ကိုယ်ပိုင်လေယာဥ် တကယ်ရှိတာပဲ
Vol. 36 Ch. 458
ကျောက်ယန်ဟောင်သည် အခြေအနေကို အကဲခတ် ကြည့်လိုက်ရာ မန်နေဂျာဒူက လျူယောင်အား အလွ န်အမင်း ရိုသေပျူငှာစွာ ပြုံးရယ်လျက် စကားပြော နေသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။
"ဒါ ဘယ်လိုဖြစ်တာလဲ" ဟု သူမစိတ်ထဲမှ ထူးဆန်း စွာ ရေရွတ်လိုက်မိသည်။
လျူယောင်ကမူ မန်နေဂျာဒူ၏ အလိုလိုက်ဖားယား မှုအား ရိပ်မိပြီးသား ဖြစ်သဖြင့် အေးဆေးစွာပင် ပြန် ပြောလိုက်၏။
"မလိုပါဘူး.. ကိုယ်ပိုင်လေယာဉ်နဲ့သွားတာက ပို အ ဆင်ပြေတယ်.."
ဤစကားကြောင့် မန်နေဂျာဒူသည် စက္ကန့်အနည်းင ယ်မျှ ကြောင်တောင်တောင် ဖြစ်သွားရသည်။သူ ဧ ည့်ခံနေရသော ဧည့်သည်မှာ ကိုယ်ပိုင်ဂျက် လေယာ ဉ်ပိုင်ရှင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် တည်ညိမ် နေသော သူ၏ စိတ်မှာမူ လုံးဝပျက်ပြယ်သွားတော့ သည်။သူသည် လေသံကိုချက်ချင်းပြောင်းကာ မေး မြန်းလိုက်၏။
"ညီလေးလျူ... ခရီးသွားလမ်းညွှန်အတွက် ဘယ်လို လူမျိုးကို အလိုရှိပါသလဲ.."
လျူယောင် ချက်ချင်းဆိုသလိုပင် ပြန်ဖြေလိုက်၏။
"ရှောင်အိုင်းက တော်ပုံရတယ်.. သူမပဲ ဧည့်လမ်းညွှ န် လုပ်ပေးလို့ရမလား"
ရှောင်အိုင်း၏ အတွေ့အကြုံမှာ နုနယ်သေးသည်ဟု မန်နေဂျာဒူ ကန့်ကွက်ချင်သော်လည်း လျူယောင် ကမူ ခတ်ပြတ်ပြတ် ပြောလိုက်၏။
"ပြဿနာရှိလို့လား... ရှောင်အိုင်းသာ လိုက်မယ်ဆို ရင် သူမကို ကိုယ်ပိုင်အကြံပေးငွေ ယွမ် ၅၀၀၀၀ ပေ းမယ်"
ယွမ်ငါးသောင်းဆိုသည်မှာ လျူယောင်အတွက် ဘာ မှမဟုတ်သော်လည်း ရှောင်အိုင်းနှင့် မန်နေဂျာဒူတို့ အတွက်မှာမူ တုန်လှုပ်သွားစေသည့် ပမာဏပင် ဖြစ် ၏။ရှောင်အိုင်း အံ့အားသင့်ကာ ဝမ်းသာသွား၍ က တိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် လျူအကို... အကောင်းဆုံး ခ ရီးစဉ်ဖြစ်အောင် ကျွန်မ သေချာပေါက် တာဝန်ယူပါ့ မယ်ရှင့်.."
လျူယောင်သည် ဤနေရာမှာပင် အိတ်ထဲမှ ငွေစ က္ကူအထပ်လိုက်ထုတ်ကာ တစ်ဝက်ကိုတော့ ရှောင် အိုင်းအား လက်ငင်းပေးလိုက်ပြီး ကျန်တစ်ဝက်ကိုမူ ကုမ္ပဏီအတွက် စပေါ်ငွေအဖြစ် မန်နေဂျာဒူထံ ပေး အပ်လိုက်သည်။ဤသည်မှာ လျူယောင် တကယ်ချ မ်းသာကြောင်း သက်သေပြလိုက်ခြင်းပင်။
လျူယောင်တို့ ထွက်ခွာသွားပြီးနောက် ကုမ္ပဏီ တစ် ခုလုံး ဟိုးလေးတကျော်ကျော် ဖြစ်သွား၏။လုပ်ဖော် ကိုင်ဖက်အားလုံးသည် ရှောင်အိုင်းကို အားကျနေကြ သော်လည်း ကျောက်ယန်ဟောင်မှာမူ ဤပိုက်ဆံမျာ းသည် သူမ ရသင့်ရထိုက်သည်ဟု တွေးတောကာ မနာလိုဝန်တိုစိတ်ဖြင့် ရင်ထဲမှ မသက်မသာ ဖြစ်နေ ပေသည်။
တစ်ဖက်တွင်လည်း ဘလူးဝေးလ်သင်္ဘောကြီးသည် ဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ကပ်လာခဲ့၏။သ င်္ဘောပေါ်မှ အနက်ရောင် သတ္တုချောင်းများစွာအား ကရိန်းများဖြင့် ချနေသည်ကိုရှင်းဖေးဝမ် စိတ်ကျေ နပ်စွာဖြင့် ကြည့်နေသည်။
"စုစုပေါင်း တန် ၄၀၀၀ ဗျာ... တစ်တန်ကို ယွမ် ၁၀ သန်းနဲ့ဆိုရင် ယွမ် ၄၀ ဘီလီယံတောင် တန်ကြေးရှိ တာပဲ.." ဟု ဘေးနားမှလူများသည် ရင်ခုန်စွာ ပြော ဆိုနေကြ၏။ရှင်းဖေးဝမ်ကမူ သတင်းထုတ်ပြန်ရန် မလိုကြောင်းနှင့်ငါးညှီနံ့ရသည့် ကြောင်များကဲ့သို့ ဝ ယ်သူများ အလိုလို ရောက်လာလိမ့်မည် ဖြစ်ကြော င်း ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
သူ့ခန့်မှန်းချက်အတိုင်းပင် နောက်တစ်နေ့ နံနက်ခင်း တွင် ဥက္ကဋ္ဌ စူကျဲနှင့် အဖွဲ့သည် ကုန်ပစ္စည်းအား အ ရင်ဦးဆုံးဝယ်ယူရန် ရောက်လာပေသည်။စူကျဲသည် တန် ၃၀၀ အတွက် စာချုပ်အား အသေးစိတ်မျှပင် မကြည့်တော့ဘဲ ချက်ချင်း လက်မှတ်ထိုးလိုက်သည် ။သူ အမြတ်တနိုး လိုချင်နေသည့် အနက်ရောင် သ တ္တုများကိုရရှိတော့မည်ဖြစ်၍ စူကျဲ၏မျက်နှာပေါ် တွင်မူ အပြုံးပန်းများ ဝေဆာနေပေသည်။
ခရီးစဉ် စတင်မည့်နေ့တွင် ရှောင်အိုင်းခေါ် အိုင်းလ န်သည် ချိန်းဆိုထားသည့် လေဆိပ်သို့ စောလျှင်စွာ ရောက်နေသည်။လျူယောင်၏ ဝန်ထမ်းတစ်ဦးကမူ သူမအား လာရောက်ကြိုဆို၍ လေယာဉ်ပေါ်သို့ အရ င်တက်နှင့်ရန် ခေါ်သွား၏။
လမ်းလျှောက်လာရင်းနှင့်ပင် ရှောင်အိုင်းသည် စိတ် လှုပ်ရှားစွာ တွေးတောနေမိသည်။
"လျူအကိုလေးရဲ့ ကိုယ်ပိုင်လေယာဉ်က ဘယ်လို မျိုး ဖြစ်မလဲ... ဂါလ်စထရိမ်လား... ဒါမှမဟုတ် အဲဒီ ထက် ပိုမြင့်မလား" ဟူ၍ပင် ဖြစ်၏။သူမသည် သူမ ၏ ကံကောင်းမှုနှင့် ရှေ့တွင် မြင်တွေ့ရမည့် အဆင့် မြင့်လေယာဉ်ကြီးအကြောင်းအား တွေးတောရင်း လေဆိပ်ဝန်းထဲသို့ လှမ်းဝင်ခဲ့ပေသည်။