ရေသားရဲကြီး ထွက်ပြေးသွားပြီ
Vol. 36 Ch. 455
"ဟေး...ဟိုကောင်..ဘယ်ရောက်သွားတာလဲ"
ဧရာမ ရေသားရဲကြီးသည် ဘယ်ညာဝေ့ဝဲကာ ထပ် ခါထပ်ခါ ရှာဖွေနေသော်လည်း ဘာကိုမျှ မတွေ့ရပေ ။၎င်းရှာနေသည့် လိပ်ကြီးမှာမူ ရေသားရဲကြီး မမြင် နိုင်သော အကွာအဝေးတစ်နေရာတွင် ညိမ်သက်စွာ ရှိနေ၏။
လိပ်ကြီးတွင် ထူးခြားသော စူပါအာရုံခံနိုင်စွမ်းနှင့် အမြင်အာရုံ ရှိတာကြောင့် ကြည်လင်သော ပင်လယ် ရေအောက် မီတာ ၁၀၀၀ အကွာအဝေးအထိ သူ ရှင်း ရှင်းလင်းလင်း မြင်နိုင်စွမ်းရှိပြီး မီတာ ၂၀၀၀ ကျော် အထိပင် ရေနက်သားရဲကြီး၏ ပုံသဏ္ဍာန်ကို ဝေဝါး စွာ သူ မြင်နေရသည်။လိပ်ကြီးသည် ထိုအကွာအဝေ းမှနေ၍ ရေသားရဲကြီးကို ချဉ်းကပ်တိုက်ခိုက်ရန် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ ခဲ့သည်။
အတန်ကြာသောအခါ ရေနက်သားရဲကြီးသည် ဘာ ကိုမျှ မတွေ့ရတော့သဖြင့် လက်လျှော့ကာ သတိ လ က်လွတ်ဖြင့် ထွက်ခွာသွား၏။ထိုအခါမှ လိပ်ကြီး သ ည် အသံတိတ် ကူးခတ်လျက် နောက်ကနေ တဖြည် းဖြည်း ချဉ်းကပ်လာသည်။မီတာ ၃၀၀ ခန့် အကွာ အဝေးသို့ ရောက်သောအခါ လိပ်ကြီးသည် ၎င်း၏ ပစ်မှတ်ကို လှံဖြင့် သေချာ ချိန်ရွယ်လိုက်ပြီး လျှပ်တ ပြက် ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
ပင်လယ်ရေ၏ ခုခံမှု မရှိသကဲ့သို့ လိပ်ကြီး အရှိန်အ ဟုန်ဖြင့် ပြေးဝင်လာရာ သူ၏ကိုယ်ထည်မှာ အနက် ရောင်အရိပ်တစ်ခု သို့မဟုတ် ဧရာမလှံတစ်စင်းကဲ့ သို့ပင်။ ရေနက်သားရဲကြီးမှာ အန္တရာယ်နီးကပ်လာမှု ကို ခံစားလိုက်ရသော်လည်း ပြန်လည် တုံ့ပြန်ရန် အ ချိန်မမှီ တော့ပေ။
"ဒိန်း.."
လိပ်ကြီး၏ ပြင်းထန်လှသော ထိုးနှက်မှုကြောင့် လှံ ထိပ်မှာ ရေနက်သားရဲကြီး၏ ကျောကုန်းပေါ်မှ မာ ကျောသော အကြေးခွံများကို ဖောက်ထွက်ကာ အ သားထဲသို့ တစ်ပေကျော်ခန့် စိုက်ဝင်သွားသည်။
ရလဒ်ကောင်းရသည်နှင့် တစ်ပြိုင်နက် ဧရာမလှံအာ း လိပ်ကြီး ပြန်လည်ဆွဲထုတ်ကာ အရှိန်အဟုန်ဖြင့် နောက်ဆုတ်သွားသည်။ရေနက်သားရဲကြီးမှာတော့ ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်ရန် လှည့်ကြ ည့်လိုက်သော်လည်း လိပ်ကြီးမှာမူ မြင်ကွင်းမှ ပျော က်ကွယ်သွားပြန်၏။
ထိုသို့သော ပြောက်ကျားစနစ်ဖြင့် တစ်နေကုန်နီးပါး အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ဧရာမ ရေသား ရဲကြီးမှာ ကြောက်လန့်တကြားဖြင့် တောင်ပစိဖိတ်မှ တောင်အမေရိကတောင်ဘက်စွန်းရှိ အတ္တလန္တိတ် သမုဒ္ဒရာဘက်သို့ ဦးတည်ကာ ထွက်ပြေးသွားတော့ သည်။
ရေမိုင်ရာဂဏန်းအထိ လိပ်ကြီး လိုက်လံကြည့်ရှုပြီး နောက် လမ်းကြောင်းပြောင်းကာ တောင်ဘက်သို့ ဆက်လက်ကူးခတ်လာ၏။ထိုနေရာမှာတော့ ပင်လ ယ်ဖျံထီးကြီးများ ထောင်သောင်းချီ၍ ရှိနေသော ကျွ န်းငယ်လေးတစ်ကျွန်းကို လိပ်ကြီး တွေ့ရှိသွားပြီး ဤနေရာသည် လိပ်ကြီးအတွက် အကောင်းဆုံး စားကျက်တစ်ခု ဖြစ်လာသည်။
တစ်ဖက်တွင်လည်း...
လူသားတို့၏ ကမ္ဘာမှာမူ ကျိုးယန်သည် လျူယောင် ၏ ရုံးခန်းထဲသို့ တံခါးခေါက်၍ ဝင်လာကာ စိတ်ပျ က်လက်ပျက်နှင့် အစီရင်ခံလိုက်သည်။
"သူဋေး. မန်းဂိုးကုမ္ပဏီနဲ့ ဆွေးနွေးမှုကတော့ ပျက် သွားပြီခဗျ.. သူတို့က တော်တော်လေး မောက်မာ ကြတယ်.. ကျွန်တော်တို့ဆီက ဘက်ထရီကို ၁၀၀% ပံ့ပိုးပေးရမယ့်အပြင်..ဈေးနှုန်းကိုလည်း ပြည်တွင်း ဈေးထက် ၁၀% လျှော့ပေးဖို့ အတင်းအကျပ်တောင် းဆိုနေကြတာ.."
သို့ပေမဲ့ လျူယောင်ကမူ အေးအေးဆေးဆေးပင် ပြုံးလိုက်ရင်း နှစ်သိမ့်လိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့ ကျိုးယန်.. သူတို့ရဲ့ မောက် မာမှုအတွက် ပေးဆပ်ရပါလိမ့်မယ်.. သူတို့ခေတ် ကု န်ဆုံးတော့မယ်ဆိုတာ မကြာခင် သိလာကြမှာပါ.. မင်းရဲ့ အခြားအလုပ်တွေကိုပဲ အာရုံစိုက်လိုက်ပါ..."
လျူယောင်၏ စိတ်ထဲတွင်မူ မန်းဂိုးကုမ္ပဏီကိစ္စက အရေးမကြီးပေ။သူ၏ 'ဂရက်ဖင်း-အလူမီနီယမ်' ဘ က်ထရီ နည်းပညာက အနာဂတ်ဈေးကွက်ကို စိုးမိုး ထားပြီးသား ဖြစ်၏။ကျိုးယန် ထွက်သွားပြီးနောက် လျူယောင်သည် ဖုန်းကိုကြည့်ရင်း ထူးဆန်းသော သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။
ဤသတင်းကြောင့် သူ့မျက်ခုံးများ အနည်းငယ် တွန့် သွား၏။
"ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား... သတင်းအတုပဲ ဖြစ်ပါစေလို့တော့ ငါ မျှော်လင့်ရတာပဲ"
လျူယောင် စိတ်ထဲမှ အံ့အားသင့်ကာ ရေရွတ်လိုက် မိသည်။သို့ပေမဲ့ သူ၏ စိတ်ထဲမှာမူ ဤသတင်းမှာ အမှန်တကယ် ဖြစ်နိုင်သည်ဟု သူ ခံစားနေရသည်။