အခန်း (၁၂၂၂-၁၂၂၄)
Vol. 82 Ch. 1222-1224
အခန်း (၁၂၂၂ )
ကျေးဇူးပြုပြီး ကူညီပေးပါ
မုချင်းလန်သည် နှစ်သောင်းပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်၍ နုံအသော မိန်းကလေးငယ်တစ်ဦး မဟုတ်တော့ပေ။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လုချန်းက သူမအား မျှဝေပေးသောအခါ သူ ဘာတွေးနေမှန်း သူမ ခန့်မှန်းမိလိုက်သည်။
လုချန်းက သူမနှင့် အတူရှိချင်သည်ဟူသော အတွေးက...
မူလက အေးစက်တည်ငြိမ်သော မုချင်းလန်၏ မျက်နှာပေါ်တွင် သွေးရောင်လွှမ်းမှုများ ပိုများပြားလာခဲ့သည်။ သူတော်စင်တစ်ဦး အနေနှင့် သူမ၏ ရှက်ရွံ့နေသော အမူအရာသည် ကျင့်စဉ် အငွေ့အသက်၏ မွမ်းမံမှုနှင့်အတူ ပို၍ဆွဲဆောင်မှုရှိလာရာ လုချန်း၏ စိတ်နှလုံးကို ပို၍ဂနာမငြိမ်ဖြစ်လာစေခဲ့သည်။
သို့သော် လုချန်းက တိုက်ရိုက် လှုပ်ရှားခြင်း မပြုပဲ မုချင်းလန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ထိုနေရာ၌သာ ရပ်နေခဲ့လေသည်။
ဤအချိန်တွင် မုချင်းလန်၏ စိတ်အာရုံများ ဗလာဖြစ်သွားခဲ့သည်။ ကောင်းကင်မီးမျိုးနွယ်ကို ကောင်းကင်ဧကရာဇ် ကယ်တင်ခဲ့စဉ်ကတည်းက သူမ သူ့ကို ချစ်မိသွားခဲ့၏။ သို့သော် ထိုအချိန်က ကောင်းကင်ဧကရာဇ်သည် အမျိုးသမီးများကို စိတ်ဝင်စားခြင်းမရှိသောကြောင့် သူမ၏ အချစ်စိတ်ကို ရင်ထဲ၌သာ သိမ်းဆည်းထားနိုင်ခဲ့သည်။
ကောင်းကင်ဧကရာဇ်ကို သူမ ပြန်လည်တွေ့ရှိသောအခါ သူသည် ပြန်လည်ဝင်စားထားပြီး အတိတ်မှတ်ဉာဏ်များ ပြန်လည်မရရှိသေးကြောင်း သိလိုက်ရသည်။ ထိုအချိန်မှစ၍ အတိတ်မှတ်ဉာဏ်များ ပြန်မရမီ ကောင်းကင်ဧကရာဇ်၏ အမျိုးသမီးဖြစ်လာရန် စိတ်ကူးကို သူမ စတင်တွေးတောလာခဲ့သည်။
သို့သော် နှစ်များတစ်လျှောက်လုံး သူမ လှုပ်ရှားခြင်း မပြုခဲ့ပေ။ လက်ရှိ ကောင်းကင်ဧကရာဇ်သည် လမ်းမှားရောက်နေပြီး စိတ်အာရုံက အမျိုးသမီးများအပေါ် ရောက်နေသော်လည်း ကောင်းကင်ဧကရာဇ်သည် နဂို ကျင့်စဉ်အဆင့်များ တဖြည်းဖြည်း ပြန်လည်ရရှိလာသည်နှင့်အမျှ သူ၏ အတိတ်ဘဝမှတ်ဉာဏ်များလည်း မကြာမီ ပြန်ရောက်လာပေလိမ့်မည်။
အတိတ်ဘဝမှတ်ဉာဏ်များ မရှိသေးချိန် သူ့ကို ဆွဲဆောင်ဖြားယောင်းပြီး သူ၏ ကျင့်စဉ်စိတ်နှလုံးကို ထိခိုက်စေခဲ့သည်ဟု ကောင်းကင်ဧကရာဇ် သိသွားပါက သူမကို အလွန် စက်ဆုပ်သွားနိုင်သည်။ ထို့ကြောင့် သူမသည် စဉ်းစားတွေးတောသည့် အဆင့်တွင်သာနေခဲ့ပြီး မည်သည့်အခါကမှ တက်ကြွစွာ ဆောင်ရွက်ခြင်း မရှိခဲ့ပေ။
သို့သော် ယနေ့တွင် ကောင်းကင်ဧကရာဇ်က ဤကျင့်စဉ်ကို ပေးအပ်ရန် သူကိုယ်တိုင် ဦးဆောင်လှုပ်ရှားလာခဲ့သည်။ ဒါက သူ့အမျိုးသမီးဖြစ်လာဖို့ သူမအား အရိပ်အမြွက်ပြနေခြင်း မဟုတ်ပါလား။
မုချင်းလန် တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ ကောင်းကင်ဧကရာဇ်သည် ပို၍ပို၍ ပျက်စီးခြင်းသို့ ကျရောက်နေသည်။ သူ့ဘေးနားရှိ အမျိုးသမီး အရေအတွက် ဆက်လက် တိုးပွားလာပါက သူ၏ ကျင့်ကြံရန် စိတ်ဆန္ဒလည်း ပိုနည်းလာပေလိမ့်မည်။
ထို့ပြင် သူမ အကြောက်ဆုံးအရာမှာ သူမသည် သူ့အား မှန်ကန်သော ကျင့်စဉ်လမ်းကြောင်းပေါ်သို့ လမ်းညွှန်ပြသပေးခြင်း မပြုခဲ့သည့်အတွက် ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးနောက် သူမကို အပြစ်တင်လာမှာကို ဖြစ်သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူ့တွင် အမျိုးသမီး အမြောက်အမြား ရှိပြီးသားဖြစ်ရာ နောက်ထပ်တစ်ယောက် တိုးလာရုံဖြင့် ကိစ္စမရှိလောက်ပေ။
ကြောင်အမ်းအမ်းဖြင့် ရပ်နေသော မုချင်းလန်ကို မြင်လိုက်ရသဖြင့် လုချန်းက သူမ၏ မျက်လုံးများကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ လန်”
“မင်း ဒီကျင့်စဉ်ကို မကျင့်ချင်ရင်လည်း မကျင့်ပါနဲ့။”
လုချန်း၏ အသံကို ကြားလိုက်ရသဖြင့် မုချင်းလန် သတိပြန်ဝင်လာသည်။ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် သူမ ဆုံးဖြတ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“မင်းကြီး..... ကျွန်မရဲ့ ကျင့်စဉ်အတွက် ကျေးဇူးပြုပြီး ကူညီပေးပါ။”
သူမသည် မူလက ကောင်းကင်ဧကရာဇ်၏ အစေခံ ဖြစ်သည်။ သူ့ဆန္ဒများကို လိုက်လျောပေးခြင်းက သူမအတွက် သဘာဝကျသည်။ ယခု ကောင်းကင်ဧကရာဇ်က သူမအား အရိပ်အမြွက် ပြလာပြီဖြစ်ရာ သူမ အနေနှင့် ဘာမှ မသိသကဲ့သို့ ဟန်ဆောင်နေ၍ မရတော့ပေ။
ထို့ပြင် ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးနောက် သူမအပေါ် မည်သို့မြင်မည်ကို ထည့်မတွက်ပဲ ကောင်းကင်ဧကရာဇ်၏ အမျိုးသမီး ဖြစ်လာရန်သာ သူမ အမြဲ တွေးနေခဲ့သည်။ မဖြစ်ပျက်သေးသော ကိစ္စရပ်များအတွက် အစိုးရိမ်လွန်မနေပဲ ဤအခိုက်အတန့်ကို ဆုပ်ကိုင်ထားရန်သာ လိုအပ်သည်။
မုချင်းလန် သဘောတူလိုက်သည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ ထို့နောက် သူက
“မင်းရဲ့ ကျင့်စဉ်အတွက် ကိုယ့်ကို ကူညီပေးစေချင်တာ သေချာလား။”
မျက်နှာရဲလျက် မုချင်းလန်က
“ကျွန်မက မင်းကြီးရဲ့ အစေခံပါ။ မင်းကြီးရဲ့ အကူအညီကို ရယူတာကလွဲလို့ တခြားဘယ်သူ့ဆီမှ ကျွန်မ အကူအညီ မတောင်းနိုင်ပါဘူး။”
လုချန်းက
“ကောင်းပြီလေ... အခု စလိုက်ကြတာပေါ့”
စကားသံဆုံးသည်နှင့် လုချန်းက လက်လှမ်းလိုက်ပြီး မုချင်းလန်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
လုချန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရသဖြင့် မုချင်းလန်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး ခန္ဓာကိုယ် ပူနွေးလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဤသည်မှာ သူမအတွက် အမျိုးသားတစ်ဦးနှင့် ဤမျှ နီးကပ်စွာ ပထမဆုံးအကြိမ် ရှိဖူးခြင်း ဖြစ်သည်။
သူမသည် နှစ်သောင်းပေါင်းများစွာ နေထိုင်လာခဲ့ပြီးဖြစ်၍ ကျားမ ဆက်ဆံရေး ကိစ္စရပ်များကို ကောင်းစွာ သိထားသည်။
ယခင်ကတော့ ထိုအမျိုးသားနှင့် အမျိုးသမီးများ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေကြသည်ကို နားမလည်ပဲ တိရစ္ဆာန်များ၏ လုပ်ရပ်တစ်ခုဟုသာ သူမ အမြဲ တွေးထင်ခဲ့၏။ သို့သော် သူမအလှည့် ရောက်လာသောအခါ သူမ၏ ခန္ဓာကိုယ်၌ မသိမသာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မတားဆီးနိုင်ကြောင်း သဘောပေါက်လိုက်သည်။
ရင်ခွင်ထဲမှ နူးညံ့သောရနံ့ကို ခံစားလိုက်ရသဖြင့် လုချန်း၏ စိတ်ဆန္ဒများ ချက်ချင်း နိုးကြားလာသည်။ လုချန်း၏ အခြေအနေကို မုချင်းလန် သတိထားမိလိုက်ပြီး ဘာဖြစ်ပျက်နေသည်ကို သိသော်လည်း သူမ အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
လုချန်းသည် ဆက်လက် တွန့်ဆုတ်မနေတော့ပဲ မုချင်းလန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီးနောက် သူ၏ လက်များက သူမ၏ စိမ်းပြာရောင် ပိတ်ပါးဝတ်စုံကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။
ပိတ်ပါးစမှာ နှိုင်းယှဉ်မရအောင် ချောမွေ့နေပြီး ထိတွေ့မှု အလွန်ကောင်းမွန်သည်။ ပိတ်ပါးစနှင့် သူမ၏ အသားအရေအကြား ပွတ်တိုက်မှုက မုချင်းလန်၏ တစ်ကိုယ်လုံးကို ပို၍ပူလောင်လာစေခဲ့သည်။ သူမသည် သူတော်စင်တစ်ပါး ဖြစ်သော်လည်း ချစ်ရသူနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ စိတ်နှလုံး ဂနာမငြိမ်ဖြစ်မှုကို မထိန်းချုပ်နိုင်ခဲ့ချေ။
လုချန်း၏ အနမ်းများ ဆက်လက် ဖြစ်ပေါ်နေစဉ် သူမ၏ အသိစိတ်များ ဝေဝါးလာသည်ကို မုချင်းလန် ခံစားလိုက်ရပြီး ကျင့်ကြံခြင်းကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်ထားလိုက်ပြီ ဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည်မသိ မုချင်းလန် သတိပြန်ဝင်လာသောအခါ လုချန်းက အပေါ်စီးမှ မိုးထားလျက် အပြုံးဖြင့် ကြည့်နေပြီး သူမကိုယ်တိုင်က ကုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
ဤအခြေအနေမျိုးဖြင့် သူမကို ကောင်းကင်ဧကရာဇ် မြင်တွေ့သွားပြီး သူမအား အရှက်မရှိသော အမျိုးသမီးဟု ထင်မြင်နေလောက်ကြောင်း သဘောပေါက်လိုက်သဖြင့် မုချင်းလန်စိတ်ထဲ တုန်လှုပ်သွားသည်။
မုချင်းလန် ထိုသို့ တွေးနေစဉ်မှာပင် လုချန်း လှဲချလိုက်သည်။
“ဟင်း”
မည်သည့်အသံမှ မထွက်ပေါ်စေရန် ကြိုးစားရင်း သူမ၏ နှုတ်ခမ်းကို မုချင်းလန် လျင်မြန်စွာ ကိုက်ထားလိုက်သည်။
ဤအချိန်တွင် လုချန်း သည်းမခံနိုင်တော့ပေ။ ဒါက သူတော်စင်တစ်ပါးနှင့် ထိုအရာကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။ သူ၏ ဇနီးများ ခံနိုင်ရည်မရှိမှာကို သူ အမြဲ စိုးရိမ်ခဲ့သော်လည်း သူတော်စင်တစ်ပါးမှာမူ ကွဲပြားသည်။ ယခုအခါ သူ၏ စွမ်းရည်များကို စိုးရိမ်စရာမလိုပဲ ထုတ်သုံးနိုင်ပြီ ဖြစ်သည်။
ချက်ချင်းပင် လုချန်းသည် မည်သည့် ကရုဏာ သို့မဟုတ် ကြင်နာမှုကိုမှ မပြတော့ပဲ သူ၏ ကြမ်းတမ်းသော အပြုအမူကို စတင်လိုက်တော့သည်။
သူတော်စင်တစ်ပါးအတွက် လုချန်း၏ ထိုးနှက်ချက်များက မည်သည့် မသက်မသာဖြစ်မှုကိုမှ ဖြစ်ပေါ်စေမည် မဟုတ်သော်လည်း သူ ဆောင်ကြဉ်းလာသော ခံစားမှုများကိုမူ ကာကွယ်ရန် မဖြစ်နိုင်ကြောင်း မုချင်းလန် တွေ့ရှိလိုက်ရသည်။
လုချန်းနှင့် မုချင်းလန် ပထမဆုံးအကြိမ် ချစ်ရည်လူးကြသည့် အကြိမ်မှာပင် သူက ဖီးနစ်တစ်ရာ ဂါရပြုကျင့်စဉ်ကို အသုံးပြုကာ မုချင်းလန်ကို လုံးဝ ဦးဆောင်သွားခဲ့သဖြင့် ကောင်းကင်ဧကရာဇ် အဘယ်ကြောင့် လမ်းမှားရောက်ခဲ့ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကောင်းကင်ဧကရာဇ် တစ်ဦးတည်း လမ်းမှားရောက်ခဲ့ခြင်း မဟုတ်ပဲ သူမကိုယ်တိုင်လည်း လျင်မြန်စွာ နစ်မြောကျဆုံးနေသည်ကို မုချင်းလန် ခံစားလိုက်ရလေသည်။
…….
နှစ်လဟူသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မုချင်းလန်၏ အိပ်ဆောင်။
လုချန်းသည် သူ၏ လှုပ်ရှားမှုများကို အဆုံးသတ်လိုက်ပြီး မုချင်းလန်၏ ဆံပင်များကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေသည်။ သူမသည် ကောင်းကင်ဧကရာဇ်၏ ရင်ဘတ်ပေါ်တွင် မှီလျက် သူ၏ ပြင်းပြသော ချစ်ခင်မြတ်နိုးမှုကို ခံစားနေသည်။
အခြားသော ဇနီးသည်များနှင့် အတူနေသည့်အခါ ယေဘုယျအားဖြင့် တစ်လခန့်သာ ကြာတတ်သော်လည်း မုချင်းလန်သည် သူတော်စင်တစ်ပါး ဖြစ်သဖြင့် သူမ၏ ပြန်လည်နလန်ထနိုင်စွမ်းမှာ အလွန် အားကောင်းသဖြင့် လုချန်းက နောက်ထပ်တစ်လ အပိုဆောင်းလျက် စိတ်တိုင်းကျ နေထိုင်ခဲ့သည်။
ယခုအချိန်တွင် မုချင်းလန် သတိပြန်ဝင်လာပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ကောင်းကင်ဧကရာဇ်၏ အပေါ်တွင် လှဲလျောင်းလျက် သူ့ကို ဖက်တွယ်ထားရမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု သူမ မည်သည့်အခါကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
ဤအချိန်တွင် လုချန်း စနစ်စာမျက်နှာဆီသို့ အကြည့်ပို့လိုက်သည်။
[ဂုဏ်ယူပါတယ်။ ဒြပ်စင်ပေါင်းစပ်ဆေးလုံး တစ်လုံး ဆုချီးမြှင့်လိုက်ပါတယ်]
ထို့နောက် လုချန်းက စိတ်အာရုံဖြင့် ဒြပ်စင်ပေါင်းစပ်ဆေးလုံး၏ မိတ်ဆက်စာမျက်နှာကို ဖွင့်လိုက်သည်။
[ဒြပ်စင်ပေါင်းစပ်ဆေးလုံး: သောက်သုံးပြီးနောက် သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကို သိသာထင်ရှားစွာ တိုးမြှင့်ပေးနိုင်သည်]
ဤဆေးလုံးကို မြင်လိုက်ရသဖြင့် လုချန်း တစ်ခဏမျှ ကြောင်ငေးသွားသော်လည်း ဆေးလုံးရရှိသည့်အတွက် သိပ်မပျော်ရွှင်မိပေ။
စနစ်က သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ဆေးလုံးတစ်လုံး ပေးအပ်ခဲ့သော်လည်း ဝင်ရောက်ရန် အခွင့်အလမ်းကိုသာ တိုးမြှင့်ပေးနိုင်ပြီး သူတော်စင်နယ်ပယ်သို့ တိုက်ရိုက် မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။ ထိုအရာက သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ မလွယ်ကူကြောင်း ဖော်ပြနေသည်။
သူမ၏ ဆံပင်များကို ကစားနေသော လုချန်း၏လက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသဖြင့် မုချင်းလန်က အနည်းငယ် ထလိုက်ပြီး လုချန်းကို ကြည့်ကာ မေးလိုက်သည်။
“မင်းကြီး..... ဘာဖြစ်လို့လဲ”
လုချန်း အသိပြန်ဝင်လာပြီး ဒြပ်စင်ပေါင်းစပ်ဆေးလုံးကို ခေတ္တဘေးဖယ်ထားလိုက်ကာ မုချင်းလန်၏ အေးစက်သော်လည်း ဆွဲဆောင်မှုရှိသော မျက်နှာကို ကြည့်လျက် ပြုံးပြီး
“လန်..... လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို မင်း ပထမဆုံးအကြိမ် ကျင့်ကြံတာက ကိုယ်လုံးဝ မလှုပ်ရှားနိုင်တော့လောက်တဲ့ထိ ပြင်းထန်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
အခန်း (၁၂၂၃ )
အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် မုချင်းလန်၏ ပါးပြင်များ ထူပူသွားပြီး မျက်လုံးများ ရှောင်လွှဲသွား၏။ လုချန်း၏ မျက်လုံးများကို သူမ တည့်တည့်မကြည့်ရဲတော့ချေ။
သာမန်လူသာဆိုလျှင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြုထားသည့်တိုင် လုချန်းကို ချုပ်ထားနိုင်မည် မဟုတ်ပေ။ သို့သော် မုချင်းလန်သည် လုချန်းထက် ပို အစွမ်းထက်သည်။ သူမ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အပြည့်အဝ အသုံးပြုလိုက်သည့်အခါ လုချန်း ရုန်းထွက်ရန် အလွန် ခက်ခဲသွားသည်။ ဆင်ခြင်တုံတရားမဲ့စွာ မလှုပ်ရှားနိုင်တော့ချေ။
သို့သော် ဤအရာက လုချန်းအတွက် မကောင်းသည့်အရာ မဟုတ်ပေ။ ထိုခံစားမှုက သူ့ကို ပို၍စိတ်ဝင်စားသွားစေသည်။
သူမ၏ လုပ်ရပ်များ အနည်းငယ် ရိုင်းစိုင်းလွန်းသည်ဟု မုချင်းလန် ခံစားမိလိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။
“မင်းကြီး... ကျွန်မ အမှားကို သိပါပြီ”
စကားဆုံးသည်နှင့် မုချင်းလန်က လုချန်းကို လွှတ်ပေးရန် ပြင်ဆင်လိုက်ပြီး စွမ်းအားကို အလျင်အမြန် ပြန်လည်ရုတ်သိမ်းလိုက်သော်လည်း သူမ စတင်လိုက်သည်နှင့် လုချန်းက
“ထားလိုက်ပါ... လွှတ်ပေးဖို့ မလိုပါဘူး”
ဒါက...
မုချင်းလန် တစ်ခဏမျှ ကြောင်အသွားသော်လည်း လျင်မြန်စွာ နားလည်လိုက်ပြီး မျက်နှာရဲကာ
“နားလည်ပါပြီ”
မုချင်းလန်၏ စကားဆုံးသည်နှင့် ခမ်းနားထည်ဝါသော စိတ်ဝိညာဉ် စွမ်းအားများ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နောက်တွင် သူမ၏ ကျင့်စဉ်အရှိန်အဝါများ ကောင်းကင်နှင့် မြေကြီးဆီသို့ ပျံ့နှံ့သွားလေသည်။
မုချင်းလန်ထံမှ ထွက်ပေါ်လာသော ကျင့်စဉ်အရှိန်အဝါကို မြင်လိုက်ရသောအခါ နဂါးနက်မြို့မှ ကျင့်ကြံသူများက ရုတ်တရက် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။ မကြာမီတွင် တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြ၏။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ လွှမ်းမိုးနေသော စိတ်ဝိညာဉ် စွမ်းအားကို ခံစားလိုက်ရသည့်အခါ မုချင်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ ဤကဲ့သို့သော အချိန်တွင် အဆင့်တက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကောင်းကင်ဧကရာဇ်နှင့် အတူရှိနေခြင်းက သူမ၏ ကာလရှည်ကြာ ပိတ်ဆို့နေသော အတားအဆီးကို ကျော်ဖြတ်နိုင်ရန် အလားအလာရှိကြောင်း သူမ သိထား၏။ ကျင့်စဉ်လမ်းဆိုသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သည်။ သူမ၏ ဆန္ဒများ ပြည့်ဝသွားပြီး စိတ်ခံစားချက် ကြည်လင်လာခြင်းက အဆင့်တက်ရန် သဘာဝကျစွာ အထောက်အကူဖြစ်စေသည်။ သို့သော် ဤမျှ မြန်မြန် ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
မုချင်းလန် သူမ၏ အင်အားကို အာရုံခံလိုက်သောအခါ သူမ၏ ကျင့်စဉ်အဆင့်မှာ သူတော်စင် အဆင့် နံပါတ်ငါး အလွှာသို့ တိုက်ရိုက်ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
ပြောစရာစကားပင် မရှိတော့ချေ။
သူမ၏ ခံစားချက်များက ရောထွေးနေသည်။ ကောင်းကင်ဧကရာဇ်သည် အမြဲတမ်း မိန်းမကိစ္စတွင် စိတ်အလိုလိုက်ပြီး ကျင့်ကြံခြင်းကို မလုပ်ပဲ လမ်းမှားသို့ ရောက်နေသည်ဟု သူမက မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် ကောင်းကင်ဧကရာဇ်နှင့် နှစ်လကြာ ရင်းနှီးစွာ နေထိုင်ပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်က သူတော်စင် အဆင့်ငါးအလွှာသို့ တကယ် ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ကောင်းကင်ဧကရာဇ်ကို သူမ အထင်လွဲခဲ့မိခြင်း ဖြစ်နိုင်ကြောင်း ယခု မုချင်းလန် သဘောပေါက်လိုက်သည်။
သူတို့ ရင်းနှီးစွာ နေထိုင်နေချိန်တွင် ကောင်းကင်ဧကရာဇ်က ကျင့်စဉ်တစ်ခုကို လည်ပတ်နေကြောင်း သူမ ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ထိုကျင့်စဉ်က သူတို့၏ စိတ်နှလုံးများကို ချိတ်ဆက်ပေးပြီး ကျင့်ကြံခြင်းကိုလည်း အရှိန်မြှင့်ပေးသည်။
သူမ သူတော်စင် အဆင့်ငါးအလွှာသို့ ရောက်ရှိသွားခြင်းမှာ စိတ်အခြေအနေ ပြောင်းလဲခြင်းကြောင့် သက်သက်မဟုတ်ပေ။ လုချန်း၏ စုံတွဲကျင့်စဉ် အထောက်အပံ့ကြောင့်လည်း ပါဝင်သည်။
ကောင်းကင်ဧကရာဇ်သည် များများစားစား ကျင့်ကြံခြင်း မရှိသော်လည်း သူ၏ ကျင့်စဉ်အဆင့်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူကိုယ်တိုင်ပင် သတိမထားမိသော နည်းလမ်းဖြင့် ကျင့်ကြံနေခြင်း ဖြစ်ပေသည်။
သို့သော်...
ကောင်းကင်ဧကရာဇ် ကျင့်ကြံသည့် နည်းလမ်းက အနည်းငယ်...
ကျင့်စဉ်လောကတွင် စုံတွဲကျင့်စဉ်ကို တရားဝင်ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း ယင်းကို အဓိကကျင့်စဉ်အဖြစ် မသတ်မှတ်သင့်ပေ။ သို့သော် ကောင်းကင်ဧကရာဇ်က ဤနည်းလမ်းကို အဓိကလမ်းအဖြစ် သတ်မှတ်ထားသည်။
ဒါဆို အနာဂတ်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမည် မဟုတ်ပါလား။
မုချင်းလန်၏ စိတ်ထဲ စိုးရိမ်မှု အနည်းငယ် ခံစားနေရဆဲ ဖြစ်သည်။
မုချင်းလန် အဆင့်တက်သွားသည်ကို မြင်လိုက်ရသောအခါ လုချန်းက လက်ကိုမြှောက်လိုက်ပြီး မုချင်းလန်၏ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်လျက် ပြုံးကာ
“လန်... အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
မုချင်းလန်က သတိပြန်ဝင်လာပြီး လျင်မြန်စွာပင်
“ဒီအခွင့်အရေး ပေးသနားတဲ့အတွက် မင်းကြီးကို ကျေးဇူးတင်ပါတယ်။”
လုချန်းက
“မင်း အဆင့်တက်တာက မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ကိုယ်နဲ့ သိပ်မဆိုင်ပါဘူး။”
ထိုသို့ပြောပြီးနောက် လုချန်းက မုချင်းလန်၏ ခါးကို ကိုင်လိုက်ပြီး တစ်ပတ်လှည့်လိုက်ကာ ငုံ့ကြည့်လျက်
“လန်... ကျင့်စဉ်အဆင့် တက်တာက တကယ်ကို ဝမ်းသာစရာ ကိစ္စမို့လို့ အောင်ပွဲခံသင့်တယ်။”
လုချန်း၏ ပြင်းပြသော အကြည့်ကို မြင်လိုက်ရသောအခါ မုချင်းလန်က သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်ကာ သူမ၏ မျက်နှာ ရဲသွားသည်။ ထို့နောက် တိုးတိုးလေး “အင်း” ဟု ထူးလိုက်ကာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စတင်လည်ပတ်စေပြီး ခန္ဓာကိုယ်ကို လျှော့ချလိုက်လေသည်။
မုချင်းလန်က သူမကိုယ်သူမ လွှတ်ပေးလိုက်သည်ကို မြင်လိုက်ရသောအခါ လုချန်း တွန့်ဆုတ်မနေတော့ချေ။ သူ၏ ကိစ္စကို ဆက်လက်လုပ်ဆောင်လိုက်သည်။
မုချင်းလန်သည် သူ သိမ်းပိုက်နိုင်ခဲ့သော ပထမဆုံး အမျိုးသမီးသူတော်စင် ဖြစ်သောကြောင့် သူမနှင့် ခွဲခွာရန် အနည်းငယ် ဝန်လေးနေသည်။ လုချန်း၏ ပြင်းထန်မှုကို မြင်လိုက်ရသော်လည်း မုချင်းလန် မကျေမူ မဖြစ်ခဲ့ပေ။ ထိုအစား ကောင်းကင်ဧကရာဇ်ကို ဤမျှ ရူးသွပ်သွားအောင် လုပ်ဆောင်နိုင်သည့်အတွက် ဂုဏ်ယူစရာဟု သူမ မှတ်ယူလိုက်သည်။
တကယ်တမ်းတွင်လည်း သူတော်စင်တစ်ပါး ဖြစ်သည့်အတွက် သူမ၏ ခံနိုင်ရည်စွမ်းအားမှာ လုချန်း၏ အခြားဇနီးမယားများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
နောက်ပိုင်းတွင် လုချန်းသည် မုချင်းလန်ကို လဝက်ကြာအောင် ကျင့်ကြံရန် ကူညီပေးခဲ့သည်။ သူမ၏ အဆင့်ကို တည်ငြိမ်အောင် ကူညီပေးပြီးမှ နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်လေသည်။
……..
တစ်ချိန်တည်းမှာပင်။
ချန်ဟိုင်ဂိုဏ်း။
လျှိုထင်ကျန်းသည် လျှို့ဝှက်ခန်းမတစ်ခု အတွင်း၌ တံခါးပိတ် ကျင့်ကြံနေ၏။ ရုတ်တရက်ဆိုသလို သူတို့ဂိုဏ်း၏ တောင်နောက်ဘက်ရှိ တားမြစ်နယ်မြေမှ ထွက်ပေါ်လာသော ကြီးမားသည့် စိတ်ဝိညာဉ် စွမ်းအား လှိုင်းတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ဒါက...
သူ၏ နှလုံးသည် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားသည်။ ဂိုဏ်း၏အကြီးအကဲချုပ် အဆင့်တက်သွားသည်မှာ ထင်ရှားသည်။
တုံ့ဆိုင်းမနေပဲ လျှို့ဝှက်ခန်းမမှ လျှိုထင်ကျန်းသည် ထွက်ခွာခဲ့ပြီး တောင်အနောက်ဘက်ရှိ တားမြစ်နယ်မြေသို့ ဓားစီး၍ ပျံသန်းသွားလိုက်၏။
ဤအချိန်တွင် ချန်ဟိုင်ဂိုဏ်း၏ အတွင်းစည်း အကြီးအကဲများလည်း တောင်အနောက်ဘက်ရှိ တားမြစ်နယ်မြေတွင် စုဝေးနေကြပြီ ဖြစ်သည်။ ရောက်ရှိလာသောအခါ လျှိုထင်ကျန်းက တားမြစ်နယ်မြေအတွင်းရှိ အဆောင်တစ်ခုဘက်သို့ ဂါရဝပြုလိုက်ပြီး
“အဆင့်တက်သွားတဲ့အတွက် ဦးလေးဆရာကို ဂုဏ်ပြုပါတယ်။”
အဆောင်အတွင်းမှ ချက်ချင်း တုံ့ပြန်မှု မရှိပေ။ ထို့နောက်များပြားလှသော စိတ်ဝိညာဉ် စွမ်းအားများ လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားသည်။ လျှံထွက်နေသော စိတ်ဝိညာဉ် စွမ်းအားများကို အပြည့်အဝ ရုပ်သိမ်းသွားပြီးနောက် အဆောင်အတွင်းမှ လူတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“အင်း... ကျုပ် တံခါးပိတ် ကျင့်ကြံနေတဲ့အချိန်အတွင်း ချန်ဟိုင်ဂိုဏ်းမှာ ထူးခြားတာ တစ်ခုခု ဖြစ်ခဲ့သလား။”
လျှိုထင်ကျန်းက တုံ့ပြန်လိုက်သည်။
“သိပ်အရေးကြီးတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဦးလေးဆရာ စိတ်ဝင်စားလောက်မယ့် ကိစ္စတစ်ခုတော့ ရှိပါတယ်။”
လျှိုထင်ကျန်း၏ စကားကို ကြားလိုက်ရပြီး နောက်တစ်ခဏတွင် အတွင်းမှ အကြီးအကဲတစ်ဦး ထွက်လာသည်။ ထိုသူသည် အဖြူရောင် ရသေ့ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများ ရှိ၏။ ထိုလူတစ်ကိုယ်လုံးအား ကျင့်စဉ် အငွေ့အသက်များ လွှမ်းခြုံနေ၏။
အဆောင်တွင်းမှ ထွက်လာပြီးနောက် ကျန်းထျန်းယီက စုဝေးနေကြသော ချန်ဟိုင်ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များကို တစ်ချက် ကြည့်လိုက်သည်။ ထိုစဉ် သူတို့အားလုံးက တညီတညွတ်တည်း ဂါရဝပြုလိုက်ပြီး
“ဂိုဏ်းအကြီးအကဲချုပ် တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာတာကို ကြိုဆိုပါတယ်။”
ကျန်းထျန်းယီက လက်ကို ဝှေ့ယမ်းလိုက်သည်။
“အရေးကြီးကိစ္စ မရှိတဲ့သူတွေ ထွက်သွားကြပါ။ ကျုပ် ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်။”
ထိုစကားကို ကြားသောအခါ ချန်ဟိုင်ဂိုဏ်း၏ အခြားသော အဆင့်မြင့် အဖွဲ့ဝင်များလည်း တောင်အနောက်ဘက်ရှိ တားမြစ်နယ်မြေမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ မကြာမီတွင် လျှိုထင်ကျန်းနှင့် ကျန်းထျန်းယီတို့သာ ကျန်ရစ်ခဲ့သည်။
ထို့နောက် ကျန်းထျန်းယီက
“တူမောင် ဘာကိစ္စ ဆွေးနွေးချင်တာလဲ သိပါရစေ။”
လျှိုထင်ကျန်းက
“ကြယ်မြေပုံကနေ အဖျက်ခံထားရတဲ့ ကြယ်နယ်မြေတစ်ခုကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။”
ဧကရာဇ် ဂူသင်္ချိုင်းကို ရှာတွေ့ခဲ့ကြောင်း လျှိုထင်ကျန်း တိုက်ရိုက် မပြောခဲ့ပေ။ တကယ်တမ်းတွင်လည်း သူသည် ထျန်းချန်ကမ္ဘာသို့ ကိုယ်တိုင် မသွားရောက်ဖူးသဖြင့် ဧကရာဇ် ဂူသင်္ချိုင်း တည်ရှိမှုကို အတည်မပြုနိုင်သေးပေ။
ဧကရာဇ် ဂူသင်္ချိုင်း တကယ် ရှိကြောင်း အတည်မပြုနိုင်မီ ၎င်းနေရာတွင် ဂူသင်္ချိုင်း ရှိသည်ဟု ကျန်းထျန်းယီကို သူ အခိုင်အမာ မပြောနိုင်ပေ။ အကယ်၍ ထိုနေရာတွင်ဧကရာဇ် ဂူသင်္ချိုင်း မရှိလျှင် မည်သို့လုပ်မည်နည်း။ ထိုသို့ဆိုလျှင် ကျန်းထျန်းယီကို အလကားသက်သက် ခရီးထွက်ခိုင်းသလို ဖြစ်နေလိမ့်မည်။
စူးစမ်းချင်စိတ်ဖြင့် ကျန်းထျန်းယီက
“ကြယ်မြေပုံကနေ အဖျက်ခံထားရတဲ့ ကြယ်နယ်မြေ ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။”
လျှိုထင်ကျန်းက
“တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အနီးမှာ ကြယ်နယ်မြေ အသစ်တစ်ခုကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်းက ဘယ်အင်အားစုရဲ့ မြေပုံမှာမှ ဒီကြယ်နယ်မြေ မပါပါဘူး။”
ထိုသို့ ပြောလိုက်သည်နှင့် ဤကြယ်နယ်မြေတွင် ပြဿနာ ရှိနေကြောင်း ကျန်းထျန်းယီ ချက်ချင်း သဘောပေါက်လိုက်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ တည်ရှိခဲ့သည်မှာ နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီလဲဆိုတာကို မိုးနတ်မင်းသာ သိပေလိမ့်မည်။ လူများသည် ၎င်းပတ်ဝန်းကျင်ရှိ နေရာများကို စူးစမ်းရှာဖွေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယုတ္တိဗေဒအရဆိုလျှင် မသိသေးသော ကြယ်နယ်မြေများ ကျန်ရှိမနေသင့်တော့ပေ။
ထို့ပြင် အင်အားစုတစ်ခုက မသိလျှင်တောင် ကျယ်ပြောလှသော တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်းရှိ အင်အားစု အားလုံးက ထိုကြယ်နယ်မြေကို သတိမပြုမိတာတော့ မဖြစ်နိုင်ပေ။
………………
အခန်း( ၁၂၂၄ )
ချန်ဟိုင်ဂိုဏ်း၏ လှုပ်ရှားမှု
ကျန်းထျန်းယီ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးခွန်းထုတ်လိုက်၏။
“အဲ့ဒီကြယ်နယ်မြေမှာ သက်ရှိတွေ ရှိသလား”
လျှိုထင်ကျန်းက
“အဲ့ဒီကြယ်နယ်မြေက အရိုင်းကြယ်နယ်မြေ တစ်ခုပါပဲ။ သက်ရှိကမ္ဘာတွေ ရှိပေမဲ့ အများစုက အဆင့်နိမ့်ကမ္ဘာတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူတွေက အဲဒီမှာ သူတော်စင်အဆင့် အင်အားရှိတဲ့ ကျင့်ကြံသူတွေကို တွေ့ရှိခဲ့ပါတယ်။”
ကျန်းထျန်းယီ အတွေးထဲသို့ တစ်ဖန် ပြန်လည်နစ်မြောသွားသည်။ အရိုင်းကြယ်နယ်မြေတစ်ခုတွင် သူတော်စင်အဆင့် ကျင့်ကြံသူများ ရှိနေခြင်းက အတွင်း၌ ရတနာများ ဖုံးကွယ်ထားနိုင်ကြောင်း ညွှန်ပြနေ၏။
အဓိကအချက်မှာ တစ်စုံတစ်ယောက်က ဤကြယ်နယ်မြေကို ကြယ်မြေပုံမှ ဖျက်ထားခြင်း ဖြစ်သည်။ ထိုအချက်က ထိုနေရာနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သော အရာတစ်ခု ရှိနေကြောင်း ပို၍ညွှန်ပြနေပေသည်။
ကျန်းထျန်းယီ သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး
“ဒီကြယ်နယ်မြေကို ဘယ်လို ရှာတွေ့ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးပြောပြပါ။”
“ဟုတ်ကဲ့ပါ... ဦးလေးဆရာ”
ထို့နောက် လျှိုထင်ကျန်းက ဖရိုဖရဲကြယ်ပင်လယ်ကို ရှာဖွေတွေ့ရှိခဲ့ပုံ ဇာတ်လမ်းတစ်ပုဒ်လုံးကို ကျန်းထျန်းယီအား ပြောပြခဲ့သည်။ ဧကရာဇ် ဂူသင်္ချိုင်းအကြောင်း ပါလာသည့် အချိန်တွင် ကျန်းထျန်းယီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
လျှိုထင်ကျန်း ပြောပြသည့်အတိုင်းသာ မှန်ပါက ဧကရာဇ် ဂူ မရှိလျှင်တောင် ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ ရတနာများ ရှိနေနိုင်သည်။
ဖရိုဖရဲကြယ်ပင်လယ်ကို မည်သို့ တွေ့ရှိခဲ့ကြောင်း လျှိုထင်ကျန်း ပြောပြပြီးနောက် ကျန်းထျန်းယီက မေးလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ် ရှိနေတာကို တခြားအင်အားစုတွေကော ရှာတွေ့ထားကြသလား။”
လျှိုထင်ကျန်းက
“ကျွန်တော်တို့က ဖရိုဖရဲကြယ်ပင်လယ် အနီးတစ်ဝိုက်ကို စူးစမ်းဖို့ လူတွေကို ရံဖန်ရံခါ စေလွှတ်လေ့ရှိပါတယ်။ အခုထိတော့ တခြားအင်အားစုတွေ ဝင်ရောက်လာတာ မရှိသေးပါဘူး။”
ဖရိုဖရဲကြယ်ပင်လယ် အနီးတွင် စဉ်ဆက်မပြတ် စောင့်ကြည့်ရန် လျှိုထင်ကျန်း စဉ်းစားခဲ့ဖူးသော်လည်း ထိုသို့လုပ်ပါက အခြားအင်အားစုများအား သံသယ ဖြစ်စေနိုင်၏။
စဉ်းစားကြည့်ပါ...
အင်အားကြီးအဖွဲ့တစ်ခုက အကြောင်းပြချက် ခိုင်လုံမှုမရှိပဲ ဟင်းလင်းပြင်ရှိ နေရာတစ်ခုကို စောင့်ကြပ်ရန် နတ်လှေများ စေလွှတ်ထားသည်ကို မြင်လျှင် ထိုနေရာ၌ ဘာမှမရှိဟု မည်သူကမှ ယုံကြည်မည် မဟုတ်ပေ။
ထို့ကြောင့် လျှိုထင်ကျန်းက ချန်ဟိုင်ဂိုဏ်း၏ နတ်လှေများကို ဖရိုဖရဲကြယ်ပင်လယ် အပြင်ဘက်မှ ဖြတ်သန်းသွားသယောင် ဟန်ဆောင်ခိုင်းထားခြင်းဖြင့် အခြားအင်အားစုများ ဝင်ရောက်ခြင်း ရှိမရှိ ရံဖန်ရံခါ စောင့်ကြည့်ခိုင်းခဲ့၏။
ဤနည်းလမ်း၏ ဆိုးကျိုးမှာ အခြားအင်အားစုများက သူတို့မသိပဲ ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပါက သူတို့ သတိထားမိလိုက်မည် မဟုတ်ခြင်း ဖြစ်သည်။
တကယ်တော့ ကောင်းကင်မီးကမ္ဘာက ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ နတ်လှေ တစ်ဒါဇင်ကျော် စေလွှတ်ထားပြီး ဖြစ်သော်လည်း ချန်ဟိုင်ဂိုဏ်းမှ လူများက သတိမထားမိခဲ့ကြပေ။
ကျန်းထျန်းယီ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်
“ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်ဖူးတဲ့ အကြီးအကဲတွေကို ကျုပ်ဆီ ခေါ်လာခဲ့ပါ။”
ဖရိုဖရဲကြယ်ပင်လယ် အကြောင်းနှင့်စပ်လျဉ်းပြီး အထူးသဖြင့် သူတော်စင်တစ်ပါးနှင့် နီးစပ်သော အင်အားရှိသည့် ကျင့်ကြံသူအကြောင်းကို ကျန်းထျန်းယီ ပို သိလိုနေသည်။
ဖရိုဖရဲကြယ်ပင်လယ် ကဲ့သို့သော နေရာမျိုးကို သူ မုချ သွားရောက်စူးစမ်းမည် ဖြစ်သော်လည်း မဝင်ရောက်မီ ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။
ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ မဟာဧကရာဇ် ဂူသင်္ချိုင်း တကယ် ရှိနေပါက ချန်ဟိုင်ဂိုဏ်းအား အဆင့်တစ်ခုသို့ ရောက်ရှိစေမည် ဖြစ်သဖြင့် ဤအခွင့်အရေးကို ကျန်းထျန်းယီ လက်လွတ်ခံမည် မဟုတ်ပေ။
လျှိုထင်ကျန်းက
“ဟုတ်ကဲ့... သူတို့ကို အစည်းအဝေး ခန်းမဆီ အခုချက်ချင်း ခေါ်လိုက်ပါ့မယ်။”
ထို့နောက် လျှိုထင်ကျန်းလည်း တောင်အနောက်ဘက်ရှိ တားမြစ်နယ်မြေမှ ထွက်ခွာသွားပြီး ကျိုဖေးအန်နှင့် အခြားသုံးဦးကို ကျန်းထျန်းယီ စောင့်ဆိုင်းနေသော အစည်းအဝေး ခန်းမသို့ မကြာမီ ခေါ်ဆောင်လာခဲ့သည်။
ခန်းမထဲတွင် ဂိုဏ်းအကြီးအကဲချုပ်ကို မြင်လိုက်ရသောအခါ ကျိုဖေးအန်တို့လူစု အလွန် စိတ်လှုပ်ရှားနေကြသည်။ ထိုအချိန်တွင် ကျန်းထျန်းယီက တည်ငြိမ်စွာ မေးလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်ပြီးနောက် ခင်ဗျားတို့ မြင်ခဲ့ရသမျှ အရာအားလုံးကို ပြောပြပါ။”
ကျိုဖေးအန်က လျင်မြန်စွာပင်
“ဟုတ်ကဲ့ပါ... ဂိုဏ်းအကြီးအကဲချုပ်”
ထို့နောက် ကျိုဖေးအန်တို့က ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ ကြုံတွေ့ခဲ့ရသည်များကို ကျန်းထျန်းယီအား အသေးစိတ် ပြောပြခဲ့ကြသည်။ သူတို့၏ အစီရင်ခံမှုကို ကြားပြီးနောက် ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ ရတနာများ ရှိနေကြောင်း ကျန်းထျန်းယီ ပိုယုံကြည်သွားတော့သည်။
ရတနာများ ရှိနေသဖြင့် သူကိုယ်တိုင် သွားရောက်သင့်သော်လည်း သူက ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ မျက်ကန်းတစ္ဆေ ဝင်ရောက်သွားပြီး ပြိုင်ဘက်၏ အင်အားက သူ့ထက် သာလွန်နေပါက ရတနာများနှင့် လွဲချော်ရုံသာမက ကိုယ်ပွားတစ်ခု ဆုံးရှုံးရနိုင်သည့် အန္တရာယ်နှင့်လည်း ကြုံတွေ့ရနိုင်သည်။
သူတော်စင်တစ်ပါးသည် ခွန်အားတူညီသည့် ကိုယ်ပွားသုံးခုကို ဖန်တိီးနိုင်သော်လည်း ကိုယ်ပွားတစ်ခု ပျက်စီးသွားပါက အခြားကိုယ်ပွားများ၏ အင်အားကိုလည်း ထိခိုက်စေနိုင်သည်။
ကျိုဖေးအန်တို့၏ စကားကို ကြားပြီးနောက် ထိုသူတော်စင် ဆိုသူမှာ သူတော်စင်အဆင့်သို့ အသစ်စက်စက် ရောက်ရှိလာသူသာ ဖြစ်နိုင်ကြောင်း ကျန်းထျန်းယီက ခန့်မှန်းလိုက်သည်။ သူတော်စင်အဖြစ်သို့ ယခုလေးတင် ရောက်ရှိလာသော ကျင့်ကြံသူတစ်ဦး ဖြစ်ပါက သူတော်စင်နယ်ပယ် ဒုတိယအလွှာ ကျင့်ကြံသူဖြစ်သည့် သူ့အတွက် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
ထိုသို့ တွေးလိုက်ပြီးနောက် ကျန်းထျန်းယီက လျှိုထင်ကျန်းအား
“ပြင်ဆင်လိုက်ပါ.....နောက်တစ်လနေရင် ကျုပ်တို့ ဖရိုဖရဲကြယ်ပင်လယ်ကို သွားကြမယ်။”
ကျန်းထျန်းယီ၏ စကားကို ကြားသောအခါ လျှိုထင်ကျန်း အလွန် ဝမ်းသာသွားသည်။ သူတော်စင်တစ်ပါး ဖြစ်သည့် ကျန်းထျန်းယီ ပါဝင်ပါက ဖရိုဖရဲကြယ်ပင်လယ်၏ ရတနာများကို လွယ်ကူစွာ လက်ဝယ်ပိုင်ဆိုင်နိုင်မည်ဟု သူ ယုံကြည်သည်။
ထို့နောက် လျှိုထင်ကျန်းက လေ့ကျင့်နေသော ဂိုဏ်းသားများနှင့် အပြင်ရောက်နေသော အကြီးအကဲများကို ပြန်ခေါ်လိုက်၏။
ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းသားများနှင့် အကြီးအကဲများကို ရုတ်တရက် ပြန်ခေါ်လိုက်ခြင်းက အချို့သော အင်အားစုများကြားတွင် သံသယ ဖြစ်စေခဲ့သည်။ ပုံမှန် အခြေအနေမျိုးတွင် အင်အားစုတစ်ခုသည် အကျပ်အတည်းတစ်ခုခုနှင့် မကြုံတွေ့ရပါက ပြင်ပတွင် တာဝန်ထမ်းဆောင်နေသော ဂိုဏ်းသားများနှင့် အကြီးအကဲများကို ပြန်ခေါ်လေ့ မရှိပေ။
ချန်ဟိုင်ဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်သောကြောင့် တောင်ဝင်တောင်တန်း နယ်မြေတွင် တစ်ခုလုံးတွင် သူတို့ကို ထိပါးရဲ သော အင်အားစု မရှိပေ။ ချန်ဟိုင်ဂိုဏ်းက မည်သည့် အကျပ်အတည်းမျိုးနှင့် ကြုံတွေ့နိုင်မည်နည်း။
မကြာမီတွင် ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းအကြီးအကဲချုပ် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည့် သတင်းကို အင်အားစု အသီးသီး ရရှိသွားကြသည်။ ဤအရာက လူများ၏ စူးစမ်းလိုစိတ်ကို ပို၍ဖြစ်ပေါ်စေခဲ့၏။
ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းအကြီးအကဲချုပ် တံခါးပိတ်ရာမှ ထွက်လာပြီးနောက် ဂိုဏ်းသားများနှင့် အကြီးအကဲများကို ချက်ချင်း ပြန်ခေါ်လိုက်ခြင်းက သူတို့ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရသည်ဟု ယူဆ၍ ရနိုင်သည်။
ထို့ကြောင့် အင်အားစု အမြောက်အမြားက ချန်ဟိုင်ဂိုဏ်း ဘာလုပ်နေလဲ သိလိုသဖြင့် စုံစမ်းစစ်ဆေးရန် လူများ စေလွှတ်ခဲ့ကြသည်။
နောက်ထပ် သံသယ အဖြစ်ခံရခြင်းကို ရှောင်ရှားရန်အတွက် ဂိုဏ်းအကြီးအကဲချုပ် အဆင့်တက်သွားသဖြင့် ဂိုဏ်းတွင်း ကြီးကျယ်ခမ်းနားသော အောင်ပွဲခံ အခမ်းအနား ကျင်းပရန် စီစဉ်ထားကြောင်း ချန်ဟိုင်ဂိုဏ်းက လူသိရှင်ကြား ကြေညာလိုက်သည်။
ချန်ဟိုင်ဂိုဏ်းက ဂိုဏ်းတွင်း စုဝေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ အခြား အင်အားကြီး အဖွဲ့များလည်း ရုတ်တရက် သဘောပေါက်သွားကြသည်။
ဂိုဏ်းတွင်း စုဝေးပွဲအတွက်ကြောင့် ဖြစ်နေသည်။ ချန်ဟိုင်ဂိုဏ်းတွင် အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့သည်ဟု သူတို့ထင်ကြေးပေးနေကြခြင်းသာဖြစ်၏။
ဤအရာက အင်အားစု အသီးသီးစိတ်ထဲ ချန်ဟိုင်ဂိုဏ်းအပေါ် အနည်းငယ် အထင်သေးသွားစေသည်။ ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းအကြီးအကဲချုပ်သည် သူတော်စင် ပထမအလွှာတွင်သာ ရှိသေးပြီး အဆင့်တက်သွားလျှင်တောင် သူတော်စင် ဒုတိယအလွှာတွင်သာ ရှိဦးမည်။ သူတော်စင်အဆင့် ဒုတိယအလွှာ အတွက် ဂိုဏ်းတွင်း စုဝေးပွဲ လုပ်ရန် လိုအပ်သလား။
သူတော်စင်အဆင့်ငါး အလွှာလောက်ဆိုပါက ထိုအဆင့်သို့ ရောက်ရှိခြင်းတွင် စွမ်းအား သိသိသာသာ တိုးတက်မှု ပါဝင်သောကြောင့် ဂိုဏ်းတွင်း စုဝေးပွဲ ကျင်းပခြင်းက အကျိုးကြောင်းဆီလျော်မှု ရှိနိုင်သည်။ သို့သော် သူတော်စင်အဆင့်ငါး အလွှာမရောက်မီတွင် စွမ်းအား တိုးလာလျှင်တောင် တိုးတက်မှုက ကြီးကြီးမားမား မဟုတ်ပေ။
သို့သော် ချန်ဟိုင်ဂိုဏ်း ကျင်းပသော အောင်ပွဲခံ အခမ်းအနားကို အထင်သေးကြသော်လည်း တောင်ဝင်တောင်တန်း နယ်မြေမှ အင်အားစု အမြောက်အမြားသည် ချန်ဟိုင်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော အောင်ပွဲခံ အခမ်းအနားသို့ လက်ဆောင်များ ယူဆောင်ကာ တက်ရောက်ခဲ့ကြသည်။
……..
ကောင်းကင်မီးကမ္ဘာ။
ကောင်းကင်မီးနိုင်ငံတော်။
နန်းတော်။
မုကျန့်ချင်းသည် လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ မျက်ခုံးအနည်းငယ် တွန့်လိုက်သည်။
သူ ကိုင်ထားသော အစီရင်ခံစာမှာ ချန်ဟိုင်ဂိုဏ်း၏ အောင်ပွဲခံ အခမ်းအနားနှင့် ပတ်သက်နေသည်။ ချန်ဟိုင်ဂိုဏ်းက ထိုသို့ လုပ်နေသည်ကို တွေ့လိုက်ရသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မုကျန့်ချင်း ချက်ချင်း ခံစားလိုက်ရသည်။
သူတော်စင် ဒုတိယအလွှာသို့ အဆင့်တက်ခြင်းကို ထိုကဲ့သို့ ခြိမ့်ခြိမ့်သဲ အောင်ပွဲကျင်းပရန် မလိုအပ်တာ ထင်ရှား၏။
ချန်ဟိုင်ဂိုဏ်းသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန်အတွက် ဂိုဏ်းတွင်း စုဝေးပွဲကို အကာအကွယ် အဖြစ်အသုံးပြုနေတာ ထင်ရှားသည်။ ချန်ဟိုင်ဂိုဏ်း လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ရန် စီစဉ်ထားသည်မှာ သေချာသည်။
စဉ်းစားပြီးနောက် မုကျန့်ချင်းသည် စာကြည့်စားပွဲသို့ ချက်ချင်း သွားလိုက်ပြီး လုချန်းထံသို့ စာတစ်စောင် ရေးလိုက်သည်။
ချန်ဟိုင်ဂိုဏ်းကို စောင့်ကြည့်ရန် ကောင်းကင်ဧကရာဇ်က သူ့ကို အမြဲ အမိန့်ပေးထားခဲ့သည်။ ယခု ချန်ဟိုင်ဂိုဏ်း လှုပ်ရှားလာပြီ ဖြစ်ရာ ဤသတင်းကို ကောင်းကင်ဧကရာဇ်ထံ အချိန်မီ ပေးပို့ရပေမည်။ ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းတွင်း စုဝေးပွဲက ကောင်းကင်ဧကရာဇ်နှင့် သက်ဆိုင်နေကောင်း သက်ဆိုင်နေနိုင်သည်။
စာရေးပြီးသည်နှင့် ထျန်းချန်ကမ္ဘာသို့ ပေးပို့ရန် လူတစ်ဦးကို ချက်ချင်း စီစဉ်လိုက်သည်။
မုကျန့်ချင်းထံမှ စာကို လက်ခံရရှိသောအခါ ချန်ဟိုင်ဂိုဏ်းက ဘာလုပ်ဖို့ စီစဉ်နေသလဲ ဆိုတာကို လုချန်း ခန့်မှန်းမိသလောက် ဖြစ်သွားသည်။
ဤအရာက လုချန်းကို အကျပ်ရိုက်သော ခံစားချက်တစ်ရပ် ပြင်းထန်စွာ ပေးလိုက်သည်။ ချန်ဟိုင်ဂိုဏ်းမှ ထိုသူတော်စင်ကို သူ မကြောက်သော်လည်း ထိုသူတော်စင်ကို ဖြေရှင်းပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ပြဿနာများကိုတော့ သူ စိုးရိမ်နေမိသည်။
…………..