← Chapters

ခရီးသွားဖို့အတွက် စီစဥ်ခြင်း

Vol. 36 Ch. 457

ခရီးသွားဖို့အတွက် စီစဥ်ခြင်း

Vol. 36 Ch. 457

နှစ်ဦးသား ဈေးဝယ်စင်တာ၏ ခြောက်လွှာသို့ ရော က်လာကြသည်။ဤအထပ်တွင် ရုပ်ရှင်ရုံကြီးနှစ်ရုံ၊ မိုးလုံလေလုံကစားကွင်းတစ်ကွင်းနှင့် ခရီးသွားကုမ္ပ ဏီအချို့ ရှိနေ၏။

​"ကို... လူငယ်.. ခရီးသွားကုမ္ပဏီက ဘယ်လိုလဲ"

​"ကောင်းသားပဲ.. ဒီကုမ္ပဏီက အရွယ်အစားလည်း ကြီးတယ်..ခိုင်မာမှုရှိပြီး ဂုဏ်သိက္ခာလည်း ကောင်း ပုံရတယ်.."

​လျူယောင်နှင့် လီချန်လဲ့တို့နှစ်ဦးသား လက်ချင်းတွဲ ကာ 'လူငယ်' ခရီးသွားကုမ္ပဏီထဲသို့ ဝင်လာကြသ ည်။အသက် ၃၀ ကျော်အရွယ် အလုပ်ဝတ်စုံနှင့် အ မျိုးသမီးတစ်ဦးသည် သူတို့အား အပြုံးမျက်နှာဖြင့် ခရီးဦးကြိုပြုကာ စိတ်အားထက်သန်စွာ မေးမြန်း လိုက်၏။

​"မင်္ဂလာပါရှင်.. ပြည်တွင်းခရီးစဉ်လား.. ပြည်ပလား ရှင့်... ဘယ်ဒေသကို အဓိကထား လည်ပတ်ချင်ပါ သလဲရှင့်.."

​ဝန်ထမ်းမလေးသည် ပြည်တွင်း ပြည်ပ နာမည်ကြီး ခရီးစဉ်များအား ကျွမ်းကျင်စွာ မိတ်ဆက်ပေး နေ စဉ် လျူယောင် ဖြတ်ပြောလိုက်သည်။

​"ကျွန်တော်တို့ တိဗက်ကို သွားဖို့ စီစဉ်ထားလို့ပါ.."

​"ဟုတ်ကဲ့ပါရှင်..အခုက တိဗက်ကိုသွားဖို့ အကောင်း ဆုံးရာသီပဲ.. ကျွန်မတို့ဆီမှာ ခရီးစဉ်အမျိုးအစား အ များကြီးရှိပါတယ်..ဈေးနှုန်းတွေက ၅,၈၀၀..၆,၅၀၀ နဲ့ ၇,၈၀၀ ဆိုပြီး ရှိပါတယ်ရှင့်...၇,၈၀၀ တန်ကတော့ နှစ်ယောက်တွဲ သီးသန့် အပန်းဖြေခရီးစဉ်ဖြစ်ပြီး ၇ ည ၈ ရက် ကြာမြင့်မှာပါ..အဓိက လည်ပတ်မယ့် နေ ရာတွေကတော့..."

​သူမသည် ခရီးစဉ်အသေးစိတ်အား ဆက်လက် ရှင် းပြနေတုန်း လျူယောင် ထပ်မံဖြည့်စွက်ကာ ပြော လိုက်၏။

​"ကျွန်တော်တို့က အဖွဲ့လိုက်နဲ့ မသွားချင်ဘူး နှစ်ယေ ာက်တည်း သီးသန့်သွားလို့ ရမလား.."

​ထိုစကားကြောင့် ဝန်ထမ်းအမျိုးသမီးဖြစ်သူ ကျော က်ယန်ဟောင်သည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ပြန် ဖြေလိုက်သည်။

"ရပါတယ်ရှင်.. ဒါပေမဲ့ ဈေးနှုန်းကတော့ အများ ကြီး ပိုမြင့်သွားပါလိမ့်မယ်.. ကျွန်မတို့က ဒီလို ဝန် ဆောင်မှုမျိုးကိုတော့..အဆင့်မြင့်.. ဧည့်သည်တွေ အတွက်ပဲ သီးသန့် စီစဉ်ပေးတာမို့လို့ပါ.."

"အဆင့်မြင့် ဧည့်သည်တဲ့လား " လျူယောင် စိတ် ထဲမှ ကျိတ်၍ ရယ်လိုက်မိ၏။

"ပိုက်ဆံရှိရင် အဆင့်မြင့်ပြီး မရှိရင် အဆင့်နိမ့်ပေါ့ လေ.." သို့ပေမဲ့ သူ၏မျက်နှာတွင်မူ မည်သည့် အ ရိပ်အယောင်မျှ မပြဘဲ အေးဆေးစွာပင် ဆက်ပြော လိုက်သည်။

​"ဈေးနှုန်းက ပြဿနာမရှိပါဘူး. .လည်ပတ်မယ့်နေ ရာတွေထဲမှာ ပူတာလနန်းတော်၊ ဂျိုခမ်းဘုရားကျော င်း၊ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ ဂျူးဖန်၊ နမ်ဆော့နဲ့ ယန်ဟူ ကန်တို့ အနည်းဆုံး ပါဝင်ရမယ်. ပါရီဒေသကိုပါ သွ ားလို့ရရင် ပိုကောင်းတာပေါ့.."

​

"ခရီးစဉ်အတွက် ဘယ်လိုယာဉ်မျိုး သုံးမလဲရှင့်.. လေယာဉ်နဲ့လား.. ဒါမှမဟုတ် ရထားနဲ့လား"

​လျူယောင်က ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။

"လေယာဉ်နဲ့ပဲ သွားမယ်..ကျွန်တော်တို့မှာ ကိုယ်ပိုင် လေယာဉ်ရှိတော့ လာဆာ ဂန်ဂါလေဆိပ်ကို တိုက်ရို က်ဆင်းလို့ ရတယ်.."

​ကျောက်ယန်ဟောင် အံ့ဩသွားပြီးနောက် လျူယော င်နှင့်လီချန်လဲ့တို့အား တစ်ချက်ကြည့်ကာ နှာခေါင်း ရှုံ့လိုက်မိသည်။

"ဒီလူငယ် ဘာတွေလျှောက်ပြောနေတာလဲ.. ရုပ်ရည် လေးတွေ သန့်ပြန့်ပါလျက်နဲ့ ဘာလို့ ဒီလောက်ကြွား ဝါနေကြတာလဲ..ကိုယ်ပိုင်လေယာဥ်နဲ့တောင် တိုက်ရို က်သွားမယ်..ဟုတ်လား..ဟမ့်"

​သူမ၏ သဘောထားက ချက်ချင်းပြောင်းလဲသွား ပြီး "ရှင်တို့နှစ်ယောက် ခဏစောင့်ပါဦး..ကျွန်မမှာ တခြားအရေးကြီးကိစ္စလေး ရှိနေလို့.." ဟု ပြောကာ လျူယောင်တို့အား ပစ်ထားခဲ့ပြီး ထွက်သွားပေသ ည်။

​သူမ၏ အမူအရာကို ကြည့်၍ လီချန်လဲ့ ပြုံးကာ တိုးတိုးလေး ပြောလိုက်၏။

"ကို့ကို ကြွားနေတယ်လို့ သူထင်သွားပြီထင်တယ်.. ဒါကြောင့် ဆက်ပြီး ဧည့်မခံတော့တာပေါ့.."

​လျူယောင် ခပ်အေးအေးပင် ပြုံးရင်း ပြန်ဖြေ လိုက်သည်။

"ကိုယ်က..တကယ်ပြောတာလေ...ကိုယ့်မှာ ကိုယ်ပိုင် ဂျက်လေယာဉ် ရှိတာကိုး.."

​အခြားတစ်ဖက်မှာမူ ကျောက်ယန်ဟောင်သည် သူမ ၏ လုပ်ဖော်ကိုင်ဖက်များထံသို့ ရောက်လာပြီး ဒေါ သတကြီး ပြောလိုက်၏။

"ဟဲ့..ဟို..လူငယ်နှစ်ယောက်ကို ကြည့်စမ်း ..တိဗက် ကို သီးသန့်သွားချင်တယ်တဲ့.. အဲဒါတင်မကဘူး .. ကိုယ်ပိုင်လေယာဉ်နဲ့ သွားမှာမို့လို့ လေယာဉ်လက် မှတ် မလိုဘူးလို့တောင် ပြောသေးတယ်.."

သူမ၏ စကားကြားလိုက်ရသောအခါ ​လူအချို့မှာမူ ဝိုင်းရယ်လိုက်ကြသည်။

"ညီမ ကျောက်ရယ်... သူတို့က အရှိကို အရှိအတိုင်း ပြောနေတာလည်း ဖြစ်နိုင်တာပဲလေ.."

တစ်စုံတစ်ယောက်က နောက်ပြောင်သလို ပြောလို က်သော်လည်း ဘယ်သူမှ မယုံကြပေ။

​လျူယောင်ကတော့ စိတ်မဆိုးပေ။

"လဲ့လဲ့...ကိုယ်တို့ တခြားကုမ္ပဏီတစ်ခု ပြောင်းရ အောင်.."

ဟု ပြောကာ ထွက်ခွာရန် သူ ပြင်လိုက်သည်။

​ထိုစဉ် သူတို့အနားသို့ မိန်းကလေးငယ်လေးတစ်ဦး ရောက်လာကာ ယဥ်ကျေးစွာ ပြောလိုက်သည်။

"ဧည့်သည်တို့... ကျွန်မ ဘာများ ကူညီပေးရမလဲရှင့် .." သူမသည် အလုပ်သင် ဝန်ထမ်းမလေး ရှောင်အို င်းပင် ဖြစ်၏။

​လျူယောင် ခြေလှမ်းတန့်ကာ ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ တိဗက်ကို သွားချင်တာပါ.. ကိုယ်ပိုင် လေယာဉ်နဲ့ သွားမှာဖြစ်လို့ ခင်ဗျားတို့ဘက်က လမ်း ညွှန်၊ ခရီးစဉ်၊ တည်းခိုရေးနဲ့ ဒေသတွင်း သယ်ယူပို့ ဆောင်ရေးကိုပဲ စီစဉ်ပေးစေချင်တယ်..ဒါပေမဲ့ ခုန က ဝန်ထမ်းကတော့ ကျွန်တော့်ကို ကြွားနေတယ်လို့ ထင်သွားပုံရတယ်.."

​ရှောင်အိုင်းသည် ချက်ချင်းဆိုသလိုပင် တောင်းပန် စကား ဆိုသည်။ "လူကြီးမင်းတို့နှစ်ယောက်ကို ကျွန် မကပဲ သူတို့အစားတောင်းပန်ပါတယ် ရှင်.. လူကြီး မင်း​တို့..စိတ်ကြိုက်ခရီးစဉ် ဖြစ်စေရပါမယ်.. ဟိုဘ က်က ဆိုဖာမှာ ထိုင်ပြီး အေးအေးဆေးဆေး ဆွေး နွေးကြရအောင်လား.."

​

သူမသည် လျူယောင်တို့အား ဧည့်ခံနေရာသို့ ဖိတ် ခေါ်ကာ ရေနွေးကြမ်းဖြင့် ဧည့်ခံလိုက်၏။ဤသည် ကို မြင်သော ကျောက်ယန်ဟောင်မှာမူ မဲ့ရွဲ့ကာ ပြော ဆိုနေသည်။

"ဒီရှောင်အိုင်းက..လူငယ်ဆိုတော့ အတွေ့အကြုံ မရှိ သေးဘူး.. ဟိုလူတွေရဲ့ အချိန်ဖြုန်းတာကို ခံနေရ တော့မှာပဲ.."

​ရှောင်အိုင်း၏ ယဉ်ကျေးမှုကို လျူယောင် သဘော ကျသဖြင့် တောင်းဆိုချက်အချို့အား ထပ်မံပြောပြ လိုက်သည်။

"ခရီးစဉ်က သက်သောင့်သက်သာ ဖြစ်ရမယ်..အစာ းအသောက်နဲ့ ဟိုတယ်က အကောင်းဆုံး ဖြစ်ရမယ် .ခရီးစဉ်အတွင်း သုံးမယ့်ကားကလည်း တစ်သန်း ကျော်တန် Off-road ကားမျိုးပဲ ဖြစ်ရမယ်.."

​ရှောင်အိုင်းမှာ အနည်းငယ် အံ့အားသင့်သွားသော် လည်း "လူကြီးမင်း... တောင်းဆိုချက်တွေက တက ယ်ပဲ အဆင့်မြင့်လွန်းလို့ ကျွန်မ မန်နေဂျာထံ သတင် းပို့ပေးပါရစေ.." ဟု ပြောကာ ထွက်သွားပေသည်။

​မိနစ်အနည်းငယ်အကြာတွင်မူ ရှောင်အိုင်းသည် အ သက် ၄၀ ဝန်းကျင်ခန့်ရှိသော မန်နေဂျာဒူဆိုသူနှင့် အတူ ပြန်ရောက်လာ၏။

​"လူကြီးမင်းရဲ့ တောင်းဆိုချက်တွေကို ကျွန်တော် ကြားပြီးပါပြီ.. ဒီလို အဆင့်မြင့် ဝန်ဆောင်မှုမျိုးနဲ့ ဆို ရင်တော့ ဈေးနှုန်းက အတော်လေး မြင့်သွားလိမ့်မ ယ်နော်.."

​လျူယောင် လက်ကာပြ၍ ပြတ်သားစွာ ပြောလိုက် သည်။

"ပိုက်ဆံက ပြဿနာမဟုတ်ဘူး.. အကောင်းဆုံး ဝန် ဆောင်မှုရဖို့က အဓိကပဲ.."

​မန်နေဂျာဒူ အကြမ်းဖျင်း တွက်ချက် ကြည့်လိုက်၍ လျူယောင်၏မျက်နှာအား အကဲခတ်ကာ ပြောလို က်၏။

"ဒါဆိုရင် ခရီးစဉ် ၁၂ ရက်အတွက် စုစုပေါင်း ယွမ် ၃ သိန်း ကျပါမယ်ခဗျ.."

​သို့ပေမဲ့ လျူယောင်မှာမူ မျက်တောင်တစ်ချက်မျှပ င် မခတ်ဘဲ ချက်ခြင်းဆိုသလိုပင် ပြောလိုက်ပေသ ည်။

"ကောင်းပြီ... သဘောတူတယ်"

​မန်နေဂျာဒူ မှင်တက်သွားရ၏။ဈေးမဆစ်သည့် အ ပြင် အေးဆေးလွန်းနေသော ဤလူငယ်အား ကြည့် ကာ သူ၏ သံသယများပျောက်ကွယ်စ ပြုလာသည် ။

​"တစ်ခုလောက် အတည်ပြုပါရစေ... ကိုယ်ပိုင်ဂျက် လေယာဉ်နဲ့ သွားမှာက တကယ်လား ခင်ဗျ..တကယ် လို့ အဆင်မပြေတာမျိုးရှိရင်လည်း စိတ်မပူပါနဲ့ ကျွ န်တော်တို့ဘက်က လေယာဉ်လက်မှတ်တွေကို အပို ကြေးမယူဘဲ ဘွတ်ကင်လုပ်ပေးလို့ ရပါတယ်.."

မန်နေဂျာသည် လိမ္မာပါးနပ်စွာ မေးမြန်းလိုက်၏။

​အဝေးမှ စောင့်ကြည့်နေသော ကျောက်ယန်ဟောင်နှ င့်ဝန်ထမ်းများသည်လည်း မန်နေဂျာဒူ ကိုယ်တိုင် ဒီ လူငယ်အား အလေးအနက်ထား၍ ဧည့်ခံနေသည် ကို မြင်လိုက်ရသောအခါ အံ့အားသင့်နေမိတော့သ ည်။

All Chapters