နောက်ဆုံးတော့ ဒီအခြေအနေပါပဲ
Vol. 36 Ch. 453
တရိုလော့နက်က ကွမ်ဒီမင်နဲ့သူအဖွဲ့ကို မြင်လိုက်ရာ ခဏတာ အံ့အားသင့်သွားပြီး လမ်းလျှောက် နေတာ ကို သူ ရပ်လိုက်၏။
ကွမ်ဒီမင်နှင့် တခြားလူ တွေရဲ့ ပျော်ရွှင်နေပုံကို သူ အနည်းငယ် သတိပြုမိပြီး စိတ်ထဲကနေ ခန့်မှန်းမိလို က်သည်။
"အင်း ဒီလူတွေလဲ.. ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီတွေ မှာယူခဲ့ကြပြီထင်တယ်.."
ဒီတစ်ကြိမ်တော့ တရိုလော့နက်ရဲ့ ရင်ထဲတွင် စိတ်မ ကောင်းဖြစ်သွား၏။
သူ ဒီကိုရောက်လာပြီးနောက် သူ့ရဲ့လက်အောက် ငယ်သားတွေကို ယူနီဗာဆဲလ်လုပ်ငန်းစုဆီ အကြိမ် များစွာ ဆက်သွယ်ခိုင်းခဲ့သည်။သူတို့ရဲ့ ရည်ရွယ် ချက်က ရှင်းလင်းလှ၏။ဖုန်းအတွက် ဂရက်ဖင်း-အ လူမီနီယမ် ဘက်ထရီတွေ မှာယူဖို့ဖြစ်ပေမဲ့ ငြင်းပ ယ်ခံလိုက်ရသည်။။
ယူနီဗာဆဲလ်လုပ်ငန်းစုရဲ့ ရည်ရွယ်ချက်ကလည်း ရှင်းလင်းလှ၏။လက်ရှိမှာ သူတို့က စက်ရုံတစ်ရုံပဲ လည်ပတ်နေပြီး ဒုတိယစက်ရုံက ဆောက်လုပ်နေဆဲ ဖြစ်တာကြောင့် ထုတ်လုပ်နိုင်စွမ်းက ကန့်သတ်ထား ပေသည်။
နိုင်ငံခြား ဖုန်း ထုတ်လုပ်သူတွေရဲ့ လိုအပ်ချက်တွေ ကို လောလောဆယ် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ် ဘူးလို့ ယူနီဗာဆဲလ်ဘက်က ပြောပြခဲ့သည်။
တရိုလော့နက် ဒီအတိုင်း ထိုင်မနေနိုင်တော့ပေ။သူ က ဒီလို ဘက်ထရီမျိုးကို ရဖို့အတွက် အဖွဲ့ကို ကိုယ် တိုင်ဦးဆောင်ပြီး အလုံးရေ ၁၀ သန်း ဒါမှမဟုတ် ၂၀ သန်းလောက်မှာယူရင်တောင်မှပေါ့။
“ဥက္ကဋ္ဌ..အဲဒါ OOP ဖုန်းကုမ္ပဏီက ကွမ်ဒီမင်တို့အဖွဲ့ ပဲ..”
တရိုလော့နက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သ ည်။
လက်အောက်ငယ်သားတစ်ယောက်က သတိပေးက ာ ပြောလိုက်၏။
“သူတို့ အရမ်းပျော်နေပုံပဲ ယူနီဗာဆဲလ်ကနေ ဂရက် ဖင်း ဘက်ထရီတွေကို အောင်မြင်စွာ မှာယူနိုင်လော က်မယ်..”
ပြိုင်ဘက်တွေက ဂရက်ဖင်းဘက်ထရီတွေကို မှာယူ နိုင်ခဲ့တာက သူတို့အတွက် ကောင်းတဲ့အရာ မဟုတ် တာ သေချာပေသည်။
တရိုလော့နက်က လေးနက်တဲ့မျက်နှာနဲ့ ခေါင်းအန ည်းငယ်ညိတ်ပြီး လက်ဝှေ့ယမ်းလိုက်ကာ အမိန့်ပေး လိုက်၏။
“လာ ယူနီဗာဆဲလ်တာဝါထဲ..ဝင်ပြီး သူတို့ဆီ သွား ကြရအောင်...”
သူတို့အဖွဲ့က ဓာတ်လှေကားနဲ့ ယူနီဗာဆဲလ်တာဝါ အပေါ်ဆုံးထပ်ကို တက်လာ ကြကာ သူတို့ လာတဲ့ ရည်ရွယ်ချက်ကို ပြောပြီးနောက် ဧည့်ခံခန်းတစ်ခုမှာ ယာယီ နေရာရခဲ့သည်။
ရုံးခန်းထဲမှာတော့...
လျူယောင်က တတိယ အမြင်ကနေ ဘလူးဝေးလ် ရဲ့ အခြေအနေကို ကြည့်နေ၏။ လေးရက်ခွဲလောက် ကူးခတ်ပြီးနောက် လိပ်ကြီးက အဲဒီ ပင်လယ်ရေ ဧရိ ယာကို ရောက်လာခဲ့သည်။
အရင်က ရေတိမ်ပိုင်းပင်လယ်ဆိုရင် ဘလူးဝေးလ် မှာ အဲဒီနေရာကို ရောက်ဖို့ ရှစ်ရက်နီးပါး မောင်းရလိ မ့်မည်။ဒါပေမဲ့ အခုက လေးရက်ခွဲပဲ ကြာတာကြော င့် အချိန် သုံးရက်ကျော် သက်သာသွားရသည်။
မနေ့ညနေက ဘလူးဝေးလ်က ဒီနေရာကို ရောက် လာပြီး ပင်လယ်အောက်ခြေမှ အနက်ရောင် သတ္တု အချောင်း ၂၀၀ ကို တွေ့ရှိခဲ့ပြီး ဒီမနက်စောစောက စတင်လုပ်ဆောင်ကာ သတ္တုချောင်း ၁၀၀ ကျော်ကို ဆယ်ယူပြီးခဲ့သည်။
ဘလူးဝေးလ်က အလေးချိန် တန် သောင်းချီတဲ့ အ ကြီးစား ဆယ်ယူရေးသင်္ဘောဖြစ်တာကြောင့် သတ္တု ချောင်း ၂၀၀ ကို ကုန်းပတ်ပေါ်မှာ တိုက်ရိုက်တင်ထ ားနိုင်၏။
အခု သူက နောက်ထပ် အနက်ရောင် သတ္တုချောင်း တွေကို ဆယ်ယူနေသည်။ပင်လယ်အောက်ခြေမှ သ တ္တုချောင်းတွေကို ကြည့်ပြီး အများကြီး မကျန်တော့ ဘူးဆိုတာကို လျူယောင် သိလိုက်ရသည်။အများ ဆုံး တစ်နာရီ သို့ နှစ်နာရီအတွင်း ဘလူးဝေးလ်က အားလုံးကိုဆယ်ယူ နိုင်ပေလိမ့်မည်။
“ဒေါက်..ဒေါက်..ဒေါက်.."
တံခါးခေါက်သံ ကြားရပြီးနောက် ကျိုးယန်က တံခါး ကို တွန်းဖွင့်ပြီး ဝင်လာကာ အစီရင်ခံလိုက်၏။
“သူဋေး. မန်းဂိုးဖုန်းရဲ့ ဥက္ကဋ္ဌ တရိုလော့နက်နဲ့အတူ လူတစ်ဒါဇင်လောက် ရောက်နေပါတယ်.. သူတို့က ကျွန်တော်တို့ရဲ့..ဘက်ထရီတွေကို မှာယူချင်နေပါ တယ်ခဗျ..”
လျူယောင် ပြုံးလိုက်ကာသူ့စိတ်ထဲမှ တွေးလိုက်မိ သည်။
"အင်း မန်းဂိုးဖုန်းတွေသာမက..နိုင်ငံခြားက အဓိက ဖုန်း ထုတ်လုပ်သူတွေလည်း ထိုင် မနေနိုင်တော့ဘူးနဲ့ တူတယ်.."
ဒီမတိုင်ခင် အဲ့ဒီလူတွေက စောင့်ကြည့်တဲ့ သဘော ထားကိုသာ ထားခဲ့ပြီး ပထမဆုံး ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီကို ထုတ်လုပ်လိုက်တော့ သူတို့ မနေနိုင်တော့ဘူးပေ။ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြတာပဲ ဖြစ်လိမ့်မည်။
“ငါ စဉ်းစားဉီးမယ်..”
လျူယောင် ခဏ စဉ်းစားလိုက်ကာ ဒီလူတွေကို ပြ တ်သားစွာ ငြင်းပယ်လိုက်ပြီး မကြာခင်မှာပဲ လျူ ယောင်မှာ အစီအစဉ်တစ်ခု ရှိလာ၏။
“မစ္စတာကျိုး..သွားပြီး သူတို့ကို လက်ခံလိုက်.. တရို လော့နက်ကို ငါတို့မှာ ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီတွေ လောလောဆယ် မရှိသေးဘူးလို့ ပြောလို က်ပါ.. အနည်းဆုံး တစ်နှစ်ခွဲလောက် စောင့်ရလိမ့်မ ယ်ဆိုပြီး."
“ဟုတ်ကဲ့ပါ သူဋေး”
“ဒါ့အပြင်..နောက် တစ်နှစ်ခွဲကြာမှ ငါတို့ရဲ့ ဂရက် ဖင်း-အလူမီနီယမ် ဘက်ထရီတွေကို နိုင်ငံခြား ဖုန်း ထုတ်လုပ်သူတွေကို ထောက်ပံ့မယ်လို့ ပြောလိုက်ပါ .. ဒါပေမဲ့ ဈေးနှုန်းက ယန်နိုင်ငံက ဈေးနှုန်းထက် ၅၀% ပိုမြင့်လိမ့်မယ်...”
တစ်နည်းအားဖြင့် မိုဘိုင်းဖုန်းအတွက် ဂရက်ဖင်း- အလူမီနီယမ် ဘက်ထရီတစ်လုံးကို ပြည်တွင်းမှာ ယွမ် ၂၀၀ နဲ့ ရောင်းရင် နိုင်ငံခြား မိုဘိုင်းဖုန်း ထုတ် လုပ်သူတွေဆိုရင် ဈေးနှုန်းက ယွမ် ၃၀၀ ဖြစ်ပေလိ မ့်မည်။
ကျိုးယန် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့..ကျွန်တော် နားလည်ပါပြီ..သူဋေး..”
ကျိုးယန်က အခု ဘာလုပ်ရမယ်ဆိုတာ သိသွား၏ ။ဒီလူတွေ ငါတို့ဆီက ဘက်ထရီတွေ လိုချင်ရင်၊တ စ်နှစ်ခွဲ စောင့်ရမည်။ဒါ့အပြင် ဈေးကလည်း ၅၀% ပို များပေလိမ့်မည်။
ကျိုးယန် သူ့စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်၏။
"ဈေးနှုန်းသတ်မှတ်ပိုင်ခွင့်က ငါတို့လက်ထဲမှာ ရှိ တယ်.. ဒီလိုစီးပွားရေးလုပ်ရတာ တကယ်ကို အေး ဆေးပဲကွာ.."
ကျိုးယန် ထွက်သွားတာကို ကြည့်ပြီးနောက် ဘလူး ဝေးလ်ရဲ့ အခြေအနေကို လျူယောင် ထပ်ပြီး အာရုံ စိုက်လိုက်ကာ တစ်နာရီကျော်ကြာအောင် သူ ကြည့် နေမိသည်။
ဒီအနက်ရောင် သတ္တုချောင်း ၂၀၀ ဆိုရင် စုစုပေါင်း အနက်ရောင် သတ္တု တန် ၄,၀၀၀ ကို ပြန်သယ်လာ ပြီးနောက် နောက်ထပ် ပြိုင်ဆိုင်မှုတစ်ခု ရှိလာလိမ့် မယ်လို့ လျူယောင် ခန့်မှန်းမိသည်။နိုင်ငံခြားမှ ဖြစ် စေ ပြည်တွင်းမှ ဖြစ်စေ သတ္တုစပ်ဓား ထုတ်လုပ်သူ တွေက ဒီသတင်းကြောင့် စိတ်လှုပ်ရှားပေလိမ့်မည်။
"အင်း ဒါက တန် ၄,၀၀၀ ပဲ ရှိသေးတယ် ဈေးကွက် တစ်ခုလုံးရဲ့ လိုအပ်ချက်အရဆိုရင် ဝံပုလွေတွေ လိုမျိုးပဲ အရိုးပိုများပြီး အသားနည်းနေတယ်.."
သေချာတာကတော့ လျူယောင်က သတ္တုတွေကို ပို ပြီး ပြန်သယ်လာနိုင်၏။ ဒါပေမဲ့ သူ ဒီလိုလုပ်ဖို့ မပြ င်ဆင်ထားပေ။
အဲဒီ ကြီးမားတဲ့ အာကာသယာဥ်ရဲ့ ကုန်တင်ခန်းထဲ တွင် အနက်ရောင် သတ္တုမှာ အများကြီး မကျန်တော့ ပေ။သယ်ယူလိုက်တဲ့နောက် နည်းနည်းပဲ ကျန်တော့ ၏။ အာကာသယာဉ် အပျက်အစီးထဲတွင် ဒီလို ဒုတိ ယ ကုန်တင်ခန်းကြီး ရှိမရှိ ဆိုတာကို လျူယောင်လ ည်း သေချာ ရှင်းရှင်းလင်းလင်း မသိတာကြောင့်ပ င်။
ဒီအနက်ရောင် သတ္တုက တဖြည်းဖြည်း နည်းလာပေ လိမ့်မည်။ဒါကြောင့် ဖြည်းဖြည်းချင်း သယ်ဖိုလိုအပ် သလို တစ်ခါတည်းနဲ့ ပမာဏကို အများကြီးကို တစ် ပြိုင်နက်တည်း ပြန်သယ်လာလို့ မရပေ။
ဘလူးဝေးလ်က အားလုံးကို ဆယ်ယူပြီးစီးကာ ဟွာ ဟိုင်းမြို့သို့ အပြန်ခရီးစတင်တာ မြင်တော့ တတိယ အမြင်အား လျူယောင် ပိတ်လိုက်၏။
ကော်ဖီတစ်ခွက်သောက်ပြီးနောက် ကျိုးယန်က ထပ် ဝင်လာကာ သူက တရိုလော့နက်တို့အဖွဲ့နဲ့ စကားပြေ ာပြီးပုံရသည်။
ကျိုးယန်က ရိုသေစွာ အစီရင်ခံလိုက်၏။
"သူဋေး.. တရိုလော့နက်နဲ့ သူ့အဖွဲ့က ပြန်မသွားသေး ဘူး.. သူတို့က ကျွန်တော်တို့နဲ့ အခု စာချုပ်ချုပ်ဖို့ ထ ပ်ခါတလဲလဲ တောင်းဆိုနေတယ်. .သူတို့က တစ်နှစ် ခွဲအကြာမှ ပစ္စည်းတွေကို လာယူလို့ရတယ်တဲ့"
“ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက မလုံလောက် ဘူးလို့ ပြောလိုက်တယ်..တစ်နှစ်ခွဲကြာပြီးရင်တောင် သူတို့ကို မထောက်ပံ့နိုင်တော့ဘူးလို့ ပြောလိုက်ပါတ ယ်..တရိုလော့နက်က ဘက်ထရီ ထုတ်လုပ်ရေးစက် ရုံ ဆောက်လုပ်ရာမှာ ကျွန်တော်တို့ကို ကူညီမယ်လို့ အကြံပေးပါတယ် ..စက်ရုံပြီးတာနဲ့ ထုတ်လုပ်ထား တဲ့ ဘက်ထရီတွေကို သူတို့ကို ရောင်းလို့ရတယ်တဲ့.”
ဒီစကားကို ကြားတော့ လျူယောင် အားရပါးရ ရယ် လိုက်မိသည်။
"ဟားဟားဟား..ဒီ တရိုလော့နက်က အတော်လေး ထက်မြက်တာပဲ သူက ဒီလို လှည့်ကွက်ကိုတောင် သူက တွေးမိသေးတယ်..."
“သူဋေး..သူတို့က စက်ရုံဆောက်လုပ်ရေးမှာ ရင်းနှီး မြှုပ်နှံပြီး စက်ရုံရဲ့ ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုက ကျွန် တော်တို့ဆီမှာ ရှိပါတယ်.. ဒါက ကျွန်တော်တို့ကို စ က်ရုံတစ်လုံး အလကား ပေးလိုက်တာနဲ့ အတူတူပဲ.. ကျွန်တော်ကတော့..သူတို့နဲ့ စကားပြောရမယ်လို့ ထင်ပါတယ်..”
လျူယောင် ခဏစဉ်းစားပြီးနောက် ညွှန်ကြားလိုက် သည်။
“ဒါဆို မင်း ပြန်သွားပြီး သူတို့နဲ့ စကားပြောကြည့်ပါ ..ဒီစက်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန် ဒေါ်လာ ၅ ဘီလီယံထက် မနည်းရဘူး..ပြီးစီးသွား ရ င် မန်းဂိုးဖုန်းကုမ္ပဏီနဲ့ ဘာမှ မဆိုင်တော့ဘူးဆိုတာ ရယ်.. ငါတို့မှာ ၁၀၀% စီမံခန့်ခွဲခွင့်နဲ့ ပိုင်ဆိုင်ခွင့် ရှိတ ယ်ဆိုတဲ့အကြောင်းနဲ့.. ဒါ့အပြင် စက်ရုံကနေ ထုတ် လုပ်တဲ့ ဂရက်ဖင်းဘက်ထရီတွေရဲ့ သုံးပုံတစ်ပုံကိုပဲ သူတို့ ရရှိနိုင်မယ်ဆိုတာကို ..မင်းသေချာပြောပြလို က်ပါ.."
ပြီးနောက် လျူယောင် ထပ်ပြောလိုက်၏။
“ဈေးနှုန်းကတော့ ပြည်ပတင်ပို့တဲ့ ဈေးနှုန်းအတိုင်း ပဲ.. ပြည်တွင်းဈေးနှုန်းထက် ၅၀% ပိုများမယ်..”
ကျိုးယန်က လက်မထောင်ပြဖို့ နီးပါးပင်။
"သူဋေးက အရမ်းမိုက်တာပဲ မန်းဂိုးဖုန်းကုမ္ပဏီကို သုံးပုံတစ်ပုံပဲ ဝယ်ခွင့်ပြုတယ်.."
ဥပမာအားဖြင့် ဒီစက်ရုံ ပြီးသွားပြီးနောက် တစ်လတွ င် ဂရက်ဖင်းဘက်ထရီ သန်း ၃၀ ထုတ်လုပ်ရင်၊မန်းဂို း မိုဘိုင်းဖုန်းတွေက ၁၀ သန်း ပဲ ဝယ်ယူနိုင်ပြီး ဈေး က ပြည်တွင်းဈေးထက် ၅၀% ပိုများပေသည်။
နောက်ဆုံးတော့ အခြေအနေက ဒီအခြေအနေပင်။
နိုင်ငံခြားသားတွေ ဘက်ထရီ လိုချင်ရင်တော့ အ သေးစိတ်အချက်အလက်အချို့ကို ကောင်းကောင်း စကားပြောနိုင်ပြီး မလိုချင်ရင်လည်း လျူယောင် ဘယ်တော့မှ အတင်းအကြပ် မလုပ်ပေ။
ဒီလို ညွှန်ကြားချက်ကို ရရှိပြီးနောက် ကျိုးယန်က ပျော်ရွှင်စွာ ထွက်သွားကာ တရိုလော့နက်နဲ့ စကား ကောင်းကောင်း ပြောပေလိမ့်မည်။
တောင်ပစိဖိတ်သမုဒ္ဒရာတွင်...
ဘလူးဝေးလ်က စုစုပေါင်း အနက်ရောင် သတ္တု၂၀၀ ကို သယ်ယူပို့ဆောင်တာပြီးစီးပြီးနောက် လိပ်ကြီး အတွက် နောက်ထပ် တာဝန်တွေ ခိုင်းဖို့ လျူယောင် မစီစဉ်တော့ပေ။ဒါကြောင့် လိပ်ကြီးတွင် အခု အချိ န် အများကြီးရှိတာကြောင့် ဒီတစ်ခါတော့ တောင်ပစိ ဖိတ်သမုဒ္ဒရာထက် ပိုဝေးအောင် သူ ခရီးထွက်လာ ပေသည်။
ရေအောက် မီတာ ဆယ်ဂဏန်းလောက် ကူးခတ်နေ ရင်း လိပ်ကြီးက လွန်ခဲ့သည့် ရက်အနည်းငယ်က တွေ့ခဲ့ရတဲ့ မီတာ ၄၀ ကနေ ၅၀ အရှည်ရှိကာ အနက် ရောင်မြွေကြီးနဲ့ နည်းနည်းဆင်တဲ့ အကောင်ကြီး အ ကြောင်းကို ပြန်တွေးနေမိသည်။
“အင်း..အရသာ တကယ်ကောင်းတယ်..ဒါပေမဲ့ ကံ မကောင်းစွာပဲ.. ဒုတိယတစ်ကောင်ကို ငါ ထပ်မတွေ့ တော့ဘူးကွာ..”
“ဟေး..ရှေ့မှာ တစ်ခုခုရှိနေပုံပဲ.. ဘုရားရေ.. ဒါကြီး က..အရမ်းကြီးတာပဲ..”
လိပ်ကြီးက ခဏ အံ့ဩသွားပြီးနောက် သတိထားက ာ လူပ်ရှားလိုက်၏။ဘာလို့လဲဆိုတော့ အဲဒီကောင် ကြီးရဲ့ အရွယ်အစားက သူ့ထက် အများကြီး ပိုကြီး နေလို့ပင်။