Chapters

အဲဒါ ဘာကြီးလဲ

Vol. 36 Ch. 459

အဲဒါ ဘာကြီးလဲ

Vol. 36 Ch. 459

ရှောင်အိုင်း၏ စိတ်ကူးထဲမှာတော့ လျူယောင့် ကိုယ် ပိုင်လေယာဉ်အား သာမန် ဂျက်လေယာဥ်အမျိုးအ စားကဲ့သို့သော အသေးစားလေးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့ပေမဲ့ ဝန်ထမ်းတစ်ဦး၏ လမ်းညွှန်မှုနှင့်အတူ သီး သန့်လမ်းကြောင်းမှတစ်ဆင့် လေယာဉ်ပြေးလမ်းပေ ါ်သို့ ရောက်လာချိန်တွင်မူ သူမ၏ အမြင်များ စတ င်ပြောင်းလဲလာသည်။လေဆိပ်ခန်းမအတွင်း သူမ သည် လူအုပ်ကြား၌ တန်းစီစောင့်ဆိုင်းရခြင်း မရှိသ ည့်အပြင် လုံခြုံရေးအဆင့်ဆင့် စစ်ဆေးခြင်းများကို ကျော်လွန်လာကာ ရရှိလာသော ထိုလွတ်လပ်မှုက ကိုယ်ပိုင်လေယာဉ် ရှိခြင်း၏ အရသာကို ပထမဆုံး အကြိမ် ထိတွေ့ခံစားလိုက်ရခြင်းပင် ဖြစ်၏။

​"ဒီဘက်ကပါ ခင်ဗျာ..."

​ဝန်ထမ်း၏ ညွှန်ပြရာသို့ ကြည့်လိုက်မိသောအခါ ရှေ ာင်အိုင်း၏ ခြေလှမ်းတို့သည် တုန့်ခနဲ ရပ်တန့်သွား ရသည်။သူမရှေ့၌ ခန့်ညားထည်ဝါစွာ ရပ်နားထား သည်မှာ သေးငယ်သော ဂျက်လေယာဉ်လေး တစ် စင်း မဟုတ်ဘဲ ဘိုးရင်း 777 အမျိုးအစား လေယာဉ် ကြီးတစ်စင်း ဖြစ်နေသောကြောင့်ပင်။

လေယာဉ်ကိုယ်ထည်ပေါ်တွင် ထင်ထင်ရှားရှား ရှိနေ သော ယူနီဗာဆဲလ်လုပ်ငန်းစု ဟူသော တံဆိပ်ကို မြ င်လိုက်ရသည့်အခါ ရှောင်အိုင်း၏ ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားပြီး အချိန်အတော်ကြာအောင် မှင်တ က်သွားခဲ့ရသည်။

"ဘုရားရေ.ဒါက ပြည်တွင်းမှာတောင် ရှားပါးပြီး.. ကောင်းကင်နန်းတော်လို့တောင် တင်စားကြတဲ့ ထိပ်တန်းလေယာဥ်ကြီးပဲ.."

​သူမသည် အံ့သြလွန်းသဖြင့် ပါးစပ်အား လက်ဖြင့် ပင် အုပ်ထားမိသည်။အော်ဟစ်မိမည်ကို စိုးရိမ်မိ သောကြောင့်လည်း ဖြစ်သလို တစ်ဆက်တည်းမှာ လည်း လျူယောင်သည် ယူနီဗာဆဲလ်လုပ်ငန်းစု၏ သူဋေးကြီးဖြစ်ကြောင်းကို နောက်ကျမှ သူမ သိရှိလို က်ရသောကြောင့်လည်း ဖြစ်၏။

​လေယာဉ်အတွင်းပိုင်းသို့ သူမ ရောက်ရှိသွားသည့် အခါတွင်မူ ခမ်းနားထည်ဝါလှသော ဇိမ်ခံဒီဇိုင်းနှင့် အပြင်အဆင်တို့က သူမ၏ စိတ်ကူးထက် အဆပေ ါင်းများစွာ သာလွန်နေသည်ကို တွေ့လိုက်ရသည်။ အိစက်ညက်ညောလှသော ထိုင်ခုံကြီးပေါ်တွင် ထိုင် နေရင်း သူမသည် လှုပ်ရှားရန်ပင် ဝံ့ရဲခြင်းမရှိဘဲ ရှိန် နေမိသည်။ခဏအကြာမှာတော့လျူယောင်နှင့်လီချ န်လဲ့တို့ နှစ်ဦးသား လေယာဉ်ပေါ်သို့ တက်လာကြ၏ ။

ရှောင်အိုင်း အလျင်အမြန် ထရပ်၍ နှုတ်ဆက်လိုက် သည်။

​"အစ်ကိုလျူ.. အစ်မလဲ့... မင်္ဂလာပါ"

​လျူယောင်ကမူ အရင်အတိုင်းပင် အေးဆေးတည် ငြိမ်စွာဖြင့် ရင်းရင်းနှီးနှီး မေးမြန်းလိုက်သည်။

"ရှောင်အိုင်း.. ရောက်တာ ကြာပြီလား.."

​"မကြာသေးပါဘူးရှင့်... အစ်ကိုလျူက ယူနီဗာဆဲလ် လုပ်ငန်းစုရဲ့ သူဋေးကြီးမှန်း ကျွန်မ လုံးဝ မထင်ထာ းခဲ့ဘူး..တကယ်ကို လျှို့ဝှက်လွန်းပါတယ်ရှင်.." ရှောင်အိုင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

​လျူယောင် ပြုံးလျက်နှင့် အာမခံကာ ပြောလိုက်၏။

"ငါ့ကို..သာမန်လူတစ်ယောက်လိုပဲ သဘောထားပါ ..ပိုက်ဆံကုန်မှာကိုလည်း မစိုးရိမ်ပါနဲ့.. ဒီခရီးမှာ မင်း တို့ ပျော်ရွှင်ဖို့က အဓိကပါပဲ"

​ရှောင်အိုင်းသည် အခွင့်အရေးရခိုက် လေယာဉ်အ တွင်းပိုင်းပုံစံများအား ဓာတ်ပုံအဆက်မပြတ်ရိုက်၍ သူမ၏ လုပ်ငန်းခွင်အဖွဲ့ ဝီချက်ဂရု အတွင်းသို့ ပေးပို့ လိုက်သည်။

"၁၂ ရက် တိဗက်ခရီးစဉ် စတင်ပါပြီ.. အစ်ကိုလျူရဲ့ ကိုယ်ပိုင်ဂျက်နဲ့ သွားမှာပါ. ဒါက...ကျွန်မဘဝမှာ ပ ထမဆုံး ကိုယ်ပိုင်ဂျက် စီးဖူးတာပဲ" ဟူသော စာသာ းနှင့်အတူ ဓာတ်ပုံများ တက်လာသည့်အခါ အဖွဲ့ ဝ င်များအားလုံး အံ့အားသင့်ကာ ပွက်လောရိုက်သွား ကြတော့သည်။အထူးသဖြင့် လျူယောင်တို့အား အ ထင်သေးခဲ့သော ကျောက်ယန်ဟုန်မှာမူ နောင်တကြီ းစွာဖြင့် ကျောက်ရုပ်ကဲ့သို့ မှင်သက်ကာ ကျန်ရစ် နေပေသည်။

​ထိုအချိန်တွင်... အဝေးတစ်နေရာရှိ တောင်အတ္တလ န္တိတ် သမုဒ္ဒရာရေပြင်၌ အခြေအနေမှာတော့ တင်းမ ာလျက် ရှိနေ၏။

​M နိုင်ငံ အလံလွှင့်ထူထားသော စစ်သင်္ဘောကြီး သ ည် ပုံမှန်အတိုင်း ခရီးနှင်နေရင်း ရုတ်တရက် သင်္ဘေ ာတစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွား၏။သင်္ဘော အောက်ခြေမှ တစ်စုံတစ်ခုက တွန်းကန်နေသကဲ့သို့ ထူးဆန်းသော လှုပ်ရှားမှုများကြောင့် ကပ္ပတိန်အပါ အဝင် ဝန်ထမ်းအားလုံး ထိတ်လန့်သွားကြရသည်။

​"ဟေး..ကြည့်စမ်း.. အဲဒါ ဘာကြီးလဲ.."

​တစ်စုံတစ်ယောက်၏ ထိတ်လန့်တကြား အော်ဟစ် သံကြောင့် မှန်ပြင်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့် လိုက်မိသည့်အခါမှာတော့ သူတို့တစ်သက်တွင် တ စ်ခါမျှ မမြင်ဖူးသည့်အပြင် သိပ္ပံနည်းကျ ရှင်းပြရန် ပင် ခက်ခဲသော ထူးဆန်းထိတ်လန့်ဖွယ် မြင်ကွင်းမှာ သူတို့၏ ရှေ့မှောက်၌ ပေါ်ပေါက်လာပေသည်။