သင်္ဘောတစ်စင်း တိုက်ခိုက်ခံရခြင်း
Vol. 36 Ch. 456
"လူတွေအတွက် ဘေးအန္တရာယ်ဖြစ်မှာစိုးလို့ ဒါဟာ သတင်းအတုပဲ ဖြစ်ပါစေတော့ကွာ.."
လျူယောင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
မကြာခင်မှာပင် အလုပ်မှ အိမ်သို့ လျူယောင် ပြန် ရောက်လာ၏။ဧည့်ခန်းထဲတွင် တီဗွီကြည့်နေသော လီချန်လဲ့ကို တွေ့လိုက်ရသဖြင့် သူ နူတ်ဆက်လိုက် သည်။
"လဲ့လဲ့ ဒီနေ့ ပြန်လာတာ စောလှချည်လား.."
လီချန်လဲ့က ပြုံးရွှင်စွာ ပြန်ဖြေလိုက်၏။
"ဟုတ်တယ်..အကိုယောင်..ဒီနေ့ ..ကျောင်းမှာ စာ မေးပွဲ စနေပြီလေ မကြာခင် နွေရာသီကျောင်းပိတ် ရက် ရောက်တော့မယ်"
အချိန်တွေ ကုန်လွန်သွားလိုက်သည်မှာ မြန်ဆန်လွန်း လှသည်။ နွေရာသီကျောင်းပိတ်ရက်ပင် ရောက်လာ တော့မည်လေ။
"နောက်ရက်အနည်းငယ်ဆို တရားဝင်ကျောင်းပိတ် ပြီ..အချိန်ရတုန်း ကျွန်မတို့..ခရီးတစ်ခုခု ထွက်ကြရ အောင်လား"
"အင်း... အဆင်ပြေပါတယ်..လဲ့လဲ့ ဘယ်သွားမလဲ ပြည်တွင်းလား.. ပြည်ပလား.."
လီချန်လဲ့သည် ကြိုတင်ပြင်ဆင်ထားပုံရပြီး ချက်ခြ င်းဆိုသလို ပြန်ဖြေလိုက်၏။
"ကို... ကျွန်မတို့ ကိုယ်ပိုင်ကားနဲ့ပဲ တိဗက်ဘက်ကို သွားကြရအောင်..."
"ကောင်းပြီလေ ဒါဆို ကိုယ်တို့.. တိဗက်ကို သွားကြ တာပေါ့"
လျူယောင် ချက်ချင်းဆိုသလိုပင် သဘောတူလိုက် သည်။
ယူနီဗာဆဲလ်၏ လုပ်ငန်းများသည်လည်း လည်ပတ် မှု တည်ငြိမ်နေပြီဖြစ်ရာ ဆယ်ရက် တစ်လခန့် သူ ခရီးထွက်နေသော်လည်း ပြဿနာမရှိပေ။လီချန်လဲ့ ကဲ့သို့သော အလုပ်များသူတစ်ဦးအတွက် ယခုကဲ့သို့ အားလပ်ရက်ရှည် ရခဲသည်ဖြစ်ရာ လျူယောင်သည် သူမနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏ ။
ညစာစားပြီးနောက် နှစ်ဦးသား သတင်းကြည့်နေစဉ် လျူယောင်ကို အံ့အားသင့်သွားစေမည့် သတင်း တ စ်ပုဒ် တက်လာသည်။စက္ကန့် ၃၀ ပင်မပြည့်သော ဤ နိုင်ငံတကာသတင်းတွင် "အတ္တလန္တိတ်သမုဒ္ဒရာအ တွင်း ကုန်သွယ်သင်္ဘောတစ်စီးကို ရေနက်သားရဲ တ စ်ကောင်က တိုက်ခိုက်ခဲ့သဖြင့် အပျက်အစီးများပြာ း " ဟူ၍ပင် ဖြစ်၏။
ရေမျက်နှာပြင်ပေါ်မှာတော့ တန်ချိန်တစ်သောင်း ကျော်ရှိသည့် သင်္ဘောကြီးတစ်စီးမှာမူ စောင်းလျက် အနေအထားဖြင့် မီးခိုးများ ထွက်ကာ နစ်မြုပ်နေ၏ ။ဤမျှကြီးမားသော သင်္ဘောကြီးကို နစ်မြုပ်စေနိုင် သည့် ရေနက်သားရဲဆိုသည်မှာ အဘယ်သို့နည်း။
လီချန်လဲ့သည်လည်း မယုံကြည်နိုင်စွာဖြင့် မေးလို က်၏။
"ကို... ဒါက တကယ်လား.. ပင်လယ်ထဲမှာ တကယ် ပဲ သင်္ဘောကို နစ်မြုပ်စေနိုင်တဲ့ သားရဲကြီးတွေ ရှိတ ာလားဟင်.."
နေလည်က ဤသတင်းကို ဖုန်းတွင် မြင်ခဲ့စဉ်က သ တင်းအတုဟု လျူယောင် ထင်ခဲ့သော်လည်း ယခု အစိုးရမီဒီယာကပါ ထုတ်လွှင့်လာသည့်အခါတွင်မူ ငြင်းဆိုရန် ခက်သွားပြီပဲ ဖြစ်သည်။
"အင်း..ဒါက တကယ်ဖြစ်နိုင်တယ်..အစိုးရမီဒီယာ က သတင်းအတု ထုတ်ပြန်မှာ မဟုတ်လောက်ဘူး.."
လီချန်လဲ့က စိုးရိမ်တကြီး ပြောရှာသည်။
"ဆိုးလိုက်တာ... ဒါဆို ဒီသင်္ဘောကြီးကို နစ်မြုပ်အေ ာင်လုပ်တာ အဲ့ဒီသားရဲကြီးပေါ့နော်"
သတင်းထဲတွင် ဤသားရဲ၏ ပုံပန်းသဏ္ဍာန်ကိုမူ မ ဖော်ပြထားဘဲ နစ်မြုပ်နေသော သင်္ဘောပုံကိုသာ ပြ သသွားသဖြင့် လျူယောင်သည်လည်း မည်သည့် သတ္တဝါဖြစ်မည်ကို ခန့်မှန်းရခက်နေသည်။လီချန် လဲ့ကမူ သိချင်စိတ်ပြင်းပြစွာဖြင့် ဆက်မေးပြန်၏။
"ကို..သမုဒ္ဒရာထဲမှာ လူသားတွေ မသိသေးတဲ့ ဧရာမ သားရဲတွေ တကယ်ရှိနေတာလားဟင်.."
"သမုဒ္ဒရာက လျှို့ဝှက်ချက်တွေ အများကြီးပဲလေ .. လဲ့လဲ့ရ..လူသားတွေက လကမ္ဘာအကြောင်း သိတာ ထက် သမုဒ္ဒရာအကြောင်း သိတာက ပိုနည်းသေးတ ယ်..မသိသေးတဲ့ သတ္တဝါတွေ အများကြီး ရှိနိုင်တာ ပေါ့.."
လီချန်လဲ့အား ရှင်းပြရုံသာ လျူယောင် ရှင်းပြလိုက် သော်လည်း သူကိုယ်တိုင်မှာမူ အိန္ဒိယသမုဒ္ဒရာ ရေန က်ပိုင်းမှ တန်ရာချီ အလေးချိန်ရှိသော ထူးဆန်းငါး ဖြူကြီးများနှင့် တောင်ပစီဖိတ်တွင် သူကိုယ်တိုင် တွေ့ ခဲ့ရသည့် မီတာ ၃၀၀ ကျော်ရှည်သော ရေသား ရဲကြီးအကြောင်းကို ပြန်လည်တွေးတောနေမိသည်။ အတ္တလန္တိတ်မှ ဖြစ်ရပ်မှာလည်း ဤရေသားရဲကြီးနှ င့်များ ဆက်စပ်နေမလားဟု သူ သံသယဝင်မိသည်။
နောက်တစ်နေ့တွင် လျူယောင်သည် ကုမ္ပဏီသို့ အ ချိန်မှန်ရောက်လာပြီး ခရီးမထွက်မီ အရေးကြီးသည့် ကိစ္စများကို စတင် စီစဉ်လိုက်သည်။
ဒုဥက္ကဋ္ဌ ကျိုးယန် ရောက်လာသောအခါ လုပ်ငန်းတ ာဝန်များအား လျူယောင် လွဲအပ်လိုက်၏။
"ကျိုးယန်...ငါ.. ဆယ်ရက်လောက် ခရီးထွက်မယ်.. ကုမ္ပဏီကိစ္စတွေကို မင်းဆီ အပ်ထားခဲ့မယ်နော်.."
ကျိုးယန်သည် တွန့်ဆုတ်စွာဖြင့် ပြန်ဖြေလိုက်သည် ။
"ဟုတ်ကဲ့ပါ သူဋေး..ဒါပေမဲ့... မနေ့က သတင်းထဲမှာ အတ္တလန္တိတ်က သင်္ဘောတိုက်ခိုက်ခံရတဲ့ကိစ္စကို မြ င်ပြီး ကျွန်တော်တို့ သင်္ဘောတွေအတွက် စိတ်ပူမိလို့ ပါ.."
ယူနီဗာဆဲလ်လုပ်ငန်းစု၏ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသည် လက်ရှိတွင် ကမ္ဘာ့ထိပ်တန်းအဆင့်တွ င် ရှိနေကာ တန်ချိန်တစ်သိန်းကျော် သင်္ဘောကြီးမျာ းစွာဖြင့် သမုဒ္ဒရာအနှံ့ သွားလာနေပေသည်။
"ဒါက မတော်တဆမှုတစ်ခုလို့ပဲ ငါ ထင်တယ်.. သိပ် စိတ်ပူမနေပါနဲ့..ပြီးတော့ ငါတို့ သင်္ဘောအများစုက အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာမှာပဲ စုနေတာလေ.."
လျူယောင်သည် စိတ်မပူစေရန် အားပေးကာ ကျိုး ယန်အား ပြန်လွတ်လိုက်၏။
နံနက် ၁၁ နာရီခန့်တွင် လျူယောင်သည် စူပါကား လေးအား မောင်းနှင်ကာ မြို့ထဲရှိ အကြီးဆုံး ကုန်တို က်ကြီးဆီသို့ ထွက်လာခဲ့သည်။လီချန်လဲ့ကမူ ဤနေ ရာတွင် စျေးဝယ်ရင်း သူ့ကို စောင့်နေခြင်းပင် ဖြစ်၏ ။
တတိယထပ် Dior ဆိုင်တွင် လီချန်လဲ့အား လျူယေ ာင် တွေ့သောအခါ သူမက ရေမွှေးတစ်ပုလင်းကို ပြရင်း ချွဲ့နွဲ့စွာ မေးလိုက်သည်။
"ကို... ဒီရေမွှေးလေး ဘယ်လိုလဲ"
"လဲ့လဲ့..ကြိုက်ရင် ဝယ်လိုက်လေ..မွှေးမှာပါ"
လျူယောင် ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။
လီချန်လဲ့သည် ရေမွှေးဝယ်ပြီးနောက် လျူယောင် ၏ လက်မောင်းအား ချိတ်ကာ ပြောလိုက်သည်။
"ကို... ကျွန်မ ခရီးသွားကုမ္ပဏီတစ်ခုမှာ စာရင်းသွင်း ထားတယ်"
မူလက နှစ်ဦးတည်း ကားမောင်းသွားရန် စိတ်ကူးခဲ့ သော်လည်း ခရီးစဉ်လမ်းကြောင်းနှင့် လုံခြုံရေး အ တွက် ခရီးသွားကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို အ သုံးပြုရန် လျူယောင် စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။
လီချန်လဲ့မှာမူ စိတ်ပူစွာ ပြောလိုက်သည်။
"အဖွဲ့လိုက်ကြီး သွားတာမျိုးတော့ ကျွန်မ မလိုချင် ဘူးနော်..အဲ့ဒါက အချိန်တွေ အရမ်းလောတယ်..ဓာ တ်ပုံရိုက်ဖို့တောင် အချိန်မရဘူး"
လျူယောင် ရယ်မောရင်း ပြန်ဖြေလိုက်၏။
"ဟားဟား..ခရီးသွားကုမ္ပဏီနဲ့ သွားတိုင်း အဖွဲ့နဲ့သွား ရမယ်လို့ လဲ့လဲ့ကို ဘယ်သူက...ပြောလဲ. .ကိုယ်တို့ က အဖွဲ့နဲ့ သွားမှာမဟုတ်ဘူး.."
"အမ်..အဖွဲ့နဲ့ မဟုတ်ဘူးလား..."
လီချန်လဲ့သည် လျူယောင်၏ အစီအစဉ်အား ချက် ချင်းဆိုသလိုပင် ရိပ်မိလာကာ မျက်နာလေး ဝင်းပ သွားတော့သည်။