← Chapters

မီဒီယာ ပေါက်ကွဲသံ

Vol. 36 Ch. 452

မီဒီယာ ပေါက်ကွဲသံ

Vol. 36 Ch. 452

ကားတန်းရှည်ကြီးက ယူနီဗာဆဲလ်ရဲ့ နံပါတ် ၁ စက် ရုံ တံခါးဝကို တန်းတန်းမတ်မတ် ရောက်လာသည်။ ပီချင်းယွန်က ကားပြတင်းပေါက်ကနေ စက်ရုံထဲကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"ဒီ..စက်ရုံဧရိယာက တကယ်ကို ကြီးတာပဲ.."

စက်ရုံဂိတ်တံခါးပေါက်ကနေ သူတို့ ဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ ဧည့်ခန်းနဲ့ခမ်းနားထည်ဝါတဲ့ ရုံးခန်း အဆောက်အဦးကို တွေ့လိုက်ရသည်။ကား အနည်း ငယ်က ရုံးခန်းအဆောက်အဦးရဲ့ ဝင်ပေါက်ဆီ တိုက် ရိုက်မောင်းသွားပြီး ကုန်တင်ကား တစ်ဒါဇင်လောက် ကတော့ လမ်းကျယ်အတိုင်း စက်ရုံထဲမှာရှိတဲ့ သယ် ယူပို့ဆောင်ရေးဧရိယာဆီသို့ မောင်းလာကြသည်။

သယ်ယူပို့ဆောင်ရေးဧရိယာက အလွန်ကြီးမားပြီး ဘောလုံးကွင်းတစ်ကွင်းစာထက်တောင် အနည်းငယ် ပိုကျယ်၏။ထိုနေရာတွင် ကုန်တင်ကားတစ် ဒါဇင် လောက် ရပ်ထားဖို့က ပြဿနာမရှိပေ။ကျယ်ပြန့်တဲ့ ကွင်းကြီးအပြင် ဂိုဒေါင်ကြီးတစ်လုံးလည်း ရှိနေသေ းသည်။

ပီချင်းယွန်နဲ့ တခြားလူတွေ ကားထဲမှ ထွက်လာတော့ တစ်ယောက်ယောက်က အားရပါးရ ကြိုဆိုနူတ်ဆ က်လိုက်၏။

“ဥက္ကဋ္ဌပီ.. ကျွန်တော်တို့ သူဋေးက စက်ရုံ အမှတ် တစ်ရဲ့ ထုတ်လုပ်ရေး နေရာမှာ ရှိနေပါတယ်.. ကျွန် တော် ခင်ဗျားတို့ကို အဲဒီကို ခေါ်သွားပါမယ်ခဗျ...”

ပီချင်းယွန်တို့အဖွဲ့က နံပါတ် ၁ စက်ရုံ အဆောက်အုံ ထဲ ဝင်လာစဥ်စတုရန်းမီတာ ထောင်နဲ့ချီတဲ့ စက်ရုံထဲ တွင် အလုပ်သမားများ အလုပ်လုပ်နေကြသည်။ထု တ်လုပ်ရေးလိုင်းများစွာမှာ စတင် လည်ပတ်နေပြီး ဘက်ထရီတွေကို အပိုင်းလိုက် ထုတ်လုပ်နေကြ၏။

ပီချင်းယွန်က လျူယောင်နဲ့ ပျော်ရွှင်စွာ လက်ဆွဲ နှု တ်ဆက်လိုက်ပြီး သူ့မျက်လုံးတွေက ထုတ်လုပ်ရေး လိုင်းတွေပေါ်မှာသာ ရပ်တန့်နေ၏။

“မစ္စတာလျူ..ဒီထုတ်လုပ်ရေး မြင်ကွင်းက တကယ် ကို ခမ်းနားတယ်.. ကြည့်ရတာ ကျေနပ်စရာ ကောင်း တယ်ဗျာ.. ဒီလိုဘက်ထရီတွေ အများကြီး ထုတ်လုပ် နေတာကို မြင်ရတော့ ကျွန်တော့် စိတ်က လုံးဝ မတ ည်ညိမ်နိုင်တော့ဘူး..”

လျူယောင်လည်း ပျော်ရွှင်စွာ ပြုံးကာ ရှင်းပြလိုက် ၏။

“ကျွန်တော်တို့စက်ရုံမှာ မိုဘိုင်းဖုန်း ဘက်ထရီ ထုတ် လုပ်ရေးလိုင်း ၆ ခုနဲ့ ကားဘက်ထရီထုတ်လုပ်ရေး လိုင်း ၃ ခု ရှိပါတယ်..အားလုံးကို ဒီနေ့ တရားဝင် စတင်လိုက်ပါပြီ..”

စကားပြောပြီးနောက် လျူယောင်ကိုယ်တိုင် မိုဘိုင်း ဖုန်းဘက်ထရီတစ်လုံးကို ကောက်ယူကာ ပေးလိုက် ၏။

“ကြည့်ပါအုံး.. ဒါက ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းဘ က်ထရီပါပဲ...”

မိုဘိုင်းဖုန်းဘက်ထရီလေးကို လက်ခံရရှိပြီးနောက် ပီချင်းယွန် အကြိမ်ကြိမ် ကြည့်ပြီး ကျေနပ်စွာ ပြော လိုက်သည်။

“မစ္စတာလျူတို့ ဒီနေ့ ဘက်ထရီအများအပြား ထုတ် လုပ်မှု စတင်မယ်လို့ ကျွန်တော် ကြားတယ်.. ကျွန် တော် ကုန်တင်ကားတစ်ဒါဇင်ကျော် ပါလာပါတယ်.. ဒီနေ့ ပထမဆုံးအသုတ် ဘက်ထရီတွေကို တင်ဖို့ပါပဲ ”

လျူယောင် ပြုံးကာ ပြောလိုက်၏။

“ပြဿနာမရှိပါဘူး.. ဥက္ကဌပီတို့ ချက်ချင်း စတင်လို့ ရပါတယ်..”

နှစ်ယောက်သား ရှေ့ကနေ လျှောက်သွားကြကာ နောက်က လူတွေကတော့ ထုတ်လုပ်ရေးနေရာကို ကြည့်ပြီးတော့ ဂိုဒေါင်ကို သွားလိုက်ကြသည်။

အဲဒီနေရာတွင် အလုပ်သမားတွေက အခုမှ ထုတ်လု ပ်ထားတဲ့ မိုဘိုင်းဖုန်းဘက်ထရီတွေကို သေတ္တာတွေ ထဲ တစ်ခုချင်းစီ ထည့်နေကြ၏။

ဒီနေ့မှာတော့ ကျင်းဖန်းခရိုင်တစ်ခရိုင်လုံးက အလွန် စည်ကားနေပေသည်။နှစ်သစ်ကူးပွဲတော်ထက်တောင် ပိုပြီး စည်ကားပြီး ကြီးကျယ်ခမ်းနားနေ၏။

ဒါက ပထမဆုံး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ကို ကျင်းဖန်းခရိုင်မှာ တရားဝင် ထုတ်လုပ်ခဲ့ခြင်းပင် ။

ညနေပိုင်းမှာတော့ ကျင်းဖန်းခရိုင်တွင် ကြီးမားတဲ့ မီးရှူးမီးပန်းပွဲတော်ကို ကျင်းပခဲ့ပြီး လှပတဲ့ မီးရှူးမီး ပန်းတွေက ကောင်းကင်တစ်ဝက်ကို အနီရောင်တော က်ပနေပေသည်။

"ပထမဆုံး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို တရားဝင် ထုတ်လုပ်လိုက်ပြီ..”

ဒီအကြောင်းအရာက လျင်မြန်စွာ ပျံ့နှံ့သွားပြီးနော က်မီဒီယာများစွာက သတင်းတင်ဆက်လိုက်ကြ၏။

“အံ့ဖွယ်ဖြစ်ရပ်တစ်ခု မွေးဖွားလာပြီ.. ပထမဆုံး ဂ ရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို ယူနီဗာဆဲလ် က တရားဝင် ထုတ်လုပ်လိုက်ပါပြီ..”

“စက်မှုလုပ်ငန်းတစ်ခုလုံးက ဆီကားတွေ.. ခင်ဗျား တို့ကို တာ့တာ့လို့ နှုတ်ဆက်လိုက်ပါပြီ..”

“ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ အသုံးပြုတဲ့ မို ဘိုင်းဖုန်းတွေကရော ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြရအောင်ဗျာ.."

“စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်..ပထမဆုံး ဂရက် ဖင်း-အလူမီနီယမ် ဘက်ထရီ မွေးဖွားခြင်းကို လူ တိုင်း အမှတ်ရကြပါဗျာ..”

သတင်းများစွာက အလျင်အမြန် ဖုံးလွှမ်းသွားကာ မီဒီယာတစ်ခုလုံးကို လုံးဝ ပေါက်ကွဲစေခဲ့၏။အင် တာနက်၊ တီဗီ၊ ဒါမှမဟုတ် WeChat Moments မှာဖြစ်စေ သတင်း အားလုံးနီးပါးက ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီနဲ့ ဆက်စပ်နေပေသည်။

လျူယောင် နေ့တွင်းချင်းပဲ ဟွာဟိုင်းမြို့သို့ ပြန်လ ာခဲ့၏။

ညနေပိုင်းတွင် ဆိုဖာပေါ်မှာ သူ ထိုင်ပြီး CCTV သ တင်းကြည့်နေစဉ် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထ ရီနဲ့ပတ်သက်တဲ့ သတင်းကို မြင်တော့ သူ ဝမ်းသာ အားရ ဖြစ်လာသည်။ဒီဘက်ထရီကို တရားဝင် မီဒီ ယာကတောင် သတင်းတင်ဆက်နေပေသည်။

“အရမ်းကြမ်းတယ်ဗျာ ယူနီဗာဆဲလ်လုပ်ငန်းစုက ကောင်းကင်ကိုတောင် ပေါက်ကွဲအောင် လုပ်နေပြီ..”

“ဒါက အိပ်မက်တစ်ခုလို့ ကျွန်တော် ထင်ခဲ့တာဗျာ.. ဒါပေမဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက တ ကယ် မွေးဖွားလာပါပြီ..”

“အရမ်းဆိုးတာပဲ..ငါ မန်းဂိုးဖုန်းကို အခုမှ ဝယ်ထား တာ​လေ..ရွှေနဂါးဖုန်းကို ပြောင်းကိုင်ရတော့မလားပဲ ကွာ...”

...

သတင်းတွေက အရမ်းများပြားနေပြီး လူများစွာက ဒီအကြောင်းကို ဆွေးနွေးနေကြ၏။လူတိုင်းက ဂရ က်ဖင်း-အလူမီနီယမ်ဘက်ထရီ အသုံးပြုပြီး ချင်းယွ န်နိုင်ငံတကာမှ ထုတ်လုပ်တဲ့ ရွှေနဂါးမိုဘိုင်းဖုန်းက ဘယ်လို ဖြစ်လာမလဲဆိုတာကို စောင့်ကြည့် နေကြ သည်။

သုံးရက်အကြာမှာတော့..

ချင်းယွန်နိုင်ငံတကာမှ ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီ အသုံးပြုတဲ့ ရွှေနဂါးမိုဖုန်းအား အွန်လိုင်းနဲ့ အရောင်းဆိုင်တွေမှာ တစ်ပြိုင်တည်း ရောင်းချမယ် လို့ တရားဝင် ကြေညာလိုက်၏။

အွန်လိုင်းမှ ရောင်းချမှုတွေက မြင့်တက်လာပြီး တော့ တိုင်းပြည်အနှံ့မှ ဆိုင်တိုင်းလိုလိုတွင် လူတန်း ရှည်ကြီးတွေ ရှိနေပေသည်။သေချာတာကတော့ ရွှေနဂါးမိုဘိုင်းဖုန်း အသစ်ကို ဝယ်ယူတဲ့လူတွေက ပျော်ရွှင်နေကြ၏။

“တကယ်ပါပဲ.. ငါ လိမ်မပြောပါဘူး.. ဒီ ရွှေနဂါးဖုန် းရဲ့ ဘက်ထရီသက်တမ်းက အရမ်းခံနိုင်ရည်အား ကောင်းတယ်ဗျာ..”

“ဟုတ်တယ်.. ကျွန်တော် လုံးဝ သဘောတူပါတယ်.. ကျွန်တော် မနေ့မနက်က ဝယ်ခဲ့တဲ့ ဖုန်းအသစ်က ကြက်ဂိမ်းတွေ ကစားတာ ဒါမှမဟုတ် ဗီဒီယိုတွေ ကြည့်တာတောင် ဘက်ထရီက ၁၀% ပဲ လျော့တယ် .. ဒီအတိုင်းသာဆို..အားအပြည့်သွင်းထားရင် အန ည်းဆုံး ဆယ်ရက်လောက် သုံးလို့ရတယ်..”

“အရမ်းကောင်းတာပဲ.. ငါ ကြိုက်တယ်..”

...

ရွှေနဂါးဖုန်းအသစ်ကို ဝယ်ယူတဲ့လူတွေက ဒီဖုန်းရဲ့ အားကောင်းလှတဲ့ ဘက်ထရီသက်တမ်းကို ခံစားရ ပြီးတော့ သူတို့က အရမ်းပျော်ရွှင်ကာ ချက်ခြင်းပဲ ချီးကျူးနေကြ၏။

OOP ဖုန်းရဲ့ ဥက္ကဋ္ဌကွမ်ဒီမင်က လူအုပ်နဲ့အတူ ယူနီ ဗာဆဲလ် တာဝါထဲမှ ထွက်လာပြီး သူတို့အားလုံးက ပျော်ရွှင်နေကြသည်။

“မစ္စတာလျူက အရမ်းပွင့်လင်းတယ်.. ငါတို့ရဲ့ မိုဘို င်းဖုန်းဘက်ထရီ သန်း ၅၀ မှာယူမှုကို သူ ..လက်ခံ လိုက်တယ်.. ဒီကိုမလာခင် မှာယူတာကို လက်ခံမ ယ်လို့ ငါ တကယ်မမျှော်လင့်ထားဘူး..”

“ဟားဟား..ငါတို့လည်း ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီတွေ ရတော့မယ်..ပြီးတော့ အံ့အားသင့်စ ရာ ကောင်းလောက်အောင် အလုံးရေ သန်း ၅၀ တောင် မှာထားတာ....တစ်ခုတည်းသော အားနည်းချက်က တော့ ငါတို့ရဲ့ အမြန်နှုန်းက နည်းနည်း နှေးနေတုန်း ပဲ..ပစ္စည်းတွေ ရဖို့ သုံးလကြာလိမ့်မယ်..”

“ချင်းယွန်နိုင်ငံတကာကို ငါ တကယ်ပဲ မနာလို ဖြစ် မိ တယ်.. သူတို့က စောစောထ လုပ်ခဲ့တယ်.. စောစော ထတဲ့ငှက်က ပိုးကောင်ရတယ်ဆိုတဲ့ ဆိုရိုးစကားအ တိုင်းပဲ..”

လက်အောက်ငယ်သားတွေ ပျော်ရွှင်စွာ ပြောနေတာ ကို ကြားတော့ ဥက္ကဋ္ဌကွမ်ဒီမင်က အသံကျယ်ကျယ် အော်ပြော်လိုက်သည်။

“ကောင်းပြီ.. ဒါတွေကို မဆွေးနွေးကြ နဲ့တော့..နော က်တစ်ခုကတော့ လူတိုင်းက ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီတွေကို ငါတို့ရဲ့ မိုဘိုင်းဖုန်းတွေမှာ ဘ ယ်လိုအသုံးပြုမလဲ..ပြီးတော့ ဈေးကွက်ကို ဘယ်လို သိမ်းပိုက်မလဲဆိုတာပဲ စဉ်းစားရမယ်..”

OOP မိုဘိုင်းဖုန်းရဲ့ အတိုင်းအတာက ရွှေနဂါးဖုန်း ထက် မနိမ့်ပ။ပြီးတော့ ပြည်တွင်းမှာ နာမည်ကြီးတဲ့ မိုဘိုင်းဖုန်းအမှတ်တံဆိပ်တစ်ခုလည်း ဖြစ်နေ၏။

တစ်ပြိုင်တည်း ဘက်ထရီ သန်း ၅၀ မှာယူပြီးနောက် ဥက္ကဋ္ဌကွန်းဒီမင်က စိတ်ဓာတ်တက်ကြွနေပြီး အလုပ် ကြီးတစ်ခု လုပ်ဖို့ သူက အဆင်သင့်ဖြစ်နေသည်။

ဒါ့အပြင် သူ့ကို အရမ်းစိတ်လှုပ်ရှားစေတဲ့ နောက်ထ ပ်သတင်းတစ်ခု ရှိနေသေး၏။ခုနက ဆွေးနွေးပွဲတွင် မစ္စတာလျူက ဒီဘက်ထရီတွေကို ပြည်တွင်းဈေး ကွက်ကိုပဲ လောလောဆယ် ဖြည့်ဆည်းပေးပြီး ပြ ည်ပမှ မိုဘိုင်းဖုန်းထုတ်လုပ်သူတွေကို ထောက်ပံ့ဖို့ မစဉ်းစားသေးဘူးလို့ ဖွင့်ပြောခဲ့သည်။

လျူယောင်ရဲ့ ဒီဆုံးဖြတ်ချက်က ကွမ်ဒီမင်ကို အ ရမ်း စိတ်လှုပ်ရှားစေမိသည်။

ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ မရှိဘူးဆိုရ င် ဒီနိုင်ငံခြားထုတ်လုပ်သူတွေက ပြည်တွင်းမိုဘိုင်းဖု န်းဈေးကွက်ကနေ မကြာခင် ပျောက်ကွယ်သွားပေ လိမ့်မည်။

ဥက္ကဌကွမ်ဒီမင်တို့အဖွဲ့ ယူနီဗာဆဲလ်တာဝါထဲမှ ထွ က်လာပြီး ကားထဲ ဝင်တော့မလို့ လုပ်နေစဥ် ရုတ်တ ရက် သူတို့အားလုံး ရပ်တန့်လိုက်သည်။

ကားတန်းတစ်တန်းက မောင်းဝင်လာပြီး သူတို့နဲ့ မ လှမ်းမကမ်းမှာ ရပ်လိုက်ပြီးနောက် လူအုပ်ကြီး တစ် အုပ်ဟာ ကားထဲကနေ ထွက်လာ၏။

ကွမ်ဒီမင်က ဒီလူတွေအားလုံးနီးပါးကို သိပေသည်။ ဒီလူတွေက မန်းဂိုးဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီမှ အလ ယ်အလတ်နဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဖြစ်ပြီး အားလုံး နီးပါးက နိုင်ငံခြားသားတွေ ဖြစ်၏။

ဒီလူတွေကို မြင်တော့ ကွမ်ဒီမင်ရဲ့ လက်အောက်ငယ် သားအချို့ က အနည်းငယ် တုန်လှုပ်သွားကာ ဒီယန် နိုင်ငံကို မန်းဂိုးဖုန်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ထရိုလော့နက် ကိုယ်တိုင် လာလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မ မျှော်လင့်ထားခဲ့ပေ။

ဒီလူက မန်းဂိုးဖုန်းရဲ့ ဥက္ကဋ္ဌပဲ ဖြစ်၏။အထွေထွေမ န်နေဂျာတောင် မဟုတ်ပေ။

ဒီ မန်းဂိုးဖုန်းက ကမ္ဘာပေါ်တွင် အရမ်း နာမည် ကြီး ၏။သူတို့ရဲ့ ရောင်းအားနဲ့ ဝင်ငွေက ကမ္ဘာပေါ်မှာဆို ထိပ်ဆုံး သုံးနေရာထဲမှာ ပါဝင်ပေသည်။

"ဘုရားရေ.. သူတို့..ဒီကို တကယ် လာတယ်.. သံသ ယရှိစရာ မလိုဘူး..ဒီလူတွေက.. ဂရက်ဖင်း -အလူမီ နီယမ် ဘက်ထရီအတွက် လာတာ သေချာတယ်.."

All Chapters