Chapters

သံမဏိပြားတောင်မှ စက္ကူတစ်ရွက်လို ပဲ

Vol. 36 Ch. 460

သံမဏိပြားတောင်မှ စက္ကူတစ်ရွက်လို ပဲ

Vol. 36 Ch. 460

မှောင်မိုက်လှသည့် ပင်လယ်ရေမျက်နှာပြင်အောက် မီတာအနည်းငယ်အကွာမှာတော့ ထူးဆန်းသော အ ရိပ်မည်းကြီးတစ်ခု ဝဲခိုနေ၏။ခဏအကြာတွင် ထိုဧ ရာမအရိပ်ကြီးသည် စစ်သင်္ဘော၏ ဝမ်းဗိုက်အော က်မှနေ၍ လျှပ်စီးလက်သကဲ့သို့ လျှင်မြန်လှသော အရှိန်နှုန်းဖြင့် ရုတ်တရက် ထွက်ခွာသွားသည်။သုံး စက္ကန့်မှ ငါးစက္ကန့်မျှသာ ကြာလိုက်သော်လည်း မြင် လိုက်ရသည့် မြင်ကွင်းမှာ သင်္ဘောသားတို့၏ သွေး ပျက်ဖွယ်ရာ အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။

​"ဘုရားရေ.. အဲဒါ ဘာကြီးလဲ.."

"ငါတို့တော့ သေပြီ... ဒါ ဘယ်လို သတ္တဝါကြီးလဲ.."

​ကြောက်လန့်တကြား အော်ဟစ်သံများမှာတော့ သ င်္ဘောပေါ်၌ ဆူညံသွား၏။

"ဒီကောင်ကြီးက အနည်းဆုံး ပေ ၃၀၀ တော့ ရှိမယ် ..ပင်လယ်မြွေ တော့မဖြစ်နိုင်ဘူး.. ဒီလောက်ကြီးမာ းတဲ့ ပင်လယ်မြွေမျိုး ကမ္ဘာပေါ်မှာ ရှိမှမရှိတာ.."

သင်္ဘောသားတစ်ဦးက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။နာမည်ကျော် လော့ခ်နက်စ် ဘီလူး ကြီးပင် ထိုအရာနှင့် နိူင်းယှဉ်လိုက်လျှင် သာမန် ငါး လေးတစ်ကောင်ကဲ့သို့ သေးငယ်သွားပေလိမ့်မည်။

​စစ်သင်္ဘောကပ္ပတိန်သည်လည်း မှင်သက်လျက် ပါး စပ်အဟောင်းသား ဖြစ်နေစဉ် အချက်ပေးသံများက နားကွဲမတတ် ထွက်ပေါ်လာခဲ့သည်။

"ပါဝါစနစ် ချို့ယွင်းနေပြီ..ဆက်သွယ်ရေးစနစ်တွေ အကုန်ပြတ်တောက်သွားပြီ.." ဟူသော အစီရင်ခံ သံ များက ကွပ်ကဲမှုခန်းမအတွင်း ပျံ့နှံ့နေ၏။ဒေါ်လာ တစ်ဘီလျံကျော်တန်သော ထိုခေတ်မီ ဒုံးပျံဖျက် သ င်္ဘောကြီးသည် မိနစ်ပိုင်းအတွင်းမှာပင် သံမဏိ သေ တ္တာကြီးတစ်လုံးကဲ့သို့ အသုံးမဝင်တော့ဘဲ တဖြည်း ဖြည်းချင်း နစ်မြုပ်လာပေသည်။

​စစ်သင်္ဘော၏ အောက်ခြေမှာမူ ဧရာမလက်သည်း ကြီးများဖြင့် ကုတ်ခြစ်ခံထားရသကဲ့သို့ အပေါက် ကြီးများ ဖြစ်ပေါ်နေကာ ပင်လယ်ရေများက အရှိန် အဟုန်ဖြင့် တိုးဝင်လာ၏။မိနစ် ၂၀ မပြည့်မီမှာပင် ထိုမာန်တက်နေသော စစ်သင်္ဘောကြီးသည် သမုဒ္ဒရ ာ၏ အမှောင်ထုအတွင်းသို့ ထာဝရ ငုပ်လျှိုး ပျော က်ကွယ်သွားပေတော့သည်။

​သမုဒ္ဒရာ၏ သွေးပျက်ဖွယ်ရာ ဖြစ်ရပ်များက လာ ဆာမြို့မှာ ရှိနေသော လျူယောင်တို့ထံသို့ အရိပ်အ ယောင်ပင် မသန်းနိုင်ခဲ့ပေ။လျူယောင်တို့အဖွဲ့သည် ဒေသတွင်း အကောင်းဆုံးဟိုတယ်၌ တည်းခိုရင်း တိဗက်၏ ထူးခြားသော အစားအစာများကို ပျော်ရွှ င်စွာ စားနေကြ၏။

​ဤခရီးစဉ်တွင် အေးအေးလူလူရှိနေသော်လည်း တိ ဗက်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် လီချန်လဲ့ မှာမူ အမြင့်ပိုင်းဒေသဖျားနာမှုကြောင့် အသက်ရှူရ အနည်းငယ် ခက်ခဲနေရှာသည်။သို့ပေမဲ့ လျူယောင် ဝယ်ပေးထားသည့် အောက်ဆီဂျင်ဘူးများကြောင့် သူမ၏ အခြေအနေမှာ တဖြည်းဖြည်း ပြန်လည်ကေ ာာင်းမွန်လာ၏။

​နောက်တစ်နေ့ နံနက်မှာတော့ သူတို့သည် ပူတာလ နန်းတော်သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ရွှေ ရောင်ဝင်းလက်နေသော နန်းတော်အတွင်းရှိ ရွှေ ကို ယ်ထည်တိုင်များနှင့်အဖိုးတန်ကျောက်မျက်ရတနာများအား မြင်တွေ့ရသောအခါ လျူယောင်ပင် မှင် သက်သွားရ၏။

လျူယောင် စိတ်ထဲမှ အံ့သြစွာ ရေရွတ်မိလိုက်သည် ။

"ဟာ..ငါ့ကိုယ်ငါ ချမ်းသာပြီလို့ ထင်ထားတာ.. ဒီနန်း တော်ထဲက ရွှေတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးပါ လား.."

​တစ်နေကုန် လည်ပတ်ပြီးနောက် ရှောင်အိုင်း ညွှန်း ဆိုသည့် စီချွမ်စားသောက်ဆိုင်တွင် ကောင်းမွန်သ ည့် ညစာကို သုံးဆောင်ခဲ့ကြသည်။ဟိုတယ်သို့ ပြန် ရောက်သောအခါ ရေနွေးဖြင့် ရေချိုးရန် လီချန်လဲ့ ပြင်ဆင်နေစဉ်တွင် လျူယောင်မှာမူ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ နားနေရင်း ဖုန်းအား ခဏ ထုတ်ကြည့် လိုက် ယသည်။

​ခဏအကြာတွင် အွန်လိုင်းပေါ်မှ သတင်းတစ်ပုဒ်က လျူယောင်၏ အာရုံကို ဖမ်းစားသွား၏။၎င်းက တောင်အတ္တလန္တိတ်သမုဒ္ဒရာတွင် M နိုင်ငံ၏ စစ်သ င်္ဘောတစ်စင်း နစ်မြုပ်သွားသည့် သတင်းပင် ဖြစ် သည်။

"အမ်..ပေ ၃၀၀ ရှည်တဲ့ အနက်ရောင်သားရဲလား အဲ ဒါ ငါ့ရဲ့ လိပ်ကြီး အရင်က တိုက်ခိုက်ခဲ့တဲ့ အကောင် မဟုတ်ဘူးလား.." လျူယောင် သံသယဝင်လာ၏။

​စစ်သင်္ဘော၏ ခိုင်မာလှသော သံမဏိပြားများကိုပ င် စက္ကူတစ်ရွက်ကဲ့သို့ ဆုတ်ဖြဲနိုင်သည့် ထိုသတ္တဝါ ကြီး၏ စွမ်းရည်အား တွေးရင်း မိမိ၏ သင်္ဘောများ အတွက် စိုးရိမ်ပူပန်စိတ်များဖြင့် လျူယောင် တိတ် ဆိတ်စွာ ငြိမ်သက်နေမိသည်။