← Chapters

ဧရာမ ရေသားရဲကြီး

Vol. 36 Ch. 454

ဧရာမ ရေသားရဲကြီး

Vol. 36 Ch. 454

​မူလက အေးဆေးတည်ငြိမ်စွာ ကူးခတ်နေသော လိ ပ်ကြီးသည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တင်းမ ာလာကာ ရှေ့နားရှိ ထူးဆန်းသော သတ္တဝါကြီးထံ သို့ သတိကြီးစွာဖြင့် တဖြည်းဖြည်း ချဉ်းကပ်သွား ၏။သူ ပို၍နီးကပ်လာလေလေ မြင်ကွင်းက ပိုမို ရှ င်းလင်းလာလေလေပင်။

​"ငါလူး... မိုက်လိုက်တာကွာ..ဒီလောက်တောင် ကြီးရ လားဟ"

​လိပ်ကြီးသည် သူ့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသ င့်လွန်းသဖြင့် စိတ်ထဲမှ မနေနိုင်ဘဲ ဆဲဆိုမိလိုက်၏ ။သူသည် ပစိဖိတ်၊အိန္ဒိယနှင့် အတ္တလန္တိတ်သမုဒ္ဒရာ အနှံ့ ရောက်ဖူးသော်လည်း ယခုကဲ့သို့ ဧရာမသတ္တဝါ မျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

​ထိုအကောင်ကြီးသည် အရှည် မီတာ ၃၀၀ နီးပါးခန့် ရှိပြီး တန်ချိန်ထောင်ပေါင်းများစွာရှိသော သင်္ဘော ကြီးတစ်စင်းနှင့်ပင် နိုင်းယှဉ်နိုင်လောက်သည်။သူ၏ ခန္ဓာကိုယ်မှာ ဧရာမမြွေပွေးကြီးတစ်ကောင်ကဲ့သို့ ရှ ည်လျားပြီး တစ်ကိုယ်လုံးရှိ အကြေးခွံများမှာမူ မည် းနက်ပြောင်လက်ကာ သတ္တုရောင် တောက်ပနေ၏ ။

လွန်ခဲ့သည့်ရက်ပိုင်းက လိပ်ကြီး စားခဲ့သော မီတာ ၄၀-၅၀ ခန့်ရှည်သည့် မြွေနက်ကြီးထက်ပင် ထိုအ ကောင်က ခုနစ်ဆခန့် ပိုကြီးနေပြီး အထူးခြားဆုံးမှာ ထိုအကောင်ကြီးတွင် သတ္တုရောင်တောက်ပနေသေ ာ ခြေသည်းလေးချောင်း ပါရှိနေခြင်းပင်။

​လိပ်ကြီးသည် ထိုအကောင်ကြီးကို အဝေးမှနေ၍ အ ကဲဖြတ်ပြီးနောက် သခင်ဖြစ်သူ လျူယောင်ထံသို့ လှမ်း၍ ဆက်သွယ်လိုက်သည်။

​"သခင်ရေ.. တောင်ပစိဖိတ်ရေပြင်မှာ စူပါဧရာမသာ းရဲတစ်ကောင်ကို ကျွန်တော် တွေ့လိုက်ပြီ.."

​လျူယောင် ချက်ချင်းဆိုသလိုပင် အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ဖွင့်ကြည့်လိုက်ရာ တောင်အမေရိကတေ ာင်ဘက်စွန်း အန္တာတိကတိုက်နှင့် မဝေးသော ရေပြ င်တွင် ရှိနေသည့် လိပ်ကြီးနှင့် ၎င်း၏ရှေ့မှ မီတာ ၃၀ ၀ နီးပါးရှိသော သတ္တဝါကြီးကို တွေ့လိုက်ရသဖြင့် သူ လန့်သွားကာ ဆဲဆိုမိသွားတော့သည်။

​"မင်းမေကလွှား.ဒါ... ဒါ ဒဏ္ဍာရီတွေထဲက နဂါးနက် လား"

လျူယောင် ချက်ချင်းဆိုသလိုပင် ထိုသို့ တွေးမိလို က်သော်လည်း ထိုအတွေးကို ပြန်ရုပ်သိမ်းလိုက်ရ၏ ။၎င်းသည် ဒဏ္ဍာရီလာနဂါး မဟုတ်သော်လည်း အ လွန်ကြီးမားသည့် အမည်မသိ ရေသားရဲကြီးဖြစ်သ ည်မှာ သေချာလှသည်။

​လိပ်ကြီး၏အရှည်မှာ မီတာ ၁၀၀ ကျော်သာရှိပြီး အ လေးချိန်မှာ တန် ၁၃၀၀ နီးပါးခန့်သာ ရှိသော်လည်း ထိုသားရဲကြီးမှာ အရှည် မီတာ ၃၀၀ နှင့်အလေးချိန် တန် ၂၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသဖြင့် လျူယောင် စိတ်ပူသွားရသည်။

​"ငါ့ကောင်ကြီး.. ဒီကောင်က မင်းထက် အရမ်းကြီး တယ်..ထိပ်တိုက်တွေ့ဖို့ မလွယ်ဘူးနော်.."

​သို့ပေမဲ့ နယ်မြေပိုင်စိုးလိုစိတ် ပြင်းထန်သော လိပ် ကြီးကမူ ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။

"ဒီ ပစိဖိတ်သမုဒ္ဒရာက ကျွန်တော့်နယ်မြေပဲသခင်ရ ..ဒီကောင့်ကို ကျနော် မောင်းထုတ်ရမယ်"

​ထိုစဉ်မှာပင် လိပ်ကြီးကို တွေ့သွားသော ဧရာမရေ သားရဲကြီးသည် အမြီးကို ခါရမ်းကာ အရှိန်အဟုန် ဖြင့် ပြေးဝင်လာတော့သည်။

​"ဝုန်း.."

​မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာမှ လျူယော င်ပင် ထိုသားရဲကြီး၏ ကြမ်းတမ်းလှသော ဖိအားကို ခံစားလိုက်ရသည်။မျက်တောင်တစ်ခတ်အတွင်းမှာ ပင် သားရဲကြီးက ရောက်ရှိလာသော်လည်း လိပ်ကြီး က လျင်မြန်စွာ နောက်ဆုတ်ရှောင်တိမ်းလိုက်သည်။

ထို့နောက် ဒေါသထွက်သွားသော လိပ်ကြီးသည် သူ ၏ ဧရာမလှံ ကို ရမ်းကာ သားရဲကြီး၏ ဦးခေါင်းကို ပစ်မှတ်ထား၍ ပြန်လည်တိုက်ခိုက်လိုက်သည်။

​"ဒိန်း..."

​သားရဲကြီးက ပါးနပ်စွာဖြင့် ဦးခေါင်းကို ရှောင်လိုက် ပြီး ၎င်း၏ရှေ့ခြေသည်းဖြင့် လှံကို ရိုက်ချလိုက်သ ည်။လှံထိပ်နှင့် သားရဲကြီး၏ အကြေးခွံများ ပွတ်တို က်မိရာမှ ပင်လယ်ရေထဲတွင် မီးပွားများပင် ထွက် ပေါ်လာသော်လည်း သားရဲကြီး၏ အကြေးခွံပေါ်မှာ တော့ အမှတ်အသားအနည်းငယ်သာ ကျန်ရစ်ခဲ့သ ည်။

ထို့အပြင် သားရဲကြီး၏ အားပါလှသော ခြေသည်းရို က်ချက်ကြောင့် တန် ၁၀၀၀ ကျော်လေးသော လိပ် ကြီးပင် မီတာအနည်းငယ်အကွာသို့ လွင့်ထွက်သွား ရသည်။

​ပထမအချီတွင် လိပ်ကြီး အနည်းငယ် အရေးနိမ့်သွာ းသည်ကို မြင်သော လျူယောင်သည် စိုးရိမ်တကြီ း အကြံပေးလိုက်သည်။

​"ငါ့ကောင်ကြီး..ဒီကောင်ကို..မင်း.. အားချင်းမယှဉ် နဲ့..မင်းရဲ့ အရှိန်ကိုသုံး..ရန်သူရှေ့တိုးရင် ဆုတ်၊ရန် သူ ညိမ်နေရင် နှောက်ယှက်.. ရန်သူပင်ပန်းရင် တို က်..ရန်သူဆုတ်ရင် လိုက်..."

​ဉာဏ်ကောင်းလှသော လိပ်ကြီးသည် သခင်၏ စစ် သေနင်္ဂဗျူဟာကို ချက်ချင်းဆိုသလို နားလည်သွား ကာ ထိပ်တိုက်ရင်ဆိုင်တာကို ရှောင်၍ သူ၏အရှိန် အားသာချက်ဖြင့် လှည့်ပတ်ကူးခတ်ကာ အကွာအ ဝေးတစ်ခုကို ခြားထားလိုက်သည်။

ရေမိုင် ၁၀ မိုင်ခန့်ထိပင် နှစ်ကောင်သား အပြန်အလှ န် လိုက်လံတိုက်ခိုက်ပြီးနောက်တွင်မူ ထိုဧရာမ ရေ သားရဲကြီးသည် လျင်မြန်လှသော လိပ်ကြီးအား မျ က် ခြေပြတ်သွားပေသည်။

All Chapters