အနက်ရောင် သတ္တု ချောင်း ၂၀၀ ပြန်သယ်ယူဖို့ အလုပ်တစ်ခုအား လျူ ယောင် ပေးလိုက်သည်။

တည်နေရာနဲ့ နဲ့ လတ္တီတွဒ်ရဲ့ တိကျတဲ့ နေရာကိုလည် း ကပ္ပတိန်ရမ်ဇီကွမ်းကို သူ အသိပေးခဲ့၏။

ဘလူးဝေးလ်က သူ့ရဲ့ နောက်ဆုံး သယ်ယူရေး မစ် ရှင်ကနေ ပြန်လာတာ ရက်အနည်းငယ် ကြာခဲ့သည် ။အဖွဲ့သားတွေလည်း အနားယူပြီးပြီမို့ သူတို့ နောက် တစ်ကြိမ် ရွက်လွှင့်ထွက်ခွာလာခဲ့၏။

မိုင်ထောင်ချီဝေးတဲ့နေရာမှာတော့...

M နိုင်ငံ စစ်တပ်က ဘလူးဝေးလ်၏ လှုပ်ရှားမှုကို မ ကြာခင် သိရှိသွားကြသည်။နောက်ဆုံးအကြိမ်တုန်း က သူတို့၏ သင်္ဘော ၇ စင်းနဲ့ ရေငုပ်သင်္ဘော တစ်စ င်း နစ်မြုပ်ပြီးနောက် ဘလူးဝေးလ်အား အဓိက စော င့်ကြည့်ရေးပစ်မှတ်အဖြစ် သူတို့ သတ်မှတ်လိုက်ကြ သည်။

“ဗိုလ်ချုပ်ကြီး... နာရီအနည်းငယ်အကြာတုန်းက ယူ နီဗာဆဲလ်လုပ်ငန်းစုရဲ့ ‘ဘလူးဝေလ်း’ ဟာ ဆိပ်ကမ်း ကနေ ထွက်ခွာသွားပြီး အရှေ့ပင်လယ်ဘက်ကို ရွက် လွှင့်နေပါတယ်ခဗျ...”

ရော့ဘတ်ဆိုသူက M နိုင်ငံ ရေတပ်ရဲ့ အဆင့်မြင့် ဗို လ်ချုပ်ကြီးတစ်ဦးပဲ ဖြစ်၏။ဒီ သတင်းကို ကြားတေ ာ့ သူ လျှို့ဝှက်စွာ ပြုံးလိုက်သည်။

“ဟုတ်ပြီ.. ဘလူးဝေးလ်ရဲ့ လှုပ်ရှားမှုတွေကို မင်းတို့ .. သေချာ အာရုံစိုက်နေပါ...”

ဘလူးဝေးလ်ရဲ့ လှုပ်ရှားမှုကို အစီရင်ခံတဲ့သူက ရေ တပ်ဗိုလ်မှူးကြီးတစ်ဦးဖြစ်၏။သူက ခန့်မှန်းပြီး ပြေ ာလိုက်သည်။

“ဗိုလ်ချုပ်ကြီး... ဘလူးဝေးလ်ကို စေလွှတ်တဲ့ အ ခေါက်တိုင်းမှာ မစ်ရှင်တွေ ရှိနေတယ်...ဒီတစ်ခါ လ ည်း ခြွင်းချက်မဟုတ်လောက်ဘူး..."

“ဒီတစ်ခါတော့ နည်းနည်းထူးဆန်းတယ်... ဘာလို့လဲ ဆိုတော့ ဘလူးဝေးလ်တစ်စင်းပဲ ရှိလို့ပါ... သူ့နောက် မှာ ဘယ်သင်္ဘောမှ မပါ ပါဘူး....”

ဗိုလ်ချုပ်ရောဘတ် ခဏ စဥ်းစားကာ ပြောလိုက်၏။

“အင်း ဒီတစ်ခါ ထူးဆန်းနေတယ်...ဘလူးဝေးလ် ဘ ာလုပ်မယ်ဆိုတာကို ငါတို့ လောလောဆယ် ခန့်မှန်း လို့ မရဘူး...ပထမဦးဆုံးအနေနဲ့...သူ့ရဲ့ လှုပ်ရှားမှု တွေကို သေချာ စောင့်ကြည့်ပါ... လိုအပ်ရင် သင်္ဘေ ာတွေ စေလွှတ်ပြီး တိတ်တိတ်လေး လိုက်သွားမယ် ”

M နိုင်ငံစစ်တပ်မှ ဗိုလ်မှူးကြီးက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ..ဗိုလ်ချုပ်..."

.....

လျူယောင်ကတော့ သူ့ရဲ့ ဘလူးဝေးလ်ကို M နိုင်ငံ က လူတွေ သေချာ စောင့်ကြည့်နေတယ်ဆိုတာကို မသိခဲ့ပေ။ဒါပေမဲ့ သိရင်တောင် သူ အလေးအနက် ထားစရာ မလိုပေ။သူ့မှာ လိပ်ကြီး ရှိနေသည်လေ။

ရုံးခန်းထဲတွင် ဟွမ်ကွမ်း ကိုယ်တိုင် ပို့ပေးထားတဲ့ ဘ က်ထရီနမူနာအနည်းငယ်ကို လျူယောင် ကြည့်နေ သည်။

ဒါတွေက မိုဘိုင်းဖုန်းဘက်ထရီတွေနဲ့ ကားဘက်ထ ရီတွေ ဖြစ်ပြီး အားလုံးက ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေပဲ ဖြစ်၏။

ယူနီဗာဆဲလ်က ကျင်းဖန်းခရိုင်မှာရှိတဲ့ စက်ရုံက နေ ထုတ်လုပ်မှု့ စတင်ခဲ့ကာ ဒီမနက်မှာပဲ စမ်းသပ်ထုတ် လုပ်မှု ပြီးသွားခဲ့သည်။ဒီဘက်ထရီအချို့ကို ဟွမ် ကွမ်း ကိုယ်တိုင် ပို့ပေးခဲ့တာပဲ ဖြစ်သည်။

အရမ်းစိတ်ဝင်စားစွာဖြင့်ဘက်ထရီတွေကို ယူကာ လျူယောင် အကြိမ်ကြိမ် ကြည့်ပြီး မေးလိုက်၏။

“သူတို့ရဲ့ အရည်အသွေးကရော ဘယ်လိုလဲ”

ဟွမ်ကွမ်း ပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်သည်။

“ဒါက.. စမ်းသပ်ထုတ်လုပ်မှုဖြစ်ပေမဲ့ သူတို့ရဲ့ အရ ည်အသွေးက ကောင်းပါတယ်.. .အောင်မြင်မှုရာခိုင် နှုန်းက ၉၉.၈% ကျော်တာ​မို့ ဒီအပိုင်းတွေက ပိုပြီး ပ ရီမီယမ်ကျပါတယ်ခဗျ..”

ဒီစကားကို ကြားတော့ လျူယောင် ပျော်ရွှင်ပြီး စိတ် သက်သာရာ ရသွားသည်။

ဟွမ်ကွမ်းက ဆက်ပြောလိုက်၏။

“စမ်းသပ်ထုတ်လုပ်မှုကနေ ပြဿနာ အချို့ ကို ဖော် ထုတ်နိုင်ခဲ့ပါတယ်...ကျွန်တော်တို့က အဲဒါတွေကို ပြ န်လည် ပြုပြင်နေပါတယ်... နောက်တစ်ရက်မှာ တရ ားဝင် အများအပြား ထုတ်လုပ်မှု စတင်ဖို့ ဆိုတာ က...ပြဿနာမရှိ‌လောက်ပါဘူး...”

“အင်း...ငါတို့ နောက်ဆုံးတော့ အများအပြား ထုတ် လုပ်နိုင်ပြီပဲ... ငါတို့ရဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီတွေ ဈေးကွက်မှာ အများအပြား ရောက်လာ တာနဲ့ ...ဈေးကွက်တစ်ခုလုံးက အာရုံစိုက် လာလိမ့်မ ယ်လို့ ငါယုံကြည်တယ်...”

ဟွမ်ကွမ်းလည်း ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့...ကျွန်တော်လည်း... အဲ့ဒီလို.. မျှော်လင့် နေပါတယ် ခဗျ.. ”

“အကိုယောင် ...နောက်တစ်ရက်မှာ တရားဝင် အ များအပြား ထုတ်လုပ်မှု စတင်တော့မှာမို့. သွားကြ ည့်ချင်လား...”

လျူယောင် ခဏစဉ်းစားလိုက်၏။ပြီးတော့မှ သူ ဆုံးဖြတ်လိုက်သည် ။

“ကောင်းပြီ...ငါ သွားကြည့်မယ်...”

ရုတ်တရက် ဟွမ်ကွမ်းက စိတ်နည်းနည်း လှုပ်ရှား လာသည်။

.......

နှစ်ရက်အကြာ....

ယူနီဗာဆဲလ်လုပ်ငန်းစု၏ နံပါတ် ၁ စက်ရုံတွင်...

ဒီနေ့က အရမ်း ခမ်းနားတဲ့ နေ့တစ်နေ့ပင်။စက်ရုံရဲ့ တံခါးဝတွင် အနီရောင် ကော်ဇောခင်းထားပြီး ရော င်စုံအလံတွေနဲ့ မိုးပျံဘောလုံးတွေက လှပစွာ ပျံသန် းနေ၏။ကျင်းဖန်းခရိုင်၏ ခေါင်းဆောင်တွေအပါ အဝင် စက်ရုံရဲ့ ခေါင်းဆောင်အားလုံးက စက်ရုံတံခ ါးဝမှာ ပြုံးပြီး ရပ်စောင့်နေကြသည်။

ခရိုင်ဝန်ဝမ်ယုံဝမ်က ဝမ်းသာအားရ ပြောလိုက်၏။

“ဒီနေ့က တကယ်ကို ထူးခြားတဲ့နေ့ပဲ... ကျွန်တော် တို့ရဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ထုတ်လုပ် မှု စတင်တော့မှာမို့လို့ပဲဗျာ...”

“ဟုတ်ကဲ့.အများအပြား ထုတ်လုပ်တာက တကယ့် ကို အိပ်မက်တစ်ခုလိုပါပဲ...”

“ပထမဆုံး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက ကျွန်တော်တို့ရဲ့ ကျင်းဖန်းခရိုင်မှာ မွေးဖွားလာတယ် ဆိုတာကို သမိုင်းက မှတ်မိနေလိမ့်မယ်...”

“ငါ ဘာလို့ ပိုပြီး စိတ်လှုပ်ရှားလာတာလဲ..ငါ အသ က်ရူမှ ရတော့မယ်...”

...

စက်ရုံ၏ တံခါးဝတွင် စိတ်လှုပ်ရှားမှု အပြည့်နဲ့ လူ တိုင်းက ပျော်ရွှင်စွာ စကားပြောပြီး ရယ်မော နေကြ သည်။သူတို့အားလုံးရဲ့ လေသံများတွင် စိတ်လှုပ်ရှာ းမှုတွေ အများကြီး ပါဝင်နေသည်။

မကြာခင်မှာပဲ မျက်စိရှင်တဲ့လူတစ်ယောက်က အသံ ကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

"ဟေး...သူဋေးလျူနဲ့ တခြားသူတွေ ရောက်လာပြီ .. ထင်တယ်...”

အဲ့ဒါက ဇိမ်ခံကားရှစ်စီးပါတဲ့ ကားတန်းရှည်ပဲကြီး ဖြစ်၏။အလယ်နှစ်စီးက Roll-Royces တွေဖြစ်ကာ ဒီဘက်ကို ဦးတည်လာနေသည်။

လျူယောင်က ယူနီဗာဆဲလ်ရဲ့ အလယ်အလတ်နဲ့ အ ဆင့်မြင့် အရာရှိတွေကို ဒီစက်ရုံအား ခေါ်လာခဲ့သည် ။ဒီနေ့က ယူနီဗာဆဲလ် လုပ်ငန်းစု အတွက်လည်း အ လွန်အဓိပ္ပာယ်ရှိတဲ့နေ့ ဖြစ်သည်လေ။

စက်ရုံတံခါးဝမှာ လူတိုင်းကို လျူယောင် တစ်ယော က်ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက်ကြပြီးနော က် ကောင်းကင်ကို ပေါက်ကွဲစေနိုင်တဲ့ မီးပန်းတွေ က ပျော်ရွှင်စွာ ပေါ်ကွဲထွက်လာသည်။

အားလုံးနဲ့ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ပြီးနော က် လူတိုင်း၏ ဝိုင်းရံမှုနဲ့အတူ လျူယောင် စက်ရုံထဲ ကို ဝင်လိုက်သည်။ဖွင့်ပွဲအခမ်းအနားတွင် လျူယော င်က ထုတ်လုပ်ရေးစနစ် ခလုတ်ကို ကိုယ်တိုင် နှိပ်လို က်၏။

ထိုအချိန် ထုတ်လုပ်ရေးနေရာမှ စက်တွေက စတင် လည်ပတ်လာပြီး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထ ရီတွေ တရားဝင် အများအပြား ထုတ်လုပ်မှု စတင် ပြီး‌နောက် ထုတ်လုပ်ရေးလိုင်းကနေ ဘက်ထရီတွေ တစ်လုံးပြီးတစ်လုံး ထွက်လာသည်။

" ဟေး ဖြောင်း..ဖြောင်း ဖြောင်း.."

"ရွှီး.. ဒါ ငါတို့ရဲ့ ဘက်ထရီအသစ်ပဲကွ.."

ဘက်ထရီတွေကို အများအပြား ထုတ်လုပ်နေတာကို လူတိုင်း မြင်ရကာ နွေးထွေးတဲ့ လက်ခုပ်သံတွေက တာရှည်စွာ မြည်ဟိန်း‌နေခဲ့၏။

အလုပ်သမားတွေက အလုပ်ရှုပ်နေကြကာ ဘက်ထ ရီသေတ္တာတွေကို ထုပ်ပိုးပြီး သယ်ဆောင်ရေးယာဥ် တွေနဲ့ ဂိုဒေါင်ကို ပို့ဆောင်နေကြသည်။

ကျင်းဖန်းခရိုင်ကို ဦးတည်တဲ့ အဝေးပြေးလမ်းမ ကြီးပေါ်တွင် ကားတန်းရှည်ကြီး တစ်တန်းမောင်းနှ င်နေပြီး ရှေ့တွင် ကားအနည်းငယ်ရှိကာ နောက်မှာ လည်း ကုန်တင်ကားတစ်ဒါဇင်ကျော် လိုက်ပါလာ၏ ။

အလွန် ခမ်းနားလှ​သော ဒီကားတန်းရှည်ကြီးအား သေချာ ဂရုစိုက်ကြည့်မယ်ဆိုရင် ကုန်တင်ကားတို င်းတွင် ဗလာဖြစ်နေတာကို တွေ့ရပြီး ကုန်တင်ကား တိုင်းရဲ့ ရှေ့တွင် အနီရောင် ပန်းစည်းကြီးတွေ ချည် နှောင်ထားတာကို မြင်ရပေလိမ့်မည်။

ထိုကားတန်းရှည်ကြီးက ကျင်းဖန်းခရိုင်ကို ရောက် လာပြီးနောက် အဝေးပြေးလမ်းမကနေ ခွဲထွက်ကာ ခရိုင်စက်မှုဇုန်သို့ တန်းတန်းမတ်မတ် မောင်းလာ၏။

All Chapters