← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အပိုင်း ၂၆၅ : အမြတ်များသော ရာထူး

ချန်းဖေးမှာ ဤဂီတသံစဉ်ကြောင့် လုံးဝဖမ်းစားခံလိုက်ရသည်။

ငါ့ရဲ့လက်ကျန်ဘဝ…

လေပြည်နဲ့နှင်းစက်တို့ဟာ မင်းပါ…

နေ့ရက်တိုင်းဟာ မင်းပါ…

ခက်ခဲမှုကလည်း မင်းပါပဲ…

….

လှပလွန်းလှသော သီချင်းစာသားများနှင့် အံ့ဖွယ်ကောင်းလှသော သံစဉ်….

လှပလွန်းသော ဤသတင်းက နာမည်ကြီးလာလိမ့်မည်ဟု ချန်းဖေး ခံစားမိသည်။ သို့သော် ဤသီချင်းကို သူ(မ) မကြားဖူးချေ။

လင်းဝမ်ယိုကလည်း တဟားဟားရယ်လျက် ပြောလိုက်၏။

"ရှင် ဘယ်ကြားဖူးမှာလဲ။ ဒီသီချင်းကို ယဲ့ချန်းကိုယ်တိုင် ကျွန်မအတွက် ရေးပေးထားတာ။ ကျွန်မရဲ့ဖုန်းRingtoneထားဖို့လေ။ ဒါကို အွန်လိုင်းမှာတောင် မတင်ဖူးဘူး"

ချန်းဖေးခမျာ ဤစကားကိုကြားပြီးနောက် လုံးဝထိတ်လန့်သွားသည်။

ပါရမီရှင်များမှာ သာမန်လူများအကြား ရှိနေခြင်းပင်။ ယခုလိုသီချင်းကောင်းတစ်ပုဒ်ကို ရေးစပ်နိုင်ခြင်းကြောင့် ယဲ့ချန်းမှာ သီချင်းရေးပါရမီရှင်တစ်ယောက်ပင် ဖြစ်ရမည်။

ချန်းဖေးလည်း မေးလိုက်မိသည်။

"ဒီသီချင်းရဲ့မူပိုင်ခွင့်ကို ကျွန်မကို ရောင်းပေးလို့ရမလား"

သူ(မ) ဤသီချင်းကို အလွန်သဘောကျသည်။

"ဟင့်အင်း"

ယဲ့ချန်းကမူ အေးတိအေးစက်ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ။ ကျွန်မ ဒီသီချင်းကို နာမည်ကြီးလာအောင် လုပ်ပေးနိုင်ပါတယ်"

ချန်းဖေးက အနည်းငယ်မလိုလားဟန်ဖြင့် ပြောလိုက်၏။

ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြသည်။

"ကျွန်တော်က ဒီသီချင်းကို ဝမ်ယို့ကိုပေးထားတာ။ ထုတ်လွှင့်တာမျိုးတွေ မလုပ်ချင်ဘူး"

ချန်းဖေးမှာ အားကျသွားရချေသည်။

ယောကျာ်းများမှာ သူ(မ)ကိုမြင်လျှင် နတ်ဘုရားမတစ်ပါးအလား ဆက်ဆံကြသည်။ သို့သော် ယဲ့ချန်းကတော့ သူ(မ)ကို အစမှ အဆုံးအထိတိုင် စိတ်ဝင်စားဟန်မပြပေ။

အစတုန်းက သူ(မ)အား ကားထဲဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့သည်။ ယခုမူ မူပိုင်ခွင့်မရောင်းနိုင်ဘူးဟု ဆိုလာပြန်သည်။

ချန်းဖေးလည်း ခဏမျှ တွေးကြည့်လိုက်သည်။

"ဒီလိုလုပ်ရင်ရော.. ရှင် ကျွန်မအတွက် သီချင်းတစ်ပုဒ်ရေးပေးနိုင်မလား"

"ဟင့်အင်း။ ကျွန်တော် တက္ကစီမောင်းရဦးမှာမို့.. အချိန်မရှိဘူး"

ယဲ့ချန်း ထပ်ငြင်းလိုက်ပြန်သည်။

"ကူလီနန်ကားနဲ့ တက္ကစီဆွဲနေတာတဲ့လား။ ဟာသပဲ"

လင်းဝမ်ယိုက ဘေးမှနေ၍ ပြောလာလေသည်။

"ယဲ့ချန်း.. ကျွန်မ အစ်မဖေးရဲ့သီချင်းတွေကို တကယ်သဘောကျတာ။ သူ့အတွက် တစ်ပုဒ်လောက်ရေးပေးလို့မရဘူးလား"

လင်းဝမ်ယို၏စကားကို ကြားသောအခါ ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေတော့သည်။

"ကောင်းပြီလေ။ ဒ ါပေမဲ့ သီချင်းတစ်ပုဒ်ကို ခြောက်သိန်းပေးရမယ်။ ပြီးတော့ မူပိုင်ခရဲ့သုံးပုံတစ်ပုံကို လိုချင်တယ်"

ယဲ့ချန်း၏ဈေးနှုန်းကိုကြားသောအခါ ချန်းဖေး တွေဝေသွားသည်။

ယဲ့ချန်းတောင်းဆိုသော ဈေးနှုန်း အလွန်မြင့်လှသည်။ ထိပ်တန်းတေးရေးဆရာတစ်ယောက်၏ ဈေးနှုန်းပင် ဖြစ်နေချေပြီ။

ချန်းဖေးက သီချင်းအယ်လ်ဘမ်တစ်ခုထုတ်ရန် ပြင်နေသော်လည်း စိတ်တိုင်းကျသော အဓိကသီချင်းကို မတွေ့သေးပေ။

ချန်းဖေးလည်း အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြောလိုက်လေသည်။

"ကောင်းပြီလေ။ ရှင်သာ ကျွန်မကျေနပ်လောက်မဲ့သီချင်းတစ်ပုဒ်ကို ရေးပေးနိုင်တယ်ဆိုရင် ကျွန်မလည်း သဘောတူပေးနိုင်တယ်"

ယဲ့ချန်းက ယုံကြည်မှုအပြည်ဖြင့် ပြောလိုက်သည်။

"မင်း သေချာပေါက်စိတ်တိုင်းကျစေရမယ်။ ကျွန်တော့်သီချင်းတွေအကုန်လုံးက စံတင်လောက်တာတွေချည်းပဲ"

ယုံကြည်မှုပြည့်ဝနေသော ယဲ့ချန်း၏စကားများကို ကြားသောအခါ ချန်းဖေးမှာ တဒင်္ဂမျှကြက်သေသေသွားရသည်။ ထိပ်တန်းအဆိုတော်များပင် ထိုကဲ့သို့သော ယုံကြည်မှုမျိုး မရှိကြချေ။

ယဲ့ချန်းက ချန်းဖေးကို ဟိုတယ်သို့ လိုက်ပို့ပေးခဲ့ပြီးနောက် လင်းဝမ်ယိုကို အိမ်သို့ ပြန်ခေါ်လာခဲ့လိုက်သည်။

"ဝမ်ယို..ဒီရက်ပိုင်း မင်း ပင်ပန်းသွားပြီ"

လင်းဝမ်ယိုမှာ ညင်သာစွာ ပြုံးပြလိုက်သည်။

"ရှင့်အတွက် လုပ်ပေးရတာကို ပင်ပန်းတယ်လို့ မအောက်မေ့ပါဘူး"

ယဲ့ချန်းကမူ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

"ဒီနေ့ ကိုယ် မင်းကို ကောင်းကောင်းဆုချမယ်"

ယဲ့ချန်း၏စကားကိုကြားသောအခါ လင်းဝမ်ယိုမှာ ရှက်သွေးဖြာသွားလေသည်။

"ရှင်က ကျွန်မကို ဘယ်လိုဆုချမှာလဲ"

ယဲ့ချန်းက လင်းဝမ်ယိုကို ကောက်ပွေ့ကာ အိပ်ရာထက်သို့ ပစ်ချလိုက်သည်။

"ကိုယ် မင်းကို ဘယ်လိုဆုချမှာလဲဆိုတာ အခု သိပြီလား"

….

နောက်တစ်နေ့မနက်တွင် ယဲ့ချန်းသည် လင်းဝမ်ယိုပြင်ပေးထားသော မနက်စာကိုစားသောက်ပြီးနောက် တက္ကစီမောင်းရန် ထွက်လာခဲ့လိုက်သည်။

သို့သော် ယနေ့တွင်မူ ယဲ့ချန်းသည် ရှားလိကားဖြင့် ထွက်လာခဲ့ခြင်းဖြစ်၏။

ဟားမ်စ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရွှေကိုင်းတပ်မျက်မှန်ကို တပ်ထားကာ ပါတက်ခ်ဖီးလစ်နာရီကို ပတ်ထားသည့် အမျိုးသားတစ်ယောက်မှာ အလွန်သားနားနေပေသည်။

မိန်းကလေးမှာ ကားထဲသို့ဝင်လာပြီးနောက် စောဒကတက်လေတော့သည်။

"ရှားလိတက္ကစီကြီးနဲ့တိုးတာ ကျွန်မတို့ ဘယ်လောက်တောင်ကံဆိုးတာလဲ"

အမျိုးသားက ရယ်လိုက်၏။

"ဘေဘီကလည်း နည်းနည်းတော့သည်းခံလိုက်ပါ။ ကိုယ့်ရဲ့Cayenneကားကို ပစ္စည်းပို့သမားက ဝင်တိုက်သွားလို့ ဝပ်ရှော့ပို့ထားတာကြောင့်သာမဟုတ်ရင် ဒီလိုကားစုတ်ကြီးကို စီးရမှာမဟုတ်ဘူး"

"အဲဒီပစ္စည်းပို့သမားက ကိုယ့်ရဲ့Cayenneကားကို ဝင်တိုက်မိမှန်းလည်းသိရော အသည်းအသန်ငိုတော့တာပဲ"

"အွန်လိုင်းပေါ်က ဟိုငတုံးတွေလိုမျိုး အဲဒီပစ္စည်းပို့သမားကို ရှင် ဒီတိုင်းလွှတ်ပေးလိုက်တာတော့ မဟုတ်ဘူးမလား"

မိန်းကလေးက မေးလိုက်လေသည်။

"ဘယ်လိုလုပ်လွှတ်ပေးရမှာလဲ။ သူ့ကို တစ်သိန်းလျော်ခိုင်းလိုက်တယ်လေ။ အဲဒီပစ္စည်းပို့သမားက မျက်ရည်ပင်လယ်ဝေနေတာ။ အဲဒီပိုက်ဆံက သူ ရွာပြန်ပြီး မိန်းမယူဖို့အတွက် သူ နှစ်နှစ်လောက်စုထားတာတဲ့။ ဟားဟား…"

မောက်မာလှသော ထိုလူ၏ရယ်သံကို ကြားသောအခါ ယဲ့ချန်းမှာ အလွန်စက်ဆုပ်သွားရသည်။

တစ်သိန်းဟူသော ပမာဏမှာ ဤလူ့အတွက် ထမင်းဖိုး သို့မဟုတ် နိုင်ငံခြားခရီးစဉ်တစ်ခေါက်စာသာ ရှိသည်။ သို့သော် အခြားလူတစ်ယောက်အတွက်မူ ပိုင်ဆိုင်မှုအကုန် ဖြစ်နေနိုင်သည်။

အခြားလူ၏အနာဂတ်ကို ဖျက်ဆီးခဲ့ပြီး သာယာပျော်ရွှင်နေခြင်းမျိုးကို ယဲ့ချန်း အလွန်စက်ဆုပ်ရွံရှာသည်။

ထိုလူက သူ့ကောင်မလေးရှေ့တွင် ဆက်ကြွားနေသည်။

ထိုကောင်မလေးကလည်း မေးလိုက်၏။

"အချစ်.. ရှင် ဒီလောက်အထိချမ်းသာရအောင် ဘာအလုပ်လုပ်တာလဲ"

ထိုလူက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။

"ကိုယ်က မယ်ရီယော့ဟိုတယ်က အဝယ်တော်ဌာနမှာ အလုပ်လုပ်တာလေ။ ဟိုတယ်အတွက် အစားအသောက်တွေကို ဝယ်ရတဲ့တာဝန်ကို ယူထားတာလေ"

ထိုအမျိုးသမီးမှာမူ ထိုစကားကိုကြားပြီးနောက် စိတ်ပျက်သွားလေဟန်ပင်။

"အာ..အဝယ်တော်လား"

ယဲ့ချန်းလည်း အတန်ငယ်အံ့အားသင့်သွားရသည်။ ဤလူက မယ်ရီယော့ဟိုတယ်တွင် အလုပ်လုပ်နေမည်ဖြစ်ကြောင်း သူ မထင်ထားပေ။

မယ်ရီယော့ဟိုတယ်၏ ပင်မရှယ်ယာရှင်တစ်ယောက်အနေနှင့် ယဲ့ချန်းမှာ တိုက်ရိုက်ထိတွေ့မှုမရှိသော ဘော့စ်တစ်ယောက်လိုပင်။ ဟိုတယ်၏စီမံခန့်ခွဲရေးဝန်ထမ်းများအကြောင်း သူ လုံးဝမသိချေ။

ထိုလူက ဆက်ကြွားပြန်သည်။

"ကိုယ့်အလုပ်ကို အထင်မသေးနဲ့နော်။ မင်းကိုပြောမယ်။ ကိုယ့်အလုပ်က တအားမကြီးကျယ်ပေမဲ့ အမြတ်များတဲ့ရာထူးကွ။ အဲဒီရုံးဝန်ထမ်းတွေက သားနားပုံပေါ်ပေမဲ့ ကိုယ်နဲ့ယှဉ်လိုက်ရင် အမှိုက်တွေချည်းပဲ"

"ကျစ်… ရှင်က ဟိုတယ်အတွက် အစားအသောက်တွေ ပါဝင်ပစ္စည်းတွေ ဝယ်ပေးရရုံပဲ မဟုတ်ဘူးလား။ တော်တော်အထင်ကြီးဖို့ကောင်းနေလို့လား"

ထိုလူက သရော်လိုက်သည်။

"စားသောက်ကုန်တွေတဲ့လား။ ကိုယ့်ယောက်ဖက ဘယ်သူလဲဆိုတာ မင်းသိလား။ မယ်ရီယော့ဟိုတယ်ရဲ့ အထွေထွေလက်ထောက်မန်နေဂျာနော်။ ကိုယ်က အဝယ်တော်ဌာနမှာ ဘာလို့ ခေါင်းဆောင်နေရာရထားတာလဲ။ ဘာလို့လဲဆိုတော့ အဲဒီရာထူးက အမြတ်များလို့ပေါ့။ ဟိုတယ်ရဲ့ဝယ်ခြမ်းရေးကိစ္စတွေကို စီစဉ်ပေးနေရတာဆိုတော့ ကိုယ် တစ်လကို ဘယ်လောက်လောက် ဖြောင်လို့ရလဲဆိုတာ မှန်းကြည့်လိုက်"

အရှေ့တွင် တက္ကစီဒရိုင်ဘာ ရှိနေပါသော်ငြား ထိုလူကတော့ ထိန်းချုပ်မထားပေ။

သူ့အမြင်တွင် တက္ကစီဒရိုင်ဘာတစ်ယောက်က အဆင့်နိမ့်ထဲမှ ငါးသေးသေးလေးတစ်ကောင်သာ။ ယခုလိုကိစ္စမျိုးကို သူ့ရှေ့တွင် ထုတ်ပြောခြင်းမှာ ပြဿနာမရှိနိုင်ပေ။

တက္ကစီဒရိုင်ဘာက မယ်ရီယော့ဟိုတယ်၏ ပင်မရှယ်ယာရှင်ဖြစ်နေလိမ့်မည်ဟု ထိုလူ လုံးဝထင်မထားချေ။

ထိုအမျိုးသမီးကလည်း ဤလူ၏ ကြွားလုံးထုတ်နေသော ပုံစံကို စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လိုက်လေသည်။

"တစ်သောင်းလား"

ထိုလူက ခေါင်းခါယမ်းပြသည်။

"တစ်သိန်းလား"

ထိုအမျိုးသမီးက ဆက်ခန့်မှန်းကြည့်လိုက်သည်။

ထိုလူကတော့ ခေါင်းခါပြနေဆဲသာ။ အမျိုးသမီးမှာမူ အတန်ငယ်စိတ်လှုပ်ရှားလာသည်။

"တစ်သန်းများလား"

ထိုအမျိုးသားက ဘဝင်ခိုက်လေဟန်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလာသည်။

"မှန်တယ်။ တစ်သန်းပဲ"

"အမလေး.တစ်သန်းတောင်မှလား။ အချစ်.. ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ"

တစ်သန်းဟူသော ပမာဏကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးမှာ ထိုလူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

ထိုအမျိုးသမီး၏အပြုအမူကို မြင်လိုက်ရချိန်တွင် အမျိုးသားဖြစ်သူမှာ ဂုဏ်ယူဝင့်ကြွားစိတ်များဖြင့် ပြည့်နှက်သွားသည်။ ဤဟိတ်ဟန်ထုတ်မှုမှာ အလွန်ကောင်းလှကြောင်း သူ ခံစားလိုက်ရသည်။

ဤလူ့တွင် သူ(မ)တစ်ယောက်တည်းရှိခြင်းမဟုတ်ကြောင်း ထိုအမျိုးသမီးလည်း ကောင်းကောင်းသိသည်။

ထို့ကြောင့် ဤလူ့အကြောင်း သူ(မ) ပိုသိချင်မိသည်။ သို့မှသာ နောက်နောင်တွင် သူ့ကို ခြိမ်းခြောက်ပြီး အကျိုးအမြတ်များကို ရရှိနိုင်မည်သာ။

ထိုအမျိုးသမီးက ပြောလိုက်၏။

"ရှင် ကျွန်မကိုလိမ်နေတာမဟုတ်ဘူးမလား။ အစားအသောက်ဝယ်ပေးရုံနဲ့ ဘယ်လိုလုပ်ပြီး တစ်သန်းတောင်ရမှာလဲ"

ထိုအမျိုးသားက ကြွားဝါလိုက်လေသည်။

"မင်း နားမလည်သေးဘူးပဲ။ ကိုယ်က ပစ္စည်းတွေဝယ်တဲ့အခါ အမြင့်ဆုံးဈေးတွေကိုပဲ ပေးလိုက်တာ။ ဥပမာပြောရရင် အထူးသီးသန့်ကမာကောင်က တစ်ထောင်ဆိုပြီး စာရင်းတင်လိုက်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ တစ်ရာလောက်နဲ့တင် ဝယ်လို့ရတယ်။ ဒီတော့ ကိုယ့်အိတ်ထဲကို ကိုးရာလောက် ရောက်လာတာပေါ့။ ကိုယ်တို့မယ်ရီယော့ဟိုတယ်က ပါဝင်ပစ္စည်းတွေအများကြီးကို သုံးရတယ်လေ။ ဒီတော့ ကိုယ် တစ်လကို ဘယ်လောက်ရမလဲဆိုတာ ခန့်မှန်းကြည့်လိုက်"

ထိုမိန်းကလေးမှာ စိတ်လှုပ်ရှားသွားချေသည်။

"အချစ် ရှင်က အရမ်းတော်တာပဲ။ ပိုက်ဆံရှာနည်းက အရမ်းမိုက်တာပဲ"

ထိုအမျိုးသားမှာ မာန်တက်သွားလေသည်။

"အဲဒါက ကိုယ့်ရဲ့အရောင်းနည်းဗျူဟာလေ။ တကယ်တော့ ကိုယ့်မှာ ပိုက်ဆံရှာရမဲ့ နည်းလမ်းတွေအများကြီးရှိတယ်။ စားသောက်ကုန်တွေဆီက ဖြတ်စားရုံနဲ့တင် တစ်နှစ်ကို သန်းပေါင်းများစွာဝင်တယ်။ သူတို့ ကိုယ့်ကို လာဘ်မထိုးဘူးဆိုရင် သူတို့ရဲ့ထုတ်ကုန်တွေကိုလည်း လာရောင်းဖို့ စိတ်မကူးနဲ့တော့ပဲ"

ဤသို့ပြောပြီးနောက် ထိုအမျိုးသားက ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။

ကားထဲသို့ ဝင်လာပြီးကတည်းက သူ့ကောင်မလေးက ယဲ့ချန်းကို ခိုးခိုးကြည့်နေကြောင်း သူ သတိထားမိသဖြင့် အလွန်စိတ်မသက်မသာဖြစ်ရသည်။

ထိုလူက နှာခေါင်းရှုံ့လိုက်လေသည်။

"အခုခေတ်လူ့အဖွဲ့အစည်းကြီးမှာ မျက်နှာကသာ အရာရာဖြစ်နေတာ။ ရုပ်ချောတာက ဘာသုံးစားလို့ရလို့လဲ"

သူက မျက်လုံးအစုံကို မှေးကျဉ်းလျက် သူ့ကောင်မလေးရှေ့တွင် ယဲ့ချန်းကို အရှက်ခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

•••••••••••••

အပိုင်း ၂၆၆ : အခြေအနေက နည်းနည်းနေရခက်တယ်

ထိုအမျိုးသားဘေးရှိ အမျိုးသမီးက ယဲ့ချန်းကို ရင်းနှီးနေသလို ခံစားရသည်။ ထို့ကြောင့် မမေးဘဲ မနေနိုင်တော့ချေ။

"တက္ကစီဒရိုင်ဘာ.. ရှင့်နာမည်က ယဲ့ချန်းလား"

ယဲ့ချန်းလည်း အံ့အားသင့်သွားပြီး သူ့အနောက်ရှိ အမျိုးသမီးကို ကြည့်လိုက်မိသည်။ အမှန်ပင်။ အနောက်ရှိ အမျိုးသမီးမှာ အလွန်ရင်းနှီးနေသည်။

"မင်းက ဘယ်သူလဲ"

"အိုး… ကျွန်မက ရှင့်ရဲ့အလယ်တန်းတုန်းက အတန်းဖော် ဖန်ရှောင်းတိလေ"

"ဖန်ရှောင်းတိလား"

ယဲ့ချန်းလည်း သူ(မ)ကို အမှတ်ရလိုက်သည်။

သူတို့နှစ်ယောက်က အလယ်တန်းတုန်းက အတန်းဖော်များပင်။ ဖန်ရှောင်းတိက ထိုစဉ်တုန်းက သူ့အား လိုက်ခဲ့ဖူးသည်။

ကံဆိုးချင်တော့ ယဲ့ချန်းက စာလေ့လာရေးကိုသာ အာရုံစိုက်ခဲ့သဖြင့် သူ(မ)ကို အရေးမလုပ်ခဲ့ချေ။

ဖန်ရှောင်းတိမှာ သူ(မ)၏ ခရက်ရှ်ကို ပြန်တွေ့ရသည့်အတွက် အလွန်စိတ်လှုပ်ရှားမိသည်။

သူသည် သူ(မ)၏အချစ်ဦးပင်။

သို့သော် ယခင်တုန်းက ယဲ့ချန်းက အလွန်သီးခြားနေတတ်ပြီး သူ(မ)ကိုလည်း အရေးမလုပ်ဘဲ စာလေ့လာရေးကိုသာ အာရုံစိုက်ထားတတ်သည်။

ယဲ့ချန်းက ထူးခြားလိမ့်မည်ဟု ဖန်ရှောင်းတိ ထင်ခဲ့မိသည်။ ယခုမူ ထိပ်တန်းကျောင်းသားဟောင်းက တက္ကစီမောင်းနေလေသည်။

ဤသည်မှာ အလွန်ရယ်ရသည်။

ဖန်ရှောင်းတိ၏မျက်နှာထက်တွင် လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

သူ့ချစ်သူနှင့် ယဲ့ချန်း အတန်းဖော်များဖြစ်ကြောင်း သိလိုက်ရသည့် ထိုအမျိုးသားကလည်း ခပ်ပြတ်ပြတ်ပြုံးလိုက်သည်။

ဤသည်မှာ ကြွားဝါရန် အခွင့်ကောင်းတစ်ခုပင်။

"ရှောင်းတိ… ဒါက မင်းရဲ့အတန်းဖော်လား။ သူက တက္ကစီမောင်းနေတာပေါ့"

"ဟုတ်တယ်။ ယဲ့ချန်း နင်က အရင်တုန်းက စာအရမ်းတော်တာပါ။ ဘာလို့ တက္ကစီမောင်းနေတာလဲ"

ဖန်ရှောင်းတိလည်း အလွန်သိချင်မိသည်။

သူတို့နှစ်ယောက်ထံမှ လှောင်ပြောင်စကားများကို ကြားလိုက်ရသည့်အခါ ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"တက္ကစီမောင်းတာက ဘာဖြစ်နေလို့လဲ။ ငါကတော့ တော်တော်အဆင်ပြေတယ်လို့ ထင်တာပဲ"

"တက္ကစီမောင်းတာက အဆင်ပြေတယ်ပေါ့။ ကိုယ့်လူ.. မင်း တစ်လကို ပိုက်ဆံဘယ်လောက်ရလဲ"

ယဲချန်းကလည်း ပြန်ဖြေသည်။

"လေးထောင်ငါးထောင်လောက်ပေါ့"

ဖွီး!

ထိုလူက အောင်နိုင်သူအလား ရယ်လိုက်ချေသည်။

"လေးထောင်ငါးထောင်လား။ မင်းက ဒါကို အဆင်ပြေတယ်လို့ပြောနေတာလား။ အဲဒီလောက်ကတော့ ငါ တစ်နာရီလောက်လေး ဖြတ်စားလိုက်ရုံနဲ့ရပြီ"

ဖန်ရှောင်းတိကလည်း ရယ်လိုက်သည်။

"ယဲ့ချန်း..နင် ဒီလောက်ဆင်းရဲလိမ့်မယ်လို့ ထင်မထားဘူး။ ငါ့ချစ်သူက ဘယ်လောက်တောင်တော်သလဲလို့ ကြည့်စမ်းပါဦး။ ဒီဒီဇိုင်နာဘရန်းတွေကို သူပဲ ငါ့အတွက် ဝယ်ပေးထားတာလေ"

သူ့ရှေ့တွင် ကြွားလုံးထုတ်နေသော ဤလူနှစ်ယောက်ကိုကြည့်ရင်း ယဲ့ချန်း ခပ်ဖွဖွသာ ပြုံးလိုက်မိသည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ယဲ့ချန်းလည်း ဘလူးတုနှင့်ချိတ်ထားသဖြင့် ကားစပီကာမှာ ချိတ်ပြီသားဖြစ်နေသည်။

"ဟယ်လို ဘယ်သူပါလဲ"

"ဟယ်လို ဥက္ကဋ္ဌယဲ့… ကျွန်တော်က မယ်ရီယော့အစားအသောက်ဧည့်ခံရေးဌာနက အထွေထွေမန်နေဂျာ ထျန်းဖန်ပါ။ ဒီည မယ်ရီယော့ဟိုတယ်မှာ နှစ်ကုန်အစည်းအဝေးတစ်ခုရှိလို့။ ဥက္ကဋ္ဌယဲ့များ တက်နိုင်မလားမသိဘူး"

ရုတ်ခြည်းပင် ကားထဲရှိ အခြေအနေကား နေရခက်သွားလေသည်။

ဖန်ရှောင်းတိခမျာ ထိတ်လန့်သွားလေသည်။ သူ(မ)ဘေးရှိ အမျိုးသားကလည်း ကြောင်အမ်းသွားချေသည်။

ဘာတွေဖြစ်နေတာလဲ?

ထိုလူသည် ယဲ့ချန်းရှေ့တွင် အရူးအမူးကြွားလုံးထုတ်နေခဲ့ပြီး သူ့ကို လှောင်ပြောင်ရင်း သူ အလွဲသုံးစားလုပ်ခဲ့သည့် ပိုက်ဆံများအကြောင်းပါ ထုတ်ပြောခဲ့သေးသည်။

သို့သော် ယခုမူ မယ်ရီယော့ဟိုတယ်၏ အထွေထွေမန်နေဂျာက ယဲ့ချန်းကို နှစ်ကုန်အစည်းအဝေးသို့ ဖိတ်နေချေသည်။ ဤလူ့တွင် မည်သို့သော နောက်ခံမျိုး ရှိနေလေသလဲ။

အထွေထွေမန်နေဂျာကိုယ်တိုင် ဖိတ်ကြားရသည့် တစ်စုံတစ်ယောက်မှာ အလွန်ထူးခြားသူဖြစ်ရမည်ဟု ထိုလူ သဘောပေါက်လိုက်သည်။ မယ်ရီယော့လုပ်ငန်းစု၏ ပင်မရှယ်ယာရှင်တစ်ယောက်လည်း ဖြစ်နိုင်သည်။

အစောတုန်းက သူပြောခဲ့သည့် စကားများကို ပြန်တွေးမိသောအခါ ထိုလူ့မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်သွားရသည်။

ယဲ့ချန်း ရယ်လိုက်မိသည်။

"ဥက္ကဋ္ဌထျန်း.. ကြည့်လိုက်ဦးမယ်လေ။ ကျွန်တော် ဒီည အချိန်ရရင် လာခဲ့ပါ့မယ်"

"ကောင်းပါပြီ။ ခင်ဗျား လာခဲ့ရမယ်နော်"

ဖုန်းချပြီးနောက် ကားထဲတွင် တိတ်ဆိတ်မှုကြီးက ကြီးစိုးသွားလေသည်။

ယဲ့ချန်းကလည်း ကားထဲရှိ နေရခက်မှုကို အာရုံခံမိဟန်ဖြင့် ရယ်လိုက်လေသည်။

"စိတ်မလှုပ်ရှားပါနဲ့။ မိတ်ဆွေတစ်ယောက်က ဖုန်းခေါ်ပြီး စနေတာပါ။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်သက်သက်ပါ။ မယ်ရီယော့ဟိုတယ်က ကျွန်တော့်ကို နှစ်ကုန်အစည်းအဝေးတက်ဖို့ ဘယ်လိုလုပ်ပြီးဖိတ်မှာလဲ"

"ဘယ်လိုလုပ်ပြီး ဒီလိုစနောက်နိုင်ရတာလဲ။ လန့်သေတော့မလို့"

ထိုလူလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"ငါတို့ ခုနတုန်းက ပြောလိုက်တဲ့စကားက သူ့ကို ရန်စသလိုဖြစ်သွားလို့ ပြန်ကြွားတာနေမှာပေါ့။ မင်းရဲ့ အတန်းဖော်က ဆင်းရဲပေမဲ့ ကြွားရတာကိုတော့ တယ်ကြိုက်တာပဲ။ အရမ်းရယ်ရတယ်"

ဖန်ရှောင်းတိ သက်ပြင်းချလိုက်မိသည်။

"ယဲ့ချန်း.. ကျွန်မ ရှင့်ကို တကယ်စိတ်ပျက်မိတယ်"

ယဲ့ချန်းကမူ ဘာမှပြန်မပြောဘဲ အသာပြုံးရုံပြုံးလိုက်သည်။ အလယ်တန်းကျောင်း အတန်းဖော်တဲ့လား။

မင်းက သိပ်အထင်ကြီးဖို့ကောင်းနေရင်တော့ အတန်းဖော်ပေါ့…

တကယ်လို့ အရှုံးသမားဖြစ်နေရင်တော့ တက်နင်းပစ်ရမှာပဲ…

….

နေ့လယ်ခင်းတွင် ယဲ့ချန်းက တက္ကစီထပ်မောင်းလိုက်သေးသည်။

ထိုအချိန်တွင် ထျန်းဖန်ဆီမှ ဖုန်းထပ်ဝင်လာသည်။

"ဥက္ကဋ္ဌယဲ့..ကျွန်တော်တို့ဥက္ကဋ္ဌဖန်က ခင်ဗျားကို သေချာပေါက်လာရမယ်လို့ ပြောနေတယ်ဗျ"

အစကမူ ယဲ့ချန်း မသွားချင်ခဲ့ပေ။ သို့သော် ဆက်တိုက်ဖိတ်ကြားနေသဖြင့် ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်သည်။

"ကောင်းပါပြီ။ ကျွန်တော် ခဏနေရင် လာခဲ့ပါ့မယ်"

ယဲ့ချန်းလည်း အိမ်ပြန်၍ လိုင်ကန်ပြိုင်ကားကို လဲစီးလာခဲ့လိုက်သည်။ ဤကဲ့သို့သော အခမ်းအနားမျိုးကို တက်ရမည်ဖြစ်ရာ ရှားလိကားဖြင့် သွားလျှင် မသင့်တော်ပေ။

ယဲ့ချန်း ပါကင်ထိုးလိုက်ချိန်တွင် ဘန်ထလေကားတစ်စီးက သူ့ဘေးတွင် ထိုးရပ်လိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကားထဲမှ ဆင်းလာပြီးနောက် ယဲ့ချန်းကို နွေးထွေးစွာ ကြည့်လိုက်သည်။

"ဥက္ကဋ္ဌယဲ့… ကျွန်တော် ခင်ဗျားသတင်းတွေကို ကြားဖူးနေတာကြာပြီ။ အခုမှပဲ လူချင်းတွေ့ရတော့တယ်"

ယဲ့ချန်းမှာ သူ့ကိုကြည့်ရင်း အတန်ငယ်ကြောင်အနေမိသည်။ သူ့လက်အောက်တွင် လုပ်ငန်းစု ဘယ်နှခုလောက်ရှိသလဲဆိုသည်ကို သူ မမှတ်မိတော့သဖြင့် ဤလူက မည်သူမည်ဝါဖြစ်ကြောင်းလည်း မသိပေ။

"ခင်ဗျားက…"

"ကျွန်တော်က ထျန်းဖန်ပါ။ ခင်ဗျားကို ဒီနေ့ နှစ်ကုန်အစည်းအဝေးတက်ဖို့ ဖိတ်ကြားတဲ့လူပါ"

"ဪ ဥက္ကဋ္ဌထျန်း မင်္ဂလာပါ"

သူတို့နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထို့နောက် မယ်ရီယော့ဟိုတယ်ထဲသို့ အတူဝင်လာခဲ့လိုက်သည်။

သူတို့နှစ်ယောက် ဝင်သွားပြီး သိပ်မကြာခင်မှာပင် Cayenneကားတစ်စီးက ကားပါကင်တွင် နေရာယူလိုက်သည်။

ဒီဇိုင်နာထုတ် အသုံးအဆောင်များဖြင့် ပြည့်နှက်နေသော အမျိုးသားတစ်ယောက်က ဖန်ရှောင်းတိကို ကားထဲမှ စောင့်ကြပ်၍ ခေါ်ထုတ်လာသည်။

ထိုလူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ရှောင်းတိ.. ဒီတစ်ခေါက် ကိုယ်တို့ရဲ့နှစ်ကုန်ညစာစားပွဲကို တက်တဲ့လူတွေက မိုတုမြို့ထဲက လူကုံထံအသိုင်းအဝိုင်းတွေပဲ။ မင်းကို အခုလိုခေါ်လာပေးတယ်ဆိုတာ အမြင်ကျယ်သွားအောင်လို့"

ညစာစားပွဲက ဘူဖေးစတိုင်လ်ပင်။

"မင်းလည်း ရောက်လာပြီကိုး"

ထိုအချိန်ဝယ် အသက်ငါးဆယ်အရွယ် ဝဖိုင့်ဖိုင့်အမျိုးသားကြီးတစ်ယောက်က အနားသို့ လျှောက်လာသည်။

"ဦးလေး ရောက်လာပြီလား။ အရမ်းကြည့်ကောင်းနေတယ်နော်"

"ဟားဟား မဆိုးပါဘူးကွာ။ ဒါက ဘယ်သူပါလိမ့်"

"သူက ကျွန်တော့်ကောင်မလေး ဖန်ရှောင်းတိတဲ့"

"ဪ မင်္ဂလာပါ အလှလေး"

ထိုအမျိုးသားကြီးက ဖန်ရှောင်းတိ၏လက်ကို ဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။ သူ့ပုံစံကား လိုချင်တပ်မက်မှုများ အပြည့်ပင်။

လုသုန်းကမူ ဒေါသမထွက်ပါဘဲ ဤအမျိုးသမီးကို သူ့ဦးလေးအား ပေးသင့်မပေးသင့် စဉ်းစားနေသည်။

ဟိုတယ်ထဲသို့ရောက်သော် သူတို့သုံးယောက်သား ထိုင်စရာနေရာတစ်နေရာ ရှာတွေ့လိုက်သည်။

လုသုန်း ရယ်လိုက်မိသည်။

"ဦးလေး.. ဒီနေ့ ကျွန်တော်တို့ ဖန်ရှောင်းတိရဲ့အတန်းဖော်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက တက္ကစီဒရိုင်ဘာတဲ့။ မှန်းကြည့်လိုက်။ သူ့အတန်းဖော်က ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌထျန်းက နှစ်ကုန်ညစာစားပွဲကို လာခဲ့ဖို့ ဖိတ်ပါတယ်ဆိုပြီး သူ့ကိုဖုန်းခေါ်နေသလို ဟန်ဆောင်ပြခဲ့တာလေ"

လုသုန်း၏စကားကိုကြားသော် အနားရှိ လူများမှာ မရယ်ဘဲ မနေနိုင်ကြပေ။

လုမင်လည်း အားရပါးရ ရယ်လိုက်မိသည်။

"တချို့လူတွေက လူသာဆင်းရဲတာ။ ကြွားရတာကိုတော့ တအားကြိုက်တာ"

လုသုန်းမှာ ဘဝင်ခိုက်နေဟန်ဖြင့် ပြုံးရယ်ရင်း အမူအရာကား ချက်ချင်းပြောင်းလဲသွားလေသည်။

အကြောင်းမှာ ယဲ့ချန်းက ဟိုတယ်အထွေထွေမန်နေဂျာနှင့် ရယ်ကာမောကာ စကားပြောနေကြောင်း သူ မြင်လိုက်ရသောကြောင့်ပင်။

မဖြစ်နိုင်ပေ။

ရုတ်ခြည်းပင် လုသုန်းခမျာ ချွေးအေးများ ထွက်လာလေသည်။

ဘုရား‌ရေ.. တကယ်ကြီးများလား?

တက္ကစီထဲတွင် သူပြောခဲ့သည့်စကားများကို ပြန်တွေးမိသောအခါ လုသုန်းမှာ စိတ်ထဲ နေလို့မကောင်းတော့ချေ။

လုမင်ကလည်း လုသုန်း၏ မူမမှန်သော အမူအရာကို သတိထားမိသဖြင့် စိတ်ရှုပ်ထွေးစွာ မေးလိုက်ချေသည်။

"လုသုန်း.. ဘာဖြစ်တာလဲ"

မျက်နှာပျက်ယွင်းနေသော လုသုန်းခမျာ စကားဆိုလာလေသည်။

"ဦးလေးမင်.. ကျွန်တော် ပြောစရာတစ်ခုရှိတယ်"

"ဘာပြောမှာလဲ"

လုမင်လည်း ဝိုင်တစ်ငုံမော့သောက်ရင်း အေးအေးလူလူပြန်ဖြေလိုက်သည်။

"ကျွန်တော် အခုလေးတင် ယဲ့ချန်းကိုမြင်လိုက်တယ်။ သူက ဥက္ကဋ္ဌထျန်းနဲ့ စကားပြောနေတာ"

"ဘာ?"

လုမင်၏အမူအရာကား ရုတ်ခြည်းတောင့်ခဲ့သွားသည်။

သူလည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် လုသုန်းကို ပြောလိုက်လေသည်။

"မင်း သူ့ကို လွန်လွန်ကျူးကျူးစကားတွေတော့ မပြောခဲ့ပါဘူးနော်"

လုသုန်းခမျာ ငိုမိတော့မတတ်ပင်။

"နည်းနည်းတော့ ပြောခဲ့တယ်"

"ဘာ?"

လုမင်၏မျက်နှာကား ချက်ချင်းဆိုသလို တည်ကြည်သွားလေသည်။

"မင်း ဘာပြောခဲ့တာလဲ"

လုမင်က စိုးရိမ်တကြီး မေးကြည့်လိုက်သည်။

"သူက ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်မှန်း ကျွန်တော် တကယ်မသိခဲ့လို့ လာဘ်စားခဲ့တဲ့ ကိစ္စမှန်သမျှကို အကုန်ပြောပြခဲ့မိတယ်"

"ငတုံးကောင်.. မင်း သေချင်နေတာလား။ အဲဒီလိုကိစ္စမျိုးကို လူရှေ့သူရှေ့ ထုတ်ပြောစရာလား"

"သူက တက္ကစီဒရိုင်ဘာလို့ ကျွန်တော် ထင်ခဲ့တာလေ။ ကျွန်တော် တစ်ခုခုပြောခဲ့မိရင်တောင် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ခဲ့မိတာ"

လုသုန်းခမျာ မတရားစွပ်စွဲခံရလေဟန်ဖြင့် ပြောလိုက်သည်။

••••••••••••••••••••

အပိုင်း ၂၆၇ : ယဲ့ချန်း၏ဂုဏ်သတင်း

မယ်ရီယော့ဟိုတယ်၏ ဂုဏ်သရေရှိဒါရိုက်တာတစ်ယောက်က တက္ကစီမောင်းနေလိမ့်မည်ဟု လုသုန်းက မည်သို့ထင်ထားမည်နည်း။

ဘန်း!

လုမင်က လုသုန်၏ပါးကို ဖြတ်ရိုက်လိုက်သည်။

"ငတုံး.. သူများတွေ မသိမှာကို ကြောက်နေတာလား။ လူမသိသူမသိနေပါလို့ မင်းကို ငါ ဘယ်နှခါပြောရမလဲ။ လူမသိသူမသိနေပါဆိုမှ"

လုသုန်းခမျာ ရောင်ရမ်းပြီး နီမြန်းနေသော သူ့မျက်နှာကို အုပ်ကိုင်ထားရင်း ဘာမှလည်း ပြန်မပြောရဲချေ။

"ဦးလေး.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

"ဘာလုပ်ရမှာလဲ။ အခုချက်ချင်းထွက်သွား။ ဥက္ကဋ္ဌယဲ့ မင်းကို မြင်မသွားစေနဲ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့..."

လုသုန်းလည်း ခပ်မြန်မြန်မတ်တတ်ထရပ်၍ ထွက်လာခဲ့လိုက်သည်။ ဟိုတယ်ထဲမှ ထွက်လာရင်း လုသုန်းခမျာ သူ့ရင်ဘတ်သူ ပုတ်လိုက်မိသည်။

နောက်ဆုံးတော့ လွတ်လာခဲ့ပြီ။

သေစမ်း။ အရမ်းရှုပ်တာပဲ။

မယ်ရီယော့လုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်ပြီး တက္ကစီမောင်းနေသတဲ့။ ဤသည်မှာ သူများကို လှည့်စားနေခြင်းမဟုတ်လား။

ထိုအချိန်တွင် လုသုန်း၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားလေသည်။

ဖန်ရှောင်းတိက ဟိုတယ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သူ ရုတ်တရက်သတိရလိုက်သည်။ ဖန်ရှောင်းတိသည် အစောတုန်းက သန့်စင်ခန်းသို့ ထွက်သွားခြင်းဖြစ်လေရာ သူနှင့်အတူရှိမနေခဲ့ပေ။

မဖြစ်ဘူး..ယဲ့ချန်း သူ့ကို မြင်သွားလို့မဖြစ်ဘူး...

လုသုန်းလည်း စားသောက်ပွဲခန်းမထဲသို့ တိတ်တိတ်လေးပြန်ဝင်လာခဲ့သည်။

ထိုအခိုက်ဝယ် ဖန်ရှောင်းတိက သန့်စင်ခန်းထဲမှ ပြန်ထွက်လာပြီဖြစ်၏။ သူလည်း ယဲ့ချန်းကို ချက်ချင်းလှမ်းမြင်လိုက်သည်။

ယဲ့ချန်း ဟိုတယ်ထဲတွင် ရှိနေသည်ကို မြင်သောအခါ သူ့မျက်နှာအမူအရာလည်း ချက်ချင်းပြောင်းလဲသွားတော့သည်။

ဖန်ရှောင်းတိမှာ ယဲ့ချန်းထံသို့ သွားလေတော့သည်။

"ယဲ့ချန်း နင် တော်လိုက်ပါတော့လား"

ထျန်းဖန်မှာ ယဲ့ချန်းနှင့် စကားစမြည်ပြောနေခိုက် အမျိုးသမီးတစ်ယောက်က ရုတ်တရက်ကြီး ဒေါသတကြီးအော်ဟစ်လိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်းလည်း ဖန်ရှောင်းတိကို မြင်သွားသဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

"ဘာဖြစ်တာလဲ"

"နင် ငါ့ကိုလိုက်ချင်နေတယ်ဆိုတာ ငါသိပါတယ်။ ယဲ့ချန်း..အခု နင်က ငါနဲ့ ဘဝချင်းမတူတော့ဘူးလေ။ နင်က တက္ကစီဒရိုင်ဘာအဆင့်ပဲရှိတာ။ နင်က ငါနဲ့မတန်တော့ဘူး။ နင့်ကိုယ်နင် လူကုံထံတစ်ယောက်လိုဟန်ဆောင်ပြီး မယ်ရီယော့ဟိုတယ်ရဲ့ နှစ်ကုန်ပါတီထဲကို ခိုးဝင်လာတာနဲ့ပဲ ငါက နင့်အပေါ် အမြင်ပြောင်းသွားလိမ့်မယ်လို့ ထင်နေတာလား။ နင့်ကို ပိုပြီးတော့တောင် ရွံမိတယ်ဟ"

လူအုပ်ထဲတွင် ရပ်နေသည့် လုသုန်းမှာမူ ဒေါသကြောင့် မေ့လဲလုနီးပါးပင်။

တုံးအတဲ့ ဒီမိန်းမကတော့...

သူ တားချင်ပါသော်ငြား အလွန်နောက်ကျသွားလေပြီ။

ထျန်းဖန်က ယဲ့ချန်းကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်လေသည်။

တက္ကစီဒရိုင်ဘာတဲ့လား။

ယဲ့ချန်း၏နှုတ်ခမ်းထက်ဝယ် အေးစက်စက်အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

ဒီမိန်းမက ဒီလိုယုံကြည်မှုမျိုးကို ဘယ်ကရတာလဲ။

ဖန်ရှောင်းတိ၏ ရုပ်ရည်ရမှတ်က ရှစ်ဆယ်ဝန်းကျင်ရှိသော်ငြား ယဲ့ချန်း၏အမြင်မှာတော့ ရုပ်ရည်ရမှတ်ကိုးဆယ်ကျော်သော အလှပဂေးလေးများကသာ လှသည်ဟု သတ်မှတ်ပေသည်။

ထိုအချိန်တွင် ပတ်ပတ်လည်ရှိ လူများမှာ အချင်းချင်းပြောဆိုနေကြလေသည်။

"မဖြစ်နိုင်တာ။ တက္ကစီမောင်းတဲ့လူတစ်ယောက်က ငါတို့ရဲ့နှစ်ကုန်ပါတီကို ခိုးဝင်လာတာလား"

"ဒါက နည်းနည်းတော့ ကိုးရိုးကားရားနိုင်သလိုပဲ။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ တချို့လူတွေက အလကားကုန်းဆင်းရဖို့ ဒီလိုပွဲမျိုးကို ခိုးဝင်လာတတ်တယ်"

"ကုန်းဆင်းဖို့ရောက်လာတာ အခုတော့ လက်ပူးလက်ကြပ်မိပြိဆိုတော့ နေရခက်လိုက်တာနော်"

ဖန်ရှောင်းတိမှာ မာန်တက်နေချေသည်။ သူ(မ)သည် ယခုလို အသာစီးရနေသည့် ခံစားချက်မျိုးကို သဘောကျသည်။

အထူးသဖြင့် တစ်ချိန်တုန်းက သူ(မ) သဘောကျခဲ့ဖူးသော်ငြား လိုက်မရခဲ့သည့် အမျိုးသားက ယခုအချိန်တွင် သူ(မ)ခြေထောက်အောက်သို့ ရောက်နေခြင်းမှာ အလွန်ခံစား၍ကောင်းလှသည်။

ထျန်းဖန်မှာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"ဥက္ကဋ္ဌယဲ့ ဒါက..."

ယဲ့ချန်းမှာ ခပ်ဖွဖွပြုံးလိုက်မိသည်။

"သူက အလယ်တန်းတုန်းက အတန်းဖော်လေ။ ဒီနေ့ တက္ကစီထဲမှာ သူ့ချစ်သူဆိုတဲ့ ကျုပ်တို့ရဲ့အဝယ်တော်မန်နေဂျာကြီးက ဈေးပေါတဲ့ ပါဝင်ပစ္စည်းတွေကို ဈေးမြှင့်ထားတဲ့အကြောင်းနဲ့ ကုန်ရောင်းသူတွေဆီက ဘယ်လိုလာဘ်စားပြီး ကုမ္ပဏီရဲ့ရန်ပုံငွေတွေကို ဘယ်လိုအလွဲသုံးစားလုပ်ခဲ့တဲ့အကြောင်းတွေကို ကြွားလုံးထုတ်နေခဲ့တာလေ"

ထျန်းဖန်မှာ ယဲ့ချန်းကိ ဧည့်ခံပွဲတစ်ခုတွင် မြင်ဖူးသည်။ သို့ဖြစ်လေရာ ယဲ့ချန်းမှာ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။

ယဲ့ချန်း၏စကားများကို ကြားလိုက်ရပြီးနောက် သူ့မျက်နှာကား လေးနက်သွားလေသည်။

"မိန်းကလေး.. မင်း ဘာပေါက်ကရတွေ လာပြောနေတာလဲ။ မစ္စတာယဲ့က မယ်ရီယော့လုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်နော်။ ပြီးတော့ သူ့ကို ကျုပ်တို့ကုမ္ပဏီက ဖိတ်ကြားထားတာ"

"ဘာ?"

ထျန်းဖန်၏စကားကြောင့် ဖန်ရှောင်းတိလည်း ကြောင်အသွားချေသည်။

"ဒါပေမဲ့ သူက မယ်ရီယော့ဟိုတယ်ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေပြီးတော့ တက္ကစီမောင်းနေရတာလဲ"

ဖန်ရှောင်းတိမှာ သိပ်မယုံချင်သေးပေ။

"ငါက ဘဝအတွေ့အကြုံယူလို့မရဘူးလား"

ယဲ့ချန်း စကားဟလိုက်သည်နှင့် လူအုပ်ကြီးမှာ အုန်းအုန်းကျက်ကျက်ညံသွားလေသည်။

"ဪ ဘဝအတွေ့အကြုံယူနေတာကိုး"

"ဒီနေ့ခေတ်မှာ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကောင်းကောင်းသိသားပဲ"

"လူကုံထံတွေက ဘဝအဓိပ္ပာယ်ပျောက်ဆုံးသလို ခံစားရတတ်တယ်ဆိုတော့ တက္ကစီမောင်းပြီး ဘဝအတွေ့အကြုံယူတာက ဖြစ်နိုင်ပါတယ်"

ယဲ့ချန်းသာ ဆင်းရဲနေပါက တက္ကစီမောင်းသည်ဟု သိလိုက်ရလျှင် အထင်သေးခံရပေလိမ့်မည်။ သို့သော် ယဲ့ချန်းက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ဖြစ်နေသည့်အပြင် မယ်ရီယော့ဟိုတယ်၏ ပင်မရှယ်ယာရှင်တစ်ယောက်ပင် ဖြစ်နေချေသည်။

ထို့ကြောင့် တက္ကစီမောင်းခြင်းမှာ သာမန်လူများနှင့် ရင်းနှီးနိုင်မည့် မြင့်မြတ်သောလုပ်ရပ်တစ်ခုဟု မြင်ကြလေသည်။

အခြေအနေကို နားလည်သွားသည့် ထျန်းဖန်မှာ အေးတိအေးစက် ပြောလိုက်လေသည်။

"ကျုပ်တို့ကုမ္ပဏီထဲမှာ ဒီလိုလူတွေ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလိုအပြုအမူမျိုးကို ကျုပ်တို့ တင်းတင်းကျပ်ကျပ်စစ်ဆေးဖော်ထုတ်ရမယ်"

ဤသို့ပြောပြီးနောက် ထျန်းဖန်က ဘေးနားတွင် တုန်ယင်နေရှာသော လုသုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။ ထို့နောက် လုံခြုံရေးကို အမိန့်ပေးလိုက်လေသည်။

"ဒီမိန်းမကို ခန်းမထဲက မောင်းထုတ်ပစ်လိုက်"

ထိုအခိုက်ဝယ် ဖန်ရှောင်းတိမှာ ငေးငိုင်နေဆဲပင်။

အစကမူ ယဲ့ချန်းကို အရှုံးသမားတစ်ယောက်ဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင် သူသည် ကုမ္ပဏီ၏ ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

ခန်းမထဲမှ ကန်ထုတ်ခံရပြီးသည့်တိုင် ဖန်ရှောင်းတိမှာ ပြန်မသွားခဲ့ပေ။ တံခါးနားတွင်ရပ်၍ ယဲ့ချန်းကို စောင့်နေခဲ့သည်။

သူ(မ) ယဲ့ချန်းကို တောင်းပန်ချင်မိသည်။ ဤကိစ္စများသာ ဖော်ထုတ်ခံလိုက်ရသည်နှင့် လုသုန်းလည်း ကိစ္စတုံးပြီဖြစ်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။ ထို့ကြောင့် ပိုအခြေခိုင်သော လူတစ်ယောက်ကို ကပ်တွယ်ထားမှဖြစ်မည်။ ထိုလူမှာ ယဲ့ချန်းပင်တည်း။

သူတို့နှစ်ယောက်က အတန်းဖော်များပင်။ သူ(မ)မှာ သူ့ကို ယခင်ကလည်း လိုက်ပိုးခဲ့ဖူးသည်။ သူ(မ)ဘက်က လက်ဦးမှုရယူသရွေ့တော့ ယဲ့ချန်း၏ချစ်သူ ဖြစ်လာနိုင်ခြေရှိသည်။

ယဲ့ချန်းက ရုပ်ရည်ရော ဩဇာအာဏာမှာပါ လုသုန်းထက် ပိုသာသည်။ ထျန်းဖန်မှာ လေသံမာမာဖြင့် စကားပြောခဲ့သည့်တိုင် ယခုမူ စကားလမ်းကြောင်း ပြောင်းလိုက်ပြီဖြစ်၏။

မလှမ်းမကမ်းရှိ လုသုန်းကမူ တိတ်တဆိတ်ရယ်လိုက်မိသည်။

ကံကောင်းချင်တော့ ဥက္ကဋ္ဌထျန်းက ငါ့နောက်ခံပဲ.. မင်းက ငါ့ကို ဘယ်လိုဖော်ထုတ်မှာလဲ။ မင်း ဘာမှမလုပ်နိုင်ပါဘူး..

ထျန်းဖန်၏လုပ်ရပ်ကို မြင်သောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ထျန်းဖန်၏လုပ်ရပ်အရ တစ်ဖက်လူသည် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုစိတ်မရှိဘဲ ပြဿနာသေးအောင်လုပ်ချင်နေကြောင်း သိသာလှသည်။

အရေးအကြီးဆုံးမှာ သူအား အလေးမထားသော ထျန်းဖန်၏သဘောထားကို ပြသရာရောက်သည်။ ထို့ကြောင့် တစ်ဖက်လူက လုသုန်းကို အရေးမယူချင်ခြင်းသာ။

ယဲ့ချန်းလည်း ကျိတ်ပြုံးလိုက်မိသည်။

"ခင်ဗျားက လုသုန်းကို ကာဗာလုပ်ပေးချင်တယ်ပေါ့လေ"

ခင်ဗျားဘက်က ကျုပ်ကို မလေးစားမှတော့ ကျုပ်မှာလည်း ဒီကုမ္ပဏီကိုကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်..

သူ့ဘေးရှိ လုမင်မှာမူ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

တကယ်တမ်းတွင် သူနှင့် ထျန်းဖန်က အမျိုးတော်သည်။ ထျန်းဖန်မှာ လုမင်၏ယောက်ဖပင်။

ဤဆက်နွှယ်မှုမျိုးရှိနေလေရာ ထျန်းဖန်အနေနှင့် လုမင်ကို မည်သို့အပြတ်ရှင်းနိုင်မည်နည်း။

သူက ယဲ့ချန်းအတွက် သက်သက်ဟန်ဆောင်ပြလိုက်ခြင်းသာ။

လုသုန်းက ပြောလိုက်၏။

"ယဲ့ချန်းက ဥက္ကဋ္ဌထျန်းနဲ့တွေ့တာ ကံကောင်းလို့ပဲ"

လုမင်ကမူ ဘဝင်ခိုက်နေဟန်ပင်။

"ဟမ့်.. ငါ့ယောက်ဖက ငါ့ညီမကို အကြောက်ဆုံးပဲ။ တကယ်လို့ သူသာ ငါ့ကိုရှင်းထုတ်ရဲရင် ငါ့ညီမက သူ အိမ်ပြန်ရောက်လာတဲ့အခါ ဒူးထောက်ခိုင်းထားမှာမဟုတ်ဘူးလား"

ယဲ့ချန်းကလည်း လုသုန်းနှင့် လုမင်တို့၏ မျက်နှာထက်ရှိ လှောင်ပြုံးများကို မြင်သည်။

သူ ခပ်ဖွဖွသာပြုံးလိုက်၏။

ကစားကြည့်ချင်တယ်ပေါ့လေ။ ကောင်းပြီ။ ဒီအစ်ကိုကြီးက မင်းတို့နဲ့ ကောင်းကောင်းကစားပေးမယ်။

ထိုအချိန်တွင် မယ်ရီယော့လုပ်ငန်းစု၏ ဥက္ကဋ္ဌလုယွီက အနားသို့ ရောက်လာလေသည်။ သူ့ဘေးတွင်မူ အရပ်သိပ်မရှည်သော လူတစ်ယောက်ပါလာသည်။

ထိုလူ ရောက်လာသည့်အခါ အခန်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။

ဘုရားရေ.. သူက အားလီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌမာပဲ...

လုယွီက မြှောက်ပင့်လိုက်ချေသည်။

"ဥက္ကဋ္ဌမာ.. ခင်ဗျား ဒီကိုရောက်လာပြီဆိုတော့ ကျုပ်တို့ကုမ္ပဏီရဲ့ဝန်ထမ်းတွေကို စကားနည်းနည်းလောက် ပြောပေးပါ့လား"

"မလိုပါဘူးဗျာ။ ကျုပ်က အရေးကြီးဧည့်ခံပွဲတစ်ခု တက်ရဦးမှာ။ မပြောတာပဲကောင်းမယ်"

ဥက္ကဋ္ဌမာ၏လေသံကား အတန်ငယ်အေးစက်နေသည်။

လုယွီ၏အဆင့်က သူ့ထက် အများကြီးနိမ့်ပေသည်။

ဥက္ကဋ္ဌမာအနေနှင့် လုယွီကို မျက်နှာသာပေးရန် မလိုအပ်ချေ။

လုယွီ၏အမူအရာမှာ အနည်းငယ်နေရခက်သွားသော်ငြား သူကိုယ်တိုင်လည်း မတတ်နိုင်ပေ။ တစ်ဖက်လူက ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပင်။

ဥက္ကဋ္ဌမာက ပြန်တော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းကို မြင်လိုက်သည်။

"အစ်ကိုယဲ့.. ဒီမှာ ဘာလုပ်နေတာလဲ"

ဥက္ကဋ္ဌမာက ယဲ့ချန်းနားသို့ အမြန်လျှောက်သွားလိုက်၏။

ဤမြင်ကွင်းကိုမြင်သော် လူတိုင်း ကြက်သေသေသွားလေသည်။ ဥက္ကဋ္ဌမာက ယဲ့ချန်းကို အစ်ကိုဟု ခေါ်လိုက်လေသလား။ ဘာတွေဖြစ်ကုန်တာလဲ။

ထျန်းဖန်မှာ ကြောင်အမ်းသွားသည်။ လုသုန်းလည်း ထိတ်လန့်သွားသည်။ လုမင်မှာလည်း နားမလည်နိုင်လောက်အောင်ပင်။

ဥက္ကဋ္ဌလုယွီမှာ ပို၍ပင် ထိတ်လန့်သွားရသည်။

လုယွီက ကုမ္ပဏီဥက္ကဋ္ဌဖြစ်သည့်တိုင် ဥက္ကဋ္ဌမာက အရေးမလုပ်ခဲ့ပေ။ သို့သော် ယဲ့ချန်းကိုမူ ဥက္ကဋ္ဌမာကိုယ်တိုင် အရင်လက်ဆွဲနှုတ်ဆက်နေသည်။

•••••••••••••••••••

All Chapters